← Chapters

ငါကမင်းအဖေပဲ

Vol. 41 Ch. 570

ငါကမင်းအဖေပဲ

Vol. 41 Ch. 570

ဖုန်း

ကျန်းရီသည် သခင်လေးဖေးထျန်း၏ ရှင်းပြချက်ကို ကြားသည့်အချိန်တွင် သူ၏စိတ်ထဲ လျှပ်စီးဖြင့် အပြစ်ခံလိုက်ရသည့်အလား မှင်သက်သွား၏။ သူကကြောက်လန့်သွားတာ မဟုတ်ပေ။ ထိတ်လန့်သွားရုံမျှသာဖြစ်သည်။ ရီမျိုးနွယ်စုအကြောင်း သခင်လေးဖေးထျန်း မိတ်ဆက်တာကို ကြားသည့်အချိန်တွင် သူ့၌ စိတ်ခံစားချက်များစွာ ရောထွေးသွားလေ၏။

ရီခေါင်းဆောင်ရဲ့နာမည်က ရီချန်းဖောလို့ခေါ်ပြီး ဧကရာဇ် ကိုးပါးထဲကတစ်ပါး ဗုဒ္ဓဧကရာဇ်ပဲ။ ရီမျိုးနွယ်စုမှာ မျိုးဆက်အချို့ နည်းနည်းပဲရှိတယ်။ ဒုတိယမျိုးဆက်မှာ သားတစ်ယောက် သမီးတစ်ယောက်ပဲရှိတယ်။ သမီးက ပျောက်နေတာ နှစ်ပေါင်းများစွာကြာပြီ။

ရီမျိုးနွယ်စု အမှန်တကယ် မယုံနိုင်စရာ ကောင်းလှပေ၏။ သူတို့၏ မျိုးနွယ်စုသည် ဧကရာဇ် ကိုးပါးထဲကတစ်ပါး မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ ထို့အပြင် ရီဖျောင်ဖျောင်က အရှေ့ပိုင်း တော်ဝင်နယ်မြေမှ လာခြင်းဖြစ်ပြီး ထိုစဉ်က အင်မတန် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းခဲ့၏။ ပိုအရေးကြီးသည်က သူမ၌ လက်နက်များ များပြားစွာ ရှိနေခဲ့ခြင်းဖြစ်ကာ အထီးကျန် အရှေ့ပိုင်း လွင်ပြင်ကို ဖြတ်ကျော်လာခဲ့၏။ ယင်းကဘာကို ဆိုလိုသနည်း။ ရီဖျောင်ဖျောင်၌လည်း လွှမ်းမိုးနိုင်စွမ်းရှိသော နောက်ခံတစ်ခု ရှိနေသည်ဟု ဆိုလိုတာလည်းဖြစ်သည်။

ရီမျိုးနွယ်စု၏ ဒုတိယမျိုးဆက်တွင် သားတစ်ယောက် သမီးတစ်ယောက်သာ ရှိပြီး သမီးက နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည်။ ယင်းကရီဖျောင်ဖျောင်၏ အချက်အလက်နှင့် သက်ဆိုင်ခြင်း ရှိသည်လော။ ရီဖျောင်ဖျောင်က ရီချန်းဖော၏ သမီးဖြစ်နိုင်သည်လော။

ရီဖျောင်ဖျောင်၌ ထူးဆန်းသော နောက်ခံရှိကြောင်း ကျန်းရီသိပြီသားဖြစ်သော်ငြား ယင်းက ထိတ်လန့်ဖွယ်ကောင်းသည်။ ဧကရာဇ် ကိုးပါးထဲမှတစ်ပါး ရီချန်းဖောက သူ၏အဘိုး အမှန်တကယ် ဖြစ်နေခဲ့လျှင် အရှေ့ပိုင်း တော်ဝင်နယ်မြေရှိ အရာအားလုံးက ချောချောမွေ့မွေ့ ဖြစ်သွားပေလိမ့်မည်။ သူကရီမျိုးနွယ်စု၏ အင်အားကို အားကိုးပြီး စုလော့ရွှယ်ကို ကယ်တင်ရန်နှင့် သိုင်းခန်းမဆောင်ကို သုတ်သင်ရှင်းလင်းပစ်ရန် ရီမျိုးနွယ်စု၏ အင်အားစုကို အားကိုးနိုင်မည်ဖြစ်သည်။

ယင်းက မဟုတ်သေးပေ။

ကျန်းရီက ကိစ္စရပ်အချို့ကို ရုတ်တရက် အမှတ်ရသွားပြီး ပြဿနာရပ် တစ်ခုရှိကြောင်း ခံစားမိလိုက်၏။ ရီဖျောင်ဖျောင်က ရီဝန်ကိုသွားရှာရန် ကျန်းရီကို အဘယ့်ကြောင့် ခိုင်းထားသနည်း။ သူမက ဗုဒ္ဓဧကရာဇ်၏သမီး ဖြစ်နေခဲ့လျှင် ရီမျိုးနွယ်စုကို အဘယ့်ကြောင့် သွားမရှာခိုင်းသနည်း။ သူမသည် အရှေ့ပိုင်း တော်ဝင်နယ်မြေကို မပြန်ခဲ့သည်လော။ သခင်လေးဖေးထျန်းက သူမပျောက်နေတာ နှစ်ပေါင်းများစွာကြာပြီဟု အဘယ့်ကြောင့် ပြောခဲ့ရသနည်း။ ပိုအရေးကြီးသည်က ရီဖျောင်ဖျောင်သည် ဗုဒ္ဓဧကရာဇ်၏ သမီးတစ်ပါး ဖြစ်ခဲ့လျှင် သူမသည် နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ့ကိုတွေ့ရန် အဘယ့်ကြောင့် ပြန်မလာသနည်း။

ကျန်းရီကို ဇဝေဇဝါဖြစ်စေသည့် မေးခွန်းများစွာ ရှိနေ၏။ သခင်လေးဖေးထျန်း ထပ်မေးသည့်အချိန်တွင် ကျန်းရီက တွေးရန်အချိန် မရှိတော့ပေ။

“ပြောမှာလား မပြောဘူးလား မပြောရင် ငါတို့လှုပ်ရှားတော့မယ် ”

ကျန်းရီက အတွေးများ ပြန်ရုတ်သိမ်းလိုက်ပြီး ဘာမှပြန်မဖြေတော့ပေ။ သူကကောင်းကင် ကြယ်တာရာ နယ်မြေမှဖြစ်ပြီး နတ်မြင်းပျံနယ်မြေကို ဖြတ်သန်းသွားလာခြင်းမျှသာဖြစ်ကြောင်း ပြောခဲ့လျှင်တောင် သခင်လေးဖေးထျန်းက သူ့ကိုသတ်မှာပဲဖြစ်သည်။ ကျန်းရီ၌ ထူးခြားသော အဆင့်အတန်း မရှိသ၍ ဖေးထျန်းက ဖုန်းလျန်ကိုယူရန် သေချာပေါက် ကြိုးစားပေလိမ့်မည်။

ထို့ကြောင့် တိုက်ခိုက်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။

ကျန်းရီသည် ဖုန်းလျန်ကို အချက်ပြပြီးနောက် ပြုံးကာအရိုအသေ ပေးလိုက်တော့သည်။ “သခင်လေးဖေးထျန်း ကျုပ်ရဲ့မိသားစုနာမည်က ရီမဟုတ်ဘူး ကျုပ်မိသားစုနာမည်က အဖေ ငါကမင်းရဲ့အဖေပဲ ”

ဘီး

နောက်ဆုံးတစ်ခွန်း ပြောပြီးသည်နှင့် ကျန်းရီ၏ မျက်လုံးများက သွေးနီရောင် ချက်ချင်း ပြောင်းသွားကာ သူ၏ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုသည့် အရှိန်အဝါတို့ ပေါ်ထွက်လာပြီး လက်ထဲ၌ မီးနဂါးဓားတစ်လက် ပေါ်လာတော့သည်။ တမလွန်လောက တစ္ဆေမီးလျှံတို့ ဖြာထွက်လာပြီး ကျန်းရီက သခင်လေးဖေးထျန်းကို ပိုင်းဖြတ်ချဟန် ပြင်လိုက်သည်။

ချီး ချီး

တစ်ချိန်ထဲနီးပါး၌ ဖုန်းလျန်က လှုပ်ရှားသည်။ သူမလက်နှစ်ဖက်လုံးက အနက်ရောင် အလင်းတို့ဖြင့် တောက်ပလာပြီးနောက် တစ်မိုင်အကွာအဝေးကို အမှောင်ထုက ချက်ချင်းလွှမ်းခြုံသွားတော့၏။

“ရာရာစစ ”

မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံက ကျန်းရီ၏ နားစည်တို့ကို သွေးများထွက်စေပြီး သူ၏အတွင်းအားများကို ဖရိုဖရဲဖြစ်အောင် ဖိအားပေးနေတော့သည်။ ဖုန်းလျန်၏ ခန္ဓာကိုယ်က လှုပ်ခါသွားပြီးနောက် အမှောင်ထုအလုံးစုံက မှိန်ဖျော့သွားသည်။ တစ်ဖက်ရှိ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်ကလည်း ဟိန်းဟောက်ပြီး အမှောင်ထု တာအိုပုံစံကို ဖြိုခွင်းတော့၏။

ထိုဟိန်းသံက လေဟာနယ် နယ်မြေကိုတောင် တုန်ယင်စေပြီး သူ၏တမလွန်လောက တစ္ဆေမီးလျှံများကို အဆပေါင်းများစွာ အရှိန်လျော့သွားစေကြောင်း ရှာဖွေတွေ့ရှိလိုက်သည့် အချိန်တွင် ပိုတောင်အံ့သြသွားတော့၏။ ကောင်းကင်ဧကရာဇ် အကြီးအကဲက ဖေးထျန်းကို ဘေးသို့အမြန်တွန်းပြီးနောက် ကျန်သည့်သူများကို ဖယ်ရှားကာ သူကမြန်မြန်ဆန်ဆန် နောက်ဆုပ်လိုက်၏။ ကျန်းရီ၏ တိုက်ကွက်တို့က ပစ်မှတ်ကို လွဲချော်သွားတော့သည်။

“ချူလော အဲ့ဒီကောင်ကိုသတ်ပြီး အဲ့ဒီခွေးမကို အသက်ရှင်လျှက်ဖမ်းခဲ့ ဒီသခင်လေးက ”

သခင်လေးဖေးထျန်းက အော်ဟစ်လိုက်ပြီးနောက် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်သည် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ တစ်ဖက်သို့ ထွက်သွားလေ၏။ ဖုန်းလျန်က အကြောက်အလန့် ကင်းမဲ့စွာ ရှေ့တိုးလာလျှက် ကျန်းရီကို ခပ်ဝေးဝေးသို့ ခေါ်သွားသည်။ တစ်ချိန်ထဲတွင် သူမက အသံကူးပြောင်းလိုက်၏။

“သခင်လေး မြန်မြန်သွားရမယ် ဒီလူက ကျွန်မထက် ပိုသန်မာတယ် ကျွန်မတက်နိုင်သလောက် တောင့်ခံထားမယ် မြန်မြန်ထွက်ပြေးရမယ်နော် ”

“ဖုန်းအာ ”

ကျန်းရီက ဖုန်းလျန်ကို အမှောင်ထု လွှမ်းခြုံထားသည့် ပတ်ဝန်းကျင်နား၌ တွေ့သည့်အချိန်တွင် သူ၏စိတ်ထဲ ထိတ်လန့်သွား၏။ သူကစိတ်ကစဉ့်ကလျား ဖြစ်သွားတော့သည်။ အစောပိုင်းကသူသည် မည်သည့်အမိန့်မှ မပေးခဲ့ပေ။ ဖုန်းလျန်က ကျန်းရီကို ကယ်တင်ပြီး ထွက်ပြေးရန် အခွင့်အရေးပေးဖို့ရာ သူမဘာသာ ပြေးလာခဲ့၏။ သူမသည် ရန်သူအတွက် ပြိုင်ဘက်မဟုတ်မှန်း သိနေပြီး တိုက်ပွဲအတွင်း သေသွားနိုင်တာကို သိနေသည်။ ထိုသို့တိုင် ရန်သူဆီ တိုးဝင်သွားသည့်အချိန်တွင် တွေဝေနေခြင်းမရှိပေ။

ငါဘာလုပ်သင့်လဲ။ ဖုန်းလျန်ကို စွန့်ပစ်ပြီး ထွက်ပြေးရမှာလား။

ယင်းက သူ၏ပုံစံမဟုတ်ပေ။ ဖုန်းလျန်၏ အပြုအမူက သူ၏အသိအမှတ် ပြုမှုကိုရသွား၏။ သူကစိတ်အစွဲအလမ်း ကြီးတတ်သည့်သူမျိုး ဖြစ်သည်။ သူကယခုအခေါက် ထွက်ပြေးသွားခဲ့လျှင် တစ်ဘဝလုံး အပြစ်ရှိစိတ်ဖြင့် နေထိုင်ရပေလိမ့်မည်။ သူ၏ရင်ထဲ၌ အကြောက်တရားတစ်ခု ပေါ်လာပြီးနောက် သူကသေခြင်းတရားနှင့် ရင်ဆိုင်ရာတွင် သေသည်အထိ တိုက်ခိုက်နိုင်ချေ ရှိတော့မှာမဟုတ်ပေ။ ယခုအခေါက် လွတ်မြောက်သွားခဲ့လျှင် သူကစစ်မှန်သော စစ်သည်တော်၏ နှလုံးသားကို ဆုံးရှုံးသွားမည်ဖြစ်ကာ သူ၏တစ်ဘဝလုံး အောင်မြင်မှုက အကန့်အသတ် ရှိသွားပေလိမ့်မည်။

သူကထွက်မပြေးနိုင်လျှင် သေသည်အထိ တိုက်ခိုက်ရမှာပဲဖြစ်၏။

သူ၏မျက်လုံးက အေးစက်သော အလင်းတန်းတို့ဖြင့် လှုပ်ရှားသွားလေ၏။ ခန္ဓာကိုယ်က အဖြူရောင် အလင်းတန်းတို့ဖြင့် ဖြတ်ခနဲ လှုပ်ရှားသွားလျှက် ပျောက်ကွယ်သွားကာ တောအုပ်ထဲ ဆယ်မိုင်အကွာတွင် ပေါ်လာတော့သည်။

ဘီး

သူ၏မျက်လုံးက သွေးနီရောင် ပြောင်းလဲသွားပြီး သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ကာ သခင်လေးဖေးထျန်းနှင့် ကျန်သည့်သူများကို လွှမ်းခြုံလိုက်တော့၏။ သူကဖုန်းလျန်ကို မကူညီနိုင်ခဲ့ပေ။ ထို့ကြောင့် တစ်ဖက်လူကို တိုက်ခိုက်ခြင်းဖြင့် သူမအတွက် ဖိအားကို လျော့ပေးရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ သူကသခင်လေးဖေးထျန်းကို ဖြေရှင်းနိုင်လျှင် ဖုန်းလျန်၏ အခြေအနေက ပျယ်ပျက်သွားပေလိမ့်မည်။

“သေပေတော့ ”

ဖေးထျန်းနှင့် ကျန်သည့်သူများသည် သတ်ဖြတ်ခြင်းဆန္ဒကြောင့် မလှုပ်ရှားနိုင် ဖြစ်နေတာကို မြင်သည့်အချိန် ကျန်းရီက နဂါးတစ်ကောင်သဖွယ် ပေါ်ထွက်လာပြီး သူ၏မီးနဂါးဓားပေါ်၌ မီးနဂါးနှစ်ကောင် ကူးခတ်နေလေသည်။ မီးဝိညာဉ်ပုလဲက အလင်းတန်းဖြင့် တောက်ပလာပြီး သူကပေါင်းစည်းခြင်း သိုင်းကွက်ကို ထုတ်ဖော်တော့မှာပဲဖြစ်သည်။

ချီး ချီး

မီးနဂါးနှစ်ကောင်က ပေါ်ပေါက်လာပြီး မမြင်ရသည့် လေနဂါးတစ်ဒါဇင်ကျော်က ဝဲလာတော့၏။ သူတို့က တစ္ဆေမီးလျှံ ပမာဏ များစွာကိုလည်း သယ်ဆောင်သွားတော့သည်။ တစ္ဆေမီးလျှံများ ပေါ်ပေါက်လာသည်နှင့် အနီးပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းပင်တို့က ချက်ချင်းပင် လောင်ကျွမ်းကုန်၏။ လောင်ကျွမ်းနေသော မီးလျှံများဖြင့် နေရာတစ်ခုလုံး လောင်မျိုက်သွားပြီး ဖေးထျန်းနှင့် ကျန်သည့်သူများ၏ မျက်နှာထက်တွင်လည်း ကြောက်လန့်သည့် အရိပ်အယောင်များ ပေါ်လာသည်။

အန္တရာယ် ကျရောက်အံ့ဆဲဆဲတွင် ဖေးထျန်း၏ လက်စွပ်များထဲမှ တစ်ကွင်းက လင်းထိန်လာပြီး ရှေးဟောင်း ကြေးခေါင်းလောင်းတစ်ခုက ပေါ်လာတော့သည်။ ကြေးခေါင်းလောင်းက လျှင်မြန်စွာ ပြန့်ကားလာပြီးနောက် သုံးမီတာ အကျယ်ရှိသည့် ခေါင်းလောင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ပြီးနောက် ခေါင်းလောင်းသည် သခင်လေးဖေးထျန်းနှင့် ကျန်သည့်ဗာဂျရာနယ်ပယ် သိုင်းပညာရှင်နှစ်ဦးကို ကာလိုက်တော့၏။

“အား အား ”

ကျန်သည့်ဗာဂျရာနယ်ပယ် သိုင်းပညာရှင်နှစ်ဦးက ကံမကောင်းခဲ့ပေ။ ဖေးထျန်းက သူတို့နှင့်အနည်းငယ်သာ ဝေးနေပြီး ခေါင်းလောင်းက သူတို့ကို မကာနိုင်ခဲ့ချေ။ တစ္ဆေမီးလျှံများက သူတို့၏ခန္ဓာကိုယ်ကို ထိသွားသည့်အချိန်တွင် သူတို့က မြန်မြန်ဆန်ဆန် မီးမျိုက်ခံလိုက်ရပြီး အလောင်းမကျန်ဘဲ ပြာဖြစ်သွားတော့၏။

ဘီး

တစ္ဆေမီးလျှံများက ရှေးဟောင်းခေါင်းလောင်းကို ထိသွားသည့်အချိန်တွင် အစိမ်းရောင်အလင်း တောက်ပလာ၏။ သို့သော် ယင်းက အကောင်းပကတိ ဖြစ်နေသေးသည်။ ထို့အပြင် မီနဂါးနှစ်ကောင်က ရှေးဟောင်းခေါင်းလောင်းကို ထိသွားသည့်အချိန်တွင် ယင်းက အနည်းငယ်မျှတောင် လှုပ်တောင်မလှုပ်ချေ။ တစ္ဆေမီးလျှံများ ပျောက်ကွယ်သွားသည်နှင့် ရှေးဟောင်းခေါင်းလောင်း၏ တောက်ပမှုကလည်း သိသိသာသာ မှိန်ဖျော့သွားပြီး အစီအရင်၏စွမ်းရည် ကုန်ခမ်းသွားတာဖြစ်သည်။

“ကောင်စုတ်လေး မင်းက ငါတို့မျိုးနွယ်စုရဲ့ သခင်လေးကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့ မင်းတို့တစ်မျိုးလုံးကို သတ်ပြစ်မယ် ”

မလှမ်းမကမ်းမှ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်ချူလောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ကျန်းရီ၏နားစည်တို့ကို သွေးထွက်သွားစေပြီး သူ၏အတွင်းအားတို့ကိုလည်း ဖရိုဖရဲ ဖြစ်သွားစေ၏။ ယင်းက မယုံနိုင်စရာကောင်းသည့် စွမ်းရည်တစ်မျိုး ဖြစ်သည်။ ကျန်းရီက နောက်လိုက်ကြည့်လိုက်ရာ အနက်ရောင် တိမ်စိုင်တိမ်လိပ်တို့ တဖြည်းဖြည်း မှိန်ဖျော့သွားတာကို တွေ့လိုက်ရ၏။ ပြီးနောက် မြန်မြန်ဆန်ဆန် သိပ်သည်းသွားသည်။ ဖုန်းလျန်က ချူလောင်ကို ထိန်းထားရန် အကောင်းဆုံး ကြိုးစားနေတာ သိသာနေ၏။

“သေပေတော့ ”

ကျန်းရီက ယခုအချိန်တွင် အင်မတန် အညှာအတာ ကင်းမဲ့နေပြီဖြစ်ကာ သူ၏ပေါင်းစည်းခြင်း သိုင်းကွက်ကို ထပ်မံထုတ်ဖော်လိုက်သည်။ မီးနဂါးနှစ်ကောင်က တစ္ဆေမီးလျှံကို သယ်ဆောင်လျှက် ရှေးခေါင်းလောင်းကို ဝင်တိုက်သွားတော့သည်။

ကျွီ ကျွီ ကျွီ

မီးနဂါးများက ရှေးဟောင်းခေါင်းလောင်းကို သိပ်မထိခိုက်စေခဲ့ပေ။ သို့သော် တစ္ဆေမီးလျှံတို့က အစီအရင်၏စွမ်းအားကို ဆက်လက် ကုန်ကမ်းသွားစေတော့၏။ တစ္ဆေမီးလျှံများ ကုန်ခမ်းသွားပြီးနောက် ရှေးခေါင်းလောင်းသည် နောက်ဆုံးအလင်းတန်း ဖြတ်ခနဲ ပေါ်လာပြီးနောက် အလယ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာတော့သည်။ ပြီးနောက် အလင်းပေါက်ကွဲမှုတစ်ခု ပေါ်လာပြီး ရှေးခေါင်းလောင်းက အပိုင်းပိုင်းအစစ ဖြစ်သွားတော့၏။

“မျိုးမစစ် ဒီသခင်လေး မင်းကိုသတ်ပြစ်မယ် ”

ရှေးခေါင်းလောင်း ပေါက်ကွဲသွားသည်နှင့် ဖေးထျန်းနှင့် ကျန်သည့်သူများ ပေါ်လာတော့သည်။ ဖေးထျန်း၏ ခေါင်းထက်ရှိဂျိုက ရုတ်တရက် လင်းလာပြီးနောက် လျှပ်စီးရောင်ခြည်တန်းတို့ဖြင့် တောက်ပလာတော့သည်။ သေစေနိုင်သည့် အရှိန်အဝါ တည်ရှိမှုတို့ ဂျိုနှစ်ချောင်းမှ ပေါ်ထွက်လာပြီး လျှပ်စီးတန်း နှစ်ခုကလည်း ပေါ်ထွက်လာတော့သည်။

“ပြေး ”

ကျန်းရီက လျှပ်စီးမှ သေစေနိုင်သော အန္တရာယ်ကို အာရုံခံမိသည်။ သူကဖိအားသုံး တိုက်ခိုက်ခဲ့လျှင် လျှပ်စီးကြောင့် တစ်စစီဖြစ်သွားမှာ သေချာနေသည်။ ထို့ကြောင့် ကျန်းရီက တွေဝေမနေဘဲ အဖြူရောင်အလင်းဖြင့် ဖျတ်ခနဲ လှုပ်ရှားလိုက်လေ၏။ သူကနေရာရွေ့ပြောင်းမှုကို အချိန်ကိုက် မသုံးခဲ့ပေ။ သို့သော် ကောင်းကင်နှင့် မြေကြီး၏ ဖိအားများက လျင်မြန်စွာ စီးဆင်းလာပြီးနောက် ကိုယ်ခွဲများစွာက အရပ်မျက်နှာအနှံ့ ထွက်ပြေးသွားတော့သည်။

***

All Chapters