မင်းရဲ့ဂိုဏ်းချုပ်ကို မျက်နှာသာပေးတဲ့ အနေနဲ့ အဲဒီမှာရပ်ကြည့်နေပါ ... ။
Vol. 68 Ch. 808
အထက်ပါဖြစ်စဉ်နှင့် မြင်ကွင်းများအရ ဤအနက်ရောင် သင်္ဘောကြီးသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မရဏကမ္ဘာကို လှုပ်လှုပ် ရှားရှား ဖြစ်စေသည့် တစ္ဆေသင်္ဘောဖြစ်မှန်း သေချာသွားတော့သည်။
အတွင်း၌ ဖမ်းဆီးခံနေသူများသည် လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း ထူးဆန်းစွာ နာကျည်းခြင်းပင်လယ်ပြင်တွင် ပျောက်ကွယ် သွားခဲ့သည့် ဧကရာဇ်များဖြစ်နေ၏။
“ ဒါကနည်းနည်းတော့ ရှက်စရာ ကောင်းပါတယ် မင်းရဲ့အာရုံကို ဆွဲဆောင်ဖို့ အတွက် ဒီလှေငယ်လေးကို အသုံးပြုပြီး ငါ့မှာ နှစ်ပေါင်းများစွာတိုင်အောင် ....
... ဆူညံသံတွေ ဖန်တီးခဲ့ရတယ် ... ဒါပေမယ့်တစ်ဖက်မှာလည်း ဒီလိုအမှိုက်တွေက နေ့စဉ်နဲ့မပြတ် ရောက်လာနေတယ်။ ”
ထို့နောက် ဝါးခမောက်ဆောင်းထားသူက သူ့ကိုယ့်သူ နှစ်သိမ့်လိုက်သည့် အရိပ်အယောင် ပြသလာကာ၊
“ ကံကောင်းထောက်မစွာနဲ့ ... နောက်ဆုံးတော့ မင်းရောက်လာပြီ ... ဒီနှစ်တွေ တလျှောက်လုံး ... ငါ့အချိန်တွေဖြုန်းတီးခဲ့ရတာ အလကားမဖြစ်တော့ပါဘူး။ ”
-ဟု ရေရွတ်၏။ ထိုအခါ ငရဲဘုရင်သည် အနက်ရောင် သင်္ဘောပေါ်လာခြင်းသည် စုရီကို ဤနေရာသို့ဆွဲဆောင်ရန် ရည်ရွယ်ထားကြောင်း သဘောပေါက်လိုက်သည်။
ဤအကြောင်းသည် သူမရင်ထဲ ထူးဆန်းသောခံစားချက်များ ဝင်ရောက်လာစေ တော့သည်။ စုရွှမ်းကြွယ်သည် ပြန်လည်ဝင်စား ပြီးနောက် နာကျည်းခြင်းပင်လယ်တွင် သူ့ကို ဖမ်းဆီးရန် တပည့်များမှ ကြံစည်၏။
အလားတူပင် ပြင်ပကမ္ဘာမှ တစ်စုံတစ်ယောက်သည် သူ့မိတ်ဆွေများကို ဖမ်းဆီးကာ အသင့်စောင့်ဆိုင်းနေသည်။
ထိုအချင်းအရာများအရ စုရွှမ်ကြွယ်ကို တပည့်များအပါအဝင် ပြင်ပအင်အားစုများသည် ငါးတစ်ကောင်ကဲ့သို့ ရှုမြင်နေကြာင်း မြင်သာ၏။
သူမသည်သာဆိုသော် အဆိုပါ လုပ်ရပ်များကြောင့် ဒေါသထွက်လွန်းပြီး သွေးချောင်းစီးစေမည်မှာ သေချာ၏။ သို့သော် စုရီသည် သူမ မဟုတ်ချေ။ အံ့သြစရာ ကောင်းစွာပင် တည်ငြိမ်နေလျက်၊
“ အခု မင်းရဲ့ရည်မှန်းချက် အောင်မြင်ပြီဆိုတော့ သူတို့ကို လွှတ်ပေး နိုင်မလား။ ”
-ဟု ပြန်မေးလိုက်၏။
ဝါးခမောက်ဆောင်းထားသူက ခေါင်းခါပြီး၊
“ သူတို့က ဓားစာခံတွေ မဟုတ်ဘူး ဒါကြောင့် အပြန်အလှန်လဲလှယ်ဖို့ အကြောင်း မရှိဘူး ... ပြီးတော့ မင်းကိုအတင်းအကျပ် လက်ခံအောင် ...
... ငါ့လိုလူက တခြားသူတွေရဲ့ အသက်နဲ့ခြိမ်းခြောက်ဖို့လိုတယ်လို့ မင်းတကယ် ထင်နေတာလား။ ”
-ဟု တုန့်ပြန်လာ၏။
ဤအချိန်တွင် တစ်ဖက်လူ၏မာနနှင့် ယုံကြည်မှု အရိပ်အယောင်ကို စုရီမြင်လိုက်ရ ချေပြီ။ ယင်းသည် ကြယ်များပြည့်နှက်နေသည့် ကောင်းကင်ကြီးနှင့် ရင်ဆိုင်နေရသလို ခံစားရ၏။ နက်ရှိုင်းပြီး အကန့်အသတ်မဲ့သည်။
“ ဒါဆို မင်းလိုချင်တာကို ... ငါပေးခဲ့ရင်တောင် သူတို့ကိုမလွှတ်ပေးဘူးလို့ ဆိုလိုတာလား။ ”
“ မှန်တယ် ... အဲဒီအခေါင်းထမ်း အဖိုးအိုကြီးက ကျေးဇူးမသိတတ်ဘူး ဒီကြောင့် ဒီသင်္ဘောကိုထမ်းဖို့ထိုက်တန်တယ် ...
... ပြီးတော့ အဲဒီကြယ်လှောင်အိမ်ထဲက လူတွေအတွက်က သူတို့ရဲ့လောဘအတွက် သူတို့ကိုယ်တိုင်ပဲ အပြစ်တင်ရမယ် ... ။ ”
ထို့နောက် စကားခဏရပ်ကာ ပြုံးလျက် စုရီကိုပြန်ကြည့်ပြီး၊
“ ဟုတ်ပါတယ်၊ မင်းက ငါ့ကို လွန်လွန်ကဲကဲဖြစ်လွန်းတယ်လို့ ထင်လိမ့်မယ် ဒါပေမယ့် ဒါကမင်းရဲ့အမြင်ပဲ ငါ့အမြင်အရတော့ သူတို့က အပြစ်ပေးခံထိုက်တယ်။ ”
-ဟု အဆုံးသပ်လိုက်သည်။
“ ငါ့ကိုပြောပါ၊ မင်းဒီမှာ ဘာစီစဉ်နေတာလဲ။ ”
စုရီက မျက်ဝန်းများ မှေးစင်လျက် ပွင့်ပွင့်လင်းလင်း မေးမြန်းလိုက်လေသည်။
“ ငါဘာလိုချင်လဲ မင်သိပါတယ် ... ဒီကမ္ဘာတစ်ဝှမ်းမှာ ပြန့်ကျဲနေတဲ့ ပြန်လည် ဝင်စားခြင်း လျှို့ဝှက်ချက် အပြည့်အစုံကို ငါလိုချင်တယ် ဒီပြန်လည်ဝင်စားခြင်း ...
... လမ်းကြောင်းကို တစ်ချိန်က မင်းဖွင့်နိုင်ခဲ့ပြီး အခုငါ့ရှေ့မှာ ပြန်လည်ဝင်စား လာနိုင်နေပြီ။ ”
ပြန်လည်ဝင်စားခြင်း စည်းမျဉ်းကို မှားယွင်းစွာသေဆုံးခြင်းမြို့တော်၏ အုတ်ဂူနှင့် ဝင်စားခြင်းပလက်ဖောင်းတွင် ရေးထွင်းထား၏။
သို့သော် ပြန်လည်ဝင်စားခြင်း ပလက်ဖောင်းနှင့် ထိုသင်္ချိုင်းကျောက်တိုင်ပေါ်ရှိ ပြန်လည်ဝင်စားခြင်းစည်းမျဉ်းများသည် ဤရေကန်ရှိ နစ်မြုပ်ခြင်း စည်းမျဉ်းများ၏ တစ်စိတ်တပိုင်းမျှသာဖြစ်သည်။
ထိုနေရာများသည် ပြန်လည်ဝင်စားခြင်းအပေါ် ပြီးပြည့်စုံစွာ ပြုလုပ်ပေးနိုင်ခြင်း မရှိကြချေ။ ထိုလေးနက်မှုကို ဝါးခမောက်ဆောင်းသူမှ သိရှိနေသည်။
“ ဒီလိုမှန်းသိခဲ့ရင် မင်းနဲ့ အခုလိုစကားတွေပြောပြီး အချိန်ဖြုန်းနေမှာ မဟုတ်ဘူး အစောတည်းကသတ်ပစ်လိုက်ရင် အရာအားလုံး ပြီးမြောက်သွားမှာပဲ။ ”
စုရီက ညည်းတွားလိုက်သည်။ သူ့စကားကြောင့် ဝါးခမောက်ဆောင်းထားသော လူသည် မျက်ခုံးပင့်လျက်၊
“ ငါ့ကိုသတ်မှာလား။ ”
-ဟု အံ့အားသင့်သွား၏။ ထိုနောက် ဝါးခမောက်ဆောင်းထားသူက ပြုံးရွှင်လာကာ၊
“ ရှေးဟောင်း ကြယ်အပျက်အစီး တစ်ခုနဲ့တူနေတဲ့ ဒီရွှမ်းဟွမ်ကြယ်နယ်မြေမှာ အတိတ်တုန်းက မင်းဟာအုပ်စိုးရှင်တစ်ပါး မဟုတ်လား ... ဒါပေမယ့် ငါ့အမြင်မှာတော့ ...
... မင်းက အရမ်း အားနည်းသေးတယ် အခုပြန်ဝင်စားပြီးနောက်မှာဆိုရင် ပြောနေစရာမလိုတော့အောင် ... အတိတ်ကခွန်အားထက် မင်းအများကြီးနိမ့်ကျနေပြီ။ ”
-ဟု ပြောကြားလိုက်၏။
သို့သော် စုရီက ဂရုမစိုက်ဘဲ ကျောက်စိမ်းဓားဘူးသီးကို ထုတ်ယူလိုက်၏။ ဝါးခမောက်ဆောင်းထားသူက ထိုအရာကို မြင်ချိန်တွင် အံ့အားသင့်သွားသည်။
“ ဒီရတနာကထူးကဲပြီး တကယ့်ကို ရှားပါးတာပဲ ကောင်းပြီ မင်းကတိုက်ပွဲအတွက် အရမ်းကို စိတ်အားထက်သန်နေတာကြောင့် မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ် မင်းကို ယုံကြည်လာတဲ့အထိ ရိုက်နှက်ပေးမယ်။ ”
“ ကလန် ... ။ ”
“ ခရစ် ... ။ ”
သို့သော် သူ့စကားမဆုံးခင် ကျောက်စိမ်းဓားဘူးသီးသည် မြည်သံပြုလျက် လေထုအလယ် အလင်းတစ်ချက် လက်သွားလေသည်။
ထိုအလင်းသည် စူးရှလွန်းသဖြင့် ငရဲဘုရင်ခမျာ မျက်ဝန်းတစ်စုံသည်နာကျင်မှု ခံစားလိုက်ရ၏။ ချက်ချင်း မျက်ဝန်းများ မှိတ်လိုက်ရသည်။
“ ဝုန်း... ။ ”
ကျယ်လောင်သော ပေါက်ကွဲမှုနှင့်အတူ စုရီနှင့်သုံးပေအကွာရှိ လေဟာနယ်ပြိုကျကာ အဖျက်စွမ်းအားတစ်ခု ထွက်ပေါ်ပျံ့နှံ့သွား၏။
“ မဆိုးဘူး ... ။ ”
ဝါးခမောက်ဆောင်းထားသောလူက အံ့အားသင့်စွာဖြင့် မှတ်ချက်ပေးတော့သည်။ စကားပြောနေစဉ်တွင် ကြယ်ဆိတ်သုဉ်းခြင်း ဥပဒေကို တိတ်တဆိတ်ထုတ်ဖော်ကာ စုရီထံ နှိမ်နင်းရန် ကြိုးစားနေခြင်းဖြစ်၏။
သို့သော် စုရီသည် ချက်ချင်းသိရှိသွားပြီး ဓားတစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
တစ်ဖက်တွင် လေဟာနယ်ပြိုကျလျက် အဖျက်စွမ်းအားများ ပြန့်ကားလာနေမှသာလျှင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ငရဲဘုရင်က သဘောပေါက်သွား၏။
ဤသည်မှာ သေစေနိုင်သော အငိုက်ဖမ်းတိုက်ခိုက်မှုပင်။ ကျောရိုးတလျှောက် အေးစက်သောခံစားချက်ဝင်လာ၏။ စုရီသာ အနည်းငယ် သတိမမူမိသော် သေနိုင်မည်။
“ ဒီဓားက ရတနာဖြစ်ပေမယ့် ငါ့ရဲ့ကြယ်ဆိတ်သုဉ်းမှုဥပဒေကို ချိုးဖောက်လို့ မရသေးပါဘူး ... မင်းမှာ ဒီထက်ပိုပြီး တစ်ခုခုရှိနေပုံရတယ်။ ”
ဝါးခမောက်ဆောင်းထားသောလူ၏ မျက်ဝန်းများသည် ကြယ်များပြည့်နေသည့် ကောင်းကင်ကြီးတစ်ခုလို နက်ရှိုင်းသွားပြီး ရောင်ဝါတစ်ခု ပျံ့လွင့်လာသည်။
သူတို့ပတ်ဝန်းကျင်လေထုသည် တိတ်ဆိတ်စွာလောင်ကျွမ်းနေပြီး ကြယ်ရောင်စုံ အလင်းတန်းများ ထွက်ပေါ်လျက် ရေဝဲတစ်ခုလို လည်ပတ်လာခဲ့သည်။
ပြိုင်ဘက်တွင် လျှို့ဝှက်ချက် အနည်းငယ်ရှိနေပုံပင်။ စိတ်ဝင်စားစရာ ကောင်းလှ၏။
တစ်ဖက်တွင် ငရဲဘုရင်သည် သူမ၏ကျင့်ကြံမှုကို အသက်သွင်းလိုက်ရသည်။ အနက်ရောင်ဝတ်စုံသည် လှိုင်းထလာပြီး သူမခန္ဓာကိုယ်တစ်ဝိုက် ကောင်းကင်ဆန္ဒ ဥပဒေများ အလွှာလိုက်ဖြစ်ပေါ်လာ၏။
ဝါးခမောက်ဆောင်းထားသောလူကို ကြယ်တာရာ အုပ်စိုးရှင်အလား ထင်ရစေသည်။ တစ်ဖက်လူသည် အစွမ်းထက်လွန်း၏။ ထို့ကြောင့် အသက်ပြင်းပြင်းရှူလျက် စုရီကို ကူညီရန် ပြင်လိုက်ရသည်။
“ ကောင်းကင်ဆန္ဒဥပဒေလား ဟားဟားဟား။ ”
ဝါးခမောက်ဆောင်းထားသောလူသည် သူမကိုကြည့်ကာ အံ့အားသင့်သွားပုံရပြီးနောက် ပြုံးရယ်လျက် အင်္ကျီလက်ကို လှုပ်ရမ်းလိုက်၏။
“ ဝုန်း ... ။ ”
ကြယ်အလင်းတန်းတစ်ခုသည် လှိုင်းလုံးကြီးအလား သူမထံဆင်းသက်လာပြီး ချက်ချင်းပေါက်ကွဲသွားတော့သည်။
“ အဟွတ် ... အဟွတ် ... ။ ”
ငရဲဘုရင်ခမျာ ပြင်းစွာသော ဒဏ်ရာများ ရရှိသွားပြီး နောက်သို့လွင့်စင်ကာ ပေတစ်ရာ အကွာ၌ ပြုတ်ကျသွား၏။
ဝတ်ရုံများ စုတ်ပြဲသွားလျက် သွေးများဖြင့်စွန်းထင်းနေကာ အံ့မခန်းလှပသော မျက်နှာလေးသည် ဖြူဖျော့သွားချေပြီ။
အင်္ကျီလက်ကို လှုပ်လိုက်ရုံဖြင့် သူမကိုလွင့်စင်သွားစေရာ ကျင့်ကြံမှုအဆင့် မည်မျှ မြင့်မားနေမည်ကို မမှန်းဆနိုင်ခဲ့ချေ။
“ မင်းရဲ့ ဂိုဏ်းချုပ်ကို မျက်နှာသာ ပေးတဲ့အနေနဲ့ ငါမင်းကိုမသတ်ဘူး ဘေးကနေ ပွဲကြည့်ပါ ... မဟုတ်ရင် မင်းရဲ့ဂိုဏ်းချုပ် မျက်နှာလည်း အသုံးမဝင်နိုင်ဘူး။ ”
သူ့စကားများတွင် သူမကို ရှင်းလင်းစွာ မြင်နိုင်ကြောင်း ထင်ရှားသည်။ တစ်ဖက်တွင် သူသည်လည်း ကောင်းကင်ကိုးပါး နန်းတော် ဂိုဏ်းချုပ်နှင့် ရင်းနှီးကျွမ်းဝင်ကြောင်း ညွှန်ပြနေ၏။
ဝါးခမောက်ဆောင်းထားသောလူက သူမကိုလျစ်လျူရှုကာ စုရီထံလှည့်ကြည့်ပြီး၊
“ လာ ... မင်းငါ့ကို ဘယ်လိုသတ်မလဲ ငါကြည့်ချင်တယ်။ ”
-ဟု ဖိတ်ခေါ်လိုက်တော့၏။ စုရီက ခေါင်းညိတ်ပြီး၊ ‘မင်းဆန္ဒအတိုင်း’-ဟုဆိုကာ ဓားဘူးသီးကို အသက်သွင်းလိုက်သည်။
“ ကလန် ... ။ ”
ရုတ်တရက် နတ်ဘုရားဆန်သော အပြာရောင်အလင်းနှင့် အရိပ်များပေါ်လာကာ သုံးပေရှည်သော မှုန်ဝါးဝါးကိုယ်ထည်ဖြင့် ဓားတစ်လက်ပေါ်လာ၏။
“ ခရစ် ... ။ ”
လေဟာနယ်သည် ထိုထက်ရှမှုကို မခံနိုင်ဘဲပြိုကျနေချေပြီ။ ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် အံ့မခန်း အစွမ်းထက်သော ဓားများဖြင့် ဖန်တီးထားသလိုခံစားရ၏။
အဝေးကနေ ကြည့်နေရုံဖြင့် ငရဲဘုရင်တစ်ယောက် အရေပြားများ ပြတ်ရှလာ သလို ခံစားလိုက်ရစေသည်။ ဓားအလင်းသည် အရမ်းထက်ရှပြင်းထန်ပြီး ကောင်းကင်ကို ထိုးဖောက်နိုင်ချေပြီ။
***