အခန်း (၅၅၆-၅၆၀)
Vol. 27 Ch. 556-560
အခန်း(၅၅၆)
“ဘာလူငယ်လဲ အရှင်မင်းသား အရှင်မင်းသားဘာကို ပြောချင်တာပါလဲ”
ဘေးဘက်မှ အသံထွက်လာသည်။ အသံက တည်တင်းသည်။ ဒီစစ်တပ် တဲစခန်းတစ်ခုလုံးတွင် မာန်ရှဲ့ကျောင်း၏ဘက်မှ စကားပြောခန်းထဲ ဝင်ရောက်ရန် အဆင့်မီသော တစ်ဦးတည်းသောသူဖြစ်ပြန်သည့် မာန်ရှဲ့ကျောင်း၏ မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်ဖြစ်သည်။
မာန်ရှဲ့ကျောင်း၏ အင်အားက မဟာထန်နှင့် ယွီစန်းကို မယှဉ်နိုင်သော်လည်း သူတို့က မဟာဗိုလ်ချုပ်ကဲ့သို့ ခဲ့ရှုးဟန်၊ ဟော်ရှု့ဟွေ့ခမ်းနှင့် ကျန့်ချုံကျန်းချုံးနှင့် တပြေးထဲ ယှဉ်နိုင်သည့် ဒီမဟာဗိုလ်ချုပ်ကို အားကိုးလျှက် အခြားသော တိုင်းပြည်များနှင့် ရင်ဘောင်တန်းရန် ကြိုးစားထားရခြင်းဖြစ်သည်။
မာန်ရှဲ့ကျောင်း၏ဘုရင် ခဲ့လော့ဖုန်းကိုယ်တိုင်က အင်အားအကြီးဆုံး ကျွမ်းကျင်ပညာရှင်ဟု သတ်မှတ်၍က မရနိုင်သေးချေ။ မာန်ရှဲ့ကျောင်း၏ ရည်မှန်းချက်က ကြီးမားသော အကြောင်းပြချက်များထဲက တစ်ခုကလည်း ထိုအကြောငးပြချက်ကြောင့်ဖြစ်ပြီး မဟာထန်၏ လက်အောက်မှ သူတို့ကခွဲထွက်ကာ အနောက်တောင်ဘက်ပိုင်းတွင် ကိုယ်ပိုင်တိုင်းပြည်ကြီးတစ်ခုကို တည်ထောင်လိုနေခဲ့သည်။
“အနောက်တောင်ပိုင်း တစ်ခုလုံးမှာ ရှန်ယွီကျုံ့ထုံးနဲ့ ဝမ်ရန်ကပဲ ဗိုလ်ချုပ်တွေကို အမိန့်ပေး ဗိုလ်ချုပ်တွေအနေနဲ့ အရည်အသွေး ပြည့်မီတယ်။ ဘယ်ကလူငယ်က ရောက်လာတာလဲ။ မဟာဗိုလ်ချုပ် အဲ့ဒီလူငယ်က ဆယ်နှစ်ကျော်ကျော် ဝန်းကျင်လောက်ပဲ ရှိလောက်သေးလောက်အောင် ငယ်ရွယ်ပါသေးတယ်။ သူက ဝမ်ဖူဟန်ဆောင်မှုအတွက်နဲ့ ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားလို့ ကျောင်းစစ်လော့နဲ့ ကျွန်တော်တို့ကသူ့ကို အလွယ်တကူ သတိထားမိခဲ့တာပါ။ ကျွန်တော်တို့က ဝမ်ရန်နဲ့ ဝမ်ဖူတို့ ဝိုင်းထားတဲ့ စစ်တပ်အဝိုင်းခံထားရတဲ့ အချိန်မှာ သူတို့ကလည်း ဒါကသူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ အားကုန်သုံးပြီး တိုက်ခိုက်ခဲ့တဲ့ပုံပါပဲ။ အဲ့ဒီကောင်စုတ်လေးက သူ့ရဲ့ စစ်နည်းဗျူဟာတွေကို ဘယ်နေရာက သယ်လာသလဲတော့ မသိပေမဲ့ သူပေါ်လာပြီးတာနဲ့ အန်းနန်အစိုးရစစ်တပ်က ကျွန်တော်တို့ လုံးဝမသိထားတဲ့ အခြားစစ်တပ်တစ်ခုလို လုံးဝပြောင်းလဲသွားခဲ့တာပါ။ ကိုင်တွယ်ရ အရမ်းကို ခက်ခဲသွားတဲ့ အနေအထားအထိ ရောက်သွားတယ်။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေအားလုံးနီးပါးသုံးပြီး သူတို့ရဲ့ဝင်္ကပါကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဘယ်သူမှ မျှော်လင့်မထားတာက အဲ့ဒါက ထောင်ချောက်ဖြစ်နေပြီး ကျွန်တော်တို့တောင် လက်သင့်မခံနိုင်လောက်တဲ့ ကပ်ဘေးကို ရင်ဆိုင်လိုက်ရတယ်”
“ကျောင်းစစ်လော့နဲ့ ကျွန်တော်ကလည်း ဒီအခြေအနေကိုမြင်လို့ ဒီလူငယ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီကောင်စုတ်လေးက မမျှော်လင့်ထားဘဲ ကောက်ကျစ်ပြီး ကျွန်တော်နဲ့ ကျောင်းစစ်လော့ကို မသတ်နိုင်ခင်မှာ ချော်ပြီးထွက်ပြေးသွားခဲ့တယ်”
ဖုန်းကျားရီက ထိုသို့ပြန်လည်ငြင်းဆန်ကာ ပြောပြလိုက်သည်။
မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်က ဗဟိုပြင်ကျယ်တွင် လူသိများ ထင်ရှားခြင်း မရှိသော်လည်း သူ၏ကျော်ကြားမှုက မာန်ရှဲ့ကျောင်း အတွင်းတွင်မူ ပြိုင်ဘက်ကင်းလုနီးပါးဖြစ်သည်။ ခဲ့လော့ဖုန်းနှင့် ဖုန်းကျားရီတို့ နှစ်ယောက်လုံးက သူ့ကိုအလွန် ရိုသေရသည်။ ယွီစန်းမဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းကပင် သူ၏ပတ်ပတ်လည်တွင် သတိထားရသေးသည်။
မာန်ရှဲ့ကျောင်းက လူအားလုံး အပါအဝင် ဟော်ရှု့ဟွေ့ခမ်းကလည်း မာန်ရှဲ့ကျောင်းတွင် အလေးစားရဆုံးက ဘုရင်ခဲ့လော့ဖုန်းနှင့် မဟာဗိုလ်ချုပ် သွမ့်ခဲ့ရွှမ်ကို တန်းတူထားနေခြင်းဖြစ်သည်။
ကျောင်းစစ်လော့၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကလည်း နောက်ဆုံးတွင် စကားပြောရန် အခွင့်အရေး ရသွားသလိုမျိုး ဝင်ပြောလာသည်။
“မဟာဗိုလ်ချုပ် မဟာဝန်ကြီး အိမ်ရှေ့စံ ဖုန်းကျားရီပြောတဲ့ စကားတွေက အမှန်ပါပဲ။ အဲ့ဒီအလားအလာ အရမ်းကောင်းတဲ့ လူငယ်က ထန်အင်အားစုထဲမှာ ပေါ်ထွက်လာခဲ့တာပါ။ ကျွန်တော်တို့ရဲ့ မြင်းတပ်က အားအင်အပြည့်နဲ့ ရှင်သန်လာခဲ့ပေမဲ့ သူကကျွန်တော်တို့ရဲ့ စစ်တပ်ကို ဝရုန်းသုန်းကား ဖြစ်သွားအောင် စီမံခန့်ခွဲနိုင်တယ်။ ကျွန်တော်တို့ရဲ့ စစ်တပ်က ကိုယ့်လူနဲ့ကို ပိတ်မိသွားပြီး ထန်တွေဆီကို မရောက်နိုင်ခဲ့ဘူး။ ကျွန်တော် ဝန်မခံချင်ပေမဲ့လည်း ဒီလူငယ်ရဲ့ ဗျူဟာနဲ့ အကြံအစည် ချနိုင်စွမ်းအားက ကျွန်တော်တို့ထက် အများကြီးသာတာ ဝန်ခံရပါမယ်”
သူ၏ခေါင်းက မြေပြင်နှင့် ထိထားသည်။ သူကမလှုပ်ရဲသေးချေ။
ကျောင်းစစ်လော့၏ စကားကို ကြားသောအခါ ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းတို့က တိတ်ဆိတ်သွားကြသည်။ ကျောင်းစစ်လော့က တိဗက်ဗိုလ်ချုပ် တစ်ယောက်ဖြစ်ပြီး တိဗက်လူမျိုးများကလည်း သူတို့၏ လုပ်နိုင်စွမ်းအားကြောင့် အမြဲတစေ ဂုဏ်ယူခဲ့ကြရသည်။
သူတို့က ဘယ်သောအခါမှ ခေါင်းငုံ့လိမ့်မည် မဟုတ်ချေ။ သူတို့ကခေါင်းကို အနည်းငယ်သာ နိမ့်ထားခဲ့ခြင်းဖြစ်ပြီး ဒီနည်းအားဖြင့် တိဗက်လူမျိုးများက သူတို့လက်ရှိ ရောက်ထားသည်ထက် ပို၍ အင်အားကြီးသထက် ကြီးမားလာခဲ့သည်။ သို့တိုင်အောင် သူတို့က အပြင်လူထံတွင် ဘယ်သောအခါမှ ဦးညွှတ်လိမ့်မည်မဟုတ်ချေ။
တိဗက်လူမျိုးများက အခြားအပြင်လူ၏ လက်အောက်ခံ ဘယ်သောအခါမှ အဖြစ်ခံလိမ့်မည် မဟုတ်ချေ။ တိဗက်ဗိုလ်ချုပ်ဆိုလျှင်ပင် ဒီအဖြစ်အပျက်ကို လက်မခံနိုင်ချေ။
သို့သော် လက်ရှိအချိန်တွင် လူအများ၏အရှေ့တွင် ကျားဗိုလ်ချုပ် ငါးယောက်ထဲမှ တစ်ယောက်ဖြစ်သော ကျောင်းစစ်လော့က သူဟာနိမ့်ကျစွာ ဝန်ခံလိုက်သည်။ ဒါက အလွယ်တကူ အရှုံးပေးသည်ဟု ပြော၍မရတော့ချေ။ ဆိုလိုသည်မှာ တစ်ဖက်က အလွန့်အလွန် အင်အားကြီး သန်မာနေခြင်းဖြစ်သည်။
တစ်စုံတစ်ယောက်က ကျောင်းစစ်လော့ကပင် ဝန်ခံရလောက်အောင် သူ့ထက်အင်အား ကြီးမားနေသည်။
အခြားတစ်ဖက်တွင် ခဲ့လော့ဖုန်းနဲ့ သွမ့်ခဲ့ရွှမ်တို့ အားလုံးကလည်း တိတ်ဆိတ်သွားကြသည်။
ဖုန်းကျားရီ၏စကားက အတိုင်းအတာ တစ်ခုထိသာလျှင် ရောက်လာပြီး ကျောင်းစစ်လော့၏ ယခုထပ်ပြောလိုက်သော စကားက ဒီစကားက အမှန်ဖြစ်ကြောင်း ပို၍သေချာသွားစေခဲ့သည်။ လျို့ဝှက်ဆန်းကြယ်သော ဗျူဟာတွင် ကျွမ်းကျင်လွန်းသော ဆရာသခင် လူငယ်တစ်ယောက်က အန်းနန်အစိုးရ စစ်တပ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
ထိုအခိုက် တဲစခန်းတစ်ခုလုံးက တိတ်ဆိတ်သွားပြီး နှစ်ဖက်လုံးက စကားမပြောနိုင်ကြတော့ချေ။
“ကျောင်းစစ်လော့ ငါမင်းကိုမေးမယ်။ မင်းကအဲ့ဒီလူငယ်ကို မြင်လိုက်တယ်လို့ ပြောတယ်မဟုတ်လား။ သူကဘယ်သူနဲ့တူလဲ”
ဟော်ရှု့ဟွေ့ခမ်းက ရုတ်တရက်မေးလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ထူးဆန်းသောအလင်းက လက်လာသည်။ သူ၏မျက်နှာပေါ်မှ အမူအရာတွေက သူ့ကိုတစ်စုံတစ်ရာကို နားလည်လိုက်သလို ဖြစ်သွားသည်။
“ဒါက...”
ကျောင်းစစ်လော့က တခဏခန့် တွေဝေသွားပြီးနောက် ဝမ်ချောင်၏ သွင်ပြင်ကို ဖော်ပြသည်။
“တစ်ယောက်ယောက် ထန်တွေကျူးကျော် ဝင်ရောက်ခံခဲ့ရတဲ့ အရှေ့မြောက်ဘက်ပိုင်း တပ်ရင်းက ဗိုလ်ချုပ်တွေအားလုံးကို ခေါ်လာခဲ့စမ်း”
ဟော်ရှု့ဟွေ့ခမ်းက ရုတ်တရက် အမိန့်ထုတ်သည်။
ထိုအမိန့်နှင့်အတူ ဟော်ရှု့ဟွေ့ခမ်း ကိုယ်တိုင်ကလည်း အာရုံအစိုက်ခံရဆုံး ဖြစ်သွားသည်။ ဖုန်းကျားရီနှင့် ကျောင်းစစ်လော့တို့ကလည်း ကြောင်အသွားကြသည်။ ဟော်ရှု့ဟွေ့ခမ်းတို့က စကားကို အလကား ထုတ်ပြောလိမ့်မည် မဟုတ်ချေ။ သူ၏ရုတ်တရက် လှုပ်ရှားမှုက ရည်ရွယ်ချက်တစ်ခု ရှိနေလောက်သည်။
“မဟာဗိုလ်ချုပ် တစ်ခုခုကို သတိထားမိသွားလို့လား”
ခဲ့လော့ဖုန်းက ဟော်ရှု့ဟွေ့ခမ်းကိုမေးသည်။ သူကသာ မှတ်မိသည်မှာ မှန်ကန်လျှင် ဟော်ရှု့ဟွေ့ခမ်း၏ စစ်တပ်ကလည်း အရှေ့မြောက်ဘက်ပိုင်းတွင် ယခင်က စခန်းချခဲ့ခြင်းဖြစ်ပြီး ရှန်ယွီကျုံ့ထုံး၏ အင်အားစုက ထိုနေရာမှ ဖောက်ထွက်သွားခဲ့ခြင်းလည်းဖြစ်သည်။
“ငါတစ်ခုခုကို သတိထားမိလိုက်တယ်လို့ မပြောရဲပါဘူး။ ဒီအတိုင်း အကြမ်းဖျင်း အကြံရသွားရုံပဲ”
ဟော်ရှု့ဟွေ့ခမ်းက တည်တင်းစွာ ပြန်ဖြေသည်။
တခဏခန့်ကြာပြီးနောက်တွင် ရှန်ယွီကျုံ့ထုံး၏ အရှေ့မြောက်ဘက် စစ်စခန်းတွင် တိုက်ခိုက်ခံခဲ့ရပြီး စောင့်ကြည့်ရန် တာဝန်ယူထားခဲ့သော အရာရှိများအားလုံးက တဲစခန်းထဲတွင် ပြည့်လာသည်။
“ရှန်ယွီကျုံ့ထုံး၏ အန်းနန်အစိုးရစစ်တပ်ကို ဝိုင်းထားတဲ့အချိန်တုန်းက မင်းတို့အားလုံး အရှေ့မြောက်ဘက်ပိုင်းကို စောင့်ကြည့်နေခဲ့ကြတာမဟုတ်လား”
“ဟုတ်ပါတယ်အရှင်”
အရာရှိတိုင်းကဖြေသည်။
“ဒါဆိုရင် မင်းတို့စောင့်ကြည့်တဲ့အချိန်မှာ တွေ့ခဲ့ရတဲ့ ထန်ဗိုလ်ချုပ်တွေရဲ့ ပုံပန်းသွင်ပြင်ကို ဖော်ပြစမ်း။ ရှန်ယွီကျုံ့ထုံးနဲ့ သူ့ရဲ့ဗိုလ်ချုပ်တွေကို ပြောစရာမလိုဘူး။ မင်းတို့မရင်းနှီးတဲ့ ဗိုလ်ချုပ်အကြောင်းပဲပြော”
ဟော်ရှု့ဟွေ့ခမ်း၏ စကားက လူအုပ်ထံမှ ထူးဆန်းသော အကြည့်များကို ပြန်လည်လက်ခံရရှိစေသည်။
“မဟာဗိုလ်ချုပ် မနေ့ညက ဗိုလ်ချုပ်ကို အလဲထိုးသွားတဲ့လူက ကျွန်တော်တို့ကို အလဲထိုးသွားတဲ့လူလို့ ထင်နေတာလား။ ဒါတွေအားလုံးက အဲ့ဒီကောင်စုတ်လေးရဲ့ ပြောင်မြောက်တဲ့ လက်ရာလို့ ထင်တာပါလား”
ဖုန်းကျားရီက မျက်တောင်တစ်ချက်ခတ်လျှက် ပြောလိုက်သည်။
“တကယ်လို့ ဟုတ်နေခဲ့ရင်... ငါတို့မေးကြည့်ရင် သိရမှာပဲ”
ဟော်ရှု့ဟွေ့ခမ်းကဖြေသည်။
နောက်ဆုံး ဆုံးဖြတ်ချက်က မျှော်လင့်ထားသည်ထက် ပိုမြန်သည်။ ခြင်္သေ့မြို့တွင် တစ်လကြာ တပ်ဆွဲပြီးနောက်တွင် တိဗက်ဗိုလ်ချုပ်တိုင်းက အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်တိုင်းနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။
ထိုသူများ၏ လုပ်နိုင်စွမ်းရည်ကလည်း သာမာန်စစ်သည်များနှင့် ကွာခြားပြီးသားဖြစ်သဖြင့် ထူးထူးခြားခြား မှတ်မိနေခဲ့ခြင်းဖြစ်သည်။ ကျောင်းစစ်လော့၏ ဖော်ပြသည့် ပုံပန်းသွင်ပြင်နှင့် အနည်းငယ်သာလျှင် တိုက်ကြည့်ရန် လိုအပ်လိုက်သည်။
အတွေ့အကြုံရှိသော လူရင်းဗိုလ်ချုပ် တစ်သုတ်ထဲတွင် ငယ်ရွယ်ပြီး နူးညံ့သည့် မျက်နှာထားနှင့် လူငယ်လေး တစ်ယောက်သာလျှင် ရှိနေသည်။ သူက သူကိုယ်ပိုင်နေရာကို ပိုင်ဆိုင်သလိုမျိုး စစ်သားများကို စိတ်ကြိုက် အမိန့်ပေးနိုင်ခြင်းဖြစ်သည်။ ထိုသို့ လူမျိုးသာ ရှိနေလျှင် ထိုလူကို သတိမပြုမိရန် ခက်ခဲသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
အဖြေကို ရသောအခါ လူတိုင်းက မှင်သက်အံ့သြသွားကြသည်။ အထူးသဖြင့် ဖုန်းကျားရီနှင့် ကျောင်းစစ်လော့တို့ဖြစ်သည်။ ကျောင်းစစ်လော့ကမူ မနေနိုင်ဘဲ မြေကြီးကပင် ခေါင်းကိုမော့လိုက်မိသည်။ သူ၏မျက်မှောင်က ကျုံ့သွားသည်။
“မဖြစ်နိုင်ဘူး”
သူတို့က ဒီမနက်မှ ရောက်ခြင်းဖြစ်ပြီး သူတို့ရောက်လာသည့် အချိန်တွင်ပင် ဒီတစ်နေရာတွင်လည်း စစ်ပွဲက ပြီးဆုံးနေခဲ့ပြီဖြစ်သည်။ မနေ့ညက အဖြစ်အပျက် ကိစ္စအတွက်ကမူ မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းဘက်မှ လုပ်ဆောင်မှု ကျရှုံးခဲ့ကြောင်းနှင့် ရှန်ယွီကျုံ့ထုံးက လွတ်မြောက်သွားကြောင်းကိုလည်း သိထားသည်။
သို့သော်သူတို့က မမျှော်လင့်ထားသည်မှာ သူတို့နှစ်ဖက်လုံးက တူညီသော လူတစ်ယောက်ထံတွင် ရှုံးသွားသည်။
“ဘာလို့ဒီကောင်လေးက ဒီလောက်ထိ လုပ်နိုင်တာလဲ။ မင်းတို့အထင်များ မှားတာလား။ သူက မဟာဗိုလ်ချုပ်ကို နိုင်စရာအကြောင်းမရှိဘူး”
ဟော်ရှု့ဟွေ့ခမ်းက သူ၏လက်အောက်ငယ်သားများနှင့် စကားပြောနေချိန်တွင် ဖုန်းကျားရီက ဒီအခြေအနေကို လက်မခံနိုင်ဘဲ ဝင်ပြောလိုက်သည်။ ဟော်ရှု့ဟွေ့ခမ်းက ဗိုလ်ချုပ်များ၏ ဘုရင် ဝေ့သထရာခုံလော့ပင်ဖြစ်စေ၊ မဟာထန်၏ ဝမ်ကျုံးစစ်ပင်ဖြစ်စေ ကျန်းရှို့ကွေးတို့နှင့်ပင်ဖြစ်စေ မယှဉ်နိုင်သော်လည်း များများစားစား ကွာခြားခြင်းမရှိပေ။ လုံလောက်သော သိုင်းအင်အားကို ပိုင်ဆိုင်ခြင်း ရှိမရှိ မေးမြန်းသော မေးခွန်းကာ သာမာန်မေးခွန်းမျိုး မဟုတ်နေခဲ့ချေ။
သိုင်းအင်အား တစ်ခုထဲနှင့် မည်သူကမှ တော်ဝင်မဟာဗိုလ်ချုပ် တစ်ယောက် ဖြစ်မလာနိုင်ချေ။ ဉာဏ်ပညာရှိမှု၊ သတ္တိရှိမှုနှင့် အခြားသော အခြေခံ လိုအပ်ချက်ပေါင်းများစွာကို လိုအပ်နေသေးသည်။ ဟော်ရှု့ဟွေ့ခမ်း၏ လက်အောက်မှ မြင်းတပ်က ကျောင်းစစ်လော့၏ မြင်းတပ်နှင့်ပင် မယှဉ်နိုင်ချေ။
ဟော်ရှု့ဟွေ့ခမ်းက ဦးဆောင်သော မြင်းတပ်က ကျန်းချုံကျန့်ချုံး၏ ရှေ့ပြေးတပ် ဝင်္ကပါကိုပင် ပြောင်းပြန်လှန်နိုင်စွမ်းရှိသည်။ သူတို့ကသာ ထိုလူငယ်၏ လက်ထံတွင် ရှုံးသွားမည်ဆိုလျှင် ထိုလူငယ်ဟာ ဗျူဟာအရာတွင်ဖြစ်စေ၊ နားလည်နိုင်စွမ်းတွင်ဖြစ်စေ အရာအားလုံးကို အသုံးချနိုင်စွမ်းတွင် ပြောင်မြောက်လွန်းနေသည်။ မာန်ရှဲ့ကျောင်း၊ ယွီစန်း စစ်တပ်ထဲက မည်သူကမှ သူ့ကိုအလွယ်တကူ မနိုင်တော့ချေ။
“ရှုံးတယ်လို့တော့ သတ်မှတ်လို့မရဘူး။ သူက ကျားကိုတောင်ပေါ်က ဆင်းလာအောင် မျှားခေါ်တဲ့ နည်းလမ်းကို သုံးသွားခဲ့ရုံပဲ”
ဟော်ရှု့ဟွေ့ခမ်းက မျက်နှာသေဖြင့် ပြောလိုက်သည်။
သူကသာ အဝေးသို့ မောင်းထုတ်မခံရလျှင် ရှန်ယွီကျုံ့ထုံးက အလွယ်တကူ လွတ်မြောက်သွားလိမ့်မည် မဟုတ်ချေ။ သို့ရာတွင် ထိုသို့ဆိုနိုင်သည့်တိုင်အောင် သူ၏စွမ်းရည်က ပြောင်မြောက်လွန်းသည်မှာလည်း လက်ခံရမည်ဖြစ်သည်။
အနည်းဆုံး သူသာအချိန်မီ ရောက်မလာခဲ့လျှင် ကျားဗိုလ်ချုပ် ငါးယောက်ထဲမှ လုံချင်ပါ့က သေချာပေါက် သေလောက်သည်။
ထိုသို့သော အလားအလာ ကောင်းလွန်းသော လူတစ်ယောက်က အနောက်တောင်ပိုင်း စစ်ပွဲတွင် ပေါ်လာခြင်းဟာ မာန်ရှဲ့ယွီစန်း စစ်တပ်အတွက် သတင်းဆိုးဖြစ်သည်။ ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ရွှမ်တို့ကပင် စိုးရိမ်တကြီး မျက်မှောင်ကျုံ့သွားကြသည်။
“မဟာထန်မှာ ဒီလောက် အလားအလာကောင်းတဲ့ လူတစ်ယောက် ပေါ်လာတယ်။ နောက်ပြီး အရမ်းငယ်နေသေးတယ်။ ဒါက ငါတို့ရဲ့ မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းတို့အတွက် သတင်းဆိုးပဲ”
ခဲ့လော့ဖုန်းက ပထမဦးဆုံး စိုးရိမ်မှုကို ပြသလာသည်။ အနောက်တောင်ဘက်ပိုင်းက စစ်ပွဲတွင် မာန်ရှဲ့ကျောင်းက တိုင်းပြည်၏ ကံကြမ္မာကို သယ်ဆောင်ကာ စတင်ခဲ့ပြီး ဖြစ်သည့်အတွက် နောက်ဆုတ်ရန် လမ်းကြောင်းမရှိတော့ချေ။ ဒီစစ်ပွဲက အောင်နိုင်မှ ဖြစ်ပေလိမ့်မည်။
“ငါလည်းကျော်ကြားတဲ့ ဗိုလ်ချုပ်တွေ၊ မဟာဗိုလ်ချုပ်တွေ၊ ကြောက်မက်ဖွယ် ဗိုလ်ချုပ်တွေ အနိမ့်အမြင့် အတက်အကျ အားလုံးကို ငါ့ရဲ့လက်ခုံလိုမျိုး နားလည်ထားပါတယ်။ ငါ့ရဲ့တော်ဝင် နန်းတော်ထဲမှာ သူတို့တစ်ယောက်ချင်းစီနဲ့ ပတ်သတ်တဲ့ စာလွှာတွေ အများကြီးရှိနေတယ်။ လူတစ်ယောက်က စစ်အနုပညာပိုင်းမှာ ဒီအဆင့်ကို ရောက်နိုင်ကတည်းက သာမာန်လူတစ်ယောက် မဟုတ်နိုင်တော့ဘူး။ ဒါပေမဲ့ ဘာလို့ မဟာထန်ထဲမှာ ဒီလိုလူရှိတယ်ဆိုတဲ့အကြောင်း ငါဘယ်တုန်းကမှ မကြားဖူးရတာလဲ”
“အနောက်တောင်ဘက်ပိုင်းမှာ ဒီလိုလူ ပေါ်လာတာက ငါတို့အတွက် ကောင်းတဲ့ကိစ္စ မဟုတ်တော့ဘူး။ ငါသိချင်တာက တကယ်ပဲ ဒီလူငယ်က ဘယ်နေရာက ပေါ်လာသလဲဆိုတာပဲ”
“အရှင်မင်းကြီး ကိုယ့်ဘက်ကသာ သေချာနေရင် ရန်သူကို ကရုစိုက်စရာ မလိုဘူးမဟုတ်လား။ ဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းကလည်း ပြိုင်ဘက်က ကျားကိုတောင်ပေါ်က မျှားထုတ်ရုံ နည်းလမ်းကို သုံးသွားတယ်လို့ ပြောထားသားပဲ။ သူကဒီလိုနည်းလမ်းကို သုံးနိုင်ကတည်းက သူကမဟာဗိုလ်ချုပ်ကို မယှဉ်နိုင်လို့ ယုံကြည်ထားလို့ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် ဘာလို့ အနီးကပ် တိုက်ခိုက်လို့ ရတဲ့အခြေအနေမျိုးမှာ အကွာအဝေးထားပြီး ထွက်ပြေးရမှာပါလဲ”
ဘေးဘက်မှ အသံထွက်လာသည်။ သူ၏ဘုရင်နှင့်ယှဉ်သော် မဟာဗိုလ်ချုပ် သွမ့်ခဲ့ရွှမ်၏ အပြုအမူက ပို၍အေးစက်ပြီး နည်းလမ်းကျသည်။ မာန်ရှဲ့ကျောင်းမှ မဟာဗိုလ်ချုပ် သွမ့်ခဲ့ရွှမ်က အပြည့်အဝ မစုံစမ်းရသေးဘဲ ဘယ်သောအခါမှ ပြိုင်ဘက်ကို အထင်မသေးသလို အခြားသူများ၏ ဖော်ပြသော စကားကြောင့်လည်း ပြိုင်ဘက်ကို မျက်ကန်းအထင်ကြီးလိမ့်မည် မဟုတ်ချေ။ ဒါက ကိုယ့်လူ၏ အင်အားစု၏ တိုက်ခိုက်နိုင်စွမ်းအားကို သတ်သလိုဖြစ်သွားနိုင်သည်။
“မဟာဗိုလ်ချုပ်ပြောတာ မှန်ပါတယ်။ အန်းနန်အစိုးရစစ်တပ်က မြင်းတပ်ပမာဏ နည်းနည်းပဲရှိတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူတို့မလွတ်နိုင်ပါဘူး။ တော်ဝင်ခမည်းတော် မဟာဗိုလ်ချုပ် မဟာအမတ် ကျွန်တော်နဲ့ ကျောင်းစစ်လော့တို့ရဲ့ ကိုယ်တိုင်အတွေ့အကြုံအရဆိုရင် ဒီလူငယ်က ကျွန်တော်တို့ မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းရဲ့ အနာဂတ် မဟာရန်သူကြီး ဖြစ်လာလိမ့်မယ်။ ဒီလောက် ငယ်နေသေးတာတောင် သူကဒီလောက်ထိ အလားအလာ ရှိနေပြီ။ သူ့ကိုထပ်ပြီး အရွယ်ရောက်ခွင့် ပြုလို့မဖြစ်ဘူး။ သူက နောက်ပိုင်းမှာ ဒုက္ခပေးလာလိမ့်မယ်”
“ဒါပေါ့ ဘယ်လိုနည်းနဲ့မဆို သူ့ကိုလွတ်ခွင့် ပြုလို့မဖြစ်ဘူး”
ဖုန်းကျားရီ၏ မျက်နှာကလည်း တည်တင်းသွားပြီး သတ်ဖြတ်လိုစိတ်က ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူ့ကိုရှုံးအောင် လုပ်ခဲ့သော ထိုလူငယ်ကို သူကသတ်ပစ်ချင်သည်။ ထို့အပြင် ရှန်ယွီကျုံ့ထုံး၏ အန်းနန်အစိုးရ စစ်တပ်ကို ယွီစန်းမဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းလက်ထဲမှ ကန်ထုတ်သွားနိုင်သည့် ထိုလူကလည်း သာမာန်မဟုတ်နိုင်ချေ။ သူပင် သတိမထားမိခဲ့ချေ။ ပထမဦးဆုံးအကြိမ် သူအခြားလူတစ်ယောက်ကို မနာလိုဖြစ်ရသည်။
မာန်ရှဲ့ကျောင်း၏ အိမ်ရှေ့စံ တစ်ယောက်အနေနှင့် ဖုန်းကျားရီက ငယ်ရွယ်စဉ်ကတည်းက ပါရမီရှင် တစ်ယောက်ဖြစ်ပြီး သူကငယ်ရွယ်နေသေးသည့်တိုင်အောင် မဟာထန်မှ စစ်နတ်ဘုရား ဝမ်ကျုံးစစ် ကိုယ်တိုင်ကပင် အနာဂတ်မှ အလားအလာကြီးသော မဟာဗိုလ်ချုပ်တစ်ယောက် ဖြစ်နိုင်ချေရှိသည်ဆိုပြီး ချီးကျူးခဲ့ဖူးသည်။
မဟာထန်မြို့တော်တွင်ပင် ဖုန်းကျားရီက ရှားပါးသော ပါရမီရှင် အတန်းထဲဝင်ခဲ့သည်။ လောကအတွင်းရှိ လူအနည်းစုကသာ သူ့ကိုမနာလိုစေသည်။ သို့သော် ယခုမူ ဖုန်းကျားရီက မနာလိုဖြစ်နေရလေပြီ။
သူ့ထက် ငယ်ရွယ်သော လူတစ်ယောက်၊ သူ့ထက် ပြောင်မြောက်သော လူတစ်ယောက်၊ ထို့ပြင် သူ့ထက် ပို၍အလားအလာကောင်းသော အနာဂတ်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ကို သူကတွေ့ကြုံရသည်။ ထို့ပြင် မာန်ရှဲ့ကျောင်းနှင့် ယွီစန်းအတွက်လည်း ချိန်းခြောက်မှု အန္တရာယ်ကြီး ဖြစ်နေသေးသည်။ သူကဒီလိုမျိုးကို အနောက်တောင်ပိုင်းတွင် ရှင်သန်လျှက် ထွက်သွားခွင့် ပြု၍မရချေ။
“ဟား ဟား ဟား အမှန်တိုင်းဆိုရရင် အဲ့ဒီလောက်ကြီး မင်းတို့တွေးဖို့ မလိုပါဘူး။ ဒီလျို့ဝှက်ဆန်းကြယ်တဲ့မင်းကို မနေ့ညက အနိုင်ပိုင်းသွားတဲ့ အဲ့ဒီလူငယ်အတွက်ကတော့ သူဘယ်သူလဲ ငါသိတယ်”
ရုတ်တရက် စကားပြောခန်းကို ရယ်သံက ဝင်ရောက်ထိုးဖောက်လာသည်။ နာ့ယိတော်ဝင်တပ်ရင်းက မဟာအမတ် သာ့လွန်ရော့ကျန်းက တချိန်လုံး တိတ်ဆိတ်နေရာမှ အခြားသူများ၏စကားကို ဝင်ရောက်စွက်ဖက်လျှက် သူ၏သားမွှေးယပ်တောင်ကို ခတ်ကာ မျက်လုံးကို မှေးကျဉ်းလျှက် ပြောလာသည်။
သာ့လွန်ရော့ကျန်း၏ စကားက ရုတ်တရက် မိုးကြိုးပစ်ချလိုက်သလိုမျိုး ဖြစ်သွားပြီး လူတိုင်းကလည်း အံ့အားတကြီးဖြစ်ကာ မျက်ဝန်းများ တောက်ပသွားကြလေသည်။
အခန်း(၅၅၇)
အနောက်တောင်ပိုင်း ဝန်းကျင်တွင် လျို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်က ရုတ်တရက် ဘွားကနဲ ပေါ်လာသည်။ အစောပိုင်းအဆင့်တွင် တိဗက်စစ်တပ်က ထပ်ခါတလဲလဲ အောင်နိုင်နေခဲ့ပြီး ချိန်းခြောက်မှု အန္တရာယ်ပင် မရှိခဲ့ချေ။ ဒုတိယမြောက် အဆင့်တွင်မူ တစ်ညထဲတွင် တိုက်ပွဲကြီး ဖြစ်သွားခဲ့ပြီး အဓိက ရှုံးနိမ့်မှု နှစ်ခုဖြစ်သွားခဲ့ကာ စစ်သည်ငါးသောင်းမှ ခြောက်သောင်းနီးပါး ဆုံးရှုံးလိုက်ရသည်။
အားလုံးက အန်းနန်အစိုးရစစ်တပ်ကို အပြည့်အဝ ရှင်းပစ်နိုင်ပြီး မဟာထန်၏ အနောက်တောင်ပိုင်းကို သိမ်းနိုင်တော့မည်ဟု စိတ်လှုပ်ရှားနေကြသော အချိန်တွင် ခေါင်းကိုမြှောက်ပစ်လိုက်တော့သလို ပြောင်းပြန်လှန်ခံရသည့် အခြေအနေကို ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။
မည်သူကမှလည်း ထိုလျို့ဝှက်ဆန်းကြယ်သောလူက မည်သည့်နေရာက ဘွားကနဲ ပေါ်လာကြောင်း မသိထားချေ။ ဖုန်းကျားရီတို့ကပင် သူနှင့်ထိပ်တိုက် ရင်ဆိုင်ပြီး ရှုံးသွားရသည်။ သို့သော် ယခုမူ ယွီစန်း၏ မဟာအမတ်ကဲ့သို့ ထိုလူငယ်ကို မြင်လည်းမမြင်ဖူး စစ်ပွဲထဲတွင်လည်း ဝင်ပါခဲ့ဖူးခြင်းမရှိသောလူက ထိုလူငယ်ကို သိသည်ဟုပြောလာသည်။
“မဟာအမတ်မင်း အမှန်တရားကို ပြောနေတာလား”
ဖုန်းကျားရီက မနေနိုင်ဘဲ မှင်သက်အံ့သြစွာဖြင့် ဝင်ပြောလိုက်သည်။ သူကလည်း နာ့ယိမဟာအမတ်၏ လုပ်နိုင်စွမ်းအားကို ကြားဖူးထားပြီး တစ်ဖက်က အလွန်ဉာဏ်ကောင်းကာ တော်ကြောင်းသိထားသည်။ တစ်ကြိမ်ကဆိုလျှင် မဟာထန်၏ ကျန်းချုံကျန့်ချုံးက တစ်ဖက်မှ အစိုးရတပ်များနှင့် ပူးပေါင်းခဲ့ပြီး သွန်သင်ခံရသည့် အခြေအနေမျိုးတွင် သာ့လွန်ရော့ကျန်းက ထိုအကြံကို စွန့်ပစ်အောင် လုပ်နိုင်ခဲ့သည်ဟု ကြားခဲ့ဖူးသည်။
ဖုန်းကျားရီအနေဖြင့် သာ့လွန်ရော့ကျန်းကို နားမလည်ခဲ့ချေ။ သို့သော် ကျန်းချုံကျန့်ချုံးကိုမူ သူကနားလည်သည်။ တစ်ဖက်က ထိုအချိန်ကလည်း အလားတူ မြို့တော်တွင် ရှိခဲ့သည်။ ကျန်းချုံကျန့်ချုံးက ရည်မှန်းချက် အလွန်ကြီးကာ အနောက်တောင်ပိုင်းတွင် ကိုယ်တိုင်နာမည်ကျော်ကြားအောင် လုပ်နိုင်ခဲ့သူဖြစ်ပြီး သူ၏တိုက်ပွဲနယ်မြေမှ လုပ်ဆောင်နိုင်စွမ်းအားက တော်ဝင်ခုံရုံးသို့ အမြဲတစေရောက်သည်။
ပို၍ဆိုးသည်မှာ ကျန်းချုံကျန့်ချုံး၏အောက်တွင် မဟာထန်နှင့် မာန်ရှဲ့ကျောင်းတို့၏ ဆက်ဆံရေးက ကောင်းမွန်ခဲ့သည်။ ယခင်က ကျန်းချုံကျန့်ချုံးက မာန်ရှဲ့ကျောင်းကိုပင် တောင်ပေါ်ဒေသကို တိုက်ခိုက်ရန် မဟာထန်တွင် ပူးပေါင်းစေလိုခဲ့သေးသည်။ အဆုံးတွင်မူ ထိုအခြေအနေက မအောင်မြင်ခဲ့ချေ။
အဆုံးသတ်တွင် ကျန်းချုံကျန့်ချုံးကဲ့သို့ ရည်မှန်းချက်ကြီးမားသော လူတစ်ယောက်က အန်းနန်အစိုးရ စစ်တပ်တွင် ဆယ်စုနှစ်ပေါင်းများစွာ တိတ်ဆိတ်စွာ စောင့်ကြပ်နေခဲ့သည်။ ထိုသို့ဖြစ်အောင် မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းက လုပ်ခြင်းမဟုတ်လေဘဲ နာ့ယိတော်ဝင်တပ်ရင်းမှ မဟာအမတ်က လုပ်လိုက်ခြင်းဖြစ်သည်။
ယွီစန်းမှ မဟာအမတ်များအကြောင်း သူကကြားထားဖူးသည်မှာ ကြာခဲ့ပြီဖြစ်သည်။ အားလုံးက အလွန်ဉာဏ်ကောင်းကြသည်။ အားလုံးက ကောင်းစွာ သင်ကြားခံထားရပြီး ဗဟိုပြင်ကျယ်မှ အတန်းစား မိသားစုတိုင်းနှင့် ရင်းနှီးကျွမ်းဝင်ကာ မိသားစုတိုင်းကိုလည်း ကျွမ်းကျင်ကြသည်။ ပို၍ဆိုးသည်မှာ သူတို့အားလုံးက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ လျို့ဝှက်သိုင်းများကို တက်မြောက်ထားကြလေပြီး ပို၍လွတ်မြောက်သော မြင်နိုင်စွမ်းအား ရှိကြသည်။ ဆောင်းတွင်းလေက မတိုက်ခိုက်ခင် နွေရာသီ အဆုံးသတ်တော့မည်ဟု သူတို့က ပြောနိုင်စွမ်းရှိသူများ ဖြစ်ကြသည်။ အတိတ်တွင် ဤဖော်ပြချက်က ချဲ့ကားလွန်းသည်ဟု ထင်ခဲ့သည်။ သာ့လွန်ရော့ကျန်းကသာ ထိုလူငယ်ကို စကားဖြင့်ပင် သုံးသပ်နိုင်မည်ဆိုလျှင် သူ၏ ဉာဏ်ကောင်းမှုက ကြောက်မက်ဖွယ် ကောင်းသည်ဟု ဝန်ခံရမည်ဖြစ်သည်။
ဖုန်းကျားရီ၏ မျက်ဝန်းက မရေမတွက်နိုင်သော အတွေးများဖြင့် ဝင်းလက်တောက်ပလာသည်။
ယွီစန်းတွင် တော်ဝင်တပ်ရင်း လေးခု၊ တော်ဝင်အမတ် လေးယောက်နှင့် ဝန်ကြီးချုပ် တစ်ယောက်သာလျှင်ရှိသည်။ သာ့လွန်ရော့ကျန်းက အမတ်လေးယောက်ထဲမှ တစ်ယောက်သာလျှင်ဖြစ်သည်။ သူကပင် ထိုမျှစွမ်းရည်ရှိနေလျှင် အခြားသောသူများက ပို၍ပင် လုပ်နိုင်စွမ်းအား ရှိပေလိမ့်မည်။ ထိုအတွေးကပင် သူ့ကို ကျောချမ်းသွားစေသည်။ ဖုန်းကျားရီ၏ နှလုံးသားထဲတွင် ခပ်ဖျော့ဖျော့ နားလည်သဘောပေါက်မှုက ဝင်ရောက်လာသည်။
သူ၏တော်ဝင်ခမည်းတော်က ယွီစန်း၏ အာဏာကို ငှားယူပြီး မဟာထန်ကို ကိုင်တွယ်ခဲ့သည်။ သို့သော် ယွီစန်းကိုယ်တိုင်ကလည်း ဝံပုလွေဖြစ်သည်။ အလွန်အမင်းပင် ကြောက်မက်ဖွယ် ကောင်းနေသေးသည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းကသာ အနာဂတ်တွင် ရန်လိုစွာဖြင့် တိုက်ခိုက်ကြမည်ဆိုလျှင် တိုင်းပြည်က အန္တရာယ်အတွင်း ကျရောက်ပေလိမ့်မည်။
ယွီစန်းအင်ပါယာ၏ အင်အားကို ချေးငှားယူခြင်းနှင့်အတူ သူတို့က မြင်းတပ်ကိုလည်း တောင်ဘက်သို့ ရွေ့ခဲ့ရသည်။ ဖုန်းကျားရီက အမြဲတစေ တသီးတသန့်နေသော အပြုအမူကိုသာ ဆွဲကိုင်ထားခဲ့သည်။ သူက အလွန်အမင်း ထောင်လွှားလွန်းသော အပြုအမူမျိုးကိုလည်း မလုပ်သလို အလွန်အမင်း ဖားယားလွန်းသည့် အပြုအမူမျိုးကိုလည်း မလုပ်ချေ။ သူ၏အတွင်းစိတ်ထဲတွင် ထိုအကြောင်းကို အနည်းဆုံး တွေးတောမိခဲ့သည်။ ယွီစန်းမှ ဗိုလ်ချုပ်နှင့်အမတ်က အလွန်အမင်း အင်အားကြီးမားလာသည့်အခါ ဖုန်းကျားရီ၏ စိတ်အတွင်းမှ ရှုပ်ထွေးမှုက ပို၍ပြင်းထန်လာသည်။
“ဟား ဟား အိမ်ရှေ့စံကျားယွီ ဘာတွေးနေမလဲ ငါသိချင်စမ်းပါဘိ”
သူ၏နားအတွင်း အသံတစ်သံက ထွက်လာသည်။ ပြောရလျှင် သာ့လွန်ရော့ကျန်းက အနားသို့ လျှောက်လာပြီး အပြုံးတစ်ဝက်နှင့်အတူ ဖုန်းကျားရီကို အဓိပ္ပာယ်အပြည့်ဖြင့် ကြည့်လာသည်။
“ဘာရယ်မဟုတ်ပါဘူး မဟာအမတ်ရဲ့ စိုးရိမ်မှုကို သုံးသပ်ကြည့်နေတာပါ”
ဖုန်းကျားရီ၏ နှလုံးသားက တုန်ယင်သွားပြီး ချက်ချင်းလိုလို ပြန်ပြောင်းလိုက်သည်။ ထိုမဟာအမတ်က အလွန်တော်ကြောင်း သူသိသည်။ သူ၏အတွေးကိုပင် တစ်ဖက်က ထိုးဖောက်မြင်သွားမည်ဟု တွေးလိုက်မိသည့်အခါ တုန်လှုပ်သွားရသည်။
“ဒီကောင်စုတ်လေးရဲ့ နောက်ခံကတော့ မသေချာဘူး။ သူကဘယ်သူဆိုတာနဲ့ သူက ဘယ်လိုဗဟုသုတ ရှိသလဲဆိုတာကိုသိရရင် အားနည်းချက်ကို ရှာနိုင်လိမ့်မယ်။ ဒီလိုရှာနိုင်ရင်တော့ အကောင်းဆုံးပဲ။ ဖုန်းကျားရီက မဟာအမတ်ရဲ့ တောက်ပတဲ့ အကြံဉာဏ်တွေကို နားထောင်ဖို့ ဆန္ဒရှိပါတယ်”
“ဟား ဟား ဟား တကယ်တော့ အဲ့ဒီလောက် မခက်ပါဘူး။ ငါမင်းပြောတဲ့ အဲ့ဒီကောင်လေးနဲ့ တစ်ခါမှ မတွေ့ဖူးသေးပေမဲ့ တိုက်ပွဲထဲမှာလည်း ဝင်မပါခဲ့ဖူးသလို သူတပ်ဖွဲ့ အမိန့်ပေးတာကိုလည်း မမြင်နိုင်သေးဘူးဆိုပေမဲ့ သူ့ရဲ့နောက်ခံကို ခန့်မှန်းဖို့က မခက်ပါဘူး။ သူ့ရဲ့နောက်ခံကိုတောင် ငါသိပြီးပြီ”
သာ့လွန်ရော့ကျန်း၏ စကားက ထိုသို့ပြောလိုက်ပြီးနောက်တွင် သားမွှေးယပ်တောင်ကို တစ်ချက်ခတ်ကာ လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်သည်။
စစ်တပ်ရေးရာ ကိစ္စများကို ပြည်တွင်းအရာရှိက ကိုင်တွယ်သင့်ပြီး အမှန်တကယ် စစ်ပွဲကို ကိုင်တွယ်သည့် ကိစ္စတွင်မူ ဟော်ရှု့ဟွေ့ခမ်းရှိသမျှ ကာလပတ်လုံး သာ့လွန်ရော့ကျန်းက ဝင်ပါခဲသည်။ သူက ဗျူဟာအကြောင်းကိုပင် မေးခွန်းထုတ်ခဲလေသည်။
“ဗျူဟာတွေ စစ်နည်းပရိယာယ်တွေက ကလန်အပြင်လူကို သင်ပေးလေ့ ရှိတာမှမဟုတ်တာ။ အပြင်လူတွေက ဒီလိုအရာကို ဘယ်လိုသင်နိုင်မှာလဲ။ ထပ်ပြောရရင် မင်းပြောတဲ့ အဲ့ဒီတစ်ယောက်က ဝမ်ဖူရဲ့ သံချပ်ကာကို ဝတ်ထားတယ်မဟုတ်လား”
ထိုနေရာတွင် သာ့လွန်ရော့ကျန်းက ရယ်ပြန်သည်။
“ဝမ်ရန်က အမိန့်ပေးနိုင်တဲ့ အန်းနန်အစိုးရစစ်တပ်မှာ ဗိုလ်ချုပ်နှစ်ယောက်ပဲရှိတယ်။ တစ်ယောက်က ဝမ်ရန်။ နောက်တစ်ယောက်က သူ့ရဲ့အကြီးဆုံးသားဝမ်ဖူ။ ဒီနှစ်ယောက်လုံးက စစ်တပ်မှာ တကယ့်ကို အာဏာအမြင့်ဆုံး ရထားတဲ့ ဗိုလ်ချုပ်နှစ်ယောက်ပဲ။ စစ်အနုပညာရဲ့ အဓိက အရေးကြီးတဲ့အပိုင်းကို သူတို့က ထဲထဲဝင်ဝင် နားလည်ထားတယ်။ သာမာန် စစ်သည်တော်တစ်ယောက်ကို ဗိုလ်ချုပ်သံချပ်ကာကို ဘယ်သူက အလွယ်တကူ ပေးဝတ်မှာတဲ့လဲ။ တွေးတောင် မတွေးရဲလောက်ဘူး။ ဒီလူငယ် ပေါ်လာတာနဲ့ သူက ဝမ်ဖူရဲ့နေရာကိုဝင်ပြီး ဝမ်ဖူရဲ့ သံချပ်ကာကိုဝတ်တယ်။ ဒီလူက နောက်ခံနိမ့်ကျပြီး ယုံကြည်မှုအပြည့် မရှိနေဘူးဆိုရင် သူဒီလိုမျိုး ဘယ်လိုများ လုပ်ရဲမှာတဲ့လဲ”
“မဟာအမတ်မင်း ထည့်ပြောရတဲ့အတွက် စိတ်ထဲတော့ မထားပါနဲ့။ ဒါပေမဲ့ မဟာထန်က နိမ့်ကျတဲ့ မျိုးရိုးရှိတဲ့ လူတွေထဲမှာလဲ အရမ်းကြွယ်ဝတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိနေသေးတာပဲ။ ဒါပေမဲ့ ဒီလောက်နဲ့ ဒီလူငယ်ရဲ့ နောက်ခံကို ဆုံးဖြတ်ဖို့က မလုံလောက်ဘူးမဟုတ်လား”
မာန်ရှဲ့ကျောင်း၏ဘုရင် ခဲ့လော့ဖုန်းက မျက်မှောင်ကျုံ့လျှက် ဝင်ပြောသည်။ သူက ထိုလူငယ်အကြောင်း အလွန်သိချင်စိတ် ပြင်းပြနေသည်။ သို့သော် လေးစားသည်ဟု မဆိုလိုချေ။ သူတို့ အလျှင်မြန်ဆုံး ရှင်းပစ်သင့်သည့် ရန်သူဖြစ်နေသဖြင့် သိချင်စိတ် ပြင်းပြနေခြင်းသာလျှင်ဖြစ်သည်။
ဗဟိုပြင်ကျယ်မှ မဟာထန်တွင် ရေတွက်ရန် ခက်ခဲလောက်အောင် ပါရမီရှင် ပုဂ္ဂိုလ်ပေါင်းများစွာရှိသည်။ ဝမ်ကျုံးစစ်၊ ခဲ့ရှု့ဟန်၊ ကျောင်းရှန်းကျစ်၊ ကျန်းရှို့ကွေး၊ ကျန်းချုံကျန့်ချုံး၊ ဝမ်ရန်၊ ရှန်ယွီကျုံ့ထုံး စသဖြင့် လူပမာဏများစွာရှိသည်။ လက်ရှိအချိန်တွင် အရေးကြီးသော အနေအထား ရောက်နေလေရာ ဗျူဟာကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပြီး နည်းပရိယာယ် ကြွယ်ဝသော လူတစ်ယောက်ကို မှန်းဆရန်က ခက်ခဲသည်။
ထိုမျှအင်အားကြီးမားသော အင်ပါယာကို အိမ်နီးချင်းများ လက်ခံရရှိထားခြင်းက အိပ်ပျော်ရန် ခက်ခဲသလို စားသောက်ရန်လည်း ခက်ခဲသည်။ မည်သူကမှ မဟာထန်က တစ်ရက်ရက်တွင် မကျေမနပ်ဖြစ်သွားပြီး ရုတ်တရက် သူ၏အင်အားစုကို မာန်ရှဲ့ကျောင်းထံ စေလွှတ်လိုက်ကာ အမြစ်ဖြတ် ချေမှုန်းမည်လော သို့မဟုတ် ချက်ချင်းလိုလို ဒီမင်းဆက်ကို အဆုံးသတ်ပြီး အရှင်သခင်အသစ် ပြောင်းချင်မည်လော မသိနိုင်ချေ။ ထို့ကြောင့် ခဲ့လော့ဖုန်းကထန်ကို စွန့်ပစ်ရန် ရွေးချယ်ခဲ့သည့် အကြောင်းပြချက်များထဲမှ တစ်ခုဖြစ်လာသည်။
ထန်ထံမှအန္တရာယ်ကို အမြဲတစေ စိုးရိမ်နေရလေသည်။ အထူးသဖြင့် မြင်နိုင်နေသော အန္တရာယ်ဖြစ်သည်။ သူက တက်နိုင်လျှင် ခြိမ်းချောက်နိုင်သော ရန်စွယ်များအားလုံးကို မကြီးရင့်လာခင် ရှင်းပစ်လိုက်ချင်သည်။
“ဟား ဟား ဒီအချက်တွေပဲဆိုရင် သုံးသပ်ဖို့ ဘယ်လုံလောက်ပါ့မလဲ”
သာ့လွန်ရော့ကျန်းက ရယ်ပြီးနောက် ဆက်ပြောသည်။
“ဒါပေမဲ့ ဟော်ရှု့ဟွေ့ခမ်းကလည်း မနေ့ညက စစ်တပ်ကို အမိန့်ပေးတာက ဝမ်ရန်နဲ့ ရှန်ယွီကျုံ့ထုံး မဟုတ်ဘူးလို့ ပြောထားတယ်။ မဟာထန်ရဲ့ ဒီနယ်မြေမှာ ဒီလောက်အဆင့်မြင့်တဲ့ ဗိုလ်ချုပ်တွေက ကျောင်းစစ်လော့ကို ခြုံခိုတိုက်ခိုက်ခဲ့တယ်။ ဒါကသူတို့ရဲ့ ပုံစံမဟုတ်တော့ဘူး။ တစ်စုံတစ်ယောက်က သူတို့နှစ်ယောက်လုံးကို အမိန့်ပေးနိုင်နေတယ်။ တွေးကြည့်ပါ ဘယ်သူကများ ဒီလိုလုပ်နိုင်မှာလဲ”
“ဒါက...”
အားလုံးက တိတ်ဆိတ်သွားသည်။
ဟော်ရှု့ဟွေ့ခမ်းနှင့် ခဲ့လော့ဖုန်းတို့ကပင် ထိုပြဿနာကို တွေးတောမိသွားကြသည်။ သူတို့ထဲမှပင် မည်သူကမှလည်း သာ့လွန်ရော့ကျန်းက မထောက်ပြလာသမျှ ကာလပတ်လုံး သတိမမူမိဘဲ ရှိနေကြသည်။
ဖုန်းကျားရီနှင့် ကျောင်းစစ်လော့တို့က ကြောင်တောင်တောင် ဖြစ်နေကြသည်။ သိချင်စိတ်ပြင်းပြလွန်းသည့်အပြင် သူတို့ကဲ့သို့ ကိုယ်တိုင်ရှုံးနိမ့်ခဲ့သော လူနှစ်ယောက်ထက်ပို၍ မည်သူကမှ ပို၍သိချင်စိတ် ပြင်းပြခြင်း မရှိလောက်ချေ။
သူတို့က သာ့လွန်ရော့ကျန်း၏ မေးခွန်းကိုပင် မဖြေချင်တော့ဘဲ တိုက်ရိုက်ပင် သိချင်လာသည်။
“အခုတော့ ဝမ်ရန်ကို ဘေးဖယ်ထားလိုက်။ ရှန်ယွီကျုံ့ထုံးက ကျန်းချုံကျန့်ချုံးကိုယ်တိုင် ရွေးချယ်ထားတဲ့ လူတစ်ယောက်။ အဲ့ဒီကောင်က သူ့ကိုသစ္စာရှိတဲ့ လူတွေကိုပဲရွေးတာ။ ဝမ်ရန်က သူ့ရဲ့အာဏာကို ကိုယ်တိုင်ကိုယ်ကျ လွှဲအပ်ရလောက်အောင် ဆန္ဒရှိတာက ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ရှန်ယွီကျုံ့ထုံးကတော့ ဖြစ်နိုင်ချေနည်းတယ်။ အဲ့ဒီလိုသာ မဟုတ်ဘဲနဲ့...”
ရုတ်တရက် လူတိုင်းက နားလည်သွားကြသည်။
“အဲ့ဒီလူက ကျန်းချုံကျန့်ချုံးက ထောက်ခံပေးလိုက်မယ်ဆိုရင်ပေါ့”
ထိုအခိုက် အားလုံးက တူညီသောအတွေးကို တွေးလိုက်ကြသည်။
“မှန်တယ် အချိန်တိုအတွင်းမှာ ရှန်ယွီကျုံ့ထုံးက ဘာလို့သူ့ရဲ့အာဏာကို လွှဲအပ်လိုက်မှာလဲ။ ဘာလို့သူက အဲ့ဒီလူရဲ့ အကြံအစည်ကို နားထောင်ပြီး ဝမ်ရန်နဲ့တောင် ပူးပေါင်းလို့ ကျောင်းစစ်လော့ကို ခြုံခိုတိုက်ခိုက်မှာလဲ။ ဒီလောကမှာ ရှန်ယွီကျုံ့ထုံးကို ဟိုဟိုဒီဒီလုပ်ဖို့ သိုသိုသိပ်သိပ်နေဖို့ အမိန့်ပေးနိုင်တဲ့လူက ဘယ်လောက်တောင် နည်းလိုက်သလဲ။ ကျန်းချုံကျန့်ချုံးက အဲ့ဒီလူတွေထဲက တစ်ယောက်ပဲ။ ငါပြောရရင် အဲ့ဒီကလေးမှာ ကျန်းချုံကျန့်ချုံးရဲ့ သီးသန့်တံဆိပ်တောင် ကိုင်ဆွဲထားမယ်လို့ ပြောရဲတယ်”
သာ့လွန်ရော့ကျန်းက ယပ်တောင်ကိုခတ်လျှက် နောက်ဆုံးစကားကို ပြောလျှက် အဆုံးသတ်လိုက်သည်။
စခန်းက သေလုချောက်ချားဖွယ် တိတ်ဆိတ်သွားသည်။ မာန်ရှဲ့ကျောင်းမှ ဘုရင်ကိုယ်တိုင်ကပင် စွံ့အသွားသည်။ သာ့လွန်ရော့ကျန်းက ပြိုင်ဘက်ကို ဆက်တိုက် တွက်ချက်ပြသွားသည့်အပြင် ကျန်းချုံကျန့်ချုံး၏ သီးသန့်တံဆိပ်ကိုပင် ကိုင်ဆောင်လာမည်ဟု ပြောရဲသည်။ ခဲ့လော့ဖုန်းကပင် ထိုစကားများက မှန်ကန်လောက်သည်ဟု ခံစားမိနေလေသည်။
“ဒါပေမဲ့ ကျန်းချုံကျန့်ချုံးက ဘာလို့အခြားလူကို ဘာလို့သူ့ရဲ့တံဆိပ်ကို ပေးမှာလဲ။ ဒီလူက သူ့ရဲ့အာဏာကို အခြားလူဆီ အလွယ်တကူအပ်မဲ့ လူမျိုးမှမဟုတ်တာ။ ဘယ်လိုလူမျိုးများမှ ကျန်းချုံကျန့်ချုံးက ကိုယ်တိုင် သီးသန့်တံဆိပ်ကို ပေးအပ်ရလောက်အောင် အလားအလာ အရမ်းကောင်းနေတာလဲ။ ဘာလို့ငါတို့ တစ်ခါမှ မကြားဖူးတာလဲ ဟား ဟား ဟား ဒါကစိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်းပဲ”
သာ့လွန်ရော့ကျန်း၏ မျက်ဝန်းက တောက်ပသွားသည်။ အနောက်တောင်ပိုင်းက စစ်ပွဲက ရိုးရှင်းခြင်း မရှိတော့ချေ။ မနေ့ညက တိုက်ပွဲကမူ မတော်တဆမှုသာလျှင်ဖြစ်သည်။
မိုးသည်းထန်နေပြီး အမှောင်ထုအတွင်းတွင် မာန်ရှဲ့ကျောင်းနှင့် တိဗက်စစ်တပ်က တချိန်ထဲတွင်ပင် ရှုံးနိမ့်သွားသည်။ အန်းနန်အစိုးရစစ်တပ်၏ ကံကြမ္မာကမူ ထိုနောက်ပိုင်းတွင် သေချာတော့မည်ဖြစ်သည်။
သူယခုစိတ်ဝင်စားနေသည်မှာ လျို့ဝှက်ဆန်းကြယ်သော လူငယ်တစ်ယောက်က ဗျူဟာနှင့် နည်းပရိယာယ်တွင် နတ်ဘုရားတမျှ နားလည်နိုင်စွမ်း ရှိနေခြင်းကိုဖြစ်သည်။
“ငါတို့သူ့အကြောင်း မကြားဖူးဘူးလို့ ဘယ်သူကပြောလဲ။ အရှင်မင်းကြီး မသိတာပဲ ဖြစ်ပါလိမ့်မယ်။ ကျန်းချုံကျန့်ချုံးက သူစိမ်းကို သူ့ရဲ့တံဆိပ်ကို ဘယ်ပေးပါ့မလဲ။ ဒီသူစိမ်းက ရှန်ယွီကျုံ့ထုံးက သူ့ရဲ့အာဏာကို ပေးလာအောင် ဘယ်လုပ်နိုင်ပါ့မလဲ။ ဒါပေမဲ့ အဲ့လူကသာ ကျန်းချုံကျန့်ချုံးနဲ့ ရင်းနှီးပြီး သူနဲ့လည်း စိတ်ဝင်စားမှုတူသလို တစ်ဖက်ထဲက ဖြစ်နေမယ်ဆိုရင် ပြဿနာ မရှိနိုင်တော့ဘူးပေါ့။ ဥပမာအနေနဲ့ ဝမ်ကလန်က တစ်စုံတစ်ယောက် ဖြစ်နိုင်တာက ဝမ်ရန်ရဲ့ အငယ်ဆုုံးသား။ သိပ်မကြာခင်ကမှ ခြင်္သေ့မြို့ကို တည်ဆောက်ခဲ့တဲ့ လူဆိုရင်ပေါ့လေ...”
ဝုန်း
ကျောက်တုံးတစ်တုံး ပစ်ချလိုက်သလိုမျိုး မရေမတွက်နိုင်သော အားလှိုင်းများက ထလာသည်။ သာ့လွန်ရော့ကျန်း၏ နောက်ဆုံး သုံးသပ်ချက်က ဒီစခန်းအတွင်းသို့ လေပြင်းက ဝင်ဆောင့်တိုးတိုက်သွားသလိုမျိုး လူတိုင်း၏ စိတ်ကိုမှုန်တိုင်းထန်စေသည်။ ဟော်ရှု့ဟွေ့ခမ်း၏ စိတ်ကပင် ဝရုန်းသုန်းကား ဖြစ်သွားရသည်။
ဝမ်ကလန်မှ အငယ်ဆုံးသား အတွက်ကမူ လူတိုင်းက သူကမည်သူဖြစ်ကြောင်း မသိကြသော်လည်း ခြင်္သေ့မြို့ကို တည်ထောင်ခဲ့သောသူ မာန်ရဲ့ကျောင်းနှင့် ယွီစန်းကို ဒုက္ခအကြီးအကျယ် ဖန်တီးခဲ့သောသူ ရှိကြောင်းကိုမူ မသိသူဟူ၍ မရှိချေ။
ဖုန်းကျားရီနှင့် မာန်ရှဲ့ကျောင်းကဲ့သို့ အနီးကပ်တိုက်ခိုက်ခဲ့သော လူဆိုလျှင် ကြောင်သွားသည်။
“ဘယ်လိုများ သူဖြစ်နိုင်မှာလဲ”
အခန်း(၅၅၈)
တပ်စခန်းအတွင်းရှိသော လူအများစု ဖန်တီးခဲ့သော လူများကို ညွှန်ပြရမည့်ဆိုလျှင် ထိုလူများက ဝမ်ရန်နှင့် ဝမ်ဖူကဲ့သို့ သူတို့၏စစ်တပ်ကို နယ်မြေပေါင်းများစွာကို ကျော်ဖြတ်ဦးဆောင်လျှက် မြို့ပေါင်းများစွာအတွင်းသို့ သတ်ဖြတ်ကာ ဝင်ရောက်လာခဲ့ပြီး သူတို့၏ ခုခံမှုကို မြင့်မားအောင် ကြိုးစားပေးခဲ့သောသူကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် ခြင်္သေ့မြို့ကို တည်ဆောက်ခဲ့သော ဝမ်ချောင်ကိုသာ ညွှန်ပြရမည်ဖြစ်သည်။ အစပိုင်းတွင် တိဗက်လူမျိုးများက မာန်ရှဲ့ကျောင်း၏ လူများကို လှောင်ပြောင်ခဲ့ကြသည်။
ထိုမြို့၏ အင်အားကြီးမားလှသော ခိုင်မာသည့် ခုခံနိုင်စွမ်းရည်ကို အတွေ့အကြုံ ရှိပြီးသည့်နောက်တွင် သူတို့ထပ်ခါတလဲလဲ အရေးကြီးသောအချက် ထိုမြို့က အ့ဟိုင်ပြင်ကျယ် တစ်ခုလုံးတွင် ကိုင်ဆွဲထားသော မြင့်မားသော နေရာနှင့် မဟာထန်၏ အနောက်တောင်ဘက်ပိုင်းမှ အခြေအနေအားလုံးကို နားလည်လိုက်ပြီးနောက်တွင် မာန်ရှဲ့ကျောင်းမှ စစ်သားများကို သူတို့က မလှောင်နိုင်ကြတော့ချေ။
တိဗက်လူမျိုးများက ဗဟိုပြင်ကျယ်မှ လူများအကြောင်း ကောင်းကောင်းမွန်မွန် နားလည်ထားခြင်း မရှိပေ။ အများဆုံးသူတို့က ထန်စစ်တပ်က ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်ကသာ အမိန့်ပေးသော ဗိုလ်ချုပ်များဖြစ်သည်ဟု သိထားရုံမျှသာဖြစ်သည်။ သို့သော် ကျော်ကြားမှုအရဆိုလျှင် ရှန်ယွီကျုံ့ထုံးပင်ဖြစ်စေ၊ ဝမ်ရန်ကပင်ဖြစ်စေ ဝမ်ချောင်ထက် အပြတ်အသတ်သာသည်။ သို့သော် လက်ရှိအချိန်တွင်မူ အနိမ့်ဆုံး တိဗက်စစ်သားက ဝမ်ချောင်ကို သိသည်။ ထိုနာမည်ဟာ အမျိုးမျိုးသော ထူးဆန်းသည့် သီအိုရီများကို ဖန်တီးနိုင်သော လူဆိုပြီး တွဲလျှက်ကြားဖူးလေ့ ရှိနေသည်။
မဟာထန်စစ်တပ်ထဲတွင် လူအများစုက ဝေးကွာသော မြို့တော်တွင်နေပြီး မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့၏ အကြောင်းကို စစ်ပွဲမစခင်ကတည်းက ခန့်မှန်းနိုင်ခဲ့သည့် လျို့ဝှက်ဆန်းကြယ်သော လူအကြောင်းကို သိထားကြသည်။ ဒါကလည်း ခြင်္သေ့မြို့က ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီး အမျိုးမျိုးသော တိုက်စစ်ဆင်မှုများကို ခုခံနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ တိဗက်လူမျိုးများကပင် ထိုရှင်းပြချက်ကို လက်ခံခဲ့ရသည်။
ဖုန်းကျားရီနှင့် ကျောင်းစစ်လော့တို့က ဝမ်ချောင်ဟုခေါ်သော ထိုလူငယ်ကိုလည်း အလွန်စိတ်ဝင်စားခဲ့ကြသည်။ သူတို့နှစ်ယောက်က လူတစ်ယောက်က ထိုမျှမြင်နိုင်စွမ်းအားရှိမည်ဟု မယုံကြည်သော်လည်း ခြင်္သေ့မြို့၏ တည်ရှိမှုကမူ မာန်ရှဲ့ယွီစန်းစစ်တပ်၏ ဗျူဟာများကို နှောင့်နှေးကျန့်ကြာအောင် လုပ်နိုင်သော တည်ရှိမှုကြီး တစ်ခုဖြစ်ကြောင်း ဒီစစ်ပွဲမှ အစောဦးပိုင်း တိုက်ခိုက်မှုအားလုံးကို တားဆီးရန် ရင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း လက်ခံရသည်။
ထိုဝမ်ချောင်ဟူသောနာမည်က မာန်ရှဲ့ယွီစန်းစစ်တပ်က လျစ်လျူရှု့၍မရသော တည်ရှိမှုကြီး ဖြစ်ခဲ့သည်။
သို့သော် မည်သူကမှ မထင်ထားသည်မှာ တစ်ဖက်တစ်ယောက်က မြို့တော်မှ ရုတ်တရက် အနောက်တောင်ပိုင်းသို့ ရောက်လာခဲ့သည်။ ပို၍ဆိုးသည်မှာ သူဟာကျောင်းစစ်လော့နှင့် ဖုန်းကျားရီကို ရှုံးနိမ့်အောင် လုပ်နိုင်ခဲ့သည်။ ထို့အပြင် လေးစားရသော ယွီစန်းမှ မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းကပင် ရှုံးနိမ့်မှုကို လက်ခံရရှိခဲ့ပြီး ဝမ်ချောင်၏ကျားကို တောင်ပေါ်မှ မျှားထုတ်သည့်ပရိယာယ်၏ ခြောက်လန့်ခံခဲ့ရသည်။
“မဖြစ်နိုင်ဘူး”
ပထမဦးဆုံး တုန့်ပြန်ကာ ငြင်းဆန်လိုက်သည်က ကျောင်းစစ်လော့လည်းမဟုတ်သလို ခဲ့လော့ဖုန်းလည်း မဟုတ်ဘဲ ဖုန်းကျားရီဖြစ်သည်။
“ဘာလို့ဒီကောင်က ဒီလောက်ထိ လုပ်နိုင်ရမှာလဲ”
သူကမျက်လုံးအပြူးသားဖြစ်ပြီး ခံစားချက်များ ပြည့်နှက်နေသည်။ မြို့တစ်မြို့ကို တည်ဆောက်ခိုင်းခြင်းနှင့် စစ်သားများကို အမိန့်ပေးခြင်းက မတူသော အခြေအနေဖြစ်သည်။ သူက အစပိုင်းတွင် ခြင်္သေ့မြို့ကို တည်ဆောက်ခိုင်းသော ထိုကောင်စုတ်အကြောင်း ကြားသည့်တိုင်အောင် ဖုန်းကျားရီအနေဖြင့် ဒါက မာန်ရှဲ့ကျောင်းအတွက် ပြဿနာမရှိနိုင်ဟုပင် ယုံကြည်လက်ခံခဲ့သေးသည်။ သို့သော် ဝမ်ချောင်က သူ့ကိုရှုံးနိမ့်အောင် စစ်တပ်ကို အမိန့်ပေးနိုင်သည့် ကိစ္စကမူ မတူတော့ချေ။
“မဟာအမတ်မင်း သူဆိုတာ သေချာပါရဲ့လား”
ကျောင်းစစ်လော့ကလည်း ခေါင်းကိုမော့လိုက်ပြီးနောက် စူးရှစွာဖြင့် တင်းမာစွာမေးလိုက်သည်။ သူကလည်း သာ့လွန်ရော့ကျန်းကို ယုံကြည်သော်လည်း ကျောင်းစစ်လော့အနေဖြင့် မဟာအမတ်မင်းက ဒီသုံးသပ်ချက်တွင် မသေချာဘဲ ထုတ်ပြောလိုက်မည်ကို စိုးရိမ်နေမိသည်။
“ဟုတ်တယ်အမတ်မင်း ဝမ်ကျို့လင်းက မဟာထန်ရဲ့ ဉာဏ်ပညာရှိလွန်းတဲ့ အမတ်တစ်ယောက်လို့တောင် ချီးကျူးကြတာ။ သူ့ရဲ့ ခေတ်ကာလကဆိုရင် မဟာထန်က သူ့ရဲ့ အတောက်ပဆုံးအချိန်ဖြစ်ခဲ့တယ်။ မဟာထန်ရဲ့ ကောင်းကင်ရဲ့ သားတော်ကတောင် သူ့ရဲ့ပျိုးထောင်ပေးတာကို ခံခဲ့ရတာ။ သူ့မှာ သားသုံးယောက်နဲ့ သမီးတစ်ယောက်ရှိတယ်။ အကြီးဆုံးသားက မဟာထန်ရဲ့ အရေးကြီးတဲ့ အမတ်တစ်ယောက်ပဲ။ သူ့ရဲ့တတိယသား ဝမ်ရန်က ရှန်ယွီကျုံ့ထုံးထက်တောင် ပိုပြီးတင်းကြပ်တဲ့ ခုခံနိုင်စွမ်းအား မြင့်မားတဲ့ စစ်တပ်က ဗိုလ်ချုပ်တစ်ယောက်ပဲ။ ငါတို့က ဝမ်ဖူနဲ့ ဝမ်ချောင်ကိုပါ ထပ်ထည့်လိုက်မယ်ဆိုရင် ဒီဝမ်ကလန်က ပါရမီရှင်တွေနဲ့ ပြည့်နှက်လွန်းမနေတော့ဘူးလား”
ခဲ့လော့ဖုန်း၏ ကုလားထိုင်လက်တင်ပေါ် တင်ထားသောလက်က တင်းကြပ်သွားသည်။ မျက်လုံးက ဝေဝါးလာသည်။ သူဒီသတင်းကို လက်ခံနိုင်ရန် မနည်းကြိုးစားလိုက်ရသည်။
ယခင်မဟာထန်၏ အမတ်ချုပ် ဝမ်ကျို့လင်းက အငြိမ်းစားယူသွားခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာသော်လည်း သူက မဟာထန်အတွင်း လွှမ်းမိုးမှု အလွန်ကြီးမားနေသေးသည်။ သူက မဟာထန်၏ ရွှေရောင်ခေတ်ကို ဖန်တီးမှုတွင် တစ်စိတ်တစ်ပိုင်းက ကြီးကြီးမားမား ပါဝင်ပတ်သတ်ခဲ့ပြီး ယခုအိုနေသည့်တိုင်အောင် ခြိမ်းချောက်မှု ကြီးမားသည်ဟု သတ်မှတ်ရသေးသည်။ သူမသေသမျှ ကာလပတ်လုံး သူ၏ရန်သူများက ကောင်းကောင်း အနားယူနိုင်မည်မဟုတ်ချေ။
ဝမ်ကျို့လင်းက အိုနေသော်လည်း သူ့တွင် ပါရမီရှိသော ဆက်ခံသူပေါင်း များစွာရှိပြီး ကလန်တစ်ခုလုံးကလည်း အမတ်များ ဗိုလ်ချုပ်များနှင့် ပြည့်နေသည်။ တွေးကြည့်ရုံဖြင့်ပင် ခဲ့လော့ဖုန်းက ခေါင်းကိုက်ရသည်။
အ့ဟိုင်မှ ခြောက်ပြည်တောင်က သေးငယ်သည်။ သူက အမြဲတစေ ရည်မှန်းချက်ကြီးကြီး ကိုင်ဆောင်ထားသော်လည်း မာန်ရှဲ့ကျောင်းက လေပါးသော တောင်ပေါ်ဒေသတွင် နေထိုင်ခြင်းဖြစ်သည်။ တိဗက်လူမျိုးများကလွဲပြီး အခြားမည်သူကမှ မသင့်လျော်ချေ။
မာန်ရှဲ့ကျောင်းကသာ ဖွံ့ဖြိုးတိုးတက်လိုလျှင် ခဲ့လော့ဖုန်းအနေနှင့် သူ၏ရည်ရွယ်ချက်ကို နားလည်ရန်လိုပြီး ပုံမှန်အခြေအနေမှ ချိုးဖျက်ရမည်ဖြစ်သည်။ သူကသာ ဧကရာဇ် ဖြစ်လိုလျှင် မြောက်ဘက်ပိုင်းသို့ ဖြန့်ကျက်ရမည်ဖြစ်ပြီး မဟာထန်ဘက်သို့ ဦးတည်ရမည်ဖြစ်သည်။
ဗဟိုပြင်ကျယ်၏ အနောက်တောင်ပိုင်းက မာန်ရှဲ့ကျောင်းနှင့် ဆက်စပ်နေပြီး ထိုနေရာက နယ်မြေများက မြေသြဇာကောင်းသည်။ ထို့ကြောင့် ထိုဘက်သို့ ဦးတည်လိုက်ခြင်းလည်းဖြစ်သည်။ ခဲ့လော့ဖုန်းက ယွီစန်းနှင့် မဟာမိတ် ဖွဲ့ခဲ့ခြင်းကလည်း ထိုအကြောင်းပြချက်ကြောင့် ဖြစ်သည်။
သို့သော် ခဲ့လော့ဖုန်းအနေနှင့် သူ၏ရည်မှန်းချက် ပြီးပြည့်ရန် ရင်ဆိုင်ရမည့် အခက်အခဲများက သူမျှော်လင့်ထားသည်ထက်ပင် လေးနက်လွန်းနေကြောင်း သိလိုက်ရသည်။
“ဟား ဟား ဟား အရှင်မင်းကြီး အမှန်တိုင်းပြောရရင် ဒီလူငယ်ရဲ့ နောက်ခံကို ခန့်မှန်းဖို့က ခက်ခဲတာမှမဟုတ်တာ။ ရှန်ယွီကျုံ့ထုံးက ကျန်းချုံကျန့်ချုံးရဲ့ အမိန့်ကိုပဲ နာခံတယ်။ ကျန်းချုံကျန့်ချုံးရဲ့ အမိန့် တံဆိပ်ပြားကို သယ်ဆောင်နိုင်တဲ့ ဘယ်သူကမဆို ရှန်ယွီကျုံ့ထုံးရဲ့ စစ်အာဏာကို ရရှိနိုင်တာပဲ။ ဝမ်ရန်က သူ့ရဲ့အာဏာကို အလွယ်တကူ လွှဲအပ်မှာတဲ့လား”
“ကျွန်တော်ကြားထားတဲ့အတိုင်းဆိုရင် ဝမ်ရန်က နည်းလမ်းဟောင်းကိုလိုက်ပြီး တော်တော်လေးကို ပြောရဆိုရခက်တယ်။ သူ့ရဲ့အာဏာ အရိုက်အရာကို တိုက်ပွဲနယ်မြေကို ပြောင်းလဲဖို့အတွက် သူက ပေးပါ့မလား။ ကျန်းချုံကျန့်ချုံးဆိုရင်တောင်မှ ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး”
သာ့လွန်ရော့ကျန်းက လူအုပ်ကိုတစ်ချက် ဝှေ့ကြည့်သည်။
လူတိုင်းက တိတ်ဆိတ်သွားကြသည်။ ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်တို့ကသာ အတွေးနက်သွားသည်။ တိဗက်များက မဟာထန်ကို ကောင်းကောင်း နားမလည်လောက်ချေ။ အထူးသဖြင့် တော်ဝင်ခုံရုံးကိုဖြစ်သည်။ ခဲ့လော့ဖုန်းကမူ ကွာခြားသည်။ သူက မဟာထန်မှ အတွင်းရေးကိစ္စများကို သူ၏လက်ခုံလိုသိသည်။ ထို့ကြောင့် သာ့လွန်ရော့ကျန်း၏ စကားက အပြည့်အဝမှန်ကြောင်း သူနားလည်သည်။
“ပိုပြီးဆိုးတာက ခင်ဗျားတို့ထဲက ဘယ်သူကမှ ဘာလို့မတွေးမိသလဲဆိုတာပဲ။ လူတွေအများကြီးက တောင်ထိပ်ပေါ်ရောက်နေကြတယ်။ တောင်ထိပ်က အဝိုင်းခံထားရတဲ့အချိန်မှာ အဲ့ဒီကလေးက ဘာလို့ ဝမ်ဖူရဲ့နေရာကို သိမ်းယူမှာတဲ့လဲ။ သူတို့က အရမ်းရင်းနှီးနေတာမဟုတ်ရင် ဘာလို့ စိုးရိမ်ရမှာလဲ။ ကိစ္စတွေအားလုံးကို ဆက်စပ်ကြည့်လိုက်ရင် ဝမ်ကလန်က ချီလင်းရဲ့သားကို ပြန်သတိရသွားမယ် မဟုတ်လား။ ပြောပါအုံး သူကလွဲပြီး ဘယ်သူကများ ဒီလိုအခြေအနေကို လုပ်နိုင်မှာတဲ့လဲ”
သူ၏နောက်ဆုံး စကားနှင့်အတူ သာ့လွန်ရော့ကျန်းက လူအုပ်ကို တိတ်ဆိတ်စွာပြုံးကာ ကြည့်လိုက်သည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် မတူသည်မှာ သာ့လွန်ရော့ကျန်းက ဗျူဟာမေးခွန်းများအပေါ်တွင် ပို၍အာရုံစိုက်သည်။
ဟော်ရှု့ဟွေ့ခမ်းနှင့် မာန်ရှဲ့ယွီစန်း၏ စစ်တပ်အတွက် စစ်သည်ငါးသောင်းကို ဆုံးရှုံးရခြင်းက ကြီးမားသော ကိစ္စကြီးဖြစ်သည်။ သို့သော်ဒါက သာ့လွန်ရော့ကျန်းနှင့် မသက်ဆိုင်ချေ။
အကျိုးအမြတ်ရရန် စတေးရမည့် ကိစ္စကရှိသည်။ အမှန်တိုင်းဆိုရသော် မဟာထန်၏ အထွတ်အထိပ် အခြေအနေကို မည်သူကမှ ထင်ယောင်ထင်မှား မသုံးသပ်သင့်ချေ။ ထိုမဟာထန်၏ အထွတ်အထိပ် အခြေအနေသာဆိုလျှင် စစ်သည်ငါးသောင်းကို ဆုံးရှုံးရခြင်းက သာ့လွန်ရော့ကျန်း၏ မျှော်မှန်းမှုများ အတွင်းတွင်သာ ရှိနေသေးသည်။ အနှစ်ချုပ်ဆိုရသော် သာ့လွန်ရော့ကျန်းကလည်း ခဲ့လော့ဖုန်း၏ ရှန်ယွီကျုံကထုံးအပေါ် အသေးစား အောင်မြင်မှုကို ရှာတွေ့ခဲ့ပြီး ဒါကပင် သာမာန် အခြေအနေမှ ကွဲထွက်နေသည်ဟုပင် တွေးတောနေခဲ့မိသေးသည်။ မည်သို့ပင်ဆိုစေ ကိစ္စများက ထိုမျှမချောမွေ့ခဲ့သင့်ချေ။ လက်ရှိရလဒ်ကမှသာ ပုံမှန်မဟာထန်ထံမှ သူကမျှော်လင့်ထားသော တုန့်ပြန်မှုဖြစ်သည်။
“မဟာအမတ်ပြောတာ မှန်ပါတယ်။ ဒီအခြေအနေတွေအားလုံးနဲ့ ပြည့်မှီတဲ့ တစ်ယောက်ထဲသောသူက ဝမ်ကလန်ရဲ့ ဆက်ခံသူ ဝမ်ရန်ရဲ့ အငယ်ဆုံးသား ဝမ်ချောင်ပဲ။ ငါ့အနေနဲ့ သူ့ကို တစ်ကြိမ်မှ ကိုယ်တိုင်မတွေ့ဆုံခဲ့ဖူးပေမဲ့ သူက ငါတို့ကို ခြောက်လန့်ပြီး အကြံအစည်ကို ဖျက်ဆီးဖို့အတွက် ခြင်္သေ့မြို့ကို တည်ထောင်နိုင်ခဲ့ကတည်းက သူက ဖြစ်နိုင်ချေအရှိဆုံး ဖြစ်သင့်တယ်”
ခဲ့လော့ဖုန်းက ပြတ်သားစွာ ဝင်ပြောသည်။
“ဟား ဟား ဟား အခုနောက်ပိုင်း စစ်ပွဲက ပိုပြီးစိတ်ဝင်စားဖို့ကောင်းသွားပြီ။ ငါအမြဲပြောနေတာ မဟာထန်က ရာစုနှစ်ပေါင်းများစွာကြာအောင် အရည်အချင်း အပြည့်အဝ ရှိလာခဲ့တာ။ ဘယ်လစ်လပ်ပါ့မလဲ။ ကင်းခြေများတစ်ကောင်က ခြေထောက်တွေအကုန် မပြတ်ဘဲ သေနိုင်သလို ဘာလို့ ဗဟိုပြင်ကျယ်ရဲ့ မဟာထန်က အလွယ်တကူ သိမ်းပိုက်ခံရမှာတဲ့လဲ။ အခုမှပဲ ငါစိတ်အေးနိုင်တော့တယ်”
သာ့လွန်ရော့ကျန်းက သူ၏ယပ်တောင်ကို ယမ်းလိုက်ပြီးနောက် အလွန်စိတ်အေးသွားဟန် သက်ပြင်းချသည်။ သူ၏ဘက်မှ ဆုံးရှုံးမှု မရှိခဲ့ဖူးသည့်အလား ထင်ရသည်။
ခဲ့လော့ဖုန်းက မျက်မှောင်ကျုံ့သော်လည်း ဘာစကားမှ မဆိုချေ။ ခဲ့လော့ဖုန်းက လျှာကိုက်မိသလို ဖြစ်သွားသည်။ သို့သော် သွမ့်ခဲ့ချွမ်ကမူ စိတ်ရှည်သည်းခံမှု မရှိတော့ချေ။
“မဟာအမတ်မင်း မဟာထန်က ကျွန်တော်တို့ရဲ့ ရန်သူဖြစ်နေတာကို မမေ့သင့်ပါဘူး”
သာ့လွန်ရော့ကျန်း၏ ထိုးဖောက်မြင်နိုင်သော အမြင်စွမ်းအားကို သူကလေးစားပြီး တစ်ဖက်က အသေးစိတ်ကို အာရုံစိုက်ကြောင်း သိသော်လည်း... တစ်ဖက်က ရန်သူ၏ လှုပ်ရှားမှုများကိုသာ ခန့်မှန်းနိုင်စွမ်းရည် ရှိမည်ဆိုလျှင် သွမ့်ခဲ့ချွမ်အနေနှင့် သာ့လွန်ရော့ကျန်း၏ ရန်သူကို ရင်ဆိုင်မည့် ကိစ္စကို ပို၍စိတ်ဝင်စားကြောင်း ပြောရပေမည်။ သူက ကြီးကြီးမားမား ရှုံးထားသည်။ လက်ရွေးစင်စစ်တပ် ငါးသိန်းကို ရှုံးထားသော အခြေအနေတွင်ပင် သာ့လွန်ရော့ကျန်းက ပြုံးနေသေးသည်။
“ဟား ဟား ဗိုလ်ချုပ် ဗိုလ်ချုပ်က ကျွန်တော်ကို နားလည်မှု လွဲနေပါပြီ။ ကျွန်တော်က ယွီစန်းက စစ်သည်တွေလည်း ပါသွားကတည်းက သေချာပေါက် မဟာထန်ကို မာန်ရှဲ့ကျောင်းနဲ့ ပူးပေါင်းပြီး ကိုင်တွယ်ဖို့ ပြင်ဆင်မှာပေါ့။ ကျွန်တော်ကဒီတိုင်း အဲ့ဒီကလေးကို နည်းနည်း စိတ်ဝင်စားနေတာပါ။ ဝမ်ကလန်မှာ အမတ်တွေကို ဗိုလ်ချုပ်တွေ ပြည့်နေပေမဲ့ ဝမ်ကျို့လင်းက အရာရှိတစ်ယောက်အနေနဲ့ပဲ သူ့ရဲ့နာမည်ကို ကျော်ကြားအောင် လုပ်နိုင်ခဲ့တာ။ သူက သူ့ရဲ့ခေတ်က တလောကလုံးကို အပိုင်သိမ်းနိုင်ခဲ့တာကလည်း သူ့ရဲ့သစ္စာရှိတဲ့ လက်အောက်ငယ်သားတွေနဲ့ အင်အားကြီးတဲ့ စစ်သည်တော်တွေကြောင့်လေ။ စစ်အနုပညာအရ သီးသန့်ဆိုရင် သူက ပထမတန်းစားအဆင့်မှာ ရှိနေလောက်ပေမဲ့ တကယ်တန်း ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အဆင့်ရောက်ဖို့ ဝေးကွာလွန်းနေပါသေးတယ်။ မဟုတ်ရင် ဝမ်ရန်က အထက်တန်းလွှာ ဘွဲ့ထူးလောက်နဲ့ ရပ်နေပါ့မလား”
သာ့လွန်ရော့ကျန်းက ဖြေးညှင်းစွာ သုံးသပ်ပြသည်။ ယပ်တောင်ကိုရပ်သည်။ သူကလည်း သဘောတကျ အမူအရာကို ကိုင်ဆွဲထားသေးသည်။
“ကျွန်တော်ကပိုပြီး သိချင်နေတာ။ ဝမ်ကလန်က စစ်ပရိယာယ်အရာမှာ အခုအားလုံး ဖော်ပြနေကြတဲ့ အဆင့်အထိ ရောက်တဲ့လူတစ်ယောက်ကို ပျိုးထောင်ပေးနိုင်စွမ်းရည် မရှိဘူး။ ဒီလိုဆိုရင် ဒီကလေးက သူ့ရဲ့ ဒီပရိယာယ်တွေ ဗျူဟာတွေကို ဘယ်နေရာကနေ သင်လာခဲ့တာလဲ။ ဒီကလေးသုံးနေတဲ့ ဗျူဟာတွေက ဝမ်ကျို့လင်း၊ ဝမ်ကျုံးစစ်၊ ကျန်းရှို့ကွေးတို့ သုံးနေကျပုံစံမှ မဟုတ်တာ။ ပိုဆိုးတာက ငယ်ရွယ်လွန်းတဲ့ ဒီဆယ်ကျော်သက်တစ်ယောက်က ဘယ်က ရောက်လာသလဲဆိုတာပဲ”
“ဗဟိုပြင်ကျယ်အကြောင်းကို ကျွန်တော့်ရဲ့ လက်ခေါ်လို့ ကျွန်တော်က ကောင်းကောင်း နားလည်ပါတယ်။ ဒါပေမဲ့ ဘာလို့ ဒီလိုဗျူဟာမျိုးကို မမြင်ဖူးရတာလဲ”
သာ့လွန်ရော့ကျန်း၏ မျက်ဝန်းက တောက်ပသထက် တောက်ပလာသည်။
သူ၏မသိစိတ်သီးသန့်ကို မှီခိုမည်ဆိုလျှင် ဝမ်ကလန်မှ ချီလင်း၏သားက သူကြုံတွေ့ခဲ့ဖူးသော လူတိုင်းနှင့် မတူကြောင်း လက်ခံရပေမည်။ သာ့လွန်ရော့ကျန်းက ထိုလူ၏ ခန္ဓာကိုယ်ပေါ်မှ အလားအလာကို အာရုံခံနိုင်သည်။
“ဟော်ရှု့ဟွေ့ခမ်း အရှင်မင်းကြီး အမတ်တို့ ဗိုလ်ချုပ်တို့ တိုက်ပွဲစတဲ့အချိန်မှာ ခင်ဗျားတို့ အန်းနန်အစိုးရ စစ်တပ်ကို ဘယ်လိုရင်ဆိုင်မလဲတော့ ကျွန်တော်မသိပေမဲ့ ကျေးဇူးပြုပြီး ဒီကလေးကိုတော့ အရှင်ဖမ်းပေးဖို့ မျှော်လင့်ပါတယ်”
“မင်းကဘယ်လိုဟာသကို လာပြောနေတာလဲ။ တိုက်ပွဲနယ်မြေက လွယ်တယ်ထင်နေလား။ ပိုဆိုးတာက ဒီကလေးက ငါတို့ကို ခြိမ်းချောက်မှု ကြီးကြီးမားမား ပေးနိုင်နေသေးတယ်။ သူအသက်ရှင်နေသမျှ ကာလပတ်လုံး ငါတို့ဘက်က လူပိုသေလိမ့်မယ်။ ဒီလိုကောင်က အမြန်ဆုံး သတ်လိုက်သင့်တာ။ ဘာလို့သူ့ကို အရှင်ဖမ်းချင်တာလဲ”
ဟော်ရှု့ဟွေ့ခမ်း၏ နဖူးမှ သွေးကြောက ထောင်တက်လာသည်။ သူက အလွန်ဒေါသထွက်လာသည်။ သာ့လွန်ရော့ကျန်းက နာ့ယိတော်ဝင်တပ်ရင်းမှ မဟာအမတ်တစ်ယောက်ဖြစ်ပြီး သူ့ထက် အဆင့်မြင့်နေသောကြောင့်သာ မဟုတ်လျှင် ဟော်ရှု့ဟွေ့ခမ်းက ကရုပင်စိုက်မည်မဟုတ်ချေ။ သာ့လွန်ရော့ကျန်းက သူ့ထက်ရာထူးမြင့်နေသည့်တိုင်အောင် ဟော်ရှု့ဟွေ့ခမ်းကလည်း တစ်ဖက်သူ၏ အမိန့်များကို နာခံရန်မလိုချေ။ ဒါကသူ၏ စရိုက်ဖြစ်သည်။
“ဟား ဟား ငါပြောတာကို နားထောင်စမ်းပါ။ အဲ့ဒီကောင်စုတ်လေးက သူ့ကိုကိုယ်တိုင်သာ မမြင်ရရင် သူ့မှာရှိတဲ့ အဲ့ဒီပရိယာယ်တွေအကြောင်းကို ငါနားလည်မှာမဟုတ်ဘူး။ ဒီကောင်စုတ်လေးက ငါတို့ဘယ်သောအခါမှ မမြင်ဖူးတဲ့ စစ်ပရိယာယ်စာအုပ် ပိုင်ဆိုင်ထားတာ ဖြစ်လောက်တယ်။ ငါတို့ကသာသူ့ကို ဖမ်းမိပြီး သိမ်းသွင်းနိုင်မယ်ဆိုလျှင် ယွီစန်းအတွက် အကျိုးကျေးဇူးကြီးကြီး ရရှိလိမ့်မယ်။ ပိုဆိုးတာက အဆုံးမှာ ဒါကမင်းအတွက် အကျိုးကျေးဇူး ရမှာပဲလေ”
“တိုက်ပွဲနယ်မြေမှာ စစ်သားအချင်းချင်းတွေ့ရင် တိုက်ခိုက်ရတာက ပုံမှန်ပဲ။ ပိုဆိုးတာက ဒါက တခဏလောက် ဆုံးရှုံးသွားရုံပါပဲ။ ငါတို့ကသာ ဒီကလေးဆီက အဲ့ဒီကျမ်းစာအုပ်ကို ရရှိမယ်ဆိုရင် မျိုးဆက်အဆက်ဆက် အမွေအနှစ်အဖြစ် လက်ဆင့်မကမ်းနိုင်ဘူးလား။ ငါတို့ရဲ့ ယွီစန်းအတွက် ဒီဆုက စစ်သည်ငါးသောင်းဆိုတာထက် ပိုတယ်။ ဒါကငါတို့ရဲ့ အိမ်တံခါးဝကို ပို့လာတဲ့ အခွင့်အရေးကြီးလေ။ ဘယ်လိုနည်းနဲ့မဆို အလွတ်မပေးနိုင်ဘူး။ ငါတို့တွေက ဝမ်ကျို့လင်း၊ ဝမ်ကျုံးစစ်၊ ကျန်းရှို့ကွေး၊ ကောင်းကျန်းစစ်နဲ့ ခဲ့ရှုးဟန်တို့လို ဗိုလ်ချုပ်တွေကို မရေမတွက်နိုင်အောင် ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ ကရုစိုက်စရာ လိုမတဲ့လား”
ထိုနောက်ဆုံး စကားနှင့်အတူ သာ့လွန်ရော့ကျန်းက ဂုဏ်ယူသလိုမျိုး ကြည့်လိုက်သည်။
မဟာဗိုလ်ချုပ်တစ်ယောက်က တိုက်ပွဲ၏ အောင်မြင်မှုကိုသာမြင်သည်။ သို့သော် မဟာအမတ်က မျိုးဆက် အဆက်ဆက် ဆယ်စုနှစ်ပေါင်းများစွာ ရာစုနှစ်ပေါင်းများစွာ နှစ်သန်းပေါင်းများစွာ ကြာသည်အထိ အဓွန့်ရှည်မည့် အင်ပါယာကိုသာ ပိုကြည့်သည်။ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့၏ ကွာခြားချက်က ထိုအချက်ဖြစ်သည်။
ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်တို့ကပင် သာ့လွန်ရော့ကျန်း၏ စကားများကြောင့် မှင်သက်သွားရသည်။ နှစ်ယောက်လုံးက အချင်းချင်း ကြည့်လိုက်သော်လည်း ဘာစကားမှ မဆိုကြချေ။
နာ့ယိတော်ဝင်အမတ် သာ့လွန်ရော့ကျန်းက ဗဟုသုတ အလွန်ကြွယ်ဝကြောင်း လူတိုင်းက ပြောကြသည်။ မနေ့က ရှုံးနိမ့်မှုအကြောင်း လူတိုင်းက ပြောနေကြပြီး ထိုမာန်ရှဲ့ယွီစန်းစစ်တပ်ကို သက်ရောက်မှုရှိပြီး ထိုလျို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်အကြောင်း သိချိန်တွင် သာ့လွန်ရော့ကျန်းကမူ ထိုလူငယ်က မည်သူဖြစ်ကြောင်း ပြောပြလာပြီး ဒီရှုံးနိမ့်မှုမှ ရမည့်အခွင့်အရေးကို ချပြလာသည်။
ယွီစန်းက အင်အားကြီးမားလွန်းနေပြီးသားဖြစ်သည်။ သာ့လွန်ရော့ကျန်းတစ်ယောက်ကို ပိုင်ဆိုင်ထားသည့်အပြင် ဟော်ရှု့ဟွေ့ခမ်းလည်းရှိသည်။ နောက်ထပ် အမတ်သုံးယောက်နှင့် ဗိုလ်ချုပ်လေးယောက်လည်း ရှိနေသေးသည်။ သူတို့ကလည်း ထိုကျမ်းစာအုပ်ကို ရသွားလျှင် မာန်ရှဲ့ကျောင်းအနေနှင့် ကျားကိုမောင်းထုတ်ပြီး ဝံပုလွေကို ကြိုဆိုလိုက်သလို ဖြစ်သွားမည်။ အဆုံးတွင်သူတို့က အခြားတိုင်းတစ်ပါးသားထံ ချဉ်းကပ်နေရခြင်းဖြစ်သည်။ သူတို့အနေနှင့် ဝမ်ချောင်ကို မြင်သည်နှင့် အမြန်ဆုံးသတ်လိုက်လျှင် ကြိုးစားမည်။ သို့မဟုတ်လျှင်လည်း သူတို့ကိုယ်တိုင်အတွက် ဖမ်းမိရန် ကြိုးစားသင့်သည်။ မဟုတ်လျှင် ယွီစန်းကို ထိုစာအုပ် ရသွားခွင့်ပြု၍ မဖြစ်တော့ချေ။
ခဲ့လော့ဖုန်းက ထိုင်ခုံတွင် မလှုပ်ဘဲ ထိုင်နေသော်လည်း အလေးအနက်ထားကာ တည်ငြိမ်နေသည့်တိုင်အောင် စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများ ရှိနေသည်။
မာန်ရှဲ့ကျောင်းနှင့် ယွီစန်းက မဟာမိတ်ဖြစ်သလို ရန်သူတွေလည်းဖြစ်သည်။ သူတို့က ပူးပေါင်းနိုင်သည်။ သို့သော် တစ်ချိန်တွင် ပြန်ရင်ဆိုင်ရအုံးမည်ဖြစ်သည်။ ဒါကသူတို့၏ အစစ်အမှန် ဆက်ဆံရေးဖြစ်နေသည်။
အခန်း(၅၅၉)
ခဲ့လော့ဖုန်း၊ သွမ့်ခဲ့ချွမ်နှင့် ဖုန်းကျားရီတို့က ခပ်မြန်မြန် ထွက်ခွာသွားကြသည်။ တဲ့စခန်းထဲတွင် သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က ထွက်ခွာရန် အဆင်သင့် ပြင်နေကြပြီဖြစ်သည်။ အန်းနန်အစိုးရစစ်တပ်နှင့် ခြင်္သေ့မြို့မှ ထွက်ခွာသွားခဲ့သော အမျိုးမျိုးသော အင်အားစုများ၏ အကြမ်းဖျင်း အင်အားက တစ်သိန်းဝန်းကျင်ဖြစ်သည်။ သူတို့ကိုသာ အမြစ်ဖြတ် သုတ်သင်ပြီးလျှင် အနောက်တောင်ပိုင်း၏ နောက်ဆုံးသော အကာအကွယ်ကို အောင်မြင်စွာဖြင့် အပိုင်သိမ်းလိုက်နိုင်ပြီဟု ဆိုနိုင်သည်။
ရှန်ယွီကျုံ့ထုံး၏ စစ်သည်များကသာ သူတို့ကို ထိန်းထားခြင်းမရှိလျှင် အနောက်တောင်ပိုင်းက မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့အပိုင် ဖြစ်နှင့်နေသည်မှာ ကြာလောက်ချေပြီ။ သုံးပြည်တောင်၏စစ်က အဆုံးသတ်တော့ပေမည်။
နှစ်ဖက်စလုံးကလည်း ထိုမဟာထန်မှ လူငယ်က ဒီနေရာမှ မည်သို့သော အခြေအနေတွင်မျှ လုံးဝအဆုံးသတ်သွားရန် မဖြစ်ကြောင်း ဆုံးဖြတ်ထားကြသည်။
ခဲ့လော့ဖုန်းက မာန်ရှဲ့ကျောင်းဗိုလ်ချုပ်များနှင့် ထွက်ခွာသွားပြီးသည့်နောက်တွင် ဟော်ရှု့ဟွေ့ခမ်းက နောက်သို့ ခေါင်းလှည့်ကာ သာ့လွန်ရော့ကျန်းကိုပြောသည်။
“မဟာအမတ် မင်းဘာလို့ ခဲ့လော့ဖုန်းရဲ့အရှေ့မှာ အဲ့ဒါတွေအားလုံးကို ပြောလိုက်တာလဲ”
“ဒီကိစ္စကို ကြားပြီးသွားတဲ့နောက်မှာ ခဲ့လော့ဖုန်းက အခြားအကြံတွေရှိမရှိ ခင်ဗျားမသိဘူးလား”
“ဟား ဟား အရူးတွေမှာလည်း သူတို့နေရာနဲ့သူတို့ အသုံးဝင်တာတော့ ရှိတာပဲ။ ဒီတော့ ဉာဏ်ကောင်းတဲ့လူ လုပ်စမ်းပါ။ မင်းသတိမထားမိဘူးလား။ သူက အ့ဟိုင်ရဲ့ မတော်တဆမှုမှာ ရှန်ယွီကျုံ့ထုံးကို နိုင်သွားအောင် လုပ်နိုင်ကတည်းက ခဲ့လော့ဖုန်းကလည်း ငါတို့ရဲ့ ယွီစန်းကို အရေးကြီးတဲ့ တစ်စုံတစ်ရာအဖြစ် မသတ်မှတ်ထားတာ သေချာနေတာပဲ”
သာ့လွန်ရော့ကျန်း၏ အပြုံးက ချက်ချင်းလိုလို ဖျော့တော့သွားပြီး အကြည့်ကလည်း စူးရှသွားသည်။
“ဒါက...”
ဟော်ရှု့ဟွေ့ခမ်းက အချိန်တစ်ခုကြာ ကြောင်တောင်တောင် ဖြစ်သွားသည်။ သူထိုအတွေးကို ယခင်က မတွေးမိသည်တော့ မဟုတ်ချေ။ သူကလည်း ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး သူဟာလည်း စစ်သားတစ်ယောက် ဖြစ်သည့်အလျောက် စစ်ဗျူဟာနှင့် စစ်ပရိယာယ်အကြောင်း တွေးမိသော်လည်း သူ၏အဓိက ဦးတည်ချက်က တိုက်ပွဲနယ်မြေမှ အနိုင်အရှုံးဖြစ်သည်။ သာ့လွန်ရော့ကျန်းက ပြောလာသော မေးခွန်းများက လူသားများ၏ အမျိုးမျိုးသော အတွေးများကို ရှု့ထောင့်အမျိုးမျိုးမှ သုံးသပ်ခြင်း ဖြစ်နေလေရာ သူပုံမှန်အားဖြင့် ထိုသို့တွေးရန် စွမ်းအင်ကုန်ခံလိမ့်မည်မဟုတ်ချေ။
“ဒီအခြေအနေမှာ ခဲ့လော့ဖုန်းက နောက်ပြန်လှည့်လို့ မရတော့ဘူး။ သူက ငါတို့ကို သစ္စာဖောက်ရဲမှာလား”
“ဟ ဘယ်သူသိမှာလဲ မဟာထန်ရဲ့ မြို့တော်က အဲ့ဒီကောင်းကင်ရဲ့ သားတော်ဧကရာဇ်က အရမ်းတော်တာ မဟုတ်လား။ ဒါပေမဲ့ ခဲ့လော့ဖုန်းက သူ့ကိုသစ္စာမဖောက်ခဲ့လို့လား”
သာ့လွန်ရော့ကျန်းက ယပ်တောင်ကို တစ်ချက်ယမ်းလျှက်ပြောသည်။ သူက အရှေ့သို့ ပေါ့ပါးစွာ တစ်လှမ်းလှမ်းလိုက်ပြီးနောက်တွင် သူ၏ခြေထောက်အောက်မှ မမြင်ရသော အားလှိုင်းကထွက်လာကာ ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသလို ဖြစ်သွားသည်။
“အမျိုးသားတွေရဲ့ နှလုံးသားက ခန့်မှန်းရ အခက်ဆုံးပဲ။ ခဲ့လော့ဖုန်းက ရည်မှန်းချက် အရမ်းကြီးတယ်။ ငါစိုးရိမ်တာက အနောက်တောင်ပိုင်းကသူ့ကို မကျေနပ်စေနိုင်မှာကိုပဲ။ သူက မဟာထန်ကိုတောင် အညံ့မခံချင်တာ။ သေချာပေါက် ငါတို့ရဲ့ ယွီစန်းဆီမှာ အညံ့မခံမှာ သေချာသွားပြီပဲ။ ဒီလိုဆိုမှတော့ အခု မဟာထန်က ခြိမ်းချောက်မှုက ဘာကိုကိုယ်စားပြုသလဲဆိုတာကို သူ့ကိုနားလည်ခိုင်းလိုက်တာ မကောင်းဘူးလား။ ဒီလိုနည်းလမ်းနဲ့ နောက်ပြန်ဆုတ်စရာ မရှိတော့ဘဲ ရှေ့ပဲသွားရတော့မှာကို သိသွားပြီ။ မမေ့နဲ့ သူ့ရဲ့မာန်ရှဲ့ကျောင်းက တပ်ဖွဲ့သုံးသိန်းကို ငါတို့က မဟာထန်ကို ကိုင်တွယ်ဖို့ လိုအပ်နေသေးတယ်”
“ဒါပေမဲ့ အဲ့ဒီကောင်စုတ်ကရော”
ဟော်ရှု့ဟွေ့ခမ်းက မျက်မှောင်ကျုံ့သည်။
“ငါမနေ့ညက သူနဲ့ထိပ်တိုက် ရင်ဆိုင်ခဲ့ပေမဲ့ မင်းပြောသလောက် လုပ်နိုင်စွမ်းအား ရှိမယ်လို့ မထင်ဘူး။ ဒါပေမဲ့ သူကသာ သူ့ဆီမှာ အဲ့ဒီလို လျို့ဝှက်ကျမ်းမျိုး ရှိနေတာမှန်ရင် ခဲ့လော့ဖုန်းကလည်း သူကိုယ်တိုင် အရယူပြီး အဲ့ဒီကောင်လေးကို သတ်ရင်သတ် မဟုတ်ရင် သူကိုယ်တိုင် အရယူမဲ့လူမျိုးပဲ။ ဒါကငါတို့အတွက် အကျိုးအမြတ် မရှိတော့ဘူး”
ဟား ဟား ကြည့်ရတာ မင်းကဉာဏ်ကောင်းသားပဲ။ ငါကလည်း အဲ့ဒီစစ်ကျမ်းဆိုတာ တကယ်မရှိဖို့ မျှော်လင့်သားပဲ။ ငါကတမင်ပြောလိုက်တာ။ တကယ်ရှိနေရင်တော့ အခြေအနေက ဘယ်တူတော့မလဲ။ အနှေးနဲ့အမြန် ဘယ်လိုနည်းနဲ့မဆို ငါတို့က ရှာတွေ့မှာပဲ။ ခဲ့လော့ဖုန်းနဲ့ သူ့သားအတွက်ကတော့ ငါတို့က မဟာမိတ်တွေဖြစ်မှတော့ ငါတို့လက်ထဲကိုကျကျ သူတို့လက်ထဲကိုကျကျ အသုံးဝင်လာမှာပဲ။ ခဲ့လော့ဖုန်းရဲ့ လက်ထဲကို ရောက်သွားမယ်ဆိုရင် ငါတို့ကသူ့ဆီက တောင်းလို့ရတယ်။ ခဲ့လော့ဖုန်းက ဉာဏ်ကောင်းတဲ့လူပဲ။ သူမငြင်းနိုင်ပါဘူး။ တကယ်လို့ အဲ့ဒီလို လျို့ဝှက်ကျမ်းမျိုး မရှိဘူးဆိုရင်တော့ အဲ့ဒီကလေးရှင်တာ သေတာက ဘာများအသုံးဝင်အုံးမှာလဲ။
သာ့လွန်ရော့ကျန်းက ယပ်တောင်ကိုယမ်းလျှက် ရယ်ပြန်သည်။
ဟော်ရှု့ဟွေ့ခမ်းကမူ သာ့လွန်ရော့ကျန်းကိုကြည့်ပြီး ကူကယ်ရာမဲ့စွာသာ ခေါင်းကိုခါသည်။ သူက သာ့လွန်ရော့ကျန်းနှင့်အတူ ဆယ်စုနှစ်ပေါင်းများစွာ အမတ်နှင့်ဗိုလ်ချုပ် စုံတွဲပြီး အလုပ်လုပ်ခဲ့ဖူးပြီးသားဖြစ်သည်။ အမိန့်ပေးသော စွမ်းရည်မျိုးတွင် သူတို့နှစ်ယောက်က ကျန်းချုံကျန့်ချုံးနှင့် ယှဉ်နိုင်သည်ဟု ဆိုရသည်။
ဟော်ရှု့ဟွေ့ခမ်းကလည်း ထိုသို့ နှစ်ပေါင်းများစွာ ကြာလာသည့်တိုင်အောင် သာ့လွန်ရော့ကျန်း၏ တွေးတောသည့်ပုံစံမျိုးကို ကျင့်သားရရန် ခက်ခဲနေသေးသည်။
“သွားစို့ ဘယ်လိုနည်းနဲ့မဆို အန်းနန်အစိုးရစစ်တပ်နဲ့ အဲ့ဒီဝမ်ချောင်လို့ခေါ်တဲ့ ကလေးက ဒီနေ့သေရမယ်။ စစ်ပွဲက အဆုံးသတ်ရမဲ့နေ့ရောက်ပြီ”
ဟော်ရှု့ဟွေ့ခမ်းက လက်ကိုဆန့်တန်းလိုက်သည်။ တချွင်ချွင်မြည်သံနှင့်အတူ စခန်းထဲမှ အေးစက်သော အလင်းတန်း နှစ်တန်းက ရှေ့သို့တိုးထွက်သွားသည်။ ဟော်ရှု့ဟွေ့ခမ်းက လေထဲမှ တိဗက်ဓားမောက်ရှည် နှစ်လက်ကို ဆွဲကိုင်လိုက်ပြီးနောက်တွင် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။
ဝုန်း
ဟော်ရှု့ဟွေ့ခမ်းက တဲထဲမှ ထွက်လိုက်ပြီးသောအခါ ပြင်းထန်သောလေပြင်းက တိုက်ခတ်သွားပြီး တဲအတွင်းတွင်ဖြစ်စေ၊ အပြင်တွင်ဖြစ်စေ မတူညီသော လောကနှစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။ စခန်းနှစ်ခုလုံးက သတ်ဖြတ်လိုစိတ်ဖြင့် တောက်လောင်လာကာ စစ်တပ်တစ်ခုလုံးက ကောင်းကင်ကိုပင် မီးတက်ရှို့တော့မည့်မလား ဖြစ်လာသည်။
“စတင်ထွက်ခွာမယ် မြန်မြန်လုပ်ကြ”
“စစ်တပ်က ထွက်ခွာတော့မယ် ရိက္ခာတွေအားလုံး ယူလာခဲ့ကြအုံး”
“မြင်းတပ် အဆင့်သင့်ပြင် လက်နက်တွေ၊ သံချပ်ကာတွေ၊ ရိက္ခာတွေ အားလုံးအဆင့်သင့်ပြင်။ အကုန်ရှိမရှိ စစ်ဆေးကြ”
များပြားသော မာန်ရှဲ့ယွီစန်းစစ်တပ်က အ့ဟိုင်ပြင်ကျယ်ကို ထုတ်ပိုးကာ သယ်ဆောင်လာသလိုမျိုး အနက်ရောင် အရှိန်အဝါ အပြည့်ဖြင့် ချီတက်သည်။
ဟော်ရှု့ဟွေ့ခမ်းကလည်း ရှေ့သို့သာကြည့်သည်။ သူက လက်ကိုယမ်းလိုက်ပြီးနောက် နောက်ကိုမလှည့်ဘဲ မေးလိုက်သည်။
“မင်းတို့မဟာထန်ရဲ့ ခြေရာကို ခံမိပြီလား”
ဟော်ရှု့ဟွေ့ခမ်း၏အနောက်မှ မြင်းခွာသံများနှင့်အတူ လက်ရွေးစင် အထောက်တော်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က အနားကပ်လာပြီး ရိုကျိုးစွာဖြင့် တင်ပြသည်။
“အရှင့်ကို သတင်းပို့ပါတယ်။ ထန်တွေက လှည့်ကွက်နည်းနည်း သုံးသွားတယ်ဆိုပေမဲ့လည်း သူတို့ရဲ့ ခြေရာကို အောင်မြင်စွာ ခံလိုက်နိုင်ပါတယ်။ သူတို့ကအခု မြောက်ပိုင်းက တောင်တစ်တောင်ပေါ်မှာ ရှိနေပါတယ်”
“ပြောင်မြောက်တယ် ငါ့ရဲ့အမိန့်ကိုထုတ်လိုက် အခုပဲထွက်ခွာမယ်”
“ဟုတ်ကဲ့အရှင်”
ထိုလက်ရွေးစင် အထောက်တော်က နောက်သို့ လှည့်ပြီးနောက်တွင် လျှင်မြန်စွာဖြင့် မြင်းခွာသံများက ဝေးကွာသွားတော့သည်။
ဟော်ရှု့ဟွေ့ခမ်းက အပေါ်မှ အနက်ရောင် တိမ်စိုင်များကို ကြည့်လိုက်ပြီးနောက်တွင် သူ၏အကြည့်က စူးရှကာ အေးစက်သွားသည်။ မူဝါဒရေးရာ အခြေအနေမျိုးက မည်သို့ပင် ဖြစ်နေစေကာမူ စစ်သားတစ်ယောက်၏ တာဝန်က တိုက်ခိုက်ရမည်ဖြစ်သည်။ တိုက်ခိုက်ရမည် ဖျက်ဆီးရမည် ရန်သူကို အမြစ်ဖြတ်သုတ်သင်ရမည် ဒါကသူတို့၏ တာဝန်ဖြစ်သည်။ ကျန်သောကိစ္စက သူတို့နှင့် မသက်ဆိုင်တော့ချေ။
“ကျန်းချုံကျန့်ချုံး မင်းရှုံးပြီ”
သူ၏မျက်ဝန်းက ခက်ထန်သော အလင်းဖြင့် တောက်ပလာပြီးနောက်တွင် ဟော်ရှု့ဟွေ့ခမ်းက မြင်းပေါ်တက်လိုက်ကာ မြောက်ဘက်ပိုင်းသို့ ဦးတည်ထွက်ခွာတော့သည်။
ဝုန်း
သူတို့၏ ထွက်ခွာသံနှင့်အတူ မိုးကုတ်စက်ဝိုင်း တည့်တည့်တွင် မြင်းခွာသံများက ပဲ့တင်ထွက်လာတော့ကာ စစ်ဗုံတီးသံများ မြင်းဟီသံများက ပြည့်နှက်သွားသည်။ မာန်ရှဲ့ယွီစန်းစစ်တပ်က အနောက်တောင်ပိုင်းတွင် အင်အားအကြီးဆုံး စစ်တပ်ဖြစ်ပြီး ယခုမူ မြောက်ဘက်ပိုင်းသို့ ထွက်ခွာမည်ဖြစ်သည်။
စစ်၏အနက်ရောင် တိမ်စိုင်များကလည်း အဆုံးစွန်အထိ ကူညီပေးတော့မလိုမျိုး နောက်မှ ကပ်ပါလာသည်။
ခြင်္သေ့မြို့၏ အကာအကွယ် မရှိတော့သည့်အခါ မဟာထန်က မာန်ရှဲ့ယွီစန်း၏ စစ်တပ်နှင့် အနောက်တောင်ပိုင်းတွင် ပြင်းထန်သည့် တိုက်ပွဲဖြစ်ရတော့မည်မှာ သေချာသည်။
ဝုန်း
ရုတ်တရက် စစ်ပွဲက လူတိုင်းထင်ထားသည်ထက် မြန်ဆန်စွာ ဆင်းသက်လာသလိုမျိုး မြေငလျှင်က လှုပ်ခါသွားသည်။ သို့ရာတွင် အန်းနန်အစိုးရစစ်တပ်က ရွေးချယ်ထားသောတောင်က မာန်ရှဲ့ယွီစန်း စစ်တပ်၏အရှေ့တွင် မားမတ်စွာရှိနေပြီး လူတိုင်းကလည်း ကြောင်အသွားကြသည်။ သူတို့၏အရှေ့တွင် ရှိနေသောတောင်က လွင်ထီးခေါင်တောင်မဟုတ်ဘဲ တစ်ခုခုက ကွာခြားနေသည်။
တောင်ထိပ်ပေါ်တွင် ကောင်းကင်သို့ ထိုးတက်နေသော မီးခိုးအလုံးလိုက် မြင်နိုင်သည်။ ထိပ်မှ တောင်ခြေအထိ ချွန်တက်နေသော ထိုတောင်တန်းကြီးက သံမဏိခံတပ်ကြီးတစ်ခုဖြစ်ကြောင်း ထင်ရှားစွာ မြင်နိုင်သည်။ အန်းနန်အစိုးရစစ်တပ်မှ မရေမတွက်နိုင်သော စစ်သားတိုင်းက တောင်ပေါ်တွင် ရှိနေကြကာ အားလုံး၏ အရှိန်အဝါက မည်မျှပင် မြင့်မားနေကြောင်း အဝေးမှပင် ခံစားမိနိုင်သည်။
“ဒီမှာဘာတွေဖြစ်နေတာလဲ”
လေပြင်းက အဝေးမှ ဖြတ်တိုက်လာသောအခါ ဟော်ရှု့ဟွေ့ခမ်း၏ မျက်နှာတွင်ပင် မှင်သက်အံ့သြဟန်က ပေါ်လာသည်။ ဒါက သူမမျှော်လင့်ထားသော ကိစ္စဖြစ်သည်။
“ဒါကဘာလဲ ဒါက ခံတပ်နဲ့ တူနေတယ်”
ဖုန်းကျားရီကလည်း အံ့သြသွားသည်။
“ဒီကောင်စုတ်လေး ဘာလုပ်ပြန်ပြီလဲ”
ကျောင်းစစ်လော့၏ မျက်လုံးက မှေးကျဉ်းသွားကာ အံ့အားတကြီး ဖြစ်သွားပြန်သည်။
သူတို့အားလုံးက ယင်ကောင်မြိုလိုက်မိသလို ဖြစ်သွားသည်။ မူလက မြင်ထားသည်မှာ ဒါကလွင်ထီးခေါင် ကုန်းပြင်တစ်ခုဖြစ်ပြီး အန်းနန်အစိုးရစစ်တပ်က ရိက္ခာများလည်း မရှိတော့လေရာ မာန်ရှဲ့ယွီစန်း စစ်တပ်ကို မည်သည့်နည်းနှင့်မျှ မယှဉ်နိုင်တော့ချေ။ သို့သော် သူတို့ရှေ့ရှိ မြင်ကွင်းကမူ ကွာခြားနေပြန်သည်။
ထန်စစ်တပ်က မယုံနိုင်စရာ ကောင်းလောက်အောင် အချိန်တိုအတွင်းတွင် ဒီနေရာတွင် အလွန်အမင်း ခိုင်ခံ့သော ခံတပ်တစ်ခုကို တည်ဆောက်ထားနိုင်ခဲ့သည်။ အဝေးမှပင် အနည်းဆုံး တုန်လှုပ်စရာ ကောင်းလွန်းနေလေသည်။
“ဒီကောင်စုတ် ဘယ်လိုများ လုပ်လိုက်တာလဲ။ ခြင်္သေ့မြို့က ကျသွားခဲ့ပြီး မဟာထန်ရဲ့ နယ်စပ်က ရိက္ခာတွေအားလုံးက သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ပဲ လုံလောက်နေမှာ။ ဒါပေမဲ့ ဒီတောတွင်းလိုနေရာမှာ ဘယ်နေရာကများ ဒီလိုအရာတွေကို ရနိုင်မှာလဲ။ ကြည့်ရတာ ငါတို့အန်းနန်အစိုးရစစ်တပ်ကို ကာကွယ်ချင်ရင် အဲ့ဒီကောင်စုတ်ကို အရင်သတ်မှပဲ ဖြစ်တော့မယ်”
လုံချင်ပါ့က မုန်းတီးမှုအပြည့်ဖြင့် ပြောလိုက်သည်။
ခံစားချက်က ရင်းနှီးကျွမ်းဝင်လွန်းပြန်သည်။ တဖန် ခြင်္သေ့မြို့ကဲ့သို့ ဝမ်ကလန်၏ ထိုချီလင်းသား၏ ပြောင်မြောက်သော လက်ရာကြောင့် တူညီသည့် အခြေအနေကို ကြုံတွေ့ရသည်။ ဒါက မာန်ရှဲ့ယွီစန်း စစ်တပ်အတွက် ကောင်းသောကိစ္စ မဟုတ်ချေ။
“ဒါကသတင်းကောင်းမဟုတ်ဘူး ဒီထန်တွေက ငါတို့မလာခင် ကြိုတင်ပြင်ဆင်ထားတာပဲ”
မာန်ရှဲ့ကျောင်း၏ဘုရင် ခဲ့လော့ဖုန်းကလည်း အ့ဟိုင်မြင်းနက်ပေါ်တွင် သံချပ်ကာ ဝတ်စုံအပြည့်ဖြင့် ရှိနေသည်။ သူ၏မျက်မှောင်ကကျုံ့ပြီး သူက ထိုခံတပ်ကို လှမ်းကြည့်ကာ ထိတ်လန့်လာသည်။
“ဒါက အဲ့ဒီလူငယ်ရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ လက်ရာမဟုတ်လား”
တိဗက်လူမျိုးများက အန်းနန်အစိုးရစစ်တပ်ကို မိုးသည်းထဲတွင် လိုက်လံဖမ်းဆီးပြီး နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်သွားသော အခြေအနေတွင် ခဲ့လော့ဖုန်းက ရှိမနေခဲ့ချေ။ ထို့ကြောင့်ဒါက သူ၏ပေါ့ဆမှုသာဖြစ်သည်။ မည်သို့ပင်ဆိုစေ ခဲ့လော့ဖုန်းက တိဗက်လူမျိုးများ၏ စကားကို အပြည့်အဝ မယုံကြည်ထားချေ။
သို့သော် ဒီအချိန်တွင်မူ ဒီတောင်၏ အနေအထားကို မြင်လိုက်ရပြီး ခဲ့လော့ဖုန်း၏ သံသယများအားလုံးကို ဆေးကြောလိုက်သလို ဖြစ်သွားသည်။ တိုက်ပွဲက မစသေးသည့်တိုင်အောင် ခဲ့လော့ဖုန်းအနေနှင့် ဒီတောင်ကြီးကတင် ဆူးအပြည့်ရှိနေသော ပြဿနာတစ်ခုဟု ခံစားနေရသည်။ ဝမ်ကလန်က ထိုကောင်လေးက သူထင်ထားသည်ထက် ကိုင်တွယ်ရ ခက်ခဲနေသည်။
“ဟား ဟား ဟား ဒါကပုံမှန်ပဲ မဟုတ်ဘူးလား။ မင်းတို့တွေ ဒီကလေးရဲ့ လုပ်နိုင်စွမ်းရည်ကို သိထားမှတော့ မအံ့သြသင့်ဘူးလေ”
သူက ယပ်တောင်ကို ယမ်းလိုက်ပြီးနောက်တွင် သာ့လွန်ရော့ကျန်းက ပြောလိုက်သည်။ သူကလည်း တောင်ပေါ်ဒေသ မြင်းကိုစီးထားသည်။ အခြားသူများနှင့် မတူသည်မှာ သူက ခပ်အေးအေးသာ ဖြစ်နေသည်။
မနေ့ညက တိဗက်လူမျိုးများကို ဝင်မွှေသွားသော မဟာထန်မှ လူငယ်၏ ခြိမ်းချောက်မှုအကြောင်းကို အတွေ့အကြုံ ရှိထားပြီးသားဖြစ်သည့်အလျောက် သာ့လွန်ရော့ကျန်းက မအံ့သြချေ။
“အမှန်တိုင်းဆိုရရင် ငါပိုပြီးပိုပြီး သိချင်လာတာ။ ဒီကလေး ဒါတွေကို ဘယ်နေရာကများ သင်ထားတာလဲ။ ဆယ်ကျော်သက်တစ်ယောက်မှာ ဒီလိုစွမ်းရည်တွေ ရှိသင့်ရဲ့လား။ မဟုတ်ဘူးလေ ဒီလိုထူးဆန်းတဲ့ ဗျူဟာတွေက မဟာထန်က ဘယ်မိသားစုမှာမှ မရှာတွေ့နိုင်တဲ့ ဗျူဟာမျိုးပဲ”
“မဟာထန်ရဲ့ ကြာရှည်တဲ့ သမိုင်းကြောင်းက လျို့ဝှက်ပြီး အံ့အားသင့်စရာကောင်းတဲ့ ပုဂ္ဂိုလ်တွေကို ဖုံးကွယ်ထားတယ်။ ဒီကောင်လေးဆီမှာ အလားအလာ အရမ်းကောင်းတဲ့ စစ်သိုင်းကျမ်း ဒါမှမဟုတ် ဗျူဟာကျမ်းတွေ ရှိမယ်လို့ ငါပိုပြီးတော့တောင် ယုံကြည်မှုရှိလာတယ်”
ထိုစကားများကို ကြားသောအခါ ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်တို့၏ မျက်နှာက ပျက်ယွင်းသွားသော်လည်း ဘာစကားမှ မဆိုကြချေ။
“ဘာပဲဖြစ်ဖြစ် သူ့မှာအဲ့ဒီဗျူဟာတွေ စာအုပ်တွေ ရှိရှိမရှိရှိ အန်းနန်အစိုးရစစ်တပ်က ဒီနေ့မှာ သမိုင်းက ပျောက်ကွယ်သွားရမယ်ဆိုတဲ့ ကိစ္စက မပြောင်းလဲနိုင်ဘူး။ တောင်ပေါ်မှာရှိတဲ့ အဲ့ဒီအရာတွေကတော့ ငါထင်တာ မှန်မယ်ဆိုရင် ရိုးရှင်းတဲ့ ခံတပ်တွေလောက်ပါပဲ။ မြို့ရိုးတွေက တည်ဆောက်ရ မလွယ်ဘူး။ ခြင်္သေ့မြို့တောင်မှ တစ်နှစ်ကျော် အချိန်ကြာခဲ့တာ မဟုတ်လား။ သူ့အနေနဲ့ အချိန်တိုအတွင်းမှာ မြို့ရိုးကြီးတစ်ခုကိုလည်း မတည်ဆောက်နိုင်ပါဘူး”
သာ့လွန်ရော့ကျန်း၏ မျက်ဝန်းက ပို၍ပင် တောက်ပလာပြီး သူ့ကိုယ်သူပင် အလွန်ဉာဏ်ကောင်းသည်ဟု သဘောကျသွားသည်။
“မဟာအမတ်ပြောတာ မှန်လောက်ပါတယ်”
“ထန်တွေမှာ ဘယ်လိုလှည့်ကွက်တွေပဲရှိရှိ သူတို့ရဲ့စစ်တပ်က ဒီနေ့ အပြည့်အဝ ရှင်းလင်းသုတ်သင် ခံရလိမ့်မယ်။ အနာဂတ်မှာ အနောက်တောင်ပိုင်းမှာ အန်းနန်အစိုးရ စစ်တပ်ဆိုတာ မရှိရဘူး”
ခဲ့လော့ဖုန်းက ပြန်တည်ငြိမ်သွားသည်။ သူက လက်မောင်းကို တစ်ချက်ယမ်းလိုက်ပြီးနောက်တွင် ကောင်းကင်ထိတိုင် ဟိန်းဟောက်သံက ပဲ့တင်ထပ်သွားသည်။ ကျယ်ပြောများပြားသော မာန်ရှဲ့ယွီစန်း စစ်တပ်က စတင်ပြီး အနက်ရောင် မြစ်ရေကြီးသလိုမျိုး တောင်ပေါ်သို့ ဆက်တိုက် ဒုန်းစိုင်းတက်တော့သည်။
ဟီး
လေပြင်းက တစ်ချက်တိုက်ပြီး မြင်းများက ဟီချိန်တွင် မြင်းတပ်ထောင်ပေါင်းများစွာက အနက်ရောင် အရိပ်များလား တောင်ပေါ်သို့ အပြေးနှင်နေကြပြီဖြစ်သည်။ ထိုအခိုက် လေထုအခြေအနေက ပိုပို၍ပင် ပြင်းထန်လာသည်။
“ချီတပ်ကြ”
“ထန်ဘယ်စစ်သားမှ မလွတ်မြောက်စေနဲ့”
“နောက်ဆုတ်ရဲတဲ့ကောင်တိုင်း မေးခွန်းထုတ်စရာမလိုဘဲ အသတ်ခံရသင့်တယ်”
“ကိုယ့်အဆင့်နဲ့ကိုယ်လုပ်ကြ အရာအားလုံးက မင်းတို့ရဲ့ အမိန့်အစီအစဉ်အတိုင်း ဖြစ်ရမယ်။ တစ်ကိုယ်ကောင်းဆန်ရဲတဲ့ လူတိုင်းကို ကွပ်မျက်ပိုင်ခွင့်ရှိတယ်”
“စစ်တပ်က အမိန့်ကို နာခံရမယ်။ ဒီနေ့မှာ ငါတို့က မာန်ရှဲ့ကျောင်းရဲ့ လူတွေပဲ။ ငါတို့က ထန်ကိုအနိုင်ပိုင်းနိုင်ရမယ်”
အမြင့်ဆုံးရာထူးမှ အနိမ့်ဆုံးရာထူးအထိ အရာရှိတိုင်း စစ်သည်တော်တိုင်းက အမိန့်အတိုင်း လျှင်မြန်စွာဖြင့် လှုပ်ရှားကြသည်။ ကြာပွတ်များ လွှဲယမ်းသံများ ကြားလိုက်ရပြီးနောက်တွင် အရာရှိများက စတင်လုပ်ဆောင်ပြီဖြစ်ကြောင်း သိနိုင်သည်။
စစ်သည်သောင်းပေါင်းများစွာက လှည့်ခံလိုက်ရသော စက်တစ်ခုအလား အန်းနန်အစိုးရစစ်တပ်၏ နောက်ဆုံးသော ခံတပ်နယ်မြေထံသို့ အသားကုန် ဝင်ရောက်သွားတော့သည်။
အခန်း(၅၆၀)
“နောက်ဆုံးတော့စပြီ”
အင်အားများပြားသော မာန်ရှဲ့ယွီစန်းစစ်တပ်က မိုးကုတ်စက်ဝိုင်းကို ကျော်လွန်ကာ ရောက်ရှိလာသောအခါ ဝမ်ချောင်၏ စိတ်ထဲတွင်လည်း ခံစားချက်ပေါင်းများစွာ မြင့်တက်လာသည်။ ဒီတိုင်းပြည်နှစ်ခု ပေါင်းစပ်ထားသော စစ်တပ်က အဆုံးအစမဲ့သော ပင်လယ်ပြင်ကြီးနှင့်တူပြီး ခိုင်မာမြင့်မားသော တောင်တန်းထံ လွှမ်းမိုးလာသလို ဖြစ်လာသည်။ ထုတ်လွှတ်နေသော ခြိမ်းချောက်နိုင်စွမ်းအား မြင့်မားသည့် အရှိန်အဝါက စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲသည်။
အနောက်တောင်ဘက်ပိုင်းက တိုက်ပွဲက အင်ပါယာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည့်အတွက် ဒီတိုက်ပွဲအကြောင်း သူက ကြိမ်ဖန်များစွာ စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့သော် ကိုယ်တိုင်မျက်လုံးနှင့် မြင်ရခြင်းနှင့် မယှဉ်နိုင်ချေ။ အလွန်မြင့်သော တောင်ထိပ်ပေါ်တွင် ရပ်နေရုံမျှနှင့် အောက်ကိုကြည့်လိုက်သည့်အခါ အဖက်ဖက်မှ လာနေသော ခြိမ်းချောက်နိုင်စွမ်းအားအပြည့် အရှိန်အဝါကို အပြည့်အဝ ခံစားနိုင်နေလေသည်။
သူက တိဗက်မြင်းတပ် ငါးသောင်းကို သတ်ခဲ့ပြီးဖြစ်သော်လည်း မာန်ရှဲ့ယွီစန်း ပေါင်းစပ်ထားသော စစ်တပ် တစ်သုတ်ထဲကတင် ငါးသိန်းကျော်နေသည်။ ဒါက ယှဉ်၍မရလွန်းသော ပမာဏ ဖြစ်နေသေးသည်။
[သတိပေးချက်.. အနောက်တောင်ပိုင်းရဲ့ တိကျပြတ်သားသော တိုက်ပွဲဆိုတဲ့ အဓိက တိုက်ပွဲကြီးက တရားဝင် စတင်ပြီ။ လက်ရှိအချိန်မှာ အန်းနန်အစိုးရစစ်တပ်က စစ်သည် ၆၄၈၂၄ပိုင်ဆိုင်ထားတယ်။ အန်းနန်အစိုးရစစ်တပ်က တပ်ဖွဲ့တိုင်းရဲ့ ရှင်သန်ကျန်ရစ်တဲ့လူ အရေအတွက်က လေးသောင်းထက်နည်းတယ်။ အသုံးပြုသူအနေနဲ့ ဒီတိုက်ပွဲကိုသာ ကျရှုံးသွားစေခဲ့ရင် အပြီးတိုင် ဖယ်ရှားခံရမှာပါ။ အသုံးပြုသူက သတ်ခဲ့တဲ့ မာန်ရှဲ့ယွီစန်း စစ်တပ်က စစ်သည် တစ်သောင်းကျော်တိုင်းအတွက် အသုံးပြုသူက ကံကြမ္မာစွမ်းအင် အမှတ်ငါးဆယ်ထိ ဆုလဒ်လက်ခံရရှိမှာဖြစ်ပြီး စစ်သည်ငါးရာကျော်ကို ထပ်တက်တိုင်းမှာ ထပ်တိုးလာအုံးမှာပါ]
[ဒီပြတ်သားတဲ့ တိုက်ပွဲအတွင်းမှာ အသုံးပြုသူက ရန်သူစစ်သား တစ်သိန်းကို သတ်ဖြတ်နိုင်တိုင်းမှာ အသုံးပြုသူရဲ့ ချီစက်ကွင်းက ယာယီအားဖြင့် တစ်ဆင့်ထိထိ တိုးမြှင့်နိုင်တဲ့ ဆုလဒ်ကို လက်ခံရရှိမှာပါ။ ဒီဆုလဒ်က ဒီတိုက်ပွဲအတွင်းမှာပဲ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ တာဝန်က ပြီးဆုံးသွားတာနဲ့ သက်ရောက်မှုတွေ အားလုံးကလည်း ဖယ်ရှားပစ်ခံရမှာပါ]
ဝမ်ချောင်က သုံးသပ်နေချိန်တွင် သူ၏နားထဲတွင်လည်း ရင်းနှီးကျွမ်းဝင်သော အသံက ထွက်လာသည်။ ဝမ်ချောင်က ထိုအသံကြောင့် မှင်သက်သွားရပြီးနောက် အံ့သြသွားရပြန်သည်။
အကန့်အသတ်ကိုတောင် တိုးမြှင့်နိုင်တဲ့ ဆုလဒ်တဲ့လား။
ထိုသတင်းက ဝမ်ချောင်ကို အံ့သြစေသည်။ အနောက်တောင်ဘက်ပိုင်းမှ တိကျပြတ်သားသော တိုက်ပွဲက သူ့အပေါ် မှီခိုနေပြီး ဝမ်ချောင်ကိုယ်တိုင်ကလည်း သူ၏လက်အောက်တွင် အန်းနန်အစိုးရစစ်တပ်မှ စစ်သည် ခြောက်သောင်းသာလျှင် ပိုင်ဆိုင်ထားသည်။ ကျန်သောလူတိုင်းက သူခေါ်လာခဲ့သော လူများနှင့် သူ၏ဖခင် ဝမ်ရန်၏ စစ်သည်တော်များ ဖြစ်နေသည်။ ဒီလိုတိကျပြတ်သားသော စစ်ပွဲတွင် စစ်သည်ခြောက်သောင်းက လေးသောင်းအထိ လျော့ကျသွားနိုင်ရန် လွယ်ကူသည်။ သို့သော် အကန့်အသတ်ကို တိုးမြှင့်ပေးနိုင်သည်ဆိုသော ထိုဆုလဒ်က ရလဒ်ကို ပြောင်းလဲပေးနိုင်သည်။ အယောက်တစ်သောင်းကို သတ်ပြီးတိုင်းမှာ အကန့်အသတ်က ငါးရာအထိ မြင့်သွားမည်သာ ဖြစ်သော်လည်း အချို့သော အခြေအနေမျိုးတွင် ဒါကဝမ်ချောင်အတွက် သတင်းကောင်းကဲ့သို့ ဖြစ်သွားသည်။
ငါးရာက နည်းပါးကောင်း နည်းပါးနိုင်သော်လည်း ပမာဏများပြားသွားသည့်အခါ မယုံနိုင်စရာ ကောင်းသွားပေလိမ့်မည်။
ငါကသာ အယောက်နှစ်သောင်းကို သတ်နိုင်ရင် တစ်ထောင် ငါးသောင်းဆိုရင် နှစ်ထောင့်ငါးရာပဲ။ တကယ်လို့ တစ်သိန်းသာ သတ်နိုင်မယ်ဆိုရင် နောက်ထပ် ငါးထောင်တောင် ထပ်တိုးသွားမှာပေါ့။
ဝမ်ချောင်၏စိတ်က စိတ်လှုပ်ရှားမှုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ငါးထောင်က ဒီလိုတိုက်ပွဲမျိုးတွင် သမုဒ္ဒရာထဲသို့ ကျသွားသော ရေတစ်စက်ကဲ့သို့ ဖြစ်နိုင်သော်လည်း ဝမ်ချောင်၏ အခြေအနေတွင်မူ ဘုန်းကနဲ ပေါက်ကွဲသွားသကဲ့သို့ဖြစ်သည်။ အဖြစ်ဆိုးသည်မှာ ကံကြမ္မာကျောက်တုံး ကိုယ်တိုင်ကလည်း သူက တိုက်ပွဲအတွင်းတွင် တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း ပြောထားသည်။ ဒါကအံ့အားသင့်စရာ ရိတ်သိမ်းမှုဖြစ်သည်။ ယာယီအားဖြင့် တိုးမြှင့်ခြင်း ဖြစ်သည့်တိုင်အောင် လုံလောက်သည်။
ဝမ်ချောင်ကလည်း လွန်ခဲ့သော အချိန်များစွာကတည်းက ကံကြမ္မာကျောက်တုံးက အသုံးပြုသူကို အမြဲတစေ ဖိနှိပ်မည်မဟုတ်ကြောင်း သေစေမည့် အခြေအနေများသာ ဖန်တီးပေးမည်မဟုတ်ကြောင်း သိခဲ့သည်။ ဒါက ကံကြမ္မာကျောက်တုံးအတွက် အကျိုးအမြတ် မရှိနိုင်ချေ။ ပို၍ဆိုးသည်မှာ ဒါက ကံကြမ္မာကျောက်တုံး၏ ပုံမှန်အပြုအမူလည်း မဟုတ်သေးချေ။ မည်သို့ပင်ဆိုစေ သူကဉာဏ်နိမ့်သော ပစ္စည်းတစ်ခု မဟုတ်ချေ။ ယခုမူသူ၏ သုံးသပ်ချက်က မှန်ကန်ကြောင်း သက်သေပြလာသည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ။
ဝမ်ချောင်က လေးလေးနက်နက် အသက်ပြင်းပြင်းရှုပြီးနောက်တွင် သူ၏အမူအရာကို လျှင်မြန်စွာ ပြန်ထိန်းလိုက်သည်။ ကံကြမ္မာကျောက်တုံးက မည်သို့သော အခွင့်အလမ်းမျိုး ပေးနေစေကာမူ ဒါက အခွင့်အရေးသာ ဖြစ်သည်။ သူ၏အကန့်အသတ်ကို တိုးမြှင့်နိုင်ပြီး သူ၏ ချီစက်ကွင်းကို တိုးမြှင့်ရန် သူအရင်ဆုံး ကြိုးစားရန် လိုအပ်နေသေးသည်။ ဒီတိုက်ပွဲ၏ အရေးကြီးဆုံး အချက်က ကံကြမ္မာကျောက်တုံး မဟုတ်ဘဲ သူကိုယ်တိုင်ဖြစ်သည်။
“အားလုံးပဲ အသင့်နေရာယူကြ။ ရန်သူကို တွေ့ဆုံဖို့ ပြင်ဆင်ကြတော့”
“ဓားဆရာသခင်တွေက လွှဲယမ်းဖို့ အသင့်ပြင်ဆင်ကြပါ”
“သင်္ကေတထွင်းထုခြင်း ဆရာသခင်တွေကလည်း သူတို့နဲ့ပူးပေါင်းပြီး လုပ်ဆောင်ပါ”
“လူကြီးမင်းကျန်း အလုပ်ကြမ်းသမားတွေ အခြားလက်မှုပညာသည်တွေ အားလုံးက ပုံစံခွက်နောက်ကိုလိုက်ပြီး နံရံမှာ စတင်ပုံစံချကြပါတော့”
ဝမ်ချောင်က ရုပ်ထုတစ်ခုလို တောင်ထိပ်ပေါ်တွင် ရပ်လျှက် လက်မောင်းကို အောက်သို့ယမ်းချလိုက်ကာ အမိန့်ဆက်တိုက် ထုတ်လိုက်သည်။
ဝုန်း
မီးခိုးများက တောင်ထိပ်မှ စတင်ပြီး မြောက်များလှသော မီးဖိုများမှ မီးခိုးများ ဆက်တိုက် မှုတ်ထုတ်လိုက်သလိုမျိုး တောင်တန်းတစ်ခုလုံးကို ပြင်းထန်စွာ လွှမ်းခြုံလာသည်။
သိပ်သည်းသော မီးခိုးများက နေကိုပင်ကာသွားပြီး အပူမီးကလည်း တစ်လိမ့်ပြီးတစ်လိမ့် တက်လာသည်မှာ ကောင်းကင်ထဲသို့ မီးမကောင်းဆိုးဝါးအချို့က နှာမှုတ်ထုတ်နေသည်နှင့်တူသည်။
ဝမ်ချောင်၏ အမိန့်နှင့်အတူ ထန်စစ်သည် တစ်သိန်းဝန်းကျင် အပါအဝင် ကျန်းရှို့ကျစ် လက်အောက်မှ လက်မှုပညာသည်များ ပန်းပဲဆရာများ သင်္ကေတထွင်းထုခြင်း ဆရာသခင်များ ရွှီချီချင်းက ပို့လွှတ်လိုက်သော ပညာရှင်များ အားလုံးက အတူပူးပေါင်းကာ သန့်စင်ကောင်းမွန်သော စက်တစ်ခုကို လည်ပတ်သလိုမျိုး စတင်ပြုမူတော့သည်။ တစ်တောင်လုံးက ပျားများလှုပ်ရှားသလိုမျိုး စည်ကားသိုက်မြိုက်သွားသည်။
“ဟူး”
“ဟ”
အော်ဟစ်သံ တစ်ကြိမ်ပြီးတစ်ကြိမ် ထွက်လာပြီးနောက်တွင် တောင်ဘေးဘက်ခြမ်းတွင်ရှိသော ကြီးမားသည့် သတ္တုတုံးကြီးများ တစ်ခုပြီးတစ်ခုက စတင်ကာ အသက်ဝင်လာသလို ဖြစ်လာသည်။ တစ်ခုချင်းစီတိုင်းက လူတစ်ယောက်စီထက်မြင့်သည်။ အားလုံးက အပေါက်တွေထဲတွင် ဝက်အူလုံးကြီးမား ပြည့်နေခြင်း၊ တံခါးတုံးကြီးများ၊ သတ္တုဘားတံများ စသဖြင့် ပြည့်နှက်နေသည်။ မဟာထန်၏ သမိုင်းတွင် ထိုကဲ့သို့သော ထူးဆန်းသော ပစ္စည်းမျိုး မပေါ်လာခဲ့ဖူးသေးချေ။ ကျန်းရှို့ကျစ်ကဲ့သို့ နန်းတွင်းတွင် အလုပ်လုပ်သော ဗိသုကာ ဆရာသခင်ကိုယ်တိုင်ပင် မမြင်ခဲ့ဖူးသေးချေ။ ထိုသတ္ထုတုံးကြီးများ၏ အပေါက်ထဲသို့ သေးငယ်သော ဝက်အူလှည့်များ တံခါးတွင်ထည့်သော မင်းတုံးကဲ့သို့သော အရာများကို ထည့်ရသည်။ ထိုဝက်အူများ၊ ထိုမင်းတုံးကြီးများက အပေါ်တွင် ရှိနှင့်ပြီးသား သင်္ကေတများကို ပို၍အကြမ်းခံသွားစေပြီး ပူပြင်းသော မီးတောက်ကို တဖန်အသုံးပြုကာ အစိတ်အပိုင်းတိုင်းကို ပေါင်းစပ်လျှက် ဂဟေဆက်တော့သည်။
တစ်တုံး...
နှစ်တုံး...
သုံးတုံး...
လေးလံသော သတ္တုနံရံကြီးများကိုလည်း ထိုသို့ဂဟေဆက်နေသော အစိတ်အပိုင်းများအတွက် သီးသန့်ပြင်ဆင်ထားရသည်။ ထိုသို့ဖြင့် အလွန်အမင်း ကြီးမားခိုင်ခံ့သော မြို့ရိုးကြီးဖြစ်လာသည်။
တချွင်ချွင် မြည်သံများနှင့်အတူ သတ္တုချင်း ထိခတ်သံများက လေထဲတွင် မီးပွားလက်သည်အထိ ထွက်ပေါ်နေသည်။
ထိုသို့ဖြင့် နံရံကြီးများက တစ်ထပ်ပြီးတစ်ထပ် ဖြစ်လာခဲ့ပြီး တောင်တန်း၏ ဘက်ထောင့်တိုင်းတွင် မှော်ဆန်စွာဖြင့် တွဲဆက်နေသော သံမဏိမြို့တော်ကြီးတစ်ခု ဖြစ်လာတော့သည်။ ထိုသို့ဖြင့် တစ်ထစ်ပြီးတစ်ထစ် မြေကြီးမှ အပေါ်သို့ မြင့်တက်လာသည်။ မာန်ရှဲ့ယွီစန်း စစ်သည်တို့၏ အမြင်တွင် ဒါက ခိုင်ခံ့လွန်းသော မြို့ရိုးကို တိုးချဲ့နေခြင်းဟုသာ ထင်ကြလောက်သည်။
ဆွစ်
တောင်ထိပ်ပေါ်တွင်ရပ်နေသော ဝမ်ချောင်က တစ်ကျန်းထက်မြင့်ပြီး လေးပေထက်ကျယ်သော ပုံစံခွက်ဖြူ တစ်ခုကို လိပ်ထားရာမှ ဖြေလိုက်သည်။ ထိုပုံစံခွက်ဖြူပေါ်တွင် ရှိနေသော တောင်တန်းပုံသဏ္ဍန် အရာလေးတွင် သေးငယ်လွန်းသော မရေမတွက်နိုင်သည့် သင်္ကေတများစွာ အပြည့်ဖုံးလွှမ်းနေပြီး ဝမ်ချောင်ကသာ နားလည်သည်။ ဝမ်ချောင်က ထိုပုံစံခွက်ကို ရွှီချီချင်းကို လွန်ခဲ့သော လအနည်းငယ်ခန့်က ပေးခဲ့ခြင်းလည်းဖြစ်သည်။
အသေးစိတ် စုံစမ်းစစ်ဆေးပြီးနောက်တွင် ဝမ်ချောင်က ရွှီချီချင်းအတွက် ထိုပုံစံခွက်ပေါ်တွင် ရေးဆွဲခဲ့သောတောင်က သူတို့၏လက်ရှိစစ်တပ် ရှိနေရာတောင်နှင့် တစ်ထေရာထဲတူသည်။ ထို့ကြောင့် ဝမ်ချောင်က အနောက်တောင်ပိုင်း စစ်ပွဲမစခင်ကတည်းက ထိုတောင်ကို ထိုပုံစံခွက်ပေါ်တွင် ရေးထားခဲ့ကြောင်းကို သိသွားကြလျှင် ပို၍ပင် မှင်သက်အံ့သြရလောက်သည်။
ကိစ္စများက ဒီအခြေအနေထိ မဖြစ်ခင်ကတည်းက ဝမ်ချောင်က ကြိုတင်တွက်ဆထားပြီးသားဖြစ်ပြီး စစ်ပွဲကိုလည်း ခန့်မှန်းနိုင်ခဲ့ကာ ဒီတောင်ကသာ နောက်ဆုံးတိုက်ပွဲ ဖြစ်ရာနေရာမှန်း သူသိခဲ့သည်။
“ချောင်အာ အခြေအနေ ဘယ်လိုလဲ”
ဝမ်ချောင်၏ နားအတွင်း အသံတိုးတိုး ထွက်လာသည်။ တောင်ထိပ်ပေါ်တွင်လည်း ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က ဝမ်ချောင်၏နောက်တွင် ရပ်နေပြီးသားဖြစ်ပြီး သူတို့၏ မျက်နှာအမူအရာများက တည်တင်းနေကြသည်။ တိုက်ပွဲက စတင်တော့မည်ဖြစ်သည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့က အင်အားစုကို ပူးပေါင်းသွားလေသည်။
သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ ခဲ့လော့ဖုန်း၊ သွမ့်ခဲ့ချွမ်တို့ အားလုံးက သူတို့လှုပ်ရှားသည်နှင့် တစ်လောကလုံးကို လှုပ်ကိုင်နိုင်စွမ်း ရှိသူများဖြစ်ကြသည်။ ထိုလူများဟာ သူ၏တက်လမ်းတွင် ကျန်းချုံကျန့်ချုံးကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်သူများ ဖြစ်ကြပြီး အနောက်တောင်ပိုင်းတွင် သူ၏သေမျိုး သေဘက် ရန်သူများဖြစ်နေသည်။ ယခုမူ ဒီနေရာသို့ စစ်သည်ငါးသိန်းကျော်ကို ဦးဆောင်လျှက် အမြစ်ဖြတ်သုတ်သင် ရောက်လာနေကြပြီဖြစ်သည်။
တောင်ထိပ်ပေါ်တွင် ရှိနေသော စစ်သည်တစ်သိန်းကျော်၏ အသက်များ၊ အနောက်တောင်ပိုင်းတွင်ရှိသော ပြည်သူတစ်သန်းကျော်၏ အသက်တိုင်းက ဒီတိုက်ပွဲပေါ် မူတည်နေသည်။ ဒါကသူတို့၏ ကံကြမ္မာကို ဆုံးဖြတ်မည့် တိုက်ပွဲဖြစ်သည်။
တော်ဝင်ခုံရုံးက နောက်ထပ် တပ်ဖွဲ့များ မစေလွှတ်နိုင်တော့သည့်အပြင် အန်းနန်အစိုးရစစ်တပ်ကလည်း နောက်ဆုတ်၍ မရနိုင်တော့ချေ။ ဒီတိုက်ပွဲက သူတို့၏နောက်ဆုံး ကျောချရာနေရာပင် ဖြစ်သွားနိုင်သေးသည်။
လောကကိုပင် တုန်လှုပ်စေလောက်သော ထိုရန်သူများနှင့် ရင်ဆိုင်ရချိန်တွင် ဝမ်ရန်ပင်ဖြစ်စေ၊ ရှန်ယွီကျုံ့ထုံးပင်ဖြစ်စေ အလွန်ကြီးလေးသော ဖိအားကို ခံစားရသည်။ သူတို့ထဲက မည်သူကမှ မျက်နှာတွင် ခံစားချက်များကို မဖော်ပြကြသလို စကားဖြင့်လည်း မထုတ်ဖော်ကြချေ။ အနောက်တောင်ပိုင်းနှင့် စစ်သည် သိန်းကျော်၏ အသက်တိုင်းက ထိုကလေးပေါ် မူတည်နေသည်။
ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က ဝမ်ချောင်ကိုသာ ကြည့်ကြသည်။ သူတို့၏ မျက်ဝန်းအတွင်း မျှော်လင့်ချက်များ တောက်လောင်နေသည်။ တိတိကျကျ ပြောရလျှင် အနောက်တောင်ပိုင်းက စစ်ပွဲက ရှုံးမည်မှာ သေချာသည်။ အနည်းဆုံး အစောပိုင်းကတည်းက ရှုံးနှင့်ပြီးသားဖြစ်သည်။
သို့သော် ယခုလို အလှည့်အပြောင်း ဖြစ်လာခြင်းကလည်း ဝမ်ချောင်ပေါ်လာမှသာ ဖြစ်လာခြင်းဖြစ်သည်။ အနောက်တောင်ပိုင်းတွင် ဒီအခြေအနေကို ပြောင်းပြန်လှန်ပြီး အန္တရာယ်အားလုံးကို ဖြေရှင်းနိုင်သော လူတစ်ယောက်သာ ရှိမည်ဆိုလျှင် ထိုလူဟာ ဝမ်ချောင်သာဖြစ်လိမ့်မည်။
မနေ့ညက အောင်မြင်စွာ ထွက်လာခဲ့ပြီးကတည်းက ဒီနှစ်ယောက်လုံးကလည်း သူတို့၏အာဏာကို ဝမ်ချောင်ကိုသာ အပြည့်အဝ ပုံအပ်ထားသည်။ ဝမ်ချောင်၏ အမိန့်အောက်တွင်သာ သူတို့က နေရာတွင် ရပ်လျှက် နာခံကြတော့မည်ဖြစ်သည်။ နှစ်ယောက်လုံးက စကားတစ်ခွန်းမှ မဆိုသလို ဆွေးနွေးရန်လည်း မတောင်းဆိုချေ။
လက်ရှိအချိန်တွင် နှစ်ယောက်လုံးက ဘာကိုမှလည်း မဆုံးဖြတ်နိုင်တော့ချေ။ မနေ့ညက တိုက်ပွဲတွင် ဝမ်ချောင်က သူ့ကိုယ်သူ သက်သေပြပြီးသားဖြစ်ပြီး ပို၍ဆိုးသည်မှာ နှစ်ယောက်လုံးကလည်း ဝမ်ချောင်၏ လက်ထဲမှပုံစံခွက်ကို နားမလည်ကြခြင်းဖြစ်သည်။ သို့သော် သူတို့နားလည်သည်မှာ တစ်ချက်သာလျှင်ရှိသည်။ ဝမ်ချောင်က စစ်တပ်ကို ဒီနေရာသို့ ခေါ်လာကတည်းက သူကကြိုတင်ပြင်ဆင်ထားခဲ့၍ဖြစ်သည်။ ယခုရှိနေသော မီးပြင်းဖိုများ ဂဟေဆက်နေသော ကိစ္စများ၊ လက်နက်များ သွန်းလုပ်နေသော အရာများ၊ မြို့ရိုးများ ပြင်ဆင်နေခြင်း အရာအားလုံးက သက်သေပြပြီးသားဖြစ်သည်။ ပို၍ဆိုးသည်မှာ တောင်ထိပ်မှ တူးထုတ်ထားခဲ့သော ဂူများလည်းဖြစ်သည်။ ထိုထဲတွင်လည်း ရိက္ခာအပြည့်အဝ ရှိနေသည်။ အားလုံးကို ဆီစက္ကူဖြင့် ပတ်ထားသည်။
သူတို့၏ အောက်တွင်ရှိသော သံမဏိမြို့ရိုးကဲ့သို့ နံရံများအတွက်မူကား ...
ဒါက စစ်တပ်အတွက် အကောင်းဆုံး အကာအကွယ်ဖြစ်သည်။
“ပြီးလောက်ပြီ ရှစ်ဆယ်ရာခိုင်နှုန်းအထိတော့ ပြီးနေပြီ။ ကျွန်တော်ရဲ့ တွက်ချက်ထားတဲ့ အတိုင်းဆိုရင် ဟော်ရှု့ဟွေ့ခမ်းက သူ့ရဲ့လက်ရွေးစင် မြင်းတပ်ကို လွှတ်မယ်ဆိုရင်တောင်မှ နောက်ကျသွားပြီ။ ကျွန်တော်အနေနဲ့ မနေ့ညကတည်းက ဒီပတ်ဝန်းကျင်မှာ လှည့်ပတ်ပြီး ကြည့်ထားခဲ့လို့ အချိန်ကို တွက်ဆနိုင်တယ်။ ဒါပေမဲ့ သူတို့မနေ့ညက ရရှိခဲ့တဲ့ အရှုံးနဲ့ဆိုရင် တိဗက်လူမျိုးတွေက မာန်ရှဲ့ကျောင်း စစ်တပ်ဆီကနေ တဖန်မဖောက်ထွက်နိုင်လောက်ဘူး။ ဒီတော့ ကျွန်တော်တို့က သူ့ကို အခွင့်အရေး ပေးမယ်ဆိုရင်တောင်မှပဲ သူတို့က မလာရဲပါဘူး”
ဝမ်ချောင်က ယုံကြည်မှုအပြည့်ဖြင့် ကျုံးဝါးလိုက်သည်။
ဝမ်ချောင်က ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးကဲ့သို့ လက်ရွေးစင် ဗိုလ်ချုပ်နှစ်ယောက်၏ရှေ့တွင် ထိုသို့ ယုံကြည်မှုအပြည့်ဖြင့် ပြောနိုင်နေချိန်တွင် တပ်ဖွဲ့ထဲတွင်လည်း မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းကို ရန်သူလိုပင် မသတ်မှတ်နိုင်သလို ပြုမူပြနေခြင်းဖြစ်သည်။
ယုံကြည်မှုက အင်အားကလာသည်။ ဝမ်ချောင်က မနေ့ကသာ ထိုသို့ပြောရဲလျှင် ဒါကဟာသဖြစ်လောက်သည်။ ယခုမူ ဝမ်ရန်ကိုယ်တိုင်ကပင် ဝမ်ချောင်က ထိုသို့ပြောရန် လုံလောက်သည့် အင်အားရှိသည်ဟု လက်ခံသည်။
“အရှိန်နှုန်းကို ကြည့်ရအုံးမယ်။ သတိလက်လွတ်မနေနဲ့ ဟော်ရှု့ဟွေ့ခမ်းက နောက်ဆုံးတစ်ကြိမ်က မင်းရှိမှန်း မသိခဲ့ဘူး။ ဒါပေမဲ့အခု သေချာပေါက် သူတို့ပြင်ဆင်ထားလိမ့်မယ်”
ဝမ်ရန်က သတိပေးသည်။
ထပ်ပြောရရင် တိဗက်တွေမှာ သာ့လွန်ရော့ကျန်းရှိတယ်။ ဒီလူက ပင်လယ်ပြင်လို နက်ရှိုင်းတဲ့ ဗဟုသုတအပြည့်ကို သိုလှောင်ထားတဲ့လူမျိုးပဲ။ အပေါ်ယံမှတော့ ခဲ့လော့ဖုန်းကပဲ ယွီစန်းတွေကို မဟာမိတ်ဖွဲ့ဖို့ သံတမန် စေလွှတ်ဖို့ ဆွဲဆောင်တယ်လို့ ထင်ရလောက်ပေမဲ့ တကယ်တော့ သာ့လွန်ရော့ကျန်းကသာ အားလုံးရဲ့ နောက်ကွယ်ကလူပဲ”
“အာ”
ဝမ်ချောင်ကလှည့်ပြီး သူ၏ဖခင်ဖြစ်သူကိုကြည့်ကာ အံ့သြသွားသလို ဖြစ်သွားသည်။ သူကလည်း သာ့လွန်ရော့ကျန်း၏ စိတ်ကိုသိသည်။ တိတိကျကျ ပြောရလျှင် သူတို့နှစ်ယောက်က အတူပူးပေါင်းကာ အလုပ်လုပ်ခဲ့ဖူးသည်။
ခဲ့လော့ဖုန်း၏ အပေါ်ယံတွင် မြင်ရသော ရည်မှန်းချက်ကြီးမှု အနေအထားအပြင် သာ့လွန်ရော့ကျန်းကမူ အရိပ်ထဲတွင် ပြောင်မြောက်စွာ အကွက်ချနိုင်ခြင်းဖြစ်သည်။ သို့သော် သူအံ့သြခြင်းက သူ၏ဖခင်က သတိထားမိ၍ဖြစ်သည်။
ဒီအတိုင်းဆိုရင် ငါငါ့ရဲ့အဖေကို အထင်သေးမိသွားတာပဲ။ သူက ဂွကျတယ်လို့ ထင်ရပေမဲ့ ဗဟုသုတ နည်းတဲ့လူတော့မဟုတ်ဘူးပဲ။ မဟုတ်ရင် ဒီအဆင့်ထိ ရောက်ပါ့မလား။
ထိုအတွေးနှင့်အတူ ဝမ်ချောင်က လျှင်မြန်စွာဖြင့် အမူအရာ ပြန်ထိန်းလိုက်သည်။ သူက အံ့သြသွားရသော်လည်း လျှင်မြန်စွာဖြင့်ပင် သူ၏ဖခင်ကို ထင်သလောက် အထင်မသေးသင့်တော့ကြောင်း သတိထားလိုက်မိသည်။ ယခုမှသာ သူ၏ဖခင်နှင့် ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့ပြီး ဝမ်ချောင်အနေဖြင့် အနည်းငယ်ပို၍ နားလည်လာသည်။
“အဖေ စိတ်အေးအေးထားပါ။ ကျွန်တော် အဖေ့ကို စိတ်မပျက်စေရဘူး”
ဝမ်ချောင်က နောက်လှည့်ပြီး ပြုံးပြလိုက်သည်။ သူ၏မျက်လုံးက တည်ငြိမ်လွန်းသည်။ ဝမ်ချောင်အနေနှင့် သူ၏ဖခင်နှင့်အတူ ဘေးချင်းယှဉ်လျှက် တိုက်ခိုက်လိုခဲ့သည်။ ထိုဆန္ဒက အလွန်ပြင်းထန်ခဲ့သော်လည်း ယခင်ဘဝက မဖြစ်နိုင်ခဲ့ချေ။
ဒါပေမဲ့အခု နောက်ဆုံးတော့ ဖြစ်နိုင်သွားပြီ။
ပြင်းထန်သောလေက သူ၏ဆံပင်ကိုပင် ဖြတ်တိုက်သွားသည်။ ဝမ်ချောင်က သူ၏ဖခင်၏အနားတွင် မားမတ်သော ပုံရိပ်တစ်ခုအဖြစ် ရပ်လျှက် သူ၏နှလုံးသားက ပျော်ရွှင်တက်ကြွမှုကြောင့် တလက်လက်ပင် တောက်ပနေမတက် ဖြစ်သွားသည်။ ထိုတခဏတွင် သူ၏မကြောက်သလို ထိတ်လန့်မှုလည်း မရှိသလို စိုးရိမ်ခြင်းလည်းမရှိချေ။ အဆုံးအစမဲ့အောင် တည်ငြိမ်နေသည်။ သူ၏စိတ်က နက်ရှိုင်းသော ပင်လယ်ပြင်အလား ထင်ရသည်။
သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း လာပါ။ မင်းတို့တွေ ဘယ်လိုလှည့်ကွက်သုံးမလဲ ကြည့်ရအောင်။ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းကို သူကကြိုဆိုလိုက်သည့် တခဏတွင် ဝမ်ချောင်၏ မျက်ဝန်းက တောက်ပသွားပြီး ချက်ချင်းလိုလို ပြင်းထန်သန်မာသည့် သတ်ဖြတ်လိုစိတ်က တောက်လောင်လာသည်။