လူတွေက ဆန်းကြယ်ဧကရာဇ်ကို လေးစားသင့်တယ်
Vol. 42 Ch. 580
လူသားမျိုးနွယ်စု ခေတ်ကာလ စတင်ချိန်မှစပြီး ကောင်းကင်ကြယ်တာရာ နယ်နိမိတ်က နှစ်တစ်သန်းကျော် တည်ရှိလာခဲ့တာပဲဖြစ်သည်။ လွန်ခဲ့သည့် နှစ်တစ်သန်း၌ နတ်ဆိုးမျိုးနွယ်စုက လောကကို စိုးမိုးခဲ့သည်။ နယ်မြေတိုင်းသည် အစွမ်းထက်သော နတ်ဆိုးများ၏ အုပ်စိုးခြင်း ခံခဲ့ရပြီး လူသားများအတွက် ကပ်ဘေးကို ဆောင်ယူလာတော့၏။ လူသားများက ဝေးလံသော တောင်တန်းများ လွင်ပြင်များ အမြဲအေးခဲနေသော ဟင်းလင်းပြင် ဒေသများ ကျွန်းများဆီသို့ မောင်းထုတ်ခံခဲ့ရပြီး သူတို့အသက်အတွက် ထွက်ပြေးခဲ့ရသည်။
ပြီးနောက် လူသားမျိုးနွယ်စု၌ အင်မတန်သန်မာသည့် သိုင်းပညာရှင်များစွာ ပေါ်ပေါက်လာသည်။ သူတို့က ဆက်လက်တိုက်ခိုက်ပြီး နတ်ဆိုးမျိုးနွယ်စုကို ပိုင်းခြားကာ လူသားမျိုးနွယ်စုကို မြင့်တင်ခဲ့၏။ နတ်ဆိုးမျိုးနွယ်စုကို အပြည့်အဝ ဖိနှိပ်နိုင်ရန်အတွက် လူသားမျိုးနွယ်စုအဖို့ အနှစ်သုံးသိန်း အချိန်ယူခဲ့ရပြီး ဤနယ်မြေ၏ အုပ်စိုးသူ ဖြစ်လာတော့သည်။ မရေမတွက်နိုင်သည့် ဒဏ္ဍာရီများ ပုံပြင်များကို နယ်မြေပေါ်၌ အကြွင်းမဲ့ သိုင်းပညာရှင်များ ချန်ထားရစ်ခဲ့လေ၏။
လွန်ခဲ့သည့် အနှစ်(၇)သိန်း၌ နတ်ဘုရား ဆန်းကြယ်ကျွန်းမှ ပါရမီရှင်တစ်ဦး ထွက်ပေါ်လာ၏။ ထိုကျွန်းသည် ကောင်းကင်ကြယ်တာရာ နယ်နိမိတ်၏ တောင်ဘက်ရှိ ကျွန်းစုလေး တစ်စုဖြစ်သည်။ သူက ပင်လယ်ကို ဖြတ်ကျော်လျက် အသက်၁၅နှစ်အရွယ်တွင် သူကိုယ်တိုင် အရှေ့ပိုင်း တော်ဝင်နယ်မြေဆီသို့သွားကာ သူ၏ဒဏ္ဍာရီလာခရီးကို စတင်ခဲ့တော့သည်။
ထိုစဉ်က လူသားမျိုးနွယ်စုကို လူသားဧကရာဇ်တစ်ဦးသာ ဦးဆောင်လျက် နတ်ဆိုးမျိုးနွယ်စု လေးဦးမှ မဟာမိတ် တပ်ဖွဲ့ကို ခုခံရန် ရုန်းကန်ခဲ့ရသည်။ သို့သော် ထိုဧကရာဇ်က သက်တမ်းတစ်ရာကျော်ဖြင့်သာ ထွက်ခွာခဲ့ရပြီး လူသားမျိုးနွယ်စု၌ ထူးကဲသော သိုင်းပညာရှင်များ ထပ်မံပေါ်ပေါက်လာခြင်း မရှိပေ။ ထိုဧကရာဇ် သေဆုံးသည်နှင့် လူသားမျိုးနွယ်စုက အချိန်မရွေး နတ်ဆိုးမျိုးနွယ်စု၏ တန်ပြန်တိုက်ခိုက်မှုကို ကြုံတွေ့ရနိုင်သည်။
သူက အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ ဝင်ရောက်ချိန်မှစပြီး ထိုလူငယ်သည် ကြယ်တစ်ပွင့်ပမာ ထွန်းတောက်ခဲ့သည်။ သူက နတ်ဆိုးမျိုးနွယ်စုကို ရင်ဆိုင်ရန် တပ်ထဲဝင်ခဲ့လေ၏။ အသက် ၁၅ နှစ်အရွယ်တွင် ဗာဂျရာနယ်ပယ်ကို ရောက်ရှိလျက် စစ်သူကြီးတစ်ဦး ဖြစ်လာသည်။ အသက် ၁၉ နှစ်အရွယ်တွင် ကိုယ်ပိုင်တပ်ဖွဲ့ကို ဦးဆောင်နိုင်စွမ်းရှိသည့် အရည်အချင်းရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ အသက် ၂၂ နှစ်အရွယ်တွင် သူ၏ထိန်းချုပ်မှုအောက်၌ သူ၏တပ်သားများကို နတ်ဆိုးတပ်ဖွဲ့ကို မောင်းထုတ်နိုင်ခဲ့ပြီး နတ်ဆိုးဆယ်သန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။ အသက် ၂၅ နှစ်အရွယ်၌ သူ၏ခွန်အားက သာမာန် မဟာနတ်ဆိုးနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ အသက် ၂၈ နှစ်အရွယ်တွင် သူသည် လူသားဧကရာဇ်၏ မွေးစားသား ဖြစ်လာ၏။ အသက်၃၀အရွယ်တွင် သူကိုယ်တိုင် နတ်ဆိုးမျိုးနွယ်စု အခြေစိုက်စခန်းကို ဖောက်ဝင်ကာ မဟာနတ်ဆိုး ကြက်သုံးကောင်ကို သတ်ဖြတ်ခဲ့ပြီး လူသားမျိုးနွယ်စု၏ အောင်ပွဲကို ဆောင်ယူလာတော့သည်။
သူတို့ဘဝတွင် ကျန်သည့်သူများ မအောင်မြင်နိုင်သည့်အရာကို အောင်မြင်ရရှိရန် ၁၅နှစ် ကုန်ခဲ့သည်။ ထိုအလွန်အမင်း အစွမ်းထက်သော ဧကရာဇ်ကတောင် သူ၏စိတ်ခံစားချက်များကို ခဝါချလျက် သူနှင့်မယှဉ်နိုင်ကြောင်း ဝန်ခံခဲ့သည်။ ပြီးနောက် ဧကရာဇ်သည် ထီးနန်းပုလင်ကို သူ့အားပေးခဲ့သည်။ ပြီးနောက် လူသားတပ်ဖွဲ့ကို ဦးဆောင်လျက် နတ်ဆိုးတပ်ဖွဲ့ကို ခြေမှုန်းခဲ့သည်။ ပြီးနောက် ဝေးလံသည့်တောင်တန်း နက်ရှိုင်းသော ပင်လယ်နှင့် လူသူကင်းမဲ့သော ကျွန်းများနှင့် မြောက်ဘက်အစွန်းဆီသို့ မောင်းထုတ်ခဲ့သည်။ နတ်ဆိုးမျိုးနွယ်စုက ပြန်လည်တိုက်ခိုက်ရန် စွမ်းအင်မရှိပေ။
နတ်ဆိုးမျိုးနွယ်စုကို ချေမှုန်းပြီးနောက် ဧကရာဇ်အသစ်သည် သူကိုယ်တိုင် သန့်စင်ထားသော နန်းတော်အတွင်း၌ တံခါးပိတ်ကျင့်ကြံမှု စတင်တော့၏။ သူကသိုင်းပညာများကို လေ့လာခြင်း၌ စွဲလမ်းနေသည်။ ကောင်းကင်ကြယ်တာရာ နယ်နိမိတ်၏ အုပ်စိုးသူ ဖြစ်လာပြီးနောက် လှည့်ထွက်ခြင်းမရှိဘဲ သူ၏စွမ်းအင်များ အားလုံးကို သိုင်းပညာများကို နားလည်အောင် ဆင်ခြင်သုံးသပ်ခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။ သူက အုပ်ချုပ်ရေးပိုင်းတွင်လည်း ဝင်စွက်ဖက်ခြင်း မရှိဘဲ အစွမ်းအထက်ဆုံး စစ်သူကြီး ကိုးဦ၏လက်ထဲတွင်သာ အပ်ထားခဲ့သည်။ ကံကောင်းသည်မှာ သူက ကြီးမားသည့် ဂုဏ်သတင်းရှိသောကြောင့် မည်သူမှ မပုန်ကန်ရဲပေ။ နတ်ဆိုးမျိုးနွယ်စုတောင် သူ့ကို မတိုက်ခိုက်ရဲချေ။
သူတံခါးပိတ်ကျင့်ကြံတာ အနှစ်၇၀ ကြာညောင်းခဲ့၏။
သူအမိန့်အောက်ရှိ စစ်သူကြီးကိုးဦးက သူတို့မိသားစုများ စတင်ပြီး အရှေ့ပိုင်း တော်ဝင်နယ်မြေ၌ အင်အားအကြီးဆုံး မျိုးနွယ်စုကိုးခု ဖြစ်လာခဲ့သည်။ စစ်သူကြီးများထဲမှ တစ်ဦးက အသက်ကြီးပြင်းလွန်းနေပြီး မကြာမီ၌ သေတော့မှာဖြစ်သည်။
သူတံခါးပိတ် ကျင့်ကြံရာ၌ ထွက်လာပြီးနောက် ကောင်းကင်ကြယ်တာရာ နယ်နိမိတ်အနှံ့ ခရီးထွက်ကာ ကျန်ရှိသော မဟာနတ်ဆိုးများစွာကို သတ်ဖြတ်ခဲ့သည်။ ပြီးနောက် စစ်သူကြီးကိုးဦးကို ဆင့်ခေါ်လျက် နှစ်နာရီကြာ လျှို့ဝှက်အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ ပြီးနောက် တိုင်းသူပြည်သား ဘီလီယံချီရှေ့၌ သူသည် ဓားဖြင့်လေဟာနယ်ကိုခွဲလျက် နေဆီသို့ ပျံဝင်သွားတော့၏။ သူ၏အမည်က ဆန်းကြယ်ဧကရာဇ်ဖြစ်သည်။ သူက ကောင်းကင်ကြယ်တာရာ နယ်နိမိတ်၌ အကြီးမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
သူက လေဟာနယ်ကိုခွဲလျက် ကောင်းကင်သို့ တက်လှမ်းသွားနိုင်သည့် တစ်ဦးတည်းသော သူဖြစ်ရာ သူကောင်းကင်ဘုံသို့ သွားလေသည်လော၊ နတ်သမီးကျွန်းသို့ သွားလေသည်လော၊ သို့မဟုတ် သေပြီလောဆိုတာ မည်သူမှ မသိပေ။ သို့သော် သူ၏ခွန်အားက မှန်းဆမရ ပြိုင်ဘက်ကင်းပေ၏။
သူနေထိုင်ခဲ့သည့်နေရာ ဆန်းကြယ်နတ်ဘုရား နန်းတော်ကမူ သူလေဟာနယ်ကို ခွဲသည့်အချိန်တွင် ပျောက်ကွယ်သွားသည်။ ဆန်းကြယ်ဧကရာဇ်ကို အမှတ်ရနေစေရန်နှင့် ဂုဏ်ပြုရန်အတွက် ယင်းကို ဆန်းကြယ်ဧကရာဇ် နတ်ဘုရားနန်းတော်ဟု ခေါ်နေကြတာပဲဖြစ်သည်။ ထိုနန်းတော်သည် မတူညီသည့် တည်နေရာများ၌ နှစ်တစ်ထောင်လျှင်တစ်ကြိမ် ပေါ်ပေါက်လာတတ်၏။ ယင်းက သမုဒ္ဒရာ အောက်ခြေတွင် ဖြစ်နိုင်သလို လူသူကင်းမဲ့သော တောအုပ်များ သို့မဟုတ် ကောင်းကင်ကြယ်တာရာ နယ်မြေ၏ မည်သည့်နယ်နိမိတ်တွင်မဆို ပေါ်ပေါက်လာတတ်၏။ ဆန်းကြယ်နတ်ဘုရားနန်းတော် ပေါ်ပေါက်လာသည့် အချိန်တိုင်းတွင် သူက တစ်နှစ်ကျော် သက်တမ်းကြာ တည်ရှိနေလေ၏။ သိုင်းပညာရှင်များက လိုက်ရှာကြတော့သည်။ နတ်ဘုရားနန်းတော် ပေါ်ပေါက်လာပြီး လဝက်အကြာတွင် ယင်းက ပွင့်လာပေမည်။ ဗာဂျရာနယ်ပယ် အထက်ရှိ သိုင်းပညာရှင်များသာလျှင် ရတနာများ ဝင်ရှာခွင့်ရှိသည်။ အသက်သုံးဆယ်အထက် သိုင်းပညာရှင်များက သူတို့မည်မျှ အစွမ်းထက်စေကာမူ အထဲဝင်ခွင့်မရပေ။
ဆန်းကြယ်ဧကရာဇ်က ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ထဲတွင် အစွမ်းအထက်ဆုံး လူဖြစ်သည်။ သူက မရေမတွက်နိုင်သည့် ရတနာများ ဝိညာဉ်ဆေးပင်များ လျှို့ဝှက်သိုင်းကျမ်းများနှင့် သဘာဝ ရတနာမျိုးစုံကို ရရှိခဲ့ပြီး ထိုအရာများအားလုံးကို ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲ၌ သိုလှောင်ခဲ့၏။
ထို့အပြင် ဆန်းကြယ်ဧကရာဇ် ပိုင်ဆိုင်ခဲ့သော ဆန်းကြယ်ဧကရာဇ် ဓားမှော်က ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲတွင်လည်း ရှိနေသည်ဟု ဆိုကြပေသည်။ ထိုလက်နက်သည် စစ်မှန်သော မှော်လက်နက် တစ်မျိုးဖြစ်ပြီး ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ဦးကို ဟင်းရွက်၊ကန်စွန်းကို ခုတ်ပိုင်းသည့်ပမာ အလွယ်တကူ ပိုင်းဖြတ်နိုင်သည်။ ဆန်းကြယ်နတ်ဘုရား သံချပ်ကာက ဆန်းကြယ်ဧကရာဇ် ဝတ်ဆင်ခဲ့သည့် အရာဖြစ်ပြီး သံချပ်ကာ ဝတ်ဆင်ထားလျှင် အမြင့်ဆုံးအဆင့် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးက သံချပ်ကာဝတ်ဆင်ထားသော ကလေးကိုတောင် ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်မှာမဟုတ်ပေ။ သံသယဖြစ်ဖွယ် မရှိပေ။
ဆန်းကြယ်နတ်ဘုရား နန်းတော်သည် ဆန်းကြယ်ဧကရာဇ်က ကောင်းကင်ကြယ်တာရာ နယ်နိမိတ်၏ တိုင်းသူပြည်သားများအတွက် ချန်ထားရစ်ခဲ့သော တန်ဖိုးအကြီးဆုံး လက်ဆောင်ဖြစ်ပေ၏။ နန်းတော်သည် ပျောက်ကွယ်သွားပြီး နှစ်တစ်ထောင်လျှင် တစ်ကြိမ် ပေါ်ပေါက်လာရသည့် အကြောင်းအရင်းကို မည်သူမှ မသိပေ။ အတွင်း၌ တစ်စုံတစ်ယောက်က ဆန်းကြယ်စွာ ထိန်းချုပ်နေသည်လော သို့တည်းမဟုတ် နန်းတော်အတွင်း၌ သူကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းရှိသော မှော်အစီအရင်များ ရှိနေသည်လော။ သို့သော် ကောင်းကင်ကြယ်တာရာ နယ်နိမိတ်အတွင်းရှိ လူတိုင်းက ကောင်းကင်ဧကရာဇ်သည် သူ၏လူများကို ဂရုစိုက်ကြောင်း သိပေ၏။ သူသည် လက်ဆောင်များ ချန်ထားရစ်ခဲ့ရာ သူတို့မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်ပြီး လူသားမျိုးနွယ်စု ပိုမိုသန်မာလာအောင် ကူညီပေးနိုင်ကာ နတ်ဆိုးမျိုးနွယ်စုကို တစ်သက်လုံး ဖိနှိပ်နိုင်အောင် ကူညီပေး၏။
မျိုးဆက်သစ်များက ဆန်းကြယ်ဧကရာဇ်ကို အလွန် ကျေးဇူးတင်ကြသည်။ အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ မြို့ကြီးများစွာ၌ ဆန်းကြယ်ဧကရာဇ်၏ ရုပ်ထုရှိပြီး လူအများက နေ့ရောညပါ ကိုးကွယ်ကြ၏။ ဆန်းကြယ်နတ်ဘုရား နန်းတော်အတွင်းရှိ ရတနာများကို ရသည့်သူများက သူတို့မျိုးနွယ်စုများ၏ တန်ဖိုးထားခြင်းကို ခံရသည်။ အကြောင်းမှာ ဆန်းကြယ်ဧကရာဇ်ထံမှ အသိအမှတ်ပြုမှုကို ရရှိသောကြောင့်ဖြစ်၏။
ဆန်းကြယ်ဧကရာဇ် နန်းတော်ရှိ အစီအရင်ကို ဖြိုခွင်းချင်သော သိုင်းပညာရှင် အချို့လည်းရှိပြီး ဆန်းကြယ်နတ်ဘုရားဓားနှင့် ဆန်းကြယ်နတ်ဘုရား သံချပ်ကာတို့ကို လိုချင်ကြသူများ ရှိသည်။ သို့သော် ထိုကဲ့သို့ အတွေးရှိသည့် လူများက ရက်စက်သည့် သေခြင်းတရားဖြင့်သာ အဆုံးသတ်သွားလေ့ရှိ၏။
အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ ဧကရာဇ် ကိုးပါး၏ ဘိုးဘေးများသည် ထိုစဉ်က ဆန်းကြယ်ဧကရာဇ်နောက် လိုက်ခဲ့ကြသော စစ်သူကြီး ကိုးဦးဖြစ်ပြီး သူတို့၏ မျိုးနွယ်စုကြီး ကိုးခုက ဆန်းကြယ်ဧကရာဇ်ကို သူတို့၏ တစ်ဦးတည်းသော ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြတာပဲဖြစ်သည်။ ဆန်းကြယ်နတ်ဘုရား နန်းတော်ကို ထိခိုက်အောင် လုပ်သည့် မည်သူမဆို မဟာမျိုးနွယ်စု ကိုးခု၏ အမဲလိုက်ခြင်း ခံရမှာပဲဖြစ်သည်။ မြေလျိုးမိုးပျံလျှင်တောင် ထိုလူအဖို့ ကောင်းကင်ကြယ်တာရာ နယ်နိမိတ်တစ်ခုလုံး၌ နေစရာနေရာ မရှိပေ။
ဘီး
ပြီးခဲ့သည့် အခေါက်က ဆန်းကြယ်နတ်ဘုရား နန်းတော်သည် ကောင်းကင်ကြယ်တာရာ နယ်နိမိတ်၏ မြောက်ဘက်အကျဆုံး အပိုင်း၌ ပေါ်လာပြီး ထိုနေရာ ပျောက်ကွယ်သွားသည့် အချိန်ကျမှ လူအများ ရှာတွေ့ကြတာပဲဖြစ်သည်။ အများစုက သတင်းရပြီး ရောက်လာကြသော်ငြား ဆန်းကြယ်နတ်ဘုရား နန်းတော်သည် သူ့အချိန်ရောက်သည်နှင့် ပိတ်သွားပြီဖြစ်သည်။ ထို့ကြောင့် မည်သူကမှ ရတနာရှာရန် အထဲမဝင်နိုင်ကြတော့ဘဲ နောင်တရစွာ ထွက်သွားရလေ၏။
နှစ်ပေါင်းတစ်ထောင် ကြာပြီးနောက် ဆန်းကြယ်နတ်ဘုရား နန်းတော်က ထပ်မံ ပေါ်ပေါက်လာပြန်၏။ ယခုအခေါက်တွင် ယင်းက နတ်မြင်းပျံ နယ်မြေပေါ်တွင် ပေါ်လာတာဖြစ်သည်။ သတင်းရသည့် အချိန်၌ အရှေ့ပိုင်း တော်ဝင်နယ်မြေတစ်ခုလုံး တုန်လှုပ်သွားတော့သည်။ မျိုးနွယ်စုကြီးများမှ မျိုးဆက်တို့ကလည်း ရူးသွပ်စွာ ပြေးလာလေ၏။ နတ်မြင်းပျံ နယ်မြေတစ်ဝိုက်ရှိ အနီးအနား နယ်မြေများက သတင်းရသည့် လူများအားလုံးကလည်း ဆန်းကြယ်နတ်ဘုရား နန်းတော်ဆီသို့ သွက်သွက်လေး ရောက်လာကြသည်။
ကျူးဆွေ့သည်လည်း တစ်ယောက် အပါအဝင်ဖြစ်၏။
ကျူးဆွေ့သည် ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲသို့ ကိုယ်တိုင်ဝင်သွားရန် တစ်ခါမှ မတွေးခဲ့ပေ။ ထိုအစား သူသည် ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်ဘက်ရှိ မျိုးနွယ်စုကြီးများ၏ မျိုးဆက်များနှင့် အဆက်အသွယ် ရချင်တာပဲဖြစ်သည်။ သူက တတိယသခင်မလေး ရီနှင့် သခင်မရ၏ မျက်နှာသာပေးမှုကို ရခဲ့လျှင် သူ့အဆင့် မြင့်တက်သွားနိုင်သည်။
ကျူးဆွေ့က ပန်းရဉ်အင်ပါယာ၏ မင်းသားတစ်ပါးဖြစ်သည်။ ကံဆိုးသည်မှာ သူ့ကို နန်းတွင်းသူတစ်ဦးက မွေးဖွားခဲ့သောကြောင့် သူ၏ရာထူးက အလွန်နိမ့်သည်။ ထို့ကြောင့် သူသည် မင်းသားတစ်ပိုင်းဟုသာ ချီလောင်က ပြောခဲ့တာပဲဖြစ်၏။ သူကဤနေရာသို့ ခိုးလာခဲ့ရာ ပျံသန်းခြင်း အရိပ်ပင်လယ်သို့ ရောက်သည့်အချိန်၌ ကျန်းရီ၏ ဝိညာဉ်ကျွန် ဖြစ်လာလိမ့်မည်ဟု တွေးမထားခဲ့ပေ။
“ဆန်းကြယ်နတ်ဘုရားနန်းတော် ဆန်းကြယ်ဧကရာဇ် သူ့ခေတ်ကာလမှာ ကောင်းကင်ဘုံရဲ့ ဂုဏ်ယူရတဲ့ သားတော် ”
ကျန်းရီက သက်ပြင်းချလိုက်၏။ ကျူးဆွေ့ပြောတာကို နားထောင်ပြီးနောက် ချီလောင်၊ ဖုန်းလန်နှင့် ချင်ယွီတို့ကလည်း တိတ်သွားသည်။ သို့သော် သူတို့အသက်ရှု မြန်လာပြီး မျက်ဝန်းများ တောက်ပလာသည်မှာ သူတို့စိတ်လှုပ်ရှားနေတာ သိသာနေပေ၏။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျန်းရီက အသက်ရှုထုတ်လိုက်လေ၏။ သူက သက်ပြင်းချကာ
“လူသားအားလုံးက ဆန်းကြယ်ဧကရာဇ်ကို လေးစားသင့်တယ်၊ မဟာဆောင်ရွက်ချက်တွေ ပြီးမြောက်၊ လောကကြီးဆီ ကောင်းချီးတွေ ဆောင်ယူလာပြီး ထာ၀ရဂုဏ်သရေနဲ့ ထွန်းလင်း၊ လူတွေရဲ့ ယုံကြည်ကိုးကွယ်ခြင်းခံရတာက လူတစ်ယောက်ရဲ့ဘ၀မှာ နေထိုင်ဖို့ နည်းလမ်းတွေပဲ “
“သခင်လေးက ရည်မှန်းချက် ကြီးတာပဲ ”
ကျန်းရီ၏ သူရဲကောင်းဆန်ဆန် မိန့်ခွန်းကို ကြားပြီးနောက် ဖုန်းလန်က မျက်ဝန်းတောက်ပလာပြီး ကျန်းရီကလည်း သူ့ကို လက်မထောင်ပြလိုက်၏။ ကျန်းရီသာလျှင် ထိုသို့ပြောရန် သတ္တိရှိသည်။ ကျန်းရီဆီမှ ထိုစကားများကို ကြားသည့်အချိန်၌ နေရခက်သည်ဟု မခံစားရပေ။ ကျန်သည့်သူက ထိုစကားများကို ပြောခဲ့လျှင် သူတို့မျက်နှာ အရိုက်ခံရလောက်၏။
“ဟား ဟား ငါကကြွားဝါနေရုံပဲ ”
ကျန်းရီက နှာခေါင်းကိုထိလျက် အနေခက်စွာ ရယ်မောလိုက်သည်။ သူကလက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်တော့၏။
“ချီလောင် တက်နိုင်သမျှမြန်မြန် နတ်မြင်းပျံနယ်မြေဆီ သွားဖို့လှေကိုထိန်းချုပ်လိုက် ပြီးရင် ဆန်းကြယ်နတ်ဘုရား နန်းတော်ဆီကို သွားမယ် ”
ချင်ယွီက စိတ်အားထက်သန်စွာ ထရပ်ပြီး အော်လိုက်လေ၏။
“သခင်လေး ကျွန်မတို့တွေက ဆန်းကြယ်နတ်ဘုရားဓားမှော်နှင့် ဆန်းကြယ်နတ်ဘုရား သံချပ်ကာကို ယူဖို့အတွက် ဆန်းကြယ်နတ်ဘုရား နန်းတော်ကို သွားနေတာလား ”
ဖတ်
ကျန်းရီက သူမ၏နဖူးကို ရိုက်လိုက်သည်။ သူကလှည့်ကြည့်ပြီး ပြောလိုက်တော့၏။
“သွားယူမှာတဲ့လား ပေါက်တက်ကရ ငါတို့ရဲ့ခွန်အားနဲ့ သွားသေတာနဲ့ တူနေပြီ ငါတို့တွေက အကူအညီ တချို့ရှာပြီး ဗုဒ္ဓဧကရာဇ်ရဲ့ မြေးကိုသွားရှာမယ် ”
***