အဝေးကို ဖယ်ထုတ်လိုက်
Vol. 9 Ch. 100
"သတ်ကြ..."
ယဲ့ပိုင်က ပြတ်သားသည့်အသံဖြင့် တိုးတိုးလေးကြွေးကြော်လိုက်သော်လည်း ထိုစကားလုံးနှစ်လုံးသည် လူတိုင်း၏စိတ်ထဲ၌တိုးဝင်သွားသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားတစ်လက်သဖွယ် မှော်ကျိန်စာတစ်ခုသဖွယ် စိမ့်ဝင်သွားခဲ့သည်။
"ငါမင်းကိုသတ်မယ်..."
မူလက ယဲ့ပိုင်အားအပြေးအလွှား တိုက်ခိုက်ရန်ပြင်ဆင်နေသည့် ယင်ဂျွန်သည် ထိုခဏ၌ သူ၏မျက်လုံးများက ထူးထူးခြားခြားတောက်ပလာခဲ့သည်။ထို့နောက် သူ၏ပါးစပ်မှနေ၍ ဒေါသတကြီးဟိန်းသောက်လိုက်ကာ သူ၏ခါးမှနေ၍ တောက်ပသောဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်သည်။
ဝမ်ယွန်ချန်း၏သက်တော်စောင့်၂ယောက်သည်ပင် ထိုမြင်ကွင်းကိုတွေ့ချိတ်၌ ယင်ဂျွန်သည် ရူးသွပ်ပြီး သတ္တိရှိကြောင်းထင်မှတ်ကာ အနည်းငယ်အံ့သြသွားကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် ဓားမြှောင်ကိုထုတ်ယူလိုက်သည့် ယင်ဂျွန်သည် သူကိုယ်တိုင်ပင်သတိမထားမိဘဲ နောက်သို့ချက်ချင်းလှည့်လိုက်သည်။ထို့နောက်တွင် အနီးဆုံးသက်တော်စောင့်ဖြစ်သူ၏ ရင်ဘတ်ကိုဓားမြှောင်ဖြင့် ထိုးစိုက်လိုက်သည်။
သက်တော်စောင့်သည် ခေါင်းငုံ့ကာရင်ဘတ်ရှိဒဏ်ရာအား ငုံ့ကြည့်လိုက်သည်၊၊သူသည် နာကျင်မှုဝေဒနာကို ကြီးစွာမခံစားရသော်လည်း သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။
"မင်း..မင်း...ဘာလုပ်နေတာလဲ"
နောက်အခိုက်အတန့်တွင် သက်တော်စောင့်၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
ကံမကောင်းစွာဖြင့် လက်ရှိအချိန်၌ ယင်ဂျွန်သည် လုံးဝရူးသွပ်နေခဲ့ပြီဖြစ်ကာ သူ၏ပါးစပ်မှနေ၍လည်း "သေစမ်း...သစ်သားရုပ်တုက မင်းကိုသတ်ခိုင်းနေတယ်..."ဟုအော်ဟစ်နေခဲ့သည်။သူသည် ထိုသို့ရူးသွပ်ဖွယ်စကားများကိုပြောရင်း ဓားမြှောင်အားတင်းကျပ်စွာဆုပ်ကိုင်ထားခဲ့သည်။ထို့နောက်တွင် သူ၏လက်ကိုလှုပ်ရှား၍ ဓားမြှောင်အားဆွဲထုတ်လိုက်ချိန်တွင် သက်တော်စောင့်ထံမှ သွေးများပန်းထွက်လာခဲ့သည်။
"ငါမင်းကိုသတ်မယ်..."
သူ့ဘေးနားရှိ လောရှင်းသည်လည်း သားရဲတစ်ကောင်လိုဟိန်းဟောက်နေခဲ့ကာ သူ၏မျက်နှာပေါ်ရှိကြွက်သားများကလည်း အဆက်မပြတ်တုန်ယင်နေခဲ့သည်။သူ၏မျက်လုံးများသည်လည်း သွေးကဲသို့ရဲရဲနီလာခဲ့ပြီး သူ့ရှေ့မှစားပွဲပေါ်၌တင်ထားသော ကတ်ကြေးအားလှမ်းယူလိုက်သည်။ထို့နောက် အခြားသောသက်တော်စောင့်တစ်ယောက်ထံ ပြေးဝင်၍ကတ်ကြေးဖြင့်ထိုးချလိုက်သည်။
ထိုသို့ပုံမှန်မဟုတ်သော သွေးထွက်သံယိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်အခြေအနေက ပို၍ပင်ထူးဆန်းသွားခဲ့သည်။
ထိုနေရာနှင့်မဝေးလှသည့်နေရာ၌ရှိနေသော ဝူစန်းရီသည် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။သူ၏မျက်နှာသည် အနည်းငယ်ဖြူဖျော့သွားခဲ့ကာ လေထုထဲ၌ပျံ့လွှင့်နေသောသွေးရနံ့က သူဝတ်ဆင်ထားသည့် အနီရင့်ရောင်အင်္ကျီနှင့်လိုက်ဖက်ညီနေခဲ့သည်။ဝူစန်းရီ၏အကြည့်များသည် လူအုပ်ကိုဖြတ်သန်း၍ ပျင်းရိနေသောအမူအရာဖြင့် ပြခန်းဧည့်ခန်း၌ငြိမ်သက်စွာထိုင်နေသော ယဲ့ပိုင်ပေါ်သို့ ကျရောက်လာခဲ့သည်။
"ဒိတစ်ခါတော့ တစ်ခုခုဖြစ်နေပြီဆိုတာသေချာတယ်...ဒီကောင်လေးက တကယ်မလွယ်ဘူး..."
ဝူစန်းရီသည် ထိုသို့တီးတိုးပြောဆိုရန်အတွက် အတော်ခက်ခက်ခဲခဲကြိုးစားလိုက်ရကြောင်း ခံစားလိုက်ရသည်။
"သူ့ရဲ့စကားတစ်ခွန်းက ယင်ဂျွန်ကိုသစ္စာဖောက်စေတာလား..."
ကျန်းချီထျန်း၏မျက်လုံးများ၌ တုန်လှုပ်နေသောအရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။
ဖန်ရှန့်ချန်၏မျက်လုံးများ၌လည်း ထိတ်လန့်နေသောအမူအရာများ ထင်ရှားလာခဲ့ကာ သူ၏အသံကတဖြည်းဖြည်းတိမ်ဝင်သွားခဲ့သည်။
"အဘိုးကြီးဝူ၊ချီထျန်း...ငါတို့သချိုင်းဂူတွေကိုဖောက်တဲ့အခါတိုင်း မကြာခဏဆိုသလို ညစ်ညမ်းတဲ့အငွေ့အသက်တွေရှိတယ်ဆိုတာသိတယ်မလား...ဒီဝတ်စုံဖြူကောင်လေးက အဲ့ဒါဖြစ်နိုင်ပါမလား...သူက..."
"အရူးလိုစကားတွေလျှောက်မပြောနဲ့...လူတော်တော်များများက ဒီမှာစောင့်ကြည့်နေကြတယ်..."
ဝူစန်းရီကချက်ချင်းပင် သူ့အားကြိမ်းမောင်းလိုက်သည်။
ထိုအရာသည် ယဲ့ပိုင်၏နည်းလမ်းတစ်ခုဖြစ်ကြောင်း သူ့စိတ်ထဲ၌ကောင်းစွာသိရှိထားသော်လည်း သက်သေပြနိုင်ခြင်းမရှိပေ။လက်ရှိအချိန်သည် နေ့ခင်းကြောင်တောင်မွန်းတည့်အချိန်ဖြစ်သော်လည်း ဤနေရာတစ်ခုလုံးကို ထူးခြားသည့်အရာတစ်ခုက ဖုံးလွှမ်းထားကြောင်း သူခံစားမိလိုက်သည်။
သူတို့၃ယောက်က ထိုလွှမ်းမိုးမှုအောက်၌ မကျရောက်ခဲ့ပေ။
ပြခန်းအပြင်ဘက်၌ ခရီးသွားများနှင့်စျေးဆိုင်ပိုင်ရှင်များသည် ပြခန်းတွင်းရှိအခြေအနေကိုကြည့်ရင်း အံ့အားသင့်သွားခဲ့ကြသည်။သူတို့၏ရှေ့မှ သွေးများစွန်းထင်းနေသောမြင်ကွင်းသည် သူတို့၏မျက်လုံးထဲမဝင်နိုင်ခဲ့ဘဲ သူတို့၏အကြည့်များက ယဲ့ပိုင်အားစိုက်ကြည့်လိုက်မိကြသည်။
ထိုလူငယ်သည် စားပွဲပေါ်၌သပ်သပ်ရပ်ရပ်ထိုင်နေဆဲဖြစ်ကာ အရာအားလုံးအား ထိန်းချုပ်ထားသကဲ့သို့ သူ၏အမူအရာကလုံးဝပြောင်းလဲခြင်းမရှိပေ။
နဂိုက ခံ့ညားထည်ဝါသည့်သွင်ပြင်ရှိသော ဝူယွမ်ချန်းသည်ပင် ယခုအခါ၌ ယဲ့ပိုင်၏တစ်ကိုယ်လုံးအား စေ့စေ့စပ်စပ်စိုက်ကြည့်လိုက်မိသည်။သူ၏မျက်နှာသည်လည်း တစ်ခဏအတွင်း အရောင်မျိုးစုံပြောင်းလဲနေခဲ့ပေသည်။ထို့နောက် ထူးဆန်းသောထိတ်လန့်ဖွယ်ခံစားချက်က သူ၏နှလုံးသားအောက်ခြေမှ ရုတ်တရက်ထွက်ခွာလာခဲ့သည်။ယခုအချိန်တွင် သူ၏ကိုယ်မှထွက်ပေါ်နေသည့် သာလွန်သည့်အော်ရာသည် ပြိုကျပျက်စီးသွားကာ သူ၏အသံကလည်း ကြောက်လန့်နေသောသားရဲတစ်ကောင်သဖွယ် တုန်ယင်နေခဲ့သည်။
"မင်း...မင်း...သူတို့ကိုဘာလုပ်လိုက်တာလဲ..."
ယဲ့ပိုင်ကမူ ယခုအချိန်ထိ တိတ်ဆိတ်နေဆဲဖြစ်သည်။
ပြခန်းဧည့်ခန်းထဲတွင် လူလေးယောက်က အပြင်းအထန်တိုက်ခိုက်နေကြရင်း ကြက်သွေးရောင်သွေးစက်များက ဧည့်ခန်းတွင်းရှိ နေရာတိုင်းလိုလိုကို စွန်းထင်းသွားစေခဲ့သည်။ပြင်းထန်လှသောသွေးရနံ့ကလည်း လေထုထဲ၌ပျံ့လွှင့်လာခဲ့သည်။
မြေပြင်ပေါ်၌ဒူးထောက်နေသော ဝူယွမ်ဒေါင်နှင့်ဝူဖန်ရှန်းတို့သည်လည်း သူတို့၏ခန္ဓာကိုယ်ပေါ်သို့ သွေးစက်များလာရောက်ထိမှန်သည်ကို ခံစားမိလိုက်ကြသည်။သူတို့သည် ရံဖန်ရံခါဆိုသလိုခေါင်းမော့ကြည့်ကာ ယဲ့ပိုင်အားလေးစားကြောက်ရွှံသောအကြည့်ဖြင့်ကြည့်လိုက်ကြသည်။ဤသည်မှာ ယဲ့ပိုင်၏နည်းလမ်းတစ်ခုဖြစ်ကြောင်း ၁၀၀ရာခိုင်နှုန်းသေချာပေသည်။
ပြခန်းတွင်းရှိ လေထုအခြေအနေက လွန်စွာမှတိတ်ဆိတ်သွားခဲ့သည်။
ပြခန်းအပြင်ဘက်၌ရပ်နေကြသည့် ခရီးသွားများသည် စက္ကန့်အနည်းငယ်ကြာတုံ့ဆိုင်းနေပြီးနောက် အဆုံးသတ်၌အလန့်တကြား စတင်တုံ့ပြန်ခဲ့ကြသည်။
"ရဲကိုခေါ်...ရဲကိုမြန်မြန်ခေါ်ကြ..."
ကြွေထည်လုပ်ငန်းအကြောင်းသိသူက အော်ဟစ်လိုက်သည်။
"မင်းကအရူးလား...ဝူမိသားစုကဒီကိုရောက်နေတာလေ...မင်းကရဲခေါ်ပြီးတော့ ဘာလုပ်ချင်တာလဲ...ပြဿနာရှာချင်နေတာလား"
သူ၏ဘေးနား၌ရပ်နေသာ သက်လတ်ပိုင်းအရွယ်အမျိုးသမီးက မျက်လုံးများကိုပြူး၍စိုက်ကြည့်လိုက်သည်။
တရုတ်ရိုးရာဝတ်စုံဝတ် ဆံပင်ဖြူအဘိုးအိုသည် ပန်းချီပြခန်းအဆုံးသတ်တော့မည်ဟု ခံစားမိလိုက်ချိန်၌ သွေးစွန်းထင်းနေသောမြင်ကွင်းကို မြင်တွေ့လိုက်ရ၍ မျက်ဖြူလန်ကာ သတိလစ်သွားခဲ့သည်။သူ၏သနားစရာကောင်းသော ခန္ဓာကိုယ်အိုကြီးနှင့်ပျော့ညံ့သောစိတ်သဘောထားက ထိုမြင်ကွင်းကို မကြည့်ရှုနိုင်ပေ။
ထိုအခိုက်အတန့်တွင် ဝမ်ကူသည်နောက်ဆုံးသော ဝါးညှပ်၃ခုအား ရွှေ့ထားပြီးပြီဖြစ်သည်။သူသည် သွေးများစွန်းထင်းနေသောဖိနပ်ဖြင့် ဧည့်ခန်းရှိရာသို့ ပြန်သွားခဲ့ကာ ကြောက်မက်ဖွယ်ရာအဖြစ်ဆိုးကို တစ်ချက်ကြည့်လိုက်မိသည်။ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးအောက်ဘက်ရှိကြွက်သားအနည်းငယ်က တုန်ခါသွားသော်လည်း ချက်ချင်းပင်ပြန်လည်တည်ငြိမ်သွားခဲ့သည်။ထို့နောက်တွင်သူသည် ယဲ့ပိုင်ဆီသို့ တည်တည်ငြိမ်ငြိမ်လမ်းလျှောက်လာကာ ခန္ဓာကိုယ်အားကွေးညွတ်၍ အရိုအသေပေးလိုက်သည်။
"သခင်...ဝါးညှပ်တွေကိုရွှေ့ပြောင်းပြီးပါပြီ..."
"ကောင်းပြီ..."
ထိုစကားကိုကြားချိန်၌ ယဲ့ပိုင်ကပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်ကာ သူ၏အင်္ကျီလက်စများကို ရုပ်သိမ်း၍ ဖြည်းညှင်းစွာထလိုက်သည်။
ဧည့်ခန်းတွင်းရှိအခြေအနေသည် သူနှင့်အနည်းငယ်မျှပင် အဆက်အစပ်မရှိသကဲ့သို့ ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာရှိနေခဲ့သည်။
သို့သော်လည်း ဘေးနားမှရပ်နေသော ဝူယွမ်ချန်းသည် ယဲ့ပိုင်၏အမှတ်တမဲ့ခြေလှမ်းများက သွေးစွန်းထင်းနေသော နေရာများအပေါ်သို့ လုံးဝကိုကျရောက်သွားခြင်းမရှိကြောင်း တွေ့လိုက်ရချိန်တွင် လွန်စွာအံ့သြသွားခဲ့သည်။ထို့ပြင် သူ့စိတ်ထဲရှိကြောက်ရွှံမှုကလည်း လျင်မြန်စွာတိုးလာခဲ့သည်။
"မင်း...မင်း..."
တဖြည်းဖြည်းနှင့်ယဲ့ပိုင်သည် သူနှင့်ပိုမိုနီးကပ်လာသည်ကိုမြင်သောအခါ ဝူယွမ်ချန်း၏ခြေထောက်များကညတဆတ်ဆတိတုန်ရီသွားခဲ့ကာ သူ၏မျက်နှာကလည်း စက္ကူသဖွယ်ဖြူဖျော့သွားခဲ့သည်။၏
သို့သော်လည်း ယဲ့ပိုင်ကသူ့အားတစ်ချက်လေးတောင်မကြည့်ဘဲ ဖြတ်ကျော်သွားခဲ့သည်။
"ရပ်ကြတော့..."
နောက်ဆုံးတွင် သူသည်ဝူဖန်ရှန်းနှင့်ဝူယွမ်ဒေါင်တို့အား တိုးတိုးလေးပြောလိုက်သည်။
"ဟုတ်ကဲ့ သခင်လေး..."
ဝူသားအဖသည် အနည်းငယ်လန့်သွားကြသော်လည်း တံတွေးကိုမြိုချ၍ ခက်ခက်ခဲခဲမတ်တပ်ထရပ်လိုက်သည်။ထို့နောက် ဧည့်ခန်းတွင်းရှိ ဆိုးရွားလှသော အခြေအနေကိုကြည့်ပြီးနောက် အားတက်သရော ခေါင်းညိတ်လိုက်ကြသည်။
ယဲ့ပိုင်သည် ပြခန်းအပြင်ဘက်သို့ ထွက်သွားသည်ကိုမြင်သောအခါ သူတို့ကချက်ချင်းနောက်သို့ လိုက်သွားခဲ့သည်။
ပြခန်းရှေ့၌စုပြုံနေကြသော ခရီးသွားများသည် ကမန်းကတမ်းထွက်ခွာသွားခဲ့သည်။
ဝူဖန်ရှန်းသည် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ဘေးတစ်ဖက်တွင် ယုန်တစ်ကောင်လို ထိတ်လန့်နေသော ဝူယွမ်ချန်းအား တွေ့မြင်လိုက်ရသည်။ထို့ကြောင့်သူသည် သတိကြီးကြီးထားကာ သူ၏လက်ကိုဆန့်တန်း၍ သူနဖူး၌စွန်းထင်းနေသောသွေးအချို့ကိုသုတ်ပြီး ချီတုံချတုံဖြစ်နေသောလေသံဖြင့်ပြောလိုက်သည်။
"သခင်လေး..ငါ့ဦးလေးကိုဘာလုပ်ကြမလဲ"
ယဲ့ပိုင်သည် သူ၏ခြေလှမ်းများကိုမရပ်တန့်ခဲ့သည့်အပြင် ခေါင်းကိုပင် နောက်ပြန်မလှည့်ခဲ့ပေ။သူသည် ပြခန်းအပြင်ဘက်သို့ သူ၏ခြေထောက်များကိုချပြီးနောက်တွင် ပျင်းရိသောအသံဖြင့်ပြောလိုက်သည်။
"သူ့ကိုဖယ်ထုတ်လိုက်...ဒါပေမဲ့နောက်မှ ငါတို့နဲ့အတူတူဝူမိသားစုဆီသွားရမယ်..."
"နားလည်ပါပြီ..."
ဝူယွမ်ဒေါင်နှင့်ဝူဖန်ရှန်းတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ခေါင်းညိတ်ပြလိုက်ကြသည်။ထို့နောက်သူတို့သည် ပြိုကျလုနီးနီးဖြစ်နေပြီဖြစ်သော ဝူယွမ်ချန်းဆီသို့ ချည်းကပ်သွားခဲ့ကြသည်။
ယဲ့ပိုင်သည် ပြခန်းတံခါးမှထွက်လာပြီးနောက် ရှေးဟောင်းပစ္စည်းဆိုင်သို့ ဦးတည်လာခဲ့သည်။ပွဲလာကြည့်သူများသည် လျင်မြန်စွာ တိမ်းရှောင်သွားခဲ့ကြပြီး ယဲ့ပိုင်အားရဲရဲပင်မကြည့်ရဲကြပေ။
ရှေးဟောင်းပစ္စည်းဆိုင်၏အဝင်ဝ၌ ရပ်နေသောဝူစန်းရီ၊ကျန်းချီထျန်းနှင့်ဖန်ရှန့်ချန်တို့သည် ခံစားချက်ကင်းမဲ့သောမျက်နှာပိုင်ရှင်ယဲ့ပိုင်က သူတို့ဆီသို့လျှောက်လာသည်ကိုမြင်သောအခါ သူတို့၏နှလုံးသားများက လည်ချောင်းမှခုန်ထွက်လုမတတ် ဖြစ်သွားခဲ့ကြသည်။အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ချောမောသောဤလူငယ်သည် အန္တာရယ်လုံးဝမရှိကြောင်း သိသာထင်ရှားသော်လည်း သူတို့သည်အလွန်ပင်ထိတ်လန့်ကြောက်ရွံ့နေကြသည်။လက်ရှိအချိန်၌ ငြိမ်သက်ခြင်းဟူသောစကားလုံးသည် သူတို့အတွက် နတ်ဘုရားမိန့်ခွန်းသဖွယ် ဖြစ်နေခဲ့သည်။