← Chapters

ရာဂ အပြစ်သား (၂)

Vol. 133 Ch. 1862

ရာဂ အပြစ်သား (၂)

Vol. 133 Ch. 1862

"ခင်ဗျားက မရင့်မှည့်သေးဘူးပဲ"

ဝေ့ဝူယင်က သက်ပြင်းတစ်ချက်ချလိုက်၏။ ထိုစကားကို ကြားလိုက်ရချိန်တွင် အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်၏ အားနည်းနေသော မျက်ဝန်းများက အသက်ဝင်လာကာ မျှော်လင့်ချက်များ စတင် တောက်ပလာသည်။

တစ်ဖက်တွင်မူ စုနန်ကျူးနှင့် မင်ရှုဖုန်းတို့မှာ အံ့အားသင့်သွားကြသည်။ မရင့်မှည့်သေးဘူး...။ ဝေ့ဝူယင်သက ဤမိန်းမကို ယင်မီးဖို အဖြစ် သိမ်းပိုက်ရန် ကြံစည်နေခြင်းလော။

"ကျွန်မ... လုပ်ပါ့မယ်..."

ကောင်းကင် မျိုးနွယ်မှာ လူငယ်၏ စကားကို နားလည်သွားသည့်အလား ထိုကမ်းလှမ်းချက်ကို ချက်ချင်း ဆုပ်ကိုင်လိုက်၏။

သူမသည် အသက်ရှင်လိုရုံမျှသာ ဖြစ်သည်။ လူတစ်ယောက်သည် ကြာရှည်စွာ ရှင်သန်လေလေ၊ စွမ်းအားအတွက် ပိုမို ရုန်းကန်ရလေလေ ဖြစ်ပြီး သေခြင်းတရားကို လက်ခံရန် ပို၍ ခက်ခဲလေလေ ဖြစ်သည်။ သူမသည် ထျန်းထိုက်ကျုံး ကဲ့သို့ပင် ဤကစားပွဲ၏ နယ်ရုပ်တစ်ခုအဖြစ် အားအင်ကြီးမားလာရန် အဆုံးမဲ့ ကြိုးစားခဲ့ရသူ ဖြစ်သည်။ သူမ လွတ်မြောက်မှုကို လိုလားသည်။ အနှိုင်းမဲ့ ပါရမီရှင် တစ်ဦး၏ ယင်မီးဖို ဖြစ်ရမည် ဆိုလျှင်ပင် ဘာဖြစ်သနည်း။ သူမ အသက်ရှင်ချင်ရုံသာ ရှိသည်။

သို့သော်လည်း... သူတို့အားလုံး မသိရှိကြသည်ကား... ဝေ့ဝူယင်၏ အဓိက ဆိုလိုရင်းမှာ သူမ၏ ကမ္မအပြစ် ကြီးထွားမှုက သူ့ကို ကျေနပ်စေလောက်အောင် မရှိသေးခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ လူငယ် ခေါင်းကို ခါလိုက်၏။

မည်သို့ပင်ဖြစ်စေ ခရီးထွက်ရန် ရည်ရွယ်ထားသည်ဖြစ်ရာ ရရှိနိုင်သမျှကို ရိတ်သိမ်းပြီး အလွယ်တကူရမည့် ကမ္မကံ ကံကောင်းခြင်း တန်ဖိုးအချို့ကို စုဆောင်းထားခြင်းက ပိုကောင်းပေလိမ့်မည်။ အပြစ်သား တစ်ဦးအား သတ်ဖြတ်ခြင်းမှာ ကောင်းချီးခံ တစ်ဦးအား သတ်ဖြတ်သလို ငရဲ၏ ကပ်ဘေးများ ကျဆင်းလာမည့် ကန့်သတ်ချိန်ကို လျော့နည်းသွားစေခြင်း မရှိပေ။

ဝေ့ဝူယင် လက်ချောင်းနှစ်ချောင်းကို ဓားသဏ္ဌာန် ပြုလုပ်၍ သူမ၏ အသက်ကို အဆုံးစီရင်ရန် ပြင်လိုက်၏။

ဟူး... ဟူး...

အိုမီဂါ ဆေဘာအင်အားများ သူ၏ လက်ဖျား၌ စတင် ဖြစ်ပေါ်လာ၏။

အုမ်း...

ရုတ်ချည်းဆိုသလိုပင်.. ဝေ့ဝူယင်သည် သူ၏ ဦးခေါင်းနောက်ဘက်နှင့် ဘယ်ဘက်လက်မောင်တို့၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

[ဘယ်ဘက်လက်မောင်း - ရမ္မက်]

ကမ္မ တန်ဖိုး - ချိပ်ပိတ်ထားဆဲ (ထုံတမ်း စတင်နေသည်)

ပထမ ကပ်ဘေး...

အုမ်း...

ထို့နောက် သူ၏ ညာဘက်လက်မောင်တွင်လည်း စူးရှသော နာကျင်မှုကို ထပ်မံ ခံစားလိုက်ရပြန်သည်။

[ညာဘက်လက်မောင်း - မာန]

ကမ္မကံ တန်ဖိုး - ၂၁၂,၅၃၀.၅

ပထမကပ်ဘေး ဖြတ်ကျော်ခြင်း - (၇/၇)

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း - (၁/၁)

တတိယ ကပ်ဘေး အောင်မြင်ခြင်း - (၃/၃)

စတုတ္ထ ကပ်ဘေး တားဆီးခြင်း - ၁၈ နှစ်

ဝေ့ဝူယင် မျက်နှာ ပျက်သွားခဲ့၏။ ယခင်က မခံစားဖူးသော ထူးဆန်းသည့် ခံစားချက်တစ်ခုက သူ့ကို လွှမ်းခြုံလာသည်။ မဟုတ်သေး... ဤခံစားချက်နှင့် အလွန်ဆင်တူသော ခံစားချက်ကို သူ ခံစားဖူးသည်။ လွန်ခဲ့သော ဆယ်စုနှစ်များစွာက မဟာ ဝိညာဉ် စမ်းသပ်ပွဲ အတွင်း ဟုန်ဖူကျင်းဝေ့ ကို စောင့်ကြည့်နေစဉ်က အလားတူ ခံစားချက်ကို ခံစားဖူးသည်။

‘အပြစ်သား ဝိညာဉ်...’

ဝေ့ဝူယင် တွေးလိုက်မိ၏။

"ဒါက ခင်ဗျား ဒီခံစားချက်ကို ခံစားရတဲ့ ဒုတိယအကြိမ်ပဲ"

ဧဒင်ကလည်း ထောက်ပြလိုက်စာ်။

"ဟုတ်တယ်..."

အပြစ်သား ဝိညာဉ်များသည် အဆင့်မြင့် ငရဲ၏ ကပ်ဘေးများဖြင့် သန့်စင်ခြင်း ခံရမည့် အပြစ်သားများ ပိုင်ဆိုင်ထားသည့် ဝိညာဉ် ဖြစ်ပြီး ကောင်းကင်တာအို၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်ကြောင်း ဝေ့ဝူယင် သိရှိထားသည်။ သူသည် အခြားသော အပြစ်သားများစွာနှင့် တွေ့ဆုံဖူးသော်လည်း သူတို့ထဲမှ တစ်ဦးတည်းသာ ဤသို့သော တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။

'ထူးခြားတဲ့ အပြစ်သားတွေ ရှိနေတာလား... ဟုန်ဖူကျင်းဝေ့က မာန အပြစ်သား ဝိညာဉ် ဖြစ်နိုင်လား... တခြားအပြစ်တစ်ခုလား... ဒါမှမဟုတ်... သူက အပြစ်ရဲ့ ရွေးချယ်ခံ တစ်ယောက် ဖြစ်နိုင်မလား'

အနက်ရောင် အရိုးစု ပြောခဲ့ဖူးသည့် အမွေခံ အပြစ်သားများအား မည်ကဲ့သို့ ရွေးချယ်သည် ဆိုသော အချက်ကို ဝေ့ဝူယင် ပြန်လည် သတိရလိုက်မိသည်။ သူတို့သည် သူတော်စင်တို့၏ အဆင့်ကို မရောက်မချင်း ထိုအချက်ကို သတိထားမိကြလိမ့်မည် မဟုတ်ချေ။

'စိတ်ဝင်စားစရာပဲ... ဒါဆို သူက ရာဂ အပြစ်အတွက် ရွေးချယ်ခံ တစ်ယောက် ဖြစ်နေမလား...’

သို့သော်လည်း... သူ ယခင်က သူမထံမှ ဤခံစားချက်မျိုး မရရှိခဲ့ဖူးပေ။ ၎င်းက ထူးခြားသော ရှာဖွေ တွေ့ရှိမှု အသစ်တစ်ခုပင်။

ဟုန်ဖူကျင်းဝေ့ကို စတင် တွေ့ခဲ့စဉ်က သူ့ကို သတ်မပစ်ပဲ လေ့လာရန်နှင့် ပျိုးထောင်ရန် ဆန္ဒရှိခဲ့သည့် သူ၏ ပင်ကိုယ်စိတ်ကို ပြန်လည် သတိရလိုက်မိသည်။ ၎င်းမှာ အပြစ်သားတို့၏ ဗီဇစိတ်အရ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်။

သို့သော်လည်း သူ အမှန်တကယ် ပျိုးထောင်ရမည့် အရာမှာ ဟုန်ဖူကျင်းဝေ့ မဟုတ်ပဲ သူ၏ အစစ်အမှန် အပြစ်သား ဝိညာဉ်ပင် ဖြစ်သည်။ သူက မာန အပြစ်၏ သွေးမျိုးဆက်ကို အမွေဆက်ခံထားရသဖြင့် အကယ်၍ ဟွမ်ဖူကျင်းဝေသာ မာန အပြစ်သား ရွေးချယ်ခံ ဆိုပါက သူ၏ ကျင့်စဉ်အတွက် အလွန် အသုံးဝင်ပေလိမ့်မည်။

ဤအတွေးက ဝေ့ဝူယင်အတွက် လမ်းစအသစ်များကို ဖွင့်လှစ်ပေးလိုက်သည်။

အသုံးချရမည့် လမ်းစအသစ်။ ပြင်ဆင်ရမည့် လမ်းစအသစ်ပင်။

ကျင့်ကြံခြင်း လမ်းစဉ်သည် လျှို့ဝှက်ချက်များစွာ ရှိနေပြီး တစ်ချက်ကြည့်ရုံဖြင့် မသိနိုင်သော အရာများစွာ ရှိပေသည်။ ဆင်ခြင် သုံးသပ်ခြင်းဖြင့်သာ ထိုလျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်သည်။ တစ်ခါတစ်ရံတွင် ကျင့်ကြံသူများသည် ထိုလျှို့ဝှက်ချက်များကို သိမြင်နိုင်ရန်အတွက် ပဟေဠိ၏ အစိတ်အပိုင်း တစ်ခုကိုသာ လိုအပ်တတ်သည်။

ဝေ့ဝူယင် ဖြည်းညင်းစွာ မတ်တတ် ထရပ်လိုက်၏။

"ကျုပ် သူ့ကို ခေါ်သွားမယ်"

စုနန်ကျူးမှာ ခဏမျှ မှင်သက်သွားသော်လည်း ဝေ့ဝူယင်က သူမကို ယင်မီးဖို အဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်ဟု တွေးတောကာ ချက်ချင်းပင် အလိုက်သင့် ပြင်ဆင်လိုက်သည်။ ထိုအမျိုးသမီးမှာ လောကရှန့်ထို အဆင့်ရှိသူ ဖြစ်သဖြင့် ဝေ့ဝူယင် အဆင့်တက်လှမ်းပြီးနောက်တွင် အလွန် အသုံးဝင်ပေလိမ့်မည်။ သူမအတွက် ကံကောင်းလှပေသည်။ စုနန်ကျူး လက်တစ်ဖက် ဝှေ့ယမ်းကာ သူမအား ချည်နှောင်ထားသည့် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ဝေ့ဝူယင် တည်ငြိမ်စွာပင်... အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင် သွယ်လျလျ ကိုယ်လုံးတီး ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သူမအား အဝတ်အစားများ ဝတ်ဆင်ပေးဖို့ အတွက် သူ ဂရုစိုက်ခြင်း မရှိချေ။

“နောက်က လိုက်ခဲ့...”

သူ စကားတစ်ခွန်းသာ ဆိုကာ အဖြူရောင် အကျဉ်းထောင်ထဲမှ ထွက်ခွာလာခဲ့၏။ မင်ရှုဖုန်းက လက်စွပ်ထဲမှ ဝတ်ရုံ တစ်ထည်ကို ထုတ်ယူကာ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်ကို ဆင်မြန်း ပေးလိုက်၏။ အတိတ်က လုပ်ရပ်များ မည်သို့ပင် ရှိစေကာမူ လောကရှန့်ထို အဆင့် အမျိုးသမီး တစ်ဦးကို ဤသို့ အရှက်မခွဲသင့်ဟု သူမ ထင်မြင်မိသည်။

အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်မှာ မင်ရှုဖုန်းကို စိုက်ကြည့်ရင်း သူမထံမှ ကောင်းကင်အော်ရာကို ခံစားလိုက်ရ၏။ သူမ ဘာမှ မပြောပါချေ။ မင်ရှုဖုန်း၏ အဝတ်အစား ဆင်မြန်းပေးမှုကို အသာတကြည် လက်ခံလိုက်ရင်း စုနန်ကျူးကို စိုက်ကြည့်လိုက်၏။

သို့သော်လည်း... စုနန်ကျူးမှာမူ ထိုအရာကို ဂရုမစိုက်ပေ။ သူတို့ ထွက်သွားပြီးနောက် အသာအယာ ပြုံးရင်း ထောင်တံခါးကို ပိတ်လိုက်၏။ အဂ္ဂိရတ် ပညာရှင်များ မည်သို့ ပြုမူတတ်သည်ကို သူ သိရှိထားသည်။ ရရှိလာမည့် ဆုလာဘ်များကို တွေးတောရင်း သူ စိတ်လှုပ်ရှားနေမိတော့သည်။

***

All Chapters