← Chapters

ကျွန်မနေချင်ပါတယ်

Vol. 42 Ch. 576

ကျွန်မနေချင်ပါတယ်

Vol. 42 Ch. 576

ဘီး

ကျန်းရီ၏ခေါင်းက တောက်ပလာတော့၏။ မြန်မြန်ဆန်ဆန်ပင် ရွှေရောင်စည်းတံဆိပ်နှစ်ခုက ပေါ်လာလေ၏။ ထိုစည်းတံဆိပ်များက ရွှေရောင်ချည်အဖြစ် ပြောင်းလဲသွားပြီးနောက် ဖုန်းလန်နှင့် ချင်ယွီ၏ခေါင်းထဲ အသီးသီး ရောနှောသွားပြီးနောက် ပျောက်ကွယ်သွားတော့သည်။

“အို ”

ဖုန်းလန်နှင့်ချင်ယွီ၏ နုနယ်သော ခန္ဓာကိုယ်က တုန်ယင်သွားတော့သည်။ ယခုအချိန်၌ သူတို့နှစ်ယောက်လုံး၏ မျက်ဝန်းများက ကြယ်များသဖွယ် တောက်ပနေတော့သည်။ အထူးသဖြင့် ချင်ယွီအတွက် ဖြစ်ပေ၏။ သူမမျက်နှာထက်၌ မယုံကြည်နိုင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။ ထိုပျော်ရွှင်မှုက ရုတ်တရက်ဆန်ဆန် ရောက်လာလွန်းသောကြောင့် သူမကို ထင်ယောင်ထင်မှား ခံစားရစေ၏။

“သခင်လေးရှင့် ”

ဖုန်းလန်က စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး သူမ၏ခံစားချက်များကို မည်သို့ပြောရမည်မှန်း မသိပေ။ ယခင်က သူတို့အား လွတ်လပ်ခွင့် ပြန်ပေးမည်ဟု ကျန်းရီသည် ပြောခဲ့ဖူးသည်။ ထိုသို့တိုင် သူမက များများစားစား မတွေးခဲ့ပေ။ မထင်ထားဘဲ ကျန်းရီက ပင်လယ်ထဲသို့ ရောက်သည်နှင့် သူတို့၏ဝိညာဉ် အမှတ်အသားများကို ပြန်ပေးပြီး သူတို့၏ လွတ်လပ်ခွင့်အား ပေးခဲ့သည်။

အမှန်တကယ်ပင် ဖြစ်သည်။ ကျန်းရီဖြေရှင်းသည့်နည်းလမ်းက တုံးအလွန်းနေ၏။ သာမာန်လူတစ်ဦးက ထိုကဲ့သို့ လှပပြီး သန်မာသည့် အမျိုးသမီး ဝိညာဉ်ကျွန်နှစ်ဦး ပိုင်ဆိုင်ထားမည်ဆိုလျှင် ထိုလူသည် သူတို့နှင့် နေ့စဉ်နေ့တိုင်း ဆော့ကစားပြီး သူတို့ကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ပေ။ သူတို့က အားကိုးရသည့် သက်တော်စောင့်လည်းဖြစ် ကစားစရာလေးလည်း ဖြစ်သည်။ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးကို ကျွန်အနေနှင့် ရထားခြင်းက ဂုဏ်တက်စေသည့် အရာဖြစ်သည်။

မူလက ကျန်းရီသည် သူတို့ကို ဆယ်နှစ်စာချုပ် ပေးခဲ့၏။ သူတို့ကို ထိန်းသိမ်းထားပြီးနောက် သူသည်သူတို့ကို မထိပါးခဲ့ရုံသာမက သူ၏မိတ်ဆွေများအဖြစ်တောင် ဆက်ဆံခဲ့သည်။ အနှစ်တစ်သောင်းကျော် တည်ရှိလာခဲ့သည့် ရေသူမျိုးနွယ်စုမှ ဧကရာဇ်ကို ဖယ်ရှားနိုင်အောင် သူတို့ကိုလည်း ကူညီပေးခဲ့၏။ ထိုသို့တိုင် လအနည်းငယ်မျှဖြင့် သူကသူတို့၏ လွတ်လပ်ခွင့်ကို ပြန်ပေးပြီး နှစ်ဦးလုံးကို ပြန်သွားခွင့် ပေးနေသည်လော။

မရေမတွက်နိုင်သည့် လူများက ထိုအကြောင်းအရင်းကိုသိလျှင် ကျန်းရီအား သူရူးတစ်ယောက်ပမာ ကြိမ်းမောင်းကြပေလိမ့်မည်။ အရှေ့ပိုင်း တော်ဝင်နန်းတော်သို့ သွားသည့်လမ်းက အန္တရာယ်များဖြင့် ပြည့်နေလေ၏။ ဖုန်းလန်မရှိဘဲ သူသေနိုင်ချေက မြင့်သည်။

ထို့အပြင် ဖုန်းလန်နှင့်ချင်ယွီသည် ယခင်က သူ၏ရန်သူများ ဖြစ်ခဲ့ဖူးသည်။ သူတို့ သူ၏ဝိညာဉ်ကျွန် ဖြစ်လာသည့်အချိန်၌ သူ့ကို မဆန့်ကျင်ရဲ မပုန်ကန်ရဲပေ။ သူတို့၏ ဝိညာဉ်စည်း ပြန်ရရှိသည်နှင့် နှစ်ယောက်လုံးစိတ်ပြောင်းပြီး သူတို့ခံစားခဲ့ရသည့် အရှက်ကွဲမှုအတွက် လက်စားချေရန် ဆုံးဖြတ်လောက်သည်။

ဖုတ်

ရုတ်တရက် ဖုန်းလန်က ချင်ယွီကိုဆွဲချပြီး ဒူးထောက်လိုက်လေ၏။ သူမက ကျန်းရီကို သုံးကြိမ်သုံးခါတိုင်တိုင် အရိုအသေ ပေးပြီးနောက် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ခေါင်းမော့လိုက်တော့သည်။ သူမ၏ လှပသော မျက်ဝန်းများကလည်း မျက်ရည်များ တွဲလဲခိုလျက် ပြောလိုက်တော့သည်။ “ဖုန်းလန်က သခင်လေးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ”

ကျန်းရီက ပြုံးလိုက်၏။ အလွန်တောက်ပသည့် အပြုံးဖြစ်သည်။

သူသည်သူတို့ကို အကဲဖြတ် မမှားခဲ့ပေ။ ဖုန်းလန်နှင့် ချင်ယွီ၏ အကျင့်စရိုက်က အလွန်ကောင်းမွန်၏။ အနည်းဆုံးတော့ ထိုနှစ်ယောက်က လက်စားချေလိုသည့် စိတ်မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့ကသူ့ကို ကျေးဇူးတင်နေသည်။ ယင်းကသူ့ကို အင်မတန် ကျေနပ်နှစ်သိမ့်မှုကို ခံစားရစေ၏။

သူက လက်ဆန့်ထုတ်ပြီးနောက် နှစ်ယောက်လုံးကို ထရပ်ရန် ပြုံးပြီးပြောလိုက်တော့သည်။ “ဖုန်းအာ ချင်ယွီ အဲ့ဒီနေ့တုန်းက ဖီးနစ်အော်သံ နယ်မြေထဲကို ငါမှားဝင်ခဲ့မိတယ် ငါ့ကိုယ်ငါ ကာကွယ်ဖို့အတွက် မင်းတို့နှစ်ယောက်လုံးကို ငါ့ရဲ့ဝိညာဉ်ကျွန်အဖြစ် ပြောင်းခဲ့ရတာ တကယ်တော့ ငါတို့တွေကြားမှာ အမုန်းတရားနဲ့ အညိုးအတေးတွေ ရှိမနေသင့်ဘူး မင်းတို့နေရာကနေဆိုရင် ဘယ်သူမှ မမှားဘူးလေ အဲ့ဒီအစား မင်းတို့နှစ်ယောက်လုံးက အကြောင်းပြချက်မရှိ အမှန်တကယ် ခံစားခဲ့ရတာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ မင်းတို့နှစ်ယောက်က ငါ့ကိုတကယ် ကူညီပေးခဲ့တယ် ဒါတောင် ငါက မင်းတို့ကို ဝိညာဉ်ကျွန်အနေနဲ့ ဆက်ဆံသေးတာလေ ငါက လူဖြစ်သင့်သေးရဲ့လား ”

ကျန်းရီက စိတ်ခံစားချက်များရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ရန်သူများအပေါ် ဂရုဏာမဲ့သည့် နတ်ဆိုးတစ်ကောင် ဖြစ်ကောင်းဖြစ်ပေမည်။ သို့သော်သူ့ကို ကြင်နာစွာ ဆက်ဆံသည့်သူ သို့မဟုတ် သူ့ကိုကူညီပေးခဲ့သည့် သူများကိုမူ အဆပေါင်းများစွာ ပြန်ပေးဆပ်မည်။ ဖုန်းလန်သည် သူ့အတွက်ကြောင့်ဖြင့် သူမ၏ဘဝကို အကြိမ်ပေါင်းများစွာ စွန့်စားလိုသည်က သူ၏နှလုံးသားကို အနိုင်ရသွား၏။ ထို့ကြောင့်သူသည် အန္တရာယ်များဖြင့် ပြည့်နေသော အရှေ့ပိုင်း တော်ဝင်နယ်မြေဆီသို့ ဦးတည်သွားနေသည့် အချိန်တွင် သူတို့ကို ပါဝင်ညှိစွန်းစေလိုခြင်း မရှိပေ။

“သခင်လေးက တကယ် ကြင်နာတတ်တဲ့ လူကောင်းတစ်ယောက်ပါ ”

ချင်ယွီ၏ ပါးပေါ်တွင် မျက်ရည်စီးကြောင်းများ ရှိနေလေ၏။ သူမ၏ လွတ်လပ်မှုကို ပြန်ရသော ပျော်ရွှင်မှုက သူမ၏စိတ်ခံစားချက်များကို ထိန်းချုပ်မှု ကင်းမဲ့စေ၏။ ကျန်းရီ၏ စကားများက သူမကိုရင်ထဲ အလွန်ထိစေကာ သူမမျက်ရည်များ ကျလာတော့သည်။ ဖုန်းလန်က သူမလောက် စိတ်ခံစားချက် မပြင်းသော်ငြား မျက်ဝန်းများကလည်း ရဲနေလေ၏။

“ကောင်းပြီ ကောင်းပြီ ” ကျန်းရီက ချင်ယွီ၏မျက်ရည်ကို ညင်သာစွာ သုတ်ပေးပြီးနောက် ဖုန်းလန်၏ခေါင်းကို ပွတ်ပေးရန် လက်ဆန့်ထုတ်လိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်တော့သည်။

“မင်းတို့နှစ်ယောက် မုန်းတာပဲဖြစ်ဖြစ် အပြစ်တင်တာပဲဖြစ်ဖြစ် ကျေးဇူးတင်တာပဲလုပ်လုပ် မင်းတို့နှစ်ယောက်ကို ငါ့ရဲ့မိတ်ဆွေတွေအဖြစ် အမြဲတမ်း ဆက်ဆံနေမှာပါ မင်းတို့ကို ပေးခဲ့တဲ့ကတိက အကျုံးဝင်နေသေးတယ်၊ ငါပြိုင်ဘက်ကင်းတဲ့တစ်နေ့ ရောက်လာခဲ့ရင် မင်းတို့မျိုးနွယ်စုကို အစွမ်းထက်အောင် သေချာပေါက် ကူညီပေးမယ် ဒါက အခုအချိန်မှာ လေလုံးထွားရာ ရောက်ကောင်းရောက်နိုင်တယ် ဆိုပေမဲ့ ယောကျာ်းတစ်ယောက်ရဲ့ ကတိလေ၊ အမ် မင်းတို့နှစ်ယောက် သွားချင်တဲ့အချိန် ထွက်သွားလို့ရပြီ အပြန်လမ်းကျ ဂရုစိုက် မင်းတို့မိသားစုတွေက မင်းတို့နှစ်ယောက်နဲ့ ပြန်စုံစည်းဖို့ စောင့်နေမှာ နောင်ကျ တစ်ယောက်နဲ့တစ်ယောက် တွေ့ခွင့်ရသေးမယ်လို့ မျှော်လင့်တယ် ”

ဝူး ဝူး

ယခုအခေါက်တွင် ဖုန်းလန်တောင် မျက်ရည်ကျလာလေ၏။ သူမက ကျန်းရီကို ဖက်ထားလျက် သူ၏ရင်ဘတ်ကျယ်ကျယ်ပေါ်၌ ခေါင်းအပ်ထားလိုက်လေသည်။ ချင်ယွီကလည်း ပါလာပြီး ကျန်းရီကို တင်းကျပ်စွာ ဖက်ထားလျက် ရှိုက်ငိုလိုက်တော့သည်။ သူတို့မျက်ရည်များက သူ့ရင်ဘက်ပေါ်ရှိ အဝတ်အစားများကို စွန်းထင်းသွားစေ၏။

ဖီးနစ်အော်သံ နယ်မြေက အမျိုးသမီးများ စိုးမိုးသည့် နေရာဖြစ်သည်။ ငယ်ရွယ်စဉ်ထဲက အမျိုးသမီးများသည် အမျိုးသားများဟူသည် အားကိုး၍မရ။ သူတို့က အမြဲတမ်း သန်မာပြီး အမှီအခိုကင်းသော အမျိုးသမီးတစ်ဦး ဖြစ်နေရမည်ဟူ၍ သင်ကြားပြသပေးခြင်း ခံခဲ့ရသည်။

သူတို့နှစ်ယောက်ကလည်း ထိုနည်းအတိုင်း သင်ကြားခံခဲ့ရ၏။ သို့သော်သူတို့ မည်မျှသန်မာစေကာမူ အမျိုးသမီးများက အမျိုးသမီးများ ဖြစ်နေသေးသည်။ သူတို့က အားနည်းသည့် သင်္ကေတကို ကိုယ်စားပြုသော ယင်ဓာတ်ကို ပိုင်ဆိုင်ထား၏။ သူတို့နှလုံးသားထဲ၌ သူတို့ကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ပေးနိုင်သော အနိုင်မခံ၊ အရှုံးမပေးသည့် အမျိုးသားတစ်ဦးကို တောင့်တမိကြပြီး သူတို့အတွက် လုံခြုံသည့် နားခိုရာတစ်ခု တည်ဆောက်ချင်ကြသည်။

ကျန်းရီပေါ်ထွက်လာမှုက အမျိုးသားများအပေါ် သူတို့၏အမြင်ကို ပြောင်းလဲပြစ်လိုက်၏။ သြဇာတိကမ ယောကျာ်းဆန်မှု အမျိုးသားတစ်ယောက်၏ ရဲတင်းမှုတို့ကိုလည်း ခံစားစေခဲ့သည်။

အမျိုးသမီးများက စိတ်ခံစားချက်ပြင်းသည့် သတ္တဝါများ ဖြစ်ကြသည်။ သူတို့နှစ်ဦးလုံးက ဝိညာဉ်ကျွန်အဖြစ် အပြောင်းအလဲ ခံခဲ့ရသည့် အချိန်တွင် အကြောက်တရား၊ ထိတ်လန့်မှု၊ စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းမှု၊ စိတ်ပျက်မှု၊ စိတ်ရှုပ်ထွေးမှု၊ သတ္တိကြောင်မှု ကဲ့သို့သော အပျက်သဘောဆောင်သည့် ခံစားချက်များက သူတို့စိတ်ဝိညာဉ် အောက်ခြေမှ ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်ကာလအတွင်း သူတို့က အပြင်ဘက်တွင်အလွန် သက်တောင့်သက်သာ ဖြစ်နေပုံပေါ်သော်ငြား အမှန်တကယ်တွင်မူ သူတို့အသက်က သူတို့၏ ထိန်းချုပ်မှုအသွင် မရှိတော့ဘဲ သူတို့၏ အနာဂတ်ကလည်း မှိုင်းနေကာ သူတို့စိတ်နှလုံးထဲ အောက်ခြေ၌ အကြောက်တရားကို ခံစားခဲ့ရသည်။ ထိုကဲ့သို့ တူညီသည့် အတွေ့အကြုံကို ကြုံတွေ့သူ မည်သူမဆို တစ်ထပ်ထဲ ခံစားရမှာပဲဖြစ်သည်။

ယခုနှစ်ဦးလုံးက သူတို့၏လွတ်လပ်ခွင့် ပြန်ရခဲ့ပြီဖြစ်သည်။ နှစ်ယောက်လုံးက နောက်ဆုံးတွင် သူတို့ဘုရင်မနှင့် ဒေသသခင်မ အနေအထားဖြင့် ဆက်သွားနိုင်ပြီဖြစ်သည်။ ထို့အပြင် သူတို့ချစ်မြတ်နိုးရသူများနှင့်လည်း ပေါင်းစည်းနိုင်ပြီဖြစ်သည်။ ကျန်းရီ၏ စိတ်ခံစားချက် ဖြစ်ပေါ်စေသော စကားများက နှစ်ယောက်လုံးကို သူတို့၏ခံစားချက်များ မဖုံးကွယ်စေနိုင်တော့ဘဲ ပေါက်ထွက်မိစေတော့သည်။

“ကောင်းပြီ ကောင်းပြီ မင်းတို့ဆက်ငိုနေရင် လှတော့မှာ မဟုတ်ဘူး ”

ကျန်းရီသည် ထိုနုနယ်သော ကျောက်စိမ်းလေးများကို ပွေ့ဖက်ထားသည့်တိုင် မကောင်းသည့်အတွေး အနည်းငယ်မျှတောင် မရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် မဖော်ပြနိုင်သော ဂုဏ်ယူဝင့်ကြွားမှုသာ ခံစားလိုက်ရပြီး တုန်လှုပ်ဖွယ်ကောင်းသည့် အရာကို ပြုလုပ်ခဲ့မိသည့်ပမာ ခံစားလိုက်ရတော့သည်။

သူ့လက်ထဲမှ ထိုနှစ်ယောက်ကို လွတ်လိုက်ခြင်းက အင်မတန် တုံးအသည့်အရာမှန်း သူမည်ကဲ့သို့ မသိဘဲနေမည်နည်း။ ဖုန်းလန်ကို ဆုံးရှုံးသွားရခြင်းက သူ၏ခရီးကို ပိုတောင် အန္တရာယ်များစေ၏။ သို့သော်သူ၏ နှလုံးသားနောက်သို့သာ လိုက်ရန်ရွေးချယ်ခဲ့သည်။ အကျိုးအမြတ်၊ ဆုံးရှုံးမှုများ၊ အလှည့်အပြောင်းများ၊ ရွေးချယ်မှုများက လူ့ဘဝထဲတွင် များပြားလွန်းပေ၏။

ရရင်ကံကောင်းတာပဲ။ ဆုံးရှုံးရင်လဲ ကံပဲ။

ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုတော့ ကြာရှည်ဖြစ်နေလို့ မရဘူး။ တွက်ချက်နေဖို့ မလိုဘူး။ ဘာပဲလုပ်လုပ် ဆန္ဒရှိတာကိုလုပ်။ နှလုံးသား ဆန္ဒနောက်ကိုလိုက်ရင် ကြည်လင်တဲ့ အသိစိတ်ကို ရရှိမယ်။ ဒီနည်းနဲ့ဆိုရင် တစ်ဘဝလုံး ပျော်ပျော်ရွှင်ရွှင် နေနိုင်မယ်။

ယင်းက ကျန်းရီ၏ ဒဿနဖြစ်ပြီး သူအမြဲတမ်း လိုက်နာနေကျဖြစ်သည်။ သူ့ကိုလူထောင်ချီက အရူး၊ ငတုံးငအဟု ခေါ်နေလျှင်တောင် သူပျော်နေသ၍ ကျန်သည့်သူ၏ အတွေးအမြင်ကို စိတ်ထဲအဘယ့်ကြောင့် ထားရမည်နည်း။

ဖုန်းလန်နှင့် ချင်ယွီက ကျန်းရီ၏စကားကို ကြားသည့်အချိန်တွင် ချက်ချင်း အငိုတိတ်သွားတော့၏။ အမျိုးသမီးများက အလှတရားကို နှစ်ခြိုက်တာ အမျိုးသမီး၏ သဘာဝဖြစ်သည်။ သူတို့၏ ရုပ်ရည်သွင်ပြင်နှင့် ပတ်သတ်လာသည့်အခါ မထင်ထားသည့် ရလဒ်တစ်ခု ပေါ်လာစေတော့၏။

“အမ် ”

ကျန်းရီက နှစ်ယောက်ကို တွန်းထုတ်လိုက်ပြီးနောက် သူတို့နှစ်ဦးလုံး ဆံပင်များ သေသပ်အောင် ကူညီပေးလိုက်ပြီး ပြုံးလိုက်တော့၏။ “နှစ်နာရီအတွင်း ငါပန်းရဉ်နယ်မြေကို သွားတော့မှာ မင်းတို့နှစ်ယောက် ခဏနားပြီးရင် သွားသင့်ပြီ သွေးညအရိပ် ပျံသန်းခြင်းပင်လယ်ကနေ သွေးညအကြောက်တရား ပင်လယ်ရဲ့ မြောက်ဘက်ခြမ်းဆီကိုသွားရင် အိမ်ကိုသွားလို့ရတယ် အိမ်ကို တိတ်တိတ်ဆိတ်ဆိတ်ပြန် သိုင်းခန်းမက ငါမရှိရင် မင်းတို့ကို တိုက်ခိုက်မှာမဟုတ်ဘူး ”

ကျန်းရီသည် ပြောပြီးနောက် လှည့်ထွက်သွားတော့၏။ သူ၏ကိုယ်ပိုင်အခန်းထဲ ပြန်သွားကာ ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်လိုက်၏။ သူက မထွက်ခွာခင် အကြိမ်တစ်သန်းလောက် စဉ်းစားနေခဲ့သည်။ စစ်ဆေးခဲ့သည်။

“ဧကရီ ဝူး ဝူး ဝူး ”

ကျန်းရီထွက်သွားပြီးနောက် ချင်ယွီက ဖုန်းလန်ကိုဖက်ပြီး မျက်ရည်များ ကျနေစဉ် ဖုန်းလန်ကမူ မငိုတော့ချေ။ ထိုအစား မျက်လုံးမှိတ်လျက် ခေါင်းငုံ့ထားလေ၏။ မျက်တောင်တို့က လှုပ်နေကာ သူမဘာစဉ်းစားနေမှန်း မည်သူမှမသိပေ။

ချင်ယွီက အတော်ကြာ ငိုနေ၏။ ရုတ်တရက် မျက်ရည်များသုတ်ပြီး ပျော်ရွှင်စွာ ခုန်ပေါက်လိုက်ကာ ပြုံးပြီးပြောလိုက်တော့၏။

“ဧကရီ ကျွန်မတို့ရဲ့ လွတ်လပ်ခွင့်ကို နောက်ဆုံးတော့ ပြန်ရပြီ သခင်လေးကို နှုတ်ဆက်ပြီး အိမ်ပြန်ကြရအောင် ချင်ယွီက အိမ်ပြန်ဖို့ အမြဲတမ်း အိမ်မက်မက်နေခဲ့တာ အမေ့ကိုလွမ်းတယ် ”

ဖုန်းလန်က ခေါင်းမော့ပြီး သူမ၏မျက်ဝန်းအတွင်း၌ တွန့်ဆုတ်သည့် အရိပ်အယောင်များ ရှိသည်။ အံ့ကြိတ်လျက် ခဏရပ်တန့်နေပြီးနောက် ပြောလိုက်တော့သည်။

“ချင်ယွီ တစ်ယောက်တည်းပြန်ရင်ရော ဘယ်လိုလဲ ငါဒီမှာ နေချင်တယ် ”

***

All Chapters