ဗုဒ္ဓအရှင်
Vol. 173 Ch. 2469
ရှန်းယန်ဗုဒ္ဓအရှင်၏ အုပ်ချုပ်မှုအောက်မှ ဗုဒ္ဓကျင့်ကြံသူများစွာက ရှေ့သို့ ခြေလှမ်းလိုက်သည်တွင် သူတို့၏ မျက်လုံးများထဲမှ ကြောက်မက်ဖွယ် ဗုဒ္ဓအလင်းရောင်တို့ ဖြာထွက်နေခဲ့ပြီး ရီဖူရှင်းနှင့် အခြားသူများဆီသို့ ဦးတည်လာသည်။
ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူများက အမှန်တကယ် တစ်ခုခု လုပ်ဆောင်ချင်နေသည်လား။
ဗုဒ္ဓစက္ခုအာရုံ၏ ဖောက်ထွင်းစစ်ဆေးမှုအောက်တွင် ဖန်းစွင်နှင့် အခြားလူများက အလွန် မသက်မသာ ခံစားနေကြရသည်။ သူတို့က ခုခံကာကွယ်ရန် နည်းလမ်းမရှိဘဲ သူတို့၏ အရာအားလုံး ဖော်ထုတ်ခံရတော့မလိုထင်မှတ်ရ၏။ ထို့ပြင် သူတို့၏ နောက်၌ ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းမှာ မဟာလမ်းစဥ် အထူးစွမ်းရည်များမှ ဖြစ်တည်လာခဲ့ခြင်း ဖြစ်ပေသည်။
ကျင့်ကြံသူများက ရီဖူရှင်းအပေါ်၌ ပို၍ပင် အာရုံစိုက်လာကြသည်။ ဗုဒ္ဓစက္ခုအာရုံက အားလုံးသော အမှန်တရားတို့ကို ဖောက်ထွင်းဖော်ထုတ်နိုင်သည်။ ၎င်းကို အဆုံးစွန် ကျင့်ကြံနိုင်သောအခါ သက်ရှိအားလုံး၏ သေခြင်းရှင်ခြင်းကိုပင် မြင်နိုင်သည်ဟု ကောလာဟလရှိပေသည်။ ကျင့်ကြံခြင်းနည်းစနစ်ကို ရှာဖွေထောက်လှမ်းခြင်းက ဤထူးခြားသော စွမ်းရည်မှ လုပ်ဆောင်နိုင်သည့် လှည့်ကွက်သေးသေးလေးမျှသာ ဖြစ်လေ၏။ ဗုဒ္ဓစက္ခုအာရုံက အသုံးများသည့် စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။
သို့သော် ထိုအချိန်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက နတ်အလင်းတို့ဖြင့် တောက်ပလာခဲ့သည်။ သူ့ကို ကာကွယ်ရန် အလင်းလွှာတစ်ခု ဖြစ်ပေါ်လာပြီး ဗုဒ္ဓစက္ခုအာရုံသည်ပင် ကျူးကျော်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုကောင်းကင်မျက်လုံးများ၏ ထောက်လှမ်းစစ်ဆေးမှုအောက်၌ပင် မည်သည့် အရာကိုမှ မြင်နိုင်စွမ်းမရှိပေ။ သူတို့သည် ရီဖူရှင်းအား နတ်အလင်းတို့ဖြင့် လွှမ်းခြုံခံထားရကာ ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေသည်ကိုသာ မြင်နိုင်ပေသည်။ သူသည် ထိုနေရာတွင် ရပ်နေရင်းနှင့်ပင် အံ့သြဖွယ် ခမ်းနားထည်ဝါဖွယ် ကောင်းလှသည်။ ၎င်းက ထူးခြားဆန်းကြယ်သည့် ခံစားချက်ကို ပေးစွမ်းပေသည်။
သူတို့ရှေ့မှ မြင်ကွင်းကို စောင့်ကြည့်ရင်း လူအများက အေးစက်စွာ လှောင်ပြောင်လိုက်ကြသည်။ ကြည့်ရသည်မှာ ရီဖူရှင်းက အမှန်တကယ် ထူးချွန်ပြောင်မြောက်ပုံရလေသည်။ ဗုဒ္ဓစက္ခုအာရုံသည်ပင် သူ့ကို ရင်ဆိုင်ရာ၌ အကြွင်းမဲ့ အသုံးမဝင်နိုင်ပေ။ သူက နားလည်ဖမ်းဆုပ်ရန် ခက်ခဲသည့် ပဟေဠိဆန်သူ ဖြစ်ပေသည်။
ရီဖူရှင်းက ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်တည်နေခဲ့ကာ သူ့မျက်လုံးများက အေးစက်နေခဲ့သည်။ သူ့ကို ကြည့်နေသည့် ဗုဒ္ဓကျင့်ကြံသူများအား ကြည့်လိုက်သော မျက်လုံးများက ပြောင်းလဲသွားပေသည်။ ၎င်းအကြည့်တစ်စုံက ထိုကျင့်ကြံသူများကို အခြားလောက အခြားလေဟာနယ်သို့ ခေါ်ဆောင်သွားသလို ထင်မှတ်ရသည်။
“ကျုပ်က အံ့သြစရာကောင်းတဲ့ ဗုဒ္ဓပွဲတော်အကြောင်း လေ့လာချင်တာကြောင့် ကောင်းကင်ဒေသကနေ ရောက်လာခဲ့ပေမယ့် ခင်ဗျားတို့အားလုံးကတော့ ဘာလုပ်ကြတာလဲ။” ရီဖူရှင်းက သူတို့ကို အပြစ်တင်လိုက်ပြီး သူ့အသံက လေထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ဗုဒ္ဓကျင့်ကြံသူများ၏ နှလုံးသားတို့က တုန်ယင်သွားခဲ့ပေသည်။ အများစုက သူတို့၏ တတိယမျက်လုံးများ၌ ထိုးဖောက်ခံရသလို နာကျင်မှုကို တွေ့ကြုံခံစားလိုက်ကြရသည်။ သူတို့က ရီဖူရှင်းကို ကြည့်ရှုရန် ကျရှုံးခဲ့ရုံမျှမက သူ့ကြောင့်လည်း ထိခိုက်ခဲ့ကြရပေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ အဝေးရှိ ကျင့်ကြံသူများက အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ ရီဖူရှင်းက အမှန်တကယ် ထူးချွန်ပြောင်မြောက်သူ ဖြစ်ပေသည်။
သို့သော် ဤတစ်ကြိမ်၌ လေဟာနယ်ထဲတွင် ဗုဒ္ဓ၏ တောက်ပသော အလင်းတို့ဖြင့် လွှမ်းခြုံခံထားရသည့် လူနှစ်ယောက်ရှိလေသည်။ ဘုန်းကြီးများက ထိုနှစ်ယောက်နှင့် တွေ့ဆုံလိုက်ရသောအခါတိုင်း အရိုအသေပြုကြရမည် ဖြစ်သည်။ သူတို့ထဲမှတစ်ယောက်က ဘုန်းကြီးအိုတစ်ပါးဖြစ်ပြီး တခြားတစ်ယောက်မှာ အတော်လေး ငယ်ရွယ်သေးသည်။ သူတို့နှစ်ယောက်က ရှန်းယန်ဗုဒ္ဓအရှင် လက်အောက်မှ ဖြစ်သည်။ ထိုဘုန်းကြီးအိုတစ်ပါးက မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သူဖြစ်ပြီး ငယ်ရွယ်သည့်တစ်ယောက်မှာ ရှန်းယန်ဗုဒ္ဓအရှင်၏ လက်အောက်မှ ပထမဆုံးတပည့် ရှန်းယန်ရဟန်းဟု ကျော်ကြားသူ ဖြစ်သည်။
သူတို့နှစ်ယောက်က ရီဖူရှင်းကို တစ်ချိန်တည်းကြည့်လိုက်ပြီး လေဟာနယ်အတွင်း၌ နားလည်ရခက်ခဲသော မျက်ဝန်းတစ်စုံထွက်ပေါ်လာသည်။ သူတို့သည် ယခင်က ကျူးဟိုအသုံးပြုခဲ့သော ဗုဒ္ဓစက္ခုအာရုံစွမ်းရည်ကို တူညီစွာ အသုံးပြုနေကြပေသည်။ သို့သော် သူတို့၏ စွမ်းအားများက နှိုင်းယှဥ်၍ မရနိုင်ပေ။
ဗုဒ္ဓစက္ခုအာရုံ၏ စစ်ဆေးကြည့်ရှုမှုအောက်တွင် ရီဖူရှင်းသည် သူ့ကို မဟာလမ်းစဥ်စွမ်းအားတို့ဖြင့် ကာကွယ်ထားလျက်နှင့်ပင် အပြည့်အဝ ဖောက်ထွင်းခံနေရသလို ခံစားမိခဲ့ပေသည်။ တစ်ဖက်လူ၏ ဖောက်ထွင်းစစ်ဆေးနိုင်သော အကြည့်များထံမှ ပုန်းကွယ်နိုင်သည့် မည်သည့်အရာမှ မရှိသလိုပင် ဖြစ်သည်။ သူသည် အနောက်ဘက်လောက၏ သန့်စင်မြင့်မြတ်နယ်မြေကို လာခဲ့သည်ကပင် အမှားတစ်ခု ဖြစ်နေသလား သိချင်မိပေသည်။ ထိုဗုဒ္ဓကျင့်ကြံသူများ၏ စွမ်းရည်တို့က ကောင်းကင်ဒေသမှ လူများ၏ ကျင့်ကြံခြင်းနှင့် လုံးဝကွဲပြားခြားနားပေသည်။ ထိုစွမ်းရည်များက လျှို့ဝှက်ချက်များစွာကို ဖြတ်ကျော်မြင်နိုင်စွမ်း ရှိသည်။
ဘုန်းကြီးအိုက ဗုဒ္ဓစက္ခုအာရုံစွမ်းရည်ကို ထုတ်လွှတ်လိုက်ပြီး သူ့မျက်လုံးများက ထူးဆန်းလာသည်။ သူ မြင်တွေ့ခဲ့ရသော ပုံရိပ်များက အနည်းငယ် ကြောက်မက်ဖွယ် ကောင်းပေသည်။ သူမြင်တွေ့ခဲ့သည့်အရာက မဟာလမ်းစဥ်နတ်အလင်းတို့ဖြင့် ဝန်းရံခံထားရသော ရီဖူရှင်း မဟုတ်ဘဲ နတ်ဘုရားတစ်ပါးကဲ့သို့ ကြီးမားသည့် ပုံရိပ်တစ်ခု ဖြစ်လေသည်။
သူ့ကဲ့သို့ မြင့်မားသော ကျင့်ကြံဆင့်၌ပင် ထိုပုံရိပ်က သူ့အတွက် အနည်းငယ် ဇဝေဇဝါရှုပ်ထွေးစေပြီး အပြည့်အဝ သိမြင်နိုင်စွမ်းမရှိခဲ့ပေ။ သူ၏ ကျင့်ကြံဆင့်က လုံလောက်အောင် မမြင့်မားဘဲ ဗုဒ္ဓစက္ခုအာရုံကလည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရန် ဝေးကွာနေသေးသည်။ သို့သော် သူ၏ စိတ်ထဲတွင် မြင်တွေ့ခဲ့ရသည့် ပုံရိပ်များက ရှေ့ဖြစ်နိမိတ်ပြပုံရိပ်မျိုး ဖြစ်လိမ့်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
အနည်းဆုံး သူတို့ရှေ့၌ မြင်တွေ့ခဲ့ရသည့် ပုံရိပ်များက ပြောပြနေသည်မှာ အနာဂတ်၌ ရီဖူရှင်းက အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။
“မင်းက ကောင်းကင်ဒေသကနေ လာခဲ့ပြီး ဆန္ဒခြောက်ပါးကောင်းကင်မှာ မုန်တိုင်းထန်စေခဲ့တယ်။ မင်းက ကျုပ်တို့ရဲ့ ဗုဒ္ဓကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့တယ်။ အခု အနောက်ဘက်ကောင်းကင် သန့်စင်မြင့်မြတ်နယ်မြေမှာ ထွက်ပေါ်လာပြန်ပြီ။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။” ဘုန်းကြီးအိုကြီး၏ စစ်ဆေးမေးမြန်းသော အသံက ခေါင်းလောင်းမြည်သံကဲ့သို့ ကျယ်လောင်ရှင်းလင်းလှသည်။ တစ်ဖက်လူ၏ စကားလုံးက ရီဖူရှင်းကို ကျောရိုးထဲထိ တုန်ခါသွားစေသည်။
ရီဖူရှင်းသည် သူ့ နှလုံးသားက တုန်ယင်လာပြီး အသက်ရှုမှုနှုန်းက မတည်မငြိမ်ဖြစ်လာသည်ကို ခံစားမိလိုက်ပေသည်။ ရုတ်တရက် သူသည် တစ်ဖက်လူ၏ မျက်လုံးများက ထို့ထက်ပိုသည့် တစ်စုံတစ်ရာကို သိရှိရန် ထောက်လှမ်းနေကြောင်း ရှင်းလင်းစွာ ခံစားမိခဲ့ပေသည်။ မြင်နိုင်ခြင်းမရှိဘဲ ခြေရာခံ၍ မရနိုင်သည့် တစ်စုံတစ်ခု ဖြစ်သည်။ သူက အားကောင်းလာလေ သူ၏ ကျင့်ကြံခြင်းကို ရှာဖွေတွေ့ရှိရန် ခက်ခဲလာလေ ဖြစ်သည်။
“အနောက်ဘက်ကောင်းကင် မြင့်မြတ်နယ်မြေက ဗုဒ္ဓကျင့်ကြံသူတွေရဲ့ သန့်စင်မြင့်မြတ်နယ်မြေလို့ ကြားမိခဲ့ပေမယ့် ဒီနေ့ ရောက်လာမိတော့ အတော်လေး စိတ်ပျက်မိတယ်။ ကျုပ် ဒီနေရာကို ဘာလို့ ရောက်လာလဲဆိုတာအတွက် အနောက်ဘက်ကောင်းကင်ရဲ့ သန်စင်မြင့်မြတ်နယ်မြေထဲ ကျုပ်ကို ဝင်ခွင့်မပြုနိုင်တဲ့ အကြောင်းရင်းတစ်ခုခု ရှိလား။” ရီဖူရှင်းက တစ်ဖက်လူကို ကြည့်ကာ ပြန်ပြောလိုက်သည်။ မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့သည့် ကျင့်ကြံသူနှင့် ရင်ဆိုင်နေရသော အခါ၌ပင် သူ၏ ရပ်တည်မှုနှင့် အရှိန်အဝါက အနည်းငယ်မျှ လျော့မသွားခဲ့ပေ။
အဆုံးမှာတော့ ဤအချိန်မတိုင်ခင်ကပင် သူက မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေးမှ ဖြတ်ကျော်နိုင်ခဲ့သည့် ကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။
“အနောက်ဘက်ကောင်းကင်ရဲ့ မြင့်မြတ်နယ်မြေက ဗုဒ္ဓသန့်စင်မြင့်မြတ်နယ်မြေ ဖြစ်တယ်။ ဒါကြောင့် ဗုဒ္ဓရဲ့ အသိအမြင်ကို ရှာဖွေဖို့အတွက် အားလုံးကို လာခွင့်ပြုထားတယ်။ ဒါပေမယ့် မင်းကတော့ ဗုဒ္ဓကျင့်ကြံသူတပည့်တွေ အများကြီးကို သတ်ဖြတ်ခဲ့တာမို့ ဗုဒ္ဓရဲ့ သန့်စင်မြင့်မြတ်နယ်မြေကို လာဖို့ မသင့်တော်ဘူး။” အဝေးရှိ လေဟာနယ်ထဲမှ အစွမ်းထက် ဗုဒ္ဓကျင့်ကြံသူတစ်ယောက်က စကားပြောလိုက်သည်။
ကြည့်ရသည်မှာ ရီဖူရှင်း အနောက်ဘက်လောက၏ မြင့်မြတ်နယ်မြေကို ရောက်လာသည်နှင့် ပတ်သတ်၍ မကျေနပ်သည့်လူ အများကြီးဟု ထင်မှတ်ရပေသည်။
ရီဖူရှင်းက ဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်လောကသို့ ခြေချလာသည်နှင့် သူ လုပ်ခဲ့သည့် အရာအားလုံးမှာ လူအများကို ဒေါသထွက်စေခဲ့သည်။ ဗုဒ္ဓကျင့်ကြံသူလောကတွင် အစွမ်းထက်သူများအဖြစ် မှတ်ယူနိုင်သော အရှင်သခင်အဆင့်ကျင့်ကြံသူတစ်ယောက်ချင်းစီတိုင်းက သူ၏ လက်ထဲ၌ သေဆုံးခဲ့ရသည်။ ကောင်းကင်ဒေသမှလာသော သူ့ကဲ့သို့ တစ်စုံတစ်ယောက်ကြောင့် သူတို့က စိတ်မချမ်းသာဖွယ် သေခြင်းတရားနှင့် ရင်ဆိုင်ခဲ့ရပြီး ဗုဒ္ဓလောကအတွင်းမှ စွမ်းအားတို့ကို လျှော့ချလိုက်သည်ဟု သတ်မှတ်နိုင်ပေသည်။
ပို၍အရေးကြီးသည်မှာ အရှင်ချူးချန်နှင့် သူတော်စင်ကျန်းချန်တို့ ကိုယ်တိုင်က ကျော်ကြားသော ဗုဒ္ဓကျင့်ကြံခြင်းအင်အားစုများနှင့် သက်ဆိုင်သည့် ဗုဒ္ဓကျင့်ကြံသူများ ဖြစ်ကြသည်။
“ကျုပ်က ဘာလို့ ဗုဒ္ဓကျင့်ကြံသူတွေရဲ့ တပည့်တွေကို သတ်ရမှာလဲ။” ရီဖူရှင်းက ခွန်းတုန့်ပြန်လိုက်သည်။ သူက ထိုလူများ သူ့အပေါ် မကျေမနပ် ဖြစ်နေသည်ကို နားလည်ပေသည်။ သို့သော် ဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်လောကသို့ ရောက်ရှိလာကတည်းက သူ မဖန်တီးခဲ့သော အခြေအနေများထဲ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။ သူက ငြိမ်းချမ်းသည့် အခိုက်အတန့်ကို ရှာမတွေ့နိုင်ဟု ပြောနိုင်ပေသည်။
ထိုအခြေအနေအောက်တွင် သူက ရွေးချယ်စရာမရှိဘဲ ခုခံကာကွယ်ရန်သာ တတ်နိုင်ပေသည်။ ထို့ကြောင့် ယခု သူ ကြုံတွေ့နေရသည့် အရာအားလုံး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“ဟမ့်...”
သူတို့က အတိတ်မှ ဖြစ်ပေါ်ခဲ့သည့်အရာများကို လက်လွှတ်ပေးရန် ဆန္ဒမရှိပုံရကာ အေးစက်သည့် အထင်အမြင်သေးမှုက တစ်ညီတစ်ညွတ်တည်း ဖြစ်ပေသည်။ သို့သော် ထိုအခိုက်အတန့်တွင် အဝေးရှိ ကောင်းကင်ထက်၌ အေးချမ်းသည့် ဗုဒ္ဓအလင်းရောင်တို့ ကောင်းကင်တွင် ပျံ့နှံ့လာကာ အသံတစ်ခု ထွက်ပေါ်လာ၏။
“အောမိထောဖော...” ဗုဒ္ဓအသံက ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်ထပ်လာသည်။ ခမ်းနားထည်ဝါသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူက အဝေးရှိ မိုးကုပ်စက်ဝိုင်းတွင် ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတို့ ထွက်ပေါ်လာပေသည်။ သို့သော် ထိုရွှေရောင်ဗုဒ္ဓရုပ်တုက လှုပ်ရှားသွားပြီး ၎င်းက ရုပ်တုမဟုတ်သည့် လူအစစ်တစ်ယောက်ကဲ့သို့ ဖြစ်လေသည်။
သူတို့က ထိုဗုဒ္ဓရုပ်တု၏ ထွက်ပေါ်လာမှုကို မြင်သောအခါ အနောက်ဘက် မြင့်မြတ်နယ်မြေမှ မရေတွက်နိုင်သော ကျင့်ကြံသူများအပါအဝင် လက်ရှိရောက်နေကြသည့် ဗုဒ္ဓကျင့်ကြံသူများက ချက်ချင်းပင် အရိုအသေပြုလိုက်ကြသည်။ သူတို့အားလုံးက သူ့ကို ရိုသေလေးစားစွာဖြင့် လက်အုပ်ချီ အရိုအသေပြုလိုက်ကြသည်။ ၎င်းက အနောက်ဘက်ကောင်းကင်၏ သန့်စင်မြင့်မြတ်နယ်မြေ၌ လူအများ၏ ကိုးကွယ်ဆည်းကပ်မှုကို ခံရသော ဗုဒ္ဓတစ်ဆူဖြစ်သောကြောင့် လူအများက ထိုရုပ်တုကို မှတ်မိကြပေသည်။
“ဗုဒ္ဓအရှင်။”
“ဗုဒ္ဓအရှင်ကို နှုတ်ဆက်ပါတယ်။”
အသံများက တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်လာပြီး ဗုဒ္ဓအရှင်၏ အုပ်ချုပ်မှုအောက်မှ ထိုကျင့်ကြံသူများက နှိမ့်ချစွာ လေးစားမှုပြသလိုက်ကြသည်။ အနောက်ဘက်လောကမှ ကျင့်ကြံသူများက ဗုဒ္ဓအရှင်၏ သရုပ်သဏ္ဌာန်အား သူတို့မျက်လုံးရှေ့၌ မျက်မြင်တွေ့လိုက်ရသည့်အခါ ပို၍ပင် စိတ်လှုပ်ရှားလာခဲ့ကြသည်။
ရီဖူရှင်း၏ အကြည့်များကလည်း ထိုနေရာတွင် မြဲမြံနေခဲ့၏။ ရွှေရောင်ဗုဒ္ဓရုပ်တုကို အနန္တဗုဒ္ဓအလင်းတို့ဖြင့် လွှမ်းခြုံထားပြီး အနောက်ဘက်ကောင်းကင်တစ်ခွင်ကို ပျံ့နှံ့သွားခဲ့သည်။ သူက အတော်လေး အသက်အရွယ်ရနေပုံပေါ်သည်။ သူက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် ဗုဒ္ဓအရှင်တစ်ပါးဖြစ်သည်မှာ ရှင်းလင်းပေသည်။
'ဒီတစ်ခေါက်ရော ဘယ်ဗုဒ္ဓအရှင်လဲ။' ရီဖူရှင်းက တွေးလိုက်သည်။ ဗုဒ္ဓကျင့်ကြံသူများ၏ အနောက်ဘက်လောကတွင် ဗုဒ္ဓအရှင်များကို တစ်လောကလုံးက လေးစားကြသည်။ ယခု ထွက်ပေါ်လာသည့် ဗုဒ္ဓအရှင်က ဗုဒ္ဓကျင့်ကြံသူများအားလုံး၏ အရှင်သခင် မဖြစ်နိုင်ပေ။
“ဒကာလေးရီက ကောင်းကင်ဒေသကနေ တလျှောက်လုံး လာခဲ့ရတာ။ ကျုပ်တို့ရဲ့ ဧည့်သည်တွေကို ခက်ခဲအောင် မလုပ်သင့်ဘူး။ ဗုဒ္ဓပွဲတော်က ကျုပ်တို့ ဗုဒ္ဓကျင့်ကြံသူတွေ လောကမှာ အထွတ်အမြတ်ပွဲတော်တစ်ခုပဲ။ ဒါကြောင့် ကျုပ်တို့ရဲ့ ဧည့်သည်တွေကို ပြဿနာရှာနေတာ ရပ်လိုက်သင့်ပြီ။” ထိုအသံက လေဟာနယ်အတွင်း ပဲ့တင်ထပ်လာပေသည်။ ဗုဒ္ဓကျင့်ကြံသူများအားလုံးက ထိုစကားလုံးများကို ကြားသည့်အခါ ရီဖူရှင်းအား ထပ်မံ၍ ပြဿနာရှာရန် မဖြစ်နိုင်တော့ကြောင်း သိလိုက်ရသည်။ သူတို့အားလုံးက ဗုဒ္ဓအရှင်ကို အရိုအသေ ပြုလိုက်ကြပေသည်။
“ရီဖူရှင်း။” ထိုဗုဒ္ဓအရှင်က ရီဖူရှင်းအား ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းသည် ဗုဒ္ဓအလင်းရောင်ဖြင့် လွှမ်းခြုံခံထားရသည်မှာ အလွန် သက်သောင့်သက်သာရှိသည်ကို ခံစားမိခဲ့သည်။ သူက ဗုဒ္ဓအရှင်ကို အရိုအသေပြုကာ ပြောလိုက်သည်။ “ရီဖူရှင်းက ဗုဒ္ဓအရှင်ကို နှုတ်ဆက်ပါတယ်။”
“လောကဝတ်တွေ ပြုနေဖို့ မလိုအပ်ပါဘူး။” ထိုဗုဒ္ဓအရှင်က ပြောလိုက်သည်။ “မင်းက ကောင်းကင်ဒေသကနေ အနောက်ဘက်ကောင်းကင်ကို ရောက်လာခဲ့တာ တစ်ခုခုဖြစ်လို့လား။”
“ဟုတ်ပါတယ်။” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျုပ် ဗုဒ္ဓအားလုံးရဲ့ အရှင်သခင်နဲ့ တွေ့ချင်ပါတယ်။”
ရီဖူရှင်း၏ တောင်းဆိုချက်အား ကြားသည့်အခါ လူတိုင်းက အံ့သြမှင်တက်သွားခဲ့ကြသည်။ ဗုဒ္ဓအားလုံး၏ အရှင်သခင်နှင့် တွေ့ဆုံချင်သည်လား။
သူတို့သည် ရီဖူရှင်းက ထိုသို့ပြုလုပ်ရန် တွေးနေမည်ဟု မည်သည့်အခါမှ တွေးထင်ထားခဲ့ခြင်း မရှိပေ။ ဗုဒ္ဓအားလုံး၏ အရှင်သခင်နှင့် တွေ့ဆုံခွင့်ရရန်မှာ ထိပ်သီးဗုဒ္ဓကျင့်ကြံသူများအတွက်ပင် မလွယ်ကူလှပေ။
“အောမိထောဖော...” ဗုဒ္ဓအရှင်က ရီဖူရှင်းကို ကြည့်ကာ ပြောလိုက်သည်။ “အဲဒါအကုန်လုံးက မင်းရဲ့ ကိုယ်ပိုင်ကံကြမ္မာပေါ် မူတည်တယ်။”
ထိုသို့ပြောလိုက်ပြီးနောက် ထိုပုံရိပ်က ပျောက်ကွယ်သွားခဲ့ပေသည်။ ၎င်းသည် ထိုနေရာ၌ မည်သည့်အခါမှ မတည်ရှိခဲ့ဖူးသလိုပင် ဖြစ်သည်။
သူ ပျောက်ကွယ်သွားပြီးနောက် ရီဖူရှင်းက ထိုနေရာကို ကြည့်ကာ အတွေးနက်နေပုံပေါ်လေသည်။ ဗုဒ္ဓကျင့်ကြံသူများလောကမှ လူတိုင်းသည် သူ့ရှေ့၌ ရှိနေသော ကျင့်ကြံသူများကဲ့သို့ မဟုတ်ပုံရလေ။ ဥပမာအနေနှင့် ဤဗုဒ္ဓအရှင်က ထူးထူးခြားခြား သဘောထားကြီးပုံရသည်။ သူက ကိုယ်တိုင်ထွက်ပေါ်လာရန် မလိုအပ်သော်လည်း ကိုယ်တိုင်ထွက်ပေါ်လာခဲ့သည့်အတွက် မရိုးသားသည့် လှည့်ကွက်များ မဟုတ်နိုင်ပေ။
“အဲဒါ ဘယ်ဗုဒ္ဓအရှင်လဲ။” ရီဖူရှင်းက မေးလိုက်သည်။ သူ့အနီးမှ လူတိုင်းက ထိုသူ့အကြောင်းသိကြသော်လည်း သူက ကောင်းကင်ဒေသမှဖြစ်ကာ ဤနေရာမှ မဟုတ်ပေ။
“ဝူထျန်းဗုဒ္ဓအရှင်။” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ အတွေးတစ်ချက်နှင့် ဝူထျန်းဗုဒ္ဓအရှင်မရောက်နိုင်သည့် နေရာဟူ၍ မရှိပေ။ သူက ဗုဒ္ဓဂိုဏ်းများထဲ၌ အထွတ်အထိပ် တည်ရှိမှုတစ်ခုဖြစ်ပြီး ဗုဒ္ဓရောင်ဝါခြေလှမ်းအား ကျင့်ကြံသည်။ သူက အတွေးတစ်ချက်နှင့်ပင် မည်သည့်နေရာကိုမဆို လျင်မြန်စွာ ရောက်ရှိနိုင်ပေသည်။