← Chapters

နှစ်ငါးရာကြာ ပြန်လည်ဝင်စားခြင်း၏ လျှို့ဝှက်ချက်များ။

Vol. 68 Ch. 815

နှစ်ငါးရာကြာ ပြန်လည်ဝင်စားခြင်း၏ လျှို့ဝှက်ချက်များ။

Vol. 68 Ch. 815

ငရဲဘုရင်သည် အစပိုင်းတွင် အနည်းငယ်ရှက်ရွံ့ပြီး အနှောင့်အယှက် ဖြစ်နေ သော်လည်း အံ့အားသင့်စွာဖြင့်၊

“ မင်းငါ့ကိုမှတ်မိလား။ ”

-ဟု မေးမြန်းလိုက်သည်။

စုရီသည်လည်း မျက်ခုံးပင့်လိုက်၏။ ရှေးခေတ်တည်းက ငရဲဘုရင်သည် မှားယွင်းစွာ သေဆုံးခြင်းမြို့၌ ပိတ်မိနေခြင်းဖြစ်သည်။ ဤခေါင်းတလားထမ်း သရဲအိုကြီးမှ သူမကို မည်သို့သိနေသနည်း။ ခေါင်းတလားထမ်း သရဲအိုကြီးက လည်ချောင်းကိုရှင်းလိုက်ပြီး၊

“ အဟမ်း ... ဒီမရဏကမ္ဘာမှာ ငါမသိတဲ့အရာမရှိဘူး။ ”

-ဟု ဝင့်ကြွားစွာပြော၏။

ငရဲဘုရင်မှ ထပ်မေးရန် ပြင်လိုက်သော်လည်း စုရီတစ်ယောက် ရပ်တန့် စေလိုက်ပြီး၊

“ မင်းခဏ ထွက်သွားသင့်တယ် ... ဒီလူအိုကြီးကို ငါမေးစရာရှိတယ်။ ”

-ဟုပြောလိုက်သည်။

ငရဲဘုရင်မှ မလိုလားသော်လည်း နောက်ဆုံးတွင် သဘောတူပြီး ထွက်သွားရန် ထရပ်လိုက်တော့၏။ စုရီ၏အကြည့်သည် ခေါင်းတလားထမ်း သရဲအိုကြီးထံ ပြန်လှည့်သွားကာ၊

“ သရဲအိုကြီး ... အဲဒီတုန်းက မင်းမှာ ထူးဆန်းတဲ့တစ်ခုခုရှိနေတယ်လို့ ခံစားရတယ် မင်းက ငါ့ကိုသူငယ်ချင်းတစ်ယောက်လို့ တကယ်ယူဆရင် ရိုးရိုးသားသားပြောပါ မင်းဘယ်သူလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ ငါ ... ။ ”

“ အမှန်တရာကို ကြားချင်တယ်။ ”

ခေါင်းတလားထမ်း သရဲအိုကြီးက တစ်ခုခုပြောရန် ပါးစပ်ဟ၏။ ထိုစဉ် စုရီမှ ကြိုတင်ပြီး ထပ်မံသတိပေးလိုက်သည်။

စုရွှမ်ကြွယ်ဘဝတွင် မရဏကမ္ဘာ၌ နှစ်ပေါင်းများစွာ လှည့်လည်သွားလာနေခဲ့ပြီး တိုက်ပွဲများဖြင့် ဤသရဲအိုကြီးအပေါ် ခင်မင်ရင်းနှီးခဲ့ခြင်းဖြစ်၏။

သဘာဝအတိုင်း ဤအဘိုးကြီးတွင် လျှို့ဝှက်ချက်များ အများကြီးရှိနေကြောင်းကို နားလည်ထားသည်။

သို့သော် အဘိုးကြီးက အရမ်းပါးနပ်လွန်းသဖြင့် သူ့မေးခွန်းများကို အမြဲတမ်းရှောင်တိမ်းနေတတ်၏။

ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်ကို လေ့လာနေချိန်မှာပင် မှားယွင်းစွာသေဆုံးခြင်း မြို့တော်ရှိ အုတ်ဂူကျောက်တိုင်နှင့် ပြန်လည် ဝင်စားခြင်းမြေအကြောင်း သူပင် သတင်းပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မကြာသေးမီက ညလူထံမှ ခေါင်းတလားထမ်းသရဲအိုကြီး၏ လမ်းစဉ် ခြောက်ပါး ခေါင်းတလားသည် ဌာန‌ခြောက်ခု၏ ရတနာဖြစ်ကြောင်း သိရှိထားသည်။

“ မင်းဘာလို့ ဒီမေးခွန်းတွေကို အတင်းမေးနေရတာလဲ ... အားလုံးအတိတ်တွေ လက်ရှိအချိန်မှာ ငါဆိုတာကမ္ဘာအနှံ့လှည့်လည် သွားလာနေတဲ့ အထီးကျန်အဘိုးကြီး တစ်ယောက်ပါပဲ။ ”

ခေါင်းတလားထမ်း အဖိုးကြီးမှ ဝမ်းနည်းကြေကွဲစွာ သက်ပြင်းချလိုက်သည်။ စုရီက လှောင်ပြုံးများဖြင့်၊

“ မင်းစကားမပြောဘူး မဟုတ်လား ကောင်းပြီ ... ဒါဆိုမင်းဆုံးရှုံးသွားခဲ့တဲ့ လမ်းစဉ် ခြောက်ပါး ခေါင်းတလားပေးပါ ... ပြီးတော့ ငါမင်းအသက်ကို ကယ်တင်ခဲ့တာဆိုတော့ အခုမင်းအသက်ကို ပြန်ယူမယ်။ ”

ခေါင်းတလားထမ်း သူရဲအိုကြီးမျက်နှာ အေးစက်သွား၏။

“ ဘီလူးကြီးစု၊ မင်းငါ့ကို အတင်းအကျပ်မလုပ်နဲ့။ ”

“ ငါအဖြေတစ်ခုပဲ လိုချင်တယ် မင်းကို ကယ်တင်ဖို့ ငါ့အသက်ဆုံးရှုံးလုနီးပါးပဲဆိုတာ မင်းမြင်တယ်မဟုတ်လား ... ။ ”

“ ဒါ ... ။ ”

“ ဒါမနေနဲ့ ဖြေပါ ... မင်းဘယ်သူလဲ။”

ခေါင်းတလားထမ်း သူရဲအိုကြီးခမျာ မသေချာမရေရာဖြစ်သွား၏။ အချိန်အတော် ကြာ တိတ်ဆိတ်နေပြီးနောက် အသက် ပြင်းပြင်းရှူလိုက်ကာ၊

“ ကောင်းပြီ ... ဒါကို ဖုံးကွယ်ထားစရာအကြောင်းမရှိတော့ဘူး။ ”

-ဟု ပြောကြားလိုက်၏။ ထို့နောက် သူ့မျက်လုံးများတွင် ရှုပ်ထွေးသောအမူအရာ ပြသလာသည်။

“ ငါ့နာမည်အရင်းက ကျွင်းစဲဖြစ်ပြီး ရှေးခေတ်တုန်းက ငါဟာ ဒီမရဏကမ္ဘာကြီးကို အုပ်ချုပ်ခဲ့တယ် ... လူတွေက ငါ့ကိုမြေအောက် ကမ္ဘာဧကရာဇ်လို့ လေးလေးစားစား ခေါ်ကြပါတယ်။”

“ ဟမ့် ... မြေအောက်ကမ္ဘာဧကရာဇ်လား။ ”

စုရီတစ်ယောက် မျက်မှောင်ကြုတ်လျက် ခေါင်းတလားထမ်း သရဲအိုကြီးထံသို့ ပြန်ကြည့် လိုက်မိလေသည်။ ခေါင်းတလားထမ်း သရဲအိုကြီးမှ ခါးသီးစွာပြုံးပြကာ၊

“ ငါ့ပုံပန်းသဏ္ဌာန်က အခုပိုပြီး ရှုပ်ပွနေပေမယ့် မြေအောက်ကမ္ဘာဧကရာဇ်လို ဟန်ဆောင်နိုင်လောက်အောင်တော့ နိမ့်ကျ မနေသေးပါဘူး။ ”

ထို့နောက် လက်ဖဝါးကို ဖွင့်လိုက်သည်။ အနက်ရောင် စက်ဝန်းပြားတစ်ချပ် ပေါ်လာ၏။ မျက်နှာပြင်သည် အပိုင်းခြောက်ကွဲနေပြီး အပိုင်း တစ်ခုစီသည် ပြန်ဝင်စားခြင်းလမ်းကြောင်း ခြောက်ခုအပေါ် ကိုယ်စားပြုသည်။

“ ဒါက ရှေးခေတ်တည်းက ဝင်စားခြင်းလမ်းကြောင်း ခြောက်ခုဌာနက ကိုင်ဆောင်ခဲ့တဲ့ လမ်းပြအိမ်မြှောင်ပါပဲ ...

... ဒီရတနာနဲ့ လက်ရှိဝင်စားခြင်းမြေရဲ့ အမိန့်အာဏာတစ်စိတ်တစ်ပိုင်းကို ထိန်းချုပ် ထားနိုင်တယ် အဲဒီတုန်းက ကပ်ဘေးကြီး ရောက်လာတုန်းက ငါဒီရတနာနဲ့ ...

... ငါ့အသက်ကို ကယ်တင်နိုင်ခဲ့တယ် ဒါပေမယ့်ဝင်စားခြင်းမြေကိုတော့ ကပ်ဘေးက လုံးဝဖျက်ဆီးပစ်လိုက်တယ်။ ”

ထို့နောက် ပတ်ဝန်းကျင်ထံ ဝေ့ဝဲကြည့်ကာ၊

“ မင်းလည်း မြင်နိုင်တယ် ... ဒီလျှို့ဝှက်မြေမှာ ကောင်းကင်ဟာ အပိုင်းအစ အဖြစ် ကွဲကြေနေတယ် ဝင်စားခြင်းသစ်ပင်နဲ့ ...

... ဝင်စားခြင်းရေကန်ရဲ့ ... မူလ စွမ်းအားတောင်ပျက်စီးနေပြီ ဒါဟာမဟာတာအို ကပ်ဘေးကြီးရဲ့ အကျိုးဆက်ပဲ။ ”

မျက်နှာအမူအရာသည် ဝမ်းနည်းပြီး အတိတ်အမှတ်တရများထဲ ပျောက်ဆုံးနေကာ လေသံတိုး၍ တိတ်ဆိတ်သွား၏။

“ မဟာတာအို ကပ်ဘေးကြီး ပြီးဆုံးတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ခဲ့လဲဆိုတာ ငါလည်းမသိဘူး အဲဒီတုန်းက ငါ အရမ်းဒဏ်ရာ ရခဲ့ပြီးတော့ နှစ်ပေါင်းများစွာကြာမှသာ ငါ့ရဲ့ခွန်အားတချို့ကို ပြန်ရခဲ့တယ် ...

... လမ်းစဉ်ခြောက်ပါး တံဆိပ်ကနေ နိုးထလာတဲ့အထိ လမ်းစဉ်ခြောက်ပါးထဲမှာပဲ ငါ ပုန်းအောင်းနေခဲ့ရတယ် ...

... ဒါပေမယ့် ငါ့ဝိညာဉ်က ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် မှတ်ဉာဏ်တွေ အများကြီး ဆုံးရှုံးခဲ့ရတယ် ... နောက်ပိုင်းမှာမှ တဖြည်းဖြည်းနဲ့ ပြန်ရလာပြီး ငါ့ရဲ့စစ်မှန်တဲ့ လက္ခဏာကို သဘောပေါက်လာတယ်။ ”

ဤနေရာအရောက်တွင် သူ့စကားကို ခဏရပ်ကာ၊

“ အခု ဒီဇာတ်လမ်းဟောင်းတွေကို ပြန်ပြောပြနေရတာ ဘာများအသုံးဝင်မှာလဲ မြေအောက်ကမ္ဘာဟာ သမိုင်းမြစ်ကြီးထဲမှာ ကြာမြင့်စွာ ဖျက်ဆီးခံခဲ့ရပြီ ...

... ငါ့လိုအထီးကျန်နေတဲ့ တစ္ဆေ တစ်ကောင်သာ ဒီကမ္ဘာကြီးမှာ ရည်ရွယ်ချက်မဲ့ လှည့်လည်သွားလာနေခဲ့ရတယ်။ ”

-ဟု ညည်းတွားလိုက်၏။

“ အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ ငါလုပ်ခဲ့တာဆိုလို့ ဒီပြန်လည်ဝင်စားခြင်းမြေကို ပြုပြင်ဖို့နဲ့ ပျက်စီးနေတဲ့ ပြန်လည်ဝင်စားခြင်း ရေကန်နဲ့ နတ်သစ်ပင်ကို အသက်သွင်းဖို့ ကြိုးစားနေတော့တာပဲ ...

... အဲဒီအချိန်မှာ ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်တွေကို စူးစမ်းဖို့ မရဏကမ္ဘာကို ရောက်လာတဲ့ မင်းနဲ့ငါတွေ့ခဲ့တယ်။ ”

... အဲဒီတုန်းက ငါ့မှာ မင်းအပေါ် တခြားအစီအစဉ်တွေရှိတယ် မင်းရဲ့စွမ်းအားကို အသုံးပြုပြီး ပြန်လည်ဝင်စားခြင်းမြေကို ပြုပြင်ဖို့ စဉ်းစားနေတာ ... အဲဒါကြောင့် ...

... ငါ မင်းကို တစ်ဆင့်ပြီးတစ်ဆင့် လမ်းညွှန်ပေးခဲ့ပြီး ဝင်စားခြင်းနဲ့ဆက်စပ်နေတဲ့ သဲလွန်စတွေကို ပြောပြနေခဲ့တာပါ။ ”

... ဒါပေမယ့် နောက်ပိုင်းမှာတော့ မင်းကိုရင်းနှီးလာပြီး ပြန်လည်ဝင်စားခြင်းမြေကို ခေါ်လာဖို့ ငါဆုံးဖြတ်လိုက်တယ် ဘာပဲဖြစ်ဖြစ် မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလားဆိုတာ ငါလည်းသိချင်နေတယ်။ ”

ခေါင်းတလားထမ်း သရဲအိုကြီး၏ မျက်ဝန်းများတောက်ပလျက် စိတ်လှုပ်ရှားစွာ၊

“ ငါတောင်မှ မင်းဝင်စားရေကန်ထဲမှာ ဝင်စားခြင်းလမ်းကြောင်းကို ပြန်လည်စတင်ပြီး ဝင်စားခြင်းပန်းတိုင်ကို ရောက်လိမ့်မယ်လို့ တကယ်မမျှော်လင့်ထားခဲ့မိဘူး ...

... အဲဒီအချိန်ကစပြီး ဝင်စားခြင်းလမ်းကြောင်းဟာ ပျက်စီးနေပေမယ့် ပျောက်ကွယ်သွားတာမျိုးတော့ မဟုတ်ဘူးလို့ သိခဲ့ရတယ်။ ”

“ ဒါပေမယ့် မင်းက အဲဒီတုန်းက ဝင်စားခြင်းရေကန်ရဲ့ လျှို့ဝှက်ချက်တွေကို ငါ နားလည်သရွေ့ ဝင်စားခြင်းကို ရရှိနိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ”

စုရီက စကားဖြတ်မေးသည်။ ခေါင်းတလားထမ်း သရဲအိုကြီးက ချက်ချင်း ရှက်ရွံ့သွားပြီး၊

“ အဲဒါက အရေးကြီးလား ... အရေးကြီးတာက မင်းအဲဒီတုန်းက ဝင်စားခြင်း လျှို့ဝှက်ချက်တွေကို တကယ်နားလည်ပြီး ဝင်စားခြင်းလမ်းကို ဖွင့်လှစ်နိုင်ခဲ့တယ်။ ”

-ဟု တုန့်ပြန်၏။ စုရီမှ သူ့နဖူးကို ကုပ်ခြစ်လိုက်ပြီးနောက်၊

“ လွန်ခဲ့တဲ့ ငါးရာနှစ်က ငါဝင်စားဖို့ ကြိုးစားတုန်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက် အများကြီး ဖြစ်ပျက်ခဲ့ရတယ် ငါတောင် ကျရှုံးလု နီးပါးဖြစ်သွားတယ်။ ”

-ဟု ရေရွတ်လိုက်သည်။

“ ပြီးတော့ ... အဲဒီဝင်စားခြင်း လမ်းကြောင်းမှာ ပြန်လည်မွေးဖွားခြင်းကိုရဖို့ နှစ်ပေါင်းရာနဲ့ချီပြီး ပိတ်မိနေခဲ့ရတယ်။ ”

“ အဟွတ် အဟွတ် ... ။ ”

စုရီစကားကြားချိန်၌ ခေါင်းတလားထမ်း သရဲအိုကြီးသည် ပို၍ပင်မသက်မသာဖြစ်လာပြီး ချောင်းဆိုးလိုက်သည်။

“ ဒီလုပ်ငန်းစဉ်က အန္တရာယ်များပြီး လှည့်ကွက်တွေနဲ့ ပြည့်နှက်နေပေမယ့်လည်း နောက်ဆုံးတော့ မင်းအောင်မြင်ခဲ့တယ် မဟုတ်လား။ ”

စုရီက ထူးဆန်းသော အသွင်ဖြင့် ခေါင်းတလားထမ်းအဖိုးကြီးကို ပြန်ကြည့်လိုက် လေသည်။ အဆုံး၌ အပြစ်မတင်နိုင်တော့ချေ။

တစ်ဖက်လူသည် ထိုစဉ်က သူ့ကို လူဝင်စားခြင်းလမ်း၌ အမည်မသိအန္တရာယ်များ ပြည့်နှက်နေသည်ဟု ကြိုတင်သတိပေးခဲ့ပြီး ဖြစ်လေသည်။

“ ဒါနဲ့ မင်း အဲဒီ ဝင်စားခြင်းလမ်းမှာ ပိတ်မိနေခဲ့တဲ့နှစ်တွေအတွင်းမှာ ဘာတွေ ကြုံတွေ့ခဲ့ရလဲ။ ”

ခေါင်းထလားထမ်း သရဲအိုကြီးက မမေးဘဲ မနေနိုင်တော့ချေ။ စုရီမျက်လုံးများ ဖျတ်ခနဲ လင်းလက်လာပြီး၊

“ သတ်ဖြတ်မှုတွေ၊ အဆုံးမရှိတဲ့ သတ်ဖြတ်မှုတွေ အဲဒီလမ်းက ကြမ်းကြုတ်တဲ့ သရဲတွေ ... ဝိညာဉ်တွေနဲ့ပြည့်နှက်နေတယ် ... အဆုံးမရှိ ... ​​အကန့်အသတ်မရှိ ...

... လုံးဝ သတ်လို့မကုန်နိုင်တဲ့ နေရာပဲ ... ရှင်သန်ဖို့အတွက် အဲဒီအဆုံးမဲ့သရဲတစ္ဆေတွေနဲ့ ရွံစရာကောင်းတဲ့ ဝိညာဉ်တွေကိုသာ နေ့စဉ် စားသုံးခဲ့ရတယ်။ ”

 ထိုနေရာ အရောက်တွင် စုရီအကြည့်များ သွေးရောင်ပြောင်းလာ၏။

“ တစ်နေ့မှာ ငါဟာ မြူခိုးတွေနဲ့ အရိပ်တွေနဲ့ပြည့်နှက်နေတဲ့ ဖရိုဖရဲဒေသကြီး တစ်ခုကို ရောက်လာခဲ့တယ် ... အဲဒီဒေသမှာ သစ်ပင်ကြီးတစ်ပင် ပေါက်လာတယ်။ ”

ထိုစကားကို ကြားချိန်တွင် ခေါင်းတလားထမ်းအဘိုးကြီး၏ မျက်နှာသည် စိတ်လှုပ်ရှားမှုနှင့် အံ့အားသင့်မှုများအပြင် မယုံနိုင်မှုများ ဖြစ်ပေါ်လာနေ၏။

အဆုံး၌ စုရီကို နှောက်ယှက်ခြင်း မပြုခဲ့ချေ။ စုရီက အတိတ်ပြန်ရောက်နေသလို သူ့စကားကို ဆက်ပြောနေသည်။

“ အဲဒီသစ်ပင်ကြီးက အတော် လေးထူးခြားတယ် ... ဒီဝင်စားခြင်းနယ်မြေက ဝင်စားခြင်းနတ်သစ်ပင်နဲ့ဆင်တူတယ် လျှို့ဝှက် ဆန်းကြယ်ပြီး မသိနိုင်တဲ့ ဖရိုဖရဲလေထုတွေ ရစ်သိုင်းပျံ့နှံ့နေတယ် ...

... သူ့ရဲ့ အကိုင်းအခက်တွေက လေဟာနယ်အတွင်း ဆန့်ထွက်နေပြီး အဆုံးမရှိ လမ်းကြောင်းတွေလိုပဲ ... အကိုင်းအခက်တွေ ပေါ်မှာ ပေါက်နေတဲ့ အရွက်တွေတောင် ...

... မယုံနိုင်လောက်အောင် ထူးဆန်းပြီး စိတ်ကူးယဉ်ဆန်တဲ့ ကမ္ဘာ့မြင်ကွင်းတွေကို ထင်ဟပ်စေတယ်။ ”

ဤတစ်ကြိမ်၌ ခေါင်းတလားထမ်း သရဲအိုကြီးသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ၊

“ ဒါပဲ ... ဒါပဲဖြစ်ရမယ် မရဏကမ္ဘာရဲ့ မူလကနေ ပေါက်ဖွားလာတဲ့ ကမ္ဘာတစ်သောင်း ပြန်လည်ဝင်စားခြင်းသစ်ပင်။ ”

-ဟု တိုးတိုးလေး ရေရွတ်လိုက်၏။

“ ဒီသစ်ပင်ကို မင်းသိလား။ ”

သူသည် ပြန်လည် ဝင်စားခြင်း လမ်းကြောင်းပေါ်ရှိ အတွေ့အကြုံများစွာကို မည်သူ့ကိုမျှ မပြောပြခဲ့ဖူးချေ။

ပြန်လည်ဝင်စားပြီးကတည်းက ခေါင်းတလားထမ်းသရဲအိုကြီးထံ ဤအကြောင်း ပြောပြခြင်းသည် ပထမဆုံးအကြိမ်ပေပင်။ သို့သော် ဤသူရဲအိုကြီးသည် ထိုထူးဆန်းသော သစ်ပင်ကို သိပြီးဖြစ်နေ၏။

“ ဆက်ပြောပါ ... မေးခွန်းတွေမမေးနဲ့။ ”

-ဟု စိတ်မရှည်စွာပြော၏၏။ စုရီမှ ခေါင်းညိတ်ပြီး၊

“ အဲဒီတုန်းက ဒီသစ်ပင်ရဲ့ ထူးဆန်းမှုကို ငါခံစားမိပြီး သူ့ရဲ့အရှိန်အဝါကို ခံစားနားလည်ဖို့ ကြိုးစားရတယ် ဒီအတွက် နှစ်ပေါင်းတစ်ရာ အချိန်ယူပြီး အဲဒီသစ်ပင်ကြီးနားမှာ ...

... ပြန်လည်ဝင်စားခြင်းနဲ့ ဆက်စပ်တဲ့ စွမ်းအားတစ်ခု ရှိနေတယ်ဆိုတာ နောက်ဆုံးမှာ သိခဲ့ရတယ် ...

... အဲဒါကိုနားလည်ဖို့ ကြိုးစားနေချိန်မှာ ငါဟာ ရှုပ်ထွေးတဲ့စွမ်းအင်တွေကို အများကြီး သန့်စင်ခဲ့ရပြီး ပြန်လည်ဝင်စားခြင်းအပေါ် ငါ့ရဲ့နားလည်မှုပိုမိုပြည့်စုံလာတယ် ...

... ကံမကောင်းစွာပဲ အဲဒီသစ်ပင်ကြီးအနားက ရှုပ်ထွေးတဲ့စွမ်းအားကို ပြီးဆုံးအောင် သန့်စင်နိုင်ခြင်းမရှိခင်မှာ ငါမေ့မျောသွားတယ် ...

... ငါပြန်နိုးလာတဲ့အခါမှာ ငါဟာ စုရီအဖြစ်ပြန်မွေးဖွားပြီး မိုးပြာတိုက်ကြီးပေါ်က ဝေးလံခေါင်သီတဲ့မြို့မှာ ရောက်နေတယ် ... ။ ”

ထိုစကားပြောနေစဉ် ဝမ်လင်ရွယ်နှင့် မိတ်ဆွေဟောင်းများထံ သတိရလာခဲ့သည်။ သူ အလျင်စလို ထွက်ခွာလာမှုကြောင့် နှုတ်ဆက်ချိန် နည်းခဲ့၏။

“ အဲဒီတုန်းက မင်းမြင်ခဲ့တာက သေချာပေါက်ဒဏ္ဍာရီလာ ပြန်လည်ဝင်စားခြင်း သစ်ပင်ပဲ။ ”

ခေါင်းတလားထမ်း သရဲအိုကြီးမှ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းများ အနည်းငယ် တုန်ယင်နေချေပြီ။

“ မြေအောက်ကမ္ဘာမှတ်တမ်းထဲက အချက်အလက်တွေ မှန်ကန်မယ်လို့ လုံးဝကို မထင်ထားခဲ့ဘူး ... ဒီဝင်စားခြင်းနယ်မြေရဲ့ ဝင်စားခြင်းလမ်းက ပျက်စီးနေပေမယ့် ...

... အဆုံးမှာတော့ ပြန်လည်ဝင်စားခြင်း စွမ်းအားကို မြေအောက်ကမ္ဘာရဲ့မူလအစထဲမှာ ရှင်သန်စေခဲ့ပုံရတယ် ... ဒါကြောင့် မရဏ ကမ္ဘာရဲ့မူလရင်းမြစ်ကို ရှာတွေ့ရုံနဲ့ ...

... ဝင်စားခြင်းစွမ်းအား အပြည့်အဝ ပြန်လည်ရရှိစေမယ် ဒါကဝင်စားခြင်းနယ်မြေကို ပြုပြင်ဖို့လုံလောက်နိုင်တယ်။ ”

စုရီ အတွေ့အကြုံများသည် သူ့အပေါ် နက်ရှိုင်းသောသက်ရောက်မှုရှိပြီး ထိတ်လန့်မှု၊ အံ့အားသင့်မှုများ ယူဆောင်လာခဲ့သည်။

“ ဒါဆို မင်းငါ့မေးခွန်းကို ဖြေသင့်နေပြီ။ ”

ဤတစ်ကြိမ်တွင် စုရီစကားကို ခေါင်းတလားထမ်းသူရဲအိုကြီးမှ တွန့်ဆုတ်ခြင်း မရှိဘဲ ချက်ချင်းသဘောတူလိုက်တော့၏။

“ မေးပါ။ ”

***

All Chapters