← Chapters

လက်တလောတွင် တပ်သားများ လက်ခံခြင်း

Vol. 42 Ch. 578

လက်တလောတွင် တပ်သားများ လက်ခံခြင်း

Vol. 42 Ch. 578

ကျန်းရီ၏ မျက်ဝန်းထဲရှိ လှောင်ပြောင်မှုက ထိုသခင်လေးကို နက်ရှိုင်းစွာ ထိခိုက်စေ၏။ ချက်ချင်းပင် သူက ဒေါသတကြီး လက်ယမ်းပြလျက် အော်ဟစ်လိုက်တော့၏။

“သူ့ကိုသတ် ”

ဗာဂျရာနယ်ပယ် သိုင်းပညာရှင် လေးဦးထဲမှ နှစ်ဦးက လှုပ်ရှားလာတော့သည်။ ထိုအမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်ကမူ မလှုပ်ရှားဘဲ သခင်လေးဘေးတွင်သာ ရပ်နေ၏။ တောက်ပသည့် အလင်းတစ်ခုက သူ၏လက်ထဲမှ ပေါ်လာပြီးနောက် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားလေသည်။

ချီ ချီ

လူနှစ်ယောက်က မှိန်ဖျော့ဖျော့ ပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီးနောက် ကျန်းရီဆီသို့ ပျံဝင်သွားကြသည်။ သူတို့လက်ထဲရှိ ဓားတိုနှင့် ဓားတို့က ဆက်တိုက် တောက်ပလာကြ၏။ သူတို့က တာအိုပုံစံများ ထုတ်ဖော်နေပြီဖြစ်သည်။

ဘီး

ထိုစဉ် ကျန်းရီက လှုပ်ရှားလိုက်တော့သည်။ သူ၏မျက်လုံးက ကြမ်းတမ်းသော အလင်းတန်းတို့ဖြင့် တောက်ပနေပြီး ကြမ်းတမ်းသည့် သတ်ဖြတ်ခြင်း အရှိန်အဝါတို့ သွင်းထည့်ကာ အနားပတ်ဝန်းကျင်ရှိ ဧရိယာကို ချက်ချင်းဝိုင်းသွားလိုက်တော့၏။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်နှစ်ဦးက တာအိုပုံစံ တိုက်ခိုက်မှုကို ထုတ်ဖော်ရန် အဆင့်ဖြစ်နေပြီး ချက်ချင်း မလှုပ်ရှားနိုင်ခဲ့ပေ။ အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်၏ မျက်လုံးထဲတွင်လည်း ကြောက်လန့်ရိပ် တစ်စွန်းတစ်စ ပေါ်လာလေ၏။ သူကအနည်းငယ်မျှသာ ဝေးနေပြီး သူ၏သခင်ကို ခေါ်ကာ အမှန်တကယ် ထွက်သွားနိုင်သည်။ သို့သော် ထိုအကြံကို ဖိနှိပ်ထားရ၏။ အဆင်အခြင်မဲ့ လှုပ်ရှားမိလျှင် ဤနေရာရှိလူတိုင်း ယနေ့ သေသွားမှာဖြစ်သည်။

ကျန်းရီက ပင်လယ်ပေါ်၌ လျှောက်နေလေ၏။ သူ၏ဝတ်ရုံက လေထဲ တဖြတ်ဖြတ် လွင့်နေကာ ကျက်သရေရှိပြီး ကျော့မော့နေလေ၏။ သို့သော် လူအုပ်ကြီး၏ အမြင်တွင်မူ သူကထိုမျှ ကြောက်မက်ဖွယ် ကောင်းနေသည်။ အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်က အဆင်အခြင်မဲ့ မလှုပ်ရှားရဲသော်ငြား အော်ဟစ်ပြောဆိုရန် သတ္တိမွေးလိုက်သေးသည်။

“အရှင် ကျွန်တော်တို့ မမြင်ခဲ့မိတာပါ အရှင်သခင်က ကျေးဇူးပြုပြီး ခွင့်လွှတ်ပြီး ဒီတစ်ခေါက် အသက်ချမ်းသာပေးဖို့ မျှော်လင့်ပါတယ် ကျွန်တော်တို့ သခင်လေးက ပန်းရဉ်တော်ဝင် မိသားစုရဲ့ အမွေဆက်ခံသူဖြစ်ပြီး မင်းသားတစ်ပါးအဖြစ်လည်း သတ်မှတ်ခံထားရတာပါ အရှင်က ဒီတစ်ခေါက် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးခဲ့မယ်ဆိုရင် အရှင့်ရဲ့ ရက်ရောမှုကို ဆုလဒ်တွေနဲ့ သေချာပေါက် ပြန်ပေးဆပ်ပါ့မယ် ”

“မင်းသားတစ်ပါးလား ”

ကျန်းရီက အကြံတစ်ခု ရလာသော်ငြား ခြေလှမ်းများကို မရပ်လိုက်ဘဲ ထိုသခင်လေးနား မြန်မြန်ဆန်ဆန် ချဉ်းကပ်သွား၏။ အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်က ဖိနှိပ်ခံထားရပြီး မလှုပ်ရှားနိုင် ဖြစ်နေပြီးနောက် ကျန်းရီသည် စိတ်အေးသွားတော့သည်။ မျက်တောင်ခတ်လျက် ထိုသခင်လေးကို ကြည့်လိုက်သည်။ အတော်ကြာ လေ့လာပြီးနောက် ကျန်းရီက တီးတိုးပြောလိုက်၏။

“မင်းကိုရွေးချယ်စရာ နှစ်ခုပေးမယ် မင်းရဲ့ဝိညာဉ်စည်းကို ပေးမလား ဒါမှမဟုတ် သေမလား ”

ဝှစ် ဝှစ် ဝှစ်

ထိုသခင်လေးနှင့် ဗာဂျရာနယ်ပယ် အစောင့်များအားလုံးက ချက်ချင်း ဖြူလျော်သွားကြသည်။ မည်သည့် ရွေးချယ်မှုကမှ သူတို့လက်ခံနိုင်စရာ မရှိပေ။ သူတို့က ပန်းရဉ်နယ်မြေမှ ရောက်လာရုံမျှသာ ဖြစ်ပြီး ရုတ်တရက် ပြဿနာကြီး တစ်ရပ်နှင့် ကြုံတွေ့မိသည်။ ထိုသခင်လေးသည် မချိမဆန့် ဒုက္ခရောက်နေပုံပေါ်ပြီး သူ၏မျက်လုံးထဲ၌ နောင်တအရိပ်အယောင်များ ပေါ်လာသည်။ အဘိုးကြီး၏ စကားကို မနားထောင်ခဲ့ရာ သူကမီးရှို့ပစ်ခံရတော့မှာပဲ ဖြစ်သည်။ အပြင်လောကက အမှန်တကယ် အန္တရာယ်များပေ၏။

“သခင်လေး ကျေးဇူးပြုပြီး အမြန်စဉ်းစားမှ ရမယ် ”

ကျန်းရီက ထိုသခင်လေးကိုကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်တော့သည်။

“မင်းသေသွားရင် ဘာမှကျန်မှာ မဟုတ်ဘူး မင်းငါ့ရဲ့ ဝိညာဉ်ကျွန် ဖြစ်လာခဲ့ရင် တစ်နှစ်ကြာပြီးတဲ့နောက် မင်းရဲ့လွတ်လပ်ခွင့်ကို ပြန်ပေးမယ်လို့ ကတိပေးတယ် ဆယ်စက္ကန့် အချိန်ပေးမယ် မင်းရဲ့ဝိညာဉ်စည်းကို သိမ်းထားချင်သေးတယ်ဆိုရင် မင်းကို တမလွန်လောကဆီ အရောက်ပို့ပေးမယ် ”

ထျန်း ထျန်း

အတွင်းအားနှင့် ပေါင်းစပ်ထားသော မီးနဂါးဓားက ကျန်းရီ၏လက်ထဲတွင် ပေါ်လာလေ၏။ ဓားသံတစ်သံဖြင့် မီးနဂါးနှစ်ကောင်က စတင်ကူးခတ်လာတော့သည်။ အတွင်းအားက လေပြင်းအဖြစ် ပြောင်းလဲသွားပြီး ဓားဖြားထိပ်၌ လူးလွန့်နေကာ သခင်လေး၏ ဖြူလျော်သော မျက်နှာနှင့် အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် နှစ်ဦးတို့၏ မျက်နှာကို လင်းထိန်သွားစေတော့၏။ ကြမ်းတမ်းသော အနီရောင်ရှေ့၌ လင်းထိန်နေစေ၏။

“၁၀ ၉ ၈ ၇ ၆ ”

ကျန်းရီ၏ နတ်ဆိုးကဲ့သို့ အသံက ဟိန်းထွက်လာပြီး လူတိုင်း၏ရင်ကို လှုပ်ခါစေသည်။ ထိုသခင်လေး၏ မျက်နှာက နက်မှောင်သုန်မှုန်လာတော့၏။ ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်ရှိ အကြီးအကဲကလည်း စိတ်ပျက်အားငယ်သည့် အရိပ်အယောင် ပေါ်လာသည်။ သူ၏အသက်ကို စွန့်စားပြီး တိုက်ခိုက်ချင်ခဲ့၏။ သို့သော်ကျန်းရီက သူနှင့်နီးလွန်းပြီး အရှိန်အဝါကလည်း ပြိုလဲနိုင်စွမ်းရှိသည်။ သူက စတင်တိုက်ခိုက်ရန် ခက်ခဲနေပြီး သခင်လေး ဆုံးဖြတ်ချက် ချမည်ကိုသာ အံ့ကြိတ်လျက် စောင့်ဆိုင်းနေရမှာပဲ ဖြစ်သည်။

“၃ ၂ ၁ ”

နောက်ဆုံးနံပါတ်ကို ရေတွက်ပြီးနောက် ကျန်းရီသည် သူ၏လက်ထဲရှိ မီးနဂါးဓားကို မြှောက်လျက် မီးနဂါးနှစ်ကောင်က ဝှီးကနဲ ပေါ်လာတော့သည်။ ထိုသခင်လေးက နောက်ဆုံးတွင် တုန့်ပြန်လာ၏။ သူ၏နဖူးပေါ်၌ ရွှေရောင်အလင်းတစ်ခု တောက်ပလာပြီး ချိတ်သင်္ကေတတစ်ခု ပေါ်လာလေ၏။ ကျန်းရီက ပြုံးလိုက်ကာ လက်တစ်ဖက်ထဲဖြင့် ဖမ်းဆုပ်လိုက်ပြီး ဝိညာဉ်ချိတ် သင်္ကေတက သူ၏လက်ထဲ၌ ပျောက်ကွယ်သွားတော့၏။

“ကောင်းပြီ ခင်ဗျားတို့လေးယောက် ခင်ဗျားတို့ရဲ့ ဝိညာဉ်စည်းတံဆိပ်တွေလည်းပေး တစ်နှစ်ကြာပြီးရင် ပြန်ပေးမယ် ”

ကျန်းရီက အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် အကြီးအကဲကို ကြည့်လိုက်သည်။ တစ်ယောက်ထံမှ ယူခြင်းက ငါးယောက်ထံမှ ယူခြင်းနှင့် မကွာပေ။ သူစတင်ပြီးနောက် သူတို့အားလုံးရဲ့ ချိတ်သင်္ကေတကို ယူရပေမည်။

ဘီး

ထိုဗာဂျရာနယ်ပယ် အကြီးအကဲ၏ခေါင်းက မကြာမီ၌ တောက်ပလာပြီး သူ၏ဝိညာဉ်ချိတ် သင်္ကေတက ကျန်းရီဆီ ပြန့်လွင့်လာ၏။ သို့သော် ကျန်းရီအဖို့ အံ့သြသွားရသည်က နောက်ထပ် စတုတ္ထအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်က ရုတ်တရက် သူ၏သွေးကြော သူ၏ဒွာရ ခုနှစ်ပေါက်မှ သွေးများရုတ်တရက် စီးကျလာ၏။ သူ၏ခန္ဓာကိုယ်က တုန်ယင်မှုကို မထိန်းနိုင်တော့ချေ။ အဆုံးတွင် သူက ပြုံးပြီးပြောလိုက်တော့၏။

“ငါလော့လင်းက အမြဲတမ်း ဂုဏ်သိက္ခာရှိတဲ့ သူရဲကောင်းတစ်ယောက်ပဲ ဖြစ်နေမှာ တစ်ခြားတစ်ယောက်ရဲ့ ဝိညာဉ်ကျွန် ဘယ်တော့မှ မလုပ်ဘူး သခင်လေး ကျေးဇူးပြုပြီး ဂရုစိုက်ပါ လော့လင်းက သခင်လေးဘေးမှာ ထပ်မရှိနေနိုင်တော့ဘူး ”

“သခင်လေး ဂရုစိုက် ”

တစ်ချိန်ထဲနီးပါး ကျန်းရီ၏နောက်ကျောမှ အော်သံများ ပေါ်ထွက်လာ၏။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်ကလည်း သူ၏ဒွာရများမှ သွေးများစီးကျလာသည်။ သို့သော် ဝိညာဉ်ချိတ်သင်္ကေတကို နာနာခံခံ ပေးလာသည့် လူတစ်ဦး ရှိနေသေးသည်။

“အွန်း ဒီနှစ်ယောက်က ဂုဏ်ယူဝံ့ကြွားဖွယ် အမျိုးသားနှစ်ယောက်ပဲ မင်းသူတို့ရဲ့အလောင်းကို ယူလို့ရတယ် အချိန်ကျလာတဲ့အခါ မင်းရဲ့မွေးရပ်မြေဆီ သူတို့ကို ပြန်ပို့ပေးပြီး ကောင်းကောင်း မြုပ်နှံပေးလိုက် ”

ကျန်းရီသည် သတ်ဖြတ်ခြင်းဆန္ဒကို ရုတ်သိမ်းပြီးနောက် ဝိညာဉ်ချိတ် သင်္ကေတသုံးခုကိုယူပြီး သက်ပြင်းချလိုက်တော့၏။ သူကအပြစ်ရှိသလို မခံစားရပေ။ ဤလောကက ရက်စက်နေရုံသာ ရှိသည်။ သူကအားနည်းလျှင် ယခုလောက်ဆို သူတို့သတ်တာ ခံရပြီးဖြစ်သည်။ ထိုလူနှစ်ဦးက ဝိညာဉ်ကျွန် ဖြစ်မည့်အစား သေသွားကြသည်။ ကျန်းရီက သူတို့၏သတ္တိနှင့် ရိုးသားဖြောင့်မတ်မှုကို လေးစားမိရုံသာ ရှိသည်။

“ချီလောင် သူတို့အလောင်းကိုသိမ်းပြီး သူတို့ကို ကောင်းကောင်း ထိန်းသိမ်းထားလိုက် ”

ထိုသခင်လေးက နာကျင်စွာ မျက်လုံးမှိတ်လိုက်ပြီး မီးခိုးရောင် ဆံပင်များဖြင့် အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် အကြီးအကဲက မျက်ရည်များ ကျလာလေ၏။ သူ၏ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီးနောက် အလောင်းနှစ်ခုကို သိမ်းလိုက်တော့သည်။ သုံးယောက်သား စုဝေးလိုက်ပြီး ကျန်းရီရှေ့၌ ဒူးထောက်လိုက်တော့၏။ ထိုသခင်လေးက ပြောသည်။

“ကျွန်တော်ရဲ့ လက်အောက်ငယ်သား ချီချင်း၊ ကူယွီတို့နဲ့အတူ ကျူးဆွေ့က သခင့်ကို နှုတ်ဆက်ပါတယ် ”

“မင်းတို့ ထလို့ရပြီ ”

ကျန်းရီက လက်ကိုဝှေ့ယမ်းလိုက်ပြီး ဘာကိုမှ မရှင်းပြခဲ့ပေ။ သူတို့က ကီလိုမီတာ အနည်းငယ်အကွာသို့ ပြန်သွားခဲ့ကြပြီး သူတို့ပင်လယ်ပေါ် ကိုယ်ဖော့လျက် ကျန်းရီ၏အမိန့်ကို စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံးက အလွန် မနှစ်မြို့နေပုံပေါ်၏။ အထူးသဖြင့် ရင်ထဲတွင် သူ့ကိုယ်သူတောင် သတ်ချင်စိတ် ဖြစ်ပေါ်နေသော သခင်လေးကျူးဆွေ့ပင် ဖြစ်သည်။ သူသည် ပန်းရဉ်အင်ပါယာ၏ ထင်ရှားကျော်ကြားသည့် မင်းသားတစ်ပါး ဖြစ်သော်ငြား ယခုအချိန်တွင် တစ်ပါးသူ၏ ဝိညာဉ်ကျွန် ဖြစ်နေခဲ့ချေပြီ။

ကျန်းရီက သူတို့ကို အာရုံသိပ်မစိုက်ပေ။ အမှန်တကယ်တွင် အစကတည်းက သူတို့နှင့် တိုက်ခိုက်လိုခြင်းမရှိ။ ထို့ကြောင့် ပင်လယ်ထဲမှ ထွက်လာပြီး သူတို့ကို ကောင်းကောင်းမွန်မွန် ပြောရန်ကြိုးစားခဲ့တာ ဖြစ်သည်။ သို့သော် သူတို့က သူ၏ဧကရီနန်းတော်ကို ခိုးချင်နေပြီး သူနှင့်စတင် တိုက်ခိုက်ချင်နေသည်။

ကျန်းရီက လှုပ်ရှားမိသည့် အချိန်တွင် သူတို့ကို ဝိညာဉ်ကျွန်အဖြစ် ထားရန် ဆုံးဖြတ်လိုက်၏။ ဆန်းကြယ်ဧကရာဇ် နတ်ဘုရားနန်းတော်ထဲ၌ တတိယသခင်မရီကို ရှာရန်စိတ်ပြင်ဆင်ထားသည်။ ထိုလူများနှင့် လိုက်ပါပြီး နောက်ထပ် လူတစ်ဦးအဖြစ် ရုပ်ဖျက်ခဲ့လျှင် ပိုလုံခြုံသွားမှာ သေချာ၏။ ဆိုရလျှင် ထိုလူက ပန်းရဉ်အင်ပါယာ၏ မင်းသားတစ်ပါးဖြစ်ပြီး ဖေးမျိုးနွယ်စုမှ လူများသည် သူ့ကိုလေးစားသမှုဖြင့် ဆက်ဆံကြမှာပဲဖြစ်သည်။

ချင်ယွီနှင့် ဖုန်းလန်တို့က ထွက်သွားတော့မည်။ သူက လူရုံတော်များ ပြတ်လပ်နေသည့် အချိန်တွင် ထိုလူများက ရောက်လာတော့သည်။

ဘီး

သူ၏လက်ထဲ၌ ဧကရီနန်းတော်လေး ပေါ်လာပြီး ဖုန်းလန်နှင့် ချင်ယွီတို့က လေထဲ၌ ပေါ်လာတော့သည်။ နှစ်ယောက်သားက ပတ်ဝန်းကျင်ကိုကြည့်ပြီး တစ်ခုခု ပြောတော့မည့် အချိန်တွင် ဖုန်းလန်က ကျူးဆွေ့နှင့် သူ့အဖွဲ့ကို ချက်ချင်း သတိပြုမိသွားသည်။ သူမမျက်ဝန်းများက အေးစက်သွားပြီး ခန္ဓာကိုယ်ထဲမှ အရှိန်အဝါတို့က ရုတ်တရက် ပေါ်ထွက်လာ၏။ သူမသည် လှပသော နတ်ဆိုးတစ်ပါးနှယ် ဖြစ်နေတော့သည်။

“အို ”

ကျူးဆွေ့၊ ချီချင်းနှင့် ကူယွီတို့က သူတို့ကို မြင်သည့်အချိန်၌ ပိုတောင်ဖြူလျော်ပြီး စိတ်ပျက်အားငယ် လာတော့သည်။ သူတို့သည် ကျန်းရီ၏ ရတနာကို လုယူရန် မည်ကဲ့သို့ သတ္တိရှိခဲ့ကြသနည်း။ ကျန်းရီက သူ၏ထိန်းချုပ်မှုအောက်၌ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးတောင် ရှိနေသေးပြီး သူ့ကိုဆင့်မခေါ်ခဲ့ပေ။ ထိုဧကရီနန်းတော်က ထူးခြားသော အသုံးအဆောင်ဆိုတာ သေချာနေ၏။ အထဲတွင် သိုင်းပညာရှင် မည်မျှများများ ဝှက်ထားမှန်း မည်သူက သိမည်နည်း။

“သခင်လေး သူတို့က ဘယ်သူတွေလဲ ”

ဖုန်းလန်က ပြဿနာကို အာရုံခံမိပြီး ကျန်းရီကို ဇဝေဇဝါ ကြည့်လိုက်တော့သည်။ ချင်ယွီက အလွန်စိတ်လှုပ်ရှားနေသေးဆဲ ဖြစ်၏။ ဆိုရလျှင် တစ်ဖက်၌ အမြင့်ဆုံးအဆင့် သိုင်းပညာရှင်တစ်ဦး ရှိနေသည်။

“အော် စိတ်အေးအေးထား သူတို့က ငါခုနကမှ လက်ခံထားတဲ့လက်အောက်ငယ်သားတွေ ”

ကျန်းရီက ပြုံးလိုက်သော်ငြား ဖုန်းလန်နှင့် ချင်ယွီတို့က မျက်လုံးထောင့်ကပ် ကြည့်လိုက်ကြသည်။ ရောင်စုံဝတ်ရုံဖြင့် သခင်လေးကို လက်အောက်ငယ်သားဟု ခေါ်တာက အဆင်ပြေသည်။ သို့သော် အသက်ကြီးသည့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်နှစ်ဦးကို လက်အောက်ငယ်သားဟု မည်ကဲ့သို့ ခေါ်နိုင်မည်နည်း။

ကျန်းရီက လက်ဝှေ့ယမ်းလျက် ပြောလိုက်တော့သည်။

“ကောင်းပြီ မင်းတို့တွေ ငါကိစ္စကို ပူပန်မနေနဲ့တော့ ဒီကနေ လမ်းခွဲကြရအောင် မင်းတို့တွေ လုံခြုံတဲ့ခရီး ဖြစ်ပါစေ နောင်ကျ အခွင့်အရေး ရတဲ့အချိန် မင်းတို့ ဖီးနစ်အော်သံနယ်မြေကို သေချာပေါက် လာလည်ပါ့မယ် အဲ့ဒီအခါကျ ငါ့ကိုကောင်းကောင်း ဧည့်ခံပေါ့ ”

“ဟူး ဟူး ”

ချင်ယွီက ခေါင်းအနည်းငယ် မော့လျက် ကျန်းရီကို ကြည့်လိုက်သည်။ သူမက မောက်မာထောင်လွှားစွာ ပြောလိုက်၏။

“ကျွန်မတို့တွေက ရှင့်ကို ဧည့်သည်တစ်ယောက်အနေနဲ့ ဖျော်ဖြေမှာ မဟုတ်ဘူး ”

“ဟမ် ”

ကျန်းရီက မျက်ခုံးပင့်လျက် ထူးဆန်းမှု တစ်ခုခုကို ခံစားလိုက်ရသည်။ ချင်ယွီ၏စကားက သူ့ကိုဒေါသမထွက်စေခဲ့ပေ။ သူကမူမမှန်ခြင်းဟူသော ခံစားချက်ကိုသာ ရလိုက်တာပဲဖြစ်သည်။

ထင်သည့်အတိုင်းပင် ဖုန်းလန်က ညင်သာစွာပြုံးပြီး ပြောလိုက်တော့၏။

“သခင်လေး ချင်ယွီပြောတာ နားမထောင်နဲ့ ကျွန်မတို့တွေ ဖီးနစ်အော်သံနယ်မြေကို ပြန်မသွားဖို့ ဆုံးဖြတ်ပြီးပြီ ဒီတော့ ကျွန်မတို့ရှင့်ကို အဲ့ဒီမှာ ကြိုဆိုနိုင်မှာ မဟုတ်ဘူးလေ ”

“ဟမ် ”

ထိတ်လန့်တုန်လှုပ်သွားလျက် ကျန်းရီက မျက်မှောင်ကြုတ်ကာ မေးလိုက်တော့သည်။

“ဒါဆိုရင် မင်းတို့ဘယ်သွားမှာလဲ ”

ဖုန်းလန်နှင့် ချင်ယွီက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ညို့ငင်ဖမ်းစားနိုင်စွမ်းရှိသော အပြုံးဖြင့် ပြုံးပြကာ ချင်ယွီက ဖြေလိုက်တော့သည်။

“ကျွန်မတို့တွေက သခင်လေးသွားတဲ့ နေရာအတိုင်း သွားမှာပေါ့ သခင်လေးရဲ့ အစေခံတွေအဖြစ် နေပြီး ဆယ်နှစ်ကြာပြီးမှပဲ ပြန်သွားမှာ ”

***

All Chapters