← Chapters

အခန်း (၅၁၁-၅၁၅)

Vol. 24 Ch. 511-515

အခန်း (၅၁၁-၅၁၅)

Vol. 24 Ch. 511-515

အခန်း(၅၁၁)

အဓိကတိုက်ပွဲ(၂)

ဘန်း ဘန်း ဘန်း

တခဏချင်းမှာပင် ဒိုင်းကိုင်ဆောင်ထားသော စစ်သည်တစ်ရာနီးပါး လေထဲသို့ လွင့်ထွက်သွားခဲ့ကြသည်။ တိဗက်မြင်းစစ်သည်များ ထန်ခံစစ်စည်းကို ဝင်တိုက်လိုက်သောအခါ သူတို့၏ မြင်းများနှင့် တွဲနေသည့် စွမ်းအားကို မည်သူမျှ မဖော်ပြနိုင်ပေ။ ဤစွမ်းအားသည် သာမာန်လူတစ်ယောက် တောင့်ခံနိုင်သည့် စွမ်းအား မဟုတ်ပေ။

“တောင့်ထား”

တပ်ထဲမှာ မရေမတွက်နိုင်သော အမိန့်များ ထွက်ပေါ်လာခဲ့ကာ ကျယ်လောင်ပြီး ပြင်းထန်သောအသံများ တိမ်များထက် ပဲ့တင်ထပ်သွားခဲ့သည်။ အရာရှိများအားလုံး သူတို့၏ အသံများ ပြာသွားသည်အထိ အလွန်ကျယ်လောင်စွာ အော်ဟစ်နေခဲ့ကြသည်။

ဘန်း ဘန်း ဘန်း ဘန်း

ပြင်းထန်သော ထိတွေ့မှုများ ဆက်လက် ဖြစ်ပွားနေခဲ့၏။ တိဗက်များ၏ တိုက်ခိုက်မှုများသည် ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ မျှော်မှန်းထားသည်ထက် အလွန်ကြမ်းကြုတ် ရက်စက်ခဲ့သည်။ မြင်းများနှင့် ဒိုင်းများ၏ ထိတွေ့မှု၊ လှံများနှင့် ဓားမများ၏ တိုက်ခိုက်မှု၊ ချည်စက်ကွင်းများနှင့် ချည်စက်ကွင်းတို့၏ ထိတွေ့မှု စသည်တို့က စစ်တပ်နှစ်တပ်ကြား ဆက်လက် ဖြစ်ပွားနေခဲ့သည်။ တိုက်ပွဲသည် စစ်သားများ အဆက်မပြတ် သေဆုံးနေခြင်းနှင့်အတူ အလွန်အမင်း ပြင်းထန်ခဲ့သည်။ သို့တိုင် ပိုများသော စစ်သားများသည် အဟများကို ဆက်လက် ဖြစ်နေခဲ့ကြသည်။

ဤအခိုက်တွင် လူတိုင်း၏ စိတ်များသည် တင်းမာနေခဲ့၏။

လီစီးရီ၊ လူအိုကြီးလင်းယုန်ငှက်၊ ကျောက်ကျင်းတန်၊ တပ်မှူးချုပ်ရှု့နှင့် အခြားအရာရှိများ အားလုံးတို့သည် လက်သီးများ တင်းကြပ်စွာ ဆုပ်ထားခဲ့ကြသည်။ စစ်တပ်နှစ်ခုကြား တိုက်ပွဲတစ်ပွဲတွင် ပထမဆုံး ထိတွေ့မှု အခိုက်အတန့်သည် အရှုံးနှင့်အနိုင်ကို တစ်ဝက်ဆုံးဖြတ်ပြီး စစ်တပ်၏ ကံကြမ္မာကို အလိုအလျောက် ဆုံးဖြတ်လုနီးပါးဖြစ်သည်။

မြင်းတပ် ချီတက်မှု၏ ပထမဆုံး အသုတ်သည် အမြဲအသန်မာဆုံး ဖြစ်သည်။ အလားတူပင် ပထမအသုတ်ရှိ ခြေလျှင်တပ်၊ ခံစစ်စည်းသည်လည်း အခိုင်ခံ့ဆုံးနှင့် အားအကောင်းဆုံးဖြစ်သည်။ အကယ်၍ ၎င်းသည် ပထမအသုတ်ကို မတောင့်ခံနိုင်ခဲ့ဘဲ ကျိုးပျက်သွားခဲ့ပါက စစ်တပ်၏ ကျန်လူများကို စောင့်ဆိုင်းနေသည့် တစ်ခုတည်းသော အရာမှာ သေခြင်းတရားဖြစ်သည်။

ဝုန်း

တိဗက်တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားသွားခဲ့ပြီး ထန်စစ်တပ်၏ ထန်စစ်စည်းကို အဆုံးမရှိသော လှိုင်းများကဲ့သို့ ဝင်တိုးသွားခဲ့ကာ တောင်သည် ပို၍ပို၍ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ လူတိုင်းသည် သူတို့၏ နှလုံးသားများက လည်ချောင်းပေါ် တက်လာသကဲ့သို့ ခံစားလိုက်ရသည်။

“ငါတို့ တောင့်ခံနိုင်ခဲ့ပြီ ငါတို့ တောင့်ခံနိုင်ခဲ့ပြီ”

ရုတ်တရက်ပင် တပ်မှူးချုပ်ရှု့၏အသံ တောင်ထိပ်မှနေ၍ ထွက်ပေါ်လာ၏။ စစ်တပ်၏ ခံစစ်စည်းသည် အလွန်တင်းကြပ်စွာ ဆန့်ထုတ်ထားခဲ့သော်လည်း တိုင်းစစ်သား ရာချီ မြင်းစစ်တပ် ချီတက်မှုကြောင့် လေထဲလွင့်ထွက်သွားခဲ့ပြီး သူတို့ မြေပေါ်သို့ပင် မကျမီ သေဆုံးသွားခဲ့သော်လည်း စစ်တပ်သည် တိဗက်များ၏ ပထမအသုတ်ကို တောင့်ခံနိုင်ခဲ့သည်။

ဝမ်ချောင်၏ အခင်းအကျင်းသည် သက်ရောက်မှုရှိကြောင်း ပြသခဲ့၏။

“အံ့သြစရာပဲ”

တပ်ထဲတွင် ဒုတိယတပ်မှူးချုပ်များနှင့် ကပ္ပတိန်များအားလုံး စိတ်လှုပ်ရှားသွားခဲ့ကြသည်။

သူတို့သည် သေးသေးကြီးကြီး တိုက်ပွဲပေါင်းများစွာတွင် ပါဝင်ခဲ့ဖူးသောကြောင့် သူတို့အားလုံးတို့သည် ပထမအသုတ်၏ အဓိပ္ပာယ်ကို နားလည်ကြပေသည်။ တိုက်ပွဲသည် မပြီးသေးသော်လည်း ပထမအသုတ်၏ အန္တရာယ်ကြီးသည် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

“ဟမ် ငါက ဒီထန်တွေရဲ့ ခံစစ်စည်းကို မချိုးဖောက်နိုင်ဘူးလို့ မယုံဘူး”

တောင်ခြေတွင် ချောင်ယောင်တာ့လူသည် အေးစက်သည့် အမူအရာဖြင့် ဤမြင်ကွင်းကို ကြည့်ရှု့နေခဲ့သည်။ ဤထန်များတွင် မည်သို့သော အစီအစဉ်များ ရှိခဲ့ပါစေ အကယ်၍ သူတို့သည် ဤအသုတ်တစ်ခုကို တောင့်ခံနိုင်ခြင်းက လုံလောက်သည်ဟု တွေးထင်ခဲ့ပါက သူတို့သည် အမှားကြီးတစ်ခု ပြုလုပ်နေခြင်းဖြစ်သည်။ တိဗက်လှေကားထစ်ပုံစံ အခင်းအကျင်းသည် တစ်သုတ်ပြီးတစ်သုတ် တိုက်ခိုက်ခြင်းအပေါ် မှီခိုပြီး သူတို့၏ တိုက်ခိုက်မှုများသည် သူတို့၏ ရန်သူများ နောက်ဆုံးတွင် ပြိုကွဲသွားသည်အထိ ဘယ်တော့မှ ရပ်တန့်မည်မဟုတ်ပေ။

“အဲ့ပေါ်ကိုတက်စမ်း လူတိုင်း အဲ့ပေါ်ကိုတက်တာကို ငါလိုချင်တယ်။ အဲ့ဒီခံစစ်စည်းကို ချိုးဖျက် ဒါမှမဟုတ် စစ်ရေးဥပဒေအရ အပြစ်ပေးတာကို ရင်ဆိုင်”

ချောင်ယောင်တာ့လူ၏ အော်သံသည် ကောင်းကင်ထက် ပဲ့တင်ထပ်သွားခဲ့ကာ သူ့လက်တစ်ဖက် ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အစွမ်းကုန် တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

“နှစ်ခုမြောက် စတုရန်းပုံစံ အခင်းအကျင်း၊ ခြောက်ခုမြောက် စတုရန်းပုံစံ အခင်းအကျင်း၊ ခုနှစ်ခုမြောက် စတုရန်းပုံစံ အခင်းအကျင်း ထွက်ခွာ”

ချောင်ယောင်တာ့လူ သူ့အမိန့်ကိုပင် မပေးသေးမီ ဝမ်ချောင်သည် လက်ဝှေ့ယမ်းလိုက်ပြီး သူ့ကိုယ်ပိုင် အမိန့်ကို ပေးလိုက်သည်။ အရန်တပ်သားများဖြင့် ဖွဲ့စည်းထားသော နှစ်ခုမြောက်၊ ခြောက်ခုမြောက်နှင့် ခုနှစ်ခုမြောက် စတုရန်းပုံစံ အခင်းအကျင်းများသည် သူတို့၏ ဒိုင်းကြီးများကို ယူလိုက်ကြပြီး ရှေ့ထွက်သွားခဲ့ကြသည်။ တစ်ချိန်ထဲနီးပါးတွင် တိဗက်ဒုတိယအသုတ် ရှေ့သို့ ချီတက်လာခဲ့ကာ ကမာ္ဘမြေကြီး တုန်ရီသွားခဲ့သည်။

နှစ်ခုမြောက်၊ ခြောက်ခုမြောက်နှင့် ခုနှစ်ခုမြောက် စတုရန်းပုံစံ အခင်းအကျင်းများ သူတို့၏ နေရာများသို့ ရောက်ရှိပြီးနောက် ချက်ချင်းနီးပါးတွင် ချောင်ယောင်တာ့လူ၏ ပြင်းထန်သော ထိုးစစ်သည် ရှေ့တန်းကို ရိုက်ခတ်သွားခဲ့သည်။

ဤအခိုက်တွင် ဝမ်ချောင်က ချောင်ယောင်တာ့လူ၏ ရည်ရွယ်ချက်များကို တစ်နည်းနည်းဖြင့် ကြိုတင်သိမြင်ခဲ့ပြီး သူ့ကိုယ်ပိုင်အမိန့်ဖြင့် သူ့အား ကြိုတင်ကာကွယ်ခဲ့သည်ဟူသော အတွေးက လူတိုင်း၏ စိတ်ထဲတွင် ဝင်ရောက်လာခဲ့သည်။

“အရှင်”

ဤမြင်ကွင်းကြောင့် ရှု့ရှီးပင်း၏ အခြားလူများ ဝမ်ချောင်ကို တုန်လှုပ်စွာကြည့်ရန် သူတို့၏ခေါင်းများကို လှည့်လာကြသည်။

သူတို့သည် ဝမ်ချောင်နှင့်အတူ တိုက်ပွဲတစ်ပွဲတွင် ဘယ်တုန်းကမှ မတိုက်ခိုက်ခဲ့ဖူးပြီး သူ၏ ကွပ်ကဲမှု စွမ်းရည်များကို သဘောမပေါက်ခဲ့ပေ။ သို့သော် ဤသို့သော စစ်မြေပြင် ထိုးထွင်းသိမြင်မှု တစ်ခုတည်းက စစ်သူကြီး အများစုထက် သာလွန်ရန် လုံလောက်ပေသည်။

မြင်းစစ်သည်သည် လျှပ်စီးကဲ့သို့ ရွှေ့လျားသွားပြီး သူတို့သည် ခြေလျင်တပ် ချီတက်ခဲ့သည်ထက် များစွာ မြန်မြန်ဆန်ဆန် ချီတက်ခဲ့ကာ စက္ကန့်ပိုင်းအတွင်း ကျန့်ဒါဇင်ချီကို ရောက်ရှိခဲ့သည်။ အကယ်၍ ဝမ်ချောင်သည် သူ့အမိန့်ကို အလွန်စောစီးစွာ မတုန့်ပြန်ခဲ့ပါက ပထမခံစစ်စည်းသည် ကျိုးပျက်သွားနိုင်သည်။

ဝုန်း ခလွပ်

တိုက်ပွဲသည် ဆက်လက် ပြင်းထန်နေခဲ့၏။

“သုံးခုမြောက်၊ ငါးခုမြောက်၊ ရှစ်ခုမြောက်နဲ့ ကိုးခုမြောက် အခင်းအကျင်းတွေ ပုဆိန်သမား၊ လှံသမား၊ တူသမား ရှေ့ထွက်”

ဝမ်ချောင် တောင်ထိပ်တွင် ရပ်နေခဲ့ကာ သူ့စိတ်က ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ တည်ငြိမ်နေ၏။ သူ့ဒုတိယအမိန့် ထုတ်ပြန်လိုက်ပြီး သိပ်မကြာမီ သူ့တတိယအမိန့်သည် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

ပုဆိန်သမား၊ လှံသမားနှင့် တူသမားတို့၏ ထွားကြိုင်းသန်မာသော ပုံရိပ်များသည် သူတို့တိုက်ပွဲထဲသို့ ကျားများကဲ့သို့ ချီတက်သွားခဲ့ကာ ဟစ်ကြွေးလိုက်ကြသည်။ ခြေလျင်တပ်သည် တိုက်ခိုက်မှုကို ခံယူရန် တစ်ခုတည်းအတွက်သာ မဟုတ်ခဲ့ကြပေ။ မြင်းတပ်၏ အားအကောင်းဆုံး ရှု့ထောင့်သည် သူတို့၏ ချီတက်မှု စွမ်းအားဖြစ်သည်။ အကယ်၍ ခြေလျင်တပ်သည် ချီတက်မှုများ၏ ပထမဆုံး အသုတ်ကို တောင့်ခံနိုင်ခဲ့ပါက သူတို့သည် သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို စတင်ပြသနိုင်ပေသည်။

“သတ်”

ပုဆိန်များ၊ လှံများနှင့် တူများ လေထဲမှတဆင့် ရွှီးကနဲအသံများ ထွက်ပေါ်သွားခဲ့၏။ ချီကလန်၏ သံမဏိအစောင့်များသည် သူတို့ထဲ ပါဝင်နေခဲ့ကြပြီး သွေးများက သူတို့အနားတွင် ဖြာထွက်သွားခဲ့ကာ အေးစက်သည့် အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။

ချွပ်

တိဗက်မြင်းစီးသမား တစ်ယောက်နှင့် သူ့မြင်းတို့သည် ဒိုင်းစစ်သားတစ်ယောက်ကို အခုလေးတင် လွင့်ထွက်သွားစေခဲ့သော်လည်း သူသည် လှံငါးချောင်းဖြင့် ထိုးသွင်းခံလိုက်ရသည်။ တိဗက်မြင်းစစ်သည်သည် ကမာ္ဘတစ်ဝှမ်း ကျော်ကြားခဲ့သော်လည်း သူတို့၏ သံမဏိ ချပ်ဝတ်တန်ဆာများတွင်ပင် မကာကွယ်နိုင်သည့် နေရာများ ရှိကြသည်။ လည်ပင်း၊ မျက်နှာ၊ ခွကြားနှင့် သူတို့အောက်ရှိ မြင်းများသည် အသုံးချ၍ရနိုင်သည့် အားနည်းချက်များ အမြဲဖြစ်ကြသည်။

ဘန်း ဘန်း ဘန်း

တူသမားများ တစ်ယောက်ပြီးတစ်ယောက် ကျင်တစ်ထောင် အလေးချိန် အင်အားဖြင့် ထုချလိုက်ကြသည်။ မြင်းတပ် သံမဏိ ချပ်ဝတ်တန်ဆာသည် ထိုးသွင်းလာနေသည့် ဆေဘာများ ဓားများကို ခုခံနိုင်သော်လည်း ၎င်းသည် တူများ၏ တုံးတိတိ အင်အားကို မပိတ်ဆို့နိုင်ပေ။ ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားသည့် တိဗက်သည်ပင် ငါးခုထက်ပိုသော တူများ၏ တစ်ပြိုင်ထဲ တိုက်ခိုက်မှုကို ပိတ်ဆို့နိုင်မည် မဟုတ်ပေ။

ဤတိုက်ပွဲအတွက် ဝမ်ချောင် ရွေးချယ်ခဲ့သည့် တောင်၏ အားသာချက်များသည် ယခုအခါ ထင်ရှားလာခဲ့သည်။ ဤတောင်သည် တောင်ခြေတွင် ကျယ်ပြန့်သော်လည်း တောင်ထိပ်သို့ ရောက်လာသည်နှင့် ကျဉ်းမြောင်းလာခဲ့ကာ လှုပ်ရှားမှုနေရာကို အကြီးအကျယ် ကန့်သတ်ခဲ့သည်။ တိဗက်များသည် သူတို့ထက် အရေအတွက် များကြသော်လည်း သူတို့သည် ထိုအားသာချက်ကို ဤနေရာတွင် အသုံးမချနိုင်ပေ။

ဤအပိုင်း၏ရလဒ် ထွက်မပေါ်လာခဲ့မီ ဝမ်ချောင်သည် သူ၏ စတုတ္ထမြောက်နှင့် ပဉ္စမမြောက် အမိန့်များကို လျှင်မြန်စွာ ထုတ်ပြန်လိုက်သည်။

“ညာထောင့်ဘက်မှာရှိတဲ့ လေးသည်တော် အခင်းအကျင်း အဆင်သင့်ပြင်။ ရှေ့ခြေလှမ်း တစ်ရာ့ငါးဆယ် အဝေးမှာရှိတဲ့ ရန်သူတွေကိုပစ်”

ဝမ်ချောင်၏ အမူအရာသည် အေးစက်ကာ သူ၏ နက်ရှိုင်းသော အကြည့်သည် ခံစားချက် ကင်းမဲ့နေခဲ့သည်။

“ဘယ်တောင်ပံမှာရှိတဲ့ လေးသည်တော် စတုရန်းပုံစံ အခင်းအကျင်း အသင့်ပြင်။ ရှေ့ခြေလှမ်း တစ်ရာ့ရှစ်ဆယ် အဝေးမှာရှိတဲ့ ရန်သူတွေကိုပစ်”

တွမ် တွမ် တွမ် တွမ်

မျှားမိုးသည် လေထဲမှနေ၍ စူးရှစွာ ရွှီးကနဲ ဖြတ်သန်းသွားခဲ့ပြီး ကျိုင်းကောင် တိမ်တိုက်တစ်ခုသည် ကောင်းကင်ကို စုတ်ဖြဲပစ်ခဲ့သည်။ လူတိုင်းသည် ဝမ်ချောင်က သူ့လေးသည်တော်များကို တိုက်ပွဲမတိုက်မီ သို့မဟုတ် စစ်တပ်နှစ်ခု၏ တိုက်ခိုက်မှု မတိုင်မီတွင် အသုံးမပြုခဲ့ဘဲ ယခုမှသာ အသုံးပြုခဲ့သောကြောင့် အံ့သြသွားခဲ့ကြသည်။ သာမာန် အခြေအနေများတွင် ဤအချိန်တိုင်း လေးသည်တော်များကို အသုံးပြုခြင်းက အဓိပ္ပာယ်မရှိပေ။

သို့သော် ဝမ်ချောင်တွင် ဤအတွေးဟောင်း မရှိခဲ့ပေ။

မျှားမိုးများ ဆင်းသက်သွားသည်နှင့် မမျှော်လင့်ထားလုနီးပါး အရာတစ်ခု ဖြစ်ပျက်သွားခဲ့ကာ မျက်လှည့်တစ်ခုကဲ့သို့ ဖြစ်သည်။

ဟီး

မျှားများ သူတို့အပေါ် ကျိုင်းကောင်များကဲ့သို့ ကျရောက်သွားခဲ့ကာ မြင်းများ မြည်ဟီးလိုက်ကြသည်။ နေရာတစ်ခုတွင် ကျဆင်းနေသည့် ဤမျှားအရေအတွက်သည် အချင်းဝက် ကျန့်တစ်ဆယ်ကျော်သာရှိသည့် နေရာတစ်ခုတွင် စစ်တပ်၏ ဤမျှားအရေအတွက်သည် အင်အားသပ်သပ်ဖြင့် စစ်တပ်၏ ဤအပိုင်းကို ချေမှုန်းရန် လုံလောက်ခဲ့သည်။ တိဗက်များ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ မြင်းများနှင့်အတူ မြေပေါ်သို့ စတင်ပြိုလဲသွားခဲ့ကာ ထက်ရှသော မျှားများက သူတို့၏ ချပ်ဝတ်တန်ဆာရှိ အဟများကို ဖြတ်သန်းလာပြီး သူတို့ကို သူတို့၏ မြင်းများအပေါ် သေဆုံးသွားစေခဲ့သည်။

မြင်းစစ်သည် သုံးဆယ်လေးဆယ်၏ သေဆုံးမှုသည် တစ်သောင်းကျော်သော တပ်ဖွဲ့တစ်ခုအတွက် အရေးမပါပေ။ သို့သော် ချီတက်မှုအလယ်တွင် ဤသုံးဆယ်လေးဆယ် မြင်းစစ်သည်များ၏ သေဆုံးမှုသည် အံ့အားသင့်ဖွယ် သက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ဟီး

တိဗက်မြင်းစစ်သည် ရာချီသည် အချိန်မီ မရပ်တန့်နိုင်ခဲ့ဘဲ သေဆုံးသွားသည့် မြင်းစစ်သည်များကို ဝင်တိုက်သွားခဲ့ကာ သူတို့နောက်ရှိ မြင်းစစ်သည်များသည်လည်း သက်ရောက်သွားခဲ့သည်။ မြင်းစစ်သည် အချို့သည် လမ်းလွှဲရန် ကြိုးပမ်းခဲ့သော်လည်း ထို့နောက် ဘန်း ဘန်း ဘန်း

ဒုတိယနှင့် တတိယအသုတ် မျှားများသည် စစ်တပ်ထဲသို့ ကျဆင်းလာခဲ့ပြီး အခြားနေရာများရှိ မြင်းစစ်သည်များကို ရှောင်လွှဲရန် ကြိုးစားစေခဲ့သည်။

သူတို့ရပ်တန့်ရန် ကြိုးစားလိုက်သည်နှင့် မြင်းစစ်သည်များသည် အချင်းချင်း တိုက်မိသွားခဲ့ကာ အခင်းအကျင်းသည် ဗရမ်းဗတာ ဖြစ်သွားခဲ့သည်။

ခလွပ် ကျွတ် ခလွပ်

မြင်းကို ဝင်တိုက်သွားသည်နှင့် အရိုးများ ကွဲကြေသံများနှင့် ကြွက်သားများ ပြတ်ထွက်သံများက ကြောက်မက်ဖွယ် ကောင်းလှသည်။ တစ်သုတ်၊ နှစ်သုတ်၊ သုံးသုတ်... မျှားအသုတ် သုံးသုတ်မျှက လူတစ်ရာကျော် သေဆုံးမှုများက ကြီးမားသော ဗရမ်းဗတာဖြစ်မှုကို ဖြစ်စေခဲ့သည်။ အကယ်၍ လူတစ်ယောက်သည် ကောင်းကင်ထက်မှ ငုံ့ကြည့်လိုက်ပါက တစ်ယောက်သည် မျှားများ ကျရောက်သွားခဲ့သည့် နေရာများက တိဗက်အခင်းအကျင်း၏ အလယ်ဗဟိုကို လုံးဝ ဖရိုဖရဲ ဖြစ်သွားစေသည်ကို မြင်နိုင်ပေလိမ့်မည်။

ဗရမ်းဗတာဖြစ်နေသည့် နေရာသည် ဆက်လက် ကျယ်ပြန့်လာခဲ့ပြီး ချီတက်မှုသည် ရပ်တန့်၍ မရခဲ့ပေ။ ထို့ပြင် ဤချီတက်လာနေသည့် မြင်းစစ်သည်များ ရှေ့တန်းသို့ ရောက်လာခဲ့သောအခါ သူတို့သည်လည်း သူတို့အား ဗရမ်းဗတာ ဖြစ်သွားစေခဲ့သည်။

မျှားထောင်ချီမျှက ဤသို့သော ကြီးမားသည့် တိုက်ပွဲတွင် အရေးမပါပုံရသည်။ သို့သော် ဝမ်ချောင်လက်ထဲတွင် ဤမျှားများသည် တိဗက်ထိုးစစ်ကို လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။

“ဒါက ဒါက...”

ရှု့ရှီးပင်း၏ သူ့အရာရှိများ ဤမြင်ကွင်းကို ကြည့်လိုက်ကြကာ သူတို့၏ မျက်လုံးများက ပြူးကျယ်ပြီး ပါးစပ်များက ပွင့်အာနေခဲ့ကြသည်။

လူအိုကြီးလင်းယုန်ငှက်နှင့် လီစီးရီတို့သည်ပင် ကြီးကြီးမားမား တုန်လှုပ်သွား၏။

အကယ်၍ မျှားထောင်ချီမျှက ပြင်းထန်သော စစ်မြေပြင်တွင် ဤသက်ရောက်မှု အမြဲရှိနိုင်ခဲ့ပါက မည်သည့် အဖွဲ့အစည်းမဆို ထိုသို့ပြုလုပ်ပေလိမ့်မည်။ သို့သော် အတွေ့အကြုံရှိသည့် စစ်သားတိုင်း ဤသို့သော အကျိုးသက်ရောက်မှုတစ်ခု အောင်မြင်ရန် အခြေခံအားဖြင့် မဖြစ်နိုင်သည်ကို သိကြပေသည်။ ဤသည်က သာမာန် ကံကောင်းမှု မဟုတ်ခဲ့ပေ။ ထိုထောင်ချီသော မျှားများ ဤသို့သော သက်ရောက်မှုတစ်ခု ရှိခဲ့သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ဝမ်ချောင်က အချိန်မှန်ကို ရွေးချယ်ခဲ့သောကြောင့်ဖြစ်သည်။

ဤသက်ရောက်မှု ရရှိနိုင်စွမ်းသည် အမှန်ပင် အလွန်နည်း၏။

ဤသည်က လူအိုကြီးလင်းယုန်ငှက်နှင့် လီစီးရီတို့ ဝမ်ချောင်၏ ကြောက်မက်ဖွယ်ကောင်းသော ပင်ကိုယ်သိစိတ်နှင့် တွက်ချက်မှုများကို တွေ့ကြုံလိုက်ရသည့် ပထမဆုံး အကြိမ်လည်းဖြစ်သည်။ ဤသည်က ဝမ်ချောင် ပါ့ထုံးလူကို အနိုင်ယူရန် မြင်းစစ်သည် တစ်ထောင်ကို ဦးဆောင်ခဲ့သည်နှင့် လုံးဝ ခြားနား၏။

ဤသည်က အထူးသဖြင့် လီစီးရီအပေါ် နက်နက်ရှိုင်းရှိုင်း သက်ရောက်ခဲ့သည်။ ရှု့ထောင့်တစ်ခုတွင် သူသည် ပိုင်ထင်တွင် တိုက်ခိုက်ချင်ခဲ့သည်မှာ ထိုနေရာတွင် တိုက်ခိုက်ရန် စစ်ပွဲများ ရှိခဲ့သောကြောင့် ဖြစ်သော်လည်း အခြားရှု့ထောင်မှ သူသည် နောက်လိုက်ရန် လုံလုံလောက်လောက် ထိုက်တန်သည့် အရည်အချင်းရှိသော ကွပ်ကဲသူများကို ထိုနေရာတွင် တွေ့နိုင်သောကြောင့်ဖြစ်သည်။ သို့သော် ပထမဆုံး အကြိမ်အနေဖြင့် လီစီးရီသည် ဤဆယ်ကျော်သက်သည်လည်း အလားတူ အရည်အချင်းများ ရှိကြောင်း ရှာဖွေတွေ့ရှိလိုက်ရသည်။

သူဤသို့သော အရာတစ်ခုကို နောက်ဆုံးအကြိမ် တွေ့မြင်ခဲ့သည်မှာ ပိုင်ထင် ဒုတိယ ကာကွယ်ရေး စစ်သူကြီး အန်းစီဟန်တွင်ဖြစ်သည်။

သို့သော် အန်းစီဟန်နှင့် မတူဘဲ ဝမ်ချောင်သည် ဤစွမ်းရည်များကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားပုံရသည်။ သို့သော် ဤရှု့ထောင့် တစ်ခုထဲက သူ့အား အန်းစီဟန်ထက် ပို၍ပင် အထင်ကြီးစရာ ကောင်းသည်ဟု ထင်ရစေခဲ့သည်။

ဝမ်ချောင်နှင့် သူအချိန်ပို၍ ကုန်ဆုံးလေလေ ဤဆယ်ကျော်သက်က မြူခိုးများဖြင့် ဖုံးလွှမ်းနေသည်ဟု လီစီးရီပို၍ ခံစားရလေလေဖြစ်သည်။

သို့သော် မည်သို့ဆိုစေကာမူ ဤလူငယ်နှင့် ပတ်သတ်၍ သူ့နောက်လိုက်ပါရန် ထိုက်တန်သည့် အခြားအရာတစ်ခုခု ရှိသည်ဟု လီစီးရီ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။

ဤအခိုက်တွင် ဝမ်ချောင်ရုတ်တရက် ပြောလိုက်၏။ “လူအိုကြီးလင်းယုန်ငှက် အသင့်ပြင်ထား မကြာမီ မင်းအလှည့် ရောက်တော့မယ်”

သူ့အမူအရာသည် အေးစက်ပြီး တည်ငြိမ်ကာ ခံစားချက် တစ်စွန်းတစ်စမျှ ရှိမနေခဲ့ပေ။ ဤသို့သော အခိုက်အတန့်များတွင် သူသည် ကျိုးကြောင်းအဆီလျောက်ဆုံး အခြေအနေတစ်ခုသို့ အမြဲဝင်ရောက်လိမ့်မည်ဖြစ်ပြီး ဤအခြေအနေတွင်သာ သူသည် စစ်တပ်တစ်တပ်၏ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်သည်။

“ဟုတ်ကဲ့သခင်လေး” လူအိုကြီးလင်းယုန်ငှက် ချက်ချင်း ပြန်ဖြေလိုက်ကာ သူ့ညာလက်သည် သူ့ခါးရှိ ကျောက်စိမ်းရိုင်းသံမဏိဓားဆီသို့ ရောက်သွားခဲ့ပြီး သူသည် လျှင်မြန်စွာ လှည့်လိုက်ကာ အောက်သို့ ဆင်းသွားခဲ့သည်။

ထို့ပြင် လူအိုကြီးလင်းယုန်ငှက် လှည့်လိုက်သောအခါ ပြင်းထန်သည့် လေပြင်းတစ်ခု တောင်ထိပ်တွင် တိုက်ခတ်သွားခဲ့သည်။ မည်သူမျှ ဝမ်ချောင်၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ယာယီ လင်းလက်သွားသည်ကို သတိမပြုမိခဲ့ပေ။

အခန်း(၅၁၂)

အဓိကတိုက်ပွဲ(၃)

“သေစမ်း”

တိဗက်စစ်တပ်တွင် ချောင်ယောင်တာ့လူသည် တောင်ပေါ်တွင် ဖြစ်ပျက်နေသည့် အရာကို ဒေါသဖြင့် စိမ်းပြာနေသည့် မျက်နှာဖြင့် ကြည့်ရှု့နေခဲ့သည်။ ဓားမောက်လက်ကိုင်ကို ကိုင်ဆောင်ထားသည့် သူ့လက်သည် တုန်ရီနေခဲ့ကာ သွေးကြောများ ထောင်ထနေခဲ့သည်။

“လူတိုင်း ငါ့နောက်လိုက်။ သူတို့အားလုံးကို သတ်ပစ်မယ်”

စစ်သူကြီးတစ်ယောက်သည် စစ်မြေပြင်သို့ ပေါ့တန်စွာ ရှေ့မထွက်ခဲ့ပေ။ ချောင်ယောင်တာ့လူသည် ပထမအသုတ်က ထိုခံစစ်စည်းကို ချိုးဖျက်ရန် လုံလောက်ခဲ့မည်ဟု မူလက ယုံကြည်ထားခဲ့သည်။ သူ့ကို အံ့အားသင့်သွားစေသည်မှာ ထိုခံစစ်စည်းသည် မကျိုးပေါက်ရုံသာမက သူ့ကိုယ်ပိုင် တပ်သားများသည်ပင် ဗရမ်းဗတာ ဖြစ်သွားခဲ့ကြသည်။ သူ၏ဗရမ်းဗတာဖြစ်နေသော ရှေ့ပြေးတပ်သည် ယခုအခါ သူ့တပ်ဖွဲ့များအတွက် အကြီးမားဆုံးသော အတားအဆီး ဖြစ်လာခဲ့ပြီး နောက်ထပ် တိုက်ခိုက်မှုများကို ကာကွယ်ရန် မဟာထန်များ၏ အသုံးချမှု ဖြစ်လာခဲ့သည်။

ခလွမ်းး

သူ့ဓားမောက်ကို လေထဲ မြှောက်လိုက်သည်နှင့် ၎င်းသည် စူးရှသော အသံတစ်ခုကို ထုတ်လွှတ်လိုက်ကာ သွေးဆာနေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်သည်။ ချောင်ယောင်တာ့လူ ကိုယ်တိုင်ကိုယ်ကျ ချီတက်မှုကို ဦးဆောင်လိုက်ပြီး တောင်ပေါ်သို့ သူနှင့်အတူ လက်ရွေးစင် ခြောက်ထောင်ကို ခေါ်ဆောင်သွားခဲ့သည်။

“ငါတို့ကို ရပ်တန့်ရဲတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်လိုက်”

စစ်မြင်းတစ်ကောင် ဒုန်းဆိုင်းသွားသည်နှင့် ခေါင်းတစ်လုံး လေထဲလွင့်သွား၏။ စစ်သူကြီး ရောက်လာခြင်းနှင့်အတူ ရှေ့တန်းရှိ ဗရမ်းဗတာဖြစ်မှုသည် ကြီးစွာ ငြိမ်သက်သွားခဲ့သည်။ ချောင်ယောင်တာ့လူ ချီတက်မှုကို ဦးဆောင်လိုက်ကာ သူတောင်ထိပ်ပေါ်သို့ ဦးတည်လိုက်ပြီး ဖုန်မှုန့်တန်းတစ်ခုကို နောက်တွင် ချန်ရစ်ထားခဲ့သည်။

“သုံးခုမြောက်၊ လေးခုမြောက်နဲ့ ငါးခုမြောက် စတုရန်းပုံစံ အခင်းအကျင်းတွေကို နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်”

“တပ်မှူးချုပ်ရှု့ အဲ့ဒါက အဆင်သင့်ဖြစ်ပြီလား”

***

ဝမ်ချောင် ကျောက်တုံးတစ်တုံးပေါ် ရပ်နေ၏။ ချောင်ယောင်တာ့လူ သူ့ချီတက်မှုကိုပင် မစတင်ခဲ့မီ ဝမ်ချောင်သည် သူ့အမိန့်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ရှု့ရှီးပင်း သူ့ခေါင်းကို ငုံ့လိုက်ပြီး တင်ပြလိုက်၏။

“အရှင် အားလုံး အဆင်သင့်ပါ”

သို့သော် အမှန်တကယ်တွင် သူသည် သူလုပ်နေခဲ့သည့် အရာကို တိတိကျကျ မသိခဲ့ပေ။

ဝမ်ချောင်၏ ပရိယာယ်များသည် သမရိုးကျများနှင့် အလွန်ခြားနားပုံရသည်။

“အဲ့ဒါကို ထုတ်ဖော်လိုက်”

***

ဘုန်း

ကြီးမားသော ဆူးချွန်ချီစက်ကွင်းတစ်ခုသည် ချောင်ယောင်တာ့လူ၏ ခြေဖဝါးအောက်မှနေ၍ ပြန့်ထွက်သွားခဲ့သည်။ အံ့မခန်း စွမ်းအားတစ်ခုဖြင့် ရစ်ပတ်သွားခဲ့ကာ ချောင်ယောင်တာ့လူနှင့် သူ၏ ရာချီသော မြင်းစစ်သည်များသည် ကြယ်တံခွန် တစ်ခုကဲ့သို့ ခိုင်ခံ့သော ခံစစ်စည်းများကို ဖြိုခွဲလိုက်သည်။ လူတစ်ယောက်မှ သို့မဟုတ် မည်သူမျှ သို့မဟုတ် မည်သည့်ခံစစ်စည်းမျှ ဤစွမ်းအားကို မတောင့်ခံနိုင်ပေ။

နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်အနေဖြင့် ချောင်ယောင်တာ့လူသည် ပါချီချန်းအောက်သာ နိမ့်ကျသည်။

သူ့ကို ရပ်တန့်နိုင်သည့် ကျွမ်းကျင်သူများ သေချာပေါက် ရှိကြသော်လည်း ဤအစစ်အမှန် သိုင်းနယ်ပယ် ထန်စစ်သားများ မဟုတ်ကြပေ။ ချောင်ယောင်တာ့လူသည် စစ်မြေပြင်ကို ဖွင့်လှစ်ရန် သူ့ကိုယ်ပိုင် ခွန်အားကို အသုံးပြုပြီး ဤခံစစ်စည်းကို ချိုးဖျက်ရန် စီစဉ်ထားခဲ့သည်။

“သူတို့အားလုံးကို ငါ့အတွက်သတ်ပစ်”

ချောင်ယောင်တာ့လူ တိဗက်ဘာသာစကားဖြင့် အော်ဟစ်လိုက်ကာ သူ၏ရက်စက်သော အသံက ကောင်းကင်ထက် ပဲ့တင်ထပ်နေသည်။ ဤအခိုက်တွင် ချောင်ယောင်တာ့လူသည် အကယ်၍ သူတို့က သူ့လမ်းကြောင်းတွင် ရပ်ရဲခဲ့ပါက နတ်ဘုရားတစ်ပါး သို့မဟုတ် ဗုဒ္ဓတစ်ဆူကိုပင် သတ်ဖြတ်ပေလိမ့်မည်။

သို့သော် ထို့နောက် လုံးဝမမျှော်မှန်းထားသည့် အရာတစ်ခု ဖြစ်ပျက်သွား၏။ ထိုကျောက်တုံးကဲ့သို့ ခိုင်ခံ့သော ခံစစ်စည်းသည် ရုတ်တရက် စတင်နောက်ဆုတ်သွားသည်။ မမြင်ရသော ဓားတစ်ချောင်းက ၎င်းကို ခုတ်ဖွင့်လိုက်သကဲ့သို့ ကြီးမားသော အဟတစ်ခုသည် ထူထပ်သော ခံစစ်စည်းတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

ထို့ပြင် ဤအဟသည် အဆက်မပြတ် ကျယ်ပြန့်လာ၏။

“ဘာဖြစ်နေတာလဲ”

ချောင်ယောင်တာ့လူကဲ့သို့ အတွေ့အကြုံကြွယ်ဝသော လူတစ်ယောက်သည်ပင် မတက်နိုင်ဘဲ ကြက်သေ သေသွားခဲ့သည်။ တပ်ထဲရှိ သူ့နှစ်များတစ်လျှောက်တွင် သူသည် ဤသို့သော အခြေအနေတစ်ခုကို ဘယ်တုန်းကမှ မကြုံခဲ့ဖူးပေ။ ပြင်းထန်သော စစ်မြေပြင်တွင် ဤသို့သော အားနည်းချက်တစ်ခုက သေစေနိုင်သည်။ သို့သော်လည်း ချောင်ယောင်တာ့လူသည် အံ့အားသင့်သွားခဲ့သော်လည်း သူ့မြင်းသည် မနှေးကွေးခဲ့ပေ။ ထိုအဟသည် ကုန်းပြင်မြင့်မြင်းများ အလိုအလျောက် ဝင်မလာမီ သဘာဝဆန်ဆန် ပွင့်သွားပုံရသည်။

“ဟမ် မင်းတို့က ဘာကြံစည်နေသလဲ ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းတို့က ငါ့ရှေ့မှာ ဒီလိုအဟတစ်ခုကို ဖွင့်ရဲရင် မင်းတို့က သေခြင်းတရားကို ရှာဖွေနေတာပဲ”

ချောင်ယောင်တာ့လူ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု တောက်ပသွား၏။ သူသည် သူ့မြင်းကို နှေးကွေးရန် မကြိုးစားခဲ့ရုံသာမက သူသည် ၎င်းကို အပြင်းပင်နှင်လိုက်သည်။ ခြေလျင်တပ်များအတွက် မြင်းတပ်နှင့် တိုက်ခိုက်နေချိန် သူတို့၏ အခင်းအကျင်းတွင် အဟတစ်ခုကို ဖွင့်ရဲရန်မှာ ကိုယ့်ကိုယ်ကို သတ်သေခြင်းဖြစ်သည်။ မြင်းတပ်အမျိုးအစား အားလုံးတို့အတွက် ရန်သူ့ခံစစ်စည်းရှိ အဟလေးတစ်ခုသည် ကျန်လူများကို ချက်ချင်း ချေမှုန်းပစ်ရန် လုံလောက်ပေသည်။

ချောင်ယောင်တာ့လူ၏ အမြင်တွင် ဤထန်စစ်သားများအတွက် ဤသို့သော အရာတစ်ခုကို ပြုလုပ်သည်မှာ လုံးဝကလေးဆန်ခြင်းဖြစ်သည်။

မြင်းများ မြည်ဟီးသွားခဲ့ကာ ချောင်ယောင်တာ့လူ သူ့စစ်တပ်ကို ထိုအဟထဲသို့ ချက်ချင်း ဦးဆောင်လိုက်သည်။ ထန်စစ်တပ်သည် လှိုင်းများကဲ့သို့ ကွဲထွက်သွားခဲ့သော်လည်း ချောင်ယောင်တာ့လူ ထိုစစ်တပ်နောက်ကွယ်တွင် ပုန်းကွယ်နေသည့်အရာကို မြင်လိုက်ချိန်တွင် သူ ဖြူလျော်သွားခဲ့သည်။ သူ့အဆင့်တွင် အလွန်နည်းပါးသော အရာများသာ သူ့အား သူ့စိတ်ကို လွတ်သွားစေနိုင်သော်လည်း ဤသည်က သေချာပေါက် ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။

“ပဲ့ထိန်းဒူးလေးကြီးတွေ”

တောင်စောင်းပေါ်ရှိ ထိုတောက်ပနေသော အလင်းရောင်များက ချောင်ယောင်တာ့လူ၏ အမူအရာကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။ ထိုခံစစ်စည်းနောက်တွင် တစ်ရာကျော်သော ပဲ့ထိန်းဒူးလေးကြီးများ ဖြစ်ကြ၏။ အားကောင်းစေသော မှော်စာလုံး အမျိုးအစား အားလုံးတို့ဖြင့် ရေးထိုးထားသည့် ဤပဲ့ထိန်းဒူးလေးကြီးများ အားလုံးတို့သည် ဘယ်မှညာ အရှေ့မှအနောက် အားလုံး ချောင်ယောင်တာ့လူနောက်ရှိ တိဗက်စစ်တပ်ကို ချိန်ရွယ်ထားခဲ့ကြသည်။

“အရှက်မရှိဘူး”

ချောင်ယောင်တာ့လူ ဒေါသတကြီး အော်ဟစ်လိုက်ကာ သူ့မျက်နှာက ပြင်းထန်စွာ ရှုံ့မဲ့နေခဲ့သည်။ သူသည် ထိုထန်စစ်တပ်၏ စေတနာအလျောက် နောက်ဆုတ်ခြင်းက လှည့်ကွက်တစ်ခု၊ ပဲ့ထိန်းဒူးလေးကြီးများဖြင့် ပြုလုပ်ထားသော ထောင်ချောက်တစ်ခုကို ဖုံးကွယ်ထားမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ လောကတစ်ခုလုံးသည် မဟာထန်၏ ပဲ့ထိန်းဒူးလေးကြီးများနှင့် ၎င်းတို့၏ ကြယ်တာရာစွမ်းအင်မှတဆင့် ထိုးဖောက်နိုင်စွမ်းကို သိထားကြသည်။ သို့တိုင် အကယ်၍ တစ်ခုနှစ်ခုသာ ရှိခဲ့ပါက ချောင်ယောင်တာ့လူသည် ဂရုစိုက်ခဲ့လိမ့်မည် မဟုတ်ပေ။

သို့သော် တစ်ရာကျော်သော ပဲ့ထိန်းဒူးလေးကြီးများသည် ချောင်ယောင်တာ့လူ လျစ်လျူရှု့နိုင်သည့်အရာ မဟုတ်ကြပေ။

ပို၍အရေးကြီးသည်မှာ ထန်စစ်တပ်သည် ၎င်းတို့ကို အချိန်တစ်ခုအထိ ပြင်ဆင်ထားခဲ့သည်မှာ ရှင်းလင်းလှသည်။ သူ ထိုပဲ့ထိန်းဒူးလေးကြီးများကို မြင်လိုက်ချိန်တွင် သူတို့အားလုံးတို့သည် ပစ်ခတ်ရန် အဆင့်သင့်ဖြစ်နေခဲ့ကြကာ ရှောင်ရှားနိုင်သည့် အခွင့်အရေးကို မချန်ထားခဲ့ပေ။

ဘုန်း ဘုန်း ဘုန်း ဘုန်း

ထိုရုတ်ချည်း ပြောင်းလဲမှုကို ဖော်ပြရန် မဖြစ်နိုင်ပေ။ ထိုတစ်ရာကျော်သော ပဲ့ထိန်းဒူးလေးကြီးများ တစ်ပြိုင်ထဲ ပစ်ခတ်လိုက်ချိန်တွင် ကောင်းကင်ကြီးသည်ပင် မှေးမှိန်သွားခဲ့သည်။ ထိုယန္တရားများ ပစ်ခတ်လိုက်သည်နှင့် လေထုသည် တုန်ခါသွားခဲ့ကာ အခြားနေရာများမှ တိုက်ခိုက်မှု အသံများကို ဖုံးလွှမ်းသွားခဲ့သည်။ ၎င်းတို့၏ ထိပ်များသည် ထက်ရှသည့် အလင်းရောင်တစ်ခုဖြင့် တောက်ပနေသည့် ထူထည်းသော ပဲ့ထိန်းဒူးလေး မြားများသည် သေခြင်းနတ်ဘုရား၏ ချိတ်ကောက်ကဲ့သို့ ထိုအဟရှိ တိဗက်မြင်းစစ်သည်များဆီသို့ ပြေးဝင်လာခဲ့သည်။

အထက်မှအောက်အထိ ဘယ်မှညာအထိ ဤပဲ့ထိန်းဒူးလေးမြားများသည် ဤတိဗက် မြင်းစစ်သည်များအတွက် ဆုတ်ခွာခြင်းကို ဖြတ်တောက်ထားခဲ့ပြီး သူတို့အား ရှောင်ရှားရန် မည်သည့်နေရာမျှ မကျန်ရစ်စေခဲ့ပေ။ သူ့နောက်ရှိ သာမာန်စစ်သားများ မဆိုထားနှင့် ချောင်ယောင်တာ့လူကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်သည်ပင် လှုပ်ရှားရန် နေရာများစွာ မရှိခဲ့ပေ။

ဖလူး

တိဗက်မြင်းစစ်သည် တစ်ယောက်နှင့် သူ့မြင်းတို့ကို အနက်ရောင် ပဲ့ထိန်းဒူးလေး မြားတစ်ချောင်းမှ ဖြတ်သန်းသွားခဲ့ကာ သွေးများ ပေါက်ကွဲသွားခဲ့သည်။ ထိုကြီးမားသော မြားကြီးသည် သူ့ရင်ဘက်ကို ထိုးဖောက်သွားခဲ့ပြီး သူ့နောက်ကျောမှ ထွက်လာခဲ့ကာ သူ့နောက်ရှိ တိဗက်များဆီသို့ ဆက်လက် သွားခဲ့ပြီး ထို့နောက် တတိယတစ်ယောက်၊ စတုတ္ထတစ်ယောက်၊ ပဉ္စမတစ်ယောက်...

ဤအရက်စက်ဆုံး မြင်ကွင်းများသည် အော့နှလုံးနာစရာ အကောင်းဆုံး အလှတရားကို ဖန်တီးခဲ့သည်။ ပဲ့ထိန်းဒူးလေးကြီးများသည် စစ်မြေပြင်တွင် ကြောက်မက်ဖွယ်အကောင်းဆုံး လက်နက်များ ဖြစ်ကြသည်။ ဝူရှန်း၏ ကျော်ကြားသော ချပ်ဝတ်တန်ဆာများသည်ပင် ဤပဲ့ထိန်းဒူးလေး များစွာအတွက် ပြိုင်ဘက်မဟုတ်ကြပေ။ ၎င်းတို့သည် စက္ကူများကဲ့သို့ ချိုးဖြတ်ခံလိုက်ရသည်။

ဝမ်ချောင်၏ အဟတစ်ခုဖွင့်ရန် အမိန့်သည် တိဗက်မြင်းတပ်ကို ဝင်လာစေရန် မျှားခေါ်ခဲ့ပြီး ယခုအခါ ကြောက်မက်ဖွယ်အကောင်းဆုံး မြင်ကွင်းတစ်ခုကို ဖန်တီးခဲ့သည်။ ဤသို့သော ကျဉ်းမြောင်းသည့် နေရာရှိ ဤသို့သော ဆွဲဆန့်ထားသည့် မြင်းတပ် အခင်းအကျင်းသည် မဟာထန် ပဲ့ထိန်းဒူးလေးကြီးများကို အမြင့်မားဆုံးသော အကျိုးသက်ရောက်မှုဖြင့် လုပ်ဆောင်နိုင်စေခဲ့သည်။

ခလွပ် ခလွပ် ခလွပ်

အရိုးများနှင့် သွေးများ နေရာတိုင်းသို့ လွင့်ထွက်သွားခဲ့သည်နှင့် တိဗက်များသည် ပေါင်းပင်များကဲ့သို့ ခုတ်ဖြတ်ခံလိုက်ရသည်။ အနည်းဆုံး ခုနှစ်ရာရှိသည့် တိဗက်မြင်းစစ်သည်များအတွက် ညဉ်းသံတစ်ချက်ပင် မရှိဘဲ လဲကျသွားရန် တခဏသာ ကြာမြင့်ခဲ့သည်။

မည်သူမျှ ဝမ်ချောင် အသုံးပြုခဲ့သကဲ့သို့ ပဲ့ထိန်းဒူးလေးကြီးများကို အသုံးမပြုခဲ့ဖူးသလို မည်သူမျှ ပဲ့ထိန်းဒူးလေးကြီး၏ စွမ်းအားကို ဤအဆင့်အထိ ဆွဲမထုတ်ခဲ့ဖူးပေ။ ပို၍အရေးကြီးသည်မှာ ချောင်ယောင်တာ့လူသည်ပင် ဝမ်ချောင်၏ ထောင်ချောက်ထဲ မိသွားခဲ့ခြင်းဖြစ်၏။

ဘန်း ဘန်း ဘန်း

လေထဲမှ ဖြတ်သန်းလာသည့် ချောင်ယောင်တာ့လူကို ချိန်ရွယ်ထားကြသည့် မြားတစ်ချောင်းပြီး တစ်ချောင်းတို့သည် သူ့အနားရှိ နေရာလပ်ကို ချိတ်ပိတ်နေခဲ့ကြသည်။ ဤသို့သော တိုတောင်းသည့် သိရှိမှုတွင် ချောင်ယောင်တာ့လူသည် ရှောင်ရှားရန် အချိန်မရခဲ့ပေ။ သူသည် သူ့ခန္ဓာကိုယ်ရှိ ကြယ်တာရာ စွမ်းအင်ကိုသာ အကန့်အသတ်အထိ တွန်းပို့နိုင်ခဲ့ပြီး ၎င်းက ဤတိုက်ခိုက်မှု မုန်တိုင်းကို ခုခံနိုင်ရန်သာ မျှော်လင့်နိုင်ခဲ့သည်။

ယခုလေးတင် တိုက်ခိုက်မှုများသည် ဖော်ပြ၍မရနိုင်ဖြစ်ပြီး ရှေ့ဆုံးတွင် ချီတက်မှုကို ဦးဆောင်လာခဲ့သည့် ချောင်ယောင်တာ့လူသည် အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများကို ခံစားခဲ့ရသည်။

အမှန်ပင် ဝမ်ချောင်သည်လည်း တိုက်ခိုက်မှု အများစုကို ဤရဲရင့်သော ဝူရှန်းစစ်သူကြီးကို ချိန်ရွယ်စေခဲ့သည်။

ဘုန်း ဘုန်း ဘုန်း

တစ်ခုချင်းစီသည် ကျောက်တုံးကို ဖျက်ဆီးရန် လုံလောက်သည့် စွမ်းအားကို သယ်ဆောင်နေပြီး တိဗက်ချပ်ဝတ်တန်ဆာကို ချိုးဖောက်ကာ လိုင်းတစ်လိုင်းရှိ မြင်းစစ်သည် ခုနှစ်ယောက်ရှစ်ယောက်ကို သတ်ဖြတ်ခဲ့သည့် မြားတစ်ချောင်းပြီး တစ်ချောင်းတို့သည် ချောင်ယောင်တာ့လူ၏ ကြယ်တာရာစွမ်းအင် နံရံပေါ်သို့ စတင်ကျရောက်လာခဲ့သည်။ အရှေ့၊ အနောက်၊ ဘယ်၊ ညာ တိုက်ခိုက်မှုများသည် သူ့ပေါ်သို့ မီးရှုးမီးပန်းများကဲ့သို့ ကျဆင်းလာခဲ့သည်။

အနည်းဆုံး ခုနှစ်ဆယ်လောက်ရှိသော ကြီးမားသည့် ပဲ့ထိန်းဒူးလေး မြားများသည် ချောင်ယောင်တာ့လူ၏ ကြယ်တာရာစွမ်းအင် နံရံကို ရိုက်ခတ်သွားခဲ့သော်လည်း ဤမယုံနိုင်စရာ ကောင်းလောက်အောင် ပြင်းထန်သည့် မြားများအားလုံးတို့သည် သူတို့ကသူ့ကို ထိပင်မထိနိုင်မီ မမြင်ရသော နံရံဖြင့် ရပ်တန့်ခံလိုက်ရသည်။ ချောင်ယောင်တာ့လူ၏ လှုပ်လှုပ်ရှားရှား ဖြစ်နေသော ကြယ်တာရာစွမ်းအင်သည် ဤတရစပ် ပစ်ခတ်မှုရှေ့တွင် တုန်ခါရုံမျှတုန်ခါသွားခဲ့သည်။

ဤခုနှစ်ဆယ်၊ ရှစ်ဆယ်ရှိသော ပဲ့ထိန်းဒူးလေး မြားများထဲမှ တစ်ခုကမှ သူ့ကြယ်တာရာ စွမ်းအင်ကို မထိုးဖောက်နိုင်ခဲ့ကြပေ။

သို့သော်လည်း ကျော်ကြားလှသော မဟာထန်၏ ပဲ့ထိန်းဒူးလေးကြီးသည် လွယ်ကူစွာ ပိတ်ဆို့မခံခဲ့ကြရပေ။ ချောင်ယောင်တာ့လူသည် ၎င်းတို့ကို ပိတ်ဆို့နိုင်ခဲ့သော်လည်း သူသည် သူ့ခန္ဓာကိုယ်ရှိ ကြယ်တာရာစွမ်းအင်များက အဆက်မပြတ် ကုန်ဆုံးသွားသည်ကို ခံစားနိုင်ခဲ့ပြီး သူ့မျက်နှာက ၎င်းနှင့်အတူ ဖြူလျော်သွားခဲ့သည်။ သို့သော် တခဏအတွင်းမှာပင် ချောင်ယောင်တာ့လူသည် သူကလုံးဝ မထိခိုက်ခဲ့သော်လည်း သူ့ကြယ်တာရာစွမ်းအင်၏ သုံးပုံနှစ်ပုံကို ဆုံးရှုံးသွားခဲ့သည်။

“သေစမ်းကွာ”

ချောင်ယောင်တာ့လူ၏ အမူအရာသည် နီရဲသွားခဲ့ပြီး တုန်လှုပ်သွားခဲ့၏။ ပထမဆုံး အကြိမ်အနေဖြင့် သူအကြောက်တရားကို ခံစားလိုက်ရသည်။

ဤခုနှစ်ရာကျော်သော လက်ရွေးစင် မြင်းစစ်သည်များသည် သူ၏ကိုယ်ပိုင် အစောင့်များ ဖြစ်ကြပြီး သူတိုက်ခိုက်သည့် နေရာတိုင်းကို သူ့နောက် လိုက်ပါခဲ့ကာ သူ့မျိုးနွယ်စု၏ အကောင်းဆုံးဖြစ်ကြပြီး ထိုအကောင်းဆုံးများထဲမှ အချို့သည် ဟော့ရှု့ဟွိုင်ချန်၏ ကွပ်ကဲမှုအောက်တွင် ရှိကြသည်။ သူတို့သည် ထိုထန်စစ်တပ်ကို ချေမှုန်းရန် ဤစစ်ပွဲတွင် သူနှင့်အတူ ပါဝင်ခဲ့ကြသော်လည်း ဤအခိုက်တွင် သူ့အား လုံးဝယုံကြည်ခဲ့ကြသည့် ဤငယ်သားများသည် ညဉ်းသံတစ်ချက်ပင် မထွက်ဘဲ သေဆုံးသွားခဲ့ကြသည်။

သူတို့သည် တစ်ခါက မဟာထန်၏ မရေမတွက်နိုင်သော ရဲရင့်သည့် စစ်သားများကို အမဲလိုက်ခဲ့ကြပြီး ကျားများကို တိုက်ခိုက်နိုင်စွမ်း ရှိခဲ့ကြကာ နဂါးများကို ဖမ်းဆီးနိုင်စွမ်း ရှိခဲ့ကြသော်လည်း သူတို့သည် ဤပဲ့ထိန်းဒူးလေးကြီးများရှေ့တွင် စက္ကူတစ်ရွက်ကဲ့သို့ ဖျက်ဆီးလွယ်ခဲ့ကြသည်။

သူသည် အကယ်၍ သူတို့က တစ်ကြိမ်လျှင်တစ်ချောင်း ရောက်လာခဲ့ပါက ဤမြားများကို ရှောင်ရှားနိုင်ကောင်း ရှောင်ရှားနိုင်သော်လည်း သူ့ရန်သူများသည် သူ့အား ဤအခွင့်အရေး မပေးခဲ့ပေ။ မြားချောင်း ခုနှစ်ဆယ်၊ ရှစ်ဆယ်တို့သည် တစ်ချိန်ထဲတွင် ရောက်လာခဲ့ပြီး တစ်စက္ကန့်အတွင်း သူ့ကြယ်တာရာစွမ်းအင် သုံးပုံ၊ နှစ်ပုံကို ကုန်ဆုံးစေခဲ့သည်။ စစ်သားတစ်ယောက်အဖြစ် သူ့နှစ်များစွာအတွင်း သူသည် ဤသို့သော ကြောက်မက်ဖွယ်ကောင်းသည့် ရန်သူတစ်ယောက်ကို ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ဖူးပေ။

သူသည် သူ့ရန်သူကို တွေ့ပင်မတွေ့ခဲ့ရသော်လည်း သို့မဟုတ် သူတို့က မည်သူဖြစ်သည်ဆိုသည်ကို သိပင်မသိခဲ့သော်လည်း ချောင်ယောင်တာ့လူသည် သူတို့ကို စတင်ကြောက်ရွံ့လာသည်။

စက္ကန့်ဝက်သာ ကြာမြင့်ခဲ့သည့် ထိုတိုက်ခိုက်မှုများသည် သူ့မောက်မာမှုကို လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။

ဤအခိုက်တွင် ရဲရင့်ပြီး မောက်မာသော ချောင်ယောင်တာ့လူသည် ဆုတ်ခွာရန် စတင်တွေးတောလာသည်။

“ဟမ် မင်းက ဝင်လာခဲ့ပြီးပြီမို့ ထွက်သွားဖို့ စဉ်းစားနေသေးတာလား”

ချောင်ယောင်တာ့လူ သူ့မြင်းကို လှည့်ပင်မလှည့်နိုင်မီ သူသည် အေးစက်သော အသံတစ်ခုကို နားထဲ ကြားလိုက်ရသည်။ ထိုတရစပ် တိုက်ခိုက်မှုများ ရပ်တန့်သွားသည့် အခိုက်တွင် ကောင်းကင်ကြီးသည် မှေးမှိန်သွားခဲ့ကာ ထက်ရှသော ဓားချီတစ်ခုသည် လေထဲမှနေ၍ သက်တန့်တစ်ခုကဲ့သို့ ဖြတ်သန်းလာကာ ကောင်းကင်ထဲမှနေ၍ ပိုင်းချလာခဲ့သည်။ လျှပ်တပြက်အတွင်း လူအိုကြီးလင်းယုန်ငှက်၊ တပ်မှူးချုပ်ရှု့၊ လီစီးယိနှင့် အခြားအရာရှိများ အားလုံးတို့သည် သူတို့မြင်းများပေါ်မှနေ၍ ခုန်ထွက်လိုက်ပြီး ကျားများကဲ့သို့ ချောင်ယောင်တာ့လူအနားတွင် စုရုံးလိုက်ကာ ဟစ်ကြွေးလိုက်ကြသည်။

ချောင်ယောင်တာ့လူ အသက်ရှုရန် မဖြစ်နိုင်သည်ကို တွေ့လိုက်ရပြီး သူ့တစ်ကိုယ်လုံးက မွန်းကြပ်သွား၏။

သူ့မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းစွာ ဖြူလျော်နေခဲ့ပြီး သူသည် ပထမဆုံး အကြိမ်အနေဖြင့် သေခြင်းတရား၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။

“အား”

အော်သံတစ်ခု တောင်တန်းများကို ဖြတ်သန်းသွားခဲ့ပြီးနောက် ရုတ်တရက် ပြတ်တောက်သွားခဲ့သည်။ အချိန်သည် ရပ်တန့်သွားပုံပေါ်ပြီး တောင်လယ်မှနေ၍ တောင်ခြေအထိ တိဗက်များအားလုံး ကြောက်ရွံ့သည့် အမူအရာများကို စတင်ပြသလာခဲ့ကြသည်။ သူတို့သည် ထိုအသံကို မစိမ်းသက်ခဲ့ကြပေ။ ၎င်းသည် သူ့အဆုံးသတ်ကို ရင်ဆိုင်သွားသည့် ချောင်ယောင်တာ့လူ၏ အော်သံဖြစ်၏။

တိုက်ပွဲသည် (၁၅)မိနစ်ပင် မကြာခဲ့သေးသော်လည်း နာ့ယိတော်ဝင်မျိုးရိုး၏ ထင်ရှားကျော်ကြားသော ချောင်ယောင်တာ့လူသည် တောင်ပေါ်သို့ ချီတက်နေစဉ် သေဆုံးသွားခဲ့ပြီဖြစ်သည်။

၎င်းသည် အလွန်မြန်ဆန်စွာ ပြီးဆုံးသွားခဲ့ကာ ချောင်ယောင်တာ့လူသည် ထွက်ပြေးရန် အခွင့်အရေး တစ်ခုကိုပင် မရရှိခဲ့ပေ။ ဤအခိုက်တွင် ရဲရင့်ပြီး ရက်စက်ကြမ်းကြုတ်သော တိဗက်များသည် စတင် ကြောက်ရွံ့လာကြသည်။

ယခုမှသာ သူတို့သည် ဤထန်စစ်တပ်က သူတို့ မျှော်လင့်ထားခဲ့သည်နှင့် လုံးဝခြားနားသည်ကို ရုတ်တရက် စတင် သတိပြုမိလိုက်သည်။

“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ပါချီချန်း၏ မျက်လုံးများ ချောင်ယောင်တာ့လူ စစ်မြေပြင်မှ မီးရှုးမီးပန်းတစ်ခုကဲ့သို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရကာ ပါချီချန်း၏ မျက်လုံးများ ဒေါသကြောင့် ပေါက်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ့လက်သီးများကို ဆုပ်ထားခဲ့ပြီး သူ့လက်မောင်းများရှိ သွေးကြောများက ထောင်ထနေခဲ့သည်။ သူသည် သူ့မျက်လုံးများကို မယုံကြည်ရဲခဲ့ပေ။

၎င်းသည် အလွန်ရုတ်တရက်ဆန်လှ၏။

ပါချီချန်းသည် သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာအရပင် မပြင်ဆင်ခဲ့ရသေးသော်လည်း ချောင်ယောင်တာ့လူ သေဆုံးသွားခဲ့ပြီဖြစ်သည်။

“အသုံးမကျတဲ့အမှိုက်။ မင်းက ငါ့ကိုတကယ်ပဲ စိတ်ပျက်စေတယ်”

ဒေါသမီးလျံများ ပါချီချန်း၏ နှလုံးသားထဲတွင် လောင်ကျွမ်းသွားခဲ့ကာ သူသည် သွားကြားမှထွက်သည့် လေသံဖြင့် အော်ဟစ်လိုက်သည်။

ချောင်ယောင်တာ့လူ၏ သေဆုံးမှုအပေါ် ပါချီချန်း ခံစားလိုက်ရသည့် ပထမဆုံး ခံစားချက်မှာ သနားညှာတာမှု သို့မဟုတ် ရှုံးနိမ့်မှု မဟုတ်ခဲ့သော်လည်း ပေါက်ကွဲလာသည့် ဒေါသဖြစ်သည်။ ချောင်ယောင်တာ့လူ၏ ညံ့ဖျင်းမှုသည် လက်ခံရန် ခက်ခဲခဲ့သည်မှာ သံသယရှိစရာ မလိုပေ။ ဤဆောင်ရွက်မှုတွင် မဟာဝန်ကြီး တာ့လန်ရောကျန်နှင့် မဟာစစ်သူကြီး ဟော့ရှု့ဟွိုင်ချန်တို့သည် နောက်တွင် ရဲရင့်သော စစ်သူကြီးသုံးယောက်ကို ချန်ရစ်ထားခဲ့သည်။

သူတို့ထဲတွင် ချောင်ယောင်တာ့လူသည် အရင်းနှီးဆုံးဖြစ်၏။

ထို့ကြောင့်လည်း ပါချီချန်းသည်သူ့ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်ပေသည်။

ပါချီချန်းသည် တစ်ခါက ချောင်ယောင်တာ့လူအတွက် မြင့်မားသော မျှော်လင့်ချက်များ ရှိခဲ့သည်။ သူသည် သူ့အား ထိုမျှလွယ်ကူစွာ ရှုံးနိမ့်သွားမည်ဟု မမျှော်လင့်ထားခဲ့ပေ။

********************

အခန်း(၅၁၃)

အဓိကတိုက်ပွဲ(၄)

“လူတိုင်း ငါ့အမိန့်ကို နားထောင် လှေကားထစ်ပုံစံ အခင်းအကျင်းကို ဖွဲ့စည်း။ စစ်သားတွေအကုန်လုံး ချီတက်ကြ။ နောက်ဆုတ်တဲ့ ဘယ်သူမဆို ကွပ်မျက်ခံရတယ်”

ပါ့ချီချန်း၏ မျက်လုံးများ အေးစက်နေခဲ့ကာ သူ့တစ်ကိုယ်လုံးသည် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုဖြင့် ပေါက်ကွဲနေခဲ့သည်။

“ဟုတ်ကဲ့ပါ စစ်သူကြီး”

တိဗက်မြင်းတပ်၏ သားရဲကဲ့သို့ အော်သံများ ကောင်းကင်ထက် ပဲ့တင်ထပ်သွားသည်။

ဝူရှန်း၊ နာ့ယိတော်ဝင်မျိုးရိုးတွင် ပါ့ချီချန်း၏ ဂုဏ်သတင်းသည် ချောင်ယောင်တာ့လူနှင့် မယှဉ်နိုင်ပေ။ မျိုးနွယ်စုအတွင်း အတွင်းပိုင်း ပဋိပက္ခများနှင့် မဟာထန်ကို ဆန့်ကျင်သည့် တိုက်ပွဲများတွင် ပါ့ချီချန်းသည် သူ့ခွန်အားကို သက်သေပြခဲ့ပြီးဖြစ်သည်။ ထန်စစ်တပ်၏ စစ်သားခြောက်သောင်းကို ရင်ဆိုင်သည့် တိုက်ပွဲတွင် ပါ့ချီချန်းသည် ထန်အလယ်ဗဟိုကို ချိုးဖောက်ခဲ့သည့် ချီတက်မှုကို ဦးဆောင်ခဲ့သည်။

ကျားငါးကောင် စစ်သူကြီးများကြားရှိ သူ၏အလွန်မြင့်မားသော အဆင့်အတန်းသည် ဤစွမ်းရည်အပေါ် အခြေခံပေသည်။

ပါ့ချီချန်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရန် ဆုံးဖြတ်လိုက်ခြင်းနှင့်အတူ တိဗက်မြင်းစစ်သည် ခြောက်ထောင်တို့သည် နောက်တစ်ကြိမ် ပြင်းထန်သော တိုက်ခိုက်ချင်စိတ်ဖြင့် ပေါက်ကွဲသွားခဲ့သည်။ ချောင်ယောင်တာ့လူ သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသော ဝမ်းနည်းမှုသည် ချက်ချင်း လွင့်ပျယ်သွားခဲ့သည်။

ဝီး

သူ့မျက်လုံးများ တောက်ပနေခဲ့ကာ ပါ့ချီချန်းသည် ကျန့်အတော်များများရှည်ပြီး လက်မလောက် ထူထည်းသည့် အနက်ရောင် နောက်ခံပေါ် အဖြူရောင် တိဗက်နွားရိုင်းဖြူ တစ်ကောင်ကို ရေးထိုးထားသည့် ဝူရှန်း၏ မြင့်မြတ်သော အလံကို လက်အောက်ငယ်သား တစ်ယောက်ဆီမှ ယူလိုက်သည်။ ထိုအချိန်တွင် သူ့ညာလက်သည် သူ့ဓားမကို ကိုင်ဆောင်ထား၏။

“သတ်”

ကောင်းကင်ကို လောင်ကျွမ်းသွားသည့် လျှပ်စီးကဲ့သို့ ပါ့ချီချန်းသည် သူ့မြင်းကိုရှေ့သို့ အပြေးနှင်လိုက်ပြီး နီရဲသော မီးတောက်များသည် သူ့ခန္ဓာကိုယ်မှနေ၍ ပေါက်ကွဲနေခဲ့ကာ သူ့စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံနေခဲ့သည်။ သူသည် နီရဲသော တိမ်တိုက်တစ်ခုကဲ့သို့ ၎င်းတို့အား တောင်ထိပ်ဆီသို့ ဦးဆောင်လိုက်ကာ သူ့မြင်းစစ်သည် ခြောက်ထောင်တို့၏ အရှိန်အဝါနှင့် အရှိန်အဟုန်တို့သည် ချောင်ယောင်တာ့လူနှင့် လုံးဝခြားနားပေသည်။

ဧရာမတောင်ကြီးသည် တုန်ရီသွားခဲ့ပြီး ကျောက်တုံးကျောက်ခဲများကို တောင်ထိပ်မှနေ၍ အဆက်မပြတ် လိမ့်ကျသွားစေခဲ့သည်။

ထို့ပြင် ဤအချိန်၌ ပါ့ချီချန်းသည် တောင်ခြေသို့ပင် မရောက်ခဲ့သေးပေ။

“သခင်လေး ပါ့ချီချန်းက သူ့စစ်တပ် တစ်ခုလုံးကို ဦးဆောင်လိုက်ပြီ”

တောင်ထိပ်ရှိ အရာရှိများသည် အားလုံး စိုးထိတ်နေခဲ့ကြသည်။

ပါ့ချီချန်းသည် ချောင်ယောင်တာ့လူနှင့် လုံးဝမတူညီသော ပုံစံတစ်ခုဖြင့် သူ့စစ်တပ်ကို ဦးဆောင်ခဲ့သည်။ သူ့စစ်တပ်တွင် ခမ်းနားထည်ဝါသော အရှိန်အဟုန် တစ်ခုရှိပြီး အားကောင်းပြီး အဆုံးမရှိသော မုန်တိုင်းတစ်ခုဖြစ်သည်။ အကယ်၍ တစ်ယောက်သည် ချောင်ယောင်တာ့လူ၏ စစ်တပ်ကို ကျောက်တုံးများအား အဆုံးမရှိ ရိုက်ခတ်နေသည့် လှိုင်းလုံးကြီးများအဖြစ် သရုပ်ဖော်ခဲ့ပါက ပါ့ချီချန်း၏ စစ်တပ်သည် တိုင်ဖွန်းမုန်တိုင်း သို့မဟုတ် လေဆင်နှာမောင်း တစ်ခုဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကြား အဟကို ပေါင်းကူးထားခဲ့ပြီး ရပ်တန့်၍မရသော အရှိန်အဟုန်တစ်ခုဖြင့် ချဉ်းကပ်လာနေသည်။ ထိုနှစ်ခုကို နှိုင်းယှဉ်ခြင်းက ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်နှင့် နှိုင်းယှဉ်နေသကဲ့သို့ ဖြစ်သည်။

“အရှင် ပါ့ချီချန်းက အထင်သေးလို့ မရဘူး။ သူ့အောက်မှာရှိတဲ့ စစ်သားတွေ အကုန်လုံးက ထူးခြားတဲ့ တိုက်ခိုက်မှု စွမ်းအားတွေရှိတဲ့ လက်ရွေးစင်တွေပဲ။ စစ်သူကြီးလီရဲ့ ရွှေရောင်ခံတပ် အခင်းအကျင်းကို အားပေးခဲ့တဲ့လူတွေက သူတို့တွေပဲ” အရာရှိတစ်ယောက် သတိပေးလိုက်၏။

အရာရှိများထဲမှ တစ်ယောက်မှ အတိတ်က နောက်တစ်ကြိမ် ပြန်ဖြစ်လာမည်ကို မမြင်ချင်ခဲ့ကြပေ။ ထိုအချိန်က ပါ့ချီချန်း၏ တပ်သားများသည် သူတို့က လီကျန်းရီ၏ ခံစစ်ကို ချိုးဖောက်လိုက်သောအခါ ဤကဲ့သို့ အတိအကျဖြစ်သည်။ လေကဲ့သို့ သွက်လက်ပြီး မီးကဲ့သို့ ရန်လိုကာ တောင်တစ်လုံးကဲ့သို့ ခိုင်မာ၏။ သူတို့က ထိုအတိတ်က အမှားများကို သတိပြန်ရရန် ကြိုးစားလိုက်သောအခါ လူတိုင်းသည် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

“အရှင် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ အဓိကတပ်ဖွဲ့ကို စေလွှတ်သင့်ပါတယ်” နောက်ထပ် ထန်အရာရှိ စိုးရိမ်ကြီးစွာ အကြံပြုလိုက်သည်။ “ဒီလိုမှမဟုတ်ရင် ရှေ့တန်းမှာ ကျွန်တော်တို့ ချထားခဲ့တဲ့ တပ်ဖွဲ့ဝင်တွေက တောင့်ခံနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ခြေစည်းတွေက လဲပြိုသွားရင် ကျွန်တော်တို့အားလုံး ပျက်စီးကိန်းစိုက်လိမ့်မယ်”

ဝမ်ချောင် လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “တုန်လှုပ်စရာ မလိုဘူး။ ငါ့အမိန့်တွေကို နားထောင်” သူ၏တည်ငြိမ်သော လေသံသည် စည်းရုံးနိုင်သော စွမ်းအားတစ်ခုကို သယ်ဆောင်ထားပြီး အရာရှိများ သူတို့အချင်းချင်း ကြည့်လိုက်ကြသောအခါ သူတို့သည် သူတို့၏ ပူပန်မှုက လွင့်ပျယ်သွားသည်ကို ခံစားလိုက်ရသည်။

ဝုန်း

ထိုစစ်တပ် ချဉ်းကပ်လာသည်နှင့် အနီရောင်ဆူးချွန် ချည်စက်ကွင်းများသည် စတင်ပေါ့ပါးလာပြီး တပ်၏ စစ်သားများအပေါ် ပြန့်နှံ့သွားသည်။ လဟာပြင်များ စတင်တွန့်ချိုးလာသည်နှင့် အနီရောင် မီးတောက်တစ်ခုသည် စစ်တပ်ကို ဝါးမြိုသွားပုံရသည်။ ပါ့ချီချန်းက ထွက်ခွာလာနေသည်ကို ကြည့်ကာ တောင်ပေါ်ရှိ စိတ်ဓာတ်ကျနေသော တိဗက်များသည် ပြန်လည်လှုပ်ရှားလာခဲ့ကြပြီး ပါ့ချီချန်း၏ ချီတက်မှုကို စတင်ပူးပေါင်းလိုက်ကြသည်။

လိမ့်နေသည့် နှင်းဘောလုံးတစ်ခုကဲ့သို့ တိဗက်စစ်တပ်သည် များပြားလာပြီး ၎င်း၏ အရှိန်အဟုန်က အံ့မခန်းအဆင့်များအထိ တိုးလာခဲ့သည်။

ဝုန်း

ပါ့ချီချန်း တောင်ခြေသို့ ရောက်သောအခါ တောင်သည် သူ့စစ်တပ်၏ အလေးချိန်ကြောင့် တုန်ခါသွားပုံရသည်။ ကမာ္ဘမြေကြီး တုန်ခါသွားခဲ့ပြီး ပြိုကွဲတော့မည်ကဲ့သို့ ခိုက်ခိုက်တုန်သွားခဲ့သည်။

“နောက်တစ်ခါ ဒါပဲ”

“စစ်သူကြီးလီ...”

“ပါ့ချီချန်း သူလာနေပြီ”

...

တောင်ပေါ်တွင် ထန်စစ်သားများ ထိုအနီရောင် တိဗက်နွားရိုင်းဖြူ အလံနှင့် ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားသော အနီရောင်မီးတောက်များဖြင့် ဖုံးလွှမ်းနေသည့် ထိုတိဗက် စစ်သူကြီးကို မြင်လိုက်သောအခါ ကြောက်ရွံ့မှုသည် သူတို့၏ မျက်လုံးများထဲ စတင်ပေါ်ပေါက်လာခဲ့သည်။

ဝမ်ချောင် မူလက ဦးဆောင်ခဲ့သည့် တပ်ဖွဲ့ဝင်များမှလွဲ၍ စစ်သားများအားလုံးနီးပါး တိဗက်များကို ရင်ဆိုင်သည့် ထိုထိပ်တိုက် တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည်။

ပျံဝဲနေသည့် တိဗက်နွားရိုင်းဖြူ အလံနှင့် လှုပ်ခါနေသည့် မီးတောက်များဖြင့် ဖုံးလွှမ်းနေသည့် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ထိုစစ်သူကြီးတို့သည် သူတို့၏ အဆိုးရွားဆုံး အိမ်မက်ဆိုးများ ဖြစ်လာခဲ့ကြသည်။

“ကရုစိုက်”

“သတိထား”

...

ရှု့ချီချင်း စိုးရိမ်သွားခဲ့ကာ သူ့အော်သံများ စစ်တပ်အပေါ် ပဲ့တင်ထပ်သွားခဲ့သည်။

လွန်ခဲ့သည့် ဆယ်ရက်ကျော်က ပါ့ချီချန်းသည် စစ်ကူစစ်တပ်၏ စစ်သားခြောက်သောင်းတို့၏ အလယ်ဗဟိုကို ချိုးဖောက်ရန် အတိအကျပင် ဤနည်းလမ်းကို အသုံးပြုခဲ့ပေသည်။ ယခုအခါ သမိုင်းသည် ပြန်လည်ပတ်လာခဲ့ပြီး ပါ့ချီချန်းသည် နောက်တစ်ကြိမ် တိုက်ခိုက်လာခဲ့သည်။ ဤသည်က မဟာထန်နှင့် ဝူရှန်းကြားရှိ တပ်ခွဲအဆင့် တိုက်ပွဲတစ်ခုဖြစ်၏။ တစ်ခုတည်းသော လမ်းကြောင်းမှာ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းဖြစ်သည်။ အကယ်၍ သူတို့သည် သူတို့ရှေ့ရှိ ဤစစ်တပ်ကို အနိုင်မယူနိုင်ခဲ့ပါက မဟာထန်တွင် အနောက်တောင်ဘက်သို့ပို့ရန် နောက်ထပ် စစ်ကူများ ရှိတော့လိမ့်မည် မဟုတ်ပေ။

“ဒိုင်းတွေကိုမြှောက်”

“တပ်သားတွေအကုန်လုံး အဆင်သင့်ပြင်ထား”

“လှံသမား၊ ပုဆိန်သမား ကိုယ့်ကိုယ်ကို ပြင်ဆင်ထား”

...

အမိန့်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာ၏။ ဤအခိုက်တွင် အတည်ငြိမ်ဆုံးသောလူမှာ သူ၏ပထမဆုံး တိုက်ပွဲကို ရင်ဆိုင်နေရသည့် ဝမ်ချောင်ဖြစ်သည်။

“သူက တကယ့်ကို ခက်ထန်တဲ့ စစ်သူကြီးတစ်ယောက်ပဲ”

လေပြင်းများ တောင်ခြေမှနေ၍ တောင်ထိပ်သို့ ရောက်လာသည်နှင့် ဝမ်ချောင်သည် ပူနွေးသော မီးတောက်များကို ခံစားရလုနီးပါး ခံစားနိုင်ခဲ့သည်။ သူ့စစ်တပ် တစ်ခုလုံးသည် အလွန်အမင်း တင်းမာသော အခြေအနေတွင် ရှိနေချိန် ဝမ်ချောင်ကို စိတ်အတည်ငြိမ်ဆုံးလူအဖြစ် ဖော်ပြနိုင်ပေသည်။ သို့သော် သူရင်ဆိုင်ခဲ့ရသည့် တိုက်ပွဲအားလုံး ပြီးနောက်တွင်ပင် ဝမ်ချောင်သည် ထိုပါ့ချီချန်းက အမှန်ပင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စစ်သူကြီးတစ်ယောက် ဖြစ်သည်ကို ဝန်ခံရပေအုံးမည်။

ဝမ်ချောင်သည် ချောင်ယောင်တာ့လူကဲ့သို့ အရေးကြီးသော စစ်သူကြီးတစ်ယောက်ကို ချက်ချင်း သတ်ဖြတ်ကာ သူ့စစ်တပ်ကို ကြီးမားသော ထိုးနှက်ချက်တစ်ခုပေးရန် ပဲ့ထိန်းဒူးလေးကြီး ရာချီကို အသုံးပြုခဲ့ရသည်။ သို့သော် ပါ့ချီချန်း၏ ချီတက်မိန့်သည် သက်ရောက်မှုကို ကြီးစွာ လျော့နည်းသွားစေခဲ့ပြီး ဝမ်ချောင်၏ စစ်သည်ရှစ်ထောင်ကိုပင် ကြောက်ရွံ့သွားစေခဲ့သည်။

တိုက်ပွဲပထမဦးဆုံး အပိုင်းတွင် ရရှိခဲ့သည့် အားသာချက်များသည် အခြေခံအားဖြင့် ပျောက်ကွယ်သွားခဲ့ကြ၏။

ဝူရှန်းမှနေ၍ ထိုကဲ့သို့ ထူးကဲသော စစ်သူကြီးတစ်ယောက် ပေါ်ထွန်းလာရန်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် အံ့သြစဖွယ်ဖြစ်သည်။

သို့သော် ထိုသည်က ထိုမျှသာဖြစ်၏။

ဝမ်ချောင်ကို ရင်ဆိုင်နေချိန် ပါ့ချီချန်းသည် မည်မျှအားကောင်းပါစေ နည်းဗျူဟာနှင့် ပရိယာယ်များတွင် မည်မျှ လေ့လာထားခဲ့ပါစေ သူသည် သူ၏အရေးကြီးသော အမှားကို ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့ပေ။ တိုက်ပွဲများသည် လူတစ်ဦး၏ သိုင်းစွမ်းအားဖြင့် အနိုင်မယူခဲ့ကြသောကြောင့် ဝမ်ချောင်အတွက် ပါ့ချီချန်းက မည်မျှအားကောင်းသည် ဆိုသည်မှာ အရေးမကြီးပေ။ ထိုအားနည်းချက်သည် သူ့ကို ရင်ဆိုင်ရန် ဝမ်ချောင်အတွက် လုံလောက်၏။

ဝမ်ချောင် ရုတ်တရက် ပါးစပ်ဖွင့်လိုက်ကာ သူ့နောက်ဆုံးအမိန့်ကို ပေးလိုက်သည်။

“ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်။ ရှေ့တန်း တပ်ဖွဲ့က ကြိုးကြာတောင်ပံ အခင်းအကျင်းကို ဖွဲ့စည်းရမယ်။ ဘယ်တောင်ပံနဲ့ ညာတောင်ပံတို့က သူတို့ရဲ့ လက်ရှိနေရာတွေကနေ စွန့်ခွာပြီး ဗဟိုတပ်မဆီ ချဉ်းကပ်ပြီး ခြေလှမ်းငါးလှမ်းအကွာ နေရာယူရမယ်။ နောက်ပြီး လူကြီးမင်းကျောက်ကို သူ့တပ်ဖွဲ့ဝင်တွေကို မျှားပုံစံ အခင်းအကျင်းအဖြစ် စီစဉ်ထားပြီး ချီတက်ဖို့ ပြင်ဆင်ထားဖို့ ပြောလိုက်ပါ”

“ဟုတ်ကဲ့ပါအရှင်”

သူ့နောက်တွင် ဤအမိန့်ကို လက်ဆင့်ကမ်းရန် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ပုံရသည့် ထိုသတင်းပေးပို့သူ စစ်သားသည် ဝမ်းသာသွားခဲ့ကာ လျှင်မြန်စွာ ထွက်ခွာသွားသည်။

“မင်းတို့လည်း သွားသင့်တယ်”

ဝမ်ချောင်သူ့ကို ကာကွယ်ရန် လီစီးရီ ပို့ဆောင်ထားခဲ့သည့် နဂါးနဲ့ဓားမ လက်ရွေးစင် တစ်ဆယ်ကျော်ဆီသို့ သူ့ခေါင်းကို ရုတ်တရက် လှည့်လိုက်သည်။

“ဒါပေမဲ့ ခင်ဗျားကရော သခင်လေး”

“စိတ်ပူစရာ မလိုဘူး။ အဆုံးအဖြတ် အခိုက်အတန့်က ရောက်လာပြီ။ မင်းတို့ဒီမှာ နေတာက အဓိပ္ပာယ်မရှိဘူး။ ပါ့ချီချန်းက ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ဘူး” ဝမ်ချောင် ကရုမစိုက်စွာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်လေး”

ထိုလက်ရွေးစင်များ မကန့်ကွက်ကြတော့ဘဲ သူတို့၏ အမိန့်များကို ဖယ်ခွာလိုက်ကြသည်။

...

ဘုန်း

ဥက္ကာပျံတစ်ခုက မဟာထန် အခင်းအကျင်းကို ဝင်တိုက်နေသကဲ့သို့ ပါ့ချီချန်း၏ တိုက်ခိုက်မှုသည် ရောက်လာခဲ့ကာ လူတိုင်း မျှော်လင့်ထားခဲ့သည်ထက် ပို၍မြန်ဆန်ပြီး ပို၍ ပြင်းထန်ခဲ့သည်။ သိပ်သည်းသော အစောပိုင်းက တိဗက်အသုတ်များကို ပိတ်ဆို့ခဲ့ပြီး ချောင်ယောင်တာ့လူကို ကြီးမားသော ရှုံးနိမ့်မှုတစ်ခု ဖြစ်စေနိုင်ခဲ့သည့် ထူထည်းသော အခင်းအကျင်းသည် ယခုအခါ ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်တစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေသကဲ့သို့ အားနည်းသွားခဲ့ပြီး ပါ့ချီချန်း၏ တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွားခဲ့သည်။

“အား”

အော်သံများ လေထဲပြည့်နှက်သွားခဲ့ကာ မဟာထန်၏ ဒိုင်းစစ်သားများသည် သူတို့က ကောက်ရိုးများကဲ့သို့ အဝေးသို့ လွင့်ထွက်သွားခဲ့ပြီး သူတို့အများစုတို့သည် မြေပေါ်သို့ပင် မရောက်ရှိမီ သေဆုံးသွားခဲ့ကြသည်။ တစ်ချိန်ထဲမှာပင် ချိတ်များ ပုဆိန်များ လှံများနှင့် စစ်သုံးလှံများသည် ဘက်ပေါင်းစုံမှ ရောက်လာခဲ့သော်လည်း ဤတိုက်ခိုက်မှု အားလုံးတို့ကို ပါ့ချီချန်း၏ ခန္ဓာကိုယ်အား ကာကွယ်နေသည့် အဆုံးမရှိသော ကြယ်တာရာစွမ်းအင်က ရပ်တန့်လိုက်သည်။

ဤမဟာထန် စစ်သား ထောင်ချီတို့သည် ပါ့ချီချန်းကို တိုက်ခိုက်ရန် အာရုံစိုက်ထားခဲ့ကြသော်လည်း သူတို့တစ်ယောက်မှ သူ့ကို မရပ်တန့်နိုင်ခဲ့ပေ။

ပါ့ချီချန်းသည် ဘက်ပေါင်းစုံမှ အော်သံများကို ဖြစ်စေပြီး မရေမတွက်နိုင်သော စစ်သားများကို အဝေးသို့ လွင့်ထွက်သွားစေရန် သူ့ဒန်တန်ရှိ ကြယ်တာရာစွမ်းအင်ကိုသာ လှုံ့ဆော်ရန် လုံလောက်ခဲ့သည်။

“သူတို့အားလုံးကို သတ်ပစ် ထန်စစ်သားတစ်ယောက်ကို သတ်လိုက်တဲ့ ဘယ်သူမဆို ဆုချီးမြှင့်ခံရမယ်”

ပါ့ချီချန်း၏ အကြင်နာတရား ကင်းမဲ့သောအသံသည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်ပြီး အကောင်အထည် ပေါ်လုနီးပါး သတ်ဖြတ်ခြင်း စိတ်ဆန္ဒ လှိုင်းလုံးများကို ထွက်ပေါ်လာစေခဲ့သည်။

“သတ်”

“သတ်”

“သတ်”

...

ပါ့ချီချန်းနောက်တွင် တိဗက်မြင်းတပ်သည် လှေကားထစ်ပုံစံ အခင်းအကျင်းမှနေ၍ ထက်ရှသော မျှားပုံစံ အခင်းအကျင်းအဖြစ်သို့ စတင်ပြောင်းလဲသွားသည်။ မဟာထန်မှ တီထွင်ခဲ့သော မျှားပုံစံ အခင်းအကျင်းသည် ယခုအခါ တိဗက်များ၏ လက်ထဲတွင် အသုံးပြုခံနေခဲ့ရပြီး သူတို့၏ ကျွမ်းကျင်မှုများသည် တစ်ကွက်မျှ မနိမ့်ကျခဲ့ချေ။

ဤရှု့ထောင့် တစ်ခုထဲမှပင် ပါ့ချီချန်းသည် တိဗက်ကွပ်ကဲသူ အများစုထက် သာလွန်သွားခဲ့သည်။

မြင့်မားသော နေရာများမှ ချီတက်နေချိန် သူသည် လှေကားထစ်ပုံစံ အခင်းအကျင်းကို အသုံးပြုခဲ့ပြီး လှိုင်းလုံးတစ်ခုပြီး တစ်ခုနှင့်အတူ သူ့ရန်သူကို ပြိုလဲသွားသည်အထိ တိုက်ခိုက်ခဲ့သည်။ နိမ့်ကျသည့် နေရာမှ ချီတက်နေချိန် သူသည် မျှားပုံစံ အခင်းအကျင်းကို အသုံးပြုခဲ့ပြီး ရန်သူစစ်တပ်၏ အလယ်ဗဟိုကို ချိုးဖျက်ရန် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့ပေသည်။ ပါ့ချီချန်း၏ လက်ထဲတွင် စစ်တပ်သည် နည်းဗျူဟာ တစ်ခုတည်းကိုသာ ဘယ်တော့မှ လိုက်လုပ်ရလိမ့်မည် မဟုတ်ချေ။ သူသည် သူ့ရန်သူကို ချေမှုန်းနိုင်သ၍ ပါ့ချီချန်းသည် မဟာထန်၏ အခင်းအကျင်းများ အပါအဝင် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုရန် စိတ်ရှိမည်မဟုတ်ပေ။

“ငါးတစ်ကောင်ကို ရေဘယ်လို ကူးရမလဲဆိုတာ ပြသဖို့ ကြိုးစားနေတာပဲ”

ဝမ်ချောင် ကျောက်တုံးတစ်တုံးပေါ် ရပ်နေခဲ့ကာ သူ့နှုတ်ခမ်းက လှောင်ပြုံးတစ်ခုအဖြစ်သို့ ကော့တက်သွားခဲ့သည်။

ပါ့ချီချန်း၏ ပရိယာယ်များသည် အခြားကွပ်ကဲသူများရှေ့တွင် အသုံးဝင်ကောင်း အသုံးဝင်နိုင်သော်လည်း သူတို့သည် သူ့ရှေ့တွင် လုံးဝရယ်ဖွယ် ဖြစ်ကြသည်။

ဝုန်း

ဝမ်ချောင်၏ ကြိုးကြာတောင်ပံ အခင်းအကျင်းသည် စတင်လှုပ်ရှားလိုက်ပြီး ထူထည်းသော လူတန်းများသည် တစ်ဖက်တစ်ချက်မှနေ၍ တိုးဝင်လာခဲ့ကြသည်။

“ဟမ် တုံးအတယ်”

ပါ့ချီချန်း သရော်လိုက်၏။ သူသည် မဟာထန်စစ်တပ်၏ အလယ်ဗဟိုကို ချိုးဖောက်ခဲ့နိုင်သ၍ သူ့အပေါ် မည်သည့် ပရိယာယ်မဆို အသုံးမဝင်ကြပေ။ တိဗက်မြင်းတပ်သည် မြစ်တစ်စင်းကို ဖြတ်ကျော်လာနေသည့် ငါးကြင်းအုံကဲ့သို့ ဖြစ်ကြပြီး ပါ့ချီချန်းသည် ထန်ခံစစ်စည်းများကို ဆက်လက် ချိုးဖောက်လိုက်ကာ သူ့ဘေးနှစ်ဖက်ကို အာရုံမစိုက်ခဲ့ပေ။

သို့သော် တဖြည်းဖြည်းနှင့် ပါ့ချီချန်း၏ အမူအရာသည် စတင်ပြောင်းလဲလာ၏။

“သေစမ်းကွာ ဘာလို့ ခံစစ်စည်းတွေ အများကြီးက ရှိနေရတာလဲ”

ထန်စစ်တပ်၏ ဗဟိုတပ်မသည် အဆုံးမဲ့ပုံရသည်။ သူသည် အလွှာဆယ်လွှာကျော်ကို ချိုးဖောက်ခဲ့ပြီး ဖြစ်သော်လည်း သူသည် နောက်ထပ် အလွှာဆယ်လွှာကျော်ကို ချိုးဖောက်ရပေအုံးမည်။

“ကုန်းပြင်မြင့်လူရိုင်း ငါ့ဆေဘာကို ခံယူလိုက်”

ရက်စက်ပြီး ကြမ်းကြုတ်သော အော်သံတစ်ခု ထွက်ပေါ်လာခဲ့ကာ ပါ့ချီချန်းက ထိုအသံထွက်ပေါ်လာသည့် နေရာသို့ကြည့်ရန် သူ့ခေါင်းကို မြှောက်လိုက်ချိန်တွင် သူ့လက်နှစ်ဖက်က ကြီးမားသော ဆေဘာဓားကို ကိုင်ဆောင်ထားသည့် လူထွားကြီးတစ်ယောက်သည် လေထဲမှနေ၍ သိမ်းငှက်တစ်ကောင်ကဲ့သို့ ခုန်လိုက်ပြီး ခုတ်ချလာခဲ့သည်။

ဘုန်း

ပါ့ချီချန်း နောက်ဆုံးတွင် ဖြူလျော်သွား၏။

ထန်ခြေလျှင်တပ် တစ်လွှာပြီးတစ်လွှာတို့သည် ဘက်ပေါင်းစုံမှ တိုးဝင်လာခဲ့သည်။ ပါ့ချီချန်း သူ့စစ်တပ်က လှေကားထစ်ပုံစံမှနေ၍ မျှားပုံစံသို့ ပြောင်းလဲသွားသောအခါ သူ့မျှားပုံစံ အခင်းအကျင်း၏ ရှေ့တန်းသည်လည်း နှေးကွေးသွားခဲ့ပြီး သူ့စစ်တပ်၏ ရှေ့တန်းနှင့် နောက်တန်းကြား အက်ကွဲကြောင်းကြီးတစ်ခု ဝင်သွားခဲ့သည်ကို ပါ့ချီချန်းသည်ပင် သတိမပြုမိခဲ့ပေ။ သူ၏ တပ်သားခြောက်ထောင်တို့သည် ရုတ်တရက် အုပ်စုနှစ်စု ဖြစ်သွားခဲ့၏။

ဤပြောင်းလဲမှုသည် သိပ်မကြီးမားပေ။ စစ်သားများအတွက် ပြန်လည်ပူးပေါင်းရန် တခဏသာ လိုအပ်လိမ့်မည်ဖြစ်သော်လည်း တောင်ထိပ်ပေါ်ရှိ ဝမ်ချောင်အတွက်မူ ဤသေးငယ်သော အားနည်းချက်က လုံလောက်၏။

“သွားကြစို့”

ဓားတစ်လက်ကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ကလန်ကျွမ်းကျင်သူ တစ်ထောင်နှင့် ရှု့ရှီပင်းအောက်ရှိ တစ်ထောင်ကျော်သော မြင်းစစ်သည်များ စုစုပေါင်း မြင်းစစ်သည် နှစ်ထောင့်ခြောက်ရာ ပါဝင်သည့် စစ်တပ်သည် တောင်ထိပ်မှနေ၍ ဆင်းသွားခဲ့သည်။ ဆည်းဆာရောင်မြင်းလား၏ ပုံရိပ်များသည် သူတို့၏ ခန္ဓာကိုယ်များထက် ဝင်ရောက်သွားခဲ့ပြီး သူတို့တစ်ယောက်ချင်းစီသည် ဆည်းဆာရောင်မြင်းလား ချည်စက်ကွင်းတစ်ခုကို ပုံဖော်နေခဲ့သည်။

ဤစစ်တပ်အတွက် အမြင့်ဆုံးအရှိန်သို့ ရောက်ရှိရန် တခဏသာ ကြာမြင့်ခဲ့၏။ ဝမ်ချောင်သည် နောက်ဆုံးတွင် သူ၏ ဖုံးကွယ်ထားသော မြင်းတပ်ကို ထုတ်ပြလိုက်သည်။

ဝမ်ချောင်၏စစ်တပ် မည်သူမျှ မတုန့်ပြန်နိုင်မီ ထက်ရှသော ဓားတစ်လက်ကဲ့သို့ ထိုအက်ကြောင်းကို ကြားဖြတ်လိုက်သောအခါ မြင်းဟီသံများက ထွက်ပေါ်လာခဲ့သည်။ ချွပ် ချွပ် ချွပ် ကျောက်စိမ်းရိုင်း သံမဏိဓားများ အေးစက်သည့် အလင်းရောင်ဖြင့် တောက်ပသွားခဲ့ကာ သူတို့သည် လေထဲမှနေ၍ ဖြတ်သန်းသွားခဲ့ပြီး သူတို့ဖြတ်သွားသည့်နေရာတွင် လွင့်ပျံနေသည့် ခေါင်းများကို ကျန်ရစ်နေစေခဲ့သည်။

တိဗက်စစ်တပ်သည် ချက်ချင်း ဗရမ်းဗတာ ဖြစ်သွား၏။

အခန်း(၅၁၄)

ကြီးမားသောအောင်ပွဲ

ဝုန်း

သတ္ထုရိုက်ခတ်သံများနှင့်အတူ ချီစက်ကွင်းများ ပဲ့တင်ထပ်သွားခဲ့ကာ သူတို့သည် စစ်တပ်များကို လွှမ်းခြုံထားခဲ့သည်။ တိုက်ပွဲသည် နောက်ဆုံးတွင် အရေးကြီး အခိုက်အတန့်သို့ ရောက်လာခဲ့၏။

ဝမ်ချောင်သည် မြင်းစစ်သည် နှစ်ထောင့်ခြောက်ရာကို အချိန်အတော်ကြာ ဝှက်ထားခဲ့ပြီး ရန်သူများကို သုတ်သင်ရှင်းလင်းနိုင်သည်အထိ သူတို့အား အရန်အဖြစ် ထိန်းသိမ်းထားခဲ့သည်။ ထို့ပြင် ကျောက်စိမ်းရိုင်းသံမဏိဓား တစ်ထောင်တို့သည် လမ်းရှင်းရန် အကောင်းဆုံး လက်နက်များ ဖြစ်ခဲ့ကြသည်။

“သတ်”

...

တိုက်ပွဲသံများ လေထဲပဲ့တင်ထပ်နေ၏။

သာမာန်အခြေအနေများတွင် ဝမ်ချောင်၏ မြင်းစစ်သည် နှစ်ထောင့်ခြောက်ရာသည် ပါ့ချီချန်း၏ မြင်းစစ်သည် ခြောက်ထောင်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ပါ့ချီချန်း၏ ချီတက်မှုကို လီစီးရီ၊ လူအိုကြီးလင်းယုန်ငှက်နှင့် ရှု့ရှီပင်းတို့က ဟန့်တားထားခဲ့ပြီး ဗဟိုစစ်တပ်တွင် ဝမ်ချောင်ချထားခဲ့သော ခံစစ်စည်းများက မကျိုးပျက်ခဲ့သေးပေ။ နည်းဗျူဟာနှင့် ပရိယာယ်များရှိ ကွာဟမှုသည် ဝမ်ချောင်ကဲ့သို့ တိုက်ပွဲသူတော်စင်ကို ရင်ဆိုင်ချိန်တွင် သေစေနိုင်သည်အထိ ဖြစ်လာခဲ့သည်။

မြင်းတပ်သည် ဘယ်တုန်းကမှ ကျော်လွှား၍မရနိုင် မဟုတ်ခဲ့ပေ။

ဝမ်ချောင်သည် ဤအချက်ကို ကောင်းကောင်းကြီး သိထားပေသည်။

အမြန်နှုန်းမရှိသော မြင်းတပ်သည် ခြေလျင်တပ်သာဖြစ်ပြီး နိမ့်ပင်နိမ့်ကျနိုင်သည်။

ဝမ်ချောင်၏ မြင်းစစ်သည် နှစ်ထောင့်ခြောက်ရာသည် ပါ့ချီချန်း၏ စစ်တပ်အလယ်တွင် ဘွားကနဲ ပေါ်လာသည့် နံရံကြီးတစ်ခု ဖြစ်လာခဲ့ကာ ခေါင်းမှနေ၍ အမြှီးကို ဖြတ်တောက်နေခဲ့သည်။ အလယ်ရှိ ဗရမ်းဗတာ ဖြစ်မှုများသည်လည်း တိဗက်များကို အချင်းချင်း ဟန့်တားထားခဲ့ပြီး အမြန်နှုန်းရှိ သူတို့၏ အားသာချက်ကို လုံးဝပျက်ပျယ်သွားစေခဲ့သည်။ ဝမ်ချောင်သည် ဝင်ပါရန်ပင် မလိုအပ်ခဲ့ပေ။ သူသည် တောင်ထိပ်တွင် ရပ်နေရန်သာ လိုအပ်ခဲ့ပြီး သူ့စစ်တပ်ဆီသို့ သူ၏စစ်မြေပြင် ပျက်စီးခြင်းကို ထုတ်လွတ်ရန်သာ လိုအပ်ခဲ့သည်။

“တိဗက်ပုံမှန်လေးလံသော မြင်းစစ်သည် (၃၆၀၁)ယောက်ကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်”

“တိဗက်ပုံမှန်လေးလံသော မြင်းစစ်သည် (၃၇၂၃)ယောက်ကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်”

“တိဗက်ပုံမှန်လေးလံသော မြင်းစစ်သည် (၃၈၄၅)ယောက်ကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်”

...

“တိဗက်ပုံမှန်လေးလံသော မြင်းစစ်သည် (၆၅၆၁)ယောက်ကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်”

“တိဗက်ပုံမှန်လေးလံသော မြင်းစစ်သည် (၇၈၃၁)ယောက်ကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်”

“တိဗက်ပုံမှန်လေးလံသော မြင်းစစ်သည် (၈၈၄၃)ယောက်ကို သတ်ဖြတ်ခြင်းအတွက် အသုံးပြုသူအား ဂုဏ်ယူပါသည်”

...

မရေမတွက်နိုင်သော သတင်းစကားများ သူ့စိတ်ထဲ ဝင်ရောက်လာ၏။ လေထန်သော တောင်ထိပ်ပေါ်တွင် ဝမ်ချောင်၏ စစ်မြေပြင် ပျက်စီးခြင်း ချီစက်ကွင်းသည် အဆင့်နှစ် ချီစက်ကွင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။ ထိုအချိန်အတွင်း ဝမ်ချောင်၏ ခွန်အားသည်လည်း အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ငါးမှနေ၍ အဆင့်ခြောက်သို့ တက်လှမ်းသွားခဲ့ကာ သူ့ချီစက်ကွင်း တိုးတက်လာခြင်းမှလာသော အပိုဆုလဒ်တစ်ခုဖြစ်သည်။ သူပြန်လည် မွေးဖွားလာခဲ့ကတည်းက ဤသည်မှာ ဝမ်ချောင် ပါဝင်ခဲ့သည့် အကြီးမားဆုံးနှင့် အအောင်မြင်ဆုံးသော တိုက်ပွဲဖြစ်သည်။

တောင်ဇောင်းပေါ်ရှိ ဗရမ်းဗတာဖြစ်မှုများဖြင့် တိဗက်များကို ဝန်းရံနေသည့် သူ့စစ်တပ်ကို ကြည့်လိုက်ကာ ဝမ်ချောင်သည် သူအနိုင်ရရှိသွားခဲ့ပြီကို သိလိုက်သည်။

တိုက်ပွဲသည် တစ်နာရီကြာပြီးနောက် ပြီးဆုံးသွား၏။

တိုက်ခိုက်နေသည့် အသံများ ပျောက်ကွယ်သွားသည်နှင့် တောင်သည် နောက်ဆုံးတွင် ကြွေးကျော်သံများဖြင့် ပေါက်ကွဲသွားခဲ့သည်။

“ငါတို့နိုင်ပြီ ငါတို့နိုင်ပြီ”

“ငါတို့တကယ် နိုင်သွားပြီ”

“ဟား ဟား ဟား ဟား”

...

ပင်ပန်းနွမ်းနယ်နေသည့် စစ်သားများသည် သူတို့ကိုယ်သူတို့ ကံကောင်းသည်ဟု ယူဆလိုက်ကြကာ တောင်ဇောင်းတစ်လျှောက်ရှိ လဲလျောင်းနေသော တိဗက်များနှင့် သူတို့၏ ကုန်းပြင်မြင့် မြင်းများ၏ အလောင်းများကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့ကြသည်။ မရေမတွက်နိုင်သော မဟာထန် စစ်သားများသည် အနောက်တောင် စစ်ပွဲတွင် သေဆုံးခဲ့ကြပြီး မဟာထန်ကို မကြုံစဖူးသော ရှုံးနိမ့်မှုကို ရရှိစေခဲ့သည်။ ထို့ပြင် သန်းပေါင်းများစွာသော လူများ၏ ဤကျယ်ပြောလှသော တိုင်းပြည်တစ်ခုလုံးတွင် လုံးချည်၊ ပိုင်ထင်၊ အန်းချီနှင့် အန်းတုံတို့တွင် အပိုစစ်သား တစ်ယောက်ကိုမျှ မတွေ့နိုင်ခဲ့ပေ။

ဤသို့သော အချိန်တစ်ခုတွင် ဤသို့သော အောင်ပွဲတစ်ခုသည် စိတ်ဓာတ်များကို မြင့်တင်ရန် အမှန်ပင် လိုအပ်ပေသည်။

“ငါမယုံနိုင်ဘူး ငါဒါကို မယုံကြည်နိုင်ဘူး...”

တပ်မှူးချုပ်ရှုနှင့် သူ့အရာရှိများသည် မြေပေါ်မှ ထိုးထွက်နေသော ကျောက်တုံး တစ်တုံးပေါ်တွင် ရပ်နေခဲ့ကြကာ စိတ်လှုပ်တရှားဖြင့် ကြောက်မက်ဖွယ်ကောင်းသော စစ်မြေပြင်ကို ကြည့်ရှု့နေခဲ့ကြသည်။

သူတို့သည် ဤတိုက်ပွဲတွင် ပါဝင်ခဲ့ကြသော်လည်း သူတို့သည် ဤအောင်ပွဲက မည်သို့ဖြစ်လာသည်ကို လုံးဝရှုပ်ထွေးနေကြဆဲဖြစ်သည်။ ရှု့ရှီးပင်း၏ စိတ်ထဲတွင် ကြမ်းကြုတ်သော တိဗက်မြင်းစစ်သည် တစ်သောင်းနှစ်ထောင်ကို ရင်ဆိုင်တိုက်ပွဲတွင် သူ့အသက် ရှင်သန်နိုင်ခဲ့ခြင်းက တော်တော်လေး ကျေနပ်စရာ ကောင်းနေခဲ့ပြီဖြစ်သည်။ သို့သော် သူတို့သည် အနိုင်ရသွားခဲ့၏။ ထို့ပြင် ၎င်းက အပြတ်အသတ် အောင်ပွဲတစ်ခုဖြစ်သည်။

ထို့ပြင် အကယ်၍ လူတစ်ယောက်သည် သူတို့က ပါ့ချီချန်းကဲ့သို့ အားကောင်းသော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသည့် အချက်ကို ထည့်သွင်းလိုက်သောအခါ ဤအောင်ပွဲသည် ပို၍ပင် မယုံကြည်နိုင်စရာ ကောင်းခဲ့သည်။

“စစ်သူကြီးရဲ့သား တကယ့်ကို အစစ်အမှန် စစ်သူကြီးတစ်ယောက်ရဲ့သား တော်ဝင်ရုံးတော်က သူ့ကို စေလွှတ်ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး”

ရှု့ရှီပင်းသည် ဝမ်ချောင်ကို အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။

ဤအောင်ပွဲအတွက် ကောင်းကျိုးများသည် သံသယရှိစရာမလိုဘဲ ဝမ်ချောင် တစ်ဦးတည်းနှင့်သာ တိုက်ဆိုင်ပေသည်။ ရှု့ရှီပင်း၏ လက်ထဲတွင် ဤတူညီသော စစ်သားရှစ်ထောင်သည် အရှုံးဖြင့်သာ ထွက်ပြေးနိုင်လိမ့်မည် ဖြစ်သော်လည်း ဝမ်ချောင်၏လက်ထဲတွင် သူတို့သည် စိတ်မကူးနိုင်လောက်သော စွမ်းအားတစ်ခုကို ပြသခဲ့သည်။

ဤအချိန်တွင် ဝမ်ချောင်၏ အနှောက်အယှက်ကင်းသော ပုံရိပ်သည် နတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဉ်နိုင်ခဲ့သည်။

ကလုတ် ကလုတ်

ရှု့ရှီပင်းက တောင်ထိပ်သို့ ကြည့်နေခဲ့စဉ် သတင်းသယ်ဖို့ လူတစ်ယောက်သည် မြင်းတစ်ကောင်ကို တောင်ထိပ်ဆီသို့ ဒုန်းစိုင်းလာခဲ့သည်။ မြင်းပေါ်မှဆင်းလိုက်ကာ သူသည်ရှေ့သို့ သွားလိုက်ပြီး ဝမ်ချောင်ခြေရင်းတွင် ဒူးထောက်လိုက်သည်။

“အရှင် ကျွန်တော်တို့ အနိုင်ရသွားပါပြီ။ တစ်ထောင်ကလွဲလို့ ကျွန်တော်တို့ တိဗက်မြင်းစစ်သည် တစ်သောင်းနှစ်ထောင်ကျော် အကုန်လုံးနီးပါးကို သတ်ဖြတ်ခဲ့ပါတယ်” ထိုသတင်းသယ်ပို့သူ၏ အသံသည် ထိန်းမနိုင်သိမ်းမရသော ပျော်ရွှင်မှုဖြင့် ပေါင်းစပ်နေခဲ့သည်။

“ငါတို့မှာ အသေအပျောက် ဘယ်လောက်ရှိခဲ့လဲ” ဝမ်ချောင် ထူးမခြားနားစွာ ပြောလိုက်ကာ သူ့အသံထဲတွင် အနည်းငယ် အတက်အကျ ရှိခဲ့သည်။

“နှစ်ထောင့်ခုနှစ်ရာပါ” ဒူးထောက်နေသည့် ထိုသတင်းသယ်ပို့သူ ပြန်ဖြေလိုက်၏။

စစ်သားရှစ်ထောင် ပါဝင်သော စစ်တပ်တစ်ခုအတွက် တစ်သောင်းကျော်သော မြင်းစစ်တပ်နှင့် တိုက်ခိုက်နေချိန် အသေအပျောက် နှစ်ထောင့်ခုနှစ်ရာသာ ရှိခဲ့ရန်မှာ မယုံနိုင်စရာဖြစ်သည်။ လုံးချည်၏ ကြယ်ခုနှစ်ပွင့် စစ်တပ်သည်ပင် ဤအရာကို အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ လူတစ်ယောက်သည် ဤတိုက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ မပါဝင်ခဲ့ပါက ယုံကြည်ရန် အမှန်ပင် ခက်ခဲပေလိမ့်မည်။ ထို့ပြင် ဤအောင်ပွဲအတွက် တစ်ခုတည်းသော အကြောင်းအရင်းမှာ ဂုဏ်သရေရှိ ကလန်တစ်ခု၏ ဤမျိုးဆက်ကြောင့်ဖြစ်သည်။

သတင်းသယ်ပို့သူသည် ဤလူငယ်အတွက် ပို၍ပင် နက်ရှိုင်းသော လေးစားသမှုကိုပင် ခံစားခဲ့ရသည်။

နှစ်ထောင့်ခုနှစ်ရာလား။

ဝမ်ချောင် ထိုသတင်းသယ်ပို့သူ၏ ချစ်ခင်လေးစားနေသော အကြည့်ကို ကရုမစိုက်ခဲ့ပေ။ ဤအရေအတွက်ကြောင့် မျက်ခုံးအနည်းငယ်သာ ကျုံ့သွားခဲ့သည်။ တိဗက်များကဲ့သို့ အားကောင်းသော ရန်သူများနှင့် ရင်ဆိုင်ပြီး တပ်သားတစ်သောင်းကျော် သတ်ဖြတ်ခဲ့ချိန် အသေအပျောက် နှစ်ထောင့်ခုနှစ်ရာသာ ရှိခဲ့ရန်မှာ အခြားစစ်သူကြီးများအတွက် တော်တော်လေး ကျေနပ်စရာ ဖြစ်ပေလိမ့်မည်။

သို့သော် ဝမ်ချောင်သည် မျက်မှောင်ကျုံ့သွားခဲ့၏။

အသေအပျောက်က နည်းနည်းများတယ်။ ဝမ်ချောင် တိတ်တဆိတ် တွေးတောလိုက်ကာ ခေါင်းညိမ့်လိုက်သည်။

သူသည် စစ်သားရှစ်ထောင်ဖြင့်သာ စတင်ခဲ့၏။ နှစ်ထောင့်ခုနှစ်ရာ သေဆုံးခဲ့ခြင်းနှင့်အတူ သူ့တွင် ယခုအခါ ငါးထောင်ဝန်းကျင်သာ ရှိတော့သည်။ ဝမ်ချောင်အတွက် လူအင်အား ပြတ်လပ်နေသည့် ဝမ်ချောင်အတွက် ဤအသေအပျောက်သည် လက်ခံရန် အနည်းငယ် ခက်ခဲသည်။ သို့သော်လည်း သူ့ရန်သူက ပါ့ချီချန်းကဲ့သို့ ရဲရင့်သော စစ်သူကြီးတစ်ဦး ဖြစ်ခဲ့ပြီး အသေအပျောက် အများစုတို့က ပထမချီတက်မှုတို့တွင် ဖြစ်ပွားခဲ့သည်ကို စဉ်းစားလိုက်သောအခါ ဤသည်က ဝမ်ချောင်လက်ခံရမည့် အချက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။

နောက်ဆုံးမှာ ဒီလူတွေက ပုံမှန်စစ်သားတွေ မဟုတ်ကြဘဲ အရန်တပ်သားတွေ ဖြစ်နေကြတုန်းပဲ။ တကယ်လို့ အန်းနှံကာကွယ်ရေးတပ်ရဲ့ လက်ရွေးစင်တွေ ဖြစ်ခဲ့ရင် အသေအပျောက် တစ်ထောင်က အများဆုံး ဖြစ်လိမ့်မယ်။ ဝမ်ချောင် တိတ်တဆိတ် ပြောလိုက်၏။

လီကျန်းရီ ဦးဆောင်ခဲ့သော စစ်သားများသည် အားလုံးနီးပါး တော်ဝင်ရုံးတော်၏ အရန်တပ်သားများ ဖြစ်ခဲ့ကြကာ အနည်းငယ်သာ ပုံမှန်စစ်သားများ ဖြစ်ခဲ့ကြသည်။ ဤသို့သော တပ်ဖွဲ့တစ်ခုသည် တိုက်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသည့် ပုံမှန်စစ်တပ်တစ်ခုနှင့် လုံးဝကွဲပြားပေသည်။ ခွန်အားအရာတွင် သူတို့သည် အနည်းငယ် လိုအပ်နေကြသေး၏။

အကယ်၍ အန်းနှံကာကွယ်ရေးတပ် ဖြစ်ခဲ့ပါက ကိစ္စများသည် လုံးဝကွဲပြားသွားပေလိမ့်မည်။

အနည်းဆုံး လူတစ်ယောက်သည် အန်းနှံကာကွယ်ရေး စစ်တပ်က မုန့်ချီကျောက်နှင့် ဝူရှန်းတို့၏ ပူးပေါင်းတပ်ကို ဤမျှ အချိန်ကြာ ရင်ဆိုင်နိုင်ခဲ့ခြင်းမှ ကွဲပြားမှုကို မြင်နိုင်ပေသည်။

စစ်သားအရည်အသွေးနှင့် စစ်မြင်းများကဲ့သို့ အခြားအချက်များကို ထည့်မတွက်ဘဲ စစ်သား အရည်အသွေးနှင့် ခွန်အားတစ်ခုထဲတို့တွင် မဟာထန် ပုံမှန်စစ်တပ်၏ ပူးပေါင်းခွန်အားသည် တိုင်းတစ်ပါး တိုင်းပြည်များထက် အမှန်ပင် ကြီးမားပေသည်။

“အရှင် ကျွန်တော်တို့က ပါ့ချီချန်းကို ဖမ်းဆီးထားပါတယ်။ သူ့ကို ဘယ်လိုကိုင်တွယ်ချင်သလဲ”

ဝမ်ချောင် ရင်းနှီးနေသည့် ခြေသံများကို ကြားလိုက်ရကာ လူအိုကြီးလင်းယုန်ငှက်၏ သွေးစွန်းနေသော ပုံရိပ်က လမ်းလျှောက်လာခဲ့သည်။ သူသည် လုံးဝပင်ပန်းနွမ်းနယ်နေပုံရ၏။

ဤသည်က အကြမ်းတမ်းဆုံးသော တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။

လူအိုကြီးလင်းယုန်ငှက်တွင် ပါ့ထုံးလူ၏ ရွှေရောင်လက်အိတ် အကူအညီ ရှိခဲ့ပြီး လီစီးရီ၊ ရှု့ရှီပင်း၊ အခြားအရာရှိများနှင့် ပတ်ပတ်လည်ရှိ စစ်သားများနှင့်အတူ သူတို့သည် ပါ့ချီချန်းကို ဝိုင်းရံခဲ့ကြသည်။ သူတို့၏ အားသာချက်ဖြင့်ပင် ပါ့ချီချန်းသည် သူတို့ထဲမှ အများစုကို ဒဏ်ရာရစေပြီး သတ်ဖြတ်နိုင်ခဲ့သေးသည်။ လူအိုကြီးလင်းယုန်ငှက်သည်ပင် သေလုနီးပါး ဖြစ်ခဲ့၏။

အကယ်၍ ကြီးမားသော ကျောက်စိမ်းရိုင်းသံမဏိဓားကို ကိုင်ဆောင်ထားပြီး ဥက္ကာခဲသတ္ထု ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် လီစီးရီကဲ့သို့ ထိပ်တန်းကျွမ်းကျင်သူကြောင့် မဟုတ်ခဲ့ပါက ပါ့ချီချန်းကို ရင်ဆိုင်ရာတွင် သူ့အသက်ကို အမှုမထားဘဲ အကြောက်အရွံ့ကင်းစွာ မတိုက်ခိုက်ခဲ့ပါက သူတို့ ကျန်သည့်လူများသည် သေဆုံးသွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။

သို့သော်လည်း တကယ့်သေစေနိုင်သော ထိုးနှက်ချက်သည် အမှန်တကယ်တွင် ဝမ်ချောင်၏ ဖုံးကွယ်ထားသော ကျောက်စိမ်းရိုင်းသံမဏိ မြင်းတပ်မှ လာခဲ့ပေသည်။

သူက ဗရမ်းဗတာဖြစ်နေသော သူ့စစ်တပ်ကို မြင်လိုက်ချိန်တွင် ပါ့ချီချန်းကဲ့သို့ ရဲရင့်သော စစ်သူကြီးတစ်ဦးသည်ပင် စတင်တုန်လှုပ်သွားခဲ့သည်။

သူတို့က တိဗက်ကုန်းပြင်မြင့်၏ အရှေ့ဘက် အစွန်းမှနေ၍ ဆင်းလာခဲ့ချိန် ပါ့ချီချန်းသည် မည်သူမျှသူ့ကို အနိုင်မယူနိုင်ခြင်းဖြင့် ရပ်တန့်၍မရ ဖြစ်ခဲ့သည်။ မဟာထန်၏ မြင့်တက်လာနေသော ကြယ်တစ်ပွင့်ဖြစ်သည့် လီကျန်းရီသည်ပင် သူ့ဓားမတွင် သေဆုံးခဲ့ရသည်။ လူတစ်ယောက်သည် ပါ့ချီချန်း၏ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို အလွယ်တကူ စိတ်ကူးကြည့်နိုင်ပေသည်။

သို့သော် ဤကိုယ့်ကိုယ်ကို ယုံကြည်မှုကို ဝမ်ချောင်က အလွယ်တကူ ဖျက်ဆီးပစ်ခဲ့သည်။

ပါ့ချီချန်းကဲ့သို့ ရဲရင့်သော လူတစ်ယောက်သည်ပင် သူ့နောက်ရှိ စစ်တပ်က ပြိုကွဲသွားခဲ့ပြီး အော်သံများကို ကြားလိုက်ရသောအခါ စတင်တုန်လှုပ်လာခဲ့သည်။

ထို့ပြင် ဤအဆင့်တိုက်ပွဲတွင် ဤသို့သော တုန်လှုပ်မှုက သေစေနိုင်ပေသည်။

“ဟမ် ငါ့ကိုခေါ်သွား” ဝမ်ချောင် ဤအတွေးများအပေါ် သူ့အချိန်ကို မဖြုန်းတီးခဲ့ဘဲ လူအိုကြီးလင်းယုန်ငှက်၏ တင်ပြချက်ကို ချက်ချင်း ပြန်ဖြေလိုက်ကာ သူ့မျက်လုံးက အေးစက်သည့် အလင်းရောင်ဖြင့် တောက်ပနေသည်။

ဝမ်ချောင်သည် ဤတိုက်ပွဲ၏ အကြီးမားဆုံးသော ရိတ်သိမ်းမှုကို ကိုယ်တိုင်ကိုယ်ကျ ရိတ်သိမ်းတော့မည်ဖြစ်သည်။

ဤတိုက်ပွဲအစတွင် ဝမ်ချောင်သည် ရန်သူစစ်သူကြီးများကို ဖြစ်နိုင်သမျှ အရှင်ဖမ်းဆီးရန် လူအိုကြီးလင်းယုန်ငှက်နှင့် လီစီးရီတို့ကို သီးသန့်တောင်းဆိုခဲ့သည်။ အမှန်ပင် ဤသည်က ရန်သူများသည် မခုခံနိုင်ဘဲ သူ့ကိုထိခိုက်အောင် မလုပ်နိုင်တော့မှသာ ဖြစ်နိုင်ပေသည်။

ဝမ်ချောင်သည် အကြောင်းပြချက်ကို လုံးဝမပေးခဲ့ပေ။

လူအိုကြီးလင်းယုန်ငှက်နှင့် လီစီးရီတို့ကလည်း လုံးဝမမေးခဲ့ပေ။

သိစရာမလိုသည့် အရာများ ရှိကြပေ၏။

...

“မင်းက ဒီစစ်တပ်ရဲ့ အမြင့်ဆုံးကွပ်ကဲသူလား”

ပါ့ချီချန်း တောင်ဇောင်းပေါ်တွင် လဲလျောင်းနေကာ သူ့ခန္ဓာကိုယ်က ဒဏ်ရာများနှင့် သွေးများဖြင့် ဖုံးလွှမ်းနေသည်။ ကြိုးအမြောက်အများနှင့် ချိန်းကြိုးတစ်ခုတို့က သူ့နားတွင် တင်းကြပ်စွာ ရစ်ပတ်ထားခဲ့ကြသော်လည်း သူ့ကို အမှန်တကယ် တုပ်နှောင်နေသည့် အရာမှာ ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီး လီစီးရီ၏ ကြီးမားပြီး ဖိနှိပ်တတ်သော ခန္ဓာကိုယ်ဖြစ်သည်။

အေးစက်သည့် မျက်နှာထားတစ်ခုဖြင့် သူသည် သူ၏ ကြီးမားလှသော ကျောက်စိမ်းရိုင်းသံမဏိဓားကို ကိုင်ဆောင်ထားခဲ့ကာ မည်သည့်အချိန်တွင်မဆို ခုတ်ချရန် ပြင်ဆင်ထားခဲ့သည်။

လီစီးရီသည် ပါ့ချီချန်းကဲ့သို့ အားကောင်းသော ရန်သူတစ်ယောက်ကို လျော့မတွက်ရဲခဲ့ပေ။

ပါ့ချီချန်း၏ အရေးကြီး သွေးကြောစုံမှတ်များ အားလုံးတို့က တိုက်ခိုက်ခံခဲ့ရသော်လည်း လီစီးရီသည် သူ့သတိကို မလျော့ချရဲခဲ့သေးပေ။ မည်သည့် လှုပ်ရှားမှုမဆို လီစီးရီအား သူ့ကို ချက်ချက် ကွပ်မျက်စေပေလိမ့်မည်။

“ငါပဲ”

ဝမ်ချောင် ရောက်လာခဲ့ကာ အပြုံးရိပ်တစ်ခုနှင့် အေးအေးလူလူ အမူအရာတစ်ခုက သူ့မျက်နှာပေါ် ရှိနေခဲ့သည်။ သူပထမဆုံး စကားလုံးများသည် ပါ့ချီချန်းကို ချက်ချင်း အံ့အားသင့်သွားစေခဲ့သည်။

“မင်း တိဗက်ဘာသာစကားကို သိတာလား” ပါ့ချီချန်း မယုံကြည်နိုင်စွာ ပြောလိုက်၏။

သူသည် သူ့မေးခွန်းကို ကို့ယို့ကားယားနိုင်သည့် ဟန်စကားလုံး အနည်းငယ်နှင့် ရောနှောနေသည့် တိဗက်ဘာသာစကားဖြင့် ပြောလိုက်ကာ ထန်ကွပ်ကဲသူနှင့် အကောင်းဆုံး ဆက်သွယ်နိုင်ရန် ကြိုးစားနေခဲ့သည်။ သို့သော် ပါ့ချီချန်းသည် သူ့အသက်တစ်ဝက်ပင် ရှိပုံမပေါ်သော ဤထန်လူငယ်လေးက အမှန်ပင် တိဗက်ဘာသာစကား ပြောနိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

မောက်မာလှသောကြောင့် ထန်များသည် ဘယ်တုန်းကမှ အခြားတိုင်းပြည်များ၏ ဘာသာစကားများကို ဘယ်တုန်းကမှ မလေးစားခဲ့ကြပေ။ မဟာထန် တစ်ခုလုံးတွင် တိဗက်ဘာသာစကား ပြောဆိုနိုင်သည့် တစ်စုံတစ်ယောက်သည် ဖီးနစ်အမွှေးအတောင် တစ်ခုကဲ့သို့ ချီလင်းဦးဂျိုကဲ့သို့ ရှားပါးလှပြီး တိဗက်များကို များစွာပျော်ရွှင်စေခဲ့သည်။ ထန်များက သူတို့၏ ဘာသာစကား ပြောဆိုနိုင်သည့် ထန်များနည်းပါးလေလေ သူတို့သည် ဝူရှန်းကို နားလည်မှု နည်းပါးလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းကသူတို့အတွက် အားသာချက် တစ်ခုသာဖြစ်သည်။

သို့သော် ပါ့ချီချန်းသည် သူ့ရှေ့တွင်ရပ်နေသည့် ပုဂ္ဂိုလ်က တိဗက်ဘာသာစကား ပြောဆိုနိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အခန်း(၅၁၅)

ပျံဝဲနေသော နဂါးအလံ နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ်၏ ခွန်အား

“ဟား ဟား ကိုယ့်ကိုယ်ကိုသိပြီး ကိုယ့်ရန်သူအကြောင်းကို သိတော့မှသာ မင်းက ဘယ်တော့မှ ရှုံးနိမ့်နိုင်မှာ မဟုတ်ဘူး။ ဝူရှန်းက မဟာထန်ဆီကို ဆိုးယုတ်တဲ့ အကြံအစည်တွေ အမြရှိခဲ့တယ်။ သူတို့က သူတို့ရဲ့ပထမ မင်းသားကိုတောင် မြို့တော်ကို စေလွှတ်ခဲ့သေးတယ်။ တိဗက်ဘာသာစကားကို ငါသိနေတာက အဲ့လောက် မထူးဆန်းသင့်ဘူး မဟုတ်လား”

ဝမ်ချောင် ပြုံးလိုက်ကာ သူ့ညာလက်က သူ့ဓားကို ပါ့ချီချန်း၏ ရင်ဘက်ဆီသို့ ဖိချလိုက်သည်။

အနောက်တောင်စစ်ပွဲတွင် ပါ့ချီချန်းသည် အရေးကြီးအခန်းကဏ္ဍ တစ်ခုတွင် ပါဝင်ခဲ့သည်။ တိဗက်စစ်သူကြီးများထဲတွင်ပင် သူသည် အကောင်းဆုံးများထဲမှ တစ်ယောက်ဖြစ်သည်။ ဝမ်ချောင်သည် သူက သူတစ်ခါက မော့ကြည့်ရုံသာ တက်နိုင်ခဲ့သည့် ဤတိဗက်မဟာစစ်သူကြီးကို တွေ့ဆုံရန် ဤနည်းလမ်းကို အသုံးပြုနေရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ စိတ်ထဲတွင် ပါ့ချီချန်းသည် သေချာပေါက် အထူးချွန်ဆုံး လူတစ်ယောက်ဖြစ်သည်။

နည်းဗျူဟာကို သိပ်အလေးမထားသည့် ယဉ်ကျေးမှုမရှိသော ကုန်းပြင်မြင့်တွင် ကြီးပြင်းလာသည့် ပါ့ချီချန်းကဲ့သို့ တိုင်းတစ်ပါးသား တစ်ယောက်အတွက် အလယ်ပိုင်းလွင်ပြင်ဒေသ၏ နည်းဗျူဟာကို ဖမ်းဆုပ်နားလည်နိုင်ပြီး သူတို့ကို ဤအဆင့်အထိ အသုံးချနိုင်ရန်မှာ တော်တော်လေး အံ့သြစဖွယ် ဖြစ်နေခဲ့ပြီဖြစ်သည်။

သနားစရာကောင်းသည်မှာ သူသည် တိုက်ပွဲသူတော်စင်ကို ကြုံဆုံခဲ့ရပြီး သူ့အားထုတ်မှုများသည် ငါးတစ်ကောင်ကို ရေကူးနည်း သင်ပေးရန် ကြိုးစားနေသကဲ့သို့ ဖြစ်ခဲ့ကြသည်။

“ဟား ဟား ဟား ကောင်းတယ် ကိုယ့်ကိုယ်ကိုသိပြီး ကိုယ့်ရန်သူအကြောင်းကို သိတော့မှသာ မင်းက ဘယ်တော့မှ ရှုံးနိမ့်နိုင်မှာ မဟုတ်ဘူး။ ဘယ်လိုတောင် ကောင်းလိုက်တဲ့ အသုံးအနှုန်းလဲ”

ဝမ်ချောင်၏ စကားများကြောင့် ပါ့ချီချန်း၏ မျက်လုံးများသည် အလွန်ထူးခြားသော အလင်းရောင်တစ်ခုဖြင့် တောက်ပသွားပုံရသည်။

“ဒီတိုက်ပွဲမှာ ငါကတကယ်ပဲ မင်းကို လျော့တွက်ခဲ့တယ်။ နို့နံ့တောင် မစင်သေးတဲ့ မင်းလိုကောင်လေးတစ်ယောက်က ပြီးပြည့်စုံတဲ့ မဟာဗျူဟာ ပညာရှင်တစ်ယောက် ဖြစ်လိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို အထင်မကြီးနဲ့။ ဒီနေရာမှာ ငါတို့ရဲ့ ရှုံးနိမ့်မှုသတင်းက အားဟိုင်လွင်ပြင်ကို မြန်မြန်ဆန်ဆန် ရောက်သွားလိမ့်မယ်။ မဟာစစ်သူကြီးက မြောက်ဘက်ကို စစ်တပ်ကို မြန်မြန်ဆန်ဆန် ဦးဆောင်လာပြီး မင်းကို စောင့်ဆိုင်းနေတဲ့ တစ်ခုတည်းသောအရာက သေခြင်းတရား ဖြစ်လိမ့်မယ်”

ပါ့ချီချန်း၏ မျက်လုံးများ ရက်စက်သည့် အပြုံးတစ်ခုဖြင့် တောက်ပသွားခဲ့ကာ သူ့အမူအရာသည် အကြင်နာတရား ကင်းမဲ့လှသည်။

သူသည် ဘယ်တုန်းကမှ သေရမည်ကို မကြောက်ရွံ့ခဲ့သလို ဝူရှန်းပြည်သူများသည် သူတို့ကိုယ်သူတို့ ဘယ်တော့မှ အလကားစတေးသည့်လူများ မဟုတ်ခဲ့ကြပေ။ ဤစစ်တပ်သည် သူတို့ကို သတ်ဖြတ်နိုင်ခဲ့လျှင်ပင် သူတို့သည် နောက်ဆုံးတွင် သူနှင့်အတူ သေရပေလိမ့်အုံးမည်။

“ဟား ဟား မင်းကဒီအကြောင်း ပြောနေတာလား”

ဝမ်ချောင် ဟန်လုပ်ပြုံးလိုက်ကာ သူ့အကြည့်က ကောင်းကင်ထက်သို့ ရောက်သွားခဲ့သည်။

ရွှီး

ဘေးတွင် လူအိုကြီးလင်းယုန်ငှက်သည် သူ့လက်နှစ်ချောင်းကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး စူးရှသော လေချွန်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဘုတ်

တစ်ချိန်ထဲနီးပါးတွင် အနက်ရောင်အရိပ်တစ်ခု ဖြတ်ပျံသွားခဲ့ပြီး ပါ့ချီချန်းရှေ့တွင် ကောင်းကင်ထက်မှနေ၍ တစ်စုံတစ်ခုက ကျဆင်းလာခဲ့သည်။ ၎င်း၏ နီရဲပြီး စိမ်းနေသော အမွှေးအတောင်များနှင့် ချွန်ထက်သော ခြေသည်းများမှနေ၍ ၎င်းက ရက်စက်သော မျိုးဝင်လင်းယုန်ငှက်တစ်ကောင် ဖြစ်သည်မှာ ထင်ရှားလှသည်။

သို့သော် ၎င်း၏လည်တိုင်က ထင်ရှားစွာ ကျိုးနေခဲ့ပြီး ၎င်း၏ စူးရှသော မျက်လုံးများက မှေးမှိန်နေခဲ့သည်။

ပါ့ချီချန်းသည် ဤမျိုးဝင်လင်းယုန်ငှက် မြင်ကွင်းကြောင့် ဖြူလျော်သွားခဲ့၏။

မျိုးဝင်လင်းယုန်ငှက်များသည် ကောင်းကင်ကို အုပ်စိုးသူများ ဖြစ်ကြပြီး ရန်သူ့စာပို့ငှက်များကို အမဲလိုက်နိုင်စွမ်း ရှိကြသည်။ ငှက်အနည်းငယ်တို့သာ သူတို့ကို ယှဉ်နိုင်ပြီး လင်းယုန်ငှက်မျိုးစိတ် များစွာသည်ပင် ပြိုင်ဘက်မဟုတ်ခဲ့ကြပေ။ ပါ့ချီချန်းသည် သူ့ရန်သူက ဝူရှန်း၏ ဂုဏ်ယူစရာ မျိုးဝင်လင်းယုန်ငှက်များကိုပင် သတ်ဖြတ်နိုင်သည်အထိ အလွန်ကြောက်မက်ဖွယ် ကောင်းမည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ဟမ် မင်းအရမ်းကြီး မပျော်သင့်ဘူး။ အဲ့ဒါက မျိုးဝင်လင်းယုန်ငှက် တစ်ကောင်သာသာပဲ။ စစ်သည် တစ်သောင်းကျော် ပါရှိသည့် စစ်တပ်တစ်ခုမှာ မျိုးဝင်လင်းယုန်ငှက် တစ်ကောင်ပဲရှိတယ်လို့ မင်းထင်နေတာလား။ ဒီမျိုးဝင်လင်းယုန်ငှက် တစ်ကောင်ထဲကို ကြားဖြတ်ဟန့်တားတာက အဓိပ္ပာယ်မဲ့တယ်”

ပါ့ချီချန်း အထင်သေးစွာ သူ့ခေါင်းကို လျှင်မြန်စွာ မော့လိုက်သည်။

ဘုတ် ဘုတ် ဘုတ်

ပါ့ချီချန်း စကားကို အဆုံးသတ်လိုက်သည့်အခိုက်တွင် မျိုးဝင်လင်းယုန်ငှက် တစ်ပြုံတစ်မက သူ့အနားတွင် ကျဆင်းလာခဲ့သည်။ ဤမျိုးဝင်လင်းယုန်ငှက်များသည် နောက်ဆုံးတွင် ပါ့ချီချန်း၏ ရက်စက်ပြီး အကြင်နာတရား ကင်းမဲ့မှုကို ဘာမှမရှိခြင်းအဖြစ်သို့ ပျောက်ကွယ်သွားစေခဲ့သည်။

“ဟား ဟား ဟား”

ပါ့ချီချန်း၏ ဖြူလျော်သွားသော အမူအရာက ကျယ်လောင်စွာ ရယ်မောသံများကို ဖြစ်သွားစေခဲ့သည်။

“ပါ့ချီချန်း မင်းက သိပ်ရိုးရိုးလေး တွေးနေတာပဲ။ ငှက်တွေကို အမဲလိုက်ရာမှာ မင်းက ငါ့ကိုဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”

ဟက်ဟက်ပက်ပက် ရယ်မောလျှက် လူအိုကြီးလင်းယုန်ငှက်သည် သူ့ညာလက်ကို သူ့ခါးပတ်ရှိ အနက်ရောင် အိတ်တစ်ခုထဲသို့ နှိုက်လိုက်သည်။ အထဲမှနေ၍ တုန်ရီနေသည့် ယုန်တစ်သုတ်ကို ထုတ်ယူလိုက်ကာ သူသည် လေထဲသို့ လွင့်ပစ်လိုက်သည်။

ကဒီး

စူးရှသော အော်သံများ ပေါက်ကွဲသွားခဲ့ခြင်းနှင့်အတူ အနက်ရောင် အစက်များသည် အထဲတွင် ပျံဝဲသွားခဲ့ပြီး လူအိုကြီးလင်းယုန်ငှက် အပေါ်သို့ပစ်လိုက်သော တုန်ရီနေသည့် ယုန်များကို ဖမ်းယူကာ ကောင်းကင်ထက်သို့ ပြန်လည်ထိုးတက်သွားခဲ့သည်။ လူတစ်ယောက်သည် သိသိသာသာ ထက်ရှသော မျက်လုံးများရှိသည့် လူတစ်ယောက်သည် ဤငှက်များက အရွယ်အစားတွင် အနည်းငယ် သေးငယ်ကြသော်လည်း သူတို့၏ ပါးစပ်များနှင့် လက်သည်းများက ထက်ရှသော လက်နက်များအဖြစ် ဆင်ယင်ခံထားရသည်ကို သတိပြုနိုင်သည်။

ထို့အပြင် သူတို့သည် သူတို့ပျံသန်းလိုက်သောအခါ အတူတကွ လုပ်ဆောင်နေခဲ့ကြပြီး သူတို့အား အသေးစား စစ်တပ်တစ်ခုကဲ့သို့ ထင်ရစေသည်။

ဤသည်က လူအိုကြီးလင်းယုန်ငှက်၏ အမဲလိုက် အဖွဲ့ဖြစ်၏။

အလယ်ပိုင်း လွင်ပြင်ဒေသသည် ငှက်များကို လေ့ကျင့်ပေးရာတွင် မည်သူမျှ လူအိုကြီးလင်းယုန်ငှက်ကို ယှဉ်နိုင်မည်မဟုတ်ပေ။ ကင်းထောက်ခြင်း၊ သတင်းများပေးပို့ခြင်း၊ အမဲလိုက်ခြင်း၊ အယောင်ဆောင်ခြင်း... လူအိုကြီးလင်းယုန်ငှက်သည် မရေမတွက်နိုင်သော အခန်းကဏ္ဍများကို ဖြည့်ဆည်းရန် ထိုငှက်များကို လေ့ကျင့်ပေးခဲ့သည်။ ဤသေးငယ်သော အမဲလိုက်ငှက်များက ခက်ထန်သည့် အမျိုးမျိုးသော ငှက်များ၏ သွေးများကို သယ်ဆောင်ထားပြီး သူတို့အားလုံးတို့ကို ဤအခန်းကဏ္ဍအတွက် ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ထားခဲ့ပေသည်။ လူအိုကြီးလင်းယုန်ငှက်သည် နောက်ဆုံးတွင် အောင်မြင်မှုရရှိရန် ဆယ်နှစ်ကျော် အသုံးပြုခဲ့ပြီး မျိုးဆက် ငါးခု၊ခြောက်ခု အသုံးပြုခဲ့ရသည်။

ဤငှက်များသည် ကင်းထောက်ရာတွင် မကောင်းကြသော်လည်း ငှက်ဘာသာစကား သို့မဟုတ် အချက်ပြမှုများတွင် မကျွမ်းကျင်ကြသော်လည်း ရန်သူ့စစ်တပ်၏ အချက်အလက်များ ပေးပို့နိုင်စွမ်း မရှိကြသော်လည်း သူတို့သည် တိုက်ခိုက်ခြင်းတွင် ကောင်းမွန်ကြပြီး အတူတကွ လုပ်ဆောင်နိုင်ကြသည်။ လေထဲတွင် သူတို့သည် အခြေခံအားဖြင့် ပြိုင်ဘက်ကင်းဖြစ်သည်။

ထို့ပြင် သူတို့၏ သေစေနိုင်စွမ်းကို တိုးမြှင့်ရန်အတွက် လူအိုကြီးလင်းယုန်ငှက်သည်လည်း သူတို့အား ထက်ရှသော သံမဏိခြေသည်းများနှင့် နှုတ်သီးများဖြင့် ဆင်ယင်ပေးထားခဲ့ပြီး သူတို့၏ တောင်ပံများဆီသို့ သတ္ထုဖြင့် ပြုလုပ်ထားသော အဆူးအချွန်များဖြင့်ပင် တပ်ဆင်ပေးထားခဲ့သည်။

အနောက်တောင်ဘက်သို့ ဤလှုပ်ရှားမှုသည် အလွန်အမင်း အန္တရာယ်များလှပြီး သူတို့က အသက်ရှင်လျှက် ပြန်လာနိုင်မည်လားဆိုသည်ကို မည်သူမျှ မသိပေ။

ထို့ကြောင့် လူအိုကြီးလင်းယုန်ငှက်သည် သူလေ့ကျင့်ပေးခဲ့သည့် ထိုငှက်အားလုံးတို့ကို ခေါ်ဆောင်လာခဲ့သည်။

“ဟား ဟား မင်းဘယ်လိုထင်လဲ။ အခုမင်းမှာ ပြောစရာရှိသေးလား”

ဝမ်ချောင် ဟန်လုပ်ပြုံးလိုက်၏။

“ဟမ် မင်းတို့က ဒီမျိုးဝင်လင်းယုန်ငှက်တွေကို သတ်ဖြတ်ခဲ့ရင်တောင် အဲ့ဒါက ဘာအသုံးဝင်မှာလဲ။ ဒါက မင်းတို့ကို နောက်ထပ် ရက်အနည်းငယ်ပဲ အသက်ရှင်စေလိမ့်မယ်”

ပါ့ချီချန်း မျက်လုံးမှိတ်လိုက်ပြီး သေခြင်းတရားကို စောင့်ဆိုင်းနေလိုက်သည်။

“လုပ်လိုက်ပါ။ ငါမင်းတို့အားလုံးကို အောက်မှာ စောင့်နေမယ်”

သူသည် သူ့ရုန်းကန်မှုများကို ရပ်တန့်လိုက်ကာ စောင့်ဆိုင်းနေလိုက်သည်။

“ဟား ဟား သေဖို့က အဲ့လောက်မလွယ်ဘူး။ ငါ့ကိုပြော မင်းတို့ရဲ့ တပ်သားတွေက ဘယ်နေရာကနေ ဆင်းသက်လာခဲ့သလဲ။ မင်းပြောရင် ငါမင်းကို ကောင်းကောင်း သေခွင့်ပေးမယ်” ဝမ်ချောင် ပြောလိုက်သည်။

“မင်းငါ့ကို ဒါမေးတာက ဘာအသုံးဝင်လိမ့်မယ်လို့ မင်းထင်သလဲ။ ငါမင်းကို ဘာကိုမှ ပြောမှာမဟုတ်ဘူး”

ပါ့ချီချန်း ရုတ်တရက် မျက်လုံးဖွင့်လိုက်ကာ သတိထားနေသည့် ပုံစံတစ်ခု ရှိနေခဲ့သည်။

“ဟီး ဟီး ချီလီချွမ်းလား” ဝမ်ချောင် ရုတ်တရက် ပြောလိုက်ကာ ပါ့ချီချန်းကို ကြည့်နေခဲ့သည်။

ပါ့ချီချန်း ဘာမှမပြောခဲ့သော်လည်း သူ့အမူအရာက ဖြူလျော်သွား၏။ သူ့ပါးစပ်သည် စကားပြောတော့မည်ကဲ့သို့ ပွင့်သွားခဲ့သော်လည်း ဝမ်ချောင်၏ဓားက သူ့နှလုံးသားထဲသို့ ထိုးစိုက်သွားခဲ့ပြီဖြစ်သည်။

“ငါသိနေပြီ မင်းအခု ဘာမှပြောစရာ မလိုတော့ဘူး”

ယင်ရန်ငယ်ဓား စိုက်ဝင်သွားသည်နှင့် ပါ့ချီချန်း၏ ခမ်းနားထည်ဝါပြီး သန့်စင်သော စွမ်းအင်များက ဓားမှနေ၍ ဝမ်ချောင်ဆီသို့ တိုးဝင်လာခဲ့သည်။ ဝမ်ချောင်သည် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ခြောက်တွင် ရှိနေခဲ့ပြီဖြစ်ပြီး ယခုအခါ နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ်တစ်ယောက်၏ ကြမ်းကြုတ်သော ခွန်အားကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ရီသွားခဲ့ကာ ကြယ်တာရာ စွမ်းအင်များက ပေါက်ကွဲသွားခဲ့သည်။

“အား”

နာကျင်စွာ အော်ဟစ်နေသည့် အော်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဝမ်ချောင်၏ဆံပင်များ ပြေကျသွားခဲ့ကာ သူ့ဆံပင်များသည် ထောင်ချီသော သံမဏိအပ်လေးများကဲ့သို့ လေထဲသို့ လွင့်သွားခဲ့ပြီး သွေးမြူခိုးတစ်ခုက သူ့ခန္ဓာကိုယ်မှနေ၍ ပေါက်ကွဲသွားခဲ့သည်။ လူအုပ်ကြီး၏ တုန်လှုပ်နေသည့် အကြည့်များအောက်တွင် ဝမ်ချောင်၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားသည် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ခုနှစ်ဆီသို့ ကျိုးပေါက်သွားခဲ့ပြီးနောက် အဆင့်ရှစ် ထို့နောက် အဆင့်ကိုးတွင် ရပ်တန့်သွားခဲ့ကာ လူအိုကြီးလင်းယုန်ငှက်၏ ကျင့်ကြံခြင်းအဆင့်နီးပါးသို့ ရောက်ရှိသွားခဲ့သည်။

“ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လူအိုကြီးလင်းယုန်ငှက်၏ မျက်လုံးများ ပြူးကျယ်သွား၏။ လမ်းတစ်လျှောက်တွင် ဝမ်ချောင်နှင့်အတူ လိုက်ပါခဲ့သောကြောင့် သူသည် ဝမ်ချောင်၏လက်ရှိ ခွန်အားအဆင့်ကို ကောင်းကောင်း သိထားပေသည်။

အစပိုင်းတွင် ဝမ်ချောင်သည် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်တစ် သို့မဟုတ် အဆင့်နှစ်တွင်ရှိသည့် အရေးမပါလှသော သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ ပါ့ချီချန်း၏ နှလုံးသားကို ထိုးစိုက်လိုက်ခြင်းမျှဖြင့် သူသည် အဆင့်တော်တော်များများ မြင့်တက်သွားခဲ့ပြီး သူ့ကိုယ်ပိုင် ခွန်အားအဆင့်သို့ ရောက်လုနီးပါး ဖြစ်လာခဲ့သည်။ လူအိုကြီးလင်းယုန်ငှက်သည် ယခုအခါ အသက်သုံးဆယ် ကျော်ပြီဖြစ်ပြီး အသက်လေးဆယ်သို့ ရောက်လုနီးပါး ဖြစ်သည်ကို ထောက်ပြရပေမည်။

ထို့ပြင် ဝမ်ချောင်သည် ဆယ်ကျော်သက်တစ်ယောက်သာ ဖြစ်သည်။

သူတို့၏ ကျင့်ကြံချိန်ရှိ ခြားနားမှုသည် ရက်များမဟုတ်ခဲ့ကြဘဲ နှစ်များဖြစ်ခဲ့ကြသည်။

“မင်းက ဘယ်လိုမကောင်းဆိုးဝါး ပညာရပ်ကို ကျင့်ကြံနေတာလဲ”

သေမင်းတံခါးဝတွင် ရုန်းကန်နေသည့် ဒေါသတကြီး အသံတစ်ခု မြေပေါ်မှနေ၍ ထွက်ပေါ်လာခဲ့သည်။ ပါ့ချီချန်း ထိုနေရာတွင် လဲလျောင်းနေကာ သူ့မျက်လုံးများက တုန်လှုပ်စွာ ပြူးကျယ်နေခဲ့သည်။ လူတိုင်းတို့တွင် သူတို့၏ ကံကြမ္မာကိုယ်စီ ရှိကြပြီး သူသည် ရှုံးနိမ့်သွားခဲ့သောကြောင့် သူသည် ရှင်သန်ရန် မျှော်လင့်ချက် မရှိခဲ့ပေ။ ထို့ပြင် သူ့ကို အနိုင်ယူခဲ့သည့် ကွပ်ကဲသူများကို စောင့်ဆိုင်းနေခဲ့သည့် တစ်ခုတည်းသော အရာမှာလည်း သေခြင်းတရားဖြစ်သည်။

သို့သော် ဝမ်ချောင်၏ဓား ထိုးစိုက်လိုက်ခြင်းက သူ့အတွေးများကို ပျက်စီးသွားစေခဲ့သည်။

ပါ့ချီချန်းသည် သူ့ခွန်အားများက သူ့ခန္ဓာကိုယ်မှနေ၍ ထွက်ခွာသွားခဲ့ပြီး ထန်လူငယ်လေးဆီသို့ ဝင်ရောက်သွားသည်ကို ခံစားရနိုင်သည်။ ယခုအခါ သူသည် ကြောက်မက်ဖွယ် အကောင်းဆုံး ရန်သူတစ်ယောက်ကို ကျွေးမွေးနေပေ၏။

ပါ့ချီချန်းသည် ဝမ်ချောင်က ဉာဏ်ကောင်းသော လူငယ်လေးတစ်ယောက်သာ ဖြစ်သည်ဟု ယုံကြည်ထားခဲ့သော်လည်း ယခုအခါ ဝမ်ချောင်သည် အတွေ့အကြုံနှင့် စွမ်းအား၏ အရှိန်အဝါကို စတင်ပြသနေခဲ့သည်။ ဤသည်က ဆယ်ကျော်သက်တစ်ယောက် ပိုင်ဆိုင်နိုင်သည့်အရာ မဟုတ်ပေ။ ပါ့ချီချန်း၏ အတွေ့အကြုံများဖြင့်ပင် သူသည် ဤသို့သော ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ။

“ဟား ဟား မင်းဘာလို့ အောက်မှာ မမေးတာလဲ”

ဝမ်ချောင် သူ့ညာလက်က ယင်ရန်ငယ်ဓားကို ဆွဲထုတ်လိုက်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သွေးများကို ဖြာထွက်သွားစေခဲ့သည်။ အသံမထွက်ဘဲ ပါ့ချီချန်း၏ ခန္ဓာကိုယ် ပြိုလဲသွားခဲ့၏။ ပါ့ချီချန်း၏ စွမ်းအားက သူစိတ်ကူးထားသည်ထက် များစွာပို၍ အားကောင်းခဲ့ကာ ဝမ်ချောင်သူ့ကို နောက်ထပ် ကရုမစိုက်တော့ပေ။ ဝမ်ချောင်သည် သူ့ခန္ဓာကိုယ်တွင် လည်ပတ်နေသည့် ကြီးမားသော စွမ်းအင်အချို့က ဖောက်ထွက်ရန် တွန်းအားပေးနေသည်ကို ခံစားလိုက်ရသည်။

တခဏမျှ ဝမ်ချောင်သည် သူက လောကကြီးအပေါ် အထင်တသေးဖြင့် ရှု့မြင်နိုင်ပြီး အတားအဆီးမရှိ ခရီးသွားနိုင်သည့် ခံစားချက်ကို ပြန်လည်ရရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် ဘယ်တုန်းကမှ မဟာဗျူဟာ စစ်သူကြီးတစ်ယောက်မျှ မဟုတ်ခဲ့ပေ။

“ပျံဝဲနေသော နဂါးလှံ”

တောင်တန်းများမှနေ၍ အော်သံတစ်ခု ပဲ့တင်ထပ်သွားခဲ့ကာ ဝမ်ချောင်သည် သူ့နောက်ကျောမှနေ၍ အပိုင်းခုနှစ်ပိုင်းရှိသည့် ရွှေရောင်လှံတစ်ချောင်းကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။

ဝေါ

လူတိုင်းသည် တုန်လှုပ်စွာ ကြည့်ရှု့နေခဲ့ကာ အသက်ဝင်နေသကဲ့သို့ ခြေသည်းငါးချောင်းပါသော နဂါးတစ်ကောင်သည် ကောင်းကင်ထက်သို့ ရစ်ပတ်သွားခဲ့သည်။

တစ်ရစ်၊ နှစ်ရစ်၊ သုံးရစ်...

နောက်ဆုံးတွင် ဘုန်းကနဲ အသံတစ်ခု ထွက်ပေါ်လာပြီး ထိုနဂါးသည် တောင်ကို ထိမှန်သွားသည့် ရွှေရောင်အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဘုန်း

ကမာ္ဘမြေကြီး တုန်ခါသွားခဲ့ပြီး ဖုန်မှုန့်များ လွင့်ပျံသွားခဲ့၏။ ဝမ်ချောင်၏ ဤလှံတစ်ချောင်းထဲက တောင်တစ်ခုလုံးကို ခိုက်ခိုက်တုန်သွားစေခဲ့ကာ စွမ်းအင်လှိုင်းလုံးများသည် မရေမတွက်နိုင်သော ကျောက်စရစ်ခဲများနှင့် ကျောက်တုံးများကို လှည်းကျင်းသွားခဲ့သည်။ ကမာ္ဘမြေကြီး ကိုယ်တိုင်က ပေါက်ကွဲတော့မည့်ပုံရ၏။

“ဒါက...”

“အဲ့ဒါကဘယ်လို လှံနည်းစနစ်လဲ”

“သခင်လေးက ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ လှံပညာရပ်တစ်ခုကို ဘယ်အချိန်က သင်ယူခဲ့တာလဲ”

...

သူတို့က ကောင်းကင်ထက် ကျန့်ဒါဇင်ပေါင်းများစွာ မြင့်တက်သွားခဲ့သည့် သိပ်သည်းသော ဖုန်မှုန့်လှိုင်းလုံးကို ကြည့်ရှု့လိုက်ကာ တုန်လှုပ်သွားခဲ့သည့်လူမှာ လူအိုကြီးလင်းယုန်ငှက်နှင့် ကျောက်ကျင်းတန်တို့သာ မဟုတ်ခဲ့ကြပေ။ အနာဂတ် ကျော်လွှား၍မရသော လီစီးရီသည်ပင် တော်တော်လေး တုန်လှုပ်သွားခဲ့သည်။ လွန်ခဲ့သည့် ခဏက ဝမ်ချောင်သည် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ငါးတွင်သာ ရှိခဲ့သော်လည်း တိုက်ပွဲ အဆုံးသတ်သွားခြင်းနှင့်အတူ သူ့ခွန်အားသည် ချက်ချင်း ထိုးတက်သွားခဲ့သည်။

ထိုလှံ၏ခွန်အားသည် သေချာပေါက် နက်နဲသိမ်မွေ့သော သိုင်းနယ်ပယ်တွင်ရှိ၏။

လီစီးရီသည် ၎င်းကိုလုံးဝ သေချာနိုင်ပေသည်။.

All Chapters