အခန်း (၅၃၁-၅၃၅)
Vol. 25 Ch. 531-535
အခန်း(၅၃၁)
သူ၏ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းစီးဝင်လာသော စွမ်းအင်လှိုင်း တစ်လှိုင်းပြီးတစ်လှိုင်း တလိမ့်လိမ့် ရောက်ရှိလာခြင်းကို ခံစားမိနေသည့် ဝမ်ချောင်က ဖော်ပြရန်ခက်ခဲသော သာယာမှုမျိုးကို ရလိုက်သည်။ ဒါကစစ်ပွဲဖြစ်သည်။ ကျောက်သားကံကြမ္မာက သူ့ကို အင်အားမပေးနိုင်လောက်သော်လည်း ဒီစစ်ပွဲအတွက် တသီးတသန့် ပြင်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။ သူဟာ စစ်သူတော်စင်တစ်ယောက် ဖြစ်နေသေးသည်။ စစ်ပွဲကသာသူ့ကို အင်အားအကြီးဆုံး ခွန်အားများ ပေးစွမ်းနိုင်စွမ်းရှိနေသည်။ ထိုတခဏတွင် ဝမ်ချောင်၏စိတ်ဟာ သလင်းသားကဲ့သို့ ကြည်လင်လာသည်။
“အင်အားစုတွေအားလုံး ရှေ့တက်ကြ”
တိဗက်စစ်တပ်၏ ဝရုန်းသုန်းကားဖြစ်သော မြင်ကွင်းကို မြင်နေရသည့် ဝမ်ချောင်က ဗျူဟာနည်းလမ်းများ အားလုံးကို ဘေးသို့ဖယ်ထားလိုက်ပြီး လုပ်ကြံသတ်ဖြတ်ရန် နည်းလမ်းကိုသာ ထုတ်ပေးလိုက်သည်။ တိဗက်လူမျိုးများဟာ မဟာထန်အတွက် ခြိမ်းခြောက်နိုင်စွမ်းအား မေ့သွားလောက်အောင် ဝရုန်းသုန်းကား ဖရိုဖရဲ ဖြစ်နေကြပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်လုပ်ရန် လိုအပ်သမျှဟာ အင်အားအပြည့်ဖြင့် ချီတက်ရန်ဖြစ်သည်။ ဤနည်းအားဖြင့် ရန်သူ၏စစ်တပ်ကို အလွန်ပြင်းထန်သည့် ဖိအားအောက်သို့ ဆွဲချရန် လိုအပ်သည်။
သူကသာ သူတို့၏စစ်တပ်ကို အပြည့်အဝ ရှင်းလင်းပစ်ပြီး မြေပြင်တွင် လဲကျသွားအောင် ရိုက်နှက်လိုလျှင် ထိုအတိုင်း လုပ်ရမည်ဖြစ်သည်။
ဝုန်း
ဝမ်ချောင်က ထိုသို့အမိန့်ထုတ်လိုက်သည့် တခဏတွင် အရှေ့မြောက်ဘက်ပိုင်းနှင့် အရှေ့တောင်ဘက်ပိုင်းမှ စစ်တပ်နှစ်ခုလုံးဟာ ခုခံနေသည့် အနေအထားကို စွန့်လွှတ်ပြီး အင်အားအပြည့်ဖြင့် လုပ်ကြံသတ်ဖြတ်ရန် ရှေ့သို့ခုန်ဝင်လာကြတော့သည်။ ဒိုင်းကာစစ်သည်တော်များ၊ ပုဆိန်စစ်သည်တော်များ၊ လှံစစ်သည်တော်များနှင့် အခြားသော စစ်သည်တော်များ အားလုံးဟာ ရှေ့သို့သာ တက်ကြသည်။
“အား”
မြင်းဟီသံများနှင့်အတူ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ထို့နောက် မြင်းနှင့်လူများက မြေပြင်ပေါ်သို့ လဲကျသွားသည့် အသံများကလည်း ထွက်ပေါ်လာသည်။ အရှေ့မြောက်ဘက်ပိုင်းနှင့် အရှေ့တောင်ဘက်ပိုင်း နှစ်ဖက်လုံးတွင် တိဗက်လူမျိုးများဟာ လမ်းခင်းပေးသလိုမျိုး ဆက်တိုက် လဲကျနေကြရသည်။
“တိဗက်လူမျိုး အယောက် ၃၁၉၇၇ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
“တိဗက်လူမျိုး အယောက် ၃၃၄၅၅ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
“တိဗက်လူမျိုး အယောက် ၃၆၇၀၃ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
“တိဗက်လူမျိုး အယောက် ၃၉၉၁၁ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
အချိန်တိုအတွင်းတွင် ဝမ်ချောင်၏ စိတ်အတွင်း အမျိုးမျိုးသော သတင်းစကား အသံများဟာ နှင်းလုံးများလို တလိမ့်လိမ့် ဝင်ရောက်လာသည်။ ယခုအချိန်တွင် ဝမ်ချောင်အနေနှင့် အန်းနန်အစိုးရ စစ်တပ်နှင့် သူ၏စစ်မြေပြင် ပျက်စီးခြင်းချီစက်ကွင်းတို့၏ အင်အားကို အပြည့်အဝ ထုတ်ဖော်နိုင်စွမ်း ရှိသွားသည့်အတွက် တိဗက်စစ်တပ်ဟာ မြေပြိုကျသလိုမျိုး အတုံးအရုန်း နှိမ်နှင်းခံရပြီး သူတို့၏ ဆုံးရှုံးသည့် အရေအတွက်ဟာ များပြားလာတော့သည်။
ပါးလျသောစွမ်းအင် အလင်းတန်းများဟာ နွားသိုးတစ်ကောင်၏ ကိုယ်ပေါ်မှ အမွှေးများကဲ့သို့ မြောက်များသထက် မြောက်များလာပြီး အာကာသနှင့် အချိန်ကိုကျော်ဖြတ်ကာ တိုက်ရိုက်ဝင်လာနေသည်။
“အောင်မြင်ပြီ”
ဝမ်ချောင်ဟာ လက်သီးကို ခပ်တင်းတင်းဆုပ်လျှက် သူ၏စစ်တပ်ကို အနှံ့ဖြန့်ကျက်လိုက်စေသည်။ သူ၏စိတ်ကလည်း ခံစားချက်များ ရောပြွန်းသွားတော့သည်။ တိဗက်စစ်တပ်ဟာ အရေအတွက်အားဖြင့် ခုနှစ်သောင်းမှ ရှစ်သောင်းအထိ ရှိနေသည်။ သူကအရှေ့မြောက်ဘက်ပိုင်းနှင့် အရှေ့တောင်ဘက်ပိုင်းတွင် အလဲထိုးခဲ့သော အရေအတွက်နှင့်ဆိုလျှင် သူတို့၏စစ်တပ်ဟာ မည်သည့်နည်းနှင့်မျှ သူ့အပေါ် မခြိမ်းခြောက်နိုင်တော့ပေ။
“သေစမ်း”
ရုတ်တရက် တောင်ထိပ်တစ်ခုလုံးအနှံ့ မိုးခြိမ်းလိုက်သလိုမျိုး ရက်စက်ကြမ်းတမ်းလွန်းသည့် စိတ်ဆန္ဒနှင့် ပြင်းထန်စွာ အောက်ဘက်မှ အော်ဟစ်သံက ထွက်လာသည်။ ထိုအသံဟာ အဝေးမှ လာနေသည်မှာ ရှင်းလင်းလွန်းနေသော်လည်း အနားတွင် ပြောသကဲ့သို့ ကြားလိုက်ရသည်။ ဝမ်ချောင်က မတုန့်ပြန်နိုင်ခင်မှာတင် တောင်အောက်ခြေမှ ပေါက်ကွဲသံကြီးကို ကြားလိုက်ရတော့သည်။
“အား”
အရပ်မျက်နှာအနှံ့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ တောင်တက်လမ်း အလယ်တစ်နေရာတွင် အန်းနန်အစိုးရစစ်တပ်၏ တိုက်ကွက်များဟာ အပြင်းထန်ဆုံးဖြစ်ပြီး တိဗက်လူမျိုးများ၏ ဆုံးရှုံးမှုဟာ အများဆုံးဖြစ်သည်။ ထိုအချိန်တွင် ထိုသို့ပြင်းထန်သည့် စွမ်းအင်က ပေါက်ထွက်လာသည်။ ချီတက်သွားနေသော ထန်မြင်းတပ်ဟာ အော်ဟစ်လျှက် မြင်းများနှင့်အတူ လွင့်ထွက်ကုန်သည်။
ချက်ချင်းဆိုသလို အန်းနန်အစိုးရစစ်တပ်၏ တည်ရှိနေခဲ့ကာ နေရာတွင် ကြီးမားသော တွင်းပေါက်ကြီး တစ်ပေါက်က ပေါ်ထွက်လာတော့သည်။
“ဒါက”
ဝမ်ချောင်ဟာ မျက်လုံးပြူးသွားပြီး ထိုအဟကြားနေရာတွင် ရပ်နေသော တောင့်တင်းသန်မာသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထို့နောက် ထိုလူဟာ အဝေးမှသူ့အား ကြည့်နေကြောင်းကိုလည်း မြင်ထားမိလိုက်သည်။ ထိုအကြည့်ဟာ အေးစက်ပြီး ရက်စက်ကြမ်းတမ်းမှု အပြည့်ပါကာ ဝမ်ချောင်ကိုပင် အရိုးအထိ အေးစက်သွားစေသည်။
သို့သော်ဒါက တခဏသာဖြစ်သည်။ ထို့နောက် ထိုပုံရိပ်ဟာ ပျောက်ကွယ်သွားသည်။ လျှင်မြန်စွာဖြင့်ပင် ပုံရိပ်ယောင်ကဲ့သို့ ကွယ်ပျောက်သွားခြင်းဖြစ်သည်။
ဝေါင်း
ထို့နောက် လေကရုတ်တရက် ဟိန်းဟောက်သလို လိမ့်ကာတိုက်ခတ်လာပြီးနောက်တွင် လူတိုင်း၏ နားထဲတွင် ကျားတစ်ကောင် ဟိန်းဟောက်သံကဲ့သို့ ကောင်းကင်ကို တုန်ခါစေသည့် အော်ဟစ်သံကြီးက ထွက်ပေါ်လာသည်။ အာကာသပြင်ကပင် လိမ်တွန့်သလို ဖြစ်လာပြီး သေးငယ်သော တောင်တန်းတစ်လုံးစာတမျှ ကြီးမားသည့် အဖြူရောင်ကျားတစ်ကောင်၏ ပုံရိပ်ကို မြင်လိုက်ရသည်။ ထိုအကောင်၏ တစ်ကိုယ်လုံးတွင် ရှေးကျကာ ရက်စက်ကြမ်းတမ်းပြီး ခက်ထန်လွန်းသည့် စွမ်းအင်များက စီးဆင်းနေကာ ဆန္ဒရှိသလို နေရာတိုင်းကို သွားလာနိုင်စွမ်း ရှိနေခဲ့သည်။
မဟုတ်ဘူး ဒါကပုံရိပ်မှမဟုတ်တာ။
ဘန်း
အန်းနန်အစိုးရစစ်တပ်၏ အလယ်နေရာတွင် အလွန်အမင်း ကြီးမားသော ကျားဖြူသဏ္ဍန်နှင့်အတူ လက်သည်းလေးချက်ရာက ထင်ရှားစွာ ထွက်ပေါ်လာသည့်အခါ သုံးကျန်းခန့်မြင့်ပြီး ခုနှစ်ကျန်းခန့် ရှည်လျားကြောင်းကို ထင်ရှားစွာ မြင်လိုက်ရသည်။ ထိုကျားဖြူ၏ ကြွက်သားတိုင်းဟာ ဖျက်ဆီးခြင်းစွမ်းအားဖြင့် ပြဲထွက်မတက် ဖောင်းကားနေသည်။
ထိုကျားဖြူ၏ ခြေထောက်အောက်တွင်လည်း ခမ်းနားသော ဆူးချွန်များက ပြီးပြည့်စုံစွာဖြင့် အရှိန်အဝါအပြည့်နှင့်အတူ ရှိနေပြီး သူ၏ကျောတွင်လည်း ပြီးပြည့်စုံစွာ ချိတ်ဆက်နေသည့် လျို့ဝှက်ဆန်းကြယ်သော သင်္ကေတရုပ်ပုံများနှင့် တိုင်ငယ်လေးများဟာလည်း ထင်ရှားစွာ ရှိနေလေသည်။ ထိုကျားဟာ ကုန်လွန်ခဲ့ပြီးသောခေတ်မှ လျို့ဝှက်ဆန်းကြယ်သည့် ရှေးကျသည့် အရှိန်အဝါတစ်မျိုးကို သယ်ဆောင်ထုတ်လွှတ်နေလေသည်။
ဝေါင်း
သူ၏အေးစက်သော အကြည့်ဟာ တောင်ထိပ်ထံသို့ ရောက်နေသည်။ ထိုကျားဖြူက လက်သည်းကို တစ်ချက်ယမ်းလိုက်ပြီးနောက် မဟာထန်မြင်းတပ်မှ စစ်သည်တော် ငါးယောက်၊ ခြောက်ယောက်ခန့်ကို ကျောက်ခဲလုံးများကဲ့သို့ လွင့်ထွက်သွားစေသည်။ သူ၏အမြှီးကို တစ်ချက်ယမ်းလိုက်ရုံမျှဖြင့် ဝင်္ကပါတစ်ခုလုံးက ပြိုကျရသည်။
“မကောင်းတော့ဘူး ဒါက ဓားအစွယ်သားရဲ ကျောက်စစ်လော့ပဲ”
ချန်းရှုစွန်းက လေးနက်သော လေသံဖြင့်အော်ရင်း တစ်ချိန်ထဲတွင်ပင် သူ၏ဆေဘာဓားကို ဆွဲထုတ်ကာ ဝမ်ချောင်၏ရှေ့တွင် ရပ်လိုက်သည်။
တချွင်ချွင် မြည်သံများက ထွက်ပေါ်လာသည်။
တချိန်ထဲလိုလို တောင်ထိပ်မှ သက်တော်စောင့်တိုင်းက သူတို့၏ကိုယ်ပိုင် ဆေဘာနှင့်ဓားများကို ထုတ်ဖော်ကာ သဏ္ဍန်အပြည့် နေရာယူလျှက် တည်တင်းသော မျက်နှာထားမျိုးဖြင့် ဝမ်ချောင်၏ရှေ့တွင် ရပ်ကြသည်။
ထိုသက်တော်စောင့်များ၏ တာဝန်က ဗိုလ်ချုပ်ကို ကာကွယ်ရန် ဖြစ်သည့်အတွက် တိုက်ပွဲတွင်ဝင်ပါရန် မလိုချေ။ လက်ရှိ စစ်သေနာပတိချုပ်၏ လုံခြုံမှုကသာ သူတို့အတွက် အရေးအကြီးဆုံးဖြစ်ပြီး စစ်သေနာပတိချုပ် တစ်ယောက်၏ လုံခြုံရေးဟာ စစ်သည်တော်တစ်ယောက်ချင်းစီတိုင်း ဆုံးရှုံးမှုထက် အပြတ်အသတ် အလေးသာနေသည်။
ဝေါင်း
တောင်ထိပ်တစ်ခုလုံးကို ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းသံများက ပျံ့နှံ့သွားပြီး မိုးရွာသကဲ့သို့ အက်ကွဲသွားသည်။ တောင်တန်းကြီးတစ်ခုလုံးဟာ ထိုကျား၏ ဟိန်းသံအောက်တွင် တုန်ခါလာပြီး မရေမတွက်နိုင်သော မြေပြိုကျမှုများ၊ ကျောက်တုံးများ ပြိုကျကာ ဆင်ခြေလျောတစ်လျှောက် စီးဆင်းသွားမှုများက ဖြစ်ပေါ်နေသည်။
“သတ်”
“အရှင်က ဒီမှာပဲ”
“ဗိုလ်ချုပ်ရဲ့နောက်ကို လိုက်ကြ”
“သတ်ဖြတ်ကြ”
ထိုတောင်လယ်လမ်းမှ တောင်ထိပ်သို့ တက်လာချိန်တွင် ထိုကျောက်စစ်လော့၏ အရှိန်အဝါဟာ ချက်ချင်းလိုလို မြင့်မားလာသည်။ တိဗက်လူမျိုးများ၏ တိုက်ခိုက်လိုစိတ်ဟာ နဂိုကတည်းက ပြင်းထန်ပြီးသားဖြစ်သည်။ သို့သော် မြေမျက်နှာသွင်ပြင် အနေအထားအရ သူတို့အတွက် အားနည်းချက်ကဲ့သို့ ဖြစ်နေကြလေရာ ယခုကဲ့သို့ အခြေအနေမျိုးတွင် လက်မောင်းတွင် အတောင်ပံ တပ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ အားလုံးဟာ ဟိန်းဟောက်ကျုံးဝါးကြပြီးနောက် ကျောက်စစ်လော့၏ နောက်မှလိုက်ကာ ထန်စစ်တပ်နောက်သို့ လိုက်လံတိုက်ခိုက်သည်။
အဆင့်မြင့် သိုင်းနယ်မြေမှ ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ အင်အားဟာ ကိုင်တွယ်နိုင်ရန် ခက်ခဲလွန်းလှသည့်အတွက် ထိုကျားဖြူဟာ ကျောက်စစ်လော့က သဏ္ဍန်ပြောင်းလဲထားခြင်း ဖြစ်နေသည့်အလျောက် သူဟာ အရှိန်အဝါအပြည့်ဖြင့် တောင်ထိပ်ပေါ်သို့ ခုန်တက်လာပြီး အရာအားလုံးကို လှည်းကျင်းဖယ်ရှားပစ်တော့သည်။ တိဗက် မြင်းတပ်ဟာလည်း နောက်မှ အနီးကပ် လိုက်လာကာ ရလဒ်ကိုပို၍ကောင်းမွန်အောင် အားဖြည့်ပေးနေလေသည်။ ထိုသို့ဖြင့် နှစ်ဖက်ကြားမှ ကွာခြားချက်ဟာ လေးကျန်း၊ ငါးကျန်းလောက်သာ ရှိတော့သည့်အတွက် အရှေ့မြောက်နှင့် အရှေ့တောင်မှ ဝင်္ကပါများ၏ သေစေနိုင်သော ကွာဟချက်တစ်ခု ဖြစ်လာသည်။
ထိုသို့ဖြင့် အခြေအနေဟာ ထန်စစ်တပ်အတွက် ဆိုးရွားသောဘက်သို့ ရောက်သွားသည်။
“အရှင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
“ဒီတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စစ်တပ်တစ်ခုလုံးက အမြစ်ဖြတ် ဖျက်ဆီးခံရလိမ့်မယ်။ အနိုင်ကနေ အရှုံးဖြစ်သွားမှာပဲ”
“အရှင်ရဲ့လုံခြုံရေးကို ကျွန်တော်တို့ ပထမဦးဆုံး စဉ်းစားရမယ်။ ကျောက်စစ်လော့က အရမ်းမြန်မြန် ချဉ်းကပ်လာနေတယ်”
“သူကအရှင့်ဆီကို လာနေတာပဲ။ အရှင်သာ တစ်ခုခုဖြစ်သွားရင် ငါတို့ရှုံးတာထက်တောင် အခြေအနေက ပိုဆိုးသွားလိမ့်မယ်”
မြေကမာ္ဘတုန်ဟီးသံက မရပ်မနား ထွက်ပေါ်နေသည်။ ကြီးမားလှသော ထိုကျားဖြူကြီးဟာ အလွန်မြန်ဆန်လွန်းသော အရှိန်နှုန်းဖြင့် တိုးဝင်လာနေသည်။ အနည်းငယ် လှုပ်ရှားပြီးသည်နှင့် ထန်စစ်သည်တော် ရာကျော်ဟာ လွတ်ထွက်သွားသည်။ ထိုသူများက သေသလား ရှင်သလား မသိနိုင်သေးချေ။ တောင်ထိပ်ပေါ်ရှိ လူများကပင် မှင်သက်သွားရသည်။
အဆိုးရွားဆုံးမှာ ကျောက်စစ်လော့၏ ပန်းတိုင်ဟာ သူတို့ရှိနေရာ တောင်ထိပ်ဖြစ်နေသည်။ လူတိုင်းက အန္တရာယ်ကို ခံစားမိနေသည်။ ဒါဟာ သေဆုံးခြင်းရနံ့ကိုပင် သူတို့ရလိုက်ကြသည်။
သခင်လေး
ချန်းရှုစွန်းက ဘာစကားမှမပြောဘဲ ဝမ်ချောင်ကိုသာ မေးခွန်းထုတ်သည့် အကြည့်မျိုးဖြင့် ကြည့်လာသည်။ ဗိုလ်ချုပ်၏နေရာတွင် ရပ်နေသော ဝမ်ချောင်က သဘာဝအလျောက် နောက်ဆုတ်၍မရပေ။ စစ်သေနာပတိချုပ် တစ်ယောက်ကသာ နောက်ဆုတ်လျှင် စစ်တပ်တစ်ခုလုံးက ပြိုလဲကျသွားပြီး ကျောက်စစ်လော့က ဝင်စွက်ဖက်ရန်ပင် လိုအပ်တော့မည်မဟုတ်ချေ။ သို့ရာတွင် ဝမ်ချောင်ဟာ တောင်ထိပ်ပေါ်တွင် ဒီတိုင်းရပ်နေလျှင်လည်း အခြေအနေက ဆိုးရွားသွားအုံးမည်ဖြစ်သည်။ ပို၍ဆိုးသည်မှာ ဝမ်ကလန်၏ မျိုးဆက်နှစ်ခုလုံး၏ လက်အောက်ငယ်သားဖြစ်သည့် ချန်းရှုစွန်းအနေဖြင့် ဝမ်ကလန်အပေါ် အလွန်အမင်း လေးနက်သော ခံစားချက်ရှိပြီး နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေလေရာ ဝမ်ချောင်ကို တစ်ခုခုဖြစ်သွားမည့် အရေးကို လက်ပိုက်ကြည့်မနေနိုင်ချေ။
“မလိုဘူး”
ဝမ်ချောင်က အကြည့်ပြန်လှည့်လိုက်သည်။ သို့ရာတွင် သူကအခြေအနေ အရပ်ရပ်ကို စိတ်ထဲတွင် သုံးသပ်ဆုံးဖြတ်ပြီးသားဖြစ်သည်။
“စစ်တပ်က ပြိုလဲကျသွားရင် တစ်ခုတည်းသော ငါတို့ကို စောင့်ဆိုင်းနေမဲ့အရာက သေဆုံးခြင်းပဲ။ ပိုဆိုးတာက ငါတို့သူ့ကို မသတ်နိုင်ရင်တောင်မှ အရာအားလုံးကိုရင်းပြီး နောက်ဆုတ်ရမယ်လို့ မဆိုလိုသေးဘူး။ ငါကအခုအချိန်မှာ အဲ့ဒီအချက်ကို စိုးရိမ်နေတာမဟုတ်ဘူး။ အားလုံးပဲ။ ပတ်ဝန်းကျင်ကို မျက်စိရှင်ရှင် ကြည့်နေကြ။ ကျောက်စစ်လော့ ပေါ်လာတာနဲ့ ဖုန်းကျားရီက သိပ်မကြာခင်မှာ နောက်က လိုက်ပါလာလိမ့်မယ်။ ဒီလူကပဲ ငါတို့သေချာ ကရုစိုက်ရမဲ့လူ”
ထိုအသံဟာ ပတ်ဝန်းကျင်ရှိ စစ်သည်တော်များ၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေသည်။ ချန်းရှုစွန်း၏ နှလုံးသားကပင် ကျွံ့ကျသွားသကဲ့သို့ လေးလံသွားရတော့သည်။
ကျောက်စစ်လော့ကပင် ကိုင်တွယ်ရ ခက်ခဲနေပြီဖြစ်သည်။ ဖုန်းကျားရီနှင့်ပင် ပေါင်းလိုက်မည်ဆိုလျှင် သူတို့ယှဉ်နိုင်တော့မည် မဟုတ်ပေ။ ချန်းရှုစွန်းနဂိုက ခုခံလိုချင်ခဲ့သည်။ သို့ရာတွင် ယခုအခြေအနေတွင်မူ နောက်ဆုတ်ရန်သာ ရှိတော့သည်။ ခုခံရန်ပင် မေးမြန်းရန် မလိုတော့ချေ။ သူတို့ခုခံမည်ဆိုလျှင် သူတို့ကို စောင့်ဆိုင်းနေမည်မှာ သေဆုံးခြင်းသာ ဖြစ်နေလောက်သည်။
“သခင်လေး ဒီလိုဆိုရင် ကျွန်တော်တို့ နောက်ဆုတ်မှ ဖြစ်ပါမယ်”
ချန်းရှုစွန်းဟာ လေးနက်လွန်းသော လေသံမျိုးဖြင့်ပြောသည်။
“ဟား ဟား အခုလောလောဆယ် အဲ့ဒီလိုလုပ်ဖို့အထိ မလိုအပ်သေးပါဘူး။ မမေ့နဲ့ ကျောက်စစ်လော့နဲ့ ဖုန်းကျားရီတို့က နဂိုက ငါ့အဖေရဲ့ ပိုင်နက်နယ်မြေကမဟုတ်လား။ ငါ့အဖေက ကျောက်စစ်လော့ ရုတ်တရက် ပျောက်သွားတာကို သတိမထားမိစရာ အကြောင်းမရှိဘူး။ ဦးလေးချန်း ဗုံသမားတွေကို အချက်ပြခိုင်းလိုက်။ နောက်ပြီး ပဲ့ထိန်းဒူးလေးကြီးကိုလည်း လွှတ်လိုက်ပါ”
ဝမ်ချောင်က လက်ကိုယမ်းလိုက်ပြီးနောက် အလွန်အမင်း ယုံကြည်မှုရှိသော လေသံမျိုးဖြင့် ပြောလိုက်သည်။
ပဲ့ထိန်းဒူးလေးကြီးဟာ တပ်ဖွဲ့တစ်ခုနှင့် ရင်ဆိုင်မိသွားသည်နှင့် ထပ်မံအသုံးပြု၍ မရနိုင်တော့ချေ။ သို့သော် ကျောက်စစ်လော့ကဲ့သို့ အင်အားကြီးမားသော လူမျိုးအတွက်မူ အသုံးဝင်နိုင်သည်။ ထို့အပြင် ထိုကျားဖြူဟာ အလွန်အမင်း ကြီးမားလွန်းသော ပစ်မှတ်ကြီးဖြစ်နေသည်။
အဖြစ်အပျက် အားလုံးဟာ အချိန်တခဏအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်၏စကား ဆုံးသွားသည်နှင့် အောက်ခြေ တောင်တန်းများပေါ်ရှိ တိုက်ပွဲဟာ အလွန်အရေးပါသော အခြေအနေ အလှည့်အပြောင်းအဖြစ် ပြောင်းလဲလာသည်။
ဝုန်း ဝုန်း ဝုန်း
အရှေ့မြောက်ဘက်ပိုင်းမှ အင်အားစုဟာ ကျောက်စစ်လော့ကြောင့် ဝရုန်းသုန်းကားအဖြစ် အဝေးသို့ လွင့်ပျံကာ လှည်းကျင်းခံလိုက်ရသည်။ သို့သော် လူတိုင်းဟာလည်း ကျောက်စစ်လော့၏ ပန်းတိုင်က ဘာဖြစ်ကြောင်း သိနေကြသည်။ မည်သို့ပင်ဆိုစေ သူဟာ သူ၏ပန်းတိုင်ကို ဖုံးကွယ်ထားစရာလည်း အကြောင်းမရှိသည့်အတွက် တဖြောင့်တည်း ခုန်ဝင်လာနေခြင်းဖြစ်သည်။ လမ်းပိတ်သမျှ ထန်စစ်သည်များကို သူဟာဖယ်ရှားပစ်ခဲ့သည်။
“အရှင့်ကို ကာကွယ်ကြ”
“ငါတို့သေရမယ်ဆိုရင်တောင်မှ သူ့ကိုတောင်ထိပ်ကို တက်ခွင့်ပြုလို့မဖြစ်ဘူး”
“အားလုံးပဲ ငါ့ရဲ့အမိန့်ကို နာခံကြ။ နောက်ဆုတ်တဲ့ ဘယ်ကောင်မဆို သေရမယ်”
စစ်တပ်ထဲတွင် အရာရှိများ၊ စစ်သည်တော်များ အားလုံးဟာ အလွန်အမင်း ထိတ်လန့်နေကြပြီး သူတို့၏ မျက်လုံးဟာလည်း သွေးလွွှမ်းသကဲ့သို့ နီရဲလာသည်။ စစ်သေနာပတိချုပ်ကသာ အသတ်ခံရပြီး အလံကသာ ခုတ်ဖြတ်ခံရလျှင် ဒီစစ်တပ်က အပြည့်အဝ အဆုံးသတ်သွားပေလိမ့်မည်။ ထိုသို့ဖြင့် ဒါကဝမ်ချောင်တစ်ယောက်ထဲကို ကာကွယ်နေခြင်း မဟုတ်တော့ချေ။ လက်ရှိအခြေအနေအရ အန်းနန် အစိုးရစစ်တပ်ကိုသာ တစ်စုံတစ်ရာ ဖြစ်ခိုင်းလိုက်မည်ဆိုလျှင် သူတို့အနေဖြင့် ရှင်သန်ရန် အခွင့်အရေး ရှိတော့မည်မဟုတ်ချေ။
အရှေ့တောင်ဘက်ပိုင်းမှ နယ်မြေဟာ သူတို့၏ နောက်ဆုံးဂူသင်္ချိုင်း ဖြစ်လာပေလိမ့်မည်။
“နံပါတ်ခြောက်နဲ့ နံပါတ်ခုနှစ် ဝင်္ကပါတွေ နောက်ဆုတ်ပြီး လိပ်ခွံဝင်္ကပါကို အသက်သွင်းကြ။ အင်အားအပြည့်နဲ့ ခုခံဖို့ ကြိုးစားကြပါ”
“ဆရာသခင် လေးသည်တော်တွေ လွတ်လွတ်လပ်လပ်ပဲ ပစ်ခတ်ကြပါ။ သုံးကြိမ်ဆက်တိုက် ပစ်ခတ်ပြီးရင် လေးသည်တော်တွေအားလုံးက အနောက်တောင်ဘက်ပိုင်းကို နောက်ဆုတ်သင့်တယ်”
ဝမ်ချောင်က ရုတ်တရက်ပြောသည်။
ဆရာသခင် လေးသည်တော်များ အားလုံးဟာ အနီးကပ် တိုက်ခိုက်ရာတွင် အားမသာကြချေ။ ကျောက်စစ်လော့ကသာ တောင်ထိပ်သို့ ရောက်လာမည်ဆိုလျှင် ဆရာသခင် လေးသည်တော်များ အားလုံးဟာ အသတ်ခံရန် စောင့်နေသည့် သိုးငယ်များဖြစ်သွားပေလိမ့်မည်။
တဘန်းဘန်း မြည်သံများက ထွက်ပေါ်လာသည်။
သိပ်သည်းသော အမြှောက်များပစ်ခတ်သည့် မျှားများအားလုံးဟာ အောက်သို့ ဆင်းကျသွားသည်။ ဒီလိုဝရုန်းသုန်းကား ဖြစ်နေသော တိုက်ပွဲတွင်ပင် ဆရာသခင် လေးသည်တော်များက သက်ရောက်မခံရဘဲ သူတို့အားလုံး၏ မျှားများဟာ ပစ်မှတ်ထံ တိုက်ရိုက် တိုးဝင်သွားကြသည်။ သူတို့အံ့သြရသည်မှာ ထိုမျှားများဟာ ထိုကြီးမားသော ကျားကြီးနှင့် ကျန်းအနည်းငယ် ကွာဝေးသော နေရာသို့သာ ရောက်နိုင်သည်။ ထိုသို့ရောက်သွားသည်နှင့် ချက်ချင်းလိုလို လေထဲတွင် ရပ်တန့်သွားပြီး မမြင်ရသော လေနံရံကို ထိုးစိုက်မိသည့်အတိုင်း တန့်သွားတော့သည်။
“ဟား ဟား ဟား မင်းကဝမ်ဖူလား ဘာလား ငါကရုမစိုက်ဘူး။ ဒါပေမဲ့ ဒီလိုနည်းလမ်းသုံးပြီး ငါ့ကိုရင်ဆိုင်နိုင်မယ် ထင်ရင်တော့ မင်းကညံ့လွန်းရာ ကျသွားပြီ”
ကောင်းကင်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ရယ်သံကြီးက ထွက်ပေါ်လာသည်။ အဝေးတွင်ရှိနေသော ဝမ်ချောင်ကပင် ကျား၏အထင်တသေး မျက်လုံးကို မြင်ယောင်နေသလို ခံစားမိလာသည်။ ထိုတခဏတွင် သူဟာဆိုးရွားသော ခံစားချက်ကို ရလိုက်သည်။
အခန်း(၅၃၂)
မည်သူမျှ မတုန့်ပြန်နိုင်ခင် အချိန်တွင် ကျားဖြူက သူ၏ကိုယ်ကို ခါလိုက်သည်။ တဘန်းဘန်း မြည်သံများနှင့်အတူ မျှားထောင်ကျော်ဟာ ရုတ်တရက် ဖြူကောင်၏ကိုယ်မှ ထွက်သွားသော အပ်ကဲ့သို့ ထင်ရသော အမွှေးများကဲ့သို့ လွင့်ထွက်သွားသည်။
“မကောင်းတော့ဘူး”
ဝမ်ချောင်၏ နှလုံးသားဟာ ခုန်ထွက်သွားသည်။ သို့သော်သူက မတုန့်ပြန်နိုင်ခင်မှာတင် ဘုန်းကနဲ မြည်သံနှင့်အတူ အော်သံများကို ကြားလိုက်ရသည်။ ကျောက်စစ်လော့နှင့် အနည်းငယ်သာ ဝေးကွာသော နေရာအတွင်းတွင်ရှိသော မြင်းတပ်ဖွဲ့များ အားလုံးဟာ သိပ်သည်းသော မျှားမိုးများအောက်တွင် လွင့်ထွက်သွားသည်။ သူတို့ဟာ သူတို့၏ ကိုယ်ပိုင်သံချပ်ကာ၏ အကာအကွယ်ရှိနေသော်လည်း သေစေနိုင်သည်အထိ သို့မဟုတ် ဒဏ်ရာပြင်းပြင်းထန်ထန် ရစေနိုင်သည်အထိ ဖြစ်သွားနိုင်သေးသည်။
ထိုသိပ်သည်းသော မျှားမိုးများဟာ ကျောက်စစ်လော့က သူ၏အင်အားကို အပြည့်အဝ ထုတ်ပြရန် အကောင်းဆုံးလက်နက်များ ဖြစ်သွားသည်။
“လူစုခွဲကြ ဆရာသခင် လေးသည်တော်တွေ ချက်ချင်း နောက်ဆုတ်ကြပါ”
လေးနက်သော မျက်နှာထားမျိုးဖြင့် ဝမ်ချောင်ဟာ သူ၏ဘယ်ဘက်လက်ကို ယမ်းလိုက်ပြီးနောက် ချက်ချင်းလိုလို ဆရာသခင်လေးသည်တော်များ အားလုံးကို နောက်ဆုတ်ခိုင်းလိုက်သည်။
ဆရာသခင် လေးသည်တော်များ အားလုံးဟာ သာမာန်တိဗက် စစ်သည်တော်များကို ရင်ဆိုင်လျှင် အသုံးဝင်ကောင်း ဝင်နိုင်သည်။ သို့ရာတွင်သူတို့ဟာ ကြောက်မက်ဖွယ်ကောင်းသော တိဗက်ဗိုလ်ချုပ်ဖြစ်သည့် ကျောက်စစ်လော့ကိုမူ ရင်ဆိုင်နိုင်စွမ်း မရှိကြချေ။ ထို့ကြောင့် ဝမ်ချောင်ဟာ နောက်ဆုံးတွင် ကျောက်စစ်လော့၏ ကြယ်တာရာစွမ်းအင်များဟာ သူ၏မိတ်ဆွေ ကျားဗိုလ်ချုပ် ပိုင်ချီချန်းထက်ပင် ပို၍ပြင်းထန် ကြောက်မက်ဖွယ်ကောင်းကြောင်း သိလိုက်ရသည်။ အစများစွာ ပိုပြီးခက်ထန်ကြမ်းတမ်းကာ ပမာဏများပြားသည့်အပြင် ထူထပ်သိပ်သည်းလွန်းလှကာ မျှားမိုးများကိုပင် ဖြေရှင်းနိုင်စွမ်း ရှိနေခဲ့သည်။
ဒီလိုအခြေအနေမျိုးဟာ သာမာန်အဆင့်မြင့် သိုင်းနယ်မြေက ကျွမ်းကျင်ပညာရှင်တစ်ယောက်က လုပ်နိုင်သော အခြေအနေ မဟုတ်ပေ။ ကျောက်စစ်လော့ဟာ ကျားဗိုလ်ချုပ် ငါးယောက်ထဲမှ ဒုတိယတစ်ယောက်ဆိုသည့် အနေအထားမျိုးကို ထိုသို့အကြောင်းပြချက်မျိုးဖြင့် ရထားခြင်းဖြစ်လောက်သည်။
ဝေါင်း
သတ်ဖြတ်ခြင်း ဟိန်းဟောက်သံနှင့်အတူ ကြီးမားသော ထိုကျားဖြူကြီး၏ မျက်ဝန်းဟာ တောင်ထိပ်မှ ဝမ်ချောင်ထံ ရောက်လာချိန်တွင် လမ်းတစ်လျှောက်လုံးရှိ အားလှိုင်းများဟာ လှုပ်ခတ်သွားသလို ဖြစ်လာသည်။
ဝုန်း
သူ၏ခြေလက်လေးဘက်ဟာ မြေပြင်ကို ဝုန်းကနဲ ထိမှန်သွားပြီးသည်နှင့် သူဟာ အရှေ့သို့ ခုန်တက်လိုက်သည်။
ဝုန်း
ဝမ်ချောင်၏ ပတ်ပတ်လည်ရှိ စစ်သည်တော်တိုင်းဟာ ထိုမြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်ချောက်ချားသွားကြကာ မျက်နှာထားက လေးလံသွားကြသည်။ သူတို့က မည်မျှပင် နှေးကွေးနေစေကာမူ ထိုကျားဖြူဟာ ဝမ်ချောင်ကို ရင်ဆိုင်ရန် ရောက်လာခြင်းဖြစ်ကြောင်း သိနိုင်ကြလေသည်။
“အရှင့်ကိုကာကွယ်ကြ”
သူ၏ပတ်ပတ်လည်ရှိ လူအများက ထိုသို့ဖြစ်နေကြချိန်တွင် ဝမ်ချောင်ကမူ အလွန်အမင်း တည်ငြိမ်လွန်းနေသည်။
“ဟမျ့”
ဝမ်ချောင်က ညာလက်ကို ယမ်းလိုက်ချိန်တွင် ချက်ချင်းလိုလို ထိုခုန်တက်လာသော ကျားဖြူကို တိုက်ိခုက်ရန် အမိန့်ပေးလိုက်ပြီဖြစ်သည်။
“ပစ်ကြ”
ဝုန်း ဝုန်း ဝုန်း
ဝမ်ချောင်၏အမိန့်အောက်တွင် ပဲ့ထိန်းဒူးလေးကြီးက ချက်ချင်းလိုလို အားအင်အပြည့်ဖြင့် လှုပ်ရှားတော့သည်။ လေထဲသို့ ခုန်တက်လိုက်သည့် ကျောက်စစ်လော့ဟာ ထိုသို့မီးရှို့ထားသော ပဲ့ထိန်းဒူးလေးကြီးနှင့် ရင်ဆိုင်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်သွားသည်။ ကျောက်စစ်လော့က မည်မျှပင် အင်အားကြီးမားနေစေကာမူ ဒီလိုအခြေအနေမျိုးတွင် ရှောင်ရှားရန် ခက်ခဲသွားခြင်းဖြစ်သည်။
ဝမ်ချောင်ဟာ ဒီလိုအခွင့်အရေးမျိုးကို အလွတ်မခံနိုင်ချေ။
ရူးလိုက်တာ။
ဝမ်ချောင်ဟာ စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်သည်။ ထိုကြီးမားသော တိုက်ပွဲထဲတွင် စစ်သည်တော် သောင်းကျော်ပါဝင်နေလေရာ အင်အားကြီးသော စစ်သည်တော်များကပင် ရင်ဆိုင်ရန် နည်းလမ်းတစ်ခုကို ရှာရမည်ဖြစ်သည်။ ကျောက်စစ်လော့ဟာ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသည်။
လေထုဟာ အသံလှိုင်းများနှင့်အတူ ပေါက်ကွဲသွားပြီး ပဲ့ထိန်းဒူးလေး အခုနှစ်ဆယ်မှ၊ သုံးဆယ်ခန့်အထိ ကျောက်စစ်လော့ထံ တိုးဝင်သွားသည်။ ကောင်းကောင်း လေ့ကျင့်ထားသော အန်းနန်အစိုးရစစ်တပ်မှ ရှင်သန်ကျန်ရစ်သူများ အားလုံးဟာလည်း သူတို့အတွက် အခွင့်အရေးရထားသော ဘက်ထောင့်တိုင်းမှ တိုက်ခိုက်ရန် ပြဿနာမရှိကြချေ။ ကျောက်စစ်လော့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသော ပဲ့ထိန်းဒူးလေးကြီးများ၏ တလက်တက် တောက်ပသော ထိပ်များကို မြင်လိုက်ရချိန်တွင် မျက်နှာဟာ ဖြူဖျော့သွားသည်။ ထိုထဲတွင် သေစေနိုင်လောက်သော ချောက်ချားဖွယ် စွမ်းအင်များဟာ ပြည့်နှက်နေသည်။
ဖြတ်ကနဲလက်ပြီးသည်နှင့် ချက်ချင်းလိုလို ကြယ်တာရာစွမ်းအင်များဖြင့် ခမ်းနားသော အကာအကွယ်လွှာ တစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုအကာအကွယ်လွှာဟာ ခုနှစ်ကျန်း၊ ရှစ်ကျန်းခန့်အထိထူကာ ကျောက်စစ်လော့၏ တစ်ကိုယ်လုံးဟာ စွမ်းအားအပြည့်ဖြင့် ပေါက်ထွက်လာခြင်းဖြစ်ပြီး ကျားဖြူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။ ထိုသို့လုပ်ပြီးချိန်မှာတင် ထိုပဲ့ထိန်းဒူးလေး သုံးဆယ်ကျော်က ကျားဖြူ၏ အကာအကွယ်လွှာနှင့် ဝင်ဆောင့်တိုက်မိလိုက်ပြီဖြစ်သည်။
ဝေါင်း
ကျားဖြူ၏ ကြီးမားသော ကိုယ်ကြီးက လေထဲမှ ပြုတ်ကျသွားပြီး မြေကြီးထဲသို့ ရွှံ့နွံထဲသို့ ဝင်လိုက်ရသလို ကျွံ့ကျသွားကာ မြေကြီးများအားလုံးကို လေထဲသို့ မြောက်တက်သွားစေပြီး တဖန်အောက်သို့ ပြုတ်ကျစေပြန်သည်။
“ကောင်စုတ်လေး ငါမင်းကို အထင်သေးမိသွားတယ်”
အသံက မြေကြီးထဲမှလာသဖြင့် ပဲ့တင်ထပ်နေသည်။ ထို့အပြင် ကြိတ်မနိုင်ခဲမရ ဖြစ်နေဟန်လည်း ရသည်။ မေးခွန်းထုတ်ရန် မလိုလောက်အောင် စီမံမှုတွင်ညံ့သည်။
ဆွစ်
ထို့နောက် ကြီးမားသော လက်သည်းများက မြေကြီးထဲမှ ထွက်လာပြီးနောက် ရွှံ့နွံများအားလုံးကို ယမ်းခါပစ်သည်။ ထို့နောက် ချက်ချင်းလိုလို ကျားကြီးဟာ ခုန်ထွက်လာတော့သည်။
ဒီတစ်ကြိမ်တွင် ကျားဖြူဟာ ရှေ့သို့တိုက်ရိုက် ခုန်မဝင်တော့ဘဲ ဘယ်ညာကိုယမ်းခါကာ ခုန်ပြီး ကွေ့ကောက်သော ပုံသဏ္ဍန်မျိုးဖြင့် ရှေ့သို့ခုန်ကာ တိုက်ခိုက်လာရန် ကြိုးစားသည်။
ထိုသို့ဖြင့် တဆွစ်ဆွစ် မြည်သံများက ထွက်ပေါ်နေတော့သည်။ ပဲ့ထိန်းဒူးလေးကြီးများကလည်း သူ့ကိုကျော်ဖြတ်ကာ သွားနေသည်။ သို့သော် သူဟာ မှန်ကန်စွာဖြင့် အရှိန်အဟုန်အပြည့်ဖြင့် ရွေးချယ်နိုင်သည်အထိ ကျောက်စစ်လော့၏ အရှိန်က လျော့ကျသွားခြင်း မရှိတော့ချေ။ အချိန်အနည်းငယ် ကြာပြီးနောက်တွင် သူဟာတောင်ထိပ်နှင့် ကျန်းသုံးဆယ်လောက်သာ ဝေးကွာသော နေရာသို့ ရောက်လာသည်။ ကျောက်စစ်လော့၏ အရှိန်နှုန်းကြောင့် သူဟာ ထိုနေရာမှတဆင့် တောင်ထိပ်သို့ ချက်ချင်းခုန်နိုင်ပြီဖြစ်သည်။ ဝမ်ချောင်ကပင် ထိုတခဏတွင် အနည်းငယ် ဖြူဖျော့သွားသည်။
အဆင့်မြင့် သိုင်းနယ်မြေမှ ကျွမ်းကျင်ပညာရှင်တစ်ယောက်က အလေးအနက်ထား ရင်ဆိုင်လာသည့်အခါ သူတို့ကို ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။ ထို့အပြင် ကျောက်စစ်လော့ဟာ ရှင်းလင်းစွာဖြင့်ပင် မဟာနှင်းတောင်တန်း တော်ဝင်ဂူမှ လျို့ဝှက်သိုင်းကို အသုံးပြုနေသည်မှာ ထင်ရှားနေသည်။
“ဦးလေးချန်း ကျွန်တော် ဒီကိစ္စအတွက်တော့ ဦးလေးကိုပဲ မှီခိုရတော့မယ်”
ဝမ်ချောင်က အေးစက်စွာ ပြောလိုက်သည်။
အဆုံးတွင် သိုင်းပညာရှင်များကြားမှ တိုက်ပွဲက ဗျူဟာနည်းပညာများကို အသုံးပြု၍မရပေ။ သူ၏လက်ရှိ အခြေအနေမျိုးတွင် ဝမ်ချောင်အနေဖြင့် ကျောက်စစ်လော့ကဲ့သို့ ကျွမ်းကျင်ပညာရှင် တစ်ယောက်ကို ရင်ဆိုင်ရန် နည်းလမ်းကောင်း မရှိနိုင်တော့ချေ။ တောင်ထိပ်ရှိ သူ့ကိုကူညီပေးနိုင်သော တစ်ဦးတည်းသောလူမှာ ချန်းရှုစွန်းဖြစ်သည်။ တစ်ဖက်သူက ဒီစစ်တပ်မှ အရာရှိဟောင်း တစ်ယောက်ဖြစ်သည့်အလျောက် ချန်းရှုစွန်းကိုယ်တိုင်ကလည်း သံသယဝင်ရန် မလိုလောက်အောင် အင်အားကြီးမားနေသည်။
“အရှင့်ကိုကာကွယ်ကြ”
လေထဲတွင် ဆေဘာငြီးငြူသံ ထွက်လာပြီးသည်နှင့် မိုးစက်များက သူ၏နဖူးနှင့် ဆံပင်များကို ကျော်ဖြတ်ကာ စီးဆင်းလာသည်။ ချန်းရှုစွန်းဟာ မလှုပ်ရှားဘဲ ရပ်နေသည်။
ဘုန်း
တခဏခန့်ရပ်တန့်ပြီးနောက်တွင် ချန်းရှုစွန်းဟာ သူ၏ဆေဘာနှင့် တသားထဲဖြစ်သွားပြီး အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ မိုးအလင်းကာကို ကျော်ဖြတ်လျှက် အနီအနားသို့ ရောက်လာသည့် ကျောက်စစ်လော့ထံ တိုက်ခိုက်လိုက်သည်။
“အရှင့်ကိုကာကွယ်”
တချိန်ထဲတွင်ပင် အခြားသော တောင်ထိပ်မှ သက်တော်စောင့်များ အားလုံးဟာလည်း ဆေဘာဓားများကို ဓားအိမ်ထဲမှ ထုတ်လိုက်ကြပြီး ချန်းရှုစွန်း၏ အနောက်မှလိုက်သည်။
သူတို့၏တာဝန်ဟာ ဒီစစ်တပ်၏ စစ်သေနာပတိချုပ်ကို ကာကွယ်ရန်ဖြစ်ပြီး ဒီတခဏဟာလည်း သူတို့စောင့်ဆိုင်းနေသော တခဏဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
တောင်ထိပ်တောင်တန်းများမှ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာချိန်တွင် ချန်းရှုစွန်းနှင့် ကျောက်စစ်လော့တို့ဟာ တိုက်ခိုက်နေကြပြီဖြစ်သည်။ နှစ်ယောက်လုံးဟာ အဆင့်မြင့် သိုင်းနယ်မြေမှ ကျွမ်းကျင်ပညာရှင်များ ဖြစ်နေကြပြီး လှုပ်ရှားမှုတိုင်းဟာ စွမ်းအင်အပြည့်အဝပါသည်။ ဒီလိုအင်အားအပြည့်အဝ ထုတ်သုံးရသော အခြေအနေမျိုးတွင် ထွက်လာသော အားလှိုင်းများဟာ အောက်ဘက်ခုနှစ်ကျန်း၊ ရှစ်ကျန်းခန့်အထိ လူချင်းချလိုက်သလိုမျိုး ရှင်းလင်းကြောင်အသွားစေလောက်အောင် သက်ရောက်မှု ရှိနေသည်။ အားလှိုင်းများဟာလည်း အပြင်ဘက်သို့ တလိမ့်လိမ့် ထွက်လာပြန်သည်။
“ကျောက်စစ်လော့က အင်အားကြီးလွန်းတယ်”
ဝမ်ချောင်ဟာ တောင်ထိပ်မှတဆင့် အကဲခတ်နေသည်။ သူဟာ မျက်မှောင်ကျုံ့လိုက်သည်။ ချန်းရှုစွန်းဟာ အခြေခိုင်နေသည်ဟု ထင်ရလောက်အောင် တည်ငြိမ်နေသော်လည်း ကျောက်စစ်လော့ကို တားနိုင်ရုံမျှသာ ရှိနေကြောင်း မြင်နေရသည်။ ဝမ်ဖူ၏ သက်တော်စောင့်များကသာ ကျောက်စစ်လော့ကို ဝိုင်းဝန်းကာ ရင်ဆိုင်ပေးနေခြင်းမရှိလျှင် ကျောက်စစ်လော့ကို ရင်မဆိုင်နိုင်လောက်ချေ။ ကျောက်စစ်လော့ဟာ ဝမ်ဖူ၏ သက်တော်စောင့်များ သီးသန့်ကိုသာဆိုလျှင် ကောင်းကောင်း ရင်ဆိုင်နိုင်စွမ်း ရှိနေခဲ့သည်။ အနည်းဆုံး ဒါကဝမ်ချောင် မြင်နေရသည့် အခြေအနေမျိုးဖြစ်သည်။
မဟာနှင်းတောင်တန်း တော်ဝင်ဂူမှ သိုင်းပညာရှင်များက အလွန်အမင်း အင်အားကြီးမားသည်။ ကျောက်စစ်လော့၏ကိုယ်ဟာ ကြီးမားလာသော်လည်း သူ့ကို အဖက်ဖက်မှ တိုက်ခိုက်လာချိန်တွင် လျှင်မြန်စွာ တုန့်ပြန်နိုင်စွမ်း ရှိနေစေသေးသည်။ ထိုကျားဖြူကြီးဟာ လှံနှင့်ဓားများ ပြီးလုနီးပါး သဏ္ဍန် ပြောင်းထားခြင်းဖြစ်သည်။ သူ၏ခွန်အားဟာ အလွန်အမင်းကြီးမားပြီး လှုပ်ရှားမှုကိုလည်း သက်ရောက်မခံရချေ။ အဆုံးတွင် ဦးလေးချန်းက ထိုကဲ့သို့သော သိုင်းများကို မတက်မြောက်ထားလေရာ ကျောက်စစ်လော့ကို မတားနိုင်သည်က ပုံမှန်သာလျှင်ဖြစ်သည်။
ဝမ်ချောင်၏ စိတ်အခြေအနေဟာလည်း လှုပ်ရှားလာတော့သည်။
ဒီလိုကုန်လွန်သွားသော အချိန်တိုအတွင်းတွင်ပင် ချန်းရှုစွန်း၏ကိုယ်ဟာ သွေးထွက်သော ဒဏ်ရာအလိမ်းလိမ်း ဖြစ်လာခဲ့ပြီး အားလုံးဟာ ကျား၏လက်သည်းရာများ ဖြစ်နေသည်။ ဝမ်ချောင်ဟာ မဟာနှင်းတောင်တန်း တော်ဝင်ဂူအကြောင်း များများစားစား နားမလည်ထားချေ။ ထို့ကြောင့် အကြံကောင်းများ နားမလည်ထားချေ။
သူကရုတ်တရက် နားထဲတွင် ရင်းနှီးသောအသံကို ကြားလိုက်ရသည်။
“အရှင် ဘာလို့ကျွန်တော်နဲ့ ညီအစ်ကိုတွေက အောက်ဆင်းပြီး အကူအညီမပေးရမှာလဲ။ မဟုတ်ရင် သူအချိန်အကြာကြီး ခံနိုင်တော့မှာ မဟုတ်ဘူး”
သိန်းငှက်အိုကြီးဟာ တောင်ထိပ်မှအောက်သို့ ငုံ့ကြည့်လိုက်လျှက် စိုးရိမ်တကြီးပြောသည်။
သိန်းငှက်အိုကြီးဟာ ဝမ်ချောင်ထက် နောက်ကျပြီးမှ တောင်ထိပ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်နှင့် မတူညီစွာပင် သိန်းငှက်အိုကြီးက ခုခံအားလှိုင်းကို ခိုင်မာစွာ ကူညီပေးနေခဲ့ပြီး တိဗက်လူမျိုးများကို ရင်ဆိုင်ပေးနေခဲ့သည်။ သူကတောင်ထိပ်သို့ ရောက်လာပြီးနောက်တွင် သိန်းငှက်အိုကြီးအနေဖြင့် ဗျူဟာအကြောင်းကိုလည်း မသိလေရာ စစ်နည်းပညာကိုလည်း နားမလည်ထားသည့်အတွက် နဂါးနတ်ဓားမြ လက်ရွေးစင်များကိုသာ ဦးဆောင်ရန် ရွေးချယ်လိုက်ပြီး ဘေးဘက်တွင်သာ အစောင့်တစ်ယောက်လို ရပ်နေခဲ့ခြင်းဖြစ်သည်။
“မလိုဘူး”
ဝမ်ချောင်ဟာ လက်မောင်းကို မြှောက်ပြီးနောက် ပေါ့ပါးစွာပြောသည်။
“ဒီတစ်ကြိမ် ခြိမ်းခြောက်မှုက ကျောက်စစ်လော့ တစ်ယောက်ထဲ မဟုတ်ဘူး။ ကျောက်စစ်လော့ကို ကိုင်တွယ်ရလွယ်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့စွမ်းအင်တွေ အားလုံးက ပေါ်တင်မြင်နေရတာပဲ။ ဒါပေမဲ့ အခြားတစ်ယောက်ကတော့ မဟုတ်တော့ဘူး”
“အရှင်က ဖုန်းကျားရီကို ပြောနေတာပါလား”
သိန်းငှက်အိုကြီးကပြောသည်။
သူဟာ အစောင့်အဖြစ် ရပ်နေချိန်တွင် အနည်းငယ် သတင်းကြားခဲ့ရသေးသည်။ ယခင်က မြို့တော်တွင် ဖုန်းကျားရီ၏ သတင်းကိုလည်း ကြားဖူးသည်။ သို့သော်သူက များများစားစား အာရုံမထားခဲ့မိချေ။
“ဟမျ့”
ဝမ်ချောင်က ခေါင်းညိမ့်လိုက်သည်။
“စစ်နည်းပညာဆိုတာက အနုပညာ ရသတစ်ခုပဲ။ ဖုန်းကျားရီက မဟာထန်မှာ အချိန်အတန်ကြာ နေခဲ့ပြီး နည်းလမ်းအချို့ကို နားလည်သဘောပေါက်ထားတယ်။ စစ်ဗျူဟာတွေ တိုက်ခိုက်ပုံတွေ အားလုံးကလည်း ဒီနည်းလမ်းအနုပညာကလာတယ်။ တိုက်ပွဲက ကြာရှည်ဆက်ဖြစ်နေမယ်ဆိုရင် သူပေါ်မလာဘူးလို့ ငါမယုံဘူး”
သိန်းငှက်အိုကြီး၏ မျက်နှာတွင် အံ့သြမှုက ပေါ်လာသည်။ သူက စစ်အနုပညာအကြောင်းကို များများစားစား နားလည်ထားခြင်းမရှိချေ။
ဝမ်ချောင်က မင်ရှဲ့ကျောက်ဖြစ်သည့် အိမ်ရှေ့မင်းသား၏ ကျော်ကြားမှုကိုသာလျှင် ကြားဖူးခဲ့ခြင်း ဖြစ်သော်လည်း ကိုယ်တိုင်မမြင်ခဲ့ဖူးချေ။ ထို့ကြောင့် ထိုလူအကြောင်း များများစားစား မသိချေ။ သို့ရာတွင် ဖုန်းကျားရီက ပေါ်မလာသေးဘဲ နေနေခြင်းက ဝမ်ချောင်ကို ကိစ္စတစ်ရပ်ကို နားလည်သွားစေသည်။ ဖုန်းကျားရီဟာ ကိုင်တွယ်ရ လွယ်ကူသောလူ မဟုတ်နိုင်ချေ။
ဒီလိုအခြေအနေမျိုးတွင် အလွန်အမင်း တည်ငြိမ်ကာ အလွန်အမင်း စိတ်ရှည်လွန်းသောသူဟာ ဘာကိုမဆို ဆုံးဖြတ်ရဲသည်။ ထိုသို့ သူဆုံးဖြတ်လိုက်သည်နှင့် သေစေနိုင်သော ခြိမ်းခြောက်မှု အဆုံးသတ် အလှည့်အပြောင်း ဖြစ်လာပေလိမ့်မည်။ ထိုအချက်ကတင် သူ့ကို ကိုင်တွယ်ရန် ခက်ခဲစေခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ သူဟာ အိမ်ရှေ့စံဖြစ်သည်။ အိမ်ရှေ့စံဖြစ်သည့်အလျောက် အရင်းအမြစ်က အလွန်များသည်။ သူဟာ ခမ်းနားကြီးကျယ်စွာ နေထိုင်ရသူ ဖြစ်သည့်တိုင်အောင် မောက်မာထောင်လွှားနေခြင်း မရှိပြန်ချေ။
ဝမ်ချောင်ဟာ ထိုလူများထဲမှ တစ်ယောက်က ပန်းတိုင်သို့ ရောက်ရန်အတွက် မည်သို့သော နည်းလမ်းမျိုးကိုမဆို အသုံးပြုရဲမည်ဖြစ်ကြောင်း နားလည်နေသည်။
ဖုန်းကျားရီနှင့် နှိုင်းယှဉ်သော် ယခုကဲ့သို့ ပေါ်တင်ရပ်တန့်၍ မရသလိုမျိုး အရှိန်အဟုန်အပြည့်ဖြင့် ဝင်ရောက်နေသည့် ကျောက်စစ်လော့ဟာ မဟာထန်အတွက်ပင် အလေးအနက်ထားစရာ ကောင်းလောက်အောင် ခြိမ်းခြောက်မှုရှိမည်ဟု မခံစားရချေ။
“အရှင် သူကပေါ်မလာဘူးဆိုရင် ကျွန်တော်တို့ ဒီနေရာမှာပဲ ဆက်နေကြမလား။ လက်ရှိအခြေအနေက ကျွန်တော်တို့ဘက်က အားသာတာမျိုးမရှိဘူး”
နဂါးနတ်ဓားမြ လက်ရွေးစင်တစ်ယောက်က ပြောလာသည်။
ဝမ်ချောင်၏ဘေးတွင် နေရန်အတွက် သူတို့ကို လီစစ်ယဲ့က အမိန့်ထုတ်ခဲ့သည်။ သူတို့က ဝမ်ချောင်ကို လီစစ်ယဲ့လောက် လေးစားခြင်းမရှိသည့်တိုင်အောင် ရိုသေမှုက ရှိနေသေးသည်။ သူတို့၏အမြင်တွင် ဝမ်ချောင်ဟာ လီစစ်ယဲ့ကို ထွက်သွားရန် အမိန့်မပေးခဲ့ချေ။ လီစစ်ယဲ့ကသာ ဒီနေရာတွင် ရှိနေလျှင် ကျောက်စစ်လော့ကို တားနိုင်ရန် အခွင့်အရေး ရှိနေလောက်သည်။ သူတို့ဟာ အခြေအနေ ပြောင်းလဲအောင် အကောင်းဆုံး ကြိုးစားနိုင်လောက်သေးသည်။
“ဟုတ်တယ်အရှင် ကျောက်စစ်လော့က ဒီနေရာကိုရောက်လာပြီး ဖုန်းကျားရီကသာ သူနဲ့ပူးပေါင်းသွားမယ်ဆိုရင် ကျွန်တော်တို့ တားနိုင်တော့မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ပေါ်တင်နေရာမှာ ရှိနေတဲ့အချိန်မျိုးမှာ ရန်သူတစ်ယောက်က အရိပ်ထဲကို ရောက်နေတယ်”
နဂါးနတ်ဓားမြ လက်ရွေးစင်တစ်ယောက်ကလည်း ပြောလာသည်။ သူ၏အသံဟာ စိုးရိမ်မှုများဖြင့် ပြည့်နေသည်။
ဝမ်ချောင်ဟာ အံ့အားတကြီး ခေါင်းလှည့်လိုက်ပြီး ပြောလိုက်သူကို ကြည့်လိုက်သည်။ ထိုသူဟာ ပိန်ပါးသော နဂါးနတ်ဓားမြ လက်ရွေးစင်ဖြစ်သည်။ သူ၏မျက်လုံးများဟာ အခြားသော အပေါင်းအဖော်များထက် ပိုပြီးဉာဏ်ရည်မြင့်မားဟန် ဖြစ်နေသည်။
ဆိုတော့သူကိုး
ဝမ်ချောင်၏စိတ်ထဲ အတွေးတစ်ချက်ဝင်လာသည်။ ထိုလူနှင့်ပတ်သတ်ပြီး သူကအတွေးတစ်ချို့ ရလိုက်သည်။ လီစစ်ယဲ့ဟာလည်း ထိုလူဟာ ယခင်က နဂါးနတ်ဓားမြ အဖွဲ့တွင် အကြံပေးအဖြစ် အချိန်ပိုင်းလုပ်ဖူးသည်ဟု ပြောသံကြားဖူးသည်။ သူဟာ စစ်ဗျူဟာများများစားစား မထုတ်ပေးနိုင်သော်လည်း ဉာဏ်ရည်မြင့်မားလေသည်။
“စိတ်အေးအေးထားပါ သူအခွင့်အရေး ရမှာမဟုတ်ဘူး။ ငါကသူ့ကို ကိုယ်တိုင်ထွက်လာခိုင်းလိုက်မယ်”
ဝမ်ချောင်က ထိုသို့ပြောသည်။ သူ၏လေသံထဲတွင်လည်း သဘာဝအလျောက် မယုံကြည်မှုများ ရှိနေပြန်သည်။
အခန်း(၅၃၃)
ဖုန်းကျားရီက ပေါ်မလာသေးသော်လည်း နဂါးနတ်ဓားမြ လက်ရွေးစင် တစ်ယောက်အနေနဲ့ ပြောသောစကားဟာ မှန်ကန်နေသည်။ ဖုန်းကျားရီဟာ ပေါ်မလာသေးသည်မှာ သူဟာ ကျောက်စစ်လော့နှင့် တိုက်ခိုက်ရန် အချိန်ပေးထားခြင်းဖြစ်သည်။ ကျောက်စစ်လော့ကိုသုံးကာ သူတို့ကို အာရုံလွှဲထားခြင်းလည်း ဖြစ်လောက်သည်ဟု ဝမ်ချောင်ဟာ တိဗက်လူမျိုး မြင်းတပ်ထဲတွင်ပင် ဖုန်းကျားရီ ပါနေနိုင်ကြောင်း ခံစားနေရသည်။ ကျောက်စစ်လော့၏ အနောက်မှ ကပ်လိုက်လာသော ထိုမြင်းတပ်ထဲတွင်ပင် ဖုန်းကျားရီက ရှိနေသည်ဟု သူကအာမခံချက် ပေးနိုင်နေသည်။
“သခင်လေးက ဘာကိုဆိုလိုတာပါလဲ”
သိန်းငှက်အိုကြီးဟာလည်း အံ့သြသွားလေသည်။ ဖုန်းကျားရီဟာ မြို့တော်ကဲ့သို့သော နေရာမျိုးတွင်ပင် အလွန်အမင်း လျို့ဝှက်ဆန်းကြယ်လွန်းသောလူဖြစ်သည်။ သူကသာ ထွက်မလာချင်လျှင် မည်သူကမှ သူ့ကိုတွန်းအားမပေးနိုင်ချေ။ သိန်းငှက်အိုကြီးကလည်း ဝမ်ချောင်က မည်သို့သော နည်းလမ်းမျိုးကိုသုံးပြီး ထွက်လာခိုင်းမည်ဖြစ်ကြောင်း သိလိုသွားသည်။ ဝမ်ချောင်ဟာ ဘာမှမပြောလေဘဲ လှုပ်ရှားရင်းဖြင့်သာ အဖြေပေးလိုက်သည်။
ခလွပ်
ဝမ်ချောင်ဟာ သူ၏ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီးနောက်တွင် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ကြီးမားသော အလံတစ်ခုကို ခုတ်ဖြတ်ချလိုက်သည်။ မည်သူကမှ ဒီအခြေအနေကို မမျှော်လင့်ထားကြချေ။ သိန်းငှက်အိုကြီးကပင် အံ့အားသင့်မှုကြောင့် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူဟာ မည်မျှပင် သတိလက်လွတ် နေစေကာမူ စစ်အနုပညာအကြောင်းကို အနည်းငယ်သာ နားလည်ထားသည့်တိုင်အောင် အလံဟာ စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ်ကို ကိုယ်စားပြုကြောင်း နားလည်နေသည်။ ဒါဟာ တည်ရှိနေသည့် စစ်တပ်ကို အထောက်အပံ့ပေးသော အရာလည်းဖြစ်သည်။ ထိုအလံကသာ ခုတ်ဖြတ်ခံရလျှင် ရန်သူများဟာ စစ်တပ်၏ အလယ်ဗဟိုနေရာသို့ ရောက်ရှိလာပြီး ပျက်စီးတော့မည်ဟု ယူဆနိုင်လေသည်။ သူတို့၏ အဆိုးရွားဆုံး အိမ်မက်ထဲတွင်ပင် ဝမ်ချောင်ကိုယ်တိုင်က ထိုသို့လုပ်မည်ဟု မယုံကြည်နိုင်ကြချေ။
“သခင်လေး”
သိန်းငှက်အိုကြီးက သူ့ကိုစိုက်ကြည့်ပြီး နှလုံးသားဟာ ကျောက်သားကဲ့သို့ မာကြောသွားသည်။ အံ့အားသင့်စရာပဲ ရုတ်တရက်ကြီး။
ထိုတခဏအတွင်း သိန်းငှက်အိုကြီး၏စိတ်ဟာ မည်းမှောင်သွားတော့သည်။
ဝမ်ချောင်ဟာ သူ၏လှုပ်ရှားမှုများကို နှေးကွေးခြင်းမရှိချေ။ ဘန်းကနဲ မြည်သံနှင့်အတူ ထိုလူငယ်၏ လက်မောင်းဟာ ထိုအလံကို ခပ်တင်းတင်းဆုပ်ကာကိုင်လျှက် အောက်သို့ပြုတ်ကျလာခွင့် မပြုခဲ့ချေ။
“အားလုံးပဲ ငါ့ရဲ့အမိန့်ကို နာခံကြ။ ဒီတောင်ထိပ်က ဆက်ထားလို့ မရတော့ဘူး။ အလံက အရေးကြီးတယ်။ ဒီတော့ ငါတို့အနေနဲ့ ဒီအလံကိုယူပြီး အခြားနေရာကို နေရာပြောင်းရမယ်”
ဝမ်ချောင်ဟာ ကျယ်လောင်စွာ ကျုံးဝါးလိုက်သည်။
သူ၏စကားမဆုံးခင်မှာတင် ဝမ်ချောင်ဟာ စတင်ကာ ရွေ့လျားပြီဖြစ်သည်။ သူက ရွှံ့နွံများကို လေထဲသို့ မြောက်တက်လာစေလောက်အောင် လျှင်မြန်စွာဖြင့် အလံကိုသယ်လျှက်ပြေးသည်။
“ဟမ့် မင်းရဲ့အိမ်မက်ထဲမှာပဲ ရမယ်။ မင်းကအလံကို ယူသွားချင်ရင် အရင်ဆုံး အသက်ကို ထားခဲ့ရမယ်”
ထိုတခဏတွင် ဝမ်ချောင်က ထိုသို့ဗျူဟာပြင်ဆင်ပြီး နောက်ဆုတ်ရန် ကြံစည်လိုက်သည့် တခဏတွင် အခြားသော ငှက်များကိုပင် အလျင်စလို ထွက်ပြေးရလောက်အောင် ပြင်းထန်သည့် အရှိန်အဝါတစ်မျိုးနှင့် အေးစက်သည့် ကြည်လင်သည့်အသံက ထွက်ပေါ်လာသည်။ ဒါက လူအုပ်ထဲမှ ထွက်လာခြင်းဖြစ်သည်။ လူတိုင်းက မတုန့်ပြန်နိုင်ခင်မှာတင် ဘုန်းကနဲမြည်သံနှင့်အတူ ရုတ်တရက် မြူတစ်ခုက တောင်ထိပ်ထံ တိုးဝင်လာသည်။ ဒီနည်းအားဖြင့် ဝမ်ချောင် သိန်းငှက်အိုကြီးတို့ အားလုံး၏မြင်ကွင်းကို ဖုံးလွှမ်းသွားတော့သည်။
ချွင်
ချက်ချင်းနီးပါး မြူထုထဲတွင် ဓားသံကို ကြားလိုက်ရသည်။ ရေနဂါးတစ်ကောင်က ချိုင့်ဝှမ်းထဲမှ ခွေနေရာမှ ထွက်လာသလိုမျိုး ထွက်လာခြင်းဖြစ်သည်။ ထိုအခိုက်တွင် ဝမ်ချောင် သိန်းငှက်အိုကြီးနှင့် နဂါးနတ်ဓားမြ လက်ရွေးစင်အဖွဲ့သားများ အပါအဝင် တောင်ထိပ်ရှိ လူများအားလုံးဟာ အန္တရာယ်ကို ခံစားမိလိုက်ကြသည်။ အချို့သော ထက်ရှသည့် ဓားသံဟာ စိတ်ဝိညာဉ်ကို ရိတ်သိမ်းနိုင်စွမ်း ရှိနေသလိုမျိုး အဝေးကတင် သူတို့ကို ချိတ်ပိတ်ထားကာ လှုပ်ရှား၍ မရနိုင်စေတော့ချေ။
“ဖုန်းကျားရီ”
မည်သည့်သက်သေမှ မရှိသလို မည်သူမှ သေချာမမြင်ရနိုင်သည့်တိုင်အောင် ယခုပေါ်လာသောလူက သူတို့ကို တားဆီးရန် ကြိုးစားတော့မည့် မာန်ရှဲ့ကျောက် အိမ်ရှေ့စံ ဖုန်းကျားရီဖြစ်ကြောင်း ခံစားမိလိုက်သည်။
ချွင်
ဝမ်ချောင်ရှိရာဘက်သို့ ကြောက်မက်ဖွယ်ကောင်းသော ဓားချီက တိုးဝင်သွားသည်။ လေထုကပင် နှစ်ခြမ်း အခွဲခံရသည်။ ထိုဆုံးဖြတ်ချက်ပြတ်သားသော ရိုက်ချက်ဟာ လေထုကိုသာ ထိမှန်သွားလေသည်။
“ဖုန်းကျားရီ”
ခြောက်ကျန်းအကွာမှ ဝမ်ချောင်ဟာ သူနဂိုရပ်နေသော နေရာသို့ ရုတ်တရက်ပေါ်လာသော မဟာထန် စစ်သည်တော်ကို ကြည့်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် အေးစက်သောအလင်းက လက်လာသည်။ သူ၏အရှေ့ရှိ ထိုလူဟာ အန်းနန်အစိုးရစစ်တပ် ဝတ်စုံကို ဝတ်ဆင်ထားပြီး ပုံပန်းသွင်ပြင်ဟာလည်း ဗဟိုပြင်ကျယ်ဒေသမှ လူသဏ္ဍန်အတိုင်းဖြစ်သည်။ သို့သော် ဝမ်ချောင်အနေနှင့် ထိုလူဟာ မင်ရှဲ့ကျောက်မှ အိမ်ရှေ့စံ ဖုန်းကျားရီဖြစ်နေကြောင်း နားလည်နေသည်။
ငါအထင်သေးမိသွားတယ်။
ထိုအတွေးဟာ ဝမ်ချောင်၏စိတ်အတွင်း ရောက်လာသည်။ ဝမ်ချောင်က နဂိုကထင်ထားသည်မှာ ဖုန်းကျားရီ နောက်ကျမှ ပေါ်လာခြင်းဟာ တိဗက်လူမျိုးများထံတွင် ပုန်းအောင်းနေသောကြောင့်ဟု ခန့်မှန်းမိခဲ့ခြင်းဖြစ်သည်။ သို့သော် ဖုန်းကျားရီဟာ သူထင်ထားသည်ထက်ပင် ပို၍ကောက်ကျစ်နေသေးသည်။ သူဟာ အန်းနန်အစိုးရစစ်တပ် သံချပ်ကာဝတ်စုံကိုပင် ပြောင်းလဲ ဝတ်ဆင်ထားပြီး တောင်ထိပ်သို့ပင် ရောက်နေလေသည်။
ဖုန်းကျားရီက မဟာထန်စစ်တပ်တွင် အချိန်အတန်ကြာ လေ့လာရန် နေထိုင်ခဲ့သည်။ အများအားဖြင့် မြို့တော်တွင်ဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးတွင် သူ၏လေယူလေသိမ်းဟာလည်း ဗဟိုပြင်ကျယ်က လေယူလေသိမ်းအတိုင်း ဖြစ်နေသည့်အတွက် မဟာထန်စစ်တပ်မှ လူများနှင့် ကွာခြားခြင်းမရှိလေရာ အရှိန်အဝါကစတင်ပြီး အားလုံးကို ဖုံးကွယ်ထားနိုင်ခဲ့သည်။ ထို့ကြောင့် ထိုလူ၏ကိုယ်တွင် မင်ရှဲ့ကျောက်၏ အရှိန်အဝါမျိုးကို မခံစားမိခဲ့ခြင်းလည်းဖြစ်သည်။
ဝမ်ချောင်ကသာ သူပေါ်ထွက်လာနိုင်ကြောင်း တွေးတောမိပြီး အလံကိုယူကာ နောက်ဆုတ်ရန် မပြင်ဆင်ခဲ့လျှင် ဖုန်းကျားရီ ဘယ်သောအခါမှ ပေါ်ထွက်လာတော့မည် မဟုတ်ချေ။
ထိုလူဟာ မဟာထန်အတွက် ပြဿနာကြီး ဖြစ်လာပေလိမ့်မည်။ ကျန်းချန်ထုံ၏ မတော်တဆမှု မရှိလျှင်ပင် မင်ရှဲ့ကျောက်နှင့် မဟာထန်ဟာ စစ်ဖြစ်မည့် အလားအလာရှိသည်။
ဝမ်ချောင်၏ နှလုံးသားထဲတွင် ရက်စက်ကြမ်းတမ်းသော စိတ်ဆန္ဒတစ်ခုက ထိုးထွက်လာသည်။
ခဲ့လော့ဖုန်းနှင့် ဖုန်းကျားရီတို့ဟာ ရည်မှန်းချက်ကြီးသော အရှင်သခင်များ ဖြစ်ကြပြီး သူတို့ထဲက မည်သူကမှ လက်ပါးစေတစ်ယောက်၏ ဘဝမျိုးတွင် မနေလိုကြချေ။ ကျဉ်းမြောင်းသော နေရာတွင် လူနှစ်ယောက်နေလို့မရသလိုမျိုး ထိုဖခင်နှင့်သားဟာ အမြဲတစေ မဟာထန်ကို ရင်ဆိုင်ရန် ကိုင်တွယ်နေခဲ့သည်။
ထိုအတွေးများကို အချိန်အတန်ကြာ ဖော်ပြရသော်လည်း သူတို့အနေဖြင့် ဝမ်ချောင်၏စိတ်အတွင်း စက္ကန့်ဝက် အချိန်အတွင်းတွင်ပင် ဆက်တိုက် ထွက်ပေါ်လာနေခြင်းဖြစ်သည်။ ဝမ်ချောင်ဟာ သိပ်မကြာခင် အချိန်တွင် ရင်းနှီးကျွမ်းဝင်သော ဒေါသထွက်သံကို ကြားလိုက်ရသည်။
“အရှင့်ကို ကာကွယ်ကြ”
“သူက မင်ရှဲ့ကျောက်ရဲ့ အိမ်ရှေ့စံ ဖုန်းကျားရီပဲ။ အားလုံးပဲ သတိထားကြပါ”
“သခင်လေး မြန်မြန်အနောက်ဆုတ်ပါ”
တိုက်ပွဲနယ်မြေ၏ အခြေအနေက မတည်ငြိမ်ပေ။ သိန်းငှက်အိုကြီးဟာ တချိန်လုံး သတိအနေအထားဖြင့် နေခဲ့သည်။ ဖုန်းကျားရီက ပေါ်ထွက်လာသည့် တခဏတွင် သိန်းငှက်အိုကြီးက ဓားကိုဆွဲထုတ်ပြီး နဂါးနတ်ဓားမြ လက်ရွေးစင်များနှင့် ပူးပေါင်းကာ ဖုန်းကျားရီကို ဝိုင်း၍အဖက်ဖက်မှ တိုက်ခိုက်တော့သည်။ သို့သော် လေထဲတွင် ထိတ်လန့်တကြား အော်ဟစ်သံများကသာ ထွက်ပေါ်လာသည်။
“အား အား”
ဝမ်ချောင်၏အရှေ့တွင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက ဖြစ်ပေါ်နေသည်။
နဂါးနတ်ဓားမြ လက်ရွေးစင်များနှင့် သိန်းငှက်အိုကြီးက ဖုန်းကျားရီနှင့် ကျန်းအနည်းငယ် အကွာအတွင်းတွင် ရှိနေခဲ့ချိန်တွင် ရုတ်တရက် သူတို့၏ သံချပ်ကာနှင့် ဖိနပ်များက အသက်ဝင်လာသလိုမျိုး လိမ်ရှုံ့တွလာသည်။ ထိုသတ္ထုများဟာ ချက်ချင်းလိုလို ပေါင်းစပ်သွားပြီးနောက်တွင် လူသဏ္ဍန်ရှိသော ပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။ ထိုလူသဏ္ဍန်ရှိသော ပုံရိပ်များအားလုံးဟာ ဖြစ်ပေါ်နေချိန်တွင် သူတို့၏ သတ္ထုလက်မောင်းများကို အသုံးပြုကာ သိန်းငှက်အိုကြီးနှင့် နဂါးနတ်လက်ရွေးစင် စစ်သည်တော်များကို ထိုးစိုက်တိုက်ခိုက်ရန် ကြိုးစားကြလေသည်။ ဒါဟာ ထိတ်လန့်တကြား အော်ဟစ်သံများကို ထွက်ပေါ်လာစေခြင်းဖြစ်သည်။
“သတိထားကြ ဒီလူက ထူးဆန်းတယ်”
လက်ရွေးစင်တစ်ယောက်က အော်သည်။ သူတို့၏ မျှော်လင့်ထားမှုကို ကျော်လွန်သွားလေသည်။
ထိုသို့ဖြင့် မြေပြင်သို့ ထိုသတ္ထုများ လိမ်ရှုံ့တွန့်ကာ ကျသွားသောအခါ ချက်ချင်းလိုလို အနက်ရောင် သံမဏိလူသားများအဖြစ် ပြောင်းလဲသွားပြီး တစ္ဆေအိုကြီးနှင့် နဂါးနတ်ဓားမြ လက်ရွေးစင်များကို တိုက်ခိုက်ကြတော့လေသည်။ ထိုသို့အနီးကပ် အန္တရာယ်များဟာ သိန်းငှက်အိုကြီးကိုပင် သတိလက်လွတ် ဖြစ်သွားစေခဲ့သည်။ ဖုန်းကျားရီက ဓားကိုဆွဲထုတ်ကာ သူ၏ခါးတွင် ဒဏ်ရာတစ်ခု ချန်ထားရစ်ခဲ့သည်။
“မဟာကန်းသတ္ထု အရှိန်အဝါ”
ထိုအချိန်တွင် အတည်ငြိမ်ဆုံးလူမှာ ဝမ်ချောင်သာဖြစ်သွားသည်။ ဖုန်းကျားရီဟာ အဆင့်မြင့် သိုင်းနယ်မြေသို့ ရောက်ရှိနေသည်မှာ ရှင်းလင်းနေပြီး အဆင့်ပင် မြင့်မားနေနိုင်သည်။ သူ၏ခြေထောက်အောက်တွင်ရှိသော ဆူးချွန်အရှိန်အဝါ သင်္ကေတကြီးဟာ အခြေပြုစွမ်းအင် အရှိန်အဝါငါးမျိုးတွင် ကျင့်ကြံရန် အခက်ခဲဆုံးဖြစ်သည့် ကန်းသတ္ထုအရှိန်အဝါ ဖြစ်နေသည်။ ထိုအရှိန်အဝါကို ရအောင်ကျင့်ကြံပြီးနောက်တွင် ထိုလူဟာ ပတ်ဝန်းကျင်ရှိ သတ္ထုစွမ်းအင်တိုင်းကို ဆင့်ခေါ်ကာ သတ္ထုလူသားများအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိလာမည်ဖြစ်သည်။
ပို၍ဝေးကွာမြင့်မားစွာ တိုးတက်လာမည်ဆိုလျှင် တစ်ကိုယ်လုံးကို ဆေဘာနှင့်ဓားများ လွှမ်းခြုံနေသော သတ္ထုသံချပ်ကာများအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိလာအုံးမည်ဖြစ်သည်။
ထိုသို့သော ဆူးချွန်အရှိန်အဝါကို လေ့ကျင့်ထားသော လူများနှင့် တိုက်ခိုက်ခြင်းက အလွန်အမင်း ဒုက္ခများလွန်းသည်မှာ မည်သူကမှ သတ္ထုလက်နက်များ ဆက်တိုက်ထွက်ပေါ်နေသည့်အရေးကို မရင်ဆိုင်နိုင်လောက်သောကြောင့်ဖြစ်သည်။ လက်ဗလာနှင့် တိုက်ခိုက်နေချိန်တွင် မည်သည့် စစ်သည်တော်ကမှ အနိုင်ရမည်မဟုတ်ချေ။
ဝုန်း
တွေးတောရန် အချိန်မရှိချေ။ မသိစိတ်အရ ချက်ချင်းလုနီးပါး ဝမ်ချောင်ဟာ စစ်ချက်တစ်ရာ ဓားသိုင်းကို ထုတ်သုံးပြီး နောက်သို့ ခုန်ဆုတ်လိုက်သည်။ တစ်ချိန်ထဲတွင်ပင် ဝမ်ချောင်က အလံကိုယမ်းလိုက်ပြီး တစ်ဆယ်ကျန်းအကွာက မြေပြင်ထဲသို့ ထိုးစိုက်လိုက်သည်။ ဝမ်ချောင်က ထိုသို့လုပ်ပြီးချိန်မှာတင် အက်ကွဲသံနှင့်အတူ အလင်းတန်းတစ်တန်းက ထွက်ပေါ်လာသည်။ ဖုန်းကျားရီက ရုတ်တရက် ဝမ်ချောင် နဂိုရပ်နေသော နေရာသို့ ရောက်လာခဲ့ပြီး မြေပြင်တွင် ကြီးမားသော တွင်းပေါက်ကြီးကို ဖြစ်ပေါ်စေခဲ့သည်။
ဒီတစ်ကြိမ် ထပ်လွဲသွားပြန်ပြီဖြစ်ကြောင်း သိလိုက်သည့် ဖုန်းကျားရီဟာ မျက်ဝန်းထဲရှိ အံ့အားသင့်မှုကို မထိန်းချုပ်နိုင်တော့ပေ။ ဝမ်ချောင်ဟာ သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်နေသည်မှာ ထင်ရှားသည်။ ထို့ကြောင့် ဒီလိုထွက်ပြေးနိုင်ခြင်းဟာ သူ၏ သိုင်းပညာအလျောက် မသိစိတ်အရ တုံ့ပြန်မှုနှင့် အာရုံခံနိုင်စွမ်းအားကြောင့်ဖြစ်ကြောင်း ဖြေရှင်းနိုင်သွားသည်။
“ဘယ်လိုဖြစ်ပြီး အစစ်အမှန် သိုင်းပညာရှင် ကျွမ်းကျင်ပညာရှင်တစ်ယောက်က သူ့လိုအဆင့်မြင့် သိုင်းနယ်မြေက လူတစ်ယောက်ထက်ပိုပြီး အာရုံခံနိုင်စွမ်းအား ရှိနေတာလဲ” ပထမဦးဆုံးအကြိမ် ဖုန်းကျားရီအနေဖြင့် သူအတွက်မှားသွားသလို ခံစားလိုက်ရသည်။
ဝုန်း
သို့သော်သူ၏ လှုပ်ရှားမှုများဟာ နှေးကွေးခြင်းမရှိခဲ့ချေ။ မျက်ဝန်းကလည်း အေးစက်သွားသည်။ ဖုန်းကျားရီက ခြေထောက်ဆောင့်လိုက်ပြီးနောက် ချက်ချင်းလိုလို နေရာမှ ပျောက်ကွယ်သွားသည်။ မည်သို့ပင် ဆိုစေကာမူ ဝမ်ချောင်ဟာ သေရမည်ဖြစ်သည်။ ထန်စစ်တပ်ကို ပုံမှန်မဟုတ်သောအင်အား ထုတ်ပြနိုင်စွမ်းရှိသည့် မဟာထန် စစ်သေနာပတိချုပ် တစ်ယောက်ဖြစ်သည့်အပြင် တိဗက်လူမျိုးများကို ဖိနှိပ်နိုင်သော ဗျူဟာနှင့် နည်းပညာအားလုံးကို ထုတ်သုံးနိုင်သောလူဟာ သေချာပေါက် သေသင့်သည်။
ထိုအတွက်ကြောင့် ဖုန်းကျားရီဟာ တိုက်ပွဲနယ်မြေကို အသုံးချပြီး ကျောက်စစ်လော့ကိုပင်ပြောကာ အင်အားအပြည့်ဖြင့် တိုက်ခိုက်ခိုင်းစေခဲ့ခြင်းဖြစ်သည်။
“ဟော မင်းက ထွက်သွားနိုင်မယ် ထင်နေတာလား”
ရွှေရောင်အလင်းက လက်လာချိန်တွင် ခက်ထန်သော ဟိန်းဟောက်သံက ထွက်ပေါ်လာသည်။ ဖုန်းကျားရီက စတင်လှုပ်ရှားလိုက်သည့် အချိန်တွင်ပင် အနက်ရောင် ပုံရိပ်နှစ်ခု၏ အတားအဆီး ခံရသည်။ ပုံရိပ်နှစ်ခုလုံးဟာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကို ဆင်နွဲရပြန်သည်။
“လက်ခြောက်ဘက် .... ဗာဂျရာ အစောင့်အရှောက် ပါးထွန်းလုရဲ့ အဆင့်မြင့်သိုင်း မင်းတကယ် သူ့ကိုသတ်ဖို့ ကြံစည်ရဲတယ်”
ဖုန်းကျားရီ၏ ဒေါသထွက်သံဟာ ကောင်းကင်ထိတိုင် ပဲ့တင်ထပ်သွားတော့သည်။
ထိုလက်ခြောက်ဘက် ဗာဂျရာ အစောင့်အရှောက်ဟာ မဟာနှင်းတောင်တန်း တော်ဝင်ဂူမှ အဆင့်မြင့်သိုင်းဖြစ်ပြီး လူတစ်ယောက်၏ တိမ်မြုပ်နေသော အတွင်းအလာအလာ လုပ်နိုင်စွမ်းအားများကို မယုံနိုင်စရာ အဆင့်အထိ မြင့်တင်ပေးနိုင်စွမ်း ရှိစေသည်။ သိန်းငှက်အိုကြီးဟာ အဆင့်မြင့်သိုင်းနယ်မြေသို့ တက်ကာစဖြစ်ပြီး စကားထဲထည့်ပြောရလောက်အောင် အဆင့်မမှီသေးချေ။ သို့သော် မဟာနှင်းတောင်တန်း တော်ဝင်ဂူမှ အဆင့်မြင့်သိုင်းက သူ့ကိုရုတ်တရက် ဖုန်းကျားရီနှင့် အဆင့်တူသော ကျွမ်းကျင်ပညာရှင်တစ်ယောက်ကဲ့သို့ လုပ်နိုင်စွမ်းအား ရှိသွားစေသည်။
“ကောင်းပြီ မင်းငါ့ကို အချိန်ဘယ်လောက် ဆွဲနိုင်မလဲ ငါကြည့်မယ်”
ဘုန်း ဘုန်း ဘုန်း
လေထဲတွင် ဓားချီများက သူတို့တိုက်ခိုက်သည်နှင့် ထွက်ပေါ်လာသည်။ အခြေအနေက မကောင်းချေ။ ဝမ်ချောင်ဟာ ထိုတိုက်ပွဲက ကောင်းကင်နှင့် မြေပြင်ကိုပင် ဖျက်ဆီးနေခြင်းကို ထင်ရှားစွာ မြင်နေရသည်။ သူ၏စိတ်ဟာ ဝရုန်းသုန်းကားဖြစ်ပြီး လှုပ်ခတ်လာသည်။ သိန်းငှက်အိုကြီးက ထိုသိုင်းကို အသုံးပြုနေသည့်တိုင်အောင် သူ့အနေနှင့် ဖုန်းကျားရီနှင့် တိုက်ခိုက်သည့်အချိန်တွင် ဆွဲချခံနေရသေးသည်။ သူ့အနေဖြင့် သတ္ထုသံချပ်ကာကိုသာ ဝတ်ထားလျှင် ရင်ဆိုင်နိုင်စွမ်းအား ရှိသည့်တိုင်အောင် တိဗက်လူမျိုးများ၏ အဆင့်သို့ ဝင်ရန်အတွက် ဝမ်ချောင်၊ သိန်းငှက်အိုကြီးနှင့် အခြားသောလူများအားလုံးဟာ ဒီတောင်တန်း၏အပြင်ဘက် တောင်ကုန်းတွင် သူတို့၏ လက်နက်ကိရိယာများ အားလုံးကို မြပ်နှံခဲ့သည့်အတွက် ဒီလိုအခြေအနေ ဖြစ်သွားရခြင်းလည်းဖြစ်သည်။
“အရှင့်ကိုကာကွယ်”
ရုတ်တရက် မိုးသည်းထဲတွင် အော်ဟစ်သံများက အတန်းလိုက် ထွက်ပေါ်လာသည်။ တောင်ထိပ်၏ ဝရုန်းသုန်းကား အခြေအနေဟာ ပတ်ဝန်းကျင်ရှိ ထန်စစ်သည်တော်များ အားလုံးကို အထိတ်တလန့် ဖြစ်သွားစေခြင်းဖြစ်ပြီး အန်းနန်အစိုးရစစ်တပ်မှ လက်ရွေးစင် ဆယ်ယောက်ကျော်ဟာ ချက်ချင်းလိုလို တောင်ထိပ်ပေါ်သို့ တက်လာပြီး ဖုန်းကျားရီကို တိုက်ခိုက်သည်။
“မကောင်းတော့ဘူး”
ဝမ်ချောင်၏နှလုံးသားက တင်းကြပ်သွားသည်။ သို့သော်သူဟာ သတိထားဆိုသည့် စကားကို ပြောရန်သာ အချိန်ရှိတော့သည်။ သူအစိုးရိမ်ဆုံးကိစ္စက ဖြစ်လာနေပြီ။
အန်းနန်အစိုးရစစ်တပ်မှ ထိုလက်ရွေးစင်များ အားလုံးက နီးကပ်မလာနိုင်ခင်မှာတင် သူတို့၏ သံချပ်ကာများက သူတို့၏ကိုယ်မှထွက်ကာ သတ္ထုလူသားများဖြစ်ပြီး ယခင်ဝတ်ဆင်ထားသော လူများကို တိုက်ခိုက်လိုက်သည်။ ထိုသို့ဖြင့် ချက်ချင်းလိုလို သတ္ထုလူသား အယောက်သုံးဆယ်က တောင်ထိပ်ပေါ်သို့ ရောက်လာသည်။
ဆေဘာဓားနှင့် ခက်ရင်းခွများ အားလုံးကလည်း သတ္ထုလူသားများအဖြစ် ပြောင်းလဲသွားသည်။ စစ်သည်တော်များ အားလုံးဟာ မည်သည့်လက်နက်မှ မရှိတော့သည့်အပြင် သံချပ်ကာကိုလည်း ဝတ်ဆင်ထားကြလေရာ အရိုက်ခံရန်သာ စောင့်ကြသလို ဖြစ်သွားသည်။
“ဟား ဟား မင်းက လူသားလှိုင်း ဗျူဟာတွေ ထုတ်နိုင်တယ်ဆိုကတည်းက ငါကမင်းကို အစစ်အမှန် လူသားလှိုင်းဗျူဟာက ဘာလဲဆိုတာကို အတွေ့အကြုံရှိအောင် ခံစားခိုင်းလိုက်မယ်”
ဖုန်းကျားရီ၏ အေးစက်သော အသံကလည်း ထွက်ပေါ်လာသည်။ ဒီတိုက်ပွဲထဲတွင် ရှိနေသည့်တိုင်အောင် သူဟာ ပတ်ဝန်းကျင်ကို လေ့လာရန် အချိန်ရှိနေသေးသည်။
ဝုန်း
လက်ဝါးတစ်ချက်က ထွက်ပေါ်လာပြီး သိန်းငှက်အိုကြီးကို လွင့်ထွက်သွားအောင် လုပ်ပြီးနောက်တွင် ဖုန်းကျားရီဟာ မြေပြင်သို့ ဆင်းသက်လာသည်။
ခလွပ်
သူ၏ညာဘက်ဘက်ဟာ သိန်းငှက်လက်များအဖြစ် ပြောင်းလဲလျှက် မြေကြီးကိုပင် ကုပ်ဆွဲလိုက်သည်။
မမြင်ရသော ဓားတစ်ဖက်ဖြင့် လှီးဖြတ်လိုက်သလိုမျိုး မြေကြီးက အခုတ်ဖြတ်ခံလိုက်ရပြီး မြေကြီး အလုံးလိုက်က ထွက်ပေါ်လာကာ လေထဲသို့ပင် ရောက်ရှိသွားသည်။ ထို့နောက် တဘုန်းဘုန်း မြည်သံများနှင့်အတူ မျက်တောင်တခတ် အချိန်အတွင်းတွင် သတ္ထုလူသား ဆယ်ယောက်ကျောက်က တဖန် ထွက်ပေါ်လာတော့သည်။
ထိုသို့ဖြင့် ထိုသတ္ထုလူသားများ၏ကိုယ်နှင့် မိုးရေစက်များ ထိခတ်ရာမှ ထွက်ပေါ်လာသော အသံများက ဆူညံလာသည်။ ထိုပုံရိပ်များတွင် နားနှင့်မျက်လုံး ပါးစပ်၊ နှာခေါင်းများ မရှိကြသလို အသံစွမ်းအင် အရှိန်အဝါလည်း မရှိသလို၊ ခံစားချက် အရိပ်အယောင်များကိုလည်း မမြင်ရပေ။ ဒီအတိုင်း အေးစက်သည့် ခံစားချက်ကိုသာ ထုတ်လွှတ်နေသည်။
ထိုတခဏတွင် တောင်ထိပ်မှ လေထုအခြေအနေဟာ အချိန်မရွေး ပျက်စီးသွားနိုင်သလိုမျိုး တင်းကြပ်လာသည်။
အခန်း(၅၃၄)
ဝမ်ချောင်၊ သိန်းငှက်အိုကြီး၊ နဂါးနတ်ဓားမြ လက်ရွေးစင်များနှင့် အခြားသော အန်းနန်အစိုးရ စစ်တပ်မှ အဖွဲ့ဝင်များအားလုံးဟာ ပြိုင်ဘက်တစ်ယောက်ထဲကိုသာ ရင်ဆိုင်နေရခြင်းဖြစ်သည်။ သို့သော် တစ်ဖက်ကသာ အားသာနေသေးသည်။ ထိုအချိန်တွင် တောင်အောက်ခြေတွင် ရှိနေသည့် ကျောက်စစ်လော့ဟာလည်း ကြီးမားသော ကျားဖြူတစ်ကောင်အဖြစ် ပြောင်းလဲထားသော အနေအထားမျိုးမှ လမ်းကြောင်းတစ်လျှောက် အရာအားလုံးကို ခုတ်သင်ရှင်းလင်းရင်း တောင်ထိပ်သို့ တက်လာနေသည်။
သူ၏ပတ်ဝန်းကျင်တွင် ရှိနေသော မဟာထန်စစ်သားများ အားလုံးဟာလည်း ဘေးသို့ ဖယ်ရှားခံရသည်။
ကျောက်စစ်လော့နှင့် ဖုန်းကျားရီတို့ဟာ နှစ်ယောက်အတူ ပူးပေါင်းလိုက်ချိန်တွင် ထိုအချိန်တို အတောအတွင်း ထန်စစ်သည် အနည်းဆုံး အယောက်ငါးရာခန့်ကို သတ်ဖြတ်နိုင်သည်။ ထိုအင်အားဟာ ကြောက်မက်ဖွယ် ကောင်းလွန်းလှလေသည်။
ကျောက်စစ်လော့၏ အနောက်တွင်လည်း ပို၍များပြားသော တိဗက်လူမျိုး စစ်သည်တော်များဟာ ဆက်တိုက် တိုးဝင်လာနေသည်။ ဒီတိုက်ပွဲတွင် တိဗက်လူမျိုးများက ရှုံးနိမ့်ကာနီး အနေအထားမှ အောင်နိုင်မှုကို ရရှိနိုင်တော့မည့်အပြင် သူတို့က မဟာထန်ကိုလည်း အမြစ်ဖြတ် သုတ်သင်နိုင်တော့မလို သုတ်သင်နိုင်စွမ်းအား ရှိလာကြသည်။
အချိန်က နောက်ကျနေပြီဖြစ်သည်။ မည်သူကမှ သူတို့ကို မတားဆီးနိုင်တော့ချေ။ ထိုနှစ်ယောက် အတူပေါင်းမိသွားသည်နှင့် အရှေ့မြောက်ဘက်ပိုင်းနှင့် အရှေ့တောင်ဘက်ပိုင်းက အင်အားစုများ အားလုံးက ပြိုလဲကျရတော့မည်ဖြစ်သည်။
ဝမ်ချောင်၏စိတ် အလုပ်လုပ်နှုန်းက မြန်ဆန်လာသည်။
သူဟာ တောင်ထိပ်တွင် ထုတ်ပြနိုင်သော အင်အားတိုင်းကို ထုတ်ပြခဲ့ပြီးသားဖြစ်သည်။ သို့တိုင်အောင် သူတစ်ယောက်ထဲအားဖြင့် ရန်သူကို အပြည့်အဝ မရှင်းလင်းနိုင်ချေ။ ပို၍ဆိုးသည်မှာ သူ၏အင်အားများဟာ လက်သီးထိုးသော အိတ်များကဲ့သို့ ယခုကဲ့သို့ အခြေအနေမျိုးတွင် အသုံးပြုနိုင်စွမ်း မရှိနေခဲ့ချေ။ အနောက်တောင်ဘက် တဲစခန်းမှ ပြည်ကြားတူဗိုလ်ချုပ်နှစ်ယောက်ဟာ ကိုင်တွယ်ရ မလွယ်ကူနေခဲ့ချေ။
သူ့အနေဖြင့် ကိုင်တွယ်၍မရကတည်းက ထိုနည်းလမ်းကိုသာ အသုံးပြုရတော့မည်ဖြစ်သည်။ လျှင်မြန်စွာ တွေးတောပြီးနောက်တွင် ဝမ်ချောင်ဟာ ဆုံးဖြတ်ချက်တစ်ခုကို ချောမွေ့စွာ ချလိုက်နိုင်သည်။
ဝုန်း
သူ၏ခြေထောက်ဟာ မြေပြင်ကို ဝုန်းကနဲ ထိမှန်သွားပြီးနောက် သူဟာရှေ့သို့ ခုန်တက်လိုက်သည်။ ဖုန်းကျားရီက မတုန့်ပြန်နိုင်ခင်မှာတင် ဝမ်ချောင်က သူနဂိုထိုးစိုက် လွင့်ပစ်ခဲ့သည့်အရာကို ကောက်ကိုင်လိုက်သည်။
“ဒီသတ္ထုလူသားတွေနဲ့ တိုက်ခိုက်မနေနဲ့။ သူတို့က မသေနိုင်ဘူး။ ကံသတ္ထုချီစက်ကွင်းက သစ်သားသတ္ထုဓားတွေအပေါ် သက်ရောက်မှုရှိတယ်။ ဒီတော့ ဒါတွေကိုသုံးပြီး ရင်ဆိုင်လိုက်”
ဝမ်ချောင်ဟာ အလံကိုကိုင်ပြေးရင်း အော်ဟစ်အမိန့်ပေးလိုက်သည်။
“နောက်ပြီး ငါ့ရဲ့အမိန့်ကို လက်ခံကြ။ ဝင်္ကပါနံပါတ် နှစ်ဆယ့်ခုနှစ်နဲ့ နှစ်ဆယ့်ရှစ်က စစ်သည်တော်တွေ အားလုံးက ကျောက်စစ်လော့ရဲ့ အနီးကပ် အစောင့်တွေကိုပဲ ရင်ဆိုင်သင့်တယ်။ အရှေ့ပိုင်းက ဝင်္ကပါတွေ ပျက်စီးနေပြီးသားဖြစ်လို့ သူ့ကိုလျစ်လျူသာ ရှု့ထားလိုက်တော့”
“ဝင်္ကပါနံပါတ် တစ်ဆယ့်ရှစ် မင်းတို့ကတော့ ဘယ်ဘက်ခြမ်းကို ခြေလှမ်းခြောက်လှမ်း လှမ်းပြီး အားအင်အပြည့်နဲ့တိုက်ခိုက်”
“ဆရာသခင် လေးသည်တော်တွေက အရှေ့ဘက်ကို ခြေလှမ်းတစ်ထောင့်ခြောက်ရာလှမ်းပြီး ကျန်းသုံးဆယ်ဝန်းကျင်ကို ဝိုင်းပတ်ပြီး ဆက်တိုက် တိုက်ခိုက်ပါ”
“ဗိုလ်ချုပ်ကျန်းမာန်ကို သူ့ရဲ့ပုဆိန်တပ်ဖွဲ့တွေ အားလုံးကို ခုခံမှုကို လက်လျော့ပြီး ရှေ့ဆက်တိုက်ခိုက်ဖို့ကိုပဲ အာရုံစိုက်ဖို့ ပြောလိုက်ကြ။ ဒီလူတွေကို အခွင့်အရေး မပေးနဲ့”
ဝမ်ချောင်၏နှုတ်ခမ်းမှ ဆက်တိုက်အမိန့်များ ထွက်လာသည်။ အန်းနန်အစိုးရစစ်တပ်က လုပ်နိုင်စွမ်းအားဟာ တစ်ဖက်သူများနှင့် မယှဉ်နိုင်လောက်ချေ။ သို့သော် ဝမ်ချောင်က ထိုသို့အမိန့် ပေးလိုက်သည်နှင့် ရုတ်တရက်ဆိုသလို ထန်စစ်တပ်၏ နဂိုလဲပြိုကျတော့မည့် အနေအထားမှ အစာကွင်းဆက်က ပြောင်းလဲသွားသလိုမျိုး လျှင်မြန်သော တုန့်ပြန်မှုများနှင့်အတူ ကျောက်စစ်လော့၏ နောက်မှလိုက်လာသော တိဗက်လူမျိုးများ အားလုံးကို ရင်ဆိုင်လိုက်နိုင်သည်။
ဝမ်ချောင်ထံမှ အမိန့်က ခုခံအားလှိုင်းကို ခြေငြိမ်သွားအောင် လုပ်နိုင်ရုံသာမကလေဘဲ တိဗက်လူမျိုးများအပေါ် တဖန်ဖိအားပေးနိုင်သွားလေသည်။
ဓားအစွယ်သားရဲနှင့် ဖုန်းကျားရီတို့ဟာ မာန်ရှဲ့တိဗက် စစ်တပ်အတွက် အခွင့်အရေး ဖန်တီးပေးနေခဲ့ခြင်း ဖြစ်သော်လည်း ဝမ်ချောင်၏ စကားအနည်းငယ်ထဲနှင့်တင် ချက်ချင်းလိုလို ထိုအခွင့်အရေးက အမြစ်ဖြတ် ဖယ်ရှားခံလိုက်ရသည်။
“သောက်ကျိုးနည်း ဒီကောင်စုတ်ကတော့”
တိုက်ပွဲနယ်မြေမှ အလှည့်အပြောင်းကို အာရုံခံမိကြသည့် နှစ်ယောက်လုံးက အလွန်အမင်း ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များကို လွှတ်ထုတ်လိုက်ကြသည်။ သူတို့၏မျက်လုံးများက အေးစိမ့်လာသည်။
ဝုန်း ဝုန်း
သတ္ထုလူသားနှစ်ယောက်က အခြားလူများကို လျစ်လျူရှု့ပြီး တောင်ထိပ်သို့တက်ကာ ဝမ်ချောင်ထံ ကြောက်မက်ဖွယ်ကောင်းသော ဓားချီများကို ပစ်လွှတ်ကြသည်။ တချိန်ထဲတွင်ပင် အလွန်အမင်း ကြီးမားသည့် ကျားဖြူကြီးဟာလည်း ဒိုင်းအကာအကွယ်တစ်ခုကို ထုတ်ဖော်ရာမှ လေချွန်သံကို ထွက်ပေါ်စေလျှက် လေထဲတွင် တစ်ပတ်လည်ပြီး ဝမ်ချောင်ထံ ခုန်ဝင်လာသည်။
လေထဲတွင် ပေါက်ကွဲသံ တောက်လျှောက် ထွက်ပေါ်လာပြီးသည်နှင့် ဓားချီနှင့် ကြီးမားသော စွမ်းအားတို့မှ ဖြစ်ပေါ်လာသည့် တွင်းပေါက်နှစ်ပေါက်က ပေါ်ထွက်လာတော့သည်။ ဖုန်မှုန့်နှင့် ကျောက်သား အပိုင်းအစများက လေတွင်လွင့်သည်။ သို့သော် ဝမ်ချောင်ကမူ အံ့ကြိတ်ကာ ရှောင်လိုက်သည်။
ဘုန်း ဘုန်း
ဓားချီ၏ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းများဟာ ဆက်တိုက် ချည်းကပ်လာသည်။ ထို့အပြင် ပုဆိန်လှံ၊ သံချပ်ကာနှင့် အလောင်းများကပင် ဝမ်ချောင်ထံ တိုးဝင်လာနေသေးသည်။ သို့ရာတွင် ဝမ်ချောင်ဟာ အားလုံးကို ရင်ဆိုင်လိုက်နိုင်သည်။ ဝမ်ချောင်ဟာ အစပိုင်းတွင် ခက်ခက်ခဲခဲ ရင်ဆိုင်ရသည့်တိုင်အောင် နောက်ပိုင်းတွင်မူ အသာအယာ ရှောင်နိုင်သွားသည်။
“ဒီကောင်စုတ်လေး ဘယ်နေရာက ရောက်လာတာလဲ”
ဓားအစွယ်သားရဲ ကျောက်စစ်လော့ကပင် ထိုမြင်ကွင်းကြောင့် အံ့သြသွားရသည်။
ဝမ်ချောင်ဟာ အစစ်အမှန် သိုင်းနယ်မြေ ကျွမ်းကျင်ပညာရှင် တစ်ယောက်အနေနှင့် ထိုတိုက်ကွက်များကို အလွယ်တကူ ရင်ဆိုင်နိုင်နေခဲ့သည်။ သိထားရမည်မှာ အဆင့်မြင့် သိုင်းနယ်မြေမှ ကျွမ်းကျင်ပညာရှင် တစ်ယောက်ကတင် ထိုမျှလွယ်ကူစွာ ရင်ဆိုင်နိုင်စွမ်း မရှိနိုင်ခြင်းဖြစ်သည်။
“ဘယ်အချိန်က အန်းနန်အစိုးရစစ်တပ်က ဒီလောက်အလားအလာကောင်းပြီး ပါရမီကြီးတဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်လာတာလဲ။ ဘာလို့သူက အရင်ခြင်္သေ့မြို့ရဲ့ ကြာရှည်တဲ့ သမိုင်းတစ်လျှောက်လုံး တစ်ခါမှ ပေါ်ထွက်မလာခဲ့ဖူးတာလဲ”
တစ်စက္ကန့်ခန့်အတွင်းတွင် ကျားဖြူက ဖုန်းကျားရီနှင့် အကြည့်ဖလှယ်လိုက်ကြပြီး နှစ်ယောက်လုံးဟာလည်း တစ်ယောက်၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ်ကို ဖမ်းစားမိကြသည်။ အန်းနန်အစိုးရစစ်တပ်က အလားအလာ အလွန်ကောင်းသော ကျန်းချုံးရှန်းယွီကျုံးထုံးနှင့် အခြားသော အရာရှိများအားလုံးကို ဆုံးရှုံးခဲ့သည်။
သို့ရာတွင် ဝမ်ကလန်မှ အဖေနှင့်သား စုံတွဲဖြစ်သည့် ဝမ်ရန်နှင့် ဝမ်ဖူတို့ ရောက်လာချိန်တွင် ခြင်္သေ့မြို့ဟာ ပုံမှန်မဟုတ်စွာပင် သိန်းပိုက်ရန် ခက်ခဲလာခဲ့လေသည်။ သို့ရာတွင် ထိုအခြေအနေက ကောင်းမွန်နေသေးသည်။ သို့ရာတွင် ပို၍အလားအလာကောင်းသည့် လူတစ်ယောက်က ပေါ်ထွက်လာသည်။ သူတို့က ထိုတစ်ယောက်ဟာ မည်သည့်နေရာက ရောက်လာကြောင်း မသိထားသော်လည်း ယွီစန်းနှင့် မာန်ရှဲ့ကျောင်းတို့ ရင်ဆိုင်နိုင်သော အခြေအနေတွင် မရှိချေ။
အရာအားလုံးဟာ ချောမွေ့စွာ ဖြစ်ပျက်စတင်လာခဲ့ပြီး အားဟိုင်ကို အောင်မြင်မှုအပြည့်ဖြင့် သိမ်းပိုက်နိုင်ရန် ဖြစ်နေခဲ့ပြီးသားဖြစ်သည်။ သို့ရာတွင် လက်ရှိအချိန်တွင်မူ တိုက်ပွဲဟာ မမျှော်လင့်ထားစွာပင် ခက်ခဲလွန်းလာသည်။ လက်ရှိအချိန်တွင် ဖုန်းကျားရီကပင် မကောင်းသော ခံစားချက်ကို ရနေပြီး အနောက်တောင်ဘက်ပိုင်းမှ အခြေအနေ ဖွံ့ဖြိုးတိုးတက်မှုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ချေ။
“ဟမ့် ငါတို့ကဒီနေ့ ဒီအန်းနန်အစိုးရစစ်တပ်ကို အဆုံးမသတ်နိုင်ရင်တောင်မှ ဒီကောင်စုတ်လေးကိုတော့ သတ်ရမယ်။ မဟုတ်ရင် သူ့ရဲ့ဒီနည်းဗျူဟာတွေ စစ်ဗျူဟာတွေကို ပိုင်ဆိုင်ထားတဲ့ပုံစံမျိုးနဲ့ မာန်ရှဲ့ကျောင်းအတွက် ပြဿနာရှိ ဖြစ်လာလိမ့်မယ်”
မည်းမှောင်နေသော မိုးကြိုးများက လျှပ်စီးများနှင့်အတူ ထွက်ပေါ်လာပြီးနောက်တွင် မာန်ရှဲ့ကျောင်း၏ အိမ်ရှေ့စံ၏ မျက်ဝန်းထဲတွင် မည်သူမျှသတိမထားမိလောက်သော ရက်စက်ကြမ်းတမ်းသည့် အလင်းတန်းက ထွက်လာသည်။
ဝုန်း
လေထဲတွင် အလင်းရောင်တစ်ချက် လက်လိုက်ချိန်တွင် နို့နှစ်ရောင်ဓားချီက ဖုန်းကျားရီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ဝုန်း
ဖုန်းကျားရီဟာ ကြယ်တာရာစွမ်းအင် နံရံတစ်ခုကိုသုံးပြီး သိန်းငှက်အိုကြီး၏သိုင်းကို ဖယ်ရှားလိုက်သည်။ ထို့နောက်သူက ချက်ချင်းလိုလို သူ၏အံ့အားသင့်ဖွယ်ကောင်းသော ရွေ့လျားမှုတိုင်းကို ထုတ်သုံးလိုက်ကာ ဝိုင်းထားခံရသည့်ကြားမှ ဖောက်ထွက်လိုက်ပြီး ဝမ်ချောင်ထံ ဦးတည်လိုက်သည်။
သူ၏ကိုယ်မှ အလွန်အမင်း အင်အားကြီးမားပြီး စွမ်းအားပြင်းထန်သည့် ဓားချီများဟာ ပေါက်ထွက်လာပြီး မရေမတွက်နိုင်သော သတ္ထုအမှုန်အမွှားများက စတင်စုစည်းလာတော့သည်။ အချို့က နက်ရှိုင်းသော မြေပြင်ထဲမှ ထွက်လာခြင်းဖြစ်သည်။ ထိုသတ္ထုအမှုန်အမွှားများဟာ ဓားပျံများအဖြစ် ပြောင်းလဲလျှက် ဖုန်းကျားရီကို အဖော်ပြုပြီး လေထဲသို့ သူနှင့်အတူ ပျံသန်းသည်။ ဖုန်းကျားရီ၏ကိုယ်မှ ထုတ်ဖော်နေသော ထိုအရှိန်အဝါဟာ လောကတစ်ခုလုံးကို ဝါးမြိုနိုင်စွမ်းရှိသည်ဟု ထင်ရလောက်အောင် ပြင်းထန်နေသည်။ တောင်တန်းများကပင် အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် အက်ကွဲသွားစေနိုင်စွမ်း ရှိနေခဲ့ပြီး လူ၏ခန္ဓာကိုယ်ဆိုလျှင် သွေးအလိမ်းလိမ်း အသားများ ပဲ့ထွက်ကြွေကျသည်အထိ ဖြစ်သွားနိုင်သည်။
ဝမ်ချောင်ဟာ ဖုန်းကျားရီ၏ အားအင်အပြည့် တိုက်ကွက်ကို လက်ခံရတော့မည်မှာ သေချာသလောက် ရှိနေသည်။ သူကသာ လက်ခံရလျှင် သူ့ကိုစောင့်ကြိုနေမည်မှာ သေခြင်းတရားဖြစ်သည်။
“ကောင်စုတ်လေး မင်းဘယ်သူလဲတော့ ငါမသိဘူး။ ဒါပေမဲ့ မင်းရဲ့ကံကြမ္မာကို လက်ခံလိုက်တော့”
ဖုန်းကျားရီ၏ အေးစက်ကာ မောက်မာထောင်လွှားသည့် အသံဟာ ဝမ်ချောင်၏ နှလုံးသားထဲတွင်မူ တစ္တေညဉ်းသံအလား ထင်ရသည်။ လေထုဟာ တင်းအားကြောင့် အလွန်ထူထပ် သိပ်သည်းလာသလို ဖြစ်လာပြီး သေဆုံးခြင်း အငွေ့အသက်ကိုပင် ခံစားလာမိစေသည်။
တဟားဟားရယ်သံများက ထွက်ပေါ်လာသည်။ ဖုန်းကျားရီအတွက် အံ့သြသွားရသည်မှာ ဝမ်ချောင်ဟာ ခြေနှစ်လှမ်းခန့် ဆုတ်ပြီးသည်နှင့် ချက်ချင်း ရပ်တန့်လိုက်ခြင်းဖြစ်သည်။ သူဟာ ခုန်ဝင်လာနေသည့် ဖုန်းကျားရီကို တားဆီးမည့် အရိပ်အယောင် ရှိနေခဲ့သည်။
“ဖုန်းကျားရီ ငါကငါ့ရဲ့ ကံကြမ္မာကို လက်မခံချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းကငါ့ကို သတ်နိုင်စွမ်းအား မရှိမှာကိုပဲ စိုးရိမ်မိတယ်”
“မင်းကဘာကို ဆိုလိုတာလဲ။ သေခြင်းတရားရဲ့ တံခါးဝကို ရောက်နေတာတောင်မှ အရှက်မရှိပဲ ပေါက်ကရက ပြောရဲသေးတယ်”
ဖုန်းကျားရီ၏ မျက်ဝန်းများဟာ ရေခဲတုံးအလား အေးစက်လာသည်။ အဆင့်မြင့် သိုင်းနယ်မြေ ကျွမ်းကျင်ပညာရှင်များဟာ ဖော်ပြရန် ခက်ခဲလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ ဖုန်းကျားရီဟာ ဝမ်ကျူံးစစ်ထံမှ မဟာဗိုလ်ချုပ်ဖြစ်ရန် အလားအလာပါသော လူတစ်ယောက်အဖြစ် အသိအမှတ် ပြုခံထားရသူ ဖြစ်နေသေးသည်။ ထို့ကြောင့် ဖုန်းကျားရီအနေနှင့် သူနှင့်ဝမ်ချောင်ကြားမှ အရှိန်အဝါကို ချက်ချင်းလိုလို ကျဉ်းမြောင်းလိုက်နိုင်သည်။
သုံးကျန်း
နှစ်ကျန်း
တစ်ကျန်း
ခြေနှစ်လှမ်းစာ
ထိုအကွာအဝေးတွင် ဝမ်ချောင်အနေနှင့် ဖုန်းကျားရီ၏ ဓားထိပ်မှ စီးဆင်းနေသော လေထုကိုပင် ရှင်းလင်းစွာ မြင်နေရသည်။ ဖုန်းကျားရီ၏ သံချပ်ကာ မျက်နှာပြင်ပေါ်တွင်လည်း လျှပ်စီးလှိုင်းတစ်ခု၏ ရောင်ပြန်ဟပ်မှုကို ခံစားမိနိုင်နေသည်။ ဖုန်းကျားရီ၏ နှုတ်ခမ်းထောင့်မှ အထင်တသေး အပြုံးနှင့်အတူ တဖြည်းဖြည်းချင်း နီးကပ်လာခြင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဝမ်ချောင်၏ အင်အားအဆင့်ဖြင့် ဒီတပ်ကိုသာ ရင်ဆိုင်ရလျှင် သေသွားမည်မှာ သေချာသည်။ သို့သော် ဝမ်ချောင်က အေးစက်စွာသာရယ်သည်။
“ဟ ဖုန်းကျားရီ မင်းတစ်ခုခုကို မေ့နေသလား”
ဝမ်ချောင်ဟာ ခြေတစ်လှမ်းဆုတ်ပြီးနောက် ဘေးဘက်သို့သွားသည်။
ဝုန်း
ထိုအချိန်တွင် ဝုန်းကနဲ အလင်းရောင် လက်ပြီးသည်နှင့် ဖုန်းကျားရီက မတုန့်ပြန်နိုင်ခင်မှာတင် အနက်ရောင် ပုံရိပ်တစ်ခုက သူ့ကိုဝင်ဆောင့်တိုးလာသည်။
“ဝမ်ရန်”
ဖုန်းကျားရီက မိုးရေထဲသို့ လွင့်ထွက်သွားသည်။ ထို့နောက် မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျပြီး သူ၏တစ်ကိုယ်စာ တွင်းချိုင့်ကြီးဖြစ်လာသည်။
“ဖုန်းကျားရီ မင်းရဲ့ပုဇဉ်းရင်ကွဲ အခွံမာကြေးခွံ ပရိယာယ်က ငါ့အပေါ် သက်ရောက်မှုရှိမယ်ထင်လား”
အေးစက်ကာ ထူးခြားသည့်လေသံက အနည်းငယ် တောင့်တင်းသော တွန်းအားနှင့်အတူ ထွက်လာချိန်တွင် တလောကလုံးကို ပဲ့တင်ထပ်သွားသည်။
တစ်ချိန်ထဲလိုလို တဘုန်းဘုန်း မြည်သံများက ထွက်ပေါ်လာသည်။ ဓားအစွယ်သားရဲ ကျောက်စစ်လော့ကလည်း လွင့်ထွက်သွားသည်။ အင်အားကြီးမားသော စွမ်းအင်များဟာ မည်သည့်နေရာကမှန်းမသိ တစ်ပြိုင်ထဲ ထွက်ပေါ်လာပြီး တောင်ထိပ်ကို ဝန်းရံသွားတော့သည်။
“ကျောက်စစ်လော့ မင်းဆိုရင်တောင်မှ ဒီနည်းလမ်းသုံးတာ အရှက်မဲ့လွန်းတယ်”
အန်းနန်အစိုးရစစ်တပ်မှ အရာရှိများနှင့် ဗိုလ်ချုပ်များအားလုံးဟာ တစ်ပြိုင်ထဲလိုလို တောင်ထိပ်တွင် ပေါ်လာသည်။ သူတို့အားလုံးဟာ တောင့်တင်းသန်မာပြီး ပြင်းထန်သည့် စွမ်းအင်များ ထွက်ပေါ်နေကာ ကျောက်စစ်လော့ကို ဝိုင်းထားသည်။
“သေစမ်း ဒီကောင်စုတ်လေးက တကယ်ကို ယုတ်ညံ့လွန်းတယ်”
ကျားဖြူ၏ မျက်လုံးထဲတွင် ခက်ထန်သည့်အလင်းတန်းက ထွက်ပေါ်လာသည်။ သူဟာ ခြေလက်လေးဘက်လုံးကို မြေပြင်သို့ ဖိထားလိုက်ပြီးနောက်တွင် ချက်ချင်းလိုလို ခုန်တက်ကာ မြေသားများကိုပင် လေထဲသို့ မြောက်တက်သွားစေသည်။ မိုးနှင့်ရွံ့နွံများ၏ လွှမ်းမိုးမှုအောက်တွင် အန်းနန်အစိုးရစစ်တပ်များထံတွင် သူဟာခုန်ဝင်သွားလေသည်။ အချိန်အနည်းငယ်ထဲနှင့် နှစ်ဖက်ဟာ ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွဲကြလေသည်။
တစ်ချိန်ထဲလိုလို တောင်ထိပ်ပေါ်တွင်လည်း မာန်ရှဲ့ကျောင်းမှ အိမ်ရှေ့စံဟာ ဝမ်ချောင်၏ဖခင်နှင့် ဒေါသတကြီး တိုက်ခိုက်နေသည်။ ဒါဟာဝမ်ချောင်၏ ပထမဦးဆုံးအကြိမ် ဖခင်ဖြစ်သူ၏တိုက်ပွဲကို မြင်ဖူးခြင်းလည်းဖြစ်သည်။
သူ၏တိုက်ခိုက်ပုံဟာ ခန့်မှန်း၍မရသလို ကြောက်မက်ဖွယ်လည်း ကောင်းသည်။ များများစားစား ထူးထူးခြားခြား ပြောင်းလဲသွားခြင်းလည်း မရှိသလို တိုက်ပွဲဝင်၏ အရှိန်အဝါကိုမူ မြေကမာ္ဘ ကွဲအက်စေလောက်သော အဟုန်နှုန်းအပြည့်ဖြင့် ပိုင်ဆိုင်ထားသည်။ သူ၏ခက်ထန်ကြမ်းတမ်းသော ကြယ်တာရာ စွမ်းအင်များဟာလည်း မိုးကိုပင် ဘေးဖယ်ရှားတော့မည့်အလား ထင်ရပြီး မြေကြီးကိုပင် လေထဲသို့ ဆက်တိုက် မြှောက်တက်နေလေရာ အရှိန်အဝါအပြည့်ဖြင့် တစ်လောကလုံးကို ဝါးမြိုတော့မလိုမျိုး တိုက်ခိုက်နေသည်။
လေးလံသောဓားတွင် အစွန်းမရှိချေ။ သို့သော် အကြီးမားဆုံးသော စွမ်းရည်ကမူ ရိုးရှင်းခြင်းဖြစ်သည်။ သူ၏ဖခင်ဟာ ရှုပ်ထွေးမှုအားလုံးကို အရိုးရှင်းဆုံး ပုံစံအဖြစ် ပြောင်းလဲနိုင်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ၏လှုပ်ရှားမှုတိုင်းဟာ ရိုးရှင်းသည်။ သို့သော် ရှုပ်ထွေးလွန်းသည်။ တစ်စုံတစ်ယောက်ကသာ သူ့ထက် အင်အားအလွန်အမင်း ကြီးမားနေခြင်း မရှိလျှင် ထိုလူအနေနှင့် သိုင်းပညာအရာတွင် သူ့ကိုယှဉ်ရန် ခက်ခဲသည်။ ဝမ်ချောင်ကပင် မဖြစ်နိုင်ဟု တွေးတောလိုက်မိသည်။
သူ၏ဖခင်ဟာ မဟာဗိုလ်ချုပ်ဖြစ်ရန် အလားအလာ မရှိလောက်ချေ။ သူ၏အဘိုးနှင့် နန်းတော်မှ ဝန်ကြီးများဟာလည်း ထိုအလားအလာရှိပြီဟု မယုံကြည်ခဲ့လောက်ချေ။ သို့သော် စစ်ဗိုလ်ချုပ်တစ်ယောက်အနေနှင့် သူ၏ဖခင်ဖြစ်သူဟာ အကောင်းဆုံးများထဲမှ တစ်ယောက်ဖြစ်သည်။ သူဟာ တပ်ဖွဲ့တွေကို ဦးဆောင်အမိန့်ပေးရန် လေ့လာနေသလို သိုင်းပညာကိုလည်း ကောင်းမွန်စွာ ကျင့်ကြံခဲ့ပြီး အမြဲတစေ သတိထားကာ အကြံအစည် ချတတ်သည်။ ဒီနည်းအားဖြင့် ပြိုင်ဘက်များကို တိုက်ခိုက်ရန် အခွင့်အရေး မပေးခဲ့ဖူးချေ။
ဖုန်းကျားရီဟာ အနာဂတ်မဟာဗိုလ်ချုပ်ဖြစ်ရန် ချီးကျူးခံထားရကောင်း ခံထားရနိုင်သည်။ သို့သော် သူ၏အသက်နှင့် အတွေ့အကြုံမဲ့ခြင်းဟာ အားနည်းချက်ဖြစ်သွားသည်။ ယခုအခါ ရှင်းလင်းစွာဖြင့် ဟာကွက်များက ပေါ်လာသည်။ သူဟာ ဝမ်ရန်နှင့်အရှေ့တွင် ပြန်မတိုက်ခိုက်နိုင်တော့ဘဲ လက်သီးအထိုးခံ သဲအိတ်ဖြစ်သွားသည်။ သတ္ထုလူသားများနှင့် ဓားချီမုန်တိုင်းများကပင် ဝမ်ရန်ကို ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ချေ။
အခန်း(၅၃၅)
“ဝမ်ရန် ဒါကပိတ်လှောင်ခံထားရတဲ့ သားရဲတစ်ကောင်ရဲ့ ရုန်းကန်မှုပဲ ဖြစ်လိမ့်မယ်။ မဟာထန်က အရင်က မဟာထန်မဟုတ်တော့ဘူး။ အနောက်တောင်ဘက်ပိုင်းက မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းတို့ရဲ့ လောကဖြစ်နေပြီးသား။ မင်းတို့အားလုံး ဒီနေ့ ရုန်းကန်ချင်သလောက် ရုန်းကန်နိုင်တယ်။ ဒါပေမဲ့ ဒီနေ့ မဟာထန်ဗိုလ်ချုပ်တွေ ရောက်လာတာနဲ့ မင်းတို့ကို စောင့်ကြိုနေမှာက သေခြင်းတရားပဲ”
ဖုန်းကျားရီ၏ အသံဟာ ကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ဝမ်ရန်နှင့် သိန်းငှက်အိုကြီးကဲ့သို့ ကျွမ်းကျင်ပညာရှင်များ၏ တိုက်ခိုက်ခြင်းကို ခံနေရသည့်တိုင်အောင် ဖုန်းကျားရီဟာ ထိုသို့တောင့်ခံနေနိုင်သေးသည်။
“အိမ်ရှေ့စံအနေနဲ့ မသေခင် အသက်ရှုချိန်တွေကို အဆုံးရှုံးခံဖို့ မလိုအပ်ပါဘူး။ မဟာထန်က အရင်က မဟာထန် ဟုတ်တာမဟုတ်တာက မာန်ရှဲ့ကျောင်းက အိမ်ရှေ့စံက ဖြစ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး”
ဝမ်ရန်၏အသံက အေးစက်ကာမာကြောပြီး မထူးခြားနားသံ ပေါက်နေသည်။ ဖုန်းကျားရီကဲ့သို့သော လုပ်နိုင်စွမ်းအား ပြင်းထန်သူတစ်ယောက်ကပင် ဝမ်ရန်၏ခုခံမှုတွင် ပစ်ချက်ကိုရှာရန် ခက်ခဲလာသည်။
“ဟမ့် မင်းတို့က သေခါနီးအချိန်မှာတောင် ခေါင်းမာနေတုန်းပဲ။ ဒီနေ့ကပ်ဘေးကို မင်းတို့ရင်ဆိုင်နိုင်တော့ရော ဘာဖြစ်လဲ။ ငါတို့ကဒီတိုင်း အစောပိုင်းအဖွဲ့ပဲ ရှိနေသေးတယ်။ တကယ့်တကယ် ငါတို့နောက်က ကပ်ပါလာမဲ့ အဓိကစစ်တပ်နဲ့ ယှဉ်နိုင်စွမ်းအားတောင် မရှိနေသေးဘူး။ အနောက်တောင်ဘက်ပိုင်းက ကုန်းမြေဟာ ပြန့်ပြူးပြီး မင်းတို့ထဲက ဘယ်သူကမှ အချိန်အတန်ကြာ ဆက်သွားမယ်ဆိုရင်တောင်မှ တောင်မြင့်တွေနဲ့ မြစ်ကျယ်တွေကို မြင်နိုင်မှာမဟုတ်ဘူး။ မင်းတို့ဒီနေရာက ထွက်ပြေးနိုင်မယ်ဆိုရင်တောင်မှ ထာဝရပြေးနိုင်မှာလား။ မင်းတို့တွေ ခြေလေးချောင်း ရှိနေရင်တောင်မှ အပြေးမြန်မယ်လို့ မယုံဘူး”
ဖုန်းကျားရီ၏လေသံဟာ လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းလှပြီး ဓားချီများနှင့်အတူ သူ၏ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ သက်ရောက်မှုဟာ မပြင်းထန်လှသော်လည်း ဖုန်းကျားရီဟာ အန်းနန်စစ်အစိုးရကို အနိုင်ပိုင်းရန် စိတ်ပိုင်းဆိုင်ရာအားဖြင့် လက်လျော့ထားခြင်း မရှိသည်မှာ သေချာသည်။
“မင်းကယုံကြည်မှု တအားရှိနေမှတော့ ဘာလို့ငါတို့ကို ရင်ဆိုင်မတိုက်ခိုက်တာလဲ။ ဘယ်အချိန်က မာန်ရှဲ့ကျောင်းရဲ့ အိမ်ရှေ့စံက သိုင်းပညာသုံးပြီး တိုက်ခိုက်ရမဲ့အစား ပါးစပ်သုံးပြီး ပေါက်ကရတွေ ပြောနေတာလဲ”
ဝမ်ချောင်ဟာ ဘေးဘက်မှ နှာခေါင်းရှုံ့လိုက်သည်။
ဝမ်ချောင်၏စကားများဟာ တောင်တန်းတလျှောက် လေထုအခြေအနေကို ပြောင်းလဲသွားစေသည်။ မိုးအလင်းကာကို ကျော်ဖြတ်ပြီး အရိုးကွဲမတက် အေးစိမ့်သည့် မျက်ဝန်းတစ်စုံဟာ ရောက်လာလေပြီး ဝမ်ချောင်ပေါ် ကျရောက်လာသည်။ ထိုတခဏတွင် ဖုန်းကျားရီဟာ သူ၏ရုပ်ဖျက်ထားမှုကို ဖယ်ရှားလိုက်သည်။ ဒီနည်းအားဖြင့် ကျော်ကြားလှသော မာန်ရှဲ့ကျောင်း၏ အိမ်ရှေ့စံ၏ ရုပ်ရည်အစစ်အမှန်ကို သူကပထမဦးဆုံးအကြိမ် မြင်လိုက်ရသည်။
အိမ်ရှေ့စံဟာ နှစ်ဆယ့်ခုနှစ်နှစ်၊ နှစ်ဆယ်ရှစ်နှစ် အရွယ်သာ ရှိနေသေးသည်။ သူ၏မျက်နှာဟာ တုနှိုင်းမဲ့အောင် ခန့်ညားချောမောလွန်းပြီး အသားအရည်ဟာလည်း အလွန်အမင်း ဖြူဖွေးနေကာ မြို့တော်မှ အထက်တန်းလွှာများထက်ပင် အဆပေါင်းများစွာသာသည်။ သူ၏ကိုယ်ရောင်ကိုယ်ဝါမှ ထွက်နေသော မွှေးညှင်းပေါက်တိုင်းကပင် ပြီးပြည့်စုံစွာ ကောင်းမွန်နေသည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ သို့ရာတွင် မြို့တော်၏ တော်ဝင်အိမ်တော်များတွင် နေထိုင်တတ်သော မင်းသားများနှင့် မတူညီသည်မှာ ဖုန်းကျားရီ၏ကိုယ်ကို ရက်စက်ကြမ်းတမ်းသော အရှိန်အဝါတစ်မျိုးက ဖုံးလွှမ်းထားခြင်းဖြစ်သည်။
ဖုန်းကျားရီ၏ ရုပ်သွင်အစစ်အမှန်ကို တစ်ချက်ကြည့်ရုံမျှနှင့် ချဉ်းကပ်ရန် အလွန်အမင်း မသက်မသာဖြစ်သည့် စိတ်မပါစေလောက်အောင် ပြင်းထန်ဆိုးရွားသည့် သဘောမကျမှု ခံစားချက်ကို ရရှိစေသည်။ သူ၏ကျန်သော အရည်အသွေးများကိုပင် ထည့်ပြောရန် မလိုအပ်သေးချေ။
ထိုကဲ့သို့ ကောင်းကင်ဘုံ၏ ပါ့စားပေးခံရသော သားတော်တစ်ယောက်ဟာ သူ၏ဖခင်ဖြစ်သူနှင့် တူညီနေပေလိမ့်မည်။ အနောက်တောင်ဘက်ပိုင်းမှ အ့ဟိုင်၏ ကျောင်းဟာမဟာထန်အတွက် အဓိက ပြဿနာကြီးဖြစ်သည်။ ကလေးတစ်ယောက်ကို အလိုလိုက်ထားသည့် တော်ဝင်ခုံရုံးဟာ ကျားကိုအားဖြည့်ပေးနေခြင်း ဖြစ်ရပေမည်။ ဝမ်ချောင်ဟာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
အနောက်တောင်ဘက်ပိုင်းမှ ပုန်ကန်မည့် လက္ခဏာများ ပြနေခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်ပြီး ဝမ်ချောင်ကိုယ်တိုင်ကလည်း မျက်နှာကိုမမြင်နိုင်ဘဲ အရိုး၏မာကြောမှုကို မခံစားနိုင်ချေ။ သို့သော် ဖုန်းကျားရီကို မြင်လိုက်ရချိန်တွင်မူ လူကောင်းမဟုတ်မှန်း သိသာသည်။
“ကောင်စုတ်လေး မင်းကဘယ်သူပဲဖြစ်ဖြစ် ဒီစစ်အနုပညာကို ဘယ်နေရာကပဲ သင်လာသင်လာ အနောက်တောင်ဘက်ပိုင်းကနေ အရှင်လတ်လတ် ထွက်ပြေးနိုင်မှာမဟုတ်ဘူး”
ဖုန်ကျားရီ၏အသံဟာ မိုးသီးကြွေကျလာသလိုမျိုး ဝမ်ချောင်၏ကံကြမ္မာကို ဆုံးဖြတ်ပေးလိုက်သည်။
ဝှစ်
လေထဲတွင် ဓားချီတစ်ခုက ပျံသန်းသွားသည်။ စကားပြောနေရင်းမှတင် ဖုန်းကျားရီဟာ သေးငယ်သော ဟာကွက်တစ်ခုကို အသုံးပြုလိုက်ပြီး ဝမ်ချန်ထံသို့ လက်ညိုးနှင့် လက်မများကို အသုံးပြုကာ ဓားချီများကို ဆက်တိုက်ပစ်လွှတ်လိုက်လေသည်။ အလွန်အမင်း မြန်ဆန်လွန်းလေရာ ဝမ်ရန်ကပင် မတုန့်ပြန်နိုင်ခဲ့ပေ။ ရှင်းလင်းစွာဖြင့်ပင် ဖုန်းကျားရီက ဝမ်ချောင်ကို သတ်ချင်နေသည်မှာ သေချာသည်။
ဖုန်းကျားရီက ထိုသားအဖနှစ်ယောက်ကို သတ်ချင်စိတ်တွင် ဝမ်ချောင်က ဝမ်ရန်ထက်ပင် သာလောက်သည်။
တခွပ်ခွပ်မြည်သံများ ထွက်ပေါ်လာသည်။ ဖုန်းကျားရီ အံ့သြသွားရသည်မှာ သူ၏တိုက်ကွက်တိုင်းဟာ မြေကြီးကိုသာ ထိသွားခြင်းဖြစ်သည်။ ဝမ်ချောင်ဟာ ထိုတိုက်ကွက်များကို အလွယ်တကူ ရှောင်ရှားလိုက်နိုင်သည်။ သူဟာ စစ်ချက်တစ်ရာ ခုတ်ချက်ပင်ဖြစ်စေ၊ သိန်းငှက်ခုတ်ချက်ကိုပင်ဖြစ်စေ အသုံးမပြုနိုင်ချေ။
သူ၏အရှေ့တွင် ဓားသိုင်းကို လာသုံးနေခြင်းဟာ ရယ်စရာကောင်းသည်။ မာန်ရှဲ့ကျောင်းမှ အိမ်ရှေ့စံကပင် ဒါကိုမလုပ်နိုင်ချေ။ ဝမ်ချောင်၏စိတ်ထဲတွင်မူ အော်ရယ်နေပြီဖြစ်သည်။
ဝမ်ချောင်၏ လက်ရှိအင်အားအဆင့်ဟာ အနီးကပ် တိုက်ခိုက်လျှင် ဖုန်းကျားရီ၏ လက်ချောင်းနှင့်ပင် မယှဉ်နိုင်လောက်ချေ။ သို့သော် ဖုန်းကျားရီဟာ ဝမ်ချောင်၏အရှေ့တွင် ဓားချီကိုသုံးပြီး နားလည်နိုင်စွမ်းအားကို ယှဉ်ပြိုင်လာလျှင်မူ ရယ်စရာဖြစ်သွားသည်။ ဖုန်းကျားရီကသာ အနီးကပ် မတိုက်ခိုက်သမျှ ကာလပတ်လုံး ဝမ်ချောင်ဟာ သူ့ကိုကရုပင်မစိုက်ပေ။
စစ်သည်သောင်းကျော် ပါဝင်နေသော တိုက်ပွဲတွင် လူတစ်ယောက်၏ သိုင်းပညာက အဓိကမကျချေ။ ဖုန်းကျားရီနှင့် ကျောက်စစ်လော့တို့က မည်မျှပင် အင်အားကြီးမားနေစေကာမူ သူတို့၏ အင်အားတစ်ခုထဲနှင့် အရာအားလုံးကို ပြောင်းလဲနိုင်မည်ဟု သူတို့က တွေးနေလျှင် ခေါင်းမာလွန်းအား ကြီးသည်ဟုဆိုရပေမည်။
ဖုန်းကျားရီနှင့် ကျောက်စစ်လော့တို့ဟာ သူရဲကောင်းနေရာလုပြိုင်ပွဲ ကစားနေချိန်တွင် ဝမ်ချောင်ဟာ နည်းဗျူဟာကစားပွဲကို စတင်ကစားနေပြီဖြစ်သည်။ နှစ်ဖက်လုံးဟာ အဆင့်မတူချေ။
“ဗိုလ်ချုပ်တွေအားလုံး ငါ့ရဲ့အမိန့်ကို နာခံကြ။ ဖုန်းကျားရီနဲ့ ကျောက်စစ်လော့ကိုသိမ်းထား။ သိန်းငှက်အိုကြီး ငါတို့ရဲ့စစ်တပ်ရောက်ပြီလား”
ဝမ်ချောင်ဟာ တောင်ထိပ်မှ ရွံ့နွံများကို အသာသပ်ချလိုက်ပြီးနောက် အကြိမ်ဆယ်ကျန်းခန့်အထိဆုတ်ကာ သူနှင့်ဖုန်းကျားရီကြား အကွာအဝေး ခြားလိုက်သည်။ တချိန်ထဲတွင်ပင် သူဟာ ညာဘက်လက်ထဲတွင် ဘုရင်စုန့်တံဆိပ်ကို ထုတ်လိုက်ပြီးနောက် ပဲ့တင်ထပ်သွားသော လေသံမျိုးဖြင့် အမိန့်ထုတ်လိုက်သည်။
“အရှင် သူတို့ရောက်နေကြပါပြီ”
သိန်းငှက်အိုကြီး၏ အသံဟာလည်း သတ္ထုပဲ့တင်သံနှင့်အတူ တစီစီမြည်သံကိုပင် ကပ်ပါထုတ်လွှတ်လာသည်။ သူထုတ်ဖော်ထားသော ဗာဂျရာအစောင့်အရှောက် လက်ခြောက်ဘက် သတ္တဝါကြီးအသံဟာလည်း သက်ရောက်ခံလိုက်ရသည်။
ဝုန်း
“သတ်”
မိုးခြိမ်းသံကိုပင် ကျော်လွန်လောက်အောင် တချိန်ထဲတွင်ပင် အောက်ဘက်မှ မြေကမာ္ဘတုန်ဟီးသံနှင့် ဟိန်းဟောက်သံကြီးက ထွက်ပေါ်လာသည်။ သူတို့အားလုံးက အရောက်နှေးသော်လည်း စစ်သည်တစ်သောင်းပါသော ထိုတပ်ဖွဲ့ဟာ ဗိုလ်ချုပ်ရွှီရှစ်ဖင်းနှင့် ရွှီအန်းသွန်းတို့၏ ဦးဆောင်မှုဖြင့် အချိန်ကိုက် ပြောင်းလဲနိုင်စွမ်းရှိလာသည်။ မိုးဟာတောင်ထိပ်မှ ကျနေပြီး မြင်ကွင်းကို ဝေဝါးစေသည့်တိုင်အောင် လူတစ်ယောက်အနေနှင့် တိဗက်လူမျိုးများနှင့် မာန်ရှဲ့ကျောက်တပ် နှစ်ခုအပြင် အင်အားစုအသစ် ရောက်လာခြင်းကို ထင်ရှားစွာမြင်နိုင်မည်ဖြစ်သည်။
“ကရုစိုက် ကရုစိုက်ကြ”
“ဒါကနောက်ထပ် မဟာထန်စစ်တပ်ပဲ”
“သေချာကရုစိုက်ကြပါ အား”
“အန်းနန်အစိုးရ စစ်တပ်မှမဟုတ်တာ ဘာလို့နောက်ထပ် စစ်တပ်တစ်ခုက ရောက်လာတာလဲ။ မဟာထန်က စစ်သည်တွေ ကုန်ဆုံးနေသင့်တာ မဟုတ်ဘူးလား”
“ခုခံရေးအားလှိုင်းဆွဲကြ အရှေ့ဘက်နဲ့ အနောက်ဘက်ကို သေချာအာရုံစိုက်ထားကြ”
တိဗက်လူမျိုးများထံမှ အထိတ်တလန့်ဖြစ်သော အသံများနှင့် သတ္ထုချင်းထိခတ်သံ၊ မြင်းဟီသံ၊ မြေသို့ပြုတ်ကျသံများက မိုးသံကိုပင် ဟိန်းထွက်လာသည်။ ရွှီရှစ်ဖင်းနှင့် ရွှီအန်းသွန်းတို့၏ စစ်တပ်ရောက်လာပြီး အချိန်အနည်းငယ်ထဲနှင့်တင် တိဗက်လူမျိုးများကြား ဝရုန်းသုန်းကား ဖြစ်သွားကြသည်။ ဝမ်ချောင်၊ လီစစ်ယဲ့ပင်ဖြစ်စေ သိန်းငှက်အိုကြီးပင်ဖြစ်စေ ခုခံရာတွင် မကူညီပေးနေသော်လည်း ရွှီရှစ်ဖင်းနှင့် ရွှီအန်းသွန်းတို့ဟာ အခွင့်အရေးကို သတိမပြုမိလောက်အောင် နိမ့်ကျသောလူမျိုး မဟုတ်ကြပေ။ သူတို့အားလုံးဟာ အတွေ့အကြုံရှိ အရာရှိဟောင်းများ ဖြစ်နေကြသည်။ တိဗက်လူမျိုးများဟာ အင်အားအလုံးအရင်းဖြင့် အန်းနန်အစိုးရစစ်တပ်၏ ဖိအားပေးခြင်းကို ခံနေရချိန်တွင် နောက်ထပ် အယောက်တစ်သောင်းပါသော မဟာထန်က ရောက်ရှိလာလေရာ သူတို့အနေဖြင့် ဝရုန်းသုန်းကား ဖြစ်ရသည်မှာ ပုံမှန်သာလျှင်ဖြစ်သည်။
“တိဗက်လူမျိုးမြင်းတပ် အယောက် ၄၁၃၄၄ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
“တိဗက်လူမျိုးမြင်းတပ် အယောက် ၄၃၅၁၇ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
“တိဗက်လူမျိုးမြင်းတပ် အယောက် ၄၄၁၆၆ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
ဝမ်ချောင်၏ နားအတွင်းတွင်လည်း စက်ရုပ်သံများက ဆက်တိုက်ပေါ်လာသည်။ တစ်ချက် တိုက်ခိုက်လိုက်ချိန်တိုင်း တိဗက်စစ်သည်များထံမှ အယောက်လေးထောင် ဆုံးရှုံးနေသည်။ အခြေအနေဟာ ဆိုးရွားသထက် ဆိုးရွားလာသည်။ စစ်အနုပညာအရာတွင် အရှေ့နှင့်အနောက်မှ ညှပ်ကာ တိုက်ခိုက်ခံရခြင်းဟာ စစ်တပ်အတွက် အကြောက်လန့်ဆုံးသော ချောက်ချားဖွယ် ဖြစ်ရပ်ဖြစ်နိုင်သည်။
တိဗက်လူမျိုးများဟာ သုတ်သင်ရှင်းလင်းခံနေရပြီဖြစ်သည်။ တိုက်ပွဲဟာ စတင်ကတည်းက ဖုန်းကျားရီနှင့် ကျောက်စစ်လော့တို့ဟာ အင်အားအကြီးဆုံးများ ဖြစ်နေကြသည်။ သို့သော် ဒီရလဒ်ကို သူတို့တောင့်မခံနိုင်ကြချေ။
“သောက်ကျိုးနည်း သေစမ်း”
ဖုန်းကျားရီဟာ အောက်ဘက်မှ အသံများကို နားထောင်နေရင်း သူ၏မျက်လုံးဟာ ရူးသွပ်တော့မတက် နီရဲလာသည်။
ဒီမိုး၏ပြင်းထန်စွာ ရွာသွန်းနေသံထဲတွင် တိဗက်လူမျိုးများ၏ အော်ဟစ်သံများအပြင် သူ၏တိုက်ရိုက် လက်အောက်ခံစစ်သည်တော် ထောင်ပေါင်းများစွာ၏ အော်ဟစ်သံများကလည်း ပါဝင်နေသည်။ ဒီရွာသွန်းကျနေသော မိုးများထဲတွင် မာန်ရှဲ့ကျောက်၏ လက်ရွေးစင်များ ပါနေသည်။ သူတို့ထဲက မည်သူကမှ အလွယ်တကူ လေ့ကျင့်ပေးထားခြင်းမဟုတ်ချေ။ သို့သော် ဖုန်းကျားရီကမူ သူတို့အားလုံး၏ အော်သံကို ကြားနိုင်နေသည်။
“ဒီကောင်စုတ်... ငါဒီကောင်ကိုသတ်မယ်”
ဖုန်းကျားရီဟာ အံ့ကိုပြင်းထန်စွာကြိတ်ထားပြီး ထိုသွားများဟာ ကျိုးသွားတော့မည်ပင် ထင်ရသည်။ သူ၏ဘက်မှ ရှုံးနိမ့်မှုဟာ သေချာသွားသည်။ ဝမ်ရန်နှင့် အခြားသော အစိုးရစစ်တပ်မှ ဗိုလ်ချုပ်များအားလုံးဟာလည်း ရောက်လာကြပြီဖြစ်သည်။
ဝမ်ချောင်ကို မသတ်နိုင်သလို အလံကိုလည်း ခုတ်ချပြီး အရာအားလုံးကို ဖြေရှင်း၍မရနိုင်တော့ချေ။
“ကျောက်စစ်လော့ သွားမယ်မြန်မြန် မဟာဗိုလ်ချုပ်နဲ့ မာန်ရှဲ့ကျားရဲ့ လက်ရွေးစင်တွေက ငါတို့ရဲ့နောက်မှာ ရှိနေတယ်။ သူတို့မထွက်ပြေးနိုင်ပါဘူး”
ဖုန်းကျားရီက ရုတ်တရက်နောက်လှည့်ပြီး အော်လိုက်သည်။ အံ့အားသင့်စရာကောင်းလောက်အောင် သူဟာ တိဗက်လူမျိုးများကို ပြောလိုက်ခြင်းဖြစ်သည်။
မာန်ရှဲ့ကျောင်းမှ အိမ်ရှေ့စံတစ်ယောက်အနေနှင့် သူဟာ စစ်မတ်ရေးရာတွင် ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရုံသာမကချေ။ သူဟာ မဟာထန်၏ မြို့တော်သို့ ဓားစာခံအဖြစ် ရောက်နေခဲ့ချိန်က ပြည်ခြားဘာသာရပ် အနည်းငယ်ကို လေ့လာခဲ့ပြီးလေပြီ။ သူ့အနေဖြင့် တူရကီခေါ်ကာရွန်နှင့် အမျိုးမျိုးသော အနောက်တိုင်း ဘာသာရပ်များကို လေ့လာထားရုံသာမကလေဘဲ စပိန်ကဲ့သို့သော ဘာသာရပ်များကိုလည်း လေ့လာထားနိုင်သည်။ ဖုန်းကျားရီဟာ သူကြိုးစားသမျှ အရာအားလုံးတွင် အောင်မြင်ထူးချွန်အောင် လုပ်နိုင်စွမ်းအားရှိသည့် ဓားရေးအရာတွင်ဖြစ်စေ၊ စုတ်တံရေးရာတွင်ဖြစ်စေ ပါရမီရှင် အစစ်အမှန်တစ်ယောက်ဖြစ်သည်။
ကျားဖြူဟာ ပါးစပ်ကိုဟပြီး တိဗက်လေသံဖြင့် ပြန်ဖြေသည်။
“အလောတကြီးမလုပ်နဲ့ ငါဒီကောင်စုတ်ကို သတ်တာအရင်စောင့်စမ်းပါ”
ကျောက်စစ်လော့ဟာ အကန့်အသတ်မဲ့သော အင်အားကို ပိုင်ဆိုင်ထားသည့်အတွက် ဘယ်ညာခုန်ပြေး ဝင်လာရင်း ဝမ်ချောင်ထံ ခုန်တက်လာသည်။ တောင်တန်းတစ်ခုလုံးကို တိဗက်လူမျိုးများနှင့် သူတို့၏ ကြီးမားသော မြင်းများ၏ အလောင်းများကသာ အပုံလိုက်အဖြစ် ပိတ်ဆို့ထားသလို ဖြစ်လေရာ အရာအားလုံးဟာ ထိုတောင်ထိပ်ပေါ်တွင်ရှိသော ကောင်စုတ်လေးကြောင့်ပဲ သေချာနေသည်။ တိုက်ပွဲနယ်မြေတွင် သေဆုံးခြင်းက ပုံမှန်သာလျှင်ဖြစ်သည်။ ရှောင်ရှား၍မရနိုင်ကြောင်း သူကလည်းသိသည်။ ကျောက်စစ်လော့ကလည်း ဒီအချက်ကို နားမလည်သူမဟုတ်ပေ။ သူဟာ လက်အောက်ငယ်သားများ သေဆုံးခြင်းကိုလည်း များများစားစား မခံစားရချေ။ သို့သော် ကျောက်စစ်လော့အနေဖြင့် အောင်မြင်မှုကို လေးနက်စွာ အာသာပြင်းပြသော စိတ်ဆန္ဒရှိသည်။ ထိုကောင်စုတ်လေးဟာ တိဗက်လူမျိုးများအတွက် အနင်းခံကျောက်တုံးကြီး ဖြစ်သင့်သည်။ ထို့ကြောင့် ကျောက်စစ်လော့က သူ့ကိုသတ်လိုသည်။
ငါအစကတည်းက ဒီကောင်ကို သတ်လိုက်သင့်တာ။ ဒီကောင့်ကို အရမ်းအထင်သေးလွန်းသွားတယ်။
ကျောက်စစ်လော့ဟာ စိတ်ထဲတွင် ဒေါသတကြီး အော်ဟစ်နေမိသည်။
သူ၏ကျားဖြူချီစက်ကွင်းဟာ မဟာနှင်းတောင်တန်း တော်ဝင်ဂူထံမှ ရရှိလာခဲ့ခြင်းဖြစ်သည့်အလျောက် ထိုသိုင်းဟာ သူ၏အင်အားကို ပြင်းထန်စွာ မြင့်တင်ပေးနိုင်သည့် အဆင့်မြင့်သိုင်းတစ်မျိုးလည်း ဖြစ်သည်။ ရလဒ်အနေဖြင့်သူဟာ ဖုန်းကျားရီထက်ပင် ဖိနှိပ်ရ ခက်ခဲသွားတော့သည်။ အန်းနန်အစိုးရစစ်တပ်တွင် ကျွမ်းကျင်ပညာရှင်များစွာ ရှိသော်လည်း သူကသာ တန်ကြေးတစ်ခုကို ပေးဆပ်နိုင်လျှင် ထိုကောင်စုတ်ကို သတ်နိုင်လောက်သည်။
“ကျောက်စစ်လော့ အလျင်စလိုမလုပ်နဲ့။ မဟာဗိုလ်ချုပ်တွေက သိပ်မကြာခင်ရောက်တော့မှာ။ ဒါကမြေပြန့်ပဲ။ ဘယ်နေရာမှ ပြေးစရာမရှိဘူး။ သူတို့ကိုသတ်ဖို့ အခွင့်အရေး အများကြီးရှိတယ်။ ငါတို့ကသာ တောင့်ခံနိုင်ပြီး အဓိကစစ်တပ်နဲ့ပေါင်းနိုင်ရင် သူတို့သေမှာ သေချာနေပြီ”
ဖုန်းကျားရီဟာ ဉာဏ်ကောင်းသောလူ ဖြစ်သည့်အလျောက် ကျောက်စစ်လော့၏ အတွေးကိုသိသည်။ ထို့ကြောင့် ချက်ချင်းတားသည်။ ကျောက်စစ်လော့ဟာ ခက်ထန်သော ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး သူ၏စိတ်ဟာ တိုက်ပွဲတွင်သာရှိကာ အခြားအရာများကို ကရုမစိုက်ချေ။ သို့သော် သူဟာ တိဗက်မြင်းတပ်၏ သေဆုံးမှုများကို ကရုမစိုက်တော့ဘဲ ဖုန်းကျားရီက ကရုစိုက်သည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့ကြားမှ မဟာမိတ်အာဏာကို ကိုယ်စားပြုသည်။ ဖုန်းကျားရီ၏ ရည်မှန်းချက်ဟာ မဟာထန်၏ ထောင့်တစ်နေရာဖြစ်သော အနောက်တောင်ပိုင်းလောက်ကိုသာ အာရုံစိုက်ထားခြင်း မဟုတ်ပေ။
“သူတို့ကိုမလွတ်စေနဲ့ ထိန်းထားကြ”
“ဆရာသခင် လေးသည်တော်အဖွဲ့ ငါ့ရဲ့အမိန့်ကိုနာခံ။ ဘယ်ဘက်ခြမ်းရဲ့ အရှေ့ဘက် ခြေလှမ်းသုံးထောင့်ရှစ်ရာအကွာကိုပစ်ကြ”
“မြင်းတပ်က တိဗက်မြင်းတပ်ရဲ့ အဆင့်ရာထူးအလိုက် အရာအားလုံးကို ထိုးဖောက်တိုက်ခိုက်ဖို့ ပြင်ဆင်ကြ”
ဝမ်ချောင်ဟာ သူ၏အရှေ့တွင်ရှိသော ကြောက်မက်ဖွယ် ကောင်းလွန်းသည့် တိုက်ပွဲမျိုးတွင် ဝင်ရောက်မဆင်နွဲဖူးသော်လည်း သေစေနိုင်ရန် အချက်အချာကျသည့် အမိန့်မျိုးကို ထုတ်ပြန်နိုင်သည်။ အဆင့်မြင့်ဗိုလ်ချုပ်ဟာ ရန်သူ၏ ခုခံအားလှိုင်းကို ကျော်ဖြတ်ပြီး တိုက်ပွဲတွင် အနိုင်ရရန်ကြိုးစားခြင်းဟာ တစ်ယောက်ချင်းစီကို အနိုင်ရခြင်းထက် ပိုအရေးကြီးသည်။
“တိဗက်မြင်းတပ် အယောက် ၄၅၇၄၄ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
“တိဗက်မြင်းတပ် အယောက် ၄၇၉၁၅ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
“တိဗက်မြင်းတပ် အယောက် ၄၈၄၁၆ယောက်ကို သတ်ဖြတ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
ဝမ်ချောင်၏ စိတ်ထဲတွင်လည်း စက်ရုပ်အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ တိဗက်မြင်းတပ်မှ အယောက်ရှစ်သောင်နီးပါးတွင် ဝမ်ချောင်၏ အင်အားစုဟာ ငါးသောင်းဝန်းကျင်နီးပါး သတ်ဖြတ်နိုင်ပြီဖြစ်သည်။ ဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးနောက် လူပေါင်းမြောက်များစွာ၏ အော်ဟစ်သံများကလည်း စစ်နယ်မြေတွင် ပျံ့နှံ့နေတော့သည်။ အရှေ့နှင့်အနောက်မှ ရန်သူများ ပြည့်နှက်နေလေရာ အလယ်ရှိမြင်းတပ်အနေဖြင့် ထွက်ပြေးရန် လမ်းမရှိချေ။
လက်ရှိအချိန်တွင် တိဗက်လူမျိုးများဟာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေသည်။ သူတို့ဟာ လောက၏ အစီအစဉ်အကျဆုံး၊ စည်းကမ်းအရှိဆုံး၊ ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံး၊ အင်အားအကြီးဆုံး မြင်းတပ်ဖြစ်သည့် မဟာထန်၏ မြင်းတပ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ဒီပြိုင်ပွဲတွင် အင်အားခြင်းက သိသာစွာဖြင့် ကွာခြားသွားသည်။
“ငါတို့ရှုံးပြီ မဟာထန်စစ်သားတွေ အများကြီးပဲ”
“မဖြစ်နိုင်ဘူး ငါတို့ကအရေအတွက်ပိုများတာ သိသာနေတာပဲ။ ဘယ်လိုဖြစ်သွားရတာလဲ”
“နောက်ဆုတ်ကြ ငါတို့မနိုင်ဘူး။ ငါတို့ဒီထန်စစ်သားတွေ ဘာလို့အရမ်းများရတာလဲ”
“မြန်မြန်မဟာဗိုလ်ချုပ်ကိုရှာ ငါတို့စစ်သည်အများကြီး ဆုံးရှုံးသွားပြီ။ မဟာဗိုလ်ချုပ်ကပဲ သူတို့ကို ရင်ဆိုင်နိုင်တော့မှာပဲ”
တောင်ပေါ်နှင့်တောင်အောက် အခြေစိုက်စခန်း နှစ်ခုစလုံးမှ တိုက်ပွဲဟာ တိဗက်လူမျိုးများ၏ တိုက်ခိုက်လိုစိတ်ကို အဆုံးစွန်ဆုံးထိ နိမ့်ကျသွားစေသည်။ ထိုအထဲက မည်သူကမှ တိုက်ပွဲဟာ ဒီလိုဖြစ်လာမည်ဟု မမျှော်လင့်ထားကြချေ။ သူတို့အနေနှင့် အန်းနန်အစိုးရစစ်တပ်နှင့် စစ်သည်တော် အရေအတွက် ပိုများသည်မှာ ရှင်းလင်းနေသည်။ သို့သော်အဆုံးတွင် သူတို့ကသာ မဟာထန်စစ်တပ်၏ အရေအတွက် လျော့ချခြင်းကို မြင်ရသည်။
အားအင်မရှိတော့သော ခန္ဓာကိုယ်ဟာ အသုံးမဝင်တော့ချေ။
အခြေအနေဟာ အလွန်အန္တရာယ်များကြောင်း မြင်သောအခါ ဖုန်းကျားရီဟာ လက်မခန့် အရွယ်အစားရှိသော ဆေးတစ်လုံးကို ဝမ်းဗိုက်ထဲမှ ထုတ်လိုက်ပြီးနောက် မြိုချလိုက်သည်။ သူ၏အင်အားဟာ ချက်ချင်းလိုလို ထိုးတက်လာပြီး သူဟာဓားဖြင့်ဝန်ရန်ကို ထိုးစိုက်လိုက်ပြီး လာရာလမ်းမှ ပြန်ဆုတ်သည်။
“တိုက်ခိုက်မနေနဲ့ နောက်ဆုတ်ကြ။ ငါတို့ဒီမှာ ဆက်နေနေရင် ငါတို့ရဲ့အင်အားစုတွေ အကုန်လုံး ရှင်းလင်းခံရလိမ့်မယ်”
ဖုန်းကျားရီက ဓားချီပေါင်း မြောက်များစွာကို ထုတ်လွှတ်လိုက်ပြီး သူ၏ညာဘက်လက်က မြေပြင်ကို ဖိနှိပ်လိုက်ကာ အကြောက်အလန့်မဲ့သော သတ္ထုလူသား ကိုးယောက်ကျော်ကို ဆင့်ခေါ်လိုက်သည်။ ထန်စစ်သည်တော်များ အားလုံးကို ဖယ်ရှားပြီးနောက်တွင် သူဟာ လူသားပုံသဏ္ဍန်ဖြင့် ထွက်လိုသော ကျောက်စစ်လော့ကို လှမ်းဆွဲလိုက်သည်။
ဘုန်း ဘုန်း ဘုန်း
ကြောက်မက်ဖွယ်ကောင်းသော ဗိုလ်ချုပ်များဟာ သူတို့၏အလုပ်ကို လုပ်သည်။ ထိုနှစ်ယောက်က ထွက်ပြေးလိုသည့်အခါ မဟာထန်စစ်သည်တော်များက မတားဆီးနိုင်သည်မှာ ပုံမှန်ဖြစ်သည်။ ထိုနှစ်ယောက်အနေဖြင့် လမ်းကြောင်းဖောက်ပြီးနောက် သူတို့၏စစ်တပ်ကို ဦးဆောင်ကာ အောက်သို့ဆင်းသည်။
“နောက်ကလိုက်ကြ”
ဝမ်ချောင်၏အမူအရာက ပြောင်းလဲသွားသည်။ အလံကို မြေပြင်သို့ ထိုးစိုက်ပြီးနောက်တွင် သူဟာ မြင်းခွာဖြူအရိပ်ပေါ်သို့ ခုန်တက်လိုက်ပြီး တောင်ထိပ်မှအောက်သို့ ဆင်းလိုက်သည်။
ဝမ်ချောင်အနေဖြင့် ဒီတိုက်ပွဲကဲ့သို့သော ပြင်းထန်သည့် တိုက်ပွဲမပါဝင်ခဲ့ဖူးသလို ဖုန်းကျားရီကလည်း တောင်ထိပ်အစစ်အမှန်သို့ မရောက်လာခဲ့ချေ။ သို့သော် လက်ရှိအချိန်တွင်မူ သူဟာ နောက်မှလိုက်ပြီး တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်လာသည်။
“သခင်လေးချောင် ကရုစိုက်ပါ။ ရန်သူကအန္တရာယ်များတယ်”
စစ်တပ်ထဲမှ ချန်းရှုစွန်းက လှမ်းအော်ပြီး ဝမ်ချောင်၏ လုံခြုံမှုကို စိုးရိမ်သွားသည်။
“ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ ထွက်ပြေးတဲ့ရန်သူကို လိုက်ဖမ်းရမယ်ကို သိသင့်တယ်။ ဦးလေးချန်းနဲ့ အရာရှိတွေအားလုံး ငါ့ရဲ့အမိန့်ကိုနာခံပါ။ ဒီရန်သူနောက်ကိုလိုက်ကြ။ ဘယ်သူ့ကိုမှ လွတ်မြောက်ခွင့် မပေးနဲ့”
ဝမ်ချောင်ဟာ အမိန့်ထုတ်ပြီး နောက်မှလိုက်သည်။
တိဗက်လူမျိုးများ၏ တိုက်ခိုက်လိုစိတ်က လျော့ကျသွားပြီဖြစ်သည်။ သူတို့၏ ဗိုလ်ချုပ်များကလည်း ထွက်ပြေးသွားကြပြီး စစ်တပ်ကလည်း အစီအစဉ်မကျ ဖြစ်သွားသည်။ အကောင်းဆုံး အခွင့်အရေးက တိုက်ပွဲတွင် သူတို့၏ ရှင်သန်နိုင်ချေရအောင် ကြိုးစားခြင်းဖြစ်သည်။ တိဗက်လူမျိုးများအနေဖြင့် နောက်တစ်ကြိမ်တွင် တိုက်ပွဲနယ်မြေသို့ ရောက်ချိန်တွင် ဒီအခွင့်အရေးကို မပေးတော့ရန် ဆုံးဖြတ်လိုက်သည်။
တောင်ထိပ်ပေါ်တွင်ရှိသော ဝမ်ရန်က သူ၏အသားစီးရနေသော အနေအထားမျိုးမှ တိုက်ပွဲနယ်မြေကို ကြည့်ပြီးနောက်တွင် အတွေးနက်သွားသည်။ သူကခပ်တိုးတိုး ရွတ်ပြီးနောက်တွင် ဝမ်ချောင်နည်းတူ အမိန့်ကိုထုတ်လိုက်သည်။
“သူတို့နောက်ကလိုက်”
ဒီတစ်ကြိမ်တွင် ဗ်ိုလ်ချုပ်များက မတုန့်ဆိုင်းတော့ချေ။ အန်းနန်အစိုးရစစ်တပ်က နောက်မှလိုက်ချိန်တွင် ကောင်းကင်ကပင် လှုပ်ခါသွားလောက်အောင် သူတို့၏ သတ်ဖြတ်ကြွေးကြော်သံများက ထွက်ပေါ်လာကာ ထွက်ပြေးသွားသော တိဗက်စစ်တပ်ကို လိုက်တော့သည်။
“သတ်”
ကောင်းကင်တုန်ဟီးစေသော အော်သံများက အဘက်ဘက်မှ ထွက်လာသည်။
အနောက်တောင်ဘက်ပိုင်း၏ ကပ်ဘေးတွင် ပထမဦးဆုံးအကြိမ် သူတို့အနိုင်ရခြင်းဖြစ်သည်။