← Chapters

အမှန်တကယ် ဂုဏ်သိက္ခာရှိသော မျိုးနွယ်စု

Vol. 42 Ch. 574

အမှန်တကယ် ဂုဏ်သိက္ခာရှိသော မျိုးနွယ်စု

Vol. 42 Ch. 574

နတ်ဆိုးဧကရာဇ်က ပုံစံပြောင်းပြီး လူပုံစံအဖြစ် ပြောင်းလဲနိုင်၏။ ထိုနတ်ဆိုးဧကရာဇ်၏ ခွန်အားက ပုံမှန်မဟုတ် အစွမ်းထက်ပြီး အလယ်အဆင့် လူသား ကောင်းကင်ဧကရာဇ်နှင့် ယှဉ်နိုင်စွမ်းရှိကာ ဖုန်းလန်ထက် သာလွန်ပေ၏။

ထိုကဲ့သို့သော နတ်ဆိုးဧကရာဇ်က စီးတော်သားရဲအဖြစ် အမှန်တကယ် ဆက်ဆံခံရသည်လော။ ထိုကလေးသည် ကျန်းရီယခင်က ကြုံတွေ့ဖူးသော သူများကဲ့သို့ မဟုတ်ပေ။ သူကအမှန်တကယ် အသက်ခုနှစ်နှစ်၊ ရှစ်နှစ်ဝန်းကျင်သာရှိသည့် ကလေးတစ်ဦးဖြစ်သည်။ ခါးတွင် မြစိမ်းရောင်ခါးစည်းနှင့် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားလေ၏။ သူကကျောက်စိမ်းဖြူပုလွေကို ကိုင်ဆောင်ထားလျက် ခြေထောက်နှစ်ဖက်က လေထဲတွင် တွဲလွဲခိုနေကာ အေးအေးလူလူ လွှဲယမ်းနေလေ၏။ ဤနေရာက အလွန်အန္တရာယ်များသည့် တောအုပ်မဟုတ်သည့်နှယ် သူ့အိမ်ထဲ၌ နောက်ဖေးခြံဝန်းပမာ ဖြစ်နေတော့သည်။

ထိုကဲ့သို့ အစွမ်းထက်သော နတ်ဆိုးဧကရာဇ်ကို သက်တော်စောင့်အနေဖြင့် ထားနေရာ ထိုကလေးကို မည်သူက ထိခိုက်အောင် လုပ်ရဲမည်နည်း။ ထိုကလေး၏ နောက်ခံက အင်မတန် ထူးကဲရပေမည်။ သာမာန်မျိုးနွယ်စုများသည် သတ္တိအဆတစ်ရာ ရှိနေလျှင်တောင် သူ့ကိုထိရဲကြမှာ မဟုတ်လောက်ပေ။

“ချူး ”

ရွှေတောင်ပံဂဠုန်က ကျန်းရီ၏ခေါင်းကို ရွှေရောင်အလင်းတန်းပမာ ဖြတ်သန်းသွားလေ၏။ တစ်ချက်တောင်မရပ်ဘဲ အနောက်မြောက် အရပ်ဆီသို့ ဆက်လက်ပျံသန်းသွားပြီး အနက်ရောင် အစက်လေးအဖြစ် အမြန်ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့၏။

“ဟူး ” ကျန်းရီနှင့် ဖုန်းလန်က သက်ပြင်းချလိုက်တော့သည်။ ထိုရွှေတောင်ပံဂဠုန်က အမှန်တကယ် ခွန်အားကြီး၏။ သူတို့ကိုသာ ပစ်မှတ်ထားခဲ့လျှင် မည်သို့မှ တောင်ခံနိုင်မှာ မဟုတ်ပေ။ ကံကောင်းသည်မှာ ယင်းကဖြတ်သွားရုံမျှသာ ဖြစ်သည်။

“သွားကြရအောင် ”

ကျန်းရီက တစ်စက္ကန့်ခန့် ရပ်တန့်ပြီး ထရပ်ကာ သူတို့ခရီးကို ဆက်ချင်၏။ ဖုန်းလန်ကသူ့ကို ပြန်ဆွဲချထား၏။ ပြီးနောက် သုန်မှုန်နေသော မျက်ဝန်းများဖြင့် တီးတိုးပြောလိုက်သည်။ “သခင်လေး မလှုပ်နဲ့ နောက်ထပ် သိုင်းပညာရှင်တစ်ယောက် ရောက်လာနေပြီ ”

ကျန်းရီက ထိတ်လန့်သွားပြီးနောက် အမြန်ဝပ်လိုက်ကာ အရှေ့ဘက် အရပ်ဆီသို့ ကြည့်လိုက်၏။

“မူး မူး ” မကြာမီ၌ နွားရိုင်းသို့မဟုတ် မြင်းသံနှင့်တူသော အသံထွက်လာသည်။ ချက်ချင်းပင် ဧရာမနတ်ဆိုးသားရဲတစ်ကောင်က လေကိုခွင်းပြီး ပေါ်ထွက်လာသည်က ကျန်းရီ၏ မျက်လုံးကို ပြုတ်ထွက်လုနီးပါး ဖြစ်သွားစေ၏။ ယခုအခေါက်တွင်လည်း ဝိညာဉ်သားရဲဖြစ်နေသော နတ်ဆိုးဧကရာဇ် တစ်ပါးဖြစ်သည်။ ထို့အပြင်ယင်းက ရထားလုံးတစ်ခုကိုတောင် ဆွဲလာပေ၏။

ထိုနတ်ဆိုးသားရဲက ခြွင်းချက်မရှိ လှပသည်။ မီတာတစ်ရာကျော်ခန့် မြင့်မားသည့် နတ်မြင်းပျံတစ်ကောင်ဖြစ်ပြီး အပြာရောင် လည်ဆံမွေးများဖြင့် ပြည့်နေလေ၏။ သူ၏သွင်ပြင်က နတ်မြင်းပျံတစ်ကောင်နှင့် မခြားပေ။ သူ့ခေါင်းပေါ်ရှိ အပြာရောင်ဂျို ပေါ်နေသည်မှအပ ခမ်းနားသော သွင်ပြင်မျိုး ဖြာထွက်နေပေ၏။

နတ်မြင်းပျံကိုယ်တွင်၌ ငွေရောင် ချိန်းကြိုးနှစ်ကြိုးဖြင့် ချည်နှောင်ခံထားရပြီးနောက် အနောက်၌ ငွေရောင်ရထားလုံးတစ်လုံးကို ဆွဲနေသည်။ ယင်းက ရှေးနတ်ဘုရား ရထားလုံးမဟုတ်ပေ။ ထိုရထားလုံးက နန်းဆောင်သေးလေး၏ အရွယ်အစားခန့်ရှိသော ဆယ်မီတာခန့်မြင့်သည့် ရထားလုံးပင်ဖြစ်သည်။

ရထားလုံး၏ အမိုး၌ အလှလေး လေးဦးရှိနေလေသည်။ ထိုမိန်းမလှလေးများက ဒူးထောက်နေလျက် စစ်ရထားလုံး၏ ညောင်ဇောင်းပေါ်တွင် ဝတ်ရုံဖြူ သခင်လေးတစ်ဦး ရှိနေသည်။ ဝတ်ရုံဖြူ သခင်လေးက အေးအေးလူလူ သေရည်သောက်နေပြီး သူ၏ဝတ်ရုံက လေထဲလွင့်နေလေ၏။ သူ့နားတွင် ထူးကဲသော အရှိန်အဝါရှိသည်က သူ့ကိုထာဝရရှင်သန်သူ အရှင်တစ်ပါးနှယ် တူနေတော့၏။

စစ်ရထားလုံးက အလင်းစီးကြောင်းပမာ အနောက်မြောက်အရပ်ဆီသို့ ပျံသန်းသွားပြီး မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွား၏။ ကျန်းရီက ဖုန်းလန်ကိုကြည့်ပြီး သူမ၏အံ့သြနေသော အမူအရာကို မြင်လိုက်ရသည်။ သူမက ခဏတစ်ဖြုတ် ရပ်တန့်သွားပြီးနောက် ပြောလိုက်တော့သည်။

“သခင်လေး အဲဒီအစေခံ မိန်းကလေးတွေက ကောင်းကင်ဧကရာဇ် အဆင့်တွေပဲ ပြီးတော့ အဲ့ဒီသခင်လေးရဲ့ အရှိန်အဝါက သခင်လေးဖေးထျန်းရဲ့ ကောင်းကင်ဧကရာဇ် အဆင့်အောက် မလျော့ဘူး”

“ဘာ ”

ကျန်းရီသည် သူ၏ကောင်းကင် စိတ်အာရုံကို မထုတ်ဖော်ရဲချေ။ သူ၏ သိမြင်နားလည်မှုက ဖုန်းလန်လောက် မတော်။ ထို့ကြောင့် သူဘာကိုမှ အာရုံမခံနိုင်ပေ။ ဖုန်းလန်ပြောတာ ကြားသည်နှင့် သူသည် စိတ်ပျက်သည့် အမူအရာသာ ပေါ်လာတော့သည်။ သူ့ထက်ငယ်ရွယ်ပုံပေါ်သော သခင်လေးက ကောင်းကင်ဧကရာဇ်အဆင့် ဖြစ်နေပြီတဲ့လား။ ထိုအစေခံ မိန်းကလေးများကလည်း အသက်ကြီးသေးပုံမပေါ်။ သူတို့က စိတ်ဝိညာဉ် တာအိုအက်ကွဲမှုပုံစံကို သန့်စင်ထားတာများ ဖြစ်နိုင်လား။

“အဲဒါမဟုတ်ဘူး ” ဖုန်းလန်က ကျန်းရီ၏သံသယကို မြင်နိုင်၏။ သူမက တံတွေးမျိုချပြီး ရှင်းပြလိုက်သည်။ “အစောတုန်းက ကလေးကလည်း ခုနတုန်းက သခင်လေးလိုပဲ သူတို့တွေက အရှေ့ပိုင်း တော်ဝင်နယ်မြေထဲက အမှန်တကယ် ဂုဏ်သိက္ခာရှိတဲ့ မျိုးနွယ်စုကနေ ဆင်းသက်လာတာ ဖြစ်မယ် အဲ့ဒီလိုမျိုးနွယ်စုတွေက သူတို့ရဲ့ ကိုယ်ပိုင်မျိုးဆက်ကို သူတို့ရဲ့အနာဂတ် ဖျက်ဆီးခွင့် ပေးမှာမဟုတ်ဘူး ဒီတော့ အဲ့သခင်လေးက သူ့ရဲ့ကိုယ်ပိုင် အရည်အချင်းနဲ့ ကျင့်ကြံခဲ့တာ သေချာတယ် အစေခံမိန်းကလေး လေးယောက်ကတော့ တာအိုအက်ကွဲမှုပုံစံကို သန့်စင်ထားတာ ဖြစ်လောက်တယ် ”

“တစ်ခုခု မှားနေသလိုပဲ ”

ကျန်းရီက တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိပြီးနောက် အထူးတဆန်း ပြောလိုက်တော့သည်။

“စိတ်ဝိညာဉ် တာအိုအက်ကွဲမှုပုံစံကို သန့်စင်တာက မင်းတို့ဖီးနစ်အော်သံ နယ်မြေမှာပဲရှိတဲ့ ထူးကဲကျင့်စဉ် နည်းလမ်းတစ်မျိုး မဟုတ်ဘူးလား ”

“ခစ် ခစ် ” ဖုန်းလန်ကပြုံးပြီး ခေါင်းခါလိုက်တော့သည်။ “အရှေ့ပိုင်း တော်ဝင်နယ်မြေမှာ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နေတာ စိတ်ဝိညာဉ် တာအိုအက်ကွဲမှုပုံစံကို သန့်စင်တာက အဲ့ဒီမျိုးနွယ်စုတွေအတွက်တော့ ထူးခြားတဲ့အရာလို့ သတ်မှတ်လို့မရဘူးလေ ”

ကျန်းရီက ခေါင်းညိတ်လိုက်၏။ ယနေ့တွင်သူက မျက်စိပွင့်နားပွင့် ဖြစ်လာပြီး ဤလောကကြီး၏ စစ်မှန်သော ဂုဏ်သိက္ခာရှိသည့် မျိုးနွယ်စုများ၏ မျိုးဆက်များကို တွေ့ခဲ့ရပြီဖြစ်သည်။ ထိုကဲ့သို့ ချဲ့ကားမှု တည်ရှိမှု ထိုကဲ့သို့ ခွန်အားတို့ဖြင့် သူတို့ကိုမည်သူက ယှဉ်နိုင်မည်နည်း။

အသက်၁၄နှစ် ၁၅နှစ်အရွယ်တွင် ကောင်းကင်ဧကရာဇ် အဆင့်သို့ ရောက်လာခဲ့သည်။ သူစွန့်စားခန်းထွက်သည့် အချိန်တွင်တောင် ကောင်းကင်ဧကရာဇ် ရံရွှေတော်လေးဦးက လိုက်ပါစောင့်ကြပ်ပေး၏။ သူ၏ရထားလုံးပျံကို နတ်ဆိုးဧကရာဇ် တစ်ပါးကတောင် ဆွဲပေး၏။

“အမ် ” ကျန်းရီ၏စိတ်က ခရမ်းရောင်ဆံနွယ် မိန်းမပျိုလေးရီ ရုတ်တရက် ပေါ်လာတော့သည်။ သူမ၏ဆန်းကြယ်သော အသုံးအဆောင် ပစ္စည်းများအကြောင်း တွေးမိသည့်အချိန်၌ သူကစိတ်ထဲ ပြေလျော့သွားတော့သည်။ ဤလောကကြီး၏ စစ်မှန်သော အဆင့်အတန်းမြင့်မားသော မျိုးနွယ်စုများက အသုံးအဆောင် ပစ္စည်းများ အစေခံများ ချို့တဲ့ခြင်းမရှိပေ။ ကျန်းရီကဲ့သို့ လူများ၏အမြင်တွင် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်က အလွန်အစွမ်းထက်ကောင်း ထက်နိုင်၏။ သို့သော် ထိုမျိုးနွယ်စုများ၏ အမြင်တွင် ကောင်းကင်ဧကရာဇ်က သာမာန်အစေခံ တစ်ဦးမျှသာ ဖြစ်လောက်သည်။

“ခစ် ခစ် ခစ် ”

ကျန်းရီနှင့် ဖုန်းလန်၏ စိတ်လှုပ်ရှားမှုတို့က ငြိမ်ကျသွားတော့မည့် အချိန်တွင် အရှေ့အရပ်မှ ခေါင်းလောင်းသံကဲ့သို့ ရယ်မောသံက ပဲ့တင်သံ ထွက်လာတော့သည်။ ကျန်းရီနှင့် ဖုန်းလန်တို့က အမြန်ပုန်းပြီး ခြုံထဲကနေ ကြည့်လိုက်လေ၏။

တစ်ချက်ကြည့်လိုက်ရာ အလွန်မြန်ဆန်သည့် အရှိန်ဖြင့် ပျံသန်းလာနေသော မိန်းမပျိုလေးကို မြင်လိုက်ရပြီး သူတို့မျက်လုံး လက်သွားတော့သည်။ ထိုမိန်းမပျိုလေးက အသက်၁၆နှစ်သာ ရှိသေးပြီး ပန်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားလျက် ပုလဲဖြူ လှိုင်းစကပ်ကို ဝတ်ဆင်ထားလေ၏။ သူမ၌ သရက်စေ့ပုံစံ မျက်နှာရှိပြီး ဖြူသွယ်ပေ၏။ သူမပါးများ၌ ပါးချိုင့်ရေးရေးရှိနေပြီး သူမ၏ပါးများကို ဖူးပွင့်ကာစ နှင်းဘောလုံးနှယ် အနည်းငယ် နီနေလေ၏။ သူမ၏ရှည်တန်းတန်း မျက်ခုံးတို့က ဆေးခြယ်ထားသည့်ပမာ သူမ၏မျက်ဝန်းများကလည်း အလင်းဖြင့် တောက်ပနေတော့သည်။ နှစ်လိုဖွယ်ကောင်းသော မျက်ဝန်းများက အဖြူနှင့်အနက် ရောနေသည်က အလွန်ငြို့ငင် ဖမ်းစားနိုင်စွမ်း ရှိနေတော့သည်။ သူမ၏မူလ အနက်ရောင်စစ်စစ် ဆံနွယ်လှလှလေးများကို ပုလဲဖြူရောင် ဖဲကြိုးဖြင့် ချည်နှောင်ထားသည်က နတ်မိမယ်တစ်ပါးနှယ် ဖြစ်ပေါ်စေ၏။

သူမ၏သွင်ပြင်က ဖုန်းလန်အောက် မလျော့ပေ။ လေထဲတွင် ပျံသန်းနေတာမဟုတ်ဘဲ ခရမ်းရောင်အလင်း ဖြာထွက်နေသော ခရမ်းရောင် ဘူးသီးခြောက်ပေါ်၌ ရပ်နေတာပဲဖြစ်သည်။ ထိုဘူးသီးခြောက်၏ ရောင်ဝါတည်ရှိမှုက သူတော်စင် လက်နက်ထက်တောင် ပိုကြောက်မက်ဖွယ်ကောင်း၏။ သူမ၏မျက်နှာက နှစ်လိုဖွယ်အပြုံးကို ထုတ်ဖော်ပြသသေးပြီး ရယ်မောသံက ဆည်းလည်းသံလေးပမာ ဖြစ်နေစေတော့သည်။

“အစ်ကိုကြီး မြန်မြန်... နောက်ကျသွားရင် ဆန်းကြယ်ဧကရာဇ် နတ်နန်းတော်ထဲက အသုံးအဆောင် ပစ္စည်းတွေအားလုံး အယူခံလိုက်ရလိမ့်မယ် ”

မိန်းမပျိုလေးက ရုတ်တရက် ရပ်တန့်လိုက်ပြီး အော်ဟစ်လိုက်တော့၏။ ခဏအကြာတွင် အရှေ့အရပ်၌ အလင်းစီးကြောင်း ပေါ်လာ၏။ အနက်ရောင်ဝတ်ရုံဖြင့် ကြည့်ကောင်း ချောမောသော လူငယ်က ကျန်းရီနှင့်ဖုန်းလန်တို့၏ အမြင်အာရုံထဲ ဝင်လာတော့သည်။ ထိုလူငယ်ကလည်း လေထဲတွင် ပျံသန်းနေတာမဟုတ်ဘဲ သူက ဧရာမ ဓားကြီးပေါ်၌ ရပ်နေပြီး ကျန်းရီနှင့် ဖုန်းလန်တို့ကို အသက်ရှု ကြပ်သွားစေနိုင်သည့် အေးစိမ့်သော အရှိန်အဝါ ပေးစွမ်းနေ၏။

“သာလွန်ခြင်း နတ်လက်နက် ”

စကားလုံးသုံးလုံးက သူတို့ရင်ထဲ၌ ပေါ်လာပြီး သူတို့က ဂုဏ်သိက္ခာကြီးသော မျိုးနွယ်စုမှ မျိုးဆက်နှစ်ဦးကို ထပ်မံမြင်တွေ့လိုက်ရပြန်သည်။ ယခုအခေါက်တွင် ချောမောသော လူငယ်က ကောင်းကင်ဧကရာဇ်နယ်ပယ် ဖြစ်ရမည်ဆိုတာ ရှင်းရှင်းလင်းလင်း ခံစားမိ၏။ သူကအသက်နှစ်ဆယ် ကျော်ရုံသာရှိမည်။

“ဆန်းကြယ်ဧကရာဇ် နတ်နန်းတော်လား ”

ကျန်းရီနှင့် ဖုန်းလန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နတ်မြင်းပျံနယ်မြေထဲ၌ တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်သွားတာကို သဘောပေါက်လိုက်၏။ သခင်လေး ဖေးထျန်းသည်လည်း သူတို့နှစ်ယောက်ကို တွေးမနေတော့တာ ဖြစ်နိုင်၏။ ထိုသခင်လေးများနှင့် သခင်မလေးများက တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ သူတို့က ဆန်းကြယ်ဧကရာဇ် နတ်နန်းတော်မှ ပစ္စည်းများကိုယူရန် ရောက်လာတာဖြစ်နိုင်သည်။

“ရှောင်ယာ့ ဘာတွေလောနေတာလဲ နတ်နန်းတော်က နောက်နှစ်ပတ်လောက်နေမှ ဖွင့်မှာ ဒါ့အပြင် အထဲကပစ္စည်းတွေက ရေစက်ရှိတဲ့ လူတွေအတွက်ပဲ အားသုံးပြီး ယူလို့မရဘူး မင်းဖြစ်ဖြစ် ငါဖြစ်ဖြစ် ပိုင်တာဆိုရင် သူတို့တစ်ခြားနေရာဆီ ရောက်သွားမှာမဟုတ်ဘူး ”

ဓားပျံပေါ်ရှိ သခင်လေး၏ အသံက ရုတ်တရက် ပဲ့တင်သံ ထွက်လာလေ၏။ ကျန်းရီက လေထဲကြည့်လိုက်လေရာ မိန်းမပျိုလေးက နှုတ်ခမ်းစူနေတာကို တွေ့လိုက်ရတော့သည်။ “ဟမ့် ဟမ့် ညီမဂရုမစိုက်ဘူး ဒီသခင်မလေးက မီးတိမ်လေနဲ့ နဂါးညှိုးရော်မြက် ရမှဖြစ်မယ် ညီမဆီကနေ အဲ့ဒါကို လုရဲတဲ့လူရှိရင် အဲ့ဒီလူကို အရှင်လတ်လတ် သန့်စင်ပြစ်ဖို့ ထာဝရဘူးသီးခြောက်ကို သုံးလိုက်မှာ ”

“ဒီတစ်ခေါက် လာတဲ့လူတွေ အများကြီးပဲ အဆင်အခြင်မဲ့ မလှုပ်ရှားတာ ပိုကောင်းလိမ့်မယ် ရှားထူမြို့ကို အရင်သွားရအောင် ”

ချောမောခံ့ညားသော သခင်လေးက ခါးသက်စွာ ပြုံးလိုက်ပြီး ထိုမိန်းမပျိုလေးကမူ ခြေဆောင့်နေလျက် ခရမ်းရောင် အလင်းတန်းသဖွယ် ပျံသန်းသွားတော့၏။ ထိုသခင်လေးက ကောင်းကင်ထဲ၌ ရပ်နေပြီး ကျန်းရီနှင့် ဖုန်းလန်တို့ကို တစ်ချက်ကြည့်သွားသည်။ သူ့ခြေထောက်အောက်ရှိဓားက ရောင်စုံအလင်းတန်းများ ဖြာထွက်လာပြီးနောက် အလင်းစီးကြောင်းပမာ ထိုသခင်မလေးနောက်သို့ လိုက်သွားတော့၏။

“ဟမ် အဲဒီလူက ကျွန်မတို့ကို သတိပြုမိသွားပြီ ကံကောင်းတာက သူ မလှုပ်ရှားတာပဲ ”

ဖုန်းလန်က သက်ပြင်းချလိုက်လေ၏။ သခင်လေး၏အကြည့်က သတိပေးသည်ဆိုတာ သိသာနေသည်။ ဖုန်းလန်နှင့် ကျန်းရီတို့က အရှိန်အဝါ မထုတ်ဖော်ရဲသော်ငြား သူကသတိပြုမိသေးသည်။

ဖုန်းလန်က ခဏစောင့်ဆိုင်းနေပြီးနောက် ကျန်းရီအကြောင်းမပြန်တာကို သဘောပေါက်သွားသည်။ သူမကသူ့ကို ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့်ကြည့်ပြီး ကျန်းရီ၏ တောက်လောင်နေသော မျက်ဝန်းများကို မြင်လိုက်ရ၏။ ဖုန်းလန်ကလည်း ထိုအချင်းအရာကြောင့် စိတ်ရှုပ်ထွေးသွားကာ မေးလိုက်တော့သည်။ “သခင်လေး ဘာဖြစ်လို့လဲ ”

“နဂါးညှိုးရော်မြက် နဂါးညှိုးရော်မြက် တကယ် နဂါးညှိုးရော်မြက်ပဲ ”

ကျန်းရီက ဖုန်းလန်ကို လျစ်လျူရှု့ထားလျက် သူရူးတစ်ယောက်ပမာ ရေရွတ်နေတော့သည်။ သူ၏ရင်ထဲ၌ အကြပ်တွေ့နေလေ၏။ နဂါးညှိုးရော်မြက်သည် နှစ်တစ်သောင်းလျှင် တစ်ကြိမ်သာ ပေါ်ပေါက်လာတတ်၏။ သူကဤနေရာတွင် သတင်းရလာသည်လော။ ထိုအရာကို ရနိုင်ခဲ့လျှင် ကောင်းကင်၏ ဘုံကျောက်တုံးများ၏ ကျောက်တုံးများ သန့်စင်မှုကြောင့် ပျက်စီးသွားသော ခန္ဓာကိုယ် တည်ဆောက်ပုံကို ပြင်နိုင်မည်ဖြစ်သည်။ ပြီးနောက် ကောင်းကင်ဧကရာဇ် နယ်ပယ်ထက်တောင် ပိုမြင့်မားသည့်အဆင့်ကို ဖြိုခွင်းရန် အခွင့်အရေး ရှိလာပေမည်။ ပြဿနာ ထိုမျှများပြားသည့် ဂုဏ်သတင်းကြီးသော မျိုးနွယ်စုများ၏ မျိုးဆက်များဖြင့် သူတို့၏ ကောင်းကင်ကို ဖီဆန်နိုင်သော ကျင့်ကြံဆင့်များ ရှိနေကာ သူတို့တွင် နတ်ဆိုးဧကရာဇ် သို့မဟုတ် သာလွန်ခြင်း နတ်လက်နက်များ ရှိနေကြသည်။ သူက နဂါးညှိုးရော်မြက်ကို သွားလုလျှင် ထိုလူများ၏ အပိုင်းပိုင်းစိတ်ခြင်းကို ခံရမည်မဟုတ်လော။

***

All Chapters