← Chapters

ဘယ်သူထောက်ခံလဲ၊ ဘယ်သူကန့်ကွက်လဲ

Vol. 16 Ch. 154

ဘယ်သူထောက်ခံလဲ၊ ဘယ်သူကန့်ကွက်လဲ

Vol. 16 Ch. 154

ယခင်နေ့ရက်များနှင့် မထူးခြားသည့် နေ့တစ်နေ့တွင် ချင်မြို့တော်၌ မြင်းရထားနှစ်စီး ပေါ်လာခဲ့ပေသည်။

ပထမတစ်စီးမှာ နတ်ဆိုးနှိမ်နင်းရေးဌာနမှဖြစ်ပြီး ဒုတိယမြောက်ရထားလုံးမှာမူ ရွှေ၊ ကျောက်စိမ်းတို့ဖြင့် စီခြယ်ထားကာ ဦးခေါင်းတွင် ဦးချိုတစ်ခုစီပါရှိသည့် နှင်းကဲ့သို့ ဖြူဖွေးသော နတ်ဆိုးမြင်းရှစ်ကောင်က ဆွဲလာသဖြင့် အံ့သြဖွယ်ကောင်းလောက်အောင် ခမ်းနားထည်ဝါလှပေသည်။

ရထားလုံးသည် နတ်ဆိုးနှိမ်နင်းရေးဌာနရုံးတော်တွင် ရပ်တန့်လိုက်၏။

လူရိပ်အချို့ အတွင်းသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် စာအစောင်ရေ ဆယ်ကျော်သည် ချင်ပြည်နယ် စီရင်စု၁၂ခုသို့ အမြန်ဆုံးနှုန်းဖြင့် ပေးပို့ခြင်း ခံလိုက်ရလေသည်။

ဆူပွက်နေသော ကောင်းကင်ကြီးသည် လျင်မြန်စွာ ငြိမ်သက်သွားပြီး မတည်ငြိမ်သော အခြေအနေများ ချက်ချင်း တည်ငြိမ်သွားပေ၏။

မတူညီသော စီရင်စုကြီးအသီးသီးမှ တူညီသော ဒီဇိုင်းဖြင့် ခမ်းနားလေးနက်သော ရထားလုံးများသည် ထွက်ခွာလာကြပြီး ချင်မြို့တော်ဆီသို့ ဦးတည် စုဆုံလာကြလေသည်။

ယာဉ်တန်းများ မြို့ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ လူပုဂ္ဂိုလ်များသည် တစ်ယောက်ပြီးတစ်ယောက် နတ်ဆိုးနှိမ်နင်းရေးဌာန ရုံးတော်အတွင်းသို့ ဝင်ရောက်လာကြ၏။

သူတို့၏ အသက်အရွယ်နှင့် အမူအရာများ ကွဲပြားကြသော်လည်း တူညီသောအချက်မှာ သူတို့ခန္ဓာကိုယ်ပေါ်တွင် နက်မှောင်သောအလင်းရောင် တောက်ပနေသည့် ဆန်းကြယ်သံချပ်ကာများနှင့် အလွန်ထင်ရှားသော အနီရောင်ဝတ်ရုံများကို ဝတ်ဆင်ထားခြင်းပင် ဖြစ်ပေသည်။

ရုံးတော်၏ အကြီးဆုံး ခန်းမဆောင်ထဲတွင် အလွန်ကျယ်ဝန်းသော အနက်ရောင် စားပွဲရှည်ကြီးတစ်ခုသည် ဝင်ပေါက်အထိ ရှည်လျားစွာ ခင်းကျင်းထား၏။

များပြားလှသော ပုဂ္ဂိုလ်များ နေရာယူလိုက်ကြသောအခါ အနီးကပ်တွဲဖက်ဒု-စစ်သူကြီး အယောက်နှစ်ဆယ်ခန့်သည် ပင်မတံခါးကြီးကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီး ဓားများကို ထုတ်ကာ အစောင့်အကြပ်အဖြစ် ရပ်နေကြလေသည်။

အနည်းငယ် မှိန်ဖျော့နေသော ခန်းမဆောင်ထဲတွင် ထိပ်ဆုံးထိုင်ခုံ၌ ထိုင်နေသူမှာ ဝတ်ရုံရှည်ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး ထူးခြားသော အသွင်အပြင် မရှိဘဲ စားပွဲပေါ်တွင် တံတောင်ဆစ်ထောက်ကာ လက်ချောင်းများကို ယှက်ထား၏။

သူ့အနောက်တွင် လူငယ်သုံးဦး ရပ်နေသည်။

ဖန်းဟန်နှင့် ပိုင်ကျစ်မင်တို့သည် လက်ကို နောက်ပစ်ကာ ရပ်နေကြပြီး သူတို့ဘေးတွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ချစ်စရာကောင်းသည့် မိန်းကလေးတစ်ဦး ရှိနေပေသည်။

စားပွဲရှည်၏ ဘေးတစ်ဖက်တစ်ချက်တွင် စစ်သူကြီး ဆယ့်နှစ်ဦးသည် ပြင်ဆင်ထားသော စာရွက်စာတမ်းများကို အသီးသီး တင်ပြကြပြီးနောက် သက်လတ်ပိုင်းအမျိုးသား ပြန်လည်စစ်ဆေးသည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြရာ မိန်းကလေးငယ်တစ်ဦးသာ ပျင်းရိစွာ သမ်းဝေနေလေသည်။

ပိုင်ကျစ်မင်က မျက်ခုံးပင့်လိုက်ပြီး လျှို့ဝှက်သတင်းစကား ပေးပို့လိုက်၏။ "ဆရာက အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် ကို အောင်မြင်သွားပြီလား"

သက်လတ်ပိုင်းအမျိုးသားက လက်ဝှေ့ယမ်းလိုက်ရာ အချစ်တော် သမားတော်ပိုင်ခမျာ သစ်တုံးတစ်တုံးကဲ့သို့ နေရာတွင် တောင့်တင်းသွားပြီး မျက်လုံးများသာ လှုပ်ရှားနိုင်တော့သည်။

ဖန်းဟန်သည် ခေါင်းငုံ့ကာ ရယ်ချင်စိတ်ကို ထိန်းချုပ်ရန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရပေသည်။

လင်းပိုင်ဝေ့သည် ထိုနှစ်ယောက်ကို အားနာစွာဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း သူမ၏ စိတ်အာရုံမှာ တခြားနေရာသို့ ရောက်နေပုံရ၏။

သုံးလကြာပြီးနောက် သူမသည် နောက်ဆုံးတွင် ချင်မြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သူမ ထားရစ်ခဲ့သော စာများကို စီနီယာအစ်ကိုကြီးများ၊ ဂျူနီယာမောင်လေးများနှင့်... အဘွားအာချမ်တို့ ဖတ်ပြီးကြပြီလား ဆိုသည်ကို သူမ တကယ် သိချင်နေမိ၏။

ထို့အတူ ဘိုင်ယွင်ခရိုင်မှ ရောက်ရှိနေသည့် လူသစ် တပ်သား ရှန်းယီကိုရော နည်းနည်းလောက် ဂရုစိုက်ပေးကြရဲ့လား ဆိုသည်ကိုလည်း သိချင်နေမိပေသည်။

အချိန်အတန်ကြာပြီးနောက် သက်လတ်ပိုင်းအမျိုးသားသည် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ပြီး စာရွက်စာတမ်းများကို ဘေးဖယ်လိုက်လေသည်။

"မင်းတို့အားလုံး ကောင်းကောင်း လုပ်ခဲ့ကြပါတယ်"

သူ့စကားဆုံးမှသာ စစ်သူကြီးအများစုသည် သက်ပြင်းချနိုင်ကြတော့၏။

ချင်ပြည်နယ်၏ တစ်ဦးတည်းသော သိုင်းဝိဇ္ဇာအဆင့် ကျန်းယွမ်ဟွာသည် စစ်သူကြီးချုပ် ရာထူးကို ရယူထားသူ ဖြစ်ပေသည်။

မဟာလနတ်ဆိုးဘုရင်၏ စောင့်ကြည့်မှုအောက်တွင် ချင်ပြည်နယ် ယနေ့အထိ တည်ငြိမ်နေနိုင်ခြင်းမှာ သူ၏ ဟန့်တားနိုင်စွမ်းကြောင့်ပင် ဖြစ်လေသည်။

"တရားဝင်ကိစ္စတွေ ပြီးပြီဆိုတော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ပြောကြရအောင်"

ကျန်းယွမ်ဟွာ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူ့အနောက်မှ မိန်းကလေးငယ်ကို ကြည့်လိုက်၏။ သူမ ရှက်သွေးဖြာစွာဖြင့် အကြည့်လွှဲသွားသည်ကို မြင်သောအခါ သူက ပေါ့ပါးစွာ ပြောလိုက်သည်။

"ငါ နောက်ထပ် တပည့်တစ်ယောက် လက်ခံဖို့ စီစဉ်ထားတယ်။ မင်းတို့အားလုံး ဘယ်လို သဘောရလဲ"

ထိုစကားကို ကြားသောအခါ စစ်သူကြီးအများအပြား အံ့သြမှင်သက်သွားကြလေသည်။

စစ်သူကြီးချုပ်၏ တပည့်များအားလုံးသည် သာမန်လူများထက် သာလွန်သော ပါရမီရှင်များ ဖြစ်ကြ၏။ တစ်နည်းအားဖြင့်ဆိုရသော် သူတို့သည် စစ်သူကြီးချုပ်၏ ဆက်ခံသူများ ဖြစ်ကြပေသည်။

ထိုကဲ့သို့သော ကိစ္စရပ်သည် သေချာပေါက် ဂရုတစိုက် စဉ်းစားဆုံးဖြတ်ရန် လိုအပ်ပေလိမ့်မည်။

"ဆရာ့မှာ လျာထားတဲ့သူ ရှိနေပြီလား" ယိုလုံထောင်က ဘေးတိုက်ကြည့်ရင်း မေးလိုက်၏။

ကျန်းယွမ်ဟွာသည် ပြန်မဖြေဘဲ မိန်းကလေးငယ်ကိုသာ တစ်ဖန် ပြန်ကြည့်လိုက်သည်။

လင်းပိုင်ဝေ့သည် အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

"စီနီယာအစ်ကို၊ ညီမ အကြံပြုထားတဲ့သူပါ... သူ့နာမည်က ရှန်းယီ၊ ဘိုင်ယွင်ခရိုင်က တပ်သားတစ်ယောက်ပါ။ သူ နတ်ဆိုးနှိမ်နင်းရေးဌာနကို ဝင်တာ သုံးလပဲ ရှိပါသေးတယ်၊ သူက..."

သူမသည် စစ်သူကြီးချုပ်၏ တပည့်ဖြစ်သော်လည်း သူမ၏ အရည်အချင်းမှာ နိမ့်ပါးနေသေးပြီး နတ်ဆိုးနှိမ်နင်းရေးဌာနတွင် ပြောရေးဆိုခွင့် နည်းပါးလှပေသည်။

အခြားသူများ၏ မေးခွန်းထုတ်ခြင်းကို ရှောင်ရှားရန်အတွက် သူမသည် ရှန်းယီ၏ အားသာချက်အချို့ကို အမြန်စာရင်းပြုစုကာ စကားလုံးများကို စီစဉ်ရန် ကြိုးစားနေသော်လည်း ဤ အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် သိုင်းပညာရှင်အုပ်စုရှေ့တွင် ဘယ်ကစပြောရမှန်းမသိ ဖြစ်နေရရှာ၏။

သူမအနောက်ဘက်ရှိ စီနီယာအစ်ကိုကြီးများနှင့် ဂျူနီယာမောင်လေးများသည် စူးစမ်းလိုစိတ် လုံးဝမရှိကြဘဲ ဆွေးနွေးရကျိုးနပ်သည့် ကိစ္စဟုပင် မထင်ကြသည်ကို လင်းပိုင်ဝေ့ သတိမပြုမိပေ။

ထိုနာမည်ကို ကြားလိုက်ရသောအခါ ယိုလုံထောင်းခေတ္တရပ်တန့်သွားပြီးနောက် ပြုံးလိုက်လေသည်။

"အော်... ဒါဆိုရင်တော့ ကျွန်တော့်မှာ ဘာပြဿနာမှ မရှိပါဘူး"

ကျန်းယွမ်ဟွာသည် သူ့ကို အနည်းငယ် အံ့သြစွာ ကြည့်လိုက်၏။ သူ့တပည့်အကြီးဆုံးအကြောင်းကို သူအသိဆုံးဖြစ်ပေသည်။

မည်သည့်ဆုံးဖြတ်ချက်ကိုချချ ထပ်ခါတလဲလဲ စဉ်းစားတတ်သူဖြစ်ရာ ယနေ့မှ ဘာကြောင့် သူ့စိတ်နေသဘောထား ပြောင်းလဲသွားရသနည်း။

လင်းပိုင်ဝေ့လည်း ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်ပြီးနောက် သူမ၏ မျက်လုံးများတွင် ဝမ်းသာအံ့သြရိပ်များ ပြည့်နှက်သွားလေ၏။

သူမ၏စီနီယာအစ်ကိုကြီးပင် ခေါင်းညိတ်လိုက်ပြီဖြစ်ရာ အခြေခံအားဖြင့် ဤကိစ္စပြီးပြတ်သွားပြီ ဖြစ်၏။ အဘယ်ကြောင့်လဲဆိုတာ သူမ မသိသော်လည်း ဒါက အရေးမကြီးပေ။

"နေဦး၊ ငါ သဘောမတူဘူး"

ထိုအချိန်မှာပင် ကုလားထိုင်ပေါ်မှ လက်သေးသေးလေးတစ်ခု ပျင်းရိစွာ ဆန့်ထွက်လာ၏။

အာချမ်က ခြေထောက်ကို ချိတ်လျက် လူတိုင်း၏ နားမလည်နိုင်သော အကြည့်များကြားတွင် ရွှင်မြူးစွာ ပြုံးရင်း ပြောလိုက်သည်။

"ရှန်းယီက နတ်ဆိုးဖမ်းဆီးသူလေ၊ ဘာကိစ္စ နင့်တပည့် လုပ်ရမှာလဲ"

ထိုစကားကို ကြားသောအခါ လင်းပိုင်ဝေ့ အံ့သြစွာဖြင့် ပါးစပ်ဟသွားသည်။ ဤမျှတိုတောင်းသော အချိန်အတွင်း ထိုလူငယ်လေးသည် နတ်ဆိုးဖမ်းဆီးသူ ဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ... သူမ အလျင်စလို ရှင်းပြလိုက်၏။

"အဘွား.. သမီးလည်း နတ်ဆိုးဖမ်းဆီးသူ ပါပဲ"

အာချမ်က ခေါင်းခါလိုက်ပြီး သူမကို နှစ်သိမ့်လိုက်သည်။

"မတူဘူး ကလေးမရ"

ရှန်းယီ၏ ပါရမီနှင့်ဆိုလျှင် မြို့တော်မှာပင် အထူးတလည် လေးစားခံရမည့်သူ ဖြစ်ပေသည်။ သိုင်းဝိဇ္ဇာ၏ နေရာကို ဆက်ခံရင်း ချင်ပြည်နယ်လို နေရာမျိုးမှာ ပိတ်မိနေစရာ အကြောင်းမရှိပေ။

"..."

ကျန်းယွမ်ဟွာသည် လက်ချောင်းများကို ပြန်လည် ယှက်လိုက်ပြီး အခြေအနေက ရုတ်တရက် စိတ်ဝင်စားစရာ ကောင်းလာသည်ဟု ယူဆလိုက်၏။

လင်းပိုင်ဝေ့ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ဖန်းဟန်က တိတ်တဆိတ် သတိပေးလိုက်သည်။

"စီနီယာအစ်မ၊ ခဏလောက် စောင့်ပါဦး..."

ယနေ့ အဖြစ်အပျက်များက ယခုမှစတင်ခြင်း ဖြစ်ပေသည်။

"ဟင်"

လင်းပိုင်ဝေ့ ဇဝေဇဝါဖြင့် နောက်လှည့်ကြည့်လိုက်၏။

ချက်ချင်းဆိုသလိုပင် နောက်ထပ် အိုမင်းသော အသံတစ်သံကို သူမ ကြားလိုက်ရလေသည်။

ချန်ချမ်ခွင်း ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်၏။

"စစ်သူကြီးချုပ် တပည့်လက်ခံတဲ့ ကိစ္စကို ခဏထားလိုက်ကြစို့။ ဒီအဘိုးကြီး ပြောစရာရှိတယ်"

"ပြောပါ"

ကျန်းယွမ်ဟွာက လက်ဖြင့် အမူအရာပြလိုက်၏။

စစ်သူကြီးချန်၏ အင်အားသည် သိပ်မကြီးမားသော်လည်း သူ့ဝါရင့်မှုသည် ကျန်းယွမ်ဟွာပြီးလျှင် ဒုတိယလိုက်ပေသည်။

ချန်ချမ်ခွင်းက မေးစေ့ကို အသာအယာ မော့လိုက်ပြီး ဆက်ပြောလိုက်၏။

"ကျုပ် စိတ်ပင်ပန်းနွမ်းနယ်နေပြီလို့ ခံစားရပြီး လင်းကျန်းစီရင်စုကို ကာကွယ်ဖို့ အင်အား မရှိတော့ဘူး။ ဒါကြောင့် အနီးကပ်တွဲဖက်ဒု-စစ်သူကြီး တစ်ယောက်ကို ယာယီ စစ်သူကြီး အဖြစ် ခန့်အပ်ချင်တယ်။ ကျုပ် လှုပ်ရှားနိုင်တုန်းမှာ သူ အပြည့်အဝ ရင့်ကျက်မလာခင်အထိ လင်းကျန်းစီရင်စုကို ခဏလောက် ဝိုင်းကူကြည့်ပေးလို့ ရသေးတယ်"

ယာယီ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ဟုတ်လား။

ကျန်းယွမ်ဟွာ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။

"ချင်ပြည်နယ်မှာ နောက်ထပ် အမြုတေစွမ်းအင်စုစည်းခြင်းအဆင့် ကျွမ်းကျင်သူ ရှိနေသေးတာလား။ ဘယ်သူလဲ စစ်သူကြီးချန်၊ ပြောပါဦး"

ဤကဲ့သို့သော ကိစ္စကြီး ပါဝင်လာသဖြင့် လင်းပိုင်ဝေ့သည် ဆရာဖြစ်သူ တပည့်လက်ခံမည့်ကိစ္စကို ထပ်မံ ပြောဆိုရဲခြင်း မရှိတော့ပေ။

အနည်းငယ် စိုးရိမ်ပူပန်နေသော်လည်း သူမ၏ စိတ်လှုပ်ရှားမှုများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ရလေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ထိုရင်းနှီးသော နာမည်ကို သူမ ထပ်မံ ကြားလိုက်ရပြန်၏။

သူမ၏ စိတ်အာရုံတစ်ခုလုံး မူးဝေသွားသလို ခံစားလိုက်ရပေသည်။

"ရှန်းယီ"

ချန်ချမ်ခွင်း ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်ပြီး သူ၏ နောက်ကျိနေသော မျက်လုံးများထဲရှိ အပြုံးမှာ ပိုမို ကျယ်ပြန့်လာလေသည်။

သူ ကိုယ်တိုင် ရွေးချယ်ခဲ့သော ပါရမီရှင်လေးအား ချင်ပြည်နယ်တွင် ပွဲဦးထွက်ရန် အချိန်ကျရောက်ပြီ ဖြစ်ပေသည်။

ထိုစကားကို ကြားသောအခါ အာချမ် မျက်မှောင်ကြုတ်သွားပြီး ကုလားထိုင်ပေါ်တွင် မတ်တပ်ရပ်ကာ သူမ၏ လက်မောင်းများကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်၏။

"ငါ ကန့်ကွက်တယ်၊ ငါ ကန့်ကွက်တယ် ရှန်းယီက ယင်ဝိညာဉ်လမ်းစဉ်ကို မလိုက်ဘူးလို့ ပြောထားတာ၊ ဘာကိစ္စ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး လုပ်ရမှာလဲ"

သူမ စကားမဆုံးခင်မှာပင် အောက်ဘက်မှ ပုံရိပ်တစ်ခုသည်လည်း မတ်တပ်ရပ်လိုက်ပြီး အေးစက်သော အကြည့်ဖြင့် ပြောလိုက်သည်။

"ကျွန်တော်လည်း ကန့်ကွက်ပါတယ်"

အာချမ်၏ ပြုမူပုံများနှင့် ယှဉ်လျှင် ကျန်းယွမ်ဟွာသည် ဤ ယန်အန်းစီရင်စု စစ်သူကြီး၏ သဘောထားကို ပိုမို တန်ဖိုးထားကြောင်း သိသာလှပေသည်။

"အကြောင်းပြချက်က ဘာလဲ"

ယန်အန်းစီရင်စု စစ်သူကြီးသည် ခါးမှ စာလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး ဖြည်းညှင်းစွာ ဖြန့်လိုက်၏။

"ဘာလို့လဲဆိုတော့ သူက ယန်အန်းစီရင်စု၊ ဘိုင်ယွင်ခရိုင်က လာတာဖြစ်ပြီး... ဗာဂျာရာဂိုဏ်း ဖျက်ဆီးခံရတဲ့ သတင်းကို ကြားပြီးတဲ့နောက် သူ့ရဲ့ အချက်အလက်တွေကို ကျွန်တော် ပြန်လည်စစ်ဆေးခဲ့လို့ပါပဲ"

"ဒီအတွက် ကျွန်တော့်မှာ ကောက်ချက်တစ်ခုပဲ ရှိတယ်"

လူတိုင်းလိုလို သူ့ကို ကြည့်လိုက်ကြသည်။

ယန်အန်းစီရင်စု စစ်သူကြီးက လှောင်ပြောင်သရော်လိုက်လေသည်။

"သူဟာ ဒုတိယမြောက် ကျန်းဟန်ကျိုး ဒါမှမဟုတ်သူ့ထက် အများကြီး သာလွန်တဲ့ နောက်ထပ် နတ်ဆိုးကြီးတစ်ကောင် ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

All Chapters