← Chapters

အလည်အပတ် သွားခြင်း

Vol. 133 Ch. 1859

အလည်အပတ် သွားခြင်း

Vol. 133 Ch. 1859

"လိုက်ချင်တယ် ဆိုလည်း လိုက်ခဲ့လေ..."

ဝေ့ဝူယင်၏ ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။ မင်ရှုဖုန်းဘက်က လိုက်ချင်သည် ဆိုနေတော့မှ သူ့ဘက်ကလည်း ငြင်းစရာ အကြောင်း မရှိပါချေ။ ထိုမိန်းကလေးနှင့် ပေါင်းသင်း ဆက်ဆံရင်း ကောင်းကင် ပုရောဟိတ် တစ်ဦး၏ ကူညီပံ့ပိုးမှု နည်းလမ်းများကိုလည်း သူ ပိုမိုရင်းနှီးလာနိုင်မည် ဖြစ်သည်။

"ဒါပေမဲ့ မင်းက ငါ့အတွက် အသုံးမဝင်ဘူးဆိုရင်တော့ နေ့တိုင်း ငါ့အိပ်ရာကို နွေးအောင် လုပ်ပေးရလိမ့်မယ်... နားလည်လား"

ဝေ့ဝူယင်က စနောက်လိုက်၏။ မင်ရှုဖုန်း၏ ပါးပြင်များက နီမြန်းသွားသလို မျက်ဝန်းများမှာလည်း စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာသည်။ ဤသည်မှာ သူမအတွက် ကြီးမားသော စွန့်စားမှုတစ်ခု ဖြစ်၏။

သူမသည် သူမ၏ ကောင်းချီးခံကို စွန့်ခွာခဲ့ပြီး ဤအခွင့်အရေးအတွက် လျှို့ဝှက်အာဏာရှင်အဆင့်သို့ တိုက်ရိုက် ချိုးဖောက်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ ငြင်းပယ်ခဲ့ပါက သူမ၏ အနာဂတ်မှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

ဝေ့ဝူယင်၏ စနောက်သော စကားနှင့် ပတ်သက်၍မူ ... ကောင်းကင် ပုရောဟိတ်များ အထူးသဖြင့် အမျိုးသမီး ကောင်းကင် ပုရောဟိတ်များအနေဖြင့် မိမိတို့၏ ကောင်းချီးခံနှင့် ရင်းနှီးသည့် ဆက်ဆံရေး တစ်ခု တည်ဆောက်ထားခြင်းက အကျိုးရှိကြောင်း မဟာ ပုရောဟိတ်က သင်ကြားပေးထားဖူးသည်။ ကောင်းချီးခံနှင့် လိုက်ပါခြင်းမှာ အန္တရာယ်ကြီးမားလှသဖြင့်၊ အကယ်၍ ကောင်းချီးခံကသာ သင့်ကို အရေးမပါသူဟု သတ်မှတ်ထားပါက ဘေးအန္တရာယ် ကြုံတွေ့ချိန်တွင် စွန့်ပစ်ခံရခြင်း သို့မဟုတ် စတေးခံရခြင်းများ ဖြစ်နိုင်သောကြောင့် ဖြစ်၏။

"ကျွန်မ အသုံးမဝင်တာမျိုး မဖြစ်စေရပါဘူး... ကတိပေးပါတယ်... အဲဒါကို သက်သေပြဖို့ ကျွန်မ ရှာဖွေရင်း တွေ့ရှိခဲ့တဲ့ အရေးကြီးတဲ့ အချက်တစ်ခုကို ပြောပြပါရစေ"

မိန်းကလေးက ဥက္ကာခဲပေါ်သို့ ပျံသန်းဆင်းသက်လိုက်၏။ သူမထံမှ သင်းရနံ့မှာ အမှောင် ဟင်းလင်းပြင် အတွင်း၌ပင် ဝေ့ဝူယင်၏ နှာခေါင်းထဲသို့ တိုးဝင်လာ၏။ ဤသည်မှာ ကောင်းကင် ပုရောဟိတ် တစ်ဦး၏ သိမ်မွေ့သော နည်းလမ်းများပင် ဖြစ်သည်။

ဝမ်မင်ယာသည် ဝေ့ဝူယင်အပေါ် ထိုကဲ့သို့သော နည်းလမ်းများကို လုံးဝ အသုံးမပြုခဲ့ပေ။ ဤသည်ကပင် သူမ၏ ယုံကြည်မှု မည်မျှရှိသည်ကို သိနိုင်ပေသည်။

ဝေ့ဝူယင်သည် ကောင်းကင်တာအိုနှင့် အပြန်အလှန် သက်ရောက်မှုများကို ပိုမိုလေ့လာနိုင်ရန်အတွက် သူ ပြုပြင်ထားသော ကံကြမ္မာနည်းလမ်းတစ်ခုကို မင်ရှုဖုန်းအား ပေးသင့်၊ မပေးသင့် စဉ်းစားနေမိသည်။ သို့သော်လည်း... ထိုအရာကို နောက်ထား...။ မင်ရှုဖုန်း၏ အရေးကြီးသည့် အချက်အလက် ဆိုသည်ကို သူ စိတ်ဝင်စားနေမိသည်။

"ဘာများလဲ ပြောပါဦး..."

"ကျူးကျော်သူတွေ ဖမ်းဆီးထားတဲ့ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်ကို ရှင်နဲ့အတူ ခေါ်သွားသင့်တယ်... သူက ရှင့်အတွက် အများကြီး အထောက်အကူပြုလိမ့်မယ်"

...

အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၊ အမွှာ မီးပြတိုက် နယ်မြေ...

ဝေ့ဝူယင်၏ နယ်မြေသိမ်းပိုက်ကြောင်း ကြေညာချက်နှင့် အတူ ရွှယ်ရီဖေးက နယ်မြေအမည်များ၊ ရာထူးများနှင့် သံတမန်ရေးရာ ကိစ္စရပ်များကို စနစ်တကျ စီမံခန့်ခွဲပြီးနောက်တွင်... ကြယ်တာရာ နယ်မြေ ၁၈ ခုကို 'နယ်မြေ' အဖြစ် သတ်မှတ်လိုက်ပြီး၊ ၎င်းအားလုံးမှာ အာရုဏ်ဦး အင်ပါယာ၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။

ဗဟိုအာရုဏ်ဦး နယ်မြေသည် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ တည်ရှိရာ အရပ်ဖြစ်ပြီး အင်ပါယာ၏ မြို့တော်အဖြစ် ဆောင်ရွက်သည်။ အစပိုင်းတွင် အနည်းငယ် ကန့်ကွက်မှုများ ရှိခဲ့သော်လည်း အာဏာရှင်အဖွဲ့က ထိရောက်စွာ နှိမ်နင်းပြခဲ့သဖြင့် ငြိမ်သက်သွားခဲ့၏။ ၎င်းကား... အာရုဏ်ဦး အင်ပါယာမှာ နိုင်ငံသားများကို လွတ်လပ်ခွင့် ပေးထားသော်လည်း အမိန့်အာဏာကို ဖီဆန်၍မရကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

အဆုံးမဲ့ ခရီးသွား နယ်မြေမှ လောက အင်ပါယာ လေးဦးမှာ ထိုရက်ပိုင်းအတွင်း သူတို့၏ အဖွဲ့ဝင်များကို ပြန်လည် စုစည်းခဲ့ကြသည်။ ၎င်းတို့သည် လောက အင်ပါယာများ ဖြစ်သည့်အလျောက် လူနေထိုင်ရန် ဖြစ်နိုင်သည့် ဂြိုဟ်ကြီး သုံးလုံးကို ဖန်တီးရန်မှာ သုံးရက်ခန့်သာ ကြာမြင့်ခဲ့၏။

ကြီးမားလှသည့် ရေကန်ကြီးတစ်ခုပေါ်တွင် ဆောက်လုပ်ထားသည့် ခရမ်းရောင် နန်းတော်အတွင်း၌... စုနန်ကျူးနှင့် ကျားယန်တို့သည် စားပွဲဝိုင်းတစ်ခုကို ဝန်းရံကာ အရက်ကို အေးအေးဆေးဆေး သောက်နေကြ၏။ စားပွဲအလယ်တွင်တော့ 'လျှို့ဝှက်' ဟု အမည်ရသည့် ရှေးဟောင်း ကစားပွဲ တစ်ခုကို ကစားရန် ပုံဆောင်ခဲ စက်ဝန်းကြီးတစ်ခု ရှိနေ၏။

ထိုကစားပွဲမှာ အဆင့်မြင့် ကျင့်ကြံသူများက သေမျိုးသုံးဦးစီကို ရွေးချယ်ကာ၊ ထိုလူများ ကြီးထွားလာပုံကို အဟန့်အတားများ၊ ဆုလာဘ်များ ပေး၍ စောင့်ကြည့်ရသော ကစားပွဲ ဖြစ်သည်။ ပုံဆောင်ခဲအတွင်းရှိ ကမ္ဘာမှာ အပြင်လောကထက် အဆပေါင်း တစ်ထောင်ပိုမြန်သဖြင့်၊ အပြင်လောကမှ တစ်ရက်မှာ ထိုကမ္ဘာအတွင်းရှိ သေမျိုးများအတွက် သုံးနှစ်နှင့် ညီမျှပေသည်။ ၎င်းတို့ ကစားနေသည်မှာ ခုနစ်ရက်ရှိပြီဖြစ်ရာ ထိုကမ္ဘာအတွင်း၌ ၂၁ နှစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

"အား... သေသွားပြီ... ဒီတိုင်းကြီးလား... အား..."

ကျားယန်က စိတ်ပျက်လက်ပျက်ဖြင့် အရက်ကို မော့သောက်ရင်း ညည်းတွားလိုက်၏။ စုနန်ကျူးကမူ သူ၏ မျက်နှာဖုံးနောက်ကွယ်မှ ပြုံးနေမည်မှာ သေချာလှသည်။

သူတို့ ကစားနေသည့် ရည်မှန်းချက်မှာ 'ကျင့်ကြံခြင်း' ဖြစ်ပြီး၊ ဘေးအန္တရာယ်များအကြား မည်သူက အဆင့်မြင့်ဆုံး အဆင့်သို့ ရောက်မည်ကို ပြိုင်ဆိုင်နေခြင်း ဖြစ်သည်။

"သူက နောက်ထပ် ဒြပ်စင်နှစ်ခုပဲ လိုတော့တာလေ... နှစ်ခုရတာနဲ့ ယင်ဖွဲ့စည်းခြင်း အဆင့် ရောက်တော့မှာ... နှမြောလိုက်တာ..."

ကျားယန်မှာ ရှုံးနိမ့်ရသည်ကို မုန်းတီးသူ ဖြစ်သည်။

"ယောက်ျားလေးကိုပဲ ရွေးသင့်တာ"

စုနန်ကျူးက ပြောလိုက်၏။

"ငါက စုံတွဲ ကျင့်ကြံတဲ့ လမ်းစဉ်ကို မကြိုက်ဘူး... အဲဒါက ကလိမ်ကျသလိုပဲ"

ကျားယန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ပုံဆောင်ခဲအတွင်းမှ အသက် ၂၁ နှစ်အရွယ် မိန်းမငယ်လေး၏ ဝိညာဉ် ပေါ်ထွက်လ‌ေ၏။ သူမမှာ ရင်ဘတ်တွင် မြှားမှန်ကာ မျက်နှာတွင်လည်း ဒဏ်ရာများဖြင့် သေဆုံးနေခြင်း ဖြစ်လေသည်။

ကျားယန်က သူမကို လက်ညှိုးဖြင့် တို့လိုက်၏။ အလင်းမြူခိုးများက သူမ၏ ခန္ဓာကိုယ်ကို ဝန်းရံသွားကာ ဒဏ်ရာများမှာ ခဏချင်းပင် ပြန်လည် ကောင်းမွန် သွားခဲ့၏။

"ဟူး..."

မိန်းမငယ်လေးက အသက်ကို ပြင်းပြင်းရှူကာ ထိုင်ချလိုက်မိသည်။ သူမ အလွန်ပင် ထိတ်လန့် အံ့ဩနေခဲ့၏။ သူမမှာ စကားပွဲ၏ 'ရွေးချယ်ခြင်း' အဆင့်တွင် ကျားယန်၏ စိတ်ဝင်စားမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

ကစားပွဲ အတွင်း၌ သေဆုံးခဲ့ရပြီးနောက်တွင်တော့ သူမမှာ ကျားယန်၏ အစေခံ ဖြစ်လာခဲ့ပြီ ဖြစ်သည်။ လောက အင်ပါယာတစ်ဦး၏ အစေခံ ဖြစ်ရခြင်းမှာ မယုံနိုင်စရာ အခွင့်အရေးပင်။ သူမသည် နုပျိုလှပစွာဖြင့် နှစ်ပေါင်းထောင်ချီ ရှင်သန်နိုင်မည်ဖြစ်ကာ သေဘေးကိုလည်း ကြောက်ရမည် မဟုတ်တော့ပေ။

"သိပ်မကြာခင်မှာ ငါရွေးထားတဲ့သူတွေကတော့ ယင်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်တော့မယ်... မင်း ခုတည်းက အရှုံးပေးချင်လား"

စုနန်ကျူးက ဂုဏ်ယူစွာဖြင့် မေးလိုက်၏။

"ဆိုတော့ ဒါက လျှို့ဝှက် ကစားပွဲပေါ့လေ..."

ရုတ်တရက်... စိတ်ဝင်တစား မေးမြန်းသံနှင့် အတူ သူတို့၏ နံဘေးတွင် လူနှစ်ဦး ပေါ်ထွက်လာ၏။ လောက အင်ပါယာ နှစ်ဦးစလုံး၏ မျက်လုံးများမှာ ပြူးကျယ်သွားကြသည်။

“အာရုဏ်ဦး လောကရှန့်ထို"

စုနန်ကျူးမှာ ပထမဆုံး သတိဝင်လာကာ ရိုသေစွာ နှုတ်ဆက်လိုက်သည်။ ကျားယန်မှာ အနည်းငယ် နောက်ကျခဲ့သော်လည်း ရိုသေစွာပင် နှုတ်ဆက်လိုက်သည်။ သူ၏ စိတ်ထဲတွင်မူ ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ဝေ့ဝူယင် မည်ကဲ့သို့ ရောက်ရှိလာသည်ကို သူ လုံးဝ သတိမထားမိခဲ့ပေ။

သို့သော်လည်း... ဝေ့ဝူယင်မှာ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို ပိုင်ဆိုင်ထားသူ ဖြစ်သဖြင့် ရှေးဟောင်း ချိပ်ပိတ် နယ်မြေ တစ်ခုလုံး သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ကို သတိလိုက်သော အခါတွင်တော့ များစွာ အံ့ဩခြင်း မရှိတော့ပေ။

ဝေ့ဝူယင်၏ ဘေးတွင် ရပ်နေသည့် မင်ရှုဖုန်းမှာမူ ရင်ခုန်သံများ မြန်ဆန်နေ၏။ သူမ၏ ရှေ့ရှိ ပုဂ္ဂိုလ်နှစ်ဦးမှာ စစ်မှန်သော လောကရှန့်ထိုများ ဖြစ်ကြောင်း သူမ သိရှိပေသည်။ ထိုပုဂ္ဂိုလ်ကြီးများ လ‌ေတစ်ချက် မှုတ်လိုက်ရုံဖြင့် သူမ၏ ဝိညာဉ်မှာ ပျောက်ကွယ်သွားနိုင်ပေသည်။ ၎င်းတို့၏ ခန္ဓာကိုယ်မှ အလိုအလျောက် ထွက်ပေါ်နေသည့် လျှို့ဝှက် ရည်ရွယ်ချက် အော်ရာသည်ပင် သူမအား အသက်ရှူရ ကျပ်စေ၏။

ဝတ်စုံနက် ဝေ့ဝူယင်သည် ကောင်းကင်တာအို၏ လှည့်ကွက်များကို နားလည်နိုင်ရန် ဤကစားပွဲကို ယခင်က အကြိမ်ကြိမ် ကစားဖူးပြီး၊ ကျားယန်ကိုလည်း အမြဲတမ်း အနိုင်ရခဲ့ဖူးသူ ဖြစ်ပေသည်။

ကောင်းကင်တာအိုသည် တူညီသည့် နည်းဗျူဟာများကိုသာ အကြိမ်ကြိမ် ထပ်ခါတလဲလဲ အသုံးပြုနေခဲ့ပြီး ထိုကဲ့သို့ အသုံးပြုခြင်း၌ ခိုင်လုံသော အကြောင်းပြချက် တစ်ခုလည်း ရှိနေပေသည်။ ထိုနည်းဗျူဟာများက အလုပ်ဖြစ်သောကြောင့်ပင်။ အကြောင်းရင်းမှာ ထိုမျှရိုးရှင်းသော်လည်း အလွန်အမင်း ထိရောက်လှပေသည်။

"ကျွန်တော်တို့ဆီကို ဘယ်လိုအကြောင်းကိစ္စများနဲ့ ရောက်လာရတာလဲ... လောကရှန့်ထို အာရုဏ်ဦး..."

ကျားယန်က အနေရခက်စွာဖြင့် မေးမြန်းလိုက်၏။ ဝေ့ဝူယင်သည် လောကရှန့်ထို အဆင့်ရှိ အဂ္ဂိရတ် ပညာရှင်တစ်ဦး ဖြစ်ရုံမျှမက သေမျိုးတစ်ဦး အနေဖြင့်ပင် နားလည်ရခက်သည့် အစွမ်းသတ္တိများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူက ကောင်းကင်တာအိုကို ဖီဆန်နိုင်သည့် မိစ္ဆာဆန်သော ပါရမီရှင်တစ်ဦးလည်း ဖြစ်ပေသည်။

"မဟုတ်မှလွဲရော... တွယ်ရာမဲ့ နှလုံးသားဂိုဏ်းချုပ်ဆီကို လာတာများလား...”

စုနန်ကျူးက ခန့်မှန်းရင်း မေးလိုက်၏။ ထိုအကြောင်းရင်းကြောင့်သာ မဟုတ်ပါက သတင်းစကား တစ်စောင်ဖြစ်စေ၊ တမန်တစ်ဦးဖြစ်စေ ပေးပို့ရုံနှင့် လုံလောက်ပေသည်။ အရေးကြီးသော ကိစ္စရပ် မဟုတ်ပါက အဘယ်ကြောင့် သူကိုယ်တိုင် လာရောက်မည်နည်း။

***

All Chapters