← Chapters

ချိုးဖျက်ခြင်း

Vol. 42 Ch. 581

ချိုးဖျက်ခြင်း

Vol. 42 Ch. 581

“အဲဒီမှာ ဘယ်သူလဲ ချက်ချင်းရပ်လိုက် မဟုတ်ရင် နတ်မြင်းပျံအင်ပါယာကို ကျူးကျော်တယ်လို့ ယူဆပြီး မမေးမြန်းဘဲ သတ်ဖြတ်ပစ်မယ် ”

နတ်မြင်းပျံနယ်မြေ၏ အရှေ့ဘက်ခြမ်း ရေနက်ပိုင်းတွင်း ကင်းလှည့်နေသော စစ်သည်ရဲမက်တစ်စုက ခမ်းနားသည့် လှေလေကို တားလိုက်လေ၏။ သူတို့က ချက်ချင်းပင် လက်နက်များ ဆွဲထုတ်လျက် သူတို့အနား၌ အတွင်းအားများကို လှည့်ပတ်ကာ ချဉ်းကပ်လာသောလှေကို ကြည့်လိုက်လေ၏။ လှေထဲရှိလူများ အဆင်အခြင်မဲ့တာ တစ်ခုခု ပြုလုပ်သည်နှင့် သူတို့တိုက်ခိုက်မှာ သေချာသည်။

လှေဝမ်းထဲမှ မီးခိုးရောင်ဆံပင်ဖြင့် အကြီးအကဲတစ်ဦးက ထွက်လာတော့၏။ သူက ကင်းလှည့်အဖွဲ့ကို မောက်မာထောင်လွှားစွာကြည့်လျက် ထိုအဖွဲ့၏ ခေါင်းဆောင်ဆီသို့ အကြည့်ရောက်သွားကာ လက်သီးနှစ်ဖက်ဆုပ်လျက် ပြောလိုက်တော့သည်။

“ကျူပ်က ပန်းရဉ်အင်ပါယာရဲ့ နဂါးစစ်သူကြီး ချီချင်း ကျူပ်တို့ရဲ့ ၁၆ယောက်မြောက် မင်းသားလေးက လှေပေါ်မှာရှိတယ် အရှင်မင်းကြီးရဲ့ အမိန့်အတိုင်း ပန်းရဉ်အင်ပါယာရီ ရွက်လွှင့်လာခဲ့တာပဲ၊ ဒါကကျူပ်ရဲ့ အမိန့်ပြား ကျေးဇူးပြုပြီး ကျူပ်တို့ကို သွားခွင့်ပေးပါ ”

စစ်သူကြီးသည် မဟူရာရွှေ အမိန့်ပြားကို ပစ်ပေးလိုက်လေ၏။ အဖွဲ့ခေါင်းဆောင်က ဂရုတစိုက် စစ်ဆေးပြီးနောက် ပြန်ပေးကာ လက်နှစ်ဖက်ကိုဆုပ်လျက် ပြောလိုက်တော့သည်။

“စစ်သူကြီးချီနဲ့ ၁၆ယောက်မြောက်မင်းသား အနှောက်အယှက် ပေးမိတာအတွက် တောင်းပန်ပါတယ် အားလုံးနားထောင်ကြ သူတို့ကို သွားခွင့်ပေးလိုက် ”

ဝှစ် ဝှစ် ဝှစ်

ရှေ့တန်းရှိ ရဲမက်တစ်ရာကျော်က သူတို့၏ လက်နက်များကို ထိန်းချုပ်လျက် နောက်ဆုတ်သွားကြသည်။ လှေက ဆက်လက်ရွက်လွှင့်သွားပြီး အားလုံး၏ အမြင်အာရုံရှေ့မှ ပျောက်ကွယ်သွားတော့၏။

အဖွဲ့ဝင်ခေါင်းဆောင်ကို ဇဝေဇဝါဖြစ်ကာ မေးလိုက်တော့သည်။

“အရှင် သူတို့မှာ ယုံကြည်စရာ အထောက်အထား ဘာမှမပါဘူးလေ သူတို့ကိုဘာကြောင့် အလွယ်တကူ လွှတ်ပေးလိုက်တာလဲ ”

“ဟမ့် ”

ခေါင်းဆောင်က နှာခေါင်းရှုံ့ပြီး ပြောလိုက်လေ၏။

“ငါမှတ်မိတာ မှန်မယ်ဆိုရင် အဲ့ဒီမင်းသားက ကိုယ်လုပ်တော် တစ်ပါးကနေ မွေးလာတာပဲ သူကလူနည်းနည်းလေးနဲ့ ဆန်းကြယ်နတ်ဘုရား နန်းတော်ကို ရာရာစစ သွားရဲတယ်ပေါ့ လောဘကြောင့် စိတ်လွတ်သွားတာဖြစ်မယ် ဟား ဟား သိုင်းပညာရှင်တွေက သဲရွံ့မြို့မှ ကူးလူးသွားလာနေတာ အဲ့ဒီအသုံးမကျတဲ့မင်းသား သေချင်နေတယ်ဆိုမှတော့ သူရဲ့ဆန္ဒကို ဘာကြောင့် မဖြည့်ပေးရမှာလဲ ”

“ဒါပေမဲ့ ဒါတွေက စည်းမျဉ်းနဲ့ မညီဘူးလေ ”

အဖွဲ့ငယ်ခေါင်းဆောင်က တွေဝေစွာ ပြောလိုက်သေး၏။

“မင်းဘာသိလို့လဲ ”

စစ်သူကြီးကသူ့ကို ဒေါသတကြီး ကြည့်လိုက်လေ၏။

“သူကမင်းသားတစ်ပါးပဲ သူကအားသုံးပြီး ဝင်လာမယ်ဆိုရင် ငါတို့သူ့ကို မတားနိုင်ဘူး ရှေ့က စစ်သူကြီးတွေ သူ့ကိုမတားတာကို မမြင်ဘူးလား၊ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက လူဘယ်လောက်များများ ဖောက်ဝင်ခဲ့လဲ ငါတို့တားချင်ရင်တောင် သူတို့အားလုံးကို တားနိုင်လို့လား ”

“အာ ဟုတ်သားပဲ ”

ထိုအဖွဲ့ငယ်ခေါင်းဆောင်က သူနှာခေါင်းကို ပွတ်လိုက်လေ၏။ အရှေ့ပိုင်း တော်ဝင်နယ်မြေမှာ ထင်ရှားကျော်ကြားသည့် မျိုးနွယ်စုများမှ သခင်လေးများနှင့် သခင်မလေးများက တစ်ခွန်းမှမပြောဘဲ ဝင်လာလေ၏။ သူတို့ကို တားရဲသည့်သူက အသက်ရှင်ရတာ ငြီးငွေ့နေပြီဖြစ်သည့်သူသာ ဖြစ်ပေမည်။

“ဝါး ဝါး ”

အဖွဲ့ငယ်ခေါင်းဆောင်သည် အနောက်မြောက် အရပ်ဆီသို့ကြည့်ပြီး နှာခေါင်းရှုံ့လိုက်လေ၏။

“အဲဒီမိုက်မဲတဲ့မင်းသားက သေချင်နေတာပဲ သဲရွံ့မြို့က ရှားထူမြို့မှာ တစ်ပန်းသာတဲ့ မျိုးနွယ်စုက လူတွေနဲ့ ပြည့်နေတာ သူ့ရဲ့ခွန်အား နည်းနည်းလေးနဲ့ သူတစ်ခြားသူကို ဒေါသထွက်ရဲရင် အချည်းနှီး သေမှာပဲ ”

“ဒုတိယသခင်လေး နတ်မြင်းပျံနယ်မြေက ကျွန်တော်တို့ ရှေ့မှာပါ ”

လှေပေါ်တွင် ချီလောင်က ကျန်းရီကို တလေးတစား ပြောလိုက်လေ၏။

“ကျွန်တော်တို့ကို လိုက်ပါပို့ဆောင်ပေးဖို့ အစောင့်တွေ လွှတ်ပေးဖို့အတွက် နတ်မြင်းပျံ အင်ပါယာဆီကို သွားမေးရမလား ဒါမှမဟုတ် ကျွန်တော်တို့ဘာသာ ပျံသန်းမလား လှေပေါ်မှာပဲ နေမလား ဒုတိယသခင်လေး ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါ ”

ကျန်းရီက လှေဝမ်းထဲ၌ မျက်လုံးတစ်ဝက်မှိတ်လျက် အနားယူနေလေသည်။ သူကကျူးဆွေ့၏ ဝမ်းကွဲအဖြစ် ဟန်ဆောင်နေ၏။ ချီလောင်က ထိုအရာကို မှတ်ထားသည်။ ဖုန်းလန်နှင့် ချင်ယွီတို့က သူတို့အခန်းထဲတွင် အနားယူနေသည်။ ကျူးဆွေ့နှင့် ကျန်သည့်အစောင့်က ထိုနေရာတွင် ထိုင်နေသော်ငြား သူတို့က ဆူးမွေ့ယာပေါ်၌ ထိုင်မိသည့်ပမာ ခံစားနေရသည်။

“ဒီလှေက ပျံလည်းပျံနိုင်တယ်လား ”

ကျန်းရီက တအံ့တသြ မျက်လုံးဖွင့်လျက် မေးလိုက်တော့သည်။

“အရှိန်ကရော ”

ချီလောင်က ရိုသေလေးစားသမှုဖြင့် ဖြေလိုက်လေ၏။

“ပင်လယ်ထဲနဲ့ တူတူလောက်ပဲ ဗာဂျရာနယ်ပယ် တတိယအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ အရှိန်နဲ့ ယှဉ်နိုင်ရုံလောက်ရှိတယ် ”

“အွန်း ”

ကျန်းရီက တွေးဆပြီးနောက် ထိုလှေပျံသည် ပင်လယ်ပေါ်တွင်လည်း ပျံသန်းနိုင်ကြောင်း သဘောပေါက်သွား၏။ အချိန်အများစု၌ ပင်လယ်ရေကိုတောင် မထိပေ။ သူက မျက်မှောင်ကြုတ်ပြီးနောက် မေးလိုက်လေ၏။

“ငါတို့တွေ ဒီပုံစံအတိုင်း ရှားထူမြို့ကို ပျံသန်းသွားမယ်ဆိုရင် နတ်မြင်းပျံအင်ပါယာက ပြဿနာ ရှာလောက်လား ”

“ပြဿနာရှိပါတယ် ”

ချီလောင်က စဉ်းစားပြီးနောက် ပြောလိုက်လေ၏။

“ပုံမှန်အချိန်ဆို ကျွန်တော်တို့တွေ လမ်းတောက်လျှောက်မှာ အမေးခံရလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ အထောက်အထားကိုလည်း မေးမှာ ဒါပေမဲ့အခု ဆန်းကြယ်နတ်ဘုရား နန်းတော်က ရှားထူမြို့ မြောက်ဘက်မှာ ပေါ်လာပြီးတော့ လူသိများတဲ့ သခင်လေးတွေနဲ့ အရှေ့ပိုင်း တော်ဝင်နယ်မြေက လူသိများတဲ့ သခင်လေးတွေ သခင်မလေးတွေက ရောက်လာနေပြီ အခုဆို နတ်မြင်းပျံနယ်မြေက သေချာပေါက် ရှုပ်ထွေးနေမှာပဲ နတ်မြင်းပျံ အင်ပါယာရဲ့လူတွေက ကျွန်တော်တို့ကို မတားရဲမှာ သေချာတယ် မဟုတ်ရင်သူတို့ ဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး ”

“ကောင်းပြီ ”

ကျန်းရီက လက်ကာပြလျက် ပြောလိုက်လေ၏။

“ဒါဆိုလည်း ဝင့်ကြွားစွာ ပြန်ကြတာပေါ့ သူတို့ပိုကြမ်းလေ ကောင်းလေပဲ လှေပြန်တာက အရန်အတားကို ဖွင့်ထားလိုက် ကျူပ်တို့ကို တားရဲတဲ့လူတွေကို ခြောက်ထုတ်ပစ်ရမယ် ခင်ဗျားက မာကြောပြီး လွှမ်းမိုးနိုင်စွမ်း ရှိမှရမှာ ”

“အမ် ”

ချီလောင်က ကျန်းရီဆိုလိုတာကို ချက်ချင်း သဘောပေါက်သွား၏။ ကျန်းရီသည် ရှားထူမြို့သို့ တစ်ဟုန်ထိုး ဝင်သွားချင်ပြီး ဆန်းကြယ်နတ်ဘုရား နန်းတော်ရှိ ရတနာများကို လုယူချင်နေသည်။ ထိုနည်းဖြင့် နတ်မြင်းပျံ အင်ပါယာ၏ တပ်ဖွဲ့က သူတို့ကို တားရဲတော့မှာ မဟုတ်ပေ။ အတွင်း၌ မည်ကဲ့သို့ပုဂ္ဂိုလ် ရှိနေမှန်း မည်သူက သိမည်နည်း။ ထို့ကြောင့် နတ်မြင်းပျံနယ်မြေသို့ လူများစွာလာလေရာ သူတို့ကို ရန်စစော်ကားမိလျှင် သွေးဖြင့်ဆေးကြောရနိုင်၏။

ဝှစ် ဝှစ်

ပင်လယ်မှ လှေငယ်လေးသည် ကောင်းကင်ထဲသို့ ကြွတက်သွားပြီး လှေပျံတစ်စင်းအဖြစ် ပြောင်းလဲသွား၏။ အပြာရင့်ရင့် အရန်အတားကလည်း အပြင်ဘက်၌ ပေါ်လာကာ လှေကိုဝန်းရံထားလိုက်သည်။ အပြာရောင် အလင်းစီးကြောင်းအသွင် ပြောင်းလဲသွားပြီးနောက် အနောက်မြောက် အရပ်ဆီသို့ ဝီးကနဲ ဦးတည်သွားလိုက်တော့၏။

ထင်တဲ့အတိုင်းပဲ။

ကျန်းရီ တွက်ဆသည့်အတိုင်းပင် နတ်မြင်းပျံ အင်ပါယာအထက်၌ လှေပျံက ခမ်းနားသည့်ပုံဖြင့် ပျံသန်းနေလေသည်။ မြို့များစွာကို ဖြတ်ကျော်ခဲ့သော်ငြား သူတို့ကို မည်သူကမှ တားရန်မဆိုထားနှင့် မေးတောင်မမေးရဲချေ။ ရဲမက်များစွာက မြေပြင်ကနေ ကြည့်နေ၏။ သူတို့က အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ မျိုးနွယ်စုကြီးမှ သခင်လေးတစ်ဦးအတွက် လှေပျံဖြစ်မည်ဟု မှားယွင်း မှတ်ယူမိကြသည်။

ရှားထူးမြို့က နတ်မြင်းပျံ အင်ပါယာ၏ အလယ်တွင် တည်ရှိသည်။ ယခုကျန်းရီက နယ်မြေ၏ အရှေ့တောင် အရပ်ဆီသို့ ရောက်နေပြီဖြစ်ကာ မြို့နှင့်သိပ်မကွာတော့ပေ။ သူတို့သည် ရက်အလီလီ ညအလီလီ ခရီးနှင်ပြီး လဝက်ကျော်ခန့် ကြာပြီးနောက် ရှားထူမြို့သို့ ရောက်တော့မှာပဲဖြစ်သည်။ ဆန်းကြယ် နတ်ဘုရားနန်းတော် ဖွင့်ရန်တစ်လ အချိန်လိုသေး၏။ သူတို့အချိန် လုံလောက်ပေသည်။

တစ်ရက်တာ ပျံသန်းပြီးနောက် သူတို့ဘာပြဿနာမှ မတွေ့ခဲ့ပေ။ ထို့ကြောင့် ကျန်းရီက ချီလောင်ကို လှေပျံအား ပိုမြင့်မြင့်ပျံသန်းရန် ထိန်းချုပ်ခိုင်းလိုက်၏။ ပြီးနောက် မှော်အတတ်ပညာများကို ဆင်ခြင်သုံးသပ်ရန် သီးခြားနေလိုက်တော့သည်။ ဖုန်းလန်က တာဝန်ယူထားရာ အန္တရာယ်ကြုံလာသည်နှင့် သူမက သူ့ကိုသိခွင့်ပေးမှာပဲ ဖြစ်သည်။ သိပ်စိုးရိမ် ပူပန်နေစရာ မလိုပေ။

ဂုဏ်သတင်းကြီးသော မျိုးနွယ်စုများမှ သခင်လေးများနှင့် သခင်မလေးများစွာက ရှားထူမြို့သို့ ရောက်လာသောကြောင့် ဖြစ်ဟန်တူသည်။ သူတို့ခရီးက အဟန့်အတား မရှိပေ။ နတ်မြင်းပျံနယ်မြေ တစ်ဝက်ကျော် ပျံသန်းလာပြီး တပ်ဖွဲ့တစ်ဖွဲ့မှ သူတို့ကို မဟန့်တားခဲ့ပေ။ ထို့ကြောင့် ချီလောင်ကလည်း အလွန်ပါးနပ်ပြီး မြို့ကြီးများကို မဖြတ်သန်းခဲ့ပေ။ ယင်းက မြို့ကြီးများထဲရှိ ပညာရှင်များကို ပြောင်ပြောင်တင်းတင်း စော်ကားမိရာ ရောက်ပေမည်။

ကျန်းရီက သူ၏အခန်းထဲ၌ တံခါးပိတ် ကျင့်ကြံနေပြီး ထွက်မလာခဲ့ပေ။ ဖုန်းလန်နှင့် ချင်ယွီက စိတ်အေးလက်အေး ရှိနေကြ၏။ သူတို့က ကျန်းရီ၏ ဝိညာဉ်ကျွန်များ မဟုတ်ကြတော့ပေ။ သူတို့၏ အထောက်အထားကို ကန့်သတ်ခံထားရခြင်း မရှိဘဲ သူတို့က ဖိအားခံစားစရာမလို တာဝန်ယူစရာ မရှိပေ။ သူတို့ဘာသာ ခရီးထွက်လာကြသော မိန်းမပျိုလေးများသဖွယ် သူတို့အလွန် ပျော်ရွှင်နေကြ၏။ ကျန်းရီနောက်သို့ ဆယ်နှစ်လိုက်ရန် ဆုံးဖြတ်ချက် ချပြီးဖြစ်သောကြောင့် သူတို့သေခြင်းရှင်ခြင်းကို ဂရုမစိုက်တော့ပေ။ စိုးရိမ်ပူပန်စရာ မရှိရာ သူတို့အလွန် စိတ်အေးလက်အေး ဖြစ်နေတာ သိသာ၏။

“ရပ် ”

၁၈ရက်မြောက်နေ့တွင် သူတို့က ရှားထူမြို့နှင့် တစ်ရက်တာ ခရီးအကွာသို့ ရောက်သည့်အချိန်တွင် တပ်ဖွဲ့တစ်ဖွဲ့၏ ဟန့်တားခြင်းကို ခံလိုက်ရသည်။ ခေါင်းဆောင်က အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် တစ်ဦးဖြစ်ပြီး လှေကို အဖွဲ့ဝင်တစ်ထောင်ကျော်က ဝန်းရံထားလေ၏။ စစ်သူကြီးက မီးခိုးရောင် သံချပ်ကာကို ဝတ်ဆင်ထားလျက် အေးစက်ပုံပေါ်နေသည်။

“သခင်မလေး ကျွန်တော်တို့ ဘာလုပ်သင့်လဲ ”

ကျန်းရီက တံခါးပိတ် ကျင့်ကြံနေ၏။ ထို့ကြောင့် ချီလောင်က မျက်ဝန်းများ အေးစက်သွားသော ဖုန်းလန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမက

“ရှင်ထွက်သွားပြီး အရင်ပြောကြည့်လိုက် ”

ချီလောင်သည် လှေပျံ၏ အစီအရင်များကို ဖယ်ရှားလိုက်၏။ ဖုန်းလန်ကမူ သူမ၏ အရှိန်အဝါကို ဖိနှိပ်ထားသည်။ ချီလောင်သည် ထိုစစ်သူကြီးနှင့် ညှိနှိုင်းရန်အတွက် အပြင်သို့ ထွက်သွားသည်။ သို့သော် ခဏအကြာတွင် ပြန်လာပြီး သတင်းပို့တော့၏။

“သခင်မလေး စစ်သူကြီးပြောတာက ရှားထူမြို့ထဲမှာ အခု ထင်ရှားကျော်ကြားတဲ့ မျိုးနွယ်စုက သခင်လေးတွေ သခင်မလေးတွေနဲ့ ပြည့်နေပါပြီ မြို့ထဲမှာလည်း စည်းကမ်းချမှတ်ထားတယ် အထောက်အထား မပါတဲ့လူတွေ နတ်မြင်းပျံ အင်ပါယာကို ဖြတ်သန်းခွင့် မရှိတဲ့လူတွေက အထဲဝင်ခွင့် မရှိဘူး ”

“ဒါက ”

ဖုန်းလန်၏ မျက်နှာက သုန်မှုန်သွားလေ၏။ ကျူးဆွေ့က ခိုးထွက်လာလေရာ မည်သည့် အထောက်အထားမှ ပါမလာပေ။ ဝင်ခွင့်က မည်သည့်အရာနည်း။ မည်သို့ရအောင် ပြုလုပ်ရမည်နည်း။ ယင်းက ပြဿနာပေလော။ နောက်ထပ် ဆယ်ရက် သို့မဟုတ် လဝက်ခန့် ခရီးနှောင့်နှေးခဲ့လျှင် ဆန်းကြယ်နတ်ဘုရား နန်းတော်က ပိတ်သွားပေမည်။ တတိယ သခင်မလေးရီက ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲသို့ ဝင်သွားလောက်မှာပဲဖြစ်သည်။

“ဘာတွေ တွေးနေတာလဲ ”

ထိုစဉ် အခန်းထဲမှ အသံတစ်သံ ထွက်လာ၏။ တံခါးပွင့်လာပြီး ကျန်းရီ ပေါ်လာလေတော့သည်။ သူကနက်ရှိုင်းသော အသံဖြင့် အော်လိုက်လေ၏။

“ဖောက်ဝင်လိုက် ငါတို့ကိုတားရဲရင် နောက်ဆက်တွဲကို ခံစားရမယ်လို့ အဲဒီစစ်သူကြီးကို ပြောလိုက် ”

***

All Chapters