← Chapters

မူလအာရုဏ်ဦး နန်းတော် အတွင်းဝယ်

Vol. 133 Ch. 1852

မူလအာရုဏ်ဦး နန်းတော် အတွင်းဝယ်

Vol. 133 Ch. 1852

အာရုဏ်ဦး ကြယ်ကွင်းပြင်၊ နဂါးငွေ့တန်း ကြယ်တာရာ နယ်မြေ...

မူလ အာရုဏ်ဦး နန်းတော် အတွင်း၌ လွန်ခဲ့သော လေးရက်တာကာလမှာ အလွန်ပင် လှုပ်ခတ်သက်ဝင်လျက် ရှိခဲ့လေသည်။ အစောပိုင်း၌ လောကရှန့်ထို သုံးဦးနှင့် မြေကြီး ရှန့်ထို တစ်ဦးတို့မှာ အိုးတိုးအန်းတန်း ဖြစ်နေကြသည်။ အထူးသဖြင့်... သူတို့အချင်းချင်းကြားရှိ ဆက်ဆံရေးမှာ ကောင်းမွန်လှခြင်း မရှိလှလေရာ ပို၍ပင် အနေရခက်နေကြသည်။

သို့သော်လည်း မကြာမီမှာပင် အာရုဏ်ဦး၏ အာဏာရှင် အင်ပါယာ၏ ဦးဆောင်မှုအောက်တွင် သူတို့သည် စီးမျောသွားကြပြီး ကာမဂုဏ်အာရုံ၏ သာယာမှုနောက်သို့ လိုက်ပါသွားကြလေတော့သည်။

ရှေးဟောင်း ချိပ်ပိတ်နယ်မြေ၏ သမိုင်းတစ်လျှောက်တွင် လောကရှန့်ထို သုံးဦး၊ မြေကြီးရှန့်ထို နှစ်ဦးတို့နှင့်အတူ တာအို ဆွေးနွေးပွဲ ပြုလုပ်သည်ဟူသည်မှာ တစ်ခါမျှ မကြားဖူးခဲ့သည့် ကိစ္စပင် ဖြစ်၏။

ပို၍ ထူးခြားသည်က ဦးဆောင်နေသည့် ပုဂ္ဂိုလ်မှာ သေမျိုး လူငယ် တစ်ဦး ဖြစ်နေခြင်းပင် ဖြစ်လေသည်။ သို့သော်လည်း... လူငယ်၏ ညစ်ညမ်းသည့် သေမျိုးစွမ်းအင်များမှာ သူတို့ထံ ကူးစက်ခြင်း မရှိခဲ့ချေ။ ထို့နည်းတူစွာပင် သူတို့၏ အားကောင်းလှသည့် စွမ်းအင်များကြောင့် ဝေ့ဝူယင်၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲထွက်သွားခြင်း မရှိခဲ့ချေ။

ပထမဆုံး တစ်နာရီမှာ အတော်လေး ခက်ခဲသော်လည်း နောက်ဆက်တွဲ နာရီပေါင်းများစွာမှာမူ အကောင်းဆုံး အချိန်များ ဖြစ်ခဲ့လေသည်။ နန်းတော်အတွင်းဝယ် ညည်းညူသံများနှင့် မောဟိုက်သံများမှာ အဆက်မပြတ် ဆူညံလျက် ရှိနေတော့သည်။

သုံးရက်တာ ကုန်ဆုံးသွားသောအခါ ဝေ့ဝူယင်သည် လျူစုယင်ကို ခေါ်ဆောင်၍ ထွက်ခွာခဲ့ပြီး ကျန်ရှိသူများမှာမူ အနားယူခြင်းနှင့် ကျင့်ကြံခြင်းများကို ပြုလုပ်ရန် ကျန်ရစ်ခဲ့ကြသည်။ သူတို့အားလုံးမှာ ပုံမှန်ထက်ပိုသည့် ပင်ပန်းနွမ်းနယ်မှုများကို ခံစားနေရသော်လည်း ဝေ့ဝူယင်၏ ယန်အမတေမှ ထွက်ပေါ်လာသည့် စွမ်းအားများနှင့် သန့်စင်မှုတို့ကြောင့် အံ့အားသင့်နေကြရ၏။

သေမျိုးတစ်ဦးထံမှ မြစ်ဖျားခံလာခြင်း ဖြစ်သော်လည်း သူတို့အနေဖြင့် ထိုစွမ်းအင်ကို လွတ်လပ်စွာ စုပ်ယူနိုင်ခဲ့ကြပြီး ကိုယ်စီ ကျင့်ကြံခြင်း အဆင့်နှင့် မွေးရာပါ ပါရမီများတွင်လည်း သိသာထင်ရှားသော တိုးတက်ပြောင်းလဲမှုများကို ခံစားခဲ့ကြရသည်။

ဝေ့ဝူယင် လျူစုယင်အပေါ်တွင် အလွန်ပင် စိတ်ရှည်ပေးခဲ့သည်။ သူ သူမ၏ စင်ကြယ်သော ခန္ဓာကိုယ်လေးအပေါ်တွင်သာ အာရုံအလုံးစုံကို နှစ်မြှုပ်ထားခဲ့ပြီး တွေ့ကြုံမှုတိုင်းကို အထွတ်အထိပ်သို့ ရောက်ရှိစေရန် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့၏။

သူမမှာ သူနှင့် အတူရှိခဲ့ဖူးသော အမျိုးသမီးများထဲတွင် အသံအကျယ်ဆုံး ဖြစ်ခဲ့ပြီး စိတ်အလိုလိုက်ကာ အော်ဟစ်လိုက်သည့် သူမ၏ စကားလုံးများက ပြည့်တန်ဆာ တစ်ဦးကိုပင် ရှက်သွေးဖြာသွားစေရန် လုံလောက်လှပေသည်။

သူမသည် အတွေ့အကြုံ နုနယ်သူ ဖြစ်သော်လည်း ခါတိုင်း မြင်တွေ့နေရကျ တည်ငြိမ်အေးစက်သော ဟန်ပန်နှင့် လုံးဝဆန့်ကျင်စွာပင် အလွန်တက်ကြွနေခဲ့သည်။ သူမ၏ စိတ်အကာအကွယ် တံတိုင်းအားလုံးမှာလည်း ပြိုလဲပျက်စီးသွားခဲ့လေပြီ ဖြစ်သည်။

မိန်းကလေးမှာ သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို အသုံးပြုရန် ဝေ့ဝူယင်ထံတွင် အတင်းအကြပ်ပင် တောင်းဆိုခဲ့သည်။ ဝေ့ဝူယင်ဖက်ကလည်း သူမကို ငြင်းပယ်ရန် အကြောင်းမရှိခဲ့ပေ။ သို့သော်လည်း သူမ၌ ခံနိုင်ရည် အင်အား အမှန်တကယ်ပင် မရှိခဲ့ချေ။

နတ်ပြည်သို့ ငါးကြိမ်တိုင်တိုင် တက်လှမ်းခဲ့ပြီးနောက်တွင်မူ သူမမှာ လုံးဝပင် အားအင်ကုန်ခမ်းသွားခဲ့ရသည်။ စည်းမဲ့ကမ်းမဲ့ စကားအချို့ကို တိုးတိုးလေး ရေရွတ်ပြီးနောက်တွင်မူ သူမ အိပ်ပျော်သွားခဲ့လေတော့သည်။

လေးရက်တာ ကာလကုန်ဆုံးပြီးနောက် မိန်းမလှလေးများမှာ အိပ်သူကအိပ်၊ ကျင့်ကြံသူက ကျင့်ကြံ စသည်ဖြင့် အလုပ်ရှုပ် နေကြလေသည်။ ဝေ့ဝူယင်ကတော့ မီးခိုးရောင် နံရံများသာရှိသည့် အခန်းလွတ်တစ်ခုအတွင်းဝယ် တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။ ထိုအခန်းတွင် တံခါးသော်လည်းကောင်း၊ ပြတင်းပေါက်သော်လည်းကောင်း မရှိချေ။ ဤသည်မှာ ဝေ့ဝူယင်၏ သီးသန့် ကျင့်ကြံခြင်း ခန်းမဖြစ်ပြီး တစ်ကိုယ်တည်း နေရန် လိုအပ်သည့် အချိန်မှသာ သူအသုံးပြုလေ့ရှိသည်။

အမှန်စင်စစ် ဝေ့ဝူယင်သည် ဤအခန်းကို ဟင်းလင်းပြင် အတွင်း၌ ထည့်သွင်းထားခြင်း ဖြစ်သည်။ လျူယင်လန်းလို ကျင့်ကြံသူမျိုးပင်လျှင် သူမ၏ ကျင့်ကြံခြင်း အခြေခံဖြင့် အဆုံးမဲ့ဟင်းလင်းပြင် ကြေးမုံ၏ အစွမ်းကို မသုံးဘဲနှင့် ဝေ့ဝူယင်ရှိရာသို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။ ကျန်းကျဲဝူရှု တစ်ဦးတည်းသာလျှင် ဟင်းလင်းပြင် အစီအရင်ကို တည်ဆောက်နိုင်ပါက ဤနေရာကို ရှာဖွေတွေ့ရှိနိုင်ဖွယ် ရှိသည်။

လောကရှန့်ထို သုံးဦး၊ မြေကြီးရှန့်ထို နှစ်ဦးနှင့် လျူစုယင်တို့၏ ယင်အမတေများမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်လှပေသည်။ ပုံမှန်အားဖြင့် ဝေ့ဝူယင်အတွက် နှစ်ကိုယ်တူ ကျင့်ကြံခြင်းမှ ရရှိသည့် စွမ်းအင်များမှာ သမုဒ္ဒရာထဲမှ ရေတစ်စက်ကဲ့သို့သာ ဖြစ်သော်လည်း ထျန်းရှောင်ချွမ်း၏ ယင်ခန္ဓာကိုယ်မှာ ထူးဆန်းလှပြီး ကျန်းကျဲဝူရှု ကျင့်ကြံထားသည့် ထူးခြားလှသော နည်းလမ်းကလည်း သူမ၏ ယင်အမတေကို ပြန်လည်မွေးမြူ ထိန်းသိမ်းပေးထားသည်။

ကျန်းကျဲဝူရှုအနေဖြင့် လိင်ဆက်ဆံခြင်းကို အချိန်တစ်ခု ကြာသည် အထိ ထိန်းသိမ်းထားသရွေ့ သူမသည် အတုအယောင် ယင်အမတေကို ပြုစုပျိုးထောင်နိုင်ပြီး အပျိုစင် အမျိုးသမီးတစ်ဦးကဲ့သို့သော အကျိုးကျေးဇူးများကို ပြန်လည် ရရှိစေနိုင်သည်။

ထိုစွမ်းအင်ကို ရရှိသည့် မည်သည့်အမျိုးသားမဆို သာမန် လောကရှန့်ထိုတစ်ဦး၏ ယင်အမတေနှင့် ညီမျှသော အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။

ဟူမေဖန်းတွင်လည်း ထူးခြားသော ခန္ဓာကိုယ် ရှိနေသည်။ သူမ၏ မွေးရာပါ ဆွဲဆောင်မှုများမှာ ထိုခန္ဓာကိုယ်၏ ရလဒ်များပင် ဖြစ်၏။ ထို့အပြင်... သူမ၏ ယင်အမတေအတွင်း၌ ခက်ထန်ယင် ရည်ရွယ်ချက် ဟု ခေါ်သည့် ထူးခြားသည့် ရည်ရွယ်ချက်တစ်ခု ကိန်းအောင်းနေသည်။

၎င်းမှာ ယန်စွမ်းအင်ကို ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့် ဖျက်ဆီးနိုင်သည့် ယင်အင်အားမျိုး ဖြစ်ပြီး မိစ္ဆာစွမ်းအင်များနှင့် ဆင်တူလှသည်။ သူမသည် ၎င်းကို ဖခင်ထံမှ အမွေရရှိခဲ့ခြင်း ဖြစ်သော်လည်း စိတ်နှင့် ရုပ်ကို ထိခိုက်စေနိုင်သောကြောင့် ကျင့်ကြံအားထုတ်ထားခြင်း မရှိခဲ့ပေ။ သို့သော်လည်း အဆိုပါ ရည်ရွယ်ချက်၏ အနှစ်သာရမှာ သူမ၏ ယင်ရင်းမြစ်တွင် မွေးရာပါ ပါရှိနေဆဲဖြစ်ပြီး ဝေ့ဝူယင်က ၎င်းကို စုပ်ယူခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဝေ့ဝူယင်တွင်သာ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ် မရှိခဲ့ပါက သူ၏ ယန်ရင်းမြစ်မှာ ခန့်မှန်းရခက်ခဲလှသည့် နည်းလမ်းများဖြင့် ယိုင်နဲ့သွားနိုင်ကာ သူ၏ အတွေးအခေါ်နှင့် အလေ့အကျင့်များကိုပါ လွှမ်းမိုးသွားနိုင်ပေသည်။ ပို၍ ဆိုးပါက... ၎င်းမှာ သူ၏ ယန်ကျင့်စဉ်နှင့် ဝိညာဉ်ကိုပင် ထိခိုက်စေနိုင်၏။

တစ်ချိန်တည်း၌... ထျန်းရှောင်ချွမ်း၏ ယင်ရင်းမြစ်မှာ အသက်စွမ်းအင်များကို ဝါးမြိုဖျက်ဆီးပစ်နိုင်သည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရက်စက်လှ၏။ သူမ အနေဖြင့် ထူးခြားသော နည်းလမ်းများကို အသုံးပြု၍ ဤဘေးထွက်ဆိုးကျိုးကို ကျော်လွှားနိုင်သော်လည်း သူမကို ကိုယ်ဝန်ရရှိစေဖို့ ကြိုးစားသည့် မည်သည့်အမျိုးသားမဆို ယန်အမတေများ ဖျက်ဆီးခြင်း ခံရမည်သာ ဖြစ်သည်။ သို့သော်လည်း... ထိုစွမ်းအင်များမှာ ပျောက်ဆုံးသွားခြင်း မဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်ကပင် အစွမ်း အထက်ဆုံးသော ယန်စွမ်းအင်များအဖြစ် ပြန်လည်စုပ်ယူသွားခြင်း ဖြစ်သည်။ သူမ အတွက် နှစ်ကိုယ်တူ ကျင့်ကြံခြင်းမှာ တိုးတက်မှု အတွက် အကောင်းဆုံး လမ်းစဉ်ပင် ဖြစ်သည်။

သဘာဝတရားမှာ ထျန်းရှောင်ချွမ်းအား ထူးဆန်းပြီး အံ့သြဖွယ်ကောင်းလှသည့် စွမ်းရည်များကို ပေးထား သော်လည်း သားသမီး ရရှိနိုင်စွမ်းကိုမူ ရုပ်သိမ်းသွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှာ မူလရှိပြီးသား မျိုးဥများထက် ပို၍ မဖွံ့ဖြိုးနိုင်တော့ချေ။

အကယ်၍ မိစ္ဆာ ခေါင်းစဉ်အောက် ထည့်သွင်းနိုင်သည့် ယင်ခန္ဓာကိုယ် အမျိုးအစားများ ရှိခဲ့မည် ဆိုလျှင် ဟူမေဖန်းနှင့် ထျန်းရှောင်ချွမ်းတို့မှာ အကိုက်ညီဆုံး ဖြစ်ပေလိမ့်မည်။

အကယ်၍ သူတို့သာ ခန္ဓာကိုယ်ကို အထူးပြု၍ ကျင့်ကြံခြင်း လမ်းစဉ်အဖြစ် ဖော်ဆောင်ခဲ့မည်ဆိုလျှင် အမျိုးသားအားလုံး၏ ဘေးရန်ဖြစ်လာပေလိမ့်မည်။

ဝေ့ဝူယင်သည် လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။

"သူတို့ အားလုံးမှာ စိတ်ဝင်စားစရာကောင်းတဲ့ ခန္ဓာကိုယ်တွေ ရှိနေကြတာပဲ... မိန်းကလေး တ်စယောက်က ပိုလှပပြီး ဆွဲဆောင်မှုရှိလေလေ၊ ဖုံးကွယ်ထားတဲ့ ဘေးအန္တရာယ်ကလည်း ပိုကြီးမားလေလေပဲ"

နံပတ်တစ် အလှမယ် ဖြစ်ခဲ့ဖူးသည့် ယွီစွန်းလီကို ဝေ့ဝူယင် ပြန်လည် တွေးတောလိုက်မိ၏။ သူမအကြောင်းကို ပိုမိုစုံစမ်းရန် လိုအပ်သည်ဟု သူ တွေးလိုက်မိသည်။

ခဏတာမျှ ကျင့်ကြံပြီးနောက် ဝေ့ဝူယင်၏ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်သည် ယင်အမတေ အားလုံးကို အချောသတ် သန့်စင်ပြီးစီးသွားခဲ့သည်။ ထိုခန္ဓာကိုယ်၏ အံ့ဖွယ်စွမ်းရည်တစ်ခုမှာ ယင်စွမ်းအင်နှင့် အမတေများကို ပုံမှန်မဟုတ် လျှင်မြန်နှုန်းဖြင့် သန့်စင်နိုင်ခြင်းပင် ဖြစ်၏။

တစ်နည်းအားဖြင့် သူ၏ ခန္ဓာကိုယ်သည် ထျန်းရှောင်ချွမ်းနှင့် ဆင်တူသော အရည်အသွေးများ ရှိနေသည်။ သို့သော်လည်း... သန့်စင်မှု စွမ်းအားပိုင်းတွင်သာ ဖြစ်သည်။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲအတွင်း၌ ဝေ့ဝူယင်သည် ကျင့်ကြံခြင်း အခြေခံကို ခိုင်မာလာအောင် လာအောင် ကျင့်ကြံရင်း ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အလွန်ပင် အလုပ်များနေခဲ့သည်။ ထို့ကြောင့်ပင်... ကျင့်ကြံခြင်း အခြေခံ တိုးတက်မှုမှ တစ်ဆင့် ရရှိလာသည့် အကျိုးသက်ရောက်မှုများကို စူးစမ်းလေ့လာရန် အချိန်မရခဲ့ချေ။

"ဒီခရီးမှာတော့ ငါ့ရဲ့ ကျင့်ကြံခြင်း စွမ်းရည် အားလုံးကို အသုံးပြုရမှာပဲ... ဒါကြောင့် ငါ့ရဲ့ အစွမ်းတွေနဲ့ ပိုပြီး ရင်းနှီးလာအောင် အချိန်ပေးရမယ်"

"နောက်ပြီး ဥပဒေသတွေရဲ့ အစွမ်းအပေါ်မှာလည်း အလွန်အကျွံ မမှီခိုနဲ့ဦး..."

ကောင်းကင်စစ်ဝိညာဉ်၏ အသံက ထွက်ပေါ်လာ၏။သူမ၏ စကားများမှာ စိုးရိမ်ပူပန်မှုကြောင့် ဖြစ်နိုင်သော်လည်း အမှန်တကယ်ပင် စေတနာနှင့် ပြောကြားခြင်း ဖြစ်သည်။

ဝေ့ဝူယင် တစ်ယောက် ဆေဘာအား မဝှေ့ယမ်းခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သလို၊ သူ့အား အန္တရာယ် ခံစားချက် ပေးနိုင်သည့် ရန်သူများနှင့်လည်း မတိုက်ခိုက်ခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။ စစ်သည်တော်ကောင်းတစ်ဦး ဟူသည့် စစ်ပွဲ အတွင်း၌သာ တောက်ပနိုင်ပေသည်။

သေခြင်းတရား၏ အဆုံးမဲ့ ချောက်ကမ်းပါး အစွန်းသည် စစ်သည်တော်တစ်ဦးအတွက် အကောင်းဆုံးသော အနုပညာ သရုပ်ဖော်ချက်ပင် ဖြစ်သည်ဟု ကောင်းကင်စစ်ဝိညာဉ်က တစ်ခါက ပြောခဲ့ဖူးသည်။

ဝေ့ဝူယင်က ကောင်းကင် စစ်ဝိညာဉ်၏ စကားကို သိရှိကြောင်း 'အင်း' ဟုသာ ခပ်ပေါ့ပေါ့ ပြောလိုက်ရင်း အိပ်ပျော်နေသည့် ချင်ကူးယဉ်ကို တစ်ချက်ကြည့်ရှု စစ်ဆေးလိုက်၏။

သွားရမည့် အချိန်တန်ပြီ ဖြစ်သည်။ ဝေ့ဝူယင် ထရပ်လိုက်ပြီး ဟင်းလင်းပြင် တံခါးတစ်ခုကို ဖွင့်လိုက်လေ၏။

***

All Chapters