← Chapters

ပြန်လည်မွေးဖွားခြင်းဥပဒေ (၅)ပါး။

Vol. 68 Ch. 816

ပြန်လည်မွေးဖွားခြင်းဥပဒေ (၅)ပါး။

Vol. 68 Ch. 816

“ အဲဒီ ပြန်လည်ဝင်စားခြင်း လမ်းမှာကြုံခဲ့ရတဲ့ ရှုပ်ထွေးတဲ့စွမ်းအင်က မရဏ ကမ္ဘာရဲ့မူလရင်းမြစ်လား။ ”

စုရီမှ တိုက်ရိုက်မေးလိုက်သည်။

“ ဟုတ်တယ်။ မြေအောက်ကမ္ဘာ မှတ်တမ်းအရ မရဏကမ္ဘာကြီးကကျယ်ပြန့်ပြီး အကန့်အသတ်မရှိဘူး ... သူ့ရဲ့မူလအစက ပြန်လည်ဝင်စားခြင်း သံသရာအတွင်းမှာ ...

... တည်ရှိနေတယ် ... မင်းကြုံခဲ့ရတာအရ အဲဒီရှုပ်ထွေးတဲ့ စွမ်းအင်တွေရှိနေတဲ့ နေရာက သူ့ရဲ့မူလအစပဲဖြစ်ရမယ်။ ”

ခေါင်းတလားထမ်း သူရဲအိုကြီးမှ ဖုံးကွယ်မှုမရှိတော့ဘဲ အလွယ်တကူ ပြန်ဖြေ လာလေသည်။

“ ဟုတ်လား ... ဒါဆိုရင် အဲဒီပြန်လည်ဝင်စားခြင်းသစ်ပင်ကော။ ”

“ ဒါက မြေအောက်ကမ္ဘာရဲ့ မူလအရင်းအမြစ်ကနေ ပေါက်ဖွားလာတဲ့ ရှေးဦးနတ်ဘုရားသစ်ပင်ပါ မြေအောက်ကမ္ဘာ မှတ်တမ်းမှာ ...

... ကမ္ဘာတစ်သောင်း ပြန်လည် ဝင်စားခြင်းသစ်ပင်ဟာ မရဏကမ္ဘာမူလကနေ ပေါက်ဖွားလာပြီး ဝင်စားခြင်းဥပဒေတွေနဲ့ ပျိုးထောင်ခံရတယ်လို့ ဖော်ပြထားတယ် ...

... မရဏကမ္ဘာရဲ့မူလမှာ အဆုံးမရှိတဲ့ စည်းမျဉ်းတွေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေပြီး ဖရိုဖရဲအာကာသတစ်ခုပဲ ...

... ဒဏ္ဍာရီအရဆိုရင် ကမ္ဘာတစ်သောင်း ဝင်စားခြင်းသစ်ပင်ရဲ့ အကိုင်းအခက်တွေဟာ ကမ္ဘာ့ပေါင်းများစွာနဲ့ ချိတ်ဆက်နေတယ် ...

... ဒါကြောင့် ရှေးယခင်က ဝင်စားခြင်းလမ်း မပျက်စီးခင် ဝင်စားခြင်းထဲကို ဝင်ရောက်လာတဲ့ လူတိုင်းဟာ အဲဒီသစ်ပင်ကတဆင့် ဝင်စားခြင်း လမ်းကို လျှောက်ကြရတဘ်။ ”

စုရီမှ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ဤသည်မှာ သူ့ ကောက်ချက်နှင့် ကိုက်ညီနေ၏။

ဝင်စားခြင်းဟူသည် ပြန်လည် မွေးဖွားခြင်းဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်မှုများ၊ တားမြစ်ချက်များ ပါရှိနေသော ဥပဒေစွမ်းအား တစ်ခုပေပင်။

ကမ္ဘာတစ်သောင်း ဝင်စားခြင်းသစ်ပင် ရှိနေခြင်းသည် ပြန်လည်မွေးဖွားခြင်းအတွက် လမ်းအဖြစ် လုပ်ဆောင်ရန် ဖြစ်ချေ၏။

ဆိုလိုသည်မှာ ပြန်လည်မွေးဖွားရန် ကံကြမ္မာရှိသူများကို မတူညီသောကမ္ဘာများတွင် မွေးဖွားနိုင်ရန် လမ်းပြပေလိမ့်မည်။ ထို့နောက် စုရီက မေးခွန်းပေါင်းများစွာ ထပ်မံ မေးမြန်း၏။

ရှေးခေတ်ကာလများတွင် မရဏကမ္ဘာ ဖျက်ဆီးခံခဲ့ရပြီး ထိုစဉ်ကတန်ခိုးကြီးမားသော ငရဲဘုရင်ဆယ်ပါးမှာ အခြားတန်ခိုးရှင်များ နည်းတူပျောက်ကွယ်သွား၏။

ခေါင်းတလားထမ်း သူရဲအိုကြီးသည် မရဏာကမ္ဘာ နောက်ဆုံးသောအုပ်စိုးရှင်ဖြစ်ပြီး မရဏဧကရာဇ် သို့မဟုတ် မြေအောက်ကမ္ဘာ ဧကရာဇ်ဖြစ်ခဲ့သည်။

ငရဲနန်းတော်တွင် ကပ်ဘေးကျရောက်စဉ် သေလုနီးပါးဖြစ်ကာ အဆုံး၌လမ်းစဉ်ခြောက်ပါး တံဆိပ်အတွင်း ပုန်းအောင်းလျက် သေခြင်းမှ သီသီလေးလွတ်မြောက်ခဲ့ရ၏။

အကြောင်းရင်းသည် ထိုအချိန်က အလွန်ထူးဆန်းသော တားမြစ်ကပ်ဘေးတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့်ပေပင်။ ခေါင်းတလားထမ်း သူရဲအိုကြီးက တာအိုသင်္ချိုင်းကပ်ဘေးအဖြစ် ခေါ်ဆိုသည်။

ဤကပ်ဘေးသည် ပြန်လည်ဝင်စားခြင်း နယ်မြေကို လွှမ်းခြုံနေသော ရှင်သန်ခြင်းဥပဒေ အပေါ် ဖျက်ဆီးပစ်ကာ ကောင်းကင်ကိုပင် အပိုင်းပိုင်းဖြစ်သွားစေသည်။

ပြန်လည်ဝင်စားခြင်းနတ်သစ်ပင်နှင့် ပြန်လည်ဝင်စားခြင်းရေကန်သည်လည်း ပြင်းစွာ ပျက်စီးခဲ့ရသည်။ ယခုအချိန်၌ တာအိုသင်္ချိုင်း ကပ်ဘေး စွမ်းအင်အကြွင်းအကျန်များသည် ငရဲလမ်းဆယ်ပါး၌ ကျန်ရစ်နေဆဲဖြစ်၏။

ခေါင်းတလားထမ်း သူရဲအိုကြီး၏ မှတ်ဉာဏ်များပြန်လည် ရရှိလာသောအခါတွင် အရာအားလုံးသည် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ချေပြီ။

နောက်ပိုင်းနှစ်များတွင် သူသည် တာအိုသင်္ချိုင်းကပ်ဘေး၏ နောက်ကွယ်ရှိ အမှန်တရား အဆက်မပြတ်ရှာဖွေခဲ့၏။

ကံမကောင်းစွာဖြင့် မရေမတွက်နိုင်သော နှစ်များကုန်ဆုံးသွားပြီး အချိန်သည်အတိတ်ကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲပြီးဖြစ်လေသည်။

အဆုံး၌ ဝင်စားခြင်းနယ်မြေကိုပြုပြင်ရန်၊ ဝင်စားခြင်းလမ်းကို ပြန်လည်ထူထောင်ရန်နှင့် မရဏကမ္ဘာကြီး ပြန်လည်တည်ဆောက်ရန်သာ အာရုံစိုက်ခဲ့ရသည်။

“ အဲဒီမဟာတာအိုကပ်ဘေးကြီးက ဝင်စားခြင်းသံသရာကိုပြင်းစွာ နှောင့်ယှက်ပြီး မရဏကမ္ဘာလို ကမ္ဘာကြီးတစ်ခုလုံးအပေါ် ပြိုခွဲလိုက်တာလား ထူးဆန်းတယ်။ ”

စုရီက မျက်မှောင်ကြုတ်ပြီး ညည်းတွားလိုက်သည်။ သူ့အမြင်တွင် မရဏ ကမ္ဘာ၏ မူလအစကနေ ပေါက်ဖွားလာသော ဝင်စားခြင်းဥပဒေသည် အမြင့်မြတ်ဆုံးသော တာအိုဥပဒေတစ်ခုဖြစ်၏။

၎င်းစွမ်းအားသည် ပြင်းထန်လွန်းသည်။ မဟုတ်သော် ကောင်းကင်ကိုးပါး နန်းတော်နှင့် ကြယ်မြစ်နတ်ဂိုဏ်းမှစူးစမ်းရန် အာကာသကို ဖြတ်‌ကျော်လာမည်မဟုတ်ချေ။

ကြယ်မြစ်နတ်ဂိုဏ်းခေါင်းဆောင် တံငါသည်ပင် ဝင်စားခြင်းဥပဒေစွမ်းအားကို သိမ်းပိုက်ရန် ကိုယ်တိုင်ရောက်ရှိလာသည်။

ဆိုလိုသည်မှာ ဝင်စားခြင်းစွမ်းအားသည် ကြယ်တွေစုံလင်သော ကောင်းကင်ကြီးဗဟို၌ မည်မျှအံ့ဖွယ်ကောင်းပြီး အစွမ်းထက်မည်ကို မြင်ယောင်ကြည့်နိုင်၏။

သို့သော် ထိုဝင်စားခြင်းဥပဒေသည် ရှေးခေတ်ကပ်ဘေးတစ်ခုကြောင့် ပြင်းထန်စွာ ပျက်စီးမှု ခံစားနေရသည်။ ယင်းသည် အမှန်ပင် နှမျောစရာဖြစ်ချေ၏။

ထိုစဉ်က တာအိုသင်္ချိုင်းကပ်ဘေး မည်သို့စတင်ကာ မည်မျှအစွမ်းထက်ခဲ့သည်ကို သိချင်စိတ်များ ဝင်ရောက်လာသည်။

သေချာသည်မှာ ထိုကပ်ဘေးသည် ကောင်းကင်ဆန္ဒဥပဒေ၊ ကြယ်ဆိတ်သုဉ်းခြင်း ဥပဒေ စသည်တို့ထက် သာလွန်သော အဖျက်စွမ်းအားရှိပေမည်။

“ ဘီလူးစု၊ ငါ မင်းကို တောင်းဆိုစရာ တစ်ခုရှိတယ်။ ”

ခေါင်းတလားထမ်း သရဲအိုကြီးမှ အသက်ပြင်းပြင်းရှူပြီး စုရီကိုတောင်းဆိုလာ၏။ စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းလျက်၊

“ မင်းကို အဲဒီမြေအောက်ကမ္ဘာရဲ့ မူလနယ်မြေဆီ ခေါ်သွားစေချင်တာလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဟုတ်တယ် ... ။ ”

ခေါင်းတလားထမ်း သရဲအိုကြီး၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက် နေဆဲဖြစ်သည်။

“ ငါ ပြန်လည်ဝင်စားခြင်း လမ်းကို ပြုပြင်ချင်သေးတယ်။ ”

“ ငါ မင်းကို ကူညီနိုင်တယ် ဒါပေမယ့် ဒီပြန်လည်ဝင်စားခြင်းနယ်မြေရဲ့ စည်းမျဉ်းကို ပြုပြင်ချင်ရင် ကောင်းကင်ကိုတက်ရသလို ခက်ခဲပြီး မျှော်လင့်ချက်မဲ့နိုင်တယ်။ ”

“ မျှော်လင့်ချက် နည်းနည်းပဲ ... ရှိနေတယ်ဆိုရင်တောင် ... ငါ အကောင်းဆုံး ကြိုးစားမယ် ဒါကကျရှုံးရင်တောင် နောင်တ မရှိဘဲ နေနိုင်ပြီ။ ”

စုရီက ခေါင်းညိတ်ပြလိုက်၏။

“ ကောင်းပြီ ... ငါ့ရဲ့ကျင့်ကြံမှု လုံးဝ ပြန်ကောင်းလာရင် ငါတို့သွားမယ် ဒီမတိုင်ခင် မင်းရဲ့မြေးတပည့်ကို အရင်ကြည့်သင့်တယ်လို့ ငါထင်တယ်။ ”

စုရီက သူ့အင်္ကျီလက်ဝှေ့ယမ်းပြီး မျက်မမြင်အဘိုးကြီးကို မိုးပြာမျိုးစေ့ထဲကနေ ခေါ်ထုတ်လိုက်သည်။

“ ဘိုးဘေး ... ။ ”

မျက်မမြင်အဖိုးကြီးက ချက်ချင်း ဒူးထောက်အရိုအသေပြု၏။ ခေါင်းတလားထမ်း သရဲအိုကြီးက အမူအရာ ရှုပ်ထွေးလာပြီး မျက်မမြင်အဖိုးကြီးကို နှစ်ယောက်တည်း စကားပြောရန် အဝေးခေါ်ထုတ်သွားသည်။

စုရီက ကြိမ်ကုလားထိုင်ပေါ်ကနေ မြေပြင်တွင်မေ့မြောနေသည့် စွေ့လုံရှင်းထံသို့ ပိတ်ကန်လိုက်၏။

“ ဟန်ဆောင်နေတာ ရပ်ပြီး မြန်မြန်ထတော့။ ”

စွေ့လုံရှင်းခမျာ တုန်လှုပ်သွားပြီး ရှက်ရွံ့စွာဖြင့် မြေပြင်ကနေ ထထိုင်လိုက်ရ၏။

“ ဟဲဟဲ ... အဲဒီအဘိုးကြီးနဲ့ မင်းရဲ့ စကားဝိုင်းကို ငါ မနှောင့်ယှက်ချင်လို့ပါ ... ။ ”

“ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရပ်လိုက်တော့ သရဲအိုကြီးနဲ့အတူ မရဏကမ္ဘာ မူလနယ်မြေကို ငါသွားတော့မယ် ... မင်းနဲ့ ငရဲဘုရင်က ... အပြင်ထွက်ပြီး ငါ့ကိုစောင့်ပါ။ ”

စုရီက ညွှန်ကြားလိုက်၏။ စွေ့လုံရှင်းမှ ခေါင်းညိတ်သည်။ ခေါင်းတလားထမ်းသူရဲအိုနှင့် စုရီစကားဝိုင်းအရ သူလိုက်ပါရန် အရည်အချင်း မပြည့်မီကြောင်း နားလည်ထားသည်။

များမကြာမီ ခေါင်းတလားထမ်း သရဲအိုကြီးနှင့် မျက်မမြင်အဘိုးကြီးတို့ ပြန်လည် ရောက်ရှိလာကြ၏။ မျက်မမြင်အဘိုးကြီးသည် အလွန်ပျော်ရွှင်နေသည်မှာ ထင်ရှားသည်။

ခေါင်းတလားထမ်း သူရဲအိုကြီးသည်သာ မျက်နှာတင်းမာလျက်မှ သက်ပြင်းချလိုက်ကာ၊

“ အဲဒီပင်မို၊ သူက အရမ်းလွန်တယ်။ ”

-ဟု ပြောကြားလိုက်၏။

သူ့တပည့် သွေးခေါင်းတလားသခင်ကို အကြောင်းမဲ့သတ်ပစ်လိုက်ကြောင်း သိရှိလိုက် သောကြောင့်ဖြစ်သည်။

“ ဒီကိစ္စ ငါမင်းကို ရှင်းပြချက်ပေးမယ် ငါ့ကိုယ်တိုင် သူ့ကို တာဝန်ယူတယ်။ ”

စုရီက နားလည်စွာ ကတိပေးလိုက်သည်။ ခေါင်းတလားထမ်း သူရဲအိုကြီးမှ ခေါင်းညိတ်ပြီး ထပ်မပြောတော့ချေ။

ထို့နောက် ငရဲဘုရင်၊ စွေ့လုံရှင်း၊ ကြက်ဖကြီးနှင့် မျက်မမြင် အဘိုးကြီးတို့သည် ဝင်စားခြင်းမြေမှ ထွက်ခွာသွားတော့၏။

စုရီက သူ့ခွန်အား အထွတ်အထိပ်ရောက်ရှိနိုင်ရန် တစ်ရက်လုံးလုံး တရားထိုင်ခဲ့သည်။ တစ်ရက်ပြည့်ပြီးနောက် မြေပြင်မှထရပ်ကာ အသင့်ပြင်ဆင်ထားပြီး ဖြစ်သော သူရဲအိုကြီးထံ ကြည့်ကာ၊

“ ဒီခရီးဟာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ် ... မင်းပြင်ဆင်ထားရမယ်။”

-ဟု သတိပေးလိုက်သည်။

ခေါင်းတလားထမ်း သူရဲအိုကြီးမှ ဂရုမစိုက်ဘဲ၊

“ အတွေ့အကြုံရှိတဲ့ ဘီလူးစုက ဒီခရီးကိုလမ်းပြပေးမှာဆိုတော့ ငါဘာကို ကြောက်နေရမှာလဲ အန္တရာယ်ကြုံရင်တောင် အံ့ဖွယ်စွမ်းအား မြင်ခွင့်ရနိုင်ပါသေးတယ်။”

-ဟု ပြောကြားလာသည်။ စုရီက ထပ်မပြောတော့ဘဲ သူ့လက်များပူးကပ်ကာ လျှို့ဝှက်ဆန်းကြယ်သော တံဆိပ်တစ်ခု ဖန်တီးလိုက်သည်။

များမကြာခင် ထူးခြားဆန်းပြားသော စွမ်းအင်ကြိုးမျှင်များ လက်ချောင်းများအတွင်း ကူးလူးလှုပ်ခတ်လာ၏။

“ ဂျွတ် ... ။ ”

ပြန်လည်ဝင်စားခြင်း သစ်ပင်ကြီးသည် တဂျွတ်ဂျွတ်မြည်ပြီး အကိုင်းအခက်များလှုပ်ရှား နေချေပြီ။ ခြောက်သွေ့လုနီးပါး ဝင်စားရေကန် သည်လည်း ပွက်ပွက်ဆူလာလျက် နစ်မြုပ်ခြင်း ဥပဒေဖြင့် ဖွဲ့စည်းထားသောရေများသည် ဝဲဂယက်အသွင်လှုပ်ရှားလာ၏။

ထိုစဉ် ပြန်လည်ဝင်စားခြင်း နယ်မြေကြီးတစ်ခုလုံး ပြင်းစွာတုန်လှုပ်သွားပြီး ကောင်းကင်အပိုင်းအစများသည် ဝင်စားခြင်း ရေကန်ထဲ ဆင့်ခေါ်ခြင်းခံလာရသည်။

ခေါင်းတလားထမ်း သူရဲအိုကြီးသည် မျက်ဝန်းများ မှေးစင်းသွား၏။ ဤမြင်ကွင်းကို သူအရမ်းရင်းနှီးချေပြီ။ ထိုစဉ်က စုရီသည် ဝင်စားခြင်းရေကန်အတွင်းဝင်ကာ ဘဝသစ် စတင်စဉ်က မြင်ကွင်းမျိုးဖြစ်၏။

နာရီဝက်အကြာတွင် စုရီသည် လက်နှစ်ဖက်ကို ဖြည်းဖြည်းခြင်း ခွဲထုတ်လိုက် တော့၏။

“ ဝုန်း ... ။ ”

ဝင်စားခြင်း ရေကန်အထက်၌ ကြီးမားသောလေဝဲပေါ်လာကာ ကောင်းကင် အပိုင်းအများ ရောယှက်လောင်ကျွမ်းလာ၏။

ဝင်စားခြင်းသစ်ပင်ရှိ အသက်ဓါတ်ကို ကိုယ်စားပြုသောသစ်ရွက်များက အစိမ်းရောင် တိမ်တိုက်များထုတ်ပေးလာသည်။

သေခြင်းကို ကိုယ်စားပြုသော သစ်ခြောက်ကိုင်းများသည် ဖျက်ဆီးခြင်းအပေါ် ကိုယ်စားပြုသည့် မီးခိုးရောင်မြူများစွာဖြင့် လေထုကို ပြည့်နှက်လာစေ၏။

ထို့နောက် အစိမ်းရောင်တိမ်တိုက်နှင့် မီးခိုးရောင်မြူတို့သည် လောင်ကျွမ်းနေသော ကောင်းကင်အပိုင်းအစများဖြင့် ပေါင်းစပ်သွားလေသည်။

“ ဝူး ... ။ ”

တောက်ပသော အလင်းရောင်များ ဖြာထွက်လာပြီး လျှို့ဝှက်ဆန်းကြယ်လွန်းသည့် တံခါးပေါက်တစ်ခု လေဟာနယ်အတွင်း ဖြည်းဖြည်းချင်း ပွင့်လာ၏။

ထိုတံခါးနောက်ရှိ ဖရိုဖရဲနယ်မြေထံမှ အရှိန်အဝါများ ချက်ချင်း ပြိုကျလာလေသည်။ ဝင်စားခြင်းမြေရှိ ကောင်းကင်နှင့် မြေကြီးခမျာ တုန်ရင်အော်မြည်နေတော့၏။

“ ဝင်စားခြင်း မုခ်ဦးတံခါး ... ။”

ခေါင်းတလားထမ်း သူရဲအိုကြီးခမျာ အသက်ရှူကြပ်သွားသည်။ 

“ ဘီလူးစု ... ဝင်စားခြင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေအပေါ် ကျွမ်းကျွမ်း ကျင်ကျင် နားလည်နေပြီလား။ ”

စုရီက ခေါင်းခါသည်။

“ မဟုတ်ဘူး ... ပြန်လည် ဝင်စားခြင်းလမ်းကြောင်းရဲ့ အဓိကကျလွန်းတဲ့ ဥပဒေငါးခုထဲက လေးခုကိုပဲနားလည်သေးတယ် အဲဒါတွေက ဝင်စားခြင်း၊ သွေ့ရော်ခြင်း၊ ဖွံ့ဖြိုးခြင်းနဲ့ သေလွန်ခြင်းဥပဒေတွေပဲ ...

... နောက်ဆုံးတစ်ခုဖြစ်တဲ့ အဆုံးသတ်ဥပဒေကိုတော့ နားမလည်သေးဘူး၊ ဝင်စားခြင်းဥပဒေသကို ငါ့အရင်ဘဝ ဝင်စားခြင်း ပလက်ဖောင်းကနေ နားလည်ပြီး ...

... သွေ့ရော်ခြင်းနဲ့ ဖွံ့ဖြိုးခြင်း ... ဥပဒေသကိုတော့ ပြန်ဝင်စားခြင်းနတ်သစ်ပင်နဲ့ ဝင်စားခြင်းရေကန်ကနေ နားလည်ခဲ့တယ် ...

... သေလွန်ခြင်း ဥပဒေသအတွက် မရဏကမ္ဘာမူလကနေ ငါနားလည်ထားတယ် ဒီဥပဒေလေးရပ်လုံးက ပြန်လည်မွေးဖွားခြင်း ဥပဒေရဲ့ အစိတ်အပိုင်းတွေပဲ ... ။ ”

ဝင်စားခြင်းမပြုမီ စုရီသည် ထိုဥပဒေလေးရပ်ကို ငရဲဘုံကိုးပါးဓားပေါ်တွင် တံဆိပ်ခတ်ထားခဲ့သည်။

ယခု ဧကရာဇ်ဖြစ်လာပြီးနောက် နတ်သံကြိုးတစ်ချောင်းပြေကာ စုရွှမ်ကြွယ်က သူနှင့် ပေါင်းစည်းလာသဖြင့် အလိုလို ကျွမ်းကျင်လာခဲ့ချေပြီ။

“ ဒါဆို အဆုံးသတ်ဥပဒေကိုရရင် ဒီမရဏကမ္ဘာကြီးရဲ့ ပြန်လည်မွေးဖွားခြင်း ဥပဒေကို မင်းရပြီ ... ။ ”

ခေါင်းတလားထမ်း သူရဲအိုကြီးက ရုတ်တရက် ပစ္စည်းနှစ်ခုကို ထုတ်ယူပြီး စုရီထံ ပေးအပ်လိုက်သည်။

“ ငါမင်းကို ဒုက္ခပေးချင်တယ်- ဒီရတနာနှစ်ခုကို ငါ့အတွက်လုံခြုံအောင် သိမ်းထားပေးပါ။ ”

ဤသည်မှာ ဆန်းကြယ်သော လမ်းစဉ်ခြောက်ပါးတံဆိပ်နှင့် စုရီမမြင်ဖူးသည့် ကျောက်စိမ်းပြားတစ်ပြားပေပင်။

ထိုကျောက်စိမ်းပြားသည် လက်ဖဝါးအရွယ်မျှရှိနေပြီး စာအုပ်ကဲ့သို့သော ပုံသဏ္ဌာန်မျိုးရှိချေပြီ။ ညလူ၏ နားထောင်ခြင်း ကျမ်းနှင့် အနည်းငယ်ဆင်တူ၏။

သို့သော် ဤကျောက်စိမ်းပြား၏ ထောင့်တစ်နေရာတွင် ပင့်ကူအိမ်ကဲ့သို့သေးငယ် လွန်းသည့် မီးလောင်ကျွမ်းရာများ ရှိနေသည်။

“ ဒါက ဘာလဲ။ ”

ခေါင်းတလားထမ်းအဖိုးအိုမှ လေးနက် သွားတော့သည်။

“ ဒါမြေအောက်ကမ္ဘာမှတ်တမ်းပဲ မြေအောက်ကမ္ဘာဧကရာဇ်တိုင်း ထိန်းချုပ်ခွင့် ရနိုင်တဲ့ တံဆိပ်ပါ ... ဒီတံဆိပ်က မရဏကမ္ဘာရဲ့ မူလရင်းမြစ်ကို ခြေရာခံနိုင်တယ်။ ”

“ မြေအောက်ကမ္ဘာမှတ်တမ်းလား။ ”

စုရီက မျက်ဝန်းများ တောက်ပလာ၏။ ဤသည်မှာ ရတနာပေပင်။ မြေအောက်ကမ္ဘာ မှတ်တမ်းအကြောင်း ကောလာဟလများ မရေမတွက်နိုင်အောင် ပျံ့နှံ့ထားသည်။

ထိုကောလဟာလတိုင်းသည် စိတ်ကူးယဉ်ဆန်ပြီး ဒဏ္ဍာရီတစ်ပုဒ်လို ရှားပါး ထူးဆန်နေချေပြီ။

***

All Chapters