← Chapters

အခန်း (၅၄၆-၅၅၀)

Vol. 26 Ch. 546-550

အခန်း (၅၄၆-၅၅၀)

Vol. 26 Ch. 546-550

အခန်း(၅၄၆)

ဝိုင်းထားခံရမှုမှ လွတ်မြောက်အောင် ကြိုးစားခြင်း အာဏာလွှဲပြောင်းပေးခြင်း

ဝမ်ချောင်၏ အမိန့်အောက်တွင် မြင်းတပ်၊ ပုဆိန်တပ်၊ လှံတပ်၊ ခြေလျှင်တပ်၊ ဒိုင်းကာတပ်၊ ဆရာသခင် လေးသည်တော်များ အားလုံးက ပူးပေါင်းကာ လှုပ်ရှားကြပြီး ခိုင်မာတောင့်တင်းစွာဖြင့် အစီအစဉ်တကျ တောင်ပေါ်သို့ တဖြည်းဖြည်းချင်း တက်ကြသည်။

ယခင်က ချောင်းတိုက်ခြင်းနှင့် မတူညီစွာပင် ဝမ်ချောင်၏ ယခုတိုက်ခိုက်သည့် နည်းလမ်းက မမျှော်လင့်ထားစွာပင် အပြည့်အဝ ပြုံတိုးဝင်ကာ လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်ပြီး သူက ဖုံးကွယ်ရန်ပင် ဆန္ဒမရှိတော့ချေ။

တိဗက်လူမျိုးများကို ထိုသို့ အပြည့်အဝ မှင်သက်သွားစေမှုနှင့်အတူ ထန်စစ်သည် လေးသောင်း ငါးသောင်းခန့်က အလုံးအရင်းဖြင့် ပြုံတိုးဝင်လာကာ ဒေါသတကြီး တိုက်ခိုက်ကြသည်။ ထိုနည်းအားဖြင့် တစ်ဖက်က ခုခံအားလှိုင်း အားအနည်းဆုံး နေရာဖြစ်သည့် အရှေ့မြောက်ဘက်ပိုင်း ထောင့်တိုင်းမချန် ဖုံးလွှမ်းလိုက်တော့သည်။

ထပ်ခါတလဲလဲ ချောင်းမြောင်းတိုက်ခိုက်မှုများ အပြီးနောက်တွင် ဝမ်ချောင်က တိဗက်လူမျိုးများ၏ တိုက်ပွဲဝင်နည်း ပုံစံနှင့် အင်အားစု အနေအထား ဖြန့်ဝေထားမှုကို နားလည်လိုက်သည်။ တိဗက်လူမျိုးများ၏ အနေအထားအရဆိုလျှင် ဝမ်ချောင်၏ မြင်နိုင်စွမ်းအားအောက်မှ ဖုံးကွယ်ထားနိုင်သော အရာများ မရှိတော့ချေ။

“မြန်မြန် အချိန်ကတိုတယ်။ ငါတို့ ဟော်ရှု့ဟွေ့ခမ်းကို အဝေးကို အာရုံပြောင်းအောင် လုပ်ထားပြီးပြီ။ ဒီတော့ အမြန်ဆုံးနည်းနဲ့ တိဗက်လူမျိုးတွေရဲ့ ဝင်္ကပါကို ကျော်ဖြတ်ထိုးဖောက်သွားနိုင်မှရမယ်။ ဒီလိုနည်းလမ်းနဲ့မှပဲ အပေါ်က အန်းနန်အစိုးရစစ်တပ်ကို ဆွဲချနိုင်လိမ့်မယ်”

ဝမ်ချောင်က အမိန့်ထုတ်သည်။

ဝမ်ရန်၊ သိန်းငှက်အိုကြီး၊ ချန်းရှု့စွန်းနှင့် ဗိုလ်ချုပ် ရွှီရှစ်ပင်းနှင့် ရွှီအန်းသွန်းတို့ အားလုံးက ဝမ်ချောင်၏ ပတ်ဝန်းကျင်တွင် စုစည်းနေရာမှ ဝမ်ချောင်၏ အမိန့်အတိုင်း ပြင်းထန်သည့် အရှိန်အဝါအပြည့်ဖြင့် ဦးဆောင်ကာ ရှေ့သို့တက်သည်။

သတ္တုချင်း ထိခတ်သံများနှင့် အော်ဟစ်သံများ၊ မျှားပစ်သံများ၊ မျှားကလေကို ထိုးခွဲသွားသံများ၊ လှံက လွင့်ပျံသွားသံများ၊ လှံကအသားကို ထိုးဖောက်သွားသံများ၊ လက်နက်များက အသားများကို ထိုးခွဲသွားသံများ စသဖြင့်တို့က ထပ်ခါတလဲလဲ ထွက်ပေါ်လာတော့သည်။ အရှေ့တောင်ပိုင်းတွင် တိဗက်လူမျိုးများက ရန်သူစစ်တပ် နှစ်ခု၏အကြား ညှပ်သွားပြီး ဖိညစ်သတ်ခံရသကဲ့သို့ ဖြစ်သွားသည်။

ဝမ်ချောင်၏ တိုက်ခိုက်သည့် ပုံစံက အလွန်အမင်း ပြတ်သားလွန်းသည်။ သူစတင်တိုက်ခိုက်ရန် ရွေးချယ်သော နေရာက တိဗက်လူမျိုးများ၏ အားအနည်းဆုံး နေရာဖြစ်သည်။ သူ၏စစ်သည်တော်များ အားလုံးက ပြီးပြည့်စုံစွာ ဟန်ချက်ညီမှု အပြည့်နှင့် တိုက်ခိုက်နိုင်စွမ်း ရှိလေရာ ခုခံမှုအရာတွင် လိုအပ်ချက်များ မရှိသည့်အတွက် တိဗက်လူမျိုးများက အခြေအနေကို ပြောင်းလဲအောင် မလုပ်နိုင်တော့ချေ။

တောင်ထိပ်ပေါ်တွင်ရှိသော ရှန်ယွီကျုံ့ထုံးကလည်း ဝမ်ချောင်ထံမှ သတင်းပို့ပင်ဂွင်းဖြင့် ပို့လိုက်သောစာကို လက်ခံရရှိပြီးသား ဖြစ်သည့်အလျောက် သူ၏စစ်တပ် တစ်ခုလုံးကလည်း အရှေ့မြောက်ဘက်ပိုင်း၏ တိုက်ခိုက်မှုနှင့် ပူးပေါင်းလိုက်နိုင်သည်။

နှစ်ဖက်လုံးမှ စစ်တပ်၏ ဖိနှိပ်မှုကို ခံရချိန်တွင် အရှေ့မြောက်ဘက်ပိုင်း၏ အခြေအနေကို လွယ်ကူစွာ စိတ်ကူးယဉ်ကြည့်နိုင်သည်။

“ထွက်ပြေးကြ”

“ဘာလို့ဒီလောက်တောင် များနေတာလဲ”

“ဝမ်ကလန်က အဖေနဲ့သားတွေပဲ။ သူတို့ပြန်လာကြပြီ”

“ငါတို့သူတို့ကို တားလို့မရတော့ဘူး။ မဟာဗိုလ်ချုပ်က ဘယ်ရောက်သွားတာလဲ။ မဟာဗိုလ်ချုပ်ကပဲ သူတို့ကို ရင်ဆိုင်နိုင်မှာ။ မဟာဗိုလ်ချုပ်မှာ အကြံအစည်တော့ ရှိလောက်မှာပါ”

တိဗက်လူမျိုးများက အလွယ်တကူ အညံ့ခံကြမည်မဟုတ်ချေ။ သို့သော် အခြေအနေက လူတစ်ယောက်ထဲက ကိုင်တွယ်နိုင်သည်ထက် ပြင်းထန်လွန်းနေသည်။ ဝမ်ချောင်နှင့် ရှန်ယွီကျုံ့ထုံးတို့၏ ပေါင်းညှပ်ကာ တိုက်ခိုက်မှုကို ခံနေရချိန်တွင် တစ်ချိန်ထဲတွင်ပင် တိဗက်လူမျိုးများကို အလွယ်တကူ အညံ့ခံလောက်အောင် ဖိနှိပ်နိုင်သည့် ဖုန်မြင်းသိုး ချီစက်ကွင်းနှင့် တိုက်ပွဲဝင်အဆိပ် ချီစက်ကွင်းတို့ကလည်း ရှိနေသေးသည်။

ထို့ကြောင့် လူတိုင်းက မျှော်လင့်ထားသည်ထက်ပင် အရှေ့မြောက်ဘက်ပိုင်း ကျရှုံးမှုက မြန်ဆန်လွန်းနေခဲ့သည်။ ဝမ်ချောင်က ဟော်ရှု့ဟွေ့ခမ်းက ပြန်လာပြီး တိဗက်အင်အားစုကို ထိုးဖောက်ကာ သူတို့ကို တစစီလုပ်မည့်အရေးကို စောင့်မနေနိုင်ချေ။

“အရှင်ဝမ် တကယ်ပဲ မင်းဖြစ်နေတာပဲ”

တောင်ထိပ်ပေါ်တွင် လူတိုင်းက မိုးဖြင့်စိုရွှဲကာ စုတ်ပြတ်သပ်နေကြသည်။ ရှန်ယွီကျုံ့ထုံးက တောင်ထိပ်ပေါ်တွင်ရပ်လျှက် ဝမ်ရန်က ချဉ်းကပ်လာခြင်းကို မြင်လိုက်ချိန်တွင် အလွန်အမင်း အံ့သြသွားပြီး ပြောလိုက်သည်။

ရှန်ယွီကျုံ့ထုံးကလည်း သူ့ကို လာကယ်သောသူက မည်သူဖြစ်ကြောင်း ခန့်မှန်းခဲ့ပြီးသားဖြစ်သည်။ သို့သော် ဒီတစ်ကြိမ် ဝမ်ရန်ပေါ်လာကြောင်းကို မြင်လိုက်ရသည်က သူကအံ့သြရသေးသည်။ တစ်ဖက်သူက နောက်ဆုတ်သွားသည်မှာ ကြာလှသင့်ပြီထင်လေသည်။ ရှန်ယွီကျုံ့ထုံးကလည်း ဝမ်ရန်က ဦးဆောင်သော တပ်ဖွဲ့များက သူ့အပေါ် လက်မလျော့သွားသည့်အတွက် အလွန်ခံစားသွားရသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် မင်းနားလည်မှု လွဲနေပြီ။ ငါကဒီစစ်တပ်ကို အမိန့်ပေးတဲ့ လူမဟုတ်ဘူး။ ငါ့ရဲ့သား ဝမ်ချောင်ပဲ”

ဝမ်ရန်က ရှန်ယွီကျုံ့ထုံးရဲ့စကားကို တည်ငြိမ်စွာ ပြန်တုန့်ပြန်လိုက်သည်။ အပိုစကား မပြောတော့လေဘဲ ဘေးတစ်ဖက်သို့သွားပြီး ဝမ်ချောင်အတွက် လမ်းဖွင့်ပေးသည်။

“အရှင်ရှန်ယွီ မတွေ့ရတာကြာပြီ”

ဝမ်ချောင်က တခမ်းတနား ရပ်မနေချေ။ သူကအင်္ကျီလက်ကို တစ်ချက် ခါယမ်းပြီးနောက်တွင် ရှေ့သို့ တက်သွားလိုက်ကာ သူ၏အဖေကို ကျော်ဖြတ်ပြီးနောက် ရှန်ယွီကျုံ့ထုံး၏ အရှေ့သို့ ရောက်သွားသည်။

“သခင်လေးချောင် သခင်လေးချောင်”

ရှန်ယွီကျုံ့ထုံး၏ မျက်လုံးက အပြူးသားဖြစ်သွားပြီး ဝမ်ချောင်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုက အထင်းသားပေါ်လာသည်။

ရှန်ယွီကျုံ့ထုံးက ဝမ်ချောင်နှင့် ယခင်က ဆုံခဲ့ဖူးသည်။ ထိုအချိန်က ကျန်းချုံကျန့်ချုံး၏ ပွဲတော်တွင်ဖြစ်သည်။ ကျန်းချုံကျန့်ချုံးက ဝမ်ချောင်ကို သဘာဝကျကျ ဆက်ဆံခဲ့ပုံရပြီး သူကလည်း ထိုအကြောင်းပြချက်ကြောင့် စိတ်ဝင်စားသွားမိသည်။ ရှန်ယွီကျုံ့ထုံးကလည်း ဝမ်ချောင်အပေါ် အမြင်ကောင်းရှိလေသည်။

ပို၍ဆိုးသည်မှာ ရှန်ယွီကျုံ့ထုံးက ဝမ်ချောင်၏ အပြုအမူ ဆောင်ရွက်ချက်များအပေါ် လေးနက်စွာ နားလည်နေခြင်းဖြစ်သည်။ သူက မြို့တော်တွင် လုပ်ခဲ့သည့် အခြေအနေများ၊ တော်ဝင်ခုံရုံးတွင် မွှေနှောက်သွားခဲ့သည့် မုန်တိုင်းအပါအဝင် အရာအားလုံးက လူတစ်ယောက် မလုပ်နိုင်သော အနေအထားဖြစ်သည်။ ထိုလူငယ်က သူတော်စင် ဧကရာဇ်အဖြစ်ပင် သတ်မှတ်လောက်သင့်သေးသည်။

ရှန်ယွီကျုံ့ထုံးအနေနှင့် သူကမည်သူဖြစ်ကြောင်း မသိစရာ အကြောင်းမရှိချေ။ ထို့အပြင် ဝမ်ချောင်က ညွှန်ကြားခဲ့သည့် ခြင်္သေ့မြို့ကို ကယ်တင်နိုင်ခဲ့သော အန်းနန်အစိုးရ စစ်တပ်မှ စစ်သည် ရှစ်သောင်းကျော် ကိစ္စကလည်း ရှိနေသေးသည်။

ရှန်ယွီကျုံ့ထုံးက မြို့တော်နှင့်အဝေးတွင် ရှိနေခဲ့ကတည်းက သခင်လေးချောင်အပေါ် ကျေးဇူးတင်နေမိသည်။ ဝမ်ချောင်က မည်သည့် စစ်အရာရှိမှမရှိ အထက်တန်းလွှာ ဂုဏ်ပုဒ်လည်း မရှိသည့်တိုင်အောင် သူက လေးစားမိခဲ့သည်။

“သခင်လေးချောင် တကယ်ပဲ မင်းဖြစ်နေတာပဲ”

ရှန်ယွီကျုံ့ထုံးက ရှေ့သို့ တက်လိုက်ပြီးနောက်တွင် ဝမ်ချောင်နှင့် လက်ဆွဲနှုတ်ဆက်ကြသည်။ သူ၏အမူအရာက အလွန်အမင်း ခံစားသွားရဟန်ရသည်။ ဝမ်ချောင်က ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး သူ၏ရှေ့တွင် ပေါ်လာသကဲ့သို့ မှော်ဆန်လွန်းနေသည်။

ရှန်ယွီကျုံ့ထုံးအနေဖြင့် ဒီလိုဖြစ်ရပ်ကို မမျှော်လင့်ခဲ့မိဖူးချေ။

ဝမ်ချောင်ကိုယ်တိုင်ကလည်း အံ့သြသွားရသည်။ ရှန်ယွီကျုံ့ထုံးက သူ့ကိုဒီလို အခြေအနေမျိုးဖြင့်ပင် ဆက်ဆံမည်ဟု မမျှော်လင့်ထားမိချေ။ မည်သို့ပင်ဆိုစေ တစ်ဖက်သူက အင်ပါယာ၏ ကာကွယ်ရေး ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေပြီး ခဲ့ရှုးဟန်နှင့် ကျန်းရှို့ကွေးတို့နှင့် တဆက်ထဲ ရပ်နေနိုင်စွမ်း ရှိသူဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်၏ ကျော်ကြားမှုကမူ တစ်ဖက်သူနှင့် မည်သည့်နည်းနှင့်မျှ မယှဉ်နိုင်သေးချေ။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒီတစ်ကြိမ်က ဒီလိုစကားတွေ ပြောရမဲ့အချိန် မဟုတ်ပါဘူး။ ကျွန်တော်က ကျားဟော်ရှု့ဟွေ့ခမ်းကို တောင်ပေါ်ကဆင်းအောင် ခြောက်ထားတယ်။ ဒါပေမဲ့သူက အချိန်မရွေး ပြန်လာနိုင်ပါတယ်။ အချိန်ကတိုတယ်။ ကျွန်တော်တို့ချက်ချင်း ထွက်သွားမှ ဖြစ်ပါမယ်”

ဝမ်ချောင်က အပိုစကားများ ပြောမနေချေ။ သူက လက်ကိုဖွင့်ပြီးနောက်တွင် ကျန်းချုံကျန့်ချုံးက သူ့ကိုပေးခဲ့သော တံဆိပ်ပြားကို ပေးလိုက်သည်။ တိုက်ပွဲနယ်မြေက အချိန်မရွေး ပြောင်းလဲသွားနိုင်ပြီး အရာအားလုံး ဖြစ်ပျက်သွားနိုင်သည်။ သတိလက်လွတ် ဖြစ်သွားနိုင်သော အသေးငယ်ဆုံး အမှားကပင် ဖျက်ဆီးခြင်းသို့ ခေါ်ဆောင်သွားနိုင်စွမ်းရှိသည်။ ဝမ်ချောင်က ထိုသို့သောအမှားကို လုပ်လိမ့်မည်မဟုတ်ချေ။ ထိုသို့ဖြစ်လာလျှင် မည်သူကမှ အကျိုးဆက်ကို တောင့်ခံနိုင်တော့မည် မဟုတ်ချေ။

“ဒါက အရှင်ကျန့်ချုံးက ကျွန်တော်ကို ပေးခဲ့တဲ့ တံဆိပ်ပြားပါ။ ဒီတံဆိပ်ပြားကို ကိုင်ဆောင်ထားရင် အရှင့်ကိုကိုယ်တိုင် တွေ့ရသလိုပါပဲ။ အရှင်ကာကွယ်ရေးဗိုလ်ချုပ် ကျွန်တော်ဒီနေရာကို မလာခင်မှာ အရှင်ကျန့်ချုံးက အတိတ်က အတိတ်ပဲလို့ပြောဖို့ အရှင့်ကို သတင်းစကား ပေးခိုင်းလိုက်ပါတယ်။ အရေးကြီးတဲ့ တာဝန်က အင်အားကို ကိုင်ဆွဲပြီး အန်းနန်အစိုးရစစ်တပ်ကို ပိုပြီးခိုင်မာအောင် ထိန်းသိမ်းထားနိုင်ဖို့ပါပဲ။ အနောက်တောင်ဘက်ပိုင်းက ကိစ္စအတွက်ကတော့ အဲ့ဒီအထိပဲ ကျွန်တော်ရဲ့အမိန့် ထုတ်ပြန်ခဲ့တယ်လို့ သတ်မှတ်လိုက်ပါ။ အရှင်ကာကွယ်ရေးဗိုလ်ချုပ် အားလုံးကိုပဲ အပြည့်အဝ ကာကွယ်ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်။ ဒါက အရှင်ကျန်းချုံရဲ့ အမိန့်ပါ”

သူကပြောပြီးနောက်တွင် ဝမ်ချောင်က စာအိတ်ဖြူတစ်ခုကို ထုတ်လိုက်သည်။

ရှန်ယွီကျုံ့ထုံးက ကာကွယ်ရေးဗိုလ်ချုပ်ဖြစ်သည်။ သူယခင်က မည်သို့သော အဆင့်အတန်း ရှိနေစေကာမူ လက်ရှိတွင် အနောက်တောင်ဘက်ပိုင်း၏ စစ်သေနာပတိချုပ်ဖြစ်ပြီး တံဆိပ်ပြားတစ်ခုက ဒီအချက်ကို မပြောင်းနိုင်ချေ။ ကျန်းချုံကျန့်ချုံး၏ တံဆိပ်ပြားနှင့် လက်ရေးစာက ရှန်ယွီကျုံ့ထုံးအပေါ် ယုံကြည်မှုကို ဖော်ပြပြီးသားဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့် ဝမ်ချောင်ကလည်း ကျန်းချုံကျန့်ချုံးထံ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

“ချုံးအာ”

ဝမ်ချောင်၏ လက်ထဲမှ စာကိုမြင်လိုက်သည့်အချိန်တွင် ဝမ်ရန်၊ ချန်းရှုစွန်း၊ ရွှီရှစ်ပင်းနှင့် အခြားသူများ အားလုံးက အံ့သြသွားကြသည်။ တံဆိပ်က ကိစ္စတစ်ခုဖြစ်သည်။ သို့သော် စာကမူ သူတို့ထဲက မည်သူကမှ မသိထားသော ကိစ္စဖြစ်နေသည်။ ဝမ်ရန်ကိုယ်တိုင်ကပင် ဝမ်ချောင်က ရှန်ယွီကျုံ့ထုံးထံမှ အမိန့်အာဏာကို ယူခဲ့သော ရည်ရွယ်ချက်ကို မသိခဲ့ချေ။

ဝမ်ရန်၏မျက်နှာက တည်တင်းသွားပြီးနောက် အော်သည်။

“ချောင်အာ မင်းဘာလုပ်နေတာလဲ။ လျှောက်ဆော့မနေနဲ့ ငါ့ရဲ့နောက်မှာ ပြန်ရပ်နေ”

ဝမ်ချောင်က မကြားသလိုသာ ပြုမူသည်။ သူ၏အကြည့်ကမူ ရှန်ယွီကျုံ့ထုံးထံမှ မခွာချေ။

မိုးက ဆက်လက် ကျဆင်းနေသည်။ သို့သော် ဝမ်ချောင်ကမူ သူ၏ကြယ်တာရာစွမ်းအင်ကိုသုံးပြီး စာထံ ရေမစိုအောင် လုပ်ထားသည်။ သူ့တွင် အချိန်မရှိချေ။ လေထဲတွင်လည်း တိုက်ခိုက်သံများက ပြည့်နှက်နေသည်။

သူမလာခင်ကတည်းက ရှန်ယွီကျုံ့ထုံးက အမိန့်ကို မငြင်းဆန်လောက်ဟု တွေးခဲ့သည်။ သို့သော် ရှန်ယွီကျုံ့ထုံးက ငြင်းဆန်ခဲ့သော် ဝမ်ချောင်ကိုယ်တိုင်လည်း မတက်နိုင်တော့ချေ။

ဟေ့

ရှန်ယွီကျုံ့ထုံးက ဘာမှမကြားသလိုမျိုး သူ၏အကြည့်က စာနှင့်တံဆိပ်ပြားထံသာ ရောက်နေခဲ့သည်။ သူက အသက်ပြင်းပြင်း ရှုပြီးနောက် စိတ်ငြိမ်သွားသည်။ သူက ဝမ်ချောင်၏စာကို ဖွင့်ကြည့်ရန်ပင် မလိုအပ်ချေ။ ဒါက အရှင်ကျန်းချုံကျန့်ချုံးက ပေးလိုက်ခြင်းဖြစ်ကြောင်း သူသိနေသည်။

ဝမ်ချောင်က စာနှင့်တံဆိပ်ပြားကို တစ်ဖက်စီတွင် ကိုင်ထားသည်။ ရှန်ယွီကျုံ့ထုံးက အရှင်ကာကွယ်ရေး ဗိုလ်ချုပ်က ဆယ်ကျော်သက် တစ်ယောက်ကိုပင် ထိုသို့စာနှင့်တံဆိပ်ပြားကို လူပါးပြီး အနောက်တောင်ပိုင်း နယ်မြေတစ်ခုလုံး၏ အမိန့်အာဏာကို လွှဲအပ်ခဲ့မည်ဟု မမျှော်လင့်ထားမိချေ။ ထို့ပြင် တစ်ဖက်သူက အန်းနန်အစိုးရစစ်တပ်နှင့် မည်သို့သော ဆက်ဆံရေးမှ မရှိခဲ့ဖူးသူလည်းဖြစ်သည်။

အချိန်တစ်ခု ကြာသည်အထိ ရှန်ယွီကျုံ့ထုံး၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ပြည့်နှက်သွားသည်။ သူက ထိုစာနှင့် တံဆိပ်ပြားကို အလွန်အမင်း ရင်းနှီးသည်။ ထို့အပြင် တောင်ခြေမှ ထူးဆန်းသော လှုပ်ရှားမှုအကြောင်းကို ပြန်တွေးမိသောအခါ သူက ရုတ်တရက် နားလည်သွားသည်။

“မလိုအပ်ပါဘူး”

ရှန်ယွီကျုံ့ထုံးက ဝမ်ချောင်ပေးသောစာကို ပြန်တွန်းပို့လိုက်သည်။ သူ့အနေနှင့် ဖတ်ရန် မလိုအပ်တော့ချေ။ အရှင်ကျန်းချုံက သူ၏ကိုယ်ပိုင် တံဆိပ်ပြားကို ထိုလူငယ်ကို ပေးကတည်းက အဓိပ္ပာယ်က ရှင်းလင်းပြီးသားဖြစ်သည်။ စာက ရှင်းပြပေးရန်ပင် မလိုအပ်တော့ချေ။

“အရှင်ကျန်းချုံ အရှင်ကျန်းချုံက အမိန့်ပေးပြီးပြီ။ အရာအားလုံးက သခင်လေးပြောတဲ့ အတိုင်းပါပဲ။ အားလုံးပဲ ငါ့ရဲ့အမိန့်ကို နာခံကြ။ စစ်တပ်ကိုစုစည်းပြီး ဝိုင်းခံလိုက်ရတဲ့ အနေအထားကနေ ဖောက်ထွက်ကြ”

ရှန်ယွီကျုံ့ထုံးက သူ၏နောက်ဆုံးအမိန့်ကို ထုတ်လိုက်သည်။

ဝုန်း

တောင်ပေါ်မှ စစ်တပ်က လျှင်မြန်စွာ တုန့်ပြန်ကြသည်။ အားလုံးကလည်း အလွန်အမင်း တက်ကြွနေကြတော့သည်။

ရှန်ယွီကျုံ့ထုံးက ပျော်ရွှင်စွာဖြင့် နောက်ဆုံးအမိန့်ကို ဝမ်ချောင်ထံ အပ်လိုက်ခြင်းကပင် အံ့အားသင့်စရာ ကောင်းလွန်းသည်။ ဝမ်ရန်၊ ချန်းရှု့စွန်းတို့ အားလုံးကပင် မမျှော်လင့်ထားကြပေ။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကို နာခံကြ။ အဝိုင်းခံထားရတဲ့ နေရာကနေ လွတ်မြောက်အောင် ကြိုးစားစမ်း”

စိတ်ထဲတွင် ပျော်ရွှင်သွားသော ဝမ်ချောင်က သူ၏မြင်းဇာတ်ကြိုးကို ဆွဲပြီးနောက်တွင် တောင်အောက်သို့ ဒုန်းဆိုင်းပြေးဆင်းသည်။ သူကစစ်တပ်ကို ဦးဆောင်ကာ ဖောက်ထွက်ရန် ကြိုးစားရမည်ဖြစ်သည်။

ဝုန်း

ထိုသို့ဖြင့် အင်ပါယာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည့် အခြေအနေ... အနောက်တောင်ဘက်ပိုင်းမှ တင်းကြပ်နေသော လေထုအခြေအနေကို ဖောက်ဖျက်စေနိုင်မည့် တိုက်ပွဲက စတင်လေပြီ။

“သူဖြစ်နေမယ်လို့ မမျှော်လင့်ထားမိဘူး”

အမှောင်ထုထဲတွင် ဝမ်ချောင်က သူ့ကိုကျောဘက်မှ ကြည့်နေသော မျက်ဝန်းတစ်စုံကို သတိမထားမိချေ။ အစက အဆုံးအထိ ဝမ်ချောင်၏ တွက်ချက်မှုအားလုံးက ကြည်လင်ပြတ်သားသွားပြီဖြစ်သည်။

တိဗက်လူမျိုးများကို မည်သူအမိန့်ပေးနေမှန်းမသိဘဲ တိုက်ခိုက်သည့် ဝရုန်းသုန်းကား ဖြစ်စေသည့် ချောင်းမြောင်းတိုက်ကွက်ကို မည်သည့်အတွက်ကြောင့် စတင်ခဲ့ကြောင်းကို ထိုလူငယ်က တောင်ပေါ်မှ ဒုန်းဆိုင်းပြေးဆင်းသွားကတည်းက သိသာသွားပြီဖြစ်သည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်က သူ့ကို စစ်တပ်အာဏာကို လွှဲပြောင်းပေးခဲ့တာ အံ့သြစရာ မရှိတော့ဘူးပဲ”

ရှန်ယွီကျုံ့ထုံးက ဝမ်ချောင်၏ စွမ်းရည်အကြောင်းကို ကြားထားဖူးခဲ့သည်မှာ ကြာလှချေပြီ။ သို့တိုင် သူက ခုုံရုံးမူဝါဒများကို ကိုင်တွယ်မွှေနှောက်ရုံမျှသာ ကျွမ်းကျင်ခြင်းမဟုတ်ဟု မမျှော်လင့်ထားမိချေ။ သူက ပါရမီကြီးသော ဗိုလ်ချုပ်တစ်ယောက်လည်း ဖြစ်နေသေးသည်။

သူကိုယ်တိုင်ကပင် အနည်းငယ် အံ့အားသင့်ရသော်လည်း ကရုတစိုက် တွေးကြည့်ပြီးနောက်တွင် ရှန်ယွီကျုံ့ထုံးက စိတ်အေးသွားသည်။

အင်ပါယာမှ ကျော်ကြားသော ဗိုလ်ချုပ်တစ်ယောက်ထက်ပင် အမိန့်ပေးနိုင်စွမ်း ကိုင်စွာပိုင်ဆိုင်ထားသော ဆယ်ကျော်သက်တစ်ယောက် ဖြစ်နေသည်။ ဒါက မည်သူမှ လက်မခံနိုင်ဆုံးသော အချက်ဖြစ်နေသေးသည်ဟု ထင်ရသော်လည်း ဝမ်ချောင်ကို ရည်ညွှန်းလိုက်ချိန်တွင်မူ... ရှန်ယွီကျုံ့ထုံးက ယခင်မတော်တဆမှု အကြောင်းကို ပြန်တွေးမိသွားသည်။ ခြင်္သေ့မြို့တွင် စစ်သားများက ရုတ်တရက် မှော်ဆန်သလို ပေါ်လာပြီး လူအများကို ကယ်သွားခဲ့သည့်အကြောင်းကို ပြန်တွေးမိသော် သူစိတ်အေးသွားသည်။ မျှော်လင့်ထားစွာပင် ဝမ်ကလန်နှင့် အဖေနှင့်သား ရှိနေသေးသည်။

ရှန်ယွီကျုံ့ထုံးက စိတ်ထဲတွင် ခါးသီးစွာရယ်ရင်း သူကလည်း မြင်းဇာတ်ကြိုးကိုကိုင်ကာ တောင်ပေါ်မှ ဒုန်းဆိုင်း ပြေးဆင်းလိုက်သည်။

အစတွင် ရှန်ယွီကျုံ့ထုံးက အောက်ဘက်တွင် ချောင်းမြောင်းတိုက်ခိုက်ခြင်းက ဝမ်ရန်နှင့် သူ့သား ဝမ်ဖူမဟုတ်ဟု တွေးခဲ့မိသည်။ အဆုံးတွင် ဝမ်ကလန်မှ အဖေနှင့်သားသာ ဖြစ်နေသေးသည်။ ဝမ်ချောင်က ဝမ်ကလန်မှ သားတစ်ယောက် ဖြစ်နေသေးသည်။

အခန်း(၅၄၇)

ခြုံခိုတိုက်ခိုက်ခြင်း ဝမ်ရန်နဲ့ ရှန်ယွီကြားက မဟာမိတ်

“အရှေ့ဘက်က မြင်းတပ် ဘေးဘက်တွေက ဒိုင်းကာသမားတွေ ရှိနေရမယ်။ လှံသမားတွေက ရှေ့မှာနေ စစ်သည်တွေအားလုံး ရှေ့တက်ကြ”

“ဆရာသခင် လေးသည်တော်တွေ ကျေးဇူးပြုပြီး ငါ့ရဲ့အမိန့်အတိုင်း အချိန်မရွေး နာခံနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားကြပါ”

“အရှေ့ ဘယ်ဘက်ခြမ်းကို ခြေလှမ်းနှစ်ဆယ် တက်။ မြင်းတပ် ရှေ့ကို ဒုန်းစိုင်းတက်ပြီး အားလုံးကို လူစုခွဲဖို့ ကြိုးစားစမ်း”

“ညာဘက်ခြမ်း ခြေလှမ်းနှစ်ရာ့ဆယ်လှမ်း။ လေးသည်တော်တို့ အားလုံးပဲ ပစ်လွှတ်ကြတော့”

စစ်တပ်နှစ်ခုက ပူးပေါင်းသွားသောအခါ တောင်ပေါ်မှ နှင်းတုံးများ ကျောက်တုံးကြီးများ အရှိန်အဟုန် အပြည့်ဖြင့် ကျလာသကဲ့သို့ အရှေ့ရှိ အရာအားလုံးကို ထိုးခွဲဖျက်ဆီး ဖိချသွားတော့သည်။ အရေအတွက် အရဆိုလျှင် အန်းနန်အစိုးရစစ်တပ်က မည်သည့်နည်းနဲ့မှ တိဗက်စစ်တပ်ကို မယှဉ်နိုင်ချေ။ အရှေ့မြောက်ဘက်ပိုင်းတွင်ဆိုလျှင် မဟာထန်က တိဗက်လူမျိုးများထက် အရေအတွက် အားနည်းသည်။

သို့သော် ဝမ်ချောင်၏ အမိန့်က ရန်သူကို အထိတ်တလန့် ဖြစ်သွားစေလေပြီး တိဗက်လူမျိုးများက စတင်ကာ ခုခံရန် မကြိုးစားနိုင်ခင်မှာတင် ဝမ်ချောင်ကြောင့် ကြားဖြတ်ကာ သုတ်သင်ခံလိုက်ရတော့လေသည်။

ရှန်ယွီကျုံ့ထုံးနှင့် သူ၏အင်အားစုက မည်သည့် ခုခံမှုကိုမှ မတွေ့ရလုနီးပါးဖြင့် တောင်ပေါ်မှ ရေစီးလာသကဲ့သို့ တောက်လျှောက် ဆင်းလာပြီး တောင်ခြေသို့ ရောက်သွားကြသည်။

စစ်သည်တစ်သိန်း ဝန်းကျင်က ဒုန်းစိုင်းဆင်းလာသည့် အချိန်တွင် အရှေ့မြောက်ဘက်ပိုင်းမှ တိဗက်များက အပြီးအတိုင် ချေမှုန်းခံရခြင်း၊ တောင်ပေါ်မှ တောင်ခြေသို့ လမ်းတလျှောက် ရေများစီးကျလာသလိုမျိုး အလုံးအရင်းဖြင့် ဖယ်ရှားခံရခြင်းတို့ဖြင့် ကြုံဆုံရတော့လေသည်။

“မျိုးမစစ်တွေ”

အဝေးမှ လုံချင်ပါ့က ဒေါသတကြီးဖြင့် မျက်လုံးများ နီရဲကာ အော်ဟစ်ကျုံးဝါးသည်။ သူက ဒီအခြေအနေကို မသိချိန်တွင် မြင်းစီးကာ ဒုန်းစိုင်းလာသည်။ သို့ရာတွင် ထိုသို့ ဒုန်းစိုင်းလာနေသည့်တိုင်အောင် သူ့အနေဖြင့် တိုက်ပွဲသို့ အချိန်မီ မရောက်နိုင်ချေ။ တစ်လမ်းလုံးသူက အထိတ်တလန့်ဖြစ်ပြီး ထွက်ပြေးနေသော တိဗက်မြင်းတပ်များကိုသာ ရင်ဆိုင်နေရသည်။

တစ်ယောက်နှစ်ယောက်ခန့် ထွက်ပြေးခြင်းက မထူးခြားချေ။ သို့သော် ထောင်ပေါင်းများစွာက ထွက်ပြေးသည့်အခါ အသားကုန်စီးလာသောရေကို သူတို့က ဆန်ကာ တစ်ဖက်သို့ ကူးခတ်နေရသကဲ့သို့ ဖြစ်လာသည်။ သူကဲ့သို့ ကျော်ကြားသော ဗိုလ်ချုပ် လုံချင်ပါ့ကပင် ကူကယ်ရာမဲ့ရသည်။

ထွက်ပြေးလာသော ခြောက်ယောက်၊ ခုနှစ်ယောက်ခန့်ကို သတ်ဖြတ်ပြီးနောက်တွင် ထိုနေရာတွင် သူရပ်တန့်လိုက်ရသည်။ သူက တိုက်ပွဲဖြစ်ရာနေရာသို့ ချဉ်းကပ်ရန် မဆိုထားနှင့် ကစဉ့်ကလျား ထွက်ပြေးနေကြသော လူအများကြားတွင်ပင် ထိုသို့ရပ်တန့်ကာ ရှေ့ဆက်မတိုးနိုင်တော့ချေ။ လုံချင်ပါ့က တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်အထိ ဒေါသထွက်နေသည်။

တိဗက်တောင်ပေါ်ဒေသမှ တောင်ပိုင်းဒေသသို့ တောက်လျှောက်ဆင်းလာသည့် ခရီးလမ်းတစ်လျှောက်တွင် လုံချင်ပါ့အနေဖြင့် စိတ်ကြိုက် ထင်ရာလုပ်နိုင်ခဲ့သည်။ သို့သော် ယခုမူ သူ၏နတ်ဘုရားတမျှ ပြင်းထန်သော အင်အားက ထုတ်ဖော်ရန် အခွင့်မရှိခဲ့ချေ။

“ဒီသောက်ကျိုးနည်း ထန်တွေ ပြေးစမ်း ထွက်ပြေးစမ်းပါ။ မင်းတို့ အယောက်တစ်သိန်း အင်အားစုက တောင်တွေပေါက်ပြီး တောင်ပေါ်ဒေသကနေ ထွက်ပြေးနိုင်မလား ငါကြည့်မယ်”

လုံချင်ပါ့၏ နှလုံးသားထဲတွင် ဒေါသမီးတောက်များက ဆက်တိုက် တောက်လောင်နေသည်။ သူကအဝေးရှိ ထန်စစ်တပ်ကို မီးများဖြင့် ပစ်ခတ်တော့မတက် စူးစိုက်ကြည့်လိုက်သည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကို နာခံကြ။ စစ်သည်တွေအားလုံးက မြောက်ဘက်ပိုင်းကို ချိုးဖျက်ဝင်ရောက်သွားရမယ်။ ဘယ်သူမှ ရပ်တန့်လို့မရဘူး”

တစ်ချိန်ထဲနီးပါး ဝမ်ချောင်က အလျင်စလို အမိန့်ထုတ်လိုက်ပြီးနောက်တွင် မြောက်ဘက်ပိုင်းသို့ ဦးတည်၍လာသည်။

“သခင်လေး အမှန်တိုင်းပြောရရင် ကျွန်တော်တို့ ဒီလောက်ထိ အလျင်လိုဖို့ မလိုအပ်ပါဘူး”

ရုတ်တရက် ဝမ်ချောင်ဘက်မှ အသံထွက်လာသည်။ အသက်လေးဆယ် ဝန်းကျင်ရှိသော အန်းနန်အစိုးရ စစ်တပ်မှ အသားမည်းမည်းနှင့် ဗိုလ်ချုပ်တစ်ယောက်၏ အကြည့်က အဝေးရှိ ကစဉ့်ကလျား ထွက်ပြေးနေသော တိဗက်အင်အားစုများကိုကြည့်ပြီး လေးနက်စွာ ပြောလာသည်။

“အခုကျွန်တော်တို့ရဲ့ စစ်တပ်က တစ်စုတစ်စည်းထဲ ဖြစ်သွားပြီ။ အရေအတွက်ကလည်း တိဗက်လူမျိုးတွေကို ယှဉ်နိုင်နေပြီ။ တိဗက်လူမျိုးတွေက ထွက်ပြေးပြီး ကစဉ့်ကလျား ဖြစ်နေတဲ့ အခြေအနေက ကျွန်တော်တို့အတွက် မျက်နှာသာ အပေးခံရတာပဲ။ ဖြစ်နိုင်တာက ကျွန်တော်တို့တွေ နောက်လှည့်ပြီး သူတို့ကို တိုက်ခိုက်လိုက်ပြီး ဒီတိဗက်တွေကို ပြင်းပြင်းထန်ထန် ရှုံးနိမ့်သွားအောင် လုပ်လိုက်နိုင်လောက်တယ်”

သူယခင်က ထိုသို့သော အကြံမျိုးကို မပြောရဲလောက်ချေ။

သို့သော် ဝမ်ချောင်က တိဗက်စစ်တပ်ကို မည်သို့ မောင်းထုတ်နိုင်ပြီး အမြစ်ဖြတ် သုတ်သင်နိုင်ခဲ့ကြောင်းမြင်သော် အားလုံးက ကစဉ့်ကလျားဖြင့် ထိုသို့ထွက်ပြေးနေရကြောင်း မြင်သော် ထိုအကြံကိုမပြောဘဲ မနေနိုင်တော့ချေ။ တိဗက်လူမျိုးများကို ရှုံးနိမ့်အောင်လုပ်ပြီး ဟော်ရှု့ဟွေ့ခမ်းကို ရှုံးနိမ့်အောင် လုပ်ခြင်းက မဟာထန်အတွက် ကြီးမားသော အောင်နိုင်မှုကြီး ဖြစ်သွားပြီး စစ်တပ်တစ်ခုလုံးက တက်ကြွသွားကြပေလိမ့်မည်။

“ခင်ဗျားက အရှင်ရှန်ယွီရဲ့ လက်အောက်က ဗိုလ်ချုပ်တွေထဲက တစ်ယောက်မဟုတ်လား”

ဝမ်ချောင်က သူ၏ဖခင်နောက်သို့လိုက်သော် အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်များ အားလုံးကို ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပြီး မျက်နှာများကိုလည်း ထင်ထင်ရှားရှား မှတ်မိနေသည်။ သို့သော် ထိုဗိုလ်ချုပ်ကိုမူ ဝမ်ချောင်က တစ်ကြိမ်သော်မျှ မမြင်ခဲ့ဖူးချေ။

“ဒါက ဟုတ်ပါတယ်”

ထိုအသားမည်းမည်းနှင့် ဗိုလ်ချုပ်က ခေါင်းမညိမ့်ခင် အနည်းငယ် ကြောင်သွားသေးသည်။ သူကလည်း ဝမ်ချောင်က ထိုသို့မေးလာသည့်အတွက် ကြောင်သွားသည်။

“အာ တကယ်တော့ ကျွန်တော် ခင်ဗျားကို အပြစ်မတင်ပါဘူး။ ကျွန်တော် မေးပါရစေအုံး။ တိဗက်လူမျိုးတွေက နယ်မြေလေးခုလုံးကို သူတို့ရဲ့ စစ်သားတွေကို ဖြန့်ကျက်ထားတယ်။ အရှေ့မြောက်ဘက်ပိုင်းက တိဗက်တွေက အခုလို ကစဉ့်ကလျားနဲ့ ထွက်ပြေးသွားကြပေမဲ့ အခြားအနောက်တောင်ဘက်ပိုင်း အနောက်မြောက်ဘက်ပိုင်းက တိဗက်လူမျိုးတွေကို ဘယ်လိုလုပ်ကြမလဲ။ ခင်ဗျားသူတို့ရဲ့ဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းနဲ့ လုံချင်ပါ့ကိုရော ဒီတိုက်ပွဲထဲမှာ မြင်ခဲ့သေးရဲ့လား”

ဝမ်ချောင်က ပေါ့ပါးစွာပြောသည်။

“မမြင်ခဲ့သေးပါဘူး။ ကျွန်တော်ဒီလိုမျိုး မပြောခဲ့သင့်ဘူး”

ထိုဗိုလ်ချုပ်က ရှက်ရွှံ့စွာပြောသည်။

“ကျွန်တော်တို့က လေးဘက်ထဲက တစ်ဖက်ကို ရှင်းလင်းလိုက်နိုင်ကတည်းက လုံချင်ပါ့က မပေါ်လာသေးဘူး။ ဟော်ရှု့ဟွေ့ခမ်းကလည်း မရောက်လာသေးဘူးဆိုတော့ သူတို့ကို နိုင်ပြီလို့ ပြောကိုမပြောသင့်ဘူး။ ဒါ့အပြင် ခင်ဗျားမေ့နေတာက မာန်ရှဲ့ကျောင်းရဲ့ စစ်သည်သုံးသိန်းက အသင့်စောင့်နေသေးတယ်ဆိုတာပဲ။ ကျွန်တော်တို့က တိဗက်လူမျိုးတွေနဲ့ တိုက်ပွဲဲဖြစ်နေခဲ့ပြီး နှစ်ဖက်လုံးက ပြင်းပြင်းထန်ထန် ရှု့းနိမ့်သွားတဲ့အချိန်မှာ မာန်ရှဲ့ကျောင်းက ရုတ်တရက် ပေါ်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။ အနောက်တောင်ဘက်ပိုင်းက ပြည်သူတွေက ဘာဖြစ်သွားကြမလဲ။ အန်းနန်အစိုးရစစ်တပ်ရဲ့ အဓိကတာဝန်ကို ခင်ဗျားမေ့သွားတာလား”

ဝမ်ချောင်၏အသံက ခက်ထန်သထက် ခက်ထန်လာသည်။

အန်းနန်က တောင်ပိုင်းကို ကာကွယ်ရမည့် စစ်တပ်ဖြစ်သည်။

အစိုးရစစ်တပ်ဆိုသည်မှာ စစ်အတွက်ကြောင့် သီးသန့်တည်ရှိနေခြင်း မဟုတ်ဘဲ ပြည်သူများကို ကာကွယ်ရန်အတွက်ဖြစ်သည်။ ထိုစစ်ပွဲများအားလုံး၏ အဆုံးစွန်သော ပန်းတိုင်က ဦးတည်ရာတစ်ခုထဲဖြစ်သည်။ ကာကွယ်ရန်ဖြစ်သည်။ အန်းနန်၏ အဓိကရည်ရွယ်ချက်ပင်ဖြစ်စေ၊ အန်းပင်၊ အန်းတုံ၊ အန်းရှီ အားလုံး၏ အဓိက ရည်ရွယ်ချက်က တစ်ခုထဲဖြစ်သည်။ တိုက်ပွဲထဲသို့ စစ်သည်တော်များ အားလုံးက အသက်ကိုရင်းကာ စတေးထားခြင်းကလည်း သူတို့၏ ပုခုံးပေါ် ရောက်နေသော တာဝန်ကို မမေ့ရန်အတွက်ဖြစ်သည်။

ထိုအသားမည်းသော အန်းနန်အစိုးရ စစ်တပ်အရာရှိ၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားပြီး အချိန်အတန်ကြာသည်အထိ စကားမပြောနိုင်တော့ချေ။

“သွားစို့ မဟာထန်က ယွီစန်းနဲ့ မာန်ရှဲ့ကျောင်းကို တစ်ရက်တော့ တိုက်ခိုက်မှာပါ။ ဒါပေမဲ့ အခုမဟုတ်ဘူး။ သူတို့ကလည်း သူတို့ရဲ့ လှုပ်ရှားမှုအတွက် သေချာပေါက် တန်ကြေး ပေးဆပ်ရမယ်။ ဒါပေမဲ့ အခုတော့မဟုတ်ဘူး”

ထိုစကားကို ပြောပြီးနောက်တွင် ဝမ်ချောင်က မြင်းကိုအပြေးနှင်သည်။ သူ့တွင် ကိုင်တွယ်ရန် ကိစ္စပေါင်းများစွာက ရှိနေသည်။

“သခင်လေး ကျွန်တော်တို့ လုံချင်ပါ့ကို ဘယ်လိုလုပ်ကြမလဲ”

ချန်းရှုစွန်းက အသားမည်းမည်းနှင့် ဗိုလ်ချုပ်ကို ကြည့်ပြီးနောက်တွင် အနောက်မှ ကပ်ပါလာသည်။ သူက ဝမ်ချောင်က ထိုဗိုလ်ချုပ်ကို ပြောသည့်အချိန်တွင် အရာအားလုံးကို ကြားလိုက်ရသည်။ သို့သော်သူက စိတ်မလှုပ်ရှားဘဲ စိုးရိမ်လာရသည်။

“ကျွန်တော်တို့အနေနဲ့ ဟော်ရှု့ဟွေ့ခမ်းကို အဝေးကို ခြောက်လိုက်နိုင်ပေမဲ့ လုံချင်ပါ့နဲ့ အခြားဗိုလ်ချုပ်တွေက ကိုင်တွယ်ရ မလွယ်ကူဘူး။ လုံချင်ပါ့က ဟော်ရှု့ဟွေ့ခမ်းလောက် အင်အားမကြီးပေမဲ့ ကွာခြားမှုက အရမ်းကြီးမားတာ မဟုတ်ဘူး။ သူပဲဖြစ်ဖြစ် အခြားတိဗက် ဗိုလ်ချုပ်တွေပဲဖြစ်ဖြစ် အချိန်မရွေး ရောက်လာနိုင်တယ်”

“စိုးရိမ်ဖို့မလိုဘူး။ သူဒီနေရာကို မရောက်လာနိုင်ဘူး”

ဝမ်ချောင်ကရယ်ပြီး ခပ်အေးအေး လက်ယမ်းပြသည်။

“အာ”

ချန်းရှုစွန်းက စွံ့အသွားပြီးနောက်တွင် ဝမ်ချောင်ကို အံ့အားတကြီး စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“ခင်ဗျားသတိမထားမိသေးဘူးလား ကျွန်တော်က တိဗက်လူမျိုးတွေကို ဘယ်နဲ့ညာ ထိန်းချုပ်ထားပြီးသား။ နှစ်ဖက်လုံးကသာ ကစဉ့်ကလျားနဲ့ ထွက်ပြေးနေသမျှ ကာလပတ်လုံး လုံချင်ပါ့က ဘယ်လောက်ပဲ အသည်းအသန်လာလာ ဒီနေရာကို မရောက်လာနိုင်ပါဘူး။ ဒါ့အပြင် ဟော်ရှု့ဟွေ့ခမ်းက အနောက်တောင်ဘက်ပိုင်းကို ဦးတည်နေပြီး စစ်တပ်ရဲ့ အလယ်ဗဟ်ိုနေရာမှာ သူ့အစား လူလွှတ်ထားခဲ့လိမ့်မယ်။ အဲ့ဒီလူက သေချာပေါက် လုံချင်ပါ့ပဲ။ သူနဲ့ကျွန်တော်တို့ရဲ့ အကွာအဝေးအရဆိုရင်... ကျွန်တော်က သူ့အတွက် ဒိုင်းကိုတောင် ကြိုတင်ပြင်ဆင်ပေးထားတယ်။ ကျွန်တော် ဆန္ဒရှိသမျှ အဲ့ဒီဒိုင်းက သူ့ကိုဆက်လက်ပြီး ထိန်းထားနိုင်တယ်”

ဝမ်ချောင်က ထိုသို့ပြောသည်။

ချန်းရှုစွန်း၏ အကြည့်က ဝမ်ချောင်နှင့် အဝေးရှိ ကစဉ့်ကလျား ပြေးလွှားနေသော တိဗက်လူမျိုးများထံ ရောက်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

သူကဒီလောက်ထိတောင် လုပ်နိုင်မယ်လို့ ငါမထင်ထားဘူး။

ချန်းရှုစွန်းက ဝမ်ချောင်၏အမိန့်က အသေးစိတ်ကျပြီး သေချာတွက်ဆကာ ပစ်မှတ်ထားနိုင်သည့်အပြင် အချိန်ကိုက် လုပ်နိုင်ကြောင်းကို သတိထားမိပြီးသားဖြစ်သည်။ သို့သော် ဝမ်ချောင်က တိဗက်စစ်တပ်၏ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်သည်အထိ အမိန့်ထုတ်နိုင်မည်ဟု မမျှော်လင့်ထားမိချေ။ ဟော်ရှု့ဟွေ့ခမ်းက ယွီစန်းမှ အလွန်အမင်း အင်အားကြီးမားမှုဖြင့် ကျော်ကြားလှသော မဟာဗိုလ်ချုပ် တစ်ယောက်ဖြစ်သည်။ သူက အနောက်တောင်ဘက်ပိုင်းမှ အာဏာအကြီးဆုံးလူလည်းဖြစ်သည်။ လုံချင်ပါ့ကမူ ဟော်ရှု့ဟွေ့ခမ်း၏ လက်အောက်မှ ကြောက်မက်ဖွယ် အကောင်းဆုံးသော တည်ရှိမှုများထဲမှ တစ်ခုဖြစ်သည့် ကျားဗိုလ်ချုပ် ငါးယောက်ထဲက တစ်ယောက်ဖြစ်သည်။

သို့တိုင်အောင် ဝမ်ချောင်က နှစ်ယောက်လုံးကို အင်အားမဲ့အောင် လုပ်လိုက်နိုင်သည်။

ဒီတိုက်ပွဲတွင် ထိုနှစ်ယောက်က အလာနောက်ကျသွားခဲ့ပြီး ချဉ်းကပ်၍ပင် မရနိုင်တော့ချေ။ ဒီလိုဗျူဟာမျိုးနှင့် နားလည်နိုင်စွမ်းအားက အနုပညာဟု ဖော်ပြရန် ပြောင်မြောက်လွန်းနေသည်။

ထိုအချက်က ချန်းရှုစွန်းကို ယခင်က တိုက်ပွဲနယ်မြေက သွေးအေးရက်စက်ပြီး အကြင်နာမဲ့သော နေရာအဖြစ် နားလည်မှုထက် တစ်ဆင့်ပိုပြီး ထင်မြင်ချက်အသစ်ဖြင့် မြင်သွားနိုင်စေသည်။

ချန်းရှုစွန်းက တစ်စုံတစ်ယောက်၏ အမိန့်ပေးနိုင်စွမ်းရည်က ထိုအဆင့်ထိ ရောက်နေမည်ဟုပင် မထင်ထားမိချေ။

“သွားစို့ ကျွန်တော်တို့မှာ အချိန်အများကြီးမရှိဘူး”

ဝမ်ချောင်ကပြောသည်။

ထိုအမိန့်နှင့်အတူ မြင်းတပ်များ အားလုံးက မိုးသည်းကို ကျော်ဖြတ်သည်။ ခြေလျှင်တပ်များကလည်း သူတို့ လက်လှမ်းမီသမျှ မြင်းများကို ဖမ်းဆွဲလာခဲ့ကြသည်။ ထိုအချိန်တွင် ခြေလျှင်တပ်များ အားလုံးကလည်း မြင်းတပ်များ ဖြစ်လာကြသည်။

“ထွက်ကြ”

နောက်ဆုံးတစ်သုတ်က ထွက်ခွာပြီးသောအခါ ဝမ်ချောင်နှင့် အရာရှိများ အားလုံးက လျှင်မြန်စွာဖြင့် ထွက်ခွာသွားကြသည်။ ထိုအချိန်တွင် တိဗက်လူမျိုးများက ကစဉ့်ကလျား ဖြစ်နေပြီး တိုက်ခိုက်နိုင်စွမ်းအားက မဲ့နေကြသေးပြန်သည်။ ဝမ်ချောင်က ဖုန်မြင်းသိုး ချီစက်ကွင်းကို အဆုံးအစွန်ဆုံးအဆင့်အထိ ဖြန့်ကျက်ထားကာ စစ်ချီစက်ကွင်းကို အရေးပါဆုံးအပိုင်းမှ ပါဝင်နေသဖြင့် ဝမ်ချောင်၏ အင်အားစုက ညနက်အတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားချိန်တွင် အခြားသော နယ်မြေများမှ တိဗက်လူမျိုးများက မရောက်လာကြသေးချေ။

ဝုန်း

ဝမ်ချောင်က မိုးသည်းကို ကျော်ဖြတ်လျှက် သူ၏ကြယ်တာရာ စွမ်းအားများကို ပြင်းထန်သော ပေါက်ကွဲစွမ်းအား အပြည့်ဖြင့် လွှတ်ထုတ်လိုက်ပြီး သိပ်မကြာခင် အချိန်တွင် တိဗက်မြင်းတပ် အယောက်နှစ်ဆယ်ကျော်က လွင့်ထွက်သွားသည်။ လုံချင်ပါ့က ပြာနှမ်းနေသော မျက်နှာနှင့် ထိုနေရာတွင် ပေါ်လာသည်။

“ငါ့ရဲ့လမ်းက ဖယ်ကြစမ်း”

လုံချင်ပါ့က ဒေါသတကြီး အော်ဟစ်သည်။ ထိုအော်ဟစ်သံက ကောင်းကင်ထိတိုင် ပျံ့နှံ့သွားသည်။

ဝှစ်

သူက ဝမ်ချောင်တို့ အင်အားစု ထွက်ပြေးသွားသောဘက်သို့ ကြည့်လိုက်သည်။ လုံချင်ပါ့က ချက်ချင်းလိုလို ရှေ့တိုးပြီး အနီးအနားရှိ တိဗက်လူမျိုး တစ်ယောက်၏ မြင်းတစ်ကောင်ကို ဖမ်းဆွဲကာ အလွယ်တကူ ကပ်လျှက် ချက်ချင်းလိုလို ကျန်းနှစ်ဆယ်အကွာကို ကျော်ဖြတ်လာတော့သည်။

“အားလုံးပဲ ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြ။ ငါ့ရဲ့အမိန့်ကို မနာခံတဲ့လူတိုင်းက စစ်စည်းမျဉ်းအရ အရေးယူခံရမယ်။ ဒီသောက်ကျိုးနည်းထန်တွေ ဘယ်လောက်ထိ ပြေးနိုင်မလဲ ကြည့်ရအောင်”

ထိုအမိန့်နှင့်အတူ လုံချင်ပါ့က သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ကောင်းကင်ထိတိုင် ဒုန်းစိုင်းတက်မည့်အလား အသားကုန် အပြေးနှင်လာခဲ့လေရာ ဖုန်နှင့် အညစ်အကြေးများက အဝေးတွင် လွင့်ထွက်ကုန်တော့သည်။

သူ၏အနောက်မှလည်း တိဗက်မြင်းတပ် ထောင်ကျော်က အနီးကပ် ကပ်ပါလာသည်။ အားလုံးသော မြင်းများကလည်း ညအမှောင်အတွင်း ဝင်ရောက်လာသည်။

“သူတို့နောက်ကိုလိုက်ကြ ငါဒီမျိုးမစစ်တွေ အားလုံးကို သေစေချင်တယ်”

လုံချင်ပါ့က သူ၏ညာဘက်လက်က ကျောနောက်သို့ ရောက်သွားပြီး အလွန်အမင်း ကြီးမားသော ဓားမောက်ရှည်ကို လှမ်းဆွဲလိုက်သည်။ လက်ကိုင်ကပင် လူလက်ဝါးစာတမျှ ကြီးမားလေသည်။ သို့သော် ဒါက သာမာန်တိဗက်လူမျိုးများ အသုံးပြုသော ဓားမောက်ရှည်ဆိုသည်ထက် ဗဟိုပြင်ကျယ်မှ မြင်းသတ်သော ဆေဘာများနှင့်ပင် ပို၍ပုံစံတူသည်။

“ဗိုလ်ချုပ်ရဲ့နောက်ကလိုက်ကြ”

“နောက်မှာ ကျန်ရစ်နေခဲ့ရဲတဲ့ ဘယ်သူမဆို စစ်စည်းကမ်းအရ အရေးယူခံရမယ်”

“လိုက်ကြစမ်း ယွီစန်းတွေက ငကြောက်တွေမဟုတ်ဘူး။ အားလုံးပဲ ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြ”

လုံချင်ပါ့၏ အမ်ိန့်အောက်တွင် အရာရှိများအားလုံးက ထပ်ဆင့်ထုတ်သည်။ သူတို့၏ အမိန့်အောက်တွင် လုံချင်ပါ့က မြင်းတပ်ခုနှစ်ထောင်မှ ရှစ်ထောင်အထိ စုစည်းနိုင်ပြီး အားလုံးကို လိုက်ပါလာစေသည်။ လေကပင် ပြင်းထန်သည့် တွန်းအားကို ဖြစ်ပေါ်စေသည်။

စစ်မြင်းများက ရှေ့ကိုဒုန်းဆိုင်း အပြေးနှင်နေကြသည်။ တိဗက်လူမျိုးများ အားလုံးက လုံချင်ပါ့၏ ဆင့်ခေါ်မှုအောက်တွင် စုစည်းလာကြသည်။ အန်းနန်အစိုးရ စစ်တပ်ကမူ လွတ်မြောက်နိုင်မည်ဆိုသည့် အရေးကို မသေချာတော့ချေ။

“ဗိုလ်ချုပ် ကျွန်တော်တို့ လာကယ်ပါရစေ”

တစ်ဖက်မှ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော စစ်တပ် လေးထောင် ငါးထောင်ခန့်က ရောက်လာပြီးနောက်တွင် အော်ဟစ်ကာ အမိန့်ပေးကြသည်။ သူတို့က အရှေ့တောင်ဘက်ပိုင်းမှ လာဟန်ရသည်။ လုံချင်ပါ့က အံ့ကိုကြိတ်ပြီးအော်သည်။

“မျိုးမစစ်တွေ မြန်မြန်သွားကြစမ်း သူတို့ကို မလွတ်စေနဲ့”

“ဟုတ်ကဲ့အရှင်”

အမှောင်ထုထဲတွင် ဗိုလ်ချုပ်တစ်ယောက်၏ အသံက ထွက်လာသည်။

ထိုတစ်ယောက်က ပြောလိုက်ချိန်တွင် လုံချင်ပါ့၏ ကိုယ်မှ အမွှေးတိုင်းက ထောင်တက်သွားသလို ခံစားရပြီး နှလုံးသားထဲတွင်ပင် ဆိုးရွားသည့် ခံစားချက်ကို ရလိုက်သည်။ ပထမစကားက အဆင်ပြေသည်။ သို့သော် နောက်ပိုင်းမှ စကားကမူ အတန်ငယ် ထူးဆန်းပြီး ရေရွတ်သလို ယောင်ဝါးဝါးဖြစ်သွားသည်။ တိဗက်လူမျိုးများက ထိုသို့သော လေသံမျိုးဖြင့် မပြောတတ်ချေ။

သို့သော် လုံချင်ပါ့က အပြည့်အဝ မတွေးနိုင်ခင်မှာတင် တစ်ဖက်မှ စစ်သည်များက ရောက်လာနှင့်ပြီဖြစ်သည်။ သူ့ထံ လျှင်မြန်စွာဖြင့် ချဉ်းကပ်နေပြီဖြစ်သည်။ သူ၏ ကျောသို့ ထက်ရှသည့် တစ်စုံတစ်ရာက ထိုးစိုက်သွားသလိုမျိုး ခံစားလိုက်ရလေသည်။ သူ့ကိုအဝေးမှ တစ်စုံတစ်ရာက ချိန်ထားသလိုမျိုး ခံစားချက်မျိုးဖြစ်သည်။

လုံချင်ပါ့၏ စိတ်က တုန်ယင်သွားသည်။

“သေစမ်း ဒါကထန်တွေပဲ”

သူက မိုးကြိုးပစ်ခံရသလိုမျိုး ဖြစ်သွားပြီး လုံချင်ပါ့က ချက်ချင်းလိုလို အခြေအနေကို နားလည်လိုက်သည်။

ထန်တွေ

ထူးဆန်းသော တိဗက်လေသံဖြင့် ပြောလိုက်သော ထိုတိဗက်က ထန်ဖြစ်နေသည်။

တိဗက်လူမျိုးများအသွင် ရုပ်ဖျက်ထားသော ထိုထန်များက သိပ်မကြာခင်ကပင် ချောင်းမြောင်းတိုက်ခိုက်ခဲ့ဖူးပြီးသား ဖြစ်သည်။ သို့သော် လုံချင်ပါ့က ဒီလိုအခြေအနေမျိုးတွင် ကောက်ကျစ်စွာဖြင့် အနီးကပ် လာလိမ့်မည်ဟု မမျှော်လင့်ထားရဲချေ။

“ဒီမျိုးမစစ်တွေကတော့”

လုံချင်ပါ့၏ မျက်နှာက ရှုံ့မဲ့သွားပြီးနောက်တွင် အလွန်အမင်း ခက်ထန်စွာ အံ့ကိုကြိတ်လိုက်ကာ ပေါက်ကွဲတော့မတက် ဖြစ်လာသည်။ သူ၏ရန်သူက ကောက်ကျစ်လွန်းပြီး သူ၏မျှော်လင့်ထားမှုနှင့် ကျော်လွန်လောက်အောင် မောက်မာလွန်းသည်။ သူတို့က မည်သည့်နည်းနှင့်မဆို သူတို့ကို အနားမနေချင်တော့ဟန်ရသည်။ သို့ရာတွင်လည်း သူ့ကိုရင်ဆိုင်မည့် ထိုနည်းလမ်းများကို တစ်ဖက်က တွေးမိခြင်းက သူတို့ကိုယ်သူတို့ အရူးလုပ်ခံချင်နေ၍ ဖြစ်ရပေမည်။

“မင်းတို့က ကိုယ့်အင်အားကိုယ် မသိတာပဲ သွားသေလိုက်တော့”

လုံချင်ပါ့က ဒေါသထွက်သွားပြီးနောက်တွင် သူ၏ပြင်းထန်သော ဓားမောက်ရှည်ကြီးဖြင့် ခုတ်ချလိုက်သည်။

ဝုန်း

အလွန်အမင်း ထုထည်ကြီးမားသော အနက်ရောင်နှင့် ရွှေရောင် ရောယှက်နေသော နဂါးတစ်ကောင်က လုံချင်ပါ့၏အနောက်တွင် ထွက်ပေါ်လာသည်။ အမြှီးကို ဖြတ်ကနဲ ယမ်းပြီးနောက်တွင် ခမ်းနားသော ဆေဘာစွမ်းအင်များအဖြစ် ပြောင်းလဲသွားသည်။

ဝုန်း

ဆေဘာစွမ်းအင်က ဆင်းသက်လာချိန်တွင် လုံချင်ပါ့ မျှော်လင့်သကဲ့သို့ မြင်းများက ဟီကာမြောက်တက်ခြင်း ပြုရမည့်အစား ဆေဘာစွမ်းအင်ကို တားဆီးသော တစ်စုံတစ်ရာကြောင့် ဝုန်းကနဲ ပေါက်ကွဲသွားသည်။

“ဗိုလ်ချုပ်လုံရဲ့ ပြောင်မြောက်တဲ့ ဆေဘာစွမ်းအင်ပဲ။ လာပါ ငါ့ရဲ့လက်သီးကိုပဲ မြည်းကြည့်စမ်းပါ”

လေထဲတွင် အသံတစ်သံ ထွက်လာပြီး လုံချင်ပါ့ထံ မုန်တိုင်းတစ်ခုက တိုက်ခတ်လာသည်။

ဝမ်ရန်

လုံချင်ပါ့က ထိုအသံကြောင့် ဖြူဖျော့သွားသည်။ သူက မတုန့်ပြန်နိုင်ခင်မှာတင် နောက်ထပ်အသံက ထွက်လာသည်။

“ဗိုလ်ချုပ်လုံ ငါလည်းဒီမှာရှိပါတယ်”

ထိုအသံက ရှန်ယွီကျုံ့ထုံး၏ အသံဖြစ်သည်။

ဒါကခြုံခိုတိုက်ခိုက်တာပဲ။

ချက်ချင်းလိုလို လုံချင်ပါ့၏ မျက်နှာက စက္ကူတစ်စလို ဖြူစုတ်သွားတော့သည်။ ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ ထွက်သွားခြင်းကို သူကမြင်ခဲ့ရသည်။ သို့သော် မမျှော်လင့်ထားစွာပင် နောက်သို့ ကျန်ခဲ့ပြီး သူ့အား ခြုံခိုတိုက်ခိုက်နေသည်။

ဝုန်း

မြေကမာ္ဘ ကွဲလုမတက် တုန်ဟီးသံက ထွက်လာသည်။ လုံချင်ပါ့က သူ၏ဆေဘာစွမ်းအင်ကို ခုခံရန် ကြိုးစားလိုက်ရုံမျှသာ လုပ်လိုက်ပြီး ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ကြောင့် သူက လွင့်ထွက်သွားသည်။ လုံချင့်ပါ့၏ ဆေဘာစွမ်းအင်ကလည်း အားမနည်းချေ။ ကျားဗိုလ်ချုပ် ငါးယောက်ထံမှ တစ်ယောက်ဖြစ်သည့်အလျောက် လုံချင်ပါ့က သူ၏အင်အားတွင် ယုံကြည်မှုရှိပြီး ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့သာ မဟုတ်လျှင် လုံချင်ပါ့အနေဖြင့် အကြောက်အလန့်မဲ့ရဲသည်။ သို့သော် ထိုနှစ်ယောက်လုံးက မဟာထန်မှ ဗိုလ်ချုပ်ဟောင်းများ ဖြစ်နေသည့်အလျောက် သူ့ကိုလွှမ်းမိုးနိုင်စွမ်း ရှိသွားသည်။

ဝုန်း

ဆယ်ကျန်းအကွာသို့ လွင့်ထွက်သွားသော လုံချင်ပါ့က ကြီးမားသော ကျောက်အစွန်းတစ်ခုနှင့် ဆောင့်တိုက်မိပြီး ကျောက်အစွန်းတစ်ခုလုံးကို အပိုင်းပိုင်း ကွဲကြေသွားစေသည်။

အခန်း(၅၄၈)

နောက်ဆုံး ဟော်ရှု့ဟွေ့ခမ်းရဲ့ သတ်ဖြတ်လိုစိတ်

“အရှင်”

မမျှော်လင့်ထားသော ဘက်ထောင့်မှ ရုတ်တရက် တိုက်ခိုက်သည့်အခါ တိဗက်လူမျိုးများ အားလုံးက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ အဝေးသို့ ထွက်သွားပြီဟု အားလုံးထင်ထားကြသော မဟာထန်က သူတို့လူအဖြစ် ပြန်လည်ချောင်းတိုက်မည်ဟု မမျှော်လင့်ထားကြချေ။ ဦးဆောင်လာသော လူအများကပင် ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့ ဖြစ်နေကြသည်။ နှစ်ယောက်လုံးကလည်း မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းထက် အနည်းငယ်သာ နိမ့်ကျသည်။ တစ်ယောက်ထဲကို တိုက်ခိုက်ရန်အတွက်ပင် သူတို့က အချိန်အတန်ကြာ တောင့်ခံနိုင်ခဲ့ကြလျှင် ယခုမူ နှစ်ယောက်လုံးက ပူးပေါင်းပြီး လုံချင်ပါ့ကို ခြုံခိုတိုက်ခိုက်ကြသည်။ တစ်ချက်ထဲနှင့်တင် လုံချင်ပါ့က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလေပြီ။

“အရှင့်ကို ကာကွယ်ကြ”

“သေစမ်း ဒီထန်တွေက ယုတ်မာကောက်ကျစ်လွန်းတယ်”

“သူတို့ကို တားကြ”

“သူတို့ကိုသတ်ကြ”

ထန်များအားလုံးက ချက်ချင်းလိုလို တုန့်ပြန်ကြပြီး အားလုံးက အံ့အားတကြီးဖြစ်ရာ အနေအထားမှ ဒေါသတကြီးဖြင့် ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့ကို စဉ်းစားဆင်ခြင်ဉာဏ် မဲ့သလိုမျိုး ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားကြသည်။ သို့သော် သူတို့က အရှေ့သို့ မတက်နိုင်ခင်မှာတင် အန်းနန်အစိုးရစစ်တပ် မြင်းတပ် ထောင်ပေါင်းများစွာက သူတို့ထံ ထက်ရှသော ဓားများကဲ့သို့ ပြုံတိုးဝင်လာပြီး အားလုံးကို နှစ်ပိုင်းခုတ်ပိုင်းကြသည်။

“သတ်ကြ”

လေထဲတွင် မြင်းကဆုန်ပေါက်သံများက ထွက်ပေါ်လာသည်။ အန်းနန်အစိုးရစစ်တပ်မှ တိုက်ခိုက်မှုက မမျှော်လင့်ထားသောဘက်မှ ဝင်ရောက်လာခြင်းဖြစ်သည်။ လုံချင်ပါ့ကပင် သတိလက်လွတ် ခံလိုက်ရလေရာ သာမာန်စစ်တပ်များဆိုလျှင် ပြောရန်ပင် မလိုအပ်တော့ချေ။

ဝုန်း

စစ်မြင်းများက စစ်မြင်းများကို ခုတ်ပိုင်းသည်။ ဓားမောက်များက ဓားများကို မယှဉ်နိုင်တော့ချေ။ လက်သင့်မခံနိုင်တော့သော တိဗက်လူမျိုးများ အားလုံးက ဖြေးညှင်းစွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ ထန်၏ပြုံတိုးဝင်လာမှုကြောင့် စစ်သည်ခြောက်ထောင်၊ ခုနှစ်ထောင်ခန့်က ကစဉ့်ကလျား ဖြစ်သွားရပြန်သည်။

“သူ့ကိုသတ်”

ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့က လုံချင်ပါ့ထံ အေးစက်စွာ ကြည့်နေကြသည်။ ရီစန်း၏ ကျော်ကြားသော ထိုကြောက်မက်ဖွယ် ကျားဗိုလ်ချုပ် ငါးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ဗိုလ်ချုပ်လုံချင်ပါ့ကိုသာ သတ်နိုင်မည်ဆိုလျှင် တိဗက်စစ်တပ်တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ်က လျော့ကျသွားပေလိမ့်မည်။

ရွှံ့နှင့်ရေများက လွင့်ထွက်နေသည်။ မဟာထန်၏ အနောက်တောင်ဘက်ပိုင်းမှ ဗိုလ်ချုပ်နှစ်ယောက်လုံးက ကျားဗိုလ်ချုပ် ခေါင်းဆောင်ကို သေစေနိုင်သော ရိုက်ချက်ကို ထုတ်ဖော်လိုက်ကြသည်။

“အရှင့်ကိုကာကွယ်ကြ”

“ထန်တွေက အရှင့်ကို ဒုက္ခပေးတာကို ခွင့်ပြုလို့မဖြစ်ဘူး”

တခဏချင်းလိုလို တိဗက်အရာရှိများ အားလုံးက စိုးရိမ်သွားကြလေပြီး ရူးသွပ်စွာဖြင့် စစ်သည်များအားလုံးကို ဦးဆောင်ကာ ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့ထံသို့ ဦးတည်လာကြသည်။

လေထဲတွင် မြောက်များလှစွာသော တိဗက်နွားရိုင်း ပုံရိပ်များစွာ ထွက်ပေါ်လာကာ ထူးဆန်းသော သားရဲကြီးများအဖြစ် ပြောင်းလဲသွားကြသည်။

ကောင်းကင်တွင်လည်း ကြယ်တာရာစွမ်းအင်များက လွှမ်းခြုံသွားကာ ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ထံသို့ ရူးသွပ်နေသော မရေမတွက်နိုင်သော နဂါးများအလား တိုးဝင်လာတော့သည်။

ဝုန်း ဝုန်း

ချက်ချင်းဆိုသလို လူအုပ်ကြီး၏ အနက်ရှိုင်းဆုံး အပိုင်းမှ ခမ်းနားသော ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာ နှစ်ခုက ထွက်ပေါ်လာသည်။ ထိုသို့ဖြင့် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်ကာ ဆက်တိုက် တိုးဝင်လာသော နဂါးများလို ပုံရိပ်များအားလုံးကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားစေလေသည်။

ထိုမျှနှင့် မကလေဘဲ ကြယ်တာရာစွမ်းအင် နှစ်ခုက အတူပူးပေါင်းသွားလေပြီး အရာအားလုံးကို ဖယ်ရှားရှင်းလင်းလိုက်သည်။ ရူးသွပ်စွာ တိုးဝင်လာသော တိဗက်အရာရှိများနှင့် အခြားသောသူများကို ဦးဆောင်လာသူများ အားလုံးက ကြိုးပျက်သွားသော စွန်များကဲ့သို့ လွင့်ထွက်ကုန်ကြသည်။

“အား”

လေထဲတွင် ငယ်သံပါအောင် အော်ဟစ်သံများက ထွက်ပေါ်လာသည်။ အနောက်တောင်ဘက်ပိုင်းမှ မဟာထန်၏ အဆင့်မြင့် ဗိုလ်ချုပ်နှစ်ယောက်ကို ထိုတက်ကြွကာ ရဲရင့်လွန်းသော တိဗက်များက ရင်ဆိုင်ရန် အဆင့်မမှီကြချေ။ သူတို့က ထိုသို့လွင့်ထွက်သွားပြီးနောက်တွင် ဗိုလ်ချုပ်နှစ်ယောက်လုံးက လုံချင်ပါ့ထံ တိုးဝင်သွားကြပြီဖြစ်သည်။

“ဟော်ရှု့ဟွေ့ခမ်းက ဒီနေရာမှာမရှိဘူး။ ဒီတော့ လုံချင်ပါ့ကို အကောင်းဆုံးသတ်ဖို့ အခွင့်အရေးပဲ။ အစ်ကိုခမ်းကျစ် ခင်ဗျားမှာရှိတဲ့ အရာအားလုံးသုံးပြီး တိုက်ခိုက်လိုက်ပါ။ သူ့ကိုအခွင့်အရေးမပေးနဲ့”

ရှန်ယွီကျုံ့ထုံး၏ ဒေါသတကြီး အော်ဟစ်သံက ကောင်းကင်တွင် ပဲ့တင်ထွက်လာသည်။

ခြင်္သေ့မြို့တွင် လုံချင်ပါ့က မကောင်းဆိုးဝါးတစ်ကောင်လို တိုက်ခိုက်ချိန်းခြောက်နိုင်ခဲ့သည်။ မဟာနှင်းတောင် တော်ဝင်ဂူဘုရားကျောင်းမှ ပျိုးထောင်ထားသော ထိုကျားဗိုလ်ချုပ်က အလွန်အမင်း အင်အားကြီးမားကာ သိုင်းအမျိုးမျိုးကို တက်စွမ်းထားသည်။ တစ်ယောက်ချင်းစီသာ တိုက်ခိုက်မည်ဆိုလျှင် ထန်စစ်တပ်မှ ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့ကလွဲပြီး မည်သူကမှ သူနှင့်မယှဉ်နိုင်လောက်ချေ။ ထန်စစ်တပ်ကသူ့ကို အမြဲတစေ တက်စွမ်းအားမဲ့ရသည်။ ယခုမူ လုံချင်ပါ့က တစ်ယောက်ထဲဖြစ်နေလေရာ ထန်ကသူ့ကို အကောင်းဆုံး သတ်ဖြတ်ရန် အခွင့်အရေး ရနေသေးသည်။ သူ၏အံ့အားသင့်စရာကောင်းသော ခွန်အားကို ဘေးဖယ်ထားလိုက်လျှင် သူကဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ ပူးပေါင်းတိုက်ခိုက်ရန် ကြိုးစားသည့် အခြေအနေမျိုးတွင် သေကောင်းသေသွားနိုင်သည်။

“အရှင် လှုပ်ရှားပါ”

ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့က သေစေနိုင်သော တိုက်ကွက်များကို ဆက်တိုက်ထုတ်ဖော်လိုက်သည့် အချိန်တွင် အဝေးမှ ပုံရိပ်တစ်ခုက ခုန်ဝင်လာသည်။

ဝုန်း

လူအများက အခြေအနေကို မမြင်နိုင်ခင်မှာတင် လုံချင်ပါ့က အဝေးသို့ တွန်းထုတ်ခံရသည်။ စက္ကန့်ပိုင်းအတွင်းတွင် တိဗက်အရာရှိတစ်ယောက်က အရှေ့သို့ တိုးဝင်လာပြီး ဘေးသို့ တွန်းဖယ်လိုက်ခြင်းဖြစ်သည်။

လုံချင်ပါ့၏ တုန့်ပြန်မှုကလည်း မြန်ဆန်သည်။ သူက တောင်ပေါ်မြင်းတစ်ကောင်ကို လက်တစ်ဖက်ဖြင့် ဖမ်းယူလိုက်လေပြီး ကိုယ်ကိုလိမ်ကာ မြင်းပေါ်သို့တက်လိုက်သည်။

“ဟိုက်ရား”

အနောက်ကို တစ်ချက်ကလေးသော်မှ လှည့်မကြည့်တော့လေဘဲ လုံချင်ပါ့က မြင်းကိုအပြေးနှင်ကာ လူအုပ်ကိုကျော်ဖြတ်လျှက် အဝေးသို့ ပြေးတော့သည်။

ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တစ်ယောက်ထဲသာဆိုလျှင် သူက ဆက်လက်ပြီး တိုက်ကွက်ဖလှယ်မိလောက်သည်။ သို့သော်သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး သူသာဆက်နေလျှင် သေမည်မှာ သေချာနေသည်။ မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းကသာ နှစ်ယောက်ကို ကိုင်တွယ်နိုင်လောက်သည်။

“ရှန်ယွီကျုံ့ထုံး ဝမ်ရန် မင်းတို့နှစ်ယောက် အနောက်တောင်ဘက်ပိုင်းကို မပြေးနိုင်ပါဘူး။ ငါမင်းတို့ကို သေချာပေါက် အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် လုပ်ပြမယ်”

လုံချင်ပါ့၏ ဒေါသတကြီး အော်ဟစ်သံက အဝေးမှ ထွက်လာသည်။ သို့သော်သူက ဆက်လက်ပြီး အားအင်အပြည့်ဖြင့်ပြေးသည်။ ထိုအချိန်တွင် အခြားသော တိဗက်မြင်းတပ်က ထိုနှစ်ယောက်ထံ စိတ်ပျက်အားငယ်သော အတွေးများကို တွေးတောခြင်းမရှိဘဲ ဝင်ရောက်သွားသည်။

“အရှင့်ကိုကာကွယ်ကြ”

“သူတို့ကိုတား”

ဝမ်ရန်က သူ၏အင်အားစုများကို တုန့်ပြန်ရန် အမိန့်ထုတ်လိုက်သည်။ တစ်ယောက်ချင်းစီ တိုက်ပွဲနှင့် နှိုင်းယှဉ်သော် စစ်တပ်ချင်း တိုက်ပွဲက ပို၍ကျွမ်းကျင်သည်။

“သေစမ်း”

ရှန်ယွီကျုံ့ထုံးက ထွက်ပြေးသွားသော လုံချင်ပါ့ကို ကြည့်ပြီးနောက်တွင် သူ၏မျက်နှာက ခက်ထန်စွာဖြင့် ရှုံ့မဲ့လာသည်။ သူ၏လက်က သံမဏိဆောက်တစ်ခုကို ခက်ထန်စွာ ကိုင်ပြီးနောက်တွင် တိဗက်အရာရှိ၏ ကိုယ်ထဲသို့ ဆောင့်ထိုးထည့်လိုက်ကာ ထိုလူကို လွင့်ထွက်သွားစေလိုက်သည်။ တစ်ဖက်သူ၏ ကိုယ်ထဲသို့လည်း ကြယ်တာရာစွမ်းအင်များက ဆက်တိုက် တိုးဝင်သွားလေပြီး ကြားခံနယ်များ၊ ကိုယ်တွင်းအင်္ဂါများ အားလုံးကို ဖယ်ရှားရှင်းလင်းလျှက် အမြစ်ဖြတ် သုတ်သင်လိုက်သည်။

“တကယ်ကို ရှားပါးတဲ့ အခွင့်အရေးပဲ။ ဒါပေမဲ့ အလကားဖြစ်သွားတယ်”

ရှန်ယွီကျုံ့ထုံးက နောင်တအပြည့်ဖြင့် အော်လိုက်သည်။

ယွီစန်းမှ လုံချင်ပါ့ကဲ့သို့ လွှမ်းမိုးနိုင်စွမ်း ကြီးမားသော ဗိုလ်ချုပ်တစ်ယောက်က ဟော်ရှု့ဟွေ့ခမ်းနှင့်ဖြစ်စေ၊ တားလန်ရော့ကျန်းနှင့်ဖြစ်စေ ပူးပေါင်းသွားတော့မည်ဖြစ်သည်။ သူကသာ အန်းနန်အစိုးရ စစ်တပ်ထံသို့လိုက်ရန် အလောတကြီး မထွက်လာခဲ့လျှင် ဒီလိုအခွင့်အရေးမျိုးကို ရခဲ့မည်မဟုတ်ချေ။ သို့သော် ဒီအခွင့်အရေးက လွတ်သွားခဲ့သည်။ နောက်ပိုင်းတွင် ပြန်ရရန် ခက်ခဲသွားသည်။

“မဟုတ်ဘူး ငါသူ့ကိုသတ်ရမယ်”

ရှန်ယွီကျုံ့ထုံး၏ နှလုံးက တင်းမာသွားပြီးနောက်တွင် သူကချက်ချင်းလိုလို လုံချင်ပါ့ကို တိုက်ခိုက်ရန် ကြံစည်လိုက်သည်။ သို့သော် အခြေအနေက ရုတ်တရက် ပြောင်းလဲသွားသည်။

အဝေးမှ နဂါးဟိန်းသံက ထွက်ပေါ်လာသည်။ ထိုအသံအထဲတွင် မရေမတွက်နိုင်သော နဂါးအရှိန်အဝါများက အပြည့်ပါလေပြီး လေတိုင်တစ်ခုလိုမျိုး မြေပြင်ကစတင်ကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုတိုင်ကို ဗဟိုပြုပြီး အားအလင်းပေါင်း များစွာက ထွက်ပေါ်လာတော့လေသည်။ မိုးကပင် စတင်ကာ စုတ်ဖြဲခံရလေသည်။

“ဟော်ရှု့ဟွေ့ခမ်း”

ရှန်ယွီကျုံ့ထုံး၏ အမူအရာက ပျက်ယွင်းသွားပြီး နှလုံးသားက တုန်ခါသွားသည်။ အနောက်တောင်ဘက်ပိုင်းတွင် ဟော်ရှု့ဟွေ့ခမ်းကသာ ထိုမျှပြင်းထန်သည့် အင်အားကို ပိုင်ဆိုင်ပြီး လေကိုပင် ရွေ့လျားစေနိုင်သော အင်အားများကို ထုတ်ပေးနိုင်စွမ်းရှိသည်။ သူက ကောင်းကင်နှင့် မြေပြင်ကိုပင် လမ်းကြောင်းဖောက်ပေးနိုင်ခြင်းဖြစ်သည်။

“သူလာနေပြီ ချောင်အာ မျှော်လင့်ထားသလိုမျိုး သူကအရမ်းမြန်တယ်”

ဝမ်ရန်က တပ်ဖွဲ့များကို တိဗက်လူမျိုးများထံ လိုက်စေရန် အမိန့်ထုတ်လိုက်သည်။

“ဟော်ရှု့ဟွေ့ခမ်းက ဒီနေရာကို လာနပြီဆိုမှတော့ ကျန်တဲ့စစ်တပ်ကလည်း ပါမှာပဲ။ ငါတို့အနေနဲ့ ဒီနေရာမှာ ဆက်နေလို့ မဖြစ်တော့ဘူး။ ငါတို့ရဲ့ တစ်စစီကွဲနေတဲ့ စစ်သားတွေကို နည်းသထက် နည်းအောင် လျော့ချပြီးတဲ့နောက်မှာ ငါတို့ရဲ့ အကြံအစည်အတိုင်း သုံးရမယ်။ ဒီလိုဆိုရင် ဒီမစ်ရှင်က ပြီးပြီ”

ဝမ်ရန်ကို ကောင်းကင်ကို တစ်ချက်ကြည့်ရင်း ထိုသို့ပြောသည်။

နဂိုက မည်းမှောင်နေသော ကောင်းကင်က ပို၍ပင် မည်းမှောင်သွားပြီဖြစ်သည်။ ခြင်္သေ့မြို့မှ ထွက်လာပြီးကတည်းက အချိန်အတန်ကြာ ကာကွယ်ခဲ့ရပြီး ယခုအခါ ဒီကြောက်မက်ဖွယ် တိုက်ပွဲက ပြီးဆုံးတော့မည့် အလားအလာဖြစ်လာသည်။ ညကလည်း နက်နေပြီ။ သို့သော် ဒီလိုညအချိန်တွင် မိုးကမလျော့ကျသွားသေးချေ။

ညအမှောင်တွင် မိုးကအသားကုန် ရွာသွန်းနေပြီး ထန်စစ်သည်တော်များ၏ အခြေအနေကို အခွင့်ကောင်း ပေးနေသကဲ့သို့ ဖြစ်နေသည်။

တိဗက်လူမျိုးများက နေ့အချိန်အတောအတွင်းတွင် သူတို့နောက်သို့ ဆက်တိုက် လိုက်နေခြင်းအားဖြင့် ပမာဏများစွာ လျော့ကျခဲ့ပြီးသားဖြစ်ပြီး အမှောင်ထုကလည်း သူတို့၏ မြင်နိုင်စွမ်းအားကို ကန့်သတ်ပြန်သည်။ ထို့ကြောင့် တိဗက်လူမျိုးများအနေဖြင့် အန်းနန်အစိုးရစစ်တပ်၏ သဲလွန်စကို ရှာဖွေရန် ခက်ခဲသွားမည်ဖြစ်သည်။ သူတို့အားလုံးက မြင်းစီသမားများ ဖြစ်လျှင်ပင် ပြဿနာမရှိပေ။ ဒီအခြေအနေက သူတို့အတွက် အောင်မြင်ရန် အခွင့်ကောင်းပင်ဖြစ်သည်။ ဒါက ဝမ်ချောင်က ဝမ်ရန်ကို ခွဲခြမ်းစိတ်ဖြာပြသော အချက်အလက်ဖြစ်သည်။

“လုပ်နိုင်တာ ဘာမှမရှိတော့ဘူး။ ငါက ဟော်ရှု့ဟွေ့ခမ်းနဲ့ သေရေးရှင်ရေး တိုက်ခိုက်ချင်တယ် ဆိုရင်တောင်မှ သခင်လေးချောင်ပြောတာ မှန်တယ်။ အခုငါတို့ တိုက်ခိုက်ရမဲ့ အချိန်မဟုတ်ဘူး”

ရှန်ယွီကျုံ့ထုံးကလည်း အဝေးရှိ တစ်နေရာသို့ စူးရှစွာ ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးက နီရဲလာသည်။ သူကဆန္ဒမရှိသော်လည်း နောက်ပြန်လှည့်လိုက်သည်။ သူက ဝမ်ရန်၏နောက်မှလိုက်သည်။

“အားလုံးပဲ ငါ့ရဲ့အမိန့်ကို နာခံကြ။ နောက်ဆုတ်”

ရှန်ယွီကျုံ့ထုံးက လုံချင်ပါ့ကို သတ်ချင်သော်လည်း ဟော်ရှု့ဟွေ့ခမ်းကို ပို၍သတ်ချင်သေးသည်။ မဟာထန်၏ အနောက်တောင်ဘက်ပိုင်းတွင် ထိုယွီစန်း မဟာဗိုလ်ချုပ်က အန်းနန်အစိုးရစစ်တပ်၏ အကြီးမားဆုံးသော ရန်သူကြီးဖြစ်သည်။

ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့က ရှေ့မှဦးဆောင်မှုနှင့်အတူ ထန်အင်အားစုက လျှင်မြန်စွာဖြင့် မုန်တိုင်းကြားတွင် ပျောက်ကွယ်သွားတော့သည်။

“သူတို့က ဘယ်မှာလဲ”

ရှန်ယွီကျုံ့ထုံးတို့ အင်အားစု ထွက်သွားပြီး သိပ်မကြာခင်မှာတင် နောက်ထပ် ထောင်ထောင်မောင်းမောင်း ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ သူ၏အရှိန်အဝါက တောင်တန်းကြီးတမျှ မြင့်မားပြီး တိုက်ပွဲအခြေအနေတွင် ထင်ရှားစွာ ပေါ်ထွက်လာတော့သည်။

ချွင်

ညာဘက်ခြမ်းမှ ပုံရိပ်ထဲသို့ သန့်စင်ထားသော သံမဏိ ဓားမောက်ရှည်က ဝင်ရောက်သွားပြီးနောက်တွင် အောက်သို့ ပြုတ်ကျသွားသည်။ ရွှံ့မြေများကပင် မြောက်တက်သွားတော့သည်။ တိဗက်အရာရှိတစ်ယောက်က ဂါရဝပြုပြီးပြောသည်။

“အရှင့်ကို တင်ပြပါတယ်။ သူတို့အားလုံး ထွက်သွားကြပါပြီ”

သို့သော် သူ၏ခန္ဓာကိုယ်က ကြောက်လန့်မှုကြောင့် တုန်ယင်နေသည်။

“မင်းကိုဘယ်သူက ဒဏ်ရာရအောင် လုပ်တာလဲ”

ဟော်ရှု့ဟွေ့ခမ်းက လုံချင်ပါ့ကို လှည့်ကြည့်သည်။ သူ၏မျက်နှာက မည်းမှောင်ပြီး ခံစားချက်မဲ့သော်လည်း သူ၏ကိုယ်ပတ်ပတ်လည်မှ ကြယ်တာရာစွမ်းအင်များ အားလုံးက မီးတောက်များ တောင်လောင်တော့မည့်အလား ပြင်းထန်လာသည်။ အခြေပြုစွမ်းအင် ငါးမျိုးတွင် ဟော်ရှု့ဟွေ့ခမ်းက ကြောက်မက်ဖွယ် အကောင်းဆုံးသော မီးအခြေပြုစွမ်းအင်ကို ပိုင်ဆိုင်သည်။ အဆင့်ဆို ကျွမ်းကျင်ပညာရှင်လည်းဖြစ်သည်။ မီးတောက်က အမှောင်ထုအတွင်းတွင် အရာအားလုံးကို မြင်နိုင်စွမ်းရှိစေသည်။

“ဗိုလ်ချုပ်ကို တင်ပြပါတယ်။ ဒါက ရှန်ယွီကျုံ့ထုံးနဲ့ ဝမ်ရန်တို့ပါ”

လုံချင်ပါ့က ကြောက်လန့်မှုအပြည့်ဖြင့် ပြန်ဖြေသည်။ သူကခေါင်းကို ငုံ့ထားသည်။ တိဗက်လူမျိုးများက သူတို့၏ တက်ကြွမှု သတ္တိကြောင့် ကျော်ကြားပြီး လုံချင်ပါ့ကိုယ်တိုင်ကပင် ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့၏ အရှေ့တွင် အကြောက်လန့် မဲ့နေခဲ့လောက်သည်။ သို့ရာတွင် အလွန်အမင်း ကျော်ကြားသော မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်း၏ အရှေ့တွင်မူ သူက အလွန်အမင်း လေးစားသည့်အပြင် ကြောက်လန့်သေးသည်။ ဟော်ရှု့ဟွေ့ခမ်းက လုံချင်ပါ့ထက်ပင် ကြာရှည်သော အချိန်ကတည်းက နာမည်ကြီးလာခဲ့သူဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက သူ၏နာမည်က နာ့ယိတော်ဝင်တပ်ရင်း အဆင့်မြင့် အထက်ပိုင်း တစ်ခုလုံးနှင့် ကျော်ကြားခဲ့ပြီးသားဖြစ်သည်။ သူက အစစ်အမှန် စစ်ဗိုလ်ချုပ် တစ်ယောက်ဖြစ်သည်။ တိုက်ပွဲအတွက် မွေးဖွားလာသူလည်းဖြစ်သည်။

“ရှန်ယွီကျုံ့ထုံးနဲ့ ဝမ်ရန်ဟုတ်လား ဟမ့် ငါဒီတစ်ကြိမ်မှာ အစစ်အမှန် ပြိုင်ဘက်နဲ့ တွေ့ရတာပဲ။ ဒီနှစ်ယောက်လုံးက အဲ့ဒီသူရဲ့အမိန့်ကို နာခံနေတဲ့ပုံပေါ်တယ်”

ဟော်ရှု့ဟွေ့ခမ်း၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်အလင်းက လက်လာပြီးနောက် ရှန်ယွီကျုံ့ထုံးတို့ အင်အားစု ထွက်သွားသောဘက်သို့ ကြည့်သည်။

“အား”

လုံချင်ပါ့က ကြောင်တောင်တောင် ဖြစ်သွားပြီးနောက် ဟော်ရှု့ဟွေ့ခမ်းကို နားမလည်သလို ကြည့်ပြန်သည်။

“ဟမ့် ကျားကိုတောင်ပေါ်က ခြောက်ထုတ်ပြီး ငါ့ကိုစစ်တပ်နဲ့ အဝေးကိုပို့လိုက်တယ်။ နောက်ပြီး မင်းက မလိုက်နိုင်အောင်လည်း သူတို့က တားဆီးထားသေးတယ်။ ဒါပေမဲ့ မင်းကလိုက်တဲ့အချိန်မှာ သူတို့က ခြုံခိုတိုက်ခိုက်လာပြီး မင်းကိုတစ်ချက်ထဲနဲ့ သတ်ဖို့ကြိုးစားတယ်။ ရှန်ယွီကျုံ့ထုံးနဲ့ ဝမ်ရန်တို့က ဒီလိုအကြံမျိုး ထုတ်နိုင်မယ်လို့ မင်းထင်လား”

ဟော်ရှု့ဟွေ့ခမ်းက နှာခေါင်းရှုံ့သည်။

သူကလည်း မှားယွင်းစွာ တွက်ချက်မိကြောင်း ဝန်ခံလိုက်ရသည်။ သူ၏ပြိုင်ဘက်က သူမျှော်လင့်ထားသည်ထက် ဉာဏ်ကောင်းလွန်းနေပြီး သူ၏လှုပ်ရှားမှုများကိုပင် အသေးစိတ် တွက်ချက်နိုင်ခဲ့သည်။

ပို၍ဆိုးသည်မှာ စစ်တပ်ကို ဤသို့ဖောက်ထွက်သွားရန်က လွယ်ကူသည့် အလုပ်မဟုတ်ချေ။ အထူးသဖြင့် စစ်သည်တစ်သိန်း ဝန်းကျင်နီးပါး ရှိနေသည့် အခြေအနေမျိုးတွင်ဖြစ်သည်။ ဟော်ရှု့ဟွေ့ခမ်း မူလက ယုံကြည်ထားသည်မှာ သူကအခြေအနေကို တုန့်ပြန်ရန် လျှင်မြန်ပြီဟု ထင်ခဲ့သည်။ သို့သော် တစ်ဖက်စစ်တပ်က ကောင်းမွန်စွာ ပြင်ဆင်ထားခဲ့သည်။ အလုံးအရင်း ဝိုင်းခံထားရသည်ထဲမှ ကျော်ဖြတ်သွားမှုနှင့် ခုခံမှု တိုက်ခိုက်မှု အရာအားလုံးက ချောမွေ့လွန်းနေပြီး သုံးသပ်မှု လွဲမှားသွားသည့် မတော်တဆမှုကပင် ရှိမနေခဲ့ချေ။ ထိုသို့ဖြင့် တောင်ပေါ်မှ စစ်သည်သိန်းကျော်က ဆင်းလာခဲ့ပြီး လျှင်မြန်သော အရှိန်နှုန်းဖြင့် ထွက်သွားခဲ့လေသည်။

ဟော်ရှု့ဟွေ့ခမ်းကပင် အချိန်တိုအတွင်းတွင် ထိုသို့လျှင်မြန်စွာ တုန့်ပြန်နိုင်မည်ဟု မမျှော်လင့်ထားချေ။ သီအိုရီအရ မဖြစ်နိုင်ချေ။

သူ၏ပြိုင်ဘက်၏ စစ်တပ်ကို အမိန့်ပေးနိုင်စွမ်းရည်က မယုံနိုင်စရာ ကောင်းလောက်အောင် မှော်ဆန်သည့် အဆင့်အထိ ရောက်နေခဲ့သည်။

ဟော်ရှု့ဟွေ့ခမ်းက ဒီလောကတွင် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီးသားဖြစ်သည်။ သို့သော် သူ့အနေနှင့် ပထမဦးဆုံးအကြိမ် ဒီလိုအရည်အသွေးမျိုးကို ကြုံဆုံရခြင်းဖြစ်သည်။ သို့ရာတွင် ပြိုင်ဘက်က ဗျူဟာနှင့် စွမ်းရည်တွင် ထိုမျှထူးချွန်လေလေ တစ်ဖက်သူက တောက်ပလေလေ ဟော်ရှု့ဟွေ့ခမ်း၏ သတ်ဖြတ်လိုစိတ်က ပို၍ပြင်းထန်လေလေဖြစ်သည်။

အခန်း(၅၄၉)

“ဒါက”

လုံချင်ပါ့က အချိန်တစ်ခု ကြာသည်အထိ ကြောင်တောင်တောင် ဖြစ်သွားသည်။ သူက ရန်သူကို သတ်ဖြတ်ရန်သာ အမြဲတစေ အာရုံစိုက်လေ့ရှိသည်။ ထို့ကြောင့် သူ၏စိတ်က အခြားဘက်ခြမ်းသို့ မတွေးတောမိချေ။

ယွီစန်းအင်ပါယာက မဟာထန်နှင့် အနောက်တောင်ဘက်ပိုင်းတွင် တိုက်ခိုက်နေခဲ့သည်မှာ အချိန်ကြာရှည်ခဲ့ပြီဖြစ်ပြီး နှစ်ဖက်လုံးက ဗိုလ်ချုပ်များ အားလုံးက အချင်းချင်း ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။ ရှန်ယွီကျုံ့ထုံးကို သာမာန် သို့မဟုတ် ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခြင်း မရှိဟု ဖော်ပြ၍မဖြစ်နိုင်သော်လည်း သူက ထိုမျှအထိ လုပ်နိုင်စွမ်းအား ရှိသူလည်း မဟုတ်သေးချေ။ သူက မြို့များကို ခုခံကာကွယ်ရာတွင် ပြရုပ်တစ်ခုအဖြစ် ဖော်ပြရလောက်အောင် တော်လွန်းသောသူ တစ်ယောက်လည်းဖြစ်သည်။ ဝမ်ရန်အတွက်ကမူ လုံချင်ပါ့အနေနှင့် ယခင်က သူ၏နာမည်ကို ကြားဖူးပြီး ခြင်္သေ့မြို့တွင် ကိုယ်တိုင်ကိုယ်ကျ အတွေ့အကြုံ ရရှိဖူးခဲ့သည်။ ထိုဗိုလ်ချုပ်က တိုက်ခိုက်မှုနှင့် ခုခံမှုတွင် ကျွမ်းကျင်သော်လည်း သူက တိုက်ခိုက်ခြင်းထက် ခုခံရာတွင် ပို၍အားသာသော မဟာထန်မှ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသေးသည်။ ထိုနှစ်ယောက်ထဲက မည်သူကမှ ဒီလို ရှေ့ပြန်နောက်ပြန်သွားကာ ဒီလိုရန်သူကို ခြုံခိုတိုက်ခိုက်သည့် ဖြစ်ရပ်မျိုးကို မတွေးတောနိုင်လောက်ချေ။

“ဒါဆိုရင်အရှင် ကျွန်တော်တို့အခု ဘာလုပ်ကြမလဲ။ သူတို့က ဝေးဝေး မရောက်လောက်သေးဘူး။ ဘာလို့ ကျွန်တော်တို့ နောက်ကမလိုက်ရမှာလဲ”

လုံချင်ပါ့ကမေးသည်။ သူ၏နှလုံးသားထဲတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်က အပြည့်ထွက်ပေါ်လာသည်။

သူ၏အချိန်တစ်ခုကြာ သတိလက်လွတ် ဖြစ်သွားခြင်းက ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့၏ လက်ထဲတွင် သေတော့မတက် ဖြစ်သွားစေခဲ့သည်။ ကိစ္စအားလုံး၏ နောက်ကွယ်ကလူက မည်သူပင် ဖြစ်နေစေကာမူ ဒီလိုအကြံအစည်ကို ထုတ်နိုင်ကတည်းက လုံချင်ပါ့က တစ်ဖက်လူကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲချင်စိတ် ပြင်းထန်နေပြီဖြစ်သည်။

“မလိုဘူး”

လုံချင်ပါ့က ပုန်းနေသော ထန်ဗိုလ်ချုပ်ကို မည်သို့ရှာရမည်နည်းဟု တွေးတောနေချိန်တွင်ပင် ထိုပြန်ဖြေလာသော စကားကြောင့် ကြောင်သွားသည်။

“ကိစ္စတွေက ဒီလိုအချိန်အထိ ဖြစ်နေမှတော့ သူတို့ကို သွားခွင့်ပြုလိုက်တော့”

“ဒါပေမဲ့အရှင် ကျွန်တော်တို့ ဘယ်လိုများ ဒီတိုင်း လွှတ်ပေးလိုက်နိုင်မှာလဲ”

လုံချင်ပါ့၏ မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းကို ကြည့်သောအကြည့်က အံ့အားသင့်မှုဖြင့် ပြည့်နှက်ကာ ပြူးကျယ်နေသည်။ မဟာဗိုလ်ချုပ်က အမြဲတစေ သူ၏သတ္တိ ကြီးလွန်းသောကြောင့် ကျော်ကြားပြီး သူ့အတွက် သိပ်အဝေးသို့ မရောက်သေးသော ထန်များကို လွှတ်ပေးရန် ဆုံးဖြတ်ခြင်းက လုံချင်ပါ့၏ တွေးတောနိုင်စွမ်းကို ကျော်လွန်သွားသည်။ ဒါက မဟာဗိုလ်ချုပ်၏ ပုံမှန်လုပ်နေကျ ပုံစံမဟုတ်ချေ။ အရေးကြီးသည်မှာ လုံချင်ပါ့က ဒီဖြစ်ရပ်ကို လက်မခံနိုင်ခြင်းဖြစ်သည်။

“အချိန်က နောက်ကျပြီ။ မိုးကလည်း သည်းနေတယ်။ မင်းက သူတို့ကို ဘယ်နေရာမှာ သွားရှာမလို့လဲ။ ဒါ့အပြင် ဒီရာသီဥတုထဲမှာ မြင်းတပ်က အပြေးနှင်နိုင်တယ်။ ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် အဲ့ဒထီထန်ဗိုလ်ချုပ်က အကြံအစည် ချရတာကို ငါသဘောကျတယ်။ ငါတို့က ဆက်လိုက်မယ်ဆိုရင် သူကသေချာပေါက် ငါတို့အတွက် ထောင်ချောက်တွေ ကြိုတင်စီစဉ်ထားပြီးသား ဖြစ်နေလိမ့်မယ်။ အချိန်က တအားမှောင်နေပြီ။ ငါတို့သူတို့ကို သေချာမြင်နိုင်အုံးမှာ မဟုတ်ဘူး။ တကယ်လို့ နောက်ထပ် ခြုံခိုတိုက်ခိုက်မှု ရှိလာမယ်ဆိုရင် ငါတို့ဘက်ကပဲ ဆုံးရှုံးရလိမ့်မယ်”

“ပိုဆိုးတာက သူတို့က ငါတို့ရဲ့လူတွေ ဖြစ်ရိုးဖြစ်နိုင်စွမ်းရှိပြီး ပြောင်မြောက်စွာ ချောင်းတိုက်ခိုက်နိုင်တာပဲ။ ညအမှောင်ထဲမှာ သူတို့က အချိန်မရွေး တိုက်ခိုက်လာနိုင်တယ်။ မင်းကသူတို့ကို အပြည့်အဝ ခုခံနိုင်မယ်လို့ ယုံကြည်လား”

နောက်ဆုံးစကားနှင့်အတူ ဟော်ရှု့ဟွေ့ခမ်းက အရေးကြီးသော အချက်များကို ထောက်ပြလိုက်သည်။

သူတို့က ရင်ဆိုင်နေရသော ထန်ဗိုလ်ချုပ်က အကွက်ချရာတွင် ကျွမ်းကျင်ပြီး ပြောင်မြောက်သော ဗျူဟာနှင့် ပြောင်မြောက်စွာ ချသုံးနိုင်စွမ်းအား ရှိနေသည်။ ဒါက ရှန်ယွီကျုံ့ထုံး၊ ဝမ်ရန်နှင့် အခြားသော အနောက်တောင်ဘက်ပိုင်းမှ ဗိုလ်ချုပ်တိုင်းထက် သာလွန်နေပြီးသားဖြစ်ပြီး သူကိုယ်တိုင်ကပင် သတိမထားမိနိုင်ချေ။ ပို၍အရေးကြီးသည်မှာ ဟော်ရှု့ဟွေ့ခမ်းအနေနှင့် တစ်ဖက်လူများက ရုပ်ဖျက်သော နည်းလမ်းက သူတို့ကို ခုခံနိုင်စွမ်းအား မဲ့စေသည်ဆိုသည့် အချက်ကို ဝန်ခံရမည်ဖြစ်သည်။ သူကိုယ်တိုင်ကပင် ကောင်းမွန်လွန်းသော အကြံအစည်များကို တွေးတောရန် ခက်ခဲနေသည်။

ရန်သူက အယောက်တစ်သိန်း စစ်တပ်ဖြစ်ပြီး တစ်သောင်း နှစ်သောင်း မဟုတ်တော့ချေ။ သူ၏ပြိုင်ဘက်ကသာ သူ၏ကိုယ်ပိုင် အင်အားစုအဖြစ် ရုပ်ဖျက်ထားမည်ဆိုလျှင် ထင်သလောက် ရိုးရှင်းတော့မည် မဟုတ်ချေ။ ဒါကအလွန် ကသိကအောင့် ဖြစ်စေသော ဗျူဟာကြီးဖြစ်နေသည်။

“ဒါက... ဒါပေမဲ့...”

လုံချင်ပါ့က ရေရွတ်နေသေးသည်။ သူကဒါကို လက်သင့်မခံနိုင်လိုသေးချေ။ မူလက ဝရုန်းသုန်းကား ချီတက်ကာ တိုက်ခိုက်မည်ဆိုလျှင် အရာအားလုံးကို ကာကွယ်ဖြေရှင်းနိုင်မည်ဟု သူကယုံကြည်ခဲ့သည်။ ထို့ကြောင့် ထိုသို့အနှစ်ချုပ်မိလိုက်ပြီးလျှင် သူကိုယ်တိုင်ကပင် အံ့သြသွားခဲ့ရသည်။ လုံချင်ပါ့အနေနှင့် သူထိုနေရာတွင် သေလုနီးပါး ဖြစ်ခဲ့ရကြောင်းကို ဝန်ခံရမည်ဖြစ်သည်။ ည၏ အမှောင်ထုထဲတွင် သူ့အား ခြုံခိုတိုက်ခိုက်ရန် ပို၍လွယ်ကူသည်။ ပို၍ဆိုးသည်မှာ ပြိုင်ဘက်က တိဗက်ဘာသာစကား အနည်းငယ် ပြောတတ်နေသေးသည်။

မဟာထန်တွေက တိဗက်ဘာသာစကား မပြောတတ်ကြဘူးမဟုတ်လား။ သူတို့ မပြောနိုင်သင့်ဘူး မဟုတ်လား။

သူ၏ညာဘက်လက်ကို ယမ်းလိုက်ပြီးနောက်တွင် လုံချင်ပါ့က မြေပြင်ထဲသို့ ကြယ်တာရာစွမ်းအင်များ အားလုံးကို ဆက်တိုက်စီးဝင်သွားစေလေပြီး တစ်ကျန်းခန့်နက်သော အပေါက်ကြီး ဖြစ်သွားစေသည်။ ရှင်းလင်းစွာဖြင့်ပင် လုံချင်ပါ့က ဟော်ရှု့ဟွေ့ခမ်း၏ အမိန့်ကို ကူကယ်ရာမဲ့စွာ လက်ခံလိုက်ရသည်။

“စိတ်အေးအေးထားစမ်းပါ ငါကသူတို့ကို ဒီအတိုင်း ဘာမှမလုပ်ဘဲ လွှတ်ပေးမယ်လို့ မပြောပါဘူး”

ဟော်ရှု့ဟွေ့ခမ်း၏ မျက်ဝန်းက အမှောင်ထုထဲသို့ ရောက်သွားသည့်အချိန်တွင် အလွန်အေးစက်သွားသည်။

“မုန်တိုင်းအဆုံးသတ်သွားပြီး ဒီညက ကုန်ဆုံးသွားလိမ့်မယ်။ မနက်မိုးလင်းလို့ မိုးစဲသွားတာနဲ့ ထန်ဗိုလ်ချုပ်ရဲ့ ပြောင်မြောက်တဲ့စွမ်းရည်က ဘာမှမဟုတ်နိုင်တော့ဘူး။ သူလက်ရှိ သုံးနိုင်တဲ့ဗျူဟာက နောက်ပိုင်း ဆက်သုံးနိုင်တော့တာမှ မဟုတ်တာ။ မမေ့နဲ့ ငါတို့မှာ မဟာမိတ်အဖြစ် စစ်သည်သုံးသိန်း ရှိထားတဲ့ မာန်ရှဲ့ကျောင်း ရှိနေသေးတယ်။ ငါတို့မှာ ဒီမာန်ရှဲ့ကျောင်းစစ်တပ်နဲ့ ပူးပေါင်းဖို့ အချိန်အများကြီးရတယ်။ ဒီလိုဆိုရင် ဒီထန်ကို ကာကွယ်နိုင်ပြီ။ ဒါ့အပြင် ဒါကနဂိုကတည်းက မဟာထန်နဲ့ မာန်ရှဲ့ကျောင်းရဲ့ စစ်ပွဲပဲ။ ဆိုတော့ သူတို့ဘက်က နည်းနည်းလေး အင်အားထပ်စိုက်ရမဲ့အလှည့်ပဲ။ ဒါကလည်း မာန်ရှဲ့ကျောင်းရဲ့ ရည်ရွယ်ချက် ဖြစ်နိုင်တယ်”

ဟော်ရှု့ဟွေ့ခမ်းက ပြောနေသော ထိုအစီအစဉ်ကို ချမှတ်ခဲ့သူက တစ်ဖက်မှ အမတ် သာ့လွန်ရော့ကျန် ဖြစ်နိုင်သည်။

ဒီတော်ဝင်တပ်ရင်း အားလုံးတွင် ဟော်ရှု့ဟွေ့ခမ်းကို အမဲလိုက်ရန် ကြိုးဖြင့် ထိန်းထားနိုင်သလိုမျိုး အမိန့်ပေးနိုင်စွမ်း ရှိသူကလည်း နာ့ယိမဟာအမတ်ဖြစ်သည်။ လုံချင်ပါ့အနေနှင့် မဟာအမတ်၏ အမိန့်က ထိုသို့ဖြစ်နေမည်ဟု မမျှော်လင့်ထားမိချေ။

“အရမ်းကြီး တွန့်ဆုတ်မနေနဲ့။ ငါတို့က အကျိုးအမြတ်ကြီးကြီးရဖို့ နည်းနည်းတော့ တန်ကြေး ပေးဆပ်ရမှာပေါ့။ ဒါဆိုရင် ဘာလို့မလုပ်ရမှာလဲ။ မမေ့နဲ့ ငါတို့ယွီစန်း အဓိကစစ်သည်တော်တွေက အနောက်တောင်ဘက်ပိုင်းမှာပဲ ရှိတာမဟုတ်သလို အန်းနန်အစိုးရ စစ်တပ်ထက် မနိမ့်ကျဘူး။ ငါတို့ကို ပိုကြီးတဲ့စစ်ပွဲက စောင့်နေလိမ့်မယ်။ ငါတို့အနေနဲ့ တိုက်ပွဲနယ်မြေ တစ်ခုမှာ များများစားစား မဆုံးရှုံးနိုင်ပါဘူး”

ဟော်ရှု့ဟွေ့ခမ်းက ထူးမခြားနားစွာပြောသည်။

“ဟုတ်ကဲ့အရှင်”

လုံချင်ပါ့က အနည်းငယ် လက်မခံလိုသေးချေ။ သို့သော် နောက်ဆုံးစကားကို ကြားလိုက်ရပြီးနောက်တွင် သူက ချက်ချင်းလိုလို ဦးညွှတ်လိုက်ပြီး စိတ်ထဲတွင် လေးစားမိသွားလေသည်။

အနောက်တောင်ဘက်ပိုင်းက မဟာထန်၏ ထောင့်တစ်နေရာမျှသာဖြစ်ပြီး ဟော်ရှု့ဟွေ့ခမ်းကပြောသော မဟာစစ်ပွဲကြီးဆိုတာကလည်း ဒီနေရာမဟုတ်ချေ။ သို့သော် ယွီစန်းနဲ့ မဟာထန်တို့ဖြစ်သည်။ တိဗက်တောင်ပေါ်ဒေသ၏ အဆင့်မြင့် အရာရှိများအတွက်လည်း ဒါက လျို့ဝှက်ချက်မဟုတ်ချေ။ ကင်းခြေများတစ်ကောင်ကလည်း သေနိုင်သည်။ သို့သော် သူ့အလိုလို ပြုတ်ကျလိမ့်မည် မဟုတ်ချေ။

မဟာထန်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည့် အချိန်ကစပြီး ယွီစန်းနှင့် မဟာထန်ကြားမှ စစ်ပွဲက စတင်ခဲ့ပြီးသားဖြစ်သည်။ အနောက်တောင်ဘက်ပိုင်းမှ စစ်ပွဲက ပို၍ကြီးမားသော စစ်ပွဲမလာခင် အစမျှသာဖြစ်သည်။ မဟာထန်က ယဉ်ယဉ်ကျေးကျေး ငြင်းပယ်သည့်အတွက် ယခင်ကကဲ့သို့ အခြေအနေ မဟုတ်တော့သော်လည်း အလွန်အမင်း ပမာဏများပြားပြီး ခမ်းနားတောက်ပသော တုပထားသည့် စစ်တပ်ကို ပိုင်ဆိုင်ထားသေးသည်။ အန်းနန်အစိုးရစစ်တပ်က မဟာထန်၏ အကာအကွယ် တပ်များထဲမှ တစ်ခုမျှသာ ဖြစ်နေသေးသည်။ ယွီစန်းအင်ပါယာက ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ဖြစ်သည့်တိုင်အောင် အရာရှိတိုင်းက သတိကြီးကြီးထားရန် လိုအပ်နေသေးသည်။

“နေ့တစ်နေ့က စောတာပဲဖြစ်ဖြစ် နောက်ကျတာပဲဖြစ်ဖြစ် သေချာပေါက် သူတို့ကို သတ်ရမှာ သေချာနေတာပဲ။ သေခြင်းတံခါးဝမှာ နည်းနည်းလောက် သူတို့ကို ရုန်းကန်ခိုင်းထားလိုက်ပါ”

ထိုစကားကို ပြောပြီးနောက်တွင် ဟော်ရှု့ဟွေ့ခမ်းက မြင်းကိုလှည့်လိုက်ကာ ပြန်သည်။

ဒီလက်ရှိအခြေအနေက ကြီးကြီးမားမား ဆုံးရှုံးခြင်းဟု သတ်မှတ်နိုင်သည်။ စစ်သည်တစ်သိန်းမှ လုပ်လိုက်နိုင်သော ရလဒ်က မျှော်လင့်ထားသည်နှင့် ကွာခြားနေသည်။ ဒီရလဒ်က တိဗက်လူမျိုးများ တွေးဆထားခြင်း မဟုတ်သလို ရှန်ယွီကျုံ့ထုံးနှင့် အခြားသော အန်းနန်အစိုးရ စစ်တပ်များက အလွန်အမင်း သန်မာနေသောကြောင့်မဟုတ်ဘဲ ထန်ဘက်က ချခင်းနိုင်သော ဗျူဟာနှင့် အကောင်အထည် ဖော်နိုင်စွမ်းရည်ကြောင့် ဖြစ်သည်။ မည်သူကမှ ဒီလိုဖြစ်လာမည်ဟု မမျှော်လင့်ထားကြချေ။ ထို့ပြင် နောက်ပိုင်း အကျိုးဆက်ကလည်း ပြင်းထန်လွန်းသည်။

ပို၍ဆိုးသည်မှာ ဟော်ရှု့ဟွေ့ခမ်းက တိုက်ပွဲမှတဆင့် သူသာလျှင် ကိုင်တွယ်နိုင်မည့် တစ်စုံတစ်ရာကို သတိထားလိုက်မိပြီး အနှစ်ချုပ်ဆိုရသော် ရှန်ယွီကျုံ့ထုံးနှင့် ကျန်သောလူများကို အလောတကြီးလိုက်ရန် မလိုအပ်ချေ။ မည်သို့ပင်ဆိုစေ ဒါကတစ်ရက်ထဲ ရှိသေးသည်။ သူတို့အနေနှင့် အချိန်တိုအတွင်း အနောက်တောင်ဘက်ပိုင်းမှ မလွတ်သွားနိုင်ချေ။

ဟော်ရှု့ဟွေ့ခမ်းက လျှင်မြန်စွာဖြင့် အမှောင်ထုတွင် ပျောက်ကွယ်သွားသည်။ သူ၏အနောက်တွင် တိဗက်စစ်တပ်က ဖြေးညှင်းစွာဖြင့် ဝမ်ချောင်တို့အင်အားစု ပျောက်ကွယ်သွားသော ဆန့်ကျင်ဘက်အရပ်သို့ သွားသည်။

မိုးအတွင်းရှိ တိုက်ပွဲက မမျှော်လင့်ထားဘဲ အဆုံးသတ်သွားသည်။

သို့ရာတွင် အနောက်တောင်ဘက်ပိုင်းရှိ လေထုအခြေအနေက ပို၍ပင် တင်းကြပ်နေကာ ပေါက်ကွဲထွက်တော့မည့်အလား ထင်ရသည်။

မိုးကဆက်တိုက် ရွာသွန်းနေချိန်တွင် သစ်ပင်ကြီးပေါင်းများစွာက ကျွတ်ထွက်ကာ မြေကြီးထဲသို့ကျသည်။ ဒီလိုရှားပါးသော မိုးမုန်တိုင်းက အနောက်တောင်ပိုင်း တစ်ခုလုံးကို ရွှံ့နွံတောဖြစ်သွားစေလောက်သည်။ မည်သူမှ ထင်ရှားစွာ မမြင်နိုင်တော့သော ထိုနေရာတွင် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများက ပြည့်နှက်နေသည်။

အချိန်က နှေးကွေးစွာဖြင့် ကုန်ဆုံးနေပြီး အရာအားလုံးက ငြိမ်သက်သွားသည်။ မိုးကျသံကလွဲပြီး မည်သည့်အသံမှ မရှိနေတော့ချေ။ အချိန်တစ်ခုကြာပြီးနောက်...

“ဟင်”

လျော့နေသော မြေပြင်က ရုတ်တရက် ဖောင်းပွလာပြီး သိပ်မကြာခင် အချိန်တွင် မြေကြီးထဲမှ ရေငါးတစ်ကောင် ခုန်ထွက်လာသလိုမျိုး သန်မာသော လူတစ်ယောက်က ခုန်ထွက်လာသည်။

“ဒီမှာဘာတွေ ဖြစ်နေတာလဲ။ တိဗက်တွေ ထွက်သွားပြီလား”

ရွှီရှစ်ပင်းက တောင်တန်းဘက်သို့ကြည့်ပြီး စိတ်ရှုပ်ထွေးသွားသည်။ ယွီစန်းနှင့် မဟာထန်တို့ကြားမှ စစ်ပွဲက ပြန်လည်သင့်မြတ် ညှိနှိုင်းနိုင်သည်ထက် ကျော်လွန်သွားပြီဖြစ်သည်။ ယွီစန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့၏ စိတ်သဘောထားအရ လိုက်မဖမ်းရန် မဖြစ်နိုင်ချေ။

“ပြောဖို့ခက်တယ် သတိလက်လွတ်မနေနဲ့။ တိဗက်တွေက ငါတို့သတိလက်ဖြစ်အောင် စောင့်ချင်တာလည်း ဖြစ်နိုင်တယ်။ တိဗက်လူမျိုးတွေက သတိကြီးတယ်ဆိုပြီး ကျော်ကြားတာ။ ဒီတော့ အလွယ်တကူ လက်လျော့မှာတဲ့လား”

ရွှီအန်းတုံးက ရွှံ့ထဲမှထရပ်ပြီး ပြောလိုက်သည်။

အထဲတွင်နေရခြင်းက မသက်မသာ ဖြစ်လွန်းစေပြီး တောင့်ခံရန် ခက်ခဲသည်။ ရွှံ့က စိုရွှဲနေသေးကာ သံချပ်ကာထဲသို့ စိမ့်ဝင်နေသည်။ ဒီလိုရုပ်ဖျက်ခြင်းက ထောက်လှမ်းမိရန် ခက်ခဲသည့်အပြင် တစ်ကိုယ်လုံးကို ရွှံ့များက စိုရွှဲနေသည့်အတွက် မဖြစ်နိုင်သော်လည်း လက်သင့်မခံနိုင်သော လုပ်ရပ်ဖြစ်နေသည်။

“ဆက်တွေးဖို့မလိုဘူး သူတို့အားလုံး သွားကြပြီ”

အနီးအနားရှိ သစ်ပင်ကြီးပေါ်မှ ပုံရိပ်တစ်ခုက လျောဆင်းလာသည်။ ဝမ်ချောင်၏ ခြေထောက်က မြေပြင်ကို အသာအယာလေး တို့ထိလျှက် ပေါ့ပါးစွာ ကျဆင်းလာခြင်းဖြစ်သည်။ သူကလေးလံသော သံချပ်ကာကို ဝတ်ထားပြီး အလွန်သတိကြီးကြီးထားသော အမူအရာဖြစ်သည်။

“တိဗက်တွေက ခပ်ကြမ်းကြမ်း တိုက်ခိုက်တတ်ပြီး နေရာကောင်းကောင်း ယူနိုင်ကြတယ်။ ဒါပေမဲ့ သူတို့က ဘယ်လောက်ပဲ သတိကြီးကြီးထားထား မြင်းခွာသံကို ဖုုံးကွယ်လို့မရဘူး။ အချိန်တိုအတွင်း သူတို့ရဲ့ မြင်းက မြင်းခွာတွေကို ကိုင်တွယ်ဖြေရှင်းထားမယ်ဆိုရင်တောင်မှ မြင်းဟီတာကို တားဆီးလို့ မရနိုင်ဘူး။ ရနိုင်မယ်ဆိုရင်တောင်မှ သူတို့မှာရှိတဲ့ မြင်းအရေအတွက်ကြောင့် မဖြစ်နိုင်ဘူး။ ဒါကတိဗက်တွေရဲ့ ပုံစံမှမဟုတ်တာ”

ဝမ်ချောင်ကပြောပြီး မျက်မှောင်ကျုံ့သည်။

“ငါမူလက တိဗက်တွေက သေချာပေါက် လိုက်မယ်လို့ထင်တာ။ ကြည့်ရတာတော့ သူ့ကို အထင်သေးမိသွားပြီ။ ဟော်ရှု့ဟွေ့ခမ်းက ငါကခြုံခိုတိုက်ခိုက်ဖို့ အကြံအစည် ချထားမှာကိုသိလို့ မလိုက်တော့တာပဲ။ ပိုဆိုးတာက မြင်းတပ်က အမှောင်ထုထဲမှာ တိုက်ခိုက်ရာမှာ မတော်ဘူး။ မိုးတွင်းမှာဆို ပိုဆိုးတယ်။ ဟော်ရှု့ဟွေ့ခမ်းကလည်း အခြေအနေက သူ့ဘက်မှာ အားမသာတာကိုသိလို့ ငါတို့ ကြိုတင်ပြင်ဆင်ထားတာနဲ့ပေါင်းပြီး လက်လျော့ဖို့ ဆုံးဖြတ်လိုက်တာပဲ။ ငါ့အထင် ဟော်ရှု့ဟွေ့ခမ်းက သတ္တိကြီးပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဗိုလ်ချုပ်တစ်ယောက်လို့ ထင်တာ။ မမျှော်လင့်ထားဘဲ သူ့ကိုအထင်သေးမိသွားတယ်။ ဒီဆုံးဖြတ်ချက်ကို ကြည့်ရုံနဲ့တင် ဟော်ရှု့ဟွေ့ခမ်းကလည်း အနောက်တောင်ဘက်ပိုင်းက အကြီးမားဆုံး ရန်သူအဖြစ် သတ်မှတ်နိုင်တယ်”

ရန်သူက နောက်ဆုတ်သွားသည့်အတွက် ထန်ဘက်က အားသာသွားသည်ဟု ထင်ရသော်လည်း ရန်သူက ရှုံးနိမ့်ပြီးနောက် ကိုယ်ပိုင်နေရာသို့ နောက်ဆုတ်သွားခြင်းက မတူသော အခြေအနေဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ သူ၏အရှေ့ရှိ ရလဒ်က သူ့အတွက်ပင်ဖြစ်စေ မဟာထန်အတွက်ပင်ဖြစ်စေ မကောင်းချေ။

ငါထင်ထားတာထက်တောင် ပိုဆိုးနေသေးတယ်။

ဝမ်ချောင်က တွေးတောလိုက်ပြီးနောက်တွင် အနောက်တောင်ဘက်ပိုင်းသို့ကြည့်သည်။ အတိတ်တွင် သူ့အနေဖြင့် မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းက ကျန်းချုံကျန့်ချုံး၏ ရန်သူဟု နားလည်ထားသည်။ ထို့ကြောင့် ဒီလိုအခြေအနေမျိုး ဖြစ်လာသည့်အခါ ကောင်းကောင်း နားမလည်တော့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဝမ်ချောင်က ဟော်ရှု့ဟွေ့ခမ်းကို စတင်နားလည်လာပြီဖြစ်သည်။

အခန်း(၅၅၀)

“သွားကြစို့”

သစ်ပင်ကြီး နှစ်ပင်၏အနားတွင် ရပ်နေသော ဝမ်ချောင်က လက်ကိုယမ်းလိုက်သည်။ ထိုသို့လုပ်လိုက်ခြင်းက အလွန်ကြီးမားသော ပြောင်းလဲမှုကြီး ဖြစ်သွားစေသလိုမျိုး ဝမ်ချောင်၊ ရွှီရှစ်ပင်းနှင့် ရွှီအန်းသွန်းတို့ ရပ်နေသော လူရှင်းသည့် ကွင်းပြင်တွင် မရေမတွက်နိုင်သော ပုံရိပ်ပေါင်းများစွာက မြေကြီးထဲမှ ထိုးထွက်လာကြသည်။ လှုပ်ရှားမှု အနည်းငယ်ထဲနဲ့တင် စစ်သည် ထောင်ပေါင်းများစွာက မြေကြီးထဲမှ ကုန်းထလာသည်။ အားလုံးက လက်နက်များကို ကိုင်ဆောင်ထားကြသည်။ အချို့ကမူ ကိုယ်မှရွှံ့များကို ဖယ်ခွာနေကြသည်။ အဝေးသို့ ကြည့်မည်ဆိုလျှင် ပို၍များပြားသော အန်းနန်အစိုးရ စစ်တပ်က မြေကြီးထဲမှ ကုန်းထလာကြောင်းကို မြင်ရမည်ဖြစ်သည်။

ဟော်ရှု့ဟွေ့ခမ်း၏ သုံးသပ်ချက်ကမှန်သည်။ ဝမ်ချောင်က သူ့အတွက် အင်အားအလုံးအရင်းဖြင့် ထောင်ချောက် ကြီးကြီးမားမား ပြင်ဆင်ထားသည်။ ဒီထောင်ချောက် တစ်ခုထဲတွင် စစ်သည်လေးသောင်းမှ ငါးသောင်းအထိပါသည်။ ထို့အပြင် ပြန်လှည့်လာသော မြင်းတပ်နှင့် ပေါင်းစပ်လိုက်ပြီး အခြားသော တပ်ဖွဲ့များနှင့် စုစည်းလိုက်မည်ဆိုလျှင် ဟော်ရှု့ဟွေ့ခမ်းအတွက် လုံလောက်သည်။ သို့သော် အသုံးမပြုရတော့ချေ။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် တိဗက်လူမျိုးတွေ နောက်ကလိုက်ဖမ်းမှာကို ငါတို့စိုးရိမ်ဖို့မလိုဘူး။ တပ်ဖွဲ့တွေအားလုံး အရှိန်နှုန်းအပြည့်နဲ့ ချီတက်ရမယ်။ ငါတို့မှာ တစ်ရက်ပဲ အချိန်ရှိတယ်။ ပြီးရင် ဟော်ရှု့ဟွေ့ခမ်းက မာန်ရှဲ့ကျောင်းရဲ့ စစ်တပ်နဲ့ ပူးပေါင်းသွားလိမ့်မယ်။ သူတို့ရဲ့ နှစ်ခုပေါင်းတဲ့ အင်အားစုက ငါတို့ကို လိုက်မှီနိုင်ဖို့ လုံလောက်တယ်။ ဒီအချိန်ကာလ အတောအတွင်းကပဲ ငါတို့ရဲ့ အခွင့်အရေး ဖြစ်နေပြီ။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ငါတို့အနေနဲ့ အဲ့ဒီနေရာကို သေချာပေါက် ရောက်ရမယ်”

“ငါတို့မရောက်နိုင်ရင် ငါတို့ကို စောင့်နေမှာက သေခြင်းတရားပဲ။ အဲ့ဒီနေရာကပဲ ငါတို့ကို အသက်ရှင်စေလိမ့်မယ်”

ဝမ်ချောင်က အရာရှိများအားလုံးကို ပြောလိုက်သည်။ သူ၏အသံက တင်းမာသည်။

ဟော်ရှု့ဟွေ့ခမ်းနှင့် တိဗက်မြင်းတပ်တို့၏ လိုက်လံဖမ်းဆီးသည့် ကိစ္စက အဆုံးသတ်သွားပြီဟု ထင်ရသည်။ သို့သော် ဝမ်ချောင်အတွက်ကမူ တိုက်ပွဲက အလှမ်းကြီးနေသေးသည်။ ဒီတစ်ကြိမ်တွင် သူ၏ပြိုင်ဘက်က ဟော်ရှု့ဟွေ့ခမ်း၏ သံချပ်ကာစစ်တပ် တစ်ခုထဲ မဟုတ်တော့ဘဲ အန်းနန်အစိုးရ စစ်တပ်ကိုယ်တိုင် ဖြစ်လာသည်။

ခြင်္သေ့မြို့မှ ထွက်ပြေးသွားပြီး သေဆုံးခြင်းတံခါးမှ လွတ်မြောက်ခဲ့ခြင်းဟာ အောင်မြင်ခဲ့သည်ဟု ဆို၍ရသေးသည်။ လူစုကွဲနေသော အန်းနန်အစိုးရ စစ်တပ်နှစ်ခု ပြန်ပေါင်းလိုက်ခြင်းက အန္တရာယ် များလွန်းသည်ထက် ပိုနေသေးသည်။ ခြင်္သေ့မြို့၏ အကာအကွယ် မရှိတော့ဘဲ ညအမှောင်၏ အကာအကွယ် မရှိတော့သည့်အခါ ထို့အပြင် မုန်တိုင်းကလည်း မရှိတော့လျှင် သဘာအလျှောက် ကာကွယ်မှုများ အားလုံးက ပျောက်ဆုံးသွားမည်ဖြစ်ပြီး မဟာထန်က မာန်ရှဲ့ယွီစန်း စစ်တပ်ကြီးကို ယှဉ်နိုင်တော့မည် မဟုတ်ချေ။ ပို၍အရေးကြီးသည်က အနောက်တောင်ဘက်ပိုင်းတွင် ရိက္ခာအထောက်အပံ့ မရှိခြင်းဖြစ်သည်။

မဟာထန်၏ စစ်မြင်းများက ဟီသံနှင့်အတူ မိုးကိုအံ့တုက သူတို့အားလုံးက အရှေ့မြောက်ဘက်ပိုင်းသို့ လျှင်မြန်စွာဖြင့် ခရီးဆက်နေသည်။ ဒီစစ်ပွဲတွင် ပထမဦးဆုံးအကြိမ် အနောက်တောင်ဘက်ပိုင်းက ညတာတွင် ငြိမ်းချမ်းသွားခြင်းဖြစ်သည်။ နောက်ဆုံးသော ငြိမ်းချမ်းသည့် ညဟုလည်း ဆို၍ရသည်။

မြို့တော်ကို ကြီးမားသော တိမ်မည်းကြီးများက လွှမ်းခြုံပြီး လျှပ်စီးများက တဖြတ်ဖြတ်လက်က မြွေတစ်ကောင်ကဲ့သို့ ရစ်ဆိုင်းပြီး အုပ်မိုးနေသည်။ အနောက်တောင်ဘက်ပိုင်းကို မုန်တိုင်းက လွှမ်းခြုံထားရုံသာ မကလေဘဲ မြို့တော်ပေါ်ရှိ အုံ့မှိုင်းနေသော တိမ်မည်းများကပါ လျှပ်စီးများလက်ပြီး မိုးခြိမ်းနေသည်။ သို့သော် မိုးမရွာသေးချေ။ ဒီလိုမုန်တိုင်းမျိုးက ဗလာမိုးကြိုးဟု လူအများက ခေါ်ဆိုလေ့ရှိကြသည်။ ဒီလိုရာသီဥတုမျိုးက မြို့တော်တွင် ဖြစ်ပျက်နေသည်မှာ ရက်အနည်းငယ်ခန့် ကြာသွားခဲ့ပြီဖြစ်သည်။

အနောက်တောင်ဘက်ပိုင်းမှ အန္တရာယ်များ ရှေ့တန်းက ကျရှုံးမှုများ လုံချင်အန်းနှင့် အန်းတုံ၊ အန်းချီတို့တွင် ဖြစ်နေသော တိုက်ပွဲများ၏ ပြင်းထန်မှုက လေထုအခြေအနေကို ပို၍တင်းကြပ်ကာ အထိတ်တလန့် ဖြစ်နေစေသည်။ ဒီမင်းဆက်ကို စတင်တည်ထောင်ချိန်ကတည်းက ဒီလိုအခြေအနေမျိုးက တစ်ကြိမ်သော်မျှ မဖြစ်ခဲ့ဖူးချေ။

“မိန်းမဆိုးကောင်း အရှင်မင်းကြီးကို ကိုယ်စားတင်ပြပေးဖို့ တောင်းဆိုပါရစေ။ ဒီနိမ့်ကျတဲ့အမတ်က တွေ့ခွင့်တောင်းပါတယ်”

တော်ဝင်နန်းတော်၏ နက်ရှိုင်းသော တားမြစ်နယ်မြေ၏ အရှေ့တွင် လေးထောင့်မျက်နှာနှင့် နားရွက်ကြီးကြီး ပိုးသားတော်ဝင် မိန်းမဆိုးဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က ကြောင်စေး လှေကားထစ်များပေါ်တွင် ရပ်နေသည်။ သူ၏အသားအရည်က ချောမွေ့ကာ တောက်ပနေပြီး ခန္ဓာကိုယ်က အနည်းငယ် ဝဖြိုးသည်။ ဒါကသူ့ကို မြေကမာ္ဘသို့ ဆင်းသက်လာသော စာကြာမူနီ ဗုဒ္ဓဟုထင်ရသည်။ သူ၏အရှေ့တွင် မြေပြင်တွင် ဒူးထောက်နေသည့် တော်ဝင်စစ်တပ်မှ ခေါင်းဆောင်နှင့် ပြည်သူ့ရေးရာ အမတ်တစ်ယောက် ရှိနေသည်။

“မိန်းမဆိုးကောင်း မြင့်မြတ်တဲ့ဧကရာဇ်ကို လျှောက်တင်ပေးဖို့ တောင်းဆိုရတော့မယ်။ အနောက်တောင်ပိုင်းက အရမ်းအရေးကြီးတဲ့ အန္တရာယ်ကို ကျရောက်နေတယ်။ ငါတို့ရဲ့ တော်ဝင်စစ်တပ်က စစ်သည်နှစ်သိန်းက အနောက်တောင်ဘက်ပိုင်းကို သွားဖို့ဆန္ဒရှိပါတယ်”

“အန္တရာယ်တွေက ငါတို့ကို အဖက်ဖက်က ထိုးနှက်နေပြီ။ ဒီလိုအချိန်မျိုးမှာ ငါတို့အသုံးပြုနိုင်တဲ့ တပ်ဖွဲ့တွေက မရှိတော့ဘူး။ တော်ဝင်စစ်တပ်ကို အသုံးပြုတာက အကောင်းဆုံး နည်းလမ်းပဲ။ လူကြီးမင်းမိန်းမဆိုး အရာအားလုံးအတွက် သင့်တော်တဲ့ နည်းလမ်းတွေက တည်ရှိပြီးသားပါ”

ဒူးထောက်နေသည့် ပုံရိပ်များထဲမှ တစ်ယောက်က ကြမ်းပြင်ကို ခေါင်းဖြင့်စိုက်လိုက်သည်။ သူက တော်ဝင်စစ်တပ်မှဗိုလ်ချုပ် ကျောက်ဖုန်းချန်းဖြစ်သည်။

အနောက်တောင်ဘက်ပိုင်းမှ စစ်ပွဲက ယခုအခြေအနေထိ ကြာနေခဲ့သည်။ ကျွမ်းကျင်ပညာရှင်များရှိသော ကလန်ပေါင်းများစွာက ငှားရမ်းထားသောလူများ စစ်သည်တော်များ အားလုံးကို ဝမ်ချောင်က ဦးဆောင်ကာ တိုက်ပွဲသို့ ခေါ်သွားခဲ့သည်။ သို့သော် ဒါကအားလှိုင်းများအတွင်း မြုပ်သွားသော ရေမြုပ်များကဲ့သို့ ဖြစ်နေပြီး နောက်ပိုင်းတွင် ဘာအားလှိုင်းမှ မကျန်ရစ်ခဲ့ချေ။ လူအများ၏အမြင်တွင် သူ၏အဆုံးသတ်က သေချာနေသည်။ အနောက်တောင်ဘက်ပိုင်းက စစ်ပွဲအတွက် စစ်သည် ထောင်ပေါင်းများစွာက ရေတစ်ခွက်ကို လက်တွန်းလှည်းဖြင့် သယ်သလို ဖြစ်သွားလေသည်။

လုံလောက်အောင် ကြီးမားသော စစ်တပ်မရှိလျှင် မာန်ရှဲ့နှင့် ယွီစန်းတို့ ပူးပေါင်းထားသော စစ်သည်ငါးသိန်းကို ရင်ဆိုင်ရခြင်းက ကျောက်ဆောင်ကို ကြက်ဥနှင့် ပစ်ပေါက်သလို ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် လူအများစုက ဝမ်ချောင်၏ အင်အားစုက အစပိုင်းကတည်းက မည်သို့အဆုံးသတ်မည်ဖြစ်ကြောင်း သိထားကြသည်။ သူတို့က သူ၏သတ္တိကို လေးစားသော်လည်း ဒါကဉာဏ်ရှိသော ဆုံးဖြတ်ချက်မဟုတ်ချေ။ အဆုံးတွင် တော်ဝင်ခုံရုံး၏ စစ်တပ်ကိုသာ မှီခိုအားထားရတော့မည်ဖြစ်သည်။

ပိုးသားဝတ်စုံနှင့် မိန်းမဆိုးက ပြုံးပြီးပြန်ဖြေသည်။

“ဟား ဟား ဟား ဗိုလ်ချုပ်ကျောင်း ကျေးဇူးပြုပြီး ဒီလိုစိတ်ရှုပ်ထွေးစရာ စကားမျိုးတွေ မသုံးနှုန်းပါနဲ့။ တော်ဝင်စစ်တပ် နှစ်သိန်းကသာ တောင်ပိုင်းကိုသွားရင် ဘယ်သူက မြို့တော်ကို ကာကွယ်တော့မှာလဲ။ တိုင်းတစ်ပါးသား မြင်းတပ်က ရုတ်တရက် တိုက်ခိုက်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။ အရှင်က ရန်သူတွေအားလုံး အဝိုင်းခံနေရတာကို ခင်ဗျားက မြင်ချင်လို့လား။ ဧကရာဇ်က လက်ရှိအချိန်မှာ ပြောင်မြောက်တဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားလို့ ဒီလိုကိစ္စမျိုးကို စိုးရိမ်စရာမရှိဘူး ဆိုပေမဲ့လည်း ကျွန်တော်တို့လို အမတ်တွေက ဆက်ရှင်ဖို့ ဖြစ်နိုင်ပါတော့မလား”

တော်ဝင်ခုံရုံး၏ အတွင်းကြမ်းပြင်တွင် မျိုးရိုးနာမည်ကောင်းနှင့် လူတစ်ယောက်သာလျှင်ရှိပြီး ထိုလူများအားလုံး ထိုသို့လေးစားခံရခြင်းက ဧကရာဇ်၏ဘေးမှ အယုံကြည်ရဆုံးသော တော်ဝင်ခုံရုံးမှ ကြီးကြပ်သူ ကောင်းလီရှီဆိုသည့် ကောင်းဖြစ်သည်။ တော်ဝင်ခုံရုံးတွင် ငယ်ငယ်ကြီးကြီး မိန်းမဆိုးဖြစ်စေ၊ အစေခံဖြစ်စေ အားလုံးက မျိုးရိုးနာမည်ကောင်း ပိုင်ရသည့်အတွက် ကိုယ်ပိုင်မျိုးရိုးနာမည်ကို ပြောင်းလဲရန် လိုအပ်သည်။ သို့ရာတွင် အတွင်းနန်းဆောင်တွင် ရိုရိုသေသေ မိန်းမဆိုးကောင်းဟု ခေါ်ဆိုခံရသော လူကလည်း တစ်ယောက်ထဲသာ ရှိသည်။

ကောင်းမျိုးဆက်က ဧကရာဇ်မျိုးဆက် အဆက်ဆက်ကို ခစားခဲ့ခြင်းဖြစ်ပြီး သစ္စာရှိဆုံးသော အမတ်များအဖြစ်ပင် တံဆိပ်သတ်မှတ်နိုင်သည်။ မဟာထန်ပင်ဖြစ်စေ၊ နန်းတွင်းတွင်ဖြစ်စေ သူတို့၏ အဆင့်အတန်းက သာမာန်အမတ်များ၏ အထက်တွင်ရှိသည်။

“မိန်းမဆိုးကောင်းပြောတာ မှန်ပါတယ် ငါတို့စိတ်ရှုပ်သွားတယ်။ ဒါပေမဲ့ လူကြီးမင်း မိန်းမဆိုး အချိန်က စောင့်နေမှာ မဟုတ်ပါဘူး။ အန်းနန်အစိုးရစစ်တပ်က ရှင်းပစ်ခံရပြီးရင် အနောက်တောင်ပိုင်းက ပြည်သူတစ်သန်းလုံးက ကပ်ဘေးစိုက်သွားလိမ့်မယ်။ မာန်ရှဲ့ယွီစန်းစစ်တပ်က မြောက်ပိုင်းကိုဆက်ပြီး ခရီးနှင်လာမှာပဲ။ အဆုံးမှာ သူတို့က မြို့တော်ကို တိုက်ရိုက်ချိန်းခြောက်လာလိမ့်မယ်။ အမတ်တွေအနေနဲ့ အင်ပါယာဂိတ်ပေါက် အပြင်ဘက်မှာ ရန်သူတွေ ဝင်ရောက်တိုက်ခိုက်လာတာကို တားဆီးဖို့ လိုအပ်တယ်။ ငါတို့ကသာ သူတို့ကို လူတွေကို ချိန်းခြောက်ခွင့် ပြုလိုက်မယ်ဆိုရင် ငါတို့ဒီလောကမှာ ဆက်ပြီး အသက်ရှင်နေတာက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ ယွီစန်းရဲ့ တော်ဝင်တပ်ရင်းနှစ်ခုက ဒါကိုကောင်းကောင်း အသုံးချသွားလိမ့်မယ်”

ကျောက်ဖုန်းချန်း၏ဘေးတွင် အသက်ခုနှစ်ဆယ်ကျော်ခန့်ရှိမည့် တော်ဝင်အရာရှိ သွမ့်ချောင်က သက်ပြင်းချသည်။

ရန်သူက မဟာထန်ကို ဝိုင်းနေခဲ့ပြီး လူတိုင်းက စစ်သည်များစွာ ဆုဆောင်းဖို့ ကြိုးစားနေရသည်။ သို့သော် သူတို့က မည်မျှပင် အားအင်စိုက်ထုတ်နေစေကာမူ ရိက္ခာများ ခွဲဝေပေးရခြင်း၊ လက်နက်များ ခွဲဝေပေးရခြင်း၊ စစ်မြင်းများ ထောက်ပံ့ရခြင်းတို့ကို ပြုလုပ်နေရလေသည်။ မည်သို့ပင်ဆိုစေ မာန်ရှဲ့နှင့် ယွီစန်းစစ်တပ် ငါးသိန်းဆိုသည့် ပမာဏက မနည်းချေ။ ထိုမျှပမာဏကို အလွယ်တကူ စုဆောင်း၍မရနိုင်ချေ။

စစ်ကအမြဲတစေ ဖွဲ့စည်းပုံအတိုင်းဖြစ်သည်။ ထို့ကြောင့် တပ်ဖွဲ့များကို ရွှေ့မရွှေ့က ရိုးရှင်းသော မေးခွန်းမဟုတ်တော့ချေ။

အချိန်ကမစောင့်ချေ။ နေ့ရက်တိုင်းလိုလို တောင်ပိုင်းမှ သတင်းဆိုးများသာ ဆက်တိုက် ရောက်ရှိလာနေပြီး အင်ပါယာမှ အမြင့်ဆုံးအမတ်က စတင်ပြီး အနိမ့်ဆုံး သာမာန်လူအထိ အားလုံးက စိုးရိမ်နေကြရသည်။ မဟာထန်က အုံကြွနေသော ရန်သူပေါင်းများစွာနှင့် ရင်ဆိုင်နေရသည်။ ထန်လူမျိုးများအားလုံးက သူတို့၏တိုင်းပြည်ကို ချစ်မြတ်နိုးရသည့်အတွက် ခံစားရသည်။ ထို့ကြောင့် ဒီလိုအခြေအနေမျိုးတွင် အလွန်အမင်း စိုးရိမ်တကြီး ဖြစ်နေကြရလေသည်။

တော်ဝင်ခုံရုံးက လက်ရှိအချိန်တွင် နေ့တိုင်းလိုလို ဒီလိုအခြေအနေကို ဆွေးနွေးနေကြရသည်။ မဆုံးနိုင်သော ငြင်းခုံမှုများကလည်း ရှိနေသည်။ မဆုံးနိုင်သော အမှတ်များက တော်ဝင်ခုံရုံးထဲသို့ ဝင်ချင်ပြီး အမတ်များကို တွေ့ချင်နေကြသည်။ သို့သော် အားလုံးက အငြင်းခံရသည်။

ဒီကပ်ဘေးက မဟာထန်ရှိ အခမ်းနားဆုံး အမြင့်မြတ်ဆုံး တည်ရှိမှုက စတင်ပြီး နိမ့်ကျသော သူအထိ သက်ရောက်မှု ရှိနေသော်လည်း ဧကရာဇ်က မထွက်လာခဲ့ချေ။ ဧကရာဇ်က ဘာတွေးနေကြောင်း မည်သူကမှ မသိနိုင်ချေ။ သူကမည်သည့်ဆုံးဖြတ်ချက်မှလည်း မလုပ်သလို ထောက်ပံ့ဟန်လည်း မပြချေ။

“တော်ဝင်အရာရှိသွမ့်”

ထိုလူ၏စကားကို ကြားသောအခါ မိန်းမဆိုးကောင်းက မနေနိုင်ဘဲ သက်ပြင်းအရှည်ကြီးကို ချသည်။

“ခင်ဗျားက ရိုးသားတာကို သိပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက လက်ရှိအချိန်မှာ အနားယူနေပြီး ဘယ်သူကမှ မနှောက်ယှက်ရဘူးလို့ အမိန့်ထုတ်ထားတယ်။ ဒီတော့ ကျွန်တော်လည်း တက်နိုင်တာ မရှိတော့ပါဘူး”

အရာရှိများက တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်အားငယ်စွာ ကြည့်ကြသည်။ ဒီလိုအကြောင်းပြချက်ပေးခြင်းက လူအနည်းငယ်ကိုသာ ခြောက်လန့်နိုင်လောက်သည်။

“မိန်းမဆိုးကောင်း အရှင်မင်းကြီးက တကယ်ပဲ ဘာကိုထိန်းချုပ်နေတာလဲ။ ဘာတွေဖြစ်နေတာလဲ။ အရှင်မင်းကြီးက အရင်က ဒီလိုမဟုတ်ပါဘူး”

ရုတ်တရက် တော်ဝင်အရာရှိအိုကြီးက ခေါင်းမော့ကာ အကြည့်က ဓားကဲ့သို့ ထက်ရှသွားသည်။

တော်ဝင်ဧကရာဇ်က ဗဟိုပြင်ကျယ်၏ ရည်မှန်းချက်ကြီးမားသော အရှင်သခင်တစ်ယောက်ဖြစ်ပြီး သူ၏ဗျူဟာများပင်ဖြစ်စေ၊ သူ၏မခန့်မှန်းနိုင်အောင် ဖြေရှင်းနိုင်စွမ်းအားပင်ဖြစ်စေ၊ ထိုးဖောက်နိုင်သော အကြည့်တစ်ချက်ပင်ဖြစ်စေ တစ်လောကလုံးကို မဟာထန်က သိမ်းကျုံးနိုင်လောက်အောင် ဦးဆောင်နိုင်ခဲ့သည်။

အတိတ်တွင် ပါရမီကြီးသော ဧကရာဇ်က အခြေအနေကို ကြိုတင်မြင်နိုင်စွမ်း ရှိခဲ့သည်။ ထို့ကြောင့် မည်သည့်အချိန်တွင်မှ စိုးရိမ်စရာ မလိုအပ်ခဲ့ချေ။ တော်ဝင်ခုံရုံးတွင်လည်း ငြင်းခုံစရာ မလိုဘဲ သူကဘာလုပ်ရမည်ဖြစ်ကြောင်း ကြိုသိနေလေ့ရှိသည်။ လူတိုင်းက သူ၏ဆုံးဖြတ်ချက်ကိုသာ ပျော်ပျော်ရွှင်ရွှင် လိုက်နာရန် လိုအပ်လေသည်။ သို့သော် ယခုမူ အနောက်တောင်ပိုင်းက စစ်မီးတောက်ဖြင့် လွှမ်းခြုံခံလိုက်ရပြီး အန်းနန်အစိုးရစစ်တပ်ကလည်း ရှုံးသွားသည်။ လီကျန်းရီကလည်း ခြုံခိုတိုက်ခိုက်ခံရပြီး အသတ်ခံခဲ့ရသည်။ အစိုးရစစ်တပ်တိုင်းက အရပ်မျက်နှာတိုင်းမှ တိုက်ခိုက်မှု ကျရောက်နေသည်။ သို့သော် ဧကရာဇ်ကမူ လှုပ်ရှားမှု အရိပ်အယောင် မပြသေးချေ။ အရင်ကထိုသို့ မဖြစ်ခဲ့ဖူးချေ။

တော်ဝင်အရာရှိဟောင်း တစ်ယောက်အနေနှင့် မျိုးဆက်နှစ်ဆက်တိုင် ခစားလာလေရာ သွမ့်ချောင်က ဒီအခြေအနေကို မမြင်ဘဲမနေချေ။

“အာ တော်ဝင်အရာရှိသွမ့် ဒီကိစ္စကို သိနေပြီလား”

“အာ”

ထိုစကားကို ကြားသောအခါ တော်ဝင်အရာရှိ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ၏ပါးစပ်က အဟောင်းသား ဖြစ်သွားပြီး တစ်စုံတစ်ရာကို ပြောလိုက်သည်။ သို့သော် မိန်းမဆိုးကောင်းက ခေါင်းမော့ကာ သူ့ကိုတိတ်ဆိတ်နေရန်ပြောသည်။

“အတိတ်က အတိတ်ပဲ။ ခင်ဗျားတို့နဲ့ ကျွန်တော်တို့က ဘာတွေဖြစ်နေတာကိုသိရင် အဆင်ပြေပြီပေါ့။ အနောက်တောင်ပိုင်း အတွက်ကတော့ မစိုးရိမ်ပါနဲ့။ အရှင်မင်းကြီးမှာလည်း အကြံရှိပါတယ်။ ဒီအတိုင်း အရှင်မင်းကြီးက အနောက်တောင်ဘက်ပိုင်းက အခြေအနေကို အာရုံမစိုက်တာ မဟုတ်ပါဘူး။ တော်ဝင်အရာရှိဟောင်းအနေနဲ့ အရှင်မင်းကြီးကို နှစ်ပေါင်းများစွာ ခစားလာတာ ဒါကိုနားလည်သင့်တယ် မဟုတ်လား”

သွမ့်ချောင်၏ကိုယ်က တုန်ယင်သွားပြီး သက်ပြင်းအရှည်ကြီးကို ချလိုက်သည်။ အရှင်မင်းကြီးက ဆုံးဖြတ်ချက်ချပြီးလျှင် သူကဆက်လက်ပြီး မေးမြန်းရန် မဖြစ်နိုင်တော့ချေ။ သို့သော်ဒါက သူ၏ဒီခရီးတွင် အကြီးမားဆုံး အကျိုးအမြတ်လည်းဖြစ်သည်။

“ငါနားလည်ပြီ ကျေးဇူးအများကြီးတင်ပါတယ် လူကြီးမင်းမိန်းမဆိုး လူကြီးမင်းကျောင်း ငါတို့သွားရအောင်”

သွမ့်ချောင်က စိတ်ရှုပ်ထွေးနေသော ကျောက်ဖုန်းချန်းကို ထုမပေးပြီးနောက် အပြင်သို့ ခပ်မြန်မြန်ထွက်သွားသည်။

ခန်းမထဲတွင် လေပြေက တစ်ချက်တိုက်ခတ်ပြီးနောက်တွင် လိုက်ကာများက လွင့်သွားသည်။

မိန်းမဆိုးချောင်းက အင်္ကျီလက်ကို ပြန်ရုတ်လိုက်ပြီးနောက်တွင် ပြန်ပြုံးလိုက်သည်။ သူက ထွက်သွားသော သွမ့်ချောင်တို့အဖွဲ့ကို ကြည့်နေသည်။ တခဏခန့် ကြာပြီးနောက် လူတိုင်းက ထွက်သွားကြလေရာ မိန်းမဆိုးကောင်း၏ နှုတ်ခမ်းရှိအပြုံးက ပျောက်ကွယ်သွားပြီး သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ မိန်းမဆိုးကောင်းက စိုးရိမ်မှုအပြည့်ဖြင့် အထဲသို့ဝင်သွားသည်။

အထဲတွင် လိုက်ကာများက သိပ်သည်းစွာရှိနေပြီး တော်ဝင်နဂါးပုံသဏ္ဍန် ကခုန်နေလေသည်။

ထိုလိုက်ကာများ၏ အနောက်တွင် အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်တစ်ယောက် ရှိနေသည်။ သူက ထိုနေရာတွင် ဘာမှမလုပ်ဘဲ ထိုင်နေရုံသာဖြစ်သော်လည်း သူ၏ကိုယ်မှ ထိုးထွက်နေသော စွမ်းအင်က သက်ရှိတိုင်း၏ အထက်တွင်ရှိပြီး လူတိုင်းက နတ်ဘုရားလို ခစားရလောက်အောင် မြင့်မြတ်သည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် သူ၏ကိုယ်ပေါ် စီးဝင်နေသော စွမ်းအင်များက အားနည်းလွန်းသည်ဟု မိန်းမဆိုးကောင်းက မြင်လေသည်။ သို့ရာတွင် မိန်းမဆိုးကောင်းက အတွေးကို ခပ်မြန်မြန် ဖယ်ရှားလိုက်သည်။ အရှင်မင်းကြီးက လက်ရှိတွင် မြင့်မြတ်သော ဧကရာဇ်တစ်ယောက်ဖြစ်သည်။ ယခင်ကကဲ့သို့ မင်းသားတစ်ပါးပင်ဖြစ်စေ သူ၏နှလုံးသားထဲတွင်မူ သူအလေးစားရဆုံး အမြင့်မြတ်ဆုံး တည်ရှိမှုကြီးဖြစ်သည်။

“အရှင်မင်းကြီး အနောက်တောင်ဘက်ပိုင်းကို ဘာမှမလုပ်တာ အဆင်ပြေပါရဲ့လား”

လူရှင်းသော ခန်းမထဲတွင် မိန်းမဆိုးကောင်းက ရုတ်တရက် ဒူးထောက်လိုက်သည်။ သူ၏ဒူးထောက်သံက ကျယ်လောင်ပြီး တိတ်ဆိတ်သော ခန်းမအတွင်း ပဲ့တင်ထပ်သွားတော့သည်။

All Chapters