← Chapters

တတိယသခင်မရီ

Vol. 42 Ch. 577

တတိယသခင်မရီ

Vol. 42 Ch. 577

“အမ် အနားမှာ တစ်ယောက်ယောက် ရှိနေတာပဲ ”

ကျန်းရီသည် အစောပိုင်းက သူ၏ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်ခဲ့ပြီးဖြစ်သည်။ သို့သော် သူ့အနားရှိ မိုင်တစ်သောင်း အကျယ်အဝန်းကိုသာ စစ်ဆေးခဲ့တာဖြစ်၏။ ယခုအခေါက်တွင်မူ သူက အရှေ့ဘက်သို့ မိုင်သုံးသောင်းတိုးလျက် စစ်ဆေးခဲ့ရာ သူတို့ဆီ ဦးတည်လာနေသော လှေလေးတစ်စင်းကို တွေ့လိုက်ရသည်။

သို့သော် သူ၏ကောင်းကင်သိမြင် နားလည်ခြင်းက လှေကိုတိတ်တဆိတ် ဖြတ်သွားပြီးနောက် စိတ်ဝင်စားမှု ဆုံးရှုံးသွားတော့သည်။ လှေက ရတနာတစ်မျိုး ဖြစ်လောက်ပြီး ပင်လယ်ခရီးသွားနေသည့် အချိန်၌ အနည်းငယ်မျှ လှုပ်ခါခြင်းတောင် မရှိပေ။ အရှိန်က ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးနှင့် ယှဉ်နိုင်စွမ်း ရှိပေ၏။ ယင်းက ရတနာတစ်ပါး မဟုတ်ခဲ့လျှင် လှိုင်းလေများ ယိမ်းခါနေသည့်အချိန်၌ ထိုမျှ မြန်မြန်ဆန်ဆန် သွားနိုင်စရာအကြောင်း ရှိမှာမဟုတ်ပေ။

လှေပေါ်၌ စုစုပေါင်း လူဆယ်ယောက်ရှိပြီး ငါးယောက်က အစေခံများ ဖြစ်ကြ၏။ လေးယောက်က အစောင့်များဖြစ်သည်။ နောက်ဆုံးတွင် ဘရိုကိတ်သားကို ဝတ်ဆင်ထားသော သခင်လေးတစ်ဦး ရှိနေ၏။ လှေပေါ်ရှိ အသန်မာဆုံး အဖွဲ့ဝင်က ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်တွင်သာ ရှိသေးပြီး ထိုသခင်လေးကိုယ်တိုင်ကမူ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးလည်း ဖြစ်၏။ သူကအသက် ၂၅နှစ် သို့မဟုတ် ၂၆နှစ်ဝန်းကျင်ရှိပြီး သူ၏ခွန်အားက ချီးကျူးထိုက်သည်ဟု သတ်မှတ်၍ရသည်။

ဗာဂျရာနယ်ပယ်တွင် သိုင်းပညာရှင်များက ကျန်းရီပေါ် ဖိအားမပေးနိုင်ပေ။ သူတို့ကို ရိုးရိုးရှင်းရှင်းသာ စစ်ဆေးခဲ့၏။ မိုင်သန်းချီ ရှေ့ဆက်သွားပြီးနောက် သူဘာကိုမှ ရှာမတွေ့ခဲ့ပေ။ နောက်ဆုံး၌ သူ၏ကောင်းကင်သိမြင် နားလည်ခြင်းကို တဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းလိုက်တော့သည်။

“အမ် ဒီလှေလေးက ငါတို့ဆီကို ဦးတည်လာနေသလိုပဲ ငါတို့က သူတို့လာချင်တဲ့ နေရာများလား ”

သူ၏ကောင်းကင်သိမြင် နားလည်ခြင်းကို ပြန်ရုပ်သိမ်းလိုက်သည့် အချိန်၌ တိုက်တိုက်ဆိုင်ဆိုင်ပင် လှေကသူရှိနေသည့် နေရာနှင့် မိုင်ထောင်ချီသာ ဝေးကွာတော့ကြောင်း သတိပြုမိလိုက်၏။ ရွေးချယ်စရာ မရှိတော့ဘဲ သူတို့ကို သင်္ကာမကင်း ဖြစ်သွား၏။ သူ၏ကောင်းကင်သိမြင် နားလည်ခြင်းက လှေအတွင်း တိတ်တဆိတ် ဝင်ရောက်လျက် သူတို့၏လှုပ်ရှားမှုကို ဂရုတစိုက် ရှာဖွေလိုက်သည်။

သူ၏ကောင်းကင်သိမြင် နားလည်ခြင်း မှော်အတတ်က သူ၏ကောင်းကင်စိတ်အာရုံကို အဆပေါင်းများစွာ ချဲ့ပေးနိုင်၏။ တစ်နည်းဆိုရလျှင် ကောင်းကင်သိမြင် နားလည်ခြင်း မှော်အတတ်က သူ၏ကောင်းကင်စိတ်အာရုံ စွမ်းအားကို အဆတစ်ရာ ချဲ့ထွင်ပေးနိုင်တာပဲဖြစ်သည်။ သာမာန် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များက သူ၏ကောင်းကင် စိတ်အာရုံကို ဘယ်တော့မှ ရှာမတွေ့ကြပေ။ အတိတ်တုန်းက သားရဲလူသား နယ်မြေ၌ ဧကရာဇ်မုန့်၏ ခန္ဓာကိုယ်ပေါ် ကျန်းရီက ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်ခဲ့ဖူးသော်ငြား မခံစားခဲ့ရပေ။ ယင်းက သူ၏ကောင်းကင်သိမြင် နားလည်ခြင်း မည်မျှအစွမ်းထက်ကြောင်း သက်သေပြရာ ရောက်ပေသည်။

သူ၏ကောင်းကင်သိမြင် နားလည်ခြင်းက လှေဝမ်းထဲသို့ ရောက်ချိန်တွင် ထိုလူများ တစ်စုံတစ်ခုကို ဆွေးနွေးနေကြောင်း ကျန်းရီသတိပြုမိသွားသည်။ သူက ချောင်းနားထောင်လိုက်လေ၏။

“သခင်လေး ကျွန်တော်တို့တွေ ပြန်သွားသင့်တယ် ဒီနေရာက အန္တရာယ်များလွန်းတယ် ဒီအကြောင်း အရှင်သိသွားခဲ့ရင် ကျွန်တော်တို့ အားလုံးအတွက် အပြစ်ပြင်းပြင်းထန်ထန် ပေးခံရမှာ ”

“ဟုတ်တယ် သခင်လေး ဆန်းကြယ်ဧကရာဇ် နတ်ဘုရားနန်းတော်ထဲမှာ ရတနာတွေက မက်မောစရာဆိုပေမဲ့ အန္တရာယ်များလွန်းတယ် ကျွန်တော်တို့ လက်လျော့လိုက်ရင်ရော ”

“သခင်လေး ”

ဗာဂျရာနယ်ပယ် အစောင့်လေးဦးက သူတို့၏သခင်လေးကို ယခုအချိန်၌ ဖြောင့်ဖြရန် ကြိုးစားနေလေသည်။ ကျန်းရီက သူတို့ပြောတာ ကြားသည့်အချိန်၌ စိတ်အေးသွားလေ၏။ တိုက်ဆိုင်နေပုံသာပေါ်ပြီး သူတို့အတွက် ဤနေရာသို့ အထူးတလည် ရောက်လာတာ မဟုတ်လောက်ပေ။

ခရမ်းရောင်ဝတ်ရုံဖြင့် လူငယ်သခင်လေးက နောက်ဆုံးတော့ ပါးစပ်ဟပြီး ပြောလာလေ၏။

“မင်းတို့တွေ စိတ်ပျက်ဖို့ ကောင်းမနေဘူးလား ငါတို့ခရီးမှာ ငါဘယ်နှစ်ကြိမ်တောင် ပြောပြီးပြီလဲ ငါစိတ်ပြင်ဆင်ပြီးသား ငါ့ကိုဖျောင်းဖျဖို့ ကြိုးစားနေတာ ရပ်လိုက်တော့ ”

ဗာဂျရာနယ်ပယ် အစောင့်လေးဦးက အသက်အရွယ် ကြီးပြင်းနေပြီးဖြစ်ကာ ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်တွင်ရှိသော သိုင်းပညာရှင်က အသက်၇၀၊ ၈၀ဝန်းကျင်ရှိလောက်သည်။ သို့သော် သူ၏စိတ်က ကြည်လင်နေပြီး မျက်နှာကလည်း ကျန်းမာသည့် အရိပ်အယောင် ရှိသည်။ သူက ညင်ညင်သာသာ အမိန့်ထပ်ပေးလိုက်လေ၏။

“သခင်လေး ဒီတစ်ခေါက် မနောက်မှရမယ်၊ ကျွန်တော် သိထားပုံအရ အရှေ့ပိုင်း တော်ဝင်နယ်မြေက ကြွယ်ဝချမ်းသာ အစွမ်းထက်တဲ့ သခင်လေးတွေ အများကြီး ရောက်လာကြတာ မြောက်ပိုင်းဧကရာဇ်၊ ဓားဧကရာဇ်၊ သားရဲဧကရာဇ်နဲ့ ဗုဒ္ဓဧကရာဇ်ရဲ့ မျိုးနွယ်စုတွေက သူတို့အဖွဲ့ဝင်တွေ ပို့လိုက်တယ် နတ်မြင်းပျံ မျိုးနွယ်စုက သခင်လေး၊ သခင်မလေးတွေပါ ထပ်ပေါင်းလိုက်ရင် သိုင်းပညာရှင်တွေအားလုံး စုဝေးနေမှာ ရေတွက်ဖို့ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်က များပြားလွန်းနေတယ် ကျွန်တော်တို့ ခွန်အားနဲ့ဆိုရင် ဂရုမစိုက်မိရင် အပြည့်အဝ ပျက်စီးသွားမှာပဲ ”

“အမ် ”

ကျန်းရီ၏စိတ်က လှုပ်ခါသွားလေ၏။ ဗုဒ္ဓဧကရာဇ်ရဲ့ဂိုဏ်းက လူတွေပို့လိုက်တယ်လား။

သခင်လေးဖေးထျန်း၏ စကားအကြောင်း တွေးမိသွားသည်။ ဗုဒ္ဓဧကရာဇ် ရီချန်းဖောက သားတစ်ယောက် သမီးတစ်ယောက်သာရှိပြီး သမီးက ပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာ ကြာပြီဟု ဆိုခဲ့သည်။ ရီဖျောင်ဖျောင်က ထိုသမီးဖြစ်ရမည်ဟု တွေးခဲ့ဖူးသည်။ မဟုတ်လျှင် ရီဖျောင်ဖျောင်၏ ဇစ်မြစ်ကို ရှင်းပြနိုင်ရန် အင်မတန် ခက်ခဲနေမှာပဲဖြစ်၏။ ဆိုရင်လျှင် သူမ၏ခွန်အားနှင့် ရတနာများက အစွမ်းထက်လွန်းနေသည့် ရီမျိုးနွယ်စုမှ ကြုံရာကျဘမ်း အမျိုးသမီးတစ်ဦး ပိုင်ဆိုင်နိုင်သည့် အရာမဟုတ်ပေ။ သာမာန် မိန်းမပျိုလေးတစ်ဦးက အရှေ့ပိုင်း တော်ဝင်နယ်မြေနှင့် ကောင်းကင်ကြယ်တာရာ နယ်မြေကြား သူမဆန္ဒရှိသလို မည်ကဲ့သို့ သွားလာနိုင်မည်နည်း။

“ငါကောင်းကင်ဧကရာဇ် နတ်ဘုရားနန်းတော်ကိုသွားပြီး တစ်ချက်ကြည့်ကြည့်ရင်ရော ငါနဂါးညှိုးရော်မြက်ပင်ကို မရနိုင်ခဲ့ရင်တောင် ရီမျိုးနွယ်စုက လူတွေကို ရှာလို့ရသေးတယ် အမေက ရီမျိုးနွယ်စုက လူလားဆိုတာ မေးလို့ရတယ် ရီမျိုးနွယ်စုကသာဆိုရင် အမေနဲ့တွေ့ဖို့ သူတို့ကို ခေါ်သွားခိုင်းလို့ ရတာပဲ ”

ထိုအတွေးက ကျန်းရီ၏စိတ်ထဲ၌ ရုတ်တရက်ပေါ်လာပြီး စတင်တောက်လောင်လာတော့သည်။ သူ၏စိတ်ထဲ၌ အတွေးကို ချုပ်ငြိမ်းနိုင်ခြင်း မရှိတော့ချေ။

ယခုအချိန်တွင်သူက အရှေ့ပိုင်း တော်ဝင်နယ်မြေနှင့် အင်မတန် ဝေးကွာနေပြီဖြစ်သည်။ ပိုအရေးကြီးသည်က အရှေ့ပိုင်း တော်ဝင်နယ်မြေက ကျယ်ဝန်းပြီး အကန့်အသတ်မဲ့ကာ နေရာအနှံ့ အန္တရာယ်များ ပြည့်နေလေသည်။ ဖီးနစ်မျိုးနွယ်စုမှ ပိုပြီးအကြီးမြတ်ကတောင် ထိုနေရာတွင် မနေနိုင်ကြပေ။ အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ ဦးတည်သွားပြီးနောက် ရီမျိုးနွယ်စု ရှိသည့်နေရာသို့ တန်းတန်းမတ်မတ် ရောက်လိမ့်မည်ဟု မသေချာပေ။ ရီမျိုးနွယ်စုမှ တပည့်များ အနားတွင် ယခုပေါ်လာပြီဖြစ်ရာ သူတို့ကို သူသွားတွေ့ရန်က အခွင့်အရေးကောင်း တစ်ခုဖြစ်သည်။

“ဟမ့် ”

ကျန်းရီက သူ့ဘာသာသူ ရေရွတ်ပြောနေစဉ် ခမ်းနားသောဝတ်ရုံဖြင့် သခင်လေးက ရုတ်တရက် နှာမှုတ်လိုက်လေရာ ကျန်းရီကို သတိဝင်လာစေ၏။ သူကမြန်မြန် စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ သို့သော်သူ၏ ကောင်းကင်စိတ်အာရုံက လှေငယ်လေးပေါ်၌ ပိတ်ထားပြီးသား ဖြစ်သေးသည်။ ကောင်းကင်စိတ်အာရုံက အတက်အကျ ဖြစ်သွားလျှင် လှေပေါ်ရှိလူများ၏ အာရုံစိုက်မှုကို ရသွားပါက မလိုလားအပ်သော ပြဿနာများ ဆောင်ယူလာနိုင်သည်။

လှေပေါ်ရှိ သခင်လေးက ရုတ်တရက် ထရပ်လိုက်ပြီး နှာမှုတ်လိုက်လေ၏။

“ဒီသခင်လေးကို ငတုံးလို့ မင်းတို့အားလုံး ထင်နေတာလား တကယ်တော့ ဒီတစ်ခေါက်လာတဲ့ သခင်လေးတွေ သခင်မလေးတွေအကြောင်း ငါရှင်းရှင်းလင်းလင်း သိတယ် ငါမင်းတို့ကို ပွင့်ပွင့်လင်းလင်းပြောမယ်၊ တကယ်တော့ ရတနာလာရှာတာ မဟုတ်ဘူး အဲ့ဒီလူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ အခွင့်အရေးတစ်ခု ရှာချင်တာပဲ ဒီတစ်ခေါက် တတိယသခင်မလေးရီက ဒီကိုရောက်လာတယ် လင်းမျိုးနွယ်စုက ယာ့သခင်မလေးလည်း ရောက်လာတာ၊ သူတို့ရဲ့ မျက်နှာသာပေးမှုကို ရခဲ့မယ်ဆိုရင် ကောင်းကင်နဲ့ တစ်ချက်ထဲနဲ့ ချည်နှောင်နိုင်ပြီပဲ လင်းမျိုးနွယ်စုရဲ့သမက် ဖြစ်လာခဲ့မယ်ဆိုရင် ငါက ပန်းရဉ်အင်ပါယာရဲ့ နောက်လာမဲ့ ဧကရာဇ်တစ်ပါး ဖြစ်မှာသေချာတယ် ”

“အမ် ”

ကျန်းရီ၏ စိတ်ဝိညာဉ်က လှုပ်ခါသွား၏။ သူ၏စိတ်ထဲတွင် ခရမ်းရောင်ဆံနွယ်ဖြင့် မိန်းမလှလေး၏ ပုံရိပ်က ပေါ်လာတော့သည်။ သူမ၏မျက်နှာကို သူရှင်းရှင်းလင်းလင်း မမြင်ဖူးသော်ငြား သူမသည် အကြွင်းမဲ့ အလှလေးတစ်ဦး ဖြစ်မည်ဆိုတာ သေချာခံစားမိနေသည်။

အထီးကျန် အရှေ့ပိုင်း ပင်လယ်ထဲ၌ သူ့အသက်ကို တစ်ခါကယ်တင်ခဲ့ဖူးပြီး ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်၏ ရှာတွေ့မှုမှ ရှောင်တိမ်းနိုင်ရန် မှော်ရတနာကို ပိုင်ဆိုင်ထားသည့် မိန်းမပျိုလေးဖြစ်သည်။ ယင်းက သူ၏စိတ်ထဲ၌ နက်ရှိုင်းစွာ ဆွဲထင်နေလေ၏။ သူကရီမျိုးနွယ်စုက တတိယအဆင့်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။

ရီမျိုးနွယ်စု၏ တတိယမျိုးဆက်တွင် အမျိုးသားသုံးဦး အမျိုးသမီးသုံးဦးသာ ရှိသည်ဟု သခင်လေးဖေးထျန်း ပြောခဲ့ဖူးသည်။ ယခုရီမျိုးနွယ်စုမှ သခင်မလေးတစ်ဦး ပေါ်လာပြီဖြစ်ရာ ခရမ်းရောင်ဆံနွယ်ဖြင့် မိန်းမပျိုလေးဖြစ်မှာ သေချာနေပေ၏။

“ငါတို့တွေ ဆန်းကြယ်ဧကရာဇ် နတ်ဘုရားနန်းတော်ကို သွားကြမယ် ”

ကျန်းရီက စိတ်ထဲ ရုတ်တရက် ပြင်ဆင်လိုက်လေသည်။ ရီမျိုးနွယ်စုမှ တတိယ သခင်မလေးနှင့် သိကျွမ်းသည်ဟု ဆိုနိုင်ပေ၏။ ရီဖျောင်ဖျောင်က ရီမျိုးနွယ်စု၏ မျိုးဆက်ဟုတ် မဟုတ်ဟူသော သံသယကို ဖြေရှင်းရန်အတွက် ယင်းကသူ့အတွက် လွယ်ကူသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဟုတ်နေခဲ့လျှင် တတိယသခင်မလေးက သူ့ကို ရီဖျောင်ဖျောင်နှင့်တွေ့ရန် ခေါ်သွားပေးနိုင်လောက်သည်။ လမ်းကြောင်း၌ အဟန့်အတား များစွာကို ရှောင်တိမ်းနိုင်မှာပဲဖြစ်၏။

ရီဖျောင်ဖျောင်ကို တွေ့နိုင်မည့်ပုံကို စဉ်းစားနေစဉ် ကျန်းရီ၏ စိတ်ဝိညာဉ်က စတင်လှုပ်ခါလာတော့သည်။ ကိစ္စများက ရှုပ်ထွေးကုန်လေ၏။ သူ၏ကောင်းကင် စိတ်အာရုံက ကြိမ်နှုန်းအနည်းငယ် ထုတ်ဖော်လိုက်မိရာ ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့် သိုင်းပညာရှင်က ချက်ချင်းရှာတွေ့သွား၏။ သူကနက်ရှိုင်းသော အသံဖြင့် အော်လိုက်လေ၏။

“ဒီယုတ်မာတဲ့လူက ဘယ်သူလဲ ရာရာစစ ငါတို့ကို ထောက်လှမ်းရဲတယ်ပေါ့ ”

“အာ ”

ကျန်းရီက မှင်သက်သွားလေ၏။ သူ၏ကောင်းကင်စိတ်အာရုံကို အမြန်ရုတ်သိမ်းလိုက်သည်။ သို့သော် ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့် သိုင်းပညာရှင်က သူ့ကိုချိန်ရွယ်ထားပြီဖြစ်ရာ ကောင်းကင်စိတ်အာရုံ နောက်လိုက်ပြီး အရင်းအမြစ်ဆီသို့ လိုက်လာလေ၏။ ပင်လယ်ထဲသို့ ခုန်ကူးပြီးနောက် ကောင်းကင်စိတ်အာရုံ ဆုတ်လမ်းကို လိုက်လာ၏။ နောက်တစ်စက္ကန့်တွင် ကောင်းကင်စိတ်အာရုံက ပင်လယ်အောက်ခြေရှိ ဧကရာဇ်နန်းတော်ဆီသို့ ရောက်သွားလေ၏။

ဝှစ်

သခင်လေးနှင့် ကျန်သည့်ဗာဂျရာနယ်ပယ် အစောင့်များကလည်း ပင်လယ်ထဲသို့ ခုန်ဆင်းလာသည်။ သူတို့က ဧကရာဇ်နန်းတော်ကို မြင်ချိန်၌ မျက်လုံးလက်သွားတော့၏။ ဧကရာဇ်နန်းတော်က သာမာန် သူတော်စင် အသုံးအဆောင် မဟုတ်ပေ။ ယင်းက ထူးကဲသူတော်စင် အသုံးအဆောင်ဖြစ်၏။ တစ်ချက်ကြည့်ရုံဖြင့် မည်မျှတန်ဖိုးကြီးကြောင်း မြင်နိုင်လေရာ သူတို့ရင်ထဲ လောဘအရိပ်အယောင်တို့ ပေါ်လာလေ၏။

“တိုက်ခိုက်ကြ ”

ဘရိုကိတ်သား ဝတ်ဆင်ထားသည့် သခင်လေးက လက်ကိုဝှေ့ယမ်းလိုက်ရာ အသံသဲ့သဲ့ ပေါ်လာလေ၏။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်လေးဦးက အတန်ငယ် တွေဝေနေပြီးနောက် အတွင်းအားများကို ထုတ်ဖော်ကာ ဧကရီနန်းဆောင်ကို တိုက်ခိုက်တော့သည်။ ခဏအကြာတွင် နန်းတော်ကို တိုက်ရိုက်ဝင်တိုက်တော့၏။

ဖုန်း ဖုန်း ဖုန်း ဖုန်း

ဧကရီနန်းတော်မှ အဖြူရောင် အလင်းတန်းတစ်ခု ဖြာထွက်လာပြီး အစီအရင်တို့ အသက်ဝင်လာသည်။ ယင်းက ထိခိုက်မှု အနည်းငယ်လေးကိုတောင် တွေ့ကြုံလိုက်ရခြင်း မရှိဘဲ အနည်းငယ်မျှတောင် ယိမ်းခါခြင်း မရှိပေ။

ဘီး

သူတို့ထပ်မံ တိုက်ခိုက်တော့မည့် အချိန်တွင် ဧကရီနန်းတော်က အဖြူရောင် အလင်းတန်းဖြင့် ဖျတ်ခနဲပေါ်လာပြီး ကျုံ့သွားလေ၏။ ဧကရီနန်းတော် အပြင်ဘက်၌ ကျန်းရီ၏ပုံရိပ် ပေါ်လာတော့သည်။ သူကအဖြူရောင် အလင်းတန်း အသွင်ပြောင်းပြီး ပျောက်ကွယ်သွား၏။ သူက ပင်လယ်မျက်နှာပြင်ဆီသို့ တက်သွားတော့သည်။

“လိုက်ကြ ”

သိုင်းပညာရှင် ငါးဦး၏အမြင်တွင် သတ်ဖြတ်လိုရိပ်များ ပေါ်လာသည်။ ကျန်းရီထုတ်ဖော်နေသော အရှိန်အဝါက အားနည်းနေ၏။ သူ့ကိုသတ်ပြီး ရတနာကို ယူလိုစိတ်က ရင်ထဲ၌ ပေါ်လာလေတော့သည်။ ငါးဦးက ကျန်းရီနောက်သို့လိုက်ပြီး ပင်လယ်ထဲသို့ သွားကြလေ၏။

“အားလုံးပဲ ”

ကျန်းရီက မပြေးခဲ့ပေ။ သူပင်လယ် မျက်နှာပြင်ပေါ် ဘွားခနဲပေါ်လာသည်နှင့် လက်သီးနှစ်ဖက် ဆုပ်မိုးလျက် ပြောလိုက်တော့၏။

“ကျွန်တော်က မတော်တဆ အပြစ်ပြုခဲ့မိပါတယ်၊ ဖြတ်သန်းသွားလာရင်းနဲ့ ကောင်းကင်စိတ်အာရုံကို ပြန်သိမ်းတဲ့အချိန်မှာ တွေ့ကြုံမိသွားတာပါ ကျုပ်ဒီနေ့ ဘယ်သူ့ကိုမှ မသတ်ချင်ဘူး ကျေးဇူးပြုပြီး ထွက်သွားကြပါ ”

“ဟား ဟား ဟား ”

သခင်လေးက ကျန်းရီပြောတာ ကြားပြီးနောက် ခေါင်းမော့ကာ ကောင်းကင်ကိုကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ ကျန်းရီကို လက်ညိုးထိုးလျက် ဆက်ပြောလိုက်တော့သည်။

“မင်းတို့ကြားလား ဗာဂျရာနယ်ပယ် ကျင့်ကြံသူလေး တစ်ယောက်ကများ ငါတို့ကို မသတ်ချင်ဘူးတဲ့ သူလွတ်သွားပြီလား အလျော့ပေးပြီး ထွက်သွားရမှာတဲ့လား သေချာတာပေါ့ မင်းရဲ့ရတနာပေးလိုက် ဒီသခင်လေးက မင်းကို အသက်ရှင်လျက် ထွက်သွားခွင့်ပေးမယ် ”

ကျန်းရီက သူ၏ခေါင်းကို ပွတ်လိုက်လေ၏။ သူအနည်းငယ်မျှတောင် ကြောက်လန့်ခြင်း မရှိပေ။ သခင်လေးကိုကြည့်ပြီး တစ်ချက် သူမေးလိုက်လေ၏။

“မင်းသေချာလား ”

***

All Chapters