Chapters

ခနတာအေးချမ်းမှု

Vol. 2 Ch. 24

ခနတာအေးချမ်းမှု

Vol. 2 Ch. 24

​ယန်ဖုန်းက သိုလှောင်လက်စွပ်ကို ကောက်ယူပြီး စိတ်အာရုံနဲ့ စစ်ဆေးလိုက်တယ်။ အထဲမှာ သူရှာနေတဲ့ 'သွေးဝိညာဉ် လှေ' အပြင် ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးအမြောက်အမြား ပါလာတာကို တွေ့ရတယ်။

​"ယန်... " ယွဲ့လင်းက အမှောင်ထဲကနေ ထွက်လာပြီး ခေါ်လိုက်တယ်။ သူမရဲ့ မျက်နှာမှာ ကြောက်ရွံ့မှု မရှိဘဲ ယန်ဖုန်းရဲ့ ပြတ်သားမှုကို သဘောကျနေတဲ့ အရိပ်အယောင်တွေ ရှိနေတယ်။

​"သွားကြစို့ ယွဲ့လင်း။ ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ဘူး။ ဂိုဏ်းချုပ်သား ပျောက်သွားတာကို သူတို့မသိခင်မှာ ကျွန်တော်တို့ မြို့ထဲကနေ အမြန်ဆုံး ထွက်ရမယ်" လို့ ယန်ဖုန်းက ပြောလိုက်ပြီး ယွဲ့လင်းရဲ့ လက်ကို ဆွဲကာ မြို့တံခါးဆီကို တိတ်တဆိတ် ဦးတည်လိုက်ကြတယ်။

​မြို့ပြကနေ ဝေးရာကို ရောက်တဲ့အခါ ယန်ဖုန်းက လက်စွပ်ထဲကနေ 'သွေးဝိညာဉ် လှေ' ကို ထုတ်လိုက်တယ်။ ၎င်းက လက်ဖဝါးအရွယ်အစားသာ ရှိပေမယ့် ယန်ဖုန်းက သွေးစွမ်းအင် ထည့်သွင်းလိုက်တဲ့အခါ ပေ ၂၀ ကျော်ရှည်တဲ့ လှပဆန်းကြယ်တဲ့ လှေတစ်စင်းအဖြစ် ကောင်းကင်မှာ ပေါ်လာတယ်။

​"ဒါက တကယ်ကို အံ့သြဖို့ကောင်းတာပဲ ယန်။ ဒီလှေနဲ့ဆိုရင် ကျွန်မတို့ 'သွေးနတ်ဘုရား သုသာန်' ကို သွားတဲ့လမ်းက ပိုပြီး မြန်ဆန်သွားမှာပါ" လို့ ယွဲ့လင်းက ပြောလိုက်တယ်။

​ယန်ဖုန်းက လှေပေါ်ကို ခုန်တက်လိုက်ပြီး ယွဲ့လင်းကို လက်ကမ်းပေးလိုက်တယ်။ "ဟုတ်တယ် ယွဲ့လင်း။ ဒီလှေက လေထဲမှာ ပျံသန်းနိုင်ရုံတင်မကဘဲ အတားအဆီးတွေကိုလည်း ဖောက်ထွက်နိုင်တယ်။ အခု ကျွန်တော်တို့ တကယ့်ခရီးစဉ်ကို စလိုက်ကြရအောင်။"

​လှေငယ်လေးဟာ လရောင်အောက်မှာ နီရဲတဲ့ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး "မိစ္ဆာနတ်ဘုရား တိုက်ကြီး" ရဲ့ အသည်းနှလုံးဆီကို ဦးတည် ပျံသန်းသွားတော့တယ်။

​သွေးဝိညာဉ်လှေငယ်ဟာ တိမ်တိုက်တွေကြားထဲမှာ တိတ်ဆိတ်စွာ ပျံသန်းနေပါတယ်။ အောက်ဘက်မှာတော့ တောတောင်တွေနဲ့ မြစ်တွေဟာ လရောင်အောက်မှာ ငွေရောင်တောက်နေကြတယ်။ လှေပေါ်မှာတော့ ယန်ဖုန်းက တင်ပျဉ်ခွေထိုင်ရင်း လီကျန့်ဆီကရခဲ့တဲ့ ကျင့်စဉ်ဟောင်းတွေကို ပြန်လည်စစ်ဆေးနေပါတယ်။

​ယွဲ့လင်းက လှေဦးမှာ ရပ်ရင်း လေညင်းခံနေတာကို မြင်တော့ ယန်ဖုန်းက ကျင့်စဉ်ကို စစ်ဆေးလို့ပြီးသွားတော့ သူမအနားကို လျှောက်သွားလိုက်တယ်။

​"ယွဲ့လင်း... ကျွန်တော်တို့ ခရီးက ရှည်ဦးမယ်။ မင်းခဏလောက် အနားယူသင့်တယ်" လို့ ယန်ဖုန်းက လေသံပျော့ပျော့နဲ့ ပြောလိုက်တယ်။

​ယွဲ့လင်းက လှည့်ကြည့်ပြီး ပြုံးလိုက်တယ်။ သူမရဲ့ အပြုံးက လရောင်အောက်မှာ အရမ်းကို သန့်စင်လွန်းလှပါတယ်။ "ကျွန်မ မပင်ပန်းပါဘူး ယန်။ ရှင့်ဘေးမှာ ဒီလို အေးအေးချမ်းချမ်း ရှိနေရတာကိုက ကျွန်မအတွက် အနားယူခြင်းတစ်မျိုးပါပဲ။ ဒါနဲ့... ရှင့်ရဲ့ သွေးစွမ်းအင်တွေက အခုဆိုရင် ကျွန်မရဲ့ ရေခဲစွမ်းအင်နဲ့ တော်တော်လေး ဟန်ချက်ညီသွားပြီနော်။"

​ယန်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီး သူ့လက်ဖဝါးထဲမှာ နီရဲပြီး အေးစက်တဲ့ စွမ်းအင်လုံးလေးတစ်ခုကို ဖန်တီးပြလိုက်တယ်။ "ဟုတ်ပါတယ်။ ဒါပေမဲ့ ကို့ရဲ့ တိုက်ကွက်တွေက အရမ်းကြမ်းတမ်းလွန်းတယ် ပြီးတော့ထိန်းချုပ်ဖို့ကလဲခက်ခဲနေသေးတယ်။ ယွဲ့လင်း... မင်းရဲ့ 'နှင်းတောင်တန်း' ကျင့်စဉ်တွေထဲမှာ စွမ်းအင်ကို ထိန်းချုပ်တဲ့ နည်းလမ်းတွေရှိရင် ကျွန်တော့်ကို သင်ပေးနိုင်မလား?"

​ယွဲ့လင်းက မျက်တောင်လေး ခတ်လိုက်ပြီး— "ဒါပေါ့ ရှင်... ကျွန်မတို့ နှင်းတောင်တန်းဂိုဏ်းမှာ 'ဝိညာဉ်စီးဆင်းမှု ထိန်းညှိခြင်း' ဆိုတဲ့ ကျင့်စဉ်တစ်ခု ရှိပါတယ်။ ဒါက စွမ်းအားကို အလဟသ မဖြစ်စေဘဲ တစ်ချက်တည်းနဲ့ အပြတ်တိုက်နိုင်အောင် ကူညီပေးတာပါ။ လာပါ... ကျွန်မ သင်ပေးပါ့မယ်။"