← Chapters

သတ်ကြရအောင်

Vol. 9 Ch. 99

သတ်ကြရအောင်

Vol. 9 Ch. 99

ပြခန်းအဝင်ဝ၌ လာရောက်ကြည့်ရှုသူများ အံ့သြသွားခဲ့ကြသည်။

ပထမဦးစွာ ယဲ့ပိုင်သည် သစ်သားရုပ်တုနှစ်ခုအား ရယူခဲ့ပြီးနောက် ယင်ဂျွန်က ပြသနာရှာရန်ရောက်လာခဲ့သည်။ထို့နောက် ဝူယွမ်ဒေါင်နှင့်ဝူဖန်ရှန်းတို့ထွက်ပေါ်လာခဲ့ကြသည်။နောက်ဆုံးတွင် ဝူမိသားစု၏အကြီးဆုံးသခင်လေးရောက်ရှိလာခဲ့ကာ ဝူယွမ်ဒေါင်နှင့်ဝူဖန်ရှန်းတို့အား ဝူမိသားစုမှနှင်ထုတ်ကြောင်း ကြေငြာခဲ့သည်။

အဆုံးသတ်တွင် သူတို့ရရှိခဲ့သောအရာမှာ ယဲ့ပိုင်၏စိတ်မဝင်စားသော စကားတစ်ခွန်းသာဖြစ်သည်။

ထိုနေရာနှင့်မဝေးလှသောရှေးဟောင်းပစ္စည်းဆိုင်၌ ဝူစန်းရီ၊ကျန်းချီထျန်းနှင့်ဖန်ရှန့်ချန်တို့သည် ထိတ်လန့်ကြောက်ရွှံနေကြသော်လည်း သူတို့၏နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှုအချို့က တိတ်တဆိတ်မွေးဖွားလာခဲ့သည်။

"အဲ့လူငယ်လေးကတော့ အဆုံးသတ်သွားခဲ့ပြီ...ဝူမိသားစုကိုစော်ကားတာက သေလမ်းကိုသွားတာနဲ့အတူတူပဲ..."

ဝူစန်းရီ၏အတွေးများက အလွန်လျင်မြန်စွာလှည့်ပတ်သွားခဲ့သည်။ယဲ့ပိုင်သည် အလွန်ပင်လျှို့ဝှက်ဆန်းကြယ်သည်ဟု သူထင်မှတ်မိသော်လည်း သူ၏အယူအဆအရဆိုလျှင် ဝူမိသားစုသည် ရှေးဟောင်းမြို့၏ စစ်မှန်သောဘုရင်တစ်ပါးဖြစ်ပေသည်။

ကျန်းချီထျန်း၏မျက်လုံးများက ချက်ချင်းပင်ပြူးကျယ်သွားခဲ့သည်။

"သူ့အတွက်အရမ်းစိတ်မပူပါနဲ့...ငါတို့သာပန်းချီပြခန်းကိုရရင် သစ်သားပန်းပုရုပ်တွေနဲ့ လဲလှယ်နိုင်တယ်..."

"ဆက်ကြည့်ကြပါအုံး...ခုထိပွဲကမပြီးသေးဘူး..."

ဖန်ရှန့်ချန်၏လေသံက တိုးတိုးလေးထွက်ပေါ်လာခဲ့သည်။

သူတို့အပြင် အနီးအနားရှိဆိုင်ရှင်များကလည်း ဆူညံပွက်လောရိုက်သွားခဲ့ကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ဝူယွမ်ချန်း၏အကြည့်များက ယဲ့ပိုင်ဆီသို့ကျရောက်သွားခဲ့သည်။ထို့ကြောင့်သူက ဒေါသတကြီးရယ်မောလိုက်သည်။

"ဟားဟားဟား...ကောင်လေး...မင်းကငါနဲ့လာကစားနေတာလား...ဝူမိသားစုကဘာလဲဟုတ်လား...မင်းအပြင်လောကအကြောင်းမသိလို့ ဒီလိုမေးရတာလား..."

"ဟားဟား..."

ယင်ဂျွန်က မတ်တပ်ရပ်ကာ ရယ်မောလိုက်သလို အပြင်ဘက်ရှိကြည့်ရှုနေသူများကလည်း တိတ်ဆိတ်စွာပြုံးလိုက်မိကြသည်။

သူတို့ပြုံးနေကြသည့်အချိန်တွင် ဝူယွမ်ဒေါင်နှင့်ဝူဖန်ရှန်းတို့သည် ဧည့်ခန်းထဲ၌တည်တည်ငြိမ်ငြိမ်ဖြင့်ရပ်နေခဲ့ကာ ဒေါသလုံးဝမထွက်ကြောင်း သတိမထားမိခဲ့ကြပေ။ဆန့်ကျင်ဘက်အားဖြင့် သူတို့၏မျက်နှာပေါ်၌ မထီမဲ့မြင်ပြုသောအပြုံးများရှိနေခဲ့ကြသည်။

ဝူဖန်ရှန်းသည် ယင်ဂျွန်၏အသက်ကိုကယ်တင်ရန်အတွက် သူ့အားကယ်တင်လိုက်ခြင်းဖြစ်သည်။ယခုမူ ဝူယွမ်ချန်းက ရုတ်တရက်ရောက်လာကာ အသက်ရှင်ရသည်မှာ ပင်ပန်းကြောင်းကြေငြာပြောဆိုနေခဲ့သည်။

ထိုအရာသည် အမှန်ပင်ကမောက်ကမဖြစ်လွန်းလှပေသည်။

ယဲ့ပိုင်ကမူ ငြိမ်သက်စွာထိုင်နေဆဲဖြစ်သည်။သူသည် ဝူယွမ်ချန်း၏အသံအားလျစ်လျူရှုကာ ဝူယွမ်ဒေါင်နှင့်ဝူဖန်ရှန်းတို့အား ပြောင်းလဲမှုမရှိသည့်လေသံဖြင့် ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်သာ ဝူမိသားစုကိုထိန်းချုပ်နိုင်မယ်ဆိုရင် ဒီဝါးညှပ်တွေနဲ့လက်ရေးလှပန်းချီတွေကို တစ်နှစ်အတွင်းရောင်းထုတ်နိုင်မလား..."

ဝူဖန်ရှန်းနှင့်ဝူယွမ်ဒေါင်တို့သည် ယဲ့ပိုင်၏စကားကိုကြားသောအခါ သူတို့၏မျက်လုံးများက တောက်ပလာခဲ့ကြသည်။သူတို့စောင့်မျှော်နေခဲ့သော အခွင့်အရေးက အဆုံးသတ်၌ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထို့နောက် ဝူသားအဖသည် ဆက်လက်တုံ့ဆိုင်းမနေတော့ပေ။သူတို့သည် ထူးဆန်းသောပတ်ဝန်းကျင်၏အကြည့်အောက်တွင် ယဲ့ပိုင်၏ရှေ့၌ ဒူးထောက်လိုက်ကြသည်။

ဝူဖန်ရှန်းနှင့်ဝူယွမ်ဒေါင်တို့သည် ဝူမိသားစုမှနှင်ထုတ်ခံလိုက်ရပြီးနောက်တွင် လူအများ၏ရှေ့မှောက်၌ အမည်မသိလူငယ်တစ်ယောက်ကို ဒူးထောက်အရိုအသေပေးလိုက်ကြသည်။အကယ်၍ ထိုအကြောင်းသာအပြင်၌ပျံ့နှံ့သွားပါက ရှေးဟောင်းမြို့မှဝူမိသားစု၏မျက်နှာသည် မြောင်းထဲရောက်သွားပေလိမ့်မည်။

"မင်းတို့နှစ်ယောက်လုံးရူးသွားကြတာလား...မင်းတို့ကဝူမိသားစုရဲ့မျက်နှာကို အိုးမဲသုတ်လိုက်တာပဲ...မြန်မြန်ထကြစမ်း..."

ဝူယွမ်ချန်း၏မျက်နှာသည် ချက်ချင်းပင်ခရမ်းရောင်ပြောင်းသွားခဲ့ကာ အံကြိတ်၍ပြင်းထန်စွာအော်ဟစ်လိုက်သည်။

သို့သော်လည်း ဝူသားအဖက ဝူယွမ်ချန်း၏စကားကို လုံးဝလျစ်လျူရှုထားခဲ့သည်။သူတို့သည် ယဲ့ပိုင်ရှေ့၌ဒူးထောက်ရင်း ယဲ့ပိုင်ဆက်ပြောလာမည့်စကားများကို မျှော်လင့်နေခဲ့ကြသည်။

"သခင်...ငါသာဝူမိသားစုကို အုပ်ချုပ်နိုင်ခဲ့မယ်ဆိုရင် ဒီဝါးညှပ်ပန်းချီတွေ၊လက်ရေးလှပန်းချီကားတွေကို ၃လအတွင်းအပြီးအစီးလေလံတင်ရောင်းချပေးသွားပါမယ်...ပန်းချီကားတစ်ခုစီတိုင်းရဲ့တန်ဖိုးက အနည်းဆုံး၁သန်းထက်မလျော့ကျစေရဘူးလို့ အာမခံပါတယ်....အဲ့ဒါပြီးတော့ရောင်းလိုက်တဲ့ပန်းချီကားတိုင်းက အင်အားကြီးမိသားစုတွေရဲ့ ရတနာဖြစ်လာလိမ့်မယ်"

ဝူယွမ်ဒေါင်က ခပ်မြန်မြန်ပြောလိုက်သည်။

သို့သော်လည်း ဝူဖန်ရှန်းသည် စိတ်မထိန်းနိုင်တော့ဘဲ စကားဖြတ်ပြောလိုက်သည်။

"သခင်...ငါသာဝူမိသားစုကိုတာဝန်ယူရမယ်ဆိုရင် ဒီဝါးညှပ်ပန်းချီတွေ၊လက်ရေးလှပန်းချီတွေကို နိုင်ငံတကာပြပွဲတစ်ခုအနေနဲ့ ခင်းကျင်းပြသပြီးရောင်းချနိုင်ဖို့ ဝူမိသားစုတစ်ခုလုံးရဲ့အင်အားကိုအသုံးချသွားပါမယ်...ဒီပန်းချီကားတွေကို ကမ္ဘာတစ်ဝှမ်းကျော်ကြားအောင်ပြုလုပ်ပြီးတော့ ရောင်းချတော့မည့်အချိန်မှာလည်း ပန်းချီကားတစ်ခုစီကို အမြင့်ဆုံးအကျိုးအမြတ်တွေရအောင်လို့ သီးခြားစီလေလံတင်ရောင်းချပေးသွားပါမယ်..."

ထိုစကားကိုကြားချိန်၌ အနီးပတ်ဝန်းကျင်ရှိ ခရီးသွားများနှင့်ဆိုင်ပိုင်ရှင်များ အံ့သြသွားခဲ့ကြသည်။သူတို့သည် ထိုထရပ်ကားများပေါ်ရှိ ဝါးညှပ်ပန်းချီများနှင့်လက်ရေးလှပန်းချီများကို ကျိန်းသေပေါက်ရောင်းချမည်ဟု အာမခံခဲ့ကြသည်လား...

ရှေးဟောင်းပစ္စည်းဆိုင်ရှေ့တွင် ဝူစန်းရီ၊ဖန်ရှန့်ချန်နှင့်ကျန်းချီထျန်းတို့သည် ထိုမြင်ကွင်းအား ကြောင်အစွာရပ်ကြည့်နေခဲ့ကြသည်။

ဧည့်ခန်းထဲတွင်ရပ်နေသော ဝူယွမ်ချန်း၏ရင်ဘတ်သည် ဖားဖိုကြီးသဖွယ် နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့သည်။တစ်ချိန်တည်းမှာပင် သူသည်ရှက်ရွှံစိတ်နှင့်ဒေါသကြောင့် သူ၏မျက်နှာတစ်ခုလုံးနီမြန်းသွားခဲ့သည်။

ပြခန်းထဲတွင် ယဲ့ပိုင်သည် ဝူသားအဖကို တည်ငြိမ်စွာဖြင့်စိုက်ကြည့်နေခဲ့သည်။သူတို့၏နဖူးပေါ်မှ ချွေးများစီးကျနေခဲ့ကာ သူတို့၏မျက်လုံး၌လည်း မျှော်လင့်ချက်များပြည့်နှက်နေခဲ့သည်။

"ကောင်းပြီလေ..."

စက္ကန့်အနည်းငယ်ခန့်ကြာသော် ယဲ့ပိုင်ကခေါင်းညိတ်ပြလိုက်သည်။

ယဲ့ပိုင်ထံမှအတည်ပြုချက်အား ရယူပြီးနောက် ဝူသားအဖသည် အလွန်ပင်ပျော်ရွှင်သွားခဲ့သည်။

"ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်သခင်လေး..."

"ကျေးဇူးတင်ပါတယ်သခင်လေး...ငါမင်းကိုစိတ်မပျက်စေရပါဘူး..."

နှစ်ယောက်သားသည် မြေပြင်ပေါ်၌ဒူးထောက်လျက်သား စိတ်လှုပ်ရှားစွာ ကျေးဇူးတင်လိုက်ကြသည်။သူတို့၏နဖူးများသည်လည်း မြေကြီးနှင့်အဆက်မပြတ်ရိုက်ခတ်နေခဲ့သည်။

သူတို့သည် Qမြို့တော်၌ယဲ့ပိုင်၏စွမ်းအားကို တွေ့မြင်ဖူးပေသည်။ယဲ့ပိုင်က အသားတစ်တုံးဟူသော အသုံးအနှုန်းကို ယခုမှသဘောပေါက်သွားခဲ့သည်။ဝူမိသားစု၏ လက်ရှိအာဏာတိုက်ပွဲ၌ သူတို့နှစ်ယောက်သည် နောက်ဆုံးအောင်ပွဲအား ရရှိခဲ့ပေသည်။

ထိုနေရာတဝိုက်ရှိ လေထုအခြေအနေက အလွန်ပင်တိတ်ဆိတ်သွားခဲ့သည်။

အစမှအဆုံးတိုင်အောင် ဝမ်ကူကအလွန်ငြိမ်သက်နေခဲ့သည်။သူသည် ဝါးညှပ်ပန်းချီများကိုသယ်ဆောင်၍ လူအများကြား၌ အပြန်ပြန်အလှန်လှန် ဖြတ်သန်းသွားလာနေခဲ့သည်။သူသည် ဤပြခန်း၌ဖြစ်ပျက်နေသည့်အရာများကို လုံးဝလျစ်လျူရှုထားကာ အလုပ်ကိုစောစောပြီးရန်သာ အာရုံစိုက်ထားခဲ့သည်။

ပြခန်းအပြင်ဘက်၌မူ ခရီးသွားများနှင့်ဆိုင်ရှင်များသည်ကား အေးအေးဆေးဆေး ဆက်မနေနိုင်ကြတော့ပေ။

"ယင်ဂျွန် ၊ လောရှင်း..."

ဝူယွမ်ချန်းသည် အေးစက်စွာအော်ဟစ်လိုက်ပြီး သူ့ဘေးနားရှိသက်တော်စောင့်၂ယောက်အားလည်း အမိန့်ပေးလိုက်သည်။

"မင်းတို့တွေအကုန်လုံး အဲ့အရူး၂ယောက်ကို ချက်ချင်းပညာပေးလိုက်ကြစမ်း...ငါ့ရဲ့ဝူမိသားစုကိုဆက်ပြီးတော့ အရှက်မခွဲစေနဲ့တော့..."

ဝူယွမ်ချန်း၏ဒေါသမီးတောက်သည် တဟုန်းဟုန်းတောက်လောင်နေခဲ့ကာ ယဲ့ပိုင်အား အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။

"အဲ့ဒီလူမိုက်ကိုလည်း ခုချိန်ကစပြီးတော့ ရှေးဟောင်းမြို့ကနေ တရုတ်ပြည်တစ်ခွင်လုံးမှာ နောက်ထပ်တစ်ကြိမ်ထပ်မတွေ့ချင်တော့ဘူး...ဒီကောင်ကရှေးဟောင်းမြို့ကို ဟန်ဆောင်ဖို့သက်သက်ရောက်လာတာလား..."

"ကောင်းပါပြီ မစ္စတာဝူ..."

သက်တော်စောင့်၂ယောက်အပြင် ယင်ဂျွန်နှင့်လူမိုက်များသည် တစ်ညီတစ်ညာတည်းအော်ဟစ်လိုက်ကြပြီး ရှေ့သို့တိုးလာခဲ့ကြသည်။

ထို့နောက်...မင်းကတော်တော်လေးသတ္တိကောင်းနေတာပေါ့...ဒီနေ့မင်းကိုမသတ်ရဘူးဆိုရင် ငါတစ်ဘဝလုံးအရှက်ရနေလိမ့်မယ်..."

ယင်ဂျွန်၏မျက်နှာသည် အရှက်ရမှုကြောင့် လုံးဝနီမြန်းနေခဲ့သည်။

လောရှင်းကလည်း ယဲ့ပိုင်အား လှောင်ပြောင်ရယ်မောလိုက်သည်။

"ငါ့မျက်လုံးထဲမှာတော့ မင်းကသေလူဖြစ်နေပြီ..."

"မင်းက ဝူမိသားစုကိုစော်ကားဝံ့တယ်ဆိုတော့ သေဖို့သာပြင်ထားတော့"

ရက်စက်ကြမ်းကြုတ်ပုံရသည့် သက်တော်စောင့်၂ယောက်ကလည်း နောက်မှလိုက်လာခဲ့သည်။

ထိုအချိန်တွင် ဝမ်ကူသည် ဝါးညှပ်ပန်းချီများအား ထရပ်ကားဆီသို့ ရွေ့ပြောင်းသယ်ဆောင်ရန်အတွက် အတွင်းခြံဝင်းထဲသို့ဝင်လာခဲ့သည်။ထိုအချိန်တွင်သူသည် ဤမြင်ကွင်းကိုတွေ့မြင်လိုက်ရ၍ ခေါင်းခါယမ်းလိုက်မိသည်။

ယခုလေးတင်ပင် ဝူဖန်ရှန်းသည် ယင်ဂျွန်အားကန်ထုတ်ကာ သူ၏အသက်ကိုကယ်တင်ခဲ့သည်။၎င်းတို့အနက် လောရှင်းသည် ကပ်ဘေးမှနေ၍ကပ်သီးလေးလွတ်မြောက်ခဲ့သော်လည်း ယခုအခါတွင်သူတို့အားလုံးသည် သေခြင်းတရားကို သတိမထားမိကြဘဲ မျက်ကန်းများသဖွယ်တိုးဝင်လာခဲ့ကြသည်။ထိုလူများသည် သူတို့၏သေမင်းနှင့်ရင်ဆိုင်နေရသည်ကို သတိမထားမိသည်မှာ ဝမ်းနည်းဖွယ်ကောင်းလှပေသည်။

ယဲ့ပိုင်သည်ကား ယခုထိတိုင်လှုပ်ရှားခြင်းမရှိသေးပေ။လူမိုက်၄ယောက်သည် သူထိုင်နေသောနေရာဆီသို့ အပြေးအလွှားဝင်ရောက်လာချိန်တွင် ယဲ့ပိုင်ကသူ၏လက်ကိုဖြည်းညှင်းစွာဆန့်ထုတ်လိုက်သည်။ထို့နောက် စားပွဲပေါ်ရှိသစ်သားပန်းပုရုပ်၂ခုအား ထိတွေ့လိုက်ကာ "သတ်ကြရအောင်"ဟူ၍ စကားနှစ်ခွန်းအားပြတ်သားသည့်လေသံဖြင့် ပြောလိုက်သည်။

ထိုစကားနှစ်ခွန်းအားပြောချိန်၌ သူ၏လေသံကစိတ်လှုပ်ရှားခြင်းမရှိဘဲ ရိုးရိုးရှင်းရှင်းစကားတစ်ခွန်းအား ပြောနေရသကဲ့သို့ ပေါ့ပါးနေခဲ့သည်။

သို့သော်လည်း ယဲ့ပိုင်ကထိုသို့ပြောလိုက်ပြီးနောက်တွင် ပြခန်းတစ်ခုလုံး၏ အပူချိန်ကရုတ်တရက်ထိုးဆင်းသွားခဲ့သည်။

ထို့နောက်တွင် ယဲ့ပိုင်ထံသို့ပြေးဝင်လာသည့် လူ၄ယောက်သည် သူတို့၏မျက်နှာပေါ်ရှိကြွက်သားများ တွန့်လိမ့်သွားခဲ့ကြကာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွား၍ ရှေ့ဆက်မသွားနိုင်ကြတော့ပေ။

ဧည့်ခန်းထဲ၌ရပ်နေသော ဝူယွမ်ချန်းသည်လည်း နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော ရေခဲချောက်နက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ သူ၏တစ်ကိုယ်လုံးအေးစက်သွားခဲ့သည်။ထို့နောက်တွင် နှိုင်းယှဉ်မရနိုင်သောထိတ်လန့်မှုက သူ၏စိတ်ဝိညာဉ်အနက်ရှိင်းဆုံး အပိုင်းထိတိုးဝင်လာခဲ့သည်။

All Chapters