စနစ်၏ တာ၀န်
Vol. 2 Ch. 22
"ယန်... ဒီမြို့က တကယ်ကို ကြီးကျယ်တာပဲ။ ကျွန်မတို့ရဲ့ နိုင်ငံငယ်လေးနဲ့ လုံးဝမတူဘူး။ ဝိညာဉ်အမြုတေအဆင့် ကျင့်ကြံသူတွေကိုတောင် လမ်းပေါ်မှာ အလွယ်တကူ တွေ့နေရတယ်" လို့ ယွဲ့လင်းက နှာခေါင်းစည်း (Mask) လေးကို ပြင်ရင်း တိုးတိုးလေး ပြောလိုက်တယ်။
ယန်ဖုန်းက ခေါင်းငြိမ့်လိုက်တယ်။ သူကိုယ်တိုင်လည်း ဒီမြို့ရဲ့ ဖိအားကို ခံစားနေရတယ်။ "သတိထားပါ ယွဲ့လင်း။ ကျွန်တော်တို့ ဒီကို လာတာက သုသာန်ကိုသွားဖို့ လိုအပ်တဲ့ 'သွေးဝိညာဉ် လှေ' တစ်စင်း ဝယ်ဖို့ပဲ။ အပိုပြဿနာ မဖြစ်ချင်ဘူး။"
ဒါပေမဲ့ သူတို့ ဈေးတန်းကို ဖြတ်လျှောက်သွားတဲ့အချိန်မှာပဲ ရှေ့ကနေ မောက်မာလှတဲ့ လူငယ်တစ်စု လမ်းပိတ်ရပ်လိုက်တယ်။ သူတို့အလယ်မှာ ရှိနေတဲ့ ဝတ်ကောင်းစားလှ ဝတ်ထားတဲ့ လူငယ်က ယွဲ့လင်းကို ရိုင်းစိုင်းတဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။
"ဟိုး... ဟိုး... ဘယ်ကလာတဲ့ မိန်မလှလေးလဲ? ဒီလို အဆင့်နိမ့်တဲ့ ကောင်နဲ့ အတူရှိနေတာထက် ငါ့ရဲ့ 'နဂါးနက်ဂိုဏ်း' နန်းတော်ကို လိုက်ခဲ့တာက ပိုကောင်းမယ် မထင်ဘူးလား?"
ထိုလူငယ်က "နဂါးနက်ဂိုဏ်း" ရဲ့ ဂိုဏ်းချုပ်သားဖြစ်ပြီး 'ဝိညာဉ်အမြုတေ' - အဆင့်မြင့် (Late Stage) မှာ ရှိနေတာကြောင့် ယန်ဖုန်းထက် အဆင့်တစ်ဆင့် ပိုမြင့်နေတယ်။သူကအနိုင်ကျင့်ရတာကိုကြိုက်နှစ်သက်သည်
ယွဲ့လင်းက"တောင်းပန်ပါတယ် သခင်လေးရှင့် ကျမမှာချစ်သူရှိပါတယ်"ဟု ဂရုမစိုက်စွာလှမ်းပြောလိုက်တယ်
အခွင့်အရေး: သူ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ သင့်အတွက် လိုအပ်နေတဲ့ 'သွေးဝိညာဉ် လှေ' တစ်စင်း ရှိနေတာကို စနစ်က အာရုံခံမိပါသည်။ ယန်ဖုန်းရဲ့ ပါးစပ်က နတ်ဆိုးဆန်စွာကွေးညွှတ်တတ်သွားတာကိုတော့ လူငယ်သခင်လေးမမြင်လိုက်ပေ
ယွဲ့လင်းက ယန်ဖုန်းကို အံ့သြတကြီး ကြည့်လိုက်ပေမဲ့ သူ့ရဲ့ မျက်လုံးထဲက အေးစက်တဲ့ အရိပ်အယောင်ကို မြင်လိုက်ရတဲ့အခါ သူ ဘာကြံစည်နေလဲဆိုတာကို ချက်ချင်း သဘောပေါက်သွားတယ်။ " ရှင့်သဘောအတိုင်းပါပဲ" လို့ သူမက ယန်ဖုန်းနောက်ကနေ ငြိမ်ငြိမ်လေး လိုက်လာခဲ့တယ်။
လူငယ်က မနာလိုစွာ ကြည့်နေမိသည် ပြီးမှ ယန်ဖုန်းတိုအနားကိုလျှောက်သွားရင် "မင်း အောက်တန်းစားလေး မင်းခွေးကံကကောင်းနေသေးတယ် "ဟုပြောရင်းဖြတ်ကျော်သွားသည်။
ယန်ဖုန်းက သူတို့ ကျော်သွားတာနဲ့ မျက်လုံးတွေကို မှေးလိုက်ရင်း လက်သီးကိုတင်းမာစွာဆုတ်ထားမိတယ်