လေနှင့် မိုးထဲ ညဘက်ခရီးနှင်ခြင်း
Vol. 42 Ch. 572
ဟူး ဟူး
ချူလောသည် မိုးကုပ်စက်ဝိုင်းမှ ပျောက်ကွယ်သွားသည်နှင့် ကျန်းရီနှင့် ဖုန်းလန်တို့က သက်ပြင်းချလိုက်လေ၏။ ယခုအခေါက်က အမှန်တကယ် အန္တရာယ်များလွန်းသည်။ ကံကောင်းသည်မှာ သခင်လေးဖေးထျန်းက သူ့ကိုယ်သူ တွေးလွန်းနေပြီး ကိုယ်တိုင်ဆင်းချလာတာပဲဖြစ်သည်။ သူက ကောင်းကင်ဧကရာဇ် ပညာရှင်တစ်ဦးထဲသို့ ပို့ခဲ့လျှင် ကျန်းရီမသေလျှင်တောင် ဖုန်းလန်က အဖမ်းခံရမှာပဲဖြစ်သည်။
“သွားကြမယ် ”
နှစ်ယောက်လုံးက ကြောက်လန့်နေပြီး ချက်ချင်း ပြေးထွက်သွားကြ၏။ ယခုအခေါက်တွင် သူတို့က မြေအောက်မှ မသွားရဲတော့ချေ။ တစ်ဖက်လူက သူတို့နှစ်ဦးကို မြေအောက်မှ အလွယ်တကူ ရှာတွေ့ခဲ့သောကြောင့် မြေအောက်မှသွားရင် မည်သည်က အကျိုးထူးတော့မည်နည်း။
ဖုန်းလန်သည် ချက်ချင်းပင် အားဖြည့်ခြင်း ဆေးလုံးတစ်လုံးကို သောက်လိုက်ပြီးနောက် ကျန်းရီကို သယ်ကာ ပြန်ထွက်သွားတော့၏။ မိုင်တစ်ရာကျော်ခန့် ပြေးလာပြီးနောက် ဖုန်းလန်သည် ခဏရပ်တန့်လိုက်ကာ ကျန်းရီကလည်း ကောင်းကင်သိမြင်နားလည်ခြင်းကို ဖော်ထုတ်လိုက်တော့သည်။ သူတို့နှစ်ဦးက သားရဲလူသားနယ်မြေဆီသို့ လမ်းကြောင်းနောက် လိုက်ရန် ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် တတ်စွမ်းသမျှ ပျံသန်းနေတော့သည်။
ကောင်းကင်သိမြင် နားလည်ခြင်း မှော်အတတ်က အင်မတန် အစွမ်းထက်၏။ ၁၅မိနစ်မျှဖြင့် သူသည် မိုင်တစ်သန်း အကွာအဝေးကို စစ်ဆေးနိုင်ရာ ကျန်းရီသည် အင်မတန်လုံခြုံသည့် လမ်းကြောင်းတစ်ခုကို ရှာတွေ့သွားတော့၏။
“သွားကြမယ် ဒီဘက်ခြမ်းကနေသွားမယ်၊ ဒါပြီးရင် ကြီးမားတဲ့ တောင်တန်းဒေသကြီး တစ်ခုရှိမယ် တောင်တန်းဒေသအတွင်းမှာ လူခြေရာလေးတွေရှိတယ် တောင်တန်းဒေသထဲမှာ အသန်မာဆုံးက နတ်ဆိုးဘုရင်တပ်သားပဲ၊ ဒီတောင်တန်းဒေသကနေ သွားမယ်ဆိုရင် ငါတို့တွေ အနည်းဆုံး မိုင်တစ်သန်းကျော်လောက် ခရီးနှင်နိုင်မယ် ”
ကျန်းရီသည် သူတို့သွားသင့်သည့်လမ်းကြောင်းကို ဆုံးဖြတ်ချက် ချပြီးသည်နှင့် ဖုန်းလန်က ချက်ချင်း ခရီးစထွက်တော့သည်။ သခင်လေးဖေးထျန်း ပို့လိုက်သည့် လိုက်ပါသောအဖွဲ့က မကြာမီ ရောက်လာလောက်သည်။ ယခုအချိန်က သူတို့အတွက် တက်နိုင်သမျှ မြန်မြန် ပြေးတာက အကောင်းဆုံးပဲဖြစ်သည်။
သခင်လေးဖေးထျန်းက နတ်မြင်းပျံအင်ပါယာ၏ မင်းသားဖြစ်ပြီး သူကကြီးကျယ်ခမ်းနားသော အဆင့်အတန်း တစ်ခုရှိ၏။ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်အချို့ကို လှုပ်ရှားခိုင်းဖို့က သူ့အတွက် ပြဿနာတစ်ရပ် မဟုတ်လောက်ပေ။ သူ့နောက်သို့ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်နှစ်ဦး လိုက်နေခဲ့လျှင် ရလဒ်က မမှန်းဆနိုင်စရာ ဖြစ်ပေလိမ့်မည်။
ထင်သည့်အတိုင်းပင် မိုင်တစ်ထောင်ခန့် ပြေးလာပြီးနောက် အဆုံးမရှိ အစိမ်းရောင် တောင်ကုန်းတစ်ခုက သူတို့ရှေ့၌ ပေါ်လာတော့သည်။ တောင်တန်းများ၌ အလွန်ကြီးမားသည့် လျိုမြောင်ရှိပြီး သိပ်သည်းသည့် ရွက်စိမ်းတို့ ပြည့်နေလေသည်။ ထိုနေရာက သီးခြားတောင်တစ်ခု ဖြစ်ပေ၏။ တောင်တန်းအတွင်း၌ နတ်ဆိုးသားရဲ များစွာရှိပြီး ဧရာမကျားများက ခြုံထဲတွင် ပုန်းနေလေ၏။ သာမာန် သိုင်းပညာရှင်တစ်ဦးက ဤနေရာကို ဘယ်တော့မှ ဝင်ရဲမှာမဟုတ်ပေ။
ဝှစ်
ကျန်းရီသည် ဧရိယာကို စစ်ဆေးပြီးဖြစ်ကာ နေရာတစ်ဝိုက်၌ နတ်ဆိုးဧကရာဇ်မရှိကြောင်း သူမကို ပြောပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဖုန်းလန်သည် ပုံရိပ်ယောင်အဖြစ် အသွင်ပြောင်းလဲသွားပြီးနောက် စိုးရိမ်ပူပန်မှု မရှိဘဲ တောင်တန်းဒေသထဲသို့ ဝင်သွားလိုက်၏။ သူမသည် ခြေတစ်ဖက်သာသုံးလျက် တောင်တန်းများကို ပျံသန်းနေသော ကြိုးကြာတစ်ကောင်ပမာ ခုန်ပျံကျော်လွှား သွားလိုက်တော့၏။ သူမ၏ ကျောက်စိမ်းနှယ် ခြေထောက်က မြေပြင်ကို တစ်ချက်ထိပြီးသည်နှင့် လျိုမြောင်ကြီးကို ကျော်ဖြတ်ပြီး သွားလိုက်တာဖြစ်သည်။ မျက်တောင်တစ်ခတ်စာ အနည်းငယ်အတွင်း သူမက တောင်တန်းဒေသ၏ နက်ရှိုင်းသည့်အပိုင်းနှယ် ရောက်လာခဲ့ပြီဖြစ်သည်။
နောက်ဆုံးတွင် သူတို့က ရပ်တန့်လိုက်ရာ ကျန်းရီသည် ဧရိယာကို စစ်ဆေးရန်အတွက် ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်လိုက်တော့သည်။ ကျန်ရှိသည့်လမ်းကြောင်းကို မဆုံးဖြတ်ခင် သူတို့နောက်သို့ လိုက်နေသည့် သိုင်းပညာရှင်များ ရှိမရှိကို သူစစ်ဆေးရမည်ဖြစ်သည်။ တစ်ချိန်ထဲတွင် ဖုန်းလန်က ခဏအနားယူရမည်။ သူတို့နှစ်ဦးလုံးက သွေးရူးသွေးတမ်းဖြင့် ခရီးဆက်လာရတာပဲဖြစ်သည်။
ညတာက ကျရောက်လာ၏။ တောင်တန်းဒေသအတွင်းရှိ ကြမ်းကြုတ်သော သားရဲများ အားလုံးသည် သူတို့၏ဂူအတွင်းမှ ထွက်လာပြီဖြစ်ကာ ပုန်းနေသော ဧရာမ ကျားများကလည်း အစာအတွက် အမဲလိုက်ရန် ထွက်လာကြသည်။ တောင်တန်း၏ ညအချိန်က အင်မတန် ကြောက်မက်ဖွယ်ကောင်း၏။ သူတို့ဂရုမစိုက်ခဲ့လျှင် အဖမ်းခံရနိုင်သည်။ အဆိပ်ရှိသည့် ပိုးမွှားများစွာကလည်း သူတို့ကိုယ်ပေါ်၌ အရှိန်အဝါမရှိ သစ်ရွက်များ သစ်ကိုင်းများ သို့မဟုတ် ကျောက်တုံးများအဖြစ်တောင် ရုပ်ဖျက်နေလေကြသည်။ ရွေးချယ်စရာမရှိဘဲ ဖုန်းလန်က သူတို့ထွက်ပြေးနေစဉ် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ထားရတော့၏။ ညကအနက်ရောင် မှင်ပမာ မှောင်မည်းနေတော့သည်။ ယနေ့ည၌ တိမ်တိုက်များက တစ်ခုနှင့်တစ်ခု တင်းကြပ်စွာ ပိတ်လျက် မိုးခြိမ်းသံတို့ တစ်ဂျိန်းဂျိန်း ပေါ်နေလေ၏။ လွင်ပြင်က နက်မှောင်နေရာ သူတို့၏စိတ်နှလုံးကို အားငယ်စေတော့သည်။ ဤကဲ့သို့ နက်ရှိုင်းသည့် တောင်တန်းအတွင်း သာမာန်လူတစ်ယောက် ခရီးဆက်ရမည်ဆိုလျှင် သူတို့ကြက်သီးမွှေးညှင်းများ ထနေလောက်ပေ၏။ ထိုကဲ့သို့ သီးခြားစွမ်းအင်က လူသားတို့ မသိနားမလည်ဘဲ ကြုံတွေ့ရသည့် အရာတစ်ခုကို ရင်ဆိုင်တွေ့ရသည့် အချိန်၌ ခံစားရသော အကြောက်တရားပင်ဖြစ်သည်။
ဖုန်းလန်က အလွန်သန်မာပြီး ဖီးနစ်အော်သံနယ်မြေ၏ အုပ်စိုးသူဖြစ်သည်။ သူမသည် အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီးတစ်ဦးမျှသာ ဖြစ်သေး၏။ ကျန်းရီသာ အနားတွင် ရှိမနေလျှင် အခြေအနေကသာ ထိုကဲ့သို့ ဖြစ်မနေခဲ့လျှင် သူမက ဤခရီးကို ရှေ့ဆက်ရဲမှာမဟုတ်ပေ။
ဖုန်း ဖုန်း ဖုန်း
မိုးသက်မုန်တိုင်းတို့က ရွာသွန်းကျလာပြီး လေပြင်းတို့က ရွာသွန်းကျလာလေ၏။ တောအုပ်ထဲ ဆူညံသံကြီး ပေါ်ထွက်လာစေသည်။ မိုးသီးမိုးပေါက်တို့က နှစ်ယောက်လုံး၏ ခန္ဓာကိုယ်ပေါ် ကျလာရာ သူတို့ဝတ်ရုံများကို စိုသွားစေတော့သည်။ မိုးကပြင်းလွန်း၏။ နှစ်ယောက်လုံးက စိုစွတ်မှုကို ငွေ့ရည်ပျံသွားစေရန် အတွင်းအားများ လှည့်ပတ်လျှင်တောင် အသုံးမဝင်ချေ။ ထို့ကြောင့် သူတို့နှစ်ယောက်သည် လျစ်လျူရှု့ထားရန်သာ တွေးလိုက်၏။ ထို့အပြင် ဖုန်းလန်က အရှိန်အဝါ တည်ရှိမှုကို စစ်ဆေးရန်အတွက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ရန် လိုအပ်သေးသည်။ သူမအဖို့ စိတ်ထွေပြားနေဖို့ မဖြစ်နိုင်ပေ။
ခွပ်
မိုးက ပိုသည်းထန်လာပြီး နှစ်ယောက်၏ အဝတ်အစားများကလည်း စိုလာ၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်၌ ကပ်နေရာ ဖုန်းလန်၏ ပြီးပြည့်စုံသော ကောက်ကြောင်းတို့ကို အသေးစိတ် ပြသပြီးဖြစ်နေသည်။ မိုးရေတို့က သူမ၏ဆံပင်များကို ရှုပ်ပွစေပြီး လှပသော ဆံနွယ်တို့က ပါးပေါ်ကပ်နေလေ၏။ ယင်းက သူမကို အတော်လေး ဂရုဏာသက်ပုံ ပေါ်နေသော်ငြား ဆွဲဆောင်မှုရှိသည့် သွင်ပြင်ကို ပေးနေတော့သည်။
စိတ်ပူပန်မှုကြောင့် သို့မဟုတ် ည၏ကြောက်မက်ဖွယ်ကောင်းမှုကြောင့် ဖြစ်ဟန်တူသည်။ သို့တည်မဟုတ် သူမ၏ဒဏ်ရာက အပြည့်အဝ ပြန်မကောင်းသေးသောကြောင့် သို့မဟုတ် မိုးရေစိုရွဲနေခြင်းကြောင့် ဖြစ်ဟန်တူ၏။ သူမအတော်လေး အေးစိမ့်နေတော့သည်။ ခြေလှမ်းများက တည်ငြိမ်နေပြီး မြဲမြံနေသေးသော်ငြား သူမ၏ခန္ဓာကိုယ်က စတင်တုန်ယင်နေပြီဖြစ်သည်။ အသားရောင်ကလည်း အစိမ်းရောင်အဖြစ် ပြောင်းလာပြီဖြစ်ကာ အတော်လေး သနားစဖွယ် ကောင်းနေလေ၏။
ကျန်းရီက ဖုန်းလန်ဘေးတွင် ရှိနေသောကြောင့် သူမ၏ အခြေအနေကို သူမည်ကဲ့သို့ မခံစားမိဘဲ နေမည်နည်း။ ထိုစဉ်သူက စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်တော့၏။
“ဖုန်းလန် အနားယူဖို့အတွက် ဧကရီနန်းတော်ထဲ ဝင်နေပါ့လား ငါဘာသာငါ သွားလို့ရတယ် ”
“မရဘူး ” ဖုန်းလန်က ပတ်ဝန်းကျင်ကိုကြည့်ပြီး ပြုံးကာခေါင်းခါလိုက်တော့၏။
“သခင်လေး ဖုန်းအာ အဆင်ပြေပါတယ် စိတ်ပူစရာ မလိုပါဘူး ”
ကျန်းရီ၏အရှိန်က နှေးလွန်းနေ၏။ ထို့အပြင် သူ၏ ကောင်းကင်စိတ်အာရုံက ဖုန်းလန်ကဲ့သို့ မသန်မာပေ။ ဤကျယ်ဝန်းသော တောင်တန်းဒေသထဲ၌ မတော်တဆ အလွယ်တကူ ဖြစ်နိုင်၏။ ထို့အပြင် သူ၏ကောင်းကင် သိမြင်နားလည်ခြင်းကို ထုတ်ဖော်သည့်အချိန်၌ သူ့ကိုကာကွယ်ရန် တစ်စုံတစ်ယောက် လိုအပ်သည်။ မဟုတ်လျှင် သူမည်ကဲ့သို့ သေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ပေ။
ကျန်းရီကလည်း ထိုအချက်များကို သိပေ၏။ ထို့ကြောင့် သူက စိတ်ဖိစီးမှု သိပ်မရှိနေတာပဲ ဖြစ်သည်။ သို့သော်ငြား ဖုန်းလန်ကို ထွေးပွေ့ရန် လက်များကို ဆန့်ထုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို သူနှင့်ကပ်ထားကာ အနွေးဓာတ်တစ်ချို့ ပေးလိုက်လေ၏။ ယခုအခေါက်တွင်သူက သူမကို အမြတ်ထုတ်နေတာမဟုတ်ဘဲ ဖုန်းလန်ကို နွေးထွေးမှုအချို့ အမှန်တကယ် ခံစားစေချင်တာဖြစ်သည်။ ယင်းက သူမအားကိုးနိုင်သည့် တစ်စုံတစ်ယောက် ရှိစေသော ခံစားချက်မျိုး ပေးနေတာပဲဖြစ်သည်။
“အို ” ဖုန်းလန်က အနည်းငယ် တုန်ယင်သွားပြီးနောက် ဖြူရော်သော အသားအရောင်တို့က အနည်းငယ် အနီရောင် သမ်းသွားလေ၏။ သို့သော်ငြား သူမက မခုခံခဲ့ပေ။ အကြောင်းမှာ ကျန်းရီ၏ ကြင်နာသော ရည်ရွယ်ချက်ကို ခံစားမိသောကြောင့်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ တုန်ယင်နေသော ခန္ဓာကိုယ်က မြန်မြန်ဆန်ဆန်ဖြင့် ငြိမ်ကျသွားပြီးနောက် ကိုယ်တွင်း၌ မဖော်ပြနိုင်သည့် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူမပျံသန်းသည့် အရှိန်ကလည်း ပိုတည်ငြိမ်လာ၏။ နှစ်ယောက်သားက တိတ်တဆိတ် ပျံသန်းနေ၏။ မတိုင်မီ၌ ကောင်းကင်က မိုးသက်မုန်တိုင်းတို့ ရှိနေပြီး လေးများပြင်းထန်ကာ အေးစက်သော လေတို့က ခြိန်းခြောက်နိုင်စွမ်းရှိသည်။ သို့သော် နှစ်ဦးက အအေးဓာတ်ကို မခံစားရဘဲ သူတို့ပတ်ဝန်းကျင်ရှိ သိမ်မွေ့သော အရှိန်အဝါကိုသာ ခံစားမိသည်။ ယင်းက ပျင်းရိခြောက်ကပ်ဖွယ် ခရီးကို အတော်လေး အဆင်ပြေသွားစေ၏။
ဖုန်းလန်၏အရှိန်က မြန်လွန်းနေသည်။ ညလယ်၌ သူတို့နှစ်ဦးက တောင်တန်းဒေသကို ဖြတ်ကျော်ပြီးဖြစ်သည်။ သူတို့ခရီးတစ်ဝက်၌ နတ်ဆိုးဘုရင် နှစ်ပါးနှင့်လည်း ကြုံတွေ့ခဲ့၏။ သို့သော် သူတို့က တစ်ချက်တောင် မလှုပ်ရှားခဲ့ဘဲ သူတို့ကို ဟန့်တားရန်အတွက် ဖြုံလောက်သည့် အရှိန်အဝါကိုသာ အားကိုးခဲ့သည်။
ကျန်းရီက ဖုန်းလန်ကို ရပ်တန့်ခိုင်းပြီးနောက် တောင်တန်းဒေသကို ဖြတ်ကျော်ပြီးချိန်၌ အနားယူတော့သည်။ တဖန် သူ၏ကောင်းကင် သိမြင်နားလည်ခြင်းကို ထုတ်ဖော်ကာ သူတို့နားရှိ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီး သင့်တော်သည့်လမ်းကြောင်းကို ရှာဖွေနေ၏။ မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် သူတို့နှစ်ယောက်က ခရီးရှေ့ဆက်ပြီး မိုးသက်မုန်တိုင်းကို ဖြတ်ကျော်လာသည်။
တစ်ရက်အတွင်း သူတို့နှစ်ဦးက မိုင်သန်းချီကျော် ခရီးနှင်လာခဲ့၏။ ကျန်းရီရွေးချယ်ခဲ့သည့် လမ်းကြောင်းက အတော်အဆင်ပြေပြီး မြို့နှင့်မနီးကပ်ပေ။ သူတို့က နတ်မြင်းပျံနယ်မြေ၏ ကင်းထောက်များရန်မှ ကာကွယ်ရန်အတွက် မြို့အပြင်ဘက် လူသူကင်းမဲ့သော ဧရိယာများကိုသာ ဖြတ်ကျော်သွားလေ၏။
ကျန်းရီနှင့် ဖုန်းလန်တို့က မြန်ဆန်လွန်းတာ ဖြစ်ကောင်းဖြစ်နိုင်၏။ သို့မဟုတ် သူတို့ရွေးချယ်သည့် လမ်းကြောင်းက ဝေးလွန်းတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ဖေးထျန်းက သူတို့နောက်လိုက်ရန် လူလုံလုံလောက်လောက် မရှာဖွေရတာ ဖြစ်နိုင်သေး၏။ သူတို့နောက်ကို ရက်ပေါင်းများစွာ ကြာလွန်သည့်တိုင် သူတို့နောက်ကို လိုက်သူများ ကင်းထောက်များ မရှိသေးပေ။
အဋ္ဌမမြောက်နေ့၌ နှစ်ယောက်သားက မိုင်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ သူတို့က နတ်မြင်းပျံ နယ်မြေတစ်ဝက်ကို ဖြတ်ကျော်ခဲ့ပြီးတာဖြစ်၏။ မိုင်တစ်သိန်း အကွာအဝေးကို စစ်ဆေးရန် သူ၏ကောင်းကင် သိမြင်နားလည်ခြင်းကို ထုတ်ဖော်ပြီးနောက် ကျန်းရီက သူတို့နောက်လိုက်နေသည့် ကင်းထောက်များနှင့် စစ်သားများ မရှိတာကို သတိပြုမိလိုက်သည်။ သူကရပ်ရန် ဆုံးဖြတ်ပြီး အနားယူတော့၏။ ရှစ်ရက်အပြည့်အဝ ခရီးနှင်ပြီးနောက် ဖုန်းလန်သည် အင်မတန် နွမ်းနယ်နေပြီဖြစ်ကာ သူသည်လည်း အားအင်ကုန်ခမ်းနေပြီဖြစ်သည်။
ကျန်းရီက အနားယူရန်အတွက် ကြုံရာနေရာ မရှာခဲ့ပေ။ ထိုအစား ကြီးမားသည့် ရေအိုင်ကို ရှာတွေ့သွားသည်။ သူနှင့်ဖုန်းလန်တို့က ရေအိုင်ဘေးသို့ တိတ်တဆိတ် ဆင်းသက်လိုက်၏။ ရေအိုင်၌ ပင်လယ်နတ်ဆိုးများ ပြည့်နေပြီး မြေဟောက်နတ်ဆိုးဘုရင်လည်း ရှိနေပေသည်။ ကျန်းရီက နတ်ဆိုးဘုရင်ကို မသတ်ခဲ့ဘဲ သူ့ကိုဖိနှိပ်ရန် သူ၏သတ်ဖြတ်ခြင်းဆန္ဒကို အသုံးပြုခဲ့၏။ ပြီးနောက် ဧကရီနန်းတော်ကို ထုတ်ကာ ဖုန်းလန်ကို အထဲသို့ထည့်ပြီး သူ့ဘာသာသူ ခရီးနှင်ခဲ့တော့သည်။
ဧကရီနန်းတော်က သူ၏ကန့်သတ်ချက်ကို အသက်သွင်းပြီးနောက် မြွေဘုရင်က တိုက်ခိုက်ရဲခြင်း သို့မဟုတ် ထိခိုက်အောင် ပြုလုပ်ရဲခြင်း မရှိပေ။ အနားတွင် နတ်ဆိုးဘုရင်ရှိနေရာ သာမာန်ကင်းထောက်က မည်ကဲ့သို့ လာရဲမည်နည်း။
ဖုန်းလန်က အထဲသို့ ပို့ခံရပြီးနောက် သူမသည် အိပ်ယာထဲသွားကာ လှဲအိပ်လိုက်တော့သည်။ ကျန်းရီကလည်း ကုတင်တစ်လုံးရှာပြီး အိပ်လိုက်၏။ သူအိပ်မပျော်ခင် သံသယက သူ့စိတ်ထဲ ပေါ်လာ၏။ နတ်မြင်းပျံနယ်မြေက ဘာဖြစ်တာလဲ။ ရက်ပေါင်းများစွာ ကြာပြီးတာတောင် သူတို့နောက်ကို လိုက်တဲ့လူ ဘာလို့မရှိတာလဲ။ ဒါ့အပြင် ဖေးထျန်းက ကျန်းရီကို ဆယ်ရက်အတွင်း သတ်မယ်လို့ ကြေညာထားတာ။ ကျန်းရီကို ဆယ်ရက်အတွင်း မသတ်နိုင်ရင် လူတစ်ယောက် မဟုတ်တော့ဘူးဆိုပြီး ကြေညာထားတာလေ။
***