← Chapters

ပြောင်းလဲသွားသည့် အယူအဆများ

Vol. 133 Ch. 1851

ပြောင်းလဲသွားသည့် အယူအဆများ

Vol. 133 Ch. 1851

“ကျင့်ကြံခြင်းသည် ခက်ခဲ၏...”

ဤစကားရပ်သည် ကမ္ဘာဦးအစကတည်းက တည်ရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ မည်သည့်ဘာသာစကားဖြင့်၊ မည်သူက အစပြု၍ ပြောဆိုခဲ့သည်ကို အတည်ပြုရန် ခက်ခဲသော်လည်း ခေတ်အဆက်ဆက်သော ကျင့်ကြံသူတို့၏ နှုတ်ဖျားတွင်မူ ရေပန်းစားနေဆဲ ဖြစ်သည်။ ၎င်းက ငြင်းပယ်၍မရသော အမှန်တရားတစ်ခုပင်။ အမှန်တရားဟူသည် ရံဖန်ရံခါတွင် ကွေ့ဝိုက်၍ ရှိတတ်သော်လည်း အခြေခံသဘောတရားမှာ မပြောင်းလဲသကဲ့သို့ ဤစကားရပ်သည်လည်း ထို့အတူပင် ဖြစ်သည်။

အနန္တ ကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူတစ်ဦးသည် တစ်သက်တာလုံးတွင် ချီပျစ်ခဲခင်း အဆင့်၏ အကန့်အသတ်ကိုပင် ကျော်လွန်နိုင်ရန် ရုန်းကန်နေရပြီး လျှို့ဝှက် အာဏာရှင်အဆင့် ကို လှမ်းမျှော်ကြည့်ရန်ပင် မစွမ်းသာချေ။

တစ်ချိန်တည်း၌ အဇူရာမူလ ဂလက်စီ နယ်မြေ ဂလက်ဆီနယ်မြေမှ ကျင့်ကြံသူတစ်ဦးမှာမူ ပေါ့ပေါ့ပါးပါး ကျင့်ကြံရုံမျှဖြင့် ချီပျစ်ခဲခြင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပေသည်။

ထိုကဲ့သို့ ကွာခြားချက် ကြီးမားနေလင့်ကစား နှစ်ဦးနှစ်ဖက်လုံး မိမိတို့၏ အကန့်အသတ် အသီးသီးသို့ ရောက်ရှိလာသောအခါတွင်မူ အထက်ပါစကားရပ်၏ အမှန်တရားကို မလွဲမသွေ ရင်ဆိုင်ကြရစမြဲ ဖြစ်သည်။

ခေတ်အဆက်ဆက်၌ ကျင့်ကြံသူများသည် ထိုအခက်အခဲများကို လျှော့ချရန် နည်းလမ်းအမျိုးမျိုးကို ရှာဖွေခဲ့ကြသည်။ ၎င်းတို့ထဲတွင် နှစ်ကိုယ်တူ ကျင့်ကြံခြင်း၊ နေကြယ်များ၏ အရည်အသွေးနှင့် ပမာဏကို မြှင့်တင်၍ ပတ်ဝန်းကျင်ကို ပြောင်းလဲခြင်း၊ ဂြိုဟ်များ၊ လများနှင့် ကုန်းမြေတိုက်ကြီးများ၏ မြေဆီလွှာကို မြှင့်တင်ခြင်းတို့ ပါဝင်သည်။

ထို့အပြင်... လျှို့ဝှက်နယ်မြေများ၊ လောကနယ်မြေများ နှင့် ဟင်းလင်းပြင်နယ်မြေများကို တည်ဆောက်ခြင်း၊ ကျင့်ကြံခြင်း အတွက် အထောက်အကူပြုသည့် သစ်ဖုသစ်ဥများ၊ ကောက်ပဲသီးနှံများနှင့် သားရဲများကို စားသုံးခြင်း၊ မြေကြီး ရတနာများနှင့် ကောင်းကင် အမတေရည်များ တည်ရှိရာ အထွတ်အမြတ် ကုန်းမြေများကို ပြုစုပျိုးထောင်ခြင်းတို့လည်း ပါဝင်သည်။

ထိုအရာများမှာ ကျင့်ကြံခြင်း အခက်အခဲများကို လျှော့ချရန်အတွက် သဘာဝတရားက ပေးအပ်ထားသော နည်းလမ်းများ ဖြစ်ကြသည်။

သို့သော်လည်း... အဂ္ဂိရတ် ပညာရပ်၊ လက်ဟန် ချိပ်စည်းများ၊ အစီအရင်များ၊ ကိရိယာတန်ဆာပလာများ နှင့် လက်နက်ပစ္စည်းများကတော့ လူသားတို့ကိုယ်တိုင် ဖန်တီးထားသည့် ပြင်ပ အထောက်အပံ့များ ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ သဘာဝနိယာမကို ဆန့်ကျင်သော နည်းလမ်းများသာ ဖြစ်ကြသည်။

အဂ္ဂိရတ် ပညာရပ်သည် ကျင့်ကြံခြင်း တာအို သုံးပါး၏ ရတနာများနှင့် ကောင်းကင်အမတေရည်များထဲ၌ ငုပ်လျှိုးနေသည့် အစွမ်းအစများကို နှိုးဆွပေးသည်။ လက်ဟန်ချိပ်စည်းမျာ်က စွမ်းအင်များနှင့် အမတေများကို ထုတ်ယူစုစည်းကာ အစွမ်းထက်သော သက်ရောက်မှုများကို ဖန်တီးပေးသည်။ အစီအရင်များကတော့ လက်ဟန်ချိပ်စည်း မြောက်မြားစွာ ပေါင်းစည်းထားသလို အစွမ်းကို ပိုမိုမြင့်မားစေသည်။

ရတနာများမှာ စွမ်းအင်ကျင့်ကြံခြင်း၊ သန့်စင်ခြင်းနှင့် ကပ်ဘေး ကပ်ကျော်လွှားခြင်းတို့တွင် ကူညီပေးပြီး၊ လက်နက်ပစ္စည်းများ ကမူ တိုက်ခိုက်ခြင်းနှင့် အန္တရာယ်အသွယ်သွယ်မှ ကာကွယ်ခြင်းတို့တွင် အထောက်အကူပြုပေသည်။

ဤအရာများမှာ ဝေ့ဝူယင် ကျင့်ကြံခြင်း လောကသို့ စတင်ဝင်ရောက်စဉ်ကတည်းက သင်ယူခဲ့ရသော အခြေခံသဘောတရားများ ဖြစ်သည်။ ယခုအခါ သူသည် မကြုံစဖူး ကျင့်ကြံခြင်းလမ်းစဉ်သို့ လျှောက်လှမ်းနေပြီး အဆင့်တိုင်းတွင် အသာစီးရရန် ကြိုးပမ်းနေသည့်အပြင်၊ သူ၏ ကြယ်တာရာဝိညာဉ်များကလည်း အကန့်အသတ်ကို ထပ်ခါတလဲလဲ စိန်ခေါ်နေသဖြင့် သူ လျှောက်လှမ်းနေသည့် လမ်းစဉ်မှာ ခက်ခဲခြင်း၏ ပြယုဂ်ပင် ဖြစ်နေတော့သည်။

ဝေ့ဝူယင်သည် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံကို လူသိရှင်ကြား သိမ်းပိုက်ပြီး ဟင်းလင်းပြင် နဂါးကြီးအား လက်အောက်ခံဖြစ်စေခဲ့သည်မှာ လေးရက်တိုင်ခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ အချိန်ယူခဲ့သည့် သူ၏ စေ့စပ်သေချာသော အစီအစဉ်များက ဤလုပ်ဆောင်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။ မိမိကိုယ်တိုင် ရေးဆွဲခဲ့သည့် အစီအမံတစ်ခု ပြီးပြည့်စုံစွာ အကောင်အထည်ပေါ်လာခြင်းမှာ အလွန်ပင် ကျေနပ်ဖွယ်ရာ ကောင်းလှသည်။

ရှေးဟောင်း ချိပ်ပိတ်နယ်မြေ အပြင်ဘက်မှ ထိတ်လန့်ဖွယ်ရာ ဆူပူလှုပ်ရှားမှုများ ဖြစ်စေ၊ ရွှယ်ရီဖေး၏ အာရုဏ်ဦး ကြယ်ကွင်းပြင်ကို စနစ်တကျ စုစည်းမှုများဖြစ်စေ သူ့ကို အနည်းငယ်မျှပင် အနှောင့်အယှက် မပေးနိုင်ခဲ့ချေ။

ထိုနှစ်ခုအနက် ရှေ့ဖြစ်ရပ်မှာ တစ်နာရီခန့်သာ ကြာမြင့်ခဲ့သော်လည်း နောက်ဖြစ်ရပ်မှာမူ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ သို့သော် ဝေ့ဝူယင်အနေဖြင့် ကိစ္စရပ်အဝဝတွင် တိုက်ရိုက်ပါဝင်နေရန် မလိုအပ်ပေ။ ရွှယ်ရီဖေးသည် မွေးရာပါ ဧကရီတစ်ပါး ဖြစ်သည်။ သူမသည် လိုအပ်သည့်အခါတွင် နူးညံ့သိမ်မွေ့ပြီး၊ တတ်နိုင်သည့်နေရာတွင် ပြတ်သားကာ၊ ရန်သူများနှင့် ရင်ဆိုင်ရလျှင်မူ ရက်စက်တတ်သူ ဖြစ်သည်။

အပြောင်းအလဲကာလတွင် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ပြီး ပုန်းအောင်းနေကာ ယုတ်မာ ရက်စက်မှုများအား ကျူးလွန်နေသည့်သော မိစ္ဆာ အဖွဲ့အစည်း အချို့ကို အမြစ်ပြတ် ရှာဖွေချေမှုန်းခဲ့သည်။ ပူးပေါင်းဆောင်ရွက်သူများကိုမူ သူတို့၏ ကျင့်ကြံခြင်း လမ်းစဉ် အပေါ် အနည်းငယ်မျှသာ ကန့်သတ်ချက်များ ထားရှိခဲ့သည်။

ဝေ့ဝူယင်သည် မိစ္ဆာ ကျင့်ကြံခြင်း လမ်းစဉ်ကို ဆန့်ကျင်သူမဟုတ်ပေ။ ထိုလမ်းစဉ်ကို လျှောက်လှမ်းသူတိုင်းသည် လူဆိုးများမဟုတ်ကြသလို၊ မိစ္ဆာ ကျင့်စဉ် ဟူသော အယူအဆမှာလည်း လူ့ပတ်ဝန်းကျင်၏ စံနှုန်းများအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သည်။

သို့သော်လည်း... လူသားများ၊ နတ်ဆိုးများနှင့် ရှို့ရန်များသည် သစ်ပင်များကို ခုတ်ထစ်ကာ ၎င်းတို့၏ အသီးအနှံ (ကလေးငယ်များ) ကို စားသုံးကြခြင်း၊ သားရဲများကို ကျွန်ကဲ့သို့ မွေးမြူကာ အသွေး၊ အသားနှင့် အမတေတို့ကို စားသုံးခြင်း၊ ၎င်းတို့၏ အရိုးနှင့် အရေခွံကို လက်နက်နှင့် အဝတ်အထည်အဖြစ် အသုံးပြုခြင်းတို့ကို ပြုလုပ်နေကြသရွေ့၊ အခြားသူများကလည်း ၎င်းတို့အား ထိုသို့ပြုလုပ်ခြင်းအပေါ် ဝေ့ဝူယင်အနေဖြင့် ကန့်ကွက်ရန် မရှိပေ။

ကျင့်ကြံခြင်း ဝိညာဉ်အရ လူသားတစ်ပိုင်း၊ သစ်ပင်တစ်ပိုင်းနှင့် သားရဲတစ်ပိုင်း ဖြစ်နေသော ဝေ့ဝူယင် အဖို့ မည်သည့်ဘက်သို့မျှ ဘက်လိုက်ရန် ခက်ခဲလှသည်။ အမှန်စင်စစ် သူသည် အားလုံးကို ခွဲခြားမှုမရှိဘဲ တန်းတူညီမျှသာ ရှုမြင်ပေသည်။

သို့သော်လည်း... ဝေ့ဝူယင်သည် မိစ္ဆာ ကျင့်ကြံသူများ အတွက် ကန့်သတ်ချက်အချို့ကို ကြိုတင်ညွှန်ကြားထားပြီး ဖြစ်သည်။ ထိုအထဲတွင် ‘ဝိညာဉ်များကို ဖျက်ဆီးခြင်း သို့မဟုတ် နာကျင်စေခြင်း မပြုရ’ ဟူသော အချက်လည်း ပါဝင်သည်။

သူသည် ထိုမိစ္ဆာ အဖွဲ့အစည်းများ၏ ကျင့်စဉ်များကို တင်ပြခွင့်ပြုပြီး၊ လေလွင့်မှု လျော့နည်းစေရန်နှင့် ထိရောက်မှု မြှင့်တင်ရန်အတွက် ပြန်လည်ပြင်ဆင် မြှင့်တင်ပေးသည်အထိပင် ကူညီပေးခဲ့သည်။ ထို့အပြင်... မည်သည့်သက်ရှိအမျိုးအစားကိုမဆို အမြောက်အမြား မွေးမြူချုပ်နှောင်ထားခြင်းကိုလည်း ခွင့်မပြုပေ။ သူသည် အစစ်အမှန် မွေးဖွားခြင်း အဖွဲ့၏ အရိပ်ဥ ကဲ့သို့သော ဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်စေလိုသလို၊ သားရဲအချို့ မျိုးသုဉ်းသွားခြင်းကိုလည်း မလိုလားပေ။

သူ ထုတ်ပြန်လိုက်သည့် စည်းမျဉ်းများမှာ အသက်အန္တရာယ် ဆုံးရှုံးမှုနှင့် အရင်းအမြစ် လေလွင့်မှုများကို မလွဲမသွေ ကာကွယ်နိုင်လိမ့်မည် ဖြစ်သည်။

မိမိကိုယ်မိမိ ထုတ်ဖော်ရန် ငြင်းဆန်သူများနှင့် အဆိုပါ ကန့်သတ်ချက်များအား သဘောမတူသူများကိုမူ အပြတ်အသတ် နှိမ်နင်းခဲ့သည်။ သူတို့က အနာဂတ်တွင် စည်းကမ်းဖောက်ဖျက်မည့်သူများ ဖြစ်လာကြလိမ့်မည်မှာ မလွဲမသွေပင်။

ဝေ့ဝူယင်နှင့် ရွှယ်ရီဖေးတို့ တည်ဆောက်နေသည့် အင်ပါယာမှာ လူအများ အတွက် အသစ်အဆန်း ဖြစ်နေပြီး အမျိုးမျိုးသော ဥပဒေများနှင့် စည်းမျဉ်းများကလည်း လူအများကို တုန်လှုပ်စေခဲ့သည်။ အင်ပါယာအများစုသည် မိစ္ဆာ ကျင့်ကြံသူများကို လူသိရှင်ကြား ရှုတ်ချကြသော်လည်း ကွယ်ရာတွင်မူ ၎င်းတို့ကို ဆက်သွယ် ခိုင်းစေခြင်းများ ပြုလုပ်ကြသည်။ အမှန်စင်စစ် အချို့သော ပစ္စည်းများနှင့် ကုန်ကြမ်းများသည် ထိုသို့သော မိစ္ဆာ နည်းလမ်းများဖြင့်သာ ထုတ်လုပ်နိုင်သည်။

ဥပမာအားဖြင့် မူလယင် အမှောင်ပုလဲသည် အပျိုစင် အမျိုးသမီး တစ်သိန်းကို သန့်စင်ခြင်းဖြင့် ရရှိသော ကြယ်တာရာအဆင့် ကုန်ကြမ်းတစ်ခု ဖြစ်သည်။

ဝေ့ဝူယင်ကတော့ ထိုနည်းလမ်းကို ပြောင်းလဲခဲ့သည်။ အပျိုစင် အမျိုးသမီးများအနေဖြင့် မိမိတို့၏ မူလယင် အစိတ်အပိုင်း အနည်းငယ်ကို မိမိသဘောဆန္ဒအလျောက် လှူဒါန်းခြင်းဖြင့် သန့်စင်မှု ဖြစ်စဉ်ကို ပိုမိုကောင်းမွန်စေခဲ့သည်။

မူလယင် အမှောင်ပုလဲ တစ်လုံး ရရှိရန် အတွက် ကြယ်တာရာ အမြုတေ ပထမအဆင့်ရှိ စေတနာ့ဝန်ထမ်း တစ်သောင်းခန့်သာ လိုအပ်တော့ပြီး ကျင့်ကြံမှုအဆင့် မြင့်မားလာပါက လိုအပ်သည့် လူအရေအတွက်မှာလည်း ပိုမိုနည်းပါးသွားမည် ဖြစ်သည်။ ယခုအခါ ဂိုဏ်းအသီးသီးသည် သေမျိုးများ သွေးလှူဒါန်းသကဲ့သို့ပင် မူလယင် အစိတ်အပိုင်းများကို တန်ဖိုးကြီးကြီးဖြင့် လဲလှယ် ရယူနိုင်ကြပြီ ဖြစ်သည်။

ထို့ကြောင့်ပင်... မူလယင် အမှောင်ပုလဲကို မိစ္ဆာ ကုန်ကြမ်းအဖြစ် မည်သူကမျှ မသတ်မှတ်တော့ပေ။ အခြားသော ဥပမာများလည်း ရှိပေသေးသည်။

မိစ္ဆာ ကျင့်စဉ်များကို ခွင့်ပြုခြင်းနှင့် ပြင်ဆင်ခြင်းတို့ ကဲ့သို့ အာရုဏ်ဦး အင်ပါယာ၏ လုပ်ဆောင်ချက်များကြောင့် ထိုကျင့်စဉ်များ အပေါ် လောက၏ အမြင်မှာ ခဏချင်းအတွင်း ပြောင်းလဲသွားခဲ့သည်။ သတင်းအချက်အလက်များ ပျံ့နှံ့လာခြင်းနှင့် လူသိများသည့် မိစ္ဆာ ကျင့်စဉ်များကို ပြောင်းလဲလိုက်ခြင်းတို့ကြောင့် သာမန်လူတန်းစားမှအစ ရှန့်ထိုများအထိ သဘောထားအမြင်များမှာ သိသိသာသာ ပြောင်းလဲလာခဲ့သည်။

အာရုဏ်ဦး ဖီဆန်ခေတ်မှာ အစောပိုင်းကာလသာ ရှိသေးသော်လည်း အကျိုးသက်ရောက်မှုများကမူ ထင်ရှားနေပြီ ဖြစ်သည်။

အနာဂတ်တွင် မိစ္ဆာ ဟူသော အသုံးအနှုန်းကို ပယ်ဖျက်သွားမည် ဖြစ်သည်။ အာရုဏ်ဦး ဧကရီ ရွှယ်ရီဖေး သည် မိစ္ဆာ ကျင့်ကြံသူ ဟူသော အမည်နာမအစား အောက်လမ်း ကျင့်ကြံသူ ဟု ပြောင်းလဲရန် စီစဉ်နေပြီ ဖြစ်သည်။ ယုတ်မာခြင်း၊ လမ်းလွဲခြင်းနှင့် မသန့်ရှင်းခြင်း စသည့် အနက်အဓိပ္ပာယ်များကို ကိုယ်စားပြုနေသည့် ‘မိစ္ဆာ’ ဆိုသည့် စကားလုံး အစား အနက်အဓိပ္ပာယ် မပြတ်သားသည့် စကားလုံးသို့ ပြောင်းလဲခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ၎င်းက ထူးခြားဆန်းပြားသော နည်းလမ်းများကို ကျင့်ကြံသူဟုသာ အဓိပ္ပာယ်ရပေမည်။

နောင်တွင် ‘အောက်လမ်း ကျင့်ကြံသူ’ ဟူသော အခေါ်အဝေါ်သည် အဂ္ဂိရတ်ပညာရှင်များနှင့် လက်နက် ပညာရှင်များကြားတွင်ပါ ပျံ့နှံ့လာပေလိမ့်မည်။ သူတို့သည် လူသားတို့၏ သွေးအမတေ၊ အင်္ဂါအစိတ်အပိုင်းများ၊ မူလယန်နှင့် ယင်၊ သို့မဟုတ် သန့်စင်ထားသည့် အရိုးများကို အသုံးပြု၍ ဆေးဖော်စပ်ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်းတို့ကို ပြုလုပ်ကြလိမ့်မည်။

ရှေးရိုးစွဲဖြစ်သည့် ‘အကောင်း’ နှင့် ‘အဆိုး’ တည်းဟူသော အယူအဆကို ပယ်ဖျက်ကာ ပွင့်လင်းစွာ ကျင့်သုံးခြင်းသည် ရှေးဟောင်း ချိပ်ပိတ် နယ်မြေ၏ သမိုင်းတွင် မည်သည့်နိုင်ငံမျှ မလုပ်ဆောင်ရဲခဲ့သည့် ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်သည်။ အာရုဏ်ဦး အာဏာရှင် အင်ပါယာနှင့် သူ၏ အာဏာရှင်အဖွဲ့သည် သူတော်ကောင်းယောင်ဆောင်၍ အကောင်းဘက်ကရပ်ကာ အဆိုးဝါဒီကို ရှုတ်ချနေခြင်းမျိုး မလုပ်ပေ။

သူတို့သည် မိမိတို့ကိုယ်တိုင် မလိုက်နာနိုင်သည့် ဥပဒေများကို ပြဋ္ဌာန်းခြင်း မရှိပေ။ အကယ်၍ နေရာတစ်ခုကို ဘေးကင်းဇုံအဖြစ် သတ်မှတ်ထားလျှင် ထိုနေရာသည် သူတို့အပါအဝင် မည်သူ့ထံမှမဆို ဘေးကင်းရမည် ဖြစ်သည်။

အကယ်၍ ပဋိပက္ခ ဖြစ်နိုင်သည့် နေရာအဖြစ် သတ်မှတ်ထားလျှင်မူ လူပေါင်း သောင်းချီ သတ်ဖြတ်လိုခြင်း သို့မဟုတ် နယ်မြေတစ်ခုကို ကြီးစိုးလိုခြင်းမှာ သင်၏ ဆန္ဒသာ ဖြစ်သည်။ ထိုနယ်မြေကို အုပ်ချုပ်သူများကသာ မိမိတို့ စိတ်ကြိုက် ဥပဒေနှင့် ကာကွယ်မှုများကို ပြဋ္ဌာန်းကြလိမ့်မည်။

အလားတူပင် အာရုဏ်ဦး အင်ပါယာသည်လည်း တည်ဆဲစည်းမျဉ်းများကို မချိုးဖောက်သရွေ့ ဝင်ရောက်စွက်ဖက်ခြင်း ပြုမည်မဟုတ်ပေ။

***

All Chapters