အရှုံးဖြင့်ထွက်ခွာခြင်း
Vol. 42 Ch. 571
“ဟမ် ”
သခင်လေးဖေးထျန်းက ဇဝေဇဝါ ဖြစ်နေလေ၏။ ကျန်းရီက များပြားလွန်းနေရာ သူမည်သည့်တစ်ယောက်ကို တိုက်ခိုက်သင့်သနည်း။ ထိုလျှပ်စီးကို သူထုတ်ဖော်လိုက်သည်နှင့် ပြန်လှည့်စရာ မရှိတော့တာ သေချာနေ၏။ ရွေးချယ်စရာ မရှိတော့ဘဲ အံ့ကြိတ်ကာ ကျန်းရီကိုယ်ခွဲနှစ်ခုကို တိုက်ခိုက်တော့သည်။
ကျွီ ကျွီ
ကိုယ်ခွဲနှစ်ခုက တိုက်ခိုက်ခံလိုက်ရပြီး ခြေရာလက်ရာမကျန်ဘဲ ချက်ချင်း ပျောက်ကွယ်သွားလေ၏။ သို့သော်သူတို့က ကျန်းရီ၏ ခန္ဓာကိုယ် အစစ်အမှန်မဟုတ်တာ သိသာနေသည်။ ကျန်သည့်ကိုယ်ခွဲများကလည်း ထွက်ပြေးရန် ကြိုးစားနေပြီဖြစ်သည်။
ဝှစ် ဝှစ် ဝှစ် ဝှစ် ဝှစ်
လျှပ်စီးစွမ်းအင် ကုန်ခမ်းသွားသည်နှင့် ကျန်းရီ၏ ကိုယ်ခွဲများကလည်း ပြန်ရောက်လာပြီး အရပ်မျက်နှာအနှံ့ သူတို့သုံးဦးဆီသို့ ပြန်ဝင်လာ၏။ ကျန်းရီက သေစေနိုင်လောက်သည့် သတ်ဖြတ်ခြင်း အရှိန်အဝါကို မထုတ်ဖော်ထားတာ ဖြစ်နိုင်သည်။ သို့သော် သုံးဦးလုံးက အင်မတန် ကြောက်လန့်နေသေးဆဲဖြစ်၏။ ကျန်းရီ၏ တစ္ဆေမီးလျှံများက ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် ခြေရာလက်ရာ မကျန်ဘဲ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်နှစ်ဦးကို ချက်ချင်း သတ်ဖြတ်နိုင်သည်။
“ပြေး ”
သုံးဦးက တွေဝေမနေပေ။ သခင်လေး ဖေးထျန်းက ကြောက်မက်ဖွယ်ကောင်းသည့် လျှပ်စီး ရှိကောင်းရှိနိုင်၏။ သို့သော် ထိုလျှပ်စီးက ကျန်းရီကို မထိနိုင်လျှင် မည်သည်က အသုံးဝင်မည်နည်း။ ထို့အပြင် ကျန်းရီ၏ သတ်ဖြတ်ခြင်းဆန္ဒသည် အစောပိုင်းက သူတို့ကို မလှုပ်ရှားနိုင် ဖြစ်စေခဲ့၏။ သူတို့ယခုအချိန်တွင် မထွက်ပြေးခဲ့လျှင် မည်သည့်အချိန်မှ ထွက်ပြေးရမည်နည်း။
ဝှစ် ဝှစ် ဝှစ်
သုံးယောက်သားက သုံးနေရာခွဲပြီး ပြေးသွားကာ တစ်ချိန်တည်းတွင် ကျန်းရီ၏ ကိုယ်ခွဲများကို တိုက်ခိုက်နေ၏။ သခင်လေးဖေးထျန်းက အပါးနပ်ဆုံးဖြစ်ပြီး ချူလော၏ အရပ်မျက်နှာဆီသို့ ပျံသန်းသွားရန် ရွေးချယ်လိုက်သည်။ သူ၏ခေါင်းပေါ်ရှိဂျိုက တဖြတ်ဖြတ် လင်းနေပြီးနောက် ကျန်းရီ၏ ချဉ်းကပ်လာသော ကိုယ်ခွဲများကို တိုက်ခိုက်လိုက်တော့သည်။
“သေပေတော့ ”
ကျန်းရီက ဖေးထျန်းကို အမှန်တကယ် အနည်းငယ် ကြောက်ရွံ့လေ၏။ ထို့အပြင် ဖေးထျန်းနောက်သို့ ဦးစွာမလိုက်ခဲ့ပေ။ သူ၏ခန္ဓာကိုယ် အစစ်အမှန်က ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များထဲမှ တစ်ဦးဆီသို့ ဖြေးဖြေးချင်း ချဉ်းကပ်သွားကာ သုံးကီလိုမီတာအကွာသို့ ရောက်သည့်အချိန်၌ သူ၏မီးနဂါးဓားကို ရုတ်တရက် လွှဲယမ်းလိုက်တော့သည်။
ပတ်ဝန်းကျင်းရှိ ကိုယ်ခွဲများအားလုံး ပျောက်ကွယ်သွားပြီး မီးနဂါးနှစ်ကောင်က တဝီဝီမြည်လျက် ဘုံကိုးဘုံး၏ နဂါးမီးလျှံများစွာကို သယ်ဆောင်လာတော့သည်။ ယခုအချိန်တွင် ကျန်းရီက သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်လိုက်ရာ သူ့ရှေ့ရှိ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်ကို မလှုပ်ရှားနိုင် ဖြစ်သွားစေတော့သည်။ ထိုသိုင်းပညာရှင်က သူ့ဆီဝင်လာသော မီးနဂါးနှစ်ကောင်ကို ကြည့်လိုက်၏။
ဘန်း
ဘုံကိုးဘုံ၏ နဂါးမီးလျှံများသည် တမလွန်လောက တစ္ဆေမီးလျှံကဲ့သို့ လွှမ်းမိုးနိုင်စွမ်း မရှိသော်ငြား မဉ္စမအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်က ယင်းကိုမည်ကဲ့သို့ ခုခံနိုင်မည်နည်း။ နဂါးနှစ်ကောင်က တိုက်မိသွားပြီး သိုင်းပညာရှင်၏ ခန္ဓာကိုယ်ပေါ်၌ မီးရူးမီးပန်းသဖွယ် ပေါက်ကွဲသွားသည်နှင့် မရေမတွက်နိုင်သည့် အသွားများက တစ်စစီ လွင့်ထွက်သွားကာ သေသွားစေတော့သည်။
“ချူလော ”
မျက်တောင်နှစ်ခတ်အတွင်း သခင်လေးဖေးထျန်းက ချူလောဘေးသို့ ရောက်လာပြီး သူကအော်ပြောလိုက်၏။ “အဲဒီမျိုးမစစ်ကို အရင်သတ် သူကလောင်ဖူနဲ့ ကျန်တဲ့လူတွေကို အရင်သတ်သွားတာ အခုဆို လောင်ဟော်ကို သတ်နေပြီ ”
“မျိုးမစစ်လေး မင်းက သေချင်နေတာပဲ ”
ချူလောက ဟိန်းဟောက်လိုက်ရာ ကျန်းရီ၏ နားစည်များကို ပြင်းစွာသောနာကျင်မှု ခံစားသွားရစေ၏။ သူ၏အတွင်းအားတွင် ထိခိုက်မှုက သူ့ကိုယိမ်းယိုင်သွားစေပြီး ခေါင်းနှင့်မြေပြင်ကို ရိုက်မိလုနီးပါး ဖြစ်သွားစေ၏။ သူက မြဲမြံစွာရပ်နိုင်ရန် ရုန်းကန်နေရ၏။ သူ၏အတွင်းအားများ သာမာန် အခြေအနေသို့ ရောက်အောင် ပြန်ထိန်းပြီးနောက် ခန္ဓာကိုယ်သည် အဖြူရောင် အလင်းတန်းဖြင့် ဖြတ်ခနဲ လှုပ်ရှားသွားပြီးနောက် ကျန်သည့်ဗာဂျရာနယ်ပယ် သိုင်းပညာရှင်ဆီသို့ နေရာ ရွေ့ပြောင်းသွားတော့သည်။
“ဟ ”
ဖုန်းလန်က အော်သံသဲ့သဲ့ဖြင့် ချူလောကို ထိန်းထားရန် ကျားကုပ်ကျားခဲ ကြိုးစားနေလေသည်။ ကျန်းရီက နောက်ဆုံး ဗာဂျရာနယ်ပယ် သိုင်းပညာရှင်ကို သတ်နိုင်သ၍ သခင်လေးဖေးထျန်းသည် ကျန်သည့်သက်တော်စောင့်များ ရှိတော့မှာမဟုတ်ပေ။ သူ၏ခွန်အားကိုသုံးပြီး ကျန်းရီက ဖေးထျန်းနောက် လိုက်နိုင်ပြီး ချူလောက ဖေးထျန်းကို ကာကွယ်ချင်လျှင် တစ်ခုတည်းသော ရွေးချယ်စရာက နောက်ပြန်ဆုတ်ရန်သာ ဖြစ်ပေမည်။
ဘန်း
လုံလောက်သွားပြီဖြစ်သည်။ ကျန်းရီက ကျန်ရှိသော ဗာဂျရာနယ်ပယ် သက်တော်စောင့်ကို ဖမ်းမိသွားပြီး သူ့ကို ဖိနှိပ်ရန် သတ်ဖြတ်ခြင်းဆန္ဒကို အသုံးပြုလိုက်၏။ မီးနဂါးနှစ်ကောင် ပေါ်ထွက်လာပြီး ဘုံကိုးဘုံ၏ နဂါးမီးလျှံက ဗာဂျရာနယ်ပယ် သိုင်းပညာရှင်ကို ပြာအဖြစ် အလွယ်တကူ ပြောင်းလဲသွားစေတော့သည်။
“ထွက်သွား ”
နောက်ဆုံးတွင် ချူလောက အကြောက်တရားကို ခံစားလိုက်ရပြီး မိုးခြိမ်းသံပမာ ဟိန်းသံဖြင့် အော်ဟစ်လိုက်လေ၏။ ဖုန်းလန်ကို နောက်ပြန်ဆုတ်စေရန်အတွက် အစွမ်းထက်သော တိုက်ကွက်များစွာကို ထုတ်ဖော်လိုက်တော့သည်။ ချူလော၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ဖေးထျန်းဘေးသို့ ရောက်လာ၏။ သူက လက်တစ်ဖက်ဖြင့် ဖေးထျန်းကိုသယ်လျက် ကျန်တစ်ဖက်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားသည်။ သို့သော် သူပြေးသည့်ဘက်က ကျန်းရီရပ်နေသည့် နေရာပင်ဖြစ်သည်။
“သခင်လေး သတိထား ”
ဖုန်းလန်က အော်ပြောလိုက်လေ၏။ ချူလောသည် ပြန်ဆုတ်ရန် မစဉ်းစားတော့ဘဲ ကျန်းရီနည်းတူ တူညီသောဗျူဟာကို ရွေးချယ်ခဲ့၏။ အချိန်တိုအတွင်း ဖုန်းလန်ကို သူအနိုင်မယူနိုင်မှန်း သိနေသည်။ ထို့ကြောင့် ကျန်းရီကို ဦးစွာသတ်ပြီးမှ ဖုန်းလန်ကို ဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့သည်။
“အမ် ”
ကျန်းရီက နောက်ဆုံး ဗာဂျရာနယ်ပယ် သက်တော်စောင့်ကို သတ်ဖြတ်ပြီးကာစ၌ ဖုန်းလန်၏ အော်သံကို ကြားလိုက်ရတော့သည်။ သူကလှည့်ကြည့်လိုက်ရာ သူ့နောက်သို့ တစ်ဟုန်ထိုး ချဉ်းကပ်လာနေသော အနက်ရောင်အရပ်ကို မြင်တွေ့လိုက်ရသည်။
သူ၏အမူအရာက ပြောင်းလဲသွားပြီးနောက် ပေါင်းစည်းတိုက်ကွက်ကို ထုတ်ဖော်ရန် တန်ပြန်တိုက်ခိုက်လိုက်တော့၏။ သူသည် ဘုံကိုးဘုံ၏ နဂါးမီးလျှံ ပမာဏများစွာကို လေနဂါးတို့ဖြင့်အတူ ထုတ်ဖော်လိုက်၏။ တမလွန်လောက တစ္ဆေမီးလျှံတစ်ဝက်ကို ပေါင်းစည်းပြီးဖြစ်ရာ တစ်ဝက်နီးပါးကို အသုံးပြုခဲ့ပြီးဖြစ်ရာ ထပ်မံပြီး အဆင်အခြင်မဲ့စွာ အသုံးမပြုရဲတော့ချေ။ အသုံးပြုမှုတိုင်းက ယုတ်လျော့မှုကို ဖြစ်စေ၏။ ယင်းက တန်ဖိုးကြီးလွန်းသည်။
လက်ရှိတွင်သူက ကိုယ်ခွဲကိုထုတ်ဖော်ပြီး သူ၏ကိုယ်ကို အယောက်ငါးဆယ် ခွဲလိုက်ပြီး အရပ်မျက်နှာ အသီးသီးဆီသို့ ပြေးထွက်ကာ ချူလော၏ အကဲဖြတ်မှုကို အားနည်းစေကာ အားစိုက်ထုတ်စရာမလိုဘဲ ထွက်ပြေးနေတော့သည်။ သို့သော်သူက ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးကို လျော့တွက်ခဲ့မိသည်။ ထိုချူလောသည် တာအိုပုံစံကို သူ့ဘာသာသူ နားလည်သဘောပေါက်အောင် ဆင်ခြင်ပြီး လက်ရှိအခြေအနေသို့ ရောက်လာခဲ့တာပဲဖြစ်သည်။ သူကမည်သည့် အထူးစွမ်းအင်မှ ထုတ်ဖော်ခြင်းမပြုဘဲ ရိုးရိုးရှင်းရှင်း ပါးစပ်ကသာ အော်ဟစ်ပြောလိုက်လေ၏။
“ဖြိုခွင်းစမ်း ”
ခြင်္သေ့တစ်ကောင်ထံမှ တုန်လှုပ်ဖွယ် ဟိန်းသံပမာ ယင်းက ကောင်းကင်နှင့်မြေကြီးထဲ ပြောင်းလဲမှုကို ဖြစ်ပေါ်သွားစေပြီး လေနှင့်တိမ်တို့က တစ်ဟုန်ထိုး လှုပ်ရှားလာတော့သည်။ လေဟာနယ် နယ်မြေအတွင်းရှိ တုန်လှုပ်မှုတစ်ခုက ပေါ်ထွက်လာပြီး တည်ငြိမ်နေသော ရေအိုင်သည် ဧရာမသားရဲတစ်ကောင် ဖျက်ဆီးတာ ခံလိုက်ရသည့်ပမာ ဖြစ်နေတော့၏။ လှိုင်းကယက်များက လေဟာနယ် နယ်မြေအတွင်း ပေါ်ပေါက်လာပြီးနောက် လူတိုင်းမြင်နိုင်သည့် သိသာသော လှိုင်းဂယက်တစ်ခု ပေါ်လာသည်။
လေဟာနယ် ဂယက်ငယ်များသည် အပြင်ဘက်သို့ ပေါ်ထွက်လာပြီး ကျန်းရီ၏ မီးနဂါးနှစ်ကောင်နှင့် ဘုံကိုးဘုံ၏ နဂါးမီးလျှံတို့က တစ်စစီဖြစ်သွားပြီး သူတို့၏အရှိန်က ရုတ်တရက် နှေးသွားတော့သည်။ လှိုင်းကယက်များက ကျန်းရီ၏ ကိုယ်ခွဲများအားလုံးဆီ အာရုံစိုက်ထုတ်မှုမရှိ ပြန့်ကားသွားပြီး သူတို့ကို ပျော်ဝင်သွားစေတော့၏။ ကျန်းရီ၏ ခန္ဓာကိုယ်အစစ်အမှန်က လေထဲတွင် တုန်လှုပ်သွားပြီး မြေကြီးပေါ် ပြုတ်ကျသွားတော့၏။
ခြင်္သေ့ဟိန်းသံက ကျန်းရီ၏ အတွင်းအားတို့ကို ယိုယွင်းစေနိုင်သည်။ အချိန်တိုအတွင်းသာ ဖြစ်နိုင်သော်ငြား သူ၏အတွင်းအားတို့ ကသောင်းကနင်း ဖြစ်သွားသည်နှင့် သူ၏ကိုယ်ခွဲများကို ထိန်းချုပ်နိုင်တော့မှာ မဟုတ်ပေ။ သူ့ကိုမြေကြီးပေါ်သို့ ပြုတ်ကျသွားစေတော့၏။
“သခင်လေး ”
ဖုန်းလန်က ကြောက်လန့်မှုကြောင့် ဖြူရော်လာပြီးနောက် မြန်ဆန်သည့်အရှိန်ဖြင့် ပြန်လာကာ အမှောင်တာအိုပုံစံကို ထုတ်ဖော်ရန် သူမ၏လက်နှစ်ဖက်ကို မြန်မြန်ဆန်ဆန် ဝှေ့ယမ်းလိုက်လေ၏။ သူမ၏ ချယ်ရီရောင် နှုတ်ခမ်းတို့ကလည်း လတ်လတ်ဆတ်ဆတ်သွေးတို့ စီးကျလာနေပြီး သူမသည် အစောပိုင်းက ချူလောကြောင့် ဒဏ်ရာရသွားတာ သိသာနေ၏။ ယခုအချိန်တွင် ဘာကိုမှ တွေးမနေနိုင်ပေ။ ကျန်းရီသေလျှင် သူမနှင့်ချင်ယွီသည်လည်း တူညီသော ကံကြမ္မာကို ခံစားရမှာပဲဖြစ်သည်။
ကျန်းရီနှင့် ဤကာလအတွင်း အတူရှိလာပြီးနောက် ကျန်းရီအပေါ် ထူးဆန်းသော ခံစားချက်တစ်မျိုး အစပျိုးလာခဲ့ပြီဖြစ်သည်။ သူမက ကျန်းရီ၏ကျွန်ဖြစ်တာ အသားကျနေတာ ဖြစ်ကောင်းဖြစ်နိုင်၏။ ထို့ကြောင့် သူမသည်သူ့ကို တန်ဖိုးထား၏။ ကျန်းရီအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို မြင်နေရသည်က သူမ၏စိတ်နှလုံးကို လောင်ကျွမ်းစေသည်။
“ဟမ့် ”
သူ့နားသို့ ချူလောချဉ်းကပ်လာတာကို မြင်ပြီး ကျန်းရီက ဆုတ်စရာလမ်း မရှိတော့တာကို သိလိုက်သည်။ သူကနေရာ ရွေ့ပြောင်းခဲ့လျှင်တောင် ချူလောသတ်တာ ခံရနိုင်၏။ သေရေးရှင်ရေး အခြေအနေ၌ သူကထွက်ပြေးရန် မရွေးချယ်ခဲ့ပေ။ သူကမြေကြီးကို ဆောင့်နင်းလျက် ချူလောဆီသို့ တစ်ဟုန်ထိုး ဝင်သွားလိုက်သည်။ ပြီးနောက် မီးနဂါးဓားဖြင့် ရုတ်တရက် ပိုင်းဖြတ်လိုက်တော့၏။ ယခုအခေါက်တွင် ပတ်ဝန်းကျင်ရှိလေကို ချက်ချင်းလောင်ကျွမ်းစေနိုင်သည့် တမလွန်လောက တစ္ဆေမီးလျှံဖြင့် ပေါင်းစည်းထားပြီးဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသည့် အပူလှိုင်းက ချူလောနှင့် သခင်လေးဖေးထျန်းဆီသို့ ဦးတည်သွားတော့၏။
တစ်ချိန်ထဲတွင် ကျန်းရီ၏ ကျန်သည့်လက်တစ်ဖက်က ကြယ်စွမ်းအားကို သိပ်သည်းပြီး သေးငယ်သော လက်ဝါးရိပ်တစ်ခုအဖြစ် ရုတ်တရက် ထုတ်ဖော်လိုက်တော့သည်။
ဖုန်း ဖုန်း ဖုန်း
ကြယ်စွမ်းအားက အလွန်အစွမ်းထက်၏။ ယင်းကို စတင်ထုတ်ဖော်သည်နှင့် လေဟာနယ် နယ်မြေသည် လေထဲရှိ ပေါက်ကွဲမှုကြောင့် တုန်ယင်သွားတော့၏။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက သခင်လေးဖေးထျန်း၏ အမူအရာကို ပြောင်းလဲသွားစေတော့သည်။ မူလက သူ၏လျှပ်စီးကို ထုတ်ချင်ခဲ့၏။ သို့သော်ထိုအစား သူကပြောလိုက်တော့သည်။ “ချူလော အဲ့ဒါက ဘုံကိုးဘုံ ကြယ်ပွင့်ရဲ့ စွမ်းအားပဲ ”
“ဟား ဟား ဟား ”
ရယ်သံက ပဲ့တင်သံ ထပ်လုနီးပါး ဖြစ်သွား၏။ “ခွေးအိုကြီး မင်းငါ့ကိုသတ်ချင်တယ်ဆိုရင် မင်းနဲ့မင်းရဲ့ သခင်လေးကိုပါ ငါနဲ့အတူ မြုပ်နှံခွင့်ပေးမယ် ”
ကျန်းရီက သူ၏အသက်ကို စွန့်စားခဲ့သည်။ သူ၏အသက်ကို လောင်းကြေးထပ်ခဲ့ရာ ချူလောသည် ဖေးထျန်း၏အသက်နှင့် ကျန်းရီ၏အသက်ကို အလဲအလှယ် မပြုရဲပေ။ ချူလောအဖို့ ကျန်းရီကို ထိုအကွာအဝေးအတွင်း သတ်ဖြတ်ရန် လွယ်ကူ၏။ သို့သော် ကျန်းရီ၏ တစ္ဆေမီးလျှံများနှင့် ဘုံကိုးဘုံကြယ်ပွင့်၏ စွမ်းအားက နှိပ်ကွပ်နိုင်စွမ်း ရှိလွန်းနေသည့် ချူလောသည် အသက်ရှင်ကောင်း ရှင်နိုင်သော်ငြား ကြယ်စွမ်းအားဖြင့် ဖေးထျန်းအထိခံရမည့်အချက်ကို ဘေးချိတ်ထားလျှင်တောင် တစ္ဆေမီးလျှံများ ကပ်လွန်းနေလျှင် ဖေးထျန်းက ဖုန်ဖြစ်သွားမှာပဲဖြစ်သည်။
“အမျိုးယုတ်လေး မင်းက ပါးနပ်လွန်းတာပဲ ”
ထင်သည့်အတိုင်း ချူလောက မစွန့်စားရဲချေ။ သူက ဟိန်းဟောက်လိုက်ရာ လေဟာနယ် နယ်မြေကို တုန်ယင်သွားစေပြီး သူကနောက်ဆုတ်ကာ ပုံရိပ်ယောင်တစ်ခုအဖြစ် အသွင်ပြောင်းပြီး လှည့်ပြေးတော့၏။ ဖုန်းလန်က လျင်မြန်စွာ ချဉ်းကပ်လာပြီးဖြစ်ရာ ချူလောသည် ကျန်းရီကို သတ်ဖြတ်ရန် အခွင့်အရေး မရတော့မှန်း သိနေ၏။ သူယခုအချိန်တွင် နောက်မဆုတ်လျှင် သခင်လေးဖေးထျန်းက ဤနေရာတွင် မြုပ်နှံခံရနိုင်သည်။
ဝှစ်
ချူလောက သခင်လေးဖေးထျန်းကို သယ်သွားပြီး မလှမ်းမကမ်းသို့ ထွက်ပြေးသွားစဉ် ဖေးထျန်းက ယနေ့အရှုံးနှင့် ထွက်ခွာရမည်မှန်း သိနေ၏။ သူကဒေါသတကြီး အော်ရုံသာ တက်နိုင်သည်။
“မျိုးမစစ်ကောင် ဒီသခင်လေးကို စောင့်နေတာ ပိုကောင်းလိမ့်မယ် မင်းကို ဆယ်ရက်အတွင်း ငါမသတ်ရရင် ငါလူတစ်ယောက်ဖြစ်ဖို့ မတန်တော့ဘူး ”
***