အခန်း (၅၄၁-၅၄၅)
Vol. 26 Ch. 541-545
အခန်း(၅၄၁)
တိဗက်လူမျိုးများနှင့် နှိုင်းယှဉ်သော် ဗဟိုပြင်ကျယ်မှ လူများက ပုံမှန်အားဖြင့် အလွန်သိသာသည်။ အရပ်ကွာခြားမှုရှိသည့်အတွက် လူမှားရန် မဖြစ်နိုင်ချေ။ သို့ရာတွင် ဝမ်ချောင်က သူ၏စစ်သည်များ အားလုံးကို မြင်းများအပေါ်တွင် စီးနင်းလိုက်ပါလာစေသည့်အတွက် သူတို့၏ ခန္ဓာကိုယ်အရပ် ကွာခြားမှုကို မသိသာစေတော့ချေ။ ထိုနည်းအားဖြင့် တိဗက်လူမျိုးများက တစ်ချက်ကြည့်ရုံဖြင့် ဗဟိုပြင်ကျယ်မှ လူများနှင့် တိဗက်လူမျိုးများကို ခွဲခြားရန် ခက်ခဲသွားသည်။
“သေစမ်း သေစမ်း ရန်သူက ဘယ်နေရာမှာ...”
သူ၏စကားက မဆုံးခင်မှာတင် တိဗက်လူမျိုး တစ်ယောက်က ဖြတ်ပြေးသွားသည်။ သူ၏ခန္ဓာကိုယ်က တွန့်လိမ်ရှုံ့တွသွားပြီးနောက်တွင် မြင်းပေါ်မှ ပြုတ်ကျသွားတော့သည်။
မြင်းတပ်လေးထောင် ဝန်းကျင်က ထိုသို့သော နည်းလမ်းမျိုးကိုသုံးပြီး မြင်းတပ်နှစ်ထောင်ကို သတ်လိုက်နိုင်ကာ အောင်မြင်စွာဖြင့် စစ်သည်နှစ်သောင်း တပ်အတွင်းတွင် ရောနှောဝင်ရောက်နိုင်သည်။ ဝမ်ချောင်၏ ပန်းတိုင်က သတ်ဖြတ်ရုံသပ်သပ် မဟုတ်သောကြောင့်သာ မဟုတ်လျှင် ထိုအရေအတွက်က ပို၍ပင် မြင့်မားသွားနိုင်သေးသည်။
“သွား”
ဝမ်ချောင်က ဆက်လက်ပြီး မတိုက်ခိုက်ချေ။ မြင်းတပ်လေးထောင်က အရှေ့တောင်ဘက် တိဗက်စစ်သည်တော်များ လူစုဝေးရာနေရာသို့ ကျော်ဖြတ်ပြေးလွှား သွားပြီးနောက်တွင် မြင်းဇာတ်ကြိုးကို အပြေးအလွှားဆွဲကာ အပြေးနှင်တော့သည်။
“မတိုက်ခိုက်ကြနဲ့ အားလုံးပဲ ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြ”
ရွှံ့များက လေထဲလွင့်ပြီး မြင်းခွာများက မြေပြင်ကို လျှင်မြန်စွာဖြင့် ထိခတ်နေသည်။ တိဗက်လူမျိုးများက တုန့်ပြန်ရန် အချိန်မရှိခင်မှာတင် ထန်စစ်သည်တော်များ အားလုံးက ထွက်ခွာသွားကြပြီဖြစ်သည်။
“သူတို့ရဲ့နောက်ကိုလိုက်”
တိဗက်လူမျိုးများက အလွန်ဒေါသထွက်သွားကြသည်။
စစ်သည်လေးထောင်က တိဗက်လူမျိုး အယောက်တစ်သိန်းကျော်ရှိသော စစ်တပ်ကို ဖြတ်ကျော်သွားခြင်းက ဘာမှမဟုတ်သလို ထင်ရသည်။ သို့သော် တိဗက်လူမျိုးများက နဂိုကတည်းက ခက်ထန်ကြမ်းတမ်းပြီး သတ္တိအပြည့် ရှိလွန်းသူများဖြစ်လေရာ ဒီလိုအရှက်ခွဲခံရသည့် အခြေအနေမျိုးကို လက်သင့်မခံနိုင်ကြချေ။
“ငါ့ရဲ့နောက်က လိုက်ခဲ့ကြ။ ဒီကောင်တွေအားလုံးကို သတ်ကြမယ်”
ပြင်းထန်စွာ ရွာသွန်းနေသော မိုး၏အောက်တွင် တိဗက်လူမျိုး အရာရှိတစ်ယောက်၏ မျက်လုံးက သွေးဆာလာမှုကြောင့် နီရဲသွားသည်။ သူက ခက်ထန်စွာ အော်ဟစ်လိုက်ပြီးသည့်နောက်တွင် လက်နက်ကိုယမ်းကာ မြင်းဇာတ်ကြိုးကို ခပ်တင်းတင်းဆွဲပြီး လျှပ်စီးလက်လိုက်သလိုမျိုး နောက်မှ အပြေးနှင်ကာ လိုက်သည်။
ချိန်
ဝုန်း
သူ၏အနောက်မှလည်း ဒေါသထွက်နေသော တိဗက်လူမျိုးများက အသားကုန် ကြုံးဝါးကျွေးကြော်ကာ အပြေးနှင်ကာ လိုက်ကြသည်။
အင်အားစုကြီး နှစ်စုက ရှေ့မှတစ်စု နောက်မှတစ်စု ပူးပေါင်းလိုက်ကြရာ မိုးသည်းထဲတွင် လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။
“မြန်မြန်”
မိုးရေစက်များ၏အောက်တွင် ဝမ်ချောင်၏ သူ၏မြင်းကို ရှေ့သို့အပြေးနှင်ပြီး သူ၏စစ်တပ်ကို ဦးဆောင်ကာ လျှင်မြန်လွန်းသော အရှိန်နှုန်းဖြင့် သွားလာနေခဲ့သည်။ သူ၏အနောက်မှ ကျိန်ဆဲသံများက ဝေးသထက် ဝေးလာပြီးသည့်နောက်တွင် ဝမ်ချောင်က သူ၏အနောက်မှ တိဗက်လူမျိုး စစ်သည် ထောင်ပေါင်းများစွာ လိုက်လာကြောင်းကို ခံစားလိုက်မိသည်။
“အရှင် သူတို့အားလုံးက ငါးစာကို ဟပ်သွားပါပြီ”
သိန်းငှက်အိုကြီး၏ ရင်းနှီးကျွမ်းဝင်သော အသံက နောက်မှထွက်လာသည်။ တစ်ဖက်သူဟာလည်း သိန်းငှက်အိုကြီးက တောင်ပေါ်မြင်းကို အပြေးနှင်ကာ ကဆုန်ပေါက်၍ ဒုန်းစိုင်းကာ ရှေ့တက်လာသည်။
သိန်းငှက်အိုကြီး၏ကိုယ်က ရှင်းလင်းစွာဖြင့်ပင် တိဗက်လူမျိုးများ၏ သံချပ်ကာနှင့် သင့်လျော်ခြင်းမရှိချေ။ ဝမ်ချောင်က သူနှင့်ခန္ဓာကိုယ်ချင်းတူသော တိဗက်လူမျိုး အရာရှိတစ်ယောက်ကို သတ်ခိုင်းလိုက်ရသည်။
“လူအရေအတွက် ဘယ်လောက်များသလဲဆိုတာကို ဆုံးဖြတ်နိုင်လား”
ဝမ်ချောင်က မေးလိုက်သည်။
သိန်းငှက်အိုကြီးက ဘာစကားမှမပြောဘဲ ကောင်းကင်ကိုသာ မော့ကြည့်သည်။ သူ၏မျက်နှာပေါ်သို့ ပဲစေ့အရွယ် မိုးစက်များက ဖြတ်ရိုက်ချလာသလို ကျဆင်းလာပြီးနောက်တွင် သိန်းငှက်အိုကြီး၏ အကြည့်က ကောင်းကင်ကိုဆက်တိုက် ထိုးဖောက်လုမတက် မော့ကြည့်နေပြီး အလွန်ကြီးမားသော သိန်းငှက်တစ်ကောင် စက်ဝိုင်းပုံသဏ္ဍန် လှည့်ပတ်ပျံသန်းခြင်းကိုသာ စူးစိုက်ထားသည်။
“ခြောက်ထောင်ကနေ ခုနှစ်ထောင်ဝန်းကျင်ပါ”
သိန်းငှက်အိုကြီးက သူ့ကိုယ်သူ ရေရွတ်သလိုမျိုး ပြန်ဖြေလိုက်သည်။
ငှက်များက လူများကဲ့သို့ တစ်ယောက်ချင်းစီ လိုက်ရေနိုင်လောက်အောင် ဉာဏ်ရည် မမြင့်မားချေ။ သို့သော် သိန်းငှက်အိုကြီးက နည်းလမ်းအမျိုးမျိုးသုံးပြီး သူ၏သိန်းငှက်များကို အဆင့်အလိုက် လူအရေအတွက် အသီးသီးကို ခွဲခြမ်းစိတ်ဖြာ ရေတွက်နိုင်ရန်နှင့် ကောင်းကင်တွင် ပုံရိပ်ဆွဲခြင်းဖြင့် ထိုသို့နားလည်ထားသမျှကို ပြန်လည်ဖော်ပြနိုင်ရန် လေ့ကျင့်ပေးထားခဲ့သည်။
“ဟမ့် တိဗက်လူမျိုးတွေက ငါတို့အပေါ် အရမ်းကြီး အထင်သေးနေတာတော့ မဟုတ်ဘူးဘဲ”
ဝမ်ချောင်က ရယ်လိုက်သည်။
သူတို့တစ်ဟုန်ထိုး ဝင်လာခြင်းက တိဗက်လူမျိုးများ၏ အရေအတွက် တစ်ဝက်ခန့်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း တိဗက်လူမျိုးများက သူတို့၏ ကိုယ်ပိုင်အင်အားတွင် ပြဿနာမရှိနိုင်ဟု ရှင်းရှင်းလင်းလင်း တွေးထားလောက်သည်။ သို့သော် သူတို့ထိုသို့ ပမာဏ အများအပြား ဆုံးရှုံးလိုက်ရခြင်းက ရုတ်တရက် တိုက်ခိုက်ခံခဲ့ရသောကြောင့်ဟု တထစ်ချ မှတ်ယူခဲ့ခြင်းဖြစ်လောက်၏။
“အာ အရှင်”
သိန်းငှက်အိုကြီး၏ အကြည့်က ကောင်းကင်တွင်သာ ရှိနေသေးသည်။ သို့သော်သူက သိန်းငှက်ကို ကြည့်နေခြင်း မဟုတ်တော့ချေ။ မိုးကြိုးတိမ်စိုင်များအတွင်းတွင် ပေါ်ထွက်လာသော လင်းယုန်ငှက် တစ်ကောင်ကို သတိထားလိုက်မိသောကြောင့်ဖြစ်သည်။ လင်းယုန်ငှက်က ယွီစန်းဘက်မှ ကောင်းကင်ကို ထိန်းချုပ်ရန် လွှတ်ထားတတ်ပြီး သားကောင်ကို ရှာဖွေတတ်လေ့ရှိသည့် ငှက်အမျိုးအစား တစ်မျိုးဖြစ်သည်။ သိန်းငှက်အိုကြီးကလည်း တစ်ခါက လင်းယုန်ငှက်များကို ဖမ်းဆီးကာ ယှဉ်ပါးအောင် လုပ်ခဲ့ဖူးသော်လည်း အခြားသော ရည်ရွယ်ချက်ဖြင့် အသုံးပြုခဲ့ခြင်းဖြစ်သည်။
ငှက်များကို ထိန်းကျောင်းပေးခြင်းအရာတွင် တိဗက်လူမျိုးများက သင်ယူကာစ အဆင့်တွင်သာ ရှိလောက်သည်။ သိန်းငှက်အိုကြီးကမူ ကျွမ်းကျင်တက်မြောက်သည့် အဆင့်သို့ ရောက်နေနှင့်ပြီဖြစ်သည်။
သိန်းငှက်အိုကြီးအနေနှင့် တိဗက်လူမျိုးများ၏ ငှက်များကို လေ့ကျင့်သင်ကြားပေးရန် ကြာချိန်က တိုတောင်းပြီး အပြည့်အဝ အချိန်မရခဲ့သည့်အတွက် သူ၏မဟာ သိန်းငှက်ကြီးများကဲ့သို့ ဉာဏ်ရည်မြင့်မားသည့် အဆင့်အထိ မရောက်ခဲ့သော်လည်း အချို့သော ရိုးရှင်းသည့် သင်ခန်းစာများကိုပေးရန် ပြဿနာမရှိခဲ့ချေ။
“ဟော်ရှု့ဟွေ့ခမ်းက စပြီးလှုပ်ရှားနေပြီ။ ငါ့အနေနဲ့ ဟော်ရှု့ဟွေ့ခမ်း ကိုယ်တိုင်က လှုပ်ရှားခြင်း ရှိမရှိ မပြောနိုင်ဘူးဆိုပေမဲ့ သေချာပေါက် အဲ့ဒီနယ်မြေမှာ လှုပ်ရှားမှုရှိနေပြီ”
သိန်းငှက်အိုကြီး၏ အသံက အလွန်အမင်း တည်တင်းသွားသည်။
လင်းယုန်ငှက်များကို အလောတကြီး လေ့ကျင့်သင်ကြားပေးရန် အသုံးပြုခဲ့ရသည့်အတွက် ရလာသည့် အားသာချက်က တိဗက်လူမျိုးများကို လှည့်ဖျားနိုင်စွမ်းရည် ရှိလာပြီး သတိလျော့ကျသွားစေခြင်းဖြစ်သည်။ သူတို့၏ ငှက်များက ရန်သူအပိုင် ဖြစ်နေနိုင်ကြောင်းကို သူတို့က မသိထားလောက်ချေ။
“ဟော်ရှု့ဟွေ့ခမ်းက ဒီလိုဝရုန်းသုန်းကား ဖြစ်သွားတဲ့ အခြေအနေကို မတုန့်ပြန်မှဘဲ ပိုပြီးထူးဆန်းသွားလိမ့်မယ်။ ဒါပေမဲ့ လက်ရှိတိုက်ပွဲနယ်မြေမှာ ရှန်းယွီကျုံးထုံးနဲ့ အန်းနန်အစိုးရ စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ စစ်တပ်ကလည်း ရှိနေသေးတယ်။ သူက ကျွန်တော်တို့နဲ့ ရင်ဆိုင်ဖို့ အချိန်အားနေမယ်လို့ မထင်ဘူး။ ဒီတော့ သူကသူ့ရဲ့ ကျားဗိုလ်ချုပ် ငါးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ လက်ထောက်ကို လွှတ်လိုက်နိုင်ချေက ရှစ်ဆယ်ရာခိုင်နှုန်းကနေ ကိုးဆယ်ရာခိုင်နှုန်းအထိရှိတယ်။ ကျွန်တော်တို့အနေနဲ့ အချိန်တစ်ခုကြာတဲ့အထိ အဲ့ဒီနေရာကို သွားဖို့မလိုသေးဘူး”
ဝမ်ချောင်၏မျက်ဝန်းက တောက်ပလာသည်။ သူကသေချာ မမြင်နိုင်သော်လည်း သူ၏ခန့်မှန်းမှုဟာ သေချာပေါက် မှန်ကန်မည်ဟု ယုံကြည်မှုရှိသည်။
“သူတို့ကိုလျစ်လျူရှု့ထားလိုက်။ အခုပဲ အနောက်က ကောင်တွေကို ပစ်မှတ်နေရာကို ခေါ်သွားလိုက်ရအောင်”
ထိုစကားကို ပြောပြီးနောက်တွင် ဝမ်ချောင်က မြင်းကိုအပြေးနှင်သည်။
ဝုန်း
“သူတို့ကို မလွတ်စေနဲ့”
အရှေ့မှ စစ်မြင်းမိုးခြိမ်းသံများ ထွက်လာပြီးနောက်တွင် ဒေါသထွက်နေသော တိဗက်လူမျိုး ထောင်ကျော်က အနက်ရောင် သံမဏိတုံးကြီးများ ပြုတ်ကျလာသလိုမျိုး ရှေ့သို့အပြေးနှင်လာကာ အရှိန်နှုန်းအပြည့်ဖြင့် ရောက်လာတော့သည်။
ကျန်းတစ်ထောင်
ကျန်းငါးရာ
ကျန်းသုံးရာ
ကျန်းတစ်ရာ
တိဗက်လူမျိုးများက နီးကပ်သထက် နီးကပ်လာပြီး သူတို့၏အကြည့်များက အရှေ့တွင်ရှိသော ထန်စစ်သည်တော်များထံ မည်းမှောင်စွာ ကျရောက်လာသည်။ မည်သူကမှ သူတို့၏ ပတ်ပတ်လည်ရှိ တောင်ကုန်းများက ပို၍များပြားသထက် များပြားလာခြင်း သို့မဟုတ် သူတို့ဟာ အဓိကစစ်တပ်နှင့် ဝေးကွာသထက် ဝေးကွာလာခြင်းကို သတိမထားမိခဲ့ကြချေ။
ဝုန်း
သူတို့က သူတို့၏ပစ်မှတ်နှင့် ကျန်းခြောက်ဆယ်ပင် မလိုတော့သောအခါ အခြေအနေဟာ ရုတ်တရက် ပြောင်းလဲသွားသည်။
ဝေါင်း
အနီးအနားမှ ပိန်းပိတ်အောင် မည်းမှောင်လွန်းသော အနက်ရောင်တစ်စက်က သူတို့ကို ရွှံ့နွံထဲသို့ ဆွဲချသွားလေသည်။ ထိုအရာက ရေထဲမှ ခုန်ထွက်လာသော ပုဆိန်ကိုင်လူသား တစ်ယောက်ဖြစ်သည်။
ချွင်
အေးစိမ့်သောအလင်း ဖြတ်ကနဲ လက်သွားပြီးနောက်တွင် ပုဆိန်ထိပ်က မြင်းတစ်ကောင်၏ လည်ပင်းကို ခုတ်ဖြတ်လိုက်သည်။
ဟီး ဟီး ဟီး ဟီး
မြင်းများက အလန့်တကြား ဟီလာကြသည်။ ထိုချောင်းတိုက်ခိုက်သည့် တိုက်ကွက်က တိဗက်လူမျိုးများကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ စစ်မြင်း၏ခေါင်း ခုတ်ဖြတ်ခံရခြင်းက အားလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေလေပြီး စီးနင်းလာသူကိုလည်း ရွှံ့ထဲသို့ ပြုတ်ကျသွားစေသည်။
တပွက်ပွက်အသံများ ထွက်ပေါ်လာပြီးနောက်တွင် တစ်ယောက်... နှစ်ယောက်... သုံးယောက်... လေးယောက်... စသဖြင့် မည်းမှောင်အုံ့စိုင်းနေသော တောင်ကုန်းများကြားတွင် ရှိနေသည့် စစ်သည်တော် တစ်ယောက်ပြီးတစ်ယောက်က ထွက်လာကြကာ လှံများကိုသုံးပြီး ထိုးသွင်းခြင်း၊ ပုဆိန်များကိုသုံးကာ ခုတ်ပိုင်းခြင်း၊ ဒိုင်းများကိုသုံးကာ ရိုက်နှက်ဖိသတ်ခြင်းတို့ကို ပြုလုပ်လာကြသည်။ ထိုသို့ဖြင့် ပို၍များပြားသထက် များပြားသော စစ်သားများက ထွက်လာပြီး တိုက်ခိုက်ကြသည်။
ထိုသို့အနီးကပ် ချောင်းတိုက်ခိုက်ခံရသည့်အခါ တိဗက်လူမျိုးများက မရှောင်နိုင်ကြတော့ချေ။
တိဗက်စစ်သည်တော် တစ်ယောက်ပြီးတစ်ယောက်က မြင်းများထံမှ ပြုတ်ကျသထက် ပြုတ်ကျနေပြီး တစ်ဖက် တစ်ချက်ချင်းစီတိုင်းမှ ထန်မြင်းတပ်က ဆက်တိုက်ဆိုသလို ထွက်ပေါ်လာကာ အေးစိမ့်သော ခံစားချက်ကိုသာ ရစေတော့သည်။
“အား သတိထားကြ ဒါကခြုံခိုတိုက်ခိုက်တာပဲ”
“ထန်စစ်သားတွေ ထန်စစ်သားတွေပဲ”
“ငါတို့တော့ အရူးလုပ်ခံလိုက်ရပြီ။ နောက်ဆုတ်ကြ”
တိဗက်လူမျိုးများ၏ စူးရှသည့်အော်သံက လေထဲပြည့်နှက်သွားချိန်တွင် မည်းမှောင်သော ရာသီဥတုအတွင်း ကြောက်လန့်မှုနှင့် ပြည့်နေသော မျက်နှာများကို မြင်ရသည်။ သူတို့အားလုံးက မြင်းတပ် လေးထောင်ခန့်ကို အာရုံစိုက်နေသည့်အချိန်တွင် အနီးအနားမှ ပို၍များပြားသော ထန်မြင်းတပ်ပေါင်း များစွာက ခြုံခိုတိုက်ခိုက်လိမ့်မည်ဟု ဘယ်သောအခါကမှ မမျှော်လင့်ထားခဲ့ဖူးချေ။
“အန်းနန်အစိုးရစစ်တပ်... ဒါကနောက်ထပ် အန်းနန်အစိုးရစစ်တပ်က တစ်စိတ်တစ်ပိုင်းပဲ”
အထိတ်တလန့် ဖြစ်သံများ၊ ကြောက်လန့်သံများက ကောင်းကင်တွင် ဟိန်းထွက်လာချိန်တွင် တိဗက်လူမျိုးများဟာလည်း မည်သည့်အခြေအနေများ ဖြစ်ပျက်နေကြောင်း နားလည်လာကြသည်။ အန်းနန်အစိုးရစစ်တပ်က မိုးသည်းထဲတွင် နှစ်သုတ်ခွဲသွားခြင်းက လျို့ဝှက်ချက်မဟုတ်ချေ။ သံတမန်များကလည်း ဖုန်းကျားရီနှင့် ကျောင်းစစ်လော့တို့က သိပ်မကြာခင်ကမှ မောင်းထုတ်ခံခဲ့ရကြောင်း သတင်းပြန်ပို့ခဲ့ပြီးသားဖြစ်သည်။
ယေဘုယျကျကျ ပြောရသော် ထိုအန်းနန်အစိုးရစစ်တပ်က ဒီနယ်မြေနှင့် အလွန့်အလွန် ဝေးကွာသော နေရာတွင် ရှိနေသင့်သည်။ သို့သော်လည်း ဒီနေရာတွင် မမျှော်လင့်ထားစွာပင် ပေါ်ထွက်လာသည်။
“ပြေးကြ”
တိဗက်စစ်သားများ အားလုံး၏ တိုက်ခိုက်လိုစိတ်က ပြိုကွဲသွားသည်။ အများစုက ထွက်ပြေးချင်ကြသည်။ သို့သော် နောက်ကျလွန်းခဲ့ပြီဖြစ်သည်။ မြေကတသိမ့်သိမ့်တုန်ပြီး စစ်မြင်းများ၏ ဟီသံများက ဟိန်းထွက်လာသည်။ ဝမ်ချောင်က သူ၏မြင်းတပ် လေးထောင်ကို ဦးဆောင်ကာ နောက်သို့လှည့်လိုက်ပြီးနောက် ပြန်လည်တိုက်ခိုက်ရန် ကြိုးစားတော့သည်။
ဆွစ်
လှံများဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မြင်းစီးသမားတိုင်းက မြင်းပေါ်မှ ပြုတ်ကျရသည်။ ထိုတိုက်ပွဲတွင် ဝမ်ချောင်က ဘေးဘက်မှ ရပ်ကြည့်မနေတော့ချေ။ သူကကိုယ်တိုင် ဝင်ပါလိုက်သည်။ တိဗက်လူမျိုးတစ်ယောက် ပြုတ်ကျသွားချိန်တိုင်း ဝမ်ချောင်၏ကိုယ်အတွင်း သန့်စင်သော စွမ်းအင်တစ်မျှင်က စီးဝင်လာသည်။ မိုးနှင့်သွေးများ၏ မုန်တိုင်းထန်သကဲ့သို့ ရောပြွန်းနေသော အချိန်မျိုးတွင် ဝမ်ချောင်၏ ကြယ်တာရာ စွမ်းအင်များက မလျော့သွားရုံသာ မကလေဘဲ ပို၍ပင် များပြားလာတော့သည်။
“နဂါးလှံခုန်ပေါက်ခြင်း”
ရေနဂါးတစ်ကောင်က အနက်ရောင် တိမ်စိုင်များအတွင်းသို့ ထိုးဝင်သွားသလိုမျိုး မိုးသည်းထဲတွင် လှံအလင်းက ထင်ရှားစွာ ထွက်ပေါ်လာသည်။ ထို့နောက် ထိုလှံက အောက်သို့တဖန် ပြန်ကျလာသည့်အခါ လျှပ်စီးလက်ခြင်းထက်ပင် မြန်ဆန်လွန်းနေတတ်ပြီး ကျန်းနှစ်ဆယ် အကွာမှ တိဗက်အရာရှိတစ်ယောက်ထံ ဖောက်ဝင်သွားသည်။ ဝမ်ချောင်၏ အစစ်အမှန်သိုင်း အဆင့်ကိုး ကျင့်ကြံခြင်းအဆင့်နှင့် နဂါးလှံ ခုန်ထွက်ခြင်း၏ အင်အားတို့ ပေါင်းစပ်လိုက်သော် အဆင့်မြင့် သိုင်းနယ်မြေ အဆင့်အောက်မှ ထိုစစ်သည်တော်များက သူ့ကို မည်သည့်နည်းနှင့်မျှပင် မယှဉ်နိုင်ချေ။
ထိုတိဗက် အရာရှိ၏ကိုယ်က ယမ်းခါသွားပြီး မျက်လုံးကမူ အပြူးသားဖြစ်လျှက် မြင်းပေါ်မှ ပြုတ်ကျသွားသည်။ အလေးအနက်ထားကာ ယှဉ်ပြိုင်မည်ဆိုလျှင် သူကထိုမျှအလွယ်တကူ ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ချေ။ သို့သော် ယခုကဲ့သို့ ပြွတ်သိပ်ကာရှိနေသော တိုက်ပွဲဝင်နယ်မြေတွင် လူတစ်ယောက်၏ အင်အားက ပြင်းထန်စွာ သက်ရောက်ခံရပြီး လျော့ကျသွားရသည်။ ထို့ကြောင့် လှံတစ်ချက်ထဲသာဖြစ်သော်လည်း ဝမ်ချောင်က သူ့ကိုအလဲထိုးကာ ဆွဲချလိုက်နိုင်သည်။
“ဂုဏ်ယူပါတယ် အသုံးပြုသူ တိုင်းတစ်ပါးသား အရာရှိငါးယောက်ကို သတ်ဖြတ်လိုက်နိုင်တဲ့အတွက် အသုံးပြုသူက သိုင်းဗိုလ်ချုပ် ချီစက်ကွင်း [ဗိုလ်ချုပ်များ၏အဆိပ်]ကို ဖွင့်လှစ်လိုက်နိုင်ပါပြီ”
“မှတ်ချက် [ဗိုလ်ချုပ်များ၏အဆိပ်]က အသုံးပြုသူကို ဗိုလ်ချုပ်တိုင်းရဲ့ ရန်သူဖြစ်သွားစေနိုင်ပါတယ်။ ဗဟိုပြင်ကျယ်ပဲဖြစ်ဖြစ်၊ တိုင်းတစ်ပါးပဲဖြစ်ဖြစ် အသုံးပြုသူကို ရန်သူအဖြစ် သတ်မှတ်လိုက်တာနဲ့ သူတို့အားလုံးက အသုံးပြုသူရဲ့ ရန်သူတွေဖြစ်သွားပြီး ချီစက်ကွင်းကြောင့် အားနည်းသွားပါလိမ့်မယ်”
“ဖန်ရှင်၏ သက်ရောက်မှုရှိမည့် အတိုင်းအတာ.. ဗိုလ်ချုပ်တိုင်း အားလုံးအပေါ် သက်ရောက်မှု ရှိပါတယ် [တိုက်ပွဲနယ်မြေ၏အဆိပ်]ရဲ့ အဆင့်မြင့်တင်ထားတဲ့ ချီစက်ကွင်းဖြစ်လို့ ဗိုလ်ချုပ်အဆင့်အောက်က စစ်သည်တော်တွေ အပေါ်ပဲ သက်ရောက်မှုရှိတယ်ဆိုတဲ့ တိုက်ပွဲနယ်မြေရဲ့ အဆိပ်စွမ်းအားက ပြိုပျက်သွားပါပြီ”
“သတိထားရမဲ့အချက်... အသုံးပြုသူက သိုင်းဗိုလ်ချုပ် ချီစက်ကွင်းကိုပဲ ဖွင့်လှစ်လိုက်နိုင်သေးတာပါ။ အသုံးပြုသူကသာ [ဗိုလ်ချုပ်များ၏အဆိပ်]ကို တရားဝင် အသက်သွင်းချင်တယ်ဆိုရင် အသုံးပြုသူအနေနဲ့ ထပ်တိုးမစ်ရှင်တစ်ခုကို ပြီးမြောက်အောင်မြင်နိုင်မှ ဖြစ်ပါလိမ့်မယ်”
ဝမ်ချောင်၏ စိတ်အတွင်းတွင် အမျိုးမျိုးသော အချက်အလက်များကို ပြောပြသံများက ဆက်တိုက် ထွက်ပေါ်လာသည်။
ဝုန်း
မိုးသီးကြွေကျလိုက်သလိုမျိုး ဝမ်ချောင်က နောက်ထပ် တိဗက်မြင်းသမား တစ်ယောက်ကို ကိုင်တွယ်ရန် ပြင်ဆင်နေသည့် အချိန်တွင်ပင် ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် သံသယဝင်ကာ ကြောင်တောင်တောင်ပင် ဖြစ်သွားရသည်။
သိုင်းဗိုလ်ချုပ် ချီစက်ကွင်းဟုတ်လား။ ဒါကဘာလဲ။ တိုက်ပွဲနယ်မြေရဲ့ အဆိပ်က သိုင်းဗိုလ်ချုပ် ချီစက်ကွင်း မဟုတ်ဘူးလား။
ဝမ်ချောင်ကမူ လှံနှင့်ထိုးတော့မည့် အနေအထားအတိုင်း အေးခဲကြောင်တက်သွားသည်။ သူ၏လက်များက လှံများကို ခပ်တင်းတင်း ဆုပ်ကိုင်လျှက်သား ရှိနေသေးသည်။
တိုက်ပွဲနယ်မြေ ချီစက်ကွင်း အဆိပ်၏ အရှိန်အဝါက တိုက်ပွဲနယ်မြေကို ရေကြီးသလိုမျိုး အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ဝမ်ချောင်က ဗိုလ်ချုပ်တစ်ယောက်သာ ပိုင်ဆိုင်သော အင်အားမျိုးဟု ယုံကြည်ထားခြင်းဖြစ်သည်။ သို့သော် အခြေအနေက ထိုသို့မဟုတ်နေခဲ့ချေ။
“ကံကြမ္မာရဲ့ကျောက်သား သိုင်းဗိုလ်ချုပ် ချီစက်ကွင်းရဲ့ အင်အားဆိုတာက ဘာကိုဆိုလိုတာလဲ”
ဝမ်ချောင်က သူ၏စိတ်ကို ဆူညံပွက်လော ရိုက်နေသော တိုက်ပွဲဝင်နယ်မြေမှ စွန့်ခွာလိုက်ပြီးနောက်တွင် ကံကြမ္မာ ကျောက်သားထံ ဆက်သွယ်လိုက်သည်။ ကံကြမ္မာ ကျောက်သားက လူတစ်ယောက်လိုမျိုး မတုန့်ပြန်နိုင်သော်လည်း အလွန်အရေးကြီးသော အချက်အချာကျသည့် မေးခွန်းမျိုး မဟုတ်သမျှ ကာလပတ်လုံး ပြန်ဖြေပေးသည်။
အခန်း(၅၄၂)
“သိုင်းဗိုလ်ချုပ် ချီစက်ကွင်းက နာမည်အတိုင်းပဲ ဗိုလ်ချုပ်အဆင့်မှာရှိတဲ့ လက်ရွေးစင် ကျွမ်းကျင်ပညာရှင်တွေကို ပစ်မှတ်ထား ရင်ဆိုင်နိုင်ပါတယ်။ တိုက်ပွဲဝင်နယ်မြေအဆိပ် ချီစက်ကွင်းနဲ့ ပေါင်းစပ်ပြီး အသုံးပြုနိုင်ပါတယ်”
ကံကြမ္မာကျောက်တုံး၏ အသံက သူ၏စိတ်ထဲတွင် ထင်ရှားစွာ ထွက်ပေါ်လာသည်။
ဝမ်ချောင်က မျက်မှောင်ကျုံ့စွာ မေးလိုက်သည်။
“သိုင်းဗိုလ်ချုပ် ချီစက်ကွင်းက ဗိုလ်ချုပ်အဆိပ်ကလွဲပြီး အခြားသက်ရောက်မှုတွေ မရှိတော့ဘူးလား။ ဒါမှမဟုတ် သိုင်းဗိုလ်ချုပ် ချီစက်ကွင်းက ဗိုလ်ချုပ်အဆိပ် ချီစက်ကွင်းအတွက်ပဲ ဖြစ်နေတာလား”
“သိုင်းဗိုလ်ချုပ် ချီစက်ကွင်းက ဗိုလ်ချုပ်များ၏အဆိပ် တစ်ခုထဲ မကန့်သတ်ထားပါဘူး။ အခြားကဏ္ဍ ပစ်မှတ်တွေ အများကြီးလည်း ရှိနေပါသေးတယ်။ ဥပမာအနေနဲ့ အာရပ်ချီစက်ကွင်းနဲ့ ချာရ စပါစီနူ ချီစက်ကွင်းတို့ ရှိနေပါသေးတယ်။ အသုံးပြုသူအနေနဲ့ ပထမဦးဆုံး တစ်ခုကိုပဲ ရရှိနိုင်အုံးမှာပါ”
အသံကတဖန် ထပ်ထွက်လာသည်။
“အာရပ်ချီစက်ကွင်းတဲ့လား”
ဝမ်ချောင်က ထိုနာမည်ကို ရေရွတ်လိုက်ချိန်တွင် သူ၏နှလုံးသားက အခုန်နှုန်းမြန်လာပြီး သူ၏စိတ်ထဲတွင် တစ်စက္ကန့်ထဲနှင့် အတွေးထောင်ပေါင်းများစွာ ဖြတ်သန်းသွားသည်။ ဝမ်ချောင်က တစ်စုံတစ်ရာကို ဖမ်းလိုက်မိသလို ခံစားရသော်လည်း အသေးစိတ် ပြန်တွေးမိလိုက်သည့် အချိန်တွင် မည်သည့်အတွေးကိုမှ မဖမ်းဆုပ်မိလိုက်ပြန်ချေ။
“ဒါဆိုရင်ငါက ဗိုလ်ချုပ်အဆိပ် ချီစက်ကွင်းကို တရားဝင် အသက်သွင်းနိုင်အောင် ဘာလုပ်ရမလဲ”
ဝမ်ချောင်က တည်တင်းစွာ မေးလိုက်သည်။ တိုက်ပွဲဝင်နယ်မြေအဆိပ် ချီစက်ကွင်းက အလွန်အမင်း အင်အားကြီးမားပြီး ကောင်းကင်ကို အံ့တုနိုင်သည့် တည်ရှိမှုတစ်ခုကဲ့သို့ ဖြစ်နေသည်။ သို့ရာတွင် ထိုချီစက်ကွင်း၏ တစ်ခုတည်းသော ပစ်ချက်ကမူ အလွန်အမင်း သိသာထင်ရှားလွန်းနေခြင်းဖြစ်ပြီး ဗိုလ်ချုပ်အဆင့် ပုဂ္ဂိုလ်များအပေါ် သက်ရောက်မှု မရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ပိုင်ချီချန်း၊ ပါ့ထန်းလု သို့မဟုတ် ဖုန်းကျားရီတို့ကဲ့သို့ လက်ရွေးစင် ကျွမ်းကျင်ပညာရှင်များအတွက် အသုံးမဝင်ခြင်းဖြစ်သည်။ ဝမ်ချောင်၏ ချီစက်ကွင်းက သူတို့အပေါ် အသုံးမပြုနိုင်ခဲ့ချေ။ သို့သော် ဗိုလ်ချုပ်အဆိပ် ချီစက်ကွင်းကိုသာ သူကပိုင်ဆိုင်မည်ဆိုရင် အရာအားလုံးက ကွာခြားသွားတော့ပေမည်။
ကံကြမ္မာသုံးသွယ်က ယာယီအားဖြင့် ဝမ်ချောင်ကို မည်သည့် ကံကြမ္မာစွမ်းအင်များကိုမျှ မရရှိအောင် ယာယီပိတ်ဆို့ထားပြီး ကံကြမ္မာစွမ်းအင်ကို အသုံးပြုခြင်းအားဖြင့် အင်အားကြီးထွားလာမည့်လမ်းကို ပိတ်ဆို့ထားသော်လည်း အခြားသော လမ်းများအပေါ် သက်ရောက်မှုမရှိခဲ့ချေ။ သူကသာ သိုင်းဗိုလ်ချုပ် ချီစက်ကွင်းကို အသက်သွင်းနိုင်မည်ဆိုလျှင် တိုက်ပွဲနယ်မြေတွင် သူကကြီးမားသော ပေါက်ကွဲနိုင်သည့် ဗုံးကြီးတစ်လုံးကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
“ဗိုလ်ချုပ်များရဲ့အဆိပ် ချီစက်ကွင်းရဲ့ လိုအပ်ချက် နံပါတ်တစ် တိုင်းတစ်ပါးသား ဗိုလ်ချုပ်ဆယ်ယောက်ကို သတ်နိုင်ရမယ်။ နံပါတ်နှစ် အဆင့်မြင့် သိုင်းနယ်မြေက ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို သတ်နိုင်ရမယ်။ နံပါတ်သုံး တိုက်ပွဲဝင်နယ်မြေအဆိပ် ချီစက်ကွင်းရဲ့ အဆင့်သုံးကို ရောက်ရှိရပါမယ်။ ဒီသုံးချက်လုံးနဲ့ ကိုက်ညီမှပဲ အသုံးပြုသူအနေနဲ့ ဗိုလ်ချုပ်များရဲ့အဆိပ် ချီစက်ကွင်းကို တရားဝင် အသက်သွင်းနိုင်မှာ ဖြစ်ပါတယ်”
ဝမ်ချောင်၏နှလုံးသားက ချက်ချင်းလိုလို ဆွဲညှစ်ခံရသလို နစ်မြုပ်သွားတော့သည်။ ပထမဦးဆုံး ဖြစ်နိုင်ချေက လက်ခံနိုင်ဖွယ် ရှိနေသေးသည်။ သို့သော် အခြားနှစ်ချက်ကမူ အလွန်ခက်ခဲလွန်းသည်။ တိုက်ပွဲဝင် နယ်မြေ၏အဆိပ်ကို တိုးတက်အောင် လုပ်ရမည်နည်းဆိုသည့် ကိစ္စက ခက်ခဲခြင်းဖြစ်သည်။ နောက်ဆုံးတိုက်ပွဲတွင် ဝမ်ချောင်က အန်းနန်အစိုးရစစ်တပ်ကို ဦးဆောင်ခဲ့ပြီး ဖုန်းကျားရီနှင့် ကျောင်းစစ်လော့တို့၏ စစ်သည်ငါးသောင်းကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် ဝမ်ချောင်၏ တိုက်ပွဲဝင်အဆိပ် ချီစက်ကွင်းက အဆင့်သုံးသို့ မရောက်ရှိခဲ့သေးချေ။
သူ့အနေဖြင့် အဆင့်သုံးသို့ရောက်ရန် မလိုတော့ဟု ခံစားနေရသော်လည်း သူ့အနေနှင့် မည်မျှမလိုတော့ကြောင်း မသေချာပြန်ချေ။ ထို့ကြောင့် ဝမ်ချောင်တွင် အကြံပျောက်နေတော့သည်။
သို့တိုင်အောင် သူ့အနေနှင့် အဆင့်မြင့် သိုင်းနယ်မြေမှ ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို အနိုင်ယူရန် လိုနေသေးပြန်သည်။ ကံကြမ္မာကျောက်တုံးက တိုက်ပွဲဝင်နယ်မြေတွင် အနိုင်ယူရမည်ဟု ဆိုထားလေသည်။ အခြားနည်းလမ်းနှင့် ဆိုရသော် ဝမ်ချောင်အနေဖြင့် သူ၏ကိုယ်ပိုင်အားကိုသုံးပြီး အဆင့်မြင့် သိုင်းနယ်မြေမှ ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို အလဲထိုးနိုင်ရမည်ဖြစ်သည်။ ဝမ်ချောင်က ယခင်က ကျွမ်းကျင်ပညာရှင်ကို သတ်ဖူးခြင်းမဟုတ်ချေ။ သို့သော် သူ၏ယင်ယန်ဓားငယ်လေးနှင့် တစ်ဖက်သူကို ထိုးလိုက်ပြီး ကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင် နောက်ဆုံးအမျှင်ကို စုပ်ယူရန် တောင့်မခံနိုင်လောက်သောကြောင့် ဖြစ်သည်။
ဒါက ကံကြမ္မာကျောက်တုံးက အထူးရည်ညွှန်းသော အခြေအနေနှင့် ကွာခြားသွားသည်။ သို့သော် အချိန်က အများအပြား ရှိနေသေးလေသည်။ စိတ်ကသာ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုလျှင် သူ့အနေဖြင့် ဗိုလ်ချုပ်များ၏အဆိပ် ချီစက်ကွင်းကို အသက်သွင်းရန် အခြေအနေများကို ပြည့်ညီအောင် လုပ်နိုင်မည်ဟု ယူဆသည်။
ထိုသို့တွေးလိုက်မိပြီးသည်နှင့် ဝမ်ချောင်က တဖန်စိတ်ငြိမ်သွားသည်။
သာမာန် အခြေအနေမျိုးတွင် ကံကြမ္မာကျောက်တုံးက ပေးထားသော အခြေအနေများက ပစ်ရန် မဖြစ်နိုင်သော်လည်း ယခုကဲ့သို့ အလုံးအရင်းဖြင့် တိုက်ခိုက်နေသည့် စစ်ပွဲမျိုးတွင် ဖြစ်နိုင်ချေက မြင့်မားသော် အထူးသဖြင့်ဒါက တိုင်းပြည်သုံးခုကြားမှ စစ်ပွဲဖြစ်နေသည်။ သူကသာ အောင်မြင်သွားမည်ဆိုလျှင် ဗိုလ်ချုပ်များ၏အဆိပ်က ဒီစစ်ပွဲမှ လူအမြောက်အများ စတေးရာတွင် အချက်အချာကျသော ကဏ္ဍမှ ပါဝင်လာနိုင်ပေလိမ့်မည်။
ဝမ်ချောင်က အသိပြန်ဝင်လာပြီးနောက်တွင် လက်ကိုယမ်းကာ အမိန့်ထုတ်လိုက်သည်။
“အားလုံးပဲ အဆင်သင့်လုပ်ပြီး ထွက်ခွာဖို့ ပြင်ဆင်ကြ”
“တိဗက်လူမျိုးတွေက သိပ်မကြာခင်မှာ အခြေအနေက တစ်ခုခု မှားယွင်းနေတာကို သိသွားလိမ့်မယ်။ ငါတို့က နောက်ထပ်တစ်သုတ် မြန်မြန်လှုပ်ရှားဖို့ လိုအပ်နေပြီ”
သူ၏ပတ်ပတ်လည်ရှိ တိုက်ပွဲဝင်နယ်မြေကို မိုးကလွှမ်းခြုံနေသည်။ ဒီခြုံခိုတိုက်ခိုက်မှုအတွက် ဝမ်ချောင်က စစ်သည်အယောက် နှစ်သောင်းကို ပြင်ဆင်ထားသည်။ အန်းနန်အစိုးရ စစ်တပ်မှ လက်ရွေးစင် အယောက်နှစ်သောင်းက မြင်းတပ်အယောက် လေးထောင်၊ ငါးထောင်ခန့်ကို တိုက်ခိုက်ရန်အတွက် လွယ်ကူလွန်းနေခြင်းဖြစ်သည်။ ပြိုင်ပွဲက သူကထင်ထားသည်ထက်ပင် မြန်ဆန်သေးသည်။
ဝမ်ချောင်၏ အမိန့်အောက်တွင် အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော်များ အားလုံးက သူတို့၏ ကိုယ်ပေါ်သို့ တိဗက်မြင်းတပ်၏ သံချပ်ကာများကို ပြောင်းလဲဝတ်ဆင်လိုက်ကြသည်။ တောင်ပေါ်ဒေသ မြင်းများက ထူးကဲသော သားရဲများဖြစ်ပြီး ရှင်သန်ကျန်ရစ်သော မြင်းများကိုလည်း မြင်းတန်းအဖြစ် စီးနင်းရန် တဖန်လွှဲပြောင်းယူလိုက်ကြသည်။ တိဗက်လူမျိုးများ၏ သံချပ်ကာနှင့် တောင်ပေါ်ဒေသသုံး မြင်းများကို စီးလိုက်ပြီးနောက်တွင် ဝမ်ချောင်၏ တိဗက်မြင်းတပ်က ယခင်လေးထောင် ပမာဏမှ ရှစ်ထောင်အထိ ရသွားသည်။
“လုံလောက်ပြီ”
ဝမ်ချောင်က ဒီကပ်ဘေးမှ လူများနှင့် မသက်ဆိုင်သော တိဗက်များအဖြစ် ရုပ်ဖျက်ထားသော သူ၏လူများကို ကြည့်လိုက်ပြီးနောက် ခေါင်းကိုညိမ့်လိုက်သည်။ စစ်အနုပညာက ရွတ်ဆိုရန် အချိန်လိုအပ်ပြီး မြေမျက်နှာသွင်ပြင်နှင့် အများ၏ စည်းရုံးမှုက လိုအပ်နေသေးသည်။ သာမာန်အခြေအနေမျိုးတွင် ဝမ်ချောင်၏ ဗျူဟာက ပုံမှန်အတိုင်း ဖြစ်လာနိုင်ရန် အလွန်အမင်း ခက်ခဲပေလိမ့်မည်။ သို့ရာတွင် မိုးအသားကုန် ရွာသွန်းချနေခြင်းက အောင်မြင်ရန် လမ်းစပေါ်လာစေသည်။
သူ၏စစ်သားများကသာ ခန္ဓာကိုယ်ကို မြင်းနားကပ်ထားပြီး မိုးဒဏ်ကို မနည်းကာကွယ်နေသလို ပြောင်းလဲထားမည်ဆိုလျှင် ပြီးပြည့်စုံသော ရုပ်ဖျက်နိုင်ပေလိမ့်မည်။
တစ်ခုတည်းသော အကြီးမားဆုံး ပစ်ချက်က ဘာသာစကားဖြစ်သည်။ အချိန်တိုအတွင်း ကျွမ်းကျွမ်းကျင်ကျင် တိဗက်ဘာသာစကား တက်မြောက်သွားရန်က မဖြစ်နိုင်ချေ။ သို့သော် ဝမ်ချောင်က ထိုပြဿနာကို ဖြေရှင်းနိုင်သည်။
အချိန်တိုအတွင်း သူ့အနေဖြင့် လူတိုင်းကို တိဗက်ဘာသာစကား ကျွမ်းကျင်သွားအောင် မသင်ပေးနိုင်သော်လည်း ရိုးရှင်းသော တစ်လုံးစ၊ နှစ်လုံးစကို သင်ပေးပြီး ဉာဏ်ကောင်းသော လူများကို သီးသန့်သင်ပေးလိုက်ခြင်းအားဖြင့် မေးမြန်းလာသည့်အခါ ပြန်ဖြေရန်က လွယ်ကူသွားသည်။
“အချိန်ကတိုတယ် အမြန်သွားကြစို့”
ခေါင်းဆောင်အဆင့်ကို ရွေးချယ်ပြီးနောက် စစ်တပ်ကို နှစ်သုတ်ခွဲပြီးနောက်တွင် ဝမ်ချောင်က သူ၏စစ်တပ်ကို ရှေ့သို့တဖန် အပြေးနှင်ခဲ့ပြန်သည်။
ဝုန်း
အန်းနန်အစိုးရစစ်တပ်က နှစ်သုတ်ခွဲထားပြီးနောက် တစ်သုတ်က တောင်ပိုင်းလွင်ပြင်တပ် ဖြစ်သွားပြီး အခြားတစ်သုတ်ကမူ မြောက်ပိုင်းသို့သွားသည်။ အချိန်တိုအတွင်းတွင် မိုးသည်းထဲတွင် အားလုံးက ပျောက်ကွယ်သွားသည်။ ဖြစ်စဉ်တစ်ခုလုံးက ရေစီးသလိုမျိုး ချောမွေ့လွန်းနေခဲ့ကာ ဘယ်သောအခါမှ မပေါ်လာခဲ့ဖူးသလိုပင် ထင်ရသည်။
အဝေးမှ စစ်မြင်းသံများ ကြားရပြီးနောက်တွင် အနက်ရောင်ပုဂ္ဂိုလ်များက မိုးသည်းထဲတွင် လျှင်မြန်စွာဖြင့် ချဉ်းကပ်လာသည်။
“အဲ့ဒီက ဘယ်သူတွေလဲ”
တောင်ခြေမှ တိဗက်ဗိုလ်ချုပ်တစ်ယောက်က စစ်တပ်ထဲမှ ထွက်လာပြီးနောက်တွင် မြင်းကို ဦးဆောင်ကာ တစ်ဖက်မှ ချဉ်းကပ်လာသော အဖွဲ့ကိုတွေ့သည်။ သူ၏အသံက သြရှနေသည်။
“ငါတို့ပါ ငါတို့အနေနဲ့ ဒီထန်တွေကို မဖမ်းလိုက်နိုင်ဘူး။ သူတို့က မြန်လွန်းတယ်။ သေစမ်း”
တိဗက်ခေါင်းဆောင်က ပြန်အော်လိုက်သည်။ သူက လေထဲတွင်ပင် လက်သီးကိုဆုပ်ထားသေးကာ အလွန်ဒေါသထွက်ပြီး ကူကယ်ရာမဲ့ဟန်ကိုလည်း မျက်နှာတွင် ထင်ရှားစွာ မြင်နိုင်သည်။
“သူတို့က လွတ်သွားတာလား”
တစ်ဖက်ဗိုလ်ချုပ်က မျက်မှောင်ကျုံ့ပြီးနောက်တွင် ဒီရလဒ်ကို လက်မခံနိုင်သလို ဖြစ်သွားသည်။
“မင်းရဲ့နေရာက အဲ့ဒီဘက်မှာ မဟုတ်ဘူးလား။ ဘာလို့ငါတို့ဘက်ကို ရောက်လာတာလဲ”
“အာ ငါနေရာ မှားသွားတာလား”
ထိုတိဗက်ဗိုလ်ချုပ်က အံ့သြသွားဟန်ဖြင့် ထိုအခါမှသာ သူတို့လမ်းပျောက်သွားကြောင်း သူတို့ သတိထားလိုက်မိဟန် ဖြစ်သွားသည်။ သူက ခေါင်းကိုငုံ့ပြီးနောက်တွင် ခပ်တိုးတိုး ရေရွတ်တော့သည်။
“မင်းဘာပြောတာလဲ”
တစ်ဖက်ဗိုလ်ချုပ်က မေးသည်။ သူက ဖြေးညှင်းစွာဖြင့် ထွက်လာသည်။
“ငါပြောတာက...”
တိဗက်ဗိုလ်ချုပ်၏ အသံက ဝါးနေသည်။
“မင်းဘာပြောလိုက်တာလဲ”
“ငါပြောတာက ငါတို့...”
မုန်တိုင်းကအလွန် ကျယ်လောင်လွန်းလေရာ တိဗက်ဗိုလ်ချုပ်၏ အသံကလည်း ဖမ်းမိရန် ခက်ခဲသထက် ခက်ခဲလာသည်။ တစ်ဖက်ဗိုလ်ချုပ်က မျက်မှောင်ကျုံ့လိုက်ပြီးနောက်တွင် မေးမြန်းနေခြင်းကို ရပ်တန့်လိုက်ပြီးနောက်တွင် အရှေ့သို့ အပြေးနှင်လာလိုက်သည်။
“ဟမ့်”
ထိုအခိုက် မည်သူကမှ တစ်ဖက်က ဗိုလ်ချုပ်၏ မျက်ဝန်းထဲရှိ လှောင်ပြောင်မှုကို မမြင်နိုင်တော့ချေ။ သူ၏ တိဗက်ဘာသာစကားက အကန့်အသတ်ရှိသည်။ ဝမ်ချောင်က အနည်းအကျဉ်းသာ သင်ထားပေးခဲ့သည်။ သို့သော် ယခုကဲ့သို့ မိုးသည်းထဲတွင် ဝါးချရန်က မခက်ခဲချေ။ အကွာအဝေးကလည်း လုံလောက်နေသည်။
“ညီအစ်ကိုတို့ ထွက်ကြ”
အော်ဟစ်သံနှင့်အတူ တိဗက်ဗိုလ်ချုပ်က သူ၏ရုပ်ဖျက်ထားမှုကို ဖယ်ခွာလိုက်ပြီးနောက်တွင် ညာလက်ကိုမြှောက်ကာ ရုတ်တရက် ခေါင်းမော့ပြီးနောက် တိုက်ခိုက်ရန် အမိန့်ပြလိုက်သည်။
ဝုန်း
အလွန်အမင်း အံ့အားသင့်သွားသည့် အချိန်တွင်ပင် တိဗက်မြင်းတပ်က ရုတ်တရက် ခေါင်းကိုမော့ကာ အံ့အားသင့်စရာ အရှိန်အဝါမျိုးဖြင့် ပေါက်ကွဲသွားတော့သည်။
“သတ်”
မြင်းများကရှေ့သို့ အပြေးနှင်လာပြီးနောက်တွင် မိုးများက နေရာအနှံ့ ရွာသွန်းတော့သည်။ ထောင်ပေါင်းများစွာသော အန်းနန်အစိုးရ စစ်သားများက မပြင်ဆင်ထားသော တိဗက်စစ်တပ်ကို တိုက်ခိုက်တော့သည်။ တစ်ချိန်ထဲတွင်ပင် အခြားနေရာများတွင်...
“ဘယ်သူလဲ”
“မဟာဗိုလ်ချုပ်ရဲ့ အမိန့်နဲ့ ငါတို့က အနောက်မြောက်ဘက်ကို တပ်ကူလာတာပါ”
မိုးသည်းထဲတွင် အားကိုးရသောမြင်းကို အပြေးနှင်လာသည့် တိဗက်လူမျိုးတစ်ယောက်က လက်ထဲတွင်လည်း အလံကိုမြင့်မားစွာဖြင့် မြှောက်ကိုင်ထားသေးသည်။ သူက ထောင်ပေါင်းများစွာသော မြင်းတပ်ကို ဦးဆောင်လာသည်။
ဝုန်း
ထို့နောက် မရေမတွက်နိုင်သော အံ့အားသင့်နေသည့် အကြည့်များအောက်တွင် ထိုစစ်သည် ထောင်ပေါင်းများစွာက စစ်တပ်ထဲတဖန် ပြုံတိုးဝင်လာတော့သည်။
အရှေ့တောင်ဘက်၊ အနောက်တောင်ဘက်၊ အရှေ့မြောက်ဘက်... နေရာအနှံ့အပြားတွင်လည်း သူတို့ဘက်မှ လူများ၏ ပြန်တိုက်ခိုက်မှုကို ခံရသည်။
ထိုလူများက မမျှော်လင့်ထားဘဲ သရဲများလို ရောက်လာကြကာ တိဗက်သံချပ်ကာများကို ဝတ်ဆင်ထားပြီး ရုပ်ဖျက်ထားသည့်အတွက် ထန်နှင့်တိဗက်ကြား ခွဲရန်ခက်ခဲလာသည်။ ထို့အပြင် သူတို့က အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် ရောက်လာကြပြီး တိဗက်များကို ခေါ်ဆောင်လာသည့်အတွက် ခုခံနိုင်စွမ်းအား မဲ့ရသည်။ ထို့ပြင် တစ်ဖက်သူများ၏ တိုက်ခိုက်နိုင်စွမ်းအားကလည်း မြန်ဆန်လွန်းကာ အကြမ်းဗတန်း ဆန်လွန်းနေသေးသည်။
ထို့ကြောင့် မည်သည့်နေရာကမှန်းမသိ ရောက်လာသော တိဗက်လူမျိုးများက သူတို့ကို ပြန်လည်တိုက်ခိုက်ပြီး သိပ်မကြာခင် အချိန်မှာတင် ဆုတ်ခွာသွားကြပြန်သည်။
ထိုဝရုန်းသုန်းကား အခြေအနေကြောင့် အစစ်အမှန် တိဗက်လူမျိုးများက အစစ်အမှန် တိဗက် စစ်သည်တော်များကို ပြန်လည်တိုက်ခိုက်ရသည့် အခြေအနေမျိုးပင် ရှိလာသေးသည်။ ထို့ကြောင့် အားလုံးက မှင်သက်နေကြသော ငှက်များကဲ့သို့ အလွယ်တကူ ထိတ်လန့်လွယ်သွားကြသည်။ ထိုသို့ဖြင့် အမိန့်ပေးသည့် ဟန်ချက်ညီမှုက လျော့ကျသွားလေပြီး မည်သူက သူတို့၏ အရာရှိဖြစ်ကြောင်း မည်သူက ထန်အရာရှိဖြစ်ကြောင်း မခွဲခြားနိုင်ကြတော့ချေ။
“သေစမ်း ထန်တွေဘယ်လောက်တောင် များနေတာလဲ”
“ငါတို့ဒါကို ဘယ်လိုခုခံရမှာလဲ။ သူတို့က ငါတို့ရဲ့ သံချပ်ကာကို ဝတ်ထားကြတာ”
“မိုးထဲမှာ ရှင်းရှင်းလင်းလင်း ဘာမှမမြင်ရဘူး။ တဖြည်းဖြည်း မှောင်သထက် မှောင်လာပြီ။ ဒီတော့ ဒီတာဝန်က ပိုပြီးခက်ခဲလာတယ်”
တိဗက်ဗိုလ်ချုပ်များက လက်သီးဆုပ်ပြီး အံ့တကြိတ်ကြိတ်ဖြစ်နေကြသည်။
အခြားသော အချိန်များတွင်ဆိုလျှင် ထိုဗျူဟာက ကိုယ့်ကိုယ့်ကို သက်သေခြင်းဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင်မူ စစ်တပ်က တောင်ပေါ်ရှိ ရှန်ယွီကျုံးထုံ၏ စစ်တပ်ကို ဖယ်ရှားရှင်းလင်းရန်သာ အာရုံစိုက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းမှ တိုက်ခိုက်လာသော ရန်သူကို အမဲလိုက်ရန် မဖြစ်နိုင်ချေ။ ပို၍ဆိုးသည်မှာ စစ်တပ်က မိုးသောက်ချိန်တွင် ထွက်ခွာခဲ့ခြင်း ဖြစ်သော်လည်း လိုက်ဖမ်းခြင်း၊ တိုက်ခိုက်ခြမ်း၊ လမ်းပျောက်ခြင်း စသည်တို့ဖြင့် အားလုံးပေါင်းစပ်လိုက်ပြီးနောက်တွင် သူတို့နောက်က လိုက်မည်ဆိုလျှင်ပင် အရိပ်အယောင်ကိုမျှ မြင်ရတော့မည် မဟုတ်ချေ။ ထို့ပြင် မိုးကြိုးတိမ်စိုင်များက လွင့်ပျယ်သွားမည်ဆိုလျှင်ပင် ရှာဖွေရန်အချိန်ကောင်း မဖြစ်နိုင်တော့ပြန်ချေ။
အရေးကြီးသော အချက်ကမူ ထန်စစ်တပ်က တိုက်ခိုက်လာသည့် အချိန်တိုင်းလိုလို တိဗက်လူမျိုးများက သူတို့တွင် စစ်သည်တော် ပမာဏမည်မျှ ပါလာကြောင်း မသိကြခြင်းဖြစ်သည်။
အစပိုင်းတွင် တိဗက်လူမျိုးများက သူတို့က တစ်ဖွဲ့ထဲသာဟု ထင်ခဲ့ကြသည်။ နေရာပေါင်းများစွာကို တိုက်ခိုက်ခံရသော်လည်း သူတို့၏ ပြိုင်ဘက်က မိုးကိုအသုံးပြုပြီး တိဗက်လူမျိုးများကို လိမ်ညာလှည့်စားသွားသည်ဟုသာ ခန့်မှန်းထားကြသည်။ သို့သော် နောက်ပိုင်းတွင် သူတို့ခန့်မှန်းထားသလို မဟုတ်တော့ချေ။ အကြောင်းမူကား အချို့သော နေရာများတွင် အလုံးအရင်းလိုက် ပမာဏပေါင်းများစွာ သတ်ဖြတ်ခံရသောကြောင့်ဖြစ်သည်။
တစ်ဖက်သူများက လျှင်မြန်စွာလာပြီး လျှင်မြန်စွာ ထွက်ခွာသွားသည့် အချက်နှင့် ပေါင်းစပ်လိုက်သော် နာ့ယိတော်ဝင် တပ်ရင်းမှ အင်အားကြီး ခမ်းနားလှသော ဗိုလ်ချုပ်များကပင် ညအမှောင်ထဲတွင် လူမည်မျှ ပုန်းအောင်းနေမည်ဖြစ်ကြောင်း မဝေခွဲနိုင်တော့ချေ။ သာမာန်စစ်သားများဆိုလျှင် ပို၍ဆိုးသည်။
“ဒီတိဗက်တွေ ဘာလုပ်နေတာလဲ”
တစ်ချိန်ထဲတွင်လည်း မြင့်မားသော တောင်ထိပ်ပေါ်တွင် သံချပ်ကာ အပြည့်အဝ ဝတ်ဆင်ထားသော အန်းနန်အစိုးရ စစ်တပ်မှ ဗိုလ်ချုပ်တစ်ယောက်က အောက်သို့ငုံ့ကြည့်လိုက်ပြီး မျက်မှောင်ကျုံ့ကာ အတွေးနက်သွားသည်။ သူ၏ဘယ်ဘက် မျက်ခုံးပေါ်တွင် ကြီးမားသော အမာရွတ်ကြီး ရှိနေပြီး သူ၏အရှိန်အဝါကလည်း ထူထည်းသိပ်သည်းကာ တောင်တစ်လုံးတမျှ လေးလံလွန်းသည်။
“ဒါမှမဟုတ်ရင် သူတို့က ငါတို့ကို ငါးစာဟပ်အောင် ပရိယာယ် သုံးနေတာလား”
အခြားသော ဗိုလ်ချုပ်တစ်ယောက်က ပြောသည်။ သူက အရပ်ရှည်ပြီး ပိန်ပါးသည်။ သူ၏သံချပ်ကာက သွေးများစိုရွှဲနေပြီး ဓားမောက်ရှည်များကြောင့် ကျန်ရစ်ခဲ့သည့် အမာရွတ်များနှင့်လည်း ဖုံးလွှမ်းနေသေးသည်။ သူက ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲပေါင်းများစွာကို အတွေ့အကြုံရှိခဲ့သည်မှာ သေချာသည်။ အနောက်တောင်ပိုင်းတွင် သူတို့ကဲ့သို့ လူရင်းများက ကြောက်မက်ဖွယ်ကောင်းပြီး သတ္တိကြီးလွန်းသော ဗိုလ်ချုပ်များဟု ဆိုသင့်သည်။
“သူတို့က ပရိယာယ်သုံးတာ မဟုတ်လောက်ဘူး”
ဘယ်ဘက်မျက်ခုံးတွင် အမာရွတ်ရှိသော ဗိုလ်ချုပ်က ခေါင်းကိုခါပြီးနောက်တွင် ပြောလာသည်။
“သူတို့က ငါတို့ကို ငါးစာဟပ်အောင် လုပ်ချင်တာပဲဖြစ်ဖြစ် ငါတို့ကို သတိလက်လွတ်ဖြစ်အောင် လုပ်ချင်တာပဲဖြစ်ဖြစ် ဖြစ်လောက်တယ်လို့ ငါတွေးမိပေမဲ့ အဲ့ဒီလို မဖြစ်နိုင်ဘူး။ ဟော်ရှု့ဟွေ့ခမ်းက သူ့ကိုယ်သူ အရမ်းအထင်ကြီးပြီး သူ့ရဲ့စရိုက်အရဆိုရင် ဒီလိုဗျူဟာမျိုးကို သုံးဖို့က မဖြစ်နိုင်ဘူး။ ဒီလိုဆိုရင် အခုလို အခြေအနေမှာသူက အသာစီးရနေတာလေ။ ဒါက မရှိတဲ့မြွေခြေထောက်ကို လှမ်းဆွဲသလို ဖြစ်နေလိမ့်မယ်။ ဒါ့အပြင် ဒါက ပရိယာယ် ထုတ်သုံးနေတဲ့ပုံနဲ့ မတူနေဘူး”
အခန်း(၅၄၃)
“ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ အနောက်တောင်ဘက် ပိုင်နက်နယ်မြေက ဘယ်လိုလူကများ ငါတို့ကို ကူညီနိုင်မှာလဲ။ ဖြစ်နိုင်တာက ဝမ်ကလန်က အဖေနဲ့သားလား။ ဒါပေမဲ့ သူတို့က ငါနဲ့တအား ဝေးလွန်းနေတာ မဟုတ်ဘူးလား။ ဘယ်လိုများ ပြန်လာပြီး ကူနိုင်မှာလဲ”
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ဗိုလ်ချုပ်က ပို၍သံသယ များလာသည်။ မသိလိုက် မသိဘာသာပင် သူကသူ၏ ကာကွယ်ရေးဗိုလ်ချုပ် ချန်ယွီကျုံ့ထုံးကို ကြည့်လိုက်မိသွားသည်။
ချန်ယွီကျုံ့ထုံးက ယခင်က ကာကွယ်ရေးဗိုလ်ချုပ် ကျန်းချုံကျန့်ချုံး၏ တာဝန်ပေးခြင်းကို ခံထားရခြင်းဖြစ်သည်။ ဒီမတော်တဆမှုကြောင့်သာ မဟုတ်လျှင် သူက စစ်ရမှတ် လိုအပ်နေသေးသည့်တိုင်အောင် ထိုစစ်သားပေါင်း များစွာကို နာခံအောင် အပြည့်အဝ အမိန့်ပေးနိုင်ရန် မဖြစ်နိုင်သေးလောက်ချေ။ ထို့ပြင် ထိုစစ်သားများ အားလုံးကလည်း ငြင်းဆန်မှုကို ပိုင်ဆွဲထားကြသေးပြီး အားလုံးက ကျန်းချုံကျန့်ချုံးကြောင့်သာ ဒီအခြေအနေကို လက်သင့်ခံပေးကြခြင်းဖြစ်သည်။ သို့သော် လက်ရှိ အခြေအနေအရမူ ... လူတိုင်းကလည်း အန်းနန်အစိုးရစစ်တပ်က အပေါ်ယံတွင်သာ စုစည်းနေပြီး အထဲတွင် ရှုပ်ထွေးနေကြောင်း နားလည်ထားကြသည်။ မဟုတ်လျှင် ထိုစစ်သည်များ၏ ပမာဏ အများအပြားက ဝမ်ကလန်မှ အဖေနှင့် သားနှင့်အတူ နေရစ်ခဲ့ကြလိမ့်မည် မဟုတ်ချေ။
သို့ရာတွင် ထိုသို့ဖြစ်နေသေးသည့်တိုင်အောင် အန်းနန်အစိုးရစစ်တပ်မှ ပမာဏ အများအပြားက ရှန်ယွီကျုံ့ထုံး၏နောက်မှ လိုက်ပါလိုကြသေးသည်။ မည်သို့ပင်ဆိုစေ ရှန်ယွီကျုံ့ထုံးက ကျန်းချုံကျန့်ချုံးကိုယ်တိုင် ခန့်အပ်ထားသည့် ဆက်ခံသူ ဖြစ်နေခြင်းဖြစ်သည်။
စစ်သားတစ်ယောက်အတွက် အနိုင်နှင့်အရှုံးက သာမာန်ဖြစ်သည်။ တိုက်ပွဲတွင် ရှုံးသွားခြင်းက ထိုစစ်သည်၏ အမှားဟု ဆို၍မရပေ။ ဗိုလ်ချုပ်တစ်ယောက်၏ အမြင်တွင် မင်ရှဲ့ကျောင်းနှင့် ယွီစန်းတို့၏ ပူးပေါင်းပြီးနောက် စစ်သည်ငါးသိန်း ပမာဏရှိနေလေရာ အန်းနန်အစိုးရ စစ်တပ်အနေဖြင့် အလွယ်တကူ မရင်ဆိုင်နိုင်ခြင်းက ပုံမှန်ဖြစ်နေပြန်သည်။
မင်ရှဲ့ကျောင်းက ယခင်က တစ်ကြိမ်သော်မျှ ယွီစန်းနှင့် မပူပေါင်းခဲ့ဖူးပေ။ ကာကွယ်ရေးဗိုလ်ချုပ် ကျန်းချုံကျန်းချုံးကသာ ဒီနေရာတွင် ရှိနေအုံးမည်ဆိုလျှင်လည်း အလားတူ ကူကယ်ရာမဲ့သွားလောက်သည်။
“ငါမသိဘူး”
ရှန်ယွီကျုံ့ထုံးက တောင်အောက်သို့ တိတ်ဆိတ်စွာ ငုံ့ကြည့်လိုက်သည်။ အမှန်အတိုင်း ဆိုရသော် သူကိုယ်တိုင်ကလည်း ဝမ်ကလန်မှ အဖေနှင့်သားနှင့် ပတ်သတ်ပြီး ရှုပ်ထွေးသော ခံစားချက်များရှိသည်။ သို့သော် ထိုခံစားချက်များက မုန်းတီးမှုဟု ဖော်ပြရန် အလှမ်းကွာလွန်းနေသည်။ အနှစ်ချုပ်ဆိုရသော် သူက ကျေးဇူးအနည်းငယ်ပင် တင်မိသေးသည်။ ဝမ်ကလန်မှ အငယ်ဆုံးသားကသာ ခြင်္သေ့မြို့ကို မတည်ဆောက်ခဲ့လျှင် ဝမ်ကလန်နှင့် အဖေနှင့်သားကသာ စစ်သည်များကို မခေါ်လာခဲ့လျှင် ထိုသို့ခေါ်လာခဲ့ပြီး သူတို့၏တပ်ဖွဲ့ကို အားအင်တက်ကြွအောင် မလုပ်ပေးခဲ့လျှင် အနောက်တောင်ဘက်ပိုင်း စစ်တပ်က အပြည့်အဝ ရှင်းပစ်ခံရပြီးလောက်လေပြီ။
ရှန်ယွီကျုံ့ထုံးအနေနှင့် စစ်အနုပညာအပေါ် သူ၏ပါရမီနှင့် နားလည်နိုင်စွမ်းအားက ဗိုလ်ချုပ်တစ်ယောက်ထက် သာကာ အမြဲတစေ နားလည်ထားပြီးသား ဖြစ်သည့်အပြင် စကားတစ်ခွန်းထဲနှင့် လောကကို တုန်လှုပ်နိုင်စွမ်းရှိသည့် တော်ဝင်ကာကွယ်ရေး ဗိုလ်ချုပ်၏ လွှမ်းမိုးမှုကို မယှဉ်နိုင်သေးသည့် အချက်ကို နားလည်ထားသေးသည်။
သို့သော် အရာအားလုံးကို အရှင်ကျန်းချုံကျန့်ချုံးက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေရာ ရှန်ယွီကျုံ့ထုံးအနေနှင့် လက်ခံရန်သာ တက်နိုင်သည်။
သို့ရာတွင် မည်သို့ပင် ဆိုစေကာမူ သူက လက်ရှိတွင် အန်းနန်အစိုးရစစ်တပ်မှ အမြင့်ဆုံး အရိုက်အရာကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။
“ငါ့အနေနဲ့ ဘာတွေဖြစ်နေမှန်း မသိပေမဲ့ သေချာတာ တစ်ခုကတော့ရှိတယ်။ အောက်ကတပ်ဖွဲ့ကို ဦးဆောင်နေတဲ့လူက ဝမ်ရန်ပဲဖြစ်ဖြစ် သူ့သားပဲဖြစ်ဖြစ် မဖြစ်နိုင်တာပဲ”
ရှန်ယွီကျုံ့ထုံးက အသက်ပြင်းပြင်း ရှုပြီးနောက်တွင် သူ၏သံသယများ အားလုံးကို လွှတ်ချလိုက်သည်။ ထိုဗိုလ်ချုပ်များက အပေါ်ယံတွင် သူ့ကိုသစ္စာရှိကောင်း ရှိနေနိုင်သည့်တိုင်အောင် စစ်သေနာပတိချုပ် ရှန်ယွီကျုံ့ထုံးအနေနှင့် သူ၏စစ်သားများကို သူ၏ခန့်မှန်းချက်ကိုသုံးကာ ဦးဆောင်ပေးရန် လိုအပ်နေသေးသည်။
“ဝမ်ရန်ရဲ့ပုံစံက ရှင်းလင်းတယ်။ ဒါပေမဲ့သူက သတိအရမ်း ကြီးလွန်းတယ်။ သူ့ရဲ့စရိုက်အရဆိုရင် သူက ဘယ်တော့မှ ဒီလိုအံ့အားသင့်စရာ ချောင်းမြောင်းတိုက်ခိုက်တဲ့ ဗျူဟာမျိုးကို အသုံးပြုမှာ မဟုတ်ဘူး။ ဝမ်ဖူကတော့ သူ့ရဲ့ဉာဏ်နဲ့ လုပ်ဆောင်နိုင်စွမ်းအားကတော့ သူ့ရဲ့အဖေကိုသာတယ်။ ငါနဲ့လည်း သူ့ရဲ့ပါရမီက ယှဉ်နိုင်လောက်တယ်။ ဒါပေမဲ့သူက ဒီလိုအခြေအနေလောက်ထိ မလုပ်နိုင်လောက်ဘူး”
ရှန်ယွီကျုံ့ထုံးက အရှင်ကာကွယ်ရေး ဗိုလ်ချုပ်နောက်သို့ နှစ်ပေါင်းများစွာ လိုက်လံခဲ့ပြီးနောက်တွင် သူ၏ အင်အားဟာ ထိုအဆင့်အထိ မရောက်ရှိသေးသည့်တိုင်အောင် မြင်နိုင်စွမ်းအားက ရောက်နှင့်နေပြီဖြစ်သည်။
“ဒါပေမဲ့ ဝမ်ကလန်က အဖေနဲ့သားမဟုတ်ရင် ဘယ်သူဖြစ်မှာလဲ”
အနောက်တောင်ဘက်ပိုင်းမှ မျက်နှာတွင် အမာရွတ်ရှိသော ဗိုလ်ချုပ်က အံ့အားတကြီး ပြောလိုက်သည်။
လက်ရှိအချိန်တွင် ရှိနေကြသော အနောက်တောင်ဘက်ပိုင်းမှ ဗိုလ်ချုပ်များ အားလုံးထဲမှ ဗျူဟာအရ ရှန်ယွီကျုံ့ထုံး၏ အဆင့်နှင့် ယှဉ်နိုင်သည် သို့မဟုတ် သာလွန်နေသောသူများက မရှိနေခဲ့ချေ။ အကယ်၍ ရှိနေခဲ့မည်ဆိုလျှင်ပင် ထိုလူများက ဝမ်ကလန်မှ အဖေနှင့်သားသာ ဖြစ်နေပေလိမ့်မည်။ သို့သော် ဒီလိုဗျူဟာကို တစ်ဖက်သူများက မထုတ်သုံးလိုက်နိုင်လျှင်ပင် တိဗက်လူမျိုးများကို ရင်ဆိုင်နေသော သူတို့ဘက်မှ တိုက်ခိုက်ပေးနေသောသူက မည်သူဖြစ်ကြောင်း တွေးတောရန်က ခက်ခဲသွားလေသည်။
ဘယ်ဘက်မျက်ခုံးတွင် အမာရွတ်ရှိသော ဗိုလ်ချုပ်ကလည်း ကြောင်တောင်တောင်ဖြစ်သွားသည်။ ထိုအဖြေက သူ့ကိုလည်း အံ့သြစေသည်။
“အနောက်တောင်ဘက်ပိုင်းမှ နောက်ထပ် ယုံကြည်အားကိုးရတဲ့ နောက်ထပ် ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာတာများလား။ လီကျန်းရီ ဖြစ်လောက်လား။ ဒါပေမဲ့သူက တိုက်ပွဲမှာ သေသွားခဲ့ပြီ မဟုတ်လား”
ဒါပေမဲ့ သူ့စိတ်က ဝရုန်းသုန်းကား ဖြစ်သွားတော့သည်။
“အတွေးများနေဖို့ မလိုဘူး။ သူက ဘယ်နေရာကပဲလာလာ တစ်ခုက သူကမိတ်ဆွေပဲ။ ရန်သူမဟုတ်ဘူး။ ငါ့ရဲ့အမိန့်ကိုထုတ်လိုက်။ စစ်သားတွေအားလုံး အကောင်းဆုံး ကြိုးစားပြီး တိဗက်လူမျိုးတွေ အားလုံးကို တွန်းချကြ”
ရှန်ယွီကျုံ့ထုံး၏ မျက်ဝန်းက လင်းလက်တောက်ပသွားပြီးနောက်တွင် ညာဘက်လက်ကိုမြှောက်ကာ အမိန့်ထုတ်လိုက်သည်။ ရှန်ယွီကျုံ့ထုံး၏ အမိန့်နှင့်အတူ စစ်တပ်တစ်ခုလုံးက အသက်ပြန်ရှင်လာသလို ဖြစ်လာတော့သည်။
စဉ်းစားဆင်ခြင်မဲ့စွာ တိုက်ခိုက်မှုနှင့် တက်ကြွလွန်းစွာ လုပ်ကြံသတ်ဖြတ်မှုတွင်သူက ဆရာသခင် မဟုတ်လောက်သော်လည်း မြင်းတပ်၏ ခုခံမှုအရာတွင်မူ သူက အလားအလာ အလွန်ကောင်းသော ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသေးသည်။ ထို့ကြောင့် ဟော်ရှု့ဟွေ့ခမ်းကပင် ရှန်ယွီကျုံ့ထုံး၏ တပ်အရေအတွက်၏ နှစ်ဆခန့်ပင် အသုံးပြုထားသည့်တိုင်အောင် ရှန်ယွီကျုံ့ထုံး၏ အင်အားစုကို မဆွဲချနိုင်သေးခြင်းဖြစ်သည်။
“သတ်”
စစ်ဗုံက မြည်ဟီးလာချိန်တွင် တိုက်ပွဲ၏ အော်ကျွေးသံက ကောင်းကင်အနှံ့ ပြန့်နှံ့သွားတော့သည်။ ပြင်းထန်သော တိုက်ပွဲထဲသို့ စစ်တပ်တစ်ခုလုံးက ဝင်ရောက်သွားကြပြီဖြစ်သည်။
“အရှင် ကျွန်တော်တို့ အနောက်တောင်ဘက်ပိုင်းမှာ တိုက်ခိုက်ခံနေရပါတယ်”
“ကျွန်တော်တို့ရဲ့ အင်အားစုအဖြစ် ရုပ်ဖျက်ထားတဲ့ ရန်သူတွေကို ရင်ဆိုင်ရလို့ ကျွန်တော်တို့အနေနဲ့ ခုခံဖို့ ကြိုးစားရင်း အများအပြား ဆုံးရှုံးသွားပါတယ်”
“ဒီတိုင်းဆက်ဖြစ်နေမယ်ဆိုရင် စစ်တပ်တစ်ခုလုံးက ပြိုလဲကျသွားမှာပါ”
“အရှင် အရှေ့တောင်ဘက်ပိုင်းကလည်း ထပ်ပြီးတိုက်ခိုက်ခံရပြန်ပါပြီ”
တောင်ခြေတွင် ဟော်ရှု့ဟွေ့ခမ်းက တောင်ပေါ်ဒေသသုံး မြင်းပေါ်တွင် ထိုင်နေသည့်အတွက် လူတစ်ယောက်ထက် သိသိသာသာ ပိုမြင့်သွားသည်။ သူ၏ပတ်ဝန်းကျင်တွင်လည်း သတင်းပို့ တစ်ယောက်ပြီးတစ်ယောက်က ထပ်ခါတလဲလဲ ရောက်လာသည်။ အစပိုင်းတွင် ဟော်ရှု့ဟွေ့ခမ်းက ဒီလိုအသေးအမွှား တိုက်ခိုက်မှုလောက်ကို ကရုမစိုက်ချေ။ ထိုကဲ့သို့သော ပြဿနာများလွန်းသော နည်းလမ်းမျိုးကိုသုံးကာ တိုက်ခိုက်ခြင်းက အနိုင်ရရှိမည်ဆိုလျှင် တိုက်ပွဲက တိုက်ခိုက်ရန်ပင် မလိုအပ်တော့လောက်ချေ။ လူတိုင်းက ထိုသို့သော ဗျူဟာကို အသုံးပြုနေကြပေလိမ့်မည်။
နာယိ့တော်ဝင် တန်းလျားမှ လက်ရွေးစင် နှစ်သိန်းကျော်ကို ဦးဆောင်နေသော စစ်သေနာပတိချုပ် တစ်ယောက် ဖြစ်သည့်အပြင် စစ်သားတစ်သိန်းကျော်၏ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသည့်အလျောက် ဟော်ရှု့ဟွေ့ခမ်းဟာ ကလေးဆန်သော လှည့်ကွက်များ အသုံးပြုရန်တွေးခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကို ထိုသို့အသေခံသည့် တိုက်ခိုက်ခြင်း နည်းလမ်းမျိုးကို ဘယ်သောအခါမှ အသုံးပြုလိမ့်မည် မဟုတ်ချေ။ သို့သော် နောက်ပိုင်းဖြစ်ရပ်များကမူ သူ၏မျှော်လင့်မှုကို ကျော်လွန်သွားသည်။
အရှေ့တောင်ပိုင်း၊ အနောက်တောင်ပိုင်း၊ အနောက်မြောက်ပိုင်း... သူ၏စစ်တပ်က ထောင့်တိုင်းမကျန် တိုက်ခိုက်ခံနေရပြီး သူထုတ်ပေးလိုက်သည့် အမိန့်ကလည်း ဖရိုဖရဲ ဖြစ်သွားရသည်။ နေရာလေးနေရာလုံးရှိ စစ်တပ်က ထိုသို့ဖရိုဖရဲ ဖြစ်နေလေရာ တိုက်ခိုက်ရန် အမိန့်ပေးရန် မဖြစ်နိုင်တော့ပြန်ချေ။
ထိုသို့အရှက်ခွဲကာ တိုက်ခိုက်လာသည့် အခြေအနေမျိုးအပြင် စစ်သည်အယောက် တစ်သိန်းရှိသော စစ်တပ်ထဲသို့ ထောင်ဂဏန်း အနည်းငယ်သော မြင်းတပ်လောက်က ဝင်ရောက်ကာ တိုက်ခိုက်နေခဲ့ခြင်းက ပို၍ပင် ရှက်ရွံ့စရာ ကောင်းနေပြန်သည်။ ဟော်ရှု့ဟွေ့ခမ်း၏ မြင်နိုင်စွမ်းအားနှင့်ပင် ထိုသို့သော အကြံအစည်မျိုးကို မတွေးတောခဲ့ဖူးချေ။
“အန်းနန်အစိုးရစစ်တပ်မှာ အလားအလာ အရမ်းမြင့်မားတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက် ပေါ်ထွက်လာတာများလား”
ဟော်ရှု့ဟွေ့ခမ်း၏ မျက်ဝန်းက သာမာန်မျက်စိဖြင့်ပင် မြင်နိုင်လောက်သည့် ကျောစိမ့်ဖွယ် အလင်းမျိုးဖြင့် တောက်ပလာသည်။
ထိုသို့အရှက်ခွဲ တိုက်ခိုက်မှုများ အားလုံးပြီးနောက်တွင် ဟော်ရှု့ဟွေ့ခမ်းက ကိုယ်တိုင်ပင် အမှားတစ်ခု လုပ်မိကြောင်း သတိထားမိသည်။ သူ၏ရန်သူ၏ စစ်အနုပညာအပေါ်တွင် လုပ်နိုင်စွမ်းအားက သာမာန်ဗိုလ်ချုပ်တစ်ယောက် ပိုင်ဆိုင်သင့်သည့် အဆင့်မျိုးမဟုတ်နေခဲ့ချေ။ တိကျစွာ ဖော်ပြရသော် ဟော်ရှု့ဟွေ့ခမ်း ကိုယ်တိုင်ကပင် ယခင်ကသာဆိုလျှင် ထိုသို့သော နည်းလမ်းမျိုးကိုသုံးပြီး ဒီလိုရလဒ်ရအောင် လုပ်နိုင်သူ ရှိမည်ဟု မယုံကြည်လောက်ချေ။
“အရှင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ အရှင့်ရဲ့ လက်အောက်ငယ်သားက စစ်သားအချို့ကို ဦးဆောင်ခေါ်သွားပြီး သူတို့အားလုံးကို ကိုင်တွယ်လိုက်ရင် ဘယ်လိုပါလဲ”
လုံချင်ပါ့၏ ရင်းနှီးကျွမ်းဝင်သော အသံက နားတွင်ဟိန်းထွက်လာသည်။ ထိုကျားဗိုလ်ချုပ်က ဒီအခြေအနေကြောင့် အလွန်ဒေါသထွက်နေသည်။ သို့သော် ကြောက်စရာမရှိဟု ယုံကြည်သည်။ သူက ထိုလူများကို တစ်ကြိမ် ဖမ်းလိုက်နိုင်လျှင် အားလုံးကို အမြစ်ဖြတ် သုတ်သင်လိုက်၍ရသည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် သူက တစ်ကြိမ်သော်မျှ မဖမ်းမိခဲ့ချေ။
ဒါက လေထဲကို ဖမ်းဆုပ်ရသလို ဖြစ်နေခဲ့သည်။ သူကလည်း ကြိမ်ဖန်များစွာ ခြုံခိုတိုက်ခိုက်ရန် ကြိုးစားခဲ့ဖူးလေသည်။ သို့သော် မည်သည့်အချိန်ကမှ ထိုမျှပြီးပြည့်စုံစွာ အကောင်အထည် မဖော်နိုင်ခဲ့ချေ။ လုံချင်ပါ့က သူ၏ကံက ဆိုးလွန်းသည်လော။ သို့မဟုတ် သူ၏ရှုံးနိမ့်မှုအောက်တွင် အကြောင်းပြချက် ရှိနေသလောဟု သိချင်သွားသည်။
“မလိုဘူး”
ဟော်ရှု့ဟွေ့ခမ်းက လက်ကိုယမ်းလိုက်သည်။
“မြောက်များတဲ့ စစ်တပ်ပမာဏက ရန်သူနဲ့ မျက်လုံးနဲ့ နားတွေကနေ မဖုံးကွယ်ထားနိုင်ဘူး။ ပိုဆိုးတာက ဒီရလဒ်က ငါတို့ရဲ့ အင်အားစုကိုပိုပြီး လျော့နည်းသွားစေလိမ့်မယ်။ အရေးကြီးဆုံးအချက်က လူတစ်ယောက် အမြဲတစေ မင်းကိုအာရုံစိုက်ပြီး စောင့်ကြည့်နေအုံးမှာပဲ။ မင်းဘယ်နေရာကိုသွားသွား မင်းဘာမှ လုပ်နိုင်မှာမဟုတ်ဘူး”
ထိုစကားများကို ပြောပြီးနောက်တွင် ဟော်ရှု့ဟွေ့ခမ်းက သူ၏ယုံကြည်ရဆုံးသော ဗိုလ်ချုပ်ကို အဓိပ္ပာယ် အပြည့်ပါသောအကြည့်ဖြင့် ကြည့်လိုက်သည်။
လုံချင်ပါ့၏ စိတ်ထဲမှ မကျေနပ်မှုက ချက်ချင်းလိုလို သံသယအဖြစ် ပြောင်းလဲသွားသည်။
ဟော်ရှု့ဟွေ့ခမ်းက နှာခေါင်းရှုံ့လိုက်ပြီးနောက်တွင် ပြန်ပြောလိုက်သည်။
“ဟမ့် မင်းကကံဆိုးတာကြောင့်နဲ့ ရန်သူနဲ့ တစ်ကြိမ်မှ မဆုံဘူးလို့ ထင်နေတာလား”
သူက ဒါကတိုက်ဆိုင်မှုကို မယုံကြည်ချေ။ သူ၏မျက်လုံးကိုသာ သူကယုံသည်။ လုံချင်ပါ့က စောင့်ကြည့်ခံနေရခြင်း ဖြစ်လောက်သည်။
“ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ”
လုံချင်ပါ့ကပြောပြီး မျက်နှာတွင် အံ့အားသင့်မှုက အထင်းသား ပေါ်လာသည်။ ဒီနေရာတွင် တိဗက်စစ်သား တစ်သိန်းကျော် ရှိနေလေပြီး တောင်ခြေတွင် ရှိနေသမျှကလည်း သူတို့လူများဖြစ်သည်။ အမှန်အတိုင်းဆိုရသော် သူကသာ ရန်သူအခြေအနေဆိုလျှင် လုံချင်ပါ့အနေဖြင့် သူရှိနေရာ နေရာကို ခြေရာခံကာ မျက်စိဒေါက်ထောက်ကြည့်ရန် ခက်ခဲနေအုံးမည်ဖြစ်သည်။ အမှန်အတိုင်းဆိုရသော် ဒါက မဖြစ်နိုင်ချေ။ တစ်ခုတည်းသော အဖြေက မှင်သက်စရာ ကောင်းနေခြင်းဖြစ်သည်။ လုံချင်ပါ့ကိုယ်တိုင်က အမျိုးမျိုးကြိုးစားကာ ဖမ်းဆီးရန် ကြိုးစားခဲ့သည့်တိုင်အောင် မည်သည့်ရန်သူကိုမှ မဖမ်းမိခဲ့သည့်အချက်က အမှန်တရား ဖြစ်နေခြင်းဖြစ်သည်။
“ဒီလောကမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး”
ဟော်ရှု့ဟွေ့ခမ်းက ပေါ့ပါးစွာဆိုသည်။ လုံချင်ပါ့ကို လျစ်လျူရှု့ပြီးနောက်တွင် သူကမေးကို ဖြေးညှင်းစွာ မော့လိုက်ကာ ကောင်းကင်ကိုကြည့်လိုက်သည်။ လုံချင်ပါ့က အတွေးနှင့်အတူ ထွက်သွားသည်။
“မဟုတ်ဘူး ဒါကမဖြစ်နိုင်ဘူး”
လုံချင်ပါ့က ရုတ်တရက် အသိဝင်သွားသလိုမျိုး တစ်ကိုယ်လုံးက အံ့အားတကြီး တုန်ယင်သွားသည်။ သူက ရုတ်တရက် ခေါင်းကိုမော့ပြီးနောက်တွင် ဟော်ရှု့ဟွေ့ခမ်း၏ အကြည့်အတိုင်း ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ၏ ကောင်းကင်အထက်တွင် အနက်ရောင် တိမ်စိုင်များက ထင်ရှားစွာ ရှိနေပြီး လျှပ်စီးက တိုက်ရိုက်လက်နေသည်။ သူ၏မျက်နှာပေါ်သို့ မိုးများက ရွာသွန်းကျလာတော့သည်။
သို့သော် တိမ်မည်းများကလွဲပြီး သူမည်သည့်အရာကိုမျှ မမြင်ရချေ။
“မဟုတ်ဘူး တစ်ခုခုတော့ ရှိနေတယ်”
လုံချင်ပါ့က လက်သီးကို တင်းတင်းဆုပ်ပြီးနောက်တွင် သူ၏စိတ်ထဲတွင် ဖော်ပြ၍မရသော ခံစားချက်မျိုး ရလာခဲ့သည်။ သူကဘာကိုမျှ မမြင်နိုင်သော်လည်း တိမ်စိုင်များ၏ အနောက်တွင် တစ်စုံတစ်ရာ ရှိနေသလိုမျိုး ခံစားနေရသည်။
“မင်းရဲ့တုန့်ပြန်မှုက အဲ့ဒီလောက် မနှေးကွေးဘူးပဲ”
ဟော်ရှု့ဟွေ့ခမ်းက မျက်နှာသေဖြင့် ပြောလိုက်ပြီး သူ၏အသံက ယခင်ထက် ပို၍တည်ငြိမ်သွားသည်။ လုံချင်ပါ့က အနည်းငယ် နှေးကွေးသော်လည်း သူကနောက်ဆုံးတွင် တုန့်ပြန်လိုက်နိုင်သည်။ ဒီမိုးသည်းနေသော ရာသီဥတုနှင့် တိဗက်လူမျိုးများ၏ များပြားလှသော ပတ်ပတ်လည် ဝိုင်းနေသော ပမာဏအပြင် တစ်စုံတစ်ယောက်၏ လှုပ်ရှားမှုကို စောင့်ကြည့်ခံနေရသော ခံစားချက်က ရှိမလာသင့်သော အချက်မျိုးဖြစ်နေသည်။ သို့သော် ထိုရှိမလာသင့်သော အခြေအနေမျိုးက မဖြစ်နိုင်ဟု မဆိုလိုနေပြန်ချေ။
အနည်းဆုံး ကောင်းကင်မှ ငုံ့ကြည့်မည်ဆိုလျှင် လုံချင်ပါ့၏ လှုပ်ရှားမှုများကို မြင်နိုင်ရန်က မခက်ခဲချေ။
“ရန်သူက ဒီလိုအခြေအနေနဲ့ တုန့်ပြန်နိုင်နေတာက စစ်သေနာပတိချုပ်ကြောင့် ဖြစ်နိုင်တယ်။ ငါက ဒီစစ်တပ်အလယ်မှာ ဆက်နေပြီး တပ်ဖွဲ့ကို ကိုင်တွယ်စောင့်ကြပ်ဖို့ လိုအပ်နေတယ်။ ငါလှည့်နိုင်တဲ့ လူပမာဏက အကန့်အသတ်ရှိတယ်။ ပါးချီချန်းက ကျော်ဖြတ်တဲ့ နေရာတွေကို စောင့်ကြပ်နေပြီး ကျောင်းစစ်လော့က မာန်ရှဲ့ကျောင်းက အိမ်ရှေ့စံနဲ့အတူ ရှိနေတယ်။ ဒီတော့ မင်းတို့တွေပဲ ကျန်တော့တယ်။ ကျားဗိုလ်ချုပ် ငါးယောက်ထဲမှာ မင်းက အသန်မာဆုံးပဲ။ ဒီတော့ မင်းကသူတို့ကို မျက်စိဒေါက်ထောက်ကြည့်ဖို့ လိုအပ်တာပေါ့”
ဟော်ရှု့ဟွေ့ခမ်း၏ မျက်လုံးက မီးတောက်များလို တောက်လောင်လာပြီး အမှန်တရားကို ပြောလိုက်သည်။ ဝမ်ချောင်ကသာ ဒီနေရာတွင်ရှိပြီး ထိုစကားများကို ကြားသွားလျှင် သေချာပေါက် မှင်သက်သွားလောက်သည်။ အကြောင်းမူကား ဒါကအမှန်တရား ဖြစ်နေသောကြောင့်ဖြစ်သည်။ ဟော်ရှု့ဟွေ့ခမ်းက အနောက်တောင်ဘက်ပိုင်းတွင် ကျန်းချုံကျန့်ချုံးနှင့် ပုခုံးချင်းယှဉ်နိုင်သည်ဟု ကျော်ကြားသည်မှာ လက်ခံနိုင်ဖွယ်ရာဖြစ်သည်။ ကြည့်ရသည်မှာ ထိုအချက်က မှန်ကန်နေပြီး သူ့ကိုအထင်သေး၍မရချေ။
“လုံချင်ပါ့ အရှေ့တောင်ဘက်ပိုင်းကိုသွားပြီး သူတို့ကိုမျှားထားလိုက်။ ငါကတော့ လူလုံးထွက်ပြဖို့ လိုအပ်ပြီလို့ထင်တယ်”
ဟော်ရှု့ဟွေ့ခမ်းက လက်ကိုယမ်းပြီးနောက်တွင် သူ၏မြင်းကို အပြေးနှင်လိုက်ကာ အနောက်တောင်ဘက်ပိုင်းသို့ သူ၏အနီးကပ်အစောင့် ဆယ်ယောက်ကျော်ကိုသာခေါ်ပြီး ထွက်သွားသည်။
“မင်းက ဘာကောင်ပဲဖြစ်ဖြစ် ဒီကစားပွဲကို ဆက်ချင်ရင် သေချာပေါက် ငါကအဖော်ပြပေးရမှာပေါ့”
ဟော်ရှု့ဟွေ့ခမ်းက မျက်လုံးကိုမှိတ်လိုက်သည်။ သူ၏မျက်နှာက အေးစက်ပြီး ခံစားချက်မဲ့သည်။ သို့သော် သူ၏စိတ်ကမူ တက်ကြွနေပြီဖြစ်သည်။
သူက တစ်ချိန်လုံး စစ်တပ်၏အလယ်တွင် နေနေသော်လည်း လက်ဗလာဖြင့် အလကား နေခဲ့သည်မဟုတ်ချေ။ ထန်များက ရုတ်တရက် တိုက်ခိုက်ပြီး အစီအစဉ်မကျသလို ထင်ရသော်လည်း ဟော်ရှု့ဟွေ့ခမ်းအနေနှင့် သူတို့ကို ဖမ်းနိုင်သည်။ အရာအားလုံးက မျှော်လင့်ထားသည့် အတိုင်းဆိုရင် သူတို့ နောက်တစ်ခေါက် တိုက်ခိုက်မည့် အပိုင်းက အနောက်တောင်ဘက်ပိုင်းဖြစ်သည်။ ရန်သူက မည်သူပင် ဖြစ်နေစေကာမူ ဒီတစ်ကြိမ်သူက အမြစ်ဖြတ် သုတ်သင်ရမည်ဖြစ်သည်။
ထိုအတွေးက သူ၏စိတ်ထဲတွင် လက်လာချိန်တွင် ဟော်ရှု့ဟွေ့ခမ်းက သူ၏အရှိန်အဝါကို ပြန်သိမ်းလိုက်ပြီးနောက်တွင် တစ္ဆေတစ်ကောင်လိုမျိုး မုန်တိုင်းထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလိုက်သည်။
အခန်း(၅၄၄)
“သခင်လေး ကျွန်တော်တို့ နောက်ထပ် ဘယ်နေရာကို ဆက်တိုက်ခိုက်သင့်လဲ”
မှောင်မည်းနေသော မိုးမုန်တိုင်း၏ ဖုံးလွှမ်းမှုအောက်တွင် ဝမ်ချောင်နှင့် သိန်းငှက်အိုကြီးတို့က စစ်သားများ၏ ဝန်းကျင်တွင် စုစည်းရောက်ရှိနေကြသည်။ ဝမ်ချောင်၏ ဗျူဟာက သက်ရောက်မှုရှိကြောင်း ပြသခဲ့ပြီးသားဖြစ်သည်။ တောင်ပေါ်ဝန်းကျင်တွင်ရှိသော တိဗက်လူမျိုး စစ်တပ်က ကစဉ့်ကလျား ဖြစ်ခဲ့ရပြီး ယခင်ကကဲ့သို့ အန်းနန်အစိုးရ စစ်တပ်ကို အလုံးအရင်းဖြင့် စိတ်နှစ်ကာ မတိုက်ခိုက်နိုင်ကြတော့ချေ။
သူ၏ လုပ်ငန်းသက်တမ်း တစ်လျှောက်တွင် သိန်းငှက်အိုကြီးအနေနှင့် ဒီလောက် လွတ်လပ်ပေါ့ပါးပြီး ထောင်လွှားစွာ တိုက်ခိုက်နိုင်သည့် အခြေအနေမျိုးနှင့် မကြုံခဲ့ဖူးသေးချေ။
ဒီလိုအခြေအနေမျိုးကြောင့် သူတို့အနေနှင့် ဓားသွားပေါ် ကခုန်နေရသလို ခံစားနေရသင့်သည်။ ယခင်ကဆိုလျှင် သူတို့အနေဖြင့် တိဗက်မြင်းတပ် တစ်သိန်းကျော်နှင့် ရင်ဆိုင်တိုက်ခိုက်ရသည့် အချိန်တွင် အသေးငယ်ဆုံးသော အမှားအယွင်းကပင် ချက်ချင်း သေသွားစေနိုင်စွမ်းရှိသည်။ သို့သော် ဝမ်ချောင်၏ စီစဉ်မှုအောက်တွင် ရိုက်ချက်တစ်ခုချင်းစီတိုင်းက ရင်းနှီးရခြင်းထက် ပို၍ကြောက်မက်ဖွယ် ကောင်းလာသည်။ သူတို့က တိဗက်လူမျိုးများကို သူတို့၏ လက်ဖဝါးပေါ်တင်ပြီး အသာအယာ သတ်နိုင်နေသလိုပင် ခံစားရလာခြင်းဖြစ်သည်။ ထိုခံစားချက်က သိန်းငှက်အိုကြီး မမျှော်လင့်ဖူးသော ခံစားချက်မျိုးဖြစ်ပြီး မည်သည့်အချိန်တွင်မဆို သွေးအေးကာ ရက်စက်ပြီး တိုက်ပွဲနယ်မြေအတွင်း သေဆုံးနိုင်သည်ဆိုသည့် ခံစားချက်ကို ကိုင်ဆွဲထားသူအတွက်ပင် မှင်သက်သွားစေသည်။
ထို့ကြောင့် အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်တွင် သိန်းငှက်အိုကြီးက သူထိုခံစားချက်ကို ယစ်မူးသွားကြောင်း ဝန်ခံရပေမည်။
“ကျွန်တော်တို့က တိုက်ခိုက်လို့ မဖြစ်တော့ဘူး”
သိန်းငှက်အိုကြီးက အံ့သြသင့်သွားစေသော စကားမျိုးကို ဝမ်ချောင်က ပြန်ပြောလာသည်။
“မမေ့နဲ့ တိဗက်တွေမှာ ဟော်ရှု့ဟွေ့ခမ်းရှိတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုက ကျွန်တော်တို့က အကြံအစည် မှန်နေတာက တစ်ပိုင်းတစ်စဆိုပေမဲ့ နောက်တစ်ပိုင်းက ဟော်ရှု့ဟွေ့ခမ်းက ကျွန်တော်တို့ကို အထင်သေးခဲ့လို့ပဲ။ သူက ကျွန်တော်တို့ကို အရင်က လျစ်လျူရှု့ကောင်း ရှု့ခဲ့လိမ့်မယ်။ ဒါပေမဲ့ အခုကိစ္စတွေက ဒီအထိရောက်လာပြီ။ ဟော်ရှု့ဟွေ့ခမ်းကသာ ထွက်မလာရင်သူက သူ့ရဲ့ မဟာဗိုလ်ချုပ်ဆိုတဲ့ ရာထူးနဲ့ မတန်တာ သေချာသွားပြီပဲ”
“အာ”
သိန်းငှက်အိုကြီးက ကြောင်တောင်တောင်ဖြစ်သွားသည်။
တိဗက်လူမျိုး တစ်သိန်းကျော်နှင့် ကစားရသော ခံစားချက်က အင်အားကြီးသော ရန်သူကို လက်ဖဝါးပေါ် တင်ထားပြီး ကိုင်ဆော့၍ရသော ခံစားချက်မျိုး ဖြစ်သည့်အတွက် ယစ်မူးဖွယ်ကောင်းသည်။ ထို့ကြောင့် ယာယီအားဖြင့် တိဗက်၏ အဓိကစစ်တပ်က အခုထိ မရွေ့သေးကြောင်း မေ့သွားခဲ့ခြင်းဖြစ်သည်။ ဟော်ရှု့ဟွေ့ခမ်းဟာ မဟာဗိုလ်ချုပ် ဖြစ်သည့်အလျောက် တိဗက်၏ အဓိက အချက်အချာ နေရာကို ဘယ်သောအခါမှ ဖယ်ရှားရခြင်းမရှိဘဲ ကိုင်ဆွဲထားသူလည်းဖြစ်သည်။
သူ၏ခေါင်းပေးသို့ ရေအေးတစ်ပုံး လောင်းလိုက်သလိုမျိုး သိန်းငှက်အိုကြီးက တစ်ကိုယ်လုံး တုန်ယင်သွားပြီး အသိပြန်ဝင်သွားသည်။
တော်ဝင်မဟာ ဗိုလ်ချုပ်များ အားလုံးက လွှမ်းမိုးနိုင်စွမ်းအင်အား ကြီးမားသူများ ဖြစ်ကြသည်။ သူတို့၏ အင်အားက တိုက်ပွဲကို ပြောင်းပြန်မလှန်နိုင်သည့်တိုင်အောင် အနိုင်အရှုံးကိုမူ ဆုံးဖြတ်နိုင်နေသေးသည်။ သူတို့၏ လက်ရှိအင်အားဖြင့်ဆိုလျှင် ဟော်ရှု့ဟွေ့ခမ်းနှင့်သာ ကြုံရပါက သူတို့၏မြင်းတပ် လေးထောင်၊ ငါးထောင်လောက်က မည်သည့်နည်းနှင့်မျှ ယှဉ်နိုင်မည်မဟုတ်ချေ။ အနည်းဆုံး သူ့ကို ကိုင်တွယ်ရန်အလို့ငှာ သူတို့က ပြင်းပြင်းထန်ထန် ရင်းနှီးရလောက်သည်။ သူတို့က တခဏခန့် ကံကောင်းနိုင်လျှင်ပင် တစ်သက်လုံး ကံမကောင်းနိုင်ချေ။
“အကြာကြီး ဆော့ကစားပြီးတဲ့နောက်မှာ အရုပ်တွေသိမ်းဖို့ အချိန်ကျပြီ”
ဝမ်ချောင်က သိန်းငှက်အိုကြီးကို ကြည့်ပြီးနောက် တခဏခန့် ရပ်သွားသည်။
“ပိုဆိုးတာက ခင်ဗျားအနေနဲ့ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို မေ့နေတာလား”
“သခင်လေးရဲ့ သင်ခန်းစာက မှန်ကန်ပါတယ်။ ကျွန်တော် သတိလက်လွတ်ဖြစ်သွားတယ်”
သိန်းငှက်အိုကြီးက တုန်ယင်သွားပြီး တစ်ကိုယ်လုံးကပင် ချွေးစေးများ ပျံသွားသည်။ မှန်ပေသည်။ အစပိုင်းကတည်းက ဝမ်ချောင်က သူတို့၏ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း ပြောပြီးသားဖြစ်သည်။ သူတို့၏ ပန်းတိုင်က တစ်ဖက်သူကို ဒီလိုအရှက်ခွဲသော နည်းလမ်းသပ်သပ်ဖြင့် တိုက်ခိုက်ရန်မဟုတ်ချေ။ သူတို့၏ အင်အားစစ်တပ် တစ်ခုထဲနှင့် ဟော်ရှု့ဟွေ့ခမ်း၏ စစ်တပ်ကို သုတ်သင်ရန်က မဖြစ်နိုင်ပြန်ချေ။ သူတို့၏ ပန်းတိုင်က ထိန်းထားရန်ဖြစ်သည်။ သို့သော် ဒါကသူတို့၏ အဆုံးအစွန်သော ပန်းတိုင်မဟုတ်သေးပြန်ချေ။
“အရှင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ”
သိန်းငှက်အိုကြီးက တည်တင်းစွာ ဆက်မေးသည်။
“သူတို့ကို အချိန်အကြာကြီး အရှက်ခွဲပြီးတဲ့နောက်မှာ နောက်ထပ်တစ်ဆင့် တက်လှမ်းဖို့ အချိန်ကျပြီပဲ။ ကျွန်တော်ရဲ့အမိန့်ကိုထုတ်ပြီး အားလုံးကို လှုပ်ရှားဖို့ပြောလိုက်။ ဒါ့အပြင် တောင်ထိပ်ပေါ်က ကာကွယ်ရေးဗိုလ်ချုပ် ရှန်ယွီကို သတင်းပို့လိုက်ပါ။ သူတို့ရဲ့ ပူးပေါင်းမှုမရှိဘဲ ကျွန်တော်တို့ဒါကို ဆက်လုပ်နိုင်မှာ မဟုတ်ဘူး”
ဝမ်ချောင်၏အကြည့်က ဝေးကွာလွန်းသော တောင်တန်းတစ်နေရာ၏ တောင်ထိပ်တစ်နေရာသို့ ရောက်သွားသည်။
မဟာထန်က ယွီစန်နှင့် တိုက်ပွဲဖြစ်ရမည်မှာ သေချာသော်လည်း ဒီနေ့မဟုတ်သေးချေ။ ဒီနေ့ဖြစ်မည် ဆိုလျှင်ပင် ယခုအချိန် မဟုတ်သင့်သေးချေ။ လက်ထဲတွင်ရှိနေသော တာဝန်က ရှန်ယွီကျုံ့ထုံးကို သူ၏ သောင်းကျော်သော တပ်ဖွဲ့များကို ဦးဆောင်ပြီး လုံခြုံစွာဖြင့် ထိုနေရာမှ ခေါ်ထုတ်ပေးနိုင်ရန်ဖြစ်သည်။ ဒါကသူတို့၏ မယိမ်းယိုင်သင့်သော အစစ်အမှန် ပန်းတိုင်ဖြစ်သည်။
“ဟုတ်ကဲ့သခင်လေး”
သိန်းငှက်အိုကြီးက တည်တင်းစွာပင် ပြန်ဖြေလိုက်သည်။ သူ၏အပြုအမူက အလွန်အမင်း လေးစားမှုများ ပြည့်နှက်နေသည်။ သူကတခဏခန့် ရပ်တန့်ပြီးနောက် တစ်စုံတစ်ရာကို သတိရသွားသည်။
“ဒါဆိုရင်သခင်လေး ကျွန်တော် သူတို့ကို ပြန်ခေါ်လိုက်ရမလား”
“မခေါ်နဲ့”
ဝမ်ချောင်က ခေါင်းခါပြီးနောက် သူ၏မျက်ဝန်းတွင် အဓိပ္ပာယ်အပြည့်ပါသည့် အလင်းက ထင်ရှားလှသည်။ သူက ကောင်းကင်တွင် ဖုံးလွှမ်းနေသော ထူထပ်သိပ်သည်းသည့် မိုးကြိုးများကို ကြည့်ပြီးနောက်တွင် အံ့အားသင့်စရာ အလင်းတန်းက လက်လာသည်။
“သူတို့ဆက်လုပ်ဖို့ လိုအပ်တယ်။ သူတို့ဆက်မလုပ်ရင် ကျွန်တော်တို့ ဘယ်လိုများ အောင်မြင်နိုင်မှာလဲ”
သိန်းငှက်အိုကြီးက ကြောင်တောင်တောင် ဖြစ်သွားပြီး နားမလည်နိုင်တော့ချေ။ ယခုလေးတင် ဝမ်ချောင်က သူ၏အကြံကို ငြင်းခဲ့သည်။ သို့သော် တဖန်ဆန့်ကျင်ဘက်စကားကို ပြန်ပြောနေပြန်သည်။ သူက ဝမ်ချောင်၏ အတွေးကို နားမလည်နိုင်တော့ချေ။
“ဟ”
ဝမ်ချောင်က သိန်းငှက်အိုကြီး၏ အတွေးကို နားလည်သည်။ သို့သော်သူက ရယ်သာရယ်ပြီး ပြန်မရှင်းချေ။ ခေါင်းကို ဖြေးညှင်းစွာလှည့်ပြီးနောက်တွင် တောင်တန်းများ၏ အနောက်တောင်ဘက် အကျဆုံးအပိုင်း၏ မည်းမှောင်နေသော ဘက်ခြမ်းသို့ ကြည့်လိုက်သည်။
ဟော်ရှု့ဟွေ့ခမ်း အရာအားလုံးကသာ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် မင်းအဲ့ဒီမှာ ရှိနေလောက်မယ် မဟုတ်လား။ မင်းရဲ့ ဉာဏ်ရည်နဲ့ဆိုရင် မင်းသေချာပေါက် သတိထားမိမှာပဲ။ ဒါပေမဲ့ ကံဆိုးစွာနဲ့...
ဝမ်ချောင်၏ မျက်ဝန်းက ကြောက်မက်ဖွယ် အလင်းဖြင့် တောက်ပလာသည်။
ဒီလောကတွင် ဟော်ရှု့ဟွေ့ခမ်းက ပါရမီအကြီးဆုံး လက်ရွေးစင် တည်ရှိမှုများထဲမှ တစ်ယောက် ဖြစ်ကောင်းဖြစ်လောက်သည်။ တော်ဝင်မဟာဗိုလ်ချုပ် တစ်ယောက်ဆိုသည့် အဆင့်က သာမာန်ကျော်ကြားသော ဗိုလ်ချုပ်များနှင့် ကွာခြားသည်။ ဉာဏ်ရည်အရပင်ဖြစ်စေ၊ သိုင်းပင်ဖြစ်စေ သူက သိသိသာသာ အရှေ့ဆုံးတွင်ရှိသည်။
သာမာန်ဗိုလ်ချုပ် တစ်ယောက်က ဟော်ရှု့ဟွေ့ခမ်းနှင့် မယှဉ်နိုင်ချေ။ ပြောရလျှင် ဟော်ရှု့ဟွေ့ခမ်းက ဝမ်ချောင်ကို ယခုရင်ဆိုင်နေရခြင်းဖြစ်သည်။ ယွီစန်းအင်ပါယာမှ ထိုမဟာဗိုလ်ချုပ်ပင် မဆိုထားဘိ မည်သို့သော သူမျိုးကမဆို သူ၏ယခင်ဘဝတွင် စစ်သူတော်စင်ဟု ချီးကျူးခြင်း ခံခဲ့ရသောလူကို မယှဉ်နိုင်သည်မှာ ပုံမှန်သာလျှင်ဖြစ်သည်။
ငါတို့ဘယ်တော့ နောက်ဆုံးထိပ်တိုက် ရင်ဆိုင်ရမလဲတော့ ငါမသိပေမဲ့ အခုလက်ရှိတော့ ဒီလိုနည်းလမ်းကိုပဲ ငါသုံးနိုင်အုံးမယ်...
ဝမ်ချောင်က တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။
သူ၏ယခင်ဘဝတွင် ဝမ်ချောင်၏ အကြီးမားဆုံးသော နောင်တများထဲမှ တစ်ခုက ပါရမီအလွန်ကြီးသော မျိုးဆက်များကို လွဲခဲ့ခြင်းဖြစ်သည်။ ပြောရလျှင် တစ်လောကလုံးအနှံ့ ကျော်ကြားကာ ဂုဏ်သတင်းကြီးသော တော်ဝင်မဟာဗိုလ်ချုပ်များနှင့် မာရှယ်ပေါင်းများစွာကို သူကလွဲချော်ခဲ့သည်။ ညကောင်းကင်တွင် အလွန်အမင်း တောက်ပသော ကြယ်များကဲ့သို့ အလွန်ပေါများသော ဗိုလ်ချုပ်များ ရှိခဲ့သော်လည်း သူ၏ယခင်ဘဝတွင် သူက ကျော်ကြားသော စစ်သူတော်စင် ဖြစ်လာသည့်အချိန်တွင် သူနှင့်ယှဉ်နိုင်သည့် ဗိုလ်ချုပ်များက မရှိတော့ခြင်းဖြစ်သည်။ ထိုအချက်က သူ၏အကြီးမားဆုံးသော နောင်တများထဲမှ တစ်ခုဖြစ်သည်။ ယခုသူ၏ဆန္ဒက ပြည့်လေပြီ။
မဟာထန်နှင့် ယွီစန်းကို နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကံကြမ္မာ ဆုံးဖြတ်ပေးနိုင်သည့် အပြောင်းအလဲဟုလည်း သတ်မှတ်၍ ရလောက်သည်။ အနောက်တောင်ဘက်ပိုင်းမှ ပြည်သူ တစ်သန်းကျော်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် ပွဲလည်းဖြစ်သည်။ ထိုစစ်ပွဲတွင် ဝမ်ချောင်က ရှုံး၍မရချေ။
“သိန်းငှက်အိုကြီး အခုလာပါ။ နည်းနည်းကြာရင် ကျွန်တော်က ခင်ဗျားကိုယ်တိုင် လုပ်ရမဲ့ အမိန့်ထုတ်ပေးမယ်”
ဝမ်ချောင်က အသိပြန်ဝင်လာပြီးနောက် သူ၏မျက်ဝန်းက အာရုံပြန်စိုက်သွားတော့သည်။
“ဟုတ်ကဲ့သခင်လေး”
သိန်းငှက်အိုကြီး၏ မျက်ဝန်းဟာလည်း တောက်ပသွားသည်။ အဆုံးတွင်သူက ကျယ်လောင်စွာဖြင့် ဟုတ်ကဲ့ဟု ဖြေလိုက်ပြီးနောက်တွင် အမိန့်ကိုလုပ်ရန် လှည့်ထွက်သွားသည်။
တောင်တန်းများ၏ အောက်ခြေတွင် အလွန်မည်းမှောင်နေသေးသည်။ အထူးသဖြင့် မြေကမာ္ဘ တုန်ဟီးဖွယ် တောင်တန်းများတလျှောက် ဖြစ်ပွားနေချိန်တွင် မိုးခြိမ်းသံကလည်း ဗုံတီးနေသလို ဖြစ်နေခဲ့ခြင်းဖြစ်သည်။
ထိုတိဗက် သံချပ်ကာဝတ်ထားပြီး တောင်ပေါ်ဒေသ မြင်းများကို စီးထားသော ထန်များက တိဗက်မြင်းတပ်၏ မျှချေကို ဖြတ်ရန်အတွက် ပမာဏ အများအပြားကို အဝေးသို့ မျှားခေါ်သွားလေ့ရှိသည်။ ထို့ကြောင့် တောင်ခြေတွင်ရှိသော စစ်သည်များအားလုံးက သတိကြီးကြီးထားကာ နေနေရပြီး သူတို့၏ အဓိက တာဝန်က ရှန်ယွီကျုံ့ထုံးနှင့် အန်းနန်အစိုးရစစ်တပ်ကို ရင်ဆိုင်ရန် မဟုတ်တော့လေဘဲ ထိုရစ်ငှက်ကဲ့သို့ ထပ်ခါတလဲလဲ ပေါ်ထွက်လာနေသော ထန်စစ်တပ်ကို ရင်ဆိုင်ရန်ဖြစ်လာသည်။ ကောင်းကင်ဟာ အချိန်နောက်ကျလာသည်နှင့်အမျှ မှောင်မည်းသထက် မှောင်မည်းလာသည်။
အနောက်တောင်ဘက်ပိုင်းတွင် လူတစ်အုပ်က မည်းမှောင်သော တောင်တန်းများ အကြားတွင် ရှိနေသည်။
ဝုန်း
မိုးခြိမ်းလိုက်ချိန်တွင် အဝေးမှ မြင်းခွာသံများကို ကြားလိုက်ရသည်။ အစပိုင်းတွင် သတိမထားမိလောက်သော်လည်း တဖြည်းဖြည်း ကျယ်သထက် ကျယ်လာပြီးနောက် တိဗက်လူမျိုးများကလည်း ပို၍တင်းကြပ်လာသည်။
“ဘယ်သူတွေလဲ အဲ့ဒီမှာ ဘယ်သူတွေလဲ နေအုံး ဘယ်သူကမှ ရှေ့တက်လာခွင့်မပြုဘူး”
တိဗက်အရာရှိတစ်ယောက်က သူ၏လက်ထဲရှိ ဓားမောက်ရှည်ကိုယမ်းလျှက် အဝေးရှိ မိုးသည်းထဲမှ တိဗက်လူမျိုးများကို လှမ်းအော်သည်။
“မင်းတို့ရဲ့ ခေါင်းဆောင်းကိုချွတ်ပြီး နာမည်နဲ့အဆင့်ကိုပြောစမ်း”
ထိုအရာရှိ၏ နောက်တွင်လည်း များစွာသော တိဗက်လူမျိုးများက ရှေ့တက်လာကြသော်လည်း သူတို့၏ အကြည့်က အဝေးတွင်သာ ရှိနေကြပြီး လက်နက်ကို အသင့်ပြင်ထားကြသည်။ သို့ရာတွင် သူတို့က ထိုမျှကိုသာ လုပ်နိုင်ကြသည်။ သူတို့ထဲမှ မည်သူကမှ ခပ်ကြမ်းကြမ်း မတုန့်ပြန်ရဲကြချေ။ သူတို့က အမှားလုပ်ပြီး ကိုယ့်လူကို သတ်မိမည်ကို စိုးရိမ်ကြသည်။
သူတို့၏စိတ်က ထိုတခဏတွင် အလွန်ထိတ်လန့်ကာ အထိမခံ ဖြစ်နေတော့သည်။ အခြားတစ်ဖက်တွင် လာရောက်သော သူများ၏ နောက်ခံကို သူတို့က သံသယဝင်သည်။ အခြားတစ်ဖက်တွင် သူတို့က ကိုယ့်လူကို ပြန်သတ်မိမည်ကို စိုးရိမ်နေကြသည်။ ထိုလာလည်သူများ၏ နောက်ခံကို အတည်မပြုနိုင်မချင်း အားလုံးက စိတ်ပျက်အားငယ်ကာ ချောက်ချားနေကြတော့သည်။
မြင်းခွာသံများက ဆက်တိုက် ထွက်ပေါ်လာပြီး နောက်ဆုံးတွင် အနက်ရောင် ပုံရိပ်ပေါင်းများစွာကို မြင်လိုက်ရသည်။
“မလှုပ်ရှားကြနဲ့ ငါတို့က မင်းတို့ရဲ့ဘက်ကပါ”
တိဗက်သံတစ်သံက မိုးသည်းထဲမှ ထွက်လာသည်။ ထိုလူများက ထိုသို့ပြောလိုက်ပြီး လျှင်မြန်စွာ ချဉ်းကပ်လာသည်။
လေထုက မပေါ့ပါးသွားသည့်အပြင် ပို၍ပင် တင်းကြပ်သွားသည်။ တိဗက်မြင်းတပ် အယောက်ငါးဆယ်ကျော်က သတိအပြည့် ထားထားပြီးနောက် သူတို့၏ လက်မောင်းမှ သွေးကြောများကပင် ထောင်ထနေသည်။
“ဦးထုတ်တွေကိုချွတ်လိုက်”
“ရပ်စမ်း မကပ်လာနဲ့”
“တကယ်ပဲ မင်းတို့က ဘယ်သူတွေလဲ”
“မျိုးမစစ်ကောင် မကပ်လာနဲ့လို့ မပြောထားဘူးလား”
အားလုံးက ထိတ်လန့်လာကြသည်။ သို့သော် သူတို့က စကားပြောနေသည့် အချိန်တွင်မူ တစ်ဖက်သူများက မရပ်တန့်ဘဲ ချဉ်းကပ်လာကြသည်။
“ငါတို့က ရန်သူတွေမဟုတ်ဘူး”
အမှောင်ထဲမှ အသံက နီးကပ်သထက် နီးကပ်လာသည်။
“အားလုံးပဲ ကရုစိုက်ကြ။ ဒီကောင်တွေ တစ်ခုခုတော့ မှားနေတယ်”
လေထုအခြေအနေက မည်မျှတင်းကြပ်နေကြောင်း တုန့်ပြန်မှု အနှေးကွေးဆုံး လူကပင် နားလည်နိုင်သည်။ မည်သို့ပင်ဆိုစေ သူတို့က အတွေ့အကြုံ ရရှိခဲ့ပြီးနောက်တွင် အလွန်အမင်း သတိထားနေကြတော့သည်။ သို့သော် သူတို့ထဲက မည်သူကမှ ချက်ချင်းလိုလို မတုန့်ပြန်ကြချေ။
မိုးက သည်းထန်စွာ ဆက်လက်ရွာသွန်းနေပြီး ဆူညံသံများ ဖြစ်ပေါ်နေစေသည်။ ထို့ကြောင့် တစ်ဖက်သူများက သူတို့၏ စကားကို ကြားမကြား မသေချာချေ။ မည်သို့ပင်ဆိုစေ ယခင်ကလည်း ဒီလိုအခြေအနေမျိုးက ဖြစ်ပျက်ခဲ့ဖူးလေသည်။
“ဟမ့်”
တစ်စုံတစ်ယောက်က နှာခေါင်းရှုံ့သည်။ လူအုပ်ထဲက တစ်ယောက်က ချဉ်းကပ်လာသော လူများကို ကြည့်နေရင်း လက်သီးဆုပ်လိုက်ကြောင်းကို မည်သူကမှ မသိချေ။ ထို့နောက် ကျယ်လောင်စွာ အော်ရယ်သည်။ မည်သူကမှ ချဉ်းကပ်လာသော လူများနှင့် ချဉ်းကပ်ပြီး စိုးရိမ်နေသည့်အတွက် အခြားသော အခြေအနေကို မထည့်တွက်နိုင်ကြချေ။ ထို့ကြောင့် ရယ်နေသောသူက သေရွာထံ လမ်းလျှောက်လာသော ပုရွက်ဆိတ်များကို ကြည့်နေသလိုကြည့်သည်။
“လာ”
ဟော်ရှေု့ဟွေ့ခမ်းက ချဉ်းကပ်လာသော လူများကို အလောင်းကောင်များကဲ့သို့ကြည့်သည်။
ထိုအခိုက် ဟော်ရှု့ဟွေ့ခမ်းက သာမာန် စစ်သည်တော် တစ်ယောက်အနေဖြင့် သံချပ်ကာကို ဝတ်ထားပြီး အရှိန်အဝါကို ထိန်းထားသည်။ သူ၏မည်သည့် နေရာကမှ မဟာဗိုလ်ချုပ် တစ်ယောက်နှင့် တူမနေတော့ချေ။
လုံချင်းပါ့ကပင် သူ့ကို မမှတ်မိနိုင်လောက်ချေ။ ဘေးကပ်လျှက် ရပ်နေမည်ဆိုလျှင်ပင် မမှတ်မိနိုင်မည့် အခြေအနေ ဖြစ်သည်။ သို့ရာတွင် သာမာန်စစ်သား တစ်ယောက်က စစ်သည်တစ်သုတ်ကို အမြစ်ဖြတ် သုတ်သင်နိုင်သော အခြေအနေမျိုးကို ပိုင်ဆိုင်ထားလေသည်။
ကျန်းခြောက်ရာ
ကျန်းငါးရာ
ကျန်းလေးရာ
ထိုမြင်းတပ်က ချဉ်းကပ်သထက် ချဉ်းကပ်လာသည့် အချိန်တွင် ဟော်ရှု့ဟွေ့ခမ်းက နဂိုအတိုင်း ပုန်းကွယ်ကာ မလှုပ်ရှားဘဲ ဆက်နေသော်လည်း သူ၏ သတ်ဖြတ်လိုစိတ်က ပြင်းထန်သိပ်သည်းလာသည်။
ကျန်းသုံးရာ
အကွာအဝေးက အလွန်အန္တရာယ် များလွန်းနေပြီဖြစ်သည်။ သူတို့က ဆက်လက်ပြီး လာနေလျှင်... ဒီထက် အနည်းငယ်သာ ဆက်တိုးလိုက်မည်ဆိုလျှင် ဒီလူများအားလုံးကို သူကိုင်တွယ်လိုက်၍ ရနေလေပြီ။ သူနှင့် ကျန်းတစ်ရာ အကွာအဝေးတွင် ရှိနေသမျှ ကာလပတ်လုံး မည်သူကမှ မလွတ်မြောက်စေရန် သူက အာမခံပေးနိုင်သည်။ တော်ဝင်မဟာဗိုလ်ချုပ်တစ်ယောက်က ထိုမျှအထိ အလွယ်တကူ သုတ်သင်နိုင်စွမ်း ရှိနေခြင်းလည်းဖြစ်သည်။
မြင်းခွာသံများက ရုတ်တရက် ရပ်တန့်သွားသည်။ သတိပေးချက် အလျဉ်းမရှိလေဘဲ ထိုမြင်းတပ်သမားများက ချက်ချင်းလိုလို ရပ်တန့်လိုက်ကြခြင်းဖြစ်သည်။
မည်သူကမှ မတုန့်ပြန်နိုင်ခင်မှာတင် တိဗက်စစ်တပ်ပေါ်သို့ မျှားများက ရွာသွန်းကျလာတော့သည်။
“အား အား”
ရုတ်တရက် သုတ်သင်ခံရလေရာ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ဟော်ရှု့ဟွေ့ခမ်း ကိုယ်တိုင်ကလည်း အံ့သြသွားသည်။ ဒါကသူ့ကို ပို၍ပင် အံ့သြသွားစေသည်။
ဝုန်း
ထို့နောက် ထိုထူးဆန်းသော အနက်ရောင် ပုဂ္ဂိုလ်များ အားလုံးက မြင်းဟီသံများကို ပေးပြီးနောက်တွင် ချက်ချင်းလိုလို နောက်လှည့်ကာ ပြေးတော့သည်။
မည်သည့်ကမှ မတုန့်ပြန်နိုင်ခင်မှာတင် ထိုစစ်တပ်က ကျန်းငါးရာအကွာသို့ ရောက်သွားခဲ့ပြီဖြစ်သည်။
အားလုံးက အံ့အားသင့်မှု၊ ထိတ်လန့်မှု၊ မှင်သက်မှုကိုသာ ခံစားနေရသည်။
တိဗက်လူမျိုးများ၏ မျက်နှာတွင်လည်း အမျိုးမျိုးသော မှင်သက်နေသည့် အမူအရာများကို မြင်နိုင်ကြသည်။ သူတို့အားလုံးက ထိုအခြေအနေကြောင့် ကြောင်အသွားကြသည်။
“သူတို့ကိုသတ်”
ဝုန်း
ရုတ်တရက် ကံကြမ္မာ အလှည့်အပြောင်းကြောင့် မှင်သက်ကြောင်အသွားနေကြချိန်တွင် လူတစ်ယောက်က ခုန်ထွက်လိုက်ပြီးနောက်တွင် ထွက်ပြေးသွားသော လူများထဲသို့ အပြေးနှင်ကာ လိုက်တော့သည်။
“မင်းတို့က လွတ်မယ်ထင်နေတာလား”
ဟော်ရှု့ဟွေ့ခမ်း၏ ရက်စက်မှုနှင့် ကျယ်လောင်သော အသံက ထင်ရှားစွာ ထွက်ပေါ်လာသည်။ သူ၏ တိုက်ကွက်များကလည်း ကောင်းကင်မှ ဥက္ကာခဲများ ကြွေကျလာသလိုမျိုး အန်းနန်အစိုးရ စစ်တပ်ထံ ရောက်ရှိသွားပြီး နောက်ဆုံးတွင် ပေါက်ကွဲသွားတော့လေသည်။
အခန်း(၅၄၅)
“အား”
ကြောက်မက်ဖွယ် ကြယ်တာရာ စွမ်းအင်များကြောင့် လေထဲသို့ စစ်မြင်းဟီသံများနှင့်အတူ မရေမတွက်နိုင်သော ပုံစံများက လွင့်ထွက်သွားသည်။ မြင်းများက ပျော့ဖတ်နေသော အသားတုံးများအဖြစ် ဆောင့်ရိုက်မိသွားကြချိန်တွင် မရေမတွက်နိုင်သော စစ်သည်များက မရေမတွက်နိုင်သော အစိတ်စိတ် အပိုင်းပိုင်းအဖြစ် ဆုတ်ဖြဲခံလိုက်ရသည်။ ကောင်းကင်တွင် ကြောက်မက်ဖွယ် နီရဲနေသော မီးတောက်များကလည်း စွမ်းအင်ရေကြီးသလို လွှမ်းလာလေပြီး သူကိုယ်တိုင်ကပင် ပတ်ဝန်းကျင်တစ်ခုလုံးကို အရောင်အဝါ လွှတ်ထုတ်ပေးလာတော့သည်။
ဟော်ရှု့ဟွေ့ခမ်း၏ ကြယ်တာရာ စွမ်းအင်များက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်ကာ မည်သည့်နေရာကိုမဆို တောက်ပသည့် နေမင်းလိုမျိုး သူ၏ ကြယ်တာရာ စွမ်းအင်များဖြင့် လွှမ်းခြုံထားနိုင်သည်။ ထိုမီးတောက်များက အလွန်အမင်း ထူထပ်သိပ်သည်းလေပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းထားနိုင်ဟန်ရသည်။ ကောင်းကင်မှ မိုးများက မြေပြင်သို့ မကျခင်အချိန်တွင် အလင်းတန်းအဖြစ် တဖန် ရေငွေ့ပျံသွားကြသည်။
ကောင်းကင်မှ အသားမှုန်များနှင့် ပြာမှုန်များက လေတွင်လွင့်သွားကာ ကြောက်လန့်မှု အရှိန်အဝါကို လွှတ်ထုတ်တော့သည်။
ဟော်ရှု့ဟွေ့ခမ်း၏ အင်အားက လူတိုင်း၏ မျှော်လင့်ထားမှုကို ကျော်လွန်ပြီးသားဖြစ်သည်။ သူ၏အရှေ့တွင် မည်သူကမဆို ပုရွက်ဆိတ် ဖြစ်သွားမည်ဖြစ်သည်။ ဟော်ရှု့ဟွေ့ခမ်း၏ ပြင်းထန်သည့် စွမ်းအင်များက မြင်တွေ့ရ ကြုံတွေ့ရသူများကို အဆုံးအဆမဲ့အောင် ကြောက်လန့်မှုကို ခံစားသွားရစေနိုင်သည်။
“ပြေးကြတော့”
“ဒါက ဟော်ရှု့ဟွေ့ခမ်းပဲ။ သူက ကြောက်စရာ အလင်းတန်းကို လွှတ်ထုတ်နိုင်စွမ်းရှိတဲ့ ကြယ်တာရာ စွမ်းအင်ကို ပိုင်ဆိုင်ထားတယ်”
“ငါတို့ကသူ့ကို မယှဉ်နိုင်ဘူး ပြေးကြ”
“ဗိုလ်ချုပ်နဲ့ အခြားသူတွေကပဲ သူ့ကိုယှဉ်နိုင်မှာ”
လူတိုင်း၏ နှလုံးသားက ဖမ်းဆုပ်ခံရသလို အလွန်အမင်း ကြောက်လန့်မှုနှင့်အတူ စစ်မြင်းများက အသားကုန် အပြေးနှင်ကြတော့သည်။ သူတို့၏ မျက်နှာကလည်း သွေးမရှိတော့သလိုမျိုး သေလုအောင် ဖြူဖျော့သွားသည်။ မဟာထန်နှင့် ယွီစန်းက အနောက်တောင်ဘက်ပိုင်းမှ သေမျိုးရန်သူများ ဖြစ်ခဲ့ကြသည့်အတွက် စစ်သည်တော်များ အားလုံးကလည်း ဟော်ရှု့ဟွေ့ခမ်း၏ ကျော်ကြားမှုကို သိထားကြသည်။ အနောက်တောင်ပိုင်း စစ်ပွဲတွင် အန်းနန်အစိုးရ စစ်တပ်က တိဗက်လူမျိုးများနှင့် တစ်လကျော်အထိ စစ်ဖြစ်ခဲ့ပြီးလေပြီ။
ထို့ကြောင့် လူတိုင်းက ဟော်ရှု့ဟွေ့ခမ်း၏ စွမ်းအင်ကို နားလည်နေကြသည်။ လောင်ကျွမ်းနေသော နီရဲသည့် ကြာပန်းများနှင့် မီးပင်လယ်က အရာအားလုံးကို လောင်ကျွမ်းနေပြီး ခြင်္သေ့မြို့မှ လူတိုင်းကို အိပ်မရအောင် ချောက်ချားဖွယ် အိမ်မက်ဆိုးများကို မက်စေသည်။ ပို၍အံ့အားသင့်စရာ ကောင်းသောအချက်က ဝမ်ချောင်က ထိုအကြံကို အကောင်အထည်ဖော်ရန် အချိန်ကို ကောင်းကောင်း အသုံးချနိုင်ခဲ့ခြင်းဖြစ်သည်။ ပြောရလျှင် ကျန်းသုံးရာ အကွာအဝေးက လုံခြုံသော အကွာအဝေးဖြစ်သည်။ သို့သော် မည်သူကမှ ဟော်ရှု့ဟွေ့ခမ်း၏ အင်အားက ထိုအဆင့်ထိ ရောက်ရှိနေမယ်ဟု မမျှော်လင့်ထားကြချေ။
အကွာအဝေးက အခြားသော ကျွမ်းကျင်ပညာရှင်များအတွက် အကန့်အသတ် ဖြစ်လောက်သော်လည်း သူ့အတွက်မူ မတည်ရှိတော့သလိုသာဖြစ်သည်။ အကြိမ်အနည်းငယ်ထဲနှင့်တင် သူတို့၏ အင်အားစုက ပြင်းထန်သည့် တိုက်ကွက်ကို ရင်ဆိုင်လိုက်ရသည်။ သူတို့၏မြင်း ချီစက်ကွင်း၊ သံချပ်ကာလက်နက်၊ ကျင့်ကြခြင်းအဆင့် အားလုံးက ဟော်ရှု့ဟွေ့ခမ်း၏ အရှေ့တွင် ဘာမှမဟုတ်တော့ချေ။
ထို့ကြောင့် တစ်ချက်ထဲနှင့် ဟော်ရှု့ဟွေ့ခမ်းက ထန်စစ်တပ်မှ တိုက်ခိုက်လိုစိတ်များ အားလုံးကို အပြည့်အဝ သုတ်သင်လိုက်နိုင်သည်။
“ဟမ့် အခုမှ ပြေးဖို့တွေးတာက နောက်ကျလွန်းမနေဘူးလား”
ဟော်ရှု့ဟွေ့ခမ်းက ကြောက်လန့်တကြား ဖြစ်သွားကြသော ငှက်ငယ်များလို ကစဉ့်ကလျား ပြေးသွားကြသည့် အန်းနန်အစိုးရစစ်တပ်ကို ကြည့်လိုက်ပြီးနောက်တွင် စိတ်ထဲတွင် နှာခေါင်းရှုံ့ကာ ပြင်းထန်သည့် တိုက်ခိုက်လိုစိတ်ကို ကိုယ်မှလွှတ်ထုတ်လိုက်သည်။ စစ်သေနာပတိချုပ် ဖြစ်သည့်အလျောက် သူက လှုပ်ရှားသည့်အချိန်တွင် ပေါ့ပေါ့ပါးပါး လှုပ်ရှားတော့မည် မဟုတ်ချေ။ သူက လှုပ်ရှားပြီ ဆိုကတည်းက မည်သူကမှ လွတ်မြောက်၍မရတော့ချေ။ ဒီပြဿနာကို အဆုံးသတ်သွားစေရန် အားလုံးကို အမြစ်ဖြတ် သုတ်သင်ရမည့် အချိန်ဖြစ်သည်။ ဒီအခြေအနေတွင်သူက ထိုထန်စစ်သည်တော်များကိုသာ လွတ်မြောက်ခွင့် ပြုလိုက်မည်ဆိုလျှင် သူ၏ယွီစန်း မဟာဗ်ိုလ်ချုပ်ဆိုသည့် ဘွဲ့ထံမှ ဆင်းပေးမှ ရတော့ပေမည်။
“စစ်သည်တွေအားလုံး ငါ့ရဲ့အမိန့်ကိုနာခံကြ။ ဒီထန်တွေအားလုံးကိုသတ် တစ်ကောင်မှ မရှင်စေနဲ့”
သူကရှေ့သို့ ချီတက်ချိန်တွင် ဟော်ရှု့ဟွေ့ခမ်းက အမိန့်ကိုထုတ်ကာ တိုက်ခိုက်စေသည်။
“သူတို့ကိုသတ်ကြ”
ကောင်းကင်တွင် စိတ်လှုပ်ရှားသော အော်ဟစ်သံများက ပေါ်ထွက်စေပြီး တောင်ပေါ်မှ နှင်းထုတုံးကြီးများနှင့် ကျောက်တုံးကြီးများ အောက်သို့ ဆက်တိုက် ကျဆင်းလာသလို ဖြစ်သွားသည်။ ထိုဟန်ချက်ညီမှုက အံ့အားသင့်စရာ ကောင်းလွန်းလှသည့်တိုင်အောင် ဟော်ရှု့ဟွေ့ခမ်းကမူ မျက်တောင်ပင် မခတ်ချေ။
“သူတို့ကိုသတ်”
“သေစမ်း ငါတို့နောက်ဆုံးတော့ ဒီလူတွေကို ဖမ်းမိပြီ”
“တကယ်ကို သူတို့ဖြစ်နေတာပဲ။ သူတို့က မဟာဗိုလ်ချုပ်ရှိတဲ့ ဒီနေရာကိုတောင် လာရဲသေးတယ်။ သူတို့ ကိုယ့်သေလမ်းကိုယ်ရှတာ ဖြစ်ရမယ်”
“မျိုးမစစ်ကောင်တွေ ဒီထန်တွေအားလုံး သေမှာသေချာနေပြီ”
ထိုသို့ဖြင့် နဂိုကတည်းက ရှိနှင့်နေပြီးသော ဒေါသများနှင့် တိဗက်လူမျိုးများ၏ အမုန်းတရားများ အားလုံးက ချက်ချင်းလိုလို လွှတ်ထုတ်တော့လေသည်။
သူတို့က အချိန်အတန်ကြာ တိုက်ခိုက်နေခဲ့ပြီးသား ဖြစ်သည်။ သို့ရာတွင် ထန်တစ်ယောက်ကိုမျှ မဖမ်းမိခဲ့ချေ။ အနှစ်ချုပ်ဆိုရသော် သူတို့က မဟာထန်၏ လက်ခုပ်ထဲမှ ရေကဲ့သို့ပင် ဆော့ကစား ခံလိုက်ရသေးပြီး စိတ်ပျက်အားငယ်စွာဖြင့် ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရခြင်း သို့မဟုတ် ကိုယ့်လူကို ပြန်သတ်ရသော အခြေအနေမျိုးဖြင့်သာ အဆုံးသတ်ခဲ့ရလေသည်။ ဒါက စိတ်ပျက်အားငယ်ချင်စရာ သိက္ခာကျခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူတို့က ဒီခံစားချက်များ အားလုံးကို ဖောက်ထုတ်နိုင်မည့် အခွင့်အရေးကို ရရှိလေပြီ။
ရုတ်တရက် တာတမံပေါက်ကွဲပြီး မြစ်ကတဟုန်ထိုး ဖြတ်ဝင်စီးဆင်းလာသလိုမျိုး တိဗက်လူမျိုး မြင်းတပ်က ရူးသွပ်စွာဖြင့် အော်ဟစ်ကျုံးဝါးကြလျှက် မြန်ဆန်လွန်းသော အရှိန်နှုန်းဖြင့် ဟော်ရှု့ဟွေ့ခမ်း၏နောက်မှ လိုက်သွားကြသည်။
ကျန်းငါးရာ
ကျန်းလေးရာ
ကျန်းသုံးရာ
တိဗက်လူမျိုးများက အကွာအဝေးကိုချုံ့လျှက် အသားကုန် လိုက်ကြသည်။
အရှေ့မှ ထန်လူမျိုးများက ဟော်ရှု့ဟွေ့ခမ်းက ဒီနေရာတွင် ပေါ်လာမည့်အရေးကို မသိထားသောကြောင့် ဖြစ်နိုင်သည်။ သူတို့က အလွန်အမင်း ထိတ်လန့်ချောက်ချားနေကြလေပြီး သူတို့၏ စည်းချက်ကျမှုကလည်း ဝရုန်းသုန်းကား ဖြစ်သွားသည်။
တကယ်ကို ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ။
ထန်များ၏ ထိုသို့ ကစဉ့်ကလျားဖြစ်နေခြင်းက တိဗက်လူမျိုးများ၏ ပြောင်မြောက်သည့် အခွင့်အရေးဖြစ်သည်။
ဝုန်း
လေဟာနယ်ထဲမှ မိုးကြိုးပစ်ခတ်လိုက်သကဲ့သို့ ကျယ်လောင်သောအသံ ထွက်ပေါ်လာပြီးနောက်တွင် တိဗက်မြင်းတပ်က ထန်စစ်တပ်ထဲသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
တဝုန်းဝုန်း မြည်သံများနှင့် ပေါက်ကွဲသံများ တိုက်ခိုက်သံများက ထွက်ပေါ်လာသည်။ ဓားမောက်ရှည်များဖြင့် ခုတ်ပိုင်းခံရပြီးနောက်တွင် မြင်းများပေါ်မှ စပါးကို ခုတ်လိုက်သလိုမျိုး ပြုတ်ကျကုန်ကြသည်။
တိဗက်လူမျိုးများက အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး အော်ဟစ်သံများက ရုတ်တရက် ရပ်တန့်သွားသည်။
အကြောင်းမူကား သူတို့၏လည်ပင်းကို မမြင်ရသော လက်တစ်ဖက်က လာရောက်ညစ်ကိုင်သလိုမျိုး သူတို့၏လည်ပင်းက ဖမ်းချုပ်ခံလိုက်ရသည်။ သူတို့၏ မျက်နှာများကလည်း စွံ့အသွားကြပြီး ဟော်ရှု့ဟွေ့ခမ်း ကိုယ်တိုင်ကပင် ကြောင်တောင်တောင် ဖြစ်သွားသည်။
“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”
ထိုစစ်တပ်က ဖြေးညှင်းစွာသာ တုန့်ပြန်နိုင်ကြသည်။ ငယ်ရွယ်သော ဗိုလ်ချုပ်က မြင်းပေါ်မှ ဆင်းပြီးနောက်တွင် သူတို့က သတ်လိုက်သော ထန်စစ်သည်များကို လိုက်ကြည့်လိုက်သည်။
ထိုထန်စစ်သည်များက သေနေခဲ့သည်မှာ သေချာသည်။ သို့သော် တိဗက်လူမျိုးများ မျှော်လင့်ထားသည်နှင့် ကွာခြားနေသည်။ ထိုသေနေနှင့်သော ထန်စစ်သည်များက သူတို့မှတ်မိသော ထန်စစ်သည်များနှင့် ကွာခြားနေသည်။ တစ်ဖက်သူများ၏ မျက်နှာက တောင်ပေါ်ဒေသတွင် အချိန်အတန်ကြာ နေထိုင်ခဲ့ရသဖြင့် လေတိုက်ခံထားရသလို ဖြစ်နေပြီး နီရဲနေသည်။ ပြောရလျှင် သူတို့၏ ရုပ်ရည်သွင်ပြင်ကပင် တောင်ပေါ်ဒေသမှ ရုပ်ရည်သွင်ပြင်မျိုး ရှိနေခြင်းဖြစ်သည်။
“သေစမ်း သူတို့က ထန်တွေမှမဟုတ်တာ တိဗက်လူမျိုးတွေပဲ။ ဒီထန်တွေက သူတို့ကိုယ်သူတို့ ရုပ်ဖျက်ဖို့ ငါတို့ရဲ့ သေသွားတဲ့ တိဗက်လူမျိုးတွေကို အသုံးပြုခဲ့တာ”
တိဗက်လူမျိုး အရာရှိတစ်ယောက်က ဒေါသတကြီးအော်သည်။
နောက်ပိုင်းတွင် ကျန်ရစ်ခဲ့သော ထိုထန်စစ်သည်များက ထန်များမဟုတ်နေချေ။ သို့သော် ယခင်က ဝမ်ချောင်၏ အင်အားစုက လိုက်လံဖမ်းဆီးစဉ်က သတ်ဖြတ်ခံထားရသော တိဗက်လူမျိုး သို့မဟုတ် တိုက်ပွဲတွင် သေဆုံးခဲ့သူများ ဖြစ်နေသည်။ ဒီချောင်းမြောင်း တိုက်ခိုက်မှုက ကြာရှည်ကြီးမားသော စစ်ပွဲကြီးဖြစ်သော်လည်း အစပိုင်းကတည်းက ထန်စစ်သည် အနည်းငယ်သာလျှင် ပါခဲ့ခြင်းဖြစ်သည်။ ပြောရလျှင် အများစုက အသတ်ခံရပြီးသား တိဗက်လူမျိုးများသာ ဖြစ်နေခဲ့လေသည်။
“ငါတို့တော့ လှည့်စားခံလိုက်ရပြီ”
စစ်တပ်မှခေါင်းဆောင် ဟော်ရှု့ဟွေ့ခမ်းက သူ၏ကြီးမားလှသော မြင်းပေါ်တွင် မားမတ်စွာထိုင်လျှက် မျက်ခုံးကိုပင့်လိုက်သည်။ သူက ဟာကွက်ကိုသာ ခန့်မှန်းနိုင်ခဲ့ပြီး အဆုံးထိ မခန့်မှန်းနိုင်ခဲ့ချေ။
သူ၏ပြိုင်ဘက်က သူကထင်ထားသည်ထက်ပင် ဖန်တီးနိုင်စွမ်းအား မြင့်မားလွန်းနေခဲ့သည်။ ဒီချောင်းတိုက်သော အကြံအစည်က အစစ်အမှန်ကို အတုအယောင်ကို ရောပြွန်းထားခြင်းဖြစ်နေပြီး အစစ်အမှန်နှင့် ပုံရိပ်ယောင်ကိုလည်း ရောယှက်ထားသည်။ သူကပင် ဒီလုပ်ကြံသတ်ဖြတ်မှုတွင် အရူးလုပ်ခံလိုက်ရသည်။ ထိုအခိုက် ဟော်ရှု့ဟွေ့ခမ်းက အလွန်ဆိုးရွားသော ခံစားချက်ကို ရလိုက်သည်။
ဝုန်း
ထိုအခိုက် အရှေ့မြောက်ဘက်ပိုင်းမှလာသော ကောင်းကင်ကို တုန်ဟီးသွားစေမည့် အော်ဟစ်သံများက ပေါက်ကွဲသွားပြီး မိုးအလင်းကာကို ကျော်ဖြတ်ကာ ပဲ့တင်ထပ်လာခဲ့သည်။ မူလက တိတ်ဆိတ်သော အရှေ့မြောက်ဘက်ပိုင်းဟာ ရုတ်တရက် တိုက်ခိုက်သံများ၊ ကြွေးကျော်သံများ၊ လက်နက်ခြင်း ထိခတ်သံများဖြင့် ပြည့်နှက်သွားတော့သည်။ မိုးသည်းထဲမှ ထွက်လာသော မရေမတွက်နိုင်သည့် လူပေါင်းများစွာက တိဗက်လူမျိုး ခုခံအားလှိုင်းထံ တိုးဝင်သွားတော့သည်။
“မကောင်းတော့ဘူး”
ဟော်ရှု့ဟွေ့ခမ်းက တစ်စုံတစ်ရာကို သတိထားလိုက်မိပြီး မျက်လုံးက ပြူးသွားသည်။ သူက တောင်ပေါ်မှကျားကို ရင်ဆိုင်ရမည့်အစား ထန်များ၏ ဗျူဟာအတွင်း ကျရောက်သွားခဲ့သည်။
“ဟိုက်ရား”
ဟော်ရှု့ဟွေ့ခမ်းက ချက်ချင်းလိုလို မြင်းကိုပြန်လှည့်ပြီးနောက်တွင် တိုက်ပွဲနယ်မြေထံသို့ သွားသည်။
ထိုအဆင့်တွင် အခြေအနေက သူ၏ထိန်းချုပ်မှုမှ လွတ်သွားနှင့်ပြီးသားဖြစ်သည်။ ဟော်ရှု့ဟွေ့ခမ်းက နှေးကွေးစွာ တုန့်ပြန်နိုင်သူ ဆိုလျှင်ပင် ဒီချောင်းတိုက်ခိုက်သည့် ဗျူဟာအကြောင်းကို ယခုမှသာ သိလိုက်ပြီဖြစ်လေရာ အစစ်အမှန် ပစ်မှတ်က ဘာဖြစ်ကြောင်း သူနားလည်သွားလေပြီ။ ယခင် ချောင်းတိုက်ခိုက်မှုမှန်သမျှက ဒီအခြေအနေအတွက် ရင်းခဲ့ခြင်းဖြစ်လောက်သည်။
အနောက်တောင်ဘက်ပိုင်းမှ မြေမျက်နှာသွင်ပြင်က ပြန့်ပြူးသည်။ တောင်ကုန်းအနည်းငယ်သာလျှင် ရှိသည်။ ဒီလိုအခြေအနေမျိုးတွင် ရန်သူက ပုန်းရန် ခက်ခဲပေလိမ့်မည်။
ဟော်ရှု့ဟွေ့ခမ်းက စစ်တပ်က အလွန်နီးကပ်စွာ ရှိနေသည့်အချက်ကို အပြည့်အဝ လျစ်လျူရှု့ထားခဲ့မိသည်။ တစ်စုံတစ်ယောက်ကသာ သင့်တော်သော အချိန်နှင့် လုံလောက်သော အကွာအဝေးကို ခြားထားနိုင်ပြီး တစ်နေရာတွင် စစ်တပ်ကို ပုန်းအောင်းထားနိုင်မည်ဆိုလျှင် သာမာန်ကျော်ကြားသော ဗိုလ်ချုပ်တစ်ယောက်လောက်က လုပ်နိုင်သည့် အရာမျိုး မဟုတ်နိုင်တော့ချေ။
အနောက်တောင်ဘက်ပိုင်းအတွက် ထိုသို့သော ပုဂ္ဂိုလ်မျိုးက ရှိနေလေသည့်အခါ ဟော်ရှု့ဟွေ့ခမ်း ကိုယ်တိုင်ကပင် သူက တစ်ဖက်လူများကို အထင်သေးမိကြောင်း ဝန်ခံရပေမည်။
“နောက်ဆုတ်ကြ မြန်မြန် အရာအားလုံးကိုသုံးပြီး သူတို့ကိုတား”
အလျင်စလိုဖြစ်နေသော ဟော်ရှု့ဟွေ့ခမ်းက အမိန့်ကိုသုံးပြီး သူ၏တပ်ဖွဲ့ကို နောက်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ သို့ရာတွင် အနောက်တောင်ဘက်ပိုင်းတွင် အလွန်ကျော်ကြားပါသော ယွီစန်းမဟာဗိုလ်ချုပ်ကလည်း အတွက်အချက် မှားသွားပြန်သည်။ အစပိုင်းကတည်းက ဒီအကြံအစည်က တောင်ပေါ်မှ ကျားကို ခြောက်ထုတ်ရန် စီစဉ်ထားခြင်းဖြစ်လေရာ ဝမ်ချောင်က သူ့ကိုနောက်တစ်ကြိမ် အခွင့်အရေး ပေးလိမ့်မည်မဟုတ်ချေ။
“မြန်မြန် တပ်ရေးနံပါတ်ဆယ့်နှစ် လှံတွေကိုပြင်ကြ”
တောင်ပေါ်တွင် ရှိနေသော ဝမ်ချောင်က စစ်တပ်ထဲတွင် ရောနှောစွာ ရှိနေလျှက် အမိန့်ကိုထုတ်လိုက်သည်။