← Chapters

ရာဂ

Vol. 133 Ch. 1849

ရာဂ

Vol. 133 Ch. 1849

ရာဂ ဆိုတာ ဘာလဲ...။

ဝေ့ဝူယင် အနက်ရောင် အရိုးစုထံသို့ စိုက်ကြည့်နေမိသည်။

ရာဂ အပြစ်...။

လူအများစု ချက်ချင်း တွေးမိမည့် အဖြေများ ရှိသည်။ ဥပမာ - လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုအပေါ် ပြင်းပြသော တောင့်တမှုများ...။ ၎င်းမှာ ရိုးရှင်းပြီး တိုက်ရိုက်ကျသည်။ သို့သော်လည်း... ကမ္ဘာပျက်စေလောက်သည့် လူမျိုးတုံး သတ်ဖြတ်မှုများ ဖြစ်ပေါ်စေလောက်သည့် အပြစ်တစ်ခု၏ အခြေခံပင် ဖြစ်သည်။

ဝေ့ဝူယင်သည် နေသွေးနီနီဂိုဏ်းချုပ်၏သား ဝူချန်းကို သတိရသွားသည်။ သူသည် လခရမ်းဂိုဏ်းကို လှပသည့် မိန်းကလေး တစ်ဦး အတွက် စစ်ကြေညာခဲ့သည်။ နောက်ဆုံးတွင် သူ ထိုအမျိုးသမီးကို ရခဲ့သော်လည်း မေ့မေ့နှင့် လက်ထပ်ပွဲတွင် ယဇ်ပူဇော်ရန်အတွက် သူမကို သတ်ဖြတ်ပစ်ခဲ့ရသည်။

သို့သော်လည်း... ဝေ့ဝူယင် ခေါင်းခါလိုက်မိ၏။

ရာဂ ဆိုသည်မှာ အဘယ်နည်း။ မည်သည့်အရာက ရာဂ မဟုတ်ကြောင်း ပြောခြင်းက ပို၍ ကောင်းသော အဖြေ ဖြစ်ပေလိမ့်မည်။

ရာဂသည် အချစ် မဟုတ်ပေ။ ၎င်းတွင် အချစ် ပါဝင်နိုင်သော်လည်း အချစ် သက်သက်တော့ မဟုတ်ချေ။ ၎င်းမှာ အစကတည်းက မစင်ကြယ်သော အရာ ဖြစ်သည်။ သက်ရှိတို့၏ မူလဗီဇ တောင့်တမှုမှ မြစ်ဖျားခံလာသော အပေါ်ယံ အလိုဆန္ဒဟု ဆိုနိုင်သည်။

ဝေ့ဝူယင် မေ့မေ့ အပါအဝင် သူ ပတ်သက်ခဲ့ဖူးသမျှသော မိန်းကလေးများ၊ အထူးသဖြင့် သူ ကိုယ်တိုင် ပိုးပန်းခဲ့သော ယွီစွန်းလီနှင့် ရွှယ်ယီဖေး တို့ကို စဉ်းစားလိုက်သည်။ သူသည် သူတို့ကို မြင်မြင်ချင်း စွဲလန်းခဲ့ရခြင်း ဖြစ်သည်။

ရာဂသည် အချစ်ကို မွေးဖွားပေးနိုင်သော်လည်း အချစ် မဟုတ်ပေ။

ဝေ့ဝူယင် ထပ်မံ၍ ခေါင်းခါလိုက်၏။

"နောက်ဆုံး တစ်ကြိမ်ပဲ ကျန်တော့တယ်..."

"..."

ဝေ့ဝူယင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ သူ ကန့်ကွက်ရန် အော်ဟစ်ချင်သော်လည်း စကားပြော၍ မရတော့ကြောင်း သိလိုက်ရသည်။ အနက်ရောင် အရိုးစုက သူ့ကို စိုက်ကြည့်နေပြီး လောကကြီးတစ်ခုလုံးမှာ ဆိတ်ငြိမ်နေသည်။ အဖြေများမှာ သူ၏ ဝိညာဉ်ထံမှ ထွက်ပေါ်လာနေခြင်း ဖြစ်၏။

ဝေ့ဝူယင် သူ့ လည်ပင်းကို လက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ရင်း မြေပြင်သို့ ငုံ့ကြည့်လိုက်၏။ ၎င်းမှာ နာကျင်စေရန် မဟုတ်ဘဲ အရေပြားမှ နွေးထွေးမှုကို ခံစားရင်း အေးခဲနေသည့် အလင်းမှုန်များကို အာရုံစိုက်ကာ မိမိကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်ရန် ဖြစ်သည်။

သူ ဖြည်းညှင်းစွာပင် တည်ငြိမ်လာခဲ့၏။ အခွင့်အရေး တစ်ကြိမ်သာ ကျန်တော့သော်လည်း သူ မအောင်မြင်နိုင်ဟု မဆိုလိုပေ။ သို့သော်လည်း... သူ မအောင်မြင်သေးကြောင်းတော့ ခံစားနေရသည်။

ရာဂ ဆိုတာ ဘာလဲ...။

ဝေ့ဝူယင် သူ ဖတ်ရှုခဲ့ဖူးသမျှသော စာအုပ်များ၊ ကြားဖူးသမျှသော ပုံပြင်များ၊ ခံစားခဲ့ဖူးသမျှသော စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများကို စိတ်ရှည်စွာ ပြန်လည် တွေးတောလိုက်သည်။

စုမေ့၊ မေ့မေ့၊ ရွှယ်ရီဖေး၊ ယွီစွန်းလီ၊ ချင်ချူးမူ၊ ဝမ်မင်ယာ၊ နာ့ရှင်းရီ၊ တာ့ရှန်း၊ ဝူပိုင်ကျိုး၊ လင်းကျိရန်၊ နယ်လာရှား၊ ရှောင်ပင်း၊ ဟုန်ရု၊ အိယင်၊ အိကျူးလင်၊ စီတ၊ ချောင်စွေ့ဖုန်း၊ ဟူမေဖန်း၊ ယန်ချောင်ယွီ၊ ထျန်းလင်းယု၊ လင်းရှန်းရှန်း၊ လင်းရှန်းရှဲ့၊ မေ့ယန်၊ ကျန်းကျဲဝူရှု၊ လျူယင်လန်း၊ ထျန်းရှောင်ချွမ်း...

သူ အမွေခံ အပြစ်သား တစ်ယောက် ဖြစ်လာပြီးနောက် တွေ့ဆုံခဲ့ရသည့် အမျိုးသမီးများအားလုံး...။

မဟုတ်ဘူး။

ဦးတည်ချက် မှားနေပြီ။

ဝေ့ဝူယင် ထိုအတွေးအားလုံးကို ဖယ်ထုတ်လိုက်သည်။

သေဒဏ်ပေးမည့် စင်မြင့်ထက်တွင် ကြောက်လန့်တုန်ရီနေသည့် ပိန်လှီလှီ အမျိုးသားတစ်ဦး၏ ပုံရိပ်က သူ၏ စိတ်ထဲတွင် လျှပ်ခနဲ ပေါ်လာခဲ့သည်။

တစ်ကိုယ်လုံး သံခြေကျင်းများ ခတ်ခံထားရပြီး ရိုင်းစိုင်း အထီးကျန်လှသည့် ကြက်သွေးရောင် မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်နေသည့် ငွေရောင်ဆံပင်နှင့် ဝံပုလွေတစ်ကောင်၏ ပုံရိပ်လည်း ပေါ်လာသည်။

ထိုနေ့က သူ ပုံပြင်တစ်ပုဒ် ပြောပြခဲ့ဖူးသည်။

"ငါ တစ်ခါက လူတစ်ယောက်နဲ့ ဆုံခဲ့ဖူးတယ်... သူက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ... ဘာလို့လဲဆိုတော့ သူဟာ ကိုယ့်အသက်ကို ကိုယ်မပိုင်တော့တဲ့ အချိန်၊ ကံကြမ္မာက သူတစ်ပါး လက်ထဲ ရောက်နေတဲ့ အချိန်၊ ဘာမှ မလုပ်နိုင်တော့တဲ့ မျှော်လင့်ချက်မဲ့နေတဲ့ အချိန်... သူ သေခါနီး ဆဲဆဲမှာ ခံစားနေရတာ တစ်ခုတည်းပဲ ရှိတယ်... အဲဒါက ဆာလောင်ခြင်း ပဲ"

"အဲဒီတုန်းက ငါက ကလေးပဲ ရှိသေးတယ်... အဲဒီလို ခံစားချက်မျိုးကို ငါ နားမလည်ခဲ့ဘူး... တကယ်တော့ အဲဒါကို ရယ်စရာလို့တောင် ထင်ခဲ့တာ... ဒါပေမဲ့ ငါ သူ့ကို ကယ်ချင်ခဲ့လို့ ကယ်ခဲ့တယ်..."

ဝေ့ဝူယင်၏ မျက်ဝန်းများတွင် အတိတ်ကို လွမ်းဆွတ်သည့် အရိပ်အယောင်များ ပေါ်လာ၏။

"ဒါပေမဲ့ မကြာခင်မှာပဲ... ငါလည်း သူခံစားခဲ့ရတဲ့ ဆာလောင်မှုကို နားလည်လာခဲ့တယ်... နာကျင်ရလောက်အောင်ကို ဆာလောင်တာ... ဘာတွေပဲ ဖြစ်ဖြစ် အဲဒီဆာလောင်မှုကို ဖြည့်ဆည်းဖို့ကလွဲလို့ တခြား ဘာကိုမှ မစဉ်းစားနိုင်တော့လောက်အောင် ဆာလောင်တာမျိုးပေါ့..."

ထို့နောက်... ကောင်းကင်ဘုံကိုပင် မှင်သက်စေနိုင်သည့် တောက်ပသော အပြုံးပိုင်ရှင် ခရမ်းရောင် အသားအရေနှင့် မိန်းကလေး တစ်ဦး၏ ပုံရိပ်...

သွေးစွန်းနေသော ခန္ဓာကိုယ်တွင် မြှားများ စိုက်ဝင်လျက် သေဆုံးနေသည့် မြင်ကွင်း...

မဟာစက်ဝန်း ကြယ်ကွင်းပြင်နှင့် ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ကြီးကို ပထမဆုံး မြင်တွေ့ခဲ့စဉ်က ခံစားချက်...

ထိုစဉ်က မိမိကိုယ်ကိုယ် ပြောခဲ့သော စကားများ...။

အတိတ် ပုံရိပ်များ အဆုံးတွင် အခြားသော ဘဝတူ အမျိုးသမီးများ၏ ဝိုင်းရိုက်ခံနေရသည့် မိန်းမငယ်လေး တစ်ဦးကို သူ မြင်လိုက်ရသည်။ သူမ ရွေးချယ်ခဲ့သည့် ချစ်သူက ထိုမြင်ကွင်းကို အရသာခံ ကြည့်ရှုနေခဲ့သည်။

ဝေ့ဝူယင် မြေပြင်မှ အကြည့်ကို လွှဲကာ အနက်ရောင် အရိုးစုကို စိုက်ကြည့်လိုက်၏။ သူ၏ အကြည့်တို့က ခိုင်မာသည်။

ဝေ့ဝူယင် ပါးစပ်ကို ဖွင့်လိုက်သော်လည်း အသံထွက်မလာချေ။ သို့သော် သူ၏ အသံလှိုင်းတို့က လောကကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။ ၎င်းမှာ စစ်မှန်လှသည်။ ရိုးသားလှသည်။ သူ့ ဘဝတစ်ခုလုံး၏ အလေးချိန်များ ပါဝင်နေသည်။

"ဆာလောင်မွတ်သိပ်ခြင်း..."

အနက်ရောင် အရိုးစုက သူမ၏ အရိုးလက်ချောင်းကို မြှောက်ကာ ဝေ့ဝူယင်၏ မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်သည်။

"ဝေ့ဝူယင်... အပြစ်ကို ခိုးယူသူ..."

"...မင်းဟာ အပြစ်သား တစ်ယောက်ပဲ..."

စိတ်ကူးယဉ်မှု တစ်ခုသာ ဖြစ်နိုင်သော်လည်း ထိုအခိုက်၌... အနက်ရောင် အရိုးစု ပြုံးနေသည်ဟု ဝေ့ဝူယင် ခံစားလိုက်ရ၏။

...

ဝေ့ဝူယင်၏ အာရုံခံစားမှု တစ်ခုလုံးမှာ မည်းမှောင်လှသော အမှောင်ထုနှင့် ထူးဆန်းအေးစက်လှသည့် တိတ်ဆိတ်မှုထဲတွင် နစ်မြုပ်နေခဲ့၏။

ဧဒင်၏ တဖျတ်ဖျတ် တောက်ပနေသည့် အရောင်အသွေးစုံ လှိုင်းများ၊ ခရာတို၏ ကောင်းကင်ကို မြည်ဟည်းသည့် ဟိန်းဟောက်သံများ၊ ဘုရင်၏ ပြင်းထန်သော အော်ဟစ်သံများနှင့် အိုရီယန်နာ၏ ထူးခြားစွာ မွှေးပျံ့လှသည့် အရသာတို့သာ ကျန်ရစ်တော့သည်။

ထိုအရာအားလုံးသည် သူ၏ အသိစိတ်အား အမြင့်ဆုံးအခြေအနေသို့ မြှင့်တင်ပေးလျက် အစစ်အမှန် ဝိညာဉ်ကို လှုံ့ဆော်ပေးနေကြသည်။

အမြင်အာရုံ၊ အထိအတွေ့၊ အကြား၊ အနံ့နှင့် အရသာတို့အား ကြယ်တာရာ ဝိညာဉ်များက ပြန်လည် လွှမ်းခြုံသွားသော အခါမှသာ ဝေ့ဝူယင်မှာ အတွေးစများကို ပြန်လည် စုစည်းနိုင်တော့သည်။ ဤခံစားချက်မှာ အလွန်ပင် ရင်းနှီးလှ၏။ တစ်ချိန်က တောအုပ်ထဲရှိ မြက်ခင်းပြင်လေးထဲတွင် အပြစ်သား သွေးမျိုးဆက် လမ်းစဉ်ကို မစတင်မီကလည်း ဤသို့ ခံစားခဲ့ရဖူးသည်။

"ပထမဆုံးသော အပြစ်သား... အပြစ်သား ထုံးတမ်း... အပြစ်သားတစ်ဦး၏ ထုံးတမ်းစဉ်လာ... ငရဲ၏ ကပ်ဘေးကြီး ၁၈ ခု... ကောင်းကင်တာအို... ကောင်းကင်တာအို၏ ပညတ်တော် သုံးထောင်... အပြစ်သား ကျမ်းစာ... အပြစ်သား အစစ်အမှန် ဝိညာဉ်... ကမ္မအပြစ်... ကမ္မကံကောင်းခြင်း... မာန... ရာဂ... လောဘ... ပျင်းရိခြင်း... အစားကြူးခြင်း... ဒေါသ... မနာလိုခြင်း... လေးဆယ့်ကိုးယောက်အနက် တစ်ယောက်..."

ဤစကားလုံးများမှာ ဝေ့ဝူယင်၏ ‘အစစ်အမှန် ဝိညာဉ်’ ထဲတွင် အံ့ဖွယ်နည်းဖြင့် စွဲထင်သွားလေ၏။ ဝေ့ဝူယင် သတိမထားမိလိုက်သည့် အချက်တစ်ချက်ကား... သူ၏ အခြေအနေမှာ အမွေခံ အပြစ်သား တစ်ဦးအတွက် အလွန် ထူးခြားနေခြင်းပင် ဖြစ်သည်။ မူလက ‘ကောင်းချီးခံ’ တစ်ဦး ဖြစ်ခဲ့ဖူးခြင်းက ပို၍ပင် ထူးခြားစေသည်။

ပုံမှန်အားဖြင့် အမွေခံ အပြစ်သား တစ်ဦး ဖြစ်လာပြီးနောက် ငရဲ၏ ကပ်ဘေး ၁၈ ခု ကို မရင်ဆိုင်မီ အပြစ်သား ထုံးတမ်းကို အရင် ကျော်ဖြတ်ရလေ့ရှိသည်။ ၎င်းမှာ များသောအားဖြင့် ကျင့်ကြံသူတစ်ဦး ‘သူတော်စင်တို့၏ အဆင့်’ သို့ ရောက်ရှိပြီးမှ ဖြစ်ပေါ်လေ့ရှိခြင်းပင်။

သို့သော်လည်း... ဝေ့ဝူယင်မှာမူ မာန အပြစ်သား သွေးမျိုးဆက်ကို အမွေဆက်ခံရုံသာမက ရာဂ အပြစ်သား သွေးမျိုးဆက်ကိုပါ သဘာဝအလျောက် တည်ဆောက်နိုင်ခဲ့သည်။ သူက ‘ငရဲဘေး ၁၈ ခု’ အနက် ၈ ခုကိုပင် ကျော်ဖြတ်ပြီး ဖြစ်နေချေပြီ။

သူ ‘အပြစ်သား ထုံးတမ်း’ ကို အောင်မြင်ပြီးသား ဖြစ်နေသည်။ ပုံမှန်ဆိုလျှင် ဒုတိယအကြိမ် ‘အပြစ်သား ထုံးတမ်း’ ကို ကျော်ဖြတ်ရန် မလိုအပ်တော့ချေ။

ဝေ့ဝူယင် သူ၏ ဘယ်ဘက်လက်မောင်းပေါ်တွင် တံဆိပ်ခတ်နှိပ်ခံရသကဲ့သို့ ခံစားလိုက်ရ၏။ ၎င်းမှာ အနုပညာရှင်တစ်ဦး၏ အကောင်းဆုံး လက်ရာတစ်ခုကို ဖန်တီးနေသကဲ့သို့ အသေးစိတ်ကျလှသည်။ ကောင်းကင်ဘုံ၏ သာယာသော တေးသံများမှာ သူ၏ နားထဲတွင် ပဲ့တင်ထပ်လာကာ အပြစ်သားတို့၏ ပူလောင်သော အရှိန်အဝါက သူ့ အရေပြားကို လောင်မြိုက်လာသည်။

ယခင် ကျင့်ကြံခြင်းအဆင့်၊ အသိပညာ ဗဟုသုတနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ အားနည်းခဲ့စဉ်က ဤပြောင်းလဲမှုများကို သူ သတိမပြုမိခဲ့ပေ။ ယနေ့တွင်မူ သူ အရာအားလုံးကို ခံစားသိရှိနေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် သူ၏ ဘယ်ဘက်လက်မောင်းပေါ်တွင် ဒုတိယမြောက် အပြစ်သား တက်တူး တစ်ခု စွဲထင်လာသည်ကို ခံစားလိုက်ရသည်။

၎င်းမှာ သူ အောင်မြင်သွားပြီ ဖြစ်ကြောင်း သက်သေပင်။ သူ အသက်ရှင်နေသေးသည်။ သူ ဆက်လက် အသက်ရှင်နေဦးမည်။

***

All Chapters