ပိုင်လင်
Vol. 133 Ch. 1856
ဗာမီလီယန် ဂူသင်္ချိုင်း၌...
ဝေ့ဝူယင်သည် မူလ အာဏာရှင် နှစ်ယောက်ကို ခေါ်ဆောင်ပြီးနောက် ကျူးဟိုင်ကိုတော့ ဆက်လက် ကျင့်ကြံစေရန် ရှ့န်ထို လက်စွပ်ထဲ၌ ထည့်ထားလိုက်သည်။ ထို့နေက် ပိုင်လင်၊ ဝေ့စီတို့နှင့် ဝင်ရောက် တွေ့ဆုံခဲ့သည်။ ရှေ့သို့ မဆက်မီ ပိုင်လင်နှင့် အတည်ပြုရန် ကိစ္စအချို့ သူ့ထံတွင် ရှိနေသေး၏။
ပိုင်လင်မှာ အရပ် ၃၃ ပေ အထိ မြင့်မားနေပြီ ဖြစ်ကာ သွေးမျိုးဆက်မှာလည်း အကန့်အသတ်သို့ ရောက်လုနေပြီ ဖြစ်သည်။ သူမမှာ တတိယမြောက် နိဗာန အသွင်ကူးပြောင်းခြင်း ဖြစ်စဉ် အတွင်း ဝင်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ စုနန်ကျူးနှင့် ကျားယန်တို့ပင် ပိုင်လင်ကို တွေ့တွေ့ချင်း လေးနက်သည့် အမူအရာများကို ပြသခဲ့ကြသည်။
နိဗာန ပြန်လည် မွေးဖွားခြင်း တတိယ အဆင့်ရှိ ရှေးဟောင်း မီးဖီးနစ် တစ်ကောင်၏ အမွေးအတောင်ကို ဝါးမြိုပြီး နောက်တွင် ပိုင်လင်မှာ ကြီးမားသည့် အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်။ ထို့နောက်တွင်တော့... ဗာမီလီယန် သင်္ချိုင်းသို့ ရောက်ရှိလာကာ ပတ်ဝန်းကျင်ရှိ သွေးမျိုးဆက် စွမ်းအင်များကို စုပ်ယူခြင်း၊ ထိုအရပ်မှ ထွက်ရှိသည့် အသီးအနှံများကို စားသုံးခြင်းတို့ကြောင့် သူမ၏ ပြောင်းလဲမှုများမှာ ပိုမိုထူးကဲလာခဲ့သည်။ ထိုအချက်များအပြင် ဝေ့ဝူယင်က သူမအား လျှို့ဝှက် အဆင့် ကုန်ကြမ်းများနှင့် ထိပ်တန်း အရည်အသွေးရှိသည့် အဂ္ဂိရတ် ထုတ်ကုန်များ အလျှံပယ် ထောက်ပံ့ပေးထားသေးသည်။ ထိုအချက်များကပင် သူမကို လမ်းစဉ်ကို အစွမ်းကုန် တိုးတက် လာစေခဲ့သည်။
ကမ္ဘာဦး သားရဲ တစ်ကောင်ဖြစ်သည့်အလျောက် သူမ၏ ကျင့်ကြံခြင်း လမ်းစဉ်မှာ ရှင်းလင်းလှ၏။ ၎င်းတွင် အပိုင်းနှစ်ပိုင်း ပါရှိသည်။
သွေးမျိုးဆက် မြှင့်တင်ခြင်းနှင့် သွေးမျိုးဆက် ဖော်ထုတ်ခြင်းတို့ပင်...။
ပထမတစ်ခုမှာ ကုန်ကြမ်းများ၊ စွမ်းအင်များနှင့် အခြားသားရဲများကို အသုံးပြု၍ မိမိ၏ သွေးမျိုးဆက်ကို ဘိုးဘေးအဆင့် ထံသို့ နီးကပ်အောင် မြှင့်တင်ခြင်း ဖြစ်၏။ ဒုတိယတစ်ခုမှာ မိမိ၏ သွေးမျိုးဆက် စွမ်းရည်များကို အလိုအလျောက် သိရှိနားလည်နိုင်ရန် ထူးခြားသော ရည်ရွယ်ချက်၏ သဘောတရားများကို ဖြည်းဖြည်းချင်း ဆင်ခြင်တွေးတောခြင်း ဖြစ်သည်။
ဝေ့ဝူယင်သည် ခရာတိုနှင့် အတူ ထိုလမ်းစဉ်အတိုင်း လိုက်ပါခဲ့သည်။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ ဝိညာဉ် ကျင့်ကြံခြင်းအပြင် သွေးမျိုးဆက် စွမ်းအင်များနှင့် စွမ်းအားကို ဖော်ထုတ်ရန်လည်း လိုအပ်၏။ သူသည် အဆုံးမဲ့ ဟင်းလင်းပြင် အတောင်ပံများကို အသုံးပြု၍ ဟင်းလင်းပြင်ကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနိုင်သော်လည်း၊ သွေးမျိုးဆက် စွမ်းအင်များကို ဆက်လက်၍ လေ့လာကာ ဟင်းလင်းပြင် ပုံရိပ်ယောင်များ၊ ဟင်းလင်းပြင် ကျောက်ဆူးများနှင့် ဟင်းလင်းပြင် တံခါးများကို ဖန်တီးနိုင်ရန် ထူးခြားသော နည်းလမ်းများကိုပါ ဖော်ထုတ်နိုင်ခဲ့သည်။
ပိုင်လင်၏ လမ်းစဉ်မှာလည်း အလားတူပင် ဖြစ်သည်။ အာရုဏ်ဦး လေပွေဇုံ ဆေးတောင့်၏ အကူအညီဖြင့် သူမသည် အချိန် အရှိန်မြှင့်ထားသော နေရာများ၌ လျင်မြန်စွာ ကျင့်ကြံနိုင်ပေသည်။
ဝေ့ဝူယင် ပိုင်လင်၏ ကျင့်ကြံခြင်း အဆင့်ကို စမ်းသပ်လိုခဲ့သည်။ သူမသည် တတိယအဆင့် နိဗ္ဗာန်ပြန်လည်မွေးဖွားခြင်းသို့ မရောက်သေးသော်လည်း၊ ထိုအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဝေ့ဝူယင် သိရှိထားသည့် မီးဖီးနစ် သွေးမျိုးဆက် သမိုင်းကြောင်းများအရ ပထမအကြိမ် နိဗာန ပြန်လည်မွေးဖွားခြင်း ခံယူပြီးသည့် ဖီးနစ်များသည် ကြယ်တာရာ အမြုတေ အဆင့် အဆင့်ကိုးနှင့် လျှို့ဝှက် အာဏာရှင် အဆင့်တစ် အကြား အင်အား ရှိကြသည်။
ဒုတိယအကြိမ်တွင် လျှို့ဝှက် အာဏာရှင် အဆင့်နှစ်နှင့် တတိယအဆင့် (သေမျိုးတစ်ပိုင်း အရှင်သခင်) အကြား ရှိတတ်ကြသည်။
တတိယအကြိမ် ပြန်လည်မွေးဖွားခြင်းမှာမူ အစပိုင်းတွင် စတုတ္ထအဆင့် (မြေကြီးရှန့်ထို) နှင့် အပြည့်အဝ ရင့်ကျက်လာသောအခါ ပဉ္စမအဆင့် (လောကရှန့်ထို) သို့ ရောက်ရှိလေ့ရှိသည်။
ဤသည်မှာ သာမန် ဖီးနစ်များ၏ စံနှုန်းသာ ဖြစ်၏။ တတိယအကြိမ် နိဗာန ပြန်လည်မွေးဖွားခြင်း အဆင့် ရှိသည့် ရင့်ကျက်ပြီးသား မီးဖီးနစ် တစ်ကောင်၏ အမွှေးအတောင်တစ်ခုသည်ပင် မြေကြီးရှန့်ထိုအဆင့် အင်အားကို ထုတ်ဖော်နိုင်ခြင်းက သက်သေပင် ဖြစ်သည်။
သို့သော်လည်း... ပိုင်လင်မှာမူ အလွန်ငယ်ရွယ်သေးသော်လည်း ဒုတိယအကြိမ် နိဗာန ပြန်လည် မွေးဖွားလာကတည်းကပင် သာမန် သေမျိုးတစ်ပိုင်း အရှင်သခင်တစ်ဦး၏ အင်အားကို ပိုင်ဆိုင်ခဲ့သည်။ သူမသည်လည်း ဝေ့ဝူယင်ကဲ့သို့ပင် ပုံမှန်မဟုတ်သူတစ်ဦး ဖြစ်၏။
ယခု ဒုတိယအကြိမ် နိဗာန ပြန်လည်မွေးဖွားခြင်း၏ အထွတ်အထိပ်မှာတင် လောကရှန့်ထိုများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ဝေ့ဝူယင်၏ အဂ္ဂိရတ် ထုတ်ကုန်များနှင့် အဆင့်မြင့် လျှို့ဝှက်အဆင့် ကုန်ကြမ်းများကို အလျှံပယ် ကျွေးမွေးခဲ့သော နည်းဗျူဟာမှာ သူမအား မကြုံစဖူးသော လမ်းစဉ်ပေါ်သို့ ရောက်ရှိစေခဲ့ကြောင်း ထင်ရှားလှသည်။
ယခုအခါ ပိုင်လင်၏ သွေးမျိုးဆက်မှာ ဆူပွက်နေ၏။ ရှေးဟောင်းဘာသာစကားဖြင့် တိုးတိုးလေး ခေါ်ယူနေသကဲ့သို့ ခံစားချက်မျိုးက သူမ၏ ဆဲလ်များနှင့် နိဗာန မီးတောက် ရည်ရွယ်ချက်များမှ ထွက်ပေါ်နေ၏။ ရှေးဟောင်း တည်ရှိမှုတစ်ခုက သူမအား တတိယအကြိမ် နိဗ္ဗာန်ပြန်လည်မွေးဖွားခြင်းကို စတင်ရန် တိုက်တွန်းနေသကဲ့သို့ ရှိပေသည်။
သူမ၏ ဆဲလ်များသည် ကန့်သတ်ချက်ကို ကျော်လွန်နေပြီဖြစ်ကြောင်း ဝေ့ဝူယင် သိနိုင်၏။ တစ်နည်းအားဖြင့် သူမ၏ ခန္ဓာကိုယ်သည် သေဆုံးခြင်းကို တောင့်တနေခြင်း ဖြစ်သည်။
ပိုင်လင်မှာ အပေါ်ယံအားဖြင့် ပျော်ရွှင် မြူးထူးကာ ကစား ပျော်ပါးနေသော်လည်း တစ်ချိန်တည်း၌... ပြင်းထန်လှသော ဝေဒနာကို ခံစားနေရသည်။ ၎င်းမှာ ဝေ့ဝူယင်၏ ဝိညာဉ် အင်အား အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားပြီး မျက်စိကွယ်သွားခဲ့တုန်းက ဖြစ်စဉ်နှင့် ဆင်တူသော်လည်း သူမအတွက်မူ နှလုံးသားနှင့် ဝိညာဉ်ကို ဆွဲဖြဲနေသကဲ့သို့ နာကျင်မှုမျိုး ခံစားနေရခြင်း ဖြစ်သည်။
ယွီစွန်းလီနှင့် သွားရောက် တွေ့ဆုံခဲ့စဉ်... ပိုင်လင် အသွင်ပြောင်းခဲ့တုန်းက သူမ၏ အော်ရာ မတည်မငြိမ် ဖြစ်နေသည်ကို ဝေ့ဝူယင် ခံစားမိခဲ့သဖြင့် အတော်ပင် စိုးရိမ်ခဲ့သည်။ ထိုကိစ္စကို ဖြေရှင်းရန် သူ၏ ဒုတိယမြောက် စိတ်ထံသို့ တာဝန်ပေးအပ်ခဲ့ရာ၊ ထိုစာဂျပိုးကောင်လေးမှာ တစ်ခုတည်းသော အဖြေကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းကား အဆင့် ချိုးဖျက်ရန်ပင် ဖြစ်လေ၏။
ပိုင်လင်၏ လက်ရှိ အခြေအနေမှာ ခန္ဓာကိုယ်၏ သဘာဝ ကန့်သတ်ချက်များကို ချဲ့ထွင်ရန် လိုအပ်နေခြင်း ဖြစ်သည်။ နိဗာန ပြန်လည်မွေးဖွားခြင်းများသည် 'သေဆုံးခြင်း' နှင့် 'ရှင်သန်ခြင်း' တို့မှတစ်ဆင့် သွေးမျိုးဆက်နှင့် ခန္ဓာကိုယ်ကို ဆင့်ကဲတိုးတက်စေခြင်း ဖြစ်သည်။ ပိုင်လင်မှာ မကြုံစဖူး လမ်းစဉ်ပေါ်တွင် ရှိနေသည်မှာ သေချာလှ၏။
ဒုတိယအကြိမ် နိဗာန ပြန်လည်မွေးဖွားခြင်း အဆင့်မှာတင် လောက အင်ပါယာတစ်ဦး၏ အင်အားရှိနေသည့် မီးဖီးနစ်ဆိုသည်မှာ တစ်ခါမှ မကြားဖူးသည့် အရာမျိုး ဖြစ်သည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့်နှင့် လောကရှန့်ထို အဆင့်တို့ အကြား ခြားနားချက်မှာ အဆင့်နှစ်ဆင့်ထက် များစွာ ပိုမိုနက်ရှိုင်းလှပေသည်။
"ဘယ်လောက်ကြာမှာလဲ... အရှိန်မြှင့်လို့ မရဘူးလား"
ပိုင်လင်က မေးလိုက်၏။ ဝေ့ဝူယင်မှာ ပုဇွန်ဆီရောင် တောက်ပနေသည့် မိုးကုတ်စက်ဝိုင်းပင်အောက်၌ မှီလျက် ရှိနေ၏။ ပိုင်လင်၏ မေးခွန်းထဲတွင် မသွားချင်သော ဆန္ဒများ ပါဝင်နေသည်။ နိဗာန ပြန်လည်မွေးဖွားခြင်းများသည် သူမအား ဟင်းလင်းပြင်ဆီသို့ ခေါ်ဆောင်သွားပြီး ဘိုးဘေးစွမ်းအားများကို ဖြည့်သွင်းကာ သွေးမျိုးဆက် စွမ်းရည်များကို နိုးထစေခြင်း ဖြစ်သည်။
"ရတော့ ရပါတယ်"
ဝေ့ဝူယင်က သက်ပြင်းချလိုက်၏။ ပုံမှန်အားဖြင့် တတိယအကြိမ် ပြန်လည်မွေးဖွားခြင်းမှာ ရာစုနှစ် ကိုးခုခန့် ကြာမြင့်တတ်သော်လည်း၊ ပိုင်လင်၏ အင်အား စုဆောင်းမှုမှာ ပုံမှန်မဟုတ်သဖြင့် ကိုးလခန့်သာ ကြာမြင့်မည် ဖြစ်သည်။ ဤသည်မှာပင် အံ့ဩစရာ ကောင်းလှပြီ ဖြစ်၏။
"ဒါပေမဲ့ ကျွန်တော် မလုပ်ချင်ဘူး... သခင်က အခု သွားတော့မှာကို... ကျွန်တော်လည်း လိုက်ချင်တာပေါ့..."
ပိုင်လင်က ကန့်ကွက်လေ၏။
ဝေ့ဝူယင် ပိုင်လင်၏ ညာဘက်အတောင်ပံရှိ အရိုးကို ရုတ်တရက် ထိလိုက်သည်။
“ဂီး...”
ပိုင်လင်မှာ ဝေ့ဝူယင် ထိုနေရာကို ထိလိမ့်မည်ဟု မထင်ထားသဖြင့် တစ်ကိုယ်လုံး တုန်ခါသွားကာ အမွှေးများပင် ထောင်ထလာ၏။ နာကျင်မှုများက အရိုးနှင့် အသားထဲအထိ စိမ့်ဝင်သွားသဖြင့် သူမ ငိုချင်စိတ်ပင် ပေါက်သွားခဲ့သည်။
"ငါထိုင်တဲ့ နေရာ၊ ထိတဲ့နေရာတွေကိုပဲ ထုံအောင် လုပ်ထားတာက အဖြေမဟုတ်ဘူးလေ"
ပိုင်လင် ခံစားနေရသော နာကျင်မှုများမှာ အလွန်ပြင်းထန်လှလေရာ၊ သူမ ပျံသန်းနိုင်နေခြင်းကပင် အံ့ဖွယ်တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ပိုင်လင်၏ ငြင်းပယ်မှုများမှာ ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းလဲသွားတော့၏။ ဝေ့ဝူယင်က သူမကို နှစ်သိမ့်လိုက်၏။
အချိန်အနည်းငယ် ကြာပြီးနောက် ပိုင်လင်မှာ လက်ခံသွားခဲ့သည်။ သို့သော်လည်း... သူ ထွက်ခွာသွားပြီးနောက် သူမ မည်သို့ လိုက်သွားရမည်နည်း။ အကယ်၍ ဝေ့ဝူယင်မှာ အလွန်ဝေးကွာသည့် နေရာသို့ ရောက်သွားလျှင်ကော။ ဟင်းလင်းပြင် တံခါးများတွင်ပင် ကန့်သတ်ချက်များ ရှိနိုင်သည် မဟုတ်ပါလော။
ပိုင်လင် လက်ခံပြီးနောက် ဝေ့ဝူယင်က ပြုံးလိုက်၏။
"အဲဒီအတွက် ငါ စဉ်းစားထားပြီးသားပါ... မင်းရဲ့ နိဗာန ပြန်လည်မွေးဖွားခြင်းကို ဒီနေရာမှာပဲ လုပ်ရမယ်"
ဝေ့ဝူယင် လည်ပင်းမှ ဆွဲကြိုးကို ထိလိုက်သည်။ ထိုအရာမှာ အနန္တ ကုန်းမြေတိုက်ကြီး၏ ဟင်းလင်းပြင် ပုံဆောင်ခဲပင် ဖြစ်၏။
"မင်း အထဲကို ဝင်သွားတဲ့အခါ ငါ ဒါကို ဟင်းလင်းပြင်နဲ့ ချိတ်ဆက်ပေးမယ်... အဲဒါက မင်းရဲ့ တည်ရှိမှုကို ဒီမှာပဲ ကျောက်ဆူးချပေးထားလိမ့်မယ်... ဒါကြောင့် မင်း ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး ပြန်လည်ဖွဲ့စည်းတဲ့အခါမှာ ဒီပုံဆောင်ခဲရဲ့ ဟင်းလင်းပြင်ထဲမှာပဲ ပြန်ပေါ်လာလိမ့်မယ်"
ပိုင်လင်၏ မျက်ဝန်းများမှာ တောက်ပသွားပြီး ယခုမှပင် ကျေနပ်သွားတော့၏။ ခွဲခွာရခြင်းကို မုန်းတီးသော်လည်း လိုအပ်သည်ကိုမူ သူမ နားလည်ထားပေသည်။
ထိုနေ့တွင် ပိုင်လင်သည် သူမ၏ ကိစ္စရပ်များကို စီစဉ်ပြီးနောက် ဝေ့စီနှင့် ဝေ့ဝူယင်တို့ ရှေ့မှာတင် အနန္တ ကုန်းမြေတိုက်ကြီး၏ ပုံဆောင်ခဲ အတွင်းသို့ ဝင်ရောက် သွားလေသည်။
ပိုင်လင် ဝင်ရောက်သွားသည်နှင့် ပုံဆောင်ခဲမှာ အလွန်အမင်း ပူပြင်းလာကာ ရွှေအိုရောင်သမ်းသည့် အနီရောင်အလင်းများ တောက်ပလာတော့၏။ ဝေ့ဝူယင် ပုံဆောင်ခဲကို အင်္ကျီအတွင်း၌ ထည့်သိမ်းလိုက်ရာ အလင်းရောင်များမှာ ပြန်လည် မှိန်ဖျော့သွားခဲ့သည်။
"အကိုလတ်... ဘယ်တော့ ထွက်ကြမှာလဲ"
ဝေ့စီက မေးလိုက်၏။
"နောက်ထပ် နှစ်ရက်၊ သုံးရက်နေရင်ပေါ့..."
ဝေ့ဝူယင်က ပြန်ဖြေသည်။
ဝေ့စီက ခေါင်းညိတ်လိုက်ရင်း...
"ကျွန်တော် ဒီမှာပဲ နေခဲ့လို့ ရမလား..."
ဝေ့ဝူယင် အံ့ဩသွားသော်လည်း ဗာမီလီယန် သင်္ချိုင်းမှာ ပြင်းထန်လှသည့် မီးဓာတ် ယန်စွမ်းအင်များ ကြွယ်ဝသဖြင့် ဝေ့စီအတွက် ဤနေရာမှာ အလွန်သင့်လျော်ကြောင်း တွေးမိကာ ခွင့်ပြုလိုက်သည်။
"ငါ ကိစ္စဝိစ္စတွေ ပြီးရင် လာခေါ်မယ်"
"အလျင်မလိုပါဘူး..."
ဝေ့စီက ရယ်မောရင်း ဗာမီလီယန် ငှက်ကြီး တစ်ကောင်၏ အရိုးစုဖြင့် ဖွဲ့စည်းထားသော တောင်ထိပ်တစ်ခုဆီသို့ ခုန်တက် သွားလေတော့သည်။
***