← Chapters

အခန်း (၅၃၆-၅၄၀)

Vol. 26 Ch. 536-540

အခန်း (၅၃၆-၅၄၀)

Vol. 26 Ch. 536-540

အခန်း(၅၃၆)

“နောက်ကလိုက်ကြ”

ထန်စစ်တပ်က ထွက်ပြေးသွားသော တိဗက်လူမျိုးများဘက်မှ အနီးကပ်လိုက်သည်။ တစ်ဆယ်လီ ဝန်းကျင်ခန့်အထိ လိုက်ပြီးမှသာ တိဗက်လူမျိုး ထောင်ပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့ပြီး ထန်စစ်တပ်က နောက်ဆုံးတွင် လိုက်ဖမ်းခြင်းကို လက်လျော့လိုက်ရသည်။ တောင်ဇောင်းဝန်းကျင်တစ်ဝိုက်တွင် မြင်နိုင်စွမ်းဟာ အကန့်အသတ်ရှိသည်။ တိဗက်လူမျိုးများဟာ အားအင်အပြည့်ဖြင့် ပြေးလွှားနေရာ ဝမ်ချောင်ကပင် အပြည့်အဝ မတုန့်ပြန်နိုင်ချေ။ သို့သော် ဒီတိုက်ပွဲမှ ရလဒ်ကမူ လူတိုင်း၏ မျှော်လင့်ထားမှုကို အပြည့်အဝ ကျော်လွန်သွားပြီးသားဖြစ်သည်။

အန်းနန်အစိုးရစစ်တပ်မှ စစ်သည်အယောက် လေးသောင်းက တိဗက်မြင်းတပ် အယောက်ခုနှစ်သောင်းကို ရင်ဆိုင်ခဲ့ပြီး ငါးထောင်၊ခြောက်ထောင်ခန့်ကိုသဘာ ရင်းနှီးခဲ့ရသည်။ ဒီနည်းအားဖြင့် တစ်ဖက်မှမြင်းတပ် ငါးသောင်းကျော်ကို ဖယ်ရှားသုတ်သင်နိုင်ခဲ့သည်။ ထိုသို့ဆယ်ပုံတစ်ပုံ ဝန်းကျင်ခန့်ရှိသော ဆုံးရှုံးမှုနှင့် အောင်နိုင်မှုဟာ မည်သူကမှ မမျှော်လင့်ထားသော ရလဒ်ဖြစ်နေသည်။ ထို့ကြောင့် အန်းနန်အစိုးရစစ်တပ်မှ စိတ်ဓာတ်အင်အားများက တက်ကြွသွားကြပြီး တိုက်ခိုက်ရန် စူးရှလာကြတော့သည်။

“သခင်လေး ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

တောင်တန်းနှင့် ဆယ်ကျန်းဝေးကွာသော နေရာတွင် ဗိုလ်ချုပ်များက ရပ်တန့်လိုက်ကြပြီး မိုးရေအောက်တွင်ရှိနေသော ဝမ်ချောင်ကို လေးစားမှုအပြည့်ဖြင့် ကြည့်ကြသည်။

ဝမ်ချောင်ဟာ အထက်တန်းလွှာလည်း မဟုတ်သလို အရာရှိလည်းမဟုတ်ချေ။ ထို့အပြင် သူက အန်းနန်အစိုး စစ်တပ်မှ စစ်သည်တော်တစ်ယောက်လည်း မဟုတ်ပြန်ချေ။

ထိုကဲ့သို့သော လူမျိုးဟာ စစ်တပ်ကို ဗျူဟာထုတ်ပေးနိုင်သည့် စစ်သေနာပတိချုပ် ရာထူးကို ယူခဲ့ခြင်းက မတွေးတောနိုင်အောင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဝမ်ချောင်ဟာ စစ်တပ်တစ်ခုလုံးတွင် အငယ်ဆုံးလူဖြစ်ပြီး ဒီနေရာတွင်ရှိသော ဗိုလ်ချုပ်တိုင်းကပင် သူ၏ဖခင်ဖြစ်လောက်အောင် အသက်အရွယ် ကြီးရင့်နေကြပြီဖြစ်သည်။ ထို့အပြင် အန်းနန်အစိုးရစစ်တပ်မှ အဓိကအရာရှိ အဖွဲ့သားများက အရာရှိ အဖွဲ့သားများ၏ ကိုးဆယ်ရာခိုင်နှုန်း ဝန်းကျင်ခန့်က သူ့ကိုယခင်က တစ်ကြိမ်သော်မျှ မြင်ဖူးခဲ့ခြင်း မရှိကြချေ။ သို့သော် မည်သူကမှ သူ၏အမိန့်အပေါ် မေးခွန်းထုတ်လိုစိတ် မရှိကြတော့ချေ။

ထိုအရာရှိများက အချ်ိန်တချို့ကြာအောင် ဖုန်းကျားရီနှင့် ကျောက်စစ်လော့တို့နှင့်အတူ တိုက်ခိုက်ခဲ့ဖူးကြပြီး သို့သော် သူတို့ကသာ အမြဲရှုံးခဲ့ရလေသည်။ ထိုလူငယ်က တောင်ထိပ်ပေါ်သို့ တက်ရောက်ခဲ့ပြီး စစ်တပ်၏သွေးကြောကို ဆုပ်ကိုင်နိုင်ချ်ိန်မှသာ အရာအားလုံးကို ပြောင်းလဲနိုင်အောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုလူငယ်ကသာ မရှိလျှင် ဒီနေရာတွင်ရှိသော အများစုဟာ သူတို့နောက်တွင် ကျန်ရစ်ခဲ့သောတောင်တွင် သေသွားလောက်ချေပြီ။

သူရဲကောင်းတစ်ယောက်ကို ရင်ဆိုင်ရချိန်တွင် မည်သူကမှ နောက်ခံကို တွေးတောနေမည်မဟုတ်ချေ။ လက်ရှိအချိန်တွင် မည်သူကမှ ဝမ်ချောင်၏အသက်ကိုပင်ဖြစ်စေ၊ သူ၏အဆင့်ကိုပင်ဖြစ်စေ၊ ရာထူးကိုပင်ဖြစ်စေ မတွေးတောတော့ချေ။ လူငယ်ဟာ ဒီနေရာတွင်ရှိသော မည်သူထက်မဆို အမိန့်ပေးနိုင်သည့် ပါရမီအပြည့်အဝ ပိုင်ဆိုင်ထားသည်။ တစ်စုံတစ်ယောက်ကသာ သူတို့ကိုလက်ရှိ ဆိုးရွားသော အနေအထားမျိုးမှ လွတ်မြောက်အောင် ဦးဆောင်သွားနိုင်မည်ဆိုလျှင် ထိုလူသာ ထိုလူငယ်သာ ဖြစ်ရပေမည်။ ထိုစွမ်းရည်ဟာ ဝမ်ရန်နှင့် အငယ်ဆုံးသားပင်ဖြစ်စေ၊ သူဟာဘုရင်စုန့်၏ တံဆိပ်ပြားကို ကိုင်ဆိုင်ထားသောအချက်ကြောင့် လေးစားခံရခြင်းကိုပင်ဖြစ်စေ ကျော်လွန်သွားလောက်အောင် အလွန်အမင်း အရေးပါသွားသည်။

ဒါဟာလက်ရှိ အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော်တိုင်း၏ ခေါင်းထဲတွင် ပေါ်နေသောအတွေးဖြစ်သည်။

“ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ ကျောက်စစ်လော့နဲ့ ဖုန်းကျားရီကို စိုးရိမ်စရာမလိုတော့ဘူး။ အရေးကြီးဆုံး လုပ်ရမဲ့တာဝန်က အရှင်ရှန်းယွီတုံးထုံးကိုရှာပြီး သူနဲ့အတူအမြန်ဆုံး ပူးပေါင်းဖို့ပဲ”

ဝမ်ချောင်က တည်တင်းစွာပြောလိုက်သည်။

သူကယခင်ကတည်းက ဒီဖြေရှင်းချက်ကို ကြိုတင်စဉ်းစားထားပြီးသားဖြစ်သည်။ အန်းနန်အစိုးရစစ်တပ်ကို သူ၏ဖခင်နှင့် အစ်ကိုကြီးဟာ ဦးဆောင်ခဲ့ချိန်က အယောက်လေးသောင်းသာလျှင်ရှိပြီး သူကသာ ရှန်းယွီကျုံးထုံးကို အလျှင်မြန်ဆုံး မရှာဖွေနိုင်ခဲ့ဘဲ သူအမိန့်ပေးသော စစ်တပ်နှင့် မပူးပေါင်းနိုင်ခဲ့ပါက ဟော်ရှုဟွေ့ခမ်းနှင့်သာ ရင်ဆိုင်မိလျှင် ဒုက္ခရောက်သွားပေလိမ့်မည်။

“ဒါပေမဲ့ သူတို့ဘယ်မှာ ရောက်နေမှန်း ငါတို့မသိရသေးဘူး”

ထိုအခိုက် ချန်းရှုစွန်းက အနောက်မှထွက်လာပြီး သူ၏အမူအရာက တည်တင်းနေသည်။ သူ၏သံချပ်ကာပေါ် မိုးများဟာ ကျဆင်းလာချိန်တွင် သူ၏ကိုယ်ပေါ်သို့ တင်ကျန်ရစ်နေသော ရွံ့နွံများအားလုံးကို ဆေးကြောလိုက်သည်။

“ထပ်ပြောရရင် ကျွန်တော်တို့ရဲ့ အရင်ဆုံးလုပ်ရမဲ့ လက်ရှိတာဝန်က ဒီနေရာကနေ ချိုးဖောက်တက်ပြီး ထွက်သွားဖို့ပဲ။ လူတိုင်းရဲ့အသက်ကို ကာကွယ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားသင့်တယ်။ ကျွန်တော်တို့ကသာ ပြန်လှည့်မယ်ဆိုရင် အများကြီး ရင်းနှီးရလိမ့်မယ်။ ဒီတောင်တန်းရဲ့ အကာအကွယ်မရှိဘဲ မြေမျက်နှာသစ်ပင် အနေအထားအရ ကျွန်တော်တို့ဘက်က အားနည်းတယ်။ တိဗက်လူမျိုးတွေက ဒီမြေပြင်တစ်ခုလုံးကို အပြည့်ဝိုင်းလာမယ်ဆိုရင် ဒုက္ခများသွားလိမ့်မယ်။ ဒါ့အပြင် ဟော်ရှု့ဟွေ့ခမ်းနဲ့ တိဗက်စစ်တပ်က ဒီနယ်မြေကို အလျင်စလို လာနေပြီ။ ကျွန်တော်တို့ကသာ အရှင်ရွှမ်းယွီကို ပြန်သွားရှာမယ်ဆိုရင် နှောင့်နှေးကျန့်ကြာသွားပြီး တိဗက်စစ်တပ်နဲ့ ပက်ပင်းတိုးမှာ သေချာတယ်။ ကျွန်တော်တို့ အဲ့ဒီအခြေအနေကနေ အသက်ရှင်လွတ်မြောက်နိုင်မယ်လို့ မထင်ဘူး။ ဒီစစ်တပ်တစ်ခုလုံးက ကျွန်တော်တို့နဲ့အတူ ရှင်းလင်းသုတ်သင်ခံရလိမ့်မယ်။ ဒါက ခြင်္သေ့မြို့ ဆက်မဖြစ်တော့မှာတောင် စိုးရိမ်ရတယ်။ ကျွန်တော်တို့ ဒီခြင်္သေ့မြို့က ထွက်လိုက်တာနဲ့ ကျွန်တော်တို့ မှီခိုအားကိုးရနိုင်မဲ့ ဘာမြို့ရိုး၊ ဘာအကာအကွယ်မှ ရှိတော့မှာမဟုတ်ဘူး”

ထိုစကားလုံးများဟာ အခြားသော ဗိုလ်ချုပ်များကို အတွေးနက်သွားစေသည်။

အခြားသော အန်းနန်အစိုးရစစ်တပ်မှ အရာရှိတစ်ယောက်က သူ၏သဘောတူညီမှုကို ထုတ်ဖော်ပြသလာသည်။

“ဒါကအမှန်ပဲ ငါတို့တွေ ခြင်္သေ့မြို့က ထွက်သွားတာနဲ့ ပြန်လှည့်ဖို့မဖြစ်နိုင်တော့ဘူး။ ဖုန်းကျားရီက ငါတို့ကို ရှာတွေ့သွားပြီဆိုကတည်းက ဟော်ရှု့ဟွေ့ခမ်းနဲ့ ခဲ့လော့ဖုန်းတို့ကလည်း ငါတို့ဘယ်နေရာကို ရောက်နေလဲဆိုတာ သိသွားခဲ့ပြီး သူတို့ရဲ့စစ်တပ်က ငါတို့လက်ရှိ ရှိနေတဲ့နေရာကို ဦးတည်လာနေမယ်ဆိုတာ သေချာတယ်။ ငါတို့ဒီနေရာမှာ အချိန်ဆွဲတာနဲ့ အန္တရာယ်က ပိုများသွားပြီ”

“အန်းနန်အစိုးရစစ်တပ်က ဒီနေရာမှာ မြုပ်နှံခံရလို့မဖြစ်ဘူး။ စစ်တပ်ကသာ ရှင်းလင်းခံရရန် အန်းနန်အစိုးရကလည်း နာမည်ပဲ ကျန်ရစ်တော့လိမ့်မယ်”

အခြားသောအရာရှိတစ်ယောက်ကလည်း သဘောတူဟန်ဖြင့်ပြောသည်။

နောက်ထပ် ဗိုလ်ချုပ်တစ်ယောက်က သူ၏မြင်းကို မြှောက်လိုက်ပြီးနောက် ရှေ့တက်လာကာပြောသည်။

“အမှန်တိုင်းပြောရရင် ငါတို့ဒီနေရာက မထွက်နိုင်ခင်မှာ လူတိုင်းကလည်း နားလည်ထားကြတာ ရှိပါလိမ့်မယ်။ မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းစစ်တပ် ပေါင်းတာက အရာအားလုံးကို ရှင်းလင်းနိုင်စွမ်းရှိတယ်။ ငါတို့တားဆီးနိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ ဒီတော့ လူတိုင်းနောက်ဆုတ်ဖို့ကို ငါတို့အားလုံး မျှော်လင့်နေကြလိမ့်မယ်။ အချို့လူတွေကတော့ ထွက်မပြေးနိုင်လောက်ဘူးလို့တောင် ထင်ကောင်းထင်နိုင်လောက်တယ်။ အရာအားလုံးက ငါတို့ရဲ့ကံပေါ် မူတည်နေတယ်။ ငါတို့အတွက် လူတိုင်းအတွက် ဘယ်လိုအခြေအနေ ဖြစ်လာမယ်ဆိုတာကို အဲ့ဒီအခါမှ သိရလိမ့်မယ်။ ငါ့အနေနဲ့တော့ အရှင်ရှန်ယွီကလည်း ဒီအခြေအနေကို နားလည်ထားမယ်လို့ ယုံကြည်တယ်။ လူတိုင်းကလည်း သူတို့ထွက်ပြေးလွတ်မြောက်နိုင်စွမ်းရှိမရှိ သူတို့အပေါ်ပဲ မှီခိုတယ်ဆိုတာကို နားလည်ထားသင့်တယ်”

လူတိုင်းတိတ်ဆိတ်သွားကြသည်။

ထိုအချိန်တွင် သူတို့၏သံချပ်ကာပေါ် မိုးစက်များ ကျသံကသာ ထွက်ပေါ်လာတော့သည်။ ဝမ်ချောင်ဟာ ဘာစကားမှ မပြောတော့သော်လည်း သူ၏အကြည့်ဟာ ပတ်ဝန်းကျင်ရှိ အနောက်တောင်ဘက်ပိုင်းမှ ဗိုလ်ချုပ်တိုင်းထံ ရောက်နေသည်။ သူဟာ မျက်မှောင်ကျုံ့လိုက်သည်။

ရှန်ယွီကျုံးထုံးက အန်းနန်အစိုးရစစ်တပ်၏ ယုံကြည်မှုကို ထိုမျှလျှင်မြန်စွာ ဆုံးရှုံးလိုက်ရမည်ဟု မမျှော်လင့်ထားမိချေ။ ဝမ်ချောင်ဟာ တိတ်ဆိတ်စွာဖြင့် ပြောလိုက်သည်။ ကျန်းချုံကျန်းချုံးက မြို့တော်သို့ ဝင်ရောက်လာခဲ့သောအခါ ရှန်ယွီကျုံးထုံးက အလျင်စလို ရာထူးတိုးခံခဲ့ရသည်။ သူက သူ၏ဆုံးရှုံးမှုအတွက် ပြန်လည်လုပ်ဆောင်နိုင်စွမ်းရှိလျှင် အဆင်ပြေသည်။ သို့သော်သူက အနောက်တောင်ဘက်ပိုင်းတွင် ရှုံးသွားခဲ့ပြီး အ့ဟိုင်ပြင်ကျယ်မှ လက်ရွေးစင် အယောက်တစ်သိန်းကို ဆုံးရှုံးခဲ့ရသည့်အတွက် လူအများစုဟာ သူ့ကိုသဘောမကျ ဖြစ်နေခြင်းဖြစ်လောက်သည်။ သူတို့က ယခုထုတ်မပြောသော်လည်း သိသာနေသည်။

အန်းနန်အစိုးရစစ်တပ်၏ အခြေခံဖွဲ့စည်းမှုတွင် မည်သို့သော အခြေအနေများ ဖြစ်ခဲ့ခြင်းကို သူရှင်းရှင်းလင်းလင်း နားမလည်ခဲ့ဖူးချေ။ သို့သော် လက်ရှိအချိန်တွင်မူ သူစတွေးမိသွားသည်။ စစ်တပ်ထဲတွင် သဘောမကျဖြစ်နေသော လေသံများစွာ ရှိနေသည်။ ဖြစ်နိုင်သည်မှာ လူအနည်းစုက ကျန်းချုံကျန်းချုံး၏ ရာထူးတိုးခြင်းအပေါ် သဘောမကျဖြစ်နေလောက်သည်။ အ့ဟိုင်၏ ဆုံးရှုံးမှုဟာ ရှန်ယွီကျုံးထုံးအတွက် စစ်သည်ပေါင်းများစွာ၏စိတ်ကို ဆုံးရှုံးလိုက်ရခြင်းနှင့် ညီမျှလေလောက်သည်။

လူအများစုဟာ ထိုအကြောင်းပြချက်ကြောင့် ဝမ်ချောင်၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်လာခြင်းဖြစ်သည်။

စစ်တပ်က ဒီလိုစိတ်ပျက်အားငယ်ဖွယ် အခြေအနေမှ မထွက်နိုင်သေးသည့်အပြင် အန်းနန်အစိုးရစစ်တပ်က အချင်းချင်း ငြင်းခုံနေကြပြီဖြစ်လေရာ အခြေအနေက မကောင်းနိုင်တော့ချေ။ ဝမ်ချောင်ဟာ သက်ပြင်းချသည်။

သူနောက်ဆုံးတွင် အန်းနန်အစိုးရစစ်တပ်က အစ်ကိုကြီးနှင့် ဖခင်နောက်မှ လိုက်ခဲ့သော်လည်း အခြားသူများဟာ ရှန်ယွီကျုံးထုံဘက်မှ မည်သည့်အတွက်ကြောင့် ခွဲထွက်သွားကြောင်း နားလည်သွားလေသည်။ ယေဘုယျကျကျ ပြောရလျှင် ရှန်ယွီကျုံးထုံအနေဖြင့် အားဟိုင်ပြင်ကျယ်မှ ဆုံးရှုံးမှုအတွက် တာဝန်ယူရမည့် ဝတ္တရားအသီးသီးရှိနေသည်။ သို့သော် နားလည်ထားရမည်မှာ ဒါဟာ ရှန်ယွီကျုံးထုံက ကာကွယ်စောင့်ရှောက်သူ ဗိုလ်ချုပ်ဖြစ်ရန် စွမ်းရည်မရှိသောကြောင့်ဟု ထင်ရသည်။

ဒါဟာ ကျန်းချုံကျန်းချုံး၏ တစ်ကိုယ်ကောင်းဆန်မှု၏ ရလဒ်ဖြစ်သည်။ သို့သော်ဒီတစ်ယောက်ကသာ ဘေးထွက်လိုက်မည်ဆိုလျှင် ရှန်ယွီကျုံးထုံက ခုခံမှုဗိုလ်ချုပ်တစ်ယောက်သာလျှင် ဖြစ်သွားသည်။ ဒီလိုအသာစီးရနေသော အခြေအနေမျိုးတွင် သူ့အနေဖြင့် ရန်သူအများအပြားထဲသို့ ပစ်သွင်းခံရပြီး ခုခံရမည်ဟု မမျှော်လင့်ထားခဲ့လောက်ချေ။ နောက်ဆုံးရလဒ်က မျှော်လင့်ထားသည့်အတိုင်း တစ်စုံတစ်ယောက်က ရာထူးတိုးခံရပြီး တစ်စုံတစ်ယောက်က ဆွဲချခံလိုက်ရသည်။ ထို့ကြောင့် ဝမ်ချောင်က တစ်ဖက်သူအပေါ် မည်သည့်ဆိုးရွားသည့် အမြင်မှ ရှိမနေခြင်းလည်းဖြစ်လောက်သည်။

ထိုသို့တွေးတောပြီးနောက်တွင် ဝမ်ချောင်က ဆုံးဖြတ်ချက်ချလိုက်သည်။ သူကညာလက်ကို ဗိုက်နားကပ်ထားပြီးနောက် ရင်ဘက်နှင့်နီးသောနေရာတွင် ထားလိုက်သည်။ ဘုရင်စုန့်၏ မျက်စိကြိမ်းမတက် တောက်ပသော တံဆိပ်ပြားကဲ့သို့ မဟုတ်လျှင် မည်းနက်သော ပစ္စည်းတစ်ခု ရှိနေသည်။

“ဒါက ကာကွယ်စောင့်ရှောက်သူ ဗိုလ်ချုပ်ရဲ့တံဆိပ်ပြားပဲ”

အစပိုင်းတွင် အရာရှိများက ဝမ်ချောင်၏ လုပ်ဆောင်မှုအပေါ် စိတ်ရှုပ်ထွေးသွားကြသည်။ သို့သော် ထိုအခါမှစတင်ပြီး ဝမ်ချောင်လေထဲသို့ ကိုင်မြှောက်ပြလိုက်သော တံဆိပ်ပြားကိုမြင်လိုက်ရသည်။ ထိုနေရာတွင် အနက်ရောင်ကျားခေါင်း တံဆိပ်ပြားကြီး ရှိနေသည်။ သူတို့အားလုံး၏ ခန္ဓာကိုယ်က တုန်ယင်သွားကြပြီး အလျင်စလို ဦးညွတ်လိုက်ကြသည်။ ယခင်က သဘောမကျဖြစ်နေသော အရာရှိများကပင် ချက်ချင်းလိုလို မြင်းများပေါ်မှ ထိတ်လန့်တကြားဆင်းပြီး ဒူးတစ်ဖက်ထောက်ကြသည်။

“သခင်လေးက အရှင်ကာကွယ်စောင့်ရှောက်သူ ဗိုလ်ချုပ်ရဲ့ တံဆိပ်ပြားကိုတောင် ပိုင်ဆိုင်ထားမယ်လို့ မထင်ထားမိဘူး။ အရှင်က ဘာအမိန့်များ ထုတ်ပြန်ချင်ပါသလဲ”

အရာရှိများအားလုံးက ခေါင်းငုံ့လိုက်ကြသည်။ သူတို့၏လေသံဟာ လေးစားမှု၊ ထိတ်လန့်မှု၊ မသက်မသာဖြစ်မှုများနှင့် တစ်ပြိုင်တည်း ပေါ်ထွက်လာသည်။ ထိုသက်ရောက်မှုဟာ ဝမ်ချောင် ဘုရင်စုန့်တံဆိပ်ပြားကို ထုတ်သုံးချိန်က ဖြစ်လာခဲ့သော အခြေအနေနှင့် မတူညီချေ။

ကျန်းချုံကျန့်ချုံးဟာ အနောက်တောင်ဘက်ပိုင်းမှ ကာကွယ်စောင့်ရှောက်သူ ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး ရာစုနှစ်အချို့ ကြာခဲ့ပြီဖြစ်ကာ သံမဏိလက်သီးနှင့်အတူ ကျားအင်ပါယာဘွဲ့ခံလျှက် ကောင်းမွန်စွာ အုပ်စိုးနိုင်ခဲ့သူဖြစ်သည်။ သူမားမတ်စွာ စောင့်ကြပ်နေခဲ့ချိန်က မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့က ထောင်လွှားကြသည့်တိုင်အောင် အလျင်စလို မပြုမူရဲကြချေ။ ခဲ့လော့ဖုန်းနှင့် သာ့လွန်ရော့ကျန်းတို့ကပင် ကျန်းချုံကျန့်ချုံး မြို့တော်သို့ ရွေ့သွားခဲ့သည်အထိ စောင့်ဆိုင်းခဲ့ကြရသည်။

ထို့ကြောင့် ကျန်းချုံကျန့်ချုံး၏ အနောက်တောင်ဘက်ပိုင်းမှ ကျော်ကြားမှုကို သိနိုင်သည်။

ကျန်းချုံကျန့်ချုံးဟာ အနောက်တောင်ဘက်ပိုင်းတွင် သူ၏ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ဝမ်ချောင်မတိုင်ခင် အခြေအနေအားလုံးကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ သူဟာယခုအခါ လအနည်းငယ်ကြာ ရာထူးတိုးသွားသည့် စစ်ဝန်ကြီးဖြစ်နေပြီဖြစ်ပြီး အနောက်တောင်ဘက်ပိုင်းမှ အရာရှိများအားလုံးဟာ ကာကွယ်စောင့်ရှောက်သူ ဗိုလ်ချုပ်ဟုသာ သူ့ကိုရိုသေလေးစားစွာ ရည်ညွှန်းကြသည်။ သူ့ကိုဝန်ကြီးဟု မပြောကြချေ။

ကြည့်ရမည်မှာ ကျန်းချုံကျန့်ချုံး၏ သီးသန့်ထိုတရားဝင် တံဆိပ်ပြားကို တောင်းဆိုခဲ့ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သွားလောက်သည်။ ဝမ်ချောင်ဟာ လေးစားစွာဖြင့် သက်ပြင်းချလိုက်သည်။

ရှန်ယွီကျုံးထုံက သူ၏တပ်ဖွဲ့ဝင်များကို ဆုံးရှုံးခဲ့ရသည့်အတွက် ယုံကြည်မှုကို ပျက်ပြားခဲ့ရသည်။ ထို့ကြောင့် သူတို့ကိုင်ဆွဲထားသော ရန်ငြိုးဟာ နက်ရှိုင်းသည်။ အခြားနည်းလမ်းနှင့် ပြောရသော် အနောက်တောင်ဘက်ပိုင်းဟာ ခေါင်းဆောင်မဲ့သလို ဖြစ်နေသည်။ ဘုရင်စုန့်တံဆိပ်ပြားကပင် ဒီအချက်ကို ဘာမှမဖြေရှင်းနိုင်ပေ။ သို့သော် ကျန်းချုံကျန့်ချုံး၏ တံဆိပ်ပြားကမူ အရှုပ်အထွေးများ အားလုံးကို ညီညွတ်သွားအောင် ပေါင်းစည်းလိုက်သလိုမျိုး အမိန့်သြဇာသက်ရောက်အောင် လုပ်နိုင်စွမ်းရှိလာသည်။

“ဒီတံဆိပ်ပြားကို မြင်ရတာက လူကိုယ်တိုင်မြင်ရသလိုပဲ။ ငါကအရှင် ကျန်းချုံရဲ့ကိုယ်စား ခင်ဗျားတို့အားလုံးကို ပြောစရာရှိတယ်”

ဝမ်ချောင်ဟာ တည်ငြိမ်စွာဆိုသည်။ သူ၏ကိုယ်မှဖြေးညှင်းစွာဖြင့် ထူးဆန်းသော အရှိန်အဝါ ချီစက်ကွင်းတစ်မျိုးဟာ ပျံ့လွင့်လာသည်။

“အနောက်တောင်ဘက်ပိုင်းကို မထွက်ခွာခင်မှာငါက အရှင်ကျန်းချုံနဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်။ အရှင်ပြောတဲ့အတိုင်းဆိုရင် ငါဒီနေရာကိုရောက်တာနဲ့ အနောက်တောင်ဘက်ပိုင်းက အရာရာတိုင်းကို ငါကကိုင်တွယ်ဆောင်ရွက်နိုင်စွမ်းရှိတယ်။ အားလုံးက ငါ့ရဲ့အာဏာအောက်မှာ ရှိတာပဲ။ ဒါကြောင့် သူ့ရဲ့ကိုယ်စား ကိစ္စအားလုံးကို ကိုင်တွယ်နိုင်တယ်။ ဒါကြောင့် ငါ့ရဲ့အမိန့်ကို ဖီဆန်တဲ့လူတိုင်း ကွက်မျက်ခံရမယ်။ ကိုယ်ပြောတဲ့ကိစ္စ၊ ကိုယ်လုပ်တဲ့ကိစ္စတိုင်းကို ကိုယ်တိုင်က တာဝန်ယူနိုင်ရမယ်။ အားလုံးနားလည်ကြလား”

ဝမ်ချောင်၏လေသံဟာ တည်တင်းကာ ပြတ်သားသည်။ ထိုတခဏတွင် မည်သူကမှ သူ့ထံမှ ကလေးဆန်မှုကို မမြင်နိုင်ကြတော့ချေ။ စစ်တပ်မှ လူဟောင်းအရာရှိများကပင် သူ့ကိုမယှဉ်နိုင်ကြတော့ချေ။

“ဟုတ်ကဲ့”

“သခင်လေးမှာ အရှင်ကာကွယ်စောင့်ရှောက်သူ ဗိုလ်ချုပ်ရဲ့ တံဆိပ်ပြားရှိနေကတည်းက ကျွန်တော်တို့က သခင်လေး ဘာကိုပဲအမိန့်ပေးပေး နောက်မတွန့်ဘဲ ဆောင်ရွက်မှာပါ။ ကျွန်တော်တို့က သခင်လေးကိုအမြဲတမ်း ထောက်ပံ့ပေးနေမှာပါ။ သခင်လေးရဲ့အမိန့်အတိုင်း ဆောင်ရွက်မှာပါ”

အရာရှိတိုင်းက ခေါင်းငုံ့ကြသည်။ မည်သူကမှ မော့မကြည့်ရဲကြသလို ကျယ်ကျယ် မသက်မရှုရဲကြချေ။

“သခင်လေး”

ဘေးဘက်တွင် ချန်းရှုစွန်းက မှင်သက်စွာဖြင့် စောင့်ကြည့်နေပြီး တစ်ကိုယ်လုံးက ကြောင်တောင်တောင် ဖြစ်သွားသည်။ ဘုရင်စုန့်၏တံဆိပ်ပြား... ကျန်းချုံကျန့်ချုံး၏ တံဆိပ်ပြား...

ထိုတံဆိပ်ပြားနှစ်ခုဟာ သာမာန်လူများ ကိုင်ကြည့်ဖူးရန် အိမ်မက်ပင် မမက်ဖူးလောက်သော အလွန်အရေးကြီးသော အာဏာကို ကိုယ်စားပြုသည့် တံဆိပ်သင်္ကေတ တံဆိပ်ပြားနှစ်ခုဖြစ်သည်။ ဝမ်ချောင်ကမူ နှစ်ခုလုံးကို ပိုင်ဆိုင်ထားသည်။

ချန်းရှုစွန်းအနေနှင့် ဝမ်ချောင်ဟာ အနောက်တောင်ဘက်ပိုင်းသို့ ကိုယ်ပိုင်စွမ်းရည်ကြောင့် ထွက်ပြေးလာခြင်းဟု အမြဲတစေ ယုံကြည်နေခဲ့သည်။ သို့သော် လက်ရှိအချိန်မှ တကယ့်အဖြစ်အပျက်ကို သူနားမလည်ကြောင်း သေချာသွားသည်။ ကုလားမသခင်လေးဟာ သူမမျှော်လင့် ထားနိုင်လောက်အောင် လျို့ဝှက်ချက်ကြီးကို ကိုင်ဆွဲထားသည်။

“မင်းတို့အနေနဲ့ငါ့ကို အမြဲတမ်း ထောက်ပံ့ပေးပြီး မျက်ဝန်းစုံပြီး လိုက်လုပ်စရာမလိုပါဘူး။ ဒါပေမဲ့ ငါရှင်းရှင်းလင်းလင်း ပြောချင်တာတစ်ခုပဲ။ အနောက်တောင်ဘက်ပိုင်းရဲ့ မြေမျက်နှာသွင်ပြင်က ပြန့်ပြူးတယ်။ တောင်တန်းနဲ့ တောင်ကုန်းတွေ တအားနည်းတယ်။ မင်းတို့ထဲက ဘယ်သူကမှ ငါတို့တိဗက် မြင်းတပ်ထက် မြန်မြန်ပိုပြေးနိုင်မယ်လို့ ယုံကြည်ကြမယ်လို့ မထင်ဘူး။ အစပိုင်းကတည်းက အနောက်တောင်ဘက်ပိုင်းကို ပြေးတာက လုံလုံခြုံခြုံ နောက်ဆုတ်နိုင်မယ်လို့ တွေးဖို့ မဖြစ်နိုင်တဲ့အချက်ပဲ။ ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ကို တိုက်ခိုက်ရမှာပဲ”

“ငါတို့ဒီစစ်ပွဲမှာရှင်ချင်ရင် တစ်ခုတည်းသော နည်းလမ်းက လူတိုင်းတစ်စုတစ်စည်းထဲ ပေါင်းစည်းပြီး တည်ရှိနေဖို့ပဲ။ ငါတို့ကသာ ရှိနေမယ်ဆိုရင် ငါတို့ရှင်သန်နိုင်ချေ ပိုမြင့်လာမယ်။ ဒါပေမဲ့ ငါတို့ကသာ ကိုယ့်လမ်းနဲ့ကိုယ် ဖောက်ထွက်သွားရင် မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းတို့က ငါတို့ကိုသေချာပေါက် ကိုင်တွယ်လာမှာပဲ။ ဘယ်သူကမှ အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး”

အခန်း(၅၃၇)

ဝမ်ချောင်၏အသံက ထိုအရာရှိများကို လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။ သူတို့လက်ရှိ ခံစားနေရသော စိတ်အခြေအနေဟာ ခက်ထန်ကြမ်းတမ်းသွားတော့သည်။

ရိုးရှင်းစွာဖြင့်ပင် သူတို့အနေနှင့် အနောက်တောင်ဘက်ပိုင်းမှ လွတ်မြောက်နိုင်ရန် မဖြစ်နိုင်ချေ။ ပညာရှိအရာရှိများ အားလုံးဟာလည်း အချိန်တစ်ခုကြာပြီးနောက်တွင် ဒီအခြေအနေကို အကြမ်းဖျင်း နားလည်ထားပြီးသားဖြစ်သည်။ သို့သော် သူတို့ထဲက မည်သူကမှ တိုက်ရိုက်မပြောလိုကြချေ။ သူတို့အားလုံးဟာ ပါးလျသော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားနေခဲ့ကြသည်။ ဝမ်ချောင်ကမူ သူတို့၏ ထင်ယောင်ထင်မှား ဖြစ်မှုများအားလုံးကို လက်သီးဖြင့်ထိုးခွဲလိုက်လေပြီ။ ဒီလူများအနေဖြင့် ထိုအခြေအနေကို လက်ခံရတော့မည်ဖြစ်ကြောင်း သေချာသွားသည်။

သူတို့အနေနှင့်လည်း ဘာမှလုပ်၍မရချေ။ သူတို့၏ ထင်ယောင်ထင်မှား ဖြစ်မှုများအားလုံးဟာ စောစီးစွာ အဆုံးသတ်သွားခြင်းအားဖြင့် သူတို့လျှင်မြန်စွာဖြင့် စည်းလုံးသွားကြပေလိမ့်မည်။ မဟုတ်လျှင် သူတို့ဆက်လက်ပြီး ရှင်သန်နိုင်ရန် အိမ်မက် မက်နေသေးပါက လူတိုင်းသေဆုံးသည့် အဆုံးသတ်သို့ပင် ရောက်သွားနိုင်လေသည်။ ဝမ်ချောင်ဟာ တိတ်ဆိတ်စွာ ရေရွတ်လိုက်ပြီး ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။

စစ်တပ်က ယခုလေးတင် အောင်မြင်ကာစဖြစ်ပြီး အားအင်တက်ကြွနေချိန်ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်က ကျေးဇူးတင်စကားမျိုးကို မပြောလိုက်သင့်ချေ။ သို့ရာတွင် အန်းနန်အစိုးရ စစ်တပ်အတွင်းမှ အတွင်းပိုင်း အရှုပ်အထွေးများက ဒီစခန်းတစ်ခုလုံးအပေါ် အန္တရာယ်အလွန်များသွားစေနိုင်စွမ်းရှိသည်။ ထို့ကြောင့် သူတို့၏ မဖြစ်နိုင်သော မျှော်လင့်ချက်များကို အက်ကွဲလိုက်ခြင်းဖြင့်သာ ဝမ်ချောင်က သူတို့၏ အရှုပ်အထွေးများအားလုံးကို ဖိနှိပ်ပြီး ဒီစစ်တပ်ကို စုစည်းစေနိုင်မည်ဖြစ်သည်။

ဒီနည်းလမ်းမှသာ အန်းနန်အစိုးရစစ်တပ်အတွက် သက်ရောက်မှုရှိမည့် လမ်းကြောင်းကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။ လူတစ်ယောက်ဟာ ထိုသို့ကြိုးစားရမည်ဖြစ်သည်။

မည်သူကမှ ထိုသို့လူယုတ်မာ မလုပ်ချင်ကတည်းက ဝမ်ချောင်က လုပ်ရန်လိုအပ်လာသည်။ ဒီနည်းအားဖြင့် လူတိုင်းအသိဝင်သွားကြပေလိမ့်မည်။

“ငါတို့အနေနဲ့ စစ်လက်နေနိုင်မယ်ဆိုရင်တောင်မှ ဒီလိုသေဆုံးသွားနိုင်တယ်ဆိုတဲ့ စိတ်အခြေအနေကို ကိုင်ဆွဲထားရင် ကောင်းကောင်း လုပ်နိုင်မယ်မထင်ဘူး။ ငါတို့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မာန်ရှဲ့ယွီစန်းစစ်တပ် ပေါင်းစည်းထားတဲ့ အင်အားစုကို မယှဉ်နိုင်ဘူးလေ။ သူတို့က လူအရမ်းများလွန်းတယ်။ စစ်သည်အယောက် တစ်သိန်းက စစ်သည်အယောက် ငါးသိန်းကျော်ထက် များတဲ့ပမာဏနဲ့ တိုက်ခိုက်နေမယ်ဆိုရင် လက်ရွေးစင်မြင်းတပ်ကတောင် ရင်ဆိုင်နိုင်ပါ့မလား။ ငါတို့အားလုံး အဆုံးသတ်သွားကြလိမ့်မယ်”

ဗိုလ်ချုပ်များထဲမှ တစ်ယောက်က မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ခင်ဗျားတို့မစမ်းကြည့်သေးဘဲ ဘယ်လိုသိမှာလဲ။ ထပ်ပြောရရင် ငါတို့ရဲ့ပန်းတိုင်က သူတို့ကိုအမြစ်ဖြတ် သုတ်သင်ဖို့မှမဟုတ်တာ။ ဒီအတိုင်း တော်ဝင်မြို့ရိုးက တပ်ကူတွေ မရောက်လာခင်အထိ အချိန်ဆွဲထားဖို့ပဲ။ သူတို့ကို အမြစ်ဖြတ်ဖျက်ဆီးပြီး သူတို့ရဲ့တိုက်ကွက်အားလုံးကို ခုခံတာက နှစ်ဖက်လုံးရဲ့ အခြေအနေကို ကွာခြားသွားစေလိမ့်မယ်”

ဝမ်ချောင်ဟာ တည်တင်းစွာပြောသည်။ သူ၏မျက်ဝန်းက တောက်ပနေသည်။

“ဒါ့အပြင် ခင်ဗျားတို့အားလုံး အန်းနန်အစိုးရစစ်တပ်ရဲ့ မစ်ရှင်ကဘာလဲဆိုတာကို မေ့နေကြတာလား။ ငါတို့လွတ်မြောက်သွားရင် အနောက်တောင်ပိုင်းက ပြည်သူတွေ ဘာဖြစ်သွားမှာလဲ။ အနောက်တောင်ပိုင်းမှာ ဘာကပ်ဘေးမှ မရှိသေးတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ငါတို့က မာန်ရှဲ့ယွီစန်းစစ်တပ်ကို ထိန်းထားနိုင်လို့ပဲ။ ငါတို့ကသာ ဒီလူတွေကို မထိန်းနိုင်ရင် ခဲ့လော့ဖုန်းနဲ့ ဟော့ရှု့ဟွေ့ခမ်းတို့က အခြားနေရာတွေကို တိုက်ခိုက်ဖို့ လုံလောက်တဲ့ရည်ရွယ်ချက် ရှိနေအုံးမှာမဟုတ်ဘူး။ ငါတို့က နောက်ဆုတ်သွားတာနဲ့ အနောက်တောင်ဘက်ပိုင်းက ပြည်သူတွေအားလုံးက ငါတို့ကို ဘယ်လိုထင်ကြမလဲ။ တော်ဝင်ခုံရုံးက ငါတို့ကို ဘယ်လိုတွေးမှာလဲ။ ခင်ဗျားတို့အားလုံး အန်းနန်အစိုးရစစ်တပ်ရဲ့ အဓိကအင်အားစုက အန်းနန်အစိုးရ ကာကွယ်တာကို အသင့်စောင့်ခံရမဲ့ စစ်တပ်လို့ထင်လား”

“အစိုးရစစ်တပ်တစ်ခုက အနောက်တောင်ဘက်ပိုင်း နယ်စပ်နယ်မြေကိုတောင် မကာကွယ်နိုင်ရင် အစိုးရစစ်တပ်လို့တောင် ပြောနိုင်ပါအုံးမလား။ ဒီလိုအရာမျိုးက တည်ရှိနေတော့ရော ဘာအသုံးဝင်မှာလဲ။ ဒါ့အပြင် ငါခန့်မှန်းတာ မှန်မယ်ဆိုရင် ခင်ဗျားတို့ထဲက အချို့က အနောက်တောင်ဘက်ပိုင်းမှာ နေထိုင်ကြတာ မဟုတ်ဘူးလား”

ဝမ်ချောင်၏အသံက အရာရှိများ၏ နှလုံးသားမှ အချို့သောခံစားချက်များကို ဆွဲထုတ်လိုက်သလို ဖြစ်သွားသည်။

သူ၏စကားများဟာ ပြင်းထန်လွန်းလှသည်။ သူတို့အနေဖြင့် ထိုကဲ့သို့သော မေးခွန်းမျိုးကို ကိုယ့်ကိုယ်ကို တစ်ကြိမ်သော်မျှ မတွေးဖူးကြသလို စဉ်းစားဖူးကြခြင်းပင် မရှိချေ။ သို့သော် ထိတခဏတွင် ထိုအတွေးများက သူတို့၏ခေါင်းအတွင်း စုပြုံဝင်ရောက်လာသည်။

အန်းနန်အစိုးရစစ်တပ်က အနောက်တောင်ဘက်ပိုင်း နယ်စပ်နယ်မြေကိုတောင် မကာကွယ်နိုင်ရင် ဆက်လက်တည်ရှိရန်ပင် မလိုအပ်တော့ချေ။ သူတို့က ရှင်သန်အုံးမည်ဆိုလျှင်ပင် အသုံးမဝင်တော့ချေ။ ပို၍ဆိုးသည်မှာ သူတို့က အနောက်တောင်ဘက်ပိုင်းမှ ပြည်သူ သန်းကျော်ကို မာန်ရှဲ့ယွီစန်းစစ်တပ်၏ ခြေနင်းခံအဖြစ် ပြောင်းလဲလိုက်ခြင်းက အန်းနန်အစိုးရစစ်တပ်ဟာ တစ်လောကလုံး၏ လှောင်ပြောင်ရှုံ့ချ ဆဲဆိုခံရခြင်းနှင့်သာ ထိုက်တန်လောက်တော့သည်။

ဘယ်လောက်တောင် ရှက်ဖို့ကောင်းလောက်လဲ။

ချက်ချင်းလိုလို အန်းနန်အစိုးရစစ်တပ်မှ အရာရှိများအားလုံးက ချွေးစေးပျံသွားသည်။

“သခင်လေး သတိပေးတာ မှန်ကန်ပါတယ်။ ငါတို့သေချာ မစဉ်းစားလိုက်မိဘူး။ ဒီစစ်ပွဲရဲ့ အခြေအနေအရ ငါတို့နောက်ဆုတ်ဖို့ကို မဖြစ်နိုင်တော့ဘူး။ ရန်သူကမသေရင် ငါတို့သေရလိမ့်မယ်”

အရာရှိများဟာ အလွန်အမင်း ကျေးဇူးတင်စိတ်အပြည့်ဖြင့် ဝမ်ချောင်ကို ကြည့်ကြသည်။ မဟာထန်ဟာ စစ်နေထိုင်မှုပုံစံအတိုင်း အောင်ပွဲခံမှုဖြင့် ကျော်ကြားသည်။ အစိုးရစစ်သည်တော်များအနေနှင့် တစ်ယောက်ချင်းစီတိုင်းတွင် ကိုယ်ပိုင်ဂုဏ်မာနရှိသည်။ အန်းနန်အစိုးရစစ်တပ်မှ တစ်ယောက်ချင်းစီတိုင်းဟာလည်း ထိုသို့စိတ်အခြေအနေမျိုးကို ပိုင်ဆိုင်ထားကြလေရာ အနောက်တောင်ဘက်ပိုင်းက မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းတို့နှင့် တိုက်ခိုက်နေခဲ့ရာမှ သူတို့ဟာလည်း ဒီနေရာတွင် အချိန်ကို ရင်းနှီးမြုပ်နှံပြီး ကျော်ကြားလာခဲ့ကြခြင်းဖြစ်သည်။ သူတို့ကသာ ဒီလောက၏ ကျန်ဆဲခံရခြင်းဖြင့် အဆုံးသတ်ရမည်ဆိုလျှင် ဒီနေရာတွင် သေသွားရခြင်းက ပို၍ကောင်းပေလိမ့်မည်။

“ဒါပေမဲ့ ငါတို့က ဆက်နေချင်တယ်ဆိုရင်တောင်မှ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမှာလဲ။ ခြင်္သေ့မြို့ရဲ့ ခိုင်မာတဲ့မြို့ရိုးတွေက အ့ဟိုင်ပြင်ကျယ်ရဲ့ အကောင်းဆုံး ခံတပ်လုပ်ဖို့ သင့်တော်တယ်။ ငါတို့အနေနဲ့ ဘယ်တော့မှ ချိုးဖျက်သွားဖို့ မတွေးသင့်ဘူး။ စစ်သည်သောင်းကျော်အတွက် လိုအပ်တဲ့ ရိက္ခာပမာဏတွေက နည်းပါးတာမဟုတ်ဘူး။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ”

“ဧကရာဇ်က စစ်သည်တော်တွေကို အငတ်ထားမှာမဟုတ်ဘူး။ လုံလောက်တဲ့ ထောက်ပံ့မှုမရှိရင် တိဗက်လူမျိုးတွေက ငါတို့နဲ့ တိုက်ခိုက်ဖို့တောင်မလိုဘဲ ငါတို့ကိုဝိုင်းပြီး လှောင်ပိတ်ထားလိုက်ရုံပဲ။ ငါတို့က ဒီအတိုင်း သေဆုံးသွားခဲ့မယ်ဆိုရင် အလကားအသက်ကို စတေးလိုက်သလို ဖြစ်မသွားဘူးလား”

မုတ်ဆိတ်မွှေးနှင့် ဗိုလ်ချုပ်တစ်ယောက်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ သူဟာ ဒီလိုစကားမျိုး မပြောချင်သော်လည်း အန်းနန်အစိုးရစစ်တပ်တွင် ထိုသို့အကြီးမားဆုံး ပြဿနာကြီး ရှိနေသည်။ ခြင်္သေ့မြို့၏ တပ်ခွဲက ထိုသို့အခြေအနေကို ဆိုက်ရောက်နေလေရာ သူတို့ကသာ ဒီပြဿနာကို မဖြေရှင်းနိုင်လျှင် သူတို့ကြိုးစားပြီး တိုက်ခိုက်ထားပြီး အနိုင်ရလာခြင်းက အကောင်းဆုံး ဖြစ်သွားပေလိမ့်မည်။

“ဟား ဟား ဟား ခင်ဗျားတို့ ဒီပြဿနာကို စိုးရိမ်ဖို့မလိုပါဘူး။ ငါကိုင်တွယ်လိုက်မယ်”

ဝမ်ချောင်က ထိုသို့ရယ်ကာ ပြောလိုက်သည်။

“တပ်ဖွဲ့နဲ့မြင်းတွေ ညိမ်အောင်မရပ်နိုင်ခင်မှာ ရိက္ခာအားလုံးက အဆင်သင့်ဖြစ်သွားလိမ့်မယ်”

ဝမ်ချောင်ဟာ ထိုအိမ်စာကိုတောင် မလုပ်ခဲ့လျှင် အနောက်တောင်ဘက်ပိုင်းသို့ပင် ဖြစ်ခဲ့လိမ့်မည်ဖြစ်သည်။

အရာရှိများက တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်ကြသည်။ ချန်းရှု့စွန်းကပင် အံ့အားတကြီးဖြစ်သွားသည်။ ဝမ်ချောင်၏ စီစဉ်မှုအကြောင်း သူဘာမှမသိထားချေ။

“ဒီလိုဆိုမှတော့ သခင်လေးက အရှင်ကာကွယ်စောင့်ရှောက်သူ ဗိုလ်ချုပ်ရဲ့ တံဆိပ်ပြားကိုလည်း ပိုင်ဆိုင်ထားပြီးသား ဖြစ်ကတည်းက ငါတို့အားလုံးက အရှင့်ရဲ့အမိန့်ကိုပဲ နာခံတော့မှာပါ”

အနောက်တောင်ဘက်ပိုင်းမှ အရာရှိများအားလုံးဟာ လေးနက်သော မျက်နှာထားမျိုးဖြင့် ပြောလိုက်သည်။

ဝမ်ချောင်ဟာ ကျန်းချုံကျန့်ချုံး၏ တံဆိပ်ပြားကို ပိုင်ဆိုင်ထားကတည်းက သူဟာတစ်ဖက်သူကို ကိုယ်စားပြုကြောင်း ဆိုလိုလေသည်။ ထို့ကြောင့် သဘာဝအလျှောက်ပင် မည်သူကမှသူ့ကို မလွန်ဆန်လိုကြချေ။ သူတို့အားလုံးဟာလည်း ဒီအခြေအနေအတွက် စိုးရိမ်လွန်းသောကြောင့်သာ ထောက်ပြခြင်းဖြစ်ပြီး ဒါကိုတစ်ဖက်သူက ဖြေရှင်းပေးမည်ဟု ပြောကတည်းက အရာအားလုံး အဆင်ပြေသွားပေလိမ့်မည်။

သူတို့က စကားပြောနေချိန်တွင် မြင်းခွာသံများနှင့် အင်အားကြီးမားသော အရှိန်အဝါတစ်ခုက သူတို့ကို ချဉ်းကပ်လာသည်။ ဝမ်ရန်ဟာ အလွန်အမင်း များပြားသော အနက်ရောင် မြင်းကိုစီးနင်းလျှက် မြင်းလည်ဆံကြိုးဟာ လေတွင်လွင့်ကာ သူကိုယ်တိုင်ကလည်း တည်တင်းသော မျက်နှာထားမျိုးဖြင့် ချဉ်းကပ်လာသည်။ မိုးကဆက်တိုက် ရွာသွန်းနေသေးသည်။ သို့သော် သူနှင့်ဝန်းကျင် သုံးကျန်းခန့်အထိ မည်သည့်ရေမှ မကျလာခဲ့ချေ။

“အရှင်”

ဝမ်ရန်ကိုမြင်သောအခါ လူတိုင်းက အလွန်အမင်း လေးစားသော မျက်နှာထားဖြစ်သွားကြသည်။

“အဖေ”

ဝမ်ချောင်၏ နှလုံးသားကလည်း တုန်ယင်သွားပြီး အနားသို့ ခပ်မြန်မြန် ခေါင်းကိုငုံ့လိုက်သည်။

သူ့အနေဖြင့် အတိတ်မှ အကောင်းအဆိုးများနှင့် ပတ်သတ်ပြီး ဘာမှမလုပ်လိုကြသော်လည်း တိုက်ပွဲနယ်မြေတွင်မူ ဖော်ပြ၍မရသော အကျိုးအမြတ်ကိုမူ ရရှိထားသေးသည့်တိုင်အောင် ဝမ်ချောင်ဟာ ဒီဖခင်ဖြစ်သူကို ထိတ်လန့်နေသေးသည်။

“မင်းရဲ့ဒီတစ်ကြိမ် ဖျော်ဖြေမှုက တော်တော်ကောင်းတယ်”

ဝမ်ရန်ဟာ ဝမ်ချောင်နား ဖြတ်သွားခဲ့ချိန်တွင် အသာတကြည် ခေါင်းညိမ့်လျှက် ရှားပါးစွာဖြင့် ချီးကျူးလိုက်သည်။

“အဖေ”

ဝမ်ချောင်၏စိတ်ဟာ တုန်ယင်သွားသည်။ ထူးမခြားနားသော စကားစုတစ်ခုမျှသာ ဖြစ်သော်လည်း ဝမ်ချောင်ကမူ ထိုအထဲတွင်မည်မျှသော အသိအမှတ်ပြုခံရသည့် ခံစားချက်မျိုး ပါဝင်နေကြောင်း နားလည်လေသည်။ ဒါဟာ မိသားစုစားပွဲပေါ်တွင် နာခံစွာ ထမင်းစားခြင်းကဲ့သို့သော သေးငယ်သော နောက်ကိစ္စမဟုတ်သလို ကျယ်ပြောသော ကြိုးကြာကျောင်းဆောင်တွင် ယောင်ဖုန်းနှင့် ငြင်းခုံခြင်းကဲ့သို့ အခြေအနေမျိုးလည်း မဟုတ်ချေ။

“စစ်အနုပညာက အခြေအနေတစ်ခုလုံးအတွက် သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်လို့ အရမ်းအရေးကြီးတယ်။ ဒါက လမ်းကြောင်းက ပျက်စီးသွားမလား၊ လုံခြုံမလားအပေါ် မူတည်တယ်။ လျစ်လျူရှု့လို့ရတဲ့ အခြေအနေမျိုးမဟုတ်ဘူး”

စစ်ပွဲဟာ လူတစ်ယောက် အလွယ်တကူ ဆော့ကစား၍ရသော နေရာတစ်ခုမဟုတ်ချေ။ ရက်စက်ကြမ်းတမ်းမှု၊ ယုတ်ရင်းကြမ်းတမ်းမှု၊ ရန်ငြိုးများ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေများ အားလုံးရှိနေနိုင်လေရာ ဝမ်ကလန်မှ ဆက်ခံသူများအတွက် အလွန်အရေးကြီးလှလေသည်။ ဝမ်ချောင်၏ အဘိုး၊ ဦးလေးကြီးနှင့် ဖခင်တို့အားလုံးဟာလည်း ဒီအချက်များကို စိတ်ထဲတွင် စွဲမြဲစွာမှတ်ယူထားကြသည်။

သူ၏အစ်ကိုကြီး ဝမ်ဖူကဲ့သို့ ပါရမီကြီးမားလွန်းသူပင် ဖခင်ဖြစ်သူက ပထမဦးဆုံးအကြိမ် တိုက်ပွဲနယ်မြေသို့ ဝင်ခဲ့ချိန်တွင် တင်းတင်းကြပ်ကြပ် သတိပေးခဲ့ခြင်းကို ခံခဲ့ရဖူးသည်။

ထို့ကြောင့် ဝမ်ရန်က ဝမ်ချောင်၏စွမ်းရည်ကို ချီးကျူးလိုက်ခြင်းကပင် သူ့ကိုအသိအမှတ်ပြုရန် ရောက်နေလေပြီဖြစ်သည်။ ဖခင်ဖြစ်သူဟာ သူက အနောက်တောင်ဘက်သို့ ပြေးသွားပြီး ဒီစစ်ပွဲတွင် ဝင်ရှုပ်သည်ဆိုသော ခံစားချက်မျိုး မရှိလောက်တော့ချေ။

“မင်းတို့ပြောနေတဲ့ အခုစကားကို ငါကြားလိုက်တယ်”

ဝမ်ရန်ဟာ ဝမ်ချောင်၏အတွေးကို မသိသည့်အတွက် ဝမ်ချောင်ထံ တခဏခန့် ကြည့်ပြီးနောက်မှသာ အခြားသော အရာရှိများထံ အကြည့်ရောက်သွားသည်။

“အရှင်”

ထိုအရာရှိများအားလုံးဟာ အလွန်အမင်း လေးစားသော အမူအရာမျိုးဖြင့် ဝမ်ရန်၏စကားကို ဆက်လက် နားထောင်ကြသည်။

တိုက်ပွဲနယ်မြေတွင် ရှန်ယွီကျန့်ထုံးနှင့် အဆင့်အတန်းတူသောလူဟာ ဝမ်ချောင်၏ဖခင် ဝမ်ရန်ဖြစ်သည်။ ရှန်ယွီကျန့်ထုံးနှင့် မတူသည်မှာ ဝမ်ရန်ဟာ ဝမ်ကလန်ထံမှလာပြီး သူ၏ကိုယ်ပိုင်အင်အားကို မူတည်ကာ တစ်ထစ်ချင်းစီ တက်ခဲ့ခြင်းဖြစ်သည်။ တစ်လောကလုံးကလည်း ဒါကိုသိသည်။

ပို၍ဆိုးသည်မှာ ဝမ်ကလန်မှ ထိုအဖေနှင့်သားဟာ အန်းနန်အစိုးရစစ်တပ်ကို ကယ်တင်ရန်အလို့ငှာ အသက်ကိုပင် စတေးထားသည်။ ထိုသို့ရင်းနှီးရင်းမှ အောင်မြင်ခဲ့ခြင်းလည်းဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့် အနောက်တောင်ဘက်ပိုင်းမှ အရာရှိများအားလုံးဟာ ဝမ်ကလန်ကို အလွန်အမင်း လေးစားကြသည်။ တိုက်ပွဲနယ်မြေတွင် သူတို့၏ အမိန့်ကိုသာ လက်ခံလိုစိတ်ရှိကြသည်။

“ရှောင်အာပြောတဲ့ စကားတွေထဲမှာ မှန်တဲ့တစ်ချက်ရှိတယ်။ အရှင်ရှန်ယွီက သေချာပေါက် ကယ်တင်ခံရမယ်။ ငါတို့အားလုံး အန်းနန်အစိုးရစစ်တပ်က ကျန်တဲ့အဖွဲ့ဝင်တိုင်းကို သေချာပေါက်ကို ကယ်တင်ရမယ်။ သူပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ”

ဝမ်ရန်၏လေသံဟာ တိကျကာ ပြတ်သားသည်။ သူ၏စကားဟာ ဒီကိစ္စအခြေအနေပေါ် ထောက်ပံ့ပေးရာရောက်သည်။

“ဟုတ်ကဲ့အရှင်”

အားလုံးဟာ သဘောတူညီကြောင်း အသံပြုကြသည်။

အတန်ငယ် တိတ်ဆိတ်နေပြီးနောက် အန်းနန်အစိုးရစစ်တပ် အရာရှိမှ လူတစ်ယောက်ဟာ ရုတ်တရက် ပြောလာသည်။

“ဒါပေမဲ့အရှင် ကောင်းကင်က မှောင်လာပြီ။ မိုးကလည်း ဆက်တိုက်ရွာနေတုန်းပဲ။ အရှင်ရှန်ယွီကို အခုရှာဖို့ မဖြစ်နိုင်လောက်ဘူး”

“ဟား ဟား ခင်ဗျားတို့ဒါကို စိုးရိမ်ဖို့မလိုဘူး”

သဘာဝကျကျရယ်ပြီးနောက် ဝမ်ချောင်ဟာ ရုတ်တရက် မြင်းပေါ်မှဆင်းလိုက်သည်။ အခြားသူများက ရှန်ယွီကျန့်ထုံးနှင့်အဖွဲ့က ဘယ်နေရာတွင်ရှိမှန်း မသိလောက်သော်လည်း သူကမူ မသိရန် မဖြစ်နိုင်ချေ။

“သိန်းငှက်အိုကြီး”

ဝမ်ချောင်၏အမိန့်အောက်တွင် သိန်းငှက်အိုကြီး၏ ပုခုံးပေါ်မှ အလွန်ကြီးမားသော သိန်းငှက်ကြီးက ခုန်ဆင်းလာသည်။ အရာရှိများ၏ စူးရှတောက်ပကာ နားမလည်နိုင်မှုများ ပြည့်နှက်နေသော အကြည့်များအောက်တွင် သူဟာ လေထဲတွင် စက်ဝိုင်းပုံသဏ္ဍန် ပျံသန်းပြီးနောက်တွင် အရှေ့တောင်ဘက်ပိုင်းထံသို့ ဦးတည်ပျံသန်းသွားသည်။ တချိန်ထဲတွင်ပင် အခြားသော တောင်ကမူအဆင်း တစ်နေရာတွင် ရှန်ယွီကျန့်ထုံးမှ ဦးဆောင်ထားသော စစ်တပ်ကရှိနေသည်။

ဘုန်း ဘုန်း ဘုန်း

လျှင်မြန်လွန်းသော အရှိန်နှုန်းဖြင့် တိုက်ပွဲဝင်ဗုံက မြည်ဟီးနေသည်။ အစိမ်းရင့်ရောင် တောင်တန်းတစ်လျှောက်တွင် မရေမတွက်နိုင်သော အန်းနန်အစိုးရစစ်တပ်မှ စစ်သည် တော်တော်များများဟာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် တိဗက်မြင်းတပ်ကို ရင်ဆိုင်နေသည်။ ဖုန်းကျားရီနှင့် ကျောက်စစ်လော့တို့၏ အင်အားစုနှင့် မတူညီစွာပင် ထိုမြင်းတပ်ဟာ အစီအစဉ်တကျ တိုက်ခိုက်နေပြီး ထန်စစ်သည်တော်များကို ဆက်တိုက် အလဲထိုးနေသည်။ ထို့ကြောင့် အန်းနန်အစိုးရစစ်တပ်ထံသို့ ရောက်နေသောဖိအားက မျှော်မှန်း၍ပင် မရနိုင်တော့ချေ။

“သောက်ကျိုးနည်း သေစမ်း သေစမ်း သေစမ်း”

တောင်ထိပ်ပေါ်တွင် အနက်ရောင်မှုတ်ဆိတ်မွှေးဖြင့် ရှန်ယွီကျန့်ထုံးဟာ သွေးကဲ့သို့ နီရဲနေပြီး လက်သီးကိုလည်း ခပ်တင်းတင်းဆုပ်ထားသည်။ သူဟာ အနောက်တောင်ဘက်ပိုင်းမှ စစ်ပွဲ၏ လက်ရှိအခြေအနေအတွက် တာဝန်အရှိန်ဆုံးလူဖြစ်သည်။ သူကိုယ့်ကိုယ်ကို မသတ်သေသေးခြင်းကပင် အန်းနန်အစိုးရစစ်တပ်က အပြည့်အဝ အမြစ်ဖြတ် မသုတ်သင်ခံရသေးသောကြောင့်ဖြစ်သည်။ သို့သော် သိပ်မဝေးလောက်တော့ချေ။

ဘာလို့ဒီလို ဖြစ်လာရတာလဲ။

ဟော်ရှု့ဟွေ့ခမ်း၊ ခဲ့လော့ဖုန်း မင်းတို့အားလုံးက ခေါင်းမာလွန်းကြတယ်။ ငါရှန်ယွီကျန့်ထုံးက မင်းတို့ကို မယှဉ်နိုင်ရင်တောင်မှ မင်းတို့တစ်ရက်တော့ သေချာပေါက် တန်ကြေးပြန်ပေးဆပ်ရမယ်။

ရှန်ယွီကျန့်ထုံး၏ စိတ်ဟာ ဝရုန်းသုန်းကားဖြစ်လာပြီး သူဟာ ဒေါသများနှင့် မုန်းတီးမှုများက ပြည့်နှက်နေသည်။

ဒီစစ်ပွဲတွင် ကြောင်တောင်တောင် အဖြစ်ဆုံးလူဟာ သူဖြစ်သည်။ သူဟာ အန်းနန်အစိုးရစစ်တပ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့၏ ပြဿနာတိုင်းတွင် ပါဝင်ပတ်သတ်ဖူးခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် ခဲ့လော့ဖုန်း၏ ရုတ်တရက် တိုက်ခိုက်လိုက်ပြီး မြို့ကိုဖျက်ဆီးလိုက်ခြင်းကမူ ငြိမ်းချမ်းမှုကို ဖြိုခွဲလိုက်သည့် အခြေအနေဖြစ်သွားသည်။

သူဟာ ပထမဦးဆုံးသတင်းကို ရခဲ့ချိန်က ရှန်ယွီကျန့်ထုံးအနေဖြင့် ယုံကြည်ရန်ပင် ခက်ခဲခဲ့သည်။ ထို့ကြောင့် သတင်းစကားတွင် အမှားအယွင်းအချို့ ရှိသွားသည်။ သို့သော် မြို့ပျက်စီးသွားသည့် ကိစ္စကမူ အလိမ်အညာမဟုတ်ခဲ့သလို အလောင်းများကလည်း မြေပြင်တွင် ပုံသွားခဲ့သည်မှာ သေချာသည်။

ရှန်ယွီကျန့်ထုံးအနေနှင့် ထိုစစ်ပွဲကို အပြစ်ပေးမှုတစ်ခုအဖြစ် ပြုမူခဲ့ပြီး သူ၏ပြိုင်ဘက်ဟာ မာန်ရှဲ့ကျောင်းဟုသာ လက်ခံယုံကြည်ခဲ့သည်။ ထို့ကြောင့် ရှန်ယွီကျန့်ထုံးက တစ်ဖက်မှ သယွီရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ ပါလာခြင်းကို မြင်ရချိန်တွင် အလွန်အမင်း အံ့အားသင့်သွားရခြင်းဖြစ်သည်။ သူ့အနေဖြင့် ဘယ်သောအခါကမှ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့က ဒီလောက်အထိ ခေါင်းမာမည်ဟု မမျှော်လင့်ထားခဲ့ချေ။ ကျန်းချုံကျန့်ချုံးက အနောက်တောင်ဘက်ပိုင်းမှ ထွက်သွားကာစဖြစ်ပြီး မြို့ထဲသို့ ဝင်ရောက်ချိန်မှာတင် သူတို့က စစ်ပွဲကို စတင်လာသည်။

“ရှန်ယွီကျန့်ထုံး အညံ့ခံစမ်း။ မင်းငါတို့ကို မယှဉ်နိုင်ဘူး”

မိုးထဲတွင် တောင်တန်းအောက်ခြေမှ အသံတစ်ခုက မြောက်တက်လာသည်။ ဗဟိုပြင်ကျယ် အလယ်ပိုင်း ဒေသမှစကားကို ထုတ်ပြောနေခြင်းဖြစ်ပြီး အလွန်အေးစက်ကာ မာကြောသည်။

“သောက်ကျိုးနည်း သွားသေလိုက်”

ရှန်ယွီကျန့်ထုံးက ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ သူ၏မျက်လုံးဟာ အပြူးသားဖြစ်ပြီး ဒေါသများ ပြည့်နှက်နေသည်။

“ဟော်ရှု့ဟွေ့ခမ်း မောက်မာမနေနဲ့ အန်းနန်အစိုးရစစ်တပ်က ဘယ်သူ့ကိုမှ ဦးမညွှတ်ဘူး။ ခြင်္သေ့မြို့ကလည်း ဦးမညွှတ်ဘူး။ အခုလည်းမညွှတ်ဘူး။ နောင်လည်းဘယ်တော့မှ မဖြစ်စေရဘူး။ မင်းငါတို့ကို အနိုင်ယူချင်ရင် ကိုယ်ပိုင်စွမ်းရည်နဲ့ ကြိုးစားလိုက်စမ်းပါ”

သူ၏အသံဟာ မိုးသီးကြွေကျသလိုမျိုး ဝုန်းကနဲ မြည်ထွက်သွားပြီး တောင်ထိပ်မှစတင်ကာ မြေကမာ္ဘတစ်ခုလုံးကို တောက်လျှောက်လိမ့်ဆင်းသွားပြီး အောက်ခြေထံသို့ရောက်သည်။ ထိုအထဲတွင် ရှန်ယွီကျန့်ထုံး၏ ဒေါသသံကို ခံစားမိနိုင်သည်။

“ဟမ့် မင်းရဲ့သဘောအတိုင်းပဲ”

တောင်ထိပ်နှင့် အလွန်အမင်း ဝေးကွာသော တစ်နေရာတွင် ဟော်ရှု့ဟွေ့ခမ်းက သူ၏အနက်ရောင် အနီရောင် ရောယှက်နေသော သံချပ်ကာကို ဝတ်ဆင်လျှက် အေးစက်သောမျက်နှာထားဖြင့် ရပ်နေသည်။ သူဟာ ကောင်းကင်သို့ ချိန်ထားသည့် ဓားအိမ်ထဲမှ ဓားတစ်လက်နှင့်တူသည်။

“တိုက်ခိုက်”

ထိုသို့ဖြင့် မြေကမာ္ဘတုန်ဟီးသံများနှင့်အတူ ကြွေးကြော်သံများ၊ အော်ဟစ်သံများက ထွက်ပေါ်လာတော့သည်။

အခန်း(၅၃၈)

အဆုံးမသတ်နိုင်သော ရွာသွန်းနေသော မိုးများက မြေတွင်ဖုံးလွှမ်းနေကာ လူအများ၏မြင်ကွင်းကို လှည်းကျင်းတော့မည့်အလား ထင်ရသည်။ သူ့အတွက် ကိုယ်တိုင်ပြင်ဆင်ရန် ခက်ခဲသည့်တိုင်အောင် ဝမ်ချောင်ကိုယ်တိုင်ကပင် ဒီကိစ္စများဟာ သူမျှော်လင့်ထားသည်ကိုပင် ကျော်လွန်သွားပြီဖြစ်ကြောင်း ဝန်ခံရမည်ပင်။

“တင်ပြပါတယ်။ တိဗက်လူမျိုးတွေက ကြိုတင်ရှာဖွေ တွေ့ရှိသွားပါပြီ။ အနည်းဆုံး အယောက်တစ်သိန်း ရှိနိုင်ပါတယ်”

“တင်ပြပါတယ် အရှင်ရှန်ယွီကို ရှာဖွေတွေ့ရှိသွားပါပြီ။ ကျန်တဲ့အန်းနန်စစ်တပ်က လူတွေအားလုံး အဝိုင်းခံလိုက်ရပါတယ်”

“သတင်းပို့ပါတယ် တိဗက်မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်း ဦးဆောင်တဲ့စစ်တပ်က ရှာတွေ့သွားခဲ့တာပါ”

အထောက်တော်များက တစ်ယောက်ပြီးတစ်ယောက် မြင်းဖြင့်အပြေး ရောက်လာကြကာ အရာရှိများ မကြားချင်ဆုံးသော သတင်းများကို တင်ပြကြသည်။ ကံကောင်းမှုက အတွဲလိုက်မလာချေ။ ကံဆိုးမှုကမူ တစ်ယောက်ထဲ ရောက်မလာပြန်ချေ။ သူတို့ရင်ဆိုင်နေရသည်မှာ ခန့်မှန်းထားသည်ကိုပင် ကျော်လွန်သွားသည်။

“တင်ပြပါတယ် ဖုန်းကျားရီနဲ့ ကျောက်စစ်လော့တို့ကလည်း အနောက်တောင်ဘက်ပိုင်းကို ရှာဖွေတွေ့ရှိသွားပါပြီ။ နှစ်ဖက်ဝင်္ကပါအင်အားစုတွေကိုသုံးပြီး လျှင်လျှင်မြန်မြန် ဒီဘက်ကို ချဉ်းကပ်လာနေပါတယ်”

စက္ကန့်အနည်းငယ်ကြာပြီးနောက် နောက်ထပ် အန်းနန်အစိုးရစစ်တပ်မှ အထောက်တော်တစ်ယောက်က တိုက်ရိုက်သတင်းပို့ပြန်သည်။

ကျလာနေသော မိုးစက်များက စစ်သည်တော်များ၏ သံချပ်ကာကို ထိခတ်ပြီး ကျယ်လောင်သော အသံကြီးများက ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုတွင် ရှင်းလင်းစွာဖြင့် ဟိန်းထွက်နေတော့သည်။ လူတိုင်း၏စိတ်ဟာ လေးလံသွားသည်။

ဟော်ရှု့ဟွေ့ခမ်းဟာ မည်သူမှ မကြားချင်ဆုံးသော နာမည်တစ်ခုဖြစ်ပြီး သူတို့၏စစ်တပ်ဟာ လျှင်မြန်စွာ ရွေ့လျားလွန်းခဲ့သည့်တိုင်အောင် အနည်းဆုံး သူတို့မြင်ချင်သော မြင်ကွင်းကို မြင်ခဲ့ရတော့ချေ။ ရှန်ယွီကျန့်ထုံး ဦးဆောင်သော ထိုစစ်တပ်က ဟော်ရှု့ဟွေ့ခမ်း၏ အမိဖမ်းခံလိုက်ရရုံသာ မကလေဘဲ သိပ်မကြာခင်မှ ရှုံးနိမ့်သွားသော ဖုန်းကျားရီနှင့် ကျောက်စစ်လော့တို့ကပင် ပြန်ရောက်လာပြီဖြစ်သည်။

အခြေအနေဟာ သူတို့အတွက် အလွန်အမင်း အားနည်းနေတော့သည်။

“သခင်လေး ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”

သတိလက်လွတ်ပင် အန်းနန်အစိုးရစစ်တပ်မှ အရာရှိတစ်ယောက်ဟာ တံတွေးကို မြိုချပြီးနောက် နားမလည်ကာ ပြောလိုက်သည်။ အန်းနန်အစိုးရစစ်တပ်မှ အထောက်တော်များ အားလုံးဟာလည်း အကောင်းဆုံးမှ အကောင်းဆုံး အခြေအနေတွင် ရှင်သန်နိုင်ခဲ့သူများ ဖြစ်သည့်အလျောက် ကြီးမားသော သိန်းငှက်ကြီး၏ ညွှန်ကြားပြသမှုဖြင့် သူတို့က စစ်တပ်၏ခြေရာကို ကောက်နိုင်ခဲ့သည်။ ဒါဟာ ပုံမှန်ထက် စောသွားခဲ့သည်ဟု ဆိုရပေမည်။

သို့သော် သူတို့က ကောင်းမွန်သော အနေအထားရအောင် မပြင်ဆင်နိုင်တော့ချေ။ ဖုန်းကျားရီနှင့် ကျောက်စစ်လော့တို့ အပါအဝင် ထိုဟော်ရှု့ဟွေ့ခမ်းမှ စစ်သည်တစ်သိန်းကသာ ထန်စစ်တပ်ကို ရှာတွေ့သွားခဲ့ပါက အင်အားစုနှစ်စုလုံးဟာ သူတို့ကိုချောင်ပိတ်လိုက်ပေလိမ့်မည်။ ထို့ကြောင့် ဒီအရာရှိများ အားလုံးဟာ သေခြင်းကိုသာ ရင်ဆိုင်ရတော့မည်ဖြစ်သည်။

အချိန်ဟာ အလွန်တိုတောင်းနေပြီဖြစ်သည်။ ထို့ကြောင့် အလျှင်မြန်ဆုံး ဆုံးဖြတ်ချက်ချရန် လိုအပ်လာသည်။ သို့သော် ထိုတခဏတွင် အရာရှိများဟာ မည်သည့်နည်းလမ်းကိုမျှ မတွေးတောနိုင်လေရာ ဝမ်ချောင်ကိုသာ အပူကပ်ရတော့သည်။ ဝမ်ချောင်ကိုသာ မျှော်လင့်ထားသည်။ သူတို့ကို ဒီအခြေအနေမှသာ တစ်စုံတစ်ယောက်က ဆွဲထုတ်နိုင်မည်ဆိုလျှင် ထိုလူဟာ ဝမ်ချောင်သာ ဖြစ်လောက်သည်။

“သခင်လေး”

“သခင်လေး”

ထိုသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက်ဟာ ဝမ်ချောင်ကို လှည့်ကြည့်ကြသည်။ ဝမ်ချောင်ဟာ ကျန်းချုံကျန့်ချုံး၏ တံဆိပ်ပြားကို ကိုင်ဆောင်ထားပြီး အနောက်တောင်ဘက်ပိုင်းတွင် အာဏာအမြင့်ဆုံး သူလည်းဖြစ်သည်။ သူဟာ ဒီလူများကို အမိန့်ပေးနိုင်စွမ်းရှိသလို စစ်တပ်၏ အားအင်ကိုလည်း တက်ကြွအောင် လုပ်နိုင်စွမ်းရှိသည်။

“ဒါက...”

ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။ လက်ရှိအနေအထားမျိုးတွင် သူလျှင်မြန်စွာ မဆုံးဖြတ်နိုင်သေးချေ။

ဖုန်းကျားရီနှင့် ကျောက်စစ်လော့တို့ကို သူဟာလိုက်ဖမ်းပြီးပြီဟု တွေးမိခဲ့သည်။ မမျှော်လင့်ထားစွာပင် သူတို့က ခပ်မြန်မြန် လှည့်လာခဲ့သည်။ သူတို့က သတင်းအချို့ ရရှိသွားသည့်အတွက် ကျန်သောစစ်တပ်နှင့် ပူးပေါင်းခြင်းဖြစ်လောက်သည်။ ဝမ်ချောင်ဟာ တိတ်ဆိတ်သွားသည်။ သို့သော် သူ၏စိတ်ကမူ ပြင်းပြင်းထန်ထန် အလုပ်လုပ်နေပြီဖြစ်သည်။

ဟော်ရှု့ဟွေ့ခမ်းက လျှင်မြန်စွာဖြင့် ရှန်ယွီကျန့်ထုံးတို့ကို မိသွားသည့်အတွက်လည်း သူဟာ အံ့သြနေပြီဖြစ်သည်။ ပို၍အံ့သြရသည်မှာ ဖုန်းကျားရီနှင့် ကျောက်စစ်လော့တို့ လျှင်မြန်စွာဖြင့် ပြန်လာနိုင်သည့် အရှိန်ဖြစ်သည်။ လွန်ခဲ့သော နာရီအနည်းငယ်ကပင် ဝမ်ချောင်ဟာ သူတို့၏စစ်တပ်ဟာ ဆန့်ကျင်ဘက်သို့ ပြန်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေလေသည်။ သို့သော် ကြီးမားသော ဟာကွက်တစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် ထိုသို့လျှင်မြန်စွာ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်လောက်သည်။

တိဗက်လူမျိုးများ၏ ပမာဏက အလွန်များသည်။ သူတို့ကသာ ဖုန်းကျားရီနှင့် ကျောက်စစ်လော့တို့ကဲ့သို့ ဗိုလ်ချုပ်များနှင့် ပေါင်းစပ်သွားမည်ဆိုလျှင် အန်းနန်အစိုးရစစ်တပ်က မည်သည့်နည်းလမ်းမှ ရင်ဆိုင်နိုင်တော့မည် မထင်ချေ။ စစ်တပ်တစ်ခုက ခုခံနိုင်စွမ်း မရှိတော့သည်နှင့် ရလဒ်ဟာ ဝမ်ချောင်ပင် မမျှော်လင့်ရဲတော့ချေ။

ပို၍ဆိုသည်မှာ ထိုသို့အမှန်အကန် ဖြစ်လာခဲ့လျှင် ဝမ်ချောင်ကိုယ်တိုင်ကပင် သူကြိုတင်ပြင်ဆင်ထားသော အကြံအစည်များကို ထုတ်သုံးနိုင်တော့မည် မဟုတ်ကြောင်း သေချာလာသည်။

ထပ်ပေါင်းဆိုရသော် အန်းနန်အစိုးရစစ်တပ်၏ လက်ရှိအခြေအနေအရ မာန်ရှဲ့ယွီစန်း စစ်တပ်ကို နှောင့်နှေးအောင် အချိန်ဆွဲရမည်ဖြစ်ကာ အသေအကြေ တိုက်ခိုက်ရအုံးမည်မဟုတ်ချေ။ ဗျူဟာအဆင့် တိုက်ပွဲအနေအထားမျိုးမှ ဒီလိုအင်အားအပြည့် တိုက်ခိုက်ရသည့် အနေအထားမျိုးဟာ ဝမ်ချောင်၏ အကြံအစည်ထဲမှ လွတ်ထွက်သွားသည်။

“ချောင်အာ မင်းဘာကိုပဲ တွေးမိတွေးမိ ဒီလိုပဲပြောလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ငါနဲ့အခြားဗိုလ်ချုပ်တွေက မင်းကိုထောက်ပံ့ပေးမယ်”

သူ၏နားထဲတွင် ရင်းနှီးကျွမ်းဝင်သော အသံကထွက်လာသည်။ မှုတ်ဆိတ်ကို ပွတ်သပ်နေသော ဝမ်ရန်က ရုတ်တရက်ပြောလာခြင်းဖြစ်သည်။ သူ၏အသံက အေးစက်ပြီး ထူးခြားသည်ဟု မခံစားရမိသည့်တိုင်အောင် ဝမ်ချောင်၏နားထဲတွင်မူ နွေးထွေးသွားသည်။

“ကျွန်တော် တွေးပါရစေ”

ဝမ်ချောင်ဟာ ခေါင်းကိုမြှောက်ပြီးနောက်တွင် မုန်တိုင်းထန်နေသော သူ၏စိတ်ဟာ မရေမတွက်နိုင်သော အတွေးများဖြင့် ပြည့်နှက်သွားသည်။ အချိန်ကတိုသည်။ အန်းနန်အစိုးရစစ်တပ်က ရင်ဆိုင်နေရသော အခြေအနေဟာ အဆိုးရွားဆုံးသော အလှည့်အပြောင်းကြီးတစ်ခုဖြစ်နေနှင့်ပြီးလေပြီ။ ဝမ်ချောင်အနေနှင့် ဆုံးဖြတ်ချက် ခပ်မြန်မြန်ချရန် လိုအပ်သည်။

“ရန်သူကိုဝိုင်းပြီး တပ်ကူတွေကို ခုခံကြ”

စက္ကန့်ပေါင်းများစွာ ကုန်လွန်သွားခြင်းက နှစ်ပေါင်း မရေမတွက်နိုင်အောင် ကုန်လွန်သွားသည်ဟု အားလုံးက ခံစားမိလိုက်သည့် အချိန်တွင်ပင် ဝမ်ချောင်ဟာ ရုတ်တရက် အရာရှိများ ကြားလိုက်ရမည်ဟု မထင်ထားသည့်စကားကို ထုတ်ပြောလိုက်သည်။

“အရှင်ရှန်ယွီက ပြဿနာမရှိဘဲ အချိန်တခဏလောက် တောင်ခံထားနိုင်အုံးမှာပဲ။ ဒါပေမဲ့ ဖုန်းကျားရီနဲ့ ကျောက်စစ်လော့တို့က ငါတို့ရင်ဆ်ိုင်ကို ရင်ဆိုင်ရမဲ့ အင်အားကြီးတဲ့ ရန်သူတွေဖြစ်နေတယ်။ ဘယ်လိုအခြေအနေမျိုးမဆို သူတို့ အဓိကစစ်တပ်နဲ့ ပူးပေါင်းသွားမှာကို ခွင့်ပြုလို့မဖြစ်ဘူး။ ပိုဆိုးတာက ငါတို့အရှင်ရှန်ယွီကို ကယ်နိုင်မကယ်နိုင်က ဒီတိုက်ပွဲပေါ် မူတည်တယ်”

ထိုစကားများ၏အဆုံးတွင် ဝမ်ချောင်၏မျက်ဝန်းထဲတွင် အံ့အားသင့်ဖွယ်ကောင်းသော တောက်ပသည့် အလင်းတန်းက ထွက်ပေါ်လာသည်။

အနောက်တောင်ဘက်ပိုင်းမှ အခြေအနေဟာ အဆိုးရွားဆုံး ဖြစ်နိုင်ချေ ရှိလာနိုင်သည်။ သို့သော် ဒီလောကဟာ အရာအားလုံး မြင်နေရသလို ဖြစ်လာနိုင်ခြင်း မရှိလောက်ချေ။ အမြဲတစေ ရှင်သန်နိုင်ချေ အခွင့်အရေးက ကျန်နေရစ်အုံးမည်ဖြစ်သည်။ ဝမ်ချောင်အတွက် ပြည်ပမှ ကျူးကျော်မှုကပ်ဘေးကို အတွေ့အကြုံရှိပြီးနောက်တွင် ဒီလိုအခြေအနေမျိုးက သေစေနိုင်သည်ဟုပင် မခံစားမိတော့ချေ။

“ထပ်ပြောရရင် တိဗက်မြင်းတပ်ရဲ့ အရေအတွက်က နှစ်သိန်းဝန်းကျင်ရှိတယ်။ ငါတို့ကသာ ဖုန်းကျားရီနဲ့ ကျောက်စစ်လော့တို့ရဲ့ လူခုနှစ်သောင်းကို ပူးပေါင်းသွားစေမယ်ဆိုရင် သူတို့မှာ ပမာဏ တစ်သိန်းခြောက်သောင်း သို့မဟုတ် တစ်သိန်းခုနှစ်သောင်းအထိ ရောက်ရှိသွားလိမ့်မယ်။ အရှင်ရှန်ယွီဘက်က တိုက်ခိုက်နေတဲ့ ပမာဏက တစ်သိန်းဝန်းကျင်ပဲ ရှိနိုင်တယ်။ ဒါ့အပြင် အခြား ပျောက်ဆုံးသေဆုံးသွားတဲ့ ပမာဏကလည်း ခြောက်သောင်း၊ ခုနှစ်သောင်းအထိ ရှိသွားနိုင်တာမျိုးလည်း ဖြစ်သွားနိုင်တယ်။ ဒီတော့ ဒီမုန်တိုင်းထဲမှာ ပျောက်ဆုံးသွားတဲ့ ပမာဏတွေကို ထည့်တွက်လိုက်အုံးမယ်ဆိုရင် ငါတို့သူတို့အပေါ် အပြည့်အဝ မှီခိုလို့မရနိုင်တာ သေချာသွားပြီ။ ဒါကငါတို့ရဲ့ အခွင့်အရေးဖြစ်သွားပြီ။ ငါတို့ကသာ ဖုန်းကျားရီရဲ့ အင်အားစုကို ဖယ်ရှားပြီး အရှင်ရှန်ယွီတို့နဲ့ သွားပေါင်းမယ်ဆိုရင် ငါတို့ရဲ့အင်အားစုက တိဗက်လူမျိုးစုတွေထက် ပမာဏအများကြီး အားနည်းတော့မယ်မထင်ဘူး။ ကိုးသောင်းကိုးထောင်နဲ့ တစ်သိန်းလောက် ရင်ဆိုင်ရတာမျိုးလည်း ဖြစ်သွားနိုင်တာပဲ။ ခင်ဗျားတို့အားလုံး အရင်က ဒီလိုတိုက်ပွဲမျိုးတွေကို အတွေ့အကြုံရှိကြလောက်မယ်လို့ ငါယုံကြည်တယ်”

အစပိုင်းတွင် ထိုအရာရှိများဟာ ဝမ်ချောင်၏စကားကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးနေကြသည်။ သို့သော် ဝမ်ချောင်ဟာ ထိုသို့ဦးဆောင်ကာ ပြောလိုက်သည်နှင့် အားလုံး၏မျက်ဝန်းဟာ တောက်ပသွားသည်။

သူကပြောသည်မှာလည်း မှန်ကန်သည်။ အင်အားကြီးသပ်သပ်ဆိုလျှင် အန်းနန်အစိုးရစစ်တပ်က မာန်ရှဲ့ကျောင်းနှင့် နာ့ယိတော်ဝင်တပ်ရင်းကို မယှဉ်နိုင်စရာ အကြောင်းမရှိပေ။ အနှစ်ချုပ်ဆိုရသော် သူတို့အနေဖြင့် အသာစီးရအုံးမည်ဖြစ်သည်။ လက်ရွေးစင်များတွင် ဆုံးရှုံးမှုက တစ်သိန်းရှစ်သောင်းတွင် အန်းနန်အစိုးရစစ်တပ်ကို ရင်ဆိုင်ရန် တစ်သိန်းခန့်ကို ရင်းရသည်ကလည်း အမှန်တရားဖြစ်နေနိုင်သည်။

သို့သော် ကျန်နေရစ်သူများ အားလုံးဟာလည်း လက်ရွေးစင်များမှ လက်ရွေးစင် ဖြစ်နေနိုင်သေးလေသည်။ သူတို့၏အင်အားက လျော့ကျသွားမည် မဟုတ်သည့်အပြင် ပို၍ပင် တိုးလာလောက်သည်။ ဒီတစ်ချက်ထဲကတင် အခြေအနေဟာ ထင်သလောက် မဆိုးရွားဟု ဖော်ညွှန်းနေသည်။

“အရှင်ပြောတာ မှန်ပါတယ်။ ငါတို့တွေ အရှင်ရှန်ယွီနဲ့ တွေ့ဆုံရင် ငါတို့ရဲ့အင်အားက တစ်ပြိုင်ထဲ တိုးတက်သွားပြီး ဟော်ရှု့ဟွေ့ခမ်းတို့ကို ရင်ဆိုင်ဖို့ လုံလောက်မှာသေချာတယ်”

ထိုအရာရှိများဟာ ဝမ်ချောင်ကို ကြည့်သောအကြည့်တွင် တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် လောင်ကျွမ်းသွားပြီဖြစ်သည်။

“ကောင်းပြီ အားလုံးပဲ လှုပ်ရှားကြ”

ဝမ်ချောင်ဟာ လက်ကိုယမ်းလိုက်ပြီးနောက် ချက်ချင်းလိုလို ဦးဆောင်ကာထွက်သည်။

ဝုန်း

ကျန်နေရစ်သော စစ်တပ်ဟာလည်း အားအင်အပြည့်ဖြင့် လိုက်ပါလာတော့သည်။

အခန်း(၅၃၉)

ခြုံခိုတိုက်ခိုက်ခံရခြင်း အလွယ်တကူ ကြောက်လန့်လွယ်သော ကျောင်းစစ်လော့

မိုးကဆက်တိုက် ရွာသွန်းနေသေးသည်။ မိုးနှင့်အတူ တောင်ကုန်းများပေါ် တောက်လျှောက်တက်နေသော ပုံရိပ်နှစ်ခုကို ထင်ရှားစွာမြင်နိုင်သည်။

ဖုန်းကျားရီက သူ၏အနီးကပ် သက်တော်စောင့်ကို ဦးဆောင်ကာ ကျောင်းစစ်လော့ဘက်သို့ ရုတ်တရက် သွားပြီးနောက် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ကျောင်းစစ်လော့ မာရှယ်က အရှေ့မှာပဲ။ မင်းဒီကိစ္စကို မာရှယ်ကို ဘယ်လိုရှင်းပြမယ်လို့ စဉ်းစားထားလဲ”

“ငါမသိဘူး”

ကျောင်းစစ်လော့အတွက် အဖြေက ထွက်မလာချေ။ တိုက်ပွဲက ပြီးသွားပြီဖြစ်ပြီး ကျောင်းစစ်လော့အနေဖြင့် သူ၏ကျားဖြူပုံသဏ္ဍန် ပြောင်းလဲမှုကလည်း ပျောက်ပျယ်သွားပြီဖြစ်သည်။ ထိုတခဏတွင် ကျောင်းစစ်လော့က တောင့်တင်းသန်မာပြီး ၁.၈မီတာခန့် မြင့်မားကာ တစ်ကိုယ်လုံးအနှံ့ ကြွက်သားများပြည့်နှက်နေသော လူထွားကြီးတစ်ယောက်အဖြစ် မြင်နိုင်သည်။ သူက အရပ်ပုပြီး ခန္ဓာကိုယ်ပိန်ပါးသော တိဗက်လူမျိုးများနှင့် နှိုင်းယှဉ်၍မရချေ။

နဂါးသားတော် ကိုးယောက်လုံးက မတူကွဲပြားသော ပုံသဏ္ဍန်အသီးသီးရှိပြီး တိဗက်လူမျိုးများတွင်ပင် သူတို့အားလုံးက အရပ်ပုကာ ပိန်ကပ်နေကြခြင်းမဟုတ်ချေ။ ဗိုလ်ချုပ်များအားလုံးဟာ အရပ်ရှည်ကြပြီး မြင့်မားသော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြလေရာ သာမာန်တိဗက်လူမျိုးများနှင့် မတူချေ။

“အခုငါဘာဆက်လုပ်ရမလဲဆိုတာကို မသိတော့ဘူး”

ကျောင်းစစ်လော့၏ ညာဘက်နားထံသို့ ထူထည်းသော အနက်ရောင် မြင်းခွာသံများ၏ ထိခတ်သံများက ထွက်ပေါ်လာသည်။ သူတို့က မြေဆီလွှာနှင့် ထိခတ်ချိန်တိုင်း လေးလံသည့်အသံကို ထုတ်လွှတ်နေခြင်းက လေထုအခြေအနေကို ပို၍မည်းမှောင်လာစေသည်။

ဝမ်ရန်နှင့် သားဖြစ်သူ၏ နောက်ကလိုက်ဖမ်းမှုကြောင့် သူတို့ဟာ စစ်သည်ရှစ်သောင်းထံမှ ငါးသောင်းနီးပါး ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရခြင်းနှင့် အခြားသော ထိခိုက်ဒဏ်ရာရမှုများကြောင့် ဆုံးရှုံးမှုများ အားလုံးကို ပေါင်းလိုက်မည်ဆိုလျှင် ခုနှစ်သောင်းနီးပါးဖြစ်သည်။ ထိုသို့ခါးသီးသော ဆုံးရှုံးမှုဟာ ခန့်မှန်း၍မရနိုင်လောက်အောင် အပြင်းထန်ဆုံး ဖြစ်နေလေသည်။ သူတို့၏အင်အားက တိုက်ပွဲနယ်မြေကို ဝရုန်းသုန်းကား ဖြစ်စေနိုင်စွမ်းရှိမည်ဟု ထင်ထားခဲ့ကြသည်။ သို့ရာတွင် သူတို့ထွက်ပြေးပြီးနောက်တွင် အန်းနန်အစိုးရစစ်တပ်ကလည်း တောက်လျှောက် လိုက်ဖမ်းခဲ့သေးသည်။ ထိုဒဏ်ကိုလည်း ပြင်းထန်စွာ ခံစားခဲ့ရသည်။ ထိုမျှဆိုးရွားစွာ ရှုံးနိမ့်သွားခြင်းက... အမှန်တိုင်းဆိုရသော် ယခုအချိန်တွင်ပင် ကျောင်းစစ်လော့အနေဖြင့် အလွန်ရှက်နေမိသေးသည်။

တိဗက်လူမျိုးများက သူတို့၏ ခက်ထန်ကြမ်းတမ်းမှု၊ သတ္တိရှိမှုကြောင့် ကျော်ကြားသည်။ သူတို့က အင်အားကြီးမားသော ရန်သူကို ကြောက်လန့်ခဲ့ရိုး ထုံးစံမရှိပေ။ သို့သော်ဒီတိုက်ပွဲတွင် အစမှအဆုံးအထိ သူတို့က ခေါင်းမဲ့သော ယင်ကောင်များကဲ့သို့ ဖြစ်ခဲ့ပြီး ရန်သူ၏ ဗျူဟာ၏ လှည့်စားခြင်းကို ခံရသည်။ စစ်သေနာပတိချုပ် တစ်ယောက်အနေနှင့် ကျောင်းစစ်လော့က အရှက်ရမှု၊ အပြစ်တင်မှုအားလုံးကို ခါးဆီးခံရမည်ဖြစ်သည်။

“ဒီကောင်စုတ်လေးက ဝမ်ဖူတော့မဟုတ်တာ သေချာတယ်။ သူကဘယ်သူလဲ”

ကျောင်းစစ်လော့က ဝမ်ဖူ၏သံချပ်ကာကို ဝတ်ထားသော ထိုကောင်စုတ်လေးကို ပြန်လည်သတိရလိုက်သည်။ ရှင်းလင်းစွာဖြင့်ပင် တစ်ဖက်သူက ဝမ်ဖူမဟုတ်ချေ။ သူကလက်သီးကို တင်းတင်းဆုပ်ပြီး အံ့ကိုကြိတ်သည်။

တိုက်ပွဲနယ်မြေက အရှုပ်အထွေးဖြစ်ပြီး သူက ကျွမ်းကျင်မှုတွင် ရှုံးနိမ့်ခဲ့သည့်တိုင်အောင် ကျောင်းစစ်လော့အနေဖြင့် တစ်ချက်က သေချာသည်။ ထိုကောင်စုတ်လေးက ဝမ်ဖူထံမှ စစ်တပ်၏ စစ်သေနာပတိချုပ်နေရာကို ဝင်ယူလိုက်ပြီး ရောက်လာကတည်းက အရာအားလုံးက စတင်ခဲ့ခြင်းဖြစ်ကြောင်း သေချာနေသည်။

သူနှင့်ဖုန်းကျားရီကလည်း ကြောက်မက်ဖွယ်ကောင်းသော ဗိုလ်ချုပ်များ ဖြစ်နေသည့်တိုင်အောင် သူတို့၏ စစ်အနုပညာအပေါ် ဗဟုသုတက ထိုကောင်စုတ်လေးနှင့်ယှဉ်သော် လီသောင်းကျော်ပင် ကွာနေသေးသည်။

“ငါသူ့ရဲ့နောက်ခံကို မသိပေမဲ့ သူကသာမာန်လူမဟုတ်တာ သေချာတယ်။ အဲ့ဒီကောင်စုတ်လေးရဲ့ အသက်အရွယ်အရဆိုရင် သူ့ရဲ့နောက်ခံကလည်း သာမာန်ဖြစ်နေရင် ဒီစစ်သေနာပတိချုပ်နေရာကို ရစရာအကြောင်းကိုမရှိဘူး”

ဖုန်းကျားရီ၏မျက်လုံးက တောက်ပလာသည်။ သူကလည်း သံသယဝင်လာသည်။

ဖုန်းကျားရီက သူ၏ဒီလုပ်ငန်းသက်တမ်း တစ်လျှောက်တွင် ရှုံးနိမ့်မှုအနည်းငယ်ကို ခံစားခဲ့ရဖူးလေသည့်အပြင် သူကိုယ်တိုင်ကလည်း မင်ရှဲ့ကျောင်း၏ အိမ်ရှေ့စံတစ်ယောက်ဖြစ်ပြီး မဟာထန်မှ စစ်နတ်ဘုရား ဝမ်ကျုံးစစ်၏ ချီးကျူးမှုကို ခံရဖူးသူ ဖြစ်သည့်အလျောက် မောက်မာသော စရိုက်ကို ပိုင်ဆိုင်ထားသည်။ ရလဒ်အနေဖြင့် မဟာထန်က မာန်ရှဲ့ကျောင်းထက် အဆပေါင်းများစွာ အင်အားကြီးမားသည့်တိုင်အောင် ဖုန်းကျားရီအနေဖြင့် ဗျူဟာကသာ အဓိကဖြစ်ကြောင်း နားလည်နေသည်။

အ့ဟိုင်က တိုက်ပွဲပြီးနောက်တွင် ဖုန်းကျားရီ ယုံကြည်မှုက ဆက်တိုက် ဖောင်းကြွလာခဲ့သည်။ မဟာထန်၏ ရှုံးနိမ့်မှုက သေချာခဲ့သည်။ အန်းနန်အစိုးရစစ်တပ်က ရှုံးနိမ့်သမျှ ကာလပတ်လုံး မဟာထန်က ရှုံးသွားမည်မှာ သေချာသည်။

မာန်ရှဲ့ကျောင်းက ဦးမော့ပြီး နောက်ဆုံးတွင် မဟာထန်၏ အရိပ်အောက်မှ လွတ်မြောက်သွားတော့မည်ဖြစ်သည်။ သူကိုယ်တိုင်ကလည်း အစစ်အမှန် အိမ်ရှေ့စံဖြစ်လာပေလိမ့်မည်။ သို့သော် လက်ရှိအချိန်တွင် ဖုန်းကျားရီ ကျရှုံးသွားသည်။ ပြင်းပြင်းထန်ထန် ရှုံးသွားခြင်းဖြစ်သည်။ ဖုန်းကျားရီအနေဖြင့် ထိုစစ်ပွဲက မည်သို့တိုးတက်လာကြောင်းကို သူမခန့်မှန်းနိုင်ချေ။ သို့သော် လက်ရှိအချိန်တွင် ပထမဦးဆုံးအကြိမ် အပြောင်းအလဲက ဖြစ်လာခဲ့ပြီး ထိန်းချုပ်၍မရနိုင်သလို ခန့်မှန်း၍က မရနိုင်တော့ပြန်ချေ။ သို့ရာတွင် ဒါကအဆုံးမသတ်သေးချေ။ သူတို့က တဖန်ပြန်လည် တိုက်ခိုက်နိုင်သေးသည်။ ထို့ကြောင့် ဖုန်းကျားရီက ကိုယ့်စိတ်ကိုထိန်းထားသည်။

ဒီအခြေအနေ အလှည့်အပြောင်းက ရုတ်တရက် ဆန်လွန်းသည်။ တိတိကျကျပြောရသော် မာန်ရှဲ့ကျောင်း၏ တိုက်ပွဲတွင်ပါဝင်ခဲ့သော စစ်သားများအားလုံးက သူ၏ကိုယ်ရေးသက်တော်စောင့်များ ဖြစ်နေကြသည်။ ဒီအဆင့်တိုက်ပွဲက အရာအားလုံးကို ခြုံငုံသုံးသပ်၍ မရနိုင်သေးချေ။ သူကိုယ်တိုင်ကလည်း တိဗက်စစ်တပ်မှ အမိန့်ပေးသော လူတစ်ယောက် မဟုတ်သေးချေ။ ဖုန်းကျားရီ၏ မောက်မာထောင်လွှားသော စရိုက်ကြောင့် သူ့အနေဖြင့် ဒီလိုရှုံးနိမ့်မှုကို အလွယ်တကူ ဝန်ခံတော့မည် မဟုတ်ချေ။

“ဒါပေမဲ့”

ဖုန်းကျားရီ၏ မျက်မှောင်က ကျုံ့သွားသည်။

“ထန်စစ်တပ်က အန်းနန်အစိုးရစစ်တပ် သီးသန့်မဟုတ်ဘူး။ ဝမ်ကလန်ရဲ့ အဖေနဲ့သာ ဦးဆောင်ထားတဲ့ စစ်တပ်လည်းမဟုတ်ဘူး။ ငါ့အနေနဲ့ ဒီတပ်ဖွဲ့တွေက ခြင်္သေ့မြို့က မဟုတ်တာလည်း သေချာနေတယ်။ ကျောင်းစစ်လော့ မဟာဗိုလ်ချုပ်က မဟာထန် တပ်ကူတွေကို နိုင်သွားပြီးပြီမဟုတ်လား”

ကျောင်းစစ်လော့က သူ့ကိုမှင်သေသေကြည့်ပြီးနောက် ဖြေလာသည်။

“ဟုတ်တယ် သေချာပေါက် နိုင်သွားပြီးလောက်ပြီ။ မဟာဗိုလ်ချုပ်က လိမ်မယ်လို့မင်းထင်လား”

“အင်အားခြောက်သောင်းလုံးက ရှင်သန်ကျန်ရစ်သူ လုံးဝမရှိဘဲ ရှင်းပစ်ခံလိုက်ရတာလား”

ဖုန်းကျားရီက ထပ်မေးသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲ့ဒီမြေပြန့်က တိုက်ပွဲတွေလို အလွယ်တကူ အားလုံးကို ရှင်းပစ်လို့ ရတာမျိုးမှမဟုတ်တာ”

ကျောင်းစစ်လော့ကဖြေသည်။

“ဒါဆိုရင် မင်းပြောတာက သူကတစ်စိတ်တစ်ပိုင်းကိုပဲ သတ်ဖြတ်ခဲ့ပြီး ကျန်တဲ့လူတွေက ပိုက်ကွန်ကရှိနေတဲ့ အပေါက်တွေကနေ လွတ်သွားတယ်လို့ ဆိုလိုချင်တာ။ ငါနားလည်ပြီ ကျောင်းစစ်လော့ မဟာထန်ရဲ့ မြို့တော်က ဒီတစ်ကြိမ်မှာ ငါတို့ကို တကယ်လေးစားစရာကောင်းတဲ့ ပြိုင်ဘက်ကို စေလွှတ်လိုက်တယ်”

ဖုန်းကျားရီက မျက်မှောင်ကျုံ့သည်။

အရှေ့မှမြင်းခွာသံများနှင့်အတူ သတင်းပို့သူများက ပြန်လာသည်။

“အရှင် အရှေ့က တင်ပြချက်ရောက်လာပါတယ်။ မဟာဗိုလ်ချုပ်က ရှန်းယွီကျုံ့ထုံး၏ အန်းနန်အစိုးရ စစ်တပ်ကိုရှာတွေ့သွားပြီး ကျွန်တော်တို့ကို အလျှင်အမြန် ပူးပေါင်းလာစေချင်နေပါတယ်”

“ပြန်သွားကြစို့”

ဖုန်းကျားရီနှင့် ကျောက်စစ်လော့တို့၏ မြင်ကွင်းများက တောက်ပသွားလေသည်။ သူတို့က လက်တစ်ချက် ယမ်းပြီးနောက်တွင် အရှေ့သို့ ချီတက်ကြသည်။ မိုးကဆက်တိုက် ရွာသွန်းကျနေသေးသည်။ အချိန်ကလည်း နောက်ကျနေပြီဖြစ်သည်။ သူတို့၏ မြင်နိုင်စွမ်းအားကလည်း ဆိုးသထက်ဆိုးလာသည်။ စစ်သည်နှစ်သောင်းကျော်ခန့်က ရှေ့ဆက်သွားနေကြချိန်တွင် သူတို့၏ စိတ်များက ယခင်ကလောက် တက်ကြွမှုမရှိကြတော့ချေ။

ဖုန်းကျားရီပင်ဖြစ်စေ ကျောင်းစစ်လော့ပင်ဖြစ်စေ ပတ်ဝန်းကျင် အခြေအနေကလည်း ထူးဆန်းနေကြောင်း ခံစားမိကြသည်။ သတင်းပို့သူများက ဆယ်ယောက်တွင် ရှစ်ယောက်က ပြန်မလာနိုင်ခဲ့ချေ။ သူတို့ထဲတွင် မည်သူကမှလည်း ဒီလိုကိစ္စမျိုးကို ပုံမှန်အားဖြင့် ကရုမစိုက်ဖြစ်လောက်ချေ။

“သတ်”

သူတို့၏စစ်တပ်က တောင်ကုန်းပေါ်ရောက်သွားချိန်တွင် ရုတ်တရက် မိုးထဲမှအော်သံက ထွက်လာသည်။ စစ်သည်များက မတုန့်ပြန်နိုင်ခင်မှာတင် တဖန်တဒိုင်းဒိုင်း မြည်သံများက ထွက်ပေါ်လာတော့လေသည်။

မည်သည့်နေရာကမှန်းမသိ ကြီးမားသော ပဲ့ထိန်းဒူးလေးကြီးများက ထွက်လာသည်။ တိဗက်မြင်းတပ်က မရှောင်နိုင်ခင်မှာတင် သူတို့အားလုံးက ဖိနှိပ်ခံရပြီးနောက်တွင် မြင်းများပေါ်မှ ပြုတ်ကျသွားကြတော့သည်။

“မကောင်းတော့ဘူး တပ်ဖွဲ့တွေအားလုံး တောင့်ခံဖို့ပြင်ဆင်ထား။ ရန်သူက ချောင်းတိုက်ခိုက်လာပြီ”

အစောင့်များအားလုံးကလည်း တိဗက်ဘာသာစကားဖြင့် သတိပေးသံက လေထုထဲတွင် ဟိန်းထွက်လာသည်။ ဒီတိုက်ကွက်က ရုတ်တရက်ဆန်လွန်းသည်။ တိဗက်များအားလုံးက ယခုမှတင် သတိဝင်လာကြတော့သည်။ သို့သော်သူတို့က မတုန့်ပြန်နိုင်ခင်မှာတင် ရင်းနှီးကျွမ်းဝင်သော အသံကို ကြားလိုက်ရသည်။

“ဟား ဟား ဟား ဖုန်းကျားရီ ကျောင်းစစ်လော့ ငါမင်းတို့ကို စောင့်နေတာကြာပြီ။ မင်းတို့တကယ်ပဲ လွတ်သွားမယ်လို့ထင်လား။ မင်းတို့ရဲ့အသက်ကို ငါတို့လက်ကိုအပ်လိုက်တော့”

ဘုန်း

ထိုအသံက ထွက်လာပြီးနောက်တွင် မရေမတွက်နိုင်သော ထန်စစ်သည်တော်များ အားလုံးက ပုန်းနေသော နေရာများမှ ထွက်လာကြသည်။

“သေစမ်း ဒီကောင်စုတ်”

ထိုစကားကို ကြားသောအခါ ကျောင်းစစ်လော့နှင့် ဖုန်းကျားရီ၏ မျက်နှာက ဖြူဖျော့သွားလေသည်။

သူတို့အနေဖြင့် ထိုလျို့ဝှက်ဆန်းကြယ်သော အသံက ဘယ်သူဖြစ်ကြောင်း မသိသော်လည်း ထိုအသံကို မမှတ်မိစရာ အကြောင်းမရှိပေ။

“ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ။ ငါတို့ဒီနေရာမှာရှိမှန်း သူကဘယ်လိုသိလဲ”

ကျောင်းစစ်လော့၏ အသံက အကြောင်းပြချက်မရှိဘဲ ထွက်လာသည်။

သူတို့က ဝမ်ချောင်၏ အင်အားစု၏အဝေးမှ အကြီးကြီးရင်းနှီးကာ နောက်ဆုတ်ခဲ့ရခြင်းဖြစ်သည်။ သူတို့က မိုးထဲတွင် လှည့်လည်သွားလာပြီး နောက်ဆုံးမှသာ တစ်ပတ်ပြန်လှည့်နိုင်ခဲ့ခြင်းဖြစ်သည်။ သူတို့အနေဖြင့် နဂိုက ဝမ်ချောင်တို့၏ ဖမ်းဆုပ်မှုမှ လွတ်မြောက်သွားဖို့ ယုံကြည်ခဲ့သည်။ သို့သော် အံ့အားသင့်သွားရသည်မှာ ဒီလိုတစ်ပတ်လည်ပြီး ပြန်လာသည့်တိုင်အောင် တစ်ဖက်နှင့် ပက်ပင်းဆုံသေးသည်။

သူတို့၏အင်အား ရှစ်သောင်းတွင် နှစ်သောင်းနီးပါးကသာ ကျန်ရစ်တော့သည်။ ဒီစစ်တပ်ဟာလည်း ကြောက်လန့်နေသော ငှက်ငယ်များကဲ့သို့ ဖြစ်နေကြပြီး တိုက်ခိုက်လိုစိတ်က ကျဆင်းနေကြပြီဖြစ်သည်။ ဖုန်းကျားရီပင်ဖြစ်စေ၊ ကျောက်စစ်လော့ပင်ဖြစ်စေ ဝမ်ချောင်နှင့် ဒီလိုအချိန်မျိုးတွင် မတွေ့ချင်ကြပေ။

“မြန်မြန်နောက်ဆုတ်ကြ”

လေထဲတွင် အထိတ်တလန့် ဖြစ်သံများက ထွက်ပေါ်လာသည်။ ဖုန်းကျားရီပင်ဖြစ်စေ၊ ကျောက်စစ်လော့ပင်ဖြစ်စေ သူတို့နှင့် မတိုက်ခိုက်လိုကြပေ။ သူတို့၏ မြင်းများကို ထိန်းချုပ်ရင်း မျက်နှာများက ဖြူဖျော့နေကြသည်။ သူတို့က သူတို့၏စစ်တပ်ကို အမိန့်ပေးကာ နောက်ဆုတ်ရန် ကြံစည်လိုကြသည်။ သူတို့၏ တုန့်ပြန်မှုက နှေးကွေးသည်ဟု ဖော်ပြ၍မရချေ။ သို့သော် ဝမ်ချောင်ကမူ ဒီလိုခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထားပြီး ဖြစ်သည့်အလျောက် အခြေအနေအားလုံးကို သုံးသပ်ထားပြီးသားဖြစ်ပြီး သူတို့အနေဖြင့် နောက်ဆုတ်ရန် မလွယ်ကူနိုင်တော့ချေ။

“မင်းတို့လူမျိုးခြားတွေ ငါ့ကိုမင်းတို့ရဲ့အသက်ပေးစမ်း”

မြင်းများက ရွှံ့များထဲကို ဖြတ်သန်းသွားပြီးသည့်နောက်တွင် မိုးထဲမှ မြင်းတပ်လေးထောင်၊ ငါးထောင်ခန့်က တောက်လျှောက် အပြေးနှင်ကာ ထွက်လာကြသည်။

“ကရုစိုက် ရန်သူ”

တိဗက်လူမျိုးများက အော်ကြသည်။

ဝုန်း

လူအများက မတုန့်ပြန်နိုင်ခင်မှာတင် ထန်မြင်းတပ်က လျှပ်စီးလက်သကဲ့သို့ ချက်ချင်းလိုလို အနားသို့ ရောက်လာလေပြီး တိဗက်လူမျိုးများကို ရင်ဆိုင်တော့သည်။

“သေစမ်း သူတို့ကိုတားကြ”

“သူတို့က လူမများဘူး မကြောက်ကြနဲ့”

“သူတို့ကိုသတ် မြင်းတပ်ငါးထောင်လုံးက ငါတို့ဆီကို လာရဲတယ်ဟုတ်လား။ မကြောက်ကြနဲ့ သူတို့အားလုံးကိုသတ်”

တိဗက်လူမျိုးများ၏ ခက်ထန်ကြမ်းတမ်းမှုနှင့် သတ္တိက အရိုးထဲတွင် စွဲနေပြီးသားဖြစ်သည်။ အားလုံးဟာ မြင်းတပ်လေးထောင်၊ ငါးထောင်လောက်က တိဗက်လက်ရွေးစင် နှစ်သောင်းထံ တိုးဝင်လာရဲသည့်အတွက် ဒေါသထွက်သွားကြသည်။ ထိုသို့ဖြင့် ထိုသို့ဖြင့် တချွင်ချွင်မြည်သံများ ထွက်ပေါ်လာသည်။ လက်နက်အလင်းရောင်များက လင်းလက်နေပြီးနောက်တွင် တိဗက် စစ်သည်တော်များ အားလုံးက တုန့်ဆိုင်းမနေကြဘဲ ထန်မြင်းတပ်ကို တိုက်ခိုက်ကြတော့လေသည်။

ချက်ချင်းလိုလို တိုက်ပွဲက စတင်ဖြစ်ပွားတော့သည်။ မြင်းဟီသံများ၊ အော်ဟစ်သံများ၊ ဆဲဆိုသံများ၊ လက်နက်ချင်း ထိခတ်သံများက ကျယ်လောင်စွာဖြင့် ဟိန်းထွက်နေသည်။ မည်သူကမှ ဒီတိုက်ပွဲကို မတားဆီးကြချေ။

“သေစမ်း နောက်ဆုတ် မြန်မြန် အားလုံးပဲ ငါ့အမိန့်ကိုကြားလား မတိုက်ခိုက်ကြနဲ့။ ဒီထန်စစ်သားတွေရဲ့ ပန်းတိုင်က ငါတို့ကို အချိန်ဆွဲထားဖို့ပဲ”

ဖုန်းကျားရီက စိုးရိမ်တကြီးအော်သည်။ မြင်းတပ် လေးထောင်၊ ငါးထောင်ခန့်က လက်နက်အပြည့်အဝ တပ်ဆင်ထားသော တိဗက်မြင်းတပ် နှစ်သောင်းကျော်ခန့်ကို ယှဉ်နိုင်မည်မဟုတ်ချေ။

ထို့ကြောင့် ထိုမြင်းတပ်၏ အဓိကရည်ရွယ်ချက်က သတ်ဖြတ်ရန်မဟုတ်လေဘဲ သူတို့ကို အချိန်ဆွဲရန်ဖြစ်သည်။ ခြေလျှင်တပ်က မြင်းတပ်ထက် ပို၍နှေးကွေးသည်။ သာမာန်အခြေအနေမျိုးတွင် တိဗက်စစ်တပ်က ခပ်အေးအေး ထွက်ပြေးသွားနိုင်လောက်သည်။ သို့သော် ယခုကမူ နောက်ကျသွားပြီဖြစ်သည်။ ထိုကောင်စုတ်က ကောက်ကျစ်လွန်းသည်။ ဖုန်းကျားရီက စိတ်ထဲတွင် ကျိန်ဆဲသည်။

“သတ်”

ဖုန်းကျားရီ မျှော်လင့်ထားသည့်အတိုင်း တိုက်ပွဲက ဖြစ်လာသည်။ တိဗက်မြင်းတပ် ထောင်ပေါင်းများစွာက စိတ်အခြေအနေကို မထိန်းနိုင်တော့ဘဲ ထန်စစ်သည်တော်များနှင့် တိုက်ခိုက်ကြသည်။ ထန်ခြေလျှင်တပ်ကမူ နှစ်ဖက်နှစ်ချက်၏ တောင်ကုန်းများထံမှ ထွက်လာလေပြီး ဆက်တိုက် ခုန်ဆင်းလာသည်။ သူတို့က မရောက်ခင်ကတည်းက အမျိုးမျိုးသော ပုဆိန်များ၊ လှံများ၊ မျှားများကို ကျွမ်းကျင်သူများက ပစ်ခတ်နေကြပြီဖြစ်သည်။

ထိုလက်နက်များကို ပစ်ခတ်လိုက်ကြသဖြင့် လေထုကိုထိုးခွဲသံများက ထွက်ပေါ်လာပြီးနောက်တွင် တိဗက်လူမျိုးများ အားလုံးက ကျရှုံးတော့သည်။

အန်းနန်အစိုးရစစ်တပ်ကမူ တစ်သုတ်ပြီးတစ်သုတ် ရောက်လာသည်။ ပထမတစ်သုတ်က မြင်းတပ်လေးထောင်ဖြစ်ပြီး ဆရာသခင် လေးသည်တော်များက ဒုတိယတစ်သုတ်ဖြစ်သည်။ ဒုတိယ တစ်သုတ်အတွက်မူ ပုဆိန်၊ လှံ၊ ဒိုင်းကာသော လူအဖွဲ့ဝင်များဖြစ်သည်။ တိုက်ခိုက်မှု တစ်ခုလုံးက ရေစီးနေသလိုမျိုး တစ်သုတ်ပြီးတစ်သုတ် လာသည်။ သို့သော် အားလှိုင်းတစ်ခုပြီးတစ်ခုကြားတွင် နှောင့်နှေးကျန့်ကြာမှု မရှိချေ။ ဝမ်ချောင်၏ အမိန့်အောက်တွင် အန်းနန်အစိုးရစစ်တပ်မှ စစ်သည် လေးသောင်းလုံးက ပြင်းထန်သည့် အရှိန်အဝါအပြည့်ကို ထုတ်ဖော်ပြသနိုင်စွမ်း ရှိသွားသည်။

ထို့ကြောင့် တိဗက်မြင်းတပ်က ထန်မြင်းတပ်ကို တိုက်ခိုက်ရင် များများစားစား မတုန့်ပြန်နိုင်ခင်မှာတင် အဝိုင်းခံလိုက်ရသည်။ ထိုသို့ဖြင့် အရိုးများ ကွဲကြေသံများက ဆက်တိုက်ထွက်ပေါ်လာပြီးနောက်တွင် တိဗက်လူမျိုး တစ်ယောက်ပြီးတစ်ယောက် မြင်းများပေါ်မှ ပြုတ်ကျကြသည်။ ဒီဆုံးရှုံးမှုက ကြီးမားလွန်းလှသည်။ မယုံနိုင်စရာလည်း ကောင်းလွန်းလှလေသည်။

အခန်း(၅၄၀)

“သေစမ်း”

တိုက်ပွဲ၏ အခြေအနေကို မြင်လိုက်ရသည့် ကျောင်းစစ်လော့၏မျက်နှာက နီရဲသွားသည်။ မမျှော်လင့်ထားသော အခြေအနေသာ ဖြစ်မလာခဲ့ရင် ထန်မြင်းတပ်နှင့် တိုက်ခိုက်သော စစ်သည်တော်များ အားလုံးက သေသွားမည်မှာ သေချာသည်။

“ဖုန်းကျားရီ ကျန်တဲ့စစ်တပ်ကို ဦးဆောင်ပြီးနောက်ဆုတ် ငါဒါကိုထိန်းထားမယ်”

ဝေါင်း

အရှိန်အဝါအပြည့် ဟိန်းဟောက်သံနှင့်အတူ ကျောင်းစစ်လော့၏ ခန္ဓာကိုယ်တစ်ခုလုံးက နို့နှစ်ဖြူရောင် အလင်းများဖြင့် တောက်ပလာသည်။ သူ၏ခန္ဓာကိုယ်က လျှင်မြန်စွာဖြင့် ကြီးထွားလာပြီး လှုပ်ရှားမှု အနည်းငယ်ထဲနှင့်တင် သူဟာ အလွန်ကြီးမားသည့် ကျားဖြူကြီးအဖြစ် ပြောင်းလဲသွားပြီး ဆက်တိုက် ခုန်ဝင်သွားသည်။

“ကျောင်းစစ်လော့ကို မစိုးရိမ်နဲ့။ သူကငါတို့ကို တိုက်ခိုက်ရဲရင် ငါတို့ကလည်း သူ့ရဲ့နောက်က တိဗက်မြင်းတပ်ကို ရှင်းလိုက်ရုံပဲ”

မိုးသည်းထဲတွင် ဝမ်ချောင်က ခွာဖြူအရိပ်ပေါ်တွင် ထိုင်နေပြီး ခက်ထန်သောအကြည့်က အဝေးရှိ ကျောင်းစစ်လော့ထံ ရောက်နေသည်။

လက်ရှိကျောင်းစစ်လော့နှင့် ဖုန်းကျားရီက ခြိမ်းချောက်မှုမရှိတော့ချေ။ သူတို့၏ စစ်သည် နှစ်သောင်းလောက်က အန္တရာယ်မရှိတော့ချေ။

“ဒီကောင်ကဒီမှာ နေချင်တယ်ဆိုရင် သူ့ကိုဒီမှာသေခိုင်းလိုက်ရအောင်”

ဝမ်ချောင်၏မျက်ဝန်းက အဝေးရှိ ကျောင်းစစ်လော့ကို သတ်ဖြတ်လိုစိတ် အပြည့်ဖြင့်ကြည့်လိုက်သည်။ ဒီအချိန်ဒီနေရာတွင် ကျောင်းစစ်လော့က ထိုသို့ခုန်တိုးဝင်လာရဲလျှင် သူ၏ဖခင် ချန်းရှုစွန်း၊ သိန်းငှက်အိုကြီး၊ ရွှီရှီပင်း၊ ရွှီအန်းသွန်းနှင့် အခြားအနောက်တောင်ဘက်ပိုင်းမှ ဗိုလ်ချုပ်များ အားလုံး၏ အင်အားအပြည့်အဝကို ထုတ်ပြပြီး ကျောင်းစစ်လော့ကို ဂူသွင်းလိုက်ရုံသာ ရှိတော့သည်။

ဝမ်ချောင်က နဂိုက ကျောင်းစစ်လော့က ဒီနေရာတွင်နေပြီး ဒေါသတကြီး သတ်ဖြတ်လာရန် မျှော်လင့်ကာ စစ်တပ်ထဲတိုက်ရိုက် တိုးဝင်လာပြီး အားလုံးကို ရှင်းလင်းရန် မျှော်လင့်နေခဲ့သည်။ ကျောင်းစစ်လော့က စဉ်းစားဆင်ခြင်နိုင်စွမ်း ပိုင်ဆိုင်ထားခဲ့ပုံရသည်။ သူက ထန်စစ်သည် ဆယ်ယောက်ခန့်ကို တစ်ပြိုင်ထဲ ရှင်းလင်းပြီးနောက်တွင် စစ်တပ်နှစ်ခုကို အကွာအဝေးခြားလိုက်သည်။ ကျောင်းစစ်လော့က ချက်ချင်းလိုလို လှည့်ပြေးသည်။

“ဟမ့် သူကအပြေးမြန်သားပဲ”

ဝမ်ချောင်က နှာခေါင်းရှုံ့သည်။ သို့သော် မလိုက်ချေ။

ကျောင်းစစ်လော့၏ အဆင့်နှင့်ဆိုလျှင် သူကအမှားလုပ်ပြီး ကိုယ့်ကိုယ်ကို ဒီနေရာတွင် ချန်ထားရစ်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ဝမ်ချောင်ကလည်း ဘာမှမလုပ်နိုင်လောက်ချေ။

“စစ်သည်တော်တွေအားလုံး ငါ့ရဲ့အမိန့်ကို နာခံကြ။ ထွက်ပြေးသွားတဲ့ စစ်သည်တွေကို လျစ်လျူရှု့လိုက်ပြီး ကျန်တဲ့တိဗက်လူမျိုးတွေ အားလုံးကို အပြတ်ရှင်းလိုက်ကြ။ ငါတို့မှာ အချိန်သိပ်မရဘူး”

ဝမ်ချောင်ကအမိန့်ပေးသည်။

ဒီတိုက်ပွဲက စစ်သည်တော်များ တိုက်ခိုက်ခဲ့ဖူးသမျှတွင် အလွယ်ဆုံးဖြစ်သည်။ လေးသောင်းမှ ငါးသောင်းဝန်းကျင်ခန့်ရှိသော စစ်သည်တော်များအားလုံးက တိဗက်မြင်းတပ် ထောင်ဂဏန်းအချို့ကို ရင်ဆိုင်ရခြင်းဖြစ်လေရာ သစ်ရွက်ကြွေများကို ရှင်းလင်းရခြင်းထက်ပင် လွယ်ကူနေသေးသည်။ ထို့ကြောင့် အချိန်အနည်းငယ်အတွင်း အားလုံးကို ရှင်းပစ်လိုက်နိုင်သည်။

ထွက်ပြေးသွားသော ဖုန်းကျားရီနှင့် ကျောင်းစစ်လော့တို့အတွက်မူကား အရေးမကြီးပေ။ ဝမ်ချောင်က သူ၏ပန်းတိုင်ကို ရောက်ရှိပြီဖြစ်လေရာ ထပ်တွေ့ရန် မလိုအပ်တော့ချေ။

“ငါတို့အချိန်ကုန်နေပြီ မြန်မြန်ရှင်းလင်းပြီး ထွက်ခွာရအောင်။ ငါတို့အနေနဲ့ နောက်ထပ်နေရာကို သွားရမယ်”

ဝမ်ချောင်က မြင်းပေါ်တွင် ထိုင်လျှက် အမိန့်ပေးသည်။

ဝှစ်

မဟာထန်မြင်းတပ်က ချက်ချင်းလိုလို မြင်းများပေါ်မှ တညီတညာထဲ ဆင်းကြပြီးနောက် တိုက်ပွဲနယ်မြေကို ရှင်းလင်းရန် ပြင်ဆင်ကြသည်။ သူတို့က ကျွမ်းကျင်စွာပင် လုပ်ဆောင်ကြသည်။ လူတိုင်းတွင် ကိုယ်ပိုင်တာဝန်ရှိသည်။ ဝမ်ချောင်၏ စီစဉ်မှုအောက်တွင် အားလုံးက သေသပ်စွာဖြင့် အစီအစဉ်တကျ ဖြစ်သွားသည်။

ထို့ကြောင့် တိုက်ပွဲနယ်မြေ တစ်ခုလုံးကိုရှင်းလင်းရန် အချိန်တခဏသာ လိုအပ်ခဲ့သည်။ ဝမ်ချောင်၏ အင်အားစုက တိုက်ပွဲမှ ထွက်သွားခဲ့ပြီး လျှင်မြန်စွာဖြင့် အဝေးသို့ ဦးတည်သွားသည်။ ထို့နောက် ကျန်ရစ်ခဲ့သော နယ်မြေက တိုက်ပွဲမဖြစ်ပွားသလိုမျိုး တည်ငြိမ်နေတော့လေသည်။

“တင်ပြပါတယ် အရှေ့က အထောက်တော်က ထန်စစ်သည်တော်တွေရဲ့ ခြေရာတွေကို ရှာတွေ့သွားပါပြီ။ အင်အားကြီးမားတဲ့ ထန်အင်အားစုက ချဉ်းကပ်လာကြောင်း သံသယရှိပါတယ်”

“တင်ပြပါတယ် ဗိုလ်ချုပ်ဖုန်းကျားရီနဲ့ ကျောင်းစစ်လော့တို့က တပ်ကူတွေ တောင်းခံနေပါတယ်။ သူတို့က ထန်စစ်သားတွေရဲ့ တိုက်ခိုက်တာကို ခံရပါတယ်”

အကြိမ်အနည်းငယ်အတွင်း ထောက်လှမ်းရန်ထွက်သွားသော အထောက်တော် နှစ်သုတ်က ပြန်လာကြပြီး အမျိုးမျိုးသော တင်ပြချက်များကို ဟော်ရှု့ဟွေ့ခမ်းကို ပေးလာသည်။

“ဘာ”

မဟာဗိုလ်ချုပ်တစ်ယောက်အနေနှင့် ဟော်ရှု့ဟွေ့ခမ်း၏ အဆင့်ကမြင့်မားပြီး သူကအံ့အားသင့်စွာ မျက်မှောင်ကျုံ့လိုက်ရုံမျှဖြင့်ပင် ပြင်းထန်သည့် အရှိန်အဝါများက ထွက်ပေါ်လာသည်။

“ထန်စစ်တပ်ရဲ့ တိုက်ခိုက်တာကို ခံရတယ်ဟုတ်လား။ အဲ့ဒီမှာ ဘာတွေဖြစ်နေတာလဲ။ သူတို့မှာ စစ်သည် ရှစ်သောင်းတောင် ရှိနေတာမဟုတ်ဘူးလား။ သူတို့အားလုံးက မြင်းတပ်တွေပဲ။ ဘယ်လိုတိုက်ခိုက်ခံရမှာလဲ။ နောက်ပြီး အနောက်တောင်ဘက်ပိုင်းရဲ့ ပိုင်နက်နယ်မြေထဲမှာ ဘယ်လိုအင်အားစုများ တည်ရှိနေလို့ မြေပြန့်မှာတောင်လာပြီး တိုက်ခိုက်ရဲသေးတာလဲ”

“အရှင် ကျွန်တော်ကိုခွင့်လွှတ်ပေးပါ။ ဒီလက်အောက်ငယ်သားက ဒီအကြောင်းကို မသိပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်ဖုန်းကျားရီနဲ့ ကျောင်းစစ်လော့တို့ကတော့ တိုက်ခိုက်ခံလိုက်ရပါတယ်”

တိဗက်သတင်းပို့သမားက အလွန်ထိတ်လန့်နေပြီး မြေပြင်တွင် ဒူးထောက်ကာပြောသည်။

ကြမ်းတမ်းပြီး ရိုင်းစိုင်းသော လေသံက ဟော်ရှု့ဟွေ့ခမ်းဘက်မှ ထွက်လာသည်။

“အရှင် ကျွန်တော်တို့ဘာလို့ လူလွှတ်ပြီး အခြေအနေ မကြည့်ရမှာလဲ။ ဒါမှမဟုတ် ကျွန်တော်တို့ တပ်ကူအနည်းငယ် စေလွှတ်လို့ ရနေတာပဲ။ ဖုန်းကျားရီနဲ့ ကျောင်းစစ်လော့ ပြောတဲ့အတိုင်းဆိုရင် အန်းနန်အစိုးရစစ်တပ်က သူတို့ကို လိုက်နေကြတာ။ ဒါပေမဲ့အခု အနောက်မြောက်ဘက်ပိုင်းမှာ ပေါ်လာတယ်။ တစ်ဖက်နဲ့တစ်ဖက်က ဆန့်ကျင်ဘက်ဖြစ်နေတယ်။ တစ်စုံတစ်ရာ မဖြစ်သမျှ ကာလပတ်လုံး အဲ့ဒီဘက်က ပေါ်လာစရာ အကြောင်းမရှိဘူး”

ဂြိုလ်ပါသော ခေါင်းဆောင်းကို ဝတ်ထားသော သန်သန်မာမာနှင့် လူတစ်ယောက်က ပြောလာသည်။ သူ၏ပုံသဏ္ဍန်က စကားသာမပြောလျှင် ကြီးမားသော မြွေကြီးတစ်ကောင်အလား ထင်ရသည်။ သူ၏မျက်ဝန်းများက အလွန်တောက်ပပြီး နဖူးကလည်း မောက်သည်။ သူ၏ကိုယ်မှလည်း ကျောင်းစစ်လော့ထက်ပင် အင်အားကြီးမားသော ခမ်းနားသော အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။ ထိုလူက ဟော်ရှု့ဟွေ့ခမ်း၏ဘက်တွင် နီးကပ်စွာ ရပ်နိုင်နေကတည်းက ကျားဗိုလ်ချုပ် ငါးယောက်ထဲမှ တစ်ယောက်ဖြစ်သော လုံချင်ပါးဖြစ်သည်။

ကောလဟာလအရ လုံချင်ပါးက ကပ်ဘေးမှ မိဘမဲ့တစ်ယောက်ဖြစ်ပြီး နဂါးစွမ်းအင်ကို အာရုံခံနိုင်စွမ်းအား အပြည့်ရှိသော ထူးခြားသည့် မွေးရာပါစွမ်းအားတစ်မျိုးဖြင့် မွေးဖွားလာခြင်းဖြစ်သည်။ သို့ရာတွင် သူ၏ မွေးရာပါ ထူးဆန်းသောအချက်က အခြားသော အခြေအနေများနှင့် မတူညီစွာပင် သူဟာ မဟာနှင်းတောင်တန်း၏ တော်ဝင်နယ်မြေတွင် စွန့်ပစ်ခံလိုက်ရခြင်းဖြစ်သည်။ နောက်ပိုင်းတွင်သူက မဟာနှင်းတောင်တန်း တော်ဝင်ဂူမှ အဆင့်မြင့်ဘုန်းတော်ကြီး၏ မွေးစားခြင်းကို ခံခဲ့ရပြီး အရွယ်ရောက်လာခဲ့သည်။ ဆိုလိုသည်မှာ လုံချင်ပါးဟာ ထိုဂူဘုရားကျောင်းမှ အဆင့်မြင့် သိုင်းတိုင်းကို လေ့ကျင့်ထားသည်။

ကျားဗိုလ်ချုပ်ငါးယောက်တွင် လုံချင်ပါးက မဟာနှင်းတောင်တန်း တော်ဝင်ဂူမှ သိုင်းအများစုကို သိထားပြီး နက်နက်ရှိုင်းရှိုင်း နားလည်ထားသူဖြစ်သည်။

ဝုန်း

ဟော်ရှု့ဟွေ့ခမ်းက ဆုံးဖြတ်ချက်ချရန် စဉ်းစားနေချိန်တွင် အရှေ့တောင်ဘက်ပိုင်းမှ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ သူက တိုက်ခိုက်နေသံများ အော်ဟစ်နေသံများကို ကြားရသည်။ ဓားအချင်းချင်း၊ ဆေဘာအချင်းချင်း ထိခတ်သံများကလည်း ထွက်ပေါ်နေသေးသည်။ မမျှော်လင့်ထားစွာပင် ဟော်ရှု့ဟွေ့ခမ်းနှင့် လုံချင်ပါးတို့ နှစ်ယောက်လုံးက ခေါင်းလှည့်ကြည့်လိုက်မိကြသည်။ ထိုနယ်မြေက အန်းနန်အစိုးရစစ်တပ်နှင့် မနီးချေ။ ယေဘုယျကျကျပြောရလျှင် ထိုနေရာတွင် ဘာမှဖြစ်မလာသေးချေ။

“သတင်းပို့ပါတယ်”

အရှေ့တောင်ဘက်ပိုင်းမှ မမျှော်လင့်ထားစွာပင် သတင်းပို့သံက ရောက်လာသည်။ ခပ်ဝဝ တိဗက်လူမျိုးတစ်ယောက်က ခပ်မြန်မြန်ရောက်လာပြီး မြင်းပေါ်မှဆင်းသည်။

“အရှင် အရှေ့ဘက်က များပြားတဲ့ မဟာထန်စစ်တပ်ရဲ့ တိုက်ခိုက်ခံနေရတယ်လို့ သတင်းပို့လာပါတယ်”

“ဘာ”

ဟော်ရှု့ဟွေ့ခမ်း၏ မျက်နှာက မည်းမှောင်သွားပြီးနောက်တွင် ရှုံ့မဲ့သွားသည်။ မဟာထန်စစ်တပ်က ပေါ်လာပြန်လေပြီ။ ဖုန်းကျားရီနှင့် ကျောင်းစစ်လော့တို့က တိုက်ခိုက်ခံရသည်။ ယခုအခါ သူ၏ကိုယ်ပိုင် စစ်သည်တစ်သိန်းကပင် တိုက်ခိုက်ခံနေရလေပြီ။ ဟော်ရှု့ဟွေ့ခမ်း ကိုယ်တိုင်ကပင် တခဏကြာသည်အထိ ရန်သူဘယ်လောက်များများ ရင်ဆိုင်ရမည်ကို မသိတော့ချေ။

“အဲ့ဒီမှာ စစ်သည်ပမာဏ အရမ်းများနေတာ။ ထန်တွေရဲ့ တိုက်ခိုက်တာကို ဘယ်လိုခံရမှာလဲ။ လုံချင်ပါး ချက်ချင်းသွားပြီး အခြေအနေကိုကြည့်လိုက်”

“ဟုတ်ကဲ့အရှင်”

လုံချင်ပါးက ချက်ချင်းလိုလို ပြန်ဖြေပြီးနောက်တွင် သူ၏ကြီးမားသော မြင်းပေါ်သို့တက်သည်။

အရှေ့တောင်ဘက်ပိုင်း... တခဏခန့်အကြာက... ဝုန်း

မိုးခြိမ်းသံက ထွက်လာပြီးနောက် လျှပ်စီးက တိမ်စိုင်များကို ထိုးခွဲလာသည်။ ငွေရောင်မိုးကြိုးက လက်လာသည့်အခါ သိပ်သည်းစွာရှိနေသော တိဗက်မြင်းတပ်က တောင်ခြေတွင် စီတန်းစွာ ရှိနေကြောင်းကို မြင်ရလေသည်။ သူတို့က အချိန်မရွေး တောင်ပေါ်သို့ ချီတက်တော့မည့်အလား အသင့်ပြင်ထားသည်။

အဝေးမှ စစ်သည်များက မြေငလျှင်လှုပ်သံကို ကြားလိုက်ရသည်။ မိုးနှင့် မှေးမှိန်သော အလင်းရောင်ကြောင့် မရေမတွက်နိုင်သော ပုံရိပ်များက မြင်းစီးလျှင် သူတို့ထံ လာနေကြောင်းကိုသာ ခပ်ဖျော့ဖျော့ မြင်နေရလေသည်။

“အဲ့ဒီမှာ ဘယ်သူတွေလဲ”

အင်အားစုမှ ဗိုလ်ချုပ်က ခေါင်းလှည့်ပြီးနောက် ချဉ်းကပ်လာနေသူများကို လာအော်လိုက်သည်။

“မင်းတို့လူပဲ။ ဗိုလ်ချုပ်ကျောင်းစစ်လော့နဲ့ အိမ်ရှေ့စံ ကျောင်းစစ်လော့တို့က ငါတို့ကိုလွှတ်လိုက်တာ”

အချိန်တခဏခန့် ကြာပြီးနောက်တွင် အဝေးမှ တိဗက်လေသံဖြင့် ပြောလာသော စကားသံ ခပ်တိုးတိုးကို ကြားလိုက်ရသည်။ ထိုရင်းနှီးသော ဘာသာစကားက ထိုအရာရှိကို သတိလက်လွတ် ဖြစ်သွားစေသည်။ မဟာထန်က တိဗက်လူမျိုးများကို အလွန်နှိမ်လေရာ တိဗက်စကားပြောသောလူက အလွန်ရှားသည်။ ထို့ကြောင့် ဒါကသူတို့လူမှန်း သိသာသည်။

“အိမ်ရှေ့စံ ဖုန်းကျားရီ မဟာဗိုလ်ချုပ်က အန်းနန်အစိုးရစစ်တပ်ရဲ့ အခြားတစ်ဖက်ကို အမဲလိုက်ဖို့ စေလွှတ်တာ မဟုတ်ဘူးလား”

ထိုအမိန့်ပေးသော အရာရှိကပြောပြီး စိတ်ထဲတွင်လည်း အံ့အားသင့်သွားသည်။

“ဒီလူတွေက ယုတ်မာလွန်းတယ်။ ငါတို့က ဗိုလ်ချုပ်နှစ်ယောက်ရဲ့ကိုယ်စား တပ်ကူတွေ လာတောင်းခံတာ”

ထိုလူက ညင်သာစွာပြောလေသည်။ သူ၏လေယူလေသိမ်း တုန့်ပြန်သံက အလျှင်စလို ဖြစ်နေသေးပြီး တိဗက်လေသံ အတိအကျဖြစ်သည်။

ထိုအရာရှိက တစ်စုံတစ်ရာ ပြောလိုသည်။ သို့သော် ရုတ်တရက် မိုးသည်းကို ကျော်ဖြတ်ပြီး ထိုလူများက အနားကပ်လာပြီဖြစ်သည်။ မိုးရေထဲတွင်ပင် သူတို့ဝတ်ထားတဲ့ တိဗက်သံချပ်ကာကို ထင်ရှားစွာ မြင်နိုင်သည်။

“သူတို့ကတကယ်ပဲ ငါတို့ဘက်ကပဲ။ ကြည့်ရတာ ငါအထင်မှားနေတာပါ။ ငါစိုးရိမ်စိတ် များနေတာပဲ”

အရာရှိက သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် သတိကို လျော့ချလိုက်တော့လေသည်။

သူကထိုသို့ လျော့ချလိုက်သည့်အချိန်တွင် ခုခံစွမ်းအားအမဲ့ဆုံး ဖြစ်သွားလေပြီး အေးစက်သည့် အလင်းက ဖြတ်ကနဲလက်သွားသည်။ လှံထိပ်က လျှင်မြန်စွာဖြင့် သူ၏မျက်လုံးရှေ့သို့ ရောက်လာတော့သည်။

ထိုလှံက သူ၏လည်ပင်းထဲသို့ စိုက်ဝင်သွားပြီးနောက်တွင် အခြားတစ်ဖက်သို့ ဖောက်ထွက်သွားကာ သွေးများရွှဲသွားသည်။

မြန်လိုက်တဲ့လှံ

ဒါကသူ၏ နောက်ဆုံးအတွေးဖြစ်သည်။ ထို့နောက် အရာအားလုံးက မည်းမှောင်သွားပြီး သူဘာကိုမှ မသိတော့ချေ။

ဝမ်ချောင်က သူ၏လှံထိပ်ဖြင့် ထိုးဖောက်ထားသော တိဗက်ဗိုလ်ချုပ်ကို ခါထုတ်လိုက်ပြီးနောက်တွင် အမိန့်ပေးလိုက်သည်။

“သတ်”

တိဗက်လူမျိုး အယောာင်ဆောင်ထားသော မြင်းတပ်လေးထောင်က ချက်ချင်းလိုလို ပတ်ဝန်းကျင်ရှိ အရာများကို တိုက်ခိုက်ကြသည်။ ထက်ရှသော လက်နက်များက အသားများကို ထိုးဖောက်သံများက ထွက်ပေါ်လာသည်။ စစ်သားအများစုက လှံဖြင့်ထိုးဖောက်ခံရပြီးနောက်တွင်ပင် ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော် သူတို့က များသောအားဖြင့် မတုန့်ပြန်နိုင်ကြချေ။

“သေစမ်း ဒါကထန်တွေပဲ”

“သူတို့က ငါတို့လူမှမဟုတ်တာ”

“ကရုစိုက်ကြ အားလုံးကိုသတ်”

တိဗက်စစ်သားများ အားလုံးက အံ့အားသင့်သွားပြီးနောက်တွင် ဒေါသထွက်သွားကြသည်။ သူတို့က တိဗက်လူမျိုး အယောင်ဆောင်သော စစ်သားများနှင့် တိုက်ခိုက်ခံလိုက်ရသည်။ သို့သော် စစ်သား အများစုကမူ ဝမ်ချောင် တိုက်ခိုက်လာသည့်အချိန်တွင် အခွင့်ကောင်းကို လက်လွှတ်ဆုံးရှုံး ခံလိုက်ရလေသည်။ ထို့ကြောင့် အကောင်းဆုံး မတုန့်ပြန်နိုင်ကြတော့ချေ။

“ဒီလောကက ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ငါတို့အချင်းချင်း တိုက်ခိုက်နေကြတာလဲ”

အဝေးမှ လူအများစုက အခြေအနေကို မသိကြသည့်အတွက် အချင်းချင်း တိုက်ခိုက်နေကြောင်း မြင်ကြသည့်အခါ နားမလည်ကြတော့ချေ။

“ဘာတွေဖြစ်နေတာလဲ”

“ဒါကငါတို့လူတွေ မဟုတ်ဘူးလား။ ထန်တွေလား”

“နေပါအုံး ဘယ်လူကထန်လဲ”

အားလုံးက တူညီဝတ်စုံများကို ဝတ်ဆင်ထားကြသည့်အတွက် မည်သူက သူတို့လူဖြစ်ကြောင်း သေချာ မခွဲခြားနိုင်ကြတော့ချေ။ ထိုသို့ အလန့်တကြား အော်ဟစ်သံများနှင့်အတူ စစ်တပ်တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားသည်။ အဓိကစစ်တပ်၏ အာရုံစိုက်ရာက ရှန်ယွီကျုံ့ထုံးနှင့် အန်းနန်ဗိုလ်ချုပ်များ ဖြစ်ခဲ့ကြသည်။ လူအနည်းစုလောက်ကသာ ဒီနေရာရှိ အခြေအနေကို သိကြလေသည်။ သာမာန် အခြေအနေမျိုးတွင် ဒီလိုအမှားအယွင်းမျိုးကို မလုပ်နိုင်လောက်သော်လည်း တိုက်ပွဲနယ်မြေနှင့် မိုး၏အခြေအနေ မှောင်သောကာလက သူတို့၏ မြင်နိုင်စွမ်းအားကို နှောက်ယှက်လာသည်။ အနီးအနားရှိ စစ်သားများမှလွဲပြီး တိဗက်စစ်တပ်၏ အဓိကလူများအားလုံးက ကိုယ့်လူအချင်းချင်း တိုက်ခိုက်နေခြင်းကိုသာ မြင်လိုက်ရလေသည်။

“ရပ်ကြစမ်း လူစုခွဲကြ”

ဝမ်ချောင်က အမိန့်ထပ်ထုတ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ တိဗက်လူမျိုးများ အားလုံးကလည်း ထန်စစ်သားများထက် အရေအတွက် အပြတ်အသပ်သာသည်။ သို့သော် တိဗက်လူမျိုးများက ဗဟိုပြင်ကျယ်မှ တိဗက်လူမျိုးများကို ရင်မဆိုင်နိုင်လောက်ချေ။ လက်ရှိ ရလဒ်အခြေအနေက ဝမ်ချောင် မျှော်လင့်ထားသည့်အတိုင်းဖြစ်သည်။

တချွင်ချွင်သံများက ထွက်ပေါ်လာသည်။

ထန်စစ်တပ်က တိဗက်လူမျိုးများထဲသို့ ဝင်ရောက်သွားချိန်တိုင်း လက်နက်က မီးတောက်လာသည်။ အရှေ့တောင်ဘက်ပိုင်းမှ တိဗက်လူမျိုးများက တောင်ပေါ်ကို အာရုံစိုက်နေကြသည့်အတွက် မည်သူကမှ အနောက်မှ တိုက်ခိုက်ခံရမည်ဟု မမျှော်လင့်ထားကြချေ။ အန်းနန်အစိုးရစစ်တပ်မှ စစ်သည်လေးထောင်က တိဗက်စစ်တပ် တစ်ခုလုံးကို ဝရုန်းသုန်းကား ဖြစ်သွားစေနိုင်စွမ်းရှိလေသည်။

All Chapters