← Chapters

ပေ့ယင်ယင်

Vol. 133 Ch. 1854

ပေ့ယင်ယင်

Vol. 133 Ch. 1854

"ဟီးဟီး... အောင်မြင်သွားပြီ... ငါလုပ်နိုင်သွားပြီ"

ပေ့ယင်ယင် လဲကျနေသည့် အဂ္ဂိရတ် ပညာရှင်များကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်သည်။ လူကြီးများကတော့ ခါးသီးသော ပြုံးဖြင့်သာ တုံ့ပြန်နိုင်ကြတော့သည်။ ပေ့ယင်ယင်မှာ အမှန်တကယ်ပင် မွန်းစတား တစ်ကောင် ဖြစ်ပေသည်။

သူတို့ ဖော်စပ်နေသည်မှာ အဆင့်ကိုး အဆင့်မြင့် ကြယ်တာရာ မြှင့်တင်ခြင်း ဆေးရည် ဖြစ်သည်။ ၎င်းမှာ ကြယ်တာရာ ခန္ဓာကိုယ် ကြီးထွားရန်နှင့် အားဖြည့်ရန် အတွက် ရိုးရှင်း ထိရောက်သော ဆေးနည်းဖြစ်၏။ အဆင့်မြင့် မြေကြီး ကျင့်စဉ်များဖြင့် ကြယ်တာရာ ခန္ဓာကိုယ်ကို ကျင့်ကြံနေသူများအတွက် သီးခြားပစ္စည်းများကို သန့်စင်ရန် အချိန်အကြာကြီး မပေးလိုပါက ဤဆေးရည်မှာ အကောင်းဆုံး အစားထိုးပစ္စည်းပင် ဖြစ်သည်။

ပေ့ယင်ယင်နှင့် အဂ္ဂိရတ် အင်ပါယာ ခြောက်ယောက်မှာ ဤဆေးရည်ကို သုံးရက်အတွင်း ဖော်စပ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အခြားသော အဂ္ဂိရတ် ပညာရှင်များအဖို့ မိမိကိုယ်ကိုယ် ရှက်ရွံ့အားငယ်သွားစေလောက်သည့် အချိန်တိုအတွင်း လုပ်ဆောင်နိုင်မှုမျိုး ဖြစ်သည်။ အဖွဲ့လိုက် ဖော်စပ်ခြင်းသည် အချိန်ကို လျှော့ချနိုင်သည်မှာ မှန်သော်လည်း၊ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို သုံးရက်အတွင်း အပြီးသတ်နိုင်ခြင်းမှာ ယုံနိုင်ဖွယ်မရှိအောင် မြန်ဆန်လွန်းလှသည်။

ထို့အပြင်... ဤဆေးအိုးတစ်လုံးတည်းမှ နေ၍ ဆေးရည် စုစုပေါင်း ၃၃ သုတ်စာ ရရှိခဲ့ခြင်းမှာလည်း အံ့မခန်းဖွယ်ရာပင်။

"သုံးလလုပ်ဖို့ ပေးထားတဲ့ တာဝန်တွေ ပြီးသွားပြီ... ဟီးဟီး... အခုတော့ သွားဆော့လို့ ရပြီ"

ပေ့ယင်ယင်လေးမှာ အထွတ်အထိပ် အဆင့် အရည်အသွေးရှိသည့် ဆေးရည်ကို တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ ခုံတန်းလေးပေါ်မှ ခုန်ဆင်းကာ တံခါးဆီသို့ အပြေးကလေး ထွက်သွားတော့သည်။ သူမ၏ လှုပ်ရှားမှုများမှာ ထူးထူးခြားခြား မြန်ဆန်လှသဖြင့် အခြားပညာရှင်များ သတိမထားမိခင်မှာပင် သူမသည် တံခါးကို ဖွင့်လိုက်ပြီး ဖြစ်လေသည်။

ပေ့ယင်ယင်ကို စောင့်ကြည့်ရန် တာဝန်ရှိသူမှာလည်း အေးမြသည့် ကြမ်းပြင်ပေါ်မှ ကိုယ်ကို မနည်းထူလိုက်ရပြီး၊ လျှင်မြန်စွာ ဝေးကွာသွားသည့် ပေ့ယင်ယင်၏ ပုံရိပ်လေးကို လှမ်းကြည့်ကာ မောဟိုက်စွာဖြင့်...

"နေဦး... နေပါဦး..."

"တာ့ တာ..."

မိန်းမငယ်လေးမှာ တံခါးဝမှနေ၍ နောက်လှည့်ကာ တာ့တာပြရင်း လှောင်ပြုံး ပြုံးပြလိုက်၏။ ထိုအခါမှသာ မိန်းမငယ်လေးမှာ သူ ထွက်ပြေးဖို့ အတွက် သူတို့၏ စွမ်းအင်များကို တမင်သက်သက် ကုန်ခမ်းအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သူတို့ နားလည်လိုက်ကြတော့သည်။

သို့သော်လည်း... သူမ တံခါးအပြင်သို့ လှမ်းထွက်လိုက်သော တစ်ခဏမှာပင် သူမ၏ ကိုယ်လုံးလေးမှာ အပြင်ဘက်ရှိ လူတစ်ဦး၏ ခြေထောက်ကို တိုက်မိကာ ဖင်ထိုင်လျက် လဲကျသွားလေ၏။

"အား... နာလိုက်တာ"

သူမ နှာခေါင်းလေးကို ပွတ်ကာ မျက်ရည်ဝိုင်းလေးဖြင့် မော့ကြည့်လိုက်သည်။ ထိုအခါ မြင်လိုက်ရသော မျက်နှာကြောင့် သူမ၏ အမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွား၏။

"ဒေါ်လေး... ဒေါ်လေးလော့"

"မျှော်စင်သခင် လော့"

အဂ္ဂိရတ် အင်ပါယာ ခြောက်ဦးကလည်း ကမန်းကတန်း ထရပ်ကာ လက်နှစ်ဖက်ကို ယှက်ရင်း နှုတ်ဆက် လိုက်ကြလေ၏။

လော့နင်သည် တံခါးဝတွင် ရပ်ကာ ကလေးဆန်လှသည့် မိန်းကလေးကို စိုက်ကြည့်နေခဲ့သည်။ ပေ့ယင်ယင်မှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှ ပြန်လာခဲ့ခြင်း ဖြစ်ပြီး၊ ထိုပြိုင်ပွဲကို ခိုး၍ သွားရောက်ခဲ့သည့် အတွက် အပြစ်ပေးသည့်အနေဖြင့် ဤတာဝန်ကို ပေးအပ်ထားခြင်း ဖြစ်သည်။

လော့နင် တစ်ယောက် အင်အားကုန်ခမ်းကာ ယိုင်လဲလုမတတ် ကလေးထိန်းများကို ကြည့်ကာ ကလေးတစ်ယောက်၏ ပရိယာယ်ကို မိသွားရလေသလားဟု စိတ်ပျက်သွားမိခဲ့သည်။

သူမ ပေ့ယင်ယင်ကို ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ လည်ပင်းမှ မကာ ဆေးအိုးဆီသို့ ပြန်ခေါ်သွားပြီး ဆေးရည်များကို စစ်ဆေးလိုက်၏။ ဆေးဖော်စပ်မှု အောင်မြင်သည်ကို တွေ့ရသောအခါ သူမ ဤထူးဆန်းလှသည့် မိန်းမငယ်လေးကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချမိ၏။ သုံးရက်အတွင်း ဆေးရည် ၃၃ သုတ်စာကို ဖော်စပ်နိုင်ခြင်းမှာ မယုံနိုင်စရာပင်။

"ငါမပြောမချင်း အပြင်မထွက်ပါနဲ့လို့ မှာထားတယ်မဟုတ်လား... ကြွက်စုတ်မလေးရဲ့"

လော့နင်က ဆူပူလိုက်၏။ ပေ့ယင်ယင်မှာ အပြစ်ရှိသကဲ့သို့ ခေါင်းငုံ့နေသော်လည်း၊ ချက်ချင်းပင် နှုတ်ခမ်းလေးဆူကာ မျက်ရည်များ ဝိုင်းလာအောင် လုပ်ဆောင်လိုက်ပြီး တုန်ရီနေသော အသံဖြင့်...

"ဒေါ်လေးလော့... သမီးက... သမီးက အမကြီးနဲ့ သွားဆော့ချင်လို့ပါ"

ဟု တောင်းပန်တိုးလျှိုးလိုက်လေသည်။ သူမ၏ ထိုအမူအရာမှာ ရှိသမျှလူတိုင်း၏ စိတ်ကို ညွတ်နူးသွားစေနိုင်သဖြင့် အားလုံးမှာ သူမကို ပြေးဖက်ချင်စိတ်များ ပေါက်သွားကြသည်။ ဟန်ဆောင်နေမှန်း သိသော်လည်း... လော့နင်ပင်လျှင် စိတ်ပျော့သွားကာ ဆက်ပြီး မဆူရက်တော့ပေ။

"သူ ပြောသမျှကို မယုံကြနဲ့ဦး၊ သူက ဒီမျှော်စင်ရဲ့ ဟင်းလင်းပြင် တံခါးစောင့်ကို လာဘ်ထိုးပြီးပြီ၊ သူ့ကို သုခဘုံရေပြင် နယ်မြေကို ပို့ပေးဖို့နဲ့ ဒါကို လျှို့ဝှက်ထားပေးဖို့ ကတိသစ္စာတောင် ဆိုခိုင်းထားပြီးပြီ၊ ပေ့ဝေဝေက အခု တခြားတစ်နေရာမှာ ကျင့်ကြံနေတာ"

ရုတ်တရက်... ထွက်ပေါ်လာသည့် အသံကြောင့် ပေ့ယင်ယင်နှင့် လော့နင်တို့ နှစ်ဦးစလုံး လန့်သွားကြ၏။

"အရှင်မင်းကြီး..."

အာရုဏ်ဦး အာဏာရှင် အင်ပါယာမှာ တံခါးတမှတစ်ဆင့် လမ်းလျှောက်ဝင်လာခဲ့ပြီ ဖြစ်၏။

ပေ့ယင်ယင်၏ မျက်လုံးလေးများမှာ လင်းလက်သွားခဲ့၏။ သူမမှာ လျှို့ဝှက်ချက် ပေါက်ကြားသွားသည်ကို ဂရုမစိုက်နိုင်တော့ပေ။ မျက်ရည်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကာ လော့နင်၏ လက်ထဲမှ ထူးခြားသော အစွမ်းဖြင့် ရုန်းထွက်ရင်း ဝေ့ဝူယင်၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်လေတော့သည်။

ဝေ့ဝူယင်ကလည်း အလိုက်သင့်ပင် သူမ၏ ကိုယ်လုံးလေးကို ပွေ့ချီလိုက်၏။ ကလေးမလေးက ဝေ့ဝူယင်၏ ပါးပြင်ကို သူမ၏ နူးညံ့သော ပါးလေးများဖြင့် ဖိကပ်ကာ ရယ်မောရင်း...

"ခမည်းတော်..."

ဝေ့ဝူယင်က အကူအညီမဲ့စွာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

"ဒီလိုမခေါ်ပါနဲ့လို့ ငါပြောထားတယ်လေ"

သူ သူမ၏ နှာခေါင်းလေးကို အသာအယာ ဆိတ်လိုက်သည်။ ဝေ့ဝူယင်သည် ဤထူးဆန်းသော မိန်းမငယ်လေးကို မွေးစားသမီးအဖြစ် သတ်မှတ်ကာ အလွန်အမင်း ချစ်ခင်မြတ်နိုးကြောင်း အာဏာရှင်အဖွဲ့ဝင်တိုင်းက သိရှိကြ၏။

ဘယ်သူ သင်ပေးလိုက်သည် မသိ...။ ဝေ့ဝူယင် အင်ပါယာ တစ်ဦး အဖြစ် ကိုယ့်ကိုယ်ကို ကြေညာပြီးချိန်မှ စ၍ ပေ့ယင်ယင်မှာ သူ့ကို ‘ခမည်းတော်’ ဟုသာ ခေါ်ဝေါ်တော့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဝေ့ဝူယင်မှာလည်း သူမ၏ အယူအဆကို ပြောင်းလဲနိုင်စွမ်း မရှိတော့ပေ။

အချို့သော အာဏာရှင်အဖွဲ့ဝင်များကမူ ဝေ့ဝူယင်နှင့် ပေ့ယင်ယင်တို့ နှစ်ဦးစလုံးမှာ အဂ္ဂိရတ် တာအိုတွင် မယုံနိုင်စရာ ပါရမီရှင်များ ဖြစ်နေကြသည်ကို ကြည့်၍ ပေ့ယင်ယင်မှာ ဝေ့ဝူယင်၏ တရားမဝင်ကလေး ဖြစ်နိုင်သည်ဟုပင် ထင်ကြေးပေးကြ၏။

အသက် ၁၀ နှစ်ပင် မပြည့်သေးသော ဤမိန်းမငယ်လေးသည် အဂ္ဂိရတ် တာအို၏ တရားဝင် အသိအမှတ်ပြုမှုကို မရရှိသေးသော်လည်း၊ သေမျိုး အာဏာရှင် အဂ္ဂိရတ် ပညာရှင်တစ်ဦးအဖြစ် တည်ရှိနေပြီ ဖြစ်သည်။ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များကို ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်ရန် ကျင့်ကြံခြင်း အခြေခံ မပြည့်စုံသေးသည်မှ အပ အခြားကဏ္ဍအားလုံးတွင် သူမမှာ ထူးကဲသည့် သေမျိုး အာဏာရှင် အဂ္ဂိရတ် ပညာရှင်တစ်ဦးပင် ဖြစ်ပေသည်။ တစ်ဖက်တွင်လည်း ဝေ့ဝူယင်မှာ အသက် ၁၀၀ မပြည့်ခင်မှာပင် လောကရှန့်ထို အဂ္ဂိရတ် ပညာရှင်တစ်ဦး ဖြစ်ခဲ့ရာ၊ အသေအချာ စဉ်းစားကြည့်လျှင် ဤသည်မှာ သာမန်ထက် များစွာ လွန်ကဲသော အောင်မြင်မှု ဖြစ်ပေသည်။

လော့နင် ဝေ့ဝူယင်ကို တိတ်တဆိတ် ငေးကြည့် နေခဲ့၏။ ထိုလူသားမှာ သူမ၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့ပြီး မြေကြီး အဂ္ဂိရတ် ရှန့်ထိုတစ်ဦး ဖြစ်လာစေရန် အခွင့်အလမ်း ပေးခဲ့သူ ဖြစ်သည်။

ဝေ့ဝူယင်က အဂ္ဂိရတ် အင်ပါယာများကို တစ်ချက် ဝှေ့ကြည့်ရင်း ပြုံးပြလိုက်၏။

"မင်းတို့အားလုံး ကောင်းကောင်း လုပ်နိုင်ခဲ့ကြပါတယ်... ဒီနှစ်အတွက် မင်းတို့ရဲ့ တာဝန်တွေ ပြီးဆုံးပြီလို့ သတ်မှတ်လိုက်ပြီ... ကျန်တဲ့ လတွေမှာ မင်းတို့ စိတ်ကြိုက် ကျင့်ကြံတာဖြစ်ဖြစ်၊ ဆေးဖော်စပ်တာဖြစ်ဖြစ် လုပ်နိုင်တယ်... မင်းတို့ တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ကဒ်တွေထဲမှာ တာအိုမှတ်တွေ ထည့်ပေးထားတယ်"

ဆုလာဘ်များ ပေးအပ်ပြီးနောက်တွင်တော့ ဝေ့ဝူယင် ပေ့ယင်ယင်ကို ခေါ်ထုတ်လာခဲ့သည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."

နောက်ကွယ်၌ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားသံများ ပဲ့တင်ထပ်ကျန်ရစ်စဉ် ပေ့ယင်ယင်က ပျော်ရွှင်စွာ ရယ်မောလိုက်ရင်း...

"ခမည်းတော်... သမီးတို့ အမကြီးဆီ သွားကြမှာလား"

ဟူ၍ မေးလိုက်၏။

"လမ်းလျှောက်ရုံပါပဲ..."

ဝေ့ဝူယင်က ပြန်ဖြေရင်း ပေ့ယင်ယင်၏ ဖောင်းအိနေသော ပါးလေးများကို တစ်ချက် ဖျစ်လိုက်သည်။

"လော့နင်... ငါနဲ့ လိုက်ခဲ့ဦး"

ဝေ့ဝူယင်၏ စကားကြောင့် လော့နင် ချက်ချင်း ကိုယ်ကို မတ်လိုက်ကာ နောက်မှ လိုက်ပါလာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာ... မဟာစက်ဝန်း ရှန့်ထို ညီလာခံ၌ စတင်တွေ့ဆုံခဲ့စဉ်ကထက်ပင် သူမ၏ နှလုံးခုန်သံများမှာ ပိုမိုမြန်ဆန်နေ၏။ ဟွမ်ရီကောင်း၏ ဆိုးယုတ်လှသော ရည်ရွယ်ချက်ဖြင့် ရွေးချယ်မှုမှ စတင်ကာ အရာအားလုံး ပြောင်းလဲသွားသည်မှာ အံ့ဩစရာပင်။

ယခုအခါ သူမသည် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ ပဉ္စမမြောက် အဂ္ဂိရတ် ရှန့်ထိုအဖြစ် လူသိရှင်ကြား အသိအမှတ်ပြု ခံထားရသူ ဖြစ်သည်။ သူမသည် အာရုဏ်ဦး ဖီဆန် ခေတ်ဦး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထာဝရ တည်ရှိနေမည်ဖြစ်ကာ နောင်လာနောက်သားများ၏ သမိုင်းမှတ်တမ်းများတွင်လည်း အမြဲရှိနေပေတော့မည်။

သူမ၏ ကျင့်ကြံခြင်းမှာလည်း တိုးတက်လာခဲ့သလို၊ အဂ္ဂိရတ် တာအို ပညာရပ်မှာလည်း မယုံနိုင်စရာ ခြေလှမ်းများဖြင့် ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် ပေ့ယင်ယင်နှင့် ကစားနေသည်ကို ကြည့်ရင်း လော့နင်၏ စိတ်နှလုံးမှာ နူးညံ့သွားခဲ့၏။ အကယ်၍ သူမထံတွင်သာ ထိုကဲ့သို့ ဖခင်တစ်ဦးနှင့်အတူ သမီးလေးတစ်ယောက် ရှိနေမည်ဆိုပါက မည်မျှ အံ့ဩစရာ ကောင်းလိမ့်မည်နည်း။ လော့နင်၏ မျက်လုံးများမှာ ဝေဝါးသွားပြီး ပါးပြင်နှစ်ဖက်မှာလည်း သဘာဝအတိုင်း နီမြန်းလာကာ အနာဂတ်အိပ်မက်တစ်ခုကို မက်နေသကဲ့သို့ ရှိပေသည်။

သူမ အတွေးနယ်ချဲ့နေစဉ်မှာပင် ပေ့ယင်ယင်၏ အရိပ်မှာ လှုပ်ခတ်သွားကာ ဝေ့ဝူယင်၏ အရိပ်နှင့် မသိမသာ ပေါင်းစပ်သွားလေ၏။

***

All Chapters