← Chapters

အခန်း (၅၂၆-၅၃၀)

Vol. 25 Ch. 526-530

အခန်း (၅၂၆-၅၃၀)

Vol. 25 Ch. 526-530

အခန်း(၅၂၆)

စိတ်ဓာတ်ကို တည်ငြိမ်စေခြင်း

ဝမ်ချောင်ဘာမှ မပြောခဲ့ပေ။ သူ့အာရုံအားလုံး ဝမ်ဖူးခန္ဓာကိုယ်ပေါ် ရောက်နေသည်။ သူသည် ဆေးပညာရပ်တွင် မကျွမ်းကျင်ခဲ့သော်လည်း ဝမ်ချောင်သည် သိုင်းပညာရပ်တွင် အတွေ့အကြုံများစွာ ရှိနေဆဲဖြစ်သည်။

သူ့ရဲ့အတွင်းအင်္ဂါတွေက ဒဏ်ရာရထားခဲ့တယ်။ အရေးကြီး သွေးကြောဆုံမှတ်သုံးခု ထိုက်ရှီ၊ ကျူကျင်းနဲ့ ချန်ဖူးတို့က အားလုံး ထိခိုက်ထားခဲ့တယ်။ သူ့ရင်ဘက်အနေနဲ့ အဲ့ဒါက အပေါ်ယံဒဏ်ရာတစ်ခုသာဖြစ်ပြီး အရမ်းပြင်းထန်တဲ့ ဒဏ်ရာမဟုတ်ဘူး။ အရေးကြီးတဲ့အရာက ဟော်ရှု့ဟွမ်ချမ်း သူ့ခန္ဓာကိုယ်ထဲမှာ ချန်ထားခဲ့တဲ့ ကြယ်တာရာစွမ်းအင်ပဲ။

ဝမ်ချောင်၏စိတ် ဗလောင်ဆူနေကာ စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု သူ့မျက်လုံးထဲ ပေါ်လာသည်။

ဝမ်ဖူး၏ခန္ဓာကိုယ်တွင် ပြင်ပကြယ်တာရာစွမ်းအင်နှစ်ခု ရှိကြသည်။ တစ်ခုသည် ဟော်ရှု့ဟွမ်ချမ်း၏ ကြယ်တာရာစွမ်းအင်ဖြစ်ပြီး အခြားတစ်ခုသည် ကျောက်စီလျို၏ ကြယ်တာရာစွမ်းအင်ဖြစ်သည်။

ကျောက်စီလျို၏ ကြယ်တာရာစွမ်းအင်သည် ကြမ်းကြုတ်ရက်စက်ပြီး ပြင်းထန်သော်လည်း ဟော်ရှု့ဟွမ်ချမ်းကဲ့သို့ မဟာစစ်သူကြီးတစ်ယောက်နှင့် နှိုင်းယှဉ်သောအခါ တော်တော်လေး လိုအပ်နေဆဲဖြစ်သည်။ သူ့အစ်ကိုကြီးအတွက် ဟော်ရှု့ဟွမ်ချမ်းနှင့် ဝင်တိုးခဲ့သည်မှာ သေချာပေါက် ကံကောင်းခြင်း မဟုတ်သောကြောင့် သူ့အသက်နှင့်အတူ လွတ်မြောက်လာနိုင်ခြင်းက အမှန်ပင် တော်တော်လေး ကျေနပ်စရာဖြစ်သည်။

“ဟော်ရှု့ဟွမ်ချမ်း...”

ဝမ်ချောင် သူ့ကိုယ်သူ ရေရွတ်လိုက်ကာ သူ့နှလုံးသားက စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။

သူ့အစ်ကိုကြီး၏ အခြေအနေသည် သိပ်မကောင်းပေ။ သူသည် ဝူရှန်းမဟာနှင်းတောင် မြင့်မြတ်သော ဘုရားကျောင်းမှ ထိပ်တန်းနည်းစနစ်တစ်ခုဖြင့် တိုက်ခိုက်ခံထားရပြီး အလယ်ပိုင်းလွင်ပြင်ဒေသ၏ ဓလေ့ထုံးတမ်းနှင့် လုံးဝစိမ်းသက်သော နည်းစနစ်တစ်ခုဖြစ်သည်။ အကယ်၍ ထိုပြင်ပ ကြယ်တာရာစွမ်းအင်များကို တိုက်မထုတ်နိုင်ခဲ့ပါက သူ့အစ်ကိုကြီး၏ ကံကြမ္မာသည် ပြီးသွားပေလိမ့်မည်။ ချန်းရှု့စွန်းသည်ပင် ဤသည်ကို သဘောမပေါက်ခဲ့သည်မှာ ဖြစ်နိုင်သည်။

ဤကြမ်းကြုတ် ရက်စက်သော ကြယ်တာရာစွမ်းအင်ကို အသုံးပြု၍ ဟော်ရှု့ဟွမ်ချမ်း သတ်ဖြတ်ခဲ့သည့် တိုင်းပြည်၏ စစ်သူကြီးအရေအတွက်ကို ပြောရခက်ပေသည်။ ဤနည်းစနစ်သည် ယခုအချိန်တွင် လူသိမများသေးသော်လည်း အနာဂတ်တွင် လျို့ဝှက်ချက် ဟုတ်တော့မည်မဟုတ်ပေ။

နည်းလမ်းတစ်ခုရှိရမယ်။

ဝမ်ချောင် ခေါင်းမော့လိုက်ကာ သူ့စိတ်က အတွေးများစွာဖြင့် ပြေးလွှားနေသည်။ မဟာနှင်းတောင် မြင့်မြတ်သော ဘုရားကျောင်း၏ ကြယ်တာရာစွမ်းအင်ကို တိုက်ထုတ်ရန်အတွက် လူတစ်ယောက်သည် ဤကြယ်တာရာစွမ်းအင်သွားသည့် လမ်းကြောင်းများကို သိရှိရပေမည်။ သို့သော် တိုင်းပြည်နှစ်ခုကြား အကွာအဝေးက အလယ်ပိုင်းလွင်ပြင်ဒေသရှိ လူအနည်းငယ်သာ ဤအရာကိုသိသည်ဟု ဆိုလိုပေသည်။ သို့သော်လည်း ဝမ်ချောင်သည် ချွင်းချက်ဖြစ်၏။

အမှန်ပဲ ဆန်းကြယ်၊ လီကွမ်း၊ စီလင်း...

ရုတ်တရက်ပင် ဝမ်ချောင် သဘောပေါက်သွားပြီး စတင်လှုပ်ရှားလိုက်သည်။

ရှုး ရှုး ရှုး

တုန့်ဆိုင်းမနေဘဲ ဝမ်ချောင် သူ့လက်ချောင်းကို ဓားတစ်ချောင်းကဲ့သို့ ဆုပ်ကိုင်လိုက်ပြီး သူတို့မှနေ၍ ပါးလျသော ဓားချီမျှင်များကို ပစ်လွှတ်လိုက်သည်။ လျှပ်စီးကဲ့သို့ သူသည် ဝမ်ဖူး၏ ဆန်းကြယ်၊ လီကွမ်းနှင့် စီလင်း သွေးကြောဆုံမှတ်များကို ထိုးနှက်လိုက်သည်။ သူ့တွင် အပ်များမရှိသောကြောင့် ဝမ်ချောင်သည် အစားထိုးမှုအဖြစ် ပါးလျသော ဓားချီမျှင်များကို အသုံးပြုခဲ့ရပေသည်။ ဤတိုက်ခိုက်မှု သုံးခုနှင့်အတူ ဝမ်ဖူး၏ ခန္ဓာကိုယ်မှနေ၍ သွေးစီးကြောင်းသုံးခု ချက်ချင်း ပန်းထွက်လာခဲ့သည်။

“သခင်လေး”

ဝမ်ချောင်၏ ရုတ်ချည်းလှုပ်ရှားမှုများသည် ချန်းရှု့စွန်းကို ကြက်သေ သေသွားစေခဲ့သည်။

“ရေရှိလား ရေနည်းနည်း ယူလာပေး”

ဝမ်ချောင် ချန်းရှု့စွန်းကို လျစ်လျူရှု့လိုက်ကာ သူ့ခေါင်းကိုပင် မလှည့်ခဲ့ပေ။

ချန်းရှု့စွန်းသည် ပထမတွင် အံ့အားသင့်သွားခဲ့သော်လည်း သူ့အမူအရာသည် တဖြည်းဖြည်း ပျော့ပြောင်းလာသည်။ သူသည် မူလက ဝမ်ချောင်ကို ရပ်တန့်ချင်ခဲ့သော်လည်း အကြောင်းပြချက် အချို့ကြောင့် ဝမ်ချောင်၏ ခိုင်မာသောအသံကို ကြားပြီးနောက် သူသည် ဆန့်ကျင်ဘက် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

“ရေနည်းနည်း ယူလာပေး”

ဤကဲ့သို့ မိုးရွာသော နေ့တစ်နေ့တွင် ရေမရှားပေ။ ခွက်တစ်ခုကို မိုးရေအချို့ခပ်ရန် အသုံးပြုခဲ့ပြီး ဝမ်ချောင် သူ့ရင်ဘက်ရှိ ဘရိုကိတ်သေတ္တာမှနေ၍ လက်မအရွယ် ဆေးလုံးနှစ်လုံးကို ထုတ်ယူလိုက်သည်။ ရေကိုအသုံးပြုကာ သူသည်ဝမ်ဖူးကို ထိုဆေးလုံးများအား မြိုချရန် ကူညီပေးခဲ့သည်။

အောင်မြင်မှုက ဒီဆေးလုံးနှစ်လုံးအပေါ် မူတည်လိမ့်မယ်။ ဝမ်ချောင် သူ့ကိုယ်သူပြောလိုက်ကာ ဝမ်ချောင်၏ ဖြူလျော်သောမျက်နှာကို ကြည့်လိုက်သည်။

ပညာရှင်များကြား တိုက်ပွဲတစ်ခုတွင် ရရှိခဲ့သည့် ဒဏ်ရာများသည် သာမာန်ဒဏ်ရာကျက်ဆေးများ ကုသနိုင်သည့်အရာ မဟုတ်သလို အဆင့်မြင့်အဆင့် ဆေးအချို့သည်ပင် မကူနိုင်ကြပေ။ ဝမ်ချောင်ထုတ်ယူလိုက်သည့် ဆေးလုံးနှစ်လုံးသည် နန်းတော်၏ ဆေးပညာရှင်များမှ သန့်စင်ထားသည့် အဆင့်မြင့်အဆင့် အလွန်အမင်း မြင့်မားလှသော အဆင့်ရှိသည့် ဆေးလုံးများဖြစ်ကြသည်။ ဤသို့သော ဆေးလုံးများကို ပုံမှန်အားဖြင့် ဧကရာဇ်၏ ကလေးများအတွက် အသုံးပြုရန် ရည်ရွယ်ထားပြီး ထို့အတူ ကိုယ်လုပ်တော်များနှင့် ကြင်ယာတော်များအတွက် အသုံးပြုရန် ရည်ရွယ်ထားသည်။

ဤသို့သော ပစ္စည်းများသည် ရောင်းချရန် မဆိုထားနှင့် အပြင်ဘက်တွင်ပင် မတွေ့ရပေ။ တော်ဝင်မင်းသားကြီးများသည်ပင် ဤအကျိုးခံစားမှုကို မရရှိနိုင်ပေ။

ဝမ်ချောင်သည် ဤဆေးလုံးများကို နန်းတော်၏ ဆေးဆရာများမှနေ၍ ဝယ်ယူရန် စွန့်စားမှု ကြီးကြီးမားမား လုပ်ခဲ့ရသည်။ ဤသည်က လူတစ်ယောက်၏အသက်ကို ကယ်တင်နိုင်သည့် ဆေးလုံးများ ဖြစ်ကြပြီး ဝမ်ချောင် သူတို့၏ပထမ တွေ့ဆုံမှုတွင် နတ်ဆိုးဧကရာဇ် အဘိုးအိုကိုပေးခဲ့သည့် ဆေးလုံးထက်ပို၍ ထိရောက်မှုရှိပေသည်။ ဝမ်ချောင်သည် ၎င်းတို့ကို သူကိုယ်တိုင်အတွက် သိမ်းထားခဲ့သော်လည်း သူသည် ယခုအချိန်တွင် ကရုမစိုက်နိုင်ခဲ့တော့ပေ။

ဝမ်ဖူး၏ အသက်ရှုသံသည် ထိုဆေးလုံးနှစ်လုံးကို သောက်သုံးပြီးနောက် များစွာတိုးတက်လာခဲ့ပြီး သွေးများက သူ၏ဖြူလျော်သော မျက်နှာပေါ်သို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာခဲ့သည်။ ဤမြင်ကွင်းကြောင်း ချန်းရှု့စွန်းသည် သူပြောရန် ရည်ရွယ်ထားသည့် စကားလုံးများကို ချက်ချင်း ပြန်မြိုချလိုက်သည်။ သူမည်မျှတုံးအပါစေ သူသည်ပင် ဝမ်ချောင်၏ နည်းလမ်းများက အလုပ်ဖြစ်သွားသည်ကို ပြောနိုင်ပေသည်။

“အစ်ကိုကြီးကို ကရုစိုက်ဖို့ ဒီမှာလူနှစ်ယောက်နေခဲ့”

သူ့လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ဝမ်ချောင်မတ်တပ်ရပ်လိုက်ပြီး တဲထဲမှ ထွက်ခွာသွားသည်။

သူ့အစ်ကိုကြီးသည် နန်းတော်၏ နတ်ဆေးကို သောက်သုံးခဲ့ပြီဖြစ်သောကြောင့် သူသည် လောလောဆယ် အန္တရာယ်မှ လွတ်ကင်းသွားပြီဖြစ်သည်။ သူ၏ လက်ရှိ အရေးကြီးသော တာဝန်မှာ တပ်၏ အကြပ်အတည်းများကို ဖြေရှင်းရန်ဖြစ်သည်။

ဝူး

မိုးများ ရွာသွန်းနေဆဲဖြစ်ပြီး အားနည်းသွားမည့် လက္ခဏာ ပြသမနေပေ။

ဝမ်ချောင်၏အကြည့်သည် လင်းယုန်ငှက်တစ်ကောင်ကဲ့သို့ စစ်မြေပြင်ပေါ် လွှမ်းခြုံသွားခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ်က ယခုအခါ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်ဖော်နေသည်ကို လုံးဝ သတိမပြုမိခဲ့ဘဲ ထိုနေရာရှိ စစ်သားများနှင့် အစောင့်များကို အလိုလိုခေါင်းများ ငုံ့သွားစေပြီး ရှင်းပြ၍မရနိုင်သော လေးစားမှုက သူတို့စိတ်ထဲတွင် ပေါ်လာစေခဲ့သည်။

သူ့နောက်ရှိ ခြေသံများကို နားထောင်ကာ ဝမ်ချောင် ခေါင်းပင်မလှည့်ဘဲ မေးလိုက်သည်။ “ဦးလေးချန်း အဖေက အစ်ကိုကြီး သတိလစ်နေတာကိုသိလား”

“မသိဘူး”

ချန်းရှု့စွန်း ခေါင်းခါလိုက်သည်။

“ငါတို့ရဲ့စစ်တပ်က ခြေလျင်တပ်သားနဲ့ မြင်းတပ်သားတွေ ရောနှောနေပြီး တိဗက်တွေကနေ လွတ်မြောက်နိုင်စွမ်း မရှိဘူး။ ငါတို့နောက်လိုက်နေတဲ့ တိဗက်စစ်တပ်ကြောင့် သခင်နဲ့ ပထမသခင်လေးတို့က သူတို့ သူတို့ကို မြင်တွေ့တာနဲ့ သူတို့ကို ခံစစ်စည်းတစ်ခု ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး တိဗက်တွေနဲ့ တိုက်ခိုက်မှုကို စတင်ခဲ့တယ်။ ဒီတောင်တန်းက ကျယ်ပြောလွန်းတာကြောင့် သခင်က အရှေ့ဘက်ခြမ်း ခံစစ်စည်းကို တာဝန်ယူထားပြီး ပထမသခင်လေးက ဒီနေရာမှာ တာဝန်ယူထားပါတယ်”

“ဒါဆို ကာကွယ်ရေးစစ်သူကြီး ချန်ယုနဲ့ တစ်ခြား အနောက်တောင်ဘက် စစ်သူကြီးတွေကရော”

ဝမ်ချောင် မေးလိုက်၏။

“ဒါက ... ကျွန်တော်တို့ လူကြီးမင်း ချန်ယုချောင်ထုံးကို မတွေ့ခဲ့ရပါဘူး။ မိုးက အရမ်းပြင်းထန်ပြီး တိဗက်တွေကတောင် မုန်တိုင်းထဲမှာ သူတို့ရဲ့လူအနည်းငယ်ကို ဆုံးရှုံးခဲ့ရတာကြောင့် ငါတို့လည်း အတူတူပဲ။ ငါတို့က လူကြီးမင်း ချန်ယုချောင်ထုံးနဲ့ ယာယီအဆက်အသွယ် ပြတ်တောက်နေမှာကို စိုးရိမ်မိတယ်”

ချန်ရှု့စွန်း လေးနက်စွာ ပြောလိုက်သည်။

ဤမိုးရေထဲရှိ သူတို့၏ ချိုးဖောက်မှုသည် တန်ဖိုးတစ်ခု ပေးခဲ့ရပေသည်။ လူများစွာအတွက် ညီညာသည့် ပုံစံတစ်ခုဖြင့် ထွက်ပြေးရန်မှာ လွတ်မြောက်ရန်မှာ လွယ်ကူသည့် တာဝန်မဟုတ်ပေ။

မျှော်လင့်ထားသလိုပဲ။

ဝမ်ချောင် ချန်ယုချောင်ထုံးကို ကြားလိုက်ရသည်နှင့် သူ့မျက်ခုံးများ ကျုံ့သွားခဲ့သော်လည်း သူသည် သူ့တည်ငြိမ်မှုကို လျှင်မြန်စွာ ပြန်လည်ရရှိသွားခဲ့သည်။

ဝမ်ချောင်၏အကြည့်သည် ဝမ်ချောင် သူ့အစ်ကိုကြီးအဖြစ် အစားထိုးထားသည့် အနီးအနားရှိ ထိုစစ်သားကို ကြည့်လိုက်ပြီး ရုတ်တရက် အမိန့်ပေးလိုက်သည်။

“မင်းရဲ့ချပ်ဝတ်တန်ဆာကိုချွတ်ပြီး ငါ့ကိုပေး။ အခုကစပြီး ဒီစစ်တပ်က ငါ့ရဲ့ကွပ်ကဲမှုအောက်မှာပဲ”

“သခင်လေး...”

“ဆွေးနွေးငြင်းခုံဖို့ အချိန်မဟုတ်ဘူး”

ဝမ်ချောင် လက်ဝှေ့ယမ်းလိုက်ကာ စုန်းဘုရင်၏ ရွှေရောင်တံဆိပ်ကို ထုတ်ယူလိုက်သည်။ ထိုတံဆိပ်ကို လေထဲသို့ မြှောက်လိုက်ကာ သူသည် ကန့်ကွက်မှုကို လက်မခံသည့်လေသံဖြင့် ပြောလိုက်သည်။

“ဒါက စုန်းဘုရင်ရဲ့ တံဆိပ်ပဲ။ စုန်းဘုရင်ရဲ့ စိတ်နေသဘောထားအရ သူက သူ့တံဆိပ်ကို ငါ့ကို စိတ်ကူးပေါက်ပြီး ပေးမယ်လို့ မင်းထင်နေတာလား။ ဒါ့အပြင် မြောက်ဘက်ကနေ တောင်ဘက်အထိ တိဗက်မြင်းစစ်သည်တွေက အနောက်တောင်ဘက်ကို လုံးဝ လွှမ်းခြုံထားခဲ့တယ်။ ဦးလေးချန်း ကျွန်တော်က ရဲစွမ်းသတ္တိရှိတာ သက်သက်နဲ့ သူတို့ကို ဖြတ်ကျော်လာနိုင်ခဲ့တယ်လို့ ခင်ဗျားထင်နေတာလား။ မင်းမှာ သံသယတွေရှိတာ ငါသိပေမဲ့ အခုက အဲ့အကြောင်းပြောဖို့ အချိန်မဟုတ်ဘူး”

ချန်းရှု့စွန်း တခဏမျှ ပြောစရာစကား မဲ့သွားသည်။

ဤသည်က အမှန်ပင် စစ်သူကြီးတစ်ယောက်၏ ကျားပေါက်လေးဖြစ်၏။ ဝမ်ချောင်သည် ငယ်ရွယ်နေသေးသော်လည်း သူသည် စစ်သူကြီးများနှင့် ဝန်ကြီးများ ကလန်၏ သားစဉ်မြေးဆက် တစ်ယောက် ဖြစ်နေသေးသောကြောင့် သူ့တွင် အနည်းဆုံး နည်းဗျူဟာအကြောင်း နားလည်မှုအချို့ ရှိပေသည်။ ထို့ပြင် ဝမ်ချောင် ပြောလိုက်သည့် အရာရာတိုင်းသည် မှန်ကန်၏။ စုန်းဘုရင်သည် စစ်ရေးနှင့် သက်ဆိုင်လာသောအခါ အများနှင့် ကိုယ်ရေးကိုယ်တာကြား ရှင်းလင်းသော စိတ်နေသဘောထားတစ်ခု အမြဲရှိခဲ့သည်။ အကယ်၍သူသည် ဝမ်ချောင်ကို သူ့တံဆိပ် ပေးခဲ့ပြီး တောင်ဘက်သို့ သူ့အား လာရောက်ရန် ခွင့်ပြုခဲ့ပါက သူ့တွင် အကြောင်းပြချက်များ ရှိရပေမည်။

သူသည်လည်း ဝမ်ချောင်က ဤတာဝန်အတွက် သင့်တော်သည်ဟု ခံစားခဲ့ရမည်ဖြစ်ပြီး ဤဆုံးဖြတ်ချက်က ဝမ်ကလန်နှင့် သူ့ဆက်ဆံရေးကြောင့် စွန်းထင်းခဲ့လိမ့်မည်မဟုတ်ပေ။

ချန်းရှု့စွန်း ရုတ်တရက် ထိုငယ်ရွယ်သော စစ်သားကို လက်ညိုးထိုးလိုက်ပြီး အမိန့်ပေးလိုက်သည်။

“မင်းမကြားဘူးလား အဲ့ဒီချပ်ဝတ်တန်ဆာကို ချွတ်လိုက်”

သခင်လေးပြောတာမှန်ဖို့ ငါမျှော်လင့်တယ်။

ချန်းရှု့စွန်း သူ့ကိုယ်သူပြောလိုက်၏။ ဤသည်က ဤအချိန်တွင် ရမ်းကားကြမ်းတမ်းသော လှုပ်ရှားမှုဖြစ်ပေသည်။ စစ်မြေပြင် အခင်းအကျင်းကို သဘောပေါက်သည့်လူ ဤစစ်တပ်တွင် အနည်းငယ်သာ ရှိကြပြီး ဝမ်ဖူး၏အဆင့်ကို ရောက်နိုင်သည့်လူ တစ်ယောက်မှ မရှိကြပေ။ ထိုသို့မဟုတ်ပါက သူသည် ထိုနေရာတွင် ထိုင်နေသည့်လူ ဖြစ်လိမ့်မည်ဖြစ်ပြီး သူသည် သူ့ပထမ သခင်လေးကဲ့သို့ ပြုမူရန် တစ်စုံတစ်ယောက်ကို လိုအပ်ခဲ့လိမ့်မည် မဟုတ်ပေ။

ဝမ်ချောင်ဘာမှ မပြောခဲ့ပေ။ သူ့စိတ်သည် ချန်းရှု့စွန်းကဲ့သို့ ဤသို့သော အတွေးများဖြင့် လုံးပန်းမနေခဲ့ပေ။ လက်ရှိအရေးကြီးသော တာဝန်မှာ ဤတိုက်ပွဲကို မြန်ဆန်စွာ ထိန်းချုပ်ရန်ဖြစ်သည်။

“ငါတို့မှာ လူဘယ်လောက်ရှိလဲ”

ဝမ်ချောင် ချပ်ဝတ်တန်ဆာကို လျှင်မြန်စွာ ဝတ်ဆင်လိုက်ကာ မေးလိုက်သည်။

“ကျွန်တော်တို့က မုန်တိုင်းထဲမှာ လူအတော်များများကို ပျောက်ဆုံးသွားတာကြောင့် ခန့်မှန်းလို့ မရပါဘူး။ ဒါပေမဲ့ လေးသောင်း ငါးသောင်းလောက် ရှိလောက်တယ်။ နောက်ပြီး အဲ့ဒီစစ်သားတွေထဲက တစ်ချို့က လူကြီးမင်း ချန်ယုချောင်ထုံးနဲ့ အတူတူ ရှိလောက်တယ်”

ချန်းရှု့စွန်း ပြောလိုက်သည်။

“တိဗက်တွေမှာ လူဘယ်လောက်ရှိလဲ။ နောက်ပြီး မုန့်ချီကျောက်က စစ်သားတွေကို လွှတ်လိုက်ပြီလား” ဝမ်ချောင် မေးလိုက်၏။

“ခုနှစ်သောင်း၊ ရှစ်သောင်းဝန်းကျင်လောက် ရှိပါတယ်” ချန်းရှု့စွန်း ချက်ချင်းပြောလိုက်သည်။

“လက်ရှိအချိန်မှာ ကျွန်တော်တို့က မုန့်ချီကျောက်ဆီက လူတစ်ယောက်ကိုမှ မမြင်တွေ့ခဲ့ပါဘူး။ မုန့်ချီကျောက်စစ်တပ်ကို အဓိကအားဖြင့် ခြေလျင်တပ်သားတွေနဲ့ ဖွဲ့စည်းထားခဲ့ပြီး သူတို့ရဲ့လေ့ကျင့်မှုက ငါတို့နဲ့ယှဉ်ရင် လိုအပ်နေတုန်းပဲ။ မုန့်ချီကျောက်ရဲ့ စစ်သားသုံးသိန်းအတွက် အမိန့်ကို ထိန်းသိမ်းနေချိန်မှာ ဒီမိုးရွာထဲမှာ လိုက်လံဖမ်းဆီးဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့် ပထမသခင်လေးက ကျွန်တော်တို့ဟာ အခုအချိန်မှာ တိဗက်တွေကိုပဲ ရင်ဆိုင်ရတယ်လို့ ပြောခဲ့တာပဲ။ ဒါပေမဲ့လည်း မုန့်ချီကျောက်ရဲ့ သရဖူဆောင်းမင်းသား ဖုန်းကျားရီက ကျွန်တော်တို့စစ်တပ်ကို လိုက်လံဖမ်းဆီးရာမှာ မြင်းစစ်သည် ထောင်ချီကို ဦးဆောင်နေပါတယ်”

သူသည်ပင် သူက စစ်တပ်တစ်ခုလုံး၏ ကွပ်ကဲသူအဖြစ် ဝမ်ချောင်၏တာဝန်ကို လက်ခံခဲ့ပြီးဖြစ်သည်ကို မသိခဲ့ပေ။

“ဖုန်းကျားရီ...”

ဝမ်ချောင်၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

မုန့်ချီကျောက်၏ ကြွယ်ဝမှုသည် မဟာထန်ကို မယှဉ်နိုင်ပေ။ ၎င်းသည် မဟာထန်ကဲ့သို့ မဖြစ်နိုင်သလို ကာကွယ်ရေးဌာနချုပ် များစွာကိုထူထောင်ပြီး တစ်ချိန်ထဲတွင် ရန်သူများစွာကို မရင်ဆိုင်နိုင်ပေ။ ယခုအချိန်ထိပင် မုန့်ချီကျောက်သည် တိုင်းပြည်၏ အနောက်တောင် အစွန်းရှိ ကာကွယ်ရေးဌာနချုပ်ကိုသာ ရင်ဆိုင်နေခြင်းဖြစ်သည်။

ထို့ပြင် အခြားတိုင်းပြည်၏ အစွန်းတစ်ခုကိုသာ ရင်ဆိုင်ရန် တိုင်းပြည်တစ်ခုလုံး လိုအပ်ရန်မှာ မည်သူက ပိုအားကောင်းသည်ကို မြင်နိုင်ပေသည်။

ထို့ပြင် မဟာထန်ရှိ ထင်ရှားကျော်ကြားသော စစ်သူကြီးများသည် မုန့်ချီကျောက်ထက် များစွာသာလွန်ပြီး သူတို့သည် အရေအတွက်တွင်လည်း ပို၍များပြားသည်။ သို့သော် ဖုန်းကျားရီသည် မုန့်ချီကျောက်၏ ထင်ရှားကျော်ကြားသော စစ်သူကြီးများထဲမှ တစ်ယောက်ဖြစ်သည်။

ဖုန်းကျားရီသည် နိုင်ငံငယ်လေးအချို့၏ မထင်မရှားခြင်း အရည်အချင်းမရှိသော သရဖူဆောင်းမင်းသား မဟုတ်သော်လည်း မုန့်ချီကျောက်၏သမိုင်းတွင် ရှားရှားပါးပါးသာ မြင်တွေ့ခဲ့ရသည့် ရဲစွမ်းသတ္တိရှိသော သရဖူဆောင်းမင်းသားဖြစ်သည်။ ထို့ပြင် သူသည် ရဲရင့်ပြီး အမျှော်အမြင်ရှိ၏။ ထို့ပြင် မုန့်ချီကျောက်သည် မဟာထန်၏ လက်အောက်ခံတစ်ခုအနေဖြင့် မဟာထန်က မခေါ်ခဲ့သော်လည်း တော်ဝင်ရုံးတော်သို့ ၎င်းတို့၏ သရဖူဆောင်းမင်းသားကို ဓားစာခံအဖြစ် စေလွှတ်သည့် ဓလေ့ရှိခဲ့သည်။

မည်သည့်သာမာန် တော်ဝင်သားစဉ်မြေးဆက်မဆို သို့မဟုတ် သရဖူဆောင်း မင်းသားမဆို ဓားစာခံဖြစ်ရန် ဆန္ဒရှိလိမ့်မည်မဟုတ်ပေ။ သို့သော် ဖုန်းကျားရီသည် ခြားနား၏။ သူသည် မဟာထန်သို့သွားရန် သူ့ဆန္ဒကို အလိုအလျောက် ဖော်ပြခဲ့သည်။ သူသည် သူကလေးဘဝကတည်းက မဟာထန်သို့သွားရန် တောင့်တခဲ့သော်လည်း သူ၏ ပြင်းပြသော စိတ်ဆန္ဒများသည် လူအများ တွေးထင်ထားခဲ့သည်နှင့် လုံးဝခြားနားသော ရည်ရွယ်ချက်တစ်ခု ဖြစ်ပေသည်။

တိုင်းတစ်ပါး တိုင်းပြည်တစ်ခု၏ သရဖူဆောင်းမင်းသားအနေဖြင့် ဖုန်းကျားရီသည် အံ့သြစဖွယ်ကောင်းစွာ လုံ့လဝီရိယရှိသည်။ ဖုန်းကျားရီသည် နည်းဗျူဟာများ၊ နည်ပရိယာယ်များ၊ သိုင်းပညာရပ်များ၊ ဧကရာဇ် အိမ်ထောင်စုများ အရာရာတိုင်းအတွက် ပြင်းပြသော စူးစမ်းချင်စိတ် ရှိခဲ့သည်။ သူက မြို့တော်တွင် ဓားစာခံဖြစ်နေချိန် သူ့ဆရာများသည်ပင် သူ၏လုံ့လ၊ ဝီရိယနှင့် ပါရမီကို ချီးကျူးခဲ့ကြပြီး သူ့အား မဟာထန်တွင် ဆက်နေနိုင်ပြီး ရုံးတော်သို့ ဝင်ရောက်နိုင်စေရန် ဖုန်းကျားရီကို အရာရှိအဖြစ် ခန့်အပ်ရန် ပညာရှင်ဧကရာဇ်ထံသို့ အသနားခံစားပင် တင်ပြခဲ့သည်။

ဤထုံးတမ်းအစဉ်အလာကို ချိုးဖောက်ခြင်းက ဖုန်းကျားရီအတွက် အမှန်ပင် အောင်မြင်မှုဖြစ်သည်။

သို့သော် ဖုန်းကျားရီသည် ဤအပြုအမူကို ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

ဖုန်းကျားရီ၏ သတ္တိသည် မြို့တော်တစ်ဝှမ်း ကျော်ကြားခဲ့ပြီး သူ့ပါရမီသည် အကောင်းဆုံးထဲမှ အကောင်းဆုံးအဖြစ် ချီးကျူးခံခဲ့ရသည်။ သူသည် မုန့်ချီကျောက်၏ တော်ဝင်မျိုးရိုးမှ ဆင်းသက်လာပြီး ယခုအခါ သူ့တွင် ပညာရှင်ဧကရာဇ်၏ ကောင်းချီးပေးမှုကို ရရှိခဲ့သောကြောင့် သူသည် သိုင်းပညာရပ် များစွာကို လေ့လာသင်ယူနိုင်ခဲ့သည်။ သူသည် သာမာန်လူများ မရရှိနိုင်ခဲ့သည့် အရင်းအမြစ်များစွာကိုလည်း လက်ခံရရှိခဲ့သောကြောင့် သူသည် အံ့မခန်း အမြန်နှုန်းဖြင့် ကြီးပြင်းလာခဲ့သည်။

သူသည် မြို့တော်တွင် သရဖူဆောင်းမင်းသားများ၏ အငယ်တန်း အုပ်ထိန်းသူ ဝမ်ကျုံးစီသည်ပင် သူ့အား ထူးချွန်ထက်မြတ်သော ပညာရှင်နှင့် အလားအလာရှိသော မဟာစစ်သူကြီး တစ်ယောက်အဖြစ် ချီးကျူးဂုဏ်ပြုခဲ့သည်။ ဤအရာမှနေ၍ လူတစ်ယောက်သည် သူကမည်မျှ ပါရမီရှိသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။

သို့သော် ဖုန်းကျားရီသည် မဟာထန်အတွက် မဟုတ်သော်လည်း သူကိုယ်တိုင်အတွက်ဖြစ်သည်မှာ ထင်ရှားသည့် စိတ်ထဲတွင် ပန်းတိုင်တစ်ခုရှိခဲ့သည်။ သူသည် မဟာထန်မှ သူသင်ယူခဲ့သည့် အရာကို မုန့်ချီကျောက်အား အားကောင်းစေရန် အသုံးချချင်ခဲ့သည်။

ထို့ပြင် သူ့ဖခင် ကဲလျိုဖန်းနှင့် နှိုင်းယှဉ်သောအခါ ဖုန်းကျားရီသည် ပို၍ပင် ရည်မှန်းချက် ကြီးမားသည်။ သူသည် ငယ်ရွယ်ပြီး စွမ်းအင်နှင့် ပါရမီဖြင့် ပြည့်နှက်နေသည်။ သူသည် နည်းဗျူဟာစာအုပ်များကို သင်ယူခဲ့ပြီး ဝမ်ကျုံးစီ၏ သင်ပြမှုကို ခံခဲ့ရကာ မဟာထန် ဧကရာဇ် အိမ်ထောင်စုများ၏ သိုင်းပညာရပ် စာအုပ်များကို လက်ခံရရှိခဲ့ပြီး အဆုံးမဲ့ အရင်းအမြစ်များကို ရရှိခဲ့သည်။ ဖုန်းကျားရီသည် ဤအရာအားလုံးကို မုန့်ချီကျောက်အား အားကောင်းစေရန်နှင့် မဟာထန်မှ လုံးဝလွတ်မြောက်ရန် သူ့ပန်းတိုင်ကို ပြီးမြောက်ရန် ဆန္ဒရှိခဲ့သည်။

မဟာထန်ကို ထိုးစစ်ဆင်ရာတွင် ဖုန်းကျားရီသည် မဟာမိတ်တပ်၏ ရှေ့ပြေးတပ်ကို ကွပ်ကဲခဲ့၏။ သူနှင့် မုန့်ချီကျောက် မဟာစစ်သူကြီး သွမ့်ကောချန်တို့သည် မုန့်ချီကျောက် မဟာထန်၏ အနောက်တောင်ဘက်၏ နှလုံးသားကို ထိုးဆွရန် စီစဉ်ထားခဲ့သည့် ဓားမြှောင်နှစ်ချောင်း ဖြစ်ကြသည်။

မဟာထန် ပြုစုပျိုးထောင်ခဲ့သည့် တိုင်းတစ်ပါးတိုင်းပြည်၏ ထိုသရဖူဆောင်း မင်းသားသည် ယခုအခါ ၎င်း၏ အကြီးမားဆုံးရန်သူ ဖြစ်လာခဲ့သည်။

အခန်း(၅၂၇)

စစ်တပ်၏ကွပ်ကဲမှုကို ရယူခြင်း အံ့အားသင့်ဖွယ် ဆုတ်ခွာမှု

ဖုန်းကျားရီ ဟမ် သူက အခုအချိန်မှာ နက်နဲသိမ်မွေ့တဲ့ သိုင်းနယ်ပယ်ကို ရောက်သွားလောက်ပြီ။ အဲ့ထက်တောင် မြင့်နိုင်တယ်။

ဝမ်ချောင် တိတ်တဆိတ် သူ့ကိုယ်သူ ပြောလိုက်၏။

ဖုန်းကျားရီမြို့တော်တွင် တစ်စခန်းဖြစ်သွားခဲ့တကည်းက နှစ်ပေါင်းများစွာ ရှိသွားခဲ့ပြီဖြစ်သည်။ လက်ရှိဖုန်းကျားရီသည် ဧကရာဇ် မဟာစစ်သူကြီးအဆင့်သို့ ရောက်သွားခဲ့ပြီး ဖြစ်နိုင်သည်။ သို့မဟုတ် အနည်းဆုံး ၎င်းနှင့် အလွန်နီးစပ်သည့် အဆင့်တစ်ခုတွင် ဖြစ်နိုင်သည်။ သို့သော်လည်း စစ်ပွဲများသည် ဘယ်တုန်းကမှ ခွန်အားသပ်သပ်ဖြင့် မဆုံးဖြတ်ခဲ့ပေ။ ထိုသို့မဟုတ်ပါက စူးကျန်းချန်သည် သူ့ခေတ်၌ တိုင်းတစ်ပါး တိုင်းပြည်များအားလုံးကို တစ်ကိုယ်တော် စုစည်းခဲ့ပေလိမ့်မည်။

ဝမ်ချောင် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

“ဖုန်းကျားရီရဲ့ ကိစ္စကို လောလောဆယ် လျစ်လျူရှု့လိုက်။ ငါ့အမိန့်တွေကို နားထောင်ပြီး ငါတို့ရဲ့ မြင်းစစ်သည်တွေ အကုန်လုံးကို စုစည်းလိုက်”

“ဒါပေမဲ့ ကျွန်တော်တို့မှာရှိတဲ့ မြင်းစစ်သည်တွေ အကုန်လုံးက ရှေ့တန်းကို ဝင်ရောက်သွားခဲ့ကြပြီ။ တကယ်လို့ သူတို့အားလုံးကို ပြန်ဆင့်ခေါ်ခဲ့ရင် ရှေ့တန်းက အန္တရာယ်များသွားလိမ့်မယ်”

ချန်းရှု့စွန်း အံ့အားသင့်စွာ ပြောလိုက်သည်။

“အဲ့အတွက် စိတ်မပူနဲ့။ ငါပြောတဲ့အတိုင်းလုပ်” ဝမ်ချောင် ခိုင်မာစွာ ကြေညာလိုက်သည်။

“ဒါက... ဟုတ်ကဲ့”

ချန်းရှု့စွန်း ခေါင်းငုံ့လိုက်၏။ သူသည် ပထမသခင်လေးနှင့် ဤကဲ့သို့ ဘယ်တုန်းကမှ မကျိုးနွံ့ခဲ့ဖူးသော်လည်း ဝမ်ချောင်နှင့်အတူ ရှိနေချိန်တွင် သူသည် တည်ငြိမ်ပြီး ယုံကြည်မှုရှိသည့် လေသံဖြင့် ဖုံးလွှမ်းခံလိုက်ရပုံရသည်။ မသိလိုက်ဘဲ ချန်းရှု့စွန်းသည် ဝမ်ချောင်၏ အတွေးစီးကြောင်းအတိုင်း စတင်လိုက်ပါလာခဲ့သည်။

“နောက်ပြီး လေးသည်တော်တွေ အကုန်လုံးကို ဒီနေရာကို လွှဲပြောင်းပြီး ငါ့အမိန့်ကို လက်ခံဖို့ အဆင်သင့်ပြင်ထား” ဝမ်ချောင် ဆက်ပြောလိုက်သည်။

သူ၏တောက်ပသော အကြည့်သည် အချိန်အာကာသ အနက်ပိုင်းသို့ မြင်နိုင်နေပုံရပြီး မိုးရေကပင် မတားဆီးနိုင်ခဲ့ပေ။ စစ်ပွဲအနုပညာတွင် တပ်သားတစ်ရာအတွက် နည်းပရိယာယ်များသည် တပ်သားတစ်ထောင်အတွက် နည်းပရိယာယ်များနှင့် ခြားနားလိမ့်မည်ဖြစ်ပြီး တပ်သားတစ်ထောင်သည် တပ်သားတစ်သောင်းနှင့် ခြားနားလိမ့်မည်ဖြစ်ကာ တပ်သားတစ်သောင်းသည် တပ်သား လေးသောင်း သို့မဟုတ် ငါးသောင်းနှင့် ခြားနားပေလိမ့်မည်။

အန်းနှံကာကွယ်ရေးတပ်သည် တိုင်းပြည်၏ လက်ရွေးစင်တပ်တစ်ခုဖြစ်ပြီး ဤဆူပူအုံကြွမှုကို ရှင်သန်နိုင်ခဲ့သည့် လူများသည် လက်ရွေးစင်များထဲမှ လက်ရွေးစင်များ ဖြစ်ကြသည်။ တပ်သား လေးသောင်း ငါးသောင်းလောက်သည် သူကျွမ်းကျင်သည့် နည်းပရိယာယ်များကို ပြသရန် ဝမ်ချောင်အတွက် လုံလောက်ပေသည်။

တိဗက်မြင်းစစ်သည် ခုနှစ်သောင်းလား ဟ ဒီနေရာမှာ ဘယ်သူက တိုက်ခိုက်သူလဲ ခုခံသူလဲဆိုတာ မရှင်းလင်းသေးဘူး။ ဘယ်သူက လိုက်လံဖမ်းဆီးခံနေရတဲ့ လူလဲဆိုတာ ငါတို့မကြာခင် တွေ့လိမ့်မယ်။

ဝမ်ချောင်၏အကြည့်က တောင်တန်းများနှင့် တိဗက်စစ်တပ်၏ အံ့သြစဖွယ် လူအစည်အတန်းများကို ကြည့်ရှု့လိုက်သောအခါ သူ့စိတ်ထဲမှ သရော်လိုက်သည်။

စဦးအဆင့် ခံတပ်ချီစက်ကွင်း၊ အလယ်အလတ်အဆင့် ခံတပ်ချီစက်ကွင်းနှင့် စစ်သား တစ်သောင်းနှင့်အထက်တို့ဖြင့် ဖြစ်ပေါ်စေခဲ့သည့် အဆင့်မြင့်အဆင့် ခံတပ်ချီစက်ကွင်းတို့သည် ဝမ်ချောင်၏ တပ်သားတစ်သောင်းကို သေချာပေါက် ချေမှုန်းသွားပေလိမ့်မည်။ အားလုံးပြီးနောက် ၎င်း၏ စစ်သားအရေအတွက် တိုးလာသည်နှင့် စစ်တပ်တစ်ခု အားကောင်းလာသည်မှာ စစ်ပွဲများ၏ နိယာမတစ်ခု အမြဲဖြစ်ပေသည်။

သို့တိုင် သူသည် ဤတောင်ထိပ်ပေါ်တွင် ရပ်နေချိန် ဝမ်ချောင်သည် ဤတိဗက်စစ်တပ် ဆုပ်ကိုင်ထားသည့် မည်သည့်အားသာချက်ကိုမျှ မခံစားမိခဲ့ပေ။

စဦးအဆင့် ခံတပ်ချီစက်ကွင်းဖြစ်စေ၊ အလယ်အလတ်အဆင့် ခံတပ်ချီစက်ကွင်းဖြစ်စေ အဆင့်မြင့်အဆင့် ခံတပ်ချီစက်ကွင်းဖြစ်စေ သူတို့တစ်ခုကမှ အန်းနှံကာကွယ်ရေး စစ်တပ်ရှေ့တွင် သိပ်အသုံးမဝင်ကြပေ။ ဝမ်ချောင် ကြည့်လိုက်သည့်နေရာတိုင်း သူသည် စစ်သားများကြားရှိ တောက်ပနေသော အမျိုးမျိုးသော စစ်သူကြီးများ၏ ချီစက်ကွင်းများကို မြင်နိုင်ပေသည်။ ဤမျက်စိကြိမ်းမတက် တောက်ပသော ချီစက်ကွင်းများသည် စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံထားသည့် လှိုင်းလုံးများကို အဆက်မပြတ် ပေးနေခဲ့သည်။

တိဗက်များတွင် ရဲရင့်သော စစ်သူကြီးများ ရှိကြသော်လည်း အန်းနှံကာကွယ်ရေးတပ်တွင် ပို၍များများ ရှိပေသည်။

အနောက်တောင်ဘက်ရှိ ဆယ်စုနှစ်ရှိ စစ်ပွဲများမှနေ၍ နှစ်ဖက်စလုံး၏ တပ်ဖွဲ့များသည် ရန်သူဘက်၏ နည်းပရိယာယ်များ၊ နည်းဗျူဟာများနှင့် တိုက်ပွဲချီစက်ကွင်းများနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ခဲ့ကြပေသည်။ လက်ရွေးစင် စစ်တပ်တစ်ခုက စစ်သားတစ်သောင်းထက် ကျော်လွန်သွားသည့်အချိန် ၎င်းသည် အဆင့်မြင့်အဆင့်နှင့် ကြီးမားသော တိုက်ပွဲချီစက်ကွင်းတစ်ခုကို ထုတ်ဖော်နိုင်ပေသည်။ တိဗက်များအသုံးပြုသည့် အဆင့်မြင့်အဆင့် ခံတပ်ချီစက်ကွင်းသည် ဤအတန်းထဲတွင်ဖြစ်သည်။

ထို့ပြင် တိဗက်များ၏ ရန်သူများအနေဖြင့် အန်းနှံကာကွယ်ရေးတပ်တွင် သူတို့၏ကိုယ်ပိုင် ချီစက်ကွင်းရှိပေသည်။

သို့သော်လည်း တိဗက်များက ခံတပ်ချီစက်ကွင်းကို ရွေးချယ်ခဲ့ချိန် အန်းနှံကာကွယ်ရေးတပ်သည် ထိုးစစ်သပ်သပ်ဖြစ်သည့် အဆင့်မြင့်အဆင့် ချေမှုန်းခြင်းချီစက်ကွင်းကို ရွေးချယ်ခဲ့ပေသည်။ စဦးအဆင့် ထိုးစစ်ချီစက်ကွင်းမှနေ၍ အဆင့်မြင့်အဆင့် ချေမှုန်းခြင်း ချီစက်ကွင်းအထိ အန်းနှံကာကွယ်ရေးတပ်သည် တိဗက်များနှင့် လုံးဝကွဲပြားသည့် တိုက်ပွဲလမ်းကြောင်းပေါ် ခြေချခဲ့သည်။

ထို့ပြင် တိဗက်ခံတပ် ချီစက်ကွင်းနှင့်မတူဘဲ ချေမှုန်းခြင်းချီစက်ကွင်းသည် များပြားသော လူအင်အားလိုအပ်ချက် ရှိခဲ့ပေသည်။ သို့သော် သောင်းချီသော စစ်တပ်တစ်ခုအတွက် ဤလိုအပ်ချက်သည် ပြဿနာမဟုတ်ခဲ့ပေ။

ခံတပ်ချီစက်ကွင်းနှင့် ချေမှုန်းခြင်းချီစက်ကွင်းတို့သည် လုံးဝဆန့်ကျင်ဘက် သဘောသဘာဝများ ရှိကြသည့် စစ်ပွဲချီစက်ကွင်းနှစ်ခု ဖြစ်ကြသည်။ အတိအကျပင် အားကောင်းသော ချေမှုန်းခြင်း ချီစက်ကွင်းပေါ် မှီခို၍ အန်းနှံကာကွယ်ရေးတပ်သည် တိဗက်များကို ခြိမ်းချောက်နိုင်ပြီး ၎င်းတို့စိတ်ကြိုက် ဆောင်ရွက်ခြင်းမှ တားဆီးနိုင်ခဲ့ပေသည်။

သူပြန်လည်ဝင်စားခဲ့ကတည်းက ဝမ်ချောင်သည် ဤကဲ့သို့ ကြီးမားသော စစ်တပ်တစ်ခုကို ထူထောင်ပြီး ကွပ်ကဲမည့်အကြောင်း အိမ်မက် မက်ခဲ့ပေသည်။ ထို့ပြင် ယခုအခါ သူ့အိမ်မက်သည် အမှန်တကယ် ဖြစ်လာ၏။

အားကောင်းသော ကွပ်ကဲသူတစ်ယောက်သည် နောက်ဆုံးတွင် အားကောင်းသော စစ်တပ်တစ်ခုနှင့် ပေါင်းစည်းသွားခဲ့သည်။

ဝမ်ချောင်သည် တောင်ဘက်သို့ သူ့ခရီးစဉ်တွင် သူရောက်ရှိရန် မျှော်လင့်ထားခဲ့သည့် နေရာကို နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။

ဒါက အခု ငါ့တိုက်ပွဲပဲ...။

ချန်းရှု့စွန်း၏ ရှုပ်ထွေးနေသည့် အကြည့်အောက်တွင် ဝမ်ချောင် မျက်လုံးပိတ်လိုက်ကာ သူ့လက်မောင်းများကို ဖြေးညှင်းစွာဖွင့်လိုက်ပြီး မုန်တိုင်းကို ဖက်လိုက်ကာ တိုက်ပွဲကိုလည်း ဖက်လိုက်သည်။ ပြင်းပြသော တိုက်ပွဲစိတ်ဆန္ဒသည် သူ့ခန္ဓာကိုယ်ထဲတွင် နိုးထလာပြီး သူသည် အတွင်းမှနေ၍ ၎င်း၏ ဆင့်ခေါ်သံများကို ခံစားနိုင်ခဲ့သည်။

ဝုန်း

မြင်းတပ်သားများနှင့် လေးသခင်များသည် ဝမ်ချောင်ထင်ထားသည်ထက် မြန်မြန်ဆန်ဆန် စုစည်းလာခဲ့ကြသည်။ ချန်းရှု့စွန်းအတွက် ဝမ်ချောင် တောင်းဆိုခဲ့သည့် တပ်သားများကို စုရုံးရန် တခဏသာ ကြာမြင့်ခဲ့သည်။

လက်ရွေးစင်တပ်သားများနှင့် အရန်တပ်သားများကြား ကွာဟချက်သည် ဤနေရာတွင် ပြောင်ပြောင်တင်းတင်း သိသာခဲ့သည်။

“သခင်လေး ကျွန်တော်တို့နောက်ထပ် ဘာလုပ်ရမလဲ” မေးလိုက်ကာ ချန်းရှု့စွန်း ဦးညွှတ်လိုက်သည်။

ဝမ်ချောင် ဤစစ်သားများကို စစ်ဆေးလိုက်ကာ ဘာမှမပြောလိုက်ပေ။ အန်းနှံကာကွယ်ရေးတပ်သည် ခြေလျင်တပ်တစ်ခုဖြစ်သော်လည်း မဟာထန်၏ စစ်ရေးစည်းမျဉ်းများသည် မည်သည့် ကာကွယ်ရေး ဌာနချုပ်မဆို မြင်းတပ်သား အရေအတွက် အတော်အတန် ထိန်းသိမ်းထားရမည်ဟု ပြဠာန်းထားခဲ့သည်။ မြင်းစစ်သည် အများအပြားသည် အားဟိုင်လွင်ပြင်ရှိ တိုက်ပွဲတွင် ကျရှုံးသွားခဲ့သော်လည်း ဤတောင်ထိပ်ပေါ်တွင် စုစည်းနေသည့် မြင်းစစ်သည် လေးထောင်၊ ငါးထောင်လောက် ရှိနေဆဲဖြစ်သည်။

ထို့ပြင် ဝမ်ချောင်ကို ကြီးစွာကျေနပ်သွားစေခဲ့သည်မှာ ဤမြင်းတပ်သားများ အားလုံးတို့တွင် ထက်ရှသည့် အကြည့်များရှိပြီး စွမ်းအင်ပြည့်နှက်နေကြခြင်းဖြစ်သည်။ သူတို့အားလုံးသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းပုံရပြီး ဆက်တိုက် တိုက်ပွဲများသည်ပင် သူတို့တွင် အနည်းငယ်မျှသော ပင်ပန်းနွမ်းနယ်မှုကို မဖြစ်စေနိုင်ခဲ့ပေ။ ထို့ပြင် ဝမ်ချောင်သည် သူတို့၏ ခြေဖဝါးများအောက်တွင် ထိုးထိုးထောင်ထောင် ဖြစ်နေသည့် အစိုင်အခဲ ဖြစ်လုနီးပါး ဆူးချွန်ချီစက်ကွင်း အများအပြားကို မြင်တွေ့နိုင်ခဲ့ပြီး ၎င်းတို့တစ်ခုချင်းစီက ပတ်ပတ်လည်ရှိ မိုးရေများကို ပြန့်ကျဲသွားစေသည့် သတ္ထုမြည်သံတစ်ခုကို ထုတ်လွှတ်နေသည်။

ဝမ်ချောင် ရေတွက်လိုက်ပြီး ဤမြင်းစစ်သည် တစ်ယောက်ချင်းစီတို့က သူတို့အနားတွင် ချီစက်ကွင်း ငါးခု၊ခြောက်ခု ရှိသည်ကို သတိပြုမိလိုက်ကာ ၎င်းက သူတို့အားလုံးတို့သည် အစစ်အမှန် သိုင်းနယ်ပယ် အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်ဝန်းကျင်တွင် ရှိကြသည်ဟု ဆိုလိုပေသည်။ ဤသည်က ဝမ်ချောင် မဟာကလန်များမှ ခေါ်ယူခဲ့သည့် ကျွမ်းကျင်သူများကဲ့သို့ အဆင့်တူတွင် ဖြစ်သည်။

သူတို့က တကယ့်ကို လက်ရွေးစင်တွေပဲ။ ဒါက လုံလောက်တယ်။

ဝမ်ချောင် တိတ်တဆိတ် သူ့ကိုယ်သူ ပြောလိုက်၏။

သာမာန် မြင်းတပ်သားများအတွက် မြင့်မားသော ကျင့်ကြံခြင်း အဆင့်များသို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သော်လည်း လူတစ်ယောက်သည် ဤစစ်ပွဲကို သာမာန်အသိမျှ အသုံးပြုခြင်းဖြင့် ဆုံးဖြတ်၍မရပေ။ ဤအချိန်အထိ အသက်ရှင်နိုင်ခဲ့သည့် လူများသည် အားလုံး လက်ရွေးစင်များ ဖြစ်ကြပြီး ခွန်အားများ လိုအပ်နေသည့်လူများသည် ပထမဆုံး တိုက်ပွဲတွင် ကျရှုံးသွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။ သို့သော် ဝမ်ချောင်သည် ထိုမြင်းတပ်သားများ၏ ခန္ဓာကိုယ်များမှ ထုတ်ဖော်နေသည့် သိပ်သည်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒက သူ့ကို စိတ်ကျေနပ်စေခဲ့သည်ကို တွေ့လိုက်ရသည်။

ဤစုစည်းနေသည့် မြင်းစစ်သည် ငါးထောင်၊ ခြောက်ထောင်က သူတို့အနားရှိ လေထုကိုပင် အနည်းငယ် တွန့်ချိုးသွားစေခဲ့သည်။

ဤသည်က မီးနှင့်သွေးများတွင် အမှန်ပင် ထုလုပ်ခဲ့သည့် လက်ရွေးစင် မြင်းစစ်သည် အုပ်စုတစ်ခုဖြစ်ပြီး ဤမြင်းစစ်သည်များက ဝမ်ချောင် သူ့ရည်ရွယ်ချက်ကို ဖြည့်ဆည်းရန် လိုအပ်သည့် အရာအတိအကျ ဖြစ်သည်။

ဒေါသထွက်နေတဲ့ စစ်သားတွေက နိုင်ဖို့သေချာတယ်။ နောက်ပြီး ဒီမြင်းစစ်သားတွေက နည်းဗျူဟာစာအုပ်တွေ ဒေါသထွက်နေတဲ့ စစ်သားကို ဆိုလိုခဲ့တဲ့အရာ အတိအကျပဲ။

ဝမ်ချောင်စိတ်ထဲတွင် သက်ပြင်းချလိုက်၏။

ဤမြင်းတပ်သားများ ကိုယ်တိုင်ပင် သူတို့ တက်စွမ်းနိုင်သည့် သူတို့က မည်သို့သောစွမ်းအားကို စွမ်းဆောင်န်ိုင်သည်ကို သဘောမပေါက်သည်မှာ ဖြစ်နိုင်သည်။ ဒေါသထွက်နေသည့် စစ်သားများကို တမင်တကာ လေ့ကျင့်ပေးခြင်းမဟုတ်ဘဲ စစ်မြေပြင်တွင်သာ ဖန်တီးနိုင်ပြီး အန်းနှံကာကွယ်ရေး စစ်တပ်ရှိ ကျရှုံးမှု တစ်သိန်းကသာ ဤဒေါသထွက်နေသည့် စစ်သားများကို ဖန်တီးခဲ့ပေသည်။

ဝမ်ချောင်၏စိတ်က ဤအတွေးများကို တွေးတောလိုက်ချိန် သူသည် လေးသခင်များဆီသို့ လျှင်မြန်စွာ လှည့်လိုက်သည်။

တကယ်တော့ နှစ်ထောင်ကျော်ရှိတယ်။

ဝမ်ချောင် စိတ်ထဲတွင် ပျော်ရွှင်သွား၏။

နယ်စပ်ကာကွယ်ရေး ဌာနချုပ်များ၏ ကုန်းတွင်းပိုင်း အရန်တပ်ဖွဲ့များထက် နောက်ထပ်အားသာချက်မှာ သူတို့အားလုံးတို့တွင် လေးသခင် အုပ်စုတစ်ခု ရှိခြင်းဖြစ်သည်။ ဤလေးသခင်များ အားလုံးတို့ကို ကျင်ထောင်ချီ အလေးချိန်ရှိသည့် လေးများဖြင့် တပ်ဆင်ထားပြီး ၎င်းတို့ အထောက်အထား၏ အကောင်းဆုံး လက္ခဏာမှာ သူတို့၏ ညာလက်ရှိ အနက်ရောင်လက်မှ လက်စွပ်များ ဖြစ်ကြသည်။

“ငါ့အမိန့်ကို နာခံ။ တပ်သားတွေအားလုံး ငါအချက်ပြတာကိုစောင့်”

ဝမ်ချောင်၏စိတ်က လှုပ်ရှားသွားသည်နှင့် သူသည် တောင်အောက်သို့ကြည့်လိုက်ပြီး ဝမ်ချောင်၏အကြည့်တွင် ပြောင်းလဲသွားခြင်းနှင့်အတူ လေထုသည် အနည်းငယ် တင်းမာလာသည်။

ကျောက်စီးလျိုသည် သာမာန်စစ်သူကြီး မဟုတ်သလို မည်သူမျှ သူ့တောင်ပံအောက်ရှိ ကွပ်ကဲသူများကို အထင်သေး၍မရပေ။ ဝမ်ချောင်၏အစ်ကိုကြီး သတိလစ်သွားပြီးနောက် ပေါ်ထွက်လာသည့် အားနည်းချက်ကို ကျောက်စီးလျို၏ ထက်ရှသော ထိုးထွင်းသိမြင်မှုက ချက်ချင်း ဖမ်းဆုပ်သွားခဲ့ပြီး တိဗက်မြင်းစစ်သည် အများအပြားက ထိုနေရာသို့ စီးဝင်လာနေခဲ့သည်။ ဝမ်ချောင်သည် ခုနက အမိန့်များ ပေးခဲ့သော်လည်း အရှေ့မြောက်ဘက်ရှိ စည်းများသည် ကြီးမားလှသော ဖိအားအောက်တွင် တဒီးတယိုင် ဖြစ်လာနေဆဲဖြစ်သည်။

အမှန်တွင် တိဗက်စစ်တပ်သည် ကြီးမားသော အားသာချက်တစ်ခု အမြဲရှိခဲ့သည်။ မဟာထန်သည် အမြဲ ဖိအားအောက်တွင် ရှိခဲ့သည်။

ဒါပေမဲ့ ကိစ္စတွေကအခု ပြောင်းလဲတော့မယ်။

ဝမ်ချောင်၏အမူအရာ လျှင်မြန်စွာ အေးစက်သွားကာ ကျောက်တုံးကဲ့သို့ မာကြောလာပြီး အလင်းရောင် အတော်များများ သူ့မျက်လုံးထဲတွင် တောက်ပသွားသည်။

“မြောက်ဘက်ခြမ်းမှာရှိတဲ့ စစ်သူကြီး ကျန်းကျောင်းလျံ၊ ကျန်းကျီနဲ့ ဖုန်းလုံတို့ကို အသင့်ပြင်ထားဖို့ အကြောင်းကြားလိုက်ပါ။ သူတို့က ငါ့အမိန့်ကို လက်ခံရရှိတဲ့အခါ သူတို့က အခင်းအကျင်းကနေ ချက်ချင်း ထိုးဖောက်ပြီး ချက်ချင်း ဖောက်ထွက်ပြီး ညာတောင်ပံကို မြန်နိုင်သမျှမြန်မြန် ချီတက်ရမယ်”

“ဟုတ်ကဲ့ပါအရှင်”

“အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်သူကြီး ကျောက်ချင်း၊ ဟွမ်ဟီနဲ့ ဖူးလုံတို့ကို အသင့်ပြင်ထားဖို့ အကြောင်းကြားလိုက်ပါ။ သူတို့က ငါ့အမိန့်ကို လက်ခံရရှိတာနဲ့ သူတို့က လိုင်းတစ်လိုင်း မြွေပုံစံ အခင်းအကျင်းကို ထုတ်ဖော်ရမယ်”

“အာ”

ချန်းရှု့စွန်း နောက်ဆုံး အမိန့် အနည်းငယ်ကို နာခံစွာ နားထောင်နေခဲ့သည့် ချန်းရှု့စွန်းသည် ယခုအခါ သူ့ခေါင်းကိုမော့လိုက်ပြီး ဝမ်ချောင်ကို စိုက်ကြည့်လိုက်သည်။ သူတို့၏လက်ရှိ အခြေအနေတွင် လိုင်းတစ်လိုင်း မြွေပုံစံအခင်းအကျင်းကို အသုံးပြုခြင်းက သူတို့၏ လူအင်အားကို ပြန့်ကျဲစေလိမ့်မည်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေခြင်း ဖြစ်ပေလိမ့်မည်။ ထို့ပြင် သာမာန်တိုက်ပွဲတွင်ပင် လိုင်းတစ်လိုင်း မြွေပုံစံ အခင်းအကျင်းကို ပုံမှန်တပ်ဖွဲ့များ ရှားရှားပါးပါးသာ အသုံးပြုခဲ့ကြသည်။

“ငါ့အမိန့်ကိုလိုက်နာ သူတို့ကို ဒီတံဆိပ်ပြလိုက်။ တကယ်လို့ ကျောက်ချင်း၊ ဟွမ်ဟီနဲ့ ဖူးလုံတို့က ငြင်းဆန်ရဲရင် သူတို့ကို စစ်ရေးဥပဒေအရ ကိုင်တွယ်လိုက်”

ဝမ်ချောင် စုန်းဘုရင်၏တံဆိပ်ကို သူ့လက်ဝါးတွင် လက်ပြလိုက်ပြီး ဆက်ပြောလိုက်သည်။

“မင်းတွေးနေတာကို ငါသိတယ်။ ငါလိုင်းတစ်လိုင်း မြွေပုံစံအခင်းအကျင်းကို ဘာလို့အသုံးပြုတာနဲ့ ပတ်သတ်ပြီး အချိန်ကျလာတဲ့အခါ မင်းသဘောပေါက်လိမ့်မယ်”

ဝမ်ချောင် ထပ်မရှင်းပြခဲ့ပေ။ ထိုစကားလုံးများကို ပြောဆိုပြီးနောက် သူသည် သူ့အကြည့်ကို စစ်တလင်း၏ အရှေ့မြောက် ဒေသပေါ် စိုက်ကြည့်လိုက်သည်။ ဤသည်က သူ့အစ်ကိုကြီး တာဝန်ယူထားသည့် စစ်မြေပြင်ဖြစ်ပြီး ဝမ်ချောင်ဝင်ရောက်ခဲ့သည့်နေရာ ဖြစ်သည်။

တိုက်ပွဲရေစီးကြောင်းတွေကို ပြောင်းလဲဖို့ ဒီအခွင့်အရေးတစ်ခုပဲရှိတယ်။

ဝမ်ချောင် အလျင်စလို မလုပ်ခဲ့သော်လည်း သူသည် အမိန့်အသစ်များကို ပေးရန်လည်း နှေးကွေးခဲ့သည်။ အခွင့်အရေးများသည် စစ်မြေပြင်တွင် တခဏတာ ပေါ်လာကြပြီး တိဗက်များကို အနိုင်ယူပြီး စစ်မြေပြင်ကို ဖွင့်လှစ်ရန် ဝမ်ချောင်သည် မှန်ကန်သည့်အချိန်ကို စောင့်ရပေမည်။

ပို၍ပို၍ များပြားသော ဖိအားများသည် ရှေ့တန်းတွင် ရောက်လာပြီး အခင်းအကျင်းများသည် ပို၍ပို၍ မတည်မငြိမ် ဖြစ်လာနေသည်။ သူတို့သည် မည်သည့်အချိန်တွင်မဆို ကျိုးပေါက်နိုင်သကဲ့သို့ ထင်ရသည်။

တိဗက်များသည် ထိုနေရာတွင် ပြည့်နှက်နေကြသည်။ ဤသည်က ဤတိုက်ပွဲ၏ အရေးကြီးချိန် ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။

“သခင်လေး”

ချန်းရှု့စွန်း ဝမ်ချောင်၏ ငြိမ်သက်နေသော နောက်ကျောကို စိုက်ကြည့်လိုက်ကာ ချွေးများစထွက်လာသည်။ ဝမ်ချောင်ကို ဆောင်ရွက်ရန် သူတိုက်တွန်းချင်ခဲ့သည့် အချိန်များစွာ ရှိခဲ့သော်လည်း သူသည် အကြိမ်တိုင်း သူ့စကားလုံးများကို မြိုချနိုင်ခဲ့သည်။ ပထမသခင်လေးသည် သတိမေ့နေပြီး အခြားစစ်သူကြီးများသည် ခါးသီးသော တိုက်ပွဲတွင် ပါဝင်နေခဲ့ကာ မထွက်ခွာနိုင်ကြဘဲ ကျန်သည့်လူများသည် နည်းဗျူဟာနှင့် အခင်းအကျင်းများအကြောင်း လုံးဝ နလပိန်းတုံးများ ဖြစ်ကြသည်။

ကျန်ရှိနေသည့် လူအားလုံးတွင် ဝမ်ချောင် တစ်ဦးတည်းသာ ဤအရာများကို နားလည်မှုအနည်းငယ် ရှိပေသည်။

တစ်ခြားရွေးချယ်စရာ မရှိပေ။

နောက်ဆုံး ဆုံးဖြတ်ချက်က မှန်ကန်ဖို့မျှော်လင့်တယ်။

ချန်းရှု့စွန်း သူ့စိတ်က စိုးရိမ်မှုဖြင့် ပြည့်နှက်နေကာ ကိုယ့်ကိုယ်ကို တွေးတောလိုက်သည်။

ဤသည်က ကစားပွဲမဟုတ်သလို လူအနည်းငယ်ကြား ရန်ပွဲလည်းမဟုတ်ခဲ့ပေ။ ၎င်းသည် သေချာပေါက် သိုင်းပညာရှင်များကြား သွေးစွန်းတိုက်ပွဲ မဟုတ်ခဲ့ပေ။ ဤသည်က စစ်သားသောင်းချီတို့၏ အသက်များ ပါဝင်နေပြီး အနောက်တောင်ဘက်၏ လူ့အဖွဲ့အစည်းတစ်ခုလုံး ပါဝင်နေသည့် တိုက်ပွဲတစ်ပွဲဖြစ်သည်။ ပေါ့ဆမှုကို ခွင့်မပြုပေ။ သို့သော် ယခုအခါ မျှားသည် တင်ထားခဲ့ပြီဖြစ်သည်။ ပြန်လှည့်စရာ မရှိတော့ပေ။

“၁၀ ၉ ၈ ၇ ...”

ဝမ်ချောင်၏ တည်ငြိမ်သောအကြည့်သည် စစ်မြေပြင်ပေါ် စူးစိုက်နေခဲ့ကာ သူ့ခန္ဓာကိုယ် တစ်ခုလုံးက လုံးဝငြိမ်သက် တိတ်ဆိတ်သည့် အခြေအနေတစ်ခုသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ သို့သော် ဤသည်က လုံးဝမေ့လျော့နေသည့် အခြေအနေမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဖြစ်ပျက်နေသည့် အရာရာတိုင်း ဝမ်ချောင်၏စိတ်ထဲတွင် ကြေးမှုံတစ်ခုကဲ့သို့ ထင်ဟပ်နေသည်။

“၄ ၃ ၂ ၁ ...”

ဝမ်ချောင်က ရေတွက်နေစဉ် တိဗက်မြင်းစစ်သည်သည် အရှေ့မြောက်ဘက်တွင် အံ့မခန်း စုဝေးနေခဲ့ကာ ထိုနေရာရှိ သူတို့၏အင်အားက အခြားနေရာများတွင် သူတို့တပ်ဆွဲထားသည့် အင်အားထက် အရေအတွက် များပြားခဲ့သည်။

“ငါ့အမိန့်ကို လက်ဆင့်ကမ်းလိုက်။ အရှေ့မြောက်ဘက် ဒေသက ခုခံမှုကို လက်လျော့ပြီး မြန်နှုန်းပြည့်နဲ့ ဆုတ်ခွာရမယ်။ စစ်သားတွေ အကုန်လုံးက တောင်ထိပ်ပေါ်ကို ဆုတ်ခွာရမယ်”

“သခင်လေး”

ချန်းရှု့စွန်း တုန်လှုပ်စွာ ဖြူလျော်သွားသည်။ စစ်သားများ အားလုံးတို့သည် တိဗက်တိုက်ခိုက်မှုကို ရပ်တန့်ရန် ပင်ပန်းနေခဲ့ကြသော်လည်း ယခုအခါ ဝမ်ချောင်သည် သူတို့ကို လက်လျော့ပြီး ဆုတ်ခွာရန် အမိန့်ပေးနေခဲ့သည်။ ဤသည်က ထိတ်လန့်မှုကို ဖြစ်စေပြီး ၎င်းတို့အား သူတို့လုပ်ခဲ့သမျှကို ဆုံးရှုံးစေလိမ့်မည် မဟုတ်လော။

“မြန်မြန် ငါပြောတဲ့အတိုင်းလုပ်” ဝမ်ချောင် အေးစက်စွာ အမိန့်ပေးလိုက်ကာ သူ့လေသံက မည်သည့် ကန့်ကွက်မှုကိုမျှ လက်ခံမည်မဟုတ်ကြောင်း ပြသနေသည်။ ဖြောင့်မတ်သူများသည် အကျိုးအမြတ်ကို မဖမ်းဆုပ်သလို ကြင်နာမှုသည် စစ်သားများကို အမိန့်မပေးခဲ့ပေ။ ကွပ်ကဲသူတစ်ယောက် အကြောက်ရွံ့ဆုံးသော အရာမှာ သံသယနှင့် မသေချာမှုဖြစ်သည်။ ထို့ပြင် ဝမ်ချောင်တွင် ချန်းရှု့စွန်းကို ရှင်းပြရန် အချိန်မရှိခဲ့သလို ရှင်းပြစရာလည်း မလိုအပ်ခဲ့ပေ။

“မြင်းစစ်သည်တွေ လေးသခင်တွေ အသင့်ပြင် ငါ့အချက်ပြမှုကိုစောင့်”

“အင်း”

ချန်းရှု့စွန်း ဝမ်ချောင်၏ အေးစက်သော နောက်ကျောကို စိုက်ကြည့်လိုက်ကာ လျှောက်သွားလိုက်ပြီး နောက်ဆုံးတွင် သူ၏ ပြတ်သားမှုကို ခိုင်မာစေလိုက်ကာ စစ်သားတစ်ယောက်ကို ခေါ်လိုက်သည်။

“ကျား”

ထိုစစ်သား သတင်းစကားများကို ပေးပို့ရန် သူ့မြင်းဖြင့် ဒုန်းစိုင်းသွားခဲ့သည်။

ဘုန်း

ဝမ်ချောင်၏အမိန့်က ရောက်လာခဲ့ချိန်တွင် ရှေ့တန်းများသည် ဗရမ်းဗတာ ဖြစ်သွားခဲ့သည်။

“ဘာဖြစ်နေတာလဲ”

“ငါတို့ကဘာလို့ ဆုတ်ခွာရမှာလဲ”

“ငါတို့ဆုတ်ခွာရင် ငါတို့ရဲ့ ညီအစ်ကိုတွေက အန္တရာယ်ထဲ ကျရောက်သွားမှာ မဟုတ်ဘူးလား။ ဘာလို့အရှင်က ဒါကို လုပ်ချင်ရတာလဲ”

“အရူး မင်းကအရှင်ကို သံသယဝင်နေတာလား။ မမေ့နဲ့ အရှင်က ခြင်္သေ့မြို့မှာ လူတိုင်းနဲ့အတူ ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့တာပဲ”

“ဒါပေမဲ့ ငါတို့ကဘာလို့အခု ဆုတ်ခွာရမှာလဲ”

...

ဤသို့သော အချိန်တစ်ခုတွင် ဤသို့သော အမိန့်တစ်ခုသည် ဤစစ်သားများအားလုံးအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကဲ့သို့ ဖြစ်သည်။ သူတို့သည် ဤကဲ့သို့ ကြီးမားသော တန်ဖိုးတစ်ခုကို ပေးခဲ့ပြီး ညီအစ်ကိုများစွာ ဆုံးရှုံးခဲ့သောကြောင့် သူတို့သည် ဘာကြောင့် ရုတ်တရက် ဆုတ်ခွာရမည်နည်း။ သူတို့၏ ညီအစ်ကိုများသည် အလကား သေဆုံးသွားခဲ့ရမည်လော။ တခဏအတွင်းမှာပင် လူတိုင်းသည် သူတို့၏ ကွပ်ကဲသူကို ကြည့်လိုက်ကြသည်။

သူတို့၏ကွပ်ကဲသူသည် ဖြူလျော်နေပြီး သူ့စိတ်က ရုန်းကန်နေခဲ့သည်။

“အမိန့်တစ်ခုက တောင်တစ်လုံးလိုပဲ။ မင်းတို့အားလုံး စစ်သူကြီးက ဘယ်လိုလူလဲဆိုတာ သိကြတာပဲ။ ဒီအချိန်မှာ စစ်သူကြီးကို မေးခွန်းထုတ်ရဲတဲ့ ဘယ်သူမဆို ငါ့ရန်သူပဲ။ စစ်သူကြီးကဒါကို ဘာလို့လုပ်ချင်သလဲဆိုတာ ငါမသိပေမဲ့ သူ့မှာ အကြောင်းပြချက်တစ်ခု ရှိရမယ်”

ထိုကွပ်ကဲသူသည် သူ့စိတ်နှလုံးသားကို မာကြောစေလိုက်ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်သည်။

“အမိန့်တွေကို လိုက်နာ။ စစ်သူကြီးရဲ့ အမိန့်အတိုင်း လိုက်နာပြီး စစ်တပ်တစ်ခုလုံး ဆုတ်ခွာမယ်”

ဝုန်း

အကြာကြီး တောင့်ခံခဲ့သည့် အရှေ့မြောက်ဒေသ၏ စစ်သားများသည် ရုတ်တရက် ပြိုကျသွားခဲ့သည်။ စစ်သားများအားလုံး ဒိုင်းစစ်သားများ အပါအဝင် စတင် ဆုတ်ခွာသွားကြသည်။

ဤအမိန့်သည် ရုန်းကန်မှု သံသယနှင့် တုန်လှုပ်မှုတို့ကို စစ်သားများတွင် ဖြစ်စေခဲ့သော်လည်း ခြင်္သေ့မြို့၏ စစ်သားများအားလုံးတို့သည် ဝမ်ဖူးကို အကြွင်းမဲ့ ယုံကြည်ကြသည်။ သို့သော် အလံအောက် တောင်ထိပ်ပေါ်တွင် ရပ်နေပြီး အမိန့်များကို ပေးနေသည့်လူမှာ ဝမ်ဖူးမဟုတ်သည်ကို လူအနည်းငယ်သာ သိကြပေသည်။

အခန်း(၅၂၈)

“အခွင့်အရေးကောင်းပဲ ချီတတ်ကြ။ ဒီကောင်တွေ ဆက်ပြီး မတောင့်ခံနိုင်တော့ပါဘူး”

“အာဝူး သူတို့အားလုံးကို သတ်ကြစမ်း တစ်ယောက်မှ မလွတ်စေနဲ့”

“ဗိုလ်ချုပ်က အမိန့်ထုတ်ထားတယ်။ တစ်ယောက်ကို သတ်နိုင်တာနဲ့ သိုး ဒါမှမဟုတ် ကျွဲနွား ခေါင်းဆယ်ခေါင်းစီ ဆုချီးမြင့်ခံရမယ်”

“သူတို့အားလုံးကို အပြောင်ရှင်းလိုက်ရအောင် အန်းနန်အစိုးရစစ်တပ်က ကြာကြာမခံနိုင်တော့ပါဘူး”

“ချီတက်ကြ”

တိဗက်လူမျိုးများဟာ ရူးသွပ်စွာဖြင့် အော်ဟစ်နေကြသည်။ အန်းနန်အစိုးရစစ်တပ်ဟာ ထိုမျှကြာရှည်အောင် တောင့်ခံနိုင်ခဲ့သည့်အတွက် သူတို့၏ ခုခံအားလှိုင်းဟာ သဘာဝအလျောက်ပင် သြဇာအာဏာ လျော့နည်းပြီး အင်အားယုတ်လျော့လာတော့သည်။

သို့သော် ထိုကြောက်မက်ဖွယ်ကောင်းလောက်အောင် ခုခံနိုင်စွမ်းအားဟာ တိဗက်လူမျိုးများ၏ သတ်ဖြတ်လိုစိတ်ကို ပို၍ပြင်းထန်လာစေတော့သည်။ တိဗက်လူမျိုးများဟာ သူတို့၏ ခက်ထန်ကြမ်းတမ်းမှု သတ္တိရှိမှုတို့ကြောင့် ကျော်ကြားပြီး အင်အားကြီးမားသော ပြိုင်ဘက်ကို ရင်ဆိုင်ရချိန်မှသာ သူတို့အတွက် အလဲထိုးကာ အညံ့ခံလာအောင် ပြုလုပ်လိုစိတ်ဆန္ဒက ပို၍မြင့်တက်လာတတ်သည်။ ပို၍ဆိုးသည်မှာ သူတို့သည် ပြိုင်ဘက်ဟောင်းများ သေမျိုးရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်နေကြခြင်းဖြစ်သည်။ ထို့ကြောင့် အန်းနန်အစိုးရစစ်တပ်ကို ဖျက်ဆီးရန် ထိုထက်ကောင်းသော အခွင့်အရေး မရှိနိုင်တော့ချေ။

ဝုန်း

အမိန့်မလိုအပ်လောက်အောင် တိဗက်လူမျိုး ထောင်ကျော်ဟာ ဆည်၏ရေလွှဲပေါက်ကို ရေများတရဟော ကျော်ဖြတ်ကာ စီးဆင်းလာသလိုမျိုး ဝရုန်းသုန်းကား ဒုန်းစိုင်းဝင်ရောက်ကြတော့သည်။ သူတို့ဟာ အဝေးမှပင် အခြေအနေကို လှမ်းမြင်နိုင်သည်။ ထန်ဗိုလ်ချုပ်၏ စခန်းကို သူတို့ထင်ရှားစွာ မြင်နိုင်နေလေပြီ။ သူတို့ကသာ အလှံကို ခုတ်ချနိုင်သမျှ ကာလပတ်လုံး ထိုစစ်တပ်ဟာ လဲပြိုပြီဟု ဆိုနိုင်သည်။

“သတ်ကြ”

တိဗက်လူမျိုးများ၏ အော်ဟစ်သံများဟာ ကောင်းကင်ထိအောင် ပျံ့နှံ့သွားပြီး မြင်းခွာသံများ၊ မိုးသံများနှင့် ရောနှောသွားသည်။ တိဗက်လူမျိုးများ ရောက်ရှိနေရာ ထိုတောအုပ်ဟာ လေထဲတွင် သွေးအလင်းများဖြင့် တောက်လောင်နေပြီဖြစ်သည်။

“မြန်မြန်သွား”

ပြည်တွင်းဗိုလ်ချုပ်က သူ၏တပ်ဖွဲ့ကို အစောတလျင် အမိန့်ပေးနေသည်။ သူ၏မျက်လုံးများဟာ စိုးရိမ်မှုကြောင့် သွေးရောင်အတိ ပြီးလာသည်။

ခြေထောက်နှစ်ဖက်က လေးဘက်ကို ဘယ်လိုယှဉ်နိုင်မှာလဲ...။

အရှေ့ဘက်တွင် ရှိနေသော မြင်းတပ်က အရှိန်လျော့ကျသွားသောကြောင့်သာ မဟုတ်လျှင် တိုက်ပွဲအလယ်တွင်ကတည်းက မြင်းတပ်က တောင်ပေါ်သို့ ချီတက်လာပြီး ထန်စစ်သည်တော်တိုင်း သတ်ဖြတ်ခံရလောက်ပြီးလေပြီ။

သို့တိုင်အောင် သူတို့၏ အပြည့်အဝ နောက်ဆုတ်သည့် ဖြစ်စဉ်ဟာ စစ်သည်ပေါင်းများစွာကို စတေးရသေးလေသည်။

“အရှင် အရှင့်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ပါစေလို့ မျှော်လင့်တယ်”

အရာရှိက ထိပ်သို့လှမ်းကြည့်လိုက်သည်။ သူ၏နှလုံးသားဟာ စိုးရိမ်မှုကြောင့် သွေးအလိမ်းလိမ်း ထွက်နေသည်။ တိုက်ပွဲဟာ စတေးခံလိုအပ်သည်။ သံသယဝင်ရန် မလိုလောက်အောင် သူ၏စစ်သည်များဟာ စတေးခံဖြစ်လာသည်။ သို့သော်ဒါက စစ်၏သဘာဝသာလျှင်ဖြစ်သည်။ အမှန်တရားက မည်သို့ဖြစ်နေစေကာမူ သူမည်သူ့ကို အပြစ်သွားတင်၍မရချေ။

သူမျှော်လင့်သည်မှာ အရာအားလုံးဟာ ရင်း၍ထိုက်တန်နေရန်သာဖြစ်သည်။

“ဆရာသခင်အဆင့် လေးသည်တော်တွေ အရှေ့ဘက် ခြေလှမ်းငါးရာကနေ ခြောက်ရာအထိလှမ်းလိုက်။ ပြီးရင် မီးမျှားတွေပစ်တော့”

ဝမ်ချုံး၏အကြည့်ဟာ အရှေ့မြောက်ဘက်ပိုင်းမှ လဲပြိုကျနေသော ဝင်္ကပါထံရောက်သွားပြီး ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။

ထို့နောက် မျှားပစ်သံများ ထွက်ပေါ်လာသည်။ ကောင်းကင်ကို မျှားအတန်းလိုက်က ကျ်ိုင်းကောင်များ ပျံသန်းသွားသလို ကျော်ဖြတ်သွားသည်။ တိဗက်လူမျိုးများဘက်မှ မြင်းဟီးသံများနှင့်အတူ သူတို့၏မြင်းများက တစ်ကောင်ပြီးတစ်ကောင် မြေပြင်သို့ လဲကျကုန်သည်။

တိဗက်လူမျိုး မြင်းတပ်ရာကျော်က အနှံ့အပြား လူစုကွဲကာ မြေပြင်သို့ လဲကျကုန်ပြီး မြင်းတပ်၏ အရှိန်က ရုတ်ချည်းနှေးကျသွားတော့သည်။ သူတို့က ထိုသို့လဲကျလိုက်သည့်အချိန်တွင် နောက်ဆုတ်ခွာသော ထန်းစစ်တပ်က ပြင်းထန်သည့်ဖိအားကြောင့် လဲပြိုနေခဲ့ရာမှ နောက်ဆုံးတွင် ပုခုံးပြန်ပင့်မြှောက်နိုင်သွားသည်။ ရှင်သန်နိုင်ချေ အခွင့်အရေးကို ဖမ်းဆုပ်မိသွားလေပြီ။

လူတိုင်းက အလျင်စလို တောင်ထိပ်သို့ ထွက်ပြေးသွားတော့သည်။

“အဆင်သင့်ပြင်ကြ”

ဝမ်ချုံး၏မျက်နှာဟာ ရေခဲမျှ အေးစက်နေသည်။ သူ၏အကြည့်ကမူ တောင်ခြေဘက်သို့သာ စူးစိုက်ရှိနေသည်။ အရာအားလုံးဟာ မှန်ထဲတွင်မြင်နေရသော ပန်းတစ်ပွင့်ကဲ့သို့ သူ၏စိတ်ထဲတွင် ထင်ဟပ်နေသည်။ မည်သည့်အသေးစိတ် အချက်အလက်ကမှ သူ၏မျက်လုံးထဲမှ မလွတ်မြောက်သွားခဲ့ချေ။

ရေကြီးသကဲ့သို့ ဆက်တိုက် တိုးတက်လာနေသော တိဗက်လူမျိုးများဟာ ဆက်တိုက် စီးဝင်လာနေပြီး တောင်ထိပ်သို့ နီးကပ်သထက် နီးကပ်လာသည်။ ထိုအကွာအဝေးမှ ဝမ်ချုံးအနေဖြင့် သူတို့၏နဖူးမှ သွေးကြောများကိုပင် ရှင်းလင်းစွာ မြင်နိုင်သည်။ သို့သော်သူက မလှုပ်ရှားချေ။ သူ၏ခေါင်းအထက်တွင်ရှိသော အလံက မိုးအောက်တွင်ရူးသွပ်စွာဖြင့် လွှဲယမ်းနေသည်။ သို့သော် ဝမ်ချုံး၏ နှလုံးသားကမူ တည်ငြိမ်သော ရေကန်အလားသာ ရှိနေသည်။

အချိန်က လျှင်မြန်စွာဖြင့် ကုန်ဆုံးသွားသည်။ စက္ကန့်တိုင်းက အဆုံးမသတ်နိုင်သော နာရီများအလား ဖြစ်ခဲ့သည်။ အလွန်အမင်း အေးစက်သော ရေထွက်သံဟာ ရုတ်တရက် တောင်ထိပ်ပေါ်မှ စတင်ထွက်ပေါ်လာသည်။

“သုံး”

“နှစ်”

“တစ်”

သူကတစ်ဟု ပြောလိုက်သောအခါ ဝမ်ချုံး၏ ရွှေရောင်သံချပ်ကာအပြည့်ရှိသော ညာလက်ဟာ အောက်သို့ ကျသွားဟန်အမူအရာ ပြလိုက်သည်။

“ဗိုလ်ချုပ်ကျန်းကောင်း၊ ကျန်းကျင်းနဲ့ ဖုန်းလုံတို့ကို သတင်းပေးပါတယ်။ ဝင်္ကပါက ဖောက်ဖျက်ပြီး ညာဘက်ခြမ်းကို စတင်တိုက်ခိုက်ပါ”

“ကျောက်ချမ်းဟွမ်ဟော်နဲ့ ဖူလုံတို့ကို တဖန်လမ်းကြောင်း မြွေဝင်္ကပါဘက်ကို ကိုင်တွယ်ဖို့ အကြောင်းကြားတယ်”

“သွား”

သတင်းပို့သမားဟာ သတင်းစကားများ တစ်ခုပြီးတစ်ခု ပေးပို့လာသည်။

ဝုန်း

ထို့နောက် တခဏတွင် မောက်မာထောင်လွှားသော တိဗက်လူမျိုးများဟာ တောင်ထိပ်သို့ ရောက်တော့မည့် အနေအထားမျိုးတွင် အခြေအနေဟာ ပြောင်းလဲသွားတော့သည်။ အစီအစဉ်မကျဘဲ အပြေးအလွှားဖြစ်နေသော မြောက်ဘက်ခြမ်းမှ စစ်တပ်ဟာ အသက်ဝင်လာသလိုမျိုး တစ်စုတစ်ရုံး ပြန်ဖြစ်လာသည်။

စတုရန်းပုံသဏ္ဍန် ဝင်္ကပါပုံစံမျိုးနှင့် ရှိနေသော စစ်သည်ထောင်ကျော်က စက်ဖြင့်လှည့်နေသော ကြကိတ်စက်တစ်ခုကဲ့သို့ ရှေ့သို့ဆက်တိုက် ချီတက်လာသည်။

ထိုသို့ဖြင့် ခုခံအားလှိုင်း အဆုံးသတ်မှစတင်ပြီး ပြောင်းလဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာတော့သည်။ သတိပေးချက် အလျဉ်းမရှိဘဲ ခြေလျှင်တပ်လမ်းဆုံဟာ ရုတ်တရက် ဦးတည်ရာဘက် ပြောင်းလိုက်ပြီး တိဗက်လူမျိုး မြင်းတပ်ထံသို့ ထက်ရှသောဓားဖြင့် နှစ်ခြမ်းခွဲတော့မည့်အလား ပြုမူလာလေသည်။

တချိန်ထဲတွင်ပင် တောင်ထိပ်တွင် ထုထည်ကြီးမားလှသည့် ရာကျော်သော ကျောက်တုံးကြီးများကို လွှဲပစ်ရန် ပြင်ဆင်ထားသည့် ကရိယာကြီးများဟာ အသက်ဝင်လာသလိုမျိုး ရွေ့လျားလာသည်။

“မကောင်းတော့ဘူး ဒါကခြုံခိုတိုက်ခိုက်တာပဲ”

“ဒါထောင်ချောက် ဒါကထောင်ချောက်ပဲ”

“ရိုင်းလိုက်တာ အားလုံးကို သတ်ကြစမ်း”

စစ်မြင်းဟီသံများဟာ ပထမတစ်သုတ် ထိုကျောက်တုံးအားလှိုင်းများနှင့်အတူ ကျော်ဖြတ်လာပြီး တိဗက်မြင်းတပ် ရာကျော်ထံ အပြုံလိုက် ဝင်ရောက်လာသည်။ ဝင်္ကပါ၏အပြင်ဘက်မှ တိဗက်လူမျိုး အများစုဟာ တစ်ကွဲတစ်ပြားစီ ရှိနေသည့်အတွက် ထိုကျောက်တုံးအမြှောက်များက သူတို့၏ အင်အားအပြည့်ကို ထုတ်ပြနိုင်စွမ်းရှိသွားသည်။

သို့သော် ဝမ်ချုံးကမူ လစ်လပ်နေသော အဟကြားများကို ရည်ရွယ်ချက်ရှိရှိဖြင့် လွှတ်ထားပေးသည်။ တိဗက်လူမျိုးများက ထွက်ပြေးသော စစ်သားများနောက်သို့လိုက်ပြီး အန်းနန်အစိုးရစစ်တပ်၏ ဝင်္ကပါကို ဖျက်ဆီးရန် ကြိုးစားသည့် ကျဉ်းမြောင်းသည့်ဘက်တို့သာ ဦးတည်သည်။ သူတို့ဟာ တောင်ထိပ်သို့ ဆက်တိုက်ချီတက်လာကြပြီး ယခုလိုအခြေအနေမျိုးကို ကြုံရချိန်တွင် သူတို့၏စစ်တပ်ဟာ ဝရုန်းသုန်းကား ဖြစ်သွားတော့သည်။ ပို၍ဆိုးသည်မှာ တချိန်ထဲတွင်ပင် တိဗက်လူမျိုးများက ဘယ်နှင့်ကြာ စစ်သားများ၏ တွန်းပို့ခံရသလိုမျိုး ရှောင်ရှားရန်ခက်ခဲသွားခြင်းဖြစ်သည်။

တိဗက်လူမျိုးများက မူလက အင်အားအရေအတွက်အားဖြင့် သာနေသည်။ သို့သော် ထိုတခဏတွင် သူတို့၏ ထိုအင်အား အားသာချက်ကပင် ထိုလူအုပ်အားလုံးကို လှဲချနိုင်စွမ်းရှိအောင် သူ့ကို အခွင့်အရေး ပေးလိုက်သလိုမျိုး ဖြစ်သွားသည်။ အန်းနန်အစိုးရစစ်တပ်မှ စစ်သည်သောင်းကျော်က အောင်မြင်စွာဖြင့် တိဗက်မြင်းတပ် ရှစ်ထောင်မှ ကိုးထောင်ဝန်းကျင်ကို အပြည့်အဝ ဝိုင်းလိုက်နိုင်သည်။

“မြန်မြန် နောက်ဆုတ်ကြ။ လမ်းကြောင်းဖွင့်ပြီး အဓိကစစ်တပ်နဲ့ ပေါင်းကြ”

“ငါတို့ကို လူစုခွဲတာကို မခံနဲ့”

“အားလုံးပဲ ငါ့နောက်ကိုလိုက်ခဲ့”

တိဗက်စစ်တပ်မှ ရှိန်လောက်အောင် လူကောင်ကြီးထွားသော ဗိုလ်ချုပ်က တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိလိုက်ပြီး ချက်ချင်းလိုလို နောက်လှည့်ကာ ဟာကွက်ကဲ့သို့ တိုက်ခိုက်မှုမရှိဘဲ လွတ်နေသော နေရာထံသို့ ဆက်တိုက်ချီတက်သွားသည်။ ဟာကွက်က ကျယ်သမျှကျယ်ပြီး အဓိကကျန်သော စစ်တပ်များနှင့်သာ ပေါင်းဆုံသွားနိုင်လျှင် ဒီထောင်ချောက်ကို တဖန်ပြန်လည် ဖြိုဖျက်နိုင်ပေလိမ့်မည်။

ထပ်ပေါင်းဆိုရသော် သူတို့ကသာ အဓိကစစ်တပ်နှင့် ပေါင်းနိုင်သမျှ ကာလပတ်လုံး ထန်စစ်တပ်ဟာ သူတို့၏ကိုယ်ပိုင် ထောင်ချောက်အတွင်း ပြန်ပိတ်မိသွားပြီး ကိုယ့်သင်္ဂျိုင်း ကိုယ်တူးသလိုမျိုး ဖြစ်သွားမည်။

“သူတို့အားလုံးကိုသတ်”

“မင်းတို့က အမှိုက်တစ်သိုက်ပဲ။ မြန်မြန် သူတို့ကို ပေါင်းခွင့်မပြုနဲ့”

“မြန်မြန်လုပ်ကြ”

ဝင်္ကပါ၏အပြင်ဘက်မှ တိဗက်လူမျိုးများဟာလည်း ဒုန်းဆိုင်းပြေးလွှားနေရသည်။ မြင်းတပ်သမား ထောင်ကျော်ဟာ ဒေါသတကြီး ဖြစ်နေကြသည်။ မည်သူကမှ ဒီလိုဖြစ်လာမည်ဟု မမျှော်လင့်ထားကြချေ။ ဒါကမဟာထန် ယခင်က တစ်ကြိမ်သော်မျှ အသုံးမပြုခဲ့ဖူးသော ဗျူဟာဖြစ်နေသည်။ သို့သော် သူတို့က တုန့်ပြန်ရန် အချိန်မရှိတော့ချေ။

ခလပ်

ရုတ်တရက် စစ်တပ်၏ အလယ်ထဲသို့ မြွေတစ်ကောင်က ထိုးဝင်လာသည်။ ထိုသို့အလွန် အရေးကြီးသော အခြေအနေမျိုးတွင် ကျောက်ချမ်းဟွမ်ဟော်နှင့် ဖူလုံတို့က သူတို့၏ မြွေဝင်္ကပါ၏ အဓိကနေရာအသီးသီးတွင် အပြည့်အဝ နေရာဆွဲယူထားပြီးသားဖြစ်သည်။

စစ်တပ်နှစ်ခုလုံးဟာ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြကာ အသွားနှစ်ဖက်ပါသော ဓားတစ်လက်ကဲ့သို့ ဖြစ်နေသည်။ တစ်ဖက်က သူတို့ထောင်ချောက်အတွင်း ရောက်နေပြီဖြစ်သော တိဗက်လူမျိုးများကို ကိုင်တွယ်ရန်ဖြစ်ပြီး အခြားတစ်ဖက်ကမူ ကျန်သောတိဗက်လူမျိုးများ ဝင်ရောက်လာခြင်းမှ တားဆီးရန်အတွက်ဖြစ်သည်။

ဝေါင်း

ဘုန်း ဘုန်း ဘုန်း

ဘုန်း

အရှေ့မြောက်ဘက်မှ အခြေအနေက ရုတ်တရက် ပြင်းထန်လာသည်။ တစ်ဖက်ခြမ်းဟာ ပိတ်မိနေသော မြင်းတပ် ရှစ်ထောင်ကိုးထောင်ကို ကယ်ဆယ်လိုနေပြီး အခြားတစ်ဖက်ခြမ်းကမူ သူတို့ကို တားဆီးနိုင်ရန် ကြိုးစားနေသည်။ နှစ်ဖက်လုံးဟာ သူတို့တက်စွမ်းရှိသမျှ အရာအားလုံးကိုသုံးကာ ကြိုးစားနေကြပြီး အချိန်တိုင်းလိုလို ဓားရောင်များက တောက်ပနေတော့ကာ မြင်းဟီသံများ၊ လူများ၏ အော်ဟစ်သံများ၊ မိုးရွာသံများဖြင့် ပြည့်နှက်နေတော့သည်။ အရှေ့မြောက်ဘက်မှ တိုက်ပွဲဟာ သက်ရောက်မှုရှိလာသည်ဟု ဆိုရပေမည်။ တိဗက်လူမျိုးများက အရှေ့မြောက်ဘက်၏ အခြေအနေဟာ စိတ်ပျက်အားငယ်ဖွယ် ကောင်းလာကြောင်း မြင်သောအခါ သူတို့ကစတင်ပြီး သူတို့၏အင်အားကို အကူအညီပေးရန်အတွက် အားဖြည့်ပေးလာကြသည်။

“သူတို့ကိုသတ်”

“သူတို့ကို အောင်မြင်ခွင့်မပြုနဲ့”

မြင်းများစီးထားကြသော တိဗက်ဗိုလ်ချုပ်များက သူတို့၏မြင်းပေါ်သို့ ခန္ဓာကိုယ်ကိုဖိချကာ အန္တရာယ်များသော နေရာထံသို့ ဆက်တိုက်ချီတက်လာသည်။ သူတို့၏မျက်လုံးများဟာ သွေးဆာမှုကြောင့် နီရဲလာသည်။ ထိုစစ်တပ်ကို ရှာတွေ့သွားပြီး နောက်မှလိုက်သွားခဲ့ကာ ထန်စစ်တပ်ကို ဆွဲချရန် ကြံစည်ခဲ့သည့်အထဲတွင် လူအင်အား ခုနှစ်သောင်းပါသည်။ ထန်ကသာ ဒီနည်းလမ်းကိုသုံးပြီး သူတို့စစ်တပ်၏ ခုနှစ်ပုံတစ်ပုံကိုသာ သုတ်သင်လိုက်နိုင်မည်ဆိုလျှင် ဒါဟာ အင်အားစုတစ်ခုလုံးအတွက် ကြီးမားသော ထိုးနှက်ချက်ကြီး ဖြစ်သွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် မဟာဗိုလ်ချုပ်နှင့် မဟာဝန်ကြီးတို့က မည်သို့သော အပြစ်ဒဏ်မျိုး ပေးလာမည်မှန်း မည်သူကမှ မသိနိုင်ကြချေ။

“သွားစို့ သူတို့ရဲ့နေရာကိုသွားပြီး တပ်ကူပို့ရမယ်”

အခြေအနေဟာ အရေးကြီးနေသည်။ တောင်ထိပ်ပေါ်တွင် ချန်းရှုစွန်းက စတင်ကာ ထိတ်လန့်လာသည်။ ဝမ်ချုံး၏ ဗျူဟာဟာ မည်သူမှ မတွေးထင်ထားမိသော ဘက်ထောင့်မှ စတင်လာသည်။ အခြားလူများက အသေခံကာ ခုခံကာကွယ်ရမည့် အခြေအနေမျိုးတွင် သူဟာ တစ်စက္ကန့်ပင်မတွေးဘဲ လက်လျော့လိုက်သည်။

အခြားသူများက လက်လျော့မည့် နေရာတွင်မူ သူဟာ အပြည့်အဝ ခုခံနေပြန်သည်။

ထိုခံစားချက်ဟာ လက်ခံရန် ခက်ခဲသော်လည်း ချန်းရှုစွန်းအနေနှင့် ဝမ်ချုံး၏ ဗျူဟာဟာ အပြည့်အဝ သက်ရောက်မှုရှိကြောင်းကိုပင် ဝန်ခံရမည်ဖြစ်သည်။ သူတို့ကသာ တိဗက်စစ်သားများ၏ ရှစ်ထောင်ခန်းကိုသာ သုတ်သင်လိုက်နိုင်မည်ဆိုလျှင် စစ်တပ်တစ်ခုလုံးအတွက် ကြီးမားသော ထိုးနှက်ချက်ကြီး ဖြစ်သွားပေလိမ့်မည်။ သူတို့က အနည်းဆုံး သူတို့ရန်သူများ၏ ရှင်သန်လိုစိတ် ဆန္ဒကို ဆွဲချနိုင်ပေလိမ့်မည်။

“ခဏလောက်နေအုံး”

ချန်းရှုစွန်းက ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ကာ ဝင်ရောက်သွားတော့မည့် အချိန်တွင် ဝမ်ချုံးဟာသူ့အား တားလိုက်သည်။

“ခဏနေအုံး ဒီတစ်ကြိမ်က မင်းသွားရမဲ့ အချိန်မဟုတ်ဘူး”

ဝမ်ချုံးက တည်ငြိမ်စွာပြောသည်။ သူ၏အကြည့်ဟာ ချန်းရှုစွန်း ရှိရာဘက်သို့ ဘယ်သောအခါမှ ရောက်မလာခဲ့ပေ။

“ဒါပေမဲ့ လက်ရှိအခြေအနေအရ ငါတို့အနေနဲ့ တိဗက်စစ်သား ရှစ်ထောင်ကျော်ကို အမြန်ဆုံး သုတ်သင်နိုင်ဖို့လိုအပ်တယ်။ မဟုတ်ရင် ငါတို့ပဲပြန်ပြီး ကပ်ဘေးဆိုက်လိမ့်မယ်”

ချန်းရှုစွန်းက စိုးရိမ်တကြီးပြောသည်။

အကြီးဆုံးသခင်လေး ကိုမာဝင်သွားခြင်းက အရှေ့မြောက်ပိုင်း နယ်မြေကို ခုခံရသည့် အခြေအနေ ရောက်သည်အထိ အားနည်းသွားစေသည်။ သို့သော် ယခုအခါ ဝမ်ချုံးက အခြေအနေကို ပြောင်းပြန်လှန်လိုက်နိုင်ပြီဖြစ်သည်။ အားနည်းချက်က အားသာချက်ဖြစ်သွားသည်။ သူတို့ကသာ ကောင်းကောင်း အသုံးချနိုင်မည်ဆိုလျှင် တိဗက်က အရေအတွက် ရှစ်ထောင်၊ ကိုးထောင်ခန့်ထိ လျော့ကျသွားပေလိမ့်မည်။

ဒါက တော်ဝင်မျိုးနွယ်၏ အင်အားနှစ်သိန်းကျော်ရှိသော စစ်တပ်အတွက် ထိုပမာဏဟာ သေးငယ်သော အရာမဟုတ်ချေ။ အနည်းဆုံး ဟော့ရှုဟွေးခမ်းအတွက်ပင်ဖြစ်စေ သာ့လွန်ရော့ကျန်း အတွက်ပင်ဖြစ်စေ လျစ်လျူရှု့၍ရလောက်အောင် သေးငယ်သော ပမာဏမဟုတ်နေခဲ့ချေ။

“ဟမ့် အလောမကြီးနဲ့။ အစစ်အမှန် တိုက်ပွဲက မစသေးဘူး”

ဝမ်ချောင်က ပေါ့ပါးစွာပြောပြီး အနည်းငယ်ပင် ရန်နေသေးသည်။ သို့သော် ဒီလိုပြင်းထန်သည့် တိုက်ပွဲတွင် မည်သည့်နွေးထွေးမှုမှ မရှိဘဲ ဖော်ပြ၍မရသော လေးလံမှုကိုသာ လူတိုင်းက ခံစားမိနေကြသည်။ ချန်းရှုစွန်းက ဝမ်ချောင်၏စကားကို ကြားသောအခါ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။

“မစသေးဘူးလား”

ချန်းရှုစွန်းဟာ အောက်ဘက်ရှိ ပြည့်ကြပ်ညှပ်နေသော တိုက်ပွဲဖြစ်ရာနေရာကို ကြည့်ပြီးနောက်တွင် ဝမ်ချောင်၏နှုတ်ခမ်းမှ အထင်သေးသော အပြုံးကို ပြန်ကြည့်လိုက်သည်။ ရုတ်တရက် သူ၏စိတ်ထဲတွင် ဖယ်ရှား၍မရတော့သော အကြံတစ်ခုက ရုတ်တရက် ပေါ်လာပြီး သူ၏နှလုံးသားဟာ ရူးသွပ်စွာဖြင့် ခုန်လှုပ်လာသည်။

ဝမ်ချောင်၏ရဲ့ မျက်လုံးထဲမှ ဒီမြင်းတပ် ရှစ်ထောင်ကိုးထောင်က အောင်နိုင်မှု မဟုတ်သေးဘူးလား။

ဒါဆိုရင် သူ့မှာအခြားအကြံ ရှိနေတာပေါ့။

သူ့အနေဖြင့် ဝမ်ကလန်၏ မျိုးဆက်နှစ်ဆက်နောက်သို့ လိုက်ခဲ့ပြီး သူ၏ကိုယ်ပိုင်လက်၏ လက်ခုံလို နားလည်နေပါသော်လည်း ကလေးဘဝကတည်းက ဝမ်ချောင်နှင့် လည်ပင်းဖက် ပေါင်းလာခဲ့သည့်တိုင်အောင် ချန်းရှုစွန်းအတွက် ရုတ်တရက် သူစိမ်းတစ်ယောက်နှင့် စကားပြောနေရသလိုပင် ခံစားလိုက်ရသည်။

ဝမ်ချောင်နှင့်ပတ်သတ်သော ကောလဟာလများစွာကို သူကကြားဖူးထားပြီး မြို့တော်တွင်သူဟာ အလွန်ကျော်ကြားကာ နယ်ပယ်ဗိုလ်ချုပ်များ၏ မတော်တဆ ဖြစ်ရပ်တွင်ပင် ရုတ်တရက် ပါ့စားပေးခံရသည်အထိ မြောက်တက်လာခဲ့သည်။ ထို့ပြင် အခြားသော ထူးဆန်းသည့် ကိစ္စများစွာကလည်း ရှိနေသေးပြန်သည်။ သူဟာ လူနှစ်ယောက်ကို မြင်နေရသလို ခံစားနေရသည်။

အပြင်ဘက်လောကက ဝမ်ချောင်အကြောင်း မည်သို့ပင်ပြောနေစေကာမူ ချန်းရှုစွန်းအနေနှင့် ကလေးဘဝက ဝမ်ချောင်ကို အမြဲတစေ အမှတ်ရနေသည်။ သူဟာ ကောင်းလည်းမကောင်းသလို ဆိုးလည်း မဆိုးချေ။ ယခုပုံပြင်များ ပြောနေသကဲ့သို့ မျက်စိကြိမ်းမတက် တောက်ပနေခြင်းပင် မရှိလောက်ချေ။ သို့သော် သေချာနေသည်မှာ သူဟာ အဓိပ္ပာယ်မရှိဘဲ အလကားလျှောက်ပြောနေမည့် လူမျိုးမဟုတ်ခြင်းသာလျှင်ဖြစ်သည်။

ဝမ်ချောင်က ချန်းရှုစွန်းကို ရင်းနှီးသလို မရင်းနှီးသလို ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

မြို့တော်မှ ပျံ့နှံ့လာသော မရေမတွက်နိုင်သော ပုံစံကွဲနေသော ပုံရိပ်များအတွက်ပင်ဖြစ်စေ သူ၏စိတ်ထဲမှ တစ်ယောက်ပင်ဖြစ်စေ မည်သူကမှ လက်ရှိ သူ၏အရှေ့တွင်ရပ်နေသော ဝမ်ချောင်နှင့် မယှဉ်နိုင်ချေ။

ထိုမျှပေါ့ပါးပြီး တသီးတသန့် တည်ရှိနေသော အရှိန်အဝါက ဆယ်ကျော်သက်တစ်ယောက် ပိုင်ဆိုင်သင့်သော အရှိန်အဝါမျိုး မဟုတ်ချေ။

မဟုတ်သေးဘူး ဒါကကို မဟုတ်သေးတာ။

သူ့အနေနှင့် စစ်တပ်တွင် ဆယ်စုနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာသော အရာရှိဟောင်းများကပင် ထိုသို့သော ဗျူဟာမျိုးဖြင့် မြင်နိုင်စွမ်းအားကို မချခင်းနိုင်ကြောင်း နားလည်နေသည်။ ရုတ်တရက် ထိုဆယ်ကျော်သက်ဟာ သိပ်သည်းလှသော ဖောက်မမြင်နိုင်သည့် မြူထုများလွှမ်းခြုံနေသလိုမျိုး သူကခံစားလိုက်ရသည်။ ထိုစစ်တပ်ထဲတွင် ဆယ်စုနှစ်များစွာ ကျော်ဖြတ်ခဲ့ပြီး တိုက်ပွဲပေါင်းများစွာကို ပါဝင်ဆင်နွဲခဲ့သည်။ ထိုသို့ဖြင့် ဝမ်ရန်နှင့် အကြီးဆုံးသခင်လေးကဲ့သို့ ကျော်ကြားသော ဗိုလ်ချုပ်များ ဖြစ်လာနိုင်သည်။ သို့သော် ဝမ်ချောင်ဘာလုပ်ချင်သည့် ကိစ္စအတွက်မူ သူက နားမလည်သေးချေ။

ဝမ်ချောင်၏ အစစ်အမှန် ပန်းတိုင်ဟာ တိဗက်မြင်းတပ်မှ လူရှစ်ထောင်၊ ကိုးထောင်ကို ဝိုင်းထားခြင်း မဟုတ်လျှင် ဘာဖြစ်နိုင်မည်နည်းဟု သူကတွေးတောလိုက်သည်။ သူ၏စိတ်ထဲတွင် အခြားအကြံများ ရှိနေခြင်းလည်း ဖြစ်လောက်သည်။

သခင်လေးက ဘာလုပ်ချင်တာလဲ။

ချန်းရှုစွန်း၏ အကြည့်ဟာ တိုက်ပွဲနယ်မြေပေါ် ဖြတ်သန်းသွားသည့်တိုင်အောင် ဝမ်ချောင်၏ ရည်ရွယ်ချက်ကို သူမခန့်မှန်းနိုင်ချေ။

ဝမ်ချောင်ကလည်း သူ့ကိုအာရုံမစိုက်သလို ချန်းရှုစွန်းက တွေးနေခြင်းကို သူကသတိထားမိမည် ဆိုလျှင်ပင် သူက ကရုမစိုက်လောက်ချေ။ ထိုအချိန်တွင် သူ၏အာရုံအားလုံးဟာ တိုက်ပွဲနယ်မြေထံသို့သာ ရောက်နေသည်။ အပေါ်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး လျှပ်စီးများက လက်လာကာ တိမ်စိုင်ကို ထိုးခွဲလာပြီး တလောကလုံးဟာ မုန်တိုင်းအတွင်း ရောက်တော့မလိုမျိုး အုံ့မှိုင်းလာတော့သည်။

ထိုသို့သော အခြေအနေမျိုးတွင် လူတစ်ယောက်က လွယ်ကူစွာ ပျောက်ဆုံးသွားနိုင်စွမ်း ရှိနေလေသည်။ သို့သော် စစ်သည်သောင်းကျော်အတွက်မူ ကိစ္စက မတူတော့ချေ။ ဒါက စာရွက်ဖြူပေါ် သတိမထားမိဘဲ တင်ကျန်နေသော ဖုန်မှုန့် အမှုန်အမွှားများကဲ့သို့ ဖြစ်နေသည့် အနက်ရောင် အစက်တစ်စက်ကဲ့သို့ ဖြစ်နေသည်။

သို့သော် ထိုအနက်ရောင် အစက်တစ်စက် ထောင်ကျော်က စုစည်းလာချိန်တွင် သိပ်သည်းသော မှင်စက်တစ်စက် ဖြစ်သွားနိုင်လေရာ မည်သူကမှ သတိမထားမိရန် ခက်ခဲသွားပေလိမ့်မည်။

စရမဲ့အချိန်ပဲ။

တိဗက်လူမျိုးများ၏ မြင်းတပ်ဟာ ရှေ့ဆက်တိုးဝင်လာနေချိန်တွင် ဝမ်ချောင်ဟာ တောင်ထိပ်ကို ကြည့်နေရာမှ သူတို့က ရူးသွပ်ကြမ်းတမ်းစွာဖြင့် အပိတ်ခံလိုက်ရသော လူရှစ်ထောင်ကိုးထောင်ခန့်ကို ဝိုင်းကာကယ်ဆယ်ရန် ကြိုးစားနေကြောင်း မြင်ရသည်။ အခြားနံပါတ်များမှ မြင်းတပ်များကပင် ဒီဘက်သို့ ရောက်လာကြတော့သည်။

ဝမ်ချောင်၏အကြံဟာ သေစေနိုင်သော သံလိုက်တစ်ခုကဲ့သို့ ဖြစ်နေသည်။

ဝမ်ချောင်၏ နှုတ်ခမ်းများဟာ အေးစက်စွာ ပြုံးရန်ကော့တက်သွားတော့သည်။

အဆင့်မြင့်ဗိုလ်ချုပ်ဟာ ရန်သူ၏ ဗျူဟာကို ဖျက်ဆီးလိုက်ချိန်တွင် အတွင်းဘက်မှ ဗိုလ်ချုပ်ဟာ ရန်သူ၏စစ်သည်များအားလုံးကို ဖျက်ဆီးရန်ကြိုးစားနေသည်။ တိဗက်လူမျိုးများက ဒီအဆင့်ထိ ရောက်လာခြင်းက သူ၏ဗျူဟာအပေါ် နားလည်နိုင်စွမ်းအား လိုအပ်ချက်ကြောင့်ဖြစ်သည်။ သို့သော် စစ်၏အနုပညာဟာ ထိုမျှအထိ ရိုးရှင်းခြင်းမရှိချေ။

“အဆင်သင့်ပြင်ကြ”

ဝမ်ချောင်က ရုတ်တရက် အော်ဟစ်လိုက်သည်။ ရိုးရှင်းသော စကားလုံးမျှသာ ဖြစ်သည့်တိုင်အောင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသွားသည့် ချန်းရှုစွန်းနှင့် အခြားသော အရာရှိများအားလုံးဟာ ကျောထဲစိမ့်အောင်ချမ်းပြီး တုန်ယင်သွားကြသည်။ အချိန်အတန်ကြာပြီးနောက် ဝမ်ချောင်ဟာ ဒုတိယမြောက် အမိန့်ကိုပေးသည်။

“ဆရာသခင် လေးသည်တော်တွေက အရှေ့ဘက်ကိုချိန်ပြီး မီတာသုံးထောင့်ငါးရာ အကွာကို ပစ်ခတ်ရမယ်။ မီးကိုအဓိကထားထည့်။ ကျန်းသုံးဆယ် အရွယ်အစားရှိမဲ့ စက်ဝိုင်းတစ်ခု ဝန်းကျင်ထဲကိုပဲ ပစ်ထည့်လိုက်”

ဝုန်း ဝုန်း ဝုန်း

ဝမ်ချောင်၏ စကားသံဆုံးသည်နှင့် တောင်ထိပ်မှ လေးဆွဲသံများက ထွက်ပေါ်လာပြီးချိန်တွင် ဆရာသခင် လေးသည်တော်များ အားလုံးဟာ သူတို့၏မျှားများကို ပစ်လွှတ်လိုက်ကြပြန်သည်။ ထို့နောက် မျှားပစ်သံများ ထွက်ပေါ်လာသည်။ ဆရာသခင် လေးသည်တော်များက အောက်ဘက်ရှိလူများ ပြုံခဲနေသော သိပ်သည်းသော နေရာထံသို့ ထိုသို့မျှားများကို ပစ်ထည့်လိုက်ချိန်တွင် မြင်းတပ်ထောင်ကျော်ဟာ ထိုနေရာမှ ဖြတ်သန်းသွားချိန်နှင့် ကွက်တိကျသွားပြီး အားလုံးကို ထိမှန်ကုန်တော့သည်။

မြင်းဟီသံများနှင့်အတူ လူနှင့်မြင်းက မြေပြင်သို့ လဲကျသွားသည်။ သူတို့၏ ခန္ဓာက်ိုယ်များဟာ ကွဲအက်သွားခြင်း မိုးနှင့်လိမ့်ထွက်သွားခြင်းတို့ ဖြစ်လာတော့သည်။ ထိုသို့ရုတ်တရက် မျှားမိုးများ ရွာသွန်းလာခြင်းက အားလုံးကို ရုတ်တရက် ရပ်တန့်သွားစေသည်။

နောက်မှမြင်းတပ်ဟာ လျှင်မြန်စွာဖြင့် ရှောင်ရှားရန် ကြိုးစားကြသော်လည်း သူတို့၏ အပေါင်းအဖော်များ အားလုံး၏ ခန္ဓာကိုယ်ကမူ မျှားပစ်ခံရပြီး မျှားနှင့်အတူ သူတို့၏မြင်းများထံ တိုးဝင်လာကြသည်။ ဒီနည်းအားဖြင့် စစ်တပ်ဟာ ဝရုန်းသုန်းကား ဖြစ်သွားပြန်သည်။ သို့သော် ထိုမျှနှင့် အဆုံးမသတ်သေးပြန်ချေ။

ဝမ်ချောင် ရွေးချယ်ခဲ့သော နေရာက စစ်တပ်တစ်ခုထဲကို ရည်ရွယ်ရန် ပစ်မှတ်ထားခြင်းမဟုတ်ချေ။ တိဗက်စစ်တပ် တစ်ခုလုံး၏ ရွေ့လျားမှု အစီအစဉ် အခင်းအကျင်းအားလုံးကို ဖျက်ဆီးရန် ချိန်ရွယ်ထားခြင်းဖြစ်သည်။ စစ်တပ်တစ်ခုဟာ ဝရုန်းသုန်းကား အနေအထားသို့ ရောက်ရှိသွားသည်နှင့် နောက်မှ ရောက်ရှိလာသော တပ်ကူများကိုပါ ဖြေရှင်းနိုင်သွားသည်။

တောင်ပေါ်ဒေသ မြင်းများဟာ စတင်ပြီး လဲပြိုကာ တစ်ခုနှင့်တစ်ခု ထိပ်တိုက်ထပ်ကာ လဲပြိုခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ မိုးကြောင့်မြေပြင်ဟာ ချောနေပြီးသားဖြစ်သည်။ ထို့ကြောင့် သူတို့က မြင်းဇာတ်ကြိုးကိုဆွဲရုံဖြင့် မြင်းကိုရပ်အောင် မလုပ်နိုင်တော့ချေ။

လူရာကျော်မှ လူထောင်ကျော်အထိ ဖရိုဖရဲဖြစ်ကာ ထိုသို့လဲပြိုကျစေရန် အချိန်တခဏခန့်သာ လိုခဲ့သည်။ ထို့နောက် ဆက်လက်ပြီး လဲပြိုကျမှုက ပြန့်နှံ့သွားသေးသည်။

တောင်ပေါ်တွင်ရှိသော မြင်းတပ်က ရွေးချယ်စရာမရှိဘဲ အရှိန်ကိုလျော့ရသည်။ သို့တိုင်အောင် မြန်ဆန်သော အရှိန်မရှိလျှင် မြင်းတပ်က အင်အားမရှိတော့ချေ။ အရေးကြီးဆုံးအချက်မှာ လူငါးထောင် ခြောက်ထောင်ခန့်က ဝရုန်းသုန်းကား ဖြစ်သွားခဲ့လျှင် ထိုအခြေအနေက စစ်တပ်၏ အားအနည်းဆုံး ကာလဖြစ်သွားပေလိမ့်မည်။

“ကြည့် ဒီလိုပဲဖြစ်သင့်တာ”

တောင်ထိပ်ပေါ်တွင်ရှိနေသော ချန်းရှုစွန်းက သူ၏နားထဲတွင် ခေါင်းလောင်းသံများ မြည်ဟီးနေသလို ကြားလိုက်ရသည်။ သူ၏မျက်လုံးဟာ အပြူးသားဖြစ်ပြီး စိတ်ထဲတွင်ပင် အားလှိုင်းများ ထင်ဟပ်လာသည်။

သူဟာ တိုက်ပွဲပေါင်းများစွာအတွက် အတွေ့အကြုံရှိသော အရာရှိဟောင်း တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဆရာသခင် လေးသည်တော်အဖွဲ့က စစ်တပ်တွင် အခြေခံအကျဆုံး အပိုင်းဖြစ်ကြောင်း သိထားသည်။ မည်သည့်စစ်တပ်၏ လူသောင်းကျော်ကမှ ဆရာသခင်လေးသည်တော် အဖွဲ့အစည်း ငယ်တစ်ခုနှင့် မယှဉ်နိုင်ချေ။

သူတို့အားလုံးဟာ ထိပ်တိုက် ရင်မဆိုင်ခင်မှာတင် ရန်သူကို တိုက်ခိုက်နိုင်စွမ်းအားရှိပြီး ရန်သူ၏ အရေအတွက်ကို လျော့နည်းအောင်လုပ်နိုင်သည်။ ဒီနည်းအားဖြင့် ကိုယ့်ဘက်က အရေအတွက် ပိုများသွားမည်ဖြစ်သည်။

တိုက်ပွဲတိုင်းတွင်လည်း သူကအလားတူ အတွေ့အကြုံ ရခဲ့သည်။ ချန်းရှုစွန်းဟာ ဗိုလ်ချုပ်တစ်ယောက်က ဆရာသခင် လေးသည်တော်အဖွဲ့ကို ဒီလိုအသုံးပြုခြင်းကို တစ်ကြိမ်သော်မျှ မမြင်ခဲ့ဖူးသေးချေ။ တစ်ကြိမ်ထဲတွင် မျှားအမြောက်အများ ပစ်လိုက်ပြီး ရင်ဆိုင်နေရသော ရန်သူပမာဏများစွာကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ ဆရာသခင်လေးသည်တော် မည်မျှအသတ်ခံရမည်ဆိုသည့် အချက်ကို မည်သူကမှ မမေးတော့ချေ။ အရေးကြီးဆုံးဟာ ဗျူဟာအတိုင်း လှုပ်ရှားနိုင်ခြင်းဖြစ်သည်။

တစ်ချက်ထဲနှင့် ဝမ်ချောင်ဟာ ရန်သူစစ်သည်တော် သောင်းကျော်ကို ရင်ဆိုင်လိုက်နိုင်သည်။ ဗျူဟာအဆင့်အရဆိုလျှင် ဒါဟာ တိုက်ပွဲတစ်ခုလုံးကိုပင် လွှမ်းမိုးနိုင်စွမ်းရှိသော အနေအထားမျိုး ဖြစ်နေလေသည်။

“နံပါတ်(၁၇)နှင့် (၁၈)အဖွဲ့ကို အမိန့်ထုတ်လိုက်။ ဗိုလ်ချုပ်ကျန်းဝေနဲ့ ကျန်းထုံးတို့က ခုခံမှုကို လက်လျော့ပြီး အပြည့်အဝ လုပ်ကြံသတ်ဖြတ်ဖို့ ချီတက်သွားကြတာ”

မျှော်လင့်ထားသည့်အတိုင်း နောက်ထပ် တစ်ဆင့်အနေနှင့် ဝမ်ချောင်ဟာ အရှေ့တောင်ဘက်ပိုင်းမှ စစ်သားများအားလုံးကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

“ချိန်”

တောင်အောက်တွင် တိဗက်စစ်သည်တော် သောင်းကျော်ဟာ နောက်ဆုတ်ရန် ကြိုးစားနေကြသည်။ သို့သော် နောက်ကျသွားခဲ့ပြီဖြစ်သည်။ မဟာထန် စစ်သည်တော်များဟာ တပ်ကူများထံသို့ ဝရုန်းသုန်းကား တိုးဝင်သွားပြီး တိဗက်စစ်သည်တော်များကို ဖရိုဖရဲဖြစ်သွားစေပြန်သည်။

ချောင်ပိတ်မိနေသော တိဗက်စစ်သည်တော်များနှင့် မတူသည်မှာ နောက်အသစ်ရောက်လာသော တိဗက်စစ်သည်တော်များက နောက်ဆုတ်ခြင်းလည်းမရှိသလို၊ ရှေ့ဆက်လည်း မတိုးချေ။ သူတို့က အချင်းချင်း လွန်ဆွဲနေသလိုမျိုး ဘာမှလုပ်နိုင်ခြင်း မရှိသလို ဖြစ်နေတော့သည်။

ထိုသို့ဖြင့် မြင်းတပ်၏ အရှိန်နှုန်းဟာ မြန်ဆန်ခြင်း မရှိတော့သည့်အတွက် အကြီးအကျယ် ပြောင်းလဲသွားတော့ခြင်းလည်း ဖြစ်သည်။ ဒီလောကတွင် မဟာထန်နှင့် ယှဉ်နိုင်သည့် တိုင်းပြည်ဟူ၍ မရှိသေးချေ။

သွေးများစီးကျလာသံများ၊ ပစ္စည်းများ ရိုက်ခတ်သံများ၊ မြေပြင်သို့ ပြုတ်ကျသံများ စသဖြင့်တို့ဟာ အေးစက်နေသော မိုးရေထဲတွင် ထင်ရှားစွာ ထွက်ပေါ်နေသည်။ တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက်တွင် အန်းနန်အစိုးရစစ်တပ်ဟာ သိပ်သည်းလှစွာသော တိဗက် သံချပ်ကာ ဝတ်စုံထူများကို ရင်ဆိုင်ရာတွင် ကောင်းမွန်သော သက်ရောက်မှုရှိသည့် နည်းလမ်းကို ရှာဖွေနိုင်ခဲ့ပြီဖြစ်သည်။ ထူထည်ကြီးမားသော ပုဆိန်ကြီးများက သေဆုံးခြင်း အလင်းတန်းများဖြင့် ကခုန်နေပြီးနောက်တွင် လေထဲကို ကျော်ဖြတ်သွားကာ ခုတ်ပိုင်းသည်။ ဆူးချွန်ကဲ့သို့သော မြွေများကဲ့သို့ ဖြစ်နေသည့် လှံတိုများဟာ ကုန်းမြင့်တောင်ပေါ်ဒေသမှ လူများ၏ မကာကွယ်နိုင်သော မျက်လုံးများထံ တိုးဝင်သွားသည်။ တစ်ချက်ထဲနှင့်တင် မျက်လုံးကို ကျော်ဖြတ်ထိုးဖောက်သွားပြီး ဦးနှောက်ထဲဝင်ရောက်ရန် လုံလောက်နေသည်။

ကျော်ကြားသော တောင်ပေါ်ဒေသမှ တပ်ဖွဲ့ဟာ ညဉ်းညူချိန်ပင်မရှိဘဲ ရွှံ့နွံထဲသို့ ထိုးစိုက်ခံရသည်။

လုံလောက်ပြီး ဒါကငါ့ရဲ့အလှည့်ပဲ။

လေပြင်းက တိုက်ခတ်လာပြီး မိုးများက ဆက်တိုက် ရွာကျလာချိန်တွင် ဝမ်ချောင်က ဖြေးညှင်းစွာဖြင့် ခေါင်းကိုမော့ပြီး တိမ်ဆိုင်များကိုကြည့်ကာ ရှေ့သို့တစ်လှမ်းလှမ်းသည်။

ဝုန်း

ထိုခြေလှမ်းကို တောင်တန်းကို လှုပ်ခါသွားစေသည်။ ခြေတစ်လှမ်းထဲနှင့်တင် ဝမ်ချောင်ဟာ စစ်မြေပြင် ပျက်စီးခြင်း ချီစက်ကွင်းကို ထုတ်ဖော်လိုက်သည်။ ဝမ်ချောင်ကို ဗဟိုပြုပြီး အားလှိုင်းများဟာ တိုက်ပွဲနယ်မြေ တစ်ခုလုံးကို စတင်ကာ လှည်းကျင်းဖယ်ရှားရန် ကြိုးစားလာတော့သည်။ ဒီတိုက်ပွဲဟာ အရေးကြီးဆုံးအချိန်သို့ ရောက်ရှိလာခဲ့ပြီး ယခုက အနိုင်နှင့်အရှုံးကို ဖြေရှင်းပေးနိုင်သည့်အချိန် ဖြစ်လာသည်။

အခန်း(၅၂၉)

ချိန်

မမြင်ရသော အားလှိုင်းများဟာ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားပြီး ထိုစစ်ကွင်း တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ လက်ရှိအချိန်တွင် ဝမ်ချောင်၏ စစ်နယ်မြေ ပျက်စီးခြင်း ချီစက်ကွင်းက အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် နယ်မြေပေါင်း မြောက်များစွာကို ဖုံးလွှမ်းနိုင်နေပြီဖြစ်သည်။ ပို၍ဆိုးသည်မှာ တောင်တန်းများ၏ မြေမျက်နှာသွင်ပြင် အနေအထားအရ ထိုစစ်သည်တော်များဟာ ပြည့်ကြပ်ညပ်စွာ အတူတကွသာ ရှိနေမည်ဆိုလျှင် သက်ရောက်မှုစွမ်းအားဟာ ပို၍တိုးပွား သွားစေနိုင်ခြင်းဖြစ်သည်။

“သတိထားကြ ဒီအရှိန်အဝါက စတင်ပြီး အသက်ဝင်လာနေပြီ။ အခုကစပြီး ရန်သူဘက်က စစ်သည်တော်တွေ သေဆုံးတာနဲ့ အသုံးပြုသူရဲ့အင်အားက ပိုပြီးတိုးတက်လာလိမ့်မယ်”

ရင်းနှီးကျွမ်းဝင်သောအသံကို လူတိုင်းက ထင်ရှားစွာ ကြားလိုက်ရသည်။

ဝမ်ချောင်၏ နှုတ်ခမ်းတွင် ဖျော့တော့သောအပြုံးက ပေါ်လာသည်။ သူ၏ မျက်နှာတွင် အံ့အားသင့်ဟန် အမူအရာမရှိချေ။ ထိုအချိန်အတောအတွင်း ဝမ်ချောင်ဟာ သေချာသော စည်းမျဉ်းတစ်ခုကို နားလည်လိုက်သည်။ သူကသာ ဒီစစ်ပွဲတစ်ခုလုံးကို လွှမ်းခြုံနိုင်စွမ်းရှိလောက်အောင် အင်အားကြီးမားချင်လျှင် သူ့အနေနှင့် သူရောက်နေသော စစ်တပ်တွင် အမြင့်ဆုံးရာထူးကို ရထားသင့်ခြင်းဖြစ်သည်။ ဒီစစ်တပ်တစ်ခုလုံးက သူ၏အပိုင် ဖြစ်နေသင့်သည်။

အခြားနည်းလမ်း တစ်ခုကမူ အရှိန်အဝါကို မြင့်တင်ခြင်းဖြစ်သည်။ ရန်သူဘက်က အရှိန်အဝါကို အားနည်းလျော့ကျသွားအောင် လုပ်ခြင်းဟာ သူကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲအတွင်းတွင် ပါဝင်လာခြင်းနှင့် ညီမျှနေပြီး သူ၏တိုက်ပွဲအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည့် အင်အားကိုလည်း မြင့်တက်လာစေသည်။

ထန်စစ်သည်တော်များဘက်မှ မည်သူကမှ ထိုအရှိန်အဝါက သူတို့ကို ဖြတ်ကျော်သွားခြင်းကိုပင် သတိမထားမိလောက်အောင် သေသေချာချာ မခံစားမိသော်လည်း တိဗက်လူမျိုးများကမူ တစ်စုံတစ်ရာက မှားယွင်းကြောင်းကို ချက်ချင်း သတိပြုမိသွားကြသည်။

“ဘာဖြစ်တာလဲ ဘာလို့ငါ့ရဲ့ အရှိန်အဝါစွမ်းအားတွေက အားနည်းလာတာလဲ”

“သေစမ်း ငါဘာလို့ ဖြေးဖြေးလေးပဲ ရွေ့လို့ရတော့တာလဲ”

“တစ်ခုခုတော့ မှားနေပြီ ငါအရမ်းကို အားနည်းလာနေပြီ”

တိဗက်လူမျိုးများဟာ ဝရုန်းသုန်းကား ဖြစ်သွားကြသည်။ ရုတ်တရက် အားအင်ထိုးကျသွားပြီး အရှိန်နှုန်းက နှေးကွေးသွားကာ အရှိန်အဝါများက ယုတ်လျော့လာခြင်းဟာလည်း သူတို့ကို အလွန်အမင်း ခြောက်ချားသွားစေသည်။ ထိုလူများ အကြောက်ဆုံးဟာ ပြိုင်ဘက်ကင်းသော ပြိုင်ဘက်မဟုတ်သလို အင်အားအပြည့် သာနေသော ရန်သူလည်းမဟုတ်ချေ။ အမည်မသိရသော အင်အားကို ထိတ်လန့်ခြင်းဖြစ်သည်။

ဝမ်ချောင်၏ စစ်ပျက်စီးခြင်း ချီစက်ကွင်းဟာ သူ၏ကိုယ်ပိုင်အင်အားကို မတိုးတက်စေသည့်အတွက် ထန်စစ်သည်တော်များဟာ အာရုံမခံမိချေ။ သို့သော် ရန်သူဘက်မှ အင်အားကိုမူ လျော့ကျစေသည်။ သို့သော် ထိုအချက်မှ အခြားသော သက်ရောက်မှုလည်း မရှိပြန်ချေ။

အနည်းဆုံး မဟာထန်ဘက်တွင်ဖြစ်စေ အခြားသော ဘေးပတ်ဝန်းကျင်မှ တိုင်းပြည်များကပင်ဖြစ်စေ ထိုကဲ့သို့သော အရှိန်အဝါ စွမ်းအားမျိုးကို မပိုင်ဆိုင်ထားကြသည့်အတွက် နားမလည်နိုင်ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဒီလိုသက်ရောက်မှုမျိုးကို မည်သူကမှ စိတ်ကူးမယဉ်ဖူးကြချေ။

ဝမ်ချောင်၏ အရှိန်အဝါဟာ တိကျထူးခြားစွာ တည်ရှိနေခြင်းဖြစ်ပြီး အခြားအထူး ဆင့်ခေါ်ရခြင်းမျိုး၊ ခမ်းနားထည်ဝါခြင်းမျိုး မရှိသလို ထောက်လှမ်းမိရန် ခက်ခဲလွန်းနေသေးသည်။ ထိုအရှိန်အဝါများ ဖြစ်တည်လာသော သက်ရောက်မှုက ရုတ်တရက် သည်းထန်စွာ ရွာသွန်းလာသော မိုးသည်းဖြင့် ဖုံးလွှမ်းထားသလိုမျိုး မြင်ရရန်ပင် ခက်ခဲလွန်းနေသည်။

ဝုန်း

မည်သူ့အတွက်မျှ တွေးတောရန်အချိန် ရှိမနေခဲ့ချေ။ အန်းနန်အစိုးရတပ်က စတင်တိုက်ခိုက်လိုက်သည်နှင့် တိုက်ပွဲနယ်မြေဟာ မမျှော်လင့်ထားစွာပင် အပြောင်းအလဲ ဖြစ်သွားတော့သည်။ ဒီတိုက်ပွဲတွင် ပထမဦးဆုံးအကြိမ် အန်းနန်အစိုးရစစ်တပ်ဟာ ပြိုင်ဘက်ကင်းလောက်အောင် အပြတ်အသပ် အခွင့်သာသွားသည်။

ခလွပ်

စစ်သည်တော်များဟာ တောင်ပြိုကျသလိုမျိုး ဆက်တိုက် လဲပြိုကျနေကြသည်။ လူတစ်ယောက်ကသာ တောင်ထိပ်မှအောက်သို့ ငုံ့ကြည့်လိုက်မည်ဆိုလျှင် တိဗက်လူမျိုးများဟာ နှစ်ခြမ်းကွဲသူကကွဲ၊ ဗိုက်ပေါက်ထွက်သူကထွက် ပက်လက်များကတဖုံ၊ ကျောကုန်းများကတစ်မျိုး အမျိုးမျိုး လဲလျောင်းသေဆုံးနေကြကြောင်း မြင်တွေ့ရမည်ဖြစ်သည်။

ဝမ်ချောင်ဟာ စစ်သည်တော် ရှစ်ထောင်ဆန့်သော အိတ်ကပ်တစ်ခုကို ဖန်တီးလိုက်နိုင်ပြီး တိုက်ပွဲနယ်မြေကို အပြောင်းအလဲဖြစ်အောင် လုပ်နိုင်ခဲ့သည်။ သူဟာ ကူတိုက်ပေးရန် ရောက်လာကြသော တိဗက်လူမျိုးများ၏ အားနည်းချက်နေရာသို့ ဓားထက်ထက်ဖြင့် ထိုးစိုက်လိုက်ခြင်းလည်း ဖြစ်နေသည်။ အကြီးမားဆုံး သေစေနိုင်သော ဆိုးရွားသည့်အချက်ကမူ ဝမ်ချောင်က ဆရာသခင် လေးသည်တော်များကို အမိန့်ပေးပြီး ထိုတပ်ကူများ အားလုံးကို ဝရုန်းသုန်းကား ဖြစ်သွားပြီး ရှေ့ဆက်မတိုးရဲအောင် မျှားဖြင့်ပစ်ခတ်ခိုင်းခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် တိဗက်လူမျိုးများ၏ အံ့အားသင့်စရာကောင်းသော တိဗက် အရေအတွက်နှင့်တောင်မှ သူတို့အနေနှင့် ဒီတားဆီးမှုကို မဖောက်ထွက်နိုင်ခြင်းဖြစ်သည်။

တောင်ကုန်းနယ်မြေမှ ပြုတ်ကျသွားသံများက ဆက်တိုက် ထွက်ပေါ်နေသည်။ ထန်ပုဆိန် ညီအစ်ကို စစ်သည်တော်များက သူတို့၏ပုဆိန်ကို တစ်ချက်လွှဲယမ်းလိုက်ရုံမျှဖြင့် တွဲလောင်းဖြစ်နေသော မြင်းများအားလုံးကို ခုတ်ဖြတ်နိုင်ကြသည်။ အခြားသော တိဗက်လူမျိုးတစ်ယောက်က သူတို့ကို ပြန်လည်ခုတ်ပိုင်းရန် ကြိုးစားကြသော်လည်း တစ်ဖက်တွင်ရှိနေသော လူစုကွဲသွားသည့် ထန်စစ်သည်တော်က ဖိအားပြင်းထန်သော အရှိန်အဝါကို အပြည့်သုံးပြီး လက်သီးတစ်ချက်ထဲဖြင့် ရင်ဆိုင်လိုက်နိုင်သည်။

ခွန်အားခြင်းယှဉ်သော ထန်စစ်သည်တော်များက ရပ်တန့်၍မရချေ။ တိဗက်လူမျိုးများကမူ တစ်ချက်ပင် မယှဉ်နိုင်ခဲ့ပေ။ ဖော်ပြ၍မရသော အကြောင်းပြချက်အချို့ကြောင့် တိဗက်လူမျိုးများ၏ သတ္တိနှင့် ကြောက်မက်ဖွယ်ကောင်းမှုဟာ ရုတ်တရက် အင်အားအလွန် ယုတ်လျော့လာကြသည်။

“ငါမယုံနိုင်ဘူး ငါဘယ်တုန်းက ဒီလောက်ထိ အင်အားကြီးသွားတာလဲ”

ထိုလက်သီးတစ်ချက်ဖြင့် ပြုတ်ကျသွားအောင် လုပ်လိုက်နိုင်သော စစ်သည်တော်က သူ့လက်သီးသို့ အံ့အားတကြီးကြည့်သည်။ သူဟာ ခြင်္သေ့မြို့တွင် တစ်ချိန်လုံး ခုခံကာကွယ်မှုတပ်တွင် ပါဝင်ခဲ့ပြီး လက်သီးတစ်ချက်ထဲဖြင့် မြင်းစီးသော တိဗက်မြင်းသမားကို တစ်ကြိမ်သော်မျှ ထိုမျှအလွယ်တကူ ရင်မဆိုင်နိုင်ခဲ့ဖူးချေ။

“ဟား ဟား ဒါက တိဗက်လူမျိုးတွေ လုပ်နိုင်တာ အကုန်ပဲလား”

လှံသမားတစ်ယောက်ဟာ စိတ်လှုပ်ရှားစွာ အော်လိုက်ပြီးနောက်တွင် သူ၏လှံထိပ်ကို ပြိုင်ဘက်၏မြင်းထံ ထိုးသွင်းလိုက်ပြီး မြင်းစီးသမား၏ သံချပ်ကာကို ထိုးကလော် ဖယ်ထုတ်လိုက်ကာ ထိုလူ၏လည်ပင်းထဲသို့ ထိုးစိုက်ရန်ကြံစည်သည်။ သူဟာယခုလေးတင် ဖြစ်ပျက်သွားသော အဖြစ်အပျက်ကို သေချာ နားမလည်သေးသော်လည်း သူသိသည်မှာ အလွန်မြန်ဆန်ပြီး အင်အားကြီးမားသော ထိုတိဗက်လူမျိုးများဟာ ရုတ်တရက် အင်အားနည်းသွားခြင်းဖြစ်သည်။

ထိုလှံသမားဟာ ပြိုင်ဘက်က အလွယ်တကူ သေဆုံးသွားပြီး အလွယ်တကူ ရှင်းပစ်ခံလိုက်ခြင်းကို မျက်လုံးအပြူးသားဖြင့် ရှင်းလင်းစွာ မြင်လိုက်ရသည်။ မည်သို့ပင် ဖြစ်လာစေကာမူ သူအောင်မြင်ခဲ့သည်မှာ သေချာသည်။ ထိုသို့ အလားတူသော တူညီသည့် ကိစ္စမျိုးများဟာ တိုက်ပွဲနယ်မြေ အနှံ့တွင် ဖြစ်ပွားနေသည်။

အန်းနန်အစိုးရစစ်တပ်၏ အင်အားဟာ အစပိုင်းနှင့် အတူတူသာလျှင် ရှိနေသေးသည်။ သို့သော် လက်ရှိအချိန်တွင်မူ အန်းနန်အစိုးရစစ်တပ်ဟာ အားသာချက် ရရှိလာပြီဖြစ်ပြီး ရန်သူများကို ဖိနှိပ်နိုင်လာသည်။

“ဟား ဟား ဟား ဟား ညီအစ်ကိုတို့ သတ်ကြ။ အန်းနန်အစိုးရစစ်တပ်က ကလဲ့စားချေရမယ်”

“သတ်ကြ”

အန်းနန်အစိုးရစစ်တပ်က အော်ဟစ်ဟိန်းဟောက်လိုက်သည်နှင့် ကောင်းကင်တစ်ခုလုံးတွင် ထိုသတ်ဖြတ် ငိုကြွေးသံများဟာ ပဲ့တင်ထပ်သွားသည်။ နဂိုက မည်းမှောင်နေသော လေထုအခြေအနေဟာလည်း ချက်ချင်းလိုလို လေဆောင့်တိုက်ခံလိုက်ရသလိုမျိုး ရှင်းလင်းကြည်လင်သွားပြီး စစ်သည်တော်များ၊ ဒိုင်းကာသမားများ၊ ဆေဘာသမားများ၊ ပုဆိန်သမားများ၊ လှံသမားများ အားလုံးဟာ အားအင်အပြည့်ဖြင့် ချီတက်ကြသည်။

“တစ်ခုခုတော့ မှားနေပြီ”

ထန်စစ်သည်တော်များက ဘာကိုမှ သတိမပြုမိသော်လည်း တိဗက်လူမျိုး ဗိုလ်ချုပ်များကမူ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။ တိဗက်လူမျိုးများ၏ မြင်းတပ်ဖွဲ့ ပင်လယ်ထဲတွင် အင်အားကြီးမားသော တိဗက်လူမျိုးဗိုလ်ချုပ်က မျက်ခုံးကိုပင့်လိုက်ကာ သံသယအပြည့်ဖြင့် တစ်စုံတစ်ရာကို ကြည့်ပြီးနောက်တွင် သူ၏မျက်လုံးက တောက်ပသွားပြီး ထို့နောက်တွင် ပြန်မှေးမှိန်သွားသည်။

ဝမ်ချောင်၏ စစ်ပျက်စီးခြင်းချီဟာ အရှေ့မြောက်ပိုင်းအပေါ် သက်ရောက်မှုရှိရုံသာမကလေဘဲ တိုက်ပွဲနယ်မြေ တစ်ခုလုံးပေါ် သက်ရောက်မှုရှိနေသည်။ လွန်ခဲ့သော တခဏခန့်ကတင် သူ၏လက်အောက်ငယ်သားများ အားလုံးက ချက်ချင်းလိုလို အားနည်းသွားခြင်းကို သူကရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သို့ရာတွင် ဝမ်ချောင်၏ ထိုချီစက်ကွင်းဟာ ဗိုလ်ချုပ်များပေါ် သက်ရောက်မှုမရှိသောကြောင့် သူဟာဘာဖြစ်မှန်း မသိခဲ့ခြင်းဖြစ်သည်။

“ဘယ်လိုဖြစ်တာလဲ။ ဒီနေရာမှာ ဘာတွေဖြစ်သွားတာလဲ”

ထိုတောက်ပသော မျက်ဝန်းများဟာ တိုက်ပွဲနယ်မြေပေါ် ခြုံငုံစဉ်းစားနေပြီး နောက်ဆုံးတွင် အရှေ့မြောက်ဘက် နယ်မြေပိုင်းထံ လျှင်မြန်စွာ ရောက်ရှိသွားသည်။ ယေဘုယျကျကျ ပြောရသော် အရှေ့မြောက်ဘက် တောင်တန်းတစ်လျှောက်တွင် စုစည်းနေသော တပ်ဖွဲ့များ၏ အရေအတွက်ဟာ အလွန်အမင်း များပြားနေသည့်အတွက် သူတို့ဟာ အားသာချက် ရရှိသင့်သည်။ သို့ရာတွင် အမှန်အတိုင်း ဆိုရသော် ထန်စစ်တပ်ဘက်ကသာ အခွင့်သာနေသည်။ ထိုအခြေအနေ ဖြစ်နေကတည်းက ပုံမှန်မဟုတ်တော့ချေ။

“ဟိုက်ရား”

ရုတ်တရက် တိဗက်လူမျိုး ဗိုလ်ချုပ်၏မျက်ဝန်းတွင် အေးစက်သော အလင်းက လက်သွားပြီးနောက်တွင် မြင်းကိုတစ်ပတ်လှည့်လိုက်ကာ အရှေ့မြောက်ဘက်ပိုင်းထံ ဒုန်းဆိုင်းအပြေး နှင်တော့သည်။

“အရှေ့မြောက်ဘက်တပ်ရင်း ဘယ်တောင်ပံတပ်ခွဲ မီတာလေးထောင့်ငါးရာဘက်ကို ရွှေ့လိုက်။ ညာတောင်ပံတပ်ခွဲ မီတာတစ်ထောင့်ရှစ်ရာဘက်ကိုရွှေ့။ မီးကျည်နဲ့ပစ်”

တချိန်ထဲတွင်ပင် အရှေ့မြောက်ဘက်ပိုင်းကို တောင်ထိပ်ပေါ်မှ ခြုံငုံကြည့်နေသဖြင့် အားလုံးကို ရှင်းလင်းစွာ မြင်နေရသော ရွှေရောင်သံချပ်ကာဝတ် ဝမ်ချောင်ဟာ လေတွင်လွင့်နေသော အလံ၏အောက်တွင် ရှိနေသည်။ သူ၏အသံဟာလည်း အေးစက်ကာ ပြတ်သားသည်။ တဒုန်းဒုန်း တဒိုင်းဒိုင်း မြည်သံနှင့်အတူ ဝမ်ချောင်၏ အမိန့်သံဟာ တဖန်ထွက်လာသည့်အလျောက် ဆရာသခင် လေးသည်တော်များဟာလည်း သေဆုံးခြင်း နတ်ဘုရား၏ မျက်ဝန်းများကဲ့သို့ လေထဲသို့ မျှားများကို အတန်းလိုက် ဆက်တိုက်ပစ်ခတ်လိုက်ပြီး မီတာလေးထောင့်ငါးရာ အကွာသ်ို့ လူစုခွဲသွားသော ဘယ်တောင်ပံထံ ရောက်ရှိသွားသည်။ တဖန် မီတာတစ်ထောင့်ရှစ်ရာ အကွာသို့ ဆုတ်သွားသော ညာတောင်ပံထံလည်း ပို့လွှတ်လိုက်သည်။

ခလွပ်

မြင်းများဟာ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျကုန်သည်။ အပေါ်တွင် အမိန့်အတိုင်း လုပ်ပြီးကာစ တိဗက်လူမျိုးများ အားလုံးဟာလည်း ချက်ချင်းလိုလို လဲကျသွားကြသည်။

ဝမ်ချောင်ဟာ တောင်ထိပ်ပေါ်တွင်ရပ်လျှက် ကောင်းကင်မှသိန်းငှက်က သားကောင်ကို ငုံ့မိုးကြည့်နေသလိုမျိုး အရာအားလုံးကို ကြည့်နေသည်။ မည်သည့် လှုပ်ရှားမှုကမျှ သူ၏အကြည့်အောက်မှ မရွေ့သွားခဲ့ချေ။ ဆရာသခင် လေးသည်တော်များ အားလုံးဟာ သူ၏လက်ထဲတွင်ရှိသော ဗျူဟာ၏ အပိုင်ပစ္စည်းများကဲ့သို့ ဖြစ်နေပြီး အရာအားလုံးကို ထိန်းချုပ်သတ်မှတ်ပေးနိုင်စွမ်း ရှိနေသည်။ ထိုအဆင့်တွင် ဆရာသခင် လေးသည်တော်များ သာမာန်အမှား လုပ်မိလျှင် သို့မဟုတ် အရေအတွက် နည်းပါးနေခြင်းတို့က အရေးမကြီးတော့ချေ။ ဝမ်ချောင်က သူတို့ကို သူ၏ဗျူဟာ၏ အားသာမှုနှင့်အတူ အားဖြည့်ပေးနိုင်နေသည့်အတွက် မည်သည့်နေရာသို့ လျှောက်ပစ်နေစေကာမူ ဒါဟာ တဖက်ရန်သူများအတွက် သေစေနိုင်သော ခြိမ်းချောက်မှုကြီးတစ်ခု ဖြစ်သွားစေနိုင်သည်။

နှလုံးသားထဲတွင် စစ်အနုပညာဟာ ဖျက်ဆီးရန်ခက်ခဲခြင်း၊ လမ်းလွဲစေနိုင်ခြင်း၊ ရန်သူ၏အင်အားကို အားနည်းသွားအောင် လုပ်နိုင်ခြင်းတို့ဖြင့် ပြိုင်ဘက်ကင်းနေလျှင် တဖက်က အရေအတွက် အပြတ်အသတ် သာနေမည်ဆိုလျှင်ပင် ကရုစိုက်ရန် မလိုအပ်ချေ။

လက်ရှိအချိန်တွင် အရှေ့မြောက်ပိုင်း နယ်မြေတစ်ခုလုံးတွင် ထန်စစ်တပ်ကသာ ဒီအခြေအနေတွင် ရှိနေသည်။

တိဗက်လူမျိုးများဟာ အရေအတွက်အားဖြင့် အားသာနေကြောင်း ရှင်းလင်းနေသော်လည်း ထိုတခဏတွင် သူတို့အားလုံးကသာ အားနည်းသည့်ဘက်သို့ ရောက်နေသည်။ ဝမ်ချောင်ဟာ ရုတ်တရက် တစ်ဖက်က အချင်းချင်း မကူညီစေရန်အတွက် ထိုဝရုန်းသုန်းကား ဖြစ်နေသော စစ်တပ်၏အလယ်တွင် မမြင်ရသော နံရံများကို ကာဆီးစေရန် တည်ဆောက်ခိုင်းလိုက်သည်။

တိဗက်လူမျိုးများဟာ ထန်စစ်သည်တော်များ၏ ဆေဘာများ၊ ပုဆိန်များထံသို့ လဲပြိုကျသွားချိန်တွင် အော်ဟစ်ကြသည်။ ထိုအချိန်တွင် မရေမတွက်နိုင်သော သတင်းစကားများဟာ ဝမ်ချောင်၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

“တိဗက်လူမျိုးမြင်းတပ် (၁၈၂)ကို သတ်ဖြတ်နိုင်တဲ့အတွက် အသုံးပြုသူကို ဂုဏ်ယူပါတယ်”

“တိဗက်လူမျိုးမြင်းတပ် (၃၄၂)ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် အသုံးပြုသူကို ဂုဏ်ယူပါတယ်”

“တိဗက်လူမျိုးမြင်းတပ် (၆၇၂)ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် အသုံးပြုသူကို ဂုဏ်ယူပါတယ်”

“တိဗက်လူမျိုးမြင်းတပ် (၁၃၃၄)ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် အသုံးပြုသူကို ဂုဏ်ယူပါတယ်”

“တိဗက်လူမျိုးမြင်းတပ် (၁၇၈၈)ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် အသုံးပြုသူကို ဂုဏ်ယူပါတယ်”

“တိဗက်လူမျိုးမြင်းတပ် (၂၅၈၆)ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် အသုံးပြုသူကို ဂုဏ်ယူပါတယ်”

“တိဗက်လူမျိုးမြင်းတပ် (၃၉၃၆)ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် အသုံးပြုသူကို ဂုဏ်ယူပါတယ်”

“တိဗက်လူမျိုးမြင်းတပ် (၅၇၂၂)ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် အသုံးပြုသူကို ဂုဏ်ယူပါတယ်”

“တိဗက်လူမျိုးမြင်းတပ် (၇၅၄၉)ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် အသုံးပြုသူကို ဂုဏ်ယူပါတယ်”

သူ၏စိတ်ထဲတွင် တိဗက်လူမျိုးများနှင့် ပတ်သတ်သော ထိုသတင်းသံများက ဆက်တိုက်ပင် ထွက်ပေါ်လာသည်။ ပမာဏဟာ တည်ငြိမ်သောနှုန်းဖြင့် မမြင့်နေသော်လည်း မြင့်လိုက်ခုန်လိုက် တိုးတက်လာနေခြင်းဖြစ်သည်။ အကြိမ်အနည်းငယ် လှုပ်ရှားပြီးနောက်တွင် တိဗက်လူမျိုးများ၏ သေဆုံးမှုဟာ ကြောက်မက်ဖွယ်ကောင်းလာသော အရှိန်အဖြစ် ပြောင်းလဲလာသည်။

လေဟာ တောင်ထိပ်ပေါ်သို့ တိုက်ခတ်လာချိန်တွင် သေဆုံးသွားသော တိဗက်လူမျိုး စစ်သည်တော်များထံမှ သယ်ဆောင်လာသည့် စွမ်းအင်များဟာ လေထဲသို့ ရောက်ရှိသွားပြီး ဝမ်ချောင်၏ ကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ဝမ်ချောင်ဟာ အရင်က အစစ်အမှန် သိုင်းအဆင့်ကိုးသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ယခုအခါတွင်မူ သူဟာ အဆင့်ကိုး အထွတ်အထိပ်သို့ ရောက်ရှိတော့မည့် လက္ခဏာများ ပြလာသည်။ သူကသာ ဒီထက်ဆက်သွားနိုင်လျှင် သူ၏ အရှိန်အဝါများ အားလုံးဟာ ထုထည်ကြီးမားသော ဆူးချွန်အရှိန်အဝါများအဖြစ် ပေါင်းစပ်ပြောင်းလဲနိုင်မည်ဖြစ်ပြီး သူဟာ အဆင့်မြင့် သိုင်းနယ်မြေ အဆင့်တစ်သို့ တက်ရောက်နိုင်ပေလိမ့်မည်။

“မဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး”

ထိုမြင်ကွင်းကြောင့် ချန်းရှုစွန်းတို့ အရာရှိအားလုံးဟာ မှင်သက်ကြောင်အနေကြပြီး သူတို့၏ စိတ်ကမူ ဝရုန်းသုန်းကား ဖြစ်နေကြသည်။ သူတို့ဟာ တိဗက်လူမျိုးများ၏ အရှိန်အဝါ လျော့ကျသွားခြင်း၊ အားအင် လျော့ကျသွားခြင်းတို့နှင့် ပတ်သတ်ပြီး ဘာဗဟုသုတမျှ မရှိထားကြသည့်တိုင်အောင် တစ်ချက်ကြည့်ရုံဖြင့်ပင် အခြေအနေ၏ အရေးပါပုံကို မြင်နိုင်သည်။ တိဗက်လူမျိုးများဟာ ကျဆုံးတော့မည်ဖြစ်သည်။

တိဗက်လူမျိုးများ၏ အရေအတွက်ဟာ ထန်များထက် သာနေသော်လည်း သူတို့ဟာ အန်းနန်အစိုးရစစ်တပ်ကို မည်သည့်နည်းနှင့်မျှ မယှဉ်နိုင်တော့ချေ။ ဝမ်ချောင်က တိဗက်လူမျိုးများကို ချုပ်နှောင်ထားသော ထိုအိတ်ကပ်ကဲ့သို့သော နေရာမျိုးအရ တိဗက်လူမျိုးများ၏ ပမာဏဟာ စပါးများ ကြွေကျသလိုမျိုး ဆုံးရှုံးနေရပြီဖြစ်သည်။

အခြားသော တိုက်ပွဲနယ်မြေတွင် အန်းနန်အစိုးရ စစ်တပ်ကမူ ထိုချွန်ထက်ရှသော ဓားများဖြင့် ရန်သူများ၏ နှလုံးသားထဲသို့ ထိုးဖောက်နေပြီး ရန်သူကို ခုခံနိုင်စွမ်းအားမဲ့အောင် လုပ်နိုင်စွမ်းရှိနေခဲ့သည်။

တိဗက်လူမျိုးများကသာ ပင်လယ်ဆိုလျှင် ထန်စစ်တပ်ဟာ ထိုပင်လယ်ထဲမှ ကျောက်စိုင်များ ဖြစ်နေသည်။ မျက်နှာပြင်ပေါ်တွင် တစ်ဖက်က အားနည်းနေသည်ဟု ထင်ရသည့်တိုင်အောင် အမှန်အတိုင်း ဆိုရသော် သူတို့ဘက်ကသာ အပြည့်အဝ အားသာနေခြင်းဖြစ်သည်။

“အံ့သြစရာပဲ တကယ်ကို အံ့သြစရာပဲ”

ချန်းရှုစွန်းက လက်သီးကို တင်းကြပ်စွာဆုပ်ပြီး မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာသည်။

အခြားသော အစောင့်များ အရာရှိများ အားလုံးဟာလည်း ဝမ်ချောင်ကို မတူခြားနားစွာ ကြည့်သွားကြပြီဖြစ်သည်။ ဝမ်ချောင်ဟာ စစ်တပ်ကို ပထမဦးဆုံးအကြိမ် အာဏာအပြည့်ဖြင့် တာဝန်လွှဲပြောင်းယူခဲ့သည့်အခါ လူတိုင်းကသူ့ကို သံသယဝင်ခဲ့ကြသည်။ အထူးသဖြင့် ချန်းရှုစွန်းကပင် ပါဝင်ခဲ့သေးသည်။ ယခုမူ သူတို့အားလုံးဟာ တိုက်ပွဲအခြေအနေကို ငုံ့ကြည့်ပြီးနောက်တွင် မည်သူကမှ သူ့ကိုဆက်လက်ပြီး သံသယမဝင်တော့ချေ။

အငယ်ဆုံး သခင်လေးဟာ စစ်အနုပညာတွင် ထိုမျှအဆင့်အတန်း မြင့်မားသည်အထိ နားလည်သဘောပေါက်ထားမည်ဟု မထင်ထားမိချေ။ အကြီးဆုံးသခင်လေးကသာ နိုးလာခဲ့ပြီး ဒီနေရာတွင် ရှိနေအုံးမည်ဆိုလျှင်ပင် ယှဉ်နိုင်မည်မဟုတ်လောက်ချေ။ ထို့ကြောင့် သူတို့၏ စစ်တပ်အတွက် မျှော်လင့်ချက်ရှိနေသည်။ ချန်းရှုစွန်းက အလွန်အမင်း စိတ်အေးသွားရသည်။

သူ၏အရှေ့ရှိ မြင်းကွင်းဟာ သူတို့၏ အရိုင်းဆိုင်း အကြမ်းဆုံး၊ အရူးသွပ်ဆုံး အိမ်မက်ထဲတွင်ပင် မမျှော်လင့်ရဲသော အခြေအနေမျိုး ဖြစ်နေသည်။ လေးသည်တော်တပ်ဖွဲ့က ရိုးရှင်းသော အမိန့်အောက်တွင် တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်နိုင်ပြီး ခမ်းနားစွာဖြင့် အောင်မြင်မှု ရရှိရန် ပံ့ပိုးကူညီနိုင်သွားသည်။ ဒါဟာ နတ်ဘုရား၏ တာဝန်သာလျှင်ဖြစ်သည်။

အခန်း(၅၃၀)

“မြင်းတပ် အဆင်သင့်ပြင်ထား”

ဝမ်ချောင်ဟာ သူ၏နောက်ကွယ်တွင် ဖြစ်ပျက်နေသော အခြေအနေများကို သတိပြုမိခြင်း မရှိချေ။ သူ၏စိတ်ကမူ အပြည့်အဝ တည်ငြိမ်ကာ ကျိုးကြောင်းစဉ်းစားနိုင်စွမ်းရှိသော အနေအထားတွင်သာ ရှိနေသည်။ ဒီတိုက်ပွဲဟာ လက်ရှိတွင် အရေးအကြီးဆုံး အချိန်ကို ရောက်ရှိနေပြီဖြစ်သည်။ ထိုအခိုက် အန်းနန်အစိုးရစစ်တပ်က အခွင့်ကောင်းယူပြီး အပြည့်အဝ လှုပ်ရှားရမည်ဖြစ်သည်။ ဝမ်ချောင်ဟာလည်း ဆရာသခင် လေးသည်တော်များကိုသုံးပြီး ဒီအခြေအနေကို အပြည့်အဝ ထိန်းချုပ်ရန် ကြိုးစားတော့သည်။ သို့သော် တိဗက်လူမျိုးများဟာလည်း လက်လျော့သွားလိမ့်မည် မဟုတ်ချေ။ ဝမ်ချောင်ကသာ နောက်ဆုံး တောင့်ခံမှုကို မဖြိုခွဲသမျှ ကာလပတ်လုံး ထိုတိဗက်လူမျိုး အယောက်ခုနှစ်သောင်းဟာ သူတို့၏ စစ်တပ်တစ်ခုလုံးကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ချေမွနိုင်နေသေးသည်။

မြင်းတပ်ဝင်များ အားလုံးဟာ ဝမ်ချောင်၏ ပတ်ဝန်းကျင်တွင် ရှိနေကြသည်။ သူတို့အားလုံးဟာ တောင်ပေါ်မှအောက်သို့ ငုံ့ကြည့်လိုက်ချိန်တွင် သူတို့၏ခန္ဓာကိုယ်များဟာ အလွန်အမင်း အားအင်ပြည့်ဝနေသလိုမျိုး စိတ်ဆန္ဒအလျောက်ပင် တက်ကြွလာကြကာ ချက်ချင်းလိုလို တိုက်ခိုက်လိုစိတ် ပြည့်ဝလာကြသည်။ ဒီတိုက်ပွဲဟာ မဟာအင်ပါယာ သုံးခုလုံးနှင့် ပါဝင်သက်ဆိုင်နေပြီး စစ်သည်တော် တစ်သန်းကျော်လုနီးပါး ဖြစ်နေသည်။ ပထမဦးဆုံးအကြိမ် သူတို့အနေဖြင့် မျှော်လင့်ချက် အလင်းရောင်ကို မြင်လိုက်ရသည်။

ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကို နေ့ရက်ပေါင်းများစွာ ကျော်ဖြတ်ပြီးနောက်တွင် နောက်ဆုံးသော သေးငယ်သည့် ငွေရောင်မျှော်လင့်ချက်ဟာ မောပန်းနွမ်းနယ်နေသော စစ်တပ်အတွက် အလွန်အရေးကြီးလေသည်။

တောင်ထိပ်ဟာ ငြိမ်သက်နေပြီး မိုးစက်များကျဆင်းသံ၊ အလံ၏ လေတွင်လွင့်သံမှလွဲပြီး မည်သည့်အသံမှ ထွက်မနေခဲ့ချေ။ ထိုသို့ချောက်ချားဖွယ် တိတ်ဆိတ်မှုကြောင့် လူတိုင်းဟာ ဝမ်ချောင်၏အမိန့်ကို စောင့်ခံနေခြင်းဖြစ်ကြောင်း သိသာလာစေသည်။

မည်သူကမှ ဒီလိုအခြေအနေမျိုးတွင် သေးငယ်သော သံသယပင် မဝင်ကြတော့ဘဲ သူတို့၏ စိတ်မသက်မသာ ဖြစ်မှုများအားလုံးဟာ ဝမ်ချောင်အပေါ် အဆုံးအစွန်းဆုံးအထိ ယုံကြည်မှုအဖြစ် အပြည့်အဝ ပြောင်းလဲသွားလေသည်။

ထွက်လာခဲ့။ ထွက်လာခဲ့။ မင်းဘာမှ မလုပ်ဘူးဆိုတာကို ငါမယုံဘူး။

ဝမ်ချောင်က စိတ်ထဲတွင်မူ တောင်အောက်သို့ ငုံ့ကြည့်ပြီး ပြောလိုက်သည်။

ဓားအစွယ်သားရဲ ကျောက်စစ်လော့ဟာ နာဂရီတော်ဝင်မျိုးနွယ်၏ ကျားဗိုလ်ချုပ် ငါးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး မာန်ရှဲ့ကျောက်၏ အိမ်ရှေ့စံလည်းဖြစ်သည့် ဖုန်းကျားရီလည်း ရှိသည်။ နှစ်ယောက်လုံးဟာ မည်သူ့ကိုမှ အထင်မသေးရဲလောက်အောင် အလွန်အမင်း ထူးချွန်ပြောင်မြောက်စွာ လုပ်ကိုင်နိုင်စွမ်းရည် ရှိကြသည့် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်များ ဖြစ်နေကြသေးသည်။ သူတို့ဟာ သလွန်လျော့ကျန်း၊ ဟော်ရှုဟွေ့ခမ်း သို့မဟုတ် ခဲ့လော့ဖုန်းတို့လောက် တောက်ပခြင်း မရှိသည့်တိုင်အောင် အလွန်အမင်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေကြဆဲဖြစ်သည်။

သိထားရမည်မှာ အန်းနန်အစိုးရစစ်တပ်၏ ခါးသီးစွာ ရှုံးနိမ့်မှုဟာ သူတို့နှင့် တိုက်ရိုက် ပတ်သတ်နေသည်ဟု ဆို၍ရသည်။

ဝမ်ချောင်ဟာ ဖုန်းကျားရီနှင့် ကျောက်စစ်လော့တို့ဟာ ဒီတိုင်းငြိမ်ငြိမ် ထိုင်နေပြီး သူဟာ အရှေ့မြောက်ဘက်ပိုင်းတွင် တိဗက်လူမျိုးများကို ရှုံးနိမ့်သွားအောင် တွန်းပို့နေခြင်းကို ကြည့်နေမည်ဟု မယုံကြည်ချေ။ ဗိုလ်ချုပ်တစ်ယောက်ဟာ အမြဲတစေ တိုက်ပွဲနယ်မြေ တစ်ခုလုံးအပေါ် အာရုံစိုက်ထားရသည်။ ဖုန်းကျားရီနှင့် ကျောက်စစ်လော့တို့ကသာ ထိုသို့မလုပ်နိုင်လျှင် ဝမ်ချောင်ဟာ သူတို့အပေါ် အထင်ကြီးလွန်းခြင်းဟု ယူဆရပေတော့မည်။

နောက်ဆုံးကျန်ရန်မှာ စောင့်ဆိုင်းရန်ဖြစ်သည်။ ထိုနှစ်ယောက် မည်သို့တုန့်ပြန်မည်ဖြစ်ကြောင်း ကြည့်ရပေမည်။ ဝမ်ချောင်က ထိုသို့တွေးလိုက်သည်။

ဝမ်ချောင်က ကြာကြာမစောင့်ရချေ။ မိုးခြိမ်းသံတစ်ချက် ထွက်ပေါ်လာပြီး မြေပြင်က အရှေ့တောင်ဘက်ပိုင်းသို့ တိုက်ရိုက်ရုတ်တရက် ကွဲအက်သွားပြီး မိုးသည်းထဲမှ မြင်းခွာသံများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင် ကုန်းပြင်တောင်တန်းများ အားလုံးဟာ မိုးသံနှင့် မိုးကြိုးသံများကြားတွင် ပဲ့တင်ထပ်သွားတော့သည်။

“သတ်”

အဝေးမှ နားကွဲမတက် ဆူညံစူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ မျက်တောင်တခတ် အချိန်အတွင်းတွင် တိဗက်မြင်းတပ် စစ်တပ်တစ်ခုလုံးဟာ အဝေးမှ ဒုန်းစိုင်းအပြေး နှင်လာသည်။ သူတို့၏အရှိန်ဟာ အံ့အားသင့်စရာကောင်းပြီး သူတို့၏ အရှိန်အဝါနှင့် စွမ်းအင်တိုင်းဟာ သာမာန်မြင်းတပ်ထက် အပြတ်အသတ် သာလွန်နေသည်။

“ထန်စစ်သားတွေကို သတ်နိုင်တဲ့လူတွေက အသက်ရှင်ခွင့်ရပြီး နောက်ဆုတ်တဲ့ လူတွေအားလုံး ကွက်မျက်ခံရမယ်လို့ ဗိုလ်ချုပ်က အမိန့်ထုတ်လိုက်တယ်”

ထိုသို့သော အခြေအနေမျိုးတွင် ကြောက်မက်ဖွယ်ကောင်းသော သတင်းက ရောက်လာပြီး မိုးအမှောင်ထဲတွင် အဖြူရောင်အလင်းက ဖြတ်ကနဲ လင်းလက်သွားသလို ရက်စက်သော လေသံနှင့်အတူ ပါလာသည်။

“တော်ဝင်အစောင့်တပ်က အမိန့်ကို လက်ခံရရှိပါတယ်။ နောက်ဆုတ်တဲ့လူတိုင်း ကွက်မျက်ခံရမယ်”

ဝေါင်း

ထိုသံတမန်ထံ ပြန်လည်တုန့်ပြန်သံဟာ ကောင်းကင်ကွဲလုမတက် တုန်ခါသွားစေနိုင်စွမ်းရှိသော ဟိန်းဟောက်သံကြီးဖြစ်သည်။ အလွန်အမင်း တောင့်တင်းသန်မာပြီး ထောင်လွှားမောက်မာသော တိဗက်တော်ဝင် အစောင့်တပ်များဟာ ရုတ်တရက် ချက်ချင်းလိုလို မြင်းပေါ်မှ ဆင်းလိုက်ကြပြီး သူတို့၏ တောက်ပသော အရှိန်အဝါကို ဖယ်ရှားကာ အတန်းလိုက် ရပ်နေကြသည်။ သူတို့၏ လက်နက်များ အားလုံးဟာ တောင်ထိပ်ထံ ရွယ်ထားလေသည်။

ရန်သူနှင့် အရေအတွက် အပြတ်အသတ်သာသော တိဗက်လူမျိုးများဟာ ဝရုန်းသုန်းကား ဖြစ်နေကြပြီး အားလုံးဟာ ဦးတည်ရာမဲ့သော ယင်ကောင်များကဲ့သို့ နောက်ဆုတ်ရန် စိတ်ပျက်အားငယ်စွာ ကြိုးစားနေကြသည်။ ဒါဟာ အင်အားကိုကိုးကွယ်သော တိဗက်လူမျိုးများအတွက် ရွံ့ရှာစရာ အခြေအနေမျိုးဖြစ်သည်။

တော်ဝင်အစောင့် စစ်တပ်များဟာ မြင်းများပေါ်မှ ဆင်းသက်လာပြီးနောက်တွင် အသစ်တစ်သုတ် ရောက်လာသော ထိုတိဗက်တပ်ကူ အယောက်တစ်ထောင်ကျော်ဟာလည်း ရေကြီးလာသလိုမျိုး အရှိန်အဟုန်အပြည့်ဖြင့် တောင်ထိပ်ထံ ဦးတည်လာတော့သည်။

“မကောင်းတော့ဘူး အန္တရာယ်ပဲ”

တောင်ထိပ်တွင်...

ခမ်းနားသော အလံအောက်တွင် ရှိနေသော ချန်းရှုစွန်းက ထိတ်လန့်လာသည်။

သူဟာ ဝမ်ချောင်၏ စစ်အနုပညာပေါ် နားလည်နိုင်စွမ်းနှင့် နှိုင်းယှဉ်သော် အလွန်နိမ့်ကျကြောင်း နားလည်နေသည့်တိုင်အောင် ချန်းရှုစွန်းအနေဖြင့် သူဟာလည်း အရာရှိဟောင်းတစ်ယောက် ဖြစ်နေကြောင်း နားလည်နေသေးသည်။ ထန်စစ်တပ်က အလျှင်ဦးမှု ရယူခဲ့သော်လည်း ဗျူဟာနှင့် ဝင်္ကပါ၏ ရလဒ်ကိုမူ ဝမ်ချောင်ကိုယ်တိုင်က ခင်းကျင်းခဲ့ခြင်းဖြစ်သည်။

အရေးကြီးဆုံး ဗျူဟာနှင့် ဝင်္ကပါများ၏ အရေးကြီးနိုင်စွမ်းဟာ အကန့်အသတ်ရှိသည်။ သံသယဝင်ရန် မလိုလောက်အောင် ထန်လေးထောင့် ဝင်္ကပါများအားလုံးက အကန့်အသတ် ရောက်သည်အထိ တိုက်ခိုက်ခဲ့ကြပြီး နောက်ထပ် လက်ရွေးစင် ရှစ်ထောင်၊ ကိုးထောင်ခန့် ရောက်ရှိလာလျှင် သူတို့၏ လုပ်နိုင်စွမ်းအားက ဖိအားအဖြစ် ပြောင်းလဲသွားတော့မည်ဖြစ်သည်။

“စိုးရိမ်စရာမရှိဘူး”

ဝမ်ချောင်ဟာ လက်ယမ်းပြီးနောက် စိုးရိမ်မှုမရှိဘဲပြောသည်။

“သူတို့ကို တက်လာပါစေ”

“ဒါပေမဲ့အရှင် ကျွန်တော်တို့ တောင့်ခံနိုင်မယ်မထင်ဘူး”

ထန်စစ်သည်တော်များဟာ စိုးရိမ်စွာဖြင့် ပြောကြသည်။ ဝမ်ချောင်ဟာ သူတို့ထဲက မည်သူနှင့်မျှ မရင်းနှီးချေ။ သို့သော် သူတို့အားလုံးဟာ သူ့အစ်ကိုကြီး၏ သက်တော်စောင့်များဖြစ်ကြောင်း နားလည်နေသည်။

“စိုးရိမ်ဖို့မလိုဘူး အင်အားလှိုင်းကသာ ချက်ချင်း မကျဆုံးသွားရင် အဆင်ပြေတယ်”

ဝမ်ချောင်ဟာ တည်ငြိမ်စွာပြောသည်။

ဝမ်ချောင်ဟာ ဒီတစ်သုတ် တက်လာသည့်အဖွဲ့ကို နှောက်ယှက်ရန်လည်း ဆန္ဒမရှိပေ။ မျှော်လင့်ထားသည့်အတိုင်း တောင်ထိပ်ပေါ်မှ အရာရှိများ၏ မျက်နှာဟာ စိုးရိမ်တကြီးဖြစ်လာတော့သည်။

ရုတ်တရက် ရေကြီးလာသလိုမျိုး အလွန်များပြားသော တိဗက်တပ်ကူ အားလှိုင်းဟာ ထန်ဝင်္ကပါထဲသို့ ဝင်ရောက်လာကြပြီး အရှိန်အဟုန်ပြင်းစွာဖြင့် ပေါက်ကွဲမှုများကို ထုတ်ဖော်တော့သည်။ ထိုသို့ဖြင့် ငယ်သံပါအောင် အော်ဟစ်သံများက ထွက်ပေါ်လာပြန်သည်။

ဝမ်ချောင်ဖွဲ့စည်းထားသော ထိုအိတ်ကပ်၏ အပြင်ဘက်တွင် ထန်စစ်တပ် အဖွဲ့နှစ်ခုရှိပြီး သူတို့အားလုံးဟာ ပြိုပျက်တော့မည့် လက္ခဏာမျိုးကို ပြလာသည်။

တစ်ဆယ်

ကိုး

ရှစ်

ဝမ်ချောင်ဟာ တောင်အောက်သို့ကြည့်ရင်း စိတ်ထဲတွင် ရေတွက်နေသည်။ အမြင့်ဆုံးမှ ကြည့်နေသဖြင့် တိုက်ပွဲ၏ တိုးတက်မှုကို သူကရှင်းရှင်းလင်းလင်း ပြောနိုင်နေသည်။ တိဗက်တပ်ကူများဟာ သူတို့၏အာရုံကို ထိုထန်တိုက်ခိုက်မှု ဝင်္ကပါနှစ်ခုထံသို့သာ ပို့ထားကြလေသည်။

သူတို့ဟာ ဖိအားပေးရန်အတွက် ရှေ့တက်ရန်ကိုသာ အထူးအာရုံစိုက်နေခဲ့ပြီး တောင်ထိပ်တွင်ရှိသော တပ်ဖွဲ့ကို ကရုမစိုက်တော့ချေ။ ပို၍ဆိုးသည်မှာ တိုက်ပွဲဟာ ပို၍ပြင်းထန်သထက် ပြင်းထန်လာချိန်တွင် ဒီလိုအခြေအနေက ဆက်ဖြစ်နေသေးခြင်းဖြစ်သည်။

လေး သုံး နှစ် တစ်

သူ၏ရေတွက်မှုဟာ တစ်သို့ ရောက်ရှိသွားချိန်တွင် ရုတ်တရက် တိဗက်တပ်ကူများကြားတွင် ရုတ်တရက် အားလှိုင်းများ ထွက်လာသလို ဖြစ်လာသည်။ ထိုအားလှိုင်းဟာ သံသယဝင်စရာ ကောင်းလွန်းပြီး ရုတ်တရက် ရေစမ်းချောင်းထဲတွင် အမြုပ်များ ပေါ်လာသလို ဖြစ်လာခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်အတွက်မူ ဒီအခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်နေသည်။

“အရှေ့မြောက်ပိုင်း မြင်းတပ်တွေအားလုံး ချီတက်ကြ”

သိပ်မကြာခင် အချိန်တွင် ဝမ်ချောင်ဟာ နောက်ဆုံးတွင် ယခင်မြင်းတပ်ကို ထွက်ခွာစေခိုင်းလိုက်ပြီဖြစ်သည်။

ထိုသို့ဖြင့် မြေကမာ္ဘတုန်ဟီးစေလောက်အောင် ကျယ်လောင်သော အသံက ထွက်လာသည်။ ထိုမြင်းတပ်ဟာ ဒီအမိန့်ကို စောင့်နေသည်မှာ ကြာလှချေပြီ။ ယခုအခါသူတို့က အမိန့်ပေးခံရပြီ ဖြစ်သဖြင့် အားလုံးက အလျှင်အမြန် ရှေ့ဆက်တက်ကြသည်။ ရေတံခွန်ကျလာသလို အရှိန်နှုန်းမျိုးဖြင့် တောင်အောက်သို့ ဒုန်းစိုင်းဆင်းသွားကြခြင်းဖြစ်သည်။

မြင်းဟီးသံများနှင့်အတူ သတ္တုချင်း ထိခတ်သံများက ရောထွေးသွားသည်။ အချိန်တိုတစ်ခု ကြာပြီးနောက်တွင် မြင်းတပ်ဟာ ကြောက်မက်ဖွယ် အရှိန်နှုန်းဖြင့် အရှိန်ရလာပြီး ရှေ့ဆက်သွားနိုင်သွားသည်။ မြင်းတပ်က ထိုသို့ချီတက်လိုက်ချိန်တွင် မည်သူကမှ ဝမ်ချောင်ဟာလည်း အလယ်အောက်မှ ရှေ့ဆက်တက်လိုက်ပြီဖြစ်သော သတိမထားမိကြချေ။ သူ၏မျက်ဝန်းဟာ တောက်ပနေသည်။

ဝုန်း

ဝမ်ချောင်၏အနောက်တွင် အလွန်အမင်း ခမ်းနားသော နတ်စစ်မြင်းနှင့်အတူ သေချာမမြင်ရသော ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်လာချိန်တွင် အာကာသအချိန် အနက်ရှိုင်းဆုံး အပိုင်းတွင်လည်း မြင်းတစ်ကောင်၏ ဟီသံက ထွက်ပေါ်လာသည်။ တချိန်ထဲတွင်ပင် ဝမ်ချောင်၏ ခြေထောက်အောက်တွင် ရှိသော ခမ်းနားသည့် အရှိန်အဝါဟာ စတင်ကျယ်ပြန့်လာပြီး မြင်းတပ်ထံ ရောက်ရှိသွားတော့လေသည်။

အန်းနန်အစိုးရစစ်မြင်းတပ်ဟာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းကို ပိုင်ဆိုင်လာပြီး အောက်သို့ ဆက်တိုက် ထိုးဆင်းသွားသည်။ ရုတ်တရက် ဖုန်တပ်ရင်း၏ အရှိန်အဝါ အားဖြည့်ပေးမှုကြောင့် သူတို့ဟာ အလိုလိုပင် ပို၍မြန်ဆန်သွားတော့သည်။

ဝုန်း

တောင်ပေါ်မှ ချက်ချင်းလိုလို ဆင်းသက်လာသော မြင်းတပ်လေးထောင်က အရာအားလုံးကို ဖယ်ရှားရှင်းလင်းလိုက်နိုင်သည်။

“မကောင်းတော့ဘူး”

“ဒါက တောင်ထိပ်က ထန်စစ်တပ်တွေပဲ။ ဝင်္ကပါကို အသင့်ပြင်ကြ။ ဝင်္ကပါကို အသင့်ပြင်ကြ”

“ဒါကမြင်းတပ်ပဲ သူတို့ချီတက်လာနေပြီ ကရုစိုက်ကြ”

တောင်ထိပ်မှ တပ်ဖွဲ့များ ဆင်းသက်လာခြင်းက တပ်ကူများအားလုံးကို ထိတ်လန့်သွားစေသည်။ သူတို့အားလုံးဟာ အထူးစစ်သည်တော်များကို အံ့အားတကြီးကြည့်လျှက် ခုန်ဝင်လာကြသည်။

အကန့်အသတ်မဲ့စွာ ရွာသွန်းနေသောမိုးက သူတို့အနေဖြင့် တောင်ထိပ်မှ အခြေအနေကို အသေအချာ မြင်ရရန် ခက်ခဲစေလေသည်။

မည်သူကမှလည်း အန်းနန်အစိုးရစစ်တပ်က ဒီလိုအခြေအနေမျိုးတွင် စစ်သည်တော်များကို ဆက်လက် ပိုင်ဆိုင်ထားသေးအုံးမည်ဟု မမျှော်လင့်ထားကြချေ။ မြင်းတပ်ပင်ဖြစ်နေသော်လည်း သူတို့၏ အင်အားကမူ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်းပင် ရှိနေခဲ့သည်။ မြင်းတပ်လေးထောင်ဟာ တိဗက်စစ်ကူ ရှစ်ထောင်ကိုးထောင်ကို ရင်ဆိုင်နေပြီး အင်အားကမူ တိုက်ပွဲကို ပြောင်းလဲနိုင်ရန် လုံလောက်နေသည်။

“ဝင်္ကပါ အသင့်ပြင်ကြ။ ဝင်္ကပါဒိုင်း နေရာယူကြ”

တိဗက်အရာရှိတစ်ယောက်ဟာ ပတ်ဝန်းကျင်ရှိ စစ်သားများကို ကန်နေပြီးနောက်တွင် ဝင်္ကပါထဲသို့ မြန်မြန်ဝင်ခိုင်းသည်။ သို့သော် အားလုံးက နောက်ကျသွားပြီဖြစ်သည်။ ထိုစစ်သည်တော်များ အားလုံး၏ အာရုံဟာ နဂိုကတည်းက အရှေ့တွင်ရှိသော ထန်စစ်သည်တော်များကို ဖြိုဖျက်ထိုးခွင်းရန်သာ ဆန္ဒရှိနေခဲ့ကြသည်။ ထို့ကြောင့် သူတို့က အလျှင်မြန်ဆုံး ဖျက်ဆီးသတ်ဖြတ်ရန် ကြိုးစားနေကြလေသည်။ ဆိုလိုသည်မှာ သူတို့အနေဖြင့် ဝင်္ကပါအတိုင်း လှုပ်ရှားရန် နောက်ကျသွားပြီဖြစ်သည်။

ဝုန်း

မည်သူကမှ မတုန့်ပြန်နိုင်ခင်မှာတင် ထိုမြင်းတပ်လေးထောင်ဟာ တိဗက်တပ်ကူများထံသို့ အသားကုန် တိုးဝင်သွားသည်။

မည်သူကမှ ထိုသို့ ကြောက်မက်ဖွယ်ကောင်းသည့် ဝင်ဆောင့်တိုက်မှုကို မမျှော်လင့်ထားကြချေ။ ဒီအခြေအနေတွင် တိဗက်စစ်သည်တော်များ အားလုံးဟာလည်း လက်ရွေးစင်များထဲမှ လက်ရွေးစင်များ ဖြစ်နေကြပြီး မြင်းတပ်အလုံးအရင်းဖြင့် ဝင်ရောက်သွားချိန်တွင် ပိုင်ဆိုင်ထားသော အင်အားများအရ မဟာထန်၏ မြင်းတပ်တစ်ခုချင်းစီတိုင်းက အစစ်အမှန် သိုင်းအဆင့်ခုနှစ် ကျွမ်းကျင်ပညာရှင် တစ်ယောက်၏ အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ ထိုအင်အားဟာ ပုံမှန်တိဗက် မြင်းတပ်သမားများ ပိုင်ဆိုင်တားဆီးနိုင်သော အရှိန်အဝါမျိုး မဟုတ်ချေ။

မြင်းတပ်ဟာ တိုက်ပွဲနယ်မြေတွင် အရေးကြီးသည်မှာ သူတို့၏ အင်အားဟာလည်း မြင်းနှင့်လူ ပေါင်းစည်းရာမှ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ ဝမ်ချောင်၏လက်တွင်မူ ထိုအခြေအနေဟာ ပို၍ဆိုးသည့် အနေအထားထိရောက်အောင် တွန်းပို့ပေးနိုင်သွားသည်။

“အား”

လေထဲတွင် ငယ်သံပါအောင် အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက်တွင် တိဗက်လူမျိုးနှင့် မြင်းတစ်ကောင်က အဝေးသို့ လွင့်ထွက်သွားသည်။ သူ၏လက်အောက်ငယ်သားများကလည်း အလွန်အမင်း ခြောက်လန့်နေကြသည်။ တဘုန်းဘုန်း မြည်သံများနှင့်အတူ ချက်ချင်းလိုလို တိဗက်လူမျိုး အယောက်ရာကျော်၏မြင်းတပ်ဟာ လေထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။

ကြွက်သားစုတ်ပြဲ ဒဏ်ရာများက ဆက်တိုက် ထွက်ပေါ်လာပြီးနောက်တွင် သတ္ထုချင်း ထိခတ်သံများ၊ အရှိန်အဝါခြင်း ပဲ့တင်ထပ်သံများ၊ စသဖြင့်တို့က ထွက်ပေါ်လာတော့သည်။ အားလုံးဟာ အလွန်အမင်း မှေးမှိန်ဖျော့တော့သော အခြေအနေအောက်တွင် ဖြစ်ပျက်နေခဲ့ခြင်းဖြစ်သည်။

“သတ်”

ပတ်ဝန်းကျင်တွင်လည်း အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက်တွင် မဟာထန်မြင်းတပ် တစ်ခုလုံး မြင်ရရန်အတွက် တိမ်စိုင်များက လင်းလက်တောက်ပလာပြီး သတ်ဖြတ်လိုစိတ်အပြည့်ကို ထုတ်ဖော်လိုက်ကြသည်။ ဒီလိုအခြေအနေမျိုးတွင် အသင့်ရောက်ရှိကာစ တိဗက်တပ်ကူများ အားလုံးက ဝရုန်းသုန်းကား ဖြစ်သွားတော့သည်။

“အား”

“သူတို့ကို တားကြပါအုံး”

“ငါတို့တောင့်မခံနိုင်တော့ဘူး”

“သူတို့မှာ လူအများကြီးရှိနေတယ်”

“မကောင်းတော့ဘူး အရှင်က အသတ်ခံရတော့မယ်”

တိဗက်လူမျိုးများက ချက်ချင်းလိုလို စိတ်ဓာတ်ကျသွားကြသည်။ ထန်ဓာတ်အားလှိုင်းက ပျက်စီးသွားပြီး အနေအထားမျိုးတွင် ရှိနေသော်လည်း ချက်ချင်းလိုလိုပင် ပြန်လည်သက်သာသွားသည်။

ထိုအခိုက် တိဗက်လူမျိုးများက ဒီလိုအခြေအနေမျိုးတွင် အနိုင်ရရှိသွားသည်။ သူတို့အိတ်ကပ်ထဲတွင် ဖမ်းချုပ်နှောင်ထားသော ထိုလူများအားလုံးဟာ တပ်ကူများနှင့် အဆက်အသွယ် ဖြစ်ရပ်အတွက်ဖြစ်သည်။ သူတို့၏ အဓိကအင်အားစုဟာ နေရာသုံးခုကို ဖြိုချဖျက်ဆီးရန်ဖြစ်သည်။ စစ်သည်တော်များက အခြားသော ထန်စစ်သည်တော်များနောက်သို့ လိုက်လိုကြသည်။ သို့သော် သူတို့က မနီးကပ်နိုင်ခင်မှာတင် သူတို့နံပါတ်မှ တစ်သောင်းကျော်လောက်က ချက်ချင်းလိုလို ပျက်စီးဆုံးရှုံးသွားကြောင်းကို မြင်လိုက်ရသည်။

“သေစမ်း ဘာတွေဖြစ်နေတာလဲ။ ဒီလူက ဝမ်ဖူမဟုတ်တာ သေချာလား”

တောင်တန်းပေါ်သို့ တက်နေချိန်တွင် တိဗက်အရာရှိက တောင်ထိပ်ပေါ်မှ ထောင်လွှားလွန်းသော အလံကို ကြည့်လိုက်ပြီးနောက် မျက်လုံးများက နီရဲသွားကာ ချက်ချင်းလိုလို ဒေါသထွက်လာတော့သည်။

အနောက်တောင်ပိုင်း နယ်မြေတစ်ခုလုံးတွင်ရှိသော ထန်စစ်တပ်က အန်းနန်စစ်ကာကွယ်မှုအောက်တွင် တည်ရှိနေပြီး ဝမ်ကလန်၊ ဝမ်ဖူကို ရန်စသည့် တိဗက်လူမျိုးများကလည်း ရှိလာတော့မည် မဟုတ်ချေ။ ထိုလူ၏ ပါရမီဟာ ဟော့ရှုဟွေ့ခမ်းနှင့် တာ့လွန်ရော့ကျန်းတို့ ချီးကျူးခံရသည့် အခြေအနေမျိုးနှင့် မတူကွဲပြားနေသည်။ ဝမ်ဖူအနေဖြင့် သူ့တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော အမ်ိန့်ပေးနိုင်စွမ်းနှင့် ဦးဆောင်နိုင်စွမ်းရှိကြောင်း မပြောခဲ့ရချေ။

သူကသာ တိုက်ပွဲနယ်မြေကို အခြေအနေ အလှည့်အပြောင်းဖြစ်အောင် ကြိုးစားလိုက်နိုင်မည်ဆိုလျှင် ထိုမမျှော်လင့်ထားသော ဆုံးရှုံးမှုက အံ့အားသင့်စရာ ကောင်းသွားပေလိမ့်မည်။ အနည်းဆုံး တိဗက်လူမျိုးများထဲမှ မည်သူကမှ ဒီလိုအတွေးမျိုး မတွေးမိလောက်ချေ။

တိဗက်လူမျိုးများက အရေအတွက်အားဖြင့် အားသာချက်ရှိကြောင်း သူပြန်တွေးမိသောအခါ လက်ခံရန် ခက်ခဲသွားသည်။

တိဗက်လူမျိုးများက လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ အရှေ့မြောက်ဘက်ပိုင်းနှင့် အရှေ့တောင်ဘက်ပိုင်းတွင် ပေါ့ပါးစွာ သွားလာနေနိုင်စွမ်း ရှိခြင်းဟာ တိဗက်လူမျိုးများ၏ ခုခံအားလှိုင်းကို ပြိုကျသွားစေခြင်းဖြစ်ပြီး တိုက်ပွဲနယ်မြေ အခြားနေရာများထံ ဆက်တိုက် ပြိုပျက်သွားစေတော့သည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူက တိဗက်လူမျိုး ၁၃၉၆၁ယောက်ကို သတ်ဖြတ်လိုက်ပါပြီ”

“ဂုဏ်ယူပါတယ် အသုံးပြုသူက တိဗက်လူမျိုး ၁၆၇၃၃ယောက်ကို သတ်ဖြတ်လိုက်ပါပြီ”

“ဂုဏ်ယူပါတယ် အသုံးပြုသူက တိဗက်လူမျိုး ၁၉၉၂၇ယောက်ကို သတ်ဖြတ်လိုက်ပါပြီ”

“ဂုဏ်ယူပါတယ် အသုံးပြုသူက တိဗက်လူမျိုး ၂၁၉၆၆ယောက်ကို သတ်ဖြတ်လိုက်ပါပြီ”

“ဂုဏ်ယူပါတယ် အသုံးပြုသူက တိဗက်လူမျိုး ၂၃၄၅၉ယောက်ကို သတ်ဖြတ်လိုက်ပါပြီ”

“ဂုဏ်ယူပါတယ် အသုံးပြုသူက တိဗက်လူမျိုး ၂၆၇၉၆ယောက်ကို သတ်ဖြတ်လိုက်ပါပြီ”

ဝမ်ချောင်ဟာ တောင်ထိပ်တွင်ရပ်လျှက် ခေါင်းထဲဆက်တိုက် တိုးဝင်လာနေသော သတင်းများကို လက်ခံရရှိနေသည်။ ဝမ်ချောင်၏ တပ်မှအင်အားနှင့် လုပ်နိုင်စွမ်းရည်ဟာ ဆက်တိုက် မြင့်တက်လာနေသည်။ ဝမ်ချောင်က တိဗက်လူမျိုးများ သေသည်နှင့်အမျှ သူ၏အင်အားက တိုးတက်နေသည်ဟု ဆိုရမည်ဖြစ်သည်။ ဒီတိုက်ပွဲဟာ အကောင်းဆုံး သွန်းလုပ်သည့်နေရာဖြစ်ပြီး လူတစ်ယောက်၏အင်အားကို တိုးမြင့်စေနိုင်စွမ်းလည်းရှိသည်။ အနည်းဆုံး ဝမ်ချောင်အတွက်ဖြစ်သည်။

ဘန်း ဘန်း ဘန်း

သူ၏အရှိန်အဝါ စွမ်းအားများဟာ သူ၏ကိုယ်အတွင်းသို့ ရောက်ရှိလာသည်။ ထို့နောက် စတင်ပြီး ပေါင်းစည်းမည့် လက္ခဏာများကို ပြသလာသည်။ ဝမ်ချောင်က စသဖြင့် ထူးဆန်းသည့် ခံစားချက်ကို ရလာသည်။ ဒါဟာ လျို့ဝှက်ဆန်းကြယ်ပြီး ဖော်ပြ၍ခက်ခဲသော အင်အားတစ်မျိုးကို သူကထိတွေ့လိုက်မိသလိုမျိုး ဖြစ်လာသည်။

ထိုခံစားချက်မျိုးက ထူးဆန်းပြီး ရင်းနှီးနေသည်။ ဒါဟာ အဆင့်မြင့်သိုင်းနယ်မြေ၏ ခွန်အားလည်းဖြစ်လောက်သည်။

All Chapters