← Chapters

အခန်း (၅၈၆-၅၉၀)

Vol. 29 Ch. 586-590

အခန်း (၅၈၆-၅၉၀)

Vol. 29 Ch. 586-590

အခန်း(၅၈၆)

ဝုန်း

ဆယ်ကျန်းကျော်အထိ မြင့်နေပြီဖြစ်သော သတ္ထုလူထွားကြီးက လက်သီးတစ်ချက် ထိုးချလိုက်သောအခါ ထန်စစ်သည် ဆယ်ယောက်နှင့်အတူ သတ္ထုနံရံတစ်ခုက လွင့်ထွက်သွားသည်။ ဆယ်ကျန်းအထိ လွင့်ထွက်သွားပြီးနောက် မြေပြင်သို့ ပြန်ပြုတ်ကျသည်။ ထိုနေရာတွင် ဖုန်အလုံးလိုက် မြောက်တက်လာသည်။

“ကျောင်းစစ်လော့က အသုံးမဝင်တဲ့ကောင်။ ငါကထန်တွေကို သတ်ဖြတ်ရင် အစစ်အမှန် တောင်ပေါ်သား ကျွမ်းကျင်ပညာရှင်က ဘာဆိုတာ မင်းတို့ကိုပြပေးမယ်။ ကောင်းကင်ပေါ် ပျံသန်းပြီး အောက်ကိုငုံ့ကြည့်တဲ့ သိန်းငှက်အရှင်သခင်ဆိုတာ ဘယ်လိုလဲဆိုတာ သိရပါလိမ့်မယ်”

ထူမီဆန်းကျား၏ တိဗက်ဘာသာစကားဖြင့်ပြောသော ဟိန်းသံက ကောင်းကင်တလျှောက် ပဲ့တင်ထပ်သွားသည်။ သူက တောင်ပေါ်သို့ စတင်တက်သည်။ ခြေတစ်လှမ်းချင်းစီတိုင်းက ခုနှစ်ကျန်း ဆယ်ကျန်းကို ကျော်ဖြတ်သွားနိုင်သည်။

ဝုန်း

နောက်ထပ်လည်း ဒီတစ်ချက်က သာမာန်အတိုင်း ထိုးချလိုက်သောအခါ နောက်ထပ် လေးလံသော သံမဏိနံရံတစ်ခုက လွင့်ထွက်သွားပြီး တိမ်ဖုန်အလုံးလိုက်ကြားထဲသို့ ရောက်သွားပြန်သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ချောင်ပင် မျက်လုံးပြူးသွားသည်။

အခြေပြုစွမ်းအင် ချီစက်ကွင်းငါးမျိုးထဲတွင် သတ္ထုအခြေပြု ချီစက်ကွင်းက အင်အားအကြီးဆုံးဟု ယူဆ၍ရသည်။ သို့သော် ထိုသို့ ဆိုရသည့်တိုင်အောင် ထူမီဆန်းကျားက ထုတ်ပြောပြနေသော ခွန်အားက သာမာန်မဟုတ်ချေ။ သူက သတ်ဖြတ်ခြင်း ခွန်အားသီးသန့်ကို မှီခိုနေသော်လည်း ပို၍ကိုင်တွယ်ရခက်ပြီး ဒုက္ခများစေသော သိုင်းတမျိုးမျိုးကို ထုတ်သုံးထားဟန်ရသည်။

“မဆိုးပါဘူး”

တောင်ခြေမှ ဟော်ရှု့ဟွေ့ခမ်းက မယိုင်လဲနိုင်သော တောင်တစ်လုံးနှယ် ရပ်နေရာမှ အကန့်အသတ်မဲ့လောက်အောင် ကျယ်ပြောသော သမုဒ္ဒရာလို သို့မဟုတ် အဆုံးအစမဲ့သော တောင်တန်းတစ်ခုလို အရှိန်အဝါမျိုးကို ထုတ်ဖော်ပေးနေလျှက် မည်သည့်အရာကမှ သူ့ကိုယိုင်နဲ့အောင် မလုပ်နိုင်သလိုမျိုး ခံစားရစေသည်။ ထူမီဆန်းကျား၏ ဖျော်ဖြေမှုအတွက်ပင် သူကအံ့အားသင့်ဟန်မရချေ။

ကျောင်းစစ်လော့က ထူမီဆန်းကျားကဲ့သို့ ဗိုလ်ချုပ်မျိုးနှင့် အမြဲတစေ ကတောက်ကဆ တက်ခဲ့ပြီး ဒါကလည်း ယွီစန်းက အသုံးပြုသည့် ထူးခြားသော ရွေးချယ်သည့် နည်းလမ်းတစ်ခုကြောင့်ဖြစ်သည်။ အမျိုးမျိုးသော အဖွဲ့အစည်းများမှ ဗိုလ်ချုပ်များက ကျားငါးကောင်ဗိုလ်ချုပ်များနှင့် ယှဉ်ပြိုင်ရပြီး နောက်ဆုံးတွင် ကျန်ရစ်သော အစစ်အမှန် ကျွမ်းကျင်ပညာရှင်များကသာ ကျားငါးကောင် ဗိုလ်ချုပ်နေရာကို ရကြသည်။

လုံချင်ပါ့၊ ကျောင်းစစ်လော့ပင်ဖြစ်စေ အခြားသော အင်အားကြီးမားသည့် ဗိုလ်ချုပ်များပင်ဖြစ်စေ အားလုံးကို ဒီနည်းလမ်းဖြင့် ရွေးချယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဟော်ရှု့ဟွေ့ခမ်းက ကျောင်းစစ်လော့ သေဆုံးခြင်းကို များများစားစား ကရုမစိုက်ချေ။

“မင်းမှာဘာထပ်ရှိသေးလဲ ငါသိချင်မိတယ်”

ဟော်ရှု့ဟွေ့ခမ်းက တောင်ထိပ်သို့ ကြည့်ပြီးနောက် သူ၏မျက်နှာတွင် အပြုံးက ပေါ်လာသည်။ ထုထည်ကြီးမားသော မင်းဘောလုံးကြီးက ကောင်းကင်ထိ ထိုးတက်သွားပြီးနောက် ထူမီဆန်းကျားကဲ့သို့ ဗိုလ်ချုပ်တစ်ယောက်လို ကြောက်မက်ဖွယ်ကောင်းသည့် လူမျိုးကလည်း အပေါ်သို့ တက်သွားပြီဖြစ်လေရာ ကျန်းချုံကျန့်ချုံးကဲ့သို့သော လူကပင် ကူကယ်ရာမဲ့ရပေလိမ့်မည်။

သို့သော် ထိုလူငယ်က သူ၏လက်အောက်ငယ်သားပေါင်း များစွာကို ရှုံးနိမ့်အောင် လုပ်ထားခဲ့သူ ဖြစ်သည့်အလျောက် ဟော်ရှု့ဟွေ့ခမ်းက အနည်းငယ် မျှော်လင့်မိသည်။

ဗျူဟာကဲ့သို့သော မူဝါဒပိုင်းဆိုင်ရာမျိုးကို သာ့လွန်ရော့ကျန်းကသာ စဉ်းစားဆင်ခြင် တွေးတောတတ်သောသူ ဖြစ်သည်။ သူကဲ့သို့ စစ်သည်တော် သီးသန့်ဖြစ်သလို ဗိုလ်ချုပ်တစ်ယောက်လည်းဖြစ်သည့် ဟော်ရှု့ဟွေ့ခမ်းက ပြိုင်ဘက်၏ အင်အားကြီးဟန် အမူအရာနှင့် လုပ်ပြနိုင်သော အရာအားလုံးကိုသာ ပို၍စိတ်ဝင်စားပြီး ထိုသို့သော လူမျိုးကို ကိုယ်ပိုင်လက်ဖြင့် ချေမှုန်းဖျက်ဆီးလိုသည်။

“သိန်းငှက်အိုကြီး ခင်ဗျားရှေ့ထွက်ရမဲ့အချိန်ပဲ”

ဝမ်ချောင်က ရုတ်တရက်ပြောသည်။

“ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်က အဲ့ဒီအဆင့်ထိ မရောက်သေးဘူးမဟုတ်လား”

“ဟုတ်ကဲ့သခင်လေး”

ရင်းနှီးကျွမ်းဝင်သော အသံနှင့်အတူ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်က ပေါ်လာသည်။ ဝမ်ချောင်၏ သစ္စာရှိနောက်လိုက် သိန်းငှက်အိုကြီးက နောက်မှထွက်လာသည်။ အချိန်တစ်ခုကြာ ပျက်ကွက်ပြီးနောက် သိန်းငှက်အိုကြီးက အဆင့်တစ်ခုသို့ တက်ရောက်သွားသလိုမျိုး တစ်ကိုယ်လုံး၏ စွမ်းအားက အပြည့်ဖြစ်နေသည်။

“ငါက အဆင့်မြင့် သိုင်းနယ်မြေကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီး အဆင့်သုံး ဒါမှမဟုတ် လေးလောက်အထိ လုပ်နိုင်စွမ်းအား ရှိနေပါပြီ။ ငါက လက်မောင်းခြောက်ဘက်... သိုင်းကို ဖမ်းဆုပ်သွားနိုင်ပါပြီ။ အခုအချိန်မှာ အဆင့်မြင့် သိုင်းနယ်မြေက အဆင့်ခြောက် ဒါမှမဟုတ် ခုနှစ်လောက်ထိ ရောက်နေတဲ့ ကျွမ်းကျင်ပညာရှင်ကိုတောင် ရင်ဆိုင်နိုင်ဖို့ လုံလောက်ပါတယ်”

သိန်းငှက်အိုကြီး၏ မျက်နှာတွင် တောက်ပသော အမူအရာမျိုးက ရှိနေသည်။ သူက ယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။

မြို့တော်မှ ကျွမ်းကျင်ပညာရှင်ဟောင်း သိန်းငှက်အိုကြီးက အစစ်အမှန် သိုင်းနယ်မြေ၏ အဆင့်ကိုးတွင် အကြာရှည်ဆုံး ရှိခဲ့သူတစ်ယောက်ဖြစ်ပြီး သူ၏ပါရမီ လိုအပ်မှုကြောင့် အဆင့်မတက်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုသို့သော အကြောင်းပြချက်ကြောင့် သူက သာမာန်လူတစ်ယောက်က မမျှော်လင့်ထားနိုင်လောက်သော စွမ်းအားမျိုးအထိ စုဆောင်းထားနိုင်ခဲ့သည်။ သိန်းငှက်အိုကြီးက မူလက ယုံကြည်ထားသည်မှာ သူ၏ဒီဘဝတွင် အဆင့်မြင့် သိုင်းနယ်မြေသို့ ကျော်ဖြတ်တက်ရန် မဖြစ်နိုင်တော့ဟု မှတ်ယူထားသည်။

သို့သော် ထိုလက်ခြောက်ဘက်သိုင်းကသူ့ကို အဆင့်တက်နိုင်ရန် အခွင့်အရေး ပေးခဲ့သည်။

ရလဒ်အနေဖြင့် သိန်းငှက်အိုကြီးက အဆင့်တက်သွားနိုင်ခဲ့ပြီး ရုတ်တရက် ရေကြီးသွားသလိုမျိုး အဆင့်သုံးကိုရောက်၍ အဆင့်လေးဝန်းကျင်အထိ စွမ်းအားရှိလာခဲ့သည်။ လက်ရှိသိန်းငှက်အိုကြီးက စွမ်းအားများအားလုံး ဟန်ချက်ညီအောင် ထိန်းထားနိုင်သည့် အင်အားကြီးမားသော စွမ်းရည်အပြည့် ပိုင်ဆိုင်ထားသော လူသစ်တစ်ယောက်နှင့်တူသည်။ ထိုသို့သော အကြောင်းပြချက်ကြောင့် ဝမ်ချောင်က ယခုမှသာ ထုတ်သုံးခြင်းဖြစ်သည်။

“ဒီပြည်ပသားက အရမ်းအင်အားကြီးတယ်။ ကျွန်တော်တို့ရဲ့ ဝူသံမဏိဓားတွေကပဲ သူ့ရဲ့သံမဏိသိုင်းမျိုးကို ကျော်ဖြတ်နိုင်တယ်။ ဒါပေမဲ့ ခင်ဗျားတစ်ယောက်ထဲက မလုံလောက်ဘူး။ လော့ကျီး ခင်ဗျားလည်းသွားပါ”

ဝမ်ချောင်က ဘယ်ဘက်လက်ကိုယမ်းလျှက် အမိန့်ထပ်ထုတ်လိုက်သည်။

လော့ကျီးက ဂါရဝပြုသည်။

“ဟုတ်ကဲ့ ဒီဗိုလ်ချုပ်က သွားလိုက်ပါ့မယ်”

လက်ရှိအချိန်တွင် အန်းနန်အစိုးရစစ်တပ်က မည်သူကမျှ ဝမ်ချောင်၏အမိန့်ကို မနာခံဘဲ မနေရဲချေ။ လူတိုင်းက ဝမ်ချောင်ဟာ အန်းနန်အစိုးရစစ်တပ်၏ ကယ်တင်ရှင်လို ဆက်ဆံထားပြီးသားဖြစ်သည်။ သူသာမရှိလျှင် အန်းနန်အစိုးရစစ်တပ်က ရှင်းလင်းသုတ်သင်ခံရပြီးသည်မှာ ကြာလောက်ချေပြီ။ ထို့ပြင် ဝမ်ချောင်ကိုယ်တိုင်ကလည်း ကျန်းချုံကျန့်ချုံး၏ သီးသန့်ကိုယ်ပိုင်အဆင့်ကို ကိုင်ဆွဲနိုင်ခဲ့သူဖြစ်သည်။

ဝမ်ချောင်က လော့ကျီး၏အနောက်သို့ ကြည့်လိုက်ပြီး အမိန့်ထုတ်လိုက်သည်။

“ဗိုလ်ချုပ်လင်း ခင်ဗျားလည်းသွားပါ”

“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက လိုက်ပါသွားလိုက်ပါ့မယ်”

လင်းဝူရှို့က ချက်ချင်းပြန်ဖြေသည်။ လက်ရှိအချိန်တွင် ဝမ်ချောင်က အနောက်တောင်ပိုင်းမှ စစ်သည်တော်တိုင်းက အသိအမှတ်ပြုကာ ယုံကြည်အားထားရသော သင့်လျော်သည့် ဗိုလ်ချုပ်ကောင်း တစ်ယောက်ဖြစ်သည်။ ဗိုလ်ချုပ်ဝမ်နှင့် ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ရှမ့်ယွီကပင် သူ၏အမိန့်ကို နာခံရသည်။ အခြားသူများဆိုလျှင် ထည့်ပြောရန်ပင် မလိုအပ်ချေ။

“ဒါပေမဲ့ ခင်ဗျားတို့လောက်နဲ့ မလုံလောက်သေးပြန်ဘူး။ ကျန်းလုံ”

“အရှင့်ရဲ့ လက်အောက်ငယ်သားက ဒီမှာရှိပါတယ်”

“မင်းရဲ့ဝူသံမဏိဓားကို ဗိုလ်ချုပ်လင်းကို ပေးလိုက်ပါ”

“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက အခုပဲ ပေးလိုက်ပါ့မယ်”

အန်းနန်အစိုးရစစ်တပ်တွင် ဝမ်ချောင်၏ လက်အောက်ငယ်သားများကသာလျှင် ဝူသံမဏိဓားများကို ကိုင်ဆွဲထားကြပြီး ထိုဓားကသာ ထူမီဆန်းကျလို သတ္ထုအခြေပြု ချီစက်ကွင်းသုံး ကျွမ်းကျင်ပညာရှင်မျိုးကို ကိုင်တွယ်နိုင်မည်ဖြစ်သည်။

သာမာန်ဆေဘာနှင့် ဓားများက ပုံသဏ္ဍန်ပြောင်းလဲ ခံရနိုင်သလို အခိုးခံရနိုင်သေးသည်။ ဒီနည်းအားဖြင့် သတ္ထုလူသားများက ပိုများလာပြီး အနားတွင် ကပ်နိုင်တော့မည်မဟုတ်ချေ။ ထို့ကြောင့် သူတို့က အသုံးမဝင်နိုင်ချေ။

သိန်းငှက်အိုကြီးလော့ကျီး လင်းဝူရှို့တို့ အားလုံးက ဝူသတ္ထုဓားများကို ဆွဲထုတ်လိုက်ကြသည်။ သူတို့အားလုံးက နဂါးနက်ဓားပြ လက်ရွေးစင် သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

ထုထည်ကြီးမားသော မီးလုံးကြီးများက ကောင်းကင်မှ ဆက်တိုက် ကျဆင်းလာနေပြီး တောက်လျှောက် မီးဆွဲနေစေသည်။ သို့သော် သိန်းငှက်အိုကြီး လော့ကျီးနှင့် လင်းဝူရှို့တို့က သက်ရောက်မခံရသလိုမျိုး အလွယ်တကူပင် ထိုမီးတောက်များကို ကျော်ဖြတ်သွားသည်။ ထိုသုံးယောက်က ထိုမီးလုံးများက သူတို့ကို ထိတွေ့၍မရသည့် အဆင့်ထိ ရောက်ရှိနေကြပြီဖြစ်လေရာ ချိန်းခြောက်ရန် ထည့်ပြောရန် မသင့်တော့ချေ။

အားလုံးက အလွန်မြန်ဆန်သော အရှိန်နှုန်းဖြင့် တောင်ခြေနားသို့ ချက်ချင်းလိုလို ရောက်သွားသည်။

“တိုင်းတစ်ပါးသားဗိုလ်ချုပ် ငါ့ရဲ့ရိုက်ချက်ကို ခံကြည့်စမ်းပါ”

ကောင်းကင်ကိုပင် တုန်ယင်သွားစေသော ဟိန်းဟောက်သံကြီးနှင့်အတူ သိန်းငှက်အိုကြီးက ရှေ့သို့ခုန်ထွက်လ်ိုက်သည်။ သူ၏တစ်ကိုယ်လုံးက ရုတ်တရက် လေထဲဝင်တိုးသွားသလိုမျိုး အာကာသပြင်ကို ကျော်ဖြတ်သွားသယောင် ပျောက်ကွယ်သွားလျှက် လက်ခြောက်ဘက် ဗာဂျရာ အစောင့်အရှောက် လူထွားပုံသဏ္ဍန်ကြီးကသာ အစားထိုးလာသည်။ သူ၏လက်ခြောက်ဘက်လုံးတွင် ဝူသံမဏိဓား ခြောက်လက်ကို ကိုင်ထားသည်။

ချွင်

ထိုလက်ခြောက်ဘက် ဗာဂျရာ အစောင့်အရှောက်ကြီးက မယုံနိုင်စရာကောင်းသော အရှိန်နှုန်းဖြင့် ဓားခြောက်လက်လုံးကို လွှဲယမ်းလိုက်သည်။ ဝူသံမဏိဓား ခြောက်လက်လုံး၏ ခုတ်ချက်နှင့်အတူ မြောက်များလှသော သန့်စင်သည့် သံမဏိတုံးကြီးက ထူမီဆန်းကျားက ဖန်တီးထားသည့် ထိုသတ္ထုလူထွားကြီး၏ ကိုယ်မှ ကွဲထွက်သွားသည်။

“ဗာဂျရာအစောင့်အရှောက် မင်းက ပါးထွန်းလုရဲ့သိုင်းကို သုံးနေတာပဲ”

တိုက်ပွဲနယ်မြေထဲမှ ဒေါသတကြီးဖြစ်သွားသော အသံနှင့်အတူ ထူမီဆန်းကျားက စူးရှစွာကြည့်လိုက်သည်။ သမိုင်းမတိုင်မီ ခေတ်ကတည်းက တည်ရှိခဲ့သော ရှေးဦးသားရဲ တစ်ကောင်လိုမျိုး သူက သိန်းငှက်အိုကြီးကို လက်သီးဖြင့်ထိုးသည်။

“မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းရဲ့ အရာတွေကို မင်းတို့တွေက ယူပိုင်ခွင့်မရှိဘူး။ ပြန်ပေးစမ်း”

“ကရုစိုက်”

အနီးကပ်ရောက်မှသာလျှင် ထူမီဆန်းကျား၏ သံမဏိလူထွားကြီးက မည်မျှအင်အား ပြင်းထန်မည်ဖြစ်ကြောင်း သိနိုင်သည်။ ထိုလူထွားကြီးက မရပ်တန့်နိုင်လောက်အောင် ပြင်းထန်သည့် အင်အားကြီးကို ပိုင်ဆိုင်ထားသည်။ ထူထပ်သိပ်သည်းစွာ ရှိနေသော သံမဏိသတ္ထုများက မည်သည့်လက်နက်နှင့်မဆို ထိုထူမီဆန်းကျားကို ချိန်းခြောက်နိုင်စွမ်း မရှိလောက်အောင် ဖြစ်စေသည်။

ဝုန်း ဝုန်း ဝုန်း

ဝေါင်း

လော့ကျီးနှင့် လင်းဝူရှို့တို့က လေထဲသို့ ခုန်ထွက်လိုက်လျှက် သူတို့၏ ဝူသံမဏိလက်နက်များကို လွှဲယမ်းလိုက်ကြသည်။ အဆင့်မြင့်သိုင်းနယ်မြေသို့ ရောက်နေသော ကျွမ်းကျင်ပညာရှင် လေးယောက်လုံး၏ တိုက်ကွက်က ပို၍ပြင်းထန်စွာ သက်ရောက်သွားသည်။

အခြားတစ်ဖက်တွင် တိဗက်မြင်းတပ် တစ်သောင်းဝန်းကျင်က အန်းနန်အစိုးရစစ်တပ်နှင့် တိုက်ခိုက်နေကြပြီဖြစ်သည်။

“အဆင်သင့်ပြင်”

ဝမ်ချောင်၏ အကြည့်က သိန်းငှက်အိုကြီး လော့ကျီးနှင့် လင်းဝူရှို့တို့အမြင်တွင် တခဏသာရောက်သည်။ စစ်သေနာပတိချုပ် တစ်ယောက်၏အာရုံက ထိုဗိုလ်ချုပ်နှစ်ယောက်ထံ အမြဲတစေ မရှိနေချေ။ သူကစစ်ပွဲနယ်မြေ တစ်ခုလုံး၏ အခြေအနေကို ခြုံငုံသုံးသပ် ကြည့်ရှု့ရန် လိုအပ်ပြီး လိုအပ်လျှင် အနိုင်အရှုံးကို သုံးသပ်ပေးနိုင်ရမည်ဖြစ်သည်။

စစ်တပ်ကို ဦးဆောင်ပြီး အဆုံးသတ်တွင် အနိုင်ရအောင် လုပ်ရခြင်းက ဗျူဟာများ၏ပြဿနာဖြစ်သလို စစ်သေနာပတိချုပ် တစ်ယောက်ကိုယ်တိုင် ကိုင်တွယ်ရန်လည်း လိုအပ်သည့် ကိစ္စဖြစ်သည်။

“ထူမီဆန်းကျားက ကိစ္စတွေကို အများကြီး မမွှေနှောက်နိုင်ပါဘူး။ အချိန်တစ်ခုလောက်ပဲ ဟော်ရှု့ဟွေ့ခမ်းက အလုံးအရင်းနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ နောက်ထပ်မြင်းတပ်တွေ အများကြီး စေလွှတ်လိုက်လိမ့်မယ်။ ငါ့ရဲ့အမိန့်ကိုထုတ် ခုခံရေးအားလှိုင်းကို တပ်ကူတွေ ဖြည့်တင်းဖို့နဲ့ တိဗက်တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်ကြ”

“ဒါပေမဲ့ သခင်လေး လက်ရှိအခြေအနေမှာဆိုရင် မီးလုံးတွေ ဆက်တိုက်ကျနေတာက ကျွန်တော်တို့ကို ရှေ့တိုးလို့မရအောင် လုပ်နေပါတယ်”

ချန်းရှု့စွန်းက စိုးရိမ်တကြီးပြောသည်။

“စိတ်အေးအေးထားစမ်းပါ ဒီမီးလုံးတွေကို ပြင်ဆင်ဖို့က အဲ့လောက်လွယ်တာမဟုတ်ဘူး။ အနောက်တောင်ပိုင်းက တောင်ကုန်းနဲ့ ပြင်ကျယ်ပေါများတဲ့ ဒေသပဲ။ ဒီတော့ သာ့လွန်ရော့ကျန်းအနေနဲ့ ကျောက်တုံးကြီးတွေ အများကြီးရအောင်ရှာဖို့ ခက်ခဲလိမ့်မယ်။ ဒါ့အပြင် ငါကအခြားကိစ္စတွေကို မသိလောက်ပေမဲ့ တိဗက်တွေမှာ အာရပ်ရေနံဆီတွေ အများကြီးမရှိမှန်း ကောင်းကောင်းနားလည်တယ်။ ဒီမီးလုံးတွေက သိပ်မကြာခင်မှာ သုံးလို့ကုန်သွားလိမ့်မယ်။ အစပိုင်းကတည်းက ဟော်ရှု့ဟွေ့ခမ်းရဲ့ ပန်းတိုင်က ငါ့ချခင်းထားတဲ့ ခုခံရေးအားလှိုင်းကို ဖျက်ဆီးချင်ခဲ့တာပဲ။ ဆရာသခင်ကျန်းကိုခေါ်ပြီး သူ့ကို အဆင်သင့်ပြင်ဖို့ ပြောလိုက်ပါ။ အလုပ်သမားတွေ အားလုံးက ဒီလိုစည်းပေါက်သွားတာကို အခွင့်ကောင်းယူပြီး ပျက်ဆီးနေတဲ့ နံရံတွေကို ပြင်ဆင်ရမယ်”

ဆရာသခင်ကျန်းဆိုသည်မှာ ဝမ်ချောင်က ကျန်းရှို့ကျစ်ကို ရည်ညွန်းခြင်းဖြစ်သည်။ မော်ကျူးနံရံများ၏ အားသာချက်က အလွယ်တကူ တပ်ဆင်၍ရသလို ရွေ့လျား၍လည်းရပြီး ပြင်ဆင်၍လည်း ရနေခြင်းဖြစ်သည်။ ထို့ကြောင့် ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းတို့၏ ဒီသံမဏိနံရံများကို ဖျက်ဆီးသည်ဆိုသော တိုက်ကွက်က မဖြစ်နိုင်ချေ။

“ဟုတ်ကဲ့ ကျွန်တော်အခုပဲ ပြင်ဆင်လိုက်ပါ့မယ်”

ချန်းရှုစွန်းက အမိန့်ကို သယ်ဆောင်လျှက် ထွက်သွားတော့သည်။

အခန်း(၅၈၇)

ဟော်ရှု့ဟွေ့ခမ်း၏ လုပ်ကြံသတ်ဖြတ်ရန် စေလွွှလိုက်သော အသုတ်က မျှော်လင့်ထားသည်ထက် စောစွာ ရောက်လာခဲ့သည်။ ဟော်ရှု့ဟွေ့ခမ်းက တောင်ထိပ်သို့ စိုက်ကြည့်ပြီးနောက် ရုတ်တရက် အမိန့်ထုတ်သည်။

“စစ်ရမ်ရှန်းရှုံး မင်းလည်းသွားသင့်ပြီ”

“ဟုတ်ကဲ့ဗိုလ်ချုပ်”

အနောက်မှ အသံနှင့်အတူ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော တောင့်တင်းသန်မာကာ ကြောက်မက်ဖွယ်ကောင်းသည့် တိဗက်ဗိုလ်ချုပ်တစ်ယောက်က မြင်းပေါ်သို့တက်လျှက် ခပ်မြန်မြန် ဆုတ်ခွာသွားသည်။

“ငါ့ရဲ့နောက်ကလိုက်ကြ”

ထိုအမိန့်နှင့်အတူ စစ်ရမ်ရှန်းရှုံး၏ အနောက်မှ တိဗက်မြင်းတပ် ထောင်ပေါင်းများစွာက လိုက်ပါသွားကြသည်။

“သခင်လေး တိဗက်တွေက လှုပ်ရှားပြီ”

ချန်းရှု့စွန်းက ခေါင်းလှည့်ပြီးနောက် ဝမ်ချောင်ကို အကြောင်းကြားသည်။

တဖန်ထပ်ပြီး ချန်းရှု့စွန်းက ဖော်ပြ၍ မရနိုင်လောက်အောင် လေးစားသွားရပြန်သည်။ ဝမ်ချောင်က အရာအားလုံးကို ခန့်မှန်းနိုင်နေပြန်သည်။

“ငါ့ရဲ့အမိန့်ကို ထုတ်ပြီးသွားပြီလား”

ဝမ်ချောင်က တည်ငြိမ်စွာဖြင့် တိုက်ပွဲနယ်မြေကိုကြည့်သည်။

“အရှင့်ရဲ့အမိန့်ကို ဒီလက်အောက်ငယ်သားက စီစဉ်ဆောင်ရွက်ပြီးပါပြီ”

“ဒါဆိုရင် စလိုက်တော့”

ဝမ်ချောင်က မထူးခြားနား ပြောသည်။

ဝုန်း

တောင်တန်းတောက်လျှောက် တိုက်ခိုက်သံများကသာ ပဲ့တင်ထပ်နေသည်။ တိဗက်မြင်းတပ် ထောင်ကျော်က တောင်ပေါ်သို့ တက်လာပြီး ကလုတ်ကျင်းများ သံမဏိနံရံများနှင့် အန်းနန်အစိုးရစစ်တပ်မှ စစ်သည်များထံ ရူးသွပ်စွာ ပြေးလာကြသည်။ တချိန်ထဲတွင်ပင် မီးလုံးများစွာက တဖန်ကျဆင်းလာပြန်ပြီး အန်းနန်အစိုးရစစ်တပ်ကို အောက်ဘက်သို့ မရောက်အောင် တားမြစ်ထားပြန်သည်။

“ကလုတ်ကျင်းတွေကို ဖယ်ထားလိုက် ကြိုးတွေကိုသုံးပြီး အပေါ်က ကျော်သွားလို့ရတယ်”

“မင်းတို့တွေ မြင်းတွေပေါ်ကဆင်းပြီး ကလုတ်ကျင်းတွေကိုဖယ်ကြ”

“ဗိုလ်ချုပ်ထူမီဆန်းကျား ရှိတဲ့နေရာကိုသွားပြီး ကျန်တဲ့လူတွေကို ဝိုင်းပြီးတိုက်ခိုက်ပေးလိုက်”

တိဗက်အရာရှိများက အမိန့်များကို အသီးသီးထုတ်လျှက် ထန်ခုခံအားလှိုင်းကို စုတ်ဖြဲချင်နေဟန်ရသည်။ တောင်တန်းအောက်ပိုင်းတွင် ရှိနေသော အန်းနန်အစိုးရစစ်တပ်မှ စစ်သည်များအားလုံးက အသက်ကို စတေးကြရလောက်သည်။

“တောင့်ခံထား တောင့်ခံထားကြ အရှင်က ဘယ်သူမှ နောက်မဆုတ်ရဘူးဆိုပြီး အမိန့်ထုတ်ထားပြီးသား”

“ဒိုင်းကာတွေ ဒိုင်းကာတွေ”

“ကလုတ်ကျင်းတွေကို ဆောင်ထားကြ မဆွဲသွားကြစေနဲ့”

“ဘယ်သူကမှ ဒီခုခံအားလှိုင်းကို ဖြတ်သွားခွင့်မရှိဘူး။ ရှိရင် ငါတို့အားလုံး သေမှပဲရမယ်”

လေထုက အလွန်တင်းကြပ်နေသည်။ တစ်ဖက်က တောင်ထိပ်သို့ရောက်ရန် အလုံးအရင်းနှင့် ဝင်ရောက်လာနေပြီး အနောက်တောင်ပိုင်းမှ နောက်ဆုံးသော ဒီအင်အားစုကို ရှင်းလင်းပစ်နေချိန်တွင် အခြားတစ်ဖက်ကမူ အရာအားလုံးကိုသုံးကာ ခုခံရမည်ဖြစ်သည်။ ထိုနည်းမှသာ သူတို့က ရှင်သန်နိုင်မည်ဖြစ်သည်။ သူတို့အနေဖြင့် နောက်ဆုတ်၍ မရတော့ချေ။

ဟော်ရှု့ဟွေ့ခမ်းကလည်း ဒီပြင်းထန်သည့် တိုက်ပွဲကိုကြည့်ပြီးမှ ရုတ်တရက် မျက်မှောင်ကိုကျုံ့ကာ အမိန့်ထုတ်သည်။

“ဗိုလ်ချုပ်ကျကျင်း မင်းလည်းသွား”

“ဟုတ်ကဲ့ဗိုလ်ချုပ်”

နောက်ထပ် တိဗက်တောင်ပေါ်သား ဗိုလ်ချုပ်တစ်ယောက်က ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

“ငါ့ရဲ့နောက်ကလိုက်ကြ”

ထိုအမိန့်နှင့်အတူ နောက်ထပ် ဖုန်မှုန့်အလုံးလိုက်က မြောက်တက်သွားချိန်တွင် တိဗက်မြင်းတပ် ထောင်ကျော်က လျှပ်စီးကဲ့သို့လက်လျှက် လိုက်ပါသွားကြပြန်သည်။ ထိုသို့ဖြင့် ဟော်ရှု့ဟွေ့ခမ်းက စစ်သည်သုံးသောင်းကို ထုတ်သုံးလိုက်သည်။

မြင်းတပ်ပမာဏက ခြေလျှင်တပ်ထက် အင်အားပိုကြီးပြီး ထိုမြင်းတပ် သုံးသောင်းဆိုသည့် ပမာဏကပင် မြေပြန့်လွင်ပြင်တွင် ခြေလျှင်တပ် သုံးသိန်းကို ရင်ဆိုင်ရန် လုံလောက်နေမည်ဖြစ်သည်။ သို့သော် ဒီတခဏတွင် သူတို့၏ပြိုင်ဘက်က တောင်ပေါ်တွင် ခြေကုပ်ရယူထားသော အစိုးရတပ် တစ်သိန်းဝန်းကျင် ဖြစ်နေသည်။

ဘုန်း ဘုန်း ဘုန်း

လေထဲတွင် တချွင်ချွင် အသံများနှင့်အတူ မြင်းခွာများက ဖုန်မှုန့်ကို ကန်ချောက်သွားခြင်း ဒိုင်းကာများ၏ အသံများ စသဖြင့်တို့က ပြည့်နှက်နေပြီး ခုခံအားလှိုင်းသို့ ချဉ်းကပ်သွားသည်။ အန်းနန်အစိုးရစစ်တပ်မှ ဒိုင်းကာသမားတစ်ယောက်က လူနှစ်ယောက် သို့မဟုတ် သုံးယောက်ကို အနည်းဆုံး တားဆီးနိုင်သည်။ တစ်ခါတစ်ရံတွင် ငါးယောက် ခြောက်ယောက်အထိ တားမြစ်နိုင်သည်။ အားလုံးက ဒိုင်းများအနောက်တွင် သိပ်သည်းစွာ ရှိနေကြလျှက် အားလုံးကိုသုံးကာ တိဗက်များ၏ တိုးဝင်ခြင်းကို တားဆီးနေကြရသည်။

ဟော်ရှု့ဟွေ့ခမ်းက မျက်မှောင်ကျုံ့ပြီး အမိန့်ထပ်ထုတ်သည်။

“မင်းလည်းသွားလိုက်ပါ”

ဒီတောင်ကုန်းမြေတွင် တိဗက်မြင်းတပ် လေးသိန်းက တောင်ပေါ်သို့ ဒုန်းဆိုင်းတက်နေကြသည်။ အခြားသော မည်သည့်စစ်သားကမှ ထိုကြားသို့ဝင်ကာ တိုက်ခိုက်နိုင်မည် မဟုတ်ချေ။ သူတို့က အန်းနန်အစိုးရစစ်တပ်၏ ပထမဦးဆုံး ခုခံအားလှိုင်းကို ဖျက်ဆီးနိုင်မှသာ အခြားသောသူများက ခုခံနိုင်မည်ဖြစ်သည်။

“သတ်ကြ”

တိဗက်စစ်သည် လေးသုတ်မြောက်က ထပ်မံရောက်ရှိလာသည့် အချိန်တွင် လေထဲတွင် ဒေါသတကြီး ဟိန်းဟောက်သံများက ပြည့်နှက်လာသည်။ ကောင်းကင်ကသာ ငုံ့ကြည့်လိုက်မည်ဆိုလျှင် တောင်ခြေတွင် တိဗက်စစ်သည်များက အပြည့်ရှိနေခြင်းကို မြင်ရမည်ဖြစ်သည်။

“အားလုံးကို သတ်ဖြတ်ကြစမ်း”

တိုက်ပွဲကွင်းပြင်တလျှောက် တိဗက်များ၏ တူညီသော အော်သံများကသာ ပြည့်နှက်နေသည်။ တဖန် တိဗက်များ၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှု အားလှိုင်းများ၏အောက်တွင် အန်းနန်အစိုးရ စစ်တပ်မှ အရှေ့ဆုံး ခုခံအားလှိုင်းသို့ ရောက်နေသူများအားလုံးက မယုံနိုင်စရာ ကောင်းလောက်သော ဖိအားမျိုးကို ခံစားရသည်။ ဒီဖျော့တော့အားနည်းသော ခုခံရေးအားလှိုင်းက အချိန်မရွေး ကျိုးကြေသွားတော့မလိုပင် ခံစားရသည်။

အဆိုးရွားဆုံးက ထိုလမ်းကြောင်းကို ထူမီဆန်းကျားက ဦးဆောင်ကာ ဖွင့်နေခြင်းဖြစ်သည်။ မဆုံးနိုင်သော တိဗက်စစ်သည်တော်များ၏ စွမ်းအင်အလင်းတန်းများက အဟကြားထဲသို့ ထိုးဝင်လျှက် တောင်ပေါ်သို့တက်သည်။ တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်.... အချိန်တိုင်းလိုလို ထာဝရ တည်တံ့သွားတော့မလိုပင် ခံစားလိုက်ရသည်။

မဟာထန်၏ ခုခံရေးအားလှိုင်းက ယမ်းခါလာပြီး ကျိုးပျက်လုနီးပါး ဖြစ်လာသည်။

“လုပ်ကြံသတ်ဖြတ်မှုကို နှစ်ဆလောက် မြင့်တင်ကြစမ်း။ ခုခံရေးအားလှိုင်းက ပြတ်တော့မယ်”

တိဗက်မြင်းတပ်က အဆုံးအစမဲ့လောက်အောင် ဆက်တိုက်ဆိုသလို တိုက်ခိုက်နေကြသည်။ အစစ်အမှန်လူက ခုခံရေးအားလှိုင်းကို ကျော်ဖြတ်ဝင်ရောက်နိုင်ခြင်း မပြုခြင်းက လူတိုင်း မမျှော်လင့်ထားသော ကိစ္စဖြစ်သည်။

ဝုန်း

ထိုအခိုက် ထူမီဆန်းကျားက လော့ကျီး သိန်းငှက်အိုကြီးနှင့် လင်းဝူရှို့တို့ကို လွင့်ထွက်သွားစေလျှက် သူတို့၏ အဝိုင်းခံထားရသည့် အနေအထားမျိုးမှ ထွက်သွားနိုင်လေပြီး လေးလံသော သတ္ထုနံရံထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ဒါက အချက်ပြလိုက်သလိုမျိုး ပတ်ဝန်းကျင်ရှိ ကလုတ်ကျင်းများနှင့် ဒိုင်းများအားလုံးက ရုတ်တရက် ဖျက်ဆီးခံလိုက်ရသည်။ မည်သူကမှ မတုန့်ပြန်နိုင်ခင်မှာတင် ပထမဦးဆုံး ခုခံရေးအားလှိုင်းက ပြိုပျက်သွားပြီဖြစ်သည်။

“သတ်”

အချိန်တစ်ခုခန့် တိတ်ဆိတ်နေပြီးနောက် တိဗက်မြင်းတပ်က အချင်းချင်း သတိထားမိသွားကာ အားအင်အပြည့် ဖြစ်သွားသည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများ အားလုံးကလည်း စိတ်လှုပ်ရှားသွားကြသည်။

“အံ့သြစရာပဲ သူတို့အားလုံးကိုသတ်ကြ”

အားလုံးက အောင်မြင်မှုအနံ့ကို ရသွားကြသည်။ သူတို့က ထန်များကိုရင်ဆိုင်ရန် နောက်ဆုံးတွင် နည်းလမ်းတစ်ခုကို ရှာတွေ့သွားသည်။ ထို့နောက် တခဏတွင်ပင် တိဗက်မြင်းတပ် လေးသောင်းက အရှေ့သို့ဆက်တိုက် မချီတက်နိုင်ခင်မှာတင် မာန်ရှဲ့ယွီစန်း၏ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုက တခဏခန့်ပင် မခံနိုင်ခင်မှာတင် အကြီးမားဆုံး ပြောင်းလဲမှုကြီးက ဖြစ်ပွားတော့သည်။

သူတို့၏ ကလုတ်ကျင်းများကို အဖြုတ်ခံလိုက်ရခြင်း ဒိုင်းများဖျက်ဆီးခံလိုက်ရခြင်းနှင့် ခုခံရေးအားလှိုင်း ကျိုးပျက်သွားခြင်း ထိုသို့ဖြစ်သွားပြီးနောက် အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော်တိုင်းက ချက်ချင်းလိုလို သံမဏိနံရံအသီးသီး၏ နောက်တွင် ဝင်ပုန်းလိုက်ကြသည်။ သတ္ထုကြားမှ ဟိန်းဟောက်သံလိုမျိုး ထူးဆန်းသည့် အသံကထွက်လာပြီးနောက်တွင် ကောင်းကင်ကို ထူထပ်သိပ်သည်းသော မိုးကြိုးလို အစင်းတန်းတစ်ကြောင်းက ချိုးဖျက်သွားလျှက် တိဗက်မြင်းတပ်သမား တစ်ယောက်ထံ ဝင်ရောက်သွားသည်။ တောင့်တင်းသန်မာသော ကြွက်သားနှင့် ထိုတောင်ပေါ်မြင်းက ကောင်းကောင်း မဟီနိုင်ခင်မှာတင် မြင်းစီးသူကိုသယ်ဆောင်လျှက် မြေပေါ်သို့ ဝုန်းကနဲ လဲကျသွားတော့သည်။ ထို့နောက် တဖန် အနောက်ဖက်တွင် ထူထပ်သိပ်သည်းသော တစ်စုံတစ်ရာက ကျော်ဖြတ်သွားပြန်သည်။

ဘန်း ဒိုင်း

ဒုတိယမြောက် မြင်းစီးသူကလည်း အလားတူ လဲကျသွားသည်။ သုံးယောက်မြောက်၊ လေးယောက်မြောက်၊ ငါးယောက်မြောက်၊ ခြောက်ယောက်မြောက်

သူတို့၏ အေးခဲသွားသော လုပ်ကြံသတ်ဖြတ်မှု အစီအစဉ်တွင် မြောက်များလှစွာသော တိဗက်စစ်သည်တော်များက တောင်ခြေတွင် အလုံးအရင်းဖြင့် ရှိနေကြပြီး နေရာတိုင်း အဟကြားမရှိအောင် အားဖြည့်ပေးထားကြသည်။ ထိုအခိုက် ထိုသို့အပြည့်ရှိနေခြင်းက သူတို့၏ သေစေနိုင်လောက်သော အမှားအယွင်းကြီး ဖြစ်သွားသည်။

ဒုန်းဒုန်းဒုန်း ဒိုင်းဒိုင်းဒိုင်း

ထိုသို့ လျှပ်စီးလက်သလိုမျိုး ဖြတ်ကနဲဖြစ်ကာ ကျော်ဖြတ်သွားသော ချွန်ထက်သည့် တစ်စုံတစ်ရာက တစ်ချောင်းထဲနှင့်တင် တိဗက်မြင်းတပ် ဆယ်ယောက်ခန့်ကို တောက်လျှောက် တဖြောင့်ထဲ သတ်သွားခဲ့ပြီး သွေးလမ်းကြောင်း ဖြစ်သွားစေလျှက် နောက်ဆုံးတွင် အင်အားကို ချဲလိုက်နိုင်သည်။

“ထန်ရဲ့ဒူးလေးကြီးတွေပဲ”

မည်သည့်နေရာကမှန်းမသိ အထိတ်တလန့်ဖြစ်သံ ထွက်လာပြီးနောက် ကျားလိုက်ရသော စစ်သည်တော်တိုင်းက တုန်ယင်သွားကြသည်။ ထိုအခိုက် တောင်ခြေရှိ တိဗက်တိုင်းရှိ သွေးက သွေးကြောထဲတွင်ပင် ခဲသွားပြီဟု ခံစားလိုက်ရသည်။

တိဗက်များက သူတို့၏ထူထည်းသော သံမဏိပြားလို သံချပ်ကာများကြောင့် ကျော်ကြားကြသည်။ သို့သော် ထိုသံမဏိပြား သံချပ်ကာကတင် သေစေနိုင်သော ရန်သူဖြစ်သည်။ အထူးသဖြင့် ထိုမဟာထန် ဒူးလေးကြီးအတွက်ဖြစ်သည်။

ထိုဒူးလေးကြီးများက ထုထည်ကြီးမားသော အချွန်ချောင်းကြီးများကို ပစ်ထုတ်နိုင်ပြီး တိဗက်စစ်သည်တော် တောက်လျှောက်ကို တဖြောင့်ထဲ သတ်သွားနိုင်စွမ်းရှိသည်။ ထိုသို့ ကိုယ်ထဲစွတ်ကနဲ ဝင်ဝင်နေသော အသံကို သူတို့အားလုံး သတိထားမိလိုက်သည်နှင့် ဒါကမဟာထန်၏ ဒူးလေးကြီးအသံဖြစ်ကြောင်း သိလိုက်ရသည်။

ချက်ချင်းလိုလို သူတို့က မတုန့်ပြန်နိုင်ခင်မှာတင် ဝမ်ချောင်က ဝှက်ဖဲကိုထုတ်ပြလိုက်ပြီဖြစ်သည်။ မရေမတွက်နိုင်သော ဒူးလေးပစ်ခတ်သံများက တောင်ပေါ်မှ တဖန်ကျဆင်းလာပြန်သည်။ မရေမတွက်နိုင်သော ဒူးလေးကြီးများက တောင်ပေါ်တွင် နဂိုကတည်းက ဆင်ထားပြီးသားဖြစ်ပြီး ယခုမူ နောက်ဆုံးတွင် ပစ်ခွင့်ရသွားပြီဖြစ်သည်။ မီးဆွဲလောင်နေသော ထိုဆူးချွန်များက မီးတောက်များနှင့် မီးလုံးများက ပေါင်းစပ်ပြီး အောက်သို့မဆင်းနိုင်အောင် ပိတ်ဆို့ထားနိုင်သည်။ သို့သော် သူတို့က မဟာထန်၏ ကျော်ကြားသော ဒူးလေးကြီးကို မတားနိုင်ချေ။

ဝုန်း ဝုန်း ဝုန်း

ထောင်ပေါင်းများစွာသော ထိုဒူးလေးမှ အထူအထပ် ဆူးချွန်ကြီးများ များစွာက လေထုကို ထိုးခွဲလျှက် မရေမတွက်နိုင်သော တိဗက်မြင်းတပ် များစွာကို သတ်ဖြတ်တော့သည်။

သိပ်သည်းစွာရှိနေသော ထိုမြင်းတပ်အနေဖြင့် အချိန်မီ နောက်လှည့်ရန်ပင် ခက်ခဲလွန်းလေရာ သူတို့ပေါ်သို့ ကျော်ဖြတ်ကာ ဝင်ရောက်လာသော ဆူးချွန်အသံကို အချိန်မီ မတုန့်ပြန်နိုင်ကြပေ။ ထိုသို့ဖြင့် မြေပြင်တွင် သစ်သားတိုင်များ လဲသွားသလိုမျိုး အလောင်းများက ပုံလာပြီး ကျောစိမ့်ဖွယ်ကောင်းသော အသံမျိုးက ထွက်ပေါ်လာသည်။

သတ္ထုနံရံများက မပြိုလဲသွားခင်မှာတင် တိဗက်များ၏ အကြံအစည်က အကောင်အထည် ပေါ်လာသည်။ သူတို့က မျှော်လင့်ထားသည့်အတိုင်း သတ်ဖြတ်နေခြင်းဖြစ်သည်။ သို့သော် သူတို့က သတ်ဖြတ်ခံရခြင်းသာ ဖြစ်သွားသည်။ စက္ကန့်အနည်းငယ်ထဲနှင့် ထိုဒူးလေးများက ထန်ခုခံရေးအားလှိုင်းထံ အတင်းဝင်ရောက်ရန် ကြိုးစားခဲ့ချိန်ကထက် ပိုများသော တိဗက်စစ်သည်တော်များကို သတ်ဖြတ်လိုက်သည်။ ထို့ပြင် ဒူးလေးကြီးများက ထပ်ခါတလဲလဲ သတ်ဖြတ်နေသေးသလို လေကိုထိုးခွဲကာ ရောက်လာသည့်အသံက အရှိန်အဝါအပြည့်ပါပြီး ဆုံးဖြတ်ချက်ကလည်း အပြစ်ရှိသလိုထင်ရသည်။

စွဲလောင်နေသော မီးတောက်ပင်လယ်က ဒူးလေးကြီးများကို တိဗက်မြင်းတပ်များ၏ ရန်မှ ကာကွယ်ထားသလိုမျိုး ပြောင်းပြန်သက်ရောက်မှု ရှိသွားသည်။

အခန်း(၅၈၈)

“မျိုးမစစ် ဒီကောင်က ကောက်ကျစ်လွန်းတယ်”

မာန်ရှဲ့ကျောင်းစစ်တပ်မှ ဖုန်းကျားရီက လက်သီးကို တင်းကြပ်စွာဆုပ်သည်။ ထူမီဆန်းကျား၏ လုပ်ကြံသတ်ဖြတ်မှု အတောအတွင်း ဝမ်ချောင်က ထိုဒူးလေးကြီးများကိုသာ သုံးကာ လှုပ်ရှားလိုက်ခြင်းဟု သူကသေချာသွားသည်။ အကြောင်းမူကား ယခင်တိုက်ပွဲများတွင် ထိုဒူးလေးကြီးများက မရှိခဲ့ချေ။

“သူက မီးပင်လယ်ကို သူ့ရဲ့အားသာချက်အဖြစ်တောင် အသုံးပြုလိုက်သေးတယ်။ ဒီကောင်က ကြောက်စရာ ကောင်းလွန်းတယ်။ ဝမ်ကလန်က အမတ်တွေ ဗိုလ်ချုပ်တွေ အပြည့်နဲ့ ရှိနေရင် ဂုဏ်ယူရတဲ့ ကလန်တစ်ခု ဖြစ်နေပြီးပြီ။ ဒါပေမဲ့ ဒီလောက်ထိ ထူးချွန်တဲ့ လူတစ်ယောက်က ပေါ်ထွက်လာသေးတယ်”

မာန်ရှဲ့ကျောင်း၏ ဗိုလ်ချုပ်တိုင်းက အလွန်အံ့သြနေကြပြီး သူတို့၏ စိတ်အတွင်းတွင်ပင် အလွန်မြင့်မားသည့် အသိအမှတ်ပြုမိသွားသည့် ခံစားချက်က ထွက်လာသည်။

သာ့လွန်ရော့ကျန်းက ဘယ်လိုလူလဲ။

ဟော်ရှု့ဟွေ့ခမ်းကရော ဘယ်လိုလူလဲ။

မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့သည် ရန်သူများ မဟုတ်သော်လည်း အနောက်တောင်ပိုင်းက မည်သူကမှ ထိုနှစ်ယောက်ကို အထင်မသေးရဲကြချေ။ ထိုနှစ်ယောက်ထဲက တစ်ယောက်ယောက်သာ မာန်ရှဲ့ကျောင်း၏ နယ်စပ်တွင် ပေါ်လာလျှင် လူတိုင်းက ချက်ချင်းလိုလို အင်အားကြီးသော ရန်သူနှင့် ရင်ဆိုင်နေရပြီဟုသာ သတ်မှတ်လိုက်သည်။

သို့သော် ထိုဝမ်ချောင်ဟုခေါ်သော ကောင်လေးကို သူတို့က ထိပ်တိုက်ရင်ဆိုင်နေရချိန်တွင် တိုက်ခိုက်ခြင်းတွင်ဖြစ်စေ၊ ခုခံခြင်းတွင်ဖြစ်စေ သူတို့ဘက်ကသာ ရှုံးနိမ့်နေရသည်။ တစ်ဖက်သူက သာ့လွန်ရော့ကျန်း၏ မီးလုံးကိုပင်သုံးပြီး သူ၏ကိုယ်ပိုင် အင်အားစုအတွက် ကာကွယ်လိုက်သေးသည်။

သူတို့အနေနှင့် ထိုဝမ်ချောင်က တိဗက်များ၏ အင်အားစုများကို တောင်ခြေပတ်ပတ်လည်တွင် ရည်ရွယ်ချက်ရှိရှိ အဝိုင်းခံသည်ဟုပင် သံသယဝင်မိသည်။ ဒီနည်းအားဖြင့် မဟာထန်က တပ်ဖွဲ့တိုင်းက မြေပြင်တွင် အပြည့်အဝစိကာ လည်စင်းခံပေးနေသည့် အချိန်တွင် မဟာထန်က ဒူးလေးကြီးများဖြင့် ပတ်ခတ်ရုံသာလိုသည်။

သာမာန်အခြေအနေမျိုးတွင် မဟာထန်၏ ဒူးလေးကြီးများက တစ်ကြိတ်ပစ်တိုင်း သုံးယောက်၊ လေးယောက်ကို သတ်နိုင်လျှင် ဒါကအများဆုံးဟု ဆိုရမည်ဖြစ်သည်။ ထို့ပြင် ရန်သူကလည်း တည့်တည့်မတ်မတ် တဖြောင့်ထဲ လာနေမှဖြစ်ပေလိမ့်မည်။

သို့ရာတွင် လက်ရှိအချိန်တွင်မူ မြင်းတပ်က အလွန်သိပ်သည်းစွာ ရှိနေလေရာ ဒူးလေးမှ ပစ်လိုက်သော ဆူးချွန်တစ်ချောင်းကနေ ဆယ်ယောက်ကျော်ကို သတ်နိုင်ရန် လုံလောက်နေသည်။ အချို့သော ဒူးလေးများဆိုလျှင် ၁၅ယောက်၊ ၁၆ယောက်ထိ တောက်လျှောက် သတ်သွားပြီမှသာ မြေပြင်သို့ ထိုးစိုက်ရပ်တန့်သွားလေသည်။

ထိုသို့တိုတောင်းစွာ ရွာသွန်းကျလာသော ဒူးလေးမိုးများ၏အောက်တွင် တိဗက်မြင်းတပ်၏ ဆုံးရှုံးမှုက လေးထောင်၊ ငါးထောင်အထိ ချက်ချင်းရောက်သွားသည်။

ဝုန်း

နောက်ထပ် ဒူးလေးမှ ဆူးချွန်တစ်သုတ်က ကျလာပြန်သည်။ ရလဒ်က ပထမတစ်သုတ်လောက် မပြင်းထန်သည့်တိုင်အောင် နောက်ထပ် နှစ်ထောင်၊ သုံးထောင်ခန့် တဖန် သေသွားရပြန်သည်။

တောင်အောက်သို့ သွေးများက ပူစီဖောင်းပွက်သလို ပွက်ပွက်စီးကျလာချိန်တွင် လေထဲတွင် မြင်းများ၏ နာကျင်စွာ ဟီသံများကလည်း ကပ်ပါလာသည်။ တစ်တောင်လုံးက ဝရုန်းသုန်းကား ဖြစ်သွားသည်။ ထိုမြင်ကွင်းက ဟော်ရှု့ဟွေ့ခမ်း၏ မျက်လုံးကို တွန့်သွားစေသည်။

အနောက်တောင်ပိုင်းတွင် သူ၏ဘဝတောက်လျှောက်နီးပါး အချိန်ဖြုန်းခဲ့ပြီးသည့်တိုင်အောင် သူထန်နှင့် ရင်ဆိုင်ခဲ့သော တိုက်ပွဲများအားလုံးတွင် အချိန်တိုင်းလိုလို မဟာထန်၏ လက်နက်ပေါင်းများစွာ၏ အင်အား အစစ်အမှန်ကို မျက်မြင်တွေ့ကြုံခဲ့ရပြီးသည့်တိုင်အောင် ဟော်ရှု့ဟွေ့ခမ်းအနေနှင့် ဝမ်ချောင်၏ ဒူးလေးမှ ပြလာသော အင်အားအောက်တွင် မျက်နှာထားတည်အောင် မနည်းကြိုးစားရသည်။

နာ့ယိတော်ဝင်တပ်ရင်းက မြင်းတပ်နှစ်သိန်း ပိုင်ဆိုင်ထားသော်လည်း မြင်းတပ် ထောင်ပေါင်းများစွာကို ရှုံးနိမ့်ခြင်းက နည်းပါးသည်ဟု ဆို၍မရချေ။ ထိုနှစ်သိန်းက ယွီစန်းအတွက် နှစ်သုံးဆယ်ကျော် အချိန်ယူကာ ဖွဲ့စည်းရခြင်းဖြစ်ပြီး ထိုသို့အချိန်ယူရလေလေ အားလုံးအတွက် ရင်းနှီးမြုပ်နှံထားရသည့် စွမ်းအင် အရင်းအမြစ်က ကုန်ဆုံးလေလေဖြစ်သည်။ တိဗက်များအနေနှင့် ထိုမျှအင်အားကြီးမားသော စစ်တပ်ကို တည်ထောင်ရန် မလွယ်ကူခဲ့ချေ။

ဟော်ရှု့ဟွေ့ခမ်းက လက်ပိုက်လျှက် ခပ်တင်းတင်း အမိန့်ထုတ်လိုက်သည်။

“ပစ်မှတ်ကိုပြောင်း မဟာထန်ရဲ့ ဒူးလေးတွေကို ဖျက်ဆီးကြ”

“ဟုတ်ကဲ့ပါဗိုလ်ချုပ်”

သို့သော် ထိုအမိန့်က အရှေ့ဘက်သို့ မရောက်ခင်မှာတင် ဆင်ခြေလျောတောက်လျှောက်မှ အခြေအနေများက တဖန်ပြောင်းလဲသွားပြန်သည်။ အနည်းငယ်သော တုန့်ဆိုင်းမှုပင်မရှိဘဲ နောက်ထပ် နှစ်သုတ်ခန့် ထပ်မံပစ်ခတ်ပြီးနောက် မဟာထန်၏ ဒူးလေးများက လျှင်မြန်စွာဖြင့် သံမဏိမြို့ရိုးကဲ့သို့ ထင်ရသည့် နံရံများနောက်သို့ ပြန်ရောက်သွားသည်။ ထိုဒူးလေးများက ပျောက်ကွယ်သွားသည်မှာ စက္ကန့်အနည်းငယ်သာ ကြာသည်။ မည်သည့်အချိန်ကမှ မပေါ်လာသလိုမျိုး ထင်ရသည်။ သူတို့က ပေါ်လာချိန်ကကဲ့သို့ လျှင်မြန်လွန်းသော အရှိန်နှုန်းဖြင့် ပျောက်ကွယ်သွားကြခြင်းလည်း ဖြစ်သည်။

ထူမီဆန်းကျား စစ်ရမ်ချုံးချုံးနှင့် ကျကျဲ့ရှစ်ကျီတို့ကဲ့သို့ အရှိန်အဝါ ပြင်းထန်ကာ သန်မာပြီး ကြောက်မက်ဖွယ် ကောင်းပါသော တောင်ပေါ်သား ဗိုလ်ချုပ်များ၏ စိတ်အနက်ရှိုင်းဆုံး အပိုင်းတွင်ပင် ကြောက်ရွံ့မှုက ထွက်ပေါ်လာသည်။ မဟာထန်များ၏ ထိုသို့ဒူးလေးများကို ပြန်သိမ်းသွားခြင်းက သူတို့ ဆက်ပစ်နေခြင်းထက် ပို၍ကြောက်စရာကောင်းသည်။ အကြောင်းမူကား မည်သည့်အချိန် တဖန်ထွက်ပေါ်လာပြီး ထပ်ပစ်နိုင်ကြောင်း မသိနိုင်သောကြောင့်ဖြစ်သည်။ ရိုးရှင်းစွာဖြင့်ပင် ဒီလိုအခြေအနေမျိုးကို ခုခံရန် မဖြစ်နိုင်လောက်ချေ။

မဖြစ်နိုင်သည်မှာ မဟာထန်များ၏ ထိုဒူးလေးများကို နှစ်ကြိမ်သုံးကြိမ် ပစ်ပြီးချိန်၌ တဖန်ဆူးချွန်များ ပြန်ထည့်ကာ ခပ်တင်းတင်းဖြစ်အောင် ပြင်ဆင်ရခြင်းမျိုး လိုအပ်သည်။ ထိုသို့ ပြန်ရုတ်သွားခြင်းက ဝမ်ချောင်က ထိုဒူးလေးများကို တဖန်ပြန်လည်ပြင်ဆင်နေပြီး အချိန်မရွေး ထွက်ပေါ်ကာ ထပ်ပစ်ရန်အတွက် စီစဉ်ထားခြင်းဖြစ်ကြောင်း သိသာနေသည်။ ထိုကဲ့သို့သော အခြေအနေက နောက်ထပ် တစ်သုတ် ထပ်သတ်ခံရအုံးမည်ဟု ဆိုလိုနေသည်။

ဝမ်ချောင်၏ ဗျူဟာကို သူတို့က စတင်နားလည်လာသည့် အချိန် လူတိုင်း၏ နှလုံးသားများက အေးစက်သွားကြသည်။ မဟာထန်၏ ဒူးလေးကြီးများက လက်နက်သစ် မဟုတ်ချေ။ သို့သော် မည်သူကမှလည်း ဝမ်ချောင်လို ကြောက်စရာကောင်းသော သက်ရောက်မှုရအောင် အသုံးမပြုခဲ့ရဖူးချေ။

“သေစမ်း ဒီကောင်တွေကို ငါ့အတွက် ဆွဲထားကြစမ်းပါ။ ငါတို့ ဘယ်နှစ်ယောက် ဆွဲချနိုင်မလဲ။ ငါတို့ များများဆွဲချနိုင်သမျှ ကာလပတ်လုံး ဒီကောင်တွေ ငါတို့ကို မပစ်နိုင်တော့ဘူး”

“တစ်ယောက်ယောက်လာစမ်း အဲ့ဒီနေရာက စစ်သားတွေ အားလုံးကို ဆွဲချပြီး သူတို့ရဲ့ ဒူးလေးတွေကို ဖျက်ဆီးကြ”

“သူတို့ရဲ့ သံမဏိနံရံ ရှိတဲ့နေရာတွေကိုပဲသုံး။ အဟကြားတွေကို ရှောင်ကြ”

တိဗက်စစ်တပ်ကလည်း ဉာဏ်နည်းသော ငတုံးများ မဟုတ်ကြချေ။ အချို့က ချက်ချင်းလိုလို အဓိကအချက်ကို သတိထားမိသွားကြသည်။

သူတို့ကသာ ထန်နှင့် အနီးကပ် ရင်ဆိုင်မည်ဆိုလျှင် အန်းနန်အစိုးရစစ်တပ်က ဆင်ခြေလျော အထက်မှနေပြီး ကိုယ့်အင်အားစုကို ပစ်ခတ်မိမည်ကို စိုးရိမ်သဖြင့် ဒူးလေးဖြင့် မပစ်ရဲလောက်ချေ။ တချိန်ထဲတွင်ပင် ဝမ်ချောင်က တောင်တောက်လျှောက် ကာထားခိုင်းသော ထိုသံမဏိနံရံများ အားလုံးက ဒူးလေးမှ ပစ်ခတ်ခြင်းကို ကာကွယ်ရန် အသုံးပြုနေခြင်းဖြစ်သည်။

သို့သော် တိဗက်များက သူတို့၏ မြင်းတပ်များကို ရှေ့သို့တိုးဝင်ခိုင်းပြီး ကျွမ်းကျင်စွာဖြင့် ဦးဆောင်တိုက်ခိုက်တော့မည်ဖြစ်သည်။ ခုခံရေးအားလှိုင်းအဖြစ် ရှိနေသော နံရံများနောက်တွင် ပုန်းနေသည့် မဟာထန်၏ တပ်ဖွဲ့များ ရှိရာနေရာသို့ အားလုံးက ဦးတည်ကြသည်။ မြင်းတပ်ကသာ သံမဏိနံရံများနောက်တွင် ပုန်းကွယ်နေမည်ဆိုလျှင် သူတို့အနေဖြင့် တစ်ဖက်က ပစ်ခတ်ခြင်းကို မခံရလောက်ချေ။

“မျိုးမစစ် ငါ့ရဲ့နောက်ကိုလိုက်ခဲ့”

ကြီးမားသော သံမဏိတုံးကြီးများစွာဖြင့် တွဲဆက်ထားသည့် ထူမီဆန်းကျားက ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး သူ၏ဆူးချွန်အနက်ရောင် ချီစက်ကွင်းက တုန်ခါလျှက် တုန့်ပြန်လာသည်။ ထန်စစ်သည်တော်များက အထ်ိတ်တလန့် အော်ဟစ်လိုက်ကြချိန်တွင် သူတို့၏ကိုယ်မှ သံချပ်ကာများ အားလုံးက စုတ်ဖြဲခံရပြီး မရေမတွက်နိုင်သော သတ္ထုလူသားများအဖြစ် ပြောင်းလဲကာ မီးပင်လယ်ကို ကျော်ဖြတ်လျှက် ဒူးလေးကြီးများ ရှိရာနေရာသို့သွားသည်။

တချိန်ထဲလိုလို ထူမီဆန်းကျားက သိန်းငှက်အိုကြီး လော့ကျီးနှင့် လင်းဝူရှို့တို့၏ အဝိုင်းခံလိုက်ရသည့် အနေအထားမျိုးမှ လွတ်မြောက်သွားလေပြီး တောင်တစ်လုံးတမျှ ကြီးမားသော ခန္ဓာကိုယ်ဖြင့် တောင်ပေါ်သို့ ခုန်တက်သည်။ ထိုးတက်နေသော မီးညွန့်များ ပြည့်နေသည့် မီးပင်လယ်က ထိုလူထွားကြီးဒူးသို့ပင် မရောက်လေရာ သူ့အတွက် ခြိမ်းချောက်နိုင်စွမ်းအား မရှိချေ။

ဝုန်း

ထူမီဆန်းကျား၏ ခြေထောက်အောက်မှ တောင်က တုန်နေချိန်တွင် ထူမီဆန်းကျားက တောင်ပေါ်သို့ တက်လိုက်သည်။ သို့သော် ရုတ်တရက် သူက ခြေလှမ်းများကို ရပ်လိုက်သည်။ သူ၏တစ်ကိုယ်လုံးက တုန်ယင်သွားလျှက် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

မည်းမှောင်နေသော တိမ်စိုင်ထဲတွင် အသေးစား နေတစ်လုံးကဲ့သို့ တဖြည်းဖြည်း ကြီးမားလာနေသည့် ကြီးမားသည့် မီးလုံးကြီးကို မြင်ရသည်။

ခလွပ်

ထူမီဆန်းကျားနှင့် ဆယ်ကျန်းခန့် ကွာသောနေရာသို့ ကျသွားချိန်တွင် မီးတောက်အားလှိုင်းများက ပြန့်ထွက်လာသေးသည်။ သို့သော် ထိုမီးလုံးက ကျသွားမှုနှင့်အတူ ကောင်းကင်ကလည်း ရုတ်တရက် တိတ်ဆိတ်သွားသည်။ မည်သည့်မီးလုံးမှ ဆက်လက်ပြီး မကျလာတော့ချေ။

အချိန်တချို့ကြာပြီးနောက် အနောက်တန်းမှ တဒက်ဒက် လက်နက်များက သူတို့၏ မီးလုံးများကို အသုံးပြု၍ ကုန်သွားသည်။ ထိုသို့ဖြင့် မီးလုံးမိုးက အဆုံးသတ်သွားတော့သည်။

ထိုအချိန်တွင် တောင်တစ်ခုလုံးက သေလုချောက်ချားဖွယ် တိတ်ဆိတ်သွားတော့သည်။

“အဆုံးသတ်သွားပြီ”

တောင်ပေါ်မှ ဝမ်ချောင်ကပြုံးလျှက် နောက်ဆုံးမီးလုံး ကျသွားသည့်နေရာကို လှမ်းကြည့်လိုက်သည်။ အရာအားလုံးက သူကမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသည်။ သာ့လွန်ရော့ကျန်းက မည်မျှ ဉာဏ်ရှိစေကာမူ သို့မဟုတ် သူကမည်မျှ ကြံစည်ထားစေကာမူ ဝမ်ချောင်၏ ရုတ်တရက် ထွက်ပေါ်လာမှုအတွက် ကြိုတင်အစီအစဉ် ချထားမည်မဟုတ်သလို ဝမ်ချောင်က ခြင်္သေ့မြို့ကို တည်ဆောက်နိုင်ခြင်းနှင့် အနောက်တောင်ပိုင်းတွင် ဒီလိုသံမဏိခံတပ် တည်ဆောက်ခြင်းကိုလည်း တွက်ချက်ထားမိမည် မဟုတ်ချေ။

ထို့ကြောင့် သာ့လွန်ရော့ကျန်းက နဂိုက အာမခံထားနိုင်လောက်သော အခြေအနေမျိုးက ဒီအခြေအနေနှင့် မလုံလောက်တော့ချေ။ ထို့ကြောင့် မီးလုံးမိုးက ကြာရှည်ခံမည်မဟုတ်ကြောင်း သူကသိခဲ့သည်။

ညင်သာသော လေပြေက တိုက်ခတ်သွားပြီးနောက် ဝမ်ချောင်က တောင်အောက်သို့ ငုံ့ကြည့်ကာ မထူးခြားနားစွာပြောသည်။

“လှုပ်ရှားကြ”

ဝေါင်း

တောင်ပေါ်မှ တောင်များကို ကွဲအက်သွားစေသော အသံတစ်မျိုးက ထွက်လာသည်။ ထိုအချိန်တွင် အချိန်ကပင် ရပ်တန့်သွားရာမှ ရုတ်တရက် ပြန်လည်စီးဆင်းသွားသလိုမျိုး လွင်ထီးခေါင်တောင် ဆင်ခြေလျော တောက်လျှောက်က ချက်ချင်းလိုလို စစ်သားများ ပြည့်သွားသည်။ အန်းနန်အစိုးရစစ်တပ်က ပြန်လည်တိုက်ခိုက်ရမည့် အလှည့်ဖြစ်သည်။

“သတ်”

တိုက်ပွဲ၏ အော်ဟစ်သံများနှင့်အတူ ထိုဟိန်းဟောက်သံများက မိုးကုတ်စက်ဝိုင်းတည့်တည့် ဝင်ရောက်သွားသလို သံမဏိမြို့ရိုးများနောက်တွင် ပုန်းနေသမျှ ထန်စစ်သည်တော်တိုင်းက လှုပ်ရှားထွက်လာကြသည်။ သူတို့က တောင်အောက်သို့ ဒုန်းစိုင်းဆင်းလာချိန်တွင် သတ္ထုရေက တောက်လျှောက် စီးဝင်လာသလိုမျိုးပင် ဖြစ်လာသေးသည်။ သူတို့၏ အရှိန်အဟုန်က တစ်လောကလုံးကို လှည်းကျင်းဖယ်ရှားပစ်ရန်ပင် လုံလောက်နေလေသည်။ တောင်တန်းများကို နင်းချေပြီး ပင်လယ်ပြင်ကို ဆောင့်နင်းရုံဖြင့် ရေများကို ပြန်ကန်ထွက်စေနိုင်သည်။

“ပြည်ပကျူးကျော်သူတွေ မင်းတို့ရဲ့အသက်ကို ချန်ထားခဲ့ကြစမ်း”

တောင်ပေါ်မှ မရေမတွက်နိုင်သော အန်းနန်အစိုးရစစ်တပ် အရာရှိများစွာက စစ်တပ်နှင့်အတူ ဒုန်းဆင်းလာချိန်တွင် ခက်ထန်သော ဒေါသတကြီး အော်ဟစ်သံများက ထွက်ပေါ်လာလျှက် အားလုံးက ဆင်ခြေလျောတောက်လျှောက် ဆင်းသက်လာကာ သူတို့၏ကိုယ်မှ အင်အားကြီးသော အရှိန်အဝါများကို ထုတ်လွှတ်လာကြသည်။

ထိုအခိုက် ထူမီဆန်းကျားကဲ့သို့ ရဲရင့်လွန်းသောသူကပင် မျက်လုံးပြူးလျှက် ကြောင်သွားသည်။

မဟာထန်က ဒီနှစ်များတွင် အမြဲတစေ ငြိမ်းငြိမ်းချမ်းချမ်းနေကာ သာယာမှုကို ခံစားနေသည့်အတွက် သူတို့အရင်က အင်အားကြီးခဲ့သလောက် မကြီးလောက်တော့ဟု ထင်ရသော်လည်း ဆာလောင်နေသော ကုလားအုပ်တစ်ကောင်က မြင်းတစ်ကောင်ထက် ပို၍သန်မာသေးသည်ဆိုသည့်အတိုင်း ထိုစစ်တပ်ထဲတွင် အားလုံးက ပါရမီအပြည့်နှင့်ဖြစ်သည်။ ထို့ကြောင့် ယွီစန်းနှင့် မာန်ရှဲ့ကျောင်းက ဗိုလ်ချုပ်တိုင်းထက် သာသည်။

သိန်းငှက်အိုကြီး လော့ကျီးနှင့် လင်းဝူရှို့တို့ အားလုံးကလည်း ကိုင်တွယ်ရ ခက်နေပြီးသား ဖြစ်နေလေရာ ထိုမျှအရာရှိပေါင်းများစွာ ဆင်းလာချိန်တွင် ပို၍ဆိုးသွားတော့ပေသည်။

“နောက်ဆုတ် နောက်ဆုတ် မြန်မြန်နောက်ဆုတ်ကြ”

ထူမီဆန်းကျားက ရုတ်တရက်အော်သည်။

မြင်းတပ်သုံးသောင်းလောက်က ထိုထန်များကို မယှဉ်နိုင်ချေ။ မီးလုံးများ၏ အကာအကွယ် မရှိတော့သည့်အခါ ထန်များက အားသာချက် ဆုံးရှုံးသွားပြီးသားဖြစ်သည်။

ဟီး ဟီး ဟီး ဟီး

ဒူးလေးကြီးများကတင် ထိုတိဗက်များ၏ တိုက်ခိုက်လိုစိတ်ထက် အင်အားကို ကြီးသွာပြီဖြစ်သည်။ ယခုမူ တိုက်ပွဲ၏ ဒီရေစီးရာက ပြောင်းပြန်ဖြစ်သွားသည့်အခါ တောင်ခြေမှ တိဗက်များအနေနှင့် စတင်ကာ ထွက်ပြေးကြတော့သည်။

တောင်ပေါ်သို့တက်သော မြင်းတပ်ကလည်း သူတို့၏ မြင်းများကို နောက်လှည့်ကာ ထွက်ပြေးကြသည်။

ထူမီဆန်းကျားနဲ့ အခြားသော ဗိုလ်ချုပ်များ အားလုံးကလည်း နောက်သို့လှည့်ကာ ချက်ချင်း ထွက်ပြေးကြသည်။ ဒီတိုက်ပွဲ၏ အခြေအနေအရ ဒီနေရာတွင် ဆက်နေမိပြီး တိုက်ပွဲထဲတွင် ဝင်ပါသွားလျှင် သေရတော့မည်ဖြစ်သည်။

“ဟ”

တိဗက်များ ထွက်ပြေးနေကြောင်းကို မြင်သောအခါ တောင်တန်းတစ်ခုလုံးကို အော်ဟစ်ကျုံးဝါးသံများဖြင့် ပေါက်ကွဲသွားသည်။

စစ်တပ်အလယ်မှ ခဲ့လော့ဖုန်းက တောင်ထိပ်သို့ကြည့်ပြီး သူ၏မျက်လုံးများက အလင်းရောင် လက်လာသည်။ အချိန်တစ်ခုကြာပြီးနောက် သူကနောက်ဆုံးတွင် ပြောလိုက်သည်။

“ဟော်ရှု့ဟွေ့ခမ်းလည်း ကျရှုံးသွားပြီ”

သူ၏အကြည့်က လေးနက်ပြီး အတွေးအပြည့်ပါသည်။ သို့သော် မည်သူကမှ သူ၏အတွေးကို မသိနိုင်ချေ။

“ဒီလိုကိစ္စတွေကို အကြံပြုခဲ့တာက သာ့လွန်ရော့ကျန်းဖြစ်ပြီး ငါတို့က အရင်းအမြစ်ပေါင်း များစွာကို မြုပ်နှံပေးခဲ့တယ်။ အဆုံးမှာတော့ သူတို့ရဲ့ သတ်ဖြတ်နိုင်စွမ်းအားက အကန့်အသတ်နဲ့ပဲ”

ခဲ့လော့ဖုန်း၏ အနောက်မှ သတ်ဖြတ်လိုစိတ်က ထွက်လာသည်။

“ဟော်ရှု့ဟွေ့ခမ်းက အားနည်းလွန်းတာကြောင့် မဟုတ်ဘူး”

“ဟုတ်တယ်”

နောက်ထပ် အသံတစ်သံက ထွက်လာပြန်သည်။

“အရာအားလုံးက အဲ့ဒီကလေးပဲ။ သူက ငါတို့ထင်ထားတာထက် အများကြီး ကိုင်တွယ်ရ ခက်ခဲနေသေးတယ်”

“မဟာထန်က လုံလောက်အောင် အင်အားကြီးနှင့်ပြီးသား။ သူတို့ကမြို့စားကျို့ကို အရင်က ပိုင်ဆိုင်ခဲ့တယ်။ ဒါကတင် လုံလောက်နေပြီ။ ငါတို့က နောက်ထပ် ဒုတိယ ဒါမှမဟုတ် တတိယမြောက်တွေ မလိုချင်တော့ဘူး”

ခဲ့လော့ဖုန်း၏ အကြည့်က အေးစက်သော အကြည့်ဖြင့် တောက်ပလာသည်။ သာ့လွန်ရော့ကျန်းနည်းတူ သူကလည်း မနေ့ညက တိုက်ပွဲကို အတွေ့အကြုံ မရှိလိုက်ချေ။ ထို့ကြောင့် အခြားသူများထံမှ စကားကိုသာ သိခဲ့ရသည်။ သို့သော် ထိုစကား အနည်းငယ်ကတင် ထိုကောင်လေးကို သတ်ချင်လာအောင် လုပ်ပေးနိုင်နေပြီဖြစ်သည်။

“ဒီတိုက်ပွဲမှာ အနောက်တောင်ပိုင်းက အန်းနန်အစိုးရစစ်တပ်ကို အမြစ်ဖြတ် သုတ်သင်နိုင်စွမ်း ရှိမရှိက အရေးမကြီးတော့ဘူး။ ဒါပေမဲ့ ဒီဝမ်ချောင်လို့ခေါ်တဲ့ ကောင်ကတော့ သေရမယ်”

နောက်ဆုံးစကားနှင့်အတူ ခဲ့လော့ဖုန်း၏ မျက်ဝန်းက သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် တောက်ပလာသည်။

“အရှင်မင်းကြီး စိတ်အေးအေးထားပါ။ သူက ဒီနေရာကနေ အရှင်လတ်လတ် မထွက်သွားနိုင်စေရဘူး”

နောက်ဆုံးစကားနှင့်အတူ သူ၏အနောက်မှ မည်သည့်အသံမှ ဆက်ထွက်မလာတော့ချေ။

အခန်း(၅၈၉)

တိုက်ပွဲက လျှင်မြန်စွာဖြင့် အဆုံးသတ်သွားသည်။

တိဗက်များက နောက်ထပ်တစ်သုတ် တိုက်ခိုက်ရန် မစေလွှတ်ကြတော့သည့်အတွက် အန်းနန်အစိုးရ စစ်တပ်ကလည်း မလိုက်တော့ချေ။ တောင်ခြေက အန်းနန်အစိုးရစစ်တပ်နှင့် မာန်ရှဲ့ယွီစန်းစစ်တပ်ကို တားမြစ်ထားသော မမြင်ရသည့် အကာအရံတားရှိသလို ဖြစ်နေသည်။ နှစ်ဖက်လုံးက ကိုယ့်ကိစ္စကိုသာ အာရုံစိုက်ကြတော့သည်။ သို့သော် ကိုယ့်နယ်နမိတ်ကိုယ် ပြန်ရောက်သည်နှင့် နောက်ထပ်တစ်ကြိမ် တိုက်ပွဲက စတင်တော့မည်ဟု ဆိုလိုပေလိမ့်မည်။

“ဘယ်လိုလဲ ငါတို့ရဲ့ဆုံးရှုံးမှုကို မင်းတို့ရေတွက်ပြီးပြီလား”

တောင်ထိပ်ပေါ်တွင် လော့ကျီး၊ လင်းဝူရှို့နှင့် အခြားသော အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်များက သူတို့၏ ဆုံးရှုံးမှု အရေအတွက်ကို တွက်ချက်ကြည့်နေကြသည်။

“တိုက်ပွဲအစကနေ အခုအချိန်ထိ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုက ၈၇၆၄ယောက်ပါ”

လင်းဝူရှို့က အရာရှိတစ်ယောက်က ပေးလာသော စာအုပ်ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းပြန်မော့လာကာ အခြားသော ဗိုလ်ချုပ်များကိုပြောသည်။

“ဆိုလိုတာက ငါတို့မှာ စစ်သည် ကိုးသောင်းတစ်ထောင်လောက်ပဲ ကျန်တော့တာပဲ”

ထိုစကားက သူတို့၏ရင်ကို လေးလံသွားစေသည်။ ခြင်္သေ့မြို့မှ ဒီနေရာသို့ လူတိုင်းက သူတို့၏ လက်အောက်တွင် ရှိနေသော စစ်သည်တော်များ၏ အရေအတွက်ကိုသာ အာရုံစိုက်ထားခဲ့ရသည်။ တိုက်ပွဲတစ်ပွဲ ပြီးသွားချိန်တိုင်း သူတို့တွင် မည်မျှသော တပ်ဖွဲ့ဝင်သာ ကျန်တော့ကြောင်းကို တွက်ချက်ကြည့်လေ့ ရှိကြသည်။

မာန်ရှဲ့ယွီစန်း၏ စစ်တပ်က အလွန်အမင်း ကြီးမားလွန်းသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏ အင်အားစုက မိုးကုတ်စက်ဝိုင်း တည့်တည့်တွင် အပြည့်ရှိနေသည်။ ထိုကဲ့သို့ ဖိအားမျိုးက အလွန်အမင်း ကြီးမားလေသည်။ အန်းနန်အစိုးရစစ်တပ်က ရှင်သန်ချင်လျှင် သူတို့က စစ်သည်တော် တစ်ယောက်ချင်းစီတိုင်းကို အလေးထားရန် လိုအပ်သည်။ ပထမဦးဆုံး တိုက်ပွဲကတင် သူတို့၏ အင်အားစု၏ ဆယ်ပုံတစ်ပုံကို အဆုံးသတ်သွားစေသည်။ ဒါကသူတို့အတွက် ဆိုးရွားသော သတင်းဖြစ်သည်။

“ရန်သူဘက်က တပ်ဖွဲ့ဘယ်လောက် ဆုံးရှုံးသွားလဲ”

လက်တစ်ဖက်ပြတ် ဗိုလ်ချုပ်တစ်ယောက်ကမေးသည်။ သူ့တွင် လက်တစ်ဖက်သာ ရှိသော်လည်း ထိုဗိုလ်ချုပ်က အလွန်အမင်း သန်မာကာ ရဲရင့်ပြတ်သားနေလေသည်။ သူ၏ကိုယ်မှ ထွက်နေသော စွမ်းအင်များက လော့ကျီးနှင့် လင်းဝူရှို့တို့ထက်ပင် ကြောက်စရာကောင်းသေးသည်။

သူ့တွင် ပို၍အထူးခြားဆုံး ကိစ္စကမူ သူ၏လက်ထဲတွင် ကိုင်ထားသော အလွန်အမင်း လေးလံဟန်ရသော ဆေဘာကြီးဖြစ်သည်။ ထိုဆေဘာက ခြေထောက်တစ်ဝက်စာကျယ်ပြီး ခြောက်ပေရှည်သည်။ ထိုဓားသွားကိုယ်တိုင်ကလည်း အလွန်အမင်း ထူထည်းကာ လေးလံနေလေသည်။ ထို့ကြောင့် တစ်ချက်ကြည့်ရုံဖြင့်ပင် အထူးတလည် သွန်းလုပ်ထားကြောင်း သိနိုင်သည်။

ထိုလူကို ချန်းကွမ့်ရွှန်းဟုခေါ်သည်။ သူက အန်းနန်အစိုးရစစ်တပ်၏ အဆင့်မြင့်ဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏နာမည်ပြောင်က တောင်မြင့်ဆေဘာဟုခေါ်လျှက် သူ၏အဆင့်ကမူ လော့ကျီးထက်ပင် မြင့်သေးသည်။ ခွန်အားသီးသန့်အရဆိုလျှင် သူက အန်းနန်အစိုးရစစ်တပ်၏ ထိပ်ဆုံးစာရင်းဝင်သည်။

“ငါတစ်ချက်ကြည့်ပါရစေ”

လင်းဝူရှို့က စာမျက်နှာ နောက်တစ်ရွက်ကို လှန်လိုက်သည်။

“ဒါ ဒါက မာန်ရှဲ့ယွီစန်းစစ်တပ်က ရှစ်သောင်းကျော် ဆုံးရှုံးသွားကြပြီး သူတို့က ကိုးသောင်းဝန်းကျင်လောက်ထိ ဆုံးရှုံးသွားကြတာ။ စာရင်းသေချာ ပြုလုပ်ထားတဲ့ အရာရှိရဲ့ စကားအရဆိုရင် ဒါကအကြမ်းဖျင်း ခန့်မှန်းထားတာပဲ”

“အာ”

အရာရှိများ၏ မျက်ဝန်းက တောက်ပသွားပြီး ခေါင်းပြန်မော့လိုက်သည်။

“ဗိုလ်ချုပ်လင်း မှန်တာသေချာလား”

အရာရှိတစ်ယောက်က စိတ်လှုပ်ရှားစွာ ဝင်မေးသည်။

သူတို့အားလုံးက မာန်ရှဲ့ယွီစန်းစစ်တပ်က ဒီစစ်ပွဲတွင် စစ်သည်ပေါင်းများစွာကို ဆုံးရှုံးထားကြောင်း သိသွားသော်လည်း မည်မျှဆုံးရှုံးသွားကြောင်း မသိခဲ့ကြချေ။ ယခုမူ ရလဒ်က ထွက်လာသောအခါ သူတို့မျှော်လင့်ထားသည်ထက် များပြားနေကြောင်း ဝန်ခံရမည်ပင်။

“မသွားနိုင်ဘူး အားလုံးလည်း အန်းနန်အစိုးရစစ်တပ်ထဲမှာရှိတဲ့ စစ်တပ်စည်းမျဉ်းက ဘယ်လောက် တင်းကြပ်လဲ သိနေကြတာပဲ။ ဒီလိုအမှားမျိုးကို သူတို့မလုပ်ရဲပါဘူး”

လင်းဝူရှို့က ခိုင်မြဲစွာ ပြန်ဖြေသည်။

စာရင်းများ ကိုင်တွယ်ဖြေရှင်းရသော အရာရှိများက တိုက်ပွဲတွင် ဆုံးရှုံးသွားသော လူ၏အရေအတွက်များစွာကို တွက်ချက်ပေးရသည်။ ဒါက စစ်တပ်အတွက် အလွန်အမင်း အရေးကြီးလေရာ အမှားအယွင်းတစ်ခုသော်မျှ ရှိလိမ့်မည်မဟုတ်ချေ။

“အချိုးက ဆယ်ပုံတစ်ပုံပဲ။ တကယ်ကို ရိုးရိုးရှင်းရှင်းကို ကြောက်စရာကောင်းတာပဲ။ ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကျန့်ချုံတောင် ဒီလိုမှတ်တမ်းမျိုးရအောင် မလုပ်နိုင်ခဲ့ဖူးဘူး...”

အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်တစ်ယောက်က စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ဆက်မပြောနိုင်တော့ချေ။

စစ်ဗျူဟာက အနောက်တောင်ပိုင်းတွင် မရှားပါးသလို ကျန်းချုံကျန့်ချုံးနှင့် ရှန်ယွီကျုံ့ထုံးတို့ အားလုံးဟာလည်း စစ်အနုပညာ ကျွမ်းကျင်သော ပါရမီရှင်များ ဖြစ်ကြသည်။ သို့သော် ဝမ်ချောင်ကမူ မတူသောအဆင့်တွင်ဖြစ်သည်။

“ဘာလို့ အရှင်ကျန့်ချုံက သူ့ရဲ့တံဆိပ်ကို ဒီလူငယ်သခင်လေးကို ပေးခဲ့သလဲဆိုတာကို ငါသိလိုက်ပြီ”

လင်းဝူရှို့က သက်ပြင်းချသည်။

“သခင်လေးက ဒီကိစ္စကို သိတယ်လား”

ရုတ်တရက် ချန်းကွမ့်ရွှန်းက ခေါင်းညိမ့်ကာ တောင်ပေါ်သို့ကြည့်သည်။ တောင်၏ အမြင့်ဆုံးအပိုင်းတွင် ဝမ်ချောင်၏ ပုံရိပ်က အလွန်သေးငယ်လွန်းနေသည်။ သူတို့က ဝမ်ချောင်နှင့် အလွန်ရင်းနှီးနေသည့်တိုင်အောင် ဗိုလ်ချုပ်တိုင်းက ဝမ်ချောင်ကို ပထမဦးဆုံးအကြိမ် မြင်ရသလိုသာ ခံစားနေရသည်။

“အရာရှိတစ်ယောက်က သခင်လေးကို ဒီသတင်း သွားပေးပြီးသွားပြီ”

လော့ကျီးက လေးစားမှုအပြည့်ဖြင့် ပြန်ပြောသည်။ သူတို့အားလုံး၏ အသက်က ဝမ်ချောင်၏ လက်ထဲတွင်ရှိသည်။ အနောက်တောင်ပိုင်းတောက်လျှောက် ဖြန့်ကျက်ကြည့်မည်ဆိုလျှင်ပင် သူ့ထက်တော်သော ဗျူဟာပညာရှင် သို့မဟုတ် သူ့ထက်တော်သော စစ်အနုပညာကို ပိုင်ဆိုင်သောလူကို ရှာတွေ့မည်မဟုတ်ချေ။

မဟုတ်ဘူး အနောက်တောင်ပိုင်းတင် မဟုတ်ဘူး... တခဏပင် လူတိုင်း၏ နှလုံးသားတွင် ဗဟိုပြင်ကျယ် တစ်ခုလုံးတွင်ပင် အကြီးကျယ် အခမ်းနားဆုံး စစ်အနုပညာ ဆရာသခင်ဟုပင် သတ်မှတ်လိုက်ကြသည်။

“သွားစို့ ငါတို့သခင်လေးနဲ့ သွားတွေ့ရအောင် ထပ်ပြောရရင် ဒီဆုံးရှုံးမှုသတင်းကို မြန်မြန်ဖျောက်ဖို့ လိုအပ်တယ်။ စစ်တပ်ထဲက ဘယ်သူကများ သခင်လေးကို မကျေမနပ် ဆက်ဆံရဲသလဲ ကြည့်ရအောင်။ တကယ်လို့ အဲ့တစ်ယောက်ကသာ ရှိနေသေးပြီး အချိန်တိုအတွင်း စိတ်မပြောင်းတော့ဘူးဆိုရင်တော့ ငါတို့ ရိုင်းတဲ့အတွက် အပြစ်မတင်နဲ့တော့”

လင်းဝူရှို့ကပြောသည်။

“ဟုတ်တယ်”

ချန်းကွမ့်ရွှမ်းကလည်း ခေါင်းညိမ့်သည်။ သူတို့အားလုံးက အန်းနန်အစိုးရ စစ်တပ်မှ အခြားသော စစ်သည်တော်များနှင့်အတူ ဝမ်ချောင်၏ စစ်တပ်တစ်ခုလုံးအပေါ် အမိန့်ပေးမှုအကြောင်းနှင့် ပတ်သတ်ပြီး ငြင်းခုံခဲ့ဖူးသည်။ မဟုတ်လျှင် ဝမ်ချောင်က အမိန့်ပေးနိုင်သော ဗိုလ်ချုပ်အရေအတွက် အကန့်အသတ် ရှိနေမည်မဟုတ်ချေ။ သို့သော် ထိုသူများက သူတို့၏ အတွေးကို တရားဝင် မပြသရဲခဲ့ပေ။ ထို့ကြောင့် ဝမ်ချောင်ကလည်း ဘာမှလုပ်၍မရချေ။ သို့ရာတွင် အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်တစ်ယောက် အနေနှင့် ချန်းကွမ့်ရွှန်းက အတွေးပိုင်းဆိုင်ရာ ငြင်းခုံမှုများအကြောင်းသိသလို အလောင်းအစားကိုလည်း သိသည်။ အတိတ်က မည်သို့ဖြစ်နေစေကာမူ ယခုကစတင်ပြီး သူက မည်သူကမှ ဝမ်ချောင်၏ အမ်ိန့်ကို ဖီဆန်သည့် အခြေအနေမျိုးကို ခွင့်ပြုတော့မည် မဟုတ်ချေ။ ဒါက လက်ရှိအချိန်တွင် ရှိနေကြသော ဗိုလ်ချုပ်တိုင်း၏ အလိုလိုပေါ်လာသော အသိတရားဖြစ်သည်။

သူတို့က လျှင်မြန်စွာဖြင့် တောင်ပေါ်သို့ တက်ကြသည်။

တောင်ထိပ်တွင် ချန်းရှု့စွန်းက စာအုပ်ကိုလှန်ပြီးနောက် ပြောသည်။

“သခင်လေး တိဗက်နဲ့ မာန်ရှဲ့ကျောင်းဘက်က ဆုံးရှုံးမှု အရေအတွက်အရ သူတို့ စစ်သည်လေးသိန်း ပတ်ဝန်းကျင်ပဲ ကျန်ပါတော့တယ်”

“ဒါပေမဲ့ ငါတို့မှာ ကိုးသောင်းဝန်းကျင်ပဲကျန်တယ်”

ဝမ်ချောင်က ပြောပြီးနောက် သူ၏အကြည့်က အောက်ဘက်သို့ မြဲမြံစွာ ကျသွားသည်။ တောင်ထိပ်ပေါ်တွင် ရပ်နေခြင်းက အရာအားလုံးကို မြင်နိုင်သည့် ခံစားချက်ပေးသည်။ ထို့ကြောင့်သူက မာန်ရှဲ့ယွီစန်း စစ်တပ်ကိုလည်း မြင်နိုင်သည်။ ယခင်တိုက်ပွဲ အဆုံးသတ်သွားပြီးနောက် ဝမ်ချောင်နှင့် တစ်ဖက် မဟာထန်မှ ဗိုလ်ချုပ်တိုင်းက တိုက်ပွဲကြီးပြီးဆုံးရန် ဝေးကွာနေသေးကြောင်းသိသည်။

ဟော်ရှု့ဟွေ့ခမ်းက အလွယ်တကူ ကိုင်တွယ်ရ မလွယ်သလို သာ့လွန်ရော့ကျန်းကလည်း မတူချေ။ ထို့ပြင် နှစ်ယောက်ပေါင်းလိုက်ခြင်းက ပို၍ဆိုးလေသည်။ ထို့ပြင် နှစ်ယောက်ကို ဖယ်ထားလိုက်မည်ဆိုလျှင်ပင် ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်က မလွယ်ကူချေ။ သူ၏ဖခင် ဝမ်ရန်နှင့် ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ရှန်ယွီကျုံ့ထုံးတို့ကလည်း တောင်ထိပ်တွင် ရပ်နေကြသည်။ မည်သည့်ဘက်ကမှ လက်ရွေးစင် တိုက်ခိုက်ရေး အင်အားကို မထုတ်သုံးကြသေးချေ။ ထို့ကြောင့် ဒီပွဲက အဆုံးသတ်ဖို့များစွာ ဝေးကွာနေသေးသည်။

“အခုကစပြီး ဒီတိုက်ပွဲက ပိုပြီးပြင်းထန်ဖို့ပဲရှိတယ်”

ချန်းရှု့စွန်းက ရုတ်တရက်ပြောသည်။

“အွန်း သေချာပေါက်ပဲ”

ဝမ်ချောင်ကလည်း ခေါင်းညိမ့်သည်။ မာန်ရှဲ့ယွီစန်း စစ်တပ်က ဖန်တီးခဲ့သော ယခင်တိုက်ပွဲများက အဆန်းသာ ဖြစ်သေးသည်။ ပထမတစ်သုတ် စေလွှတ်ခဲ့သူများထဲတွင် တိုက်ခိုက်ရေးစွမ်းအား အနိမ့်ဆုံး ဖြစ်နေကြသည့် ကျောက်တုံးဖြူတပ်ရင်းနှင့် ကျောင်းစစ်လော့၏ တပ်ဖွဲ့များက ရန်သူ၏အင်အားစုမှ လက်ရွေးစင် တပ်ဖွဲ့များနှင့် မယှဉ်နိုင်သေးချေ။ အချိန်ကြာလေလေ စစ်ပွဲက ပို၍ရက်စက်ပြီး ပို၍ ပြင်းထန်လာပေလိမ့်မည်။

“သခင်လေးချောင် အစည်းအဝေးထိုင်ဖို့ မထွက်လာချင်သေးဘူးလား”

တောင်ခြေမှ မိုးခြိမ်းသံလို အသံမျိုးနှင့် စကားသံက ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံက တစ်တောင်လုံး၏ တိတ်ဆိတ်မှုကို ဖြိုခွဲသွားသည်။ ဝမ်ချောင်၊ ချန်းရှု့စွန်းနှင့် သိန်းငှက်အိုကြီးတို့က တောင်အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။

သိန်းငှက်အိုကြီးက ဝမ်ချောင်၏နောက်တွင် ရပ်လျှက်ပြောသည်။

“သခင်လေး ဒါက သာ့လွန်ရော့ကျန်းပဲ”

တိုက်ပွဲပြီးသွားသောအခါ သူက ဝမ်ချောင်၏ဘက်သို့ ပြန်ရောက်လာခြင်းဖြစ်သည်။

“သူ့ကို ပြန်တုန့်ပြန်ချင်ပါသလား”

ချန်းရှု့စွန်းက ဝမ်ချောင်ကို သတိအပြည့်ဖြင့်ကြည့်သည်။

“သာ့လွန်ရော့ကျန်းက ဉာဏ်ပညာရှိတဲ့ ပညာရှိ အမတ်တစ်ယောက်အဖြစ် ချီးကျူးခံရပြီး မြေခွေးလိုလည်း ကောက်ကျစ်သေးတယ်။ သူက ဒီတစ်ကြိမ်မှာ သခင်လေးနဲ့ စကားပြောဖို့ တောင်းဆိုတာက ကောင်းတဲ့ ရည်ရွယ်ချက် မဟုတ်နိုင်ဘူး”

“အဆင်ပြေပါတယ်”

ဝမ်ချောင်က လက်ယမ်းလျှက် ဖျော့တော့စွာ ပြုံးလိုက်သည်။

“ဒီလိုအချိန်မျိုးမှာ သူက ဘယ်လိုလှည့်ကွက်မျိုး သုံးနိုင်မှာမို့လို့လဲ။ ဒါ့အပြင် သူက လှည့်ကွက်သုံးချင်ရင်လည်း ငါကခွင့်ပြုဖို့ လိုသေးတယ်”

ဝမ်ချောင်၏ မျက်နှာတွင် အလွန်အမင်း ပြင်းထန်သည့် ယုံကြည်မှုက အပြည့်ရှိနေသည်။

သူ၏အရှေ့တစ်ဖက်ခြမ်းတွင် ရပ်နေသောလူက ယွီစန်းမှ ဉာဏ်ပညာရှိသော ပညာရှိအမတ်ဖြစ်ကြောင်း သူကလည်းသိသည်။ သို့သော် ထိုပညာရှိအမတ်က သူနှင့် မျက်နှာချင်းဆိုင် ရပ်နေသောလူက စစ်သူတော် တစ်ယောက်ဖြစ်ကြောင်း သိလိမ့်မည် မဟုတ်ချေ။ သာ့လွန်ရော့ကျန်းက အနောက်တောင်ပိုင်းတွင် ကိုင်စွဲထားသော ကျော်ကြားမှုနှင့် စစ်မှတ်တမ်းများက မည်မျှပင် မြင့်မားနေစေကာမူ ဝမ်ချောင်က ကြောက်စရာအကြောင်း မရှိပေ။

ဝမ်ချောင်က အင်္ကျီလက်ကို တစ်ချက်ခါယမ်းပြီးနောက် ဝမ်ချောင်က ခြေနှစ်လှမ်းခန့် ရှေ့တက်ကာပြောသည်။

“ဝမ်ချောင်က ဒီမှာရှိပါတယ်။ မဟာမတ်က အဲ့ဒီမှာရှိပါသလား”

တစ်ချိန်ထဲလိုလို အောက်ဘက်မှ တိဗက်စစ်တပ်က လူစုခွဲပေးပြီး သာ့လွန်ရော့ကျန်းက သားမွှေးယပ်တောင်ကိုခတ်လျှက် ခပ်အေးအေး အမူအရာမျိုးဖြင့် ရှေ့သို့လျှောက်လာသည်။

“ဒါကဝမ်ချောင်ဆိုတဲ့ မဟာထန် မြို့စားကျို့ရဲ့ ဆက်ခံသူ သခင်လေးဝမ်ပါလား”

သာ့လွန်ရော့ကျန်းက ခေါင်းမော့လျှက် တောင်ထိပ်သို့ကြည့်သည်။ တောင်ထိပ်တွင် ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သူတို့၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများကို မြင်နိုင်သည်။ သာ့လွန်ရော့ကျန်းက ဝမ်ချောင်၏နာမည်ကို အံ့အားသင့်စရာ ကောင်းလောက်အောင် ခန့်မှန်းနိုင်သည်။ သို့သော် သူဟာ မြို့စားကျို့၏ ဆက်ခံသူဖြစ်ကြောင်းကို သိရန်က မလွယ်ကူချေ။ သူက ဝမ်ချောင်၏ နောက်ခံနှင့် အကြောင်းအရာများ အားလုံးကို သိပြီးလောက်လေပြီ။

“မဆိုးဘူး”

စစ်တပ်သုံးခု၏အရှေ့တွင် ဝမ်ချောင်က ဘာကိုမှ ဖုံးကွယ်ထားစရာ အကြောင်းမရှိချေ။

“မဟာအမတ်က ငါ့ကို တွေ့ဖို့တောင်းဆိုတယ်ဆိုတော့ ဘာကြောင့်များပါလဲ”

“ဟား ဟား ဟား သခင်လေးဝမ် သခင်လေးဝမ်က ဟာသပြောရတာ တကယ်ကြိုက်တာပဲ။ သခင်လေး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပါဦး။ သခင်လေးကို ဝိုင်းထားတာက ကျွန်တော်တို့ရဲ့ ယွီစန်းနဲ့ မာန်ရှဲ့ကျောင်းတွေ မဟုတ်ပါလား”

သာ့လွန်ရော့ကျန်းက လက်ကမ်းဖွင့်လျှက်ရယ်သည်။

“ဟား ဟား မဟာအမတ်က ကိုယ့်ကိုယ်ကို အနိုင်ရနေပြီလို့ သတ်မှတ်နေပြီဆိုမှတော့ ဘာလို့ လျှာနဲ့ တိုက်စစ်ဆင်ပြီး အင်အားတွေ ဖြုန်းတီးနေတာပါလဲ။ စစ်သည်တွေကို ရှေ့တက်ခိုင်းပြီး ကိစ္စတွေကို မြန်မြန် အဆုံးသတ်ခိုင်းလိုက်ပါလား”

ဝမ်ချောင်ကလည်းရယ်သည်။

“ဟ သခင်လေးက လူငယ်ဆိုတော့ အားအင်အပြည့် ရှိနေတာပေါ့။ ဒီသာ့လွန်ရော့ကျန်းက သခင်လေးကို လေးစားမိပါတယ်။ ဒါပေမဲ့ ထန်စစ်သည်တော်တွေက သခင်လေးလိုမျိုး အကြောက်အလန့်မဲ့ပြီး သေဆုံးခြင်းကို ဦးတည်နိုင်ပါ့မလား။ ဒီအမတ်က ပါရမီရှင်တွေကို လေးစားတယ်။ သခင်လေးကသာ အန်းနန်အစိုးရစစ်တပ်ကို အညံ့ခံစေဖို့ ဆန္ဒရှိမယ်ဆိုရင် ဒီအမတ်ကလည်း သခင်လေးကို လေးစားမှုကြောင့် လွှတ်ပေးပြီး ကာကွယ်ရေးဗိုလ်ချုပ်ရှန်ယွီကို လွတ်မြောက်မဲ့ လမ်းကြောင်းတစ်ခု ချန်ထားပေးနိုင်ပါတယ်”

သာ့လွန်ရော့ကျန်းက တောင်ပေါ်သို့ မော့ကြည့်လျှက် ရိုးသားသော မျက်နှာထားမျိုးဖြင့် ပြောလိုက်သည်။

“မဟာအမတ်က အကြံကောင်းကို ထုတ်နိုင်တာပဲ။ ဒါဆိုလည်း ငါကလည်း အဲ့ဒီနောက်မှာ အန်းနန်အစိုးရ စစ်တပ်က စစ်သည်တော်တွေ ဘာဖြစ်မလဲဆိုတာကို သိပါရစေ”

ဝမ်ချောင်က ဆက်မေးသည်။

“သခင်လေး စိတ်အေးအေးထားပါ။ ဒီသာ့လွန်ရော့ကျန်းက အားလုံးအတွက် လွတ်လမ်း ချန်ထားပေးမှာပါ။ ဒါပေမဲ့ သူတို့က စစ်သည်တော်တွေလေ။ ကျားကိုမွေးထားရင် သေချာပေါက် အကိုက်ခံရမှာပေါ့။ သူတို့ကသာ ဗဟိုပြင်ကျယ်ကိုပြန်ပြီး စစ်တပ်ထဲကို ထပ်ဝင်မယ်ဆိုရင် သေချာပေါက် ကျားကိုတောင်ပေါ် ပြန်လွှတ်ပေးပြီး ရန်သူအဖြစ် ပြန်လာခိုင်းသလို ဖြစ်သွားမှာပေါ့။ ဒါကြောင့် နှစ်ဖက်လုံးက သဘောတူညီမှု ယူရပါမယ်။ သူတို့ကသာ သူတို့ရဲ့ လက်နက်ချ အညံ့ခံပြီး ယွီစန်း သို့မဟုတ် မာန်ရှဲ့ကျောင်းထဲကိုဝင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ဆန္ဒရှိတယ်ဆိုရင် သေချာပေါက် လက်ခံပေးရမှာပေါ့”

သာ့လွန်ရော့ကျန်းက ရိုးသားမှုအပြည့်ဖြင့် ဆက်ပြောသည်။

“ဟား ဟား မဟာအမတ် ကျွန်တော်မှာ ပိုကောင်းတဲ့အကြံရှိတယ်။ မဟာအမတ်များ နားထောင်ချင်မလား”

ဝမ်ချောင်က နောက်ဆုံးတွင် ရယ်တော့သည်။

“ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး”

သာ့လွန်ရော့ကျန်းကလည်း ခပ်တိုးတိုးရယ်သည်။

အခန်း(၅၉၀)

“မဟာအမတ်ကသာ ဆန္ဒရှိမယ်ဆိုရင် တိဗက်မြင်းတပ်တွေ အားလုံးကို အကျဉ်းသားအဖြစ် သတ်မှတ်လို့ မြို့တော်ကို ဝင်ရောက်ပြီး ပြစ်မှုတွေအားလုံးကို ဝင်ချတောင်းပန်လို့ အရှင်မင်းကြီးဆီမှာ ဝင်ချတောင်းပန်သင့်တယ်။ ဖြစ်နိုင်တာက ယွီစန်းတွေက တိဗက်တောင်ပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ပြန်နေလို့ ရလောက်ပါတယ်။ မဟုတ်ရင်တော့ ကြီးမားတဲ့ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်”

ဝမ်ချောင်၏ စကားက သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် နာ့ယိတော်ဝင်တပ်ရင်းမှ ဗိုလ်ချုပ်တိုင်း၏ မျက်နှာကို ချက်ချင်း ဖြူဖျော့သွားစေသည်။ ဝမ်ချောင်က ထိုစကားများကို တိဗက်ဘာသာဖြင့် ပြောလိုက်သောကြောင့်ဖြစ်သည်။

“ရိုင်းလိုက်တဲ့ကောင် မင်းကပဲ ငါတို့ရဲ့ စန်းဖော်ကို ရန်စရဲတယ်”

တိဗက်ဗိုလ်ချုပ်တစ်ယောက်က ဒေါသတကြီးအော်သည်။ သူ၏တစ်ကိုယ်လုံးက ဒေါသအပြည့်ဖြင့် တောက်လောင်လာသည်။ အခြားသော ဗိုလ်ချုပ်များ မျက်နှာများတွင်လည်း ဒေါသများကို မြင်နိုင်သည်။ ယွီစန်းများက တော်ဝင်တပ်ရင်း လေးခုအဖြစ် ခွဲခြားထားရသော်လည်း စန်းဖော်၏အဆင့်အတန်းက အဆင့်လွန် ပုဂ္ဂိုလ်ကဲ့သို့သော အခြေအနေမျိုးဖြစ်သည်။ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကပင် တစ်ဖက်သူ၏အရှေ့တွင် အလွန်လေးစားပြရသည့်အပြင် စကားအလွန်အကျွံ့ မပြောရဲချေ။

“သခင်လေးဝမ် သခင်လေးဝမ်က ယဉ်ကျေးမှုရှိတဲ့ လူတစ်ယောက်လို့ ထင်မိပြီး ကျွန်တော်တို့အချင်းချင်း စကားပြောလို့ရမယ်လို့ ထင်ခဲ့တာ။ မမျှော်လင့်ထားဘဲ သခင်လေးက အရမ်းရိုင်းတယ်။ ပန်းလိုထင်ရတဲ့ စကားတွေနဲ့ စန်းဖော်ကို အသရေဖျက်ပြီး အခုလို သိက္ခာချတာက ဘာအကျိုးအမြတ်မှ မရနိုင်ပါဘူး”

သာ့လွန်ရော့ကျန်းကလည်း မကျေနပ်မှုအပြည့်ဖြင့်ပြောသည်။

ယွီစန်းတွင် စန်းဖော်၏အဆင့်က သူတော်စင်ဧကရာဇ်ထက်ပင် မြင့်သည်။ အကြောင်းပြချက်က ရိုးရှင်းသည်။ ယွီစန်း၏ အင်ပါယာက တော်ဝင်တပ်ရင်း လေးခုကွဲနေသော်လည်း စန်းဖော်ကအားလုံးကို အုပ်ချုပ်နိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူတို့၏ အုပ်ချုပ်မှု စည်းမျဉ်းက မဟာထန်ထက်ပင် တင်းကြပ်သေးသည်။

“ဟ မဟာအမတ်က ငါကရည်ရွယ်ချက်ရှိရှိနဲ့ ဒေါသထွက်အောင် လုပ်လိုက်တယ်လို့များ ထင်သွားတာလား”

ဝမ်ချောင်ကရယ်ပြီး ထိုတိဗက်ဗိုလ်ချုပ်တိုင်း၏ ဒေါသကို အထင်တသေးသာ ဆက်ဆံလိုက်သလို ဖြစ်သွားစေသည်။

“မဟာအမတ်က လောဘကြောင့် ကန်းသွားတာဖြစ်မယ်။ ဒါကြောင့် စစ်ပွဲတစ်ခုထဲရဲ့ အနိုင်အရှုံးကိုပဲ မြင်ပေမဲ့ ဒီဝမ်ချောင်ကတော့ ယွီစန်းနဲ့ မဟာထန်ရဲ့ ရှေ့ရေးကို ကြည့်မိတာပါ။ မဟာထန်က ဗဟိုပြင်ကျယ်ရဲ့ နယ်မြေတိုင်းမှာ မားမားမတ်မတ် ရပ်တည်နေနိုင်ကတည်းက အခြားတိုင်းပြည်တိုင်းရဲ့ အထက်မှာ အင်အားက ရှိနေခဲ့ပြီးသား။ မဟာအမတ်က ကိစ္စဟောင်းတွေကို မမေ့လောက်သေးပါဘူးနော်”

“ပင်လယ်လေးခု အပျက်အစီးနယ်မြေ ကန္တာရရှစ်ခု ဦးတည်ရာဘက် ခြောက်ခုမှာ ဘယ်အင်ပါယာကမှ မဟာထန်နဲ့ မယှဉ်နိုင်ဘူး။ ယွီစန်းကလည်း ချွင်းချက်မရှိဘူး။ မဟာအမတ်က မာန်ရှဲ့ကျောင်းနဲ့ ပူးပေါင်းပြီး စစ်သည်ငါးသိန်းစုစည်းနိုင်တော့ရော ဘာဖြစ်လဲ။ အဲ့ဒီစစ်သည် ငါးသိန်းက ဒီစစ်သည်တစ်သိန်းကို ယှဉ်နိုင်လို့လား။ အန်းနန်အစိုးရစစ်တပ်ပေါင်း များစွာထဲက တစ်ခုဆိုတာ မမေ့သေးသင့်ဘူး”

“မဟာအမတ်က ဒီနေ့စစ်တပ်ကို စုရုံးထားပြီး မဟာထန်ကို ရင်ဆိုင်ဖို့ တွေးကောင်းတွေးနေလောက်ပေမဲ့ မဟာအမတ်အနေနဲ့ အနာဂတ်မှာ မဟာထန်က ယွီစန်းကို ရင်ဆိုင်ဖို့ စစ်တပ်ကို စုစည်းလိုက်တဲ့အခါ ဘယ်လိုဖြစ်လာမယ်လို့ထင်လဲ”

ဝမ်ချောင်၏စကားက အောက်ဘက်ရှိ တိဗက်တိုင်းပေါ် ပြင်းထန်သည့် သက်ရောက်မှု ရှိသွားစေသည်။

ယွီစန်း၏စကားက မဟာထန်ထက် ပိုသည်။ သို့သော် မည်သူကမှ ဝမ်ချောင်ကဲ့သို့ တဲ့တိုးမပြောဖြစ်ကြချေ။ ထို့ပြင် ဒီစစ်ပွဲက ဒီစစ်တပ်တွင် နိုင်သွားပြီး မဟာထန်၏ အနောက်တောင်ပိုင်းကို သိမ်းယူနိုင်လောက်သည့် တိုင်အောင် မဟာထန် တစ်ခုလုံးကသာ ပါဝင်ပတ်သတ်လာလျှင် ဟော်ရှု့ဟွေ့ခမ်းက ဘာစကားမှပင် ထပ်ပြောရဲတော့မည် မဟုတ်ချေ။

မဟာထန်တွင် ခဲ့ရှု့ဟန်၊ ကောင်းရှန်းကျစ်၊ ကျန်းရှို့ကွေး၊ ဝမ်ကျုံးစစ်နှင့် ကျန်းချုံကျန့်ချုံးကပင် မြို့တော်တွင် ရှိနေသေးသည်။ ထို့ပြင်ဒီထက် အများကြီးအများကြီး ရှိနေသေးသည်။ ထိုအချိန်တွင် တိဗက်များက အခြားသော တိုင်းပြည်တိုင်းနှင့် ပူးပေါင်းမည်ဆိုလျှင်ပင် ခဲ့လော့ဖုန်းက အ့ဟိုင်တွင် မဟာထန်နှင့် ရင်ဆိုင်ရာတွင် အနိုင်ရခဲ့ခြင်း မရှိလျှင် အခြားသော တိုင်းပြည်များကို မဟာထန်၏ အားနည်းချက် မြင်သွားစေပြီး အလဲထိုးနိုင်သည်ဟုထင်ကာ မပူးပေါင်းလာခဲ့လျှင် ယွီစန်းတစ်တိုင်းပြည်ထဲက မဟာထန်ကို စိန်ခေါ်ရန် မလုံလောက်ချေ။

ဒီကောင်စုတ်က ငါထင်ထားတာထက် ကိုင်တွယ်ရ ပိုခက်တာပဲ။

သာ့လွန်ရော့ကျန်းက မျက်မှောင်ကျုံ့သည်။ ပတ်ဝန်းကျင်မှ စစ်သည်တော်များ၏ စိတ်ဓာတ်အခြေအနေ ပြောင်းလဲသွားခြင်းကိုလည်း သူကရှင်းရှင်းလင်းလင်း အာရုံခံနိုင်သည်။ ဒါက သူလိုချင်သော ရလဒ်မဟုတ်ချေ။ သူက ဝမ်ချောင်ကို ဆင့်ခေါ်ပြီး စကားပြောခိုင်းခြင်းအားဖြင့် မဟာထန်များ၏ တိုက်ခိုက်လိုစိတ်ကို ဖျက်ဆီးလိုသည်။ သို့သော် ရရှိသော အကျိုးက ဆန့်ကျင်ဘက် ဖြစ်သွားသည်။

“မဟာအမတ် ဆက်ပြောဖို့ မလိုတော့ပါဘူး။ ဒီကလေးက ကိုင်တွယ်ရ တကယ်ခက်တယ်”

သူ၏ဘေးဘက်မှ အသံတစ်သံ ထွက်လာသည်။ ဟော်ရှု့ဟွေ့ခမ်းက မျက်မှောင်ကျုံ့သည်။ သူက ဒီလို မဟာအမတ်၏ တစ်စုံတစ်ရာကို လှုပ်ရှားကိုင်တွယ်နေသည့် အချိန်တွင် ဝင်စွက်ဖက်ခဲသည်။ သာ့လွန်ရော့ကျန်း၏ လုပ်ဆောင်မှု အကြံအစည်များတွင် ဝင်ပါခဲသည်။ သို့သော် ဒီလိုအချိန်တွင်မူ ဟော်ရှု့ဟွေ့ခမ်းက ဝင်ရောက်စွက်ဖက်လာသည်။

သူက သာ့လွန်ရော့ကျန်းကို မယုံကြည်၍မဟုတ်ဘဲ မဟာထန်နှင့် ယွီစန်း၏ကြားမှ အင်အားကွာခြားချက်က ရှင်းရှင်းလင်းလင်း ငြင်းပယ်၍မရသောအချက် ဖြစ်နေကြောင်း နားလည်နေခြင်းဖြစ်သည်။ ဟော်ရှု့ဟွေ့ခမ်းကပင် ယွီစန်းက မဟာထန်ထက် သာသည်ဟု မကျုံးဝါးရဲချေ။

အမှန်တိုင်းသာ ပြောရရင် အဲ့ဒီလိုသာ မဟုတ်ခဲ့ရင် သူတို့အနေနဲ့ မဟာထန်ထက်သာ ယွီစန်းက သာနေခဲ့ရင် မာန်ရှဲ့ကျောင်းနဲ့ မဟာမိတ်ပြုစရာ အကြောင်းကိုမရှိဘူး။

ကင်းခြေများတစ်ကောင်က သေနိုင်သည်။ သို့သော် ဘယ်သောအခါမှ မလဲကျချေ။ မဟာထန်က အထွတ်အထိပ် အခြေအနေတွင် မရှိတော့သည့်တိုင်အောင် ကုန်းမြေ၏ အင်အားအကြီးဆုံး အင်ပါယာ မဟုတ်လျှင်ပင် သူတို့၏ တည်ရှိမှုက ပတ်ဝန်းကျင်တိုင်းပြည်တိုင်းက အရိပ်ခိုနေရသော မားမတ်မြင့်မားသည့် တည်ရှိမှုကြီး ဖြစ်နေသေးသည်။

“ဟား ဟား ဟား ဟား သခင်လေးဝမ်က စကားပြောကောင်းတာပဲ။ ဒါပေမဲ့ တောအုပ်ထဲက ထိုးထွက်နေတဲ့ သစ်ပင်တစ်ပင်က အရင်ဆုံး လဲတတ်တယ်။ သခင်လေးကသာ အချိန်ရရင် ကိုယ့်ကိုယ်ကိုအရင်ဆုံး ကာကွယ်သင့်ပါတယ်။ ယွီစန်းအတွက်ကတော့ ဒီရာစုနှစ်ပေါင်းများစွာ ကုန်လွန်လာပြီးတဲ့နောက်မှာ ဗဟိုပြင်ကျယ်က ယွီစန်းကို ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဒီတော့ နောက်ထပ် ရာစုနှစ်ပေါင်းများစွာအတွင်းမှာလည်း မဖြစ်နိုင်ပါဘူး”

သာ့လွန်ရော့ကျန်းက ခပ်ဖျော့ဖျော့ပြုံးသည်။

ပြောင်ကျကျပြောရမည်ဆိုလျှင် သာ့လွန်ရော့ကျန်းအနေဖြင့် ဝမ်ချောင်ကို လေးစားနေမိပြီဖြစ်သည်။ ကံဆိုးစွာဖြင့် ဝမ်ချောင်က ရန်သူဖြစ်နေသည်။

“ဟား ဟား ထန်တွေက အတိတ်ကလည်း ပြင်ကျယ်ကနေ ခြေလှမ်း မထွက်ခဲ့ဖူးပေမဲ့ အနာဂတ်မှာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူးပဲ။ ဒါ့အပြင် ယွီစန်းက တောင်ပေါ်ဒေသကို ထွက်ပြေးလာနိုင်တယ်။ ဒါပေမဲ့ ဘုရင် ခဲ့လော့ဖုန်းက လုပ်နိုင်ခဲ့သလား”

တောင်ထိပ်ပေါ်တွင် ရပ်နေရင်းမှ ဝမ်ချောင်ကပြုံးလျှက် အခြားတစ်ဖက်သို့ ဦးတည်လိုက်ပြန်သည်။

သာ့လွန်ရော့ကျန်းက ဝမ်ချောင်၏စကားကို မတုန့်ပြန်နိုင်ခင်မှာတင် ခဲ့လော့ဖုန်း၊ ဖုန်းကျားရီနှင့် မာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်တိုင်း၏ မျက်နှာက ဖြူဖျော့သွားကြသည်။ သူတို့အားလုံးက ဝမ်ချောင်နှင့် သာ့လွန်ရော့ကျန်းတို့ စကားဖလှယ်ခြင်းကို စောင့်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။ သို့သော် မည်သူကမှ ဝမ်ချောင်က ရုတ်တရက် သူတို့ဘက်သို့ လှည့်လာမည်ဟု မထင်ထားကြချေ။

မာန်ရှဲ့ကျောင်းနှင့် ယွီစန်း၏ မဟာမိတ်ကြားတွင် ဖုံးကွယ်ထားသော လျို့ဝှက်အန္တရာယ်ရှိသည်။ ဝမ်ချောင်က ပြောခဲ့သလိုမျိုး ယွီစန်းနှင့် မာန်ရှဲ့ကျောင်းက မတူချေ။ တစ်ကြိမ်ရှုံးသွားသည်နှင့် အခြေအနေက ပြောင်းလဲသွားတော့မည်ဖြစ်ပြီး တိဗက်များက သူတို့၏ တောင်ပေါ်ဒေသသို့ ပြန်ဆုတ်ကာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သည်။ သို့သော် မာန်ရှဲ့ကျောင်းက ထိုသို့မလုပ်နိုင်ချေ။

အ့ဟိုင်၏ ကြောင်ခြောက်ပြည်က ပေါ်သွားပြီးနောက် ယွီစန်းက တစ်ကြိမ် သူ၏တပ်ဖွဲ့များကို စေလွှတ်ပြီးသည်နှင့် မာန်ရှဲ့ကျောင်းတွင် မဟာထန်၏ ဒေါသအမျက်ကို ခံနိုင်ရန်အင်အား မလုံလောက်တော့ချေ။ မာန်ရှဲ့ကျောင်း၏ အင်အားစု တစ်ခုထဲက လုပ်ကြံသတ်ဖြတ်မှု တစ်ခုတည်းကို မခံနိုင်ချေ။

ထို့ကြောင့် မာန်ရှဲ့ကျောင်း၏ အနိမ့်ဆုံး လူပုဂ္ဂိုလ်တစ်ယောက်ကနေ ဘုရင်ခဲ့လော့ဖုန်းအထိ လူတိုင်းက ယွီစန်းနှင့် ပတ်သတ်ပြီး စိုးရိမ်စိတ် ဝင်နေရသည်။ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းက ဘာကိုမှ မဝင်ခံဘဲ အချိန်မရွေး ထွက်သွားမည်ကို စိုးရိမ်နေကြသည်။

သို့သော် ထိုသို့အလွန်အမင်း အထိမခံသော အခြေအနေမျိုးကို မည်သည့်ဘက်ကမှ တရားဝင် ထုတ်မပြောကြချေ။ ဒါက သူတို့၏ မဟာမိတ်ကို ပျက်ပြားသွားစေနိုင်သည့်အတွက် ရှောင်ကြသည်။ သို့သော် ယခုမူ ဝမ်ချောင်က လူတိုင်း၏ရှေ့တွင် တဲ့တိုးပြောလိုက်သည်။

ခဲ့လော့ဖုန်း၏ဘက်မှ မာန်ရှဲ့ကျောင်း၏ ဗိုလ်ချုပ်တစ်ယောက်က မနေနိုင်ဘဲ ဝင်လှောင်သည်။ သို့သော် သတိကြီးကြီး ထားထားသေးသည်။

“အရှင်မင်းကြီး ဒီကောင်ရဲ့လျှာက တအားထက်တယ်။ အရှင်မင်းကြီးသူ့ကို ပြန်ဖြေစရာ မလိုပါဘူး။ သာ့လွန်ရော့ကျန်းက ဉာဏ်ရှိတဲ့အမတ်လို့ အသိအမှတ်ပြု ခံရပေမဲ့လည်း သူက ဒီတစ်ကြိမ်မှာ ပစ်မှတ်အရွေး မှားသွားတယ်”

ဝမ်ချောင်နှင့် သာ့လွန်ရော့ကျန်းတို့က စကားပြောနေချိန်တွင် သူကဘာကိုမှ မခံစားရချေ။ သို့သော် ဝမ်ချောင်က သူတို့ဘက်သို့ လှည့်လာသည်။ ထိုအခါ အရာအားလုံးက ကွာခြားသွားသည်။ ထိုရိုးရှင်းသည့် မေးခွန်းကလည်း သူတို့၏ နှလုံးသားထဲမှ ကြောက်လန့်စရာအကောင်းဆုံး တုန်ယင်စေသည့် စိတ်ဆန္ဒတစ်ခုကို ဆွဲထုတ်လိုက်နိုင်သည်။ ထိုဗိုလ်ချုပ်ကလည်း သူနှင့်စကားဆက်ပြောနေလျှင် ကောင်းသော အရာမရှိနိုင်ချေ။ သူတို့ဘက်က အားသာမှု ရရှိမည်မဟုတ်ချေ။

“အဆင်ပြေပါတယ်”

ခဲ့လော့ဖုန်းက အနည်းငယ် ပြောင်းလဲသွားသော်လည်း ခပ်မြန်မြန် ထိန်းလိုက်ပြီး လက်ကိုယမ်းသည်။

“သူကဒီတိုင်း ဆယ်ကျော်သက်လေးပါပဲ။ ငါတို့ရဲ့ ရန်သူက စကားစပြောပြီဆိုမှတော့ ငါတို့က မကြားချင်ယောင် ဆောင်လို့မဖြစ်တော့ဘူး။ ဒီလိုဆိုရင် ငကြောက်လို့ ထင်သွားလိမ့်မယ်။ ငါတို့မှာလည်း အဲ့ဒီလောက်ထိ သတ္တိမရှိဘူးဆိုရင် ငါတို့အနေနဲ့ မဟာထန်ရဲ့ အရှင်ဧကရာဇ်ကိုတောင် ပုန်ကန်စရာမလိုဘဲ ကိုယ့်ကိုယ်ကို သတ်သေသွားသင့်ပြီ”

“ဒါက...”

ခဲ့လော့ဖုန်းက အနည်းငယ် တုန့်ဆိုင်းသွားသည်။ အနောက်တောင်ပိုင်းမှ ဧကရာဇ်တစ်ယောက်ဖြစ်သည့် ပြည်တွင်းအာဏာရှင် တစ်ယောက်အနေနှင့် ထိုမျှလောက်ပင် ပြန်မပြောရဲလျှင် သူ၏အာဏာကိုပင် စိုးရိမ်ဖွယ်ရာရှိသည်။

“သခင်လေးဝမ်က ယဉ်ကျေးမှုလည်း သိတတ်လို့ ပါရမီကြီးတဲ့လူပဲ။ မင်းရဲ့အကြီးအကဲ တစ်ယောက်အနေနဲ့ မင်းနဲ့ ပြိုင်မငြင်းတော့ပါဘူး။ မင်းနဲ့ယွီစန်းနဲ့ မဟာမိတ်အတွက် ဖြစ်လာတဲ့ အကြောင်းပြချက် ရှိနေတော့ သခင်လေးဝမ်က စိုးရိမ်ပေးဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ ငါတွေးနိုင်တာကတော့ ငါကမင်းရဲ့ ဝမ်ကလန်က အကြီးအကဲအိုတစ်ယောက်ဆိုတာပဲ။ ငါတစ်ကြိမ်က မြို့တော်မှာ မင်းရဲ့အဘိုးနဲ့ တွေ့ဆုံဖို့ အခွင့်အရေးတောင် ရခဲ့တယ်။ ငါအခု ပြန်တွေးမိတော့ သူ့ရဲ့လုပ်ဆောင်မှု၊ ကျော့ရှင်းမှု ဆုံးဖြတ်ချက်အားလုံးက လေးစားစရာ ကောင်းခဲ့တာပဲ။ ဝမ်သခင်လေး ပြန်သွားရင် ကျွန်တော်က နှုတ်ဆက်ကြောင်း ပြောပေးပါ”

“သခင်လေး ဒီခဲ့လော့ဖုန်းက ကောက်ကျစ်တဲ့ မြေခွေးအိုကြီးပဲ။ သခင်လေး သူ့ရဲ့ငါးစာကို မဟပ်မိပါစေနဲ့”

သိန်းငှက်အိုကြီးက မျက်လုံးပြူးလျှက် အလျှင်အမြန် သတိကြီးကြီးထားကာ အကြံပေးလိုက်သည်။ မြို့တော်တွင် အချိန်အတန်ကြာ နေပြီးနောက် သူ၏မျက်စိနှင့် နားများက အရာအားလုံးကို ကောင်းကောင်း မြင်နိုင်သလို ကြားနိုင်ခဲ့လေရာ သိန်းငှက်အိုကြီးက ကိစ္စပေါင်းများစွာကို သင်ယူလေ့လာနိုင်ခဲ့သည်။ ခဲ့လော့ဖုန်း၏ နားများကသာ မြို့တော်သို့ ရောက်သွားလျှင် မြို့တော်မှ ထိုအကဲဖြတ်အိုကြီးများက သေချာပေါက် ခုံရုံးက ပတ်သတ်မှုဟောင်းများ ရှိနေသည်ဟု ထင်သွားပေလိမ့်မည်။

လူအများအပြားက သက်သေအဖြစ် ရှိနေလေရာ ဝမ်ကလန်က မာန်ရှဲ့ကျောင်းနှင့် မဟာထန်ကို ပူးပေါင်းမှုတွင် သစ္စာဖောက်အဖြစ် ပါဝင်နေသည်ဆိုသော ကိစ္စမှ လွတ်မြောက်တော့မည် မဟုတ်ချေ။ ထိုကိစ္စကို အနာဂတ်တွင် ရှင်းလင်းနိုင်သည့်တိုင်အောင် အရိပ်မည်းအဖြစ် ထာဝရ ပါသွားပေလိမ့်မည်။ ဝမ်ကလန်၏ ဆက်ခံသူများကလည်း နောက်ပိုင်းတွင် ရာထူးတက်ရန် အခွင့်အရေး ရတော့မည် မဟုတ်ဘဲ ဒုက္ခရောက်သွားနိုင်သည်။

“အဆင်ပြေပါတယ်”

ဝမ်ချောင်ကရယ်သည်။ သူ့ကဲ့သို့ မြို့တော်တွင် အချိန်အတန်ကြာ ဖြုန်းခဲ့သူ တစ်ယောက်အနေနှင့် ဆက်ခံသူ တစ်ယောက်လည်း ဖြစ်လေရာ ခဲ့လော့ဖုန်း၏ ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်သည်။ တော်ဝင်ခုံရုံးက အမြဲတစေ ဒီလိုအခြေအနေမျိုးတွင် အလွန်သတိကြီးကြီးထားပြီး အမြဲတစေ ပုံမှန်မဟုတ်သော ပြင်းထန်မှုများ ဖြစ်လောက်အောင် တိုက်ပွဲကို ဖန်တီးပေးလိုနေကြသည်။

ရန်သူကို ပြန်ရင်ဆိုင်ရန်အလို့ငှာ တစ်ဖက်ချင်းစီတိုင်းက နည်းလမ်းပေါင်းစုံကို အသုံးပြုကြသည်။ အနည်းဆုံး ဘုရင်ချီက ထိုသတင်းကို ရသွားသည်နှင့် သေချာပေါက် အဆုံးစွန်ဆုံး နည်းလမ်းများကိုသုံးကာ ဒီအခွင့်အရေးကိုသုံးပြီး ဝမ်ကလန်ကို ဖိနှိပ်ပေလိမ့်မည်။

“ခဲ့လော့ဖုန်းက အနောက်တောင်ပိုင်းက အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်ပဲ။ သူက မြို့တော်ထဲက ကစားနေခဲ့ကြတဲ့ မြေခွေးအိုကြီးတွေလိုမျိုး ဆရာသခင်တစ်ယောက်ပဲ။ ငါကသာသူ့ကို လျစ်လျူရှု့လိုက်ရင် ပြဿနာတတ်လိမ့်မယ်။ သိန်းငှက်အိုကြီး ခင်ဗျားဘာကို ဆိုလိုမှန်း ငါနားလည်ပါတယ်။ ဒါပေမဲ့ ခဲ့လော့ဖုန်းကို ရင်ဆိုင်ဖို့အတွက်ကတော့ အဲ့ဒီလောက်ထိ မလိုဘူး။ ကြောက်စရာလည်း မရှိဘူး”

ထိုသို့ပြောပြီးနောက် ဝမ်ချောင်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ စစ်တပ်သိန်းကျော်၏ အရှေ့တွင် ရုတ်တရက် ပေါ်လာသလိုမျိုး ဖောက်ထွင်းမြင်ရမတက် မကြည်လင်သော်လည်း မတုန်မလှုပ် မယိုင်လဲနိုင်သော တည်ရှိမှုအလား ထင်ရသည်။

“ထူးထူးခြားခြား သတ်မှတ်စရာ မလိုပါဘူး။ အဘိုးက အမြင်စူးရှတဲ့ လူမျိုးပဲ။ သူ့ရဲ့မြင်နိုင်စွမ်းရည်ကလည်း မြင့်မားတယ်။ မြို့တော်မှာ ဒီနိမ့်ကျတဲ့ လူကတောင် သူဟာ လောကရဲ့ သူရဲကောင်းအဖြစ် သတ်မှတ်တာကို ကြားခဲ့ရဖူးပါတယ်။ သူပြောဖူးတဲ့ စကားအရဆိုရင် ခဲ့လော့ဖုန်းက ညင်သာတဲ့ မျက်နှာထားရှိပေမဲ့ အေးစက်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတယ်။ ကြင်နာတတ်တယ်လို့ ထင်ရပေမဲ့ သစ္စာမရှိတဲ့လူပဲ။ အတွင်းမှာ ကောက်ကျစ်ပြီး ခက်ထန်တယ်။ ဒီလိုလူမျိုးက အနာဂတ်မှာ သေချာပေါက် မဟာထန်ကို သစ္စာဖောက်လိမ့်မယ်တဲ့လေ။ အခုဖြစ်ပျက်သမျှ အရာအားလုံးက အဘိုးရဲ့ ခန့်မှန်းချက်က မှန်ကန်ကြောင်း သက်သေပြလိုက်တာပဲ။ အဘိုးက အမြဲတမ်း ဘုရင်ခဲ့လော့ဖုန်းလို ပြန်ပုန်ကန်ပြီး သစ္စာဖောက်တဲ့ လူမျိုးတွေကို အရမ်းမုန်းတီးတယ်။ လူတွေက ကိုယ်စီယုံကြည်မှုတွေကို ကိုင်ဆွဲထားကြတယ်။ ဒါပေမဲ့ အချင်းချင်း နားလည်သဘောပေါက်နိုင်စွမ်းကတော့ နည်းပါးလောက်တယ်။ ဒီလိုဘုရင် ခဲ့လော့ဖုန်းအနေနဲ့ နှောက်ယှက်တယ်ဆိုတဲ့ စကားမျိုးကို ထည့်ပြောစရာတော့ လိုအပ်မယ်မထင်ဘူး”

ဝမ်ချောင်၏အသံက စစ်တပ်တစ်ခုလုံးကို ဖြန့်ကျက်သွားသည်။

ဝုန်း

သူ၏အသံက အောက်ဘက်ကွင်းပြင်သို့ ပဲ့တင်ထပ်သွားသည်။ ဝမ်ချောင်က ကြယ်တာရာစွမ်းအင်ကိုသုံးပြီး သူ၏အသံကို လူတိုင်းကြားရအောင် လုပ်လိုက်သည့်အတွက် လီပေါင်းများစွာအကွာကပင် ကြားရသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ခဲ့လော့ဖုန်းကရယ်သည်။

“တော်ဝင်ခမည်းတော် ဝမ်ကျို့လင်က တကယ်ကြီး ဒီလိုစကားလုံးများကို ပြောခဲ့တာလား”

ဖုန်းကျားရီကမေးသည်။

လူတိုင်းက ဝမ်ကျို့လင်က လူများကို ကြည့်ရှု့တတ်သော အမြင်ကောင်းရှိသည်ဟု ဆိုကြသည်။ တစ်စုံတစ်ယောက်ကသာ မဟာထန်၏ မြို့တော်ကို သွားလည်သည်နှင့် သူတို့က မာန်ရှဲ့ကျောင်းမှဖြစ်စေ၊ အခြားသော မည်သည့်ပြည်နယ်ကပင်ဖြစ်စေ မြို့စားကျို့၏ နာမည်ကို သိကြသည်။ သူတို့အားလုံးကလည်း ထိုလူကို အလွန်အမင်း လေးစားကြသည်။

မဟာထန်၏ ရှု့ထောင့်မှကြည့်လျှင် မဟာထန် တစ်ခုလုံးက ထိုမြို့စားနှင့် ချည်နှောင်ထားသလိုမျိုး ရှိနေသည်။ အဝေးကွာဆုံး ပြည်ပတိုင်းပြည်များကပင် မြို့စားကျို့ဆိုသော ထိုအမတ်က မည်မျှ အလားအလာရှိပြီး ဧကရာဇ်၏ ခြေလက်များအဖြစ် ခစားပေးကြောင်း သိကြသည်။

ဖုန်းကျားရီကလည်း မဟာထန်၏ မြို့တော်မှ ဓားစာခံတစ်ယောက်အဖြစ် နေခဲ့ဖူးသူ ဖြစ်သည့်အလျောက် ထိုမြို့စားကို အလွန်လေးစားလေသည်။ ထို့ကြောင့် ထိုနယ်ပယ်တွင် သူက ခဲ့လော့ဖုန်းနှင့် အခြားသာတော်များနှင့် မတူချေ။

ခဲ့လော့ဖုန်းက ရယ်ပြီးဖြေသည်။

“ဟမ့် မင်းကလည်း ယုံတာပဲလား။ ဒီကောင်က သပ်သပ်မဲ့ ပုံပြင်ဖန်တီးပြီး ပေါက်ကရတွေ ပြောလိုက်တာပဲ”

All Chapters