← Chapters

လူစာရင်း စစ်ခြင်း

Vol. 4 Ch. 36

လူစာရင်း စစ်ခြင်း

Vol. 4 Ch. 36

“စီနီယာအစ်ကို... အပြင်မှာ သူတို့ ပြောနေကြတာတွေကို ကြားသင့်တယ်၊ မြို့အနှံ့ ပျံ့နေတာပဲ!”

အကြောက်အလန့် အရှိဆုံးဖြစ်သည့် ဂျူနီယာညီမလေးကျန်းဝမ် သည် အပြင်မှ ပြန်ရောက်လာပြီးနောက် အောင်နိုင်သူတစ်ဦးကဲ့သို့ မျက်နှာတွင် အားရကျေနပ်မှုများ ပြည့်နှက်နေသည်။

“မြို့တစ်မြို့လုံးက စစ်ချန် ကို မိစ္ဆာကောင်လို့ ခေါ်နေကြပြီ။ သူက ကလေးတွေရဲ့ သက်စောင့်စွမ်းအားကို စုပ်ယူပြီး ကျင့်ကြံတယ်လို့ ပြောနေကြတာ။ အခု သူ ဘယ်လောက်အထိ ဆက်ပြီး မောက်မာနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့!”

စစ်ချန်ကို မြို့လမ်းမပေါ်တွင် ကြွက်တစ်ကောင်ကဲ့သို့ ဝိုင်းဝန်း လိုက်လံနှိပ်စက်ခံနေရသည့် ပုံရိပ်ကို သူမ မြင်ယောင်ကြည့်ရင်း ကျေနပ်နေမိသည်။ သို့သော် သူမ ဇဝေဇဝါ ဖြစ်နေသည်မှာ

“ဒါပေမဲ့... ဘာလို့ ဘယ်သူမှ သူ့ကို သွားမဖမ်းကြတာလဲ၊ သွားမသတ်ကြတာလဲ?”

သူမ၏ ဘေးတွင် အကျယ်လောင်ဆုံး အော်ဟစ်လေ့ရှိသော လေးထောင့်မျက်နှာနှင့် တပည့် က နှာခေါင်းရှုံ့လိုက်ရင်း

“သူလို မိစ္ဆာကောင်မျိုးက မနေ့ကတည်းက သေသင့်တာ! အကြီးအကဲ လွီ တံခါးပိတ်ကျင့်ကြံရာက ထွက်လာတာနဲ့ စစ်ချန်ရဲ့ နောက်ဆုံးအချိန် ရောက်လာလိမ့်မယ်။”

ကျောက်ချင်းဟယ်ကတော့ ကျောက်ခုံပေါ်တွင် ထိုင်ကာ သူ့ဓားကို သုတ်နေရင်း တိတ်ဆိတ်နေသည်။ သူ့စိတ်ထဲတွင်တော့ မတည်ငြိမ်မှုများ ပြည့်နှက်နေသည်။

“စီနီယာအစ်ကို?” ကျန်းဝမ်က ထပ်မံ ခေါ်လိုက်သည်။

သူ သက်ပြင်းတစ်ချက်ချကာ လက်နက်ကို ဘေးသို့ ချလိုက်သည်

“အဲဒါက မင်းထင်သလောက် မလွယ်ဘူး။ ဒီမြို့က ပါးနပ်တဲ့လူတွေဟာ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေအတွက်နဲ့တော့ အသေအလဲ ရန်ငြိုးဖွဲ့ကြမှာ မဟုတ်ဘူး။”

“ပြီးတော့... တောအုပ်ထဲမှာတုန်းကလည်း ငါတို့က အရင်စတိုက်ခဲ့တာလေ။”

သူ့အကြည့်က တင်းတင်းစေ့ထားသည့် အတွင်းဘက် တံခါးဆီသို့ ရောက်သွားသည်။ လေလံပွဲပြီးနောက် အကြီးအကဲ လွီသည် ဒေါသတကြီးဖြင့် ပြန်လာခဲ့ပြီး ကောလာဟလများကို လွှင့်ခိုင်းခဲ့သည်။ ထို့နောက် သူ၏ ကျင့်ကြံမှုအဆင့် အတားအဆီးကို ကျော်ဖြတ်ရန် တန်ဖိုးကြီးလှသော ကြက်သွေးရောင် နေမင်းသီး ကို မျိုချကာ တံခါးပိတ်ကျင့်ကြံခြင်းထဲသို့ ဝင်သွားခဲ့သည်။

အကြီးအကဲသည် သူ၏ ပိုင်ဆိုင်မှုအားလုံးကို ပုံအောပေးခဲ့ရကာ လူပုံအလယ်တွင် အရှက်ခွဲခံခဲ့ရသဖြင့် သူ၏ အာဃာတမှာ အလွန် နက်ရှိုင်းလှသည်။

အကြီးအကဲသည် စစ်ချန်ကို တခြားသူတစ်ယောက်ယောက်က သတ်သွားစေရန်၊ သို့မဟုတ် သူပြန်ထွက်လာချိန်တွင်မိစ္ဆာကို နှိမ်နင်းခြင်းဟူသော တရားမျှတသည့် အကြောင်းပြချက်ရရှိစေရန် ရည်ရွယ်နေမှန်း ကျောက်ချင်းဟယ် ခန့်မှန်းမိသည်။ သို့သော် ဤကဲ့သို့ သတင်းမှားများ ဖြန့်ဝေခြင်းမှာ... လက်ယာဂိုဏ်းတစ်ခုအတွက်မှန်ကန်ပါရဲ့လား? ကျောက်ချင်းဟယ်သည် သူ၏ ကိုယ်ကျင့်တရားနှင့် သူ့ဂိုဏ်းအပေါ် ပထမဆုံးအကြိမ် သံသယ ဝင်လာမိသည်။

ခြံဝန်းအတွင်း တိတ်ဆိတ်သွားသည်။ လေးထောင့်မျက်နှာနှင့် တပည့်မှာ မျက်မှောင်ကြုတ်နေသော်လည်း ဘာမျှမပြောပေ။ ကျန်းဝမ်ကတော့ သူမ၏ စီနီယာအစ်ကိုမှာ အရင်ကကဲ့သို့ ပြတ်သားမှု မရှိတော့သလို ခံစားနေရသည်။

ထိုအချိန်တွင် စစ်ချန်မှာမူ နာမည်ဆိုးဖြင့် ကျော်ကြားနေပြီ ဖြစ်သည်။ သူ လျှောက်လှမ်းသမျှ ခြေလှမ်းတိုင်းမှာ လူအများ၏ အကြည့်များကို ဆွဲဆောင်နေသည်။ သို့သော် သူကတော့ ဂရုမစိုက်ဘဲ မထင်မှတ်ထားသော နေရာတစ်ခုဆီသို့ ဦးတည်သွားနေသည်။

“သူက... စီးဆင်းနေသော တိမ်တိုက်ဓားဂိုဏ်းရဲ့ ဝင်းထဲကို သွားနေတာလား”

“တစ်ယောက်တည်းနဲ့ ဂိုဏ်းတစ်ခုလုံးကို ရင်ဆိုင်မလို့လား”

“သူ ရူးသွားပြီ ထင်တယ်”

လူအုပ်ကြီးမှာ နှင်းလုံးလိမ့်သကဲ့သို့ တဖြည်းဖြည်း ပိုမိုကြီးမားလာပြီး သူ့နောက်မှ ကပ်လိုက်လာကြသည်။ သတင်းကတော့ စစ်ချန်၏ ခြေလှမ်းများထက်ပင် ပိုမိုမြန်ဆန်စွာ ပျံ့နှံ့နေသည်။

“စီနီယာအစ်ကို!” တပည့်တစ်ဦး အလန့်တကြား ပြေးဝင်လာသည်။ “စစ်ချန် လာနေပြီ မြို့ထဲက လူတစ်ဝက်လောက်လည်း သူ့နောက်မှာ ပါလာတယ်”

ကျောက်ချင်းဟယ် တောင့်ခဲသွားသည်။ အတင့်ရဲလိုက်တာ

ခြံဝန်းအတွင်းရှိ လူများမှာ ထိတ်လန့်ကုန်ကြသည်။ လေးထောင့်မျက်နှာနှင့် တပည့်က အကြီးအကဲ လွီ ရှိနေသည့် ပိတ်ထားသော တံခါးကို လှမ်းကြည့်လိုက်သည်။ ကျန်းဝမ်ကတော့ “ငါတို့ ဘာလုပ်ကြမလဲ” ဟု တိုးတိုးလေး ညည်းတွဲနေသည်။

ကျောက်ချင်းဟယ်က စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်

“တည်ငြိမ်အောင်နေကြ! ငါ့အမိန့်မရပဲ ဘယ်သူမှ ဘာမှ မလုပ်နဲ့။”

သူတို့အားလုံး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်လျက် တံခါးဝသို့ လျှောက်သွားကြသည်။ ထိုစဉ် တံခါးကို သုံးချက် ခေါက်သံ ထွက်ပေါ်လာသည်။ လူတိုင်း မျက်တောင်ခတ်သွားမိကြသည်။

သူက... ဒီလောက် ယဉ်ကျေးနေတာလား?

လေးထောင့်မျက်နှာနှင့် တပည့်က ပြုံးလိုက်ရင်း“တွေ့လား သူ အသနားခံဖို့ လာတာ ဖြစ်ရမယ်” ထိုအခါမှ တင်းမာမှုများ အနည်းငယ် လျော့ကျသွားသည်။

ကျောက်ချင်းဟယ်က တံခါးကို ဖွင့်လိုက်သည်။ စစ်ချန်သည် လက်နက်မပါဘဲ၊ တည်ငြိမ်အေးဆေးစွာ တစ်ယောက်တည်း ရပ်နေသည်။ သူ့အကြည့်က ခြံဝန်းအတွင်းသို့ ဝှေ့ယမ်းကြည့်လိုက်သည်။

“အားလုံး စုံပြီလား”

ကျန်းဝမ် တစ်ကိုယ်လုံး တုန်သွားသည်။ စစ်ချန်က အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်

“ငါ မင်းတို့ကို သတ်ဖို့ လာတာ။”

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။ သူက လူစာရင်း စစ်နေခြင်း ဖြစ်သည်။ ကျောက်ချင်းဟယ်က သူ့ကို စိုက်ကြည့်ရင်း “မင်း ရူးနေတာပဲ! အကြီးအကဲ လွီက အထဲမှာ ရှိနေတာ”

စစ်ချန်က ခေါင်းညိတ်ပြသည် “ငါ သိတယ်။ သူ ထွက်လာရင် သူ့ကိုလည်း ငါ ရိုက်သတ်မှာပဲ။”

လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်သွားတော့သည်။ သူသည် တစ်ကိုယ်တည်း၊ တည်ငြိမ်စွာဖြင့် စီးဆင်းနေသော တိမ်တိုက်ဓားဂိုဏ်းကို စစ်ကြေညာလိုက်လေပြီ။

All Chapters