စွန့်ပစ်ခံကလေးများ
Vol. 9 Ch. 98
ပြခန်းတံခါးဝရှိ လေထုအခြေအနေက အေးခဲသွားခဲ့သည်။
ဝူဖန်ရှန်း၏ကန်ချက်သည် ယင်ဂျွန်အားသိကြသည့် မရေမတွက်နိုင်သောလူများကို ထိတ်လန့်အံ့သြစေခဲ့သည်။
"တစ်ခုခုတော့ ကြီးကြီးမားမားဖြစ်သွားခဲ့ပြီ...အဲ့လူကသူ့ကိုရိုက်ရဲတယ်ပေါ့..."
ကြွေထည်လုပ်ငန်းအကြောင်းကိုသိရှိသူက တုံ့ပြန်စကားပြောကာ သူ၏အသံကအနည်းငယ်တုန်ခါနေခဲ့သည်။
ဘေးနား၌ရပ်နေသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးက မျက်လုံးပြူး၍ ကြောက်ရွံ့နေသောလေသံဖြင့်ပြောလိုက်သည်။
"နောက်ဆုံးအကြိမ်တုံးက တစ်စုံတစ်ယောက်ဟာ သူ့ရဲ့ခြေထောက်နဲ့ယင်ဂျွန်ရဲ့ခန္ဓာကိုယ်ကို ညစ်ပတ်စေခဲ့တဲ့အတွက် အဲ့လူကိုထပ်မတွေ့ရတော့ဘူး...ဒီတစ်ခါတော့ ပြခန်းတစ်ခုလုံးက လူတွေအားလုံးဒုက္ခရောက်တော့မှာပဲ.."
"ဒီနေ့တော့ တစ်ခုခုဖြစ်လာတော့မယ်...အဘိုးကြီးဝမ်က ဘာလို့အဲလောက်ထိ အဆင်အခြင်မဲ့နေရတာလဲ...မင်းကဘာလို့ ဒီဝါးညှပ်တွေကိုခုထိရွေ့နေသေးတာလဲ...အဲ့လူငယ်ကိုမတားတော့ဘူးလား..."
တရုတ်ရိုးရာဝတ်စုံဝတ်အဘိုးအိုသည် ခေါင်းကိုအနည်းငယ်ခါယမ်း၍ တိုးတိုးလေးညည်းညူလိုက်သည်။ထိုအခိုက်အတန့်၌ သူ၏မျက်လုံးတွင် ဝမ်းနည်းနေသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်းပစ္စည်းဆိုင်၌...
ဝူစန်းရီ ၊ ဖန်ရှန့်ချန်နှင့်ကျန်းချီထျန်းတို့သည် ဤသို့ဖြစ်လာရန်မျှော်လင့်ထားခြင်းမရှိပေ။
"ဒီတစ်ခါတော့ ပြသနာကနည်းနည်းကြီးသွားပြီ...ယင်ဂျွန်ကဝူမိသားစုနဲ့ ပတ်သက်မှုရှိတယ်..."
ဝူစန်းရီက တံတွေးမြိုချရင်းပြောလိုက်သည်။သူသည် နည်းလမ်းပေါင်းစုံတတ်ကျွမ်းသော မြေခွေးအိုကြီးတစ်ယောက်ဖြစ်သော်လည်း ဝူမိသားစု၏စွမ်းအားကို တုန်လှုပ်ခြောက်ခြားနေဆဲဖြစ်သည်။
ကျန်းချီထျန်းသည် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
"ရှေးဟောင်းပစ္စည်းလေးတစ်ခုကြောင့် အသက်တွေဆုံးရှုံးရမယ်ဆို သိပ်ပြီးတော့မဟုတ်သေးဘူး...ငါတို့ရဲခေါ်လိုက်သင့်လား..."
"မင်းနောက်နေတာလား...ဒီလိုအချိန်မှတော့ ရဲခေါ်တာကအသုံးဝင်တော့မှာမဟုတ်ဘူး...ဒီလူကိုယင်ဂျွန်ကဘာမှလုပ်သေးတာမဟုတ်ဘူး...သူကိုယ်တိုင်ကယင်ဂျွန်ကိုအရင်ရိုက်ခဲ့တာလေ...ပြသနာမရှာနဲ့ချီထျန်း..."
ဖန်ရှန့်ချန်သည် ကျန်းချီထျန်းအားစိုက်ကြည့်ရင်း အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
ယနေ့တွင် ပန်းချီပြခန်းသည် အဆုံးသတ်တော့မည်ဟု လူတိုင်းတွေးမိလိုက်ကြသည်။
မြေပြင်ပေါ်သို့ လဲကျသွားသည့်ယင်ဂျွန်သည် အေးခဲနေသောလေထုအခြေအနေမှ ဖြည်းညှင်းစွာရုန်းထလာခဲ့သည်။
ယခုအချိန်၌ သူ၏ထွားကျိုင်းသောခန္ဓာကိုယ်ကလည်း အနည်းငယ်တုန်ခါနေခဲ့သည်။ထို့ပြင် သူ၏မျက်လုံးများကနီရဲနေကာ သူ၏မျက်နှာသွင်ပြင်က ကြောက်စရာကောင်းနေခဲ့သည်။
ထို့နောက်သူသည် မြေပေါ်မှကုန်းရုန်းထကာ ဝူဖန်ရှန်းအား ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်။သို့သော်လည်း သူသည်ဝူဖန်ရှန်းအား အာရုံစိုက်ကာသေချာစိုက်ကြည့်လိုက်သောအချိန်တွင် သူ၏ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအရာသည် ရုတ်ချည်းပြောင်းလဲသွားပြီး တဖြည်းဖြည်းဖြူဖျော့လာခဲ့သည်။
"မင်း...မင်း"
ယင်ဂျွန်သည် ဝူဖန်ရှန်းအား ၃စက္ကန့်ခန့်ကြာအောင် စိုက်ကြည့်ပြီးနောက် အံတင်းတင်းကြိတ်လိုက်ကာ သူ၏ပါးစပ်မှနေ၍ ထိုသို့ပြောနိုင်ခဲ့သည်။
ယင်ဂျွန်၏လက်အောက်ငယ်သားဖြစ်သော လောရှင်းသည်ကား သိပ်ပြီးစဉ်းစားမနေတော့ပေ။သူသည် ယင်ဂျွန်၏စကားကိုကြားချိန်တွင် လက်သီးကိုခပ်တင်းတင်းဆုပ်ကာ ဝူဖန်ရှန်းအား ထိုးသတ်ရန်အသင့်ပြင်လိုက်သည်။
"ရပ်..."
သို့သော်လည်း လောရှင်းကသူ၏လက်သီးကို မြှောက်လိုက်သောအချိန်တွင် ယင်ဂျွန်၏နှုတ်ခမ်းသားများက ပြင်းပြင်းထန်ထန်တုန်ရီသွားကာ အော်ဟစ်လိုက်ရသည်။
"အမ်...ဘောစ့်..."
လောရှင်းသည် သူ၏လက်သီးကိုရပ်ထားလိုက်ကာ သူ၏မျက်နှာ၌ရှုပ်ထွေးနေသော အမူအရာများပြည့်နှက်နေခဲ့သည်။
"မင်းကိုရပ်ခိုင်းနေတာကွ...သူဘယ်သူလဲဆိုတာမင်းသိလား..."
ယင်ဂျွန်ကအော်ဟစ်လိုက်သည်။
"ဘယ်သူလဲ..."
"သူကဝူမိသားစုသခင်လေးပဲ..."
ထိုသို့ပြောပြီးချိန်တွင် ယင်ဂျွန်သည် တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ပေ။သူ၏ခြေထောက်များက သဘာဝကျစွာပင် ပျော့ခွေလာခဲ့ကာ မြေပြင်ပေါ်၌ဒူးထောက်ထိုင်ချလိုက်သည်။
တစ်ဖက်တွင် လောရှင်းသည် လေထဲ၌တန်းလန်းဖြစ်နေသော သူ၏လက်သီးအား တည်ငြိမ်အောင်မလုပ်ဆောင်နိုင်တော့ပေ။
သူ၏ရှေ့မှချွေးများနှင့်ဆံပင်များရှုပ်ပွနေသော ဤလူငယ်သည် အမှန်တကယ်ပင် ဝူမိသားစုမှဖြစ်နေသည်လား...ထို့ပြင်ဤပန်းချီပြခန်း၌လည်း အထမ်းသမားအဖြစ် လုပ်ကိုင်နေသည်လား...
ခရီးသွားများနှင့်ဆိုင်ရှင်များသည်လည်း တံတွေးကိုမြိုချလိုက်ကြပြီး အံ့သြမှင်သက်သွားခဲ့ကြသည်။
မြေပြင်ပေါ်၌ဒူးထောက်နေသော ယင်ဂျွန်သည် အနည်းငယ်မာနကြီးပုံပေါက်နေသော်လည်း အလွန်ရိုသေလေးစားသည့်လေသံဖြင့် ဝူဖန်ရှန်းအားနှုတ်ဆက်လိုက်သည်။
"သခင်လေးဝူ...မင်းကဘာလို့ဒီမှာရောက်နေတာလဲ...စောနကကိစ္စက မတော်တဆဖြစ်သွားတာပါ...ငါစိတ်လွတ်ပြီးတော့ အဓိပ္ပါယ်မရှိတဲ့စကားတွေပြောမိတာပါ"
သူ၏လက်ရှိပုံစံသည် ကျားတစ်ကောင်နှင့်ထိပ်တိုက်ရင်ဆိုင်ရ၍ ထိတ်လန့်ကြောက်ရွှံနေသော ဝက်ကြီးတစ်ကောင်ကဲ့သို့ ဆင်တူနေခဲ့သည်။
သူသည်ထိုသို့ပြောနေချိန်၌ သူ၏မျက်လုံးထောင့်စွန်းမှနေ၍ ယဲ့ပိုင်အား ခိုး၍စိုက်ကြည့်လိုက်သည်။
ယင်ဂျွန်စိတ်ရှုပ်နေသည့်အချိန်တွင် ဝူယွမ်ဒေါင်သည် ဝါးညှပ်များကိုထမ်း၍ သူ့ရှေ့မှဖြတ်သွားခဲ့သည်။ယင်ဂျွန်သည် ဝူယွမ်ဒေါင်အားတွေ့မြင်လိုက်ချိန်တွင် သူ၏တစ်ကိုယ်လုံးတုန်ယင်သွားခဲ့ကာ ခါးသီးသောသောအပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်သည်။
"မစ္စတာဝူ...မင်းကောဒီကိုရောက်နေတာလား..."
ဝူယွမ်ဒေါင်သည် ထိုစကားကိုကြားချိန်၌ အလုပ်ကိုခေတ္တရပ်တန့်လိုက်သည်။သူသည် ယဲ့ပိုင်အားတစ်ချက်ကြည့်လိုက်ရာ ယဲ့ပိုင်၏အမူအရာက စိတ်အနှောင့်အယှက်ဖြစ်နေဟန်မရှိကြောင်း တွေ့လိုက်ရ၍ ယင်ဂျွန်အားကြည့်လိုက်သည်။
"ဒီကနေထွက်သွားတော့...ငါတို့ကိုမနှောင့်ယှက်နဲ့..."
သခင်လေးဝူ...မစ္စတာဝူ...
ယခုတစ်ကြိမ်တွင်မူ ပြခန်းအပြင်ဘက်ရှိ ရှေးဟောင်းလမ်းမှဆိုင်ရှင်များက စတင်၍တုံ့ပြန်လာခဲ့ကြသည်။
သူတို့အားလုံးသည် ဝူသားအဖနှစ်ယောက်အား ပြူးကျယ်သောမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
"သူတို့ကတကယ်ကြီး ဝူမိသားစုကပဲ...သိပ်မကြာခင်ကပဲ ဖဲကြိုးဖြတ်အခမ်းအနားမှာ သူတို့ကိုတွေ့ဖူးတယ်..."
ရွှေရောင်မျက်မှန်တပ်ထားသော မုတ်ဆိတ်မွှေးရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အော်ဟစ်လိုက်သည်။
တရုတ်ရိုးရာဝတ်စုံအားဝတ်ဆင်ထားသည့် ဆံဖြူအဘိုးအိုကလည်း ရုတ်ချည်းပင်မျက်လုံးပြူးကျယ်သွားခဲ့သည်။
"သေစမ်း...ဝူမိသားစုကလူတွေက ဘာလို့ဒီပြခန်းမှာပေါ်လာရတာလဲ...သူတို့ကဝတ်စုံဖြူဝတ်ထားတဲ့ကောင်လေးကို တော်တော်လေးစားနေပုံရတယ်...အဲ့ကောင်လေးကဘယ်သူလဲ..."
"ဝူမိသားစု...မင်းပြောပြောနေတဲ့ ရှေးဟောင်းမြို့ကဝူမိသားစုကိုပြောတာလား..."
ကြွေထည်လုပ်ငန်းအကြောင်းသိထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားက ခေါင်းလှည့်ကာ သက်လတ်ပိုင်းအရွယ်အမျိုးသမီးအား.စပ်စုမေးမြန်းလိုက်သည်။
"သူတို့ကလွဲရင် အခြားဘယ်သူဖြစ်နိုင်မှာလဲ....ခုလောလောဆယ် ယင်ဂျွန်တစ်ယောက်ပဲပြသနာတက်မှာမဟုတ်ဘူး...အခန့်မသင့်ရင်ရှေးဟောင်းလမ်းကလူတွေပါ ဆွဲထည့်ခံရလိမ့်မယ်..."
သက်လတ်ပိုင်းအရွယ်အမျိုးသမီး၏ ခြေထောက်များသည် ပျော့ခွေလုနီးပါးဖြစ်နေခဲ့ကာ ဝူသားအဖအားကြည့်နေချိန်၌ သူမ၏မျက်လုံးများက အပူများဖြင့်ပြည့်နှက်နေခဲ့သည်။ယခုအချိန်တွင် သူမကိုယ်သူမ အလုံးစုံထုတ်ဖော်ပြသကာ ဝူမိသားစု၏အိပ်ရာပေါ်သို့တက်နိုင်ရန်အတွက် နှစ်အနည်းငယ်ခန့်ငယ်ရွယ်သွားလိုခဲ့သည်။
သို့သော်လည်း ထိုနေရာတဝိုက်ရှိ လေထုအခြေအနေက လွန်စွာမှထူးဆန်းနေခဲ့သည်။
ရှေးဟောင်းလမ်း၌ နောက်ထပ်အနက်ရောင်ကားတစ်စီးက ဖြည်းညှင်းစွာမောင်းနှင်လာခဲ့သည်။
ကားထဲတွင် လူတစ်ယောက်နှင့်သက်တော်စောင်နှစ်ဦးလိုက်ပါလာခဲ့သည်။ထိုလူသည် အေးစက်စက်မျက်နှာထားရှိကာ အပြာရောင်ဝတ်စုံအား ဝတ်ဆင်ထားပေသည်။သူသည် ကားပေါ်မှဆင်းလိုက်သည်နှင့် မမြင်တွေ့နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့်အငွေ့အသက်များက ထွက်ပေါ်လာခဲ့သည်။ထိုလူမှာ ဝူမိသားစု၏ အကြီးဆုံးသားဖြစ်သော ဝူယွမ်ချန်းပင်ဖြစ်သည်။
ဝတ်စုံနက်ဝတ်ထားသည့် သက်တော်စောင့်နှစ်ယောက်ကလည်း ဝူယွမ်ချန်း၏နောက်မှလိုက်ပါလာခဲ့ကြသည်။သက်တောင်စောင့်များသည် နေကာမျက်မှန်တပ်ထားသော်လည်း အနီးအနားရှိလူများသည် ထိုသက်တော်စောင့်များ၏ ကြမ်းကြုတ်ရက်စက်သော အငွေ့အသက်ကိုအံတုနိုင်ရန် ခဲယဉ်းကြသည်။
ဝူယွမ်ချန်းထွက်ပေါ်လာချိန်တွင်...
လူအုပ်ကြီး၏နောက်၌ ချက်ချင်းပင်ဆူညံပွက်လောရိုက်သွားခဲ့သည်။
"မစ္စတာဝူ..."
"မစ္စတာဝူ...မင်းလည်းဒီရောက်လာတာလား..."
"မစ္စတာဝူ..."
ဆိုင်ရှင်တော်တော်များများက အပြာရောင်ဝတ်စုံဝတ်အမျိုးသားအား တစ်ချက်ကြည့်လိုက်ကြပြီး ယင်ဂျွန်တစ်ယောက် ယနေ့ကံမကောင်းနိုင်တော့ကြောင်းခံစားလိုက်ရကာ လေးလေးစားစားဖြင့် အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။
အဖြစ်မှန်အားမသိသေးသည့် ခရီးသွားများအနေဖြင့် သက်တော်စောင့်၂ယောက်၏ အေးစက်သောအကြည့်များအောက်တွင် မိမိတို့ဒုက္ခရောက်သွားမည်ကို စိုးရိမ်မိလာကြ၍ အမြန်ဆုံးဘေးဖယ်ပေးလိုက်ကြပြီး တိတ်ဆိတ်စွာစောင့်ကြည့်နေခဲ့ကြသည်။
မကြာမှီလူအုပ်ကြီးသည် နှစ်မီတာအကျယ်ရှိသော လမ်းကြောင်းတစ်ခုအား ဖန်တီးပေးလိုက်ကြသည်။
ဝူယွမ်ချန်းသည် သက်တော်စောင့်၂ယောက်နှင့်အတူ ဖြည်းညှင်းစွာလျှောက်လာခဲ့သည်။
ဝူယွမ်ချန်းရောက်လာသည်ကိုမြင်သော် ယင်ဂျွန်၊လောရှင်းနှင့်အခြားလူမိုက်၂ယောက်တို့၏မျက်နှာပေါ်၌ ကြောက်ရွှံ့မှုများ တိုးပွားလာခဲ့သည်။
ရှေးဟောင်းပစ္စည်းဆိုင်တွင် ဝူစန်းရီ၊ဖန်ရှန့်ချန်နှင့်ကျန်းချီထျန်းတို့သည်လည်း ထိုမြင်ကွင်းကိုကြည့်၍ အသက်ရှုကြပ်သွားခဲ့ကြသည်။
သို့သော်လည်း လူတိုင်း၏အကြည့်အောက်တွင် ဝူယွမ်ချန်းသည် ပန်းချီပြခန်း၏တံခါးဝသို့ရောက်လာချိန်၌ သူ၏ပါးစပ်ထောင့်က အနည်းငယ်ကွေးညွတ်သွားခဲ့ကာ လှောင်ရယ်သံအချို့ကိုထုတ်ဖော်လိုက်သည်။ထို့နောက်တွင် သူသည်ဝူယွမ်ဒေါင်နှင့်ဝူဖန်ရှန်းတို့အားကြည့်၍ ပြောလိုက်သည်။
"တတိယမြောက်ညီလေးနဲ့ဖန်ရှန်းတို့က ဘာလုပ်နေကြတာလဲ...မင်းတို့တွေရှေးဟောင်းပစ္စည်းတွေဝယ်လာတာ ဒီဆိုင်ကိုပို့ပေးဖို့အတွက်လား...ရိုးရိုးသားသားပြောရမယ်ဆိုရင် မင်းရဲ့ချည်းကပ်မှုက ဘိုးဘေးတွေကိုစိတ်ပျက်စေတာပဲ..."
"မနေ့က မတော်တဆမှုတစ်ခုဖြစ်ပျက်ခဲ့တယ်...ဒီနေ့တော့မင်းကိုကိစ္စတစ်ခုပြောဖို့လာရှာတာပဲ...မင်းဟာမိသားစုရဲ့ခွင့်ပြုချက်မရဘဲ မိသားစုပိုင်ပစ္စည်းတွေကို ပေါင်နှံခဲ့တယ်...ဒါကဆုံးရှုံးမှုတွေအများကြီးကို မဖြစ်ပေါ်စေခဲ့ဘူးဆိုပေမဲ့ မိသားစုရဲ့တင်းကျပ်တဲ့စည်းမျည်းစည်းကမ်းတွေအရ ဒီနေ့ကစပြီးတော့ မင်းနဲ့မင်းရဲ့သားကို မိသားစုကနေစွန့်ပယ်လိုက်ပြီ...ဝူမိသားစုဝင်မဟုတ်တော့တဲ့အတွက် မင်းရဲ့ဘဏ်အကောင့်တွေအားလုံးကို ပိတ်သိမ်းလိုက်ပြီး အနာဂတ်မှာဝူမိသားစုနဲ့ အဆက်အသွယ်လုပ်ခွင့်မပြုဘူး..."
ဝူယွမ်ချန်း၏အသံက ခံစားချက်မဲ့စွာထွက်ပေါ်လာခဲ့သည်။ထိုသို့ပြောနေချိန်တွင် သူ၏မျက်လုံးများ၌ မာနကြီးသည့်အရိပ်အယောင်များ လွှမ်းခြုံသွားခဲ့သည်။
ထိုစကားအားပြောပြီးချိန်တွင် မြေပြင်ပေါ်၌ဒူးထောက်နေသော ယင်ဂျွန်သည် အံ့အားသင့်သွားခဲ့သည်။ထို့နောက်တွင် ချက်ချင်းဆိုသလို သူ၏အမူအရာကပုံမှန်ပြန်ဖြစ်သွားခဲ့ကာ စူးစူးဝါးဝါးအော်ဟစ်၍ ဝူဖန်ရှန်းအားဒေါသတကြီးစိုက်ကြည့်လိုက်သည်။
အပြင်ဘက်၌ကြည့်ရှုနေသူများကလည်း မျက်လုံးများပြူးကျယ်သွားကြပြီး လွန်စွာမှထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။
သို့သော်လည်း ပတ်ဝန်းကျင်လေထုအခြေအနေက လွန်စွာမှရှုပ်ထွေးနေသည့်အချိန်တွင် စားပွဲ၌ထိုင်နေသောယဲ့ပိုင်သည် အမူအရာအနည်းငယ်မျှပင်ပြောင်းလဲခြင်းမရှိဘဲ ပေါ့ပေါ့တန်တန်သဘောထား၍ ပြောလိုက်သည်။
"ဝူမိသားစုက ဘာမလို့လဲ...အသားတုံးတစ်ခုထက်မပိုပါဘူး"
ယဲ့ပိုင်၏စကားကိုကြားလိုက်ရချိန်တွင် မရေမတွက်နိုင်သောအကြည့်များက သူ့ထံသို့ချက်ချင်းကျရောက်လာခဲ့သည်။