အခန်း (၅၁၆-၅၂၀)
Vol. 24 Ch. 516-520
အခန်း(၅၁၆)
အစီအစဉ်များ ချမှတ်ခြင်း လာမည့်တိုက်ပွဲ
လေပြင်းတစ်ခု တောင်ထိပ်ပေါ် ရစ်ဝဲနေသည့် ဖုန်မှုန့်များကို တိုက်ခတ်သွားခဲ့ကာ အပေါက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်က သူ့လှံနှင့်အတူ ကျွင်းကျန်ရစ်သည့် ဖုန်မှုန့်များမှနေ၍ လမ်းလျှောက်ထွက်လာသောအခါ တောင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။
ဤအခိုက်အတန့်ရှိ ဝမ်ချောင်သည် အားကောင်းပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကာ တက်ကြွမှုနှင့် ဂုဏ်သိက္ခာတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် ခေါင်းဆောင်တစ်ဦး၏ အသွင်သဏ္ဍန်ရှိပြီး စစ်သူကြီးတစ်ဦး၏ ကိုယ်ဟန်အနေအထားရှိသည်။
စစ်သားများအပေါ် ဝမ်ချောင် ချန်ရစ်ခဲ့သည့် ထင်မြင်ချက်သည် ယခုအခါ သူတို့၏ အစပိုင်းနှင့် လုံးဝ ခြားနားသွားခဲ့သည်။
စွမ်းအားသပ်သပ်တွင် ဝမ်ချောင်သည် လူအိုကြီးလင်းယုန်ငှက်နှင့် လီစီးရီတို့ကဲ့သို့ သာမညအဆင့်မှနေ၍ မြင့်တက်လာခဲ့သည်။
“အဲ့ဒါက ဘယ်လိုနည်းစနစ်မျိုးလဲ။ အရမ်းကြောက်ဖို့ကောင်းတယ်”
“ဝမ်ကလန်က ဝန်ကြီးတွေနဲ့ စစ်သူကြီးတွေရဲ့ ကလန်တစ်ခုဖြစ်ပေမဲ့ ငါကသူတို့မှာ ဒီလိုနည်းစနစ်မျိုး ရှိတယ်လို့ တစ်ခါမှ မကြားခဲ့ဖူးဘူး”
“တကယ်လို့သူက ဒီအမြန်နှုန်းနဲ့ ဆက်တိုးတက်လာရင် သခင်လေးက မယုံနိုင်စရာကောင်းတဲ့ အဆင့်ကို ရောက်နိုင်တယ်”
...
လူတိုင်း တောင်ထိပ်ကို ကြည့်နေခဲ့ကာ သူက ကောင်းကင်ဘုံမှ ကောင်းကင်တမန် တစ်ယောက်ကဲ့သို့ ဝမ်ချောင်ကို ကြည်ညိုနေခဲ့သည်။
သို့သော်လည်း သူတို့သည် တုန်လှုပ်ပြီး အံ့အားသင့်နေခဲ့သော်လည်း မည်သူမျှ သူတို့၏မေးခွန်းကို မေးမြန်းရန် ရှေ့မထွက်ခဲ့ကြပေ။ လူများစွာတို့သည် ရည်ရွယ်ချက်ရှိရှိ ဤအကြောင်းအရာတို့ကို ရှောင်ဖယ်နေခဲ့ကာ ဝမ်ချောင်ကို ကြည့်လိုက်သောအခါ သူတို့၏ ခေါင်းများကိုပင် ငုံ့ထားခဲ့ကြသည်။ ဝမ်ချောင်က မည်သို့သော ပညာရပ်ကို ကျင့်ကြံထားခဲ့ပါစေ ၎င်းက မည်သည့်နေရာက လာခဲ့ပါစေ ၎င်းက လမ်းမှန်ဖြစ်စေ၊ ဆိုးယုတ်သည်ဖြစ်စေ ဤသို့သော အချိန်တစ်ခုတွင် ဝမ်ချောင်က ကိုယ့်ကိုယ်ကို တိုးမြှင့်နိုင်သ၍ စစ်တပ်အတွက် အကျိုးရှိပေလိမ့်မည်။
အခြားအရာရာတိုင်းသည် အရေးမကြီးပေ။
အနောက်တောင်စစ်ပွဲ အလိုအပ်ဆုံးအရာမှာ ဆရာသခင်များနှင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ပိုများလေ ပိုကောင်းလေဖြစ်သည်။
“အသုံးပြုသူအား ဂုဏ်ယူပါသည်။ ပါ့ချီချန်းကို သတ်ဖြတ်ခြင်းနှင့် သမိုင်းလမ်းကြောင်းကို ပြောင်းလဲခြင်းအတွက် သင်သည် မစ်ရှင်ပြီးမြောက်ပြီးနောက် ထုတ်ပေးမည်ဖြစ်သည့် ကံကြမ္မာမှတ် ငါးမှတ် ချီးမြှင့်ခံရပါသည်”
တောင်ထိပ်ပေါ်တွင် ဝမ်ချောင်က ပျံလွှားနေသော နဂါးလှံကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိုအပေါက်မှနေ၍ လမ်းလျှောက်လာခဲ့ချိန်တွင် သူသည် နားထဲတွင် ထိုအသံကို ကြားလိုက်ရသည်။
ဟား ဟား နောက်တစ်ခါ အဲ့အတိုင်းပဲ ဝမ်ချောင် တခဏမျှ ရပ်တန့်သွားခဲ့ကာ တွေးလိုက်သည်။
ပါ့ချီချန်းသည် အနောက်တောင်စစ်ပွဲတွင် ပါဝင်နေသည့် အကောင်းဆုံးများထဲမှ တစ်ယောက်ဖြစ်သည့် ဟော်ရှု့ဟွမ်ချမ်း လက်အောက်ရှိ အရည်အချင်းရှိသော စစ်သူကြီးတစ်ဦးဖြစ်သည်။ သို့သော်လည်း အန်းနှံကာကွယ်ရေးစစ်တပ် သုတ်သင်မခံရမီ သူသည် ဝမ်ချောင်၏လက်ထဲတွင် သေဆုံးခဲ့ကာ ၎င်းက ကံကြမ္မာကို အကြီးအကျယ် ပြောင်းလဲခဲ့သည်မှာ ထင်ရှားလှသည်။ အနည်းဆုံး ဝမ်ချောင်သည် ပါ့ချီချန်း၏ ကံကြမ္မာကို ပြောင်းလဲခဲ့သည်။ အတိတ်က စည်းမျဉ်းများအရ ကံကြမ္မာကျောက်စာသည် ဝမ်ချောင်ကို ကံကြမ္မာမှတ် သေချာပေါက် ချီးမြှင့်ပေလိမ့်မည်။
ဝမ်ချောင် အမှန်တကယ် စိတ်ဝင်စားခဲ့သည့် အရာမှာ ဒုတိယအကြိမ်အနေဖြင့် သူသည် ကံကြမ္မာမှတ် ချီးမြှင့်ခံခဲ့ရသော်လည်း ၎င်းကို မရခဲ့ခြင်းဖြစ်သည်။
ထိုသည်မှာ ကံကြမ္မာမှတ် အားလုံးတို့က မစ်ရှင်ပြီးမြောက်သည်အထိ ထုတ်ပေးမည် မဟုတ်သကဲ့သို့ ဖြစ်သည်။
သို့သော် ခြင်္သေ့မြို့ရှိ သေဆုံးမှုတိုင်းအတွက် ဝမ်ချောင်၏ ကံကြမ္မာမှတ်များမှနေ၍ ကံကြမ္မာမှတ်ကို နုတ်ယူနေခဲ့သည်။
“အရှင်”
လူအိုကြီးလင်းယုန်ငှက်၊ လီစီးရီ၊ ကျောက်ကျင်းတန်၊ ရှု့ရှီပင်းနှင့် အခြားလူများ တောင်ထိပ်သို့ တက်လာခဲ့သည်။ သူတို့၏ အကြည့်များသည် ဝမ်ချောင်၏ ယင်ရန်ငယ်ဓားကို ဖြတ်သန်းသွားခဲ့ကာ ထိုပြဿနာကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှု့လိုက်ကြသည်။
“သခင်လေး ရှီလီရွှမ်းနဲ့ ပတ်သတ်တဲ့ သင့်ရဲ့မေးခွန်းက ဘာဖြစ်နေတာလဲ” လူအိုကြီးလင်းယုန်ငှက် တီးတိုးပြောလိုက်၏။
ဝမ်ချောင်က ထိုမေးခွန်းကို မေးလိုက်သောအခါ ပါ့ချီချန်း၏ အမူအရာသည် လုံးဝပြောင်းလဲသွားခဲ့သည်။ ပို၍အရေးကြီးသည်မှာ လူအိုကြီးလင်းယုန်ငှက်သည် ထိုနေရာတွင် ဘာဖြစ်နေခဲ့သည်ကို နားမလည်နိုင်ခဲ့သေးခြင်း ဖြစ်သည်။ ပါ့ချီချန်းသည် သူ့ခေါင်းဖြတ်ခံရမည်ကိုပင် မကြောက်ရွံ့သည့် လူစားမျိုးဖြစ်သော်လည်း ဝမ်ချောင်၏ မေးခွန်းတစ်ခုထဲက သူ့ကို ဖြူလျော်သွားစေခဲ့သည်။ ထို့ပြင် ရှီလီရွှမ်းသည် မည်သည့်အရာနည်း။
ဝမ်ချောင်သည် ဘာကြောင့် ၎င်းကို မေးမြန်းခဲ့သနည်း။
လူအိုကြီးလင်းယုန်ငှက် ရှုပ်ထွေးနေဆဲဖြစ်သည်။
“ဟား ဟား မင်းခဏနေ သိလာမှာပါ။ တပ်မှူးချုပ်ရှု့ ပါ့ချီချန်းက သေဆုံးသွားပြီ။ ချောင်ယောင်တာ့လူကလည်း သေဆုံးသွားခဲ့ပြီ။ ငါတို့က တိဗက်ခံစစ်စည်း တစ်ဝက်ကို ဖြတ်ကျော်သွားခဲ့ပြီ။ ငါတို့အခု လုပ်ဖို့လိုတာက နောက်ဆုံးတောင်ကို ဖြတ်ကျော်ဖို့ပဲ။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ တစ်ခြားအုပ်စုနှစ်ခုကို ငါတို့ကိုမြန်မြန် လာတွေ့ခိုင်းလိုက်။ ငါတိဗက်မြင်းစစ်သည် နောက်ဆုံး အုပ်စုကို ဒီနေ့ ချေမှုန်းချင်တယ်”
“ဟုတ်ကဲ့ပါအရှင် ကျွန်တော်တို့ အောင်မြင်တဲ့အခါ ကျွန်တော်က သူတို့ကို အချက်ပြလိမ့်မယ်လို့ သူတို့ကို အရင်ကတည်းက ကျွန်တော် အကြောင်းကြားခဲ့ပြီးပါပြီ။ သူတို့က စတင်ထွက်ခွာလာပြီဆိုတာ ကျွန်တော် ယုံကြည်မှုရှိပါတယ်”
တပ်မှူးချုပ်ရှု့ သူ့လက်ကို ချိတ်လိုက်ပြီး ဦးညွှတ်လိုက်ကာ သူ့လေသံနှင့် အမူအရာက အလွန်အမင်း လေးစားနေခဲ့သည်။
ဤတိုက်ပွဲပြီးနောက် ဝမ်ချောင်သည် လူတိုင်း၏ အကြွင်းမဲ့ယုံကြည်မှုနှင့် လေးစားသမှုကို အနိုင်ရသွားသည်မှာ သံသယရှိစရာ မလိုပေ။
လက်တွေ့ဖြစ်ရပ်များသည် စကားလုံးများထက် ပို၍ ကျယ်လောင်၏။ ပါ့ချီချန်း၏ သေဆုံးမှု၊ ချောင်ယောင်တာ့လူ၏ သေဆုံးမှုနှင့် တိဗက်တစ်သောင်းကျော်ကို သူတို့ဘက်ရှိ စစ်သားနှစ်ထောင်ကျော်မျှကို စတေးခြင်းဖြင့် အောင်မြင်ခဲ့သည်။ တောင်းဆိုချက် အများဆုံး လူများသည်ပင် ဤအချက်ကို ပျော်ရွှင်စွာ လက်ခံလိမ့်မည်ဖြစ်ပြီး ယုံကြည်မှုဖြင့် ပြားဝပ်နေပေလိမ့်မည်။
“အင်း အချိန်က နည်းတယ်။ တပ်မှူးချုပ်ရှု့ ပုံစံငယ်ရော” ဝမ်ချောင် ပြောလိုက်သည်။
“ပုံစံငယ်ကို ယူလာခဲ့”
တပ်မှူးချုပ်ရှု့ တောင်အောက်သို့ လက်ဝှေ့ယမ်းပြလိုက်၏။ စစ်သားတော်တော်များများ ပြေးလာခဲ့ကာ သူတို့ကြားတွင် သံသေတ္တာကြီး တစ်လုံးကို သယ်ဆောင်လာခဲ့သည်။ သေတ္တာထဲတွင် အနောက်တောင်ဘက်၏ ပြီးပြည့်စုံသော မြေမျက်နှာသွင်ပြင် ပုံစံငယ်တစ်ခုဖြစ်၏။ စစ်တပ်တစ်ခုတွင် အကြွင်းမဲ့ အရေးကြီးသော ပစ္စည်းနှစ်ခု ရှိကြသည်။ တစ်ခုသည် ကွပ်ကဲသူ၏ တံဆိပ်ဖြစ်ပြီး ကျန်တစ်ခုသည် မြေမျက်နှာသွင်ပြင် ပုံစံငယ်ဖြစ်သည်။
ပုံစံငယ်ကို ပို့ဆောင်ပြီးနောက် ထိုစစ်သားများ ဆုတ်ခွာသွား၏။
ပါ့ချီချန်းနှင့် ချောင်ယောင်တာ့လူတို့၏ သေဆုံးမှုနှင့်အတူ ပုံစံငယ်ပေါ်ရှိ အရေးအကြီးဆုံးသော တောင်ကြားနှစ်ခုတို့သည် ပွင့်သွားခဲ့ကာ ဝမ်ချောင်ရှေ့တွင် ပွင့်နေသော ကွင်းပြင်ကြီးတစ်ခုကို ကျန်ရစ်နေစေခဲ့သည်။
တောင်ဘက်သို့ လမ်းပေါ်တွင် မည်သည့် ခြိမ်းချောက်မှုများမှ မရှိတော့ပေ။ အခြားသုံးနေရာမှ စုစည်းနေသည့် တပ်ဖွဲ့များ ကျန်ရှိနေသည့် တိဗက်ခြောက်ထောင်တို့သည် ကြောက်စရာ ဘာမှမရှိတော့ပေ။ ပို၍အရေးကြီးသည်မှာ ဤစမ်းသပ်မှုသည် တိဗက်များကို တိုက်ခိုက်နေချိန် အရန်တပ်သားများရှိ ယုံကြည်မှုကို လှုံ့ဆော်သွားခဲ့သည်။
ဤသည်က အရေးကြီးဆုံး အချက်ဖြစ်၏။
“လီစီးရီ”
ဝမ်ချောင် ရုတ်တရက် ပြောလိုက်၏။ “ခဏနေ ငါတို့က အဲ့ဒီတိဗက်စစ်တပ်ကို အနိုင်ယူတဲ့အခါ မင်းက ချက်ချင်းထွက်ခွာရမယ်။ ခေါ်ယူထားတဲ့ ကျွမ်းကျင်သူတွေကိုခေါ်ပြီး ဒီနေရာကိုသွားပါ”
ဝမ်ချောင် ပုံစံငယ်ပေါ်ရှိ တိကျသော နေရာတစ်ခုကို ညွှန်ပြလိုက်သည်။
“ဒါက ...”
လီစီးရီ ဤနေရာကို ကြည့်လိုက်ပြီး ချက်ချင်း ကြက်သေ သေသွားခဲ့သည်။ ဝမ်ချောင် ညွှန်ပြခဲ့သည့် နေရာသည် မည်သည့် အရေးကြီးသော တောင်ကြားလမ်းမျှ မဟုတ်ခဲ့ပေ။ ၎င်းသည် အားဟိုင်လွင်ပြင်သို့ သွားသည့် လမ်းတစ်လျှောက်တွင်ပင် မဟုတ်ခဲ့ဘဲ လုံးဝခြားနားသော ဦးတည်ချက် တစ်ခုတွင်ဖြစ်သည်။
“သခင်လေး ဒါက ခြင်္သေ့မြို့ကိုသွားတဲ့ လမ်းမဟုတ်ပါဘူး” လီစီးရီ အံ့အားသင့် ထိတ်လန့်စွာ ပြောလိုက်သည်။
သူသည် ဝမ်ချောင်နှင့် အချိန်အကြာကြီး ရှိခဲ့သော်လည်း လီစီးရီသည် ဝမ်ချောင်ကဘာကြောင့် သူ့ကို ထိုနေရာသို့ သွားစေချင်သည်ကို နားမလည်နိုင်ခဲ့ပေ။ ဤသည်က သူမျှော်မှန်းထားသည့် အရာနှင့် လုံးဝ ခြားနား၏။
ဝမ်ချောင်ဘာမှ မပြောခဲ့ဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ တုန့်ပြန်ရန် အနည်းငယ် နှေးကွေးခဲ့သော်လည်း လီစီးရီသည် နားထောင်ရန် အလွန်လျှင်မြန်စွာ ကိုင်းလိုက်သည်။ ဝမ်ချောင် စကားတစ်လုံးကို သူ့နားထဲသို့ တီးတိုးပြောလိုက်ပြီးနောက် သူ၏ ကြီးမားတုတ်ခိုင်သော ပုခုံးကို ပုတ်လိုက်သည်။
“သွားပြီး ကောင်းကောင်း ပြင်ဆင်ထားပါ။ ဒီကိစ္စက ငါတို့ရဲ့ လက်ရှိတာဝန်ထက် ပိုပြီးတော့တောင် အရေးကြီးတယ်။ ဒါကို လုပ်နိုင်ပြီး ငါယုံကြည်နိုင်ပြီး ငါ့ဘက်မှာရှိတဲ့ တစ်ဦးတည်းသောလူက မင်းပဲ” ဝမ်ချောင် လေးနက်စွာ ပြောလိုက်သည်။
စစ်ပွဲ၏ လမ်းကြောင်းကို ပြောင်းလဲရန် စစ်သားတစ်ထောင်အတွက် အလွန်ခက်ခဲပေသည်။ အလုပ်ကောင်း တစ်ခုလုပ်ရန် လက်မှုပညာသည်တစ်ယောက်သည် အကောင်းဆုံး ပစ္စည်းကိရိယာများ လိုအပ်သည်။ သာလွန်သော စစ်သူကြီးသည် ရန်သူ၏ အစီအမံများကို ချိုးဖောက်နေချိန် နိမ့်ကျသော စစ်သူကြီးသည် ရန်သူစစ်သားများကို အစီအမံများ ပြုလုပ်ပေသည်။ စစ်ပွဲများသည် နှစ်ဖက်စလုံး၏ စစ်တပ်များ၏ ခွန်အားများဖြင့် ဆုံးဖြတ်လေ့ မရှိခဲ့ကြသော်လည်း သာမာန်လူများ ပုံမှန်အားဖြင့် မမြင်နိုင်သည့် နေရာများတွင် ဆုံးဖြတ်ခဲ့သည်။
ဝုန်း
သူတို့ကိုယ်သူတို့ ပြင်ဆင်ပြီးနောက် စစ်တပ်သည် နောက်တစ်ကြိမ် လျှင်မြန်စွာ စတင်စစ်စုရုံးလိုက်ကာ နောက်ဆုံးတိဗက် အစောင့်တပ်ဆီသို့ ဦးတည်လိုက်သည်။
နောက်ထပ် စစ်ပွဲတစ်ပွဲသည် သူတို့ကို စောင့်ဆိုင်းနေပေ၏။
အခန်း(၅၁၇)
ကိုယ်ရေးကိုယ်တာ စိုးရိမ်ပူပန်မှု စားနပ်ရိက္ခာ
တောင်မှနေ၍ လီရာချီကို ခရီးနှင်ပြီးနောက် ဝမ်ချောင်၏စစ်တပ်သည် အားဖြည့်တပ်၏ ဒုတိယအုပ်စုနှင့် လျှင်မြန်စွာ တွေ့ဆုံသွားခဲ့သည်။ ဤတပ်ဖွဲ့၏ ကွပ်ကဲသူသည် ရှု့အန်းတွမ်ဖြစ်ပြီး နောက်ထပ် ဝါရင့်အရာရှိ တစ်ဦးဖြစ်သည်။ ဤစစ်တပ်နှစ်ခုကို ပေါင်းစည်းလိုက်ခြင်းနှင့်အတူ ဝမ်ချောင်၏ တပ်ဖွဲ့အင်အားသည် ငါးထောင်မှနေ၍ တစ်သောင်းတစ်ထောင် ဝန်းကျင်သို့ တိုးသွားခဲ့သည်။
ဤသည်က ဝမ်ချောင်၏ တပ်ဖွဲ့အင်အား တစ်သောင်းထက် ကျော်လွန်သွားသည့် ပထမဆုံး အကြိမ်ဖြစ်သည်။ ၎င်းသည် သူ၏ယခင် အမြင့်ဆုံးနှင့် စစ်သားသုံးထောင် ခြားနားမှုသာ ဖြစ်သော်လည်း ဤသေးငယ်သော ခြားနားမှုက ကြီးမားသော သက်ရောက်မှုများ ရှိခဲ့သည်။ ထိပ်သီးစစ်သူကြီးများသည် ဟန်ရှင်းကဲ့သို့ တူညီသော နိယာမကို လိုက်နာကြပေသည်။ စစ်သားများ ပိုများလေလေ ပိုကောင်းလေလေဖြစ်သည်။ လူတစ်ဦး၏ စစ်သားများသည် တစ်သောင်းထက် ကျော်လွန်သွားသောအခါ နည်းဗျူဟာ အသစ်တစ်ခုလုံး ပေါ်ထွက်လာပေသည်။ ဤစစ်သားတစ်သောင်းဖြင့် ဝမ်ချောင်သည် ယခုအခါ များစွာပို၍ အတူတကွ လုပ်ဆောင်နိုင်ပြီး စစ်ဆင်ရေးများ ပြုလုပ်နိုင်ပေသည်။
ဝမ်ချောင်သည် အသေအပျောက် အနည်းငယ်သာ ခံစားခဲ့ရချိန် ပါ့ချီချန်းကဲ့သို့ ခက်ထန်လှသော တိဗက် စစ်သူကြီးတစ်ဦးနှင့် သူ၏တစ်သောင်းကျော်သော တပ်ဖွဲ့ကို အနိုင်ယူနိုင်ခဲ့သောကြောင့် ကျန်ရှိနေသည့် ခြောက်ထောင်ကို ရင်ဆိုင်ရန်မှာ ပို၍ပင် လွယ်ကူပေသည်။
လာမည့်တိုက်ပွဲသည် များစွာပို၍ လွယ်ကူပေလိမ့်မည်။
ပါ့ချီချန်း သို့မဟုတ် ချောင်ယောင်တာ့လူမရှိဘဲ ကျန်ရှိနေသည့် တိဗက်မြင်းစစ်သည်များသည် ဝမ်ချောင်၏ တပ်ဖွဲ့ဖြင့် လွယ်ကူစွာ ချေမှုန်းမခံရမီ တခဏသာ တောင့်ခံနိုင်ခဲ့ကြသည်။
ဤတိုက်ပွဲသည် နောက်ဆုံးတိုက်ပွဲထက် ပို၍ပင် တိုတောင်းခဲ့၏။ နှစ်နာရီအတွင်းမှာပင် ပြီးဆုံးသွားခဲ့သည်။
...
“အရှင် သင့်ရဲ့ငယ်သားက အရင်ဆုံး ထွက်ခွာတော့မယ်”
ထိုတိုက်ပွဲ ပြီးဆုံးခြင်းက လီစီးရီကို သက်တောင့်သက်သာ မဖြစ်စေခဲ့ပေ။ ဝမ်ချောင်၏ တပ်ဖွဲ့များအတွက် တိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သော်လည်း သူသည် ယခုမှစတင်ခြင်းဖြစ်သည်။ သို့သော် သူကိုယ်တိုင်ကပင် သူနောက်ထပ် ဘာလုပ်ရမည်ကို ရှုပ်ထွေးနေခဲ့သည်။
“အင်း ဒါဆိုလည်းသွားပါ။ နောက်ထပ်ဖြစ်လာမဲ့အရာက မင်းနဲ့ဘာမှ မဆိုင်တော့ဘူး”
ဝမ်ချောင် သူ့မြင်းပေါ်မှနေ၍ ခေါင်းညိမ့်လိုက်ကာ သူ့အမူအရာက ပြတ်သားပြီး ခံစားချက် ကင်းမဲ့နေသည်။ လီစီးရီသည် သူ့ဆီမှနေ၍ တွေဝေမှုမရှိသည်ကို မြင်တွေ့နိုင်ပေသည်။ ဝမ်ချောင်သည် သူလုပ်ရန်လိုအပ်သည့် အရာနှင့် သူလုပ်နေသည့်အရာကို ပြည့်ဝစွာ နားလည်ပုံပေါ်ပြီး အမြင်အရ ရှုပ်ထွေးမှု မရှိခဲ့ပေ။ ဤသည်က လီစီးရီကို သူတာဝန်ယူတော့မည့် တာဝန်တွင် နောက်ထပ်ယုံကြည်မှု အနည်းငယ် ရှိစေခဲ့သည်။
“ဒီပိုးအိတ်က မင်းအတွက်ပဲ”
ဝမ်ချောင် သူ့ခါးမှနေ၍ အိတ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။ အိတ်ကို ချည်နှောင်ထားသည့် အထုံးမှနေ၍ ၎င်းကို အချိန်တစ်ခုအထိ ပြင်ဆင်ထားခဲ့ပုံရသည်။
“တကယ်လို့ မင်းဒီတာဝန်မှာ အောင်မြင်ခဲ့ရင် တိဗက်တွေက မင်းကို ကိုင်တွယ်ဖို့ သူတို့အင်အားရဲ့ တစ်စိတ်တစ်ပိုင်းကို သေချာပေါက် စေလွှတ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်းက အကျိုးဆောင်ဖို့အတွက် လောဘမကြီးရဘူးဆိုတာ သတိရပါ။ နောက်ပြီး မင်းရဲ့ဆုံးဖြတ်ချက်တွေကို ခံစားချက်တွေ မသက်ရောက်စေနဲ့။ ဒီပိုးအိတ်ထဲမှာ အရာရာတိုင်းကို ငါရှင်းလင်းစွာ ရှင်းပြထားတယ်။ မင်းက အဲ့မှာပြောထားတဲ့အတိုင်း အတိအကျ လုပ်ရမယ်”
ဝမ်ချောင် လုံးဝလေးနက်နေသည့် အမူအရာဖြင့် ဤစကားကို ပြောလိုက်သည်။ ဝမ်ချောင်သည် လီစီးရီကို အမြဲလေးစားခဲ့သော်လည်း အတိအကျပင် ဤအကြောင်းအရင်းက သူ၏လေးနက်သော အမူအရာကို ယခုအခါ လီစီးရီအပေါ် ဤသို့နက်ရှိုင်းသော ထင်မြင်ချက်တစ်ခုကို ကျန်ရစ်စေခဲ့သည်။
“ဟုတ်ကဲ့ သင့်ရဲ့ငယ်သား နားလည်ပါပြီ” လီစီးရီ ဝမ်ချောင်ကို လေးလေးနက်နက် ကြည့်လိုက်ကာ ဝမ်ချောင်ဆီမှနေ၍ ထိုပိုးအိတ်ကို ယူလိုက်ပြီး ဝမ်ချောင်ကို စစ်သားတစ်ရာကဲ့သို့ ဦးညွှတ်လိုက်သည်။
“သခင်လေး စိတ်ချထားပါ ဘာပဲဖြစ်ဖြစ် ကျွန်တော် ဒီတာဝန်ကို ကောင်းကောင်းမွန်မွန် ပြီးမြောက်အောင် လုပ်မယ်”
ဤနောက်ဆုံးစကားနှင့်အတူ လီစီးရီသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားသော မြင်းစစ်သည် တစ်ထောင်ကျော်နှင့်အတူ ထွက်ခွာသွားခဲ့သည်။ သူသည် သူဖြတ်သွားသည့် နေရာတွင် ပြင်းထန်သော သွေးရနံ့ကို ကျန်ရစ်စေခဲ့သည်။
“သခင်လေး...”
အဝေးတွင် တပ်မှူးချုပ်ရှု့၊ ကျောက်ကျင်းတန်နှင့် လူအိုကြီးလင်းယုန်ငှက်တို့သည် လီစီးရီ ထွက်ခွာသွားသည်ကို ရှုပ်ထွေးစွာ ကြည့်ရှု့နေခဲ့သည်။ ဤအချိန်တွင် လီစီးရီကို ပေးအပ်လိုက်သည့် တာဝန်သည် အလွန်အမင်း လျို့ဝှက်ဆန်းကြယ်ပြီး သူ့အား စစ်တပ်၏ ကျန်လူများနှင့် လုံးဝခြားနားသော လမ်းကြောင်းတစ်ခုပေါ် ရောက်စေခဲ့သည်။ ဝမ်ချောင်ကလွဲ၍ လီစီးရီက ဤသို့သော အရေးကြီးအချိန်တွင် မည်သည့်နေရာသို့ သွားမည်ကို မသိခဲ့ပေ။
ဤသည်က သူတို့ကို အမှန်ပင် ရှုပ်ထွေးသွားစေခဲ့သော်လည်း ထိုသို့ဆိုလျှင် မည်သူမျှ ဝမ်ချောင်၏ ဆုံးဖြတ်ချက်များကို သံသယမဝင်ရဲခဲ့ပေ။
ယခုအခါ ဝမ်ချောင်၏ ဂုဏ်သတင်းသည် ရှု့ရှီပင်း ရောက်ရှိရန် ခက်ခဲလိမ့်မည်ဖြစ်သည့် အဆင့်တစ်ခုကို ရောက်သွားခဲ့ပြီဖြစ်သည်။ ဝမ်ချောင်ဆီမှ စကားတစ်ခွန်းသည် ရှု့ရှီပင်း၏ ငယ်သားများကို ရှု့ရှီပင်းက သူတို့အား ရပ်တန့်ရန် ကြိုးစားခဲ့လျှင်ပင် သူ့နောက်ချက်ချင်း လိုက်ပါစေပေလိမ့်မည်။ ဤသည်က သူတို့သည် သစ္စာတရား ကင်းမဲ့ခြင်းကြောင့် မဟုတ်သော်လည်း ဝမ်ချောင်သည် သူ့ကိုယ်ပိုင် စွမ်းရည်များနှင့် သူ၏အောင်ပွဲသုံးခုကို အသုံးပြုကာ သူတို့၏ စိတ်အားထက်သန်စွာ အလုပ်အကျွေးပြုမှုကို ရရှိခဲ့ခြင်းကြောင့်ဖြစ်သည်။
ဤအချိန်တွင် ဝမ်ချောင်၏ အသက်အရွယ် ကျားမအဆင့်အတန်းကို ကရုစိုက်သည့်သူ မည်သူမျှ မရှိတော့ပေ။ သူသည် စုန်းဘုရင်၏တံဆိပ်ကို ဆုံးရှုံးခဲ့လျှင်ပင် မည်သူမျှ သူ့အမိန့်များကို ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
ဝမ်ချောင်သည် သူ၏အကြွင်းမဲ့ ခွန်အားမှနေ၍ ဤစစ်တပ်၏ ကွပ်ကဲမှုကို ရရှိခဲ့ပေသည်။
“တပ်သားတွေအားလုံး ထွက်ခွာ”
လီစီးရီ၏ ထွက်ခွာခြင်းက စစ်တပ်အပေါ် မည်သို့သော သက်ရောက်မှုရှိလိမ့်မည်ကို တွေးတောရန် အချိန်မရှိပေ။ စစ်မြေပြင်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ဝမ်ချောင်သည် အမိန့်ကို ထုတ်ပြန်လိုက်ပြီး သူ့စစ်တပ်ကို တောင်ဘက်သို့ ဦးဆောင်လိုက်သည်။ ဤအောင်ပွဲနှင့်အတူ ဝမ်ချောင်၏ တောင်ဘက်သို့ လမ်းကြောင်းသည် အတားအဆီးများမှ ကင်းလွတ်ခဲ့သည်။ သူနှင့် အန်းနှံကာကွယ်ရေး စစ်တပ်ကြား မည်သည့် အတားအဆီးမျှ မရှိတော့ပေ။
အချိန်သည် တိုတောင်းပြီး ဝမ်ချောင်သည် နောက်ထပ် မရပ်တန့်ရန် ဆုံးဖြတ်ထားခဲ့သည်။
“အရှင့်မှာ စကားပြောဖို့ အချိန်ရှိလား”
တောင်ဘက်သို့ ခရီးသည် ငြီးငွေ့စရာကောင်းပြီး အထီးကျန်ဆန်လှသည်။ ဝမ်ချောင်က အတွေးများနှင့်အတူ သူ့မြင်းကို စီးနင်းနေချိန် သူသည် နားထဲတွင် အလွန်နူးညံ့သိမ်မွေ့သော အသံကို ရုတ်တရက် ကြားလိုက်ရသည်။ တပ်မှူးချုပ်ရှု့အန်းတွမ်သည် သူ့မြင်းကို စီးနင်းလာခဲ့ပြီး ဝမ်ချောင်ဆီသို့ ခိုးကြောင်ခိုးဝှက် ချဉ်းကပ်လာခဲ့သည်။ ရှု့အန်းတွမ်တွင် သူ့ဘေးရှိ ဆယ်ကျော်သက်အတွက် အူလှိုက်သည်းလှိုက် လေးစားသမှုကလွဲ၍ ဘာမှမရှိခဲ့ပေ။
သူတို့သည် အချင်းချင်း အကြာကြီး မသိခဲ့ကြသော်လည်း ဤလူငယ်လေးသည် သူ့ကလေးအရွယ်လောက်သာ ရှိနိုင်သော်လည်း ရှု့အန်းတွမ်သည် သူ့ကို ကောင်လေးတစ်ယောက်အဖြစ် မဆက်ဆံရဲခဲ့ပေ။ ထိုအစား သူသည် သူ့ကို ဤစစ်တပ်၏ အစစ်အမှန် ကွပ်ကဲသူအဖြစ် ပျော်ရွှင်ကျေနပ်စွာ လက်ခံခဲ့သည်။ သို့သော်လည်း ဤအကြောင်းပြချက်ကြောင့် ရှု့အန်းတွမ်သည် သူပြောကိုပြောရမည့် ကိစ္စအချို့ ရှိကြသည်ကို ခံစားခဲ့ရပေသည်။
“... သင့်ရဲ့ငယ်သားမှာ အရှင်နဲ့ ဆွေးနွေးချင်တဲ့ ကိစ္စအချို့ရှိပါတယ်”
“တပ်မှူးချုပ်ရှု့ ဘာဖြစ်လို့လဲ” ဝမ်ချောင် အံ့အားသင့်စွာ ပြောလိုက်ကာ သူ့ခေါင်းကို လှည့်လိုက်သည်။ ရှု့အန်းတွမ်၏ စကားများသည် တစ်ခုခုကို သွယ်ဝိုက်၍ ပြောဆိုနေပုံရပြီး သူ့မျက်နှာက စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။
“အရှင် ဒီငယ်သားကို အရမ်းအတင့်ရဲတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ဒါပေမဲ့ ကျွန်တော် ဒီပြဿနာအကြောင်းကို အကြာကြီး တွေးတောခဲ့ပြီး အဲ့ဒါကို ပြောကိုပြောရပါမယ်။ သင့်ရဲ့ငယ်သားက ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး ပြဿနာက ဝူရှန်းတွေ မဟုတ်ကြပေမဲ့ ... ရိက္ခာတွေဖြစ်တယ်လို့ ယုံကြည်ထားပါတယ်”
ရှု့အန်းတွမ် သူ့နောက်ဆုံး စကားလုံးများကို ပြောမထွက်မှီ အချိန်တစ်ခုအထိ တုန့်ဆိုင်းသွားခဲ့သည်။ နောက်ထပ် လိုက်လာသည့်အရာမှာ ရှည်လျားလှသော တိတ်ဆိတ်မှုဖြစ်၏။
“ဆက်ပြော”
ဝမ်ချောင် နောက်ဆုံးတွင် ပုံမှန်ပြန်ဖြစ်သွားခဲ့သော်လည်း သူလုပ်လိုက်သည့်အရာမှာ ရှု့အန်းတွမ်ကို ဆက်ပြောရန် ညွှန်ပြလိုက်ခြင်းဖြစ်သည်။
“အရှင် ရိုးရိုးသားသားပြောရရင် တကယ်လို့သင်က မပေါ်လာခဲ့ရင် တိဗက်တွေက မတိုက်ခိုက်ခဲ့ရင်တောင် ကျွန်တော်တို့က အကြာကြီး တောင့်ခံနိုင်လိမ့်မှာ မဟုတ်ဘူး။ ရှု့ရှီပင်းက ဒီကိစ္စကို သင်နဲ့ ဆွေးနွေးခဲ့သလားဆိုတာ ကျွန်တော်မသိပေမဲ့ သူတို့ရဲ့ အခြေအနေက ကျွန်တော်တို့ထက် အများကြီး ကောင်းမှာမဟုတ်ဘူး။ စစ်သား ငါးထောင်ခြောက်ထောင်နဲ့ မြင်းတွေ စားသုံးတဲ့ ရိက္ခာတွေနဲ့ မြင်းစာတွေရဲ့ ပမာဏက သေးငယ်တဲ့ ပမာဏမဟုတ်ဘူး။ ကျွန်တော်တို့က ရန်သူတပ်ဖွဲ့ကို ချိုးဖောက်ဖို့ အကြောက်အရွံ့မရှိ ချီတက်နိုင်တဲ့ စစ်သူကြီးတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ထောက်ပို့မှာ ကျွန်တော်တို့ တစ်ယောက်ကမှ ကျွမ်းကျင်သူတွေ မဟုတ်ကြဘူး။ ဒါ့အပြင်...”
ရှု့အန်းတွမ် ဝမ်ချောင်ကို ကြည့်လိုက်ကာ သူ့နှလုံးသားကို တင်းမာစေလိုက်ပြီး ဆက်မပြောခင် တခဏမျှ တုန့်ဆိုင်းနေလိုက်သည်။
“အဲ့တိုက်ပွဲမတိုင်မီ စစ်သူကြီးလီက အန်းနှံကာကွယ်ရေးစစ်တပ်က တော်ဝင်ရုံးတော်ကို အကူအညီ တောင်းခဲ့တယ်ဆိုတာ ပြောဆိုနေတာကို သင့်ရဲ့ငယ်သားက မတော်တဆ ကြားခဲ့ရပါတယ်။ သူတို့ရဲ့ ရိက္ခာတွေကလည်း အချိန်အကြာကြီး တောင့်ခံနိုင်မှာမဟုတ်ဘူး။ စစ်သားတွေကို စစ်စုရုံးခြင်း မပြုနိုင်မီ ရိက္ခာတွေနဲ့ မြင်းစာတွေကို ပြင်ဆင်ထားရပါမယ်။ ကျွန်တော်တို့မှာ စစ်သား တစ်သောင်းကျော်သာ ရှိနိုင်ပေမဲ့ အန်းနှံကာကွယ်ရေး စစ်တပ်မှာ လူအများကြီးရှိပါတယ်။ ကျွန်တော်စိုးရိမ်တာက...”
ရှု့အန်းတွမ် ထိုစာကြောင်းကို အဆုံးမသတ်ခဲ့သော်လည်း သူ့မျက်လုံးထဲရှိ စိုးရိမ်ပူပန်မှုက ထင်ရှားလှသည်။ သူသည် အမှန်တကယ်တွင် အစောကြီးကတည်းက စားနပ်ရိက္ခာ ပြဿနာကို သတိမပြုမိခဲ့သော်လည်း စိတ်ဓာတ်ကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ၎င်းကို မည်သည့်အခါကမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။
“တိဗက်တွေနဲ့ အဲ့ဒီတိုက်ပွဲမှာ ကျွန်တော်တို့က လှည်းတွေနဲ့ လက်နက်တွေအများကြီးကို ဆုံးရှုံးခဲ့ရပြီး ကျွန်တော်တို့ရဲ့ ရိက္ခာတွေ အားလုံးနီးပါး မီးလောင်သွားခဲ့တယ်။ ကျွန်တော်တို့နဲ့အတူ ရှိနေတဲ့ စားနပ်ရိက္ခာတွေက ရက်အနည်းငယ်အတွက်သာ လုံလောက်လိမ့်မယ်။ တကယ်လို့ အရှင်က မပေါ်လာခဲ့ရင် ကျွန်တော်တို့က မြောက်ဘက်ကို ပြန်သွားဖို့ ပြင်ဆင်နေခဲ့ပြီးဖြစ်လိမ့်မယ်။ အခုကျွန်တော်က အရှင့်ရဲ့အစီအစဉ်ကို ကန့်ကွက်နေတာ မဟုတ်ပေမဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေအရ ကျွန်တော်တို့က တိဗက်တွေနဲ့ ဆုံခဲ့သည်ဖြစ်စေ မဆုံခဲ့သည်ဖြစ်စေ ကျွန်တော်တို့ကို စောင့်နေတဲ့အရာက သေခြင်းပဲ”
ဤနောက်ဆုံးစကားနှင့်အတူ ရှု့အန်းတွမ်သည် အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။
ဧကရာဇ်သည် ဆာလောင်နေသည့် စစ်သားများကို အသုံးမပြုပေ။ သိုင်းပညာရှင်များသည် အားကောင်းကြသော်လည်း သူတို့သည် အစေ့အဆံငါးမျိုးကို စားသုံးရန် လိုအပ်သည့် သေမျိုးများ ဖြစ်နေကြဆဲဖြစ်သည်။ အကယ်၍ စစ်တပ်တစ်တပ်သည် ဆာလောင်နေခဲ့ပါက ၎င်းက ၎င်းခွန်အား၏ ငါးဆယ်ခြောက်ဆယ် ရာခိုင်နှုန်းကို အသုံးချနိုင်ခဲ့ပါက ကျေနပ်စရာ ကောင်းလိမ့်မည်ဖြစ်ပြီး တိုက်ပွဲတစ်ပွဲ တိုက်ခိုက်ခြင်းက အခြေခံအားဖြင့် ကိုယ့်ကိုယ်ကို သတ်သေခြင်းဖြစ်သည်။ ရှု့အန်းတွမ်သည် ၎င်းကို မပြောချင်ခဲ့သော်လည်း ကွပ်ကဲသူတစ်ယောက်အနေဖြင့် သူပြောကိုပြောရမည့် အရာအချို့ ရှိကြပေသည်။
တိဗက်များသည် စားနပ်ရိက္ခာကိစ္စသည် အရေးတကြီး ဖြေရှင်းရမည့် ကိစ္စဖြစ်သောကြောင့် တိဗက်များသည် ဒုတိယဦးစားပေး ဖြစ်ကြသည်။
“ဒီပြဿနာနဲ့ ပတ်သတ်ပြီး စိုးရိမ်စရာ မလိုဘူး”
ရှု့အန်းတွမ်ကို အံ့အားသင့်သွားစေခဲ့သည်မှာ ဝမ်ချောင်သည် ရှု့အန်းတွမ် ၎င်းတို့ကို ပြောဆိုရန် သူ့သတ္တိများကို စုစည်းရန် လိုအပ်ခဲ့သည့် ဤစိတ်ဓာတ်ကို သက်ရောက်စေသော ပြဿနာကို ယဲ့ယဲ့လေးသာ ပြုံးခဲ့သည်။ ဝမ်ချောင်နောက်ထပ် ပြောလိုက်သည့်အရာမှာ သူ့ကိုပို၍ပင် အံ့အားသင့်သွားစေသည်။
“အဲ့ဒါက စားနပ်ရိက္ခာ သပ်သပ်ပဲ။ မင်းအတွက် စိုးရိမ်စရာ မလိုဘူး။ အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်”
“ဒါပေမဲ့အရှင် တော်ဝင်ရုံးတော်ကနေ စားနပ်ရိက္ခာတွေကို တောင်းဆိုခြင်းကတောင် နောက်ကျနေသေးတယ်။ ကောင်းကင်က မြင့်မားပြီး ဧကရာဇ်က အလှမ်းဝေးလှတယ်။ မြို့တော်က ဝေးကွာလွန်းလှတယ်။ ဒါ့အပြင် ရိက္ခာတွေကို စုစည်းတာက မဟာထန်ရဲ့ အမျိုးမျိုးသော နေရာတွေကနေ ရိက္ခာတွေကို စုဆောင်းဖို့ ငှာနခြောက်ခု အတူတကွ လက်တွဲလုပ်ဖို့ လိုအပ်ပြီး လုပ်ငန်းဆောင်တာ တစ်ခုလုံးက အချိန်ကုန်ပြီး ပင်ပန်းနွမ်းနယ်လိမ့်မယ်။ နောက်ပြီး အဝေးမှာရှိနေတဲ့ ရေတွေက အနီးအနားမှာရှိတဲ့မီးကို မငြိမ်းသတ်နိုင်ဘူး”
ရှု့အန်းတွမ် ပို၍သာ စိုးရိမ်လာခဲ့သည်။ ဝမ်ချောင်၏ ပြုံးဖြဲဖြဲ အမူအရာမှနေ၍ သူ့စကားများက အာရုံစိုက် မခံခဲ့ရသည်မှာ ရှင်းလင်းလှပြီး စစ်တပ်၏ လက်ရှိရိက္ခာ ပြတ်လပ်ခြင်းထက် သူ့ကိုပို၍ပင် စိုးရိမ်စေခဲ့သည်။ အစားအသောက်သည် လူသားများအတွက် နတ်ဘုရားဖြစ်ပြီး စစ်သားများသည် ချွင်းချက်မဟုတ်ကြပေ။ အကယ်၍ ဤပြဿနာသည် မဖြေရှင်းခဲ့ပါက စစ်သားများ ပုန်ကန်ကြပေလိမ့်မည်။
“အရှင် သင်ဒီကိစ္စကို သတိနဲ့ ဆက်ဆံရမယ်”
ရှု့အန်းတွမ် အမှန်ပင် အလွန်အမင်း စိုးရိမ်နေခဲ့၏။
သူသည် ပြဿနာကို ရှင်းလင်းစွာ ပြောခဲ့ပြီးဖြစ်သော်လည်း ဝမ်ချောင်သည် မည်သို့ ထိုမျှတည်တည်ငြိမ်ငြိမ် ရှိနေနိုင်သည်ကို သူအမှန်ပင် နားမလည်နိုင်ခဲ့ပေ။
“စိတ်လျော့ပါ အဝေးမှာရှိတဲ့ ရေတွေက အနီအနားမှာရှိတဲ့မီးကို မငြိမ်းသတ်နိုင်ပေမဲ့ အနီးအနားမှာရှိတဲ့ ရေတွေကတော့ ငြိမ်းသတ်နိုင်တယ်။ ငါမြို့တော်ကနေတောင် မထွက်ခွာခင် ငါကရိက္ခာတွေကို စတင်ပို့ဆောင်ခဲ့ပြီးပြီ။ စိတ်အေးအေးထားပါ ကုန်ဆုံးသွားတဲ့ အချိန်တွေအရ သူတို့က မကြာခင် ရောက်လာလောက်တယ်”
ဝမ်ချောင် ရှု့အန်းတွမ်ပုခုံးကို ပုတ်လိုက်ပြီး ပြုံးလိုက်သည်။
သူသည် သူ့စကားများကို ကရုမစိုက်သည့် လေသံဖြင့် ပြောဆိုနေခဲ့သော်လည်း ဝမ်ချောင်၏ အမူအရာသည် အားကောင်းသော ယုံကြည်မှုတစ်ခုကို ပေးစွမ်းနေခဲ့ကာ မည်သည့်အချက်ကမျှ သူ့အစီအစဉ်ထဲမှာ မလွတ်မြောက်နိုင်သကဲ့သို့ ထင်ရစေသည်။ ရှု့အန်းတွမ်သည်ပင် တခဏတာ ကြက်သေ သေသွားခဲ့၏။ ထောင်သောင်းချီသော လူများအတွက် လုံလောက်သည့် စားနပ်ရိက္ခာသည် အသေးအမွှားကိစ္စ မဟုတ်ပေ။ တော်ဝင်ရုံးတော်သည် အနောက်တောင် စစ်ပွဲအတွက် အနည်းဆုံး တစ်လတာနှင့် ညီမျှသည့် ရိက္ခာများကို ပြင်ဆင်ရန် လိုအပ်ပေလိမ့်မည်။
ဤသည်က အသေးအမွှား တာဝန်မဟုတ်ပေ။ လူတစ်ယောက်သည် အနည်းဆုံး နှစ်လသုံးလ အချိန်ယူရလိမ့်မည်ဖြစ်ပြီး လေးလငါးလသည် ပျမ်းပျဖြစ်သည်။ ရှု့အန်းတွမ်သည် ဝမ်ချောင်က ဤရိက္ခာများကို မည်သည့်နေရာက ရလာခဲ့သည်ကို အမှန်ပင် နားမလည်နိုင်ခဲ့ပေ။ ဤသည်က ငွေးကြေးပြဿနာ မဟုတ်ခဲ့ပေ။ ကျွေးမွေးရန်လိုအပ်သည့် လူအရေအတွက်သည် စပါးကုန်သည် တစ်ယောက် သို့မဟုတ် ကလန်တစ်ခုက ဖြေရှင်းနိုင်သည့် အရာတစ်ခု မဟုတ်ခဲ့ရုံပင်။ ဆန်စပါးများကို ရောင်းချခြင်းတွင် အထူးပြုသည့် ကုမ္ပဏီများနှင့် ကလန်များသည်ပင် ပြင်ဆင်ရန် အချိန်အကြာကြီး လိုအပ်လိမ့်မည်ဖြစ်ပြီး သူတို့သည် လိုအပ်သည့် ပမာဏသို့ ရောက်နိုင်လိမ့်အုံးမည် မဟုတ်ပေ။
ရှု့အန်းတွမ်၏ ပါးစပ်သည် တစ်ခုခုကို မေးမြန်းရန် ပွင့်သွားခဲ့သည်။
သို့သော် သူ့ပုခုံးကို ပုတ်လိုက်ပြီးနောက် ဝမ်ချောင် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
နောက်ဆုံးတွင် ရေးဆွဲထားခဲ့သည့် နည်းဗျူဟာများသည် လီတစ်ထောင်အဝေးရှိ တိုက်ပွဲများကို ဆုံးဖြတ်နိုင်ပေသည်။ ဤသည်က နည်းဗျူဟာ၏ အရေးကြီးသော နိယာမတစ်ခုဖြစ်၏။ ဝမ်ချောင်သည် စားနပ်ရိက္ခာကဲ့သို့ အရေးကြီးသော အရာတစ်ခုတွင် မည်သို့အမှားအယွင်းတစ်ခု ပြုလုပ်နိုင်မည်နည်း။ စစ်တပ်တစ်ခုကို ထောက်ပံ့ခြင်းက ကြီးမားသော ဆောင်ရွက်မှုတစ်ခု ဖြစ်သော်လည်း တော်ဝင်ရုံးတော်က တစ်ခုခု မပြုလုပ်နိုင်ရုံမျှဖြင့် သူမပြုလုပ်နိုင်ဟု မဆိုလိုပေ။
ကျန်းမူနှံ အကုန်လုံး မင်းအပေါ် မူတည်တယ်။ ဝမ်ချောင် တိတ်တဆိတ် ပြောလိုက်ကာ အလင်းရောင်တစ်ချက်က သူ့စိတ်ထဲ လင်းလက်သွားခဲ့သည်။
အခန်း(၅၁၈)
ပိုးအိတ် ပုလိပ်ရောဂါကြောင့် သေဆုံးနေသော သိုးတစ်ကောင်
အစားအစာသည် လူသားများအတွက် နတ်ဘုရားဖြစ်သည်။ သိုင်းပညာရပ်များကို အလွန်အမင်း အလေးထားသည်ကလွဲ၍ ဝမ်ချောင်လာခဲ့သည့် အခြားအချိန်အာကာသနှင့် အများကြီး မကွာခြားပေ။ သို့သော် အားအကောင်းဆုံးသော သိုင်းပညာရပ်များသည်ပင် အစားအစာ ထုတ်လုပ်မှုကို မတိုးမြှင့်နိုင်ခဲ့ပေ။ ထို့ကြောင့် ကသောင်းကနင်း ဖြစ်မှုက အလယ်ပိုင်းလွင်ပြင်ဒေသကို ဝါးမြိုပြီး ကပ်ဘေးကြီး ကျဆင်းလာသောအခါ ကမာ္ဘမြေကြီးသည် ဆာလောင်မွတ်သိပ်နေသည့် လူများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ဝမ်ချောင်၏ စစ်တပ်သည်ပင် ဤအရာဖြင့် ကန့်သတ်ခံခဲ့ရပြီး နောက်ဆုံးတွင် အရှုံးတရားနှင့် သေခြင်းတရားတို့ကို ခံစားခဲ့ရသည်။
ဤသို့သော နာကျင်စရာ သင်ခန်းစာတစ်ခုဖြင့် ဝမ်ချောင်သည် သူ့ပြင်ဆင်မှုများကို အလွန်စောစီးစွာ စတင်ခဲ့ပြီး ကျန်းမူလျှမ်းသည် ဝမ်ချောင်၏ အစီအစဉ်များအတွက် ရှေ့ပြေးဖြစ်ခဲ့သည်။
သုံးမျိုးစပ် ဆန်စပါးသည် စတင်ပုံပေါ်လာခဲ့ပြီဖြစ်သောကြောင့် ဝမ်ချောင်သည် ကျန်းမူလျှမ်းဆီသို့ လွန်ခဲ့သော အချိန်တစ်ခုက စာတစ်စောင် ရေးသားခဲ့ပြီး ရိက္ခာများ ပေးပို့လာရန် တောင်းဆိုခဲ့သည်။ အသေးစိတ်ကျသည့် စီစဉ်မှုများအတွက်မူ ဝမ်ချောင်သည် ထိုကိစ္စအပေါ် အကြွင်းမဲ့ သြဇာအာဏာကို ရှု့ရှီရှင်းအား ပေးအပ်ခဲ့သည်။ အကယ်၍ အနာဂတ် ထောက်ပို့ဘုရင်မသည် ၎င်းကိုပင် မကိုင်တွယ်နိုင်ခဲ့ပါက ဝမ်ချောင်သည် ထိုမျှအချိန်တိုအတွင်း စစ်တပ်၏ ရိက္ခာပြဿနာကို ဖြေရှင်းနိုင်သည့် ဤကမာ္ဘပေါ်ရှိ အခြားတစ်ယောက်ကို အမှန်ပင် စဉ်းစားနိုင်လိမ့်မည် မဟုတ်ပေ။
ရှု့အန်းတွမ် စိတ်ထဲသက်ပြင်းချလိုက်၏။ သူသည် ဝမ်ချောင်က တော်ဝင်ရုံးတော်သည်ပင် မဖြေရှင်းနိုင်သည့် ပြဿနာတစ်ခုကို ဖြေရှင်းနိုင်မည်ဟု အမှန်ပင် မယုံကြည်ခဲ့ပေ။ သို့သော်သူသည် ဝမ်ချောင်၏ အမူအရာမှနေ၍ သူလိမ်ညာနေခြင်း မဟုတ်ကြောင်း ပြောနိုင်ပေသည်။ ထို့ပြင် သူ့အဆင့်အတန်းနှင့် စွမ်းရည်များအရ လိမ်ညာစရာ မလိုအပ်ခဲ့ပေ။
ငါတို့ ဒါဆိုလည်း ကိုယ့်ကိုယ်ကိုပဲ အားကိုးနိုင်တယ်... ရှု့အန်းတွမ် စိတ်ထဲပြောလိုက်ကာ သူ့ပူပန်မှုများကို မြိုသိပ်လိုက်သည်။
တောင်ကြားလမ်းသုံးခုကို စောင့်ကြပ်နေသည့် တိဗက် တစ်သောင်းရှစ်ထောင် ချေမှုန်းခံလိုက်ရခြင်းနှင့်အတူ စစ်တပ်၏ တောင်ဘက်သို့ ချီတက်မှုအတွက် ချိန်းခြောက်မှုများ မရှိခဲ့ပေ။ အမှန်ပင် ရှုံးနိမ့်သွားသည့် စစ်သားအနည်းငယ်ကလွဲ၍ ဝမ်ချောင်၏စစ်တပ်သည် အခြားမည်သည့် စစ်တပ်ကိုမျှပင် မတွေ့ခဲ့ပေ။ ရလဒ်အနေဖြင့် စစ်တပ်သည် အရှိန်မြင့်လာခဲ့သည်။
သို့သော်လည်း လီရှစ်ရာကို ဖြတ်ကျော်ပြီးနောက် လေထုသည် စတင်တင်းမာလာခဲ့သည်။
ပါထုံးလူ၊ ပါ့ချီချန်းနှင့် ချောင်ယောင်တာ့လူတို့ကို အနိုင်ယူခြင်းမှ လာခဲ့သော ပျော်ရွှင်မှုများသည် ယခုအခါ ပျောက်ကွယ်သွားခဲ့သည်။ စစ်တပ်သည် မူလက ပျော်ရွှင်ပြီး ရယ်မောနေခဲ့သော်လည်း ယခုအခါ လူအိုကြီးလင်းယုန်ငှက်သည်ပင် သုန်မှုန်သည့် အမူအရာတစ်ခု ရှိနေခဲ့သည်။ ဖိနှိပ်တတ်သော လေထုတစ်ခုသည် စစ်တပ်ထဲ ပျံ့နှံ့နေပြီး တစ်ခုခုက သူတို့ခေါင်းပေါ် ရစ်ဝဲနေသကဲ့သို့ ခံစားခဲ့ရသည်။
သူတို့သည် လမ်းပေါ်တွင် တိဗက်များကို မကြုံဆုံခဲ့ရသော်လည်း သူတို့သည် နောက်တွင် ကျန်ရစ်ခဲ့သည့် လက္ခဏာများကို မြင်တွေ့နိုင်ပေသည်။ စွန့်ပစ်ထားသော လှည်းများနှင့် လက်နက်များ တရားဝင်လမ်းမှနေ၍ သစ်တော အနက်ပိုင်းသို့ ပြေးလွှားနေသည့် ကုန်းပြင်မြင့်မြင်းများ ချန်ရစ်ခဲ့သည့် အစီအစဉ်မကျသော ခွာရာများနှင့် အတိုင်းအတာ တစ်ခုအတွင်း လူတစ်ယောက်သည် တိဗက်များ ပြုလုပ်ခဲ့သည့် မီးဖိုများကို မြင်နိုင်ပေသည်။
၎င်းသည် တစ်ခုနှစ်ခုမျှသာ မဟုတ်ခဲ့ပေ။ ရာချီထောင်ချီပင် မဟုတ်ခဲ့ပေ။ ၎င်းသည် မိုးကုတ်စက်ဝိုင်းစီသိိုု့တိုင် ရောက်ရှိနေသည့် ကျယ်ပြောလှသော မီးပုံအစုအဝေးကြီး ဖြစ်သည်။
မြေပေါ်တွင် ကျန်ရစ်ခဲ့သည့် မီးလောင်ရာများသည် ဤစစ်သားများကို ထိုတိဗက်စစ်တပ်က မည်မျှ ကြီးမားသည်ကို ပြောပြနေခဲ့သည်။
ဤသည်က လီကျန်းရီကို ချေမှုန်းခဲ့သည့် တကယ့် တိဗက်စစ်တပ်ဖြစ်ပြီး ဤစစ်တပ်၏ ခေါင်းဆောင်သည် တိဗက်မဟာစစ်သူကြီး ဟော်ရှု့ဟွမ်ချမ်းဖြစ်ပေသည်။
ပါ့ချီချန်းနှင့် ပါထုံးလူတို့သည် ထင်ရှားကျော်ကြားသော စစ်သူကြီးများ ဖြစ်ကြသော်လည်း သူတို့သည် ဟော်ရှု့ဟွမ်ချမ်း၏ ငယ်သားများသာ ဖြစ်နေကြသေးသည်။ တောင်ကြားလမ်းသုံးခုကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့သည့် တိဗက်မြင်းတပ်များသည်ပင် ဟော်ရှု့ဟွမ်ချမ်းက နောက်တွင် ချန်ရစ်ထားခဲ့ခြင်း ဖြစ်ပေသည်။ ပါ့ချီချန်းနှင့် အခြားလူများ၏ သေဆုံးမှုများသည် ထိုတိဗက်စစ်တပ်ကြီးအတွက် ဆုံးရှုံးမှု အနည်းငယ်ဖြစ်ကြသည်။
ဝမ်ချောင်သည် ပါ့ထုံးလူနှင့် ပါ့ချီချန်းတို့ကို အနိုင်ယူခဲ့သည့် ဟော်ရှု့ဟွမ်ချမ်းသည် မတူညီသော အဆင့်တွင် ဖြစ်ပေသည်။ ကျန်းချိုးကျင်းချုံကဲ့သို့ တိုင်းပြည်၏ ကျားတစ်ကောင်သည်ပင် သူ့ကို ရင်မဆိုင်နိုင်ခဲ့သောကြောင့် သူ့ကို သူ့ငယ်သားများကဲ့သို့ မည်သို့ လွယ်ကူစွာ ရှင်းထုတ်နိုင်မည်နည်း။
အကယ်၍ သူတို့သည် ဟော်ရှု့ဟွမ်ချမ်းကို ကြုံဆုံခဲ့ပါက သူတို့အားလုံး သေဆုံးသွားနိုင်သည်။
ဤနေရာရှိ စစ်သားအများစုတို့သည် ထိုတိုက်ပွဲတွင် ပါဝင်ခဲ့ပြီး တိဗက်များ၏ စွမ်းအားကို တစ်ရာရာခိုင်နှုန်း ကြုံတွေ့ခဲ့ကြသည်။ သူတို့က ထိုတိဗက်စစ်တပ်များ နောက်တွင် ချန်ရစ်ခဲ့သည့် ထိုလက္ခဏာများကို နောက်တစ်ကြိမ် မြင်လိုက်ရသောအခါ သူတို့ခံစားနေရသည့် အရာကို အလွယ်တကူ စိတ်ကူးကြည့်နိုင်ပေသည်။
“အန်းနှံကာကွယ်ရေး လက်ရွေးစင်တွေက အခြေအနေ ဘယ်လိုရှိနေကြသလဲ”
“သူတို့ရဲ့ ဆုံးရှုံးမှုတွေက အရမ်းကြီးမဆိုးဖို့ ငါမျှော်လင့်တယ်”
“အဲ့နေရာကို ငါတို့အချိန်မီ ရောက်နိုင်မလားဆိုတာ ငါသိချင်တယ်...”
“ငါတို့မှာ စစ်သားတစ်သောင်းကျော်ပဲရှိတယ်။ ငါတို့က တကယ်ပဲ အကူအညီ ဖြစ်နိုင်ပါ့မလား”
“ငါတို့ရဲ့ ယုံကြည်မှုတွေကို အရှင့်ဆီမှာပဲ ပုံအောနိုင်တယ်”
...
မုန့်ချီကျောက်နှင့် ဝူရှန်းတို့၏ စစ်သားငါးသိန်းတို့က အန်းနှံကာကွယ်ရေးတပ်ကို ချိန်းခြောက်နေသည်မှာ လျို့ဝှက်ချက် မဟုတ်တော့ပြီဖြစ်သည်။ သူတို့က ရှေ့တွင်ရှိနေသည့် အခက်အခဲများအကြောင်း တွေးတောလိုက်သောအခါ လူတိုင်း၏ နှလုံးသားများ တင်းကြပ်သွားသည်။ စစ်သားများသည် ရံဖန်ရံခါ ဝမ်ချောင်ဆီသို့ မသိစိတ်ဖြင့် ကြည့်နေခဲ့ကြသည်။
သူတို့ရဲ့အနာဂတ် မျှော်လင့်ချက်များက မှေးမှိန်နေခြင်းနှင့်အတူ စစ်သားများသည် ဝမ်ချောင်ကို သူတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အထောက်အကူအဖြစ် ပြုလုပ်ခဲ့သည်။ ထိုပြင်းထန်သော တိုက်ပွဲများအပြီးတွင် မည်သူမျှ ဝမ်ချောင်ကို သံသယမဝင်ရဲတော့ပေ။ သူသည် သူတို့အားလုံးထက် ငယ်ရွယ်သော်လည်း ဝမ်ချောင်၏ တည်ငြိမ်မှု၊ ပူပင်ကြောင့်ကြမဲ့သော သဘောသဘာဝနှင့် ဉာဏ်ရည်ဉာဏ်သွေးတို့က သူတို့၏ စိတ်ထဲတွင် နက်ရှိုင်းသော ထင်မြင်ချက်တစ်ခုကို ချန်ရစ်ခဲ့သည်။ ရှေ့တွင် မည်သည့်အရာ ဖြစ်လာခဲ့ပါစေ သူတို့၏ ကွပ်ကဲသူ ဝမ်ချောင်သည် သူဘာလုပ်ရမည်ကို သိရှိပြီး သူမည်သို့ လုပ်ဆောင်ရမည်ကို သိရှိပုံပေါ်သည်။
ထိုသည်မှာ မည်သည့်အရာကမှသူ့ကို စိတ်မရှုပ်ထွေးစေနိုင်သကဲ့သို့ ဖြစ်သည်။ ဤသို့သော အချိန်တစ်ခုတွင် ဤသို့သော ယုံကြည်လောက်သည့် အရှိန်အဝါက လုံးဝလိုအပ်ပေသည်။
အချိန်သည် ကုန်ဆုံးသွားခဲ့ပြီး စစ်တပ်သည် တောင်ဘက်သို့ နေ့နေ့ညည ချီတက်ခဲ့သည်။ လေထုသည် သူတို့က တောင်ဘက်သို့ ပိုရောက်လေလေ ပို၍ ဖိနှိပ်လာလေလေဖြစ်သည်။ ဝမ်ချောင်သည် ဤပြောင်းလဲမှုကို ရှင်းလင်းစွာ ခံစားခဲ့ရသော်လည်း သူဘာမှ မပြောခဲ့ပေ။
လီစီးရီ အခြေအနေ ဘယ်လိုရှိသလဲ ငါသိချင်တယ်။ ကုန်ဆုံးသွားတဲ့ အချိန်တွေအရ သူက အခုအဲ့နေရာကို ရောက်သွားလောက်ပြီ။
မြင်းပေါ်တွင် ဝမ်ချောင်သည် ထွက်ခွာသွားသည့် လီစီးရီအကြောင်း ထူးထူးခြားခြား တွေးတောလိုက်မိကာ သူ့ခေါင်းကို ကောင်းကင်ထက်သို့ မော့နေခဲ့သည်။
တွေဝေမှုနှင့် သံသယများသည် တော်တော်လေး သာမာန်ဖြစ်ကြသောကြောင့် ဝမ်ချောင်သည် ဘာကိုမှ ပြောရန်လိုအပ်သည်ဟု မခံစားခဲ့ရပေ။ လူတိုင်းသည် သူက ဤအနောက်တောင်ဘက် စစ်ပွဲ၏ အဓိကအင်အားစု ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသော်လည်း ဝမ်ချောင်တစ်ဦးတည်းသာ တကယ့် အဓိက တပ်ဖွဲ့က လီစီးရီနှင့်အတူ ထွက်ခွာသွားသည့် မြင်းစစ်သည် တစ်ထောင်ဖြစ်သည်ကို သိပေသည်။ အရေးကြီးသော အရာမှာ ထိုအခိုက်တွင် လိစီးရီသည်ပင် သူလုပ်နေသည့်အရာကို မသိခဲ့သလို သူ့လုပ်ဆောင်မှုများ၏ အရေးပါပုံကို မသိခဲ့ပေ။ ဝမ်ချောင်တစ်ဦးတည်းသာ သိပေသည်။
“ကျား”
ဝမ်ချောင် သူ့မြင်းကို ပို၍ပင် မြန်မြန်ဆန်ဆန် သွားရန် လှုံ့ဆော်လိုက်၏။
...
အချိန်သည် ကုန်ဆုံးသွားခဲ့ပြီး မရေမတွက်နိုင်သော တောင်ကုန်းများနှင့် လွင်ပြင်များအလွန် ဝမ်ချောင်၏ လက်ရှိနေရာမှ လီနှစ်ထောင်ကျော် အကွာအဝေး အနောက်ဘက် နေရာတစ်ခုတွင် မြင်းများသည် မြည်ဟီးနေခဲ့ကြကာ မဟာထန်မြင်းစစ်သည် တစ်ထောင်ကျော်သည် စီစီရီရီ ရပ်နေခဲ့ကြပြီး သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကောင်းကင်ထက် ထိုးတက်နေခဲ့သည်။
“တစ်ယောက်ယောက် အဲ့ပစ္စည်းကို အရှေ့ကို ယူလာလိုက်”
လီစီးရီ ပါးလွှာသော စာရွက်ကို ပိုးအိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး အမိန့်တစ်ခု ပေးလိုက်သည်။
ကလန်း ကလန်း ကလန်း
တုတ်ခိုင်သန်မာသည့် လူအတော်များများ ကြီးမားသော သံသေတ္တာတစ်ခုကို စစ်တပ်နောက်မှနေ၍ ရှေ့သို့ လျှင်မြန်စွာ ယူဆောင်လာခဲ့ကာ သတ္ထုရိုက်ခတ်သံများ ထွက်ပေါ်လာခဲ့သည်။
ဘုန်း
ထိုသေတ္တာကို မြေပေါ်သို့ ချလိုက်သည့်အခိုက်တွင် မှော်ပညာတစ်ခုက စစ်တပ်အပေါ် ကျရောက်သွားပုံပေါ်၏။ လေထုသည် ရုတ်တရက် ထူးဆန်းလာခဲ့ပြီး လူတိုင်းက ထိုသေတ္တာကို စိတ်ဝင်စားစွာ စိုက်ကြည့်နေခဲ့သည်။
မည်သူမျှ ဘာမှမပြောခဲ့သော်လည်း သူတို့၏ မျက်လုံးများက သူတို့ကိုလုံးဝ သစ္စာဖောက်နေခဲ့သည်။
ထိုသေရေးရှင်ရေး တိုက်ပွဲများကလွဲ၍ ဤခရီးတွင် လျို့ဝှက်ဆန်းကြယ်ဆုံး အရာမှာ ဝမ်ချောင်က ဤတာဝန်အတွက် လီစီးရီကို ပေးအပ်ခဲ့သည့် ဤသေတ္တာကြီးဖြစ်သည်။ ဤသည်က ဝမ်ချောင် မြို့တော်မှ ထွက်ခွာလာချိန် အရန်သင့် ပြင်ဆင်ထားခဲ့သည့် အရာဖြစ်သည်။ ထိုသေတ္တာကို စောင့်ကြပ်နေသည့် စစ်သားနှစ်ယောက်ကလွဲ၍ မည်သူမျှ ထိုသေတ္တာဆီသို့ ချဉ်းကပ်ရန် ခွင့်မပြုခဲ့ပေ။
အခြားလူများ မဆိုထားနှင့် ဝမ်ချောင်၏ ယုံကြည်ရသည့် လက်ထောက်များဖြစ်သည့် ကျောက်ကျင်းတန် သို့မဟုတ် လူအိုကြီးလင်းယုန်ငှက်တို့သည်ပင် သေတ္တာကို ဖွင့်ကြည့်ရန် ခွင့်ပြုမခံခဲ့ရပေ။
ထိုသည်သာမက ဝမ်ချောင်သည် သေတ္တာကို စောင့်ကြပ်နေသည့် တပ်သားများကို အနည်းဆုံး မီတာရှစ်ရာ အကွာအဝေးတစ်ခုကို ထိန်းထားရန်လည်း အမိန့်ပေးခဲ့သည်။
တိုက်ပွဲများက အပြင်းထန်ဆုံး ဖြစ်နေခဲ့ချိန်တွင်ပင် သူတို့ကို ပါဝင်ရန် ခွင့်မပြုခဲ့ပေ။
လူတိုင်းသည် သေတ္တာထဲရှိ အကြောင်းအရာကို စိတ်ဝင်စားမှုဖြင့် ပြည့်နှက်နေခဲ့သည်။
“ငါတို့နောက်ဆုံးတော့ အဲ့ဒါကို ဖွင့်ကြည့်လို့ရပြီ”
“သခင်လေးက အထဲမှာ ဘာထည့်ထားသလဲဆိုတာ ငါသိချင်တယ်”
“ငါအရမ်း စိတ်လှုပ်ရှားနေတယ်။ ဘာလို့အရှင်က အဲ့ဒါကို အခုထိ မဖွင့်ခဲ့တာလဲ”
...
စစ်သားများသည် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ကာ တစ်ခါတစ်ရံ လီစီးရီကို လှမ်းကြည့်နေကြသည်။
“သေတ္တာကိုဖွင့်လိုက်”
လီစီးရီ သူတို့၏ အကြည့်များကို ကရုမစိုက်ခဲ့ပေ။ သူ၏ကြီးမားလှသောလက်ကို ဝှေ့ယမ်းလိုက်ကာ သူသည် အမိန့်ပေးလိုက်သည်။ ရိုးရိုးသားသား ပြောရပါက သူသည် ကျန်လူများကဲ့သို့ စိတ်ဝင်စားနေပေသည်။ အားလုံးပြီးနောက် သူသည်ပင် အထဲတွင် ဘာရှိသည်ကို မသိခဲ့ပေ။ ဝမ်ချောင်သည် လျို့ဝှက်ချက်များကို သိမ်းဆည်းရာတွင် အလွန်တော်လှသည်။
“အံ့သြစရာပဲ”
စစ်သားများ ကြွေးကျော်လိုက်ကြသော်လည်း လီစီးရီ တိတ်တဆိတ်သာ စိုက်ကြည့်နေသည်။
ခလွမ်း
သေတ္တာပွင့်သွားခဲ့ပြီး လူတိုင်းချက်ချင်း ကြည့်လိုက်ကာ စစ်သားအချို့တို့သည် လီစီးရီကိုပင် ပိတ်ဆို့နေခဲ့ကြသည်။ သို့သော်လည်း သူတို့အားလုံးတို့သည် မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေခဲ့သော်လည်း သူတို့သည် တခဏကြာပြီးနောက် ရုတ်တရက် တိတ်ဆိတ်သွားသည်။
“ဒါက...”
“အိတ်တစ်လုံးလား”
စစ်သားများ အံ့အားတကြီး အချင်းချင်း ကြည့်လိုက်ကြ၏။ ဤလျို့ဝှက်ဆန်းကြယ်သော သေတ္တာထဲရှိ တစ်ခုတည်းသောအရာမှာ ဟောင်းနွမ်းနေသော လျော်ဖြင့် ပြုလုပ်ထားသည့် အဖြူရောင်သမ်းနေသော အညိုရောင်အိတ်တစ်လုံး ဖြစ်သည်။
“အာ နံတယ်”
စစ်သားများ သူတို့က ပုလိပ်ရောဂါကို ရှောင်ရှားနေကြသကဲ့သို့ နောက်ဆုတ်လိုက်ကြသည်။ သူတို့သည် အစပိုင်းတွင် သတိမပြုမိခဲ့သော်လည်း ယခုအခါ သူတို့က အနီးကပ် ရှိနေခဲ့သောကြောင့် လူတိုင်းသည် တစ်ခုခုက အချိန်အကြာကြီး ပုပ်သိုးဆွေးမြေ့နေသကဲ့သို့ ရွံ့စရာကောင်းသော အနံ့အသက်ကို ခံစားနိုင်ခဲ့သည်။
“အဲ့မှာဘာရှိနေတာလဲ”
ဝမ်ချောင်သည် ကလန်ကျွမ်းကျင်သူများကို အဆင့်တစ်ခုအထိ လေ့ကျင့်ပေးခဲ့သော်လည်း ယခုအခါ သူတို့အားလုံးတို့သည် သူတို့၏ နှာခေါင်းများကို အုပ်ထားခဲ့ကြပြီး နောက်ဆုတ်နေခဲ့ကြသည်။ အားလုံးပြီးနောက် လီစီးရီသည် ဝမ်ချောင်မဟုတ်ခဲ့ပေ။ သူသည် သန်မာပြီး ပို၍ပင် ချိန်ဖို့ကောင်းပုံ ပေါ်သော်လည်း သူသည် စစ်သားတစ်ယောက်ဖြစ်သည်။ သူသည် သူ့တွင် ဝမ်ချောင်၏ လေးစားကြည်ညိုဖွယ်နှင့် ထူးကဲသော အဆင့်အတန်း မရှိခဲ့ပေ။
သူက လေ့ကျင့်ပေးနေချိန် သို့မဟုတ် တိုက်ခိုက်နေချိန်ကလွဲ၍ လီစီးရီသည် အမှန်ပင် တော်တော်လေး ခင်မင်စရာကောင်းသော သဘောထားရှိပေသည်။
ထို့ကြောင့် သူ့ရှေ့တွင် စစ်သားများသည် အနည်းငယ်ပို၍ ပူပင်ကြောင့်ကြမဲ့စွာ ပြုမူခဲ့ကြသည်။
...
လီစီးရီ ဘာမှမပြောခဲ့သော်လည်း သူသည် အခြားလူတိုင်းကဲ့သို့ အံ့သြသွားသည်။ ဝမ်ချောင်သည် ဤတာဝန်ကို သူ၏ယုံကြည်ရသည့် လက်ထောက်များဖြစ်သည့် ကျောက်ကျင်းတန် သို့မဟုတ် လူအိုကြီးလင်းယုန်ငှက်ကို မပေးခဲ့သော်လည်း သူ့ကိုပေးခဲ့သည်။ သို့သော် ဝမ်ချောင်သည် ဤတာဝန်က အလွန်အမင်းအရေးကြီးပြီး သူသည် ပိုးအိတ်ထဲတွင် ပြောထားသည့် အမိန့်များအတိုင်း အတိအကျ လုပ်ဆောင်ရမည်ဟု ရှင်းလင်းစွာ ပြောကြားခဲ့သည်။
လီစီးရီသည် သူ့ဦးတည်ချက်သို့ ရောက်ရှိလာသောအခါမှသာ သေတ္တာကိုဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် သူသည် ဝမ်ချောင် အချိန်အကြာကြီးကတည်းက ပြင်ဆင်ခဲ့သည့် ထိုပစ္စည်းက အိတ်တစ်လုံးမျှ ရိုးရှင်းသည့်အရာ ဖြစ်သည်ဟု မယုံကြည်ခဲ့ပေ။
ခလောက် ခလောက်
သူ့မြင်း ထိုသံသေတ္တာဆီသို့ ဖြေးညှင်းစွာ သွားလိုက်သောအခါ ၎င်းက နှာချေလိုက်သည်။ လီစီးရီ တခဏမျှ တိတ်တဆိတ် တွေးတောလိုက်ပြီးနောက် သူ့ညာလက်သည် သူ့နောက်ကျောပေါ်ရှိ ဧရာမ ကျောက်စိမ်းရိုင်းသံမဏိဓားဆီသို့ ရောက်ရှိသွားပြီး လေထဲသို့ ဝှေ့ယမ်းလိုက်သည်။
ချွပ်
ထိုကျောက်စိမ်းရိုင်းသံမဏိဓား သေတ္တာထဲရှိအိတ်ကို ဖွင့်လိုက်သည်နှင့် လူအုပ်ကြီး၏ မျက်လုံးရှေ့တွင် ဝေဝါးဝါး အရာတစ်ခု ထွက်ပေါ်လာသည်။
ဖူး
ညိုမည်းပြီး မှိုတက်နေသည့် အသားနှင့်အရိုးများ ထွက်ကျလာခဲ့သည်။
“ဒါက ...”
လူတိုင်း ကြက်သေ သေသွား၏။ ဤသည်က မည်သည့်အရာနည်း။ သူတို့၏ ကွပ်ကဲသူသည် သူတို့၏ စစ်သူကြီးကို ဤအရာအား ဘာကြောင့် ပေးခဲ့ရသနည်း။
စစ်သားများသည် လုံးဝ မှင်သက်နေခဲ့သည်။
လီစီးရီ၏ စိတ်သည်ပင် တခဏမျှ ဗလာကျင်းသွား၏။ သို့သော်သူသည် တစ်ခုခုကို လျှင်မြန်စွာ တွေးတောလိုက်ကာ နားလည်သွားပြီး သူ့နထင်များ တင်းကြပ်သွား၏။
“သိုးသား” လီစီးရီ ရုတ်တရက် နားလည်သွား၏။ ဤအသားစိုင်များ၏ မူလအသွင်သဏ္ဍန်ကို သိမြင်ရန် မဖြစ်နိုင်တော့ပြီဖြစ်သော်လည်း လီစီးရီသည် အရိုးများမှနေ၍ ဤသည်က သိုးတစ်ကောင်ဖြစ်ပြီး အရွယ်ရောက်ပြီးသော သိုးမတစ်ကောင် ဖြစ်သည်ကို ပြောနိုင်ပေသည်။ လီစီးရီသည် ပိုင်ထင်တွင် အချိန်တစ်ခုအထိ ကုန်ဆုံးခဲ့ကာ ထိုနေရာတွင်သူသည် သိုးအုပ်များစွာကို မြင်တွေ့ခဲ့ရပြီး သိုးသား အများအပြားကို စားသုံးခဲ့ရသည်။
သူသည် အရသာရှိပြီး အဆီရွှဲနေသည့် သိုးသားကင်များကို စားသုံးနေသည့်အခါ အရိုးများကို ကိုင်ဆောင်ထားခဲ့သောကြောင့် သူသည် ၎င်းတို့က မည်သည့် ပုံသဏ္ဍန်ရှိသည်ကို အလွန်အမင်း ရင်းနှီးပေသည်။
သို့သော်လည်း ဤသည်က သာမာန် သိုးသားမဟုတ်ခဲ့ပေ။
ဤသည်က ပုလိပ်ရောဂါကြောင့် သေဆုံးသွားသည့် သိုးတစ်ကောင်ဖြစ်၏။
နားလည်သွားခြင်းနှင့်အတူ လီစီးရီသည် အလွန်အမင်း လေးနက်လာခဲ့သည်။
အခန်း(၅၁၉)
သာလွန်သော စစ်သူကြီးသည် ရန်သူ၏ အကြံအစည်များကို ဖျက်ဆီးသည်။
“နားထောင် အခုကစပြီး ဘယ်သူ့ကိုမှ ငါ့အမိန့်မပါဘဲ ချဉ်းကပ်ခွင့်မပြုဘူး” လီစီးရီ ရုတ်တရက် ကြေညာလိုက်၏။
“အရှင် ...”
“ဒီအမိန့်ကို ဖီဆန်တဲ့ ဘယ်သူမဆို ကွပ်မျက်ခံရမယ်”
လီစီးရီ၏ညာလက် လွှဲယမ်းသွားခဲ့ကာ သူ့လက်ထဲရှိ ကျောက်စိမ်းရိုင်းသံမဏိဓားသည် ကမ္ဘမြေကြီးထဲသို့ ဓားချီစီးကြောင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ကျောက်တုံးများ နေရာတိုင်းသို့ ပြန့်နှံ့သွားပြီး ဖုန်မှုန့်များ လေထဲသို့ လွင့်ထွက်သွားကာ မြေပေါ်တွင် ကြီးမားသော ခုတ်ရာတစ်ခုကို ကျန်ရစ်စေသည်။ တခဏချင်းမှာပင် လူအုပ်ကြီး တိတ်ဆိတ်သွားပြီး စစ်သားများ အလိုလို နောက်ဆုတ်သွားကြသည်။
“ဟုတ်ကဲ့ပါအရှင်” တစ်စုံတစ်ယောက် နူးညံ့သည့်လေသံဖြင့် ပြောလိုက်သည်။
လီစီးရီသည် အကြောင်းပြချက်မရှိဘဲ ဘယ်တော့မှ ဆရာကြီးမလုပ်ပေ။ အကယ်၍သူသည် လေးနက်သွားခဲ့ပါက ထိုကိစ္စသည် အလွန်အရေးကြီးသည်ဟု ဆိုလိုပေသည်။ ဤအခိုက်တွင် မည်သူမှသူ့ကို ရန်မစရဲခဲ့ပေ။
သခင်လေး ဒါက မင်းငါ့ကိုပြောခဲ့တဲ့ စစ်ပွဲရဲ့ အရေးကြီးတဲ့ အချက်ဆိုတာလား။ လီစီးရီ ကိုယ့်ကိုယ်ကို တွေးတောလိုက်၏။
ယခုအချိန်တွင်သူသည် ဝမ်ချောင်က သူ့အား ဤသေတ္တာကိုဘာကြောင့် ပေးခဲ့သည်ကို သဘောပေါက်သွားပေသည်။ သိုးပုလိပ်ရောဂါသည် မြက်ခင်းပြင်တွင် ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်သော်လည်း ၎င်းပေါ်လာသောအခါ ကပ်ဆိုးကြီးတစ်ခုဖြစ်သည်။ အလယ်ပိုင်းလွင်ပြင်ဒေသ၏ လူများနှင့်မတူဘဲ မြက်ခင်းပြင်လူများသည် ဆေးပညာများအကြောင်း အနည်းငယ်သာ နားလည်ကြသည်။ အလယ်ပိုင်းလွင်ပြင်ဒေသများ၏ လူများနှင့်မတူဘဲ သူတို့သည် ပုလိပ်ရောဂါကြောင့် သေဆုံးသွားသည့် သိုးများ၏ ရုပ်အလောင်းများကို မြုပ်နှံရမည်ကို မသိကြပေ။
ထို့ပြင် ဤသည်ကို မြက်ခင်းပြင်များ၏ လူများက သိုးထိန်းများဖြစ်ကြပြီး သူတို့၏ နွားနှင့်သိုးအုပ်များက အရေအတွက် ထောင်ချီသောင်းချီသိန်းချီ ရှိသည့်အချက်နှင့် တွဲလိုက်သောအခါ သိုးပုလိပ်ရောဂါ ဖြစ်လာသည်နှင့် အမြဲကြီးမားသော ကပ်ဆိုးတစ်ခုဖြစ်သည်။
မြက်ခင်းပြင်၏ လူများသည် ပုလိပ်ရောဂါအကြောင်း ပြောလိုက်သောအခါ ဖြူလျော်သွားပေလိမ့်မည်။
သို့သော်လည်း မြက်ခင်းပြင်များသည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ ရန်သူအမြဲ ဖြစ်ခဲ့ပြီး နွားနှင့်သိုးများက ကျက်စားရာနေရာအသစ်များကို အဆက်မပြတ် ရှာဖွေနေသောကြောင့် သိုးပုလိပ်ရောဂါသည် အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ သိုးထိန်းအများစုသည် သိုးပုလိပ်ရောဂါက ဘာဆိုသည်ကိုပင် မသိကြပေ။ ဤဗဟုသုတ ကင်းမဲ့မှုက ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာသည့် မြက်ခင်းပြင်၏ လူများကို တစ်စုံတစ်ယောက်အား အခွင့်ကောင်း ယူစေနိုင်သည်။
ဝမ်ချောင်က ဤအရာကို ဘာအတွက် ပြင်ဆင်ထားသည်မှာ အလွန်ရှင်းလင်းလှသည်။
အတိတ်တွင် လီစီးရီသည် သေချာပေါက် ပြင်းထန်စွာ ကန့်ကွက်ခဲ့ပေလိမ့်မည်။ သို့သော် ယခုအခါ အန်းနှံကာကွယ်ရေး၏ လက်ရွေးစင် တစ်သိန်းရှစ်သောင်းနှင့် လီကျန်းရီ၏ စစ်ကူခြောက်သောင်းတို့သည် ချေမှုန်းခံခဲ့ရသည်။ မဟာထန်၏ အနောက်တောင်ဘက်သည် ပွင့်နေခဲ့ပြီး ၎င်း၏ တစ်သန်းနီးပါးသော ပြည်သူများသည် အကာအကွယ် မဲ့နေခဲ့ကာ မုန့်ချီကျောက်နှင့် ဝူရှန်းတို့၏ စစ်တပ်များအတွက် လုံးဝ အကာအကွယ်မဲ့နေခဲ့သည်။ ဤအချိန်တွင် အကယ်၍သူသည် ဆက်၍ နူးညံ့နေခဲ့ပြီး ဂုဏ်သတင်းအကြောင်း အများကြီး စိုးရိမ်နေပါက သူသည် အပြစ်ဖြစ်သွားပေလိမ့်မည်။
ရန်သူကို ကြင်နာခြင်းက ကိုယ့်ကိုယ်ကို နှိပ်စက်ငြင်းပန်းခြင်းဖြစ်သည်။
... ဒါပေမဲ့ ဒါကတကယ်ပဲ ထိရောက်မှုရှိမှာလား။
လီစီးရီစိတ်ထဲ သက်ပြင်းချလိုက်၏။
သူသည် ဤပစ္စည်း၏ ရည်ရွယ်ချက်ကို သဘောပေါက်ခဲ့လျှင်ပင် လီစီးရီသည် ၎င်းက ဤစစ်ပွဲအတွက် မည်သို့အသုံးဝင်မည်ကို နားမလည်ခဲ့ပေ။ သိုးပုလိပ်ရောဂါသည် အန္တရာယ်ဖြစ်စေနိုင်သလား သို့မဟုတ် ၎င်းကမည်မျှ ထိရောက်မှုရှိနိုင်သည်မှာ အနာဂတ်ကိစ္စများ ဖြစ်ကြပြီး အနောက်တောင်ဘက်ရှိ စစ်ပွဲသည် အလွန်နီးကပ်သည့် အန္တရာယ်တစ်ခုဖြစ်သည်။ ထို့အပြင် သူသည် သူ့တာဝန်ကို ပြီးမြောက်ခဲ့လျှင်ပင် တိဗက်စစ်တပ်သည် အထိအခိုက်မရှိ ဖြစ်ပေလိမ့်မည်။
ဤနည်းလမ်းသည် အမှန်တကယ် အသုံးဝင်မည်လော။
လီစီးရီ သက်ပြင်းချလိုက်ပြီး အမိန့်ပေးလိုက်သည်။ “တစ်ယောက်ယောက် ငါ့ကို ရိက္ခာအိတ် တစ်အိတ်ပေး”
“ဟုတ်ကဲ့ပါအရှင်”
စစ်သားတစ်ယောက် ပဲပိစပ်နှင့် အစေ့အဆံအိတ်တစ်အိတ်ကို လျှင်မြန်စွာယူပြီး ကမ်းပေးလိုက်သည်။ လီစီးရီ အခြားမည်သူ့ကိုမျှ မပါဝင်စေခဲ့ဘဲ ပဲပိစပ်များ ပဲများနှင့် အခြားအချိုးအစားများကို ထိုအသားစိုင်များထဲသို့ ကိုယ်တိုင်ကိုယ်ကျ ရောစပ်နေခဲ့သည်။
ဘုန်း
ဤအရာကို ပြုလုပ်ပြီးနောက် လီစီးရီသည် သူ့လက်ကောက်ဝတ်ကို ရုတ်တရက် လှုပ်လိုက်ပြီး ကြယ်တာရာစွမ်းအင်ကို ထွက်ပေါ်လာစေသည်။ သေတ္တာသည် ထန်းကနဲ ပိတ်ခံလိုက်ရပြီး ထို့နောက် လီစီးရီသည် အဝေးသို့ မော့ကြည့်လိုက်သည်။
ဤနေရာမှနေ၍ လူတစ်ယောက်သည် စိမ်းစိုသော ရှု့ခင်းပေါ်တွင် ပြန့်ကျဲနေသည့် သိုးအုပ်နှင့် နွားအုပ်များကို တိမ်များကဲ့သို့ မြင်နိုင်ပေသည်။ အကယ်၍ လူတစ်ယောက်သည် ကရုတစိုက် ကြည့်ရှု့လိုက်ပါက လူတစ်ယောက်သည် သိုးအုပ်များကြားရှိ သိုးထိန်းများကိုပင် မြင်နိုင်ပေသည်။ မြင်းများပေါ် စီးနေသည့် သူတို့၏ ရှည်လျားသော ခန္ဓာကိုယ်များက သူတို့အား သိုးအုပ်များကြားတွင် အလွန်အမင်း ထင်ရှားနေစေသည်။
တိဗက်သိုးထိန်းများသာ သူတို့၏ သိုးအုပ်များကို ထိန်းကြောင်းနေစဉ် ဤသို့မြင်းများကို စီးနင်းပေသည်။
“မင်းတို့က ဒီစစ်ပွဲမှာ ငါတို့ရဲ့ရန်သူတွေကို ကူညီဖို့ ဆုံးဖြတ်ခဲ့တာကြောင့် မင်းတို့ကလည်း ငါတို့ရဲ့ ရန်သူတွေပဲ။ နောက်ဖြစ်လာမဲ့ အရာအတွက် ငါ့ကိုအပြစ်မတင်နဲ့”
လီစီးရီ အဝေးရှိ သိုးထိန်းများကို ကြည့်လိုက်ကာ သူ့မျက်လုံးများက အေးစက်သည့် အလင်းရောင်ဖြင့် တောက်ပနေသည်။
“စစ်သားတွေအားလုံး ငါ့အမိန့်ကိုနားထောင်။ ဒီတိဗက်တွေ တစ်ယောက်ကိုမှ မလွတ်စေနဲ့”
လီစီးရီ သူ့စွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ယခုအခါ အကြွင်းမဲ့ အေးစက်သည့် အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေသည်။
“ဟုတ်ကဲ့ပါအရှင်”
ဤအမိန့်နှင့်အတူ စစ်တပ်သည် ရှေ့သို့ စတင်ချီတက်လိုက်ပြီး တစ်ထောင်ကျော်သော လက်ရွေးစင် မြင်းစစ်သည်များသည် အရှိန်ရလာကာ ဖုန်မှုန့်တန်းရှည်ကြီးကို ကျန်ရစ်နေစေသည်။
“အား”
“ထန်တွေပဲ”
“ပြေး”
...
ရှီလီရွှမ်း၏ သိုးထိန်းများ သွေးပျက်သွားခဲ့ကာ အော်သံများ အဝေးမှ ထွက်ပေါ်လာသည်။ လူများစွာတို့သည် ထွက်ပြေးရန် ကြိုးပမ်းလိုက်ကြသော်လည်း အလွန်နောက်ကျသွားသည်။ ဤတိုင်းပြည်နှစ်ခုသည် စစ်ဖြစ်နေသောကြောင့် လီစီးရီသည် သူတို့အား မည်သို့လွတ်မြောက်ရန် အခွင့်အရေး ပေးနိုင်မည်နည်း။
ဝုန်း
ခွာများ ပို၍ပင် မြန်ဆန်သွားသည်။
ထို့ပြင် ခွာသံများနှင့်အတူ နောက်ထပ် တိုက်ပွဲတစ်ခုသည် အခြားမည်သူ့ကိုမျှ မသိစေဘဲ တိဗက်စစ်တပ်၏ နောက်တန်းတွင် စတင်သွားသည်။
တပ်သားများနှင့် မြင်းများကို စစ်စုရုံးခြင်း မပြုမီ ရိက္ခာများနှင့် မြင်းစာများကို ပြင်ဆင်ရပေမည်။ ဤသည်က ရှေးအချိန်များကတည်းက စစ်ပွဲနိယာမတစ်ခုဖြစ်ပြီး နည်းဗျူဟာနဲ့ စစ်ပွဲစာအုပ်များတွင် ရေးမှတ်ထားခဲ့သည်။ သို့သော်လည်း ဤသည်က အလယ်ပိုင်းလွင်ပြင်ဒေသ၏ စာအုပ်များတွင်သာ ရှိသည့် နိယာမတစ်ခုဖြစ်သည်။ တိဗက်များနှင့် မြက်ခင်းပြင်များ၏ လူများသည် ဘယ်တုန်းကမှ ဤပြဿနာ မရှိခဲ့ဖူးပေ။
သူ၏ သုတေသနမှနေ၍ ဝမ်ချောင်သည် တိဗက်များ၏ ထောက်ပို့နည်းလမ်းက အလယ်ပိုင်းလွင်ပြင်ဒေသနှင့် လုံးဝခြားနားသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ကြီးမားလှသော စစ်ပွဲအတွက် အလယ်ပိုင်းလွင်ပြင်ဒေသ၏ လူများသည် နှစ်လ၊ သုံးလ ပြင်ဆင်ရမည်ဖြစ်ပြီး ဤအားထုတ်မှုသည် လုံလောက်သော ရိက္ခာများကို လအနည်းငယ်သာ တောင့်ခံစေပေလိမ့်မည်။ ကျော်လွန်သွားသည့် သုံးလ၊ လေးလသည် စစ်ပွဲကို တိုက်ခိုက်၍ မရစေနိုင်တော့ပေ။ မဟာထန် တည်ထောင်စဉ် ကာလအတွင်း ဧကရာဇ်ထိုက်ကျုံးသည် ပုလင်ပေါ် ထိုင်ခဲ့ပြီး တိုင်းပြည်က ၎င်း၏ အားအကောင်းဆုံး အချိန်တွင် ၎င်းသည် ဂိုဂူလျောကို မဖြေရှင်းနိုင်ခဲ့သေးပေ။ ဂိုဂူလျော၏ ခိုင်ခံ့လှသော ခံတပ်များနှင့် မြေလှန်မီးရှို့စနစ်သည် မဟာထန်၏ ထောက်ပို့ရထားကို ဆက်မရှိစေနိုင်ခဲ့သောကြောင့် လေးလတာ တိုက်ပွဲပြီးနောက် ရိက္ခာပြတ်လပ်ခြင်းက စစ်တပ်ကို မည်သည့်အောင်မြင်မှုမှမရှိဘဲ နောက်ဆုတ်စေခဲ့ပြီး အရင်းအမြစ်များနှင့် လူအင်အားများစွာ ကုန်ဆုံးခဲ့သည့်စစ်ပွဲကို အဆုံးသတ်စေခဲ့သည်။
သို့သော် ထိုလေးလတာ စစ်ပွဲသည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ သမိုင်းတစ်လျှောက်တွင် အရှည်ကြာဆုံး စစ်ပွဲဖြစ်သည်။ ထိုစစ်ပွဲအတွက် မဟာထန်သည် ရိက္ခာများကို သုံးနှစ်ဆက်တိုက် သိုလှောင်ခဲ့ရသည်။
အလယ်ပိုင်းလွင်ပြင်ဒေသ၏ မင်းဆက်များအတွက် ထိုသို့သော စစ်ပွဲတစ်ပွဲသည် ကရုမစိုက်စွာ စတင်၍မရချေ။
သို့သော် တိဗက်များနှင့် တများသည် ခြားနားကြသည်။ အကယ်၍ သူတို့သည် စစ်ပွဲတစ်ပွဲ စတင်ချင်ပါက သူတို့သည် မည်သည့်အချိန်တွင်မဆို လီတစ်ထောင်ကို ဖြတ်ကျော်နိုင်ပြီး ထောက်ပို့နှင့်ဆိုင်သော မည်သည့် အခက်အခဲကိုမျှ စိုးရိမ်စရာမလိုပေ။ အကယ်၍ သူတို့သည် မဟာထန်ကဲ့သို့ ကန့်သတ်ခံခဲ့ရပြီး သူတို့၏ တိုက်ခိုက်မှုများအတွက် နှစ်ပေါင်းများစွာ ကြိုတင်၍ ပြင်ဆင်မှုကို စတင်ခဲ့ရပါက လွင်ပြင်ဒေသ၏ မြက်ခင်းပြင်၏ လူများသည် မဟာထန်၏ နယ်စပ်များကို ခြိမ်းချောက်နိုင်ရန် မဆိုထားနှင့် တိုက်ခိုက်နိုင်စွမ်းပင် ရှိခဲ့လိမ့်မည်မဟုတ်ပေ။
ထိုသည်မှာ တိဗက်များနှင့် တများသည် စားသောက်ရန် မလိုအပ်ခဲ့ခြင်းမျိုး မဟုတ်ပေ။ အခြေခံအားဖြင့် သူတို့သည် သူတို့တွင် အလယ်ပိုင်းလွင်ပြင်ဒေသ၏ လူများနှင့် လုံးဝခြားနားသော စားသောက်ခြင်း အလေ့အထရှိသောကြောင့်ဖြစ်သည်။
မြက်ခင်းပြင်၏ လူများသည် အသားကို သူတို့၏ အဓိက အစားအစာ အရင်းအမြစ်အဖြစ် သဘောထားခဲ့ပြီး ၎င်းကို အခက်အခဲမရှိဘဲ နေ့တိုင်းစားနိုင်သည်။ သို့သော် အလယ်ပိုင်းလွင်ပြင်ဒေသ၏ လူများသည် နေ့တိုင်း အသားကိုသာ စားရမည်ဆိုပါက သူတို့သည် ပထမတွင် စိတ်လှုပ်ရှားသွားနိုင်သော်လည်း သုံးလေးရက်ကြာပြီးနောက် သူတို့သည် ဖျားနာလာပေလိမ့်မည်။ တစ်လကြာပြီးနောက် စစ်တပ်သည် တိုက်ပင် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
အလယ်ပိုင်းလွင်ပြင်ဒေသ၏ အဓိက အစားအစာများသည် ဆန်၊ သစ်အယ်သီး၊ အစေ့အဆံနှင့် အခြားအပင်များ ဖြစ်ကြပြီး အခြေခံအားဖြင့် အသားနှင့်ကွဲပြားသည်။ ထို့ပြင် ထိုသို့သော အစားအစာများ၏ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ စိုက်ပျိုးခြင်းနှင့် ချက်ပြုတ်ခြင်းတို့မှာ ပို၍ခက်ခဲပြီး အချိန်ကုန်ပေသည်။ ထို့ပြင် အလယ်ပိုင်းလွင်ပြင်ဒေသ၏ အစားအစာများသည် အသားနှင့် အသီးအရွက်များကို ပူးတွဲခြင်းကို အလေးထားခဲ့ပြီး ပြုတ်ခြင်း၊ ပေါင်းခြင်း၊ ကြော်လှော်ခြင်းနှင့် ကင်ခြင်းကဲ့သို့သော မတူညီသည့် ချက်ပြုတ်ခြင်း နည်းလမ်းများစွာ ရှိပေသည်။
ထမင်းသာရှိပြီး အသားမရှိခြင်းဖြင့် လူတစ်ဦး၏ အစာအိမ်သည် အရသာကင်းမဲ့လိမ့်မည်ဖြစ်ပြီး ထို့ကြောင့် တိုက်ပွဲကို အားနည်းစွာ တိုက်ခိုက်ရပေလိမ့်မည်။
ထို့ကြောင့် အလယ်ပိုင်းလွင်ပြင်ဒေသ၏ လူများ တိုက်ပွဲတစ်ပွဲ မတိုက်ခိုက်မီ သူတို့သည် မီးပုံများစွာ ဖိုလိမ့်မည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲကြီးကို ကျင်းပမည်ဖြစ်သည်။ ဤအရာမှနေ၍ လူတစ်ဦး၏ အစာအိမ်ပြည့်နေချိန်တွင် လူတစ်ဦးသည် အားရှိနိုင်သည်ဟူသော ဆိုရိုးစကား ပေါ်ပေါက်လာပေသည်။
ဤသည်က အလယ်ပိုင်းလွင်ပြင်ဒေသ၏ ဓလေ့တစ်ခုဖြစ်ပြီး ရှေးအချိန်များမှ စစ်နတ်ဘုရား တိုက်ပွဲသူတော်စင် သို့မဟုတ် မဟာဗျူဟာ ပညာရှင်များ ဘာမှမလုပ်နိုင်ခဲ့ပေ။ သူတို့သည် ခေတ်ရေစီးကြောင်းကိုသာ လိုက်ပါနိုင်ပြီး တပ်သားများနှင့် မြင်းများကို စစ်မစုရုံးနိုင်မီ ရိက္ခာများနှင့် မြင်းစာများကို ပြင်ဆင်ထားရမည်ဟုသာ ရေးသားနိုင်ခဲ့သည်။ ဤသည်က ၎င်းတို့၏ သဘာဝဖြစ်သောကြောင့် မည်သို့ ပြောင်းလဲနိုင်မည်နည်း။
သို့သော် မြက်ခင်းပြင်ရှိ လူများသည် ခြားနားကြသည်။ သူတို့၏ စားသောက်ခြင်း အလေ့အထများသည် ထိုမျှ မရှုပ်ထွေးခဲ့ကြပေ။ သူတို့သည် အသားများကို ချက်ပြုတ်ရန်သာ လိုအပ်ခဲ့ပြီး သူတို့သည် တစ်ခါတစ်ရံ ၎င်းကို အစိမ်းပင် စားသောက်ရန် စိတ်မရှိခဲ့ကြပေ။
ထို့ပြင် စစ်ရှိသောအခါ သိုးထိန်းများသည် ၎င်းနှင့်အတူ လိုက်ပါသွားကြသည်။ သိုးထိန်းများ မောင်းနှင်နေသော နွားများနှင့် သိုးများသည် စစ်တပ်ကို ထောက်ပံ့ပေးနေချိန်တွင် ရှေ့တန်းမှတပ်သည် ခိုင်ခံ့သော အကာအကွယ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ နွားများနှင့် သိုးများသည် မြက်ခင်းပေါ်တွင် ကျက်စားကြ၏။ သူတို့သည် စိုက်ပျိုးရန် သို့မဟုတ် ထွန်ယက်ရန် မလိုအပ်ခဲ့ဘဲ သူတို့သည် ရေပမာဏ အများအပြားကို မလိုအပ်သလို ကြီးထွားရန် လအတန်ကြာလည်း မလိုအပ်ခဲ့ပေ။
ပို၍အရေးကြီးသည်မှာ နွားများနှင့် သိုးများသည် ဘယ်တော့မှ မှိုတက်လိမ့်မည် မဟုတ်သလို အစားအစားကို သိုလှောင်ခြင်းမှ ဖြစ်ပေါ်လာသော အခြားပြဿနာများ ရှိလိမ့်မည်မဟုတ်ပေ။ စစ်တပ် ပြောင်းရွှေ့သွားသည့်အခါတိုင်း နွားနှင့်သိုးများသည် လိုက်ပါသွားလိမ့်မည်ဖြစ်ပြီး လတ်ဆတ်မှု၊ စိုထှိုင်းမှု သို့မဟုတ် မှိုတက်မှု ပြဿနာများကို ဘယ်တော့မှ ခံစားရလိမ့်မည်မဟုတ်ပေ။ မြက်ရှိနေသ၍ စစ်တပ်သည် ရိက္ခာဘယ်တော့မှ ပြတ်လပ်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် မြက်ခင်းပြင်၏ လူများသည် မြက်ခင်းပြင်၏ စစ်သားများကို သိုးထိန်းများမှ ဆွဲထည့်ခဲ့ကြပေသည်။
သူတို့သည် ယနေ့တွင် ထောက်ပို့အရာရှိများနှင့် သိုးထိန်းများ ဖြစ်နိုင်သော်လည်း နောက်တစ်နေ့တွင် သူတို့သည် စစ်သားများ ဖြစ်နိုင်သည်။ ထို့ပြင် အကယ်၍ နွားနှင့်သိုးများ အများအပြား ရှိခဲ့ပါက မြက်ခင်းပြင်၏ လူများသည် သူတို့ကို သတ်ဖြတ်နိုင်ပြီး အသားများကို တာရှည်ခံအောင် အခြောက်လှန်းနိုင်ပေသည်။
ဤသည်က လူတစ်ယောက်သည် လက်ရွေးစင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သလား သို့မဟုတ် သာမာန် လှည့်လည်သွားလာသူတစ်ယောက် ဖြစ်သလားဆိုသည့် ကိစ္စဖြစ်သည်။
ဤလောကတွင် သူတို့ကို အမှန်တကယ် သက်ရောက်နိုင်သည့် တစ်ခုတည်းသောအရာမှာ အလွန်အမင်း အေးစက်လှသော ရာသီဥတုဖြစ်သည်။
ဝမ်ချောင်သည် စစ်ပွဲ၏ အမျိုးမျိုးသော ရှု့ထောင့်များတွင် မြက်ခင်းပြင်၏ လူများ စိုးရိမ်မှုအနည်းဆုံး အရာမှာ ထောက်ပို့ဖြစ်သည်ဟု တစ်ခါက ကောက်ချက်ချခဲ့ဖူးသည်။ ဤသည်က တများနှင့် တိဗက်များ နှစ်ယောက်စလုံးတို့အတွက် မှန်ပေ၏။
ထောက်ပို့တွင် စိုက်ပျိုးရေး လူ့အဖွဲ့အစည်းများသည် ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေသည့် လူ့အဖွဲ့အစည်းများနှင့် ဘယ်တုန်းကမှ တူညီစွာ မရပ်တည်ခဲ့ပေ။
ရလဒ်အနေဖြင့် ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာနေသည့် လူများသည် အလယ်ပိုင်း လွင်ပြင်ဒေသ၏ မင်းဆက်များကဲ့သို့ ကောင်းမွန်စွာ ဆင်ယင်မခံထားရဘဲ အရေအတွက် မများခဲ့ကြသော်လည်း သူတို့သည် ပြောင်မြောက်သော ဓလေ့ သို့မဟုတ် စစ်ပွဲ သို့မဟုတ် နည်းဗျူဟာတွင် မည်သည့်စာအုပ်များမှ မရှိခဲ့ကြသော်လည်း သူတို့သည် မင်းဆက်တိုင်းကို ကြီးမားသော ခြိမ်းချောက်မှုတစ်ခု ဖြစ်စေနိုင်ခဲ့သေးသည်။ ဤမင်းဆက်များ၏ သမိုင်းများတွင် လူတစ်ယောက်သည် ဤသို့သော စာကြောင်းများကို အမြဲတွေ့နိုင်ပေလိမ့်မည်။
XXနှစ်တွင် တများသည် နယ်စပ်ကို ကျူးကျော်ခဲ့သည် သို့မဟုတ် XXနှစ်တွင် တိဗက်များသည် နယ်စပ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး သူတို့၏ လုရာပါ ပစ္စည်းများနှင့်အတူ ထွက်ခွာသွားသည် သို့မဟုတ် XXနှစ်တွင် ရင်ကျိုး ရိုကျိုးသို့မဟုတ် အခြားအချို့ နေရာများကို ဓားမြများက ဝင်ရောက်စီးနင်းခဲ့သည် စသဖြင့်
ဤသို့သော မှတ်တမ်းများကို သမိုင်းတစ်လျှောက်လုံးတွင် တွေ့ရနိုင်ပြီး အသစ်များကို ထပ်ပေါင်း ထည့်လာနေခဲ့သည်။
...
သို့သော် ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာသူများ၏ ဤနည်းဗျူဟာသည် အသုံးချ၍ မရနိုင်ခြင်းမျိုး မဟုတ်ခဲ့ပေ။
အကယ်၍ လူတစ်ယောက်သည် အဓိက စစ်တပ်ကို ကွေ့ပတ်သွားနိုင်ပြီး နောက်တန်းရှိ သူတို့၏ သိုးအုပ်များအားလုံးကို သတ်နိုင်ခဲ့ပါက လူတစ်ယောက်သည် သူတို့ကို ကြီးမားသော ထိုးနှက်ချက်တစ်ခု ပေးနိုင်ပေသည်။ သို့သော်လည်း သာမာန်အခြေအနေများတွင် ဤသည်က မဖြစ်နိုင်ပေ။ တိဗက်များသည် မဟာထန်ကို ဤအခွင့်အရေး ဘယ်တော့မှ ပေးလိမ့်မည်မဟုတ်ပေ။ သို့သော် ယခုအခါတွင် တိဗက်များသည် ခြင်္သေ့မြို့ကို လုံးဝအာရုံစိုက်နေခဲ့ကြသည်။
လီကျန်းရီ၏ တပ်သားများကို ထိန်းသိမ်းခဲ့ပြီဖြစ်သောကြောင့် တိဗက်များသည် လီကျန်းရီ၏ တပ်သားများကို ကရုစိုက်ခဲ့ပြီဖြစ်ပြီး တိဗက်များသည် အရေးကြီးသော တောင်ကြားလမ်း သုံးခုတွင် စစ်တပ်များကို ချန်ရစ်ထားခဲ့သည်။
တိဗက်များအတွက် သူတို့စစ်တပ်၏ နောက်တန်းသည် ခံတပ်တစ်ခုကဲ့သို့ လုံခြုံပြီး ဘာကမှ သူတို့ကို ခြိမ်းချောက်နိုင်မည် မဟုတ်ပေ။ ဤသည်က ဝမ်ချောင်ကို ကောင်းမွန်သော အခွင့်အရေးတစ်ခု ရရှိစေခဲ့၏။
ထို့ပြင် ပုလိပ်ရောဂါကြောင့် သေဆုံးသွားခဲ့သော သိုးများသည် ဝမ်ချောင်က တိဗက်များအတွက် ပြင်ဆင်ပေးခဲ့သည့် လက်ဆောင်ကောင်းတစ်ခု ဖြစ်သည်။
တိဗက်သိုးအုပ်များသည် အမှန်ပင် များပြားလှသည်။ အလယ်ပိုင်း လွင်ပြင်ဒေသ၏ သိုးအုပ်များနှင့်မတူဘဲ သူတို့သည် သိုးအနည်းငယ်သာ ပါဝင်ခဲ့ခြင်းမဟုတ်ပေ။ ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာသူများတွင် ရာချီ ထောင်ချီ သောင်းချီ သိန်းချီ သန်းချီသိုးများ အမြဲရှိခဲ့ကြသည်။ ဤသည်က အလယ်ပိုင်း လွင်ပြင်ဒေသ၏ စိုက်ပျိုးရေး လူ့အဖွဲ့အစည်း နားလည်ရန် ခက်ခဲသည့် အရာတစ်ခုဖြစ်သည်။
ထို့ပြင် ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာသူများသည် မျိုးနွယ်စုများကို တစ်စုတစ်စည်းထဲ ဖြစ်စေခဲ့ပြီး သူတို့က သူတို့၏ သိုးအုပ်များကို ကျက်စားရန် လွှတ်လိုက်သောအခါ သူတို့သည်လည်း မျိုးနွယ်စုများကဲ့သို့ ပြုမူခဲ့သည်။
ဤအကြောင်းကြောင့် လူတစ်ဦးသည် ဤသို့သော သိုးအရေအတွက်ကို မွေးမြူနေခဲ့သည်ဟု မပြောခဲ့ဘဲ မျိုးနွယ်စုတစ်ခုက ထိုမျှများပြားသော သိုးများကို မွေးမြူနေသည်ဟု ပြောခဲ့ပေသည်။
ထို့ပြင် ဤသိုးအရေအတွက်က အမြဲများပြားခဲ့သည်။
အရေအတွက်က အဆင့်တစ်ခုသို့ ရောက်လာသောအခါ ချောင်းမြောင်းတိုက်ခိုက်မှုများသည် အသုံးမဝင် ဖြစ်လာသည်။ သိုးထိန်းများသည် ဘာမှပင် လုပ်စရာလိုလိမ့်မည် မဟုတ်ဘဲ သတ်ဖြတ်ရန် သူတို့၏ သိုးအုပ်များကို ပေးလိုက်ရုံပင်။ ဤထောင်သောင်းချီသော သိုးများကို နေ့နေ့ညည သတ်ဖြတ်ခဲ့လျှင်ပင် ထိုတာဝန်သည် ပြီးမြောက်ခဲ့အုံးမည် မဟုတ်ပေ။ ထို့ပြင် လီစီးရီနှင့် သူ့စစ်သားများ ထွက်ခွာသွားချိန်တွင် ထိုသိုးထိန်းများသည် ပြန်လာနိုင်သည်။
သူတို့လုပ်စရာ လိုအပ်သည်မှာ သတ်ဖြတ်ခံလိုက်ရသည့် နွားများနှင့် သိုးများကို တာရှည်ခံအောင် နေလှန်းလိုက်ရုံပင်။
ဤသည်က ချောင်းမြောင်းတိုက်ခိုက်မှုကို လုံးဝအဓိပ္ပာယ် မဲ့သွားစေလိမ့်မည်။
တိဗက်များကို ရင်ဆိုင်ရန်နှင့် သူတို့၏နောက်တန်းတွင် ကျက်စားနေသည့် သိုးအုပ်များကို တိုက်ခိုက်ရန်အတွက် လူတစ်ယောက်သည် သာမာန်နည်းလမ်းများကို အားကိုး၍မရပေ။ လူတစ်ယောက်သည် သမရိုးကျ မဟုတ်သော နည်းလမ်းများကို အသုံးပြုရပေမည်။
ထို့ပြင် ဤပုလိပ်ရောဂါ ခံစားနေရသော သိုးများသည် ဝမ်ချောင်ပြင်ဆင်ထားခဲ့သည့် သမရိုးကျမဟုတ်သော လက်ဆောင်ဖြစ်ပေသည်။
သိုးတစ်ကောင်က ပုလိပ်ရောဂါ ခံစားလိုက်ရသောအခါ ၎င်းသည် ကျန်သိုးအုပ်များထံသို့ လျှင်မြန်စွာ ပျံ့နှံ့သွားလိမ့်မည်ဖြစ်ပြီး ၎င်းသည် မျိုးနွယ်စုတစ်ခု၏ သိုးအုပ်မှနေ၍ အခြားမျိုးနွယ်များအားလုံးကို ပြန့်နှံ့သွားပေလိမ့်မည်။ ပို၍အရေးကြီးသည်မှာ မြက်ခင်းပြင်၏ လူများသည် သူတို့က ကူးစက်ခံထားရသည့် သိုးများကို မြုပ်နှံရန် လိုအပ်သည်ကို နားမလည်ခဲ့ကြပေ။ ဤဖြစ်ရပ် တစ်ခုတည်းက ကြီးမားလှသော ဘေးဆိုးတစ်ခုကို ဖြစ်စေလိမ့်မည်ဟု ဆိုလိုပေသည်။
လူတစ်ယောက်သည် ရန်သူများကို အပေါ်ယံထိုးနှက်ချက် တစ်ခုသာ ပေး၍မရပေ။ လူတစ်ယောက်သည် သူတို့အား သူတို့၏ ရိုးတွင်းချဉ်စီတစ်လျှောက် ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားရအောင် ပြုလုပ်ရပေမည်။ ဤနည်းလမ်းသာ သူတို့ကို သင်ခန်းစာ ရစေမည်။
စစ်ပွဲသည် စစ်ရေး စစ်အင်အား ယှဉ်ပြိုင်မှုတစ်ခုသာ မဟုတ်ခဲ့သလို ဓားများနှင့် ဆေဘာများ၏ ပြင်းထန်သော တိုက်ပွဲမဟုတ်ခဲ့ပေ။ ၎င်းသည် နည်းဗျူဟာ တိုက်ပွဲတစ်ပွဲဖြစ်သည်။
ဤအခိုက်တွင် သူ့အစီအစဉ် အောင်မြင်သွားခဲ့ပါက တိဗက်များကို စောင့်ကြိုနေသည့်အရာမှာ နှစ်အတန်ကြာ သို့မဟုတ် ဆယ်စုနှစ် တစ်ခုအထိပင် ကြာရှည်လိမ့်မည်ဖြစ်သည့် ဘေးဆိုးတစ်ခု ဖြစ်သည်ကို ဝမ်ချောင်တစ်ဦးတည်းသာ သိပေသည်။
သူတို့၏ ကြီးမားလှသော သိုးအုပ်များမရှိဘဲ ကုန်းပြင်မြင့်သည် မမျှော်လင့်ထားခဲ့သော ကြီးမားလှသည့် ငတ်မွတ်ခေါင်းပါးမှုကို ကြုံတွေ့ရလိမ့်မည်ဖြစ်ပြီး ဤငတ်မွတ်ခေါင်းပါးမှုသည် ဝူရှန်း ဆယ်စုနှစ်ရှိ စုဆောင်းထားခဲ့သည့် အရင်းအမြစ်များကို သုံးစွဲလိမ့်မည်ဖြစ်ပြီး သူတို့၏ ရည်ရွယ်ချက်များကို ပြတ်သားစေပေလိမ့်မည်။
အခန်း(၅၂၀)
ခေါင်းပေါ်ရစ်ဝဲနေသော တိမ်မည်းများ မြို့တော်၏ စိုးရိမ်ပူပန်မှု
“အား”
ချီလီရွှမ်းတခွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု စတင်သွားခဲ့ကာ နေရာတိုင်းတွင် အော်သံများကို ကြားရနိုင်ပေသည်။ သိုးထိန်းအများစုတို့သည် ထွက်ပြေးရန် ရွေးချယ်ခဲ့သော်လည်း သူတို့ထဲမှ အနည်းငယ်သည် ခုခံရန် ရွေးချယ်ခဲ့သည်။ သို့သော် ဤသို့သော ခုခံမှုသည် ဥက္ကာခဲသတ္ထု ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းရိုင်းသံမဏိဓားများကို ကိုင်ဆောင်ထားသည့် ဤမြင်းစစ်တပ်ကို ရင်ဆိုင်ရာတွင် အသုံးမဝင်ပေ။
နွားများနှင့်သိုးများ အော်ဟစ်လိုက်ကြကာ သူတို့သည် မြေပေါ်သို့ လဲကျသွားခဲ့ပြီး သူတို့၏သွေးများက ကမာ္ဘမြေကြီးကို နီရဲနေစေသည်။ ဤစစ်ပွဲတွင် သာမာန်ပြည်သူများ သို့မဟုတ် စစ်သည်တော်များ မရှိကြပေ။ တိုင်းပြည်များကြား သေခြင်းရှင်ခြင်း ယှဉ်ပြိုင်မှုတစ်ခုသာ ရှိပေသည်။ ဤစစ်ပွဲတွင် အပြစ်မဲ့သူများ မရှိကြပေ။
ဖြောင့်မတ်သူများသည် ချမ်းသာမှုကို မဆုပ်ကိုင်ခဲ့သလို အကြင်နာတရားသည် စစ်သားများကို မကွပ်ကဲခဲ့ပေ။
ယနေ့၏ သိုးထိန်းများသည် မနက်ဖြန်၏ တိဗက်စစ်သည်တော်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ထန်သာမာန် ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ပေလိမ့်မည်။ ယနေ့ ရန်သူများကို ပြသလိုက်သည့် အကြင်နာတရားသည် နောင်တွင် ရဲဘော်ရဲဘက်များအတွက် ရက်စက်မှု ဖြစ်ပေသည်။
တိုက်ပွဲသည် လျှင်မြန်စွာ ဖြစ်ပျက်သွားပြီး လျှင်မြန်စွာ အဆုံးသတ်သွား၏။
ချီလီရွှမ်း တိုင်းပြည်၏ အနောက်တောင်ဘက်၏ အခြေအနေများသည် တိဗက်နယ်စပ်နှင့် နီးစပ်ပြီး သွေးဖြင့်ဖုံးလွှမ်းနေသည်။ လီစီးရီဦးဆောင်သည့် စစ်တပ်သည် ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး ပို၍ပင် ဝေးကွာသော နေရာများကို ဦးတည်သွားခဲ့သည်။
သူတို့သည် အလောင်းများဖြင့် ဖုံးလွှမ်းနေသည့် မြေပြင်တစ်ခုကို ချန်ရစ်ထားခဲ့သည်။ နွားနှင့်သိုးများ၏ အလောင်းများသည် မိုးကုတ်စက်ဝိုင်းအထိ ရောက်ရှိနေခဲ့သည်။
သို့သော်လည်း အနာဂတ် ကျော်လွှား၍မရနိုင်သော မဟာစစ်သူကြီးသည်ပင် ဤထောင်သောင်းချီသော တိရိစာ္ဆန်များကို အလုံးစုံ မသတ်ဖြတ်နိုင်ခဲ့ပေ။ ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပြီးနောက် များပြားလှသော နွားများနှင့် သိုးအရေအတွက်တို့သည် ရှင်သန်နိုင်ခဲ့ကြပြီး သူတို့အားလုံးတို့သည် ကြောက်ရွံ့စွာ အော်မြည်နေခဲ့ကြသည်။ ၎င်းတို့ကလွဲ၍ မည်သူမျှ ဘာဖြစ်ခဲ့သည်ကို မသိခဲ့ပေ။
ချီလီရွှမ်းသည် တိတ်ဆိတ်နေပြီး အချိန်သည် ရပ်တန့်သွားပုံရသည်။ အချိန်တစ်ခုကြာပြီးနောက်...
ဖလပ်
တိဗက်အလောင်းပုံတစ်ခု ပေါက်ကွဲသွားခဲ့ပြီး တုန်ရီကာ သွေးစွန်းနေသည့် လက်တစ်ဖက်သည် မြေပြင်မှနေ၍ ထွက်ပေါ်လာသည်။
“နတ်ဆိုးတွေ ဒီထန်တွေအကုန်လုံးက နတ်ဆိုးတွေပဲ...”
ပြင်းထန်စွာ ဒဏ်ရာရထားသည့် တိဗက်သိုးထိန်း တစ်ယောက်သည် ထိုအလောင်းပုံမှနေ၍ ထွက်ပေါ်လာသည်။ သူသည် တိဗက်ဘာသာစကားဖြင့် ကိုယ့်ကိုယ်ကို ရေရွတ်လိုက်ပြီး သူ၏ဖြူလျော်နေသော မျက်နှာပေါ်ရှိ မျက်လုံးများက အကြောက်တရားတစ်ခု ရှိနေသေးသည်။
အိမ်မက်ဆိုးတစ်ခု
အိမ်မက်ဆိုးတစ်ခုကသာ ယခုလေးတင် ဖြစ်ပျက်ခဲ့သည့်အရာကို ရှင်းပြနိုင်ပေသည်။ ခြောက်ရာ ခုနှစ်ရာလောက်ရှိသော လူများသည် သတ်ဖြတ်ခြင်း မခံရမီ တစ်ချီပင် မတောင့်ခံနိုင်ခဲ့ပေ။ ထို့ပြင် သူတို့၏ ရန်သူများသည် ဒဏ်ရာတစ်ခုပင်မရဘဲ ထွက်ခွာသွားခဲ့ကြသည်။ သူတို့၏ ရန်သူများသည် ပုံမှန်စစ်သားများ ဖြစ်ကြသော်လည်း ဤကွာဟချက်သည် အနည်းငယ် ကြီးမားကြဆဲဖြစ်သည်။
ထို့ပြင် မဟာထန်၏ အန်းနှံကာကွယ်ရေး စစ်တပ်သည် ရှုံးနိမ့်သွားခဲ့ပြီမဟုတ်လော။
မဟာထန် ပို့လွှတ်လိုက်သည့် စစ်ကူခြောက်သောင်းတို့ကို မဟာစစ်သူကြီးက ဖယ်ရှားခဲ့သည်မဟုတ်လော။
မြောက်မှတောင်သို့သွားသည့် တောင်ကြားလမ်း သုံးခုတွင် စစ်သူကြီး သုံးဦးတို့က စောင့်ကြပ်နေကြသည် မဟုတ်လော။ မဟာထန်၏ ဤမြင်းစစ်သည် အုပ်စုသည် မည်သည့်နေရာက ရောက်လာခဲ့သနည်း။ သူတို့သည် နောက်တန်းက လုံးဝလုံခြုံသည်ဟု ပြောခဲ့သည်မဟုတ်လော။
“မကောင်းတော့ဘူး ငါမဟာစစ်သူကြီးကို ပြောပြရမယ်။ သူဒီထန်တွေကို သတ်ဖြတ်ဖို့ စစ်သားတွေ စေလွှတ်ဖို့ လိုအပ်တယ်”
ကံကောင်းသွားသည့် ထိုသိုးထိန်းသည် ရပ်လိုက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သော်လည်း ခြေနှစ်လှမ်း လှမ်းပြီးနောက် ရပ်တန့်သွားသည်။
“မဟုတ်ဘူး ငါမဟာစစ်သူကြီးကို အကြောင်းကြားရမဲ့အပြင် ကျန်တဲ့ မျိုးနွယ်စုတွေကိုလည်း အကြောင်းကြားရမယ်။ ထန်တွေက ချီလီရွှမ်းမှာ ပေါ်လာခဲ့ပြီဖြစ်ပြီး အဲ့ဒါက ဒီနေရာက မလုံခြုံတော့ဘူးလို့ ဆိုလိုတယ်။ ငါကျန်တဲ့လူတွေကို ဖြစ်နိုင်သမျှမြန်မြန် ပြောပြရမယ်” အသက်ရှင်ကျန်ရစ်သည့် ထိုသိုးထိန်းသည် တိတ်တဆိတ် ပြောလိုက်သည်။
ကုန်းပြင်မြင့်တွင် သိုးထိန်းကဲ့သို့သော အသုံးအနှုန်းများ မရှိကြပေ။ သိုးထိန်းသည် ဟန်များအသုံးပြုသည့် အသုံးအနှုန်းတစ်ခုဖြစ်သည်။ တိဗက်အားလုံးတို့သည် သဘာဝ စစ်သည်တော်များ ဖြစ်ကြသည်။ သူတို့က တိုက်ခိုက်ခြင်း မရှိခဲ့ကြချိန် သူတို့သည် စစ်တပ်၏ ထောက်ပို့အရာရှိများအဖြစ် စစ်တပ်ကို ပံ့ပိုးပေးနေပေသည်။ တိုက်ပွဲတွင် သူတို့သည်လည်း စစ်တပ်၏ မျက်စိနှင့်နားများအဖြစ် ထမ်းဆောင်နိုင်ပေသည်။ သိုးထိန်းများနှင့် စစ်တပ်တို့သည် တစ်ခုထဲ ဖြစ်ကြသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ ထိုသိုးထိန်းသည် အသက်ရှင်ကျန်ရစ်နေသည့် နွားများနှင့် သိုးများကိုကြည့်လိုက်ကာ လျှင်မြန်စွာ သတိပြုမိသွားသည်။
မဟာထန်သည် မလုံခြုံတော့ပေ။ တပ်ဖွဲ့တစ်ခုနောက်တွင် ဒုတိယမြောက်နှင့် တတိယမြောက်တို့က လိုက်ပါလာရန် သေချာပေသည်။ သူသည် ဤတိရိစာ္ဆန်များကို ဤနေရာတွင် မထားခဲ့နိုင်ပေ။ သူသည် ၎င်းတို့ကို တိဗက်ကုန်းပြင်မြင့်ဆီသို့ ပြန်မောင်းရပေမည်။ ထို့အပြင် အခြားမျိုးနွယ်စုများ ဤခေါင်းဆောင်မဲ့နေသည့် နွားအုပ် သိုးအုပ်များကို မြင်လိုက်ရသည့်အခါ သူတို့သည် ဤနေရာတွင် ဖြစ်ပျက်ခဲ့သည်များကို နားလည်ပေမည်။
သူတို့သည် ပို၍ နိုးကြားလာပေလိမ့်မည်။
ဤသည်က ကုန်းပြင်မြင့်၏ ရေးမထားသော စည်းမျဉ်းတစ်ခုဖြစ်၏။
ကျွတ်
ကြောက်ရွံ့ပြီး ဒေါသထွက်နေသည့် ထိုသိုးထိန်းသည် သူ့ကြာပွတ်ကို ချွတ်လိုက်ပြီး ထိုသတ္တဝါများကို စတင်မောင်းနှင်လိုက်သည်။
“မြန်မြန် မြန်မြန် ဒီနေရာမှာ မနေကြနဲ့။ ငါ့အတွက် ဒီနေရာကနေ ထွက်သွားကြ”
သိုးများသည် တဖြည်းဖြည်းနှင့် တိဗက်ကုန်းပြင်မြင့်ဆီသို့ ဦးတည်သွားကြသည်။ မြင်းအိုတစ်ကောင်သည် လမ်းကိုသိပေသည်။ သိုးအုပ်များသည် ထိုမျှဉာဏ်ရည် မထက်မြက်ကြသော်လည်း ရေနှင့်မြက်များနောက် လိုက်ပါခြင်းဖြင့် သူတို့သည် လမ်းများကို ရှာတွေ့နိုင်ပေလိမ့်မည်။ အခြားသိုးများ ကျန်သည့် သိုးအုပ်များ သွားနေသည့်နေရာကို မြင်နေသ၍ သူတို့သည် နားလည်ပေလိမ့်မည်။
ပဲ..
ကျယ်လောင်စွာ မြည်ဟီးနေကာ အသက်ရှင်ကျန်ရစ်နေသည့် သိုးများ စတင်လှုပ်ရှားသွားသည်။
သို့သော် ကြောက်ရွံ့ပြီး ဒေါသထွက်နေသည့် ထိုသိုးထိန်းသည် လုံးဝဖြူစွတ်နေသည့် သိုးအုပ်ကြားတွင် နွားနှင့်သိုး အတော်များများက ချီလီရွှမ်းတွင် မြင်တွေ့ရန် ဖြစ်နိုင်မည်မဟုတ်သော အပင်တစ်ပင်ဖြစ်သည့် ပဲပိစပ်များကို စားသုံးနေသည်ကို သတိမပြုမိခဲ့ပေ။ ထို့ပြင် ဤပဲပိစပ်များသည် အနက်ရောင် အနှစ်တစ်မျိုးမျိုးဖြင့် စွန်းထင်းနေခဲ့ကြသည်။ သိုးများ စတင်လှုပ်ရှားသွားသည်နှင့် ဤနွားများနှင့် သိုးများသည် သူတို့ထဲတွင် ရောနှောသွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့ကြသည်။
...
တစ်ချိန်ထဲမှာပင် အဝေးရှိ မဟာထန်၏ မြို့တော်သည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်နေခဲ့သည်။
ဝမ်ချောင်သည် သူက သူ၏ ပြည့်စုံစွာ စီရင်ခံထားရသည့် ကလန်ကျွမ်းကျင်သူ တစ်ထောင်နှင့်အတူ ထွက်ခွာသွားသောအချိန် အာရုံစိုက်မှုများစွာကို မဆွဲဆောင်နိုင်ခဲ့ပေ။ တော်ဝင်ရုံးတော်နှင့် သာမာန် ပြည်သူများတွင် အခြား စိုးရိမ်စရာများ ရှိကြပေသည်။ အနောက်တောင်ဘက် လုံးချီ၊ အန်းချီ၊ ပိုင်ထင်၊ အန်းတုံ... မဟာထန်သည် ယခုကဲ့သို့ ဘယ်တုန်းကမှ အန္တရာယ် မကြီးမားခဲ့ဖူးပေ။
၎င်း၏ ရွှေခေတ်တွင် မဟာထန်သည် ပတ်ပတ်လည်ရှိ တိုင်းပြည်အားလုံးတို့၏ နာခံမှုကို ရရှိခဲ့သည်။ သူတို့သည် တိုင်းပြည်တစ်ခုက စစ်ပွဲရပ်တည်ချက်ကို ပြုလုပ်လာသည်ကို ရှားရှားပါးပါးသာ မြင်တွေ့ခဲ့ရသော်လည်း ယခုအခါ သူတို့သည် ဘက်ပေါင်းစုံမှ ရန်သူများ၏ သီချင်းသံများကို ကြားနေခဲ့သည်။
ယခုအခါ မဟာထန်သည် အနောက်တောင်ဘက် တစ်ခုတည်းကိုသာ စိုးရိမ်နေခဲ့ခြင်း မဟုတ်တော့ဘဲ တိုင်းပြည်တစ်ခုလုံးကို စိုးရိမ်ပူပန်နေပေသည်။ အကြီးမားဆုံးသော အကြောက်တရားမှာ ပတ်ပတ်လည်ရှိ တိုင်းပြည်များက အချင်းချင်း ပြောဆိုဆက်သွယ်နိုင်ပြီး တစ်ပြိုင်ထဲ ကျူးကျော်မှုတစ်ခုတွင် ဝင်ပါနိုင်ခြင်းဖြစ်သည်။
လက်ရှိအခြေအနေများအရ ဤသို့သော ဖြစ်နိုင်ချေတစ်ခုသည် အလွန်ဖြစ်နိုင်ပေသည်။
ဝမ်ကလန် ခြံဝင်းတွင် ဝမ်ကျန်းသည် စိုးရိမ်ကြီးစွာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေခဲ့သည်။ တံခါးက ပွင့်သွားပြီး အစောင့်တစ်ယောက်က ဝင်လာသောအခါ သူသည်ချက်ချင်း သွားတွေ့လိုက်ပြီး သူ့မျက်နှာက စိုးရိမ်မှုနှင့် ပူပန်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ချောင်အာရဲ့သတင်းတွေရှိလား”
ဝမ်ချောင်သည် အချိန်အတော်ကြာကတည်းက ထွက်ခွာသွားခဲ့သော်လည်း သူသည် စာများ သတင်းများ ပြန်မပို့ခဲ့ပေ။ ဝမ်ချောင်သည် အလွန်ရုတ်တရက်ဆန်စွာ ထွက်ခွာသွားခဲ့ကာ မထွက်ခွာမီ ဝမ်ကျန်းကိုပင် အကြောင်းမကြားခဲ့ပေ။ သို့သော် ဝမ်ကျန်းသည် သူက လုံးဝအကြောင်းမကြားခဲ့ပါဟု မပြောနိုင်ပေ။ ဝမ်ချောင်က လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ အစုလိုက်အပြုံလိုက်ကို စတင်ထုလုပ်နေပြီး မဟာကလန်များ ကျွမ်းကျင်သူများကို စုဆောင်းနေသည်မှာ အလွန်ထင်ရှားခဲ့သည်။
လက်ရှိအချိန်တွင် မြို့တော်တစ်ခုလုံးသည် ခေါင်းပေါ်ရှိ တလူလူ မြင့်တက်နေသော ထူထည်းသည့် မီးခိုးလုံးများကို မြင်တွေ့နိုင်ပြီး မြို့တော်ရှိ ပန်းပဲဖိုများက လက်ရှိတွင် ဝမ်ချောင်အတွက် အလုပ်လုပ်နေသည့် လက္ခဏာတစ်ခုဖြစ်သည်။ ဤအရာကို မသိသည့်လူ မြို့တော်တွင် အလွန်နည်းပါးပေသည်။
ထိုသို့ဆိုလျှင် ဤအရာများ တစ်ခုကမှ ဝမ်ကျန်းကို သူ့တူလေးအား မစိုးရိမ်ရန် မဖြစ်စေနိုင်ခဲ့ပေ။
ဝမ်ချောင်သည် မြို့တော်၏ အခြားမျိုးဆက်များ အားလုံးတို့ကို လွှမ်းမိုးနိုင်သည့် ဝမ်ကလန်၏ တစ်ဦးတည်းသော သားစဉ်မြေးဆက်ဖြစ်ကာ သူ့နာမည်သည် အသက်ငယ်ရွယ်သော်လည်း ကမာ္ဘတစ်ဝှမ်း ကျော်ကြားခဲ့ပေသည်။ ဝမ်ဖူး၊ ဝမ်လီ၊ ဝမ်ပိုင် ကျန်လူများ တစ်ယောက်ကမှ ဤသို့သော အရာတစ်ခုကို မစွမ်းဆောင်နိုင်ခဲ့ကြပေ။ သို့သော် ဤသို့ဆိုလျှင်ပင် ဝမ်ကျန်းသည် ဝမ်ချောင်ကို ဘယ်တော့မှ ရပ်တန့်ရန် ကြိုးစားလိမ့်မည် မဟုတ်ပေ။ ဂုဏ်သရေရှိသော ဝမ်ကလန်၏ သားစဉ်မြေးဆက်များ တစ်ယောက်မှ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သူရဲဘောမကြောင်ကြပေ။ သူရဲဘောကြောင်ခြင်းသည် ထိုလူက ဝမ်ကလန်၏ ကလေးတစ်ယောက်အဖြစ် ထည့်တွက်တော့မည် မဟုတ်ဟု ဆိုလိုပေသည်။
သို့သော် ဝမ်ကျန်းအတွက် သူ့တူလေးကို မစိုးရိမ်ရန် မဖြစ်နိုင်ပေ။
“အရှင် သတင်းမရှိပါဘူး”
ထိုဝမ်ကလန် ဝင်လာခဲ့သည့် ထိုဝမ်ကလန်အစောင့် ခေါင်းငုံ့လိုက်ကာ အသက်ပြင်းပြင်းပင် မရှုရဲခဲ့ပေ။
“ကျွန်တော်တို့က စာပို့ခိုတွေကို အသုံးပြုပြီး သခင်လေးရှောင်နဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ ဆက်သွယ်မှုတွေအားလုံး ကျရှုံးခဲ့တယ်။ နောက်ပြီး ကျွန်တော်တို့က သခင်လေးချောင်ရဲ့ ဘေးမှာရှိတဲ့ အဲ့ဒီငှက်လေ့ကျင့်ပေးတဲ့သူနဲ့လည်း မဆက်သွယ်နိုင်ခဲ့ပါဘူး။ သခင်လေးချောင်ရဲ့ တပ်ဖွဲ့တွေက သူတို့ရဲ့ငှက်တွေ ထောက်လှမ်းရေးအတွက် အသုံးပြုတာ ခံနေရပြီး တိုက်ပွဲဝင်ဖို့ အသင့်အနေအထားမှာ ရှိနေတာကို ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ရလဒ်အနေနဲ့ ကျွန်တော်တို့က သခင်လေးချောင်နဲ့ ဆက်သွယ်ဖို့ နည်းလမ်းတွေအကုန်လုံး ပျောက်ဆုံးခဲ့ရပါတယ်”
ဘုန်း
တိုက်ပွဲအကြောင်း ပြောဆိုလိုက်သောအခါ ဝမ်ကျန်း၏ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး သူ့လက်များနှင့် ခြေထောက်များက အေးစက်သွားကာ စိုထိုင်းသွားခဲ့သည်။
“ငါတို့စီစဉ်ခဲ့တဲ့ ကျွမ်းကျင်သူတွေက ထွက်ခွာသွားပြီမဟုတ်လား”
“ဟုတ်ကဲ့ပါအရှင် သူတို့က အနောက်တောင်ဘက်ကို ထွက်ခွာသွားကြပါပြီ။ သူတို့က လွန်ခဲ့တဲ့ နှစ်ရက်လောက်က ထွက်ခွာသွားကြပါတယ်” ထိုအစောင့် တင်ပြလိုက်၏။
“သူတို့ကို ချောင်းအာကို ရှာဖွေပြီး သူ့ကိုဘာပဲဖြစ်ဖြစ် ပြန်ခေါ်လာဖို့ ပြောလိုက်ပါ” ဝမ်ကျန်း လေးနက်စွာ ပြောလိုက်သည်။
“နောက်ပြီး တတိယညီလေးရဲ့ အိမ်တော်နဲ့ ဆက်သွယ်ပါ။ ချောင်အာမှာ လက်အောက်ငယ်သား အများကြီးရှိပြီး တကယ်လို့ ငါတို့က သူတို့နဲ့ ဆက်သွယ်နိုင်ရင် ငါတို့ကသူတို့ကို ဝမ်ချောင်နဲ့ ဆက်သွယ်ခိုင်းလို့ရတယ်။ ဘာပဲဖြစ်ဖြစ် သူက ဘယ်နေရာမှာ ရှိလဲဆိုတာ ငါရှာဖွေရမယ်”
“ဒါက ... အရှင် ကျွန်တော်တို့က သူတို့နဲ့ မဆက်သွယ်နိုင်မှာကို ကျွန်တော်တို့ စိုးရိမ်မိပါတယ်”
ထိုအစောင့် ရပ်တန့်သွားခဲ့ကာ သူ့မျက်နှာပေါ်တွင် တုန့်ဆိုင်းနေသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။
“အရှင် ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ သခင်လေးချောင်ရဲ့ လက်အောက်ငယ်သားတွေက ကျွန်တော်တို့ရဲ့ ကွပ်ကဲမှုအောက်မှာ မရှိကြတော့ပါဘူး”
“ဘာ”
ဝမ်ကျန်း၏မျက်ခုံးများ မြင့်တက်သွား၏။ “ဘာဖြစ်နေတာလဲ မင်းဘာကို ဆိုလိုတာလဲ။ ငါတို့ရဲ့ ကွပ်ကဲမှုအောက်မှာ မရှိတော့ဘူးလား။ မင်းဆိုလိုတာက ငါတို့က သူတို့နဲ့ မဆက်သွယ်နိုင်တော့ဘဲ ဝမ်ချောင်ကို ရှာဖွေဖို့ သူတို့ကို အသုံးပြုလို့ မရတော့ဘူးလို့လား”
“အရှင် ပွင့်ပွင့်လင်းလင်း ပြောရရင် သခင်လေးချောင်က သူမြို့တော်ကနေ ထွက်ခွာသွားတဲ့အချိန် သူနဲ့အတူ သူ့လက်အောက်ငယ်သား အကုန်လုံးကို ခေါ်မသွားခဲ့ပေမဲ့ သူက မထွက်ခွာခင် ဝမ်ကလန် အိမ်တော်ရဲ့ ငယ်သားတွေအကုန်လုံး ဓားသွားဖယ်ရှားခြင်း အိမ်တော်ရဲ့ ငယ်သားတွေ အကုန်လုံးနဲ့ ဝိညာဉ်သွေးကြောရဲ့ ငယ်သားတွေ အကုန်လုံးတို့က ရှု့ကလန်ရဲ့ မိန်းမပျို ရှု့ရှီရှင်းရဲ့ အမ်ိန့်တွေကို နားထောင်ရမယ်လို့ အမိန့်ပေးခဲ့ပါတယ်။ သူမရဲ့အမိန့်တွေကို ဖီဆန်ဖို့ တားမြစ်ထားပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့ ခုနှစ်ရက် ရှစ်ရက်လောက်က သခင်လေးချောင် အိမ်တော်ရဲ့ အစောင့်တွေကို မိန်းမပျိုရှု့က နေရာတစ်ချို့ဆီကို မြို့တော်ကနေ စေလွှတ်လိုက်ပါတယ်။ ကျွန်တော်တို့ သူတို့ရဲ့နေရာကို လက်ရှိမှာ မသိသေးပါဘူး။ ဝမ်ကလန်အိမ်တော်မှာ စောင့်ကြပ်နေတဲ့ တစ်ဦးတည်းသော လူတွေက မကြာသေးမီကမှ ပြောင်းရွှေ့လာတဲ့ တော်ဝင်စစ်သား အနည်းငယ်တွေ ဖြစ်ကြပါတယ်”
ဝမ်ကျန်း ကြက်သေ သေသွား၏။
ရှု့ရှီရှင်းလော။
ထိုသည်မှာ ရှု့ကလန်၏ ပါရမီရှင် သမီးပျိုမဟုတ်လော။ မြို့တော်ရှိ သူမ၏ပါရမီက အလွန်ကြီးမားလှကာ သူသည်ပင် သူမအကြောင်းကို ကြားခဲ့ဖူးသည်။
ဝမ်ကျန်းသည် ရှု့ရှီရှင်းက ဝမ်ချောင်၏ လက်အောက်ငယ်သားများထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်ကို ဘယ်တုန်းကမှ မသိရှိခဲ့ပေ။
“အရှင် အရှင်”
“အား ငါသိပြီ မင်းအဲ့ကိစ္စကို လွတ်ချလိုက်လို့ရတယ်။ ငါတို့က သူ့ဆန္ဒအတိုင်း အားလုံးကို လုပ်ရုံပဲပေါ့”
ဝမ်ကျန်း နောက်ဆုံးတွင် အသိစိတ် ဝင်လာခဲ့ပြီး လက်တစ်ဖက် ဝှေ့ယမ်းလိုက်ကာ ထိုအစောင့်ကို ပြန်လွှတ်လိုက်သည်။
ဝမ်ချောင်သည် သူမထွက်ခွာမီ မြို့တော်ရှိ စီစဉ်မှုများအားလုံးကို ပြုလုပ်ခဲ့ပြီဖြစ်သောကြောင့် ဝမ်ကျန်းအတွက် ၎င်း၏ပတ်သတ်၍ စိုးရိမ်စရာ မလိုတော့ပေ။
...
တစ်ချိန်ထဲမှာပင် မြို့တော်၏ ကျန်လူများက ပူပန်ပြီး စိုးရိမ်နေခဲ့ချိန် ရှု့ကလန်သည် တိတ်ဆိတ်ပြီး ငြိမ်သက်နေသည်။ စာအုပ်အငွေ့အသက်များဖြင့် ရောနှောနေသည့် မွှေးပျံ့သော ရနံ့တစ်ခုသည် စာကြည့်ခန်းတစ်ခုမှ ထွက်ပေါ်နေခဲ့သည်။ စာအုပ်များ ပြည့်နှက်နေသည့် စန္နကူးသား စာအုပ်စင်များ၊ ပိုးစိုက်ထားသည့် အနီရောင် စည်းပန်းပွင့်များ၊ ကြိုးကြာနှုတ်သီး အမွှေးနံ့သာမီးခွက်များ၊ သန့်စင်သည့် မိန်းမပျိုသည် စာကြည့်စားပွဲနောက်တွင် ထိုင်နေသည်။ ဤနေရာသည် မုန်တိုင်းက မည်မျှကြီးမားပါစေ ဘေးကင်းနေသည့် တိတ်ဆိတ်အေးချမ်းသော ကမ်းခြေတစ်ခုကဲ့သို့ဖြစ်သည်။ ဤသည်က ရှု့ရှီရှင်း၏ စာကြည့်ခန်းဖြစ်၏။
ဝမ်ချောင် ထွက်ခွာသွားခဲ့ကတည်းက ဖိုင်တွဲအမျိုးအစား အားလုံးတို့သည် ရှု့ရှီရှင်း၏ စာကြည့်ခန်းတွင် စုပုံလာခဲ့သည်။ အရည်ကျိုခြင်း၊ ပန်းပဲထုခြင်း၊ ကုန်သည်များ၊ ဆန်စပါးကုမ္ပဏီများ၊ အထမ်းသမားများ၊ မြင်းကုန်သည်များ... မြို့တော်၏ ထောင်ချီသော ဓားဆိုင်များနှင့် ပန်းပဲဖိုများ မဟာဓားထုလုပ်သည့် ကလန်ကြီးလေးခုနှင့် အရွယ်အစား မတူညီသော ဒါဇင်ချီသည့် ကုမ္ပဏီများနှင့် ဆန်စပါးကုန်သည်များနှင့် ပတ်သတ်သည့် အချက်အလက်တို့သည် သူမ၏စာကြည့်ခန်းတွင် ရောက်ရှိနေခဲ့ကြသည်။ ဤသည်က ရာထောင်ချီသော လူများနှင့်ပတ်သတ်သည့် အချက်အလက်များ ဖြစ်ကြသည်။
မဟာကလန်များမှ ထုတ်ကုန်များကို စစ်ဆေးပြီး ကြီးကြပ်သကဲ့သို့ ကြီးမားသော တာဝန်များနှင့် ဆန်ကုန်သည်များ၏ အလုပ်သမားများကို ငွေပေးချေသကဲ့သို့ သေးငယ်သည့် တာဝန်များ... အရာရာတိုင်းသည် ရှု့ရှီရှင်း၏ လက်ထဲသို့ ကျရောက်လာခဲ့သည်။
တိုင်းပြည်ရှိ ဆန်စပါးများအားလုံးကို စုဆောင်းပြီး အနောက်တောင်ဘက်သို့ ပို့ဆောင်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်သလို လိုအပ်သည့် လူအင်အားသည်လည်း အံ့ဖွယ်ဖြစ်သည်။ တော်ဝင်ရုံးတော်တွင် ဤသို့သော တာဝန်တစ်ခုသည် ဌာနသုံးခုအောက်ရှိ ရာချီသော အစိုးရအရာရှိများကြား ပူးပေါင်းဆောင်ရွက်မှု လိုအပ်လိမ့်မည်ဖြစ်သည်။ သို့သော် ယခုအခါ ဤတာဝန်အားလုံးတို့ကို ရှု့ရှီရှင်းဆီ ပေးအပ်ခဲ့သည်။
စာကြည့်ခန်း၏ ကြမ်းပြင်သည် လုံးဝ ဝရုန်းသုန်းကား ဖြစ်နေသည်။
သို့သော် ရှု့ရှီရှင်း၏စားပွဲသည် အမြဲသပ်ရပ်နေခဲ့သည်။ စာရွက်များနှင့် စာလိပ်များ အားလုံးတို့သည် သပ်ရပ်စွာ ခွဲခြားထားခဲ့ပြီး ထပ်ထားခဲ့သည်။
သူမသည် ဖိုင်တစ်ခုချင်းစီနှင့် စာရွက်တစ်ခုချင်းစီတို့ကို အရိုးရှင်းဆုံး ထိရောက်မှု အရှိဆုံးနှင့် ခြွေတာမှုအများဆုံး နည်းလမ်းဖြင့် ကိုင်တွယ်ခဲ့သည်။
ကရုတစိုက် စစ်ဆေးကြည့်ရှု့လိုက်ပါက လူတစ်ယောက်သည် ရှု့ရှီရှင်းက တစ်ချိန်ထဲတွင် အနည်းဆုံး အလုပ်ရှစ်ခုကို ကိုင်တွယ်နေသည်ကို နားလည်ပေလိမ့်မည်။
အချက်အလက်များစွာကို ထိန်းသိမ်းခြင်းနှင့် အလုပ်များစွာကို တစ်ပြိုင်ထဲ လုပ်ဆောင်ခြင်းတို့သည် အခြားလူများအတွက် စိန်ခေါ်ခြင်း ဖြစ်နိုင်သော်လည်း စစ်တုရင်တွင် ဝမ်ချောင်ကို စိန်ခေါ်နိုင်စွမ်း ရှိခဲ့သည့် ရှု့ရှီရှင်းအတွက် သူတို့သည် လုံးဝပြဿနာ မဟုတ်ခဲ့ကြပေ။
ထို့ပြင် ရှု့ကလန်သည် ထောက်ပို့တွင် အမြဲအထူးကျွမ်းကျင်ခဲ့သည်။