← Chapters

အခန်း (၅၆၆-၅၇၀)

Vol. 28 Ch. 566-570

အခန်း (၅၆၆-၅၇၀)

Vol. 28 Ch. 566-570

အခန်း(၅၆၆)

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် သူတို့ကို သတိလက်လွတ် မနေကြဖို့ ပြောလိုက်ပါ။ ဒါကစမ်းသပ်မှု တစ်ခုပဲ ရှိသေးတယ်။ တကယ့်တိုက်ပွဲက စဖို့အများကြီး လိုသေးတယ်”

ဝမ်ချောင်က ပြောသည်။

ပထမဦးဆုံး ထိပ်တိုက်တွေ့ဆုံသည့် အချိန်က အလွန်အမင်း အရေးကြီးပြီး စစ်တပ်တစ်ခုလုံး၏ နောက်ပိုင်း ဆက်တိုက် တိုက်ခိုက်ရမည့် စိတ်ဓာတ်အင်အားအပေါ် သက်ရောက်မှု ရှိခြင်းနှင့် ဆက်စပ်နေသည်။ သူ၏ အင်အားစုက အရေအတွက်အားဖြင့် လစ်လပ်နေပြီးသား ဖြစ်လေရာ သူတို့၏ တိုက်ခိုက်လိုစိတ်ကသာ အားနည်းသွားလျှင် ဒီတိုက်ပွဲက သေချာပေါက် ရှုံးသွားပေလိမ့်မည်။

သို့သော် မာန်ရှဲ့ယွီစန်း စစ်တပ်၏ စစ်သည်ငါးသိန်းထဲမှ ရှစ်ထောင့်ခုနှစ်ရာခန့်ကို သတ်လိုက်နိုင်ခြင်းက သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်နေလေရာ ထိုအင်အားကြီးမားသော စစ်တပ်အတွက် မလုံလောက်သေးချေ။

“ဒါ့အပြင် သူတို့ သတိလက်လွတ် နေလို့မရဘူး။ မာန်ရှဲ့ယွီစန်းစစ်တပ်က တော်ဝင်မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းနဲ့ သွမ့်ခဲ့ချွမ်တို့က အမိန့်ပေးနေတာ။ သူတို့ထဲက ဘယ်သူကမှ မလှုပ်ရသေးဘူး”

ချန်းရှုစွန်းက ဦးညွှတ်ပြီးနောက် တည်ကြည်လေးနက်စွာ ပြန်ဖြေသည်။

“ဟုတ်ကဲ့ သခင်လေး သခင်လေးရဲ့ လက်အောက်ငယ်သားက နားလည်ပါတယ်။ ကျွန်တော် အခုပဲ သခင်လေးရဲ့ အမိန့်ကို ထုတ်ပြန်လိုက်ပါ့မယ်”

မာန်ရှဲ့ယွီစန်း စစ်တပ်မှ စစ်သည်ငါးသိန်းနှင့် မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းနှင့် သွမ့်ခဲ့ချွမ်တို့ နှစ်ယောက်လုံးက တည်ငြိမ်စွာဖြင့် ရပ်နေကြသည်။ လက်ရှိအချိန်က ပျော်ရွှင်ရန် စောလွန်းနေသေးသည်။

ဝမ်ချောင်က မာန်ရှဲ့ယွီစန်းစစ်တပ် ရှိရာဘက်သို့ ကြည့်လိုက်သည့်အချိန်တွင်ပင် ရုတ်တရက်ဆိုသလို အမိန့်ထုတ်လိုက်သည်။

“အချိန်ကျပြီ အခုချက်ချင်း ငါ့ရဲ့အမိန့်ကိုထုတ်ပြီး ဒုတိယမြောက် အကြံအစည်တိုင်း ကွပ်မျက်ဖို့ ပြင်ဆင်ကြတော့။ ခဲ့လော့ဖုန်းနဲ့ သာ့လွန်ရော့ကျန်းတို့က သိပ်မကြာခင် လှုပ်ရှားကြလိမ့်မယ်”

လေပြင်းက တိုက်ခတ်လာပြီး တိုက်ပွဲနယ်မြေမှ လေက ယခင်ထက်ပို၍ ပြင်းထန်လာသည်။ မျှော်လင့်ထားသည်ထက် ပို၍ပြင်းထန်စွာ တိုက်ခိုက်လာသည်။

ခဲ့လော့ဖုန်းနှင့် သာ့လွန်ရော့ကျန်းတို့က ဝမ်ချောင်က မျှော်လင့်ထားသည်ထက် ပို၍စောစွာ လှုပ်ရှားကြသည်။ ဝမ်ချောင်က သံသယဝင်သည့် အချိန်တွင်ပင် ရှစ်ထောင်ကျော်သည်ဆိုသော ထိုဆုံးရှုံးမှုက မာန်ရှဲ့ယွီစန်း စစ်တပ်အတွက် သေစေနိုင်လောက်သော ဒဏ်ရာမဟုတ်ကြောင်း ပြသလိုက်သည်။

“အသင့်ပြင်ကြ”

ခဲ့လော့ဖုန်းကပြောသည်။ သူ၏မျက်နှာထားက အေးစက်ကာ မာကြောနေသည်။

“သွမ့်ဝူကျုံးကို ကျောက်တုံးဖြူ တပ်ရင်းတစ်ခုလုံးကို လွှတ်လိုက်ဖို့ ပြောလိုက်။ အန်းနန်အစိုးရ စစ်တပ်ရဲ့ လွှတ်ထားတဲ့ ပမာဏက တစ်သိန်းတောင် မရောက်ဘူး။ ငါ့ရဲ့ ကျောက်တုံးဖြူတပ်ရင်း တစ်သိန်းက အန်းနန်အစိုးရစစ်တပ်ကို ဟာကွက်ပေါ်အောင် မလုပ်နိုင်ဘူးလို့ မယုံဘူး”

“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက အရှင့်ရဲ့အမိန့်ကို နာခံပါတယ်”

“နေအုံး သွမ့်ဝူကျုံးကို ဒီတစ်ကြိမ်မှာ စစ်တပ်ကို သူကိုယ်တိုင် ဦးဆောင်ဖို့ ပြောလိုက်ပါ”

ခဲ့လော့ဖုန်းက အေးစက်စွာ အမိန့်ထုတ်သည်။ အန်းနန်အစိုးရ စစ်တပ်က သူတို့၏အင်အား ခုနှစ်ဆယ် ရာခိုင်နှုန်းကိုသာ မသုံးသေးဘဲ တောင်ခြေတွင် တပ်ဖွဲ့အနည်းငယ်ကိုသာ လွှတ်ထားသည်။ ဒီလိုအခြေအနေမျိုးတွင် သွမ့်ဝူကျုံးက အပြင်းအထန် ရှုံးသွားခြင်းက ခဲ့လော့ဖုန်းကို အလွန်စိတ်ပျက်စေသည်။

“ထန်စစ်တပ်ကသာ နောက်ဆုတ်မယ်ဆိုရင် သွမ့်ဝူကျုံးကို နောက်ထပ် ဆက်လိုက်ဖို့ မလိုကြောင်း ပြောလိုက်ပါ။ ထန်စစ်တပ်က လွတ်မြောက်သွားတာကို သူ့အနေနဲ့ အတည်ပြုဖို့မလိုဘူး”

ရုတ်တရက် လူတိုင်း၏ နားအတွင်းသို့ အေးစက်သော အသံက ဝင်လာသည်။

“ဟုတ်ကဲ့အရှင်”

လူအများက မတုန့်ပြန်နိုင်ခင်မှာတင် အမိန့်ကိုရသော သက်တော်စောင့်က တောင့်တင်းသွားလေသည်။ သူက အလျင်စလို လက်နှစ်ဖက်ကို ဖိဆုပ်ကာ ဂါရဝပြုလိုက်ပြီးနောက်တွင် သူ၏မျက်နှာထားတွင် သေလုအောင် ချောက်ချားသော မျက်နှာထားက ပေါ်လာသည်။ ထိုအသံက ပတ်ဝန်းကျင်မှ အပူချိန်ကိုပင် ကျဆင်းသွားစေသည်။

ဒီသွမ့်ခဲ့ချွမ်က အမြင်ကောင်းရှိတာပဲ။ သူက ဒီကိစ္စရဲ့ အဓိက ကိစ္စကို ထိုးဖောက်မြင်နိုင်တယ်။

ခဲ့လော့ဖုန်း၏ အနားတွင် ရှိနေသော သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့၏ မျက်ဝန်းအတွင်း ထူးဆန်းသော အလင်းရောင် လက်သွားကြောင်းကို မည်သူကမှ မမြင်နိုင်ကြချေ။

မဟာထန်တွင် ဝမ်ချောင်ဟုခေါ်သော သူတို့နှစ်ယောက်လုံးက နားလည်ထားသည့် စစ်အနုပညာနှင့် ကွာခြားသည့် စစ်အနုပညာကို နားလည်ထားသော လူငယ်က ရှိနေသည်။ စစ်တပ်က ထက်ရှမှု သတ္တိနှင့် ပေါင်းနိုင်မည်ဆိုလျှင် ရန်သူ၏ ခုခံအားကို ဖောက်ထွက်နိုင်သင့်သည်။ အားနည်းမှုကိုပြပြီး နောက်ဆုတ်သော အခြေအနေကို မြင်ရချိန်တွင် ဒါက ဆက်လိုက်ပြီး တိုက်ခိုက်ရမည်ဆိုသည့် အခွင့်အရေးကို ဖော်ပြနေခြင်း ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော အခြေအနေတွင်ပင် တဖန် ပြန်ထွက်လာကာ တိုက်ခိုက်ခြင်းက မည်သူကမှ မမြင်ဖူးသော မကြားဖူးသော ဗျူဟာတစ်ခု ဖြစ်နေပြန်သည်။

သာ့လွန်ရော့ကျန်းပင်ဖြစ်စေ ဟော်ရှု့ဟွေ့ခမ်းပင်ဖြစ်စေ သူတို့ကဲ့သို့ အနောက်တောင်ပိုင်းတွင် အတွေ့အကြုံ အလွန်များသော ပုဂ္ဂိုလ်ကြီးများအနေဖြင့် ထိုကဲ့သို့သော အရာမျိုးကို အတွေ့အကြုံမရှိခဲ့ဖူးသေးချေ။

မာန်ရှဲ့ကျောင်း၏ မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်က တစ်ချိန်လုံး လိုက်ကာနောက်တွင် နေနေခဲ့ပြီးမှ သူ၏အင်အားကို စပြလာသည်။ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့အတိုင်း သူကလည်း ကျောက်တုံးဖြူ တပ်ရင်း၏ အရှုံးက အားနည်းမှုကို ပြခြင်းမှ ဖြစ်လာကြောင်း သိခဲ့သည်။ သို့ရာတွင် သွမ့်ခဲ့ချွမ်က ခဲ့လော့ဖုန်း၏ အနောက်တွင် နေနေပြီးမှသာ ထိုစကားကို ထုတ်ပြောလိုက်ပြီးနောက်တွင် အသက်မဲ့သော ရုပ်သေလိုမျိုး ပြန်ပြောင်းသွားပြန်ကာ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

တဘုန်းဘုန်း မြည်သံများက ထွက်ပေါ်လာသည်။ စစ်ဗုံတီးသံများက မာန်ရှဲ့ကျောင်း၏ စစ်တပ်ကို ပို၍တက်ကြွသွားစေလျှက် တောင်ခြေရှိ စခန်းထံသို့ ချီတက်ကြစေပြန်သည်။ လှုပ်ရှားမှု အနည်းငယ်ထဲနှင့် ကျောက်တုံးဖြူတပ်ရင်းက တညီတညာဖြင့် တောင်ပတ်ပတ်လည်သို့ ဝိုင်းကာ ဆက်တက်ကြပြန်သည်။

“စစ်သားတွေအားလုံး ငါ့ရဲ့အမိန့်ကိုနာခံ။ ကျောက်လှိမ့်ဝင်္ကပါ”

ပတ်ဝန်းကျင်ကိုပင် ပဲ့တင်ထပ်သွားလောက်အောင် ကျယ်လောင်သော အသံနှင့်အတူ တောင့်တင်းသန်မာပြီး မားမတ်သော ခန္ဓာကိုယ်တည်ဆောက်ပုံ တစ်ခုက သူ၏မြင်းကို ရှေ့သို့နှင်လျှက် လက်ထဲတွင် ကိုင်ထားသော ဓားကိုလည်း လေထဲတွင်မြှောက်လိုက်ကာ ပြောလိုက်သည်။ သွမ့်ဝူကျုံး၏ အသံက လေထဲသို့ ထိုးခွဲသွားပြီးနောက်တွင် စစ်သားများအားလုံးက အလွန်ခမ်းနားသော အရှိန်အဝါ တစ်မျိုးကို စတင်ကာ ထုတ်လွှတ်လာပြီး စစ်တပ်တစ်ခုလုံး၏ ရှေ့တန်းသို့ ဖောက်ထွက်သွားသော သူ့ကိုမြင်လိုက်ရသည်။

ကျောက်တုံးဖြူတပ်ရင်းမှ ဗိုလ်ချုပ်များ အားလုံးကလည်း စစ်တပ်၏ ရှေ့ဆုံးမှ လျှောက်ကြသည်။

ချွင်

သတ္တုချင်း ထိခတ်သံနှင့်အတူ ကျောက်စိမ်းဖြူ၏ ဆူးချွန်ချီစက်ကွင်းက တဖြည်းဖြည်းချင်း သွမ့်ဝူကျုံး၏ မြင်းထံမှတဆင့် ကျောက်တုံးဖြူတပ်ရင်း၏ စစ်သည်တော်တိုင်း၏ မြင်းများထံသို့ စတင်ကာ ပျံ့နှံ့သွားစေသည်။ အချက်ပြမှုတစ်ခုကို လက်ခံရလိုက်သည့်အလား ဆူးချွန်ချီစက်ကွင်းက စတင်ကာ ပြန့်ကားလာပြီး စစ်တပ်တစ်ခုလုံး၏ အင်အားကို ကိုယ်စားပြု ထုတ်လွှတ်ပြသလာတော့သည်။

မရေမတွက်နိုင်သော ချီစက်ကွင်းများက ပေါင်းစပ်သွားပြီးနောက်တွင် တစ်ခုလုံးအဖြစ် တသားထဲအဖြစ် ပေါင်းစည်းသွားလေသည်။ ကျောက်တုံးဖြူတပ်ရင်း၏ စစ်သည်တစ်သိန်းကျော်၏ စွမ်းအင်က တသားထဲအဖြစ် ပေါင်းစည်းသွားခြင်းဖြစ်သည်။ ဆူပွက်သံကဲ့သို့သော ဝေဝေဝါးဝါး အသံတစ်ခုနှင့်အတူ အာကာသပြင်ကပင် တွန့်လိမ်ရှုံ့တွလာကာ ကြီးမားသော ကျောက်တုံးဖြူကြီးထံမှ ထွက်လာသည့် တလက်လက် တောက်ပသော မျက်စိကြိမ်းမတက် စွမ်းအင်များကို ထုတ်ဖော်ခံရတော့သည်။

“တိုက်ခိုက်ကြ တိုက်ခိုက်ကြ တ်ိုက်ခိုက်ကြ”

ကောင်းကင်ကို အံ့တုမတက် လှုပ်ခါသွားစေလောက်သော အော်ဟစ်သံများနှင့်အတူ ကျောက်တုံးဖြူတပ်ရင်းက ရွေ့နေသော တောင်နံရံကြီးတစ်ခုလိုမျိုး တောင်ထိပ်ထံသို့ အင်တိုက်အားတိုက် ရှေ့ဆက်တိုးသည်။ ဒီတစ်ကြိမ်တွင် ကျောက်တုံးဖြူတပ်ရင်းက ယခင်ထက်ပိုပြီး အရှိန်ကို နှေးထားသည်။ သို့သော် သူတို့က ထုတ်သော အင်အားနှင့် အရှိန်အဝါက ပို၍ပြင်းထန်လာသည်။

“သွမ့်ဝူကျုံး”

ဆင်ခြေလျောပေါ်တွင် ရှိနေသော အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်များက စတင်ကာ မျက်မှောင်ကျုံ့ကြသည်။ ကျောက်တုံးဖြူတပ်ရင်းမှ တိုက်ခိုက်အားက မာန်ရှဲ့ကျောင်း တပ်ဖွဲ့၏ အင်အားအကြီးဆုံး မဟုတ်သေးသော်လည်း လေးစားဖွယ်ကောင်းသော ခုခံအားကို ပိုင်ဆိုင်ထားသည်။ အ့ဟိုင်၏ တိုက်ပွဲကတည်းက သူတို့က အတွေ့အကြုံ ရခဲ့သည်။

ကျောက်တုံးဖြူတပ်ရင်းမှ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး မဟာထန်ပုံစံ မွန်းမံထားနိုင်ခဲ့သော လူတစ်ယောက်ဖြစ်သည့်အလျောက် သွမ့်ဝူကျုံးကလည်း အန်းနန်အစိုးရ စစ်တပ်တစ်ခုလုံး၏ ပစ်မှတ်ဖြစ်ခဲ့သည်မှာ ကြာနေလေပြီ။ သူတို့ကသာ မှတ်မိသည်မှာ မှန်ကန်နေလျှင် အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်တစ်ယောက်က မာန်ရှဲ့ကျောင်းကို ထိုအချက်ကို သင်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဒီလိုနည်းလမ်းကိုသုံးပြီး သူတို့ကို ရင်ဆိုင်သည့်အခါ သူတို့၏ ခံစားချက်ကို နားလည်နိုင်သည်။

“သွမ့်ဝူကျုံး ငါမင်းကို ကိုင်တွယ်မယ်”

ဖြတ်ကနဲ လင်းလက်သွားပြီးနောက်တွင် ပိန်းပိတ်အောင် မည်းမှောင်သော မြင်းတစ်ကောင်က ပုံမှန်မဟုတ်လောက်အောင် စိတ်ဝိညာဉ် တက်ကြွနေသလိုမျိုး ကြီးထွားလာသည်။ ကြီးထွားခြင်းဆိုသည်ကလည်း ထိုမြင်းကိုယ်တိုင်ကပင် သာမာန်စစ်မြင်းထက် အနည်းဆုံး နှစ်ဆခန့် ပိုကြီးနေခြင်းဖြစ်သည်။ ထိုကဲ့သို့သောမြင်းက တောင်အလယ်မှ တစ်ချက် ခုန်ထွက်လာသည်။ တစ်ချက် ခုန်လိုက်ရုံဖြင့် ကျန်းရှစ်ကျန်းကို ကျော်ဖြတ်သွားသည်။

ဝုန်း

နောက်တွင် ဖုန်အလုံးလိုက်ကို ချန်ထားရစ်ခဲ့ပြီးနောက်တွင် ဆူးချွန်ချီစက်ကွင်း၏ တောက်ပသော အလင်းတန်းများကို ဖယ်ရှားလျှက် အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်တစ်ယောက်က တောင်အောက်သို့ ဆင်းတော့သည်။ သူက ရှေ့ဆက်သွားပြီးနောက်တွင် ဆူးချွန်ချီစက်ကွင်း၏ ထုထည်ကြီးမားစွာ တည်ရှိနေသော အခြေအနေက ပြန့်ကားသထက် ပြန့်ကားလာပြီး သူ့ရှေ့ နီးကပ်လာသလို ဖြစ်လာသည်။

“ဗိုလ်ချုပ်ကျောက် ငါကူညီမယ်”

သိပ်မကြာခင် အချိန်တွင် အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်တစ်ယောက်က သူ၏နောက်မှ ကပ်ပါလာသည်။ ဆင်ခြေလျောအောက်သို့ ဆင်းလာပြီးနောက်တွင် နောက်တွင် ဖုန်အလုံးလိုက်ကိုသာ ချန်ထားရစ်ခဲ့တော့သည်။

ဝမ်ချောင်က မျက်ခုံးပင့်လျှက်မေးသည်။

“သူကဘယ်သူလဲ”

သူက လုံလောက်သော အဆင့်ရှိသည့် ဗိုလ်ချုပ်တစ်ယောက်ကိုသာ သူနှင့်အတူ လက်တွဲလုပ်ပြီး အမိန့်ပေးခံရန် တောင်းဆိုခဲ့ဖူးသည်။ ထို့ကြောင့် ဗိုလ်ချုပ် ရှန်ယွီကျုံ့ထုံးက သူ့အတွက် မည်သူ့ကို စီစဉ်ပေးထားကြောင်းကို မသိချေ။

“ဒါက ကျောက်ဝူကျန်း ဗိုလ်ချုပ်ကျောက်လို့ခေါ်တယ်။ သူက အန်းနန်အစိုးရစစ်တပ်ရဲ့ ဗိုလ်ချုပ်ဟောင်း တစ်ယောက်ပဲ။ အရင်က ဧကရာဇ်ရဲ့ အမိန့်နဲ့ ငါတို့ရဲ့ အန်းနန်အစိုးရစစ်တပ်က မာန်ရှဲ့ကျောင်း စစ်တပ်ကို စစ်အနုပညာကို သင်ပေးခဲ့ဖူးတယ်။ အဲ့ဒီလို သင်ပေးဖို့အတွက် ဗိုလ်ချုပ်အနည်းငယ်ကို သင်ပေးခဲ့တာပေါ့။ ကျောက်ဝူကျန်းက အဲ့ဒီဗိုလ်ချုပ်တွေထဲက တစ်ယောက်ပဲ။ အဲ့ဒီအချိန်က ကျောက်ဝူကျန်းနဲ့ သွမ့်ဝူကျုံးတို့က စစ်တပ်ထဲမှာ အဆင့်မမြင့်ခဲ့ကြဘူး။ ဒီတော့ နှစ်ယောက်လုံးက အရမ်းလည်း ငယ်ခဲ့ကြသေးတယ်”

“အဲ့ဒီအချိန်က ကျောက်ဝူကျန်းနဲ့ သွမ့်ဝူကျုံးတို့က အရင်းနှီးဆုံး မိတ်ဆွေတွေ အမှန်တိုင်းပြောရရင် သွမ့်ဝူကျုံးရဲ့ စစ်အနုပညာအပေါ် ဗဟုသုတတွေကို ကျောက်ဝူကျန်းက သင်ပေးခဲ့တာပဲ။ ကျောက်ဝူကျန်းက သူသိသမျှ အရာအားလုံးကိုတောင် ပြောပြပေးခဲ့တာ။ ဘက်တစ်ခုကနေ ကြည့်ရမယ်ဆိုရင် ဒီကျောက်တုံးဖြူတပ်ရင်းကို ကျောက်ဝူကျန်းကိုယ်တိုင်ကသာ လေ့ကျင့်ပေးခဲ့တာလို့ ဆိုလို့ရတယ်။ အန်းနန်အစိုးရစစ်တပ်က ဘယ်သူကမှ ဒီအကြောင်းကို မသိကြဘူး။ မသိတဲ့လူ နည်းလွန်းတာပေါ့။ အ့ဟိုင်တိုက်ပွဲမှာ ကျောက်တုံးဖြူတပ်ရင်းက ငါတို့ရဲ့ လေးလံတဲ့ လက်နက်တွေအကြောင်းကို သိနေပြီး ဒူးလေးကြီးတွေကို ကိုင်တွယ်နိုင်ခဲ့တာကြောင့် အင်အားအစစ်အမှန်ကို မပြနိုင်ခဲ့တာလည်းပါတယ်”

ချန်းရှုစွန်းက တောင်အောက်သို့ကြည့်ကာ ထိုပုံရိပ်ကို ကြည့်လိုက်ပြီးနောက်တွင် သက်ပြင်းချသည်။ သူ၏ နှလုံးသားက လေးလံသွားသည်။

“ဆိုတော့သူကိုး”

ဝမ်ချောင်၏ စိတ်အတွင်း အတွေးတစ်ခု ဝင်လာသည်။

အန်းနန်အစိုးရစစ်တပ်က အနောက်တောင်ပိုင်းတွင် အင်ပါယာ၏ တပ်ရင်းတစ်ခုဖြစ်ပြီး ဗိုလ်ချုပ်များစွာရှိသည်။ မာန်ရှဲ့ကျောင်းပင်ဖြစ်စေ ယွီစန်းပင်ဖြစ်စေ မယှဉ်နိုင်ချေ။ ဒါကစစ်တပ်အင်အားကို မေးခွန်းထုတ်စရာဖြစ်သည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့က စစ်ရေးအနုပညာကို နားလည်သဘောပေါက်မှုတွင် မည်သည့်နည်းနှင့်မျှ မဟာထန်ကို မယှဉ်နိုင်ချေ။ ထို့ပြင် များပြားလွန်းသော ဗိုလ်ချုပ်များ၏ အရေအတွက်ကြောင့် ဝမ်ချောင်အနေဖြင့် လူတိုင်းကို သိနေမည်လည်းမဟုတ်ချေ။

သို့သော် ထိုဗိုလ်ချုပ်များထဲတွင် ကျောက်ဝူကျန်းက ကျော်ကြားသော သူများထဲမှ တစ်ယောက်ဖြစ်ပြီး အလွန်အမင်း အဆင့်မြင့်သည်။ သူ၏ယခင်ဘဝတွင်ပင် ဝမ်ချောင်က သူ၏နာမည်ကို ကြားဖူးသည်။ ထိုလူက များများစားစား ပါဝင်ခဲ့ဖူးခြင်း မရှိသလို သူ၏အဆင့်က ရှန်ယွီကျုံ့ထုံး၏ အဆင့်တွင်မရှိသလို ကျန်းချုံကျန့်ချုံး၏ အဆင့်သို့လည်း မရောက်ခဲ့ချေ။ သို့တိုင်အောင် ဝမ်ချောင်က သေချာနေသော တစ်ချက်မှာ ကျောက်ဝူကျန်းက သွမ့်ဝူကျုံးထက် မနိမ့်သော သို့မဟုတ် ထိုထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသော အချက်ကိုဖြစ်သည်။

စစ်တပ်တွင် အဖေနှင့်သား ရှိ၍ရသော်လည်း တိုက်ပွဲတွင် ညီအစ်ကိုက မရှိတော့ချေ။ ကျောက်ဝူကျန်းနှင့် သွမ့်ဝူကျုံးတို့က တစ်ချိန်က ညီအစ်ကိုများအဖြစ် ဆက်ဆံခဲ့ကြသော်လည်း ဒီလုပ်ရပ်က လက်ရှိအခြေအနေကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပြီး အနည်းငယ်သော သက်ရောက်မှု ရှိစေခဲ့သည်။ ထို့ကြောင့် တိုက်ပွဲအတွင်းသို့ သွမ့်ဝူကျုံးက ဝင်ပါလာသောအခါ ကျောက်ဝူကျန်းကိုယ်တိုင်က ကိုင်တွယ်ရန် သင့်တော်လေသည်။ ဝမ်ချောင်ကလည်း တွေးလိုက်သည်။

စစ်အနုပညာက ချက်စ်အနုပညာကဲ့သို့ စစ်သားက စစ်သားချင်း တိုက်ခိုက်ရခြင်း၊ ဗိုလ်ချုပ်က ဗိုလ်ချုပ်အချင်းချင်း တိုက်ခိုက်ရခြင်းမျိုးဖြစ်သည်။ ဝမ်ချောင်အနေနှင့် ကျောက်ဝူကျန်း၏ စွမ်းရည်ကို နားမလည်ထားသလို သူ၏အတွေ့အကြုံကိုလည်း မသိချေ။ သို့သော်ဒါက အရေးမကြီးချေ။ အကြောင်းမူကား ဒီတခဏတွင် သူ၏ချက်စ်ဘုတ်မှ အဓိက ဦးဆောင်သူက ကျောက်ဝူကျန်းမဟုတ်ဘဲ သူကိုယ်တိုင် ဖြစ်နေသည်။

ဒီလောကက ချက်စ်ကစားပွဲနှင့် တူသည်။ စစ်အနုပညာကလည်း အလားတူဖြစ်သည်။ စစ်သားပင်ဖြစ်စေ၊ ဗိုလ်ချုပ်ပင်ဖြစ်စေ အားလုံးက ချက်စ်ဘုတ်ပြားပေါ်မှ အပိုင်းအစများ ဖြစ်နေသည်။ သာ့လွန်ရော့ကျန်း ခဲ့လော့ဖုန်း လာစမ်းပါ။ မင်းတို့ရဲ့ စွမ်းရည်တွေ ထုတ်ပြလိုက်။

ဝမ်ချောင်က တောင်အောက်သို့ ငုံ့ကြည့်ပြီး လက်ကိုယမ်းပြလိုက်သည်။

မြေကြီးက တသိမ့်သိမ့် တုန်ခါသွားသည်။ ဒီတစ်ကြိမ်တွင် စစ်သည်သုံးသောင်းကျော် ချီတက်ကြသည်။ ဒါက ဒုတိယတစ်သုတ်တွင် ပါဝင်ခဲ့သော အရေအတွက်က စစ်တပ်၏ သုံးပုံတစ်ပုံကျော်သွားပြီဖြစ်သည်။

မျက်စိကျိမ်းမတက် တောက်ပသော စစ်ချီစက်ကွင်းက ပျံ့နှံ့သထက် ပျံ့နှံ့လာပြီးနောက်တွင် ကောင်းကင်တွင် ရေကန်မှ အားလှိုင်းများ ထလာသလို မြင်ကွင်းမျိုးက ပေါ်လာကာ စစ်တပ်တစ်ခုလုံးကို ဖုံးလွှမ်းလာတော့သည်။

ချီတက်ခြင်း ချီစက်ကွင်း၊ ခုခံခြင်း ချီစက်ကွင်း၊ အနက်ရောင် သံမဏိတုံး ချီစက်ကွင်း၊ တွန်းအားပေး ချီစက်ကွင်း၊ ရှေ့သို့ချီတက်ခြင်း၊ နွားထီးတစ်ကောင်လိုအား ချီစက်ကွင်း၊ တိုက်ခိုက်ခြင်း ချီစက်ကွင်း၊ ခွန်အားချီစက်ကွင်း... စသဖြင့်သော ချီစက်ကွင်း ထောင်ပေါင်းများစွာက ပေါင်းစပ်သွားပြီး ဆင်ခြေလျောများကိုပင် ဖုံးလွှမ်းသွားသည်။

တစ်တောင်လုံးကပင် သံမဏိမြို့ရိုးကြီးအဖြစ် ပြောင်းလဲသွားကာ ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်သည်။

“သတ် သတ် သတ်”

မြေပြင်သို့ မြင့်မားသော ဒိုင်းကြီးများက ထိုးစိုက်ဝင်ရောက်နေမှုနှင့်အတူ အန်းနန်အစိုးရစစ်တပ်က အော်ဟစ်အားပေးသံက တောင်ကိုပင် လှုပ်ခါသွားစေသည်။

ပထမဦးဆုံး တိုက်ပွဲက ပြီးဆုံးကာစဖြစ်ပြီး ဒုတိယတစ်ပွဲက စတင်တော့မည်ဖြစ်သည်။ ဒါက စစ်သည်များ တွေးထားခြင်းထက် ပိုမြန်နေသည်။

ဟီး

ကြောက်မက်ဖွယ်ကောင်းသော မြင်းဟီသံများနှင့်အတူ အန်းနန်အစိုးရစစ်တပ်က ကျောက်တုံးဖြူ တပ်ရင်းနှင့် ဒီရေနှစ်ခု ထိပ်တိုက် တွေ့ဆုံသလိုမျိုး ပေါက်ကွဲသွားတော့သည်။

ဝုန်း

စစ်တပ်နှစ်ခုက ထိပ်တိုက်ရင်ဆိုင်ချိန်တွင် မြေငလျှင်က လှုပ်ခါသည်။ စစ်တပ်နှစ်ခု တိုက်နေသည်နှင့် မတူလေဘဲ ထာဝရရှင်သန်သူ နှစ်ပါးက အမတပြည်သို့ဆင်းကာ အချင်းချင်း ရင်ဆိုင်နေရသည်နှင့် တူသည်။ တိုက်ပွဲကတဖန် စတင်ပြန်လေပြီ။

အခန်း(၅၆၇)

ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲနယ်မြေတွင် လူတစ်ယောက်၏ သိုင်းအင်အား၏ သက်ရောက်မှု သိသာထင်ရှားခြင်း မရှိချေ။ စစ်တပ်တစ်တပ်လုံး ပူးပေါင်းအင်အားနှင့် ဆောင်ရွက်နိုင်စွမ်းရည်ကသာ ပို၍အရေးကြီးခြင်းဖြစ်သည်။ ဒီစစ်ပွဲတွင် အန်းနန်အစိုးရစစ်တပ်ကို ခိုင်မာသော တာတမံကြီးတစ်ခုအဖြစ် သတ်မှတ်မည်ဆိုလျှင် ကျောက်တုံးဖြူတပ်ရင်းက ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းဖြစ်လောက်သည်။ အဆုံးမသတ်နိုင်အောင် တာတမံနံရံများကို ဆောင့်တိုက်လာနေခြင်းဖြစ်သည်။

ကျောက်တုံးဖြူတပ်ရင်းက အန်းနန်အစိုးရ စစ်တပ်နှင့်ယှဉ်သော် အရေအတွက် သာလွန်နေပြီး တူညီသော လေ့ကျင့်မှုကို ပိုင်ဆိုင်ထားသော်လည်း အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော် တစ်ယောက်ချင်းစီတိုင်း၏ အရည်အချင်းက စစ်တပ်တစ်ခုလုံးဆီ၏ အင်အားကို ပို၍တိုးမြှင့်စေနိုင်ပြီး အားလုံးပေါင်းလိုက်သော် သူတို့၏ ပူးပေါင်းနိုင်စွမ်းအားက ကျောက်တုံးဖြူတပ်ရင်းထက် အပြည့်အဝ သာခြင်းအားဖြင့် အခွင့်အားသာချက်ကြီး ဖြစ်သွားသည်။

ဆင်ခြေလျှောတစ်လျှောက်တွင် ဝမ်ချောင်က ကြိုတင်ပြင်ဆင်ခိုင်းထားသည့် သံမဏိမြို့ရိုးကြီးများကို အသုံးပြုထားသည့် ထန်စစ်သည်တော် သောင်းကျော်က သူတို့၏ အင်အားကို ဖြန့်ဝေကာ မယုံနိုင်စရာကောင်းသည့် ခုခံမှု အင်အားများကို ထုတ်သုံးထားသည်။ ဒီတိုက်ပွဲနယ်မြေတွင် တစ်ချို့နေရာများတွင် စစ်သည်တော် သုံးယောက်ခန့် လိုအပ်သည်။ အချို့နေရာများတွင် ပို၍လိုအပ်သည်။ ဒီတိုက်ပွဲနယ်မြေတွင် ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်တော် သုံးယောက်ခန့် သို့မဟုတ် ထိုထက်ပိုများသော ပမာဏက ထန်စစ်သည်တော် တစ်ယောက်ချင်းစီကို အတူပူးပေါင်းကာ ဖိနှိပ်နေရခြင်းဖြစ်သည်။ ထိုနည်းအားဖြင့် အင်အားအရေအတွက် အပြတ်အသတ်သာရန် ပို၍လိုအပ်လာသည်။ ဒီလိုတိုက်ခိုက်သော ပုံစံမျိုးအရ မည်သူကမှ ကြိုတွေးထားနိုင်မိမည်ပင် မဟုတ်ချေ။

“ဗိုလ်ချုပ်က နောက်ဆုတ်ရဲတဲ့ လူတိုင်းကို ကွပ်မျက်ခွင့် ပေးထားတယ်”

“ဗိုလ်ချုပ်က တစ်ယောက်စီ သတ်ဖြတ်နိုင်တာနဲ့ ရွှေသားတစ်ဆယ်ထည် ရမယ်လို့ အမိန့်ထုတ်ထားတယ်။ ရန်သူဆယ်ယောက်က ဆက်ခံသူတွေကိုတောင် လက်ဆင့်ကမ်းပေးနိုင်တဲ့ အထက်တန်းလွှာ ဘွဲ့ထူးရလိမ့်မယ်”

မျက်နှာတွင် အမာရွတ်ရှိသော ကျောက်တုံးဖြူတပ်ရင်းမှ ဗိုလ်ချုပ်က သြရှစွာအော်လိုက်သည်။ လူအုပ်ထဲရှိ စစ်သည်တော် တစ်ယောက်ချင်းစီက နောက်ဆုတ်ချင်နေကြောင်း မြင်ချိန်တွင် သူကကြာပွတ်ကို ယမ်းချလိုက်ပြီး အနောက်သို့ ဆုတ်လာသော ထိုစစ်သည်၏ သံချပ်ကာကို ကွဲထွက်သွားစေကာ ငယ်သံပါအောင် အော်ဟစ်လျှက် ခန္ဓာကိုယ်ကို လွင့်ထွက်သွားစေလိုက်သည်။

ကျောက်တုံးဖြူတပ်ရင်း၏ ကျော်ကြားသော တိုက်ပွဲနယ်မြေမှ ကြီးကြပ်သူ တုပါးလော့ချီက ထိုသို့ ခက်ထန်ကြမ်းတမ်းသည်။

ထိုသို့ တိုက်ပွဲနယ်မြေတွင် သူက လူတစ်ယောက် နောက်ဆုတ်တာ မြင်ချိန်တိုင်း ညှာတာမှုမရှိဘဲ ထိုသို့ ရိုက်နှက်သတ်သည်။ ဒီတစ်ကြိမ်တွင်လည်း ကျောက်တုံးဖြူ တပ်ရင်းမှ စစ်သေနာပတိချုပ် သွမ့်ဝူကျုံး ကိုယ်တိုင်ကိုယ်ကျက တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လာပြီး အရာရှိတိုင်းက လိုက်ပါလာကြသည်။ တုပါးလော့ချီကလည်း ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။ ရုတ်တရက် ပေါ်လာသော ထိုထန်စစ်တပ်က ထိုးဖောက်၍ မရနိုင်သော မြို့ရိုးနံရံနှင့် တူနေချိန်တွင် လူတိုင်းက ပြင်းထန်သည့် အင်အားအောက် ရောက်နေပြီးသားဖြစ်သည်။ တုပါးလော့ချီကဲ့သို့သော လူမျိုးက တိုက်ပွဲနယ်မြေ၏ နေရာတိုင်းတွင် တွေ့နေရသည်။

“တစ်ယောက်စ နှစ်ယောက်စပေါင်းပြီး လူစုဖွဲ့ပြီး တိုက်ခိုက်ကြစမ်း။ မင်းတို့ရဲ့ ဒိုင်းတွေကိုသုံးပြီး လမ်းကြောင်းကို ဖွင့်လို့ရတယ်။ လှံသမားတွေက နောက်ကနေ။ ထန်ရဲ့ခုခံအားကို ပထမဦးဆုံး ထိုးခွဲနိုင်တဲ့ လူတွေက ဆုကြေးမြင့်မားစွာ ရရှိမယ်။ သုံးလေးယောက် တစ်ဖွဲ့ဖွဲ့ပြီး အဆင့်လိုက်ဖြည့်စမ်း။ နောက်မဆုတ်ကြနဲ့။ အရှင်မင်းကြီးက အဝေးကနေ တိုက်ပွဲနယ်မြေကို စောင့်ကြည့်နေတယ်။ နောက်ဆုတ်ရဲတဲ့ကောင် မှန်သမျှရဲ့ ဆွေမျိုးတိုင်းက ကွပ်မျက်ခ့ရမယ်”

“ထန်စစ်သည်တော်တွေက ဝံပုလွေအရေခြုံထားတဲ့ သိုးတွေပဲ။ သူတို့က ငါတို့ကို ဘယ်နည်းနဲ့မှ မယှဉ်နိုင်ဘူး။ ငါတို့က သူတို့လေ့ကျင့်တဲ့ နည်းလမ်းတိုင်းကို သိထားပြီးသားပဲ”

“ငါတို့ကသာ သူတို့ကို တစ်ကြိမ်ရှုံးအောင် လုပ်လိုက်နိုင်ရင် ငါတို့သူတို့ကို နှစ်ကြိမ်ထပ်ရှုံးအောင် သုံးကြိမ် ထပ်ရှုံးအောင် လုပ်လိုက်နိုင်လိမ့်မယ်”

“စစ်သည်တော် အယောက်တစ်သိန်း ငါတို့ရဲ့ ကျောက်တုံးဖြူ တပ်ရင်းမှ စစ်သည်တော် အယောက်တစ်သိန်း ရှိနေပြီး ထန်ဘက်က တစ်တောင်လုံးမှာမှ စစ်သည်တော် တစ်သိန်းအများဆုံးပဲ ရှိနေနိုင်တာ။ ငါတို့ သူတို့ရဲ့ အင်အားစုကို ငါတို့မှာ ပိုင်ထားတဲ့ အင်အားစုနဲ့ မထိုးခွဲနိုင်ဘူးဆိုတာကို မယုံဘူး”

“ချီတက်စမ်း ချီတက်စမ်း ခိုင်ခိုင်မာမာ ရှေ့တက်ကြစမ်းပါ”

ကျောက်တုံးဖြူ တပ်ရင်းမှ အရာရှိတိုင်းက ရှေ့တန်းမှနေ၍ တိုက်ပွဲကို တောက်လျှောက် စောင့်ကြည့်ကာ အမိန့်ပေးနေခဲ့သည်။ လေထဲတွင်လည်း သူတို့၏ တောက်ပသော ချီစက်ကွင်းများက ထင်ရှားစွာ ရှိနေသည်။ ပထမတစ်သုတ်နှင့် မတူသည်မှာ ဒီကျောက်တုံးဖြူတပ်ရင်းက ဒီလုပ်ကြံသတ်ဖြတ်မှုတွင် သူတို့၏အင်အား အပြည့်ထည့်သွင်းထားသည်။ ကျောက်တုံးဖြူတပ်ရင်းမှ အရာရှိများ၏ မကြာခဏ ထွက်လာတတ်သော အမိန့်များနှင့် နှိုင်းယှဉ်သော် ယခုအန်းနန်အစိုးရစစ်တပ်က အရာရှိများမှ ထုတ်သောအမိန့်က ပို၍ရိုးရှင်းသည်။

“ဒိုင်းနံရံ”

“လှံသမားတွေ အဆင်သင့်ပြင်”

“အင်အားကိုသုံးသပ် အချိန်မရွေး ထိပ်တိုက်ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားကြ”

ကျောက်တုံးဖြူတပ်ရင်းမှ ပစ်မှတ်ကို တုပမှုတွင် အန်းနန်အစိုးရစစ်တပ်က ပို၍ရှုပ်ထွေးသော ပုံပန်းသွင်ပြင်ကိုသာ ကိုယ်စားပြုနေတော့သည်။ ခြေလျှင်တပ်များ၏ တိုက်ပွဲတွင် မဟာထန်က ဒုတိယဟုဆိုလျှင် လောကရှိ မည်သူကမှ ပထမဟု မကျုံးဝါးရဲချေ။ ဒီလိုအခြေအနေမျိုးတွင် ဝမ်ချောင်က ထူးထူးခြားခြား ညွှန်ကြားချက်များ ထပ်ပေးရန်ပင် မလိုအပ်တော့ချေ။

“မဆိုးဘူး”

တောင်ထိပ်ပေါ်ရှိ ဝမ်ချောင်က ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ခေါင်းညိမ့်လိုက်သည်။

အန်းနန်အစိုးရစစ်တပ်က နဂိုကတည်းက ကောင်းမွန်စွာ လေ့ကျင့်ခံထားရသော စစ်တပ်ဖြစ်ပြီး အ့ဟိုင်တိုက်ပွဲနယ်မြေက အားနည်းသူများကို ဖယ်ရှားလိုက်နိုင်လေရာ လက်ရွေးစင်ထဲမှ လက်ရွေးစင်များကသာ ကျန်ရစ်တော့သည်။ ထိုလက်ရွေးစင်များ၏ အကြီးမားဆုံးသော အားသာချက်က သူတို့၏ ပြိုင်ဘက်ကင်းသော အင်အား၊ များပြားသော အတွေ့အကြုံနှင့် အချင်းချင်း ပူးပေါင်းနိုင်သော စွမ်းရည်တို့ဖြစ်သည်။ အားလုံးထဲမှ အရေးအကြီးဆုံးမှာ အချင်းချင်း ပူးပေါင်းကာ ဗျူဟာချမှတ်နိုင်ပြီး ဟာကွက်တိုင်းကို ဖယ်ရှားနိုင်ခြင်းဖြစ်သည်။ ဒီလောကတွင် ကောင်းမွန်စွာ ကျင့်ကြံခြင်း ခံထားရသည့် လက်ရွေးစင် စစ်တပ်ကို အမိန့်မပေးချင်သော ဗိုလ်ချုပ်ဟူ၍ မရှိချေ။

ဝမ်ချောင်က သူ၏စစ်သားများ၏ အရည်အချင်းကိုမြင်သည်။ သူက အရေအတွက်ထက် အရည်အသွေးကို ပို၍လိုချင်သူလည်းဖြစ်သည်။ ထိုကြောင့် သူက နှစ်ခုထဲမှ တစ်ခုကိုသာ ရွေးချယ်ရမည်ဆိုလျှင် တုန့်ဆိုင်းမနေဘဲ ကောင်းမွန်စွာ လေ့ကျင့်ခံထားရသော စစ်တပ်ကိုသာ ရွေးချယ်လိုက်မည်ဖြစ်သည်။ ကျန်သောဗျူဟာ တိုက်ခိုက်မှုစွမ်းအား အင်ပါယာမှ ပေးနိုင်သောဖိအား စသည်တို့အတွက်ကမူ အားလုံးပေါင်းလိုက်သော် အနှစ်ချုပ်လိုက်ခြင်းအားဖြင့် အရေးမကြီးတော့ချေ။

အင်ပါယာ တစ်ခုလုံးတွင် ကောင်းရှန်းကျစ်နှင့် ဖုန်းချန်းချင်တို့က ဦးဆောင်သော အန်းချီအစိုးရ စစ်တပ်က အင်အားအကြီးဆုံး ဖြစ်လောက်သည်။ စစ်သည်သုံးသိန်း ဝန်းကျင်ခန့်သာလျှင် ရှိသော်လည်း ဒူးလေးကြီးများနှင့် အခြားသော လက်နက်များ အားလုံးပေါင်းစပ်လိုက်သော် သူတို့က တစ်ကိုယ်လုံးတွင် သွားသာ ပေါ်သည်အထိ အပြည့်အဝ ဖုံးအုပ်ထားကြသည်။ ပို၍ဆိုးသည်မှာ ထိုစစ်သည် သုံးသိန်းက ခြေလျှင်တပ်နှင်မြင်းတပ် နှစ်ခုလုံးပေါင်းထားခြင်းဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်ကလည်း အချိန်ပြည့် မြင်းတစ်ကောင်စီနှင့် သွားလာနိုင်စွမ်း ရှိနေသည်။ ပို၍အရေးကြီးသည်မှာ အန်းချီ၏ အမျိုးမျိုးသော တိုင်းပြည်မှ မြင်းတပ်များက မကြာခဏ အတူပူးပေါင်းကာ လုပ်ဆောင်ရလေ့ရှိသည့်အတွက် နေရာအနှံ့တွင် ကျက်စားရာတွင် ကျွမ်းကျင်ခြင်းလည်းဖြစ်သည်။ အင်ပါယာ၏ အကျွမ်းကျင်ဆုံး သတ္တိအကြီးဆုံး အချက်ကို ထည့်ပေါင်းလိုက်မည်ဆိုလျှင် ချီရှီ၏ စစ်သည်နှစ်သိန်းနှင့် မဟာထန်၏ အမိန့်ကို နာခံသော အနောက်ပိုင်း ပြည်နယ်များမှ တိုင်းပြည်ငယ်များအပိုင် စစ်သည်တော် တစ်သိန်းဝန်းကျင်ခန့်က ရန်သူတိုင်းပြည်အနှံ့မှ စစ်သည်တော် သိန်းပေါင်းများစွာကို ရင်ဆိုင်နိုင်စွမ်း ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် မေးခွန်းထုတ်ရန် မလိုလောက်အောင် အန်းချီအစိုးရစစ်တပ်က တိုက်ခိုက်မှုအင်အားတွင် အပြင်းထန်ဆုံးဖြစ်သည်။

အန်းချီအစိုးရစစ်တပ်၏အောက်တွင် လုံချီတွင်ရှိသော ခဲ့ရှုဟန်၏ မဟာစစ်တပ်က အနည်းငယ်မျှသာ နိမ့်နိုင်သည်။ ဝမ်ချောင်က ဤသို့ရေရွတ်လိုက်သည်။

ခဲ့ရှုဟန်၏ မဟာစစ်တပ်က အင်အားအကြီးဆုံးတစ်ခုလည်း ဖြစ်နေနိုင်လေပြီး ယွီစန်းအင်ပါယာထံမှ တစ်ကြိမ်ပြီးတစ်ကြိမ် အမြစ်ဖြတ် သုတ်သင်မှုများကို ဆက်တိုက် တားမြစ်နိုင်နေခဲ့သည်။ အလုံးအရင်း များလှသော ယွီစန်းအင်ပါယာက ခဲ့ရှုဟန်ကို မကျော်ဖြတ်နိုင်ကြောင်းကို မြင်နေရကတည်းက ထိုမဟာ စစ်တပ်၏ အင်အားကို နားလည်နိုင်သည်။

မဟာထန်၏ အမျိုးမျိုးသော ကာကွယ်ရေးတပ်များ၏ အန်းနန်အစိုးရစစ်တပ်က အင်အားအနည်းဆုံး အဖွဲ့များထဲမှဖြစ်ပြီး အန်းနန်အစိုးရစစ်တပ်က အင်အားအနည်းဆုံး တစ်ခုဟုပင် ထပ်၍ပြောနိုင်သည်။ သို့ရာတွင် အ့ဟိုင်တိုက်ပွဲတွင် စစ်သည်တော် တစ်သိန်းရှစ်သောင်းကို အမြစ်ဖြတ် သုတ်သင်ခံရပြီးကတည်းက ကျန်သောခြောက်သောင်းက လက်ရွေးစင်များထဲမှ လက်ရွေးစင်များသာ ဖြစ်တော့သည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်နိုင်စွမ်းအားက လျော့ကျသွားရမည့်အစား ပို၍သာ မြင့်တက်လာသည်။

အန်းနန်အစိုးရစစ်တပ်တွင် စစ်သည်တော် ခြောက်သိန်းကို အမိန့်ပေးနိုင်သော လူတစ်ယောက်အတွက် ရာပေါင်းများစွာသာ သာမာန်ဗိုလ်ချုပ်များကို ယှဉ်နိုင်သည်။ ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က ဝမ်ချောင်၏အိမ်မက်ကို ပို၍ကျယ်ပြန့်သွားစေသည်။ ယခုအခြေအနေအထိ ရှင်သန်နိုင်သေးသော ဒီအင်အားစုအတွက် ဝမ်ချောင်ပင် အိမ်မက်မက်ရန် ခက်ခဲသည့် စွမ်းရည်မျိုးကို ပိုင်ဆိုင်နိုင်ပြီးသားဖြစ်သည်။ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ ခဲ့လော့ဖုန်း၊ သွမ့်ခဲ့ချွမ် ငါဒီနေရာမှာ ရှိနေသမျှ ကာလပတ်လုံး မင်းတို့ထဲက ဘယ်သူကမှ ဒီတောင်ကို မကျော်နိုင်စေရဘူး။ ငါ့ရဲ့အရင်ဘဝက မင်းတို့လုပ်ခဲ့သလိုမျိုး အနောက်တောင်ပိုင်းကို ပြေးနိုင်ဖို့တောင် ထည့်မပြောနေနဲ့တော့။ ရည်မှန်းချက် ကြီးတာက တန်ကြေးပြန်ပေးဆပ်ရတယ်။ ရည်မှန်းချက်ကြီးလေလေ ပေးရတဲ့ တန်ကြေးက မြင့်လေလေပဲ။ ဒီတစ်ကြိမ်မှာ မင်းတို့ တန်ကြေးပြန်ပေးဆပ်ရမဲ့ အချိန်ရောက်ပြီ။ နောက်ဆုံးမှာ အနောက်တောင်ပိုင်းမှာ ဘယ်သူနိုင်မလဲ ကြည့်ရအောင်။

လေတွင် သူ၏အင်္ကျီလက်က လှုပ်ခတ်ကာ ယမ်းသွားသော အချိန်တွင် ဝမ်ချောင်က ဆတ်ကနဲ တောင်အောက်သို့ ငုံ့ကြည့်လိုက်ပြီး သူ၏မျက်ဝန်းအတွင်း အလင်းရောင်က လက်လာသည်။

ဝုန်း

ကောင်းကင်ပင် တုန်လှုပ်သွားလောက်အောင် မြည်ဟီးသည့် အသံကြီးက ထွက်လာပြီးနောက် အန်းနန်အစိုးရစစ်တပ်၏ ခုခံအားလှိုင်းအတွင်းသို့ အလွန်ကြီးမားလှသော ဓားကြီးတစ်လက်က မျက်စိကျိမ်းမတက် တောက်ပသော ချီစက်ကွင်းအပြည့်နှင့် အဖြူရောင် ပုံရိပ်တစ်ခုအလား တိုးဝင်လာသည်။ ဒါက သတ္တုဒိုင်းကာများစွာကို အလုံးအရင်းဖြင့် ပေါက်ကွဲသွားစေလေပြီး ဒိုင်းကာစစ်သည်တော်များနှင့် နောက်မှ လှံသမားများ အားလုံးကို ကြိုးပျက်သော စွန်များကဲ့သို့ လွင့်ထွက်သွားစေသည်။

ယခုအချိန်ထိ ခံနိုင်ခဲ့သော မဟာထန်၏ ခုခံအားလှိုင်းက ချက်ချင်းဆိုသလို ပြိုကွဲသွားသည်။

“တပ်ဖွဲ့တွေ ချီတက်ကြ”

ညာဘက်လက်တွင် ကိုင်ထားသောဓားကို ကိုင်မြှောက်ထားသော သွမ့်ဝူကျုံး၏ တစ်ကိုယ်လုံးက အရှိန်အဝါ ပြင်းထန်သော နတ်ဘုရားတစ်ပါးကဲ့သို့ ပြင်းထန်သည့် စွမ်းအင်များကို လွှတ်ထုတ်ထားသည်။ ပထမတစ်သုတ်က ကျရှုံးသွားကတည်းက သွမ့်ဝူကျုံးဆိုသည့် ကျောက်တုံးဖြူတပ်ရင်း၏ စစ်သေနာပတိချုပ်က နောက်ဆုံးတွင် ကိုယ်တိုင်ပါရန် ဆုံးဖြတ်လိုက်သည်။ သွမ့်ယူကျုံး၏ ရိုက်ချက်နှင့်အတူ ဒုတိယတစ်သုတ်က ထန်စစ်တပ်ထံသို့ တိုးဝင်သွားခဲ့လေပြီ။

အခန်း(၅၆၈)

သွမ့်ဝူကျုံးက ဦးဆောင်ကာ ချီတက်မှုနှင့်အတူ ကျောက်တုံးဖြူတပ်ရင်းက ယခင်နှင့်မတူသော စစ်တပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူတို့၏ ဆုံးရှုံးမှုနှင့် ချီတက်နိုင်သော စွမ်းအားက နေ့နှင့်ညကဲ့သို့ ပြောင်းလဲသွားလေသည်။

“ကျောက်တုံးဖြူတပ်ရင်းရဲ့ စစ်သည်တစ်သိန်းက ရှုံးပြီးသား ဗိုလ်ချုပ်တစ်ယောက်က ဦးဆောင်တဲ့ စစ်သားတွေရဲ့ ခုခံမှုကို မဖြတ်နိုင်ဘူးလို့ မယုံဘူး။ အားလုံးပဲ ငါ့ရဲ့နောက်ကိုလိုက်ကြ။ နောက်ဆုတ်တဲ့ စစ်သားတိုင်းကို ချွင်းချက်မရှိ သတ်ဖြတ်ပိုင်ခွင့်ရှိတယ်”

သွမ့်ဝူကျုံး၏ ဓားတစ်ချက် ယမ်းလိုက်ရာမှာ ထွက်လာသော အားလှိုင်းများနှင့်အတူ သူ၏သက်တော်စောင့်တိုင်းက နေရာလပ်မရှိအောင် အပြည့်ဝင်ရောက်လာပြီးနောက်တွင် ရှေ့သို့ ချီတက်ကြသည်။ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့၏ အရှေ့တွင် မဟာထန်၏ လက်ထဲတွင် သူ၏ အလွယ်တကူ ရှုံးနိမ့်မှုက သွမ့်ဝူကျုံး၏ နှလုံးသားထဲရှိ မာနနှင့် ဒေါသကို မွှေနှောက်လိုက်သလို ဖြစ်သွားသည်။

ဝုန်း

သူ၏သံထန်းထဲတွင်ရှိသော ကြယ်စွမ်းအင်များက မရေမတွက်နိုင်သော စမ်းရေအိုင်များကဲ့သို့ ရစ်ခွေလှည့်ပတ်လာသည်။ သွမ့်ဝူကျုံးက မြင်းပေါ်ထိုင်လျှက် သူ၏ဓားကို မြှောက်လိုက်သောပုံရိပ်က သူ၏အနောက်သို့ လှည့်ပတ်လာသည်။ သွမ့်ဝူကျုံးက မြင်းပေါ်ထိုင်လျှက် သူ၏ဓားကို မြှောက်လိုက်သော ပုံရိပ်က သူ၏အနောက်တွင် ထင်ရှားစွာ ပေါ်လာပြီးနောက်တွင် သူ၏လက်ထဲတွင် ဆေးပင်များ အပြည့်ပါသော ခြင်းတောင်းကိုကိုင်ထားသည့် ဗုဒ္ဓရုပ်ပွားတော်တစ်ခုအလား ထင်ရသည်။

ရုတ်တရက် အလင်းစက်ကွင်းများက စတင်တုန်ခါကာ ပျံ့နှံ့လာပြီးနောက်တွင် ထိုရုပ်ပွားတော်ကို ဝိုင်းပတ်လာသည်။ ထိုအလင်းစက်ကွင်းများက တဖြည်းဖြည်းချင်း အမျိုးမျိုးသော လက်နက်များအဖြစ် ပြောင်းလဲသွားသည်။ ဆေးမီးဖိုများ၊ ဆေးငရုတ်ကျည်ပွေ့များ၊ ဆေးကျောက်တုံးများ၊ ဆေးပုလင်းများ၊ ဆေးခရားအိုးများအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။ ဒါက ဒဏ္ဍာရီတွင်သော အ့ဟိုင်၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ဆေးဘုရင်ဖြစ်သည်။

ဗဟိုပြင်ကျယ်နှင့် အ့ဟိုင်၏ ချောက်ကျောင်ပြည်ထောင်၏ ယုံကြည်သက်ဝင်မှုက ကွာခြားသည်။ သူတို့၏ ယုံကြည်သက်ဝင်မှုကမူ ပြည်တွင်းအင်အားကြီးသူများကို ယုံကြည်ကိုးကွယ်ခြင်းဖြစ်သည်။ ဆေးဘုရင်က အ့ဟိုင်၏ ဆေးနတ်ဘုရားဖြစ်သလို အင်အား၏ နတ်ဘုရားလည်းဖြစ်သည်။ မာန်ရှဲ့ကျောင်းမှ ဆေးဘုရင်၏ သိုင်းကိုကျင့်သော သွမ့်ဝူကျုံးတို့လို လူမျိုးအတွက် ဒါကချွင်းချက်မဟုတ်ချေ။

ဝုန်း

သွမ့်ဝူကျုံးက ဆေးဘုရင်ကို ပုံရိပ်ပွားအနေဖြင့် ဆင့်ခေါ်လိုက်ပြီးနောက်တွင် ထုထည်ကြီးမားသော ချီစက်ကွင်းများက သူ၏ဂူပတ်ဝန်းကျင်တွင် တလိမ့်လိမ့်တက်လာသော လှိုင်းလုံးများအလား ဖြစ်တည်လာသည်။ ချက်ချင်းလိုလို မြေကမာ္ဘက တုန်ယင်လာပြီး သွမ့်ဝူကျုံး၏ အဝတ်နှင့် အနက်ရောင် ဆံပင်က လေကြောင့်စတင်လွင့်သည်။ သူ၏ကိုယ်မှ ပြင်းထန်သော စွမ်းအင်မုန်တိုင်းက စတင်ပေါက်ကွဲတော့သည်။

ဝုန်း

ထိုချီစက်ကွင်းမှ ထွက်လာသော စွမ်းအားက လျှပ်စီးလက်လိုက်သလိုမျိုး ဖြစ်လာသည့် အခြေအနေမျိုးနှင့်အတူ တစ်ဆယ်ကျန်း ဝန်းကျင်အတွင်းတွင်ရှိသော အန်းနန်အစိုးရစစ်တပ်က လူတိုင်း၏ အရိုးက ကွဲကြေပြီး ကြွက်သားများက စုတ်ပြတ်ခဲ့ရသည်။ အားလုံးက ကြိုးပျက်သွားသော စွန်များကဲ့သို့ လွင့်စင်ကုန်ကြသည်။

“စစ်သည်တော်တိုင်း ရှေ့တက်ကြစမ်း”

ကျောက်တုံးဖြူတပ်ရင်းမှ အရာရှိများက ကြီးမားသော ပိုက်ကွန်ကြီးအလား အသုံးပြုလိုက်ပြီး သူတို့၏ စစ်သားများကို သွမ့်ဝူကျုံးကို ဗဟိုပြုကာ ဝိုင်းစေလျှက် တောင်ပေါ်သို့ စတင်ကာ ချီတက်သည်။

ဝုန်း

ဖုန်မှုန့်များက အလုံးလိုက် တက်ချိန်တွင် ငယ်သံပါအောင် အော်ဟစ်သံများက လေထဲတွင် ပြည့်နှက်လာသည်။ အင်အားကြီးမားသော အန်းနန်အစိုးရစစ်တပ်ထဲတွင် ဘယ်သူကမှ သွမ့်ဝူကျုံး၏ ချီတက်လာမှုကို တားဆီးနိုင်စွမ်းအား မရှိကြချေ။

“တက်”

သွမ့်ဝူကျုံးက လမ်းဖောက်မှုနှင့်အတူ ကျောက်တုံးဖြူတပ်ရင်းက ရှေ့ဆက်တက်ပြီး စတင်ကာ အော်ဟစ်ကျုံးဝါး လိုက်ပါလာလျှက် သူတို့၏ ဗိုလ်ချုပ်များ၏ အနောက်မှ လိုက်ကြသည်။

ဝမ်ချောင်က မြို့တော်မှ စစ်လက်နက်ပေါင်းများစွာကို ပို့ဆောင်နိုင်ခဲ့သော်လည်း တောင်ပတ်ပတ်လည်တွင် သတ္တုနံရံများကို တက်နိုင်သမျှ ချခင်းထားခဲ့သည့်တိုင်အောင် ထိုသတ္တုနံရံများက မြင်းတပ်ကိုသာ ပစ်မှတ်ထားခြင်းဖြစ်သည်။ ခြေလျှင်တပ်အတွက်မူ အသုံးမဝင်တော့ချေ။ အနည်းဆုံး ကျောက်တုံးဖြူ တပ်ရင်းအတွက် အသုံးမဝင်ချေ။

ခလွပ်

ကွဲအက်သွားသော အသံနှင့်အတူ ထိုးဖောက်၍မရဆိုသော ထန်ခုခံမှုအင်အားစုလှိုင်းတွင် ကြီးမားသော အပေါက်ကြီးက စတင်ကာ ဖြစ်ပေါ်လာသည်။ သွမ့်ဝူကျုံး၏ အမိန့်အောက်တွင် ထိုအပေါက်က ကျယ်သထက် ကျယ်လာသည်။

“မဆိုးပါဘူး ဦးလေးသွမ့်က သူ့ရဲ့အင်အားကို ဒီလောက်ထိ စိုက်ထုတ်ထားတာပဲ”

တောင်ခြေမှ တိုက်ပွဲကို ကြည့်နေသော ဖုန်းကျားရီ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာက ပေါ်လာသည်။

သူ၏အနောက်တွင်ရှိသော ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်တို့ အားလုံးကလည်း ခေါင်းညိမ့်ကြသည်။ ဗိုလ်ချုပ်ကိုယ်တိုင် ချီတက်ခြင်းက ဗိုလ်ချုပ်တစ်ယောက်က လှုံ့ဆော်ပေးခြင်းလောက် သက်ရောက်မှု မရှိဟုဆိုသောအရာက အိုဟောင်းနေသော စစ်ဗျူဟာများစွာထဲက တစ်ခုဖြစ်သည်။ သွမ့်ဝူကျုံး ကိုယ်တိုင်က ချီတက်ရန် ဦးဆောင်မှုနှင့်အတူ ကျောက်တုံးဖြူတပ်ရင်း၏ ဖျော်ဖြေမှုက လျှင်မြန်စွာဖြင့် တိုးတက်လာသည်။ ကျောက်တုံးဖြူတပ်ရင်း တစ်ခုလုံးက အင်အားအချို့ ပိုင်ဆိုင်သွားသလို ဖြစ်သွားသည်။

သူတို့က ယွီစန်း၏ မြင်းတပ်နှင့် မယှဉ်နိုင်သော်လည်း လက်ရွေးစင်များကဲ့သို့ အမိန့်ပေး၍ရသည်။

အခြားတစ်ဖက်တွင် သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က ဘာစကားမှ မပြောသော်လည်း သူတို့ကလည်း စိတ်ပိုင်းဆိုင်ရာအားဖြင့် အသိအမှတ် ပြုကြလေသည်။

သာ့လွန်ရော့ကျန်းဖြစ်စေ၊ ဟော်ရှု့ဟွေ့ခမ်းဖြစ်စေ အ့ဟိုင်၏ တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ကြုံခဲ့ခြင်း မရှိချေ။ အမှန်တိုင်းဆိုရသော် သူတို့ကလည်း အန်းနန်အစိုးရစစ်တပ်မှ စစ်သည် တစ်သိန်းရှစ်သောင်း ပျောက်ဆုံးသွားကြောင်း ကြားခဲ့ရချိန်က အံ့သြခဲ့ရသည်။ မာန်ရှဲ့ကျောင်းက ခဲ့လော့ဖုန်း၏ ဦးဆောင်မှုအောက်တွင် တိုင်းပြည်ကြီးတစ်ခု ဖြစ်လာနိုင်သည်မှာ အံ့သြစရာမရှိချေ။

သူတို့ယခု ပြသသော အင်အားက ထိုခွန်အားဖြစ်သည်။

ဝေါင်း

“သတ်”

“ဗိုလ်ချုပ်ရဲ့နောက်ကိုလိုက်ပြီး ထန်တွေကို သတ်ကြစမ်း”

ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်တော်တိုင်းက ရုတ်တရက် အားအင်အပြည့် ဖြစ်သွားလေပြီး လေထဲသို့ ပဲ့တင်ထပ်စေလောက်သော ကျုံးဝါးသံနှင့်အတူ ဆင်ခြေလျှောပေါ်သို့တက်သည်။ မဟာထန်၏ အခြေအနေက အားနည်းသောဘက်သို့ ချက်ချင်းရောက်သွားသည်။ ပထမတစ်သုတ်တွင် သူတို့က အချိန်အတန်ကြာ နောက်မဆုတ်ခင် စတင်သုံးသပ်ခဲ့ကြသေးသည်။ ဒီတစ်ကြိမ်တွင်မူ ခုခံအားလှိုင်းက ချက်ချင်း ပြိုကျသွားခြင်းလည်းဖြစ်သည်။

ဟမ့်

တပ်ဖွဲ့များကို ချီတက်ရခြင်းက သေသပ်ကောင်းမွန်သော အခြေအနေတစ်မျိုးဆိုလျှင် ခုခံမှုအားလှိုင်းကို ကျော်ဖြတ်နိုင်ရန် ကြိုးစားရခြင်းက ခက်ခဲမှုဟု ဆိုရမည်ဖြစ်သည်။ စစ်တပ်၏ မဟာဗိုလ်ချုပ် တစ်ယောက်အတွက် အခြေအနေက မရှင်းလင်းခင် ရန်သူ၏ ဝင်္ကပါထဲသို့ ချီတက်ရန် ဝင်ရောက်သွားရခြင်းက ကိုယ့်ကိုယ်ကို ရင်းနှီးရခြင်းဖြစ်သလို ဉာဏ်ပညာမရှိသော လုပ်ရပ်လည်းဖြစ်သည်။

နှစ်ဖက်လုံးက စတင်တိုက်ခိုက်နေကတည်းက အတည်ငြိမ်ဆုံးသော လူက တောင်ပေါ်ရှိ ဝမ်ချောင်ဖြစ်သည်။

ဦးဆောင်ချီတက်မှုနှင့်အတူ သွမ့်ဝူကျုံးက ကျောက်တုံးဖြူတပ်ရင်း၏ စိတ်ဓာတ်အင်အားကို တိုးမြှင့်ပေးနိုင်ခဲ့သည်။ သူက မယုံနိုင်စရာ ကောင်းလောက်သော အရှိန်အဝါအပြည့်ဖြင့် မားမတ်စွာ ရှိနေသော အဆောက်အဦးကြီးတစ်ခုကဲ့သို့ ဖြစ်နေသော်လည်း ဝမ်ချောင်၏ မျက်လုံးတွင်မူ ဟာသတစ်ခုထက် မပိုချေ။

သူ့မှာသတ္တိတော့ ရှိသားပဲ။ ဒါပေမဲ့ ဉာဏ်လည်းမရှိသလို သုံးသပ်နိုင်စွမ်းအားလည်း မရှိဘူး။ သွမ့်ဝူကျုံး မင်းက တတိယအဆင့် ဗိုလ်ချုပ်စာရင်းတောင် မဝင်မှာကို ငါစိုးရိမ်မိပါရဲ့။

ဝမ်ချောင်က တွေးလိုက်သည်။ အခြေအနေက လိုအပ်လျှင် ဗိုလ်ချုပ်တစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ချီတက်သင့်သည်။ သို့သော် ထိုသို့ဦးဆောင်ချီတက်သင့်ခြင်းက အာဏာရှင်တစ်ယောက်က အမိန့်ပေး၍ ဖြစ်၍မရသလို ရန်သူ၏ရှေ့တန်း ခုခံအားလှိုင်းကို ဖွင့်ချင်သောကြောင့်လည်း ဖြစ်၍မရချေ။ ဝမ်ချောင်၏အမြင်တွင် သွမ့်ဝူကျုံး၏ စစ်အနုပညာ လုပ်ဆောင်နိုင်စွမ်းအားက သာမာန်ဗိုလ်ချုပ် တစ်ယောက်လောက်ပင် လုံလောက်မှုမရှိချေ။

ဒီလိုလူမျိုး ဦးဆောင်သော စစ်တပ်က တိုက်ပွဲတိုင်းတွင် ထိုသို့ချီတက်မည်ဟု ဆုံးဖြတ်ချက် ချနေမည်ဆိုလျှင် သာမာန်စစ်သည်တော်များနှင့်ပင် သူကခြားနားတော့မည် မဟုတ်ချေ။

သွမ့်ဝူကျုံး၏ အင်အားအလုံးအရင်းဖြင့် ချီတက်ခြင်းက သိပ်ကြာကြာမခံချေ။

ခလွပ်

သွမ့်ဝူကျုံး၏ အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်သွားသည့် အချိန်တွင်ပင် သွမ့်ဝူကျုံးက ရပ်တန့်၍ မရနိုင်သော ပြင်းထန်သာ ပေါက်ကွဲအားလှိုင်းတစ်ခုလိုမျိုး အားလုံးကို ရှင်းလင်းပစ်လိုက်သည်။ ရေကာတာ ကျိုးပေါက်သွားသလိုမျိုး တောင်ပေါ်မှ လေမုန်တိုင်းက တိုက်ခတ်လာသလိုမျိုး ဖြစ်လာသည်။ စစ်တပ်၏ အလယ်တွင် အလွန်အမင်း ကြီးမားသော သံမဏိမြို့ရိုးကြီးနှစ်ချပ် အကြားတွင်... ကောင်းကင်မှ တိုင်တစ်တိုင်က ထိုးကျလာသလိုမျိုး အရှိန်အဝါ ပြင်းထန်သည့် ပုံရိပ်တစ်ခုက ခုန်ဆင်းလာကာ သွမ့်ဝူကျုံး၏ ဒုက္ခများကို တားဆီးလိုက်ပြီး ကျောက်တုံးဖြူတပ်ရင်းကိုလည်း ထွက်ခွာ၍မရအောင် ပိတ်ဆို့လိုက်သည်။

အနက်ရောင် မြင်းတစ်ကောင်နှင့် ဗိုလ်ချုပ်တစ်ယောက်ကပင် သွမ့်ဝူကျုံး၏ ရပ်တန့်၍မရဟု ဆိုနေကြသော အရှိန်အဝါကို တားရန်လုံလောက်သည်။

“သွမ့်... ဝူ... ကျုံး...”

အော်ဟစ်သံက အံ့ကြိတ်သံကဲ့သို့ သွားကြားထဲမှ တစ်လုံးချင်းစီဖိကာ အော်နေခြင်းဖြစ်သည်။ လေတွင်လွင့်နေသော နီရဲသော အမွှေးဖွာများနှင့် မြင်းပေါ်တွင် မားမတ်စွာ ထိုင်နေသော အသားမည်းမည်းနှင့် ဗိုလ်ချုပ်က ဆေဘာဓားကို ကိုင်ထားသည်။ သူ၏အေးစက်သော မျက်ဝန်းက သွမ့်ဝူကျုံးကို စိုက်ကြည့်နေပြီး အသက်ရှင်လျှက် ဝါးစားချင်သော ဆန္ဒကလွဲ အခြားမရှိတော့ချေ။

“ကျောက်ဝူကျန်း”

ထိုဗိုလ်ချုပ်ကို မြင်သောအခါ သွမ့်ဝူကျုံးက အနည်းငယ် ငေးမိသွားသည်။ သို့သော်သူက လျှင်မြန်စွာဖြင့် ကောင်းကင်ထိတိုင် ထိုးတက်သွားလောက်သော အရှိန်အဝါဖြင့် ပေါက်ကွဲသွားပြန်သည်။

“စစ်တပ်နှစ်ခု ထိပ်တိုက် တွေ့ဆုံတဲ့အခါ တစ်ဖက်ချင်းစီတိုင်းမှာ သခင်တွေရှိတယ်။ ငါ့ကိုအပြစ်မတင်နဲ့။ ငါ့ကိုတားဖို့ ကြိုးစားတဲ့လူတိုင်း သေရမယ်”

ဝုန်း

သွမ့်ဝူကျုံး၏ ထုထည်ကြီးမားသော ချီစက်ကွင်းက သူ၏ကိုယ်မှ ပဲ့တင်ကာ ထွက်လာပြီးနောက်တွင် စတင်ကာ မျက်စိကြိမ်းမတက် တောက်ပသော အလင်းများဖြင့် ပေါက်ကွဲသွားသည်။ သူကဓားရှည်ကို ယမ်းလိုက်ချိန်တွင် အနောက်တွင်ရှိသော ဆေးဘုရင်၏ မျက်ဝန်းက စူးရှသွားပြီး မရေမတွက်နိုင်သော အိုးများ၊ ဆေးပြင်းဖိုများ၊ ခရားများ စသဖြင့် တစ်ခုချင်းစီတိုင်းက လေးလံသော တောင်ကြီးများကဲ့သို့ ဖြစ်လာကာ ဒေါသတကြီးဖြစ်နေသော မုန်တိုင်းတစ်ခုကဲ့သို့ ကျောက်ဝူကျန်းထံ တိုးဝင်သွားသည်။

ဝုန်း

ထိုပစ္စည်းတစ်ခုစီတိုင်းက သတ္တုနံရံများကို ကျော်ဖြတ်သွားပြီး တိုက်ရိုက်ပင် မြေပြင်သို့ ပြုတ်ကျသွားသည်။ ထိုနံရံအပိုင်းအစ တစ်ခုချင်းစီတိုင်းက ရင်ထောင်ပေါင်းများစွာ လေးသည့်တိုင်အောင် ထိုသို့ ဖယ်ရှားခံရလေသည်။

ထိုသို့ဖြင့် ဆေးဝါးကျောက်တုံးများ၊ ခရားများ၊ အိုးများ စသဖြင့်တို့က ထိုသံမဏိမြို့ရိုးများကို ကျော်ဖြတ်ပြီးနောက်တွင် ဖြတ်ကနဲဆိုသလို မမြင်ရသော နံရံတစ်ခုကို ရိုက်မိသလို ဖြစ်သွားသည်။ ကျောက်ဝူကျန်းနှင့် လေးကျန်း ငါးကျန်းခန့်အကွာ လေထဲတွင် အလိုလိုရပ်သွားလေသည်။ ဖျက်ဆီးခြင်းစွမ်းအား ပြည့်နှက်နေသော ကြယ်စင်စွမ်းအားများက ထိုပစ္စည်းများကို ကျောက်ဝူကျန်း၏အနားသို့ မကပ်နိုင်ရန် တားဆီးထားသည်။

“မင်းကငါ့ကို သစ္စာဖောက်မယ်မှန်းသာ သိခဲ့ရင် ငါအရင်ကတည်းက မင်းကိုသတ်ခဲ့မှာပဲ”

ကျောက်ဝူကျန်း၏ မျက်လုံးက သွေးလွှမ်းနေသည်။ သူ၏မျက်ဝန်းထဲတွင် ဒေါသများက အပြည့်ရှိနေပြီး ရုတ်တရက် သွေးနီရောင် မီးတောက်အလင်းက လက်သွားပြီးနောက်တွင် တစ်ဖက်က လွင့်ပစ်လိုက်သော ဆေးမီးဖိုများ၊ ခရားများ၊ ကျောက်တုံးများ စသဖြင့် အားလုံးတို့က ထိုမီးတောက်များ၏ တိုက်ခိုက်မှုကို ခံရလေသည်။ ထိုသို့ဖြင့် ချက်ချင်းလိုလို အက်ကွဲသွားသည်။

ခလွပ်

ကောင်းကင်တွင် ဆက်တိုက်ဆိုသလို သန့်စင်သော စွမ်းအင်များက စုတ်ဖြဲခံရသံ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် လေထဲတွင် သံမဏိချင်း ထိခတ်သံ၊ ဆောင့်ရိုက်မိသံများ၊ ထွက်ပေါ်လာပြီး ကျောက်ဝူကျန်းနှင့် သွမ့်ဝူကျုံးတို့က သူတို့၏ ကြယ်စင်စွမ်းအားများကို အသုံးပြုကာ ဆက်တိုက်ရင်ဆိုင်ကြသည်။ ဖြတ်ကနဲဆိုသလို သူတို့၏ ကြယ်စင်စွမ်းအင်တိုင်း ထိပ်တိုက်တွေ့ဆုံသွားချိန်တွင် နှစ်ယောက်လုံးက ရှေ့သို့ ခုန်တက်သွားပြီဖြစ်သည်။

ချွင်

ဆေဘာဓားက ဓားနှင့်ဆုံသည်။ တောက်ပလွန်းသော နီရဲနေသည့် ကြယ်စင်စွမ်းအင်က ဆူးချွန်ချီစက်ကွင်း ကြယ်စင်စွမ်းအင်နှင့် ထိပ်တိုက်တွေ့ဆုံသွားချိန်တွင် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ထိုနှစ်ယောက်က တိုက်ခိုက်ချိန်တွင် မဟာထန်၏ စစ်သည်ပင်ဖြစ်စေ ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်ပင်ဖြစ်စေ ရှောင်ရှားနိုင်ရန် မရှိတော့ချေ။ သူတို့တုန့်ပြန်နိုင်ရန် လွန်စွာဝေးကွာလွန်းသည်။ ထို့ကြောင့် အော်ဟစ်လျှက် အားလုံးက လွင့်ထွက်သွားကြရသည်။

“ ”

ကျောက်ဝူကျန်း၏ အနောက်မှ အန်းနန်အစိုးရစစ်တပ်၏ အရာရှိများက ဓားများကိုထုတ်လျှက် အော်ဟစ်ကြပြီး ဒီအခွင့်အရေးကိုယူကာ အန်းနန်အစိုးရစစ်တပ်ကို ဦးဆောင်လျှက် တောင်အောက်သို့ဆင်းသည်။ တစ်ချိန်ထဲတွင်ပင် ကျောက်တုံးဖြူတပ်ရင်းမှ အရာရှိများကလည်း သူတို့၏ တပ်ဖွဲ့ကိုဦးဆောင်ကာ အပေါ်သို့တက်သည်။ ထိုသို့ဖြင့် စစ်တပ်နှစ်ခုက လေထဲတွင် ထိပ်တိုက်တွေ့ဆုံကြပြန်ကာ ပြည့်နှက်စွာ တိုက်ခိုက်ကြပြန်သည်။

“လုံလောက်ပြီ”

တောင်ထိပ်ပေါ်ရှိ ဝမ်ချောင်က ရုတ်တရက် အကြည့်ကိုရုတ်ပြီး အခြားတစ်ဖက်သို့ စကြည့်လိုက်သည်။

ဒီတိုက်ပွဲက ထိုဗိုလ်ချုပ်နှစ်ယောက်၏ တိုက်ခိုက်မှုနှင့် ဆုံးဖြတ်နိုင်မည် မဟုတ်ချေ။ ကျောက်ဝူကျန်းက ပေါ်လာပြီး သွမ့်ဝူကျုံးကို နှောက်ယှက်လိုက်သည်နှင့် တိုက်ပွဲက အခြားတစ်ဖက်သို့ ရောက်ရှိသွားပြီဖြစ်သည်။

အခုငါ့အလှည့်ပဲ။ ခဲ့လော့ဖုန်း သွမ့်ခဲ့ချွမ် ဒီတစ်ကြိမ်မှာ မင်းတို့ရဲ့ ကျောက်တုံးဖြူတပ်ရင်းက စစ်သည်ရှစ်ထောင်ကျော်လောက် ဆုံးရှုံးမှာ မဟုတ်လောက်တော့ဘူး ထင်ပါရဲ့။

ဝမ်ချောင်၏ နှုတ်ခမ်းပါးတွင် ကျောချမ်းဖွယ်ကောင်းသော အပြုံးက ထွက်ပေါ်လာလျှက် စစ်သည်တော် အုပ်ထဲမှ လူနှစ်ယောက်ကိုကြည့်သည်။

လောကဝတ်က တစ်ဖက်ပြိုင်ဘက်ကို သင်ခန်းစာပေးရန် ဘယ်သောအခါမှ မလုံလောက်ချေ။ အစစ်အမှန် တိုက်ပွဲကသာ ဖျက်ဆီး၍မရသော အမှတ်အသားကို ထင်ကျန်ရစ်စေမည်ဖြစ်သည်။

အင်ပါယာ၏ အနောက်တောင်ပိုင်းက တန်ကြေးကြီးကြီးမားမား ပေးဆပ်ခဲ့ပြီးလေပြီး ယခုအခါတွင် သူ၏ရန်သူများကို သူတို့၏ လှုပ်ရှားမှုအတွက် တန်ကြေးပြန်ပေးဆပ်ခိုင်းရမည့်အချိန် ဖြစ်လာသည်။ သူက လက်ရှိအချိန်တွင် တိုင်းပြည်နယ်ပယ်တွင် ဘာမှမဟုတ်သော ကျင့်ကြံသူတစ်ယောက် ဖြစ်နေသော်လည်း စစ်အနုပညာတွင်မူ အမြဲတစေ ဉာဏ်ရည်ပြည့်ဝပြီးသားဖြစ်သည်။

ခဲ့လော့ဖုန်း သွမ့်ခဲ့ချွမ် ဖုန်းကျားရီ သာ့လွန်ရော့ကျန်းနဲ့ ဟော်ရှု့ဟွေ့ခမ်း တိုင်းတစ်ပါးသားတွေမှာ အင်အားကြီးတဲ့ ပုဂ္ဂိုလ်တွေ ဘယ်လောက်ပဲ ရှိနေရှိနေ ဘယ်လိုပဲ စိတ်ဆန္ဒတွေရှိရှိ သူတို့က မဟာထန်ကို ရင်ဆိုင်ချင်တာနဲ့ ဝမ်ချောင်က စစ်သူတော်စင်ရဲ့ အရှိန်အဝါက ဘာလဲဆိုတာကို အားလုံးနားလည်အောင် ပြသရလိမ့်မယ်။

အနာကျင်ဆုံး သင်ခန်းစာကသာ ထိုတိုင်းတစ်ပါးသားများကို မဟာထန်ကို လေးစားရန် နားလည်သွားစေမည်ဖြစ်သည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စီမံကိန်းအတိုင်း စတင်တော့”

ညာဘက်လက်ကို တစ်ချက်ယမ်းလိုက်ပြီးနောက်တွင် ဝမ်ချောင်က အချက်ပြအလံကို ချလိုက်သည်။

ကျောက်ဝူကျန်းက ငါးစာသာဖြစ်သည်။ သူက ဘယ်သောအခါကမှ ဒီတိုက်ပွဲ၏ ဗိုလ်ချုပ်တစ်ယောက် မဟုတ်ခဲ့ချေ။ သွမ့်ဝူကျုံးက သူ၏စစ်သည် တစ်သိန်းကို ဦးဆောင်ကာ ဝင်လာရန် ဆုံးဖြတ်ပြီးကတည်းက သူဟာ ဝမ်ချောင်၏ ပိုက်ကွန်အတွင်း မိသွားခဲ့ပြီးသားဖြစ်သည်။

အခန်း(၅၆၉)

ဝုန်း

ရုတ်တရက် တစ်စုံတစ်ရာကို ဆောင့်ဆွဲချလိုက်သလိုမျိုး လေပြင်းက တိုက်ခတ်လာပြီး တခဏအတွင်းတွင် တောင်ထိပ်ပေါ်ရှိ သွေးအလံက တဖြတ်ဖြတ် လွင့်လာသည်။ ထို့နောက် တခဏတွင် ခုခံရန် အသက်ကို စတေးရတော့မတက် ဖြစ်နေကြသော အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော်တိုင်းက ရုတ်တရက် အသည်းအသန် ခုခံနေမှုကို လျော့ချသွားကြသည်။ လေးကြိုးကို ရုတ်တရက် လျော့လိုက်ပြီးနောက် တဖန် ခပ်တင်းတင်းဆွဲကာ လွှတ်လိုက်သလိုမျိုး ဖြစ်သွားပြီး ချက်ချင်းလိုလို သွမ့်ဝူကျုံးက တိုက်ခိုက်နေသော နေရာကလွဲပြီး အခြားနေရာတိုင်းက ရှေ့တန်းရှိ ကျောက်တုံးဖြူတပ်ရင်းတိုင်းထံ ရောက်သွားတော့သည်။

“မကောင်းတော့ဘူး”

သွမ့်ဝူကျုံးကလည်း ပတ်ဝန်းကျင်ကို အမြဲတစေ အာရုံစိုက်ထားလေရာ သူ၏မြင်ကွင်းထောင့်မှ တစ်စုံတစ်ရာကို သတိထားလိုက်မိပြီး မျက်လုံးပြူးသွားသည်။ ထို့နောက် တခဏတွင် သူဒီအခြေအနေကို ရပ်တန့်ရန် ကြိုးစားလိုက်ချင်သည်။ သို့ရာတွင် သွမ့်ဝူကျုံးက ပါးစပ်ဟကာ အမိန့်ထုတ်တော့မည့် အချိန်တွင်ပင် သွေးရောင်အလင်းက သူ့ကိုသတ်ဖြတ်ရန် ရုတ်တရက် ကြိုးစားလာသည်။ ကောင်းကင်မှ ကြီးမားလှသော ဆေဘာက ခုတ်ပိုင်းလာချိန်တွင် ဖျက်ဆီးခြင်းစွမ်းအင်က အပြည့်ပါလာသည်။

ဝုန်း

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်နှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားသလိုမျိုး ကြယ်စင်စွမ်းအင်များက ပဲ့တင်ထပ်ကာ ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားချိန်တွင် ကျန်းပေါင်းများစွာ ထူသော တိုင်တစ်တိုင်အဖြစ် ပြောင်းလဲသွားတော့သည်။ သွမ့်ဝူကျုံးက အော်ရန်ပြင်ထားသော အမိန့်က ချက်ချင်းလိုလို ပါးစပ်ထဲ ပြန်ဝင်သွားသည်။ အကြောင်းမူကား ကျောက်ဝူကျန်းက ဆေဘာကို သုံးလိုက်ကာ ဆက်တိုက် တိုက်ခိုက်လာသောကြောင့် ဖြစ်သည်။

“မြန်မြန်နောက်ဆုတ် သူတို့နောက်ကို မလိုက်နဲ့”

တောင်ခြေတွင်ရှိသော အိမ်ရှေ့စံကလည်း ဒီမြင်ကွင်းကြောင့် တုန်ယင်သွားပြီး သူ၏နှလုံးသားအတွင်း စိုးရိမ်စိတ်က ပြင်းထန်လာသည်။ သူက သတိလက်လွတ် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သော်လည်း သူ၏အသံကိုကြားရန် တောင်ပေါ်ရှိ တိုက်ပွဲ၏ တိုက်ခိုက်သံများနှင့် လေပြင်းက ထန်နေလွန်းသောကြောင့် အခြေအနေကိုသူက လှမ်းအော်ရုံဖြင့် မပြောင်းလဲနိုင်တော့ကြောင်း သိလိုက်သည်။

“ကပ်ဘေးပဲ ဒီအတိတ်က တဖန်ဖြစ်လာပြန်ပြီ”

“ဒီအကွက်ပဲ လာပြန်ပြီ”

တောင်ခြေတွင်ရှိသော သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့၏ မျက်နှာက ဖြူဖျော့သွားကြသည်။ အန်းနန်အစိုးရစစ်တပ်က သိပ်မကြာခင်ကမှ ကျောက်တုံးဖြူတပ်ရင်းကို ရှုံးသွားအောင် လုပ်ခဲ့သောအကွက်ကို ပြန်သတိရလိုက်ကြသည်။

“သတ်”

“သတ်”

“ဗိုလ်ချုပ်က ဒီမှာရှိနေတယ်။ အန်းနန်အစိုးရစစ်တပ်က ကြာကြာ တောင့်ခံနိုင်တော့မှာမဟုတ်ဘူး”

တိုက်ပွဲအတွင်းရှိ ကျောက်တုံးဖြူတပ်ရင်းကမူ ရှေ့တွင် ဘာဖြစ်နေကြောင်း နားမလည်ကြချေ။ သူတို့ကသိသည်မှာ လွတ်နေသော နေရာထဲသို့ ချက်ချင်းဝင်ဖြည့်ပြီး ရှေ့တန်းသို့ တိုက်ခိုက်ရန်ဖြစ်သည်။ ဝမ်ချောင်၏ ဒီတောင်ကို ရွေးချယ်လိုက်သော အဓိက ရည်ရွယ်ချက်ကလည်း အစပိုင်းကတည်းက ဒီလိုအခြေအနေဖြစ်ရန် မျှော်လင့်ခဲ့မိပြီးသောကြောင့် ဖြစ်သည်။ ဆင်ခြေလျှော အနေအထားနှင့် မျက်နှာပြင်ပေါ်တွင် ကာရံထားသော သတ္ထုနံရံများက မြို့ရိုးများကဲ့သို့ ဖြစ်နေကာ နောက်ပိုင်းရှိ စစ်သားများကို ရှေ့သို့မြင်ရန် ခက်ခဲသွားစေသည်။ ဒီနည်းအားဖြင့် အရှေ့က အခြေအနေကို အခြားသူများက မသိနိုင်တော့လေရာ ဝမ်ချောင်၏ ဗျူဟာအတွက် ပြောင်မြောက်သွားသည်။

ဝုန်း

စစ်သည်တော်အုပ်က ရှေ့သို့ဆက်တိုက် တက်နေချိန်တွင် သူတို့၏ အစီအစဉ်တကျ ရှိနေသော ရွေ့လျားမှု ဝင်္ကပါကလည်း ပြိုပျက်ကာ ဝရုန်းသုန်းကား ဖြစ်သွားသည်။ ရှေ့တန်းသို့ သွမ့်ဝူကျုံးက ဝင်ရောက်လာခြင်း၏ သက်ရောက်မှုက ချက်ချင်းလိုလို ပျက်ယွင်းသွားတော့သည်။

“သတ်”

တောင်ပေါ်တွင်လည်း အန်းနန်အစိုးရစစ်တပ်၏ လှံသမား ပုဆိန်သမားများက နေရာတိုင်းမကျန် ပြည့်နှက်နေကြလေပြီး အရှိန်အဟုန် ပြင်းထန်သော မြို့ရိုးတစ်ခုကို တည်ဆောက်ထားကာ အစီအစဉ်မကျ ဖြစ်နေသော ကျောက်တုံးဖြူတပ်ရင်းထံ လျှင်မြန်စွာဖြင့် ဝင်ရောက်လျှင် ခုတ်ပိုင်းသုတ်သင်တော့သည်။

တချွင်ချွင်သံများက ထွက်ပေါ်နေသည်။ သတ္တုချင်း ထိခတ်သံများ၊ ငယ်သံပါအောင် အော်ဟစ်သံများက ကောင်းကင်ထိတိုင် ပြည့်နှက်နေတော့သည်။ အစီအစဉ်တကျ လှုပ်ရှားခြင်းလည်း မရှိသလို အမိန့်အတိုင်း ရွေ့လျား၍လည်း မရတော့သော စစ်တပ်က စစ်သည်တော် တစ်ယောက်ချင်းစီဖြစ်စေ အဖွဲ့လိုက် တိုက်ခိုက်နေခြင်းပင်ဖြစ်စေ ပြန့်ကျဲနေသော သာမာန် အညတရ လူအုပ်ထက်မပိုတော့ချေ။ သာမာန် အစီအစဉ်တကျ ဖြစ်နေသော စစ်တပ်ကို ရင်ဆိုင်ရမည်ဆိုလျှင် ဒီလိုအခြေအနေမျိုးတွင် သူတို့က မည်သည့် အခြေအနေကိုမှ ပြောင်းလဲအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်တော်များ၏ အသက်က စက္ကန့်ပိုင်းအတွင်းတွင်ပင် ရင်ဘက်ကို အေးစက်သော ဆူးချွန်များက ဖောက်ဝင်သွားပြီး ကျောဘက်မှ ထွက်ခြင်းအားဖြင့် သေဆုံးနေကြရသည်။

တစ်ယောက် နှစ်ယောက် သုံးယောက် လေးယောက်

ဆယ်ယောက် အယောက်တစ်ရာ အယောက်တစ်ထောင်

မျက်တောင်တခတ် အချိန်အတွင်းတွင် ကျောက်တုံးဖြူတပ်ရင်းမှ အယောက်ထောင်ကျော် သေဆုံးကုန်ကြသည်။ အစီအစဉ်မကျ ဖြစ်နေသော ကျောက်တုံးဖြူတပ်ရင်းက မည်သည့်နည်းနဲ့မှ ရပ်တန့်၍ မရသော အန်းနန်အစိုးရစစ်တပ်ကို မယှဉ်နိုင်ခဲ့ချေ။

ဝုန်း

သွမ့်ဝူကျုံးက ဓားတစ်ချက်ဖြင့် ကျောက်ဝူကျန်းကို နောက်ဆုတ်သွားအောင် လုပ်ပြီးနောက်တွင် လျှင်မြန်စွာဖြင့် နောက်လှည့်ကာ အကွာအဝေးချလိုက်လျှက် မျက်နှာထားက ပြာနှမ်းသွားသည်။

“တပ်ဖွဲ့တွေအားလုံး ရှေ့ဆက်ကြ ရှေ့က စစ်သည်တော်တွေအားလုံးကို ရှေ့တန်းကို တောင့်ခံထားကြ။ အမိန့်မရှိဘဲ လိုက်တိုက်ခိုက်တာကို တားမြစ်တယ်”

တိုက်ပွဲကမစခင်က သူက ထန်၏ဗျူဟာကို မည်သို့ရင်ဆိုင် ခုခံရမည်နည်းဟု တွေးတောခဲ့ပြီးသားဖြစ်သည်။ သူက ကြိုတင်ပြင်ဆင်ထားခဲ့သည့်တိုင်အောင် ထောင်ချောက်အတွင်း မမျှော်လင့်ထားဘဲ ကျသွားခဲ့သေးသည်။

ဝုန်း

ကျောက်ဝူကျန်း၏ ဆေဘာက နောက်မှလိုက်ပါလာပြီးနောက်တွင် သွေးရောင်က ကပ်ပါသည်။ သွမ့်ဝူကျုံးက ထိုသို့ရိုးရှင်းသောအမိန့်ကို ပေးလိုက်ပြီးသည့်အချိန်တွင် တဖန် တိုက်ပွဲအတွင်း ဆွဲသွင်းခံရပြန်သည်။

“သွမ့်ဝူကျုံး မင်းကအမိန့်ပေးဖို့ အချိန်ရှိသေးရဲ့လား။ မင်းအရင်ဆုံး ကိုယ့်ကိုယ်ကို စိုးရိမ်သင့်တယ်။ ငါ့ရဲ့ဓားကိုကြည့်”

“သေစမ်း ကျောက်ဝူကျန်း မင်းငါ့ကို ဒီတိုင်းအချိန်ဆွဲထားနိုင်မယ်လို့ထင်လား။ ငါ့အတွက် သေလိုက်စမ်းပါ”

သွမ့်ဝူကျုံး၏ ဒေါသတကြီး အော်ဟစ်သံက ကောင်းကင်ထိတိုင် ပဲ့တင်ထပ်သွားသည်။ သို့တိုင်အောင် သူက မည်မျှ ဒေါသထွက်နေစေကာမူ ဝမ်ချောင်က ကျောက်ဝူကျန်းကို စေလွှတ်ကတည်းက သူ၏အားသာချက်များကို ပို၍မြင့်မားသွားအောင် အကြံပေးခဲ့ပြီးသားဖြစ်သည်။ ထို့ပြင် ထိုသို့အကြံပေးခဲ့သည့်တိုင်အောင် သွမ့်ဝူကျုံး၏ အမိန့်က အသုံးဝင်သေးလေသည်။

မဟာထန်ထံမှ သင်ခန်းစာရထားသော ကျောက်တုံးဖြူတပ်ရင်းက အန်းနန်အစိုးရ စစ်တပ်ထံမှလည်း များစွာသင်ယူနိုင်ခဲ့လေသည်။ ကွပ်မျက်အမိန့်သို့ ချက်ချင်းဝင်ရောက်နိုင်လောက်အောင် အားလုံးက စွမ်းအင်ပြည့်ဝသွားလေပြီ။ မဟာထန်နှင့်ယှဉ်သော် အနည်းငယ်မျှသာ လိုအပ်ချက်ရှိနေခဲ့ခြင်းလည်းဖြစ်သည်။

“တပ်ဖွဲ့တွေအားလုံးရှေ့တက် လိုနေတဲ့နေရာတွေမှာ ဖြည့်ကြ”

“တပ်ဖွဲ့တွေအားလုံးရှေ့တက် ရှေ့တန်းကို တောင့်ခံထားကြ”

“ရှေ့တန်းထဲကထွက်တဲ့ ဘယ်ကောင်မဆို သုတ်သင်ခံရမယ်”

“မြန်မြန် အလျှင်စလို လုပ်ဆောင်ရဲတဲ့လူတိုင်း စစ်တပ်စည်းမျဉ်းအရ သုတ်သင်ခံရမယ်”

သွမ့်ဝူကျုံး၏ အမိန့်အတိုင်း ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်တော် ရာပေါင်းများစွာက အချိန်မီ အမိန့်ဆက်တိုက် ထုတ်နိုင်လေပြီး အသီးသီးသော အမိန့်များကို ထုတ်နိုင်ကြလေရာ ကျောက်တုံးဖြူတပ်ရင်း၏ အဓိက အရာရှိများကြောင့် သွမ့်ဝူကျုံး၏ အမိန့်က အဆင်ပြေသွားသည်။ အချိန်တိုအတွင်းပင် ကျောက်တုံးဖြူတပ်ရင်းက လျှင်မြန်စွာဖြင့် ရှေ့တန်းကို ထိန်းလိုက်နိုင်သည်။

ရှေ့တန်းမှ အစီအစဉ်မကျဖြစ်နေသော စစ်သည်များက စွန့်ပစ်ခံရသည့် အချိန်တွင် ကျောက်တုံးဖြူတပ်ရင်းကမူ နောက်ထပ် ရှေ့တန်းတစ်ခုကို တဖန်ထုတ်ဖော်လိုက်ပြီဖြစ်သည်။ နောက်သို့ တဖန်ဆုတ်လိုက်ပြီးနောက်တွင် ကျောက်တုံးဖြူတပ်ရင်းက လစ်လပ်နေသော နေရာတိုင်းကို အပြည့်ဖြည့်ထားသည်။ ယခင်က ပြိုကျမှုက မရှိတော့သလိုမျိုး နောက်ပိုင်းလူများအပေါ် သက်ရောက်မှု မရှိတော့ချေ။

သွမ့်ဝူကျုံးက သူ၏တပ်ဖွဲ့၏ အဆီအနှစ်ကို အပြည့်အဝ ဖမ်းဆုပ်နိုင်ခဲ့ပြီးသားဖြစ်သည်။ ဒါကရိုးရှင်းစွာ မဟာထန်ကို တုပခြင်းမဟုတ်တော့ချေ။ သူက သူ၏ကိုယ်ပိုင် ပုံစံဖြင့် ဝင်္ကပါပုံစံကို ချီတက်မှုတွင်ဖြစ်စေ၊ ဖွံ့ဖြိုးတိုးတက်မှုတွင်ဖြစ်စေ ပြောင်းလဲနိုင်ခဲ့ပြီးသားဖြစ်သည်။ ခဲ့လော့ဖုန်းနည်းတူ သူကလည်း ကြောင်ခြောက်ပြည်ထောင်ထံမှ သင်ယူလေ့လာနိုင်ခဲ့လေပြီး သူ၏ခေါင်းမာမှုနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုတို့ဖြင့် တပ်ဖွဲ့တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။ အနည်းဆုံး မာန်ရှဲ့ကျောင်းတွင် အန်းနန်အစိုးရစစ်တပ်ကို စိန်ခေါ်ရန် အင်အားအပြည့် ရှိနေသည်။

တောင်ထိပ်ပေါ်ရှိ ဝမ်ချောင်က နောက်မှလူများနှင့် ရှေ့တန်းမှလူများကို လူစုခြားပြီးနောက်တွင် တဖန် ရှေ့တန်းတစ်ခု ပြန်လည်ထုတ်ဖော်လိုက်သော အခြေအနေကို မြင်လိုက်သော် သဘောကျသလိုမျိုး ခေါင်းညိမ့်ကာ အသိအမှတ်ပြုလိုက်မိသည်။ ရန်သူဆိုသည့်တိုင်အောင် ဝမ်ချောင်အနေနှင့် ခဲ့လော့ဖုန်းက ကြောင်ခြောက်ပြည်ထောင်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပြီး မာန်ရှဲ့ကျောင်းကို ဒီလိုအခြေအနေထိ ယူဆောင်လာနိုင်ခြင်းက ကံကောင်းမှုသီးသန့်မဟုတ်ကြောင်း သိသာစေသည်။

သွမ့်ဝူကျုံးက ဦးဆောင်သော ကျောက်တုံးဖြူတပ်ရင်းက ရှန်ယွီကျုံ့ထုံး၏ အန်းနန်အစိုးရစစ်တပ်ကို ဆုံးရှုံးမှု ကြီးမားသွားစေခြင်းဟာ တိုက်ဆိုင်မှု မဖြစ်နိုင်ချေ။

လက်ရှိမာန်ရှဲ့ကျောင်းက ထိုသို့ချဲ့ထွင်နိုင်ရန် အရင်းအမြစ် အပြည့်အဝ ရှိနေသည်။ အနည်းဆုံး ကျောက်တုံးဖြူတပ်ရင်းက အချို့သော စစ်သည်တော်များကို စွန့်လွှတ်ပြီးနောက်တွင် သူတို့၏ ခုခံအားလှိုင်းကို တဖန်ပြန်လည်ထုတ်ဖော်ခြင်းက အန်းနန်အစိုးရစစ်တပ်၏ ဗျူဟာကြောင့် သူတို့က သက်ရောက်မခံရစေနိုင်သော နည်းလမ်းတစ်ခုလည်းဖြစ်သည်။ ဒီလိုအနေအထားမျိုးကို သာမာန်စစ်တပ်က မလုပ်နိုင်ချေ။

ဒါပေမဲ့ မင်းတို့အတွက် ဒါကအသုံးမဝင်သေးဘူး။

ဝမ်ချောင်က အေးစက်စွာ ရယ်ပြီးနောက်တွင် လက်သင်္ကေတပြလိုက်ပြီး နောက်ထပ်အမိန့် ထပ်ထုတ်သည်။ တဖန် သွေးနီရောင် သင်္ကေတအလံက လွင့်သွားပြန်သည်။

စွန့်ပစ်ခံထားရသော ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်တော်များအားလုံးက လျှင်မြန်စွာဖြင့် သုတ်သင်ခံရသည်။

ဝေါင်း

ကျုံးဝါးသံ အပြည့်နှင့်အတူ လေးသည်တော်များ ဆေဘာဓားသမားများ၊ လှံသမားများ၊ ပုဆိန်သမားများ အားလုံးက နောက်ဆုတ်ချိန်တွင် ဒိုင်းကာသမားများက ရှေ့သို့တက်ကြသည်။ တောင်၏အလယ်မှ တောင်ခြေအထိ အန်းနန်အစိုးရစစ်တပ် ထောင်ပေါင်းများစွာက ကျောက်တုံးဖြူ တပ်ရင်းမှ စစ်သည်တော်များနှင့် ထိပ်တိုက်ရင်ဆိုင်သော အနေအထားမျိုးမှ ရပ်တန့်သွားကြပြန်သည်။ ထိုအချိန်တွင် ကျန်သောစစ်တပ်ကမူ ဘာမှမလုပ်တော့ချေ။ ရှန်ယွီကျုံ့ထုံး ဝမ်ရန် ချန်းရှုစွန်းနှင့် အခြားသော အန်းနန်အစိုးရစစ်တပ်မှ ရာထူးမြင့် အရာရှိများ အားလုံးက နဂိုနေရာအတိုင်း နေကြသည်။ ကျောက်ဝူကျန်းကသာ တိုက်ခိုက်နေသည်။ သူတို့ထဲမှ မည်သူကမှ မလှုပ်ရှားကြဘဲ ဒီတိုက်ပွဲက သူတို့နဲ့ မသက်ဆိုင်သလိုသာ နေနေကြသည်။

“သတ်”

မရေမတွက်နိုင်သော ထန်စစ်သည်တော်များက ရေကာတာဂိတ်မှ ထွက်လာသလို အသားကုန် ရွေ့လျားလာကြပြီးနောက်တွင် ကျောက်တုံးဖြူတပ်ရင်း၏ တစ်စုတစ်စည်းထဲ ရှိနေသော ဝင်္ကပါထံ တိုးဝင်လာသည်။ သူတို့က အသားကုန် ဒုန်းစိုင်းချီတက်ခြင်းထက် တိုးဝင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ တူညီသော မြင်ကွင်းက တဖန်ထပ်ဖြစ်လာပြန်သည်။ ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်တော် ထောင်ပေါင်းများစွာက ရှေ့တက်ကြသည်။ သို့သော် သွမ့်ဝူကျုံး မရှိသောအခါ ထိုကျောက်တုံးဖြူတပ်ရင်းက စစ်သည်တော်များက ယခင်ကကဲ့သို့ အန်းနန်အစိုးရ စစ်တပ်အပေါ် မခြိမ်းချောက်နိုင်တော့ချေ။

ဝုန်း

စစ်တပ်နှစ်ခုက ထိပ်တိုက်တွေ့ဆုံကြပြီး နှစ်ဖက်လုံးက တိုက်ပွဲအတွင်းသို့ ကျရောက်သွားသောအခါ အံ့အားသင့်စရာကောင်းသော အခြေအနေက ဖြစ်လာသည်။

“နောက်ဆုတ် မြန်မြန်နောက်ဆုတ်”

ကျောက်တုံးဖြူတပ်ရင်းက လူများက မပြင်ဆင်ထားသော အချိန်တွင် ရှေ့ဆုံးခံတပ်မှ ထန်စစ်သည်တော်များက ရုတ်တရက် နောက်ဆုတ်သွားပြီး ထူးဆန်းသော မြင်ကွင်းကို ဖြစ်သွားစေပြန်သည်။

မရေမတွက်နိုင်သော မမြင်ရသည့် လက်သီးများက ဆောင့်ထိုးလိုက်သည့်အလား ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်တော်ပေါင်း များစွာက နောက်က အသားကုန်လိုက်သော အခြေအနေမျိုးဖြင့် တောက်လျှောက် ပါသွားကြလေသည်။ သူတို့က လွန်ခဲ့သော တစ်စက္ကန့်ကလေးတင် သေသပ်စွာဖြင့် အစီအစဉ်တကျ ရှိနေခဲ့ကြသော်လည်း ချက်ချင်းလိုလို ဝရုန်းသုန်းကား ဖြစ်သွားရပြန်သည်။

သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်နှင့် ဖုန်းကျားရီတို့ကဲ့သို့ အနောက်တောင်ပိုင်းမှ အင်အားစုများဖြင့် အရှေ့တွင် ကျောက်တုံးဖြူတပ်ရင်းက တဖန် ဝမ်ချောင်၏ဂါထာအတွင်း ကျသွားသလိုမျိုး ကြိုတင်ခန့်မှန်းမှုအတိုင်း ဝရုန်းသုန်းကား ဖြစ်သွားပြန်သည်။

ထိုအခိုက် ခဲ့လော့ဖုန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကဲ့သို့ တိုင်းတစ်ပါးသား အင်အားကြီးများပင် မဆိုထားဘိ ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့ကပင် ပင့်သက်ရှိုက်လိုက်သည်။

သွမ့်ဝူကျုံးက ဝမ်ချောင်ကသူ့ကို ချုပ်နှောင်ထားသော ခန့်မှန်းမှုအတိုင်း ဖြစ်လာသော အခြေအနေမျိုးမှ လွတ်နိုင်ရန် အတက်နိုင်ဆုံး ကြိုးစားပြီး ကျောက်တုံးဖြူတပ်ရင်းမှ အရာရှိတိုင်းကလည်း သူတို့၏ ခုခံအားလှိုင်းကို ထိန်းနိုင်ရန် အကောင်းဆုံးကြိုးစားကြသည်။ သို့သော် မျက်တောင်တခတ် အချိန်အတွင်း သူတို့၏ အားထုတ်မှုများ အားလုံးက အလဟာသ ဖြစ်သွားပြန်သည်။ ကျောက်တုံးဖြူတပ်ရင်း တစ်ခုလုံးက ဝမ်ချောင်၏ လက်ဖဝါးထဲမှ ကစားစရာနှင့်တူသည်။

“ဟမ့် ကောင်စုတ်လေး သွမ့်ဝူကျုံးက မင်းကိုတကယ်ပဲ မယှဉ်နိုင်ပါဘူး။ မင်းက ဆော့ကစားနေခဲ့တာပဲ”

တောင်ခြေမှ သာ့လွန်ရော့ကျန်းက ယပ်တောင်ကို ခတ်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏နှုတ်ခမ်းပါးပေါ်ရှိ ခပ်တင်းတင်းအပြုံးက ပျောက်သွားကာ နှုတ်ခမ်းပါးက တင်းကြပ်သွားသည်။ သူက အာရုံစိုက်လာသည်။ ငါဒီကောင်လေးကို အထင်သေးမိမှာကိုတောင် ကြောက်မိတယ်။

ထိုအရာကသာ သာ့လွန်ရော့ကျန်း၏ စိတ်အတွင်းမှ တစ်ခုထဲသောအတွေး ဖြစ်လာသည်။

ဝမ်ချောင်၏ ယခင်တိုက်ပွဲများ အားလုံးက သာ့လွန်ရော့ကျန်းအတွက် ဘာအဓိပ္ပာယ်မှ မရှိခဲ့ချေ။ အကြောင်းမူကား သူက ကိုယ်တိုင်မမြင်နိုင်ခဲ့သောကြောင့်ဖြစ်သည်။ ယခုမှသာ ဝမ်ချောင်က ကျောက်တုံးဖြူတပ်ရင်းကို သုံးကြိမ်တိုင်တိုင် ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းကို အစစ်အမှန် တွေ့ကြုံလိုက်ရသည်။ ပထမနှစ်ကြိမ်က သူ့အပေါ် ထူးထူးခြားခြား ခံစားချက် မဖြစ်စေခဲ့ချေ။ အများဆုံးမှ ဝမ်ချောင်က ပါရမီအတန်ငယ်ရှိသော လူတစ်ယောက်ဟုသာ ထင်ခဲ့သည်။ သို့သော် ဒီတတယတစ်ကြိမ်တွင်မူ သူ၏အရှေ့ရှိ တိုက်ပွဲအနေအထားအရ သူ၏ထင်မြင်ချက်ကို ပြောင်းလဲသွားစေခဲ့သည်။

သွမ့်ဝူကျုံးက ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျောက်တုံးဖြူတပ်ရင်းမှ အရာရှိများက မည်မျှခက်ခက်ခဲခဲ ကြိုးစားကာ အတူပူးပေါင်း ဆောင်ရွက်နိုင်ရန် ကြိုးစားနေစေကာမူ သူတို့၏ စစ်သည်တော်များက အတူပူးပေါင်းကာ လုပ်ဆောင်နိုင်စွမ်းအား မည်မျှမြင့်မားနေကာမူ သူတို့က မည်မျှပင် လေ့ကျင့်ပေးခံထားခဲ့ရစေကာမူ ဝမ်ချောင်ဟုခေါ်သော လူငယ်၏ရှေ့တွင် ဘာမှမဟုတ်တော့ချေ။

ရိုးရှင်းပြီး သာမာန်ဆန်သော အမိန့်တစ်ခုထဲနှင့် ဝမ်ချောင်က သွမ့်ဝူကျုံးနှင့် ကျောက်တုံးဖြူတပ်ရင်းမှ အရာရှိတိုင်း၏ လုပ်ဆောင်မှုတိုင်းကို အလဟာသဖြစ်သွားစေသည်။

ထိုစစ်သားများက စိတ်ပိုင်းဆိုင်ရာ မည်မျှပင် ပြင်ဆင်ထားခဲ့စေကာမူ ဒီလိုထောင်ချောက်အတွင်း ထပ်ခါထပ်ခါ ကျနေခြင်းက သူတို့ကို စိတ်အခြေအနေ ပြောင်းလဲလာစေသည်။

ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ စစ်အနုပညာ စွမ်းရည်အဆင့်လဲ။ ဝမ်ချောင်လို့ခေါ်တဲ့ ဒီလူငယ်က ငါတို့ထင်ထားတာထက် ပိုပြီးတော့တောင် ဒုက္ခပေးနိုင်နေသေးတယ်။ သူက အနောက်တောင်ပိုင်းမှ ငါတို့ယွီစန်းအင်ပါယာရဲ့ အကြီးမားဆုံးသော ရန်သူကြီးပဲ ဖြစ်လာလိမ့်မယ်။

သာ့လွန်ရော့ကျန်းက ထိုသို့တွေးမိချိန်တွင် မျက်မှောင်ကျုံ့သွားသည်။ သူ့အနေဖြင့် ယခုလောက်ထိ အလေးအနက် ထားရသည့် တိုက်ပွဲမျိုး မမြင်ခဲ့ဖူးသေးချေ။

အန်းနန်အစိုးရစစ်တပ်က အန်းနန်အစိုးရ စစ်တပ်သာ ဖြစ်နေသေးသည်။ သို့သော် အမိန့်ပေးသောလူက ကွာခြားသွားသည်။ ဖော်ပြရန် ခက်ခဲလောက်အောင် အမြင်စူးရှပြီး ကြောက်မက်ဖွယ်ကောင်းသော ဉာဏ်ပညာရှိလွန်းသော လူမျိုး၏အတွေးကို ခန့်မှန်းမိရန် ခက်ခဲလွန်းသည်။

အခန်း(၅၇၀)

တိုက်ပွဲနယ်မြေ၏ အခြေအနေက အလွန်ဖိအားများသောဘက်သို့ ရောက်သွားသည်။ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် အခြားလူများက ထန်စစ်တပ်မှပြသော ဗျူဟာကြောင့် မှင်သက်နေကြချိန်တွင် ဝမ်ချောင်၏ ဗျူဟာက သက်ရောက်မှုကို စတင်ပြနှင့်နေပြီဖြစ်သည်။ အစီအစဉ်တကျ ရှိနေပြီး ဟာကွက်မရှိ လူအပြည့်ရှိနေသော ထန်စစ်တပ်က တောင်အောက်သို့ ဒုန်းစိုင်းဆင်းချလာချိန်တွင် ကောက်ပဲသီးနှံ့များကို ရိတ်သိမ်းလိုက်သလိုမျိုး ခုတ်ဖြတ်နိုင်သွားပြန်သည်။ ကျောက်တုံးဖြူတပ်ရင်းက လူများက အန်းနန်အစိုးရ စစ်တပ်၏ လှံသမားများ၊ ပုဆိန်သမားများ၏ လက်အောက်တွင် အော်ဟစ်လျှက် ကျရှုံးနေကြရလေသည်။

“သတ်ကြစမ်း ငါတို့က သူတို့ကို ကြောက်စရာလား”

ကျောက်တုံးဖြူတပ်ရင်းမှ သတ္တိရှိသော အရာရှိအချို့က ဒေါသထွက်လာကြပြီး အော်ဟစ်ကြကာ ရှေ့ဆက်တက်လျှက် သူတို့နှင့်အတူ ထန်စစ်သည်တော်အချို့ကို ဆွဲချလိုသည်။ သို့သော် အဖြူရောင် အလင်းက ဖြတ်ကနဲ လက်ပြီးသည်နှင့် ဆေဘာနှင့်ဓားများက ထိုးစိုက်လာကြကာ သူတို့ကို သတ်ဖြတ်တော့သည်။ ကျောက်တုံးဖြူတပ်ရင်းမှ အကြောက်အလန့်မဲ့သော စစ်သည်တော်များက နောက်သို့ ပြန်ဆုတ်လိုက်ကြရပြီး မျက်လုံးပြူးသွားကြရသည်။

ဒီလို မဖြစ်သင့်ဘူး။

ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်တော်များက ကျရှုံးနေသည့်အချိန်တိုင်း သူတို့၏ နှလုံးသားအတွင်း တွန့်ဆုတ်မှုက ပြည့်နှက်လာသည်။ အ့ဟိုင်၏ အခြေအနေပြီးနောက်တွင် သူတို့ကလည်း မဟာထန်မှ လက်ရွေးစင်များကို သတ်ဖြတ်နိုင်ခဲ့လေသည်။ အန်းနန်အစိုးရစစ်တပ်မှ လက်ရွေးစင်များ၏ သေဆုံးမှုနှင့်အတူ သူတို့ကလည်း ယုံကြည်မှု တည်ဆောက်ခဲ့ကြသည်။

ကျောက်တုံးဖြူတပ်ရင်းက အန်းနန်အစိုးရစစ်တပ်နှင့်ယှဉ်သော် မည်သည့်နေရာတွင်မှ မလိုအပ်နေချေ။

မဟုတ်ဘူး သူတို့က သာတောင်သာလောက်သေးတယ်။

သို့သော် သူတို့ထဲက မည်သူကမှ ဒီလိုအခြေအနေ ဖြစ်လာမည်ဟု မမျှော်လင့်ထားကြချေ။ ဒီတိုက်ပွဲက မြူထုအတွင်းတွင် တိုက်ခိုက်နေရသလိုမျိုး သူတို့ကို လမ်းပျောက်စေသည်။ သူတို့က အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေသော်လည်း မည်သည့်အတွက်ကြောင့် ရှုံးသွားကြောင်း သဲလွန်စပင် မရှာနိုင်ခဲ့ချေ။

ငါတို့က သေချာပေါက် အားသာနေတာပါ။ ဘာလို့ဒီလို ဖြစ်သွားတာလဲ။

ထို့နောက် အတွေးများနှင့်အတူ ကျောက်တုံးဖြူတပ်ရင်းမှ စစ်သားများ၏ စိတ်က မည်းမှောင်သွားကြသည်။

တောင်ဘေးတွင် မရေမတွက်နိုင်သော အလောင်းများကသာ ပြည့်လာသည်။ ဒီတစ်ကြိမ်တွင် ကျောက်တုံးဖြူတပ်ရင်း၏ ဆုံးရှုံးမှုက ယခင်တစ်ခေါက်ထက် ပိုလာပြီး အချိန်တိုအတွင်းရှိ သေဆုံးမှုက အလွန်များပြားလာသည်။

တိုက်ပွဲအတွင်းတွင် ဝင်ရောက်ခဲ့သော စစ်သည်တော် သောင်းကျော်လျှင် သေဆုံးမှုက ချီတက်လာသူထက်ပင် ပို၍မြန်ဆန်နေခြင်းဖြစ်သည်။

“သတိပေးချက် အန်းနန်အစိုးရစစ်တပ်ရဲ့ သေဆုံးမှု အရေအတွက်က ၁၀၂၁ယောက်ထိ ရောက်ရှိသွားပါပြီ။ အသုံးပြုသူက ဖျက်ဆီးခံရမဲ့အရေးကို တစ်လှမ်းထပ်တိုးပြီး နီးကပ်သွားပြန်ပါပြီ”

“ဂုဏ်ယူပါတယ် အသုံးပြုသူ မာန်ရှဲ့ကျောင်းရဲ့ စစ်သည်တော် နှစ်သောင်းကို သတ်ဖြတ်ခဲ့တဲ့အတွက် တစ်ထောင်ထပ်တိုးမယ်ဆိုတဲ့ အကန့်အသတ်က ပြည့်မှီသွားပါပြီ။ အသုံးပြုသူရဲ့ သုတ်သင်ခံရမဲ့ အခြေအနေက တဖန်အဆင့်မြင့်သွားပါပြီ။ အန်းနန်အစိုးရစစ်တပ်က ကျန်ရှိတဲ့ စစ်သည်တော် အရေအတွက်က သုံးသောင်းကိုးထောင်အောက်ကို ကျသွားမှပဲ အသုံးပြုသူက သုတ်သင်ခံရမှာပါ”

ဝမ်ချောင်၏ နားအတွင်း လေတံခွန်စီးသံလိုမျိုး စက်ရုပ်သံက ထွက်ပေါ်လာသည်။ သူက တောင်ထိပ်ပေါ်တွင်ရပ်လျှက် ဆံပင်က လေတွင်လွင့်နေကာ မျက်နှာတွင် အပြုံးကရှိနေသေးသည်။

“ကျောက်တုံးဖြူတပ်ရင်း စစ်သည် ရှစ်သောင်းပဲကျန်မယ်”

မာန်ရှဲ့ကျောင်းမှ အစီအစဉ်တကျ ရှိနေသော စစ်တပ်ပုံစံက မဟာထန်နှင့်တူသည်။ အများစုက ခြေလျှင်တပ်သားများဖြစ်ပြီး တပ်ရင်းများထဲတွင် ကျောက်တုံးဖြူတပ်ရင်းက ဒိုင်းကာများစွာ ပါလေရာ ရှေ့ဆုံးမှ ဦးဆောင်ရမည်ဖြစ်သည်။

ကျောက်တုံးဖြူတပ်ရင်း၏ ကာကွယ်မှုသာမရှိလျှင် မာန်ရှဲ့ကျောင်းက မဟာထန်အတွက် ခြိမ်းချောက်မှု မဖြစ်နိုင်တော့ချေ။

မဟာထန်၏ လက်နက်များ၏ အရည်အသွေးက တစ်လောကလုံးတွင် ကျော်ကြားသည်။ စစ်သည်တော်တိုင်းကလည်း သံချပ်ကာ အပြည့်အဝ ဝတ်ဆင်ထားကြပြီး တစ်ကိုယ်လုံးအနှံ့ ကာကွယ်ထားကြသည်။ ကျောက်တုံးဖြူတပ်ရင်းကသာ မတည်ရှိလျှင် မဟာထန်က ထိုသို့သော အခြေအနေမျိုးဖြင့် လျှင်မြန်စွာ ရှေ့တက်နိုင်ကြသည်။

၁၀၂၁ယောက် သေဆုံးမှုအရ သူတို့ဘက်က ရှုံးနိမ့်မှုက နှစ်ဆယ်အချိုး တစ်ချိုးကဲ့သို့ ဖြစ်သွားသည်။

မဆိုးပါဘူး။

ငါသာဒီအချိုးနှုန်းကို ဆက်ထိန်းထားနိုင်ရင် မဟာထန်ရဲ့ စစ်သည်တော် တစ်သိန်းက မာန်ရှဲ့ယွီစန်း စစ်တပ်က စစ်သည်တော်ငါးသိန်းကို ကြိတ်ချေနိုင်လိမ့်မယ်။

ဝမ်ချောင်က စိတ်ထဲတွင် နှာခေါင်းရှုံ့နေသည်။ မဟာပြင်ကျယ်နှင့် မဟာထန်သို့ လာရောက်ပြီး ထိုလူများအတွက်မူကား သူတို့အရိုးထဲထိ စွဲသွားစေလောက်သည့် သင်ခန်းစာမျိုးကို ပေးလိုက်သင့်သည်။ သို့မှသာ ရန်မစသင့်သော လူများကို ရန်စလျှင် ဘယ်သောအခါမှ ကောင်းသောကိစ္စများ ဖြစ်လာမည်မဟုတ်ကြောင်း သိသွားကြပေလိမ့်မည်။

“နောက်ဆုတ်ကြ နောက်ဆုတ် နောက်ဆုတ်”

တောင်ပေါ်တွင် စစ်သည်တော်တိုင်းက အထိတ်တလန့် ဖြစ်နေကြသည်။ စစ်သည်တော် ရှစ်ထောင်က အခြေအနေကို ပြောင်းလဲအောင် မမွှေနှောက်နိုင်ချေ။ သို့သော် လက်ရှိအချိန်တွင်မူ ပမာဏက နှစ်သောင်းအထိ ဖြစ်သွားပြီး ဆက်တိုက်မြင့်တက်နေလေရာ အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။

စစ်သည်တော် တစ်သိန်းမှ နှစ်သောင်းဆိုသော ပမာဏက တစ်ကြိမ်သေတိုင်း ငါးယောက်ဟု ဆိုရမလို ဖြစ်နေသည်။ တောင်ပေါ်တွင် အလောင်းများ ပုံလာခြင်းက ကောင်းသောကိစ္စ မဟုတ်ချေ။

“နောက်ဆုတ်ကြ”

“သေစမ်း ဒီလူရမ်းကားတွေ ဘာလုပ်ပြန်ပြီလဲ”

သုံးသုတ်ဆက်တိုက် တိုက်ခိုက်ပြီးနောက်တွင် ထန်က တူညီသော နည်းလမ်းကိုသာသုံးပြီး ကျောက်တုံးဖြူ တပ်ရင်းကို ရှုံးအောင်လုပ်သွားပြီး ကျောက်တုံးဖြူတပ်ရင်း၏ အရာရှိများကို ဆုတ်ခွာစေခဲ့ပြန်သည်။ သူတို့ကလည်း ဒီအကြံအစည်ကို နားလည်ပြီး ရည်ရွယ်ချက်ကို သိနှင့်နေပြီးသားဖြစ်သည်။ သို့တိုင်အောင် သူတို့၏ရန်သူက ဒီရိုးရှင်းသော နည်းလမ်းကိုသာသုံးပြီး သူတို့ကို သုတ်သင်လာခြင်းကို မတားမြစ်နိုင်ကြချေ။

“မျိုးမစစ်”

သွမ့်ဝူကျုံးက အလွန်အံ့သြပြီး ဒေါသထွက်နေသည်။ သူ၏အနောက်ရှိ ဆေးဘုရင်ပုံရိပ်နှင့် ကြီးမားသော ဆူးချွန်ချီစက်ကွင်းက သူ့ကို အဆုံးစွန်သော အဆင့်ထိ တိုးမြှင့်သွားစေလေပြီး တဘုန်းဘုန်း မြည်သံများနှင့်အတူ ကျောက်ဝူကျန်းကို ကြယ်တာရာစွမ်းအင်များဖြင့် ဆက်တိုက် တိုက်ခိုက်တော့သည်။

သွမ့်ဝူကျုံးက ထက်ရှသော ဓားကို ကောင်းကောင်း အသုံးချနိုင်သည်။ ဒီနည်းအားဖြင့် ကျောက်ဝူကျန်းကို ထိုးနှက်ချက်များ မုန်တိုင်းထန်သလို ထုတ်လွှတ်တော့သည်။

“အသုံးမဝင်ဘူး”

ကျောက်ဝူကျန်းကလည်း အေးစက်သော လေသံဖြင့်အော်သည်။ သူ၏အကြည့်က သွမ့်ဝူကျုံးကို စူးရှစွာသာကြည့်သည်။ သူက နဂိုကတည်းက သွမ့်ဝူကျုံး၏ ရည်ရွယ်ချက်ကို အာရုံခံမိပြီးသားဖြစ်သည်။

“မင်းကအခုငါ့ဆီကလွတ်ချင်ရင် နောက်ကျလွန်းမနေဘူးလား”

ဝုန်း

မြေအမာကို သူ၏ညာခြေထောက်က ဆောင့်ဖိနင်းလိုက်သည့်အခိုက် ကျောက်ဝူကျန်းက စစ်နတ်ဘုရားတစ်ပါးလို ရှေ့သို့ အရှိန်ဖြင့် တက်သွားပြီဖြစ်ပြီး လေထဲတွင်ပင် သူ၏ကြီးမားရှည်လျားသော ဆေဘာကို အရှိန်အဝါအပြည့်ဖြင့် လှီးခုတ်လိုက်ကာ အားယူလိုက်ပြီး ကောင်းကင်မှတဆင့် အောက်သို့ ခုတ်ချလိုက်သည်။ သူက သွမ့်ဝူကျုံးကို ခုတ်ချလိုက်ချိန်တွင် နှစ်ယောက်ကတဖန်ပြန်ပြီး ပြင်းထန်သော တိုက်ပွဲကို ဆင်နွဲရပြန်သည်။

သွမ့်ဝူကျုံးက နောက်ဆုတ်ချင်သည့်တိုင်အောင် မည်မျှပင် အားအင်စိုက်ထုတ်ပြီး ကျောက်ဝူကျန်းထံမှ လွတ်မြောက်အောင် ကြိုးစားနေစေကာမူ သူ၏အစီအစဉ်က ကျရှုံးနေခဲ့သည်။

“မျိုးမစစ် မင်းကအရူးပဲ”

သွမ့်ဝူကျုံး၏ နှလုံးသားအတွင်း ဒေါသများက ပြည့်နှက်လာသည်။ ကျောက်တုံးဖြူတပ်ရင်း၏ ဆုံးရှုံးမှုက သူ့ကိုသွေးမျက်ရည်ပင် ကျစေချင်သည်။ ထိုစစ်သားတိုင်းက သူကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးထားခြင်းဖြစ်သည်။ ကျောက်တုံးဖြူတပ်ရင်းက သူ၏ဘဝကိုပင် ထည့်ပေါင်းထားသော စီမံကိန်းတစ်ခုဟု ဆို၍ရသည်။

ကျောက်တုံးဖြူတပ်ရင်းက အရေအတွက်အားဖြင့် အားသာချက် ရှိနေသးသည့်တိုင်အောင် မဟာထန်၏ လက်ထဲတွင် ဆော့ကစားစရာ တစ်ခုကဲ့သို့ ဖြစ်သွားသည်။ စစ်သည်တော်များက သူ၏အင်အားကို မပြနိုင်ခင် တစ်သုတ်ပြီးတစ်သုတ် လည်စင်းပေးနေသလိုမျိုး အလောင်းများအဖြစ်သာ ပြောင်းနေရသည်။

စစ်တပ်ထဲရှိ အရာရှိများက စစ်တပ်ကို အကောင်းဆုံးကြိုးစားပြီး ဝင်္ကပါအတိုင်း နေနိုင်ရန် စီမံနေသော်လည်း သူတို့၏ဗျူဟာက မဟာထန်ကို မမှီချေ။

“ဟား ဟား ဟား သွမ့်ဝူကျုံး မင်းကတချိန်လုံး မဟာထန်ကို အတုခိုးနေတာ ငါသိပါတယ်။ မင်းက မဟာထန်ကို ဖိနှိပ်ချင်တယ်။ မဟာထန်ကိုလည်း ကျော်လွန်ချင်တယ်။ ငါ့ထက်သာချင်နေတယ်။ မာန်ရှဲ့ကျောင်းက တကယ်ရည်မှန်းချက်ကြီးတယ်။ မင်းတို့က မဟာထန်ကို တကယ်ကို ဆွဲချချင်နေတာလား။ ဒီလိုနည်းနဲ့ မာန်ရှဲ့ကျောင်းကို ကူညီချင်နေတယ်ပေါ့။ အထူးသဖြင့် စစ်မတ်ရေးရာကနေ အနုပညာရေးရာအထိ နောက်ဆုံး ပို့ထုတ်မှု အရာရာကို သင်ပေးချင်နေကြတယ်။ ဒါပေမဲ့ သွမ့်ဝူကျုံး မာန်ရှဲ့ကျောင်းက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ မင်းလည်း ဘယ်တော့မှ မအောင်မြင်ဘူး။ ဘာလို့လည်းသိလား။ မင်းတို့မှာ ဘာလိုနေလည်းသိလား”

သွမ့်ဝူကျုံးက ထွက်ပြေးရန် စိတ်မရှည်တော့ကြောင်း မြင်သောအခါ... သို့သော် ထပ်ခါတလဲလဲ ကျရှုံးနေကြောင်း ဆက်မြင်နေရသောအခါ ကျောက်ဝူကျန်း၏ နှလုံးသားထဲတွင် ဖော်ပြရန်ခက်ခဲသော သာယာမှုက ပြည့်နှက်လာသည်။ အ့ဟိုင်တွင် ဆုံးရှုံးခဲ့ရသော သူ၏ရဲဘော်များ၏ ကိစ္စက ကျောက်ဝူကျန်း၏ နှလုံးသားကို ဆိုးရွားသော နာကျင်မှုဖြစ်စေသည်။ သူကလည်း တာဝန်ရှိသည်ဟု အလိုလို ခံစားနေရသည်။ အချို့အကြောင်းပြချက်ကြောင့် သူက သူ့ကိုယ်သူ ဆိုးဆိုးရွားရွား အကဲဖြတ်ခဲ့သည်။ သူ့ကိုယ်သူပင် အပြစ်ပေးချင်ခဲ့သည်။

ယခုမူ သူ၏ညီအစ်ကိုများကို သတ်ခဲ့သော ထိုမာန်ရှဲ့ကျောင်း စစ်သားများက တစ်သုတ်ပြီးတစ်သုတ် သေကြေပျက်စီးနေခဲ့ကြသည်။ ထို့ပြင် သွမ့်ဝူကျုံး၏ မျက်နှာက မည်းမှောင်သထက် မည်းမှောင်လာကြောင်းကို သူကမြင်နေရသည်။ ဒါကသူ့ကို လန်းဆန်းသွားသလို ခံစားနေရသည်။

“ကျောက်ဝူကျန်း ပါးစပ်ကိုပိတ်စမ်း”

သွမ့်ဝူကျန်းက ဒေါသတကြီးအော်သည်။ သူ၏မျက်လုံးက သွေးရောင်လွှမ်းလာသည်။

“ဟား ဟား ဟား သွမ့်ဝူကျုံး မင်းနားမထောင်ချင်ပေမဲ့လည်း နားထောင်ရမှာပဲ။ မင်းတို့ရဲ့ မာန်ရှဲ့ကျောင်းနဲ့ ခဲ့လော့ဖုန်းက ဘယ်တော့မှ ဘာလို့မအောင်မြင်လဲ သိလား။ မင်းနဲ့ မင်းရဲ့ ကျောက်တုံးဖြူတပ်ရင်းက ဘာလို့အန်းနန်အစိုးရစစ်တပ်ကို မယှဉ်နိုင်သလဲဆိုတာကို သိလား။ ဘာလို့လည်းဆိုတော့ ငါတို့က မဟာထန် ဖြစ်နေလို့ပဲ။ ငါတို့က အမြဲတမ်း မင်းတို့ထက်သာတဲ့ ပါရမီ၊ မင်းတို့ထက်သာတဲ့ ဗိုလ်ချုပ်တွေ၊ ပါရမီကြီးတဲ့ ဗိုလ်ချုပ်တွေနဲ့၊ ပါရမီကြီးတဲ့ အရာရှိတွေကို ပိုင်ဆိုင်ထားတယ်။ ဒီလူတွေက ဒီလိုကြုံရာနေရာမှာ ပေါ်လာမှာတော့ မဟုတ်ဘူး။ သူတို့တည်ရှိနေမှန်းတောင် မင်းကမသိလောက်ဘူး”

“ဒါပေမဲ့ အင်ပါယာက အခက်အခဲနဲ့ ကြုံရတဲ့အခါမှာ အင်ပါယာက သူတို့ကို လိုအပ်တဲ့အချိန်မှာ သူတို့က ကောင်းကင်က ဆင်းသက်လာသလိုမျိုး တစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြီး မင်းတို့ကို ရင်ဆိုင်လာကြတယ်”

“ငါ့ကိုကျော်နိုင်ရုံနဲ့ လုံလောက်ပြီလို့ထင်လား ဟား ဟား သွမ့်ဝူကျုံး မင်းကအရမ်း ဉာဏ်နည်းတာပဲ။ ငါက အန်းနန်အစိုးရစစ်တပ်က အဆင့်မြင့် ဗိုလ်ချုပ်တစ်ယောက် ဆိုပေမဲ့ ငါကမဟာထန်ရဲ့ ဘာကောင်မှ မဟုတ်ဘူး။ စစ်အနုပညာအရာမှာ ကျောက်ဝူကျန်းကို ကျင့်ကြံခြင်းအဆင့်ပဲဖြစ်ဖြစ် နားလည်နိုင်စွမ်းအားမှာပဲဖြစ်ဖြစ် ကျော်လွန်နေတဲ့ လူသိန်းပေါင်းမက ရှိနေတယ်။ ဒီလိုအခြေအနေမျိုးမှာ ငါကျောက်ဝူကျန်းက နာမည်တောင်မရှိတဲ့ သာမာန်အနိမ့်သား စစ်သည်တော်တစ်ယောက်ပဲ”

“ဒီတိုက်ပွဲရဲ့ အစစ်အမှန် ဗိုလ်ချုပ်က ဘယ်သူလဲဆိုတာကို သိချင်လား။ မင်းကိုရှုံးအောင် ဘယ်သူက လုပ်သလဲဆိုတာကို သိချင်လား။ သူက အသက်၁၇နှစ်ပဲ ရှိနေသေးတယ်။ သွမ့်ဝူကျုံး မင်းစိတ်ကူးယှဉ်ကြည့်စမ်းပါ။ သာမာန် ၁၇နှစ်ကောင်လေးတစ်ယောက်က မင်းရဲ့စစ်တပ်ကို ဒီလို ဆိုးရွားတဲ့ ရှုံးနိမ့်မှုဖြစ်အောင် လုပ်နိုင်ခဲ့ပြီး မင်းရဲ့ မာန်ရှဲ့နဲ့ယွီစန်း ပေါင်းထားတဲ့ စစ်သည်သိန်းကျော်ကို ဆော့ကစားစရာ တစ်ခုလိုမျိုး ပြုမူဆက်ဆံနေခဲ့တာ”

“သောက်ကျိုးနည်း”

သွမ့်ဝူကျုံးက မနေနိုင်ဘဲ ကျိန်ဆဲလိုက်သည်။ ကျောက်ဝူကျန်းက ရည်ရွယ်ချက်ရှိရှိ သူ့ကိုရန်စနေမှန်း သိသော်လည်း သူက ဒေါသကို မထိန်းနိုင်ချေ။

မဟာထန်ကို ခုခံရန် အ့ဟိုင်၏ ခြောက်ပြည်ထောင်ကို ပြန်လည်တည်ထောင်ရန် မာန်ရှဲ့ကျောင်း အင်ပါယာကို ကုန်းမြေနောက် ဖြန့်ကျက်ရန် အ့ဟိုင်၏အလံကို စီရင်စု ကိုးခုလုံးတွင် စိုက်ထူရန်က ခဲ့လော့ဖုန်း တစ်ယောက်ထဲ၏ ဆုံးဖြတ်ချက် မဟုတ်ချေ။ ဒါက မာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်တိုင်း၏ အိမ်မက်ဖြစ်သည်။

မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်၊ အိမ်ရှေ့စံ ဖုန်းကျားရီ၊ သွမ့်ဝူကျုံး၊ ကျောက်တုံးဖြူတပ်ရင်း၊ အ့ဟိုင်တပ်ရင်း အမျိုးမျိုးသော တပ်ရင်းတိုင်းမှ ဗိုလ်ချုပ်တိုင်း မာန်ရှဲ့ကျောင်းမှ အသီးသီးသော အင်အားစုကို ပိုင်ဆိုင်ထားသူတိုင်းတွင် ထိုအိမ်မက်က ရှိသည်။ ထို့ကြောင့် ခဲ့လော့ဖုန်းက ဒီစစ်ပွဲဖြစ်လာရန် အိမ်မက် မက်နေသော တစ်ယောက်ထဲသူသာ မဟုတ်ဘဲ တစ်တိုင်းပြည်လုံးကဟု ဆို၍ရသည်။ ဒါက မာန်ရှဲ့ကျောင်း တစ်ခုလုံး၏ ဆန္ဒလည်းဖြစ်သည်။

မဟာထန်က အ့ဟိုင်ဆိပ်ကမ်းတလျှောက် ရှိနေသမျှ ကာလပတ်လုံး မာန်ရှဲ့ကျောင်းက မဟာထန်၏ အစွယ်အပါးအဖြစ်သာ တည်ရှိနေပြီး မာန်ရှဲ့ကျောင်းက မဟာထန်ကို မကျော်လွန်နိုင်သမျှ ကာလပတ်လုံး သူ့လိုဗိုလ်ချုပ်မျိုးကလည်း ဆက်တိုက် ပေါ်ထွက်လာပေလိမ့်မည်။

ကျောက်ဝူကျန်းက သူ့ကိုအရှက်ခွဲခွင့် ပြုနိုင်သည်။ သို့သော် ကျောက်ဝူကျန်းက သူ၏အိမ်မက်ကို ဖျက်ဆီးခွင့် မပြုနိုင်ချေ။

သွမ့်ဝူကျုံးက အလွန်အမင်း ဒေါသထွက်လာသည့် အချိန်တွင် သူ၏ဓားရှည်က ကြယ်တာရာ စွမ်းအင်များဖြင့် ပြည့်နှက်လာကာ တစ်ဖက်ကို ယမ်းချရန် ကြိုးစားသည်။ သို့သော် မီးတောက်စွမ်းအားများက သွမ့်ဝူကျုံး၏ ကြယ်တာရာ စွမ်းအင်များကို ကျော်ဖြတ်လျှက် သူ၏ပုခုံးကို ထိုးခွဲသွားလျှက် ကျောပြင်မှ ပြန်ဖောက်ထွက်သွားသည်။

“အား”

သွမ့်ဝူကျုံး၏ စူးရှသော အော်ဟစ်သံနှင့်အတူ ကျောက်ဝူကျန်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက သူ၏ပုခုံးကို ကျော်ဖြတ်သွားပြီး သွမ့်ဝူကျုံး၏ ကြားခံနယ်မြေများအနှံ့ တိုးဝင်သွားသည်။

ဒေါသမီးတောက်က ချက်ချင်းလိုလို ငြိမ်းသက်သွားသည်။ ကျောက်ဝူကျန်းက ရှေ့သို့တက်လိုက်ပြီးနောက် သွမ့်ဝူကျုံး၏ ရင်ဘက်ကို သူ၏လက်ဝါးဖြင့် ဖြတ်ရိုက်လိုက်သည်။

ဝုန်း

စစ်သည်ထောင်ကျော်၏ မျက်စိရှေ့တွင် သွမ့်ဝူကျုံး၏ကိုယ်က ဘောလုံးတစ်လုံးလိုမျိုး လေထဲတွင် လည်ထွက်သွားတော့သည်။

“ဗိုလ်ချုပ်”

စစ်သည်တော်တိုင်း၏ နှလုံးသားက အေးစိမ့်သွားသည်။ တောင်ခြေမှ ခဲ့လော့ဖုန်းနှင့် ဖုန်းကျားရီတို့၏ စိတ်ကပင် ဗလာဖြစ်သွားသလို ခံစားလိုက်ရလေသည်။

All Chapters