← Chapters

လောကသခင်၊ စုရွှမ်ကြွယ်နှင့် စုရီ။

Vol. 68 Ch. 812

လောကသခင်၊ စုရွှမ်ကြွယ်နှင့် စုရီ။

Vol. 68 Ch. 812

ဝါးခမောက်ဆောင်းထားသောလူသည် အလွန်ဆိုးရွားသော အခြေအနေတွင်ရှိနေသည်။ သူ့ခန္ဓာကိုယ်သည် ပွန်းပဲ့နေပြီး သွေးများသည် စမ်းရေတွင်းကဲ့သို့ စီးကျနေခဲ့၏။ အထူးသဖြင့် သူ့မျက်နှာသည် စုတ်ပြတ်သွေးစွန်းနေကာ အလွန်သနားစရာကောင်းလေသည်။

ဒေါသတကြီးဖြင့် လုံလောက်ပြီဟု အော်ဟစ်သံကိုကြားလိုက်သောအခါ စုရီနှင့် ငရဲဘုရင်၏ အမူအရာများသည် ပို၍ ထူးဆန်းလာတော့၏။

ယခင် ဝါးခမောက်ဆောင်းထားသော လူသည် သူ့အဆင့်၌ ဂုဏ်သိက္ခာနှင့်အရှက်ရမှု အပြင် ရှင်ခြင်းနှင့် သေဆုံးခြင်းကို ဂရုမစိုက်တော့ဟု ပြောခဲ့ဖူးသည်။

သို့သော် ယခုအခါတွင် သူသည် အလွန်ရှက်ရွံ့မှုကို ခံစားနေရ၏။ သူ့ဒဏ်ရာများ ချက်ချင်း ပြန်လည်ကောင်းမွန်လာကာ ချက်ချင်း ထရပ်လိုက်လေသည်။

“ ရွှပ် ... ။ ”

အင်္ကျီလက်လှိုင်းထသွားပြီး ရုတ်တရက် လက်မြှောက်လိုက်ကာ စွမ်းအင်အလင်းတန်းနှင့် ပစ်ခတ်လိုက်၏။

အနက်ရောင်သင်္ဘောသည် ခမ်းနားသောကြယ်အလင်းများ တောက်ပလျက် မြင်ကွင်းတစ်ခုပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သင်္ဘောအောက်ခြေအတွင်းမှ နာကျင်စွာ အော်သံတစ်သံ ထွက်ပေါ်လာတယ်။

ဤသည်မှာ ခေါင်းတလားထမ်း သူရဲအိုကြီးအသံဖြစ်၏။ စုရီတစ်ယောက်ခမျာ မျက်နှာပျက်ယွင်းသွားချေပြီ။

“ လောကသခင် ... မင်းက စုရွှမ်ကြွယ်ကြောင့် နိုးကြားလာတယ်ဆိုတာကို ငါခန့်မှန်းမိထားပြီးပြီ ... အဲဒီစုရွှမ်ကြွယ် မိတ်ဆွေတွေရဲ့အသက်က ...

... ငါ့လက်ထဲမှာရှိနေတယ် ... ငါတို့ သဘောတူညီချက်တစ်ခု လုပ်ရင်ကောင်းမလား ငါ့ကိုလွှတ်ပေးရင် ဘယ်သူ့ကိုမှ မထိခိုက်စေရဘူးလို့ ကတိပေးတယ်။ ”

“ ဟမ့် ... အရင်က ဘယ်သူက တခြားသူတွေရဲ့အသက်ကို ဓားစာခံအဖြစ် မသုံးဘူးလို့ ပြောခဲ့တာလဲ။ ”

စုရီက လှောင်ပြောင်သံဖြင့် ဝင်ရောက်‌မေးမြန်းလိုက်သည်။ ဝါးခမောက်နှင့် လူက ခေါင်းရမ်းကာ၊

“ အချိန်တွေ ပြောင်းသွားပြီ ... ၊ လောကသခင်လို ဒဏ္ဍာရီဆန်ဆန်ပုဂ္ဂိုလ်မျိုးနဲ့ ရင်ဆိုင်ရရင် ငါအသက်ရှင်ဖို့ ထူးခြားတဲ့ နည်းလမ်းတွေကို သုံးရလိမ့်မယ်။ ”

-ဟု တုန့်ပြန်၏။ သူ့အကြည့်များသည် သေမျိုးလောကဓားပေါ်၌သာ စိုက်ကြည့်နေပြီး လုံးဝပြောင်းလဲလိုဟန်မပြချေ။

“ တံငါသည် အဖိုးကြီး ... မင်းက အရင်လို စက်ဆုပ်ရွံရှာဖွယ်ကောင်းတုန်းပဲ မင်းရဲ့တန်ခိုးနဲ့ အခြားသူတွေကို ဥပဒေမဲ့ပြုမူတယ် ...

... ဒါပေမယ့် ငါ့ရှေ့မှာကျတော့ ဒီလိုရှက်စရာကောင်းလွန်းတဲ့ တောင်းဆိုမှုနဲ့ပဲ ထွက်ပြေးချင်နေတယ်။ ”

လောကသခင် အသံသည် ထပ်မံထွက်ပေါ်လာပြီး သူ၏မထီမဲ့မြင်ပြုမှုကို ဖုံးကွယ်ရန်မကြိုးစားချေ။ ချက်ချင်းပင် သူ့အသံ အေးစက်သွားသည်။

“ ကောင်းပြီ၊ မင်းကြိုက်သလို ထွက်သွားလို့ရတယ်။ ”

သို့မှသာ ဝါးခမောက်နှင့်လူသည် သိသိသာသာစိတ်လက်ပေါ့ပါးလျက် ပြုံးပြီး လက်ဝှေ့ရမ်းလိုက်သည်။

“ ကျေးဇူးတင်ပါတယ် ... ။ ”

လောကသခင်၏ အကျင့်စရိုက်အရ သူ့စကားများကို အမြဲလိုက်နာခဲ့ပြီး မည်သည့် အခါမျှ ပြန်မပြင်ချေ။

တစ်ချိန်တုန်းက ကြယ်တွေစုံလင်သော ကောင်းကင်ကြီးရှိ ရှေးဟောင်းအကြွင်းအကျန် အဖိုးကြီးများသည် လောကသခင်၏ စကားနှင့် လုပ်ရပ်များအပေါ် နတ်ဘုရားများကဲ့သို့ အလေးထားခဲ့ကြ၏။

ထို့နောက် ဝါးခမောက်နှင့်လူက သင်္ဘောကိုသိမ်းရန် လက်မြှောက်လိုက်သည်။ သို့သော် လောကသခင်မှ ခွင့်မပြုချေ။

“ ဒီပျက်စီးနေတဲ့သင်္ဘောကို မင်းယူသွားလို့ရတယ်လို့ ငါပြောတဲ့အထဲမှာ မပါဘူး။ ”

“ လောကသခင် မင်းစကားကို ပြန်ပြင်ဖို့ စီစဉ်နေတာလား။ ”

“ မင်းထွက်သွားမှာလား၊ မသွားဘူးလား။ ”

“ ငါက ကိုယ်ပွားတစ်ယောက်ပဲ ငါသေရင်တောင် ကြီးကြီးမားမားမဖြစ်ပါဘူး ဒါပေမယ့် စုရွှမ်ကြွယ်ရဲ့မိတ်ဆွေတွေကတော့ ကိုယ်ပွားမဟုတ်ဘူး ...

ထို့နောက် စုရီထံ လှည့်ကြည့်ကာ၊

“ ဒါကြောင့် မင်းဘာလုပ်ရမယ်ဆိုတာ သိတယ်မဟုတ်လား ... ။ ”

-ဟု ပြောကြားလိုက်၏။

ဤမတိုင်မီ သူသည် ညင်သာစွာ ပြောဆိုတတ်ပြီး သမာသမတ်ရှိရှိ လုပ်ဆောင် ပြခဲ့သည်။ သူသည် အလွန်အစွမ်းထက်ပြီး အမူအရာ၌ အပြစ်အနာအဆာကင်းနေ၏။

သို့သော် ယခုအခါတွင် မည်မျှ လူယုတ်မာဆန်ကြောင်း သဘောပေါက် လာလေသည်။

ဤကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်သည် သူ့ထက်သန်မာသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရချိန်တွင် စစ်မှန်သောအသွင်အပြင်ကို ပြသလာချေပြီ။

“ မင်းသူတို့ကို မင်းသတ်ချင်ရင် သတ်နိုင်တယ် ဒါပေမယ့် ငါအာမခံနိုင်တယ် ကြယ်မြစ်နတ်ဂိုဏ်းကို ဖျက်ဆီးပြီး မင်းခေါင်းကို ငါယူပြီး သူတို့အတွက်လက်စားချေပေးမယ်။ ”

စုရီက တည်ငြိမ်စွာ တုန့်ပြန်၏။ ဝါးခမောက်နှင့်လူသည် မမျှော်လင့်သောကြောင့် အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ ထို့နောက်တွင်။

“ ဟား ဟား ဟား ... အဲဒီကြယ်မြစ်နတ်ဂိုဏ်းကို ဖျက်ဆီးပစ်မှာလား ဘယ်လောက်တောင် ကောင်းလိုက်လဲ။ ”

လောကသခင်အသံသည် ရယ်သံစွက်လျက် သေမျိုးနယ်ပယ်ဓားအတွင်းမှ ပေါ်ထွက်လာ၏။ ကျေနပ်မှု၊ ဂုဏ်ယူမှုအပြည့်ရှိနေသည်။

“ ဒီနေ့အတွက် သေတဲ့အထိ တိုက်ခိုက်ရတဲ့တိုက်ပွဲတစ်ခု ဖြစ်လာတော့မယ် ထင်တယ် ... ။ ”

ဝါးခမောက်နှင့်လူက ညည်းတွားလိုက်၏။

“ သေတဲ့အထိတိုက်ပွဲလား တံငါသည်အဖိုးကြီး မင်းအတွေးလွန်နေပါပြီ။ ”

လောကသခင်၏ အသံများ အေးစက်သွားလေသည်။

“ ဝုန်း ... ။ ”

ထို့နောက် သေမျိုးနယ်ပယ်ဓားသည် ရုတ်တရက်ဆင်းသက်လာခဲ့ပြီး အနက်ရောင် သင်္ဘောအတွင်း ထိုးစိုက်သွားတော့၏။ သင်္ဘောကြီးသည် ပြင်းထန်စွာတုန်ခါလျက် အကူအညီမဲ့စွာ ရုန်းကန်နေချေပြီ။

“ မင်း ... ။ ”

ဝါးခမောက်နှင့်လူက သွေးအန်ပြီး မျက်နှာဖြူဖျော့သွားသည်။ ထိုအချိန်တွင်သူနှင့် အနက်ရောင်သင်္ဘောကြား ဆက်သွယ်မှုများ ရုတ်တရက် ပြတ်တောက်သွား၏။

“ မင်းရဲ့စိတ်စွမ်းအားက အားနည်းလာနေပါပြီ ငါ့ရဲ့လှေငယ်လေးအပေါ် နှိမ်နင်းထားတဲ့ ဒီဓားရဲ့စွမ်းအားတွေလည်း လျော့နည်းလာတာ ငါသတိထားမိတယ် ...

... မင်းလို ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဒီလိုအမှိုက်တွေအတွက် သေမျိုးဓားနဲ့ စိတ်ဆန္ဒကို စတေးလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးထားမိဘူး ...

... အခုတော့ နှစ်ပေါင်းတစ်ရာအတွင်း ငါဟာကြယ်တွေပြည့်နေတဲ့ ကောင်းကင်ဆီကို ပြန်သွားပြီး အရင်တုန်းကဘုန်းအသရေမျိုး ရယူနိုင်တော့မယ်။ ”

“ အသုံးမဝင်ဘူး ... ငါမင်းအတွက် သတိပေးပါရစေ ... နှစ်ပေါင်းတစ်ရာအတွင်းမှာ ငါလည်း ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးဆီ ပြန်လာခဲ့မယ်။ ”

“ အဲဒီရှေးဟောင်း အကြွင်းအကျန်အဖိုးကြီးက မင်းဒီကမ္ဘာကြီးကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ပြောတာ မှန်တယ် မဟုတ်လား။ ”

“ အဟက် ... မင်းရော ဘယ်လိုထင်လဲ ခန့်မှန်းကြည့်စမ်း။ ”

လောကသခင်မှ မတုန်မလှုပ် တုန့်ပြန်လေသည်။ ဝါးခမောက်နှင့်လူခမျာ ရင်ဘတ်ထဲ တင်းကျပ်လာတော့၏။

“ ပျောက်ဆုံးတော့မှ စိတ်ဆန္ဒတစ်ခုပဲ ဒါပေမယ့် မင်းငါ့ကို ကြောက်အောင်လုပ်ရဲတယ် လောကသခင် မင်းငါ့ကို အရမ်းကြီး လျှော့တွက်လွန်းနေတယ်။ ”

“ ဟုတ်လား ... ငါက ပျောက်ဆုံးတော့ ပေမယ့်လည်း မင်းကိုယ်ပွားကို သတ်ဖို့အတွက် လက်လှိုင်းနဲ့တင် လုံလောက်ပါသေးတယ်။ ”

“ ဘန်း ... ။ ”

ချက်ချင်းပင် ဝါးခမောက်နှင့်လူခမျာ ပါးရိုက်ခံလိုက်ရ၏။ သွေးစွန်းနေသောအသွင်နှင့် နောက်ပြန်လဲကျသွားတော့သည်။   

( မင်း ထပ်ရိုက်ပြန်ပြီ။ )

ဤရင်းနှီးနေသော အရှက်ရမှုက ဝါးခမောက်ဆောင်းထားသော လူကို ရူးသွပ် သွားစေတော့သည်။

“ လာ ... ငါ့ကိုသတ်စမ်း။ ”

ချက်ချင်း ထရပ်ကာ ခန္ဓာကိုယ်အနှံ့ ကြယ်အလင်းများနှင့် နတ်ဘုရားမီးလျှံများစွာ ပေါက်ကွဲလျက် ပြေးဝင်သွား၏။

“ ဘန်း ... ။ ”

သို့သော် နောက်တစ်ကြိမ် ပါးရိုက်ခံလိုက်ရပြန်၏။ ခန္ဓာကိုယ်သည် လေထဲ အကြိမ်ပေါင်းများစွာ လည်ပတ်သွားပြီး မြေပြင်ပေါ် ပြန်၍ပြုတ်ကျသွားသည်။

ပါးပြင်တွင် သွေးများစွန်းနေပြီး အံသွားများကျွတ်ထွက်ကုန်၏။ ဝါးခမောက်နှင့် လူခမျာ ဒေါသများအဆုံးမဲ့ ပေါက်ကွဲချေပြီ။

“ မင်းအရမ်းရိုင်းတာပဲ။ ”

သို့သော် သူ့စကားသံသည် နှုတ်ခမ်းများရောင်ရမ်းကာ သွေးထွက်မှုကြောင့် မပီသတော့ဘဲ ကြီးစိုးမှုကင်းနေ၏။

“ မင်းကငါ့ကို မင်းဆန္ဒရှိတဲ့အတိုင်း တိုက်ခိုက်နိုင်မယ်လို့ထင်နေလား သနားစရာပဲ။ ”

“ ဘန်း ... ။ ”

ဝါးခမောက်နှင့် လူခမျာ ပြိုင်ဘက်၏မောက်မာသော စကားလုံးများ နှင့်အတူ ပါးရိုက်ခြင်းခံလိုက်ရပြန်သည်။

“ ငါလွတ်လာရင် မင်းကို အကြိမ်ကြိမ်ပြန်ဆပ်မယ်။ ”

စကားဆုံးသည်နှင့် ဝါးခမောက်နှင့်လူက ကြယ်မီးတောက်များဝန်းရံလိုက်ကာ ချက်ချင်း သူ့ခန္ဓာကိုယ်သည် ပြာအဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ်သွားတော့သည်။ သူ့ကိုယ်သူ အဆုံးစီရင်ခြင်းပေပင်။

“ ဒီလူက သူ့ကိုယ်သူ မီးရှို့သတ်သေရလောက်အောင် အရမ်း ရက်စက်တယ် ... ။ ”

ငရဲဘုရင်မှ မှတ်ချက်ပေးလေသည်။ တစ်ဖက်တွင် စုရီသည်သူ့ကျောရိုးတစ်လျှောက် အေးစက်လာတော့၏။

ဝါးခမောက်ဆောင်းထားသော လူသည် အမှန်တကယ် ရက်စက်ကြမ်းကြုတ်လေသည်။ ထိုသို့သောဇာတ်ကောင်များသည် ကမ္ဘာကြီး၌ အကြောက်ရဆုံး ဖြစ်ချေ၏။

“ ဒီအဖိုးကြီးရဲ့ အစစ်အမှန်ပုံစံက ဒီလောက်သတ္တိမရှိပါဘူး။ ”

သေမျိုးဓားမှ အသံ ထွက်လာသည်။ ထို့နောက် ဝါးဦးထုပ်ဆောင်းထားသောလူသည် ကိုယ်ပွားတစ်ခုသာဖြစ်သော်လည်း လွှမ်းမိုး လွန်းကြောင်း ဝန်ခံရပေမည်။ စုရီတစ်ယောက် အနည်းငယ် လေးနက်လာ၏။

“ မိန်းကလေး ... ခဏလောက် စိတ်ရှည်သည်းခံပေးပါ ငါနဲ့ ဒီစုရွှမ်ကြွယ်တို့ စကားပြောစရာရှိတယ်။ ”

ထို့နောက် ဓားအရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး ငရဲဘုရင်၏အာရုံခြောက်ပါးလုံးကို ချက်ချင်း အလင်းမျက်နှာပြင်ကြီးအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ ထိုမြင်ကွင်းအတွင်း နတ်အာရုံများသည် လုံးဝ လမ်းမတွေ့ဘဲ လမ်းပျောက်နေချေပြီ။

မမြင်။ မကြား။ မသိ။ မရှိဟု ထင်ရစေ၏။ တစ်ချိန်တည်းမှာပင် ဓားအတွင်းမှ ပုံရိပ်တစ်ရိပ် ပျံထွက်လာချေပြီ။

ယင်းသည် အနက်ရောင်သရဖူနှင့် ရိုးရှင်းသောဝတ်ရုံကြီးကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်ပေပင်။ ငယ်ရွယ်ပြီး ချောမောသန့်စင်၏။

နေနှင့်လကဲ့သို့ မျက်ဝန်းတစ်စုံမှ တောက်ပနေကာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီးကို ထောက်ပံ့ပေးနိုင်၏။

ကောင်းကင်တာအိုအောက်မှ လွတ်မြောက်နေခဲ့သော သဘောထားကြီးပြီး ပေါ့ပေါ့ပါးပါးနိုင်သည့် ကျက်သရေပေပင်။ ပြိုင်ဘက်ကင်း သာလွန်ထူးကဲနေသော ရောင်ဝါတစ်ခုရှိချေ၏။

စုရီအတွက် ဤလူသည် သူနှင့် ရင်းနှီးနေသကဲ့သို့ ထူးဆန်းသောခံစားချက်များ ဝင်လာစေသည်။ ဆိုလိုသည်မှာ ငရဲဘုံကိုးပါး ဓားသည် ဤဓားနှင့် ဆက်စပ်နေနိုင်ဖွယ် ရှိနေချေပြီ။

“ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ”

စုရီက တည်ငြိမ်အောင်ထိန်းပြီး ပြောကြားလိုက်သည်။

“ လူကြီးမင်းလား ... ။ ”

လောကသခင်ပုံရိပ်က လှိုင်းထသွားကာ နှုတ်ခမ်းထောင့်၌ ထူးဆန်းသောအပြုံးတစ်ပွင့် ထွက်ပေါ်လာချေပြီ။

“ အဲဒီတံငါသည်က ကိုယ်ပွားပဲ ... သူ့ကိုသတ်လိုက်တဲ့အတွက် မင်းကိုယ့်ကိုယ်ကို ကျေးဇူးတင်နေတာလား ဟားဟားဟား။ ”

လေထုအလယ်ရှိ မှုန်ဝါးနေသော လောကသခင်ရုပ်သွင်သည် သဘောကျစွာ ရယ်မောလိုက်၏။ စုရီက ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်သွားလေသည်။

သူ့စိတ်သည် သံလို မာကျောအောင် ကြာမြင့်စွာတည်းက လေ့ကျင့်ထားသော်လည်း မိုးကြိုးပစ်ခံရသလို လှိုင်းများခတ်လာ၏။

နက်နဲတာအိုနယ်ပယ် ရောက်ရှိပြီးနောက် အတိတ်ဘဝကံကြမ္မာကို တံဆိပ်ခတ်ထားသော ငရဲဘုံကိုးပါးဓား၏ နတ်သံကြိုးကိုးချောင်းကို ပြန်သတိရလာသည်။

ဤသံကြိုးများရှိ တံဆိပ်ကိုးခုသည် အတိတ်ဘဝကံကြမ္မာအပေါ် တံဆိပ်ခတ်ခြင်း ဖြစ်နိုင်မည်ဟု မရေရာသော ကောက်ချက် တစ်ခုသာချနိုင်ခဲ့သည်။

ထို့ကြောင့် စိတ်ထဲမထားချေ။ ယခုမူ လောကသခင်၏စကားအရ ထိုယူဆချက်များ မှန်ကန်နိုင်ကြောင်း ခံစားလိုက်ရ၏။ နှလုံးသားတစ်ခုလုံး မိုးကြိုးပစ်သလို တုန်ရင်လာချေပြီ။

“ မင်းခန့်မှန်းနိုင်တယ် မဟုတ်လား။ ”

လောကသခင်က အဓိပ္ပာယ်ပြည့်ဝသော မျက်လုံးများဖြင့် လေထဲတွင် ရပ်နေပြီး၊

“ မှန်ပါတယ် ငါဆိုတာ ... မင်းပဲ ... မင်းကငါဖြစ်ပြီး ... ငါတို့ကြားကွာခြားချက်က အတိတ်ဘဝနဲ့ လက်ရှိဘဝပဲ။ ”

-ဟု ဝန်ခံလိုက်၏။

စုရီတစ်ယောက် လက်များ အနည်းငယ်တုန်ရီသွားပြီး တိတ်ဆိတ်သွား၏။ ဆိုလိုသည်မှာ လောကသခင်သည် စုရွှမ်ကြွယ် အဖြစ် ပြန်ဝင်စားပြီး အဆုံး၌ စုရီအဖြစ်ထပ်မံ မွေးဖွားလာခြင်းပေပင်။

“ ဒါဆို အဲဒါငါပဲပေါ့ ... ။ ”

ဤအချင်းအရာသည် အလွန်ထိတ်လန့်စရာ ကောင်းသောကြောင့် နားလည်ရန် ခက်ခဲနေ၏။ ထိုစဉ်ကနတ်ဘုရားများကိုပင် သူ့ရှေ့၌ဦးညွှတ် စေလိုသော ဝါကြွားလွန်းသူတစ်ဦးအဖြစ် လှောင်ပြောင်ရယ်‌မောခဲ့ဖူးသည်။

ယခုမူ သူ့ကိုယ်သူ လှောင်ပြောင်ခြင်းဖြင့် မခြားတော့ချေ။ မည်မျှ ရယ်စရာကောင်းလွန်း နေသနည်း။

***

All Chapters