← Chapters

အခန်း (၅၉၁-၅၉၅)

Vol. 29 Ch. 591-595

အခန်း (၅၉၁-၅၉၅)

Vol. 29 Ch. 591-595

အခန်း(၅၉၁)

“ဝမ်ကျို့လင်က ဒီလောက်ထိ လုပ်နိုင်စွမ်းအား ရှိတယ်ဆိုရင် သူက လူတစ်ယောက် မဟုတ်တော့ဘူးပဲ။ နတ်ဘုရား ဖြစ်နေလောက်ပြီ။ ငါတို့ရဲ့ မာန်ရှဲ့ကျောင်းက ဒီလိုမျိုးတောင် ရပ်တည်နေနိုင်မှာ မဟုတ်ဘူး။ မဟုတ်ရင် ဒီနေ့တိုက်ပွဲက ရှိလာပါ့မလား”

ဝမ်ကလန်က အလွန့်အလွန် ကျော်ကြားပြီး ယခင်မဟာထန်၏ အမတ်ချုပ်ကြီးက ပို၍ပင် ကျော်ကြားသေးသည်။ သို့ရာတွင် ဝမ်ချောင်၏စကားက အတွင်းပုံပြင်ကို မသိသော လူများကိုသာ အယုံသွင်းနိုင်လောက်သည်။ ခဲ့လော့ဖုန်းကဲ့သို့သော ထူးချွန်သူ တစ်ယောက်အတွက် ဝမ်ချောင်၏ စကားက ပေါက်ကရဖြစ်နေသည်။ သူတို့က ထိုစကားထဲမှ တစ်လုံးကို ယုံလိုက်လျှင် ထူးဆန်းနေပေလိမ့်မည်။

“သေစမ်း”

ဖုန်းကျားရီက ချက်ချင်းလိုလို အသိဝင်သွားကာ ကျိန်ဆဲလိုက်သည်။ မြို့စားကျို့၏ ကျော်ကြားမှုက အလွန်အမင်း ကောင်းသတင်းအဖြစ်သာ ပျံ့နှံ့နေသောကြောင့် လူတိုင်းကလည်း သူဟာမည်မျှ မြင့်မြတ်ပြီး စိတ်ထားကောင်းလွန်းကြောင်း မည်မျှပင် ဖြောင့်မတ်မှန်ကန်သူဖြစ်ကြောင်း ဆက်တိုက် ပြောနေခဲ့သဖြင့် တစ်လောကလုံးက သူ့ကို အကောင်းဘက်မှသာ ချီးကျူးနေခဲ့သဖြင့် သူကပင် ဝမ်ချောင်၏ပုံပြင်ကို အမှန်ဟု ထင်မိသွားသည်။

“ကောက်ကျစ်ပြီး ယုတ်မာတဲ့ လူရမ်းကားကောင်”

ခဲ့လော့ဖုန်းက လက်ကိုယမ်းပြီးပြောသည်။

“ဒီကိစ္စကြောင့် သူ့ကိုဒေါသထွက်နေဖို့ မလိုဘူး။ တိုင်းပြည်နှစ်ခု တိုက်ခိုက်တဲ့အချိန်မှာ ဘယ်လိုနည်းလမ်းကိုမဆို ထုတ်သုံးလို့ရတယ်။ ဒါကအမြဲတမ်း ဖြစ်ပျက်နေကြ ပုံစံပဲ။ လက်ရှိအချိန်မှာ အရေးတကြီး ကိုင်တွယ်ရမဲ့ ကိစ္စက ငါတို့အန်းနန်အစိုးရစစ်တပ်ကို ဘယ်လိုပြန်ပြီး တိုက်ခိုက်သင့်သလဲ ဆိုတာပဲ”

အမှန်တိုင်း ဆိုရသော် အနောက်တောင်ပိုင်းကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားရှင်းလင်းပြီး ဒီနေရာကို အပိုင်သိမ်းရန်သာ လိုအပ်နေခဲ့လျှင် ခဲ့လော့ဖုန်းက ထိုဝမ်ချောင်ဆိုသောလူကို အလွန်စိတ်ဝင်စားမိလောက်သည်။ သူ့အနေဖြင့် ထိုမျှအလားအလာကောင်းသော လူငယ်မျိုးနှင့် မကြုံရသည်မှာ ကြာလှချေပြီ။ တိုက်ခိုက်ခြင်းတွင်ဖြစ်စေ၊ ခုခံမှုတွင်ဖြစ်စေ တစ်ဖက်က ဘက်ထောင့်တိုင်းကို သေချာကိုင်တွယ်နိုင်ပြီး ဟာကွက်မရှိအောင် ခန့်ထားနိုင်ခဲ့သည်။

ပုန်ကန်သည့် ကိစ္စအပြင် ခဲ့လော့ဖုန်းကိုယ်တိုင်က ဦးဆောင်ကာ ဗျူဟာအားလုံးကို ချမှတ်ခဲ့သေးသည့်အတွက် တစ်ဖက်လူများက ထိုထောင်ချောက်အတွင်း ကျရောက်ရန် အလားအလာ ပို၍မြင့်သည်။ သို့သော် ဝမ်ချောင်ကမူ ထိုသို့သော အန္တရာယ်အများဆုံး ဗျူဟာအကြံအစည်များကို ပြောင်းလဲပြီး ကိုယ်ပိုင်အကြံအစည်များထုတ်ကာ အစားထိုးခြင်း လုပ်နိုင်ခဲ့သည်။ ထိုကဲ့သို့သော အရာမျိုးကို သာမာန်လူတစ်ယောက်က မလုပ်နိုင်ချေ။

သူ၏စစ်ဗျူဟာအပေါ် ဗဟုသုတကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင် သူ၏ထိုမူဝါဒရေးရာအပေါ် နားလည်သဘောပေါက်မှုနှင့် အကြံအစည်များက သာမာန်လူတစ်ယောက် မပိုင်ဆိုင်သင့်သော အရာမျိုး ဖြစ်နေသည်။ ခဲ့လော့ဖုန်းက ထို့အတွက်ကြောင့် ပြဿနာပိုမကြီးထွားလာခင် ချက်ချင်းလိုလို ဖယ်ရှားပစ်ချင်ခြင်းဖြစ်သည်။

“ငါ့ရဲ့နောက်ကလိုက်ခဲ့”

သူ၏ခမ်းနားကြီးကျယ်သော ဝတ်ရုံကို တစ်ချက်ယမ်းလိုက်ပြီးနောက် ခဲ့လော့ဖုန်းက အနောက်လှည့်ကာ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ ရှိရာဘက်သို့သွားသည်။ တစ်ချိန်ထဲတွင်ပင် သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကလည်း ခဲ့လော့ဖုန်းရှိရာဘက်သို့ မဟာထန်ဗိုလ်ချုပ်များကို ဦးဆောင်လျှက် လာနေသည်။

သူတို့က အဆင့်အတန်းအားဖြင့် ကွာခြားသည်ဟု ထင်ရသော်လည်း နှစ်ဖက်လုံးက အနောက်တောင်ပိုင်းမှ အလားအလာကောင်းသော ကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်နေသည့်အလျောက် သူတို့၏ အဆင့်အတန်းက တူညီသည်။

“မဟာအမတ်မှာ ဘယ်လိုအကြံမျိုးများ ရှိပါသလဲ”

ခဲ့လော့ဖုန်းက ကွေ့ပတ်မနေတော့ဘဲ တိုက်ရိုက်ပင် တင်းမာသော မျက်နှာထားဖြင့် မေးလိုက်သည်။

“ဒီကောင်စုတ်က တကယ်ကိုင်တွယ်ဖို့ခက်တယ်”

သာ့လွန်ရော့ကျန်းကလည်း အသက်ပြင်းပြင်းရှုပြီးမှ ဆက်ပြောသည်။

“အခု အရေးအကြီးဆုံး လုပ်ရမဲ့ကိစ္စက သူတောင်ပေါ်မှာ ဖန်တီးထားတဲ့ အဲ့ဒီခုခံရေးအားလှိုင်းကို ဖယ်ရှားရမှာပဲ။ သတ္ထုနံရံတွေမရှိဘဲ အန်းနန်အစိုးရစစ်တပ်ရဲ့ စစ်သည်တစ်သိန်းက ငါတို့ရဲ့စစ်သည်ကို ရင်ဆိုင်နိုင်စရာ အကြောင်းမရှိဘူး”

“ဟုတ်တယ်”

ခဲ့လော့ဖုန်းကလည်း သက်ပြင်းရှည်ကြီးကိုချသည်။

“မဟာထန်တွေက လောကကို လွှမ်းမိုးနေခဲ့တာက သူတို့ရဲ့ ရှေ့ပြေးတပ်နဲ့ပဲ။ ဒီတော့ သူတို့က နေရာတကျယူပြီး တိုက်ခိုက်တာမျိုး ခုခံတာမျိုးမှာ ကျွမ်းကျင်တယ်။ ဝမ်ကလန်က လူတွေကလည်း ဒီနယ်ပယ်မှာတော်တဲ့ ကျွမ်းကျင်ပညာရှင်တွေပဲ။ အ့ဟိုင်ရဲ့ တိုက်ပွဲမှာ ငါတို့က အန်းနန်အစိုးရစစ်တပ်ကို အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ ငါတို့တကယ်ကို ကူကယ်ရာ မဲ့နေရတယ်”

ခဲ့လော့ဖုန်းနှင့် မာန်ရှဲ့ကျောင်းစစ်တပ်က မဟာထန်၏ အပြောင်းအလဲကို ရှင်းရှင်းလင်းလင်း အခံစားမိဆုံးဖြစ်သည်။ ယခင်က သူတို့က အရေအတွက်သီးသန့်ကို မှီခိုပြီး မဟာထန်၏ တပ်ဖွဲ့များ အားလုံးကို ရှင်းလင်းနိုင်ခဲ့သည်။ သို့သော်ယခုမူ တောင်ပေါ်တွင် စစ်သည်ခုနှစ်သောင်းနီးပါး ဆုံးရှုံးလိုက်ရသည်။ အန်းနန်အစိုးရစစ်တပ်က ယခုအခြေအနေတွင် ထူးခြားသော ခံစားချက်မျိုးကို ပေးလာသည်။ ယခင်နှင့်ယှဉ်သော် ကောင်းကင်နှင့် မြေပြင်လို ကွာခြားသော ခံစားချက်မျိုးဖြစ်သည်။

“ငါတို့ဒီကောင်လေးကို အထင်သေးမိသွားတယ်။ သူက သေချာပေါက် အကြံနဲ့လာတာပဲ။ ဒီစစ်ပွဲတစ်ခုလုံးမှာ သူက ငါတို့အထင်အသေးမိဆုံးပဲ”

မာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်တစ်ယောက်က ရုတ်တရက် ဝင်ပြောသည်။ ထိုစကားများက လူတိုင်းကို တိတ်ဆိတ်သွားစေသည်။ သူကပြောသော စကားက မှန်ကန်နေသည်။ သူတို့က အန်းနန်အစိုးရစစ်တပ်ကို အထင်သေးသည်ဟု ပြောခြင်းနှင့် နှိုင်းယှဉ်သော် သူတို့က ထိုလူကို အထင်သေးမိခြင်းဟု ပြောသင့်လေသည်။ ခြင်္သေ့မြို့တွင်ဖြစ်စေ၊ သူတို့ရှေ့ရှိ ဒီခံတပ်တစ်ခုလုံးကို အပြည့်ပိတ်ဆို့ထားသော သံမဏိနံရံများကိုပင်ဖြစ်စေ အန်းနန်အစိုးရစစ်တပ်က သုံးနေသော အဆင့်မြင့် ပြောင်းလဲမှုကိုပင်ဖြစ်စေ အားလုံးကို လူတစ်ယောက်ထဲကသာ ဖြစ်စေခဲ့ခြင်းဖြစ်သည်။

တိကျသေချာသော ဘက်ထောင့်တစ်ခုက ကြည့်မည်ဆိုလျှင် ထိုစစ်ပွဲက မာန်ရှဲ့ယွီစန်းစစ်တပ်နှင့် ထိလူကြားမှ တိုက်ပွဲဟုပင် ဆို၍ရသည်။

မဟာထန်က လူတစ်ယောက်ထဲသာ လွှတ်လိုက်သည်။ သို့သော် ပြည်ပကျူးကျော်မှု တပ်ဖွဲ့တိုင်းကို ပြောင်းပြန်လှန်ပြီး ဝမ်းနည်းနာကျင်အောင် လုပ်နိုင်လိုက်ပြီဖြစ်သည်။

ဖုန်းကျားရီက ရုတ်တရက် ထူးဆန်းသော မျက်နှာထားနှင့် ဝင်ပြောလာသည်။

“တော်ဝင်ခမည်းတော် မဟာအမတ် ဗိုလ်ချုပ်တို့ ကျွန်တော်တို့ ဒီကောင်လေးကိုလည်း အရမ်းကြီး အထင်မကြီးသင့်ဘူးလို့ထင်တယ်”

“အိုး”

လူတိုင်းကသူ့ကို လှည့်ကြည့်ကြသည်။

“အရှင့်သား အိမ်ရှေ့စံက ဝေမျှချင်တဲ့ အကြံဉာဏ်များ ရှိလို့ပါလား”

သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြုံးပြီး တစ်ချက်သူပြောမည့်စကားကို စိတ်ဝင်စားဟန်ပြသည်။

“ကျွန်တော်က အကြံဉာဏ်ဝေမျှတယ်လို့တော့ ထုတ်မသုံးရဲပါဘူး။ ဒါပေမဲ့ ထန်တွေက ခြင်္သေ့မြို့ကနေ ဘာလို့ ထိုးဖောက်ပြီး ထွက်သွားရတယ်ဆိုတဲ့ အကြောင်းကို အားလုံးက မေ့နေကြတာလား”

ဖုန်းကျားရီကပြောသည်။

ဖုန်းကျားရီက စကားပြော၍ ပြီးသွားသည့် တခဏတွင် လူတိုင်း၏မျက်လုံးက တောက်ပသွားကြသည်။ လုံခြုံမှုအရဆိုသော် ခြင်္သေ့မြို့ ဒီတောင်ထက် လုံခြုံသည်။ အန်းနန်အစိုးရစစ်တပ်က ထိုနေရာက ထိုးဖောက်ထွက်သွားရန် ရွေးချယ်ခဲ့သည့် အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။

“သူတို့ရဲ့ ရိက္ခာတွေ ကုန်သွားလို့”

မာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်တစ်ယောက်က ဝင်ပြောသည်။ သူ၏စကားက အဓိကသော့ချက်ဖြစ်ကြောင်း လူတိုင်းက သိသွားကြသည်။

“မှန်တယ် အန်းနန်အစိုးရစစ်တပ်က ခြင်္သေ့မြို့က ပြန်ဆုတ်ခဲ့ရတာက သူတို့ရဲ့ ရိက္ခာတွေ ကုန်သွားလို့။ လူတစ်သိန်းနီးပါးကို ကျွေးရမဲ့ရိက္ခာပမာဏက သာမာန်ပမာဏတော့ မဟုတ်ဘူးပဲ”

ဖုန်းကျားရီ၏ မျက်ဝန်းက တောက်ပလာပြီး သူ၏မျက်ဝန်းက ပို၍စူးရှသထက် စူးရှလာသည်။

“ဒီကောင်စုတ် ဘယ်လောက်ပဲ လုပ်နိုင်စွမ်းအားရှိရှိ လူတစ်သိန်းလုံးကို တင်ကျွေးဖို့ လုံလောက်တဲ့ ရိက္ခာကို ထုတ်ပေးနိုင်မှာလား။ အနောက်တောင်ပိုင်းရဲ့ စစ်ပွဲက တစ်လကျော်လောက်ပဲ ကြာလောက်တယ်။ ကျွန်တော်က မဟာထန်မှာ အချိန်တစ်ချို့ကြာ နေဖူးတော့ ကံကောင်းစွာနဲ့ ဒီရိက္ခာတွေကို ပို့ပေးတဲ့ အခြေအနေက ဘယ်လိုအလုပ်လုပ်လဲဆိုတာကို သိခဲ့ရတယ်”

“မဟာထန်က ကျွန်တော်တို့ရဲ့ ပိုင်နက် နယ်မြေလိုမဟုတ်ဘူး။ သူတို့ရဲ့ ပိုင်နက်နယ်မြေက အရမ်းကျယ်ပြောပြီး အရမ်းကျယ်ပြန့်လွန်းတယ်။ စစ်သည်တော် တစ်သိန်းကို ကျွေးမွေးဖို့ လုံလောက်တဲ့ အရင်းအမြစ်ကို စုစည်းဖို့အတွက် သူတို့က တိုင်းပြည်တွေ စီရင်စုတွေကနေ ကောက်ခံရတယ်။ ဒီဖြစ်စဉ်တစ်ခုလုံးက အချိန်လိုအပ်တဲ့အပြင် ကြာရှည်တဲ့ ကိစ္စတစ်ခုပဲ”

“ကျွန်တော် မဟာထန်မှာ အချိန်တစ်ခုကြာ ပြင်းပြင်းထန်ထန် လေ့လာခဲ့တယ်။ ဒီတော့ ကံကောင်းထောက်မပြီး မဟာထန်ရဲ့ သမိုင်းမှတ်တမ်းကိုတောင် ကြည့်ရှု့ခွင့် ရခဲ့ပါသေးတယ်။ အင်ပါယာရဲ့ ဗဟိုပြင်ကျယ်က အနည်းဆုံး သုံးနှစ်လုံးလုံး ရိက္ခာတွေ စုစည်းမှ သုံးလလောက် တိုက်ခိုက်နိုင်တဲ့ ရိက္ခာပမာဏကို ရရှိနိုင်ကြတယ်။ ပိုဆိုးတာက သူတို့ရဲ့နယ်မြေက အထွက်နှုန်းနည်းပါးတယ်။ မြောက်ပိုင်းနယ်မြေ တောက်လျှောက် ကျော်လေလေ အထွက်နှုန်းက ပိုနည်းလေလေပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ မာန်ရှဲ့ကျောင်းကတော့ ဆန်စပါးစိုက်ပျိုးနိုင်တယ်။ ကျွန်တော်တို့က နေရောင်ကောင်းကောင်းရပြီး စိုက်ပျိုးမြေ ကောင်းတွေကို ပိုင်ဆိုင်ထားတယ်။ ဒီတော့ သူတို့ထက်ပိုပြီး အထွက်နှုန်းများတယ်”

“ဒါကြောင့်ပဲ ကျွန်တော်က မဟာထန်က အချိန်တိုအတွင်းမှာ ဒီစစ်သည်တော် တစ်သိန်းအတွက် လုံလောက်တဲ့ ရိက္ခာကို မပြင်ဆင်ပေးနိုင်ဘူးလို့ ယူဆမိတာပဲ။ ဒီကောင်စုတ်မှာ အတောင်ပံ ရှိနေမယ်ဆိုရင်တောင်မှ သူက စစ်သည်တစ်သိန်းစာ ရိက္ခာကို သူ့အတောင်ပံနဲ့ ထမ်းသယ်လာနိုင်မယ်မထင်ဘူး”

“သူတို့က ဒီတောင်ကို ပြင်းပြင်းထန်ထန် စောင့်ကြပ်ထားပြီး ရေတစ်စက်လောက်တောင် မဝင်နိုင်ဘူး ဆိုရင်တောင်မှ ကျွန်တော်တို့ကလည်း သူတို့ကို ဝိုင်းထားပြီး မတိုက်ခိုက်ဘူးဆိုရင် သူတို့က သေချာပေါက် သေအုံးမှာပဲ။ အချိန်ကျလာတဲ့အခါ ကျွန်တော်တို့က တိုက်ခိုက်စရာတောင်မလိုဘဲ သူတို့ကပဲပြန်ပြီး ဒီနေရာကနေ ထိုးဖောက်ထွက်ဖို့ တွေးကြရမယ်”

သူ၏နောက်ဆုံးစကားကို ပြောပြီးနောက် ဖုန်းကျားရီက လက်သီးကို ခပ်တင်းတင်းဆုပ်သည်။ သူ၏မျက်လုံးက မီးတောက်များဖြင့်ပင် တောက်လောင်နေလေသည်။

မာန်ရှဲ့ကျောင်း၏ အိမ်ရှေ့စံဆိုသော သူ၏အဆင့်အတန်းကို ဘေးဖယ်ထားလိုက်လျှင် ဖုန်းကျားရီက ဝမ်ချောင်ကဲ့သို့ သူ့ထက်ပင် ပို၍ ဂုဏ်သတင်းကောင်းဖြင့် ကျော်ကြားသည့် လူမျိုးကို မတွေ့ခဲ့ဖူးချေ။ ဖုန်းကျားရီက အပြင်ဘက်တွင် ထုတ်မပြသော်လည်း သူက ဝမ်ချောင်ကို ဆူးခလုတ်တစ်ခုကဲ့သို့ သတ်မှတ်နေပြီးသားဖြစ်သည်။

မာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်တစ်ယောက်က ချက်ချင်းလိုလို သဘောတူညီကြောင်းပြောသည်။

“အရှင့်သား အိမ်ရှေ့စံပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ ဘာမှမလုပ်ရင်တောင်မှ အန်းနန်အစိုးရစစ်တပ်ကို မထွက်ပြေးအောင် ပိတ်ဆို့ထားနိုင်သမျှ သူတို့မှာ လုံလောက်တဲ့ ရိက္ခာမရှိတော့ဘဲ သေချာပေါက် ဒုက္ခရောက်သွားလိမ့်မယ်။ ဒီစစ်ပွဲက ဘယ်လိုပဲဖြစ်ဖြစ် သေချာပေါက် သူတို့ရှုံးမှာပဲ”

ခဲ့လော့ဖုန်းက မျက်မှောင်အနည်းငယ် ကျုံ့သော်လည်း ဆက်ပြီး တိတ်ဆိတ်နေသည်။

သာ့လွန်ရော့ကျန်းက ရုတ်တရက် ဖျော့တော့စွာ ပြုံးလျှက်ပြောသည်။

“ဟား ဟား အရှင့်သား အိမ်ရှေ့စံ ပြောတဲ့စကားကလည်း ဒီနိမ့်ကျတဲ့ငယ်သားရဲ့ အတွေးနဲ့ တူညီနေတာပါပဲ။ ဒါပေမဲ့အခု ပြဿနာတွေပါ ရှိနေတယ်”

“အိုး”

ဖုန်းကျားရီက မျက်ခုံးကို ပင့်လိုက်သော်လည်း ခေါင်းကိုပြန်ငုံ့လိုက်သည်။

“ကျွန်တော်က မဟာအမတ်ရဲ့ အကြံဉာဏ်ကို ကြားချင်ပါတယ်”

“ဟွန့် အရှင့်သား အိမ်ရှေ့စံက နဂါးတွေထဲက အမျိုးသားပဲ။ ဒီတော့ အရှင့်အနေနဲ့ ဒါတွေကို သတိထားပြီးလောက်ပါပြီ။ ရိက္ခာက မဟာထန်ရဲ့ အဓိက အသက်သွေးကြောပဲ။ ဒါပေမဲ့ ဒီစစ်ပွဲက အတိတ်က စစ်ပွဲတွေနဲ့ မတူဘူး။ ဘာလို့ အရှင့်သား အိမ်ရှေ့စံက အခြားတစ်နေရာက လာပြီးတိုက်ခိုက်မှာကို စိုးရိမ်စရာမလိုဘဲ ဒီနေရာမှာတင် ဒီတိုင်းနေပြီး မဟာထန်ကိုဆက်ပြီး တိုက်ခိုက်နေနိုင်မယ်လို့ ယုံကြည်နေရတာလဲ”

“ဒါက”

ဖုန်းကျားရီ၏ မျက်ဝန်းတွင် သံသယကပေါ်လာသည်။

“မဟာအမတ်က ဘာကိုသတိထားမိလို့ပါလဲ”

“ဝမ်ချောင်က ပြောသလိုပဲ မဟာထန်မှာ အန်းနန်၊ အန်းတုံ၊ အန်းချီ၊ အန်းရှီဆိုတဲ့ ကာကွယ်ရေးစစ်တပ် လေးခုရှိတယ်။ ဒါ့အပြင် လုံရှီမဟာစစ်တပ်ကို ထည့်ပေါင်းလိုက်ရင် အားလုံးပေါင်း စစ်တပ် ငါးခုပဲ။ လက်ရှိအချိန်မှာ အခြားတိုင်းပြည်တွေနဲ့ တိုက်ခိုက်နေတဲ့အတွက်ကြောင့် အခြားစစ်တပ် လေးခုက လာရောက်နိုင်အုံးမှာမဟုတ်ဘူး။ တောအုပ်ထဲက ချွန်ထွက်နေတဲ့ သစ်ပင်က လေအတိုက်ခံရဆုံးပဲ။ ကျွန်တော်တို့ပဲ မဟာထန်ကို ကိုင်တွယ်ချင်နေတာ မဟုတ်ဘူး။ သူတို့ကလည်း ဒီလိုဆန္ဒရှိနေကြလို့ ကျွန်တော်တို့ကို ကူညီပြီး မဟာထန်ရဲ့ စစ်တပ်ကို ရင်ဆိုင်ပေးနေတာ။ ဒါပေမဲ့ ကျွန်တော်တို့ကသာ အချိန်တအား ဆွဲနေပြီး အနောက်တောင်ပိုင်းကို မသိမ်းပိုက်နိုင်ရင် အခြေအနေက ပြောင်းလဲသွားလိမ့်မယ်။ သူတို့က မဟာထန်က အတိတ်က မဟာထန်လိုမျိုး ပြိုင်ဘက်ကင်းနေကြောင်း သိသွားကြရင် သူတို့ နောက်ဆုတ်သွားကြလိမ့်မယ်။ အချိန်ကျလာတဲ့အခါ ဘာတွေရင်ဆိုင်ရမလဲဆိုတာကို မင်းတို့လည်းသိမှာပါ”

သာ့လွန်ရော့ကျန်း၏ စကားက ပတ်ဝန်းကျင်ကို တိတ်ဆိတ်သွားစေပြန်သည်။

အမှန်အတိုင်းဆိုရသော် ဒါက အလွန်လေးနက်သော ပြဿနာကြီးသပ်သပ် မဟုတ်ချေ။ ဒီတိုင်း ထိုဗိုလ်ချုပ်များက သတိလက်လွတ် တိုက်ပွဲ၏ အောင်နိုင်မှုက လက်တစ်ကမ်းတွင် ရှိနေသလိုမျိုး တွေးလိုက်မိသွားပြီး အခြေအနေ တစ်ခုလုံးကို ခြုံငုံမတွေးတောမိခြင်းဖြစ်သည်။

အနောက်တောင်ပိုင်း၏ စစ်ပွဲအခြေအနေကို ကြည့်ရလျှင် နှောင့်နှေးကျန့်ကြာနေ၍ မရချေ။ သူတို့က အန်းနန်အစိုးရစစ်တပ်က သူ့အလိုလို ပြိုကွဲသွားမည့်အချိန်ကို စောင့်နေ၍မရချေ။ အန်းနန်အစိုးရ စစ်တပ်ကိုသာ တစ်ရက်လောက် အချိန်ဆွဲမိသွားရင် သူတို့က အနောက်တောင်ပိုင်းကို ကိုင်တွယ်သည့် အရေးက တစ်ရက်လောက် နောက်ကျသွားခဲ့လျှင် အရှေ့ဘက်နှင့် အနောက်ဘက် တူရကီ Khaganates၊ gogulyeo၊ she၊ khigans နှင့် အခြားသော ပြည်ပမိသားစုများကို အင်အားသွားဖြည့်ပေးမည့် ကိစ္စတွင် နှောင့်နှေးကျန့်ကြာသွားစေနိုင်သည်။

အချိန်က လျှင်မြန်စွာ ကုန်ဆုံးနေသည်။ သူတို့က အချိန်ဆွဲလေလေ မာန်ရှဲ့ယွီစန်း စစ်တပ်အတွက် အခြေအနေက ပို၍ မျက်နှာသာမပေးလေလေ ဖြစ်လာပေလိမ့်မည်။ ထိုသို့သော အခြေအနေမျိုးကို ခဲ့လော့ဖုန်းထက် မည်သူကမှ ပို၍စိုးရိမ်မည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေ တိဗက်လူမျိုးများက နောက်ဆုတ်နိုင်သည့် စွမ်းရည်ရှိသည်။ မာန်ရှဲ့ကျောင်းတွင်မူ မရှိချေ။

ထိုအခိုက် သူက မည်သို့သော တန်ကြေးကိုမဆို ပေးဆပ်ထားပြီးသား ဖြစ်လေသည်။ ထို့ကြောင့် မာန်ရှဲ့ကျောင်းက လွန်ခဲ့သော နှစ်ရက်ခန့်က ဆုံးရှုံးခဲ့ရသော တန်ကြေးက အလွန်ကြီးမားပြီး ကျောက်တုံးဖြူတပ်ရင်း တစ်ခုလုံးတွင် ပြင်းပြင်းထန်ထန် ဆုံးရှုံးသွားခဲ့သည့်တိုင်အောင် ခဲ့လော့ဖုန်းက တစ်ကြိမ်သော်မျှ ထည့်မပြောခြင်းဖြစ်သည်။ ခဲ့လော့ဖုန်းက သံသယဝင်ရန် မလိုလောက်အောင် ရည်မှန်းချက် ကြီးမားလွန်းသော ရက်စက်ကြမ်းတမ်းလွန်းသော လူတစ်ယောက်ဖြစ်နေသည်။ သို့သော် ရှင်းလင်းစွာဖြင့်ပင် ဖုန်းကျားရီက ဖခင်၏ စိုးရိမ်မှုများကို သတိမထားမိချေ။

“မဟာထန်ရဲ့ ရိက္ခာနဲ့ပတ်သတ်တဲ့ မေးခွန်းက အနာဂတ်က ပြဿနာဖြစ်လိမ့်မယ်”

ခဲ့လော့ဖုန်းက စကားပြောခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်။

“မဟာအမတ် လက်ရှိအခြေအနေကို ဖြေရှင်းဖို့အတွက် မဟာအမတ်မှာ ဝေမျှပေးချင်တဲ့ အကြံဉာဏ်ကောင်းများ ရှိပါသလား”

“လက်ရှိအခြေအနေမှာ အခြားနည်းလမ်း မရှိတော့ဘူး”

သာ့လွန်ရော့ကျန်းက ခေါင်းကိုခါပြီးနောက် ခိုင်မာစွာ ကျုံးဝါးသည်။

“ငါတို့ကသာ အန်းနန်အစိုးရစစ်တပ်ကို ရင်ဆိုင်ချင်ရင် သူတို့ရဲ့ သံမဏိနံရံတွေကိုပဲ ဖယ်ရှားရလိမ့်မယ်။ ငါတို့ဒီလိုမလုပ်နိုင်ရင် အရင်ကအတိုင်းပဲ တန်ကြေးကြီးကြီးမားမား ပေးဆပ်ရအုံးမှာပဲ”

“ဒါပေမဲ့ ဝမ်ကလန် ချီလင်းရဲ့သားက မရိုးရှင်းဘူး။ ငါခန့်မှန်းတာသာ မှန်မယ်ဆိုရင် သူက အချိန်မရွေး ဒီသံမဏိနံရံတွေကို ပြင်ဆင်ဖို့အတွက် လုပ်သားအင်အားအပြည့်အဝ စုစည်းထားပြီးသား ငါတို့က တိုက်ခိုက်လိုက် သူတို့က ပြန်ပြင်ဆင်လိုက်နဲ့ဆိုရင် ဘယ်တော့မှ တိုးတက်မှု ရလာမှာမဟုတ်ဘူး။ ငါတို့က အင်အားသုံးပြီး ဖျက်ဆီးမယ်ဆိုရင်တောင်မှ ငါတို့က မျှော်လင့်ထားတာထက် ပိုကြီးတဲ့ တန်ကြေးကို ပေးဆပ်ကောင်း ပေးဆပ်ရလောက်တယ်”

“မဟာအမတ် စိုးရိမ်နေတာက ဒီသံမဏိမြို့ရိုးတွေဆိုရင် ကျွန်တော်တို့ရဲ့ တာဝန်ထားလိုက်ပါ။ သွမ့်ယန်ရန် ငါဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းကိုလွှတ်ထားလိုက်မယ်”

ခဲ့လော့ဖုန်းက သူ၏ဘေးဘက်မှ ပိန်ပါးပြီး သန့်စင်သော ဗိုလ်ချုပ်တစ်ယောက်ကို ခေါင်းလှည့်ကြည့်လိုက်သည်။

အခန်း(၅၉၂)

“အရှင်မင်းကြီး စိတ်အေးအေးထားပါ။ အရှင့်ရဲ့ လက်အောက်ငယ်သားက ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်မှာပါ”

သွမ့်ယန်ရန်ဟုခေါ်သော ဗိုလ်ချုပ်က ချက်ချင်းလိုလို နောက်လှည့်ကာ ထွက်သွားလိုက်ချိန်တွင် သူ၏သံချပ်ကာများကပင် တချွင်ချွင်မြည်လာသည်။

“အရှင်မင်းကြီးမှာ အကြံအစည် ရှိနေမှတော့ ဒီသာ့လွန်ရော့ကျန်းက သတင်းကောင်းကို စောင့်နေပါ့မယ်။ အရှင်မင်းကြီးကသာ တစ်စုံတစ်ရာ လိုအပ်လာရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အကြောင်းကြားပါ။ ယွီစန်းက တက်နိုင်သမျှ ထောက်ပံ့မှာပါ”

သာ့လွန်ရော့ကျန်းက ခပ်မြန်မြန် ပြောလိုက်သည်။

“အင်း ငါမဟာအမတ်ကိုပဲ ဒုက္ခပေးရတော့မယ်။ ဒီတစ်ကြိမ်က ငါတို့ အားအင်စိုက်ထုတ်ရမဲ့ အလှည့်ပဲ”

ခဲ့လော့ဖုန်းက ခေါင်းကို တစ်ချက်ညိမ့်ပြီးနောက် သာ့လွန်ရော့ကျန်း၏ အနားမှ ထွက်ခွာသွားကာ သူ၏စစ်တပ်သို့ပြန်သည်။

သူတို့က နဂိုနေရာသို့ ပြန်ရောက်သွားသောအခါ ဟော်ရှု့ဟွေ့ခမ်းက ရုတ်တရက် မေးလိုက်သည်။

“အိမ်ရှေ့စံ အရှင့်သားပြောတဲ့ စကားတွေကို မင်းတကယ်ပဲ ယုံလား။ ထန်တွေက တိုက်ခိုက်စရာမလိုဘဲ ပြိုလဲသွားမှာလား”

ခဲ့လော့ဖုန်းနှင့် သာ့လွန်ရော့ကျန်းတို့က စကားပြောနေချိန်တွင် သူကတောက်လျှောက် တိတ်ဆိတ်နေခဲ့ပြီး တစ်ခွန်းမှ ဝင်မပြောခဲ့ပေ။ သို့သော် သူက ယခုမူ မေးခွန်းကို မထိန်းထားနိုင်တော့ချေ။

“ဟမ့် အိမ်ရှေ့စံ အရှင့်သားရှေ့မှာ ထုတ်ပြောလို့မရတဲ့ အချို့ကိစ္စတွေရှိတယ်”

သာ့လွန်ရော့ကျန်းက ခပ်အေးအေး အမူအရာဖြင့် ယပ်တောင်ကိုခတ်သည်။

“တွေးကြည့်စမ်းပါ အဲ့ဒီကောင်စုတ်လေးက စိတ်ထဲမှာ အကြံအစည်ရှိပြီးသား ဆိုကတည်းက သူက ဒီမြို့ရိုးတွေကိုတောင် ပြင်ဆင်နိုင်မှတော့ ရိက္ခာကိစ္စကို မဖြေရှင်းထားဘူးလို့ထင်လား”

ဟော်ရှု့ဟွေ့ခမ်း၏ မျက်နှာက ရုတ်တရက် အေးခဲသွားသည်။ သို့သော်သူက ခပ်မြန်မြန် မဟာအမတ်၏ စကားကို အမှီလိုက်နိုင်သည်။

“ဒါပေမဲ့ ထန်ရဲ့ရိက္ခာအခြေအနေက ငါတို့နဲ့မှမတူတာ။ ငါတို့က မြင်းနို့တွေ သောက်နိုင်သလို ဆိတ်နို့တွေလည်း သောက်လို့ရတယ်။ ဆန်မရှိဘဲ အသားကြီးပဲ စားလို့ရတယ်။ ဒါပေမဲ့ သူတို့က မစားနိုင်ဘူး။ ဒီအချိန်တိုအတွင်းမှာ သူက ဒီလောက်ပမာဏ အများကြီး ဘယ်နေရာကနေ ရနိုင်မှာလဲ။ သူတို့က ခြင်္သေ့မြို့ကိုလည်း အကြာကြီး ပြင်ဆင်ခဲ့ရသေးတာ။ ဒါပေမဲ့ တစ်လတောင်မကြာဘဲ သူတို့ရဲ့ ရိက္ခာတွေ အားလုံးက ကုန်သွားခဲ့တာပေါ့ဟုတ်လား”

“ဒီကိစ္စအတွက်ကတော့ ငါလည်းမသေချာဘူး”

သာ့လွန်ရော့ကျန်းက စကားကို ခဏရပ်လိုက်သည်။

“ဒါပေမဲ့ မင်းဒီတိုက်ပွဲရဲ့ ရလဒ်ကိုလည်း မြင်ထားပြီးပြီ မဟုတ်လား။ ဒီကောင်စုတ်လေးက သာမာန်အခြေအနေမျိုးနဲ့ အကဲဖြတ်လို့ မရတဲ့လူပဲ။ သူက ဗဟိုပြင်ကျယ်မင်းဆက်လို ရှေးရိုးနည်းအတိုင်း ကျင့်သုံးတဲ့ နေရာမျိုးကနေ ရိက္ခာတွေ အများကြီးကို ဘယ်လိုစုစည်းသလဲ မသိပေမဲ့လည်း သူက မပြင်ဆင်ဘဲ လာမဲ့လူမျိုး မဟုတ်ဘူးလို့ ငါယုံတယ်”

“ဒါပေမဲ့ ငါတို့အန်းနန်အစိုးရစစ်တပ်ကို ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခု အမြန်ဆုံး တွေးသင့်တယ်။ ရိက္ခာအတွက်ကတော့... သူတို့ ရိက္ခာဘယ်လောက်များများ သိုလှောင်ထားသလဲဆိုတာကို ငါတို့အမြန်ဆုံး ရှာဖွေရတော့မှာပဲ”

သာ့လွန်ရော့ကျန်းက ခြေလှမ်းကျဲကြီးများဖြင့် အပြင်သို့ ထွက်သွားသည်။

“ပြင်ဆင်ပြီးပြီလား”

တောင်ထိပ်တစ်နေရာ...

မဟာထန်၏ တဖြတ်ဖြတ်လွင့်နေသော မဟာထန်၏ အလံအောက်တွင် ရပ်နေသည့် ဝမ်ချောင်နှင့် ကျန်းရှို့ကျစ်တို့က အတူတကွ ဘေးကပ်ရပ်နေကြသည်။ ကျန်းရှို့ကျစ်၏ မျက်နှာတွင် ချွေးစေးများ ပြည့်နေသည်။ သူက အလွန်အမင်း မောပန်းနွမ်းနယ်နေသည်။ ခြင်္သေ့မြို့ကို တည်ဆောက်ပြီးကတည်းက ယခုအခြေအနေအထိ သူတို့လုံးဝ အနားမယူခဲ့ရသေးချေ။

ဝမ်ချောင်ကလည်း ကျန်းရှို့ကျစ်၏ မောပန်းနေသော အမူအရာကိုမြင်ပြီး တောင့်မခံနိုင်ချေ။

သို့ရာတွင် မဟာထန်နှင့် အနောက်တောင်ပိုင်းမှ စစ်သားများ အားလုံး၏ အသက်က ဒီနေရာနှင့် ချည်နှောင်ထားသလို ဖြစ်နေလေရာ ဝမ်ချောင်အနေဖြင့် အချို့သော ခံစားချက်များကို ခံစားနေရန် အချိန်မရှိချေ။ သူကိုယ်တိုင်ကပင် ကိုယ့်ကိုယ်ကို အနည်းငယ်တောင် အနားမပေးရဲချေ။

“သခင်လေး ဒီမော်ကျူးမြို့ရိုးတွေက တကယ်ကို ခိုင်မာပါတယ်။ သူတို့က တိုက်ပွဲမှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ ထင်ရပေမဲ့ နည်းနည်းလောက် ပြင်ဆင်လိုက်တာနဲ့ အကောင်းအတိုင်း ပြန်ဖြစ်သွားပါပြီ။ ပျက်စီးမှုကလည်း မဆိုးရွားပါဘူး”

“သခင်လေးရဲ့ အကြံအစည်အတိုင်း အားလုံးက အဆင်သင့်ပါပဲ။ နံရံတွေကို ကိုးဆယ်ရာခိုင်နှုန်းလောက်အထိ ပြင်ဆင်လို့ ပြီးသွားပါပြီ”

ကျန်းရှို့ကျစ်ကပြောသည်။

“ကောင်းပါပြီ ကိုးဆယ်ရာခိုင်နှုန်းက လုံလောက်ပါတယ်”

ဝမ်ချောင်က ခေါင်းညိမ့်သည်။

တိဗက်လူမျိုးများက အသုံးပြုလိုက်သော ကြီးမားသော မီးလုံးမိုးက အသုံးဝင်ခဲ့သည်။ မြို့ရိုး၏ တစ်ဆယ်ရာခိုင်နှုန်း နီးပါးက ပြင်းပြင်းထန်ထန် ပျက်စီးသွားခဲ့သည်။ သို့သော် ဒါကဝမ်ချောင်အတွက် အရေးမကြီးတော့ပေ။ တိုက်ပွဲမှ ပြင်းထန်များပြားသော ဆုံးရှုံးမှုနှင့်ယှဉ်သော် သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့နှင့်ယှဉ်သော် အလွန်အမင်း အကြံအစည်ကြီးမားပြီး လုပ်ဆောင်နိုင်စွမ်းရည်ရှိသော ပုဂ္ဂိုလ်များနှင့်ယှဉ်သော် ဘာမှမဟုတ်တော့ပေ။

ဒီတစ်ဆယ်ရာခိုင်နှုန်း ဆုံးရှုံးမှုက သာမာန်သာလျှင်ဖြစ်သည်။ ပို၍ဆိုးသည်မှာ ကျန်သောသံမဏိမြို့ရိုး ကိုးဆယ်ရာခိုင်နှုန်းကပင် အန်းနန်အစိုးရစစ်တပ် တစ်ခုလုံးကို ခုခံကာကွယ်ပေးရန် လုံလောက်နေပြီဖြစ်သည်။ ဆုံးရှုံးမှုက ဒီတိုက်ပွဲအတွက် သက်ရောက်မှု ရှိတော့မည်မဟုတ်ချေ။

“နောက်ထပ်ပြီး...”

ကျန်းရှို့ကျစ်က ပြုံးလိုက်သည်။ သို့သော်သူက စကားထပ်မပြောခင်မှာတင် သူ၏ခန္ဓာကိုယ်က ယိုင်နဲ့သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

“လူကြီးမင်း အဆင်ပြေရဲ့လား”

ဝမ်ချောင်၏ နှလုံးသားက တင်းကြပ်သွားပြီး ချက်ချင်းလိုလို ထိန်းပေးလိုက်သည်။

“ဆရာ ဆရာ”

ကျန်းရှို့ကျစ်၏ တပည့်များကလည်း အပြေးအလွှားလာပြီး ကျန်းရှို့ကျစ်ကို ကူညီပေးကြသည်။ ကျန်းရှို့ကျစ်၏ အနီးကပ်ဆုံး တပည့်များအားလုံးက သူနှင့်အတူ ခုနှစ်နှစ်၊ ရှစ်နှစ်ခန့်အထိ အတူတကွ ရှိနေခဲ့ကြလေရာ ကျန်းရှို့ကျစ်ကို သူတို့၏ အဖေကဲ့သို့ပင် သဘောထားကြလေသည်။

“အဆင်ပြေတယ် အဆင်ပြေတယ် ငါဒီတိုင်း ကောင်းကောင်း အနားမယူထားတော့ မောပန်းသွားတာပါ”

ကျန်းရှို့ကျစ်က လက်ယမ်းလိုက်သည်။ သူ၏မျက်နှာတွင် အပြုံးက ရှိနေသေးသည်။ ယခုအခါမှသာ ဝမ်ချောင်ကလည်း ဖုန်မှုန့်များ၊ ရွှံ့နွံ့များ၏အောက်တွင် ကျန်းရှို့ကျစ်၏ အသားအရောင်က အလွန်အမင်း ဖြူစုတ်နေကြောင်းကို မြင်လိုက်ရသည်။

သူက ရင်နာသွားပြီး လူတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

“လူကြီးမင်းအတွက် ရေနည်းနည်း ငှဲ့ပေးလိုက်ပါ။ လူကြီးမင်း ကျွန်တော် လူကြီးမင်းကို ဒုက္ခပေးလိုက်ရပြီ။ တခဏလောက် နားလိုက်ပါဦး”

ဝမ်ချောင်က သူ့ကိုကူပြီး ထိုင်ခိုင်းလိုက်သည်။

ယခုအခါမှသာ ဝမ်ချောင်က ကရုတစိုက် တွေးမိသွားသည်။ သူက ကျန်းရှို့ကျစ်နှင့် စတင်ပတ်သတ်ပြီးကတည်းက ယခုအချိန်အထိ ကျန်းရှို့ကျစ်က ခြင်္သေ့မြို့ကို တည်ဆောက်ခြင်းအတွက်ပင်ဖြစ်စေ ဒီမြို့ရိုးများကို ဖန်တီးနေခြင်းအတွက်ပင်ဖြစ်စေ အလုပ်များနေခဲ့သည်။ ထိုကိစ္စများအားလုံးက အလွန်အရေးကြီးလေရာ ကြာကြာကရုစိုက်ရန် လိုအပ်နေပြီး ကျန်းရှို့ကျစ်၏ ဆက်တိုက် စောင့်ကြည့်နေမှုကို လိုအပ်နေသေးလေသည်။

ကျန်းရှို့ကျစ်ကလွဲပြီး လူတိုင်းကမူ အလှည့်ဖြင့် အနားယူနိုင်သေးသည်။ အနောက်တောင်ပိုင်းက စစ်ပွဲ ဖြစ်ပွားသောအခါ ကျန်းရှို့ကျစ်က ဒီလုပ်ငန်းများ အားလုံးတွင်လည်း သူ၏အားအင်ကို စိုက်ထုတ်ထားရပြန်သည်။

ဝမ်ချောင်က သူတစ်စုံတစ်ရာကို မေ့နေသည့် အကြောင်းအရာကို သတိရသွားသည်။ ကျန်းရှို့ကျစ်က သူနှင့်မတူချေ။ စစ်သည်တော်များနှင့်လည်း မတူချေ။ သူကဒီတိုင်း သာမာန်လူတစ်ယောက်သာ ဖြစ်သည်။ ကျန်းရှို့ကျစ်က သိုင်းပင်မတက်ချေ။ ထို့အတွက်ကြောင့် ဒီမြို့ရိုးများကို ပြန်ပြင်ရန်အတွက် သူက မနေ့ညက တစ်ညလုံးလုံး အနားမယူခဲ့ရချေ။

“ဟား ဟား သခင်လေး ကျွန်တော်အတွက် မစိုးရိမ်ပါနဲ့။ ဒီကျန်းရှို့ကျစ်က သခင်လေးရဲ့ နောက်လိုက်ပြီး မဟာထန်အတွက် နည်းနည်းလောက် လုပ်ပေးနိုင်တယ်။ ဒီစစ်တပ်အတွက် နည်းနည်းလောက် ထောက်ပံ့ပေးနိုင်တယ်။ အနောက်တောင်ပိုင်းက လူတွေအတွက် အကူအညီဖြစ်တယ်ဆိုရင်ပဲ ဂုဏ်ယူပြီး ပျော်ရွှင်နေပါပြီ။ ဒီအဘိုးကြီးက တော်ဝင်နန်းတော်ကို တည်ဆောက်တုန်းကတောင် ဒီလောက်ထိ မပျော်ခဲ့ရပါဘူး။ ကျွန်တော် ဒီလောက်ထိ အသက်ရှင်နေတာကတင် ပျော်စရာကောင်းနေပါပြီ”

ကျန်းရှို့ကျစ်က လက်ကိုယမ်းလိုက်ပြီး သူ၏မျက်နှာတွင် လွတ်လပ်ပေါ့ပါးသော အမူအရာက ရှိနေပြီး ဖော်ပြရန် ခက်ခဲသော ကျေနပ်မှုကိုလည်း မြင်ရသည်။

“သခင်လေး သခင်လေး တစ်ခုခုလိုအပ်တာနဲ့ ကျွန်တော်ကို ချက်ချင်း အကြောင်းကြားပါ။ ဒီအဘိုးကြီးကို အသုံးပြုနိုင်သမျှ ကာလပတ်လုံး သခင်လေးက ခေါ်သုံးနိုင်ပါတယ်”

“အွန်း”

ဝမ်ချောင်က ခေါင်းညိမ့်လိုက်သည်။ ကျန်းရှို့ကျစ်၏ မျက်ဝန်းကို ကြည့်ရုံဖြင့်ပင် ဝမ်ချောင်ကလည်း သက်ရောက်မှု မရှိနိုင်သော စကားများကို ဆက်ပြောမနေတော့ချေ။

ရုတ်တရက် ကျန်းရှို့ကျစ်၏ကျောကို လူတစ်ယောက်က ထိတို့လျှက် အကြောပိတ်လိုက်သည်။ ထိုသို့ဖြင့် သူ့ကို သတိမေ့သွားစေသည်။ ဒါက ဝမ်ချောင်မဟုတ်ဘဲ ချန်းရှု့စွန်းဖြစ်သည်။

“လူကြီးမင်းကျန်းကို အနားယူခိုင်းလိုက်ပါ။ လူကြီးမင်းကျန်းက သူ့ဘာသာသူ နိုးလာတာမျိုး မဟုတ်ရင် ဘယ်သူကမှ သူ့ကို သွားမနှောက်ယှက်ကြနဲ့”

ချန်းရှု့စွန်းက ပြောလိုက်သည်။

“သခင်လေး အဆင်ပြေပါရဲ့လား”

“အွန်း”

ဝမ်ချောင်က ခေါင်းညိမ့်သည်။

“လူကြီးမင်းရှို့ကျစ်က အားအင်အများကြီး စိုက်ထုတ်ထားရတယ်။ သူ့ရဲ့တပည့်တွေက ကျွန်တော် ကြားထားတဲ့အတိုင်းဆိုရင် သူက လွန်ခဲ့တဲ့ ရက်တွေအတွင်း လုံးဝအနားမယူခဲ့ပါဘူး”

ချန်းရှု့စွန်းကပြောသည်။

“ကျွန်တော်တို့ သူ့ကို အရမ်းကြီး အပင်ပန်းခံစေလို့ မဖြစ်ဘူး။ အမှန်တိုင်းပြောရရင် ဒီစစ်ပွဲမှာ ကျွန်တော်တို့က သူတို့ကို ဝင်ပါခိုင်းဖို့တောင် မလိုအပ်ခဲ့ပါဘူး။ မဟာထန်က ဘယ်သူကမှလည်း သခင်လေး လုပ်သလိုမျိုး လုပ်နိုင်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ ဒါက ကောင်းတာလား ဆိုးတာလား ကျွန်တော် မသိတော့ပါဘူး”

“အတိတ်က မလုပ်ခဲ့ဖူးဘူးဆိုပေမဲ့ အနာဂတ်မှာ သေချာပေါက် ဖြစ်လာလိမ့်မယ်။ ဒါက စစ်ပွဲရဲ့ ပြောင်းလဲလာတဲ့ ပုံစံပဲ”

ဝမ်ချောင်ကပြောသည်။

“ဟုတ်တယ် အရှင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်က ကျွန်တော်ကို တစ်ခုခုမေးချင်နေတယ်။ ဒီတိုက်ပွဲရဲ့ နောက်ထပ်တစ်ဆင့်ကို သခင်လေး ဘယ်လိုတွေးထားပါသလဲ”

ချန်းရှု့စွန်းကပြောသည်။

ရှန်ယွီကျုံ့ထုံးက လက်ရှိအချိန်တွင် ဝမ်ချောင်ကို အလွန်လေးစားနေပြီဖြစ်သည်။ သူက ဝမ်ချောင်ဆီမှ နောက်ဆက်လုပ်မည့် အကြံအစည်ကို သိရရန်ပင် လူလွှတ်လိုက်သေးသည်။

“ကျွန်တော်ကိုယ်တိုင်လည်း မသိဘူး”

ဝမ်ချောင်က ခေါင်းခါသည်။

“လက်ရှိအနေအထားမျိုးမှာ မာန်ရှဲ့ယွီစန်းက ကျွန်တော်တို့ထက် အရေအတွက် အပြတ်အသပ် သာနေတယ်။ ဒါက ကျွန်တော်တို့အတွက် ခုခံဖို့ လွယ်ကူပေမဲ့ တိုက်ခိုက်ဖို့လည်း မဖြစ်နိုင်ဘူး။ နေရာယူတဲ့ အနေအထားမျိုးပဲဖြစ်ဖြစ်၊ ခုခံတဲ့ ပုံစံမျိုးပဲဖြစ်ဖြစ် ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့ အားသာတဲ့ အနေအထားမျိုးဆိုပေမဲ့ တိုက်ခိုက်လိုက်တာက ကျွန်တော်တို့အတွက် ဘယ်လိုအားသာမှုမှ မရရှိနိုင်ဘူး။ အနည်းဆုံး ဒီလိုအနေအထားမျိုးမှာ ကျွန်တော်တို့က အသာရနေတဲ့ဘက်ကပါ”

ဝမ်ချောင်ကပြောသည်။ ဝမ်ချောင်က ဒီတောင်ကို ခံတပ်တစ်ခုလုံးအဖြစ် ပြောင်းလဲခဲ့ကတည်းက အရာအားလုံးကို အကဲဖြတ်ပြီးသားဖြစ်သည်။ ဒီတောင်က တဖြောင့်ထဲရှိနေပြီး ထူးထူးခြားခြားဟု မထင်ရသော်လည်း မြေမျက်နှာသွင်ပြင် အနေအထားအရ တိဗက်မြင်းတပ်အနေနှင့် ခြင်္သေ့မြို့တွင် လှုပ်ရှားခဲ့သလိုမျိုး အလွယ်တကူ လှုပ်ရှားနိုင်ခြင်းမရှိအောင် ကန့်သတ်ထားနိုင်ခဲ့သည်။ အနည်းဆုံး ခြင်္သေ့မြို့တွင် တိဗက်မြင်းတပ်က ယခုလိုမျိုး အရှိန်နှုန်းတွင် အကန့်အသတ် ရှိမနေခဲ့ချေ။

ထို့ပြင် တိဗက်များက အသုံးပြုသော လက်နက်ကြီးများကလည်း အချိန်အလွန် ကုန်ဆုံးနေခဲ့ကာ သူတို့ ထပ်သုံးနေကြသည့် စွမ်းအင်အရင်းအမြစ်များကလည်း များပြားလွန်းလေသည်။

မြို့ရိုးများ ရှိနေသမျှ ကာလပတ်လုံး သူတို့က မြင်းတပ်ကို လွှတ်ပြီး တိုက်ပွဲနယ်မြေကို လွှမ်းမိုး၍ မရနိုင်ချေ။

ခြင်္သေ့မြို့တွင် ရှန်ယွီကျုံ့ထုံး၏ အမိန့်အောက်တွင် ရှိခဲ့သော ခုခံအားလှိုင်းနှင့် မတူသည်မှာ ဝမ်ချောင်က အချိန်မရွေး ရွှေ့ပြောင်းနိုင်သော တက်ကြွသည့် ခုခံအားလှိုင်းကို ရွေးချယ်ခွင့် ပေးထားခြင်းဖြစ်သည်။ ထိုမြို့ရိုးများက တိဗက်နှင့် မာန်ရှဲ့ကျောင်းစစ်တပ် ချီတက်လာရန် ကြိုဆ်ိုနေခြင်းဖြစ်သည်။

ဒီတိုက်ပွဲ၏ ဒီအဆင့်တွင် မဟာထန်က နောက်ဆုတ်၍ မရတော့ချေ။

အင်ပါယာ တစ်ခုလုံးက ပတ်ဝန်းကျင် တိုင်းပြည်များ အားလုံး၏ အားကျမှုကို ဆုံးရှုံးထားရပြီးလေပြီ။ တစ်ခုတည်းသော ကျန်ရစ်သော နည်းလမ်းက တိုက်ပွဲတစ်ခုကို ခမ်းနားစွာပြန်၍ အနိုင်ယူခြင်းဖြင့် လေးစားမှု ပြန်လည်ရယူခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် သူတို့က ခမ်းခမ်းနားနား ခုခံပြီး အားလုံးကို လွှမ်းမိုးရမည်ဖြစ်သည်။

ဝမ်ချောင်၏အမြင်တွင် ရွေးချယ်စရာ မရှိတော့ချေ။ ကပ်ဘေးများနှင့် ဆုံးရှုံးနေသော တိုက်ပွဲရွှံ့နွံ့အိုင်များကြားတွင် ကိုယ့်ကိုယ်ကို ကူကယ်ရာမဲ့စွာဖြင့် ကိုယ့်တွင်းကို တူးနေသောအဖြစ်မျိုးကို အင်ပါယာက မကျရောက်သွားစေရန်အတွက် အင်ပါယာ၏ ဆိုးရွားသော ကံကြမ္မာကို ပြောင်းလဲရန်အတွက် သူ၏တစ်ခုတည်းသော ရွေးချယ်မှုက မာန်ရှဲ့ကျောင်းစစ်တပ်ကို အောင်နိုင်ခြင်းဖြစ်သည်။

မည်သို့သော တန်ကြေးကို ပေးဆပ်ရစေကာမူ သူက ပေးဆပ်မည်ဖြစ်သည်။

ထိုအခိုက် မာန်ရှဲ့ကျောင်း စစ်တပ်ဘက်မှ ကောင်းကင်သို့ သားရဲများ ထိုးတက်လာသော အော်ဟစ်သံမျိုးနှင့်အတူ မြင်းဟီသံများက ပေါ်ထွက်လာသည်။ မာန်ရှဲ့ကျောင်း စစ်သားများက တောင်ပေါ်သို့ လူစုခွဲလျှက် ပြေးတက်နေသည်။

ဝမ်ချောင်၏နောက်တွင် ရှိနေသေ သိန်းငှက်အိုကြီးက ရုတ်တရက် ခြေနှစ်လှမ်းခန့် ရှေ့တက်လာသည်။

“သခင်လေး ဒါကဘာလဲ”

ဝမ်ချောင်က မည်သည့်စကားမှ မဆိုသော်လည်း မျက်ဝန်းကမူ အံ့အားတကြီး ပြူးသွားသည်။ သူက ထိုအသံကို ကြားဖူးသည်။ သို့သော် ဒီလောကနှင့် သက်ဆိုင်သော အသံမျိုးမဟုတ်ချေ။

“ဆင်”

ဝမ်ချောင်က အတွေးနှင့်အတူ ပြောလိုက်မိသည်။

“ဘာ”

သိန်းငှက်အိုကြီးက တအံ့တသြပြောသည်။ သို့သော်သူက ချက်ချင်းလိုလို အောက်ဘက်မှလာသော ကျယ်လောင်သည့် အော်ဟစ်သံများကို ကြားလိုက်ရသည်။

ဝုန်း

ဝင်္ကပါတစ်ခုလုံးက အကောင်အထည်ကြီးမားသော သားရဲကြီးတစ်ကောင်က ဆောင့်တိုက်လိုက်သလိုမျိုး တုန်ခါသွားသည်။

စက္ကန့်အနည်းငယ်တည်းနှင့်တင် တောင်ကုန်းအသေးစားနှင့် တူသော အရာကြီးများ စတင်ကာ ချဉ်းကပ်လာပြီး ဖြေးညှင်းစွာဖြင့် မြင်ကွင်းအတွင်း ဝင်ရောက်လာသည်။ သူတို့က ဦးစွာမြင်လိုက်ရသည်မှာ အနက်ရောင် သားရဲကောင်ကြီးများနှင့်တူသော လူများဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်ထဲတွင် အဆုံးအစမဲ့လောက်အောင် များပြားသည့် ခွန်အားများကို ပိုင်ဆိုင်ထားဟန်ရသည်။

အဝေးမှကြည့်ရုံဖြင့်ပင် ပြင်းထန်သည့် ဖိအားကို ခံစားရသည်။ ထိုမျှကြီးမားသော အရာကြီးများ၏ အနားတွင် ရှိနေသည့် မာန်ရှဲ့ကျောင်းက ပုရွက်ဆိတ်များနှင့် တူနေခြင်းဖြစ်သည်။ ထို့ပြင် ဖိအားကလည်း အလွန်ပြင်းထန်သည်။

ဝုန်း

အထိတ်တလန့်ဖြစ်သော အသံမျိုးနှင့်အတူ တိတ်ဆိတ်ငြိမ်သက်နေသော တောင်တစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်သွားသည်။ အန်းနန်အစိုးရ စစ်တပ်ထဲမှ စစ်တပ်၏ တစ်သိန်းရှစ်သောင်းထဲမှ ရှင်သန်ခဲ့သော လူတိုင်းက လက်ရွေးစင်ထဲမှ လက်ရွေးစင်များ ဖြစ်နေကြပြီး အတွေ့အကြုံ အလွန်ရှိကြသည်။ သို့သော် ဒီလိုအနက်ရောင် တောင်ကုန်းကြီးများ တရွေ့ရွေ့ ချီတက်လာခြင်းကို မြင်ရသည့်အခါ သူတို့၏စိတ်ဓာတ် ခိုင်မာသော စိတ်ဓာတ်အင်အားကပင် ယိုင်နဲ့သွားရသည်။ ဒါက သာမာန်အခြေအနေ မဟုတ်တော့ချေ။

“ဆင်ဖြူတော်တပ်ရင်း”

တောင်ထိပ်ပေါ်တွင် ရှိနေသော ချန်းရှု့စွန်း၏ သာမာန်လေးနက် အေးဆေးသော မျက်နှာထားမျိုးမှ အလွန်အမင်း တင်းမာသော မျက်နှာထားမျိုးအဖြစ် ပြောင်းလဲသွားပြီး ထိုစကားလုံးများကို ရေရွတ်လိုက်သည်။

အခန်း(၅၉၃)

“ဆင်ဖြူတော်တပ်ရင်း ဟုတ်လား”

ဝမ်ချောင်က ခေါင်းလှည့်ကြည့်လိုက်သည်။ သူ၏အတိတ်ဘဝမှ မှတ်ဉာဏ်များအားလုံး သူ့တွင် ရှိနေခဲ့သော်လည်း တစ်ဘဝလုံးနီးပါး မာန်ရှဲ့ကျောင်းနှင့် အတူရှိနေခဲ့ဖူးသော ထိုအရာရှိဟောင်းများ၏ အတွေ့အကြုံနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ထိုလူများအားလုံးက အ့ဟိုင်တိုက်ပွဲတွင်လည်း ပါဝင်ခဲ့ကြသည်။

“အွန်း”

ချန်းရှု့ရွှန်းက ခေါင်းညိမ့်သည်။ သူ၏အမူအရာက အလွန်အမင်း လေးနက်သွားသည်။

“အ့ဟိုင်ရဲ့နယ်မြေက ဗဟိုပြင်ကျယ်နဲ့ ကွာခြားတယ်။ အဲ့ဒီက အပင်တွေက အရမ်းစိမ်းလန်းပြီး ရာသီဥတုကလည်း ပူပြင်းတယ်။ ဒီတော့ အဲ့ဒီမှာ အကောင်ကြီးတဲ့ သားရဲကြီးတွေ နေထိုင်ကြတယ်။ အဲ့ဒီထဲက တစ်ကောင်က နှာမောင်းရှည်ပြီး ခွန်အားအရမ်းကြီးတဲ့ မာန်ရှဲ့ကျောင်း အခေါ်အရ ဆင်လို့ခေါ်တဲ့ သားရဲကြီးတစ်မျိုးပဲ။ ခဲ့လော့ဖုန်းက ဒီသားရဲတွေကို အချိန်အတန်ကြာ လေ့ကျင့်သင်ကြားပေးခဲ့တာ။ အဆုံးမှာတော့ ဆင်ဖြူတော်တပ်ရင်းလို့ခေါ်တဲ့ စစ်တပ်တစ်ခု ထိန်းကျောင်းပေးနိုင်ခဲ့တယ်”

“ဆင်ဖြူတော်တပ်ရင်းက စစ်သည်တွေ အများကြီးမရှိဘူး။ ဒါပေမဲ့ အားလုံးက အင်အားကြီးကြတယ်။ အ့ဟိုင်တိုက်ပွဲမှာ သူတို့က ပြင်းပြင်ထန်ထန် ထိုးနှက်နိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ စစ်သားပေါင်းများစွာ သေဆုံးခဲ့ရတယ်”

ချန်းရှု့ရွှန်းကပြောသည်။

မြေကမာ္ဘက ဆက်တိုက် တုန်ဟီးနေပြီး ကြီးမားသော အင်အားကြီးမားသည့် သားရဲစစ်တပ်ကြီးက ချီတက်လာသည်။ နောက်ဆုံးတွင်မူ ဝမ်ချောင်က ထိုဆင်ဖြူတော်တပ်ရင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အလွန်ကြီးမားသော ထိုဆင်ကြီးများကို သူကမြင်လိုက်ရသည်။ ဝမ်ချောင်ကလည်း ယခင်က ဆင်များကို မြင်ခဲ့ဖူးသော်လည်း ဝမ်ချောင်၏စိတ်ထဲရှိ ဆင်များနှင့် ကွာခြားနေသည်။

ဝမ်ချောင်က ထိုမျှကြီးသော ဆင်များကို မမြင်ခဲ့ဖူးချေ။ ထိုတစ်ကောင်ချင်းစီတိုင်းက ခြောက်မီတာ၊ ခုနှစ်မီတာခန့်ကြီးပြီး ရှစ်မီတာ၊ ကိုးမီတာခန့်အထိ မြင့်ကြသည်။ သူတို့၏ ကြီးမားသော ခန္ဓာကိုယ်ကြီးများက လူတစ်ယောက်၏ စိတ်ဓာတ်ခွန်အားကို လဲပြိုစေရန် လုံလောက်နေပြီဖြစ်သည်။

ဘာလို့ဒီဆင်တွေက ဒီလောက်ထိ ကြီးနေတာလဲ။

ဝမ်ချောင်က အလွန်အမင်း အံ့သြသွားသည်။

ဝမ်ချောင်အနေဖြင့် ဆင်ဖြူတော်တပ်ရင်းကို ဘယ်သောအခါမှ မမြင်ဖူးခဲ့ချေ။ သူ၏မှတ်ဉာဏ်ထဲတွင်လည်း မရှိခဲ့ချေ။ သူတို့က ပြည်ပကျူးကျော်မှု အတောအတွင်း အမြစ်ဖြတ် သုတ်သင်ခံရခြင်း ဖြစ်လောက်သည်။ သို့သော် ယခုမူ ထိုဆင်များကို သူက မြင်လိုက်ရသည်။ ဝမ်ချောင်အနေဖြင့် စိတ်ကူးယဉ်ရန် ခက်ခဲသော ခံစားချက်မျိုးကို ခံစားလိုက်ရသည်။

သူတို့၏အကြီးဆုံး အာဖရိက အမွှေးဖြူဆင်များကပင် လေးမီတာအထိသာ အမြင့်ဆုံး ရောက်နိုင်ကြသော်လည်း ထိုဆင်ဖြူတော်တပ်ရင်းမှ ဆင်များကမူ နှစ်ဆခန့်အထိ မြင့်နေသည်။ တစ်ကောင်ချင်းစီတိုင်းက ခြောက်မီတာ၊ ခုနှစ်မီတာအထိ ရှည်နေသည်။ ပါးစပ်မှထွက်နေသော နှာမောင်းကြီးများက၊ အစွယ်ကြီးများကလည်း သုံးမီတာ၊ လေးမီတာခန့်အထိ ရှည်နေသည်။

ဝမ်ချောင်၏ အတွေ့အကြုံအားလုံး ပေါင်းလိုက်မည်ဆိုလျှင်ပင် ထိုမျှကြီးသော သတ္တဝါမျိုးကို မမြင်ခဲ့ဖူးခဲ့ချေ။

“ဒီဆင်တွေက သံချပ်ကာတောင် ဝတ်ထားကြတယ်”

သိန်းငှက်အိုကြီးက ရေရွတ်လိုက်သည်။ ဝမ်ချောင်က သူနှင့်ယှဉ်သော် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်နိုင်ခဲ့သော်လည်း သိန်းငှက်အိုကြီးကမူ ထိုသို့ ဆင်များကို တစ်ကြိမ်မျှ မြင်ခဲ့ဖူးခြင်း မရှိချေ။ ထို့ကြောင့် သိန်းငှက်အိုကြီးက ခံစားရသော အံ့အားသင့်မှုက အလွန်ပြင်းထန်လေသည်။

“ဒါက သင်္ကေတတွေ ထွင်းထုထားတဲ့ သံချပ်ကာပဲ”

ဝမ်ချောင်က ရေရွတ်လိုက်သည်။ သိန်းငှက်အိုကြီးက မှန်နေသည်။ ထိုဆင်များက ထူထည်းသော အဖြူရောင် သံချပ်ကာများကို ဝတ်ထားကြပြီး တိဗက်လူမျိုးများက အသုံးပြုသော သံချပ်ကာပြားများနှင့် တူသည်။ ထိုသံချပ်ကာပြား တစ်ခုချင်းစီတိုင်းက ခြေတစ်လုံးစာထူပြီး သင်္ကေတအပြည့် ရှိနေသည်။

ဝမ်ချောင်က သူကရင်းနှီးကျွမ်းဝင်သော အကြမ်းခံမှုနှင့် ခုခံမှု သင်္ကေတများကို ချက်ချင်း သတိထားမိလိုက်သည်။ ထိုသင်္ကေတများနှင့် ထိုသံချပ်ကာများ၏ အထူက သူ၏ဒူးလေးကြီးများကပင် ထိုဆင်များကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ရန် ခက်ခဲစေလေသည်။ သို့သော် အံ့အားသင့်စရာ အကောင်းဆုံးက ဆင်များ၏ အရွယ်အစား ဖြစ်နေသေးသည်။

သံချပ်ကာနှင့် ထိုသင်္ကေတများ၏ အကူအညီနှင့်ဆိုလျှင် ထိုဆင်များက ဂျင်တစ်သောင်းကျော် အလေးချိန် ရှိနိုင်လေရာ သတ္ထုနံရံများထက် ပို၍လေးလေသည်။ ဝမ်ချောင်က ခပ်တိုးတိုးရေရွတ်လိုက်သည်။

ဝမ်ချောင်က စီစဉ်ထားသော သတ္ထုနံရံ တစ်ခုချင်းစီတိုင်းက ကျင်းထောင်ပေါင်းများစွာ လေးလံသော်လည်း မာန်ရှဲ့ကျောင်း၏ ဆင်များ၏ အရှေ့တွင်မူ ဘာမှမဟုတ်တော့ချေ။ ချက်ချင်းလိုလို ဝမ်ချောင်က မာန်ရှဲ့ကျောင်း၏ အစီအစဉ်ကို နားလည်ကြသည်။

“ဒူးလေးကြီးတွေကို အသင့်ပြင် ပစ်ခတ်ဖို့ အသင့်ပြင်ကြ”

ဝမ်ချောင်က အမိန့်ထုတ်သည်။

“ဟုတ်ကဲ့သခင်လေး”

သတင်းပို့များက ချက်ချင်းလိုလို အမိန့်ကို ထုတ်ပြန်ကြသည်။ တစ်ချိန်ထဲတွင်ပင် မာန်ရှဲ့ကျောင်း စစ်တပ်ထဲတွင်လည်း ပြောင်းလဲမှုက ဖြစ်ပေါ်လာသည်။

“ဟေး”

“ဟ”

အော်ဟစ်သံများနှင့်အတူ မာန်ရှဲ့ကျောင်း၏ စစ်တပ်က ရှေ့သို့ချီတက်လာသည်။ သူတို့၏အရှေ့တွင် ကြီးမားသော ဆင်ဖြူကြီးများက လူနံရံတစ်ခုအဖြစ် ရှိနေလေရာ သူတို့နှင့်အတူ ရှေ့ဆက် ချီတက်နေလေသည်။ ထန်များက အစိုးရိမ်ဆုံးကိစ္စက ဖြစ်လာတော့မည်ဖြစ်သည်။

ဝေါင်း

“ဟ”

ထိုစစ်သည်တော်များက သူတို့၏ ကြီးမားသော ဒိုင်းကြီးများကို ခေါင်းပေါ်ကျော်အောင်မြှောက်လျှက် တောင်ပေါ်သို့ ဆက်တိုက် ချီတက်လာသည်။ ထိုမြင်ကွင်းက ဝမ်ချောင်သာလျှင်မဟုတ်ဘဲ ချန်းရှု့ရွှန်း၊ ဝမ်ရန်၊ ရှန်ယွီကျုံ့ထုံး၊ သိန်းငှက်အိုကြီး၊ လော့ကျီး၊ လင်းဝူရှို့နှင့် အခြားသော ဗိုလ်ချုပ်များ၏ မျက်နှာကိုပင် ဖြူဖျော့သွားစေသည်။

အနှေးကွေးဆုံး လူကပင် ထိုဒိုင်းကာစစ်သည်တော်များက သံချပ်ကာဆင်များကို ကာကွယ်နေခြင်းဖြစ်ကြောင်း သိနိုင်ကြလေသည်။

မြေပြင်က ဆက်တိုက်ပင် တုန်ခါနေသလို ဆင်ဖြူတော်တပ်ရင်းက ချီတက်လာနေသည်။ တောင်ထိပ်မှ ကြည့်မည်ဆိုလျှင် သူတို့ ချီတက်လာခြင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေသည်။

တစ် နှစ် သုံး လေး...

ကရုတစိုက် စစ်ဆေးကြည့်ပြီးနောက် ဆင်အကောင်ရေ တစ်ထောင်ကျော်ကြောင်းကို မြင်လိုက်ရသည်။ ပမာဏက မများသော်လည်း သူတို့၏ ကြီးမားသော ခန္ဓာကိုယ်ကို တောင်အနှံ့ဖြန့်ကျက်ကာ ဝင်ရောက်လာခြင်းကတင် ပြင်းထန်သည့် ဖိအားကို လွှတ်ထုတ်နိုင်နေပြီဖြစ်သည်။

“ဟေး”

“ဟ”

နောက်ဆုံးတွင် ကျုံးဝါးသံနှင့်အတူ ဆင်ဖြူတော်တပ်ရင်း၏ ပထမတစ်သုတ်က တောင်ခြေသို့ ရောက်သွားသည်။

“အသင့်ပြင် ပစ်”

အမိန့်နှင့်အတူ မြှားမိုးက ဆက်တိုက် ရွာသွန်းလာသည်။

ချွင် ချွင် ချွင်

မြှားများက ဆင်များ၏ ကိုယ်ပေါ်တွင်ရှိသော သံချပ်ကာများထံသို့ ရောက်သွားပြီး လွင့်ထွက်သွားကြသည်။

ထိုအဖြူရောင် သံချပ်ကာများက မြို့ရိုးတစ်ခုစာ ထူထည်းနေလေရာ မြှားတိုင်းကို အလိုလို ပြန်လွင့်ထွက်သွားစေသည်။

“အဆင်သင့်ပြင် ပစ်”

တချိန်ထဲတွင်ပင် ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်တော်များ အားလုံးက တုန့်ပြန်လိုက်ကြပြီး ဒိုင်းများကို ခေါင်းပေါ်ကျော်အောင် မြှောက်ကြပြန်သည်။ စစ်သည်တော် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်က ရှေ့သို့ ပြေးထွက်လာသည်။ အချို့က နှာမောင်းအောက်သို့ဝင်သည်။ ဒီနည်းအားဖြင့် သူတို့က သူတို့၏ ဒိုင်းများကိုမြှောက်ကာ ဆင်၏မျက်လုံးများကို ကာကွယ်နိုင်သည်။ ထို့ကြောင့် မြှားတစ်ချောင်းကမှ သူတို့ကို ခြစ်ရာထင်အောင် မလုပ်နိုင်ခဲ့ချေ။ သို့သော်ဒါက အစသာလျှင်ဖြစ်သည်။

“သွား”

မာန်ရှဲ့ကျောင်း၏ အဖြူရောင်သံချပ်ကာ ဝတ်ဆင်ထားသော ဗိုလ်ချုပ်တစ်ယောက်က ဓားရှည်ကို ဆွဲထုတ်လိုက်လျှက် အောက်သို့ခုတ်ချသည်။

ဝှစ်

မရေမတွက်နိုင်သော ချိန်းကြိုးများက ပျံထွက်လာလေပြီး လေထဲတွင် တဆတ်ဆတ် တုန်ခါသွားသည်။ ဒါက အသိဉာဏ်ရှိနေသလိုမျိုး သံမဏိမြို့ရိုးပေါ် ကျသွားတော့လေသည်။

ချိန်းကြိုး၏ တစ်ချက်အဆုံးက ဆင်၏ကိုယ်နှင့် ချီထားသည်။

“ဆွဲ”

တောင်ပေါ်မှ ဖုန်မှုန့်များက အလုံးလိုက် မြောက်တက်လာသည့် အချိန်တွင် သံမဏိမြို့ရိုးကြီးများက မြေပြင်သို့ ဆွဲချခံရသည်။ ထိုသို့ ဆွဲချခံရမှုကြောင့် တောင်ပေါ်မှ ကျွတ်ထွက်သွားတော့သည်။

ကြီးမားသော ဆင်၏အင်အားနှင့် နှိုင်းယှဉ်ရာတွင် ထိုသံမဏိမြို့ရိုးများက ဘာမမဟုတ်တော့ချေ။ မြို့ရိုးများ၏ အလေးချိန်က ခုနှစ်ထောင်မှ၊ ရှစ်ထောင်ဝန်းကျင်ရှိလောက်သော်လည်း ဆင်၏အင်အားနှင့် နှိုင်းယှဉ်သော် အလွန်အမင်း စကားဖြင့် ထည့်ပြော၍ မရလောက်အောင် အားနည်းသွားသဖြင့် ချက်ချင်းလိုလို ဆွဲချွတ်ခံလိုက်ရသည်။

သံမဏိမြို့ရိုးများ၏ ကာကွယ်မှု မရှိတော့သည့်အခါ ထန်စစ်သည်တော်များက ချက်ချင်းလိုလို အားလုံးရှေ့တွင် ဟင်းလင်းပေါ်သွားသည်။

“သွားမြန်မြန်”

“အရှင့်ကို သတင်းပို့ပြီး ဆုံးဖြတ်ခိုင်းရအောင်”

ဆင်ဖြူတော်တပ်ရင်းမှ ချီတက်လာသော စစ်သည်တော်များနှင့် ရင်ဆိုင်ရချိန်တွင် ထိုတပ်ရင်းတစ်ခုလုံး၏ အင်အားက ဖြူဖျော့သွားပြီး စတင်ကာ တောင်ပေါ်သို့ နောက်ဆုတ်ကြတော့သည်။

“ဟား ဟား သူတို့ရှုံးပြီ မဟာထန်ကရှုံးပြီ”

မာန်ရှဲ့ကျောင်း စစ်တပ်မှ ချီးကျူးသံများက ထွက်ပေါ်လာသည်။

အတိတ်ဆုံးရှုံးမှုဥပမာများနှင့် ယခင် အလဲထိုးခံရသည့် ထိုးနှက်မှုများ အားလုံးကြောင့် သူတို့က အန်းနန်အစိုးရစစ်တပ်ကို အလွန်အမင်း ကြောက်လန့်နေကြသည်။ သို့သော် လက်ရှိ အခြေအနေအရ အခြေအနေက မတူတော့ချေ။

သံမဏိမြို့ရိုးများ၏ ကာကွယ်မှု မရှိလျှင် အန်းနန်အစိုးရစစ်တပ်က အားသာမှု ဆုံးရှုံးသွားပြီး စစ်တပ်ကို ထိန်းပေးထားနိုင်တော့မည် မဟုတ်ချေ။

ဝုန်း

နောက်ထပ် မိုးခြိမ်းသံကြီးနှင့်အတူ နောက်ထပ် မြို့ရိုးနံရံတစ်ခုက မြေပြင်သို့ ဆွဲချခံလိုက်ရပြီး ချိန်းကြိုး ခုနှစ်ခု၊ ရှစ်ခုဖြင့် ဆွဲပင်ခံလိုက်ရသည်။

ဝုန်း ဝုန်း ဝုန်း

သံမဏိနံရံ တစ်ခုပြီးတစ်ခုက ဆွဲချွတ်ခံနေရသည်။

အချိန်တိုအတွင်းတွင် သံမဏိမြို့ရိုး အခုသုံးဆယ်၊ လေးဆယ်က ဆွဲဖယ်ခံလိုက်ရသည်။

“ရပ် သူတို့ကို မဆွဲသွားစေနဲ့”

အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော် အယောက်နှစ်ဆယ်က ချက်ချင်းပြေးလာပြီး မြို့ရိုးတစ်ခုကို ဖမ်းဆွဲထားကြသည်။ သူတို့က ဒီနည်းအားဖြင့် ထိုဆင်နှင့်အတူ အားချင်းဖလှယ်သည့် ပြိုင်ပွဲကို ကျင်းပကြတော့လေသည်။ သို့သော် ချက်ချင်းလိုလို ဝုန်းကနဲ အသံနှင့်အတူ ဖုန်လုံးများက မြောက်တက်လာသည်။ ထန်စစ်သည်တော် အယောက်နှစ်ဆယ်ကပင် ထိုလေးလံသော နံရံကြီး၏နောက်မှ တရွတ်တိုက် ပါသွားကြသည်။

“အား”

ထိုတောင်တစ်ခုလုံးတွင် အော်ဟစ်သံများက စူးရှစွာ ထွက်ပေါ်လာသည်။ သူတို့ကလည်း ထိုဆင်များက အလွန်အမင်း အင်အားကြီးကြောင်း သိထားကြသော်လည်း မည်သူကမှ ထိုမျှအထိ အင်အားကြီးမည်ဟု မထင်ထားမိချေ။ အစစ်အမှန် သိုင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်နေသော လက်ရွေးစင် အယောက်နှစ်ဆယ်ကျော်က ပူးပေါင်းခဲ့သည့်တိုင်အောင် ထိုဆင်ကို မယှဉ်နိုင်ချေ။

“အဆင့်မြင့်သိုင်းနယ်မြေ အဆင့်သုံး၊ အဆင့်လေးလောက်က လူကတောင် မယှဉ်နိုင်ဘူး”

သိန်းငှက်အိုကြီးက ကြည့်နေရင်းမှ မျက်လုံးပြူးကာ အံ့သြသွားသည်။

သူ၏လက်ရှိ ကျင့်ကြံခြင်းအဆင့်က အဆင့်မြင့်သိုင်းနယ်မြေ အဆင့်သုံးဖြစ်သည်။ အဆင့်လေးဝန်းကျင် ရောက်နေလေပြီ။ အခြားစကားဖြင့် ဆိုရသော် ခွန်အားသပ်သပ်ယှဉ်သော် သူက လက်မောင်းခြောက်ဘက် ဗာဂျရာ အစောင့်အရှောက်ကို ထုတ်မသုံးလျှင် ထိုဆင်ကို မယှဉ်နိုင်လောက်ချေ။ ထိုကဲ့သို့သော ဆင်မျိုးကို မည်သူကမှ မမြင်ခဲ့ဖူးကြသေးချေ။

“အခြေအနေက မကောင်းတော့ဘူး။ ခဲ့လော့ဖုန်းက မဟာထန်ကို ရင်ဆိုင်ဖို့ သေချာတွေးထားတဲ့ပုံပဲ။ ဆင်ဖြူတော်တပ်ရင်းက သူသေချာ အားထုတ်ထားတဲ့ တကယ့် အသီးအပွင့်ရတနာလို့ ပြောလို့ရတယ်။ ဆိုတော့ သူက ပုံမှန်အခြေအနေမျိုးမှာဆိုရင် ခုခံတဲ့ တိုက်ပွဲမျိုးမှာပဲ အသုံးပြုလေ့ရှိတယ်”

“ဒီဆင်ထောင်ကျော်က အဆင့်မြင့်သိုင်းနယ်မြေ အဆင့်သုံးနဲ့ အဆင့်ကိုးကြားမှာရှိတဲ့ အင်အားတွေကို ပိုင်ဆိုင်ထားကြတယ်။ အချို့ဆင်တွေဆိုရင် အဆင့်မြင့်အဆင့် သိုင်းနယ်မြေ အထွတ်အထိပ်အဆင့်ကိုတောင် ရောက်နေလောက်ပြီ”

သူကအဝေးရှိ မီတာနှစ်ဆယ်ခန့်မြင့်သော ဆင်တစ်ကောင်ကို လှမ်းကြည့်လိုက်သည်။

ထိုတစ်ကောင်က အသက်အကြီးဆုံး၊ အမြင့်ဆုံး၊ အင်အားအကြီးဆုံး တစ်ကောင်ဖြစ်နေသည်။ သူ၏ကိုယ်ပေါ်ရှိ အမွှေးများက မီးခိုးရောင် ဖြစ်နေသည်။ သူ၏ခြေထောက်ကမူ ထိုဆင်ခန္ဓာနှင့် မလိုက်လောက်အောင် ပေါ့ပါးစွာ သွားလာနိုင်စွမ်း ရှိနေသည်။ ထိုဆင်က ဆင်ဖြူတော်တပ်ရင်းမှ ဆင်ဧကရာဇ်ဖြစ်သည်။

ချန်းရှု့ရွှန်းအနေဖြင့် ထိုဆင်ဧကရာဇ်ကို ရင်ဆိုင်ရာတွင် ယုံကြည်မှု မရှိလောက်ချေ။ ထိုဆင်ဧကရာဇ်က အောက်ဘက်ရှိ ဆင်ထောင်ပေါင်းများစွာနှင့် တူညီသော အင်အားမျိုးကို ပိုင်ဆိုင်ထားပြီး မဟာထန်ကို ခြိမ်းချောက်နိုင်သည်။

“မာန်ရှဲ့ကျောင်း စစ်တပ်ကိုသာ သံမဏိမြို့ရိုးတွေကို ဆွဲယူသွားခွင့် ပြုလိုက်ရင် ငါတို့ရဲ့စစ်သည် ကိုးသောင်းနဲ့တောင်မှ သေဖို့ပဲ စောင့်နေရလိမ့်မယ်”

ချန်းရှု့စွန်းက တည်တင်းစွာပြောသည်။

အန်းနန်အစိုးရစစ်တပ်က ဆင်ဖြူတော်တပ်ရင်းနှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။ ထို့ကြောင့် ချန်းရှု့ရွှန်းက ထိုအင်အားကို ကောင်းကောင်း နားလည်နေသည်။ ထိုတပ်ရင်းက မာန်ရှဲ့ကျောင်း၏ စစ်တပ်ထဲတွင် အင်အားအရ အဆင့်လေးတွင်သာ ရှိလောက်သော်လည်း ဆင်ဖြူတော်တပ်ရင်းက ကျောက်တုံးဖြူတပ်ရင်းထက် ပို၍အင်အား ကြီးမားလေသည်။

အဆင့်တစ်မဟုတ်သော တစ်ခုတည်းသော အကြောင်းပြချက်က အရေအတွက် အလွန်နည်းနေသောကြောင့် ဖြစ်သည်။ အရေအတွက်က တစ်ထောင်ဝန်းကျင်သာလျှင်ရှိသည်။

ရုတ်တရက် အသံတစ်သံ ထွက်လာသည်။၏

“ဟမ့် ဒီဆင်တွေက မတွေးတတ်တဲ့ သားရဲတွေပဲ။ သူတို့က တကယ့်စစ်သည်တော် တစ်ယောက်လို အလွယ်တကူ ဉာဏ်ရည်မြင့်မားပြီး ပြောင်းလဲပြီး ရွေ့လျားနိုင်မယ်လို့ ထင်နေတာလား။ မာန်ရှဲ့ကျောင်း စစ်တပ်ရဲ့ ကာကွယ်ပေးမှုသာ မရှိရင် ဒီဆင်တွေက ပစ်မှတ်ကြီးထက် မပိုဘူး”

ထိုအခိုက် လင်းဝူရှို့နှင့် သူ၏နောက်လိုက် ဗိုလ်ချုပ်များအားလုံးက တောင်ပေါ်သို့ ရောက်လာကြသည်။ သူတို့က ရောက်လာသည်နှင့် ဝမ်ချောင်ကို ချက်ချင်းလှည့်ကြည့်သည်။

“သခင်လေး ကျွန်တော်တို့ကို အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ဒီဆင်တွေကို အမဲလိုက်ခွင့်ပြုပါ။ ဒီဗိုလ်ချုပ်က သူ့ရဲ့စွမ်းရည်ကို ယုံကြည်လို့ တောင်ခြေက မာန်ရှဲ့ကျောင်းစစ်တပ်ကို တားနိုင်မယ်လို့ ယုံကြည်ပါတယ်”

“မလိုဘူး”

ဝမ်ချောင်က လက်ယမ်းပြီးနောက် အောက်ကိုကြည့်သည်။

“အဲ့ဒီအဆင့်ထိ မရောက်သေးဘူး”

ဝုန်း ဝုန်း ဝုန်း

သူတို့က စကားပြောနေချိန်တွင် နောက်ထပ် သံမဏိနံရံများက ဆွဲထုတ်ခံရပြီး မြေပြင်တွင် တောက်လျှောက် အစင်းတန်းကြီးက ပေါ်သွားလျှက် ထိုဆင်များ၏ ဆွဲသွားခြင်းကို ခံရသည်။

တောင်ခြေတွင် ဖုန်မှုန့်များက အလုံးလိုက် မြောက်တက်နေပြီး လေထဲ ဆယ်ကျန်းခန့်အထ ရောက်သွားသည်။ ထိုသို့ဖြင့် မာန်ရှဲ့ကျောင်း စစ်တပ်၏ လှုပ်ရှားမှုကို ပို၍အကျိုးဖြစ်ထွန်းစေသည်။

အခန်း(၅၉၄)

“ဒါပေမဲ့အရှင် ဒီတိုင်းဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဒီတောင်က ခုခံအားလှိုင်းက ဆွဲဖြုတ်ခံရသလိုမျိုး အမြစ်ဖြတ် ဖယ်ရှားခံရပါလိမ့်မယ်”

လင်းဝူရှို့က စိုးရိမ်တကြီး ပြောလိုက်သည်။

သူကဒီနေရာသို့လာပြီး အမိန့်ကို တောင်းခံခြင်းဖြစ်သည်။ သူက ပုံမှန်အားဖြင့် ထိုသို့လုပ်ရန်ပင် မလိုအပ်သော်လည်း ယခုမူ ဝမ်ချောင်က ထူးထူးခြားခြား အမိန့်ပေးရန် နှေးကွေးနေသည်။

“မာန်ရှဲ့ကျောင်းက တောင်ပေါ်တက်ပြီး တိုက်ခိုက်သေးတာ မဟုတ်ဘူး။ သူတို့စောင့်နေတာက ငါတို့ နေရာကနေထွက်ပြီး တိုက်ခိုက်ဖို့ပဲ”

ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။

သူက နေရာမှ တောင်အောက်သို့ ငုံ့ကြည့်လိုက်သလိုမျိုး သူ၏စိတ်ကလည်း တောက်လျှောက် အလုပ်လုပ်နေခြင်း ဖြစ်သည်။ လျှင်မြန်စွာဖြင့် အကျိုးအပြစ်များကို တွက်ချက်ပြီးလေပြီ။ ခဲ့လော့ဖုန်းနှင့် သာ့လွန်ရော့ကျန်းက အနောက်တောင်ပိုင်းနယ်စပ်မှ အင်အားကြီး ပုဂ္ဂိုလ်များဆိုသော ကျော်ကြားမှုနှင့် ထိုက်တန်ကြောင်း သူကပင် ဝန်ခံရသည်။

ဆင်ဖြူတော်တပ်ရင်းက ဝမ်ချောင်၏လမ်းတွင် ပိတ်နေသော ဆူးခလုတ်တစ်ခု ဖြစ်လာသည်။

ခုခံမှုတိုက်ပွဲတွင် စစ်သည်တော် တစ်သိန်းက စစ်သည်တော် ငါးသိန်းကို ရင်ဆိုင်ရန် မြေမျက်နှာသွင်ပြင် အနေအထား၊ ပိုင်နက်နယ်မြေ၊ ခုခံမှုအားလှိုင်းတို့ကို မှီခိုနိုင်သည်။ ခဲ့လော့ဖုန်းက ဆင်ဖြူတော်တပ်ရင်းကို အသုံးပြုလိုက်သောကြောင့် ခုခံမှုအားလှိုင်းကို တဖြည်းဖြည်းချင်း ဆွဲဖြုတ်ဖျက်ဆီးနေခြင်းဖြစ်ပြီး အလျှင်စလို မတိုက်ခိုက်လာသေးချေ။

မာန်ရှဲ့ကျောင်း စစ်သားများက အလောတကြီး မတိုက်ခိုက်လာကြချေ။ ထို့ကြောင့် ဝမ်ချောင်၏ အင်အားစုက တောင်မှထွက်ခွာကာ တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။ ဝမ်ချောင်ကသာ ဒီတိုင်းရပ်ပြီး ဘာမှမလုပ်သမျှ ကာလပတ်လုံး ဒီတောင်ပေါ်တွင်ရှိသော သူက သူ၏အရင်းနှီးများစွာ မြုပ်နှံထားသော သံမဏိမြို့ရိုးများ ဒီတိုက်ပွဲတွင် သူထည့်သွင်းထားသော အင်အားများ အားလုံးက ဆွဲဖယ်ခံရပေလိမ့်မည်။ အန်းနန်အစိုးရ စစ်တပ်က ချောင်ပိတ်ခံရပေလိမ့်မည်။

“ဒါပေမဲ့သခင်လေး ကျွန်တော်တို့ ဒီတိုင်း သေဖို့စောင့်နေရမှာလား”

လင်းဝူရှို့က ဝမ်ချောင်ကိုကြည့်ပြီး သူ၏မျက်လုံးတွင် စိတ်ပျက်မှုကို မဖုံးကွယ်ထားပေ။

“မလိုပါဘူး”

ထို့နောက် ဝမ်ချောင်က ရုတ်တရက် အမိန့်ထုတ်သည်။

“ဆရာသခင် လေးသည်တော်အဖွဲ့ကို ငါနဲ့လာတွေ့ခိုင်းလိုက်ပါ”

ချက်ချင်းလိုလို သံချပ်ကာအပြည့် ဝတ်ဆင်ထားသော ဆရာသခင် လေးသည်တော်အဖွဲ့မှ ခေါင်းဆောင်က ဝမ်ချောင်၏ရှေ့သို့ ရောက်လာသည်။

“သခင်လေး”

ထိုဆရာသခင် လေးသည်တော် အဖွဲ့ခေါင်းဆောင်က ခေါင်းကိုငုံ့ပြီး ဂါရဝပြုလိုက်သည်။

“ဆင်ဖြူတော်တပ်ရင်းက ဆင်တွေကိုရင်ဆိုင်ဖို့ ခင်ဗျားမှာ ဘာအကြံရှိလဲ”

ဝမ်ချောင်ကမေးသည်။

“ဒီဆင်တွေကို သံချပ်ကာနဲ့ အပြည့်အဝ ဖုံးကွယ်ထားပါတယ်။ မာန်ရှဲ့ကျောင်းက လူတွေကလည်း ဒီသံချပ်ကာတွေကို သေချာသွန်းလုပ်ထားခဲ့ပြီး ကျွန်တော်ို့ ဆရာသခင် လေးသည်တော်တွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့တဲ့ပုံပါပဲ”

ခေါင်းဆောင်က ရိုးသားစွာပြောပြသည်။

ဆင်ဖြူတော်တပ်ရင်းက ဆင်အကောင် တစ်ထောင်သာလျှင်ရှိပြီး ခုခံရန် မလုံလောက်ချေ။ တစ်နေရာထဲကို ပြုံတိုးကာ သတ်ဖြတ်ရန်အတွက်သာ အသုံးပြု၍ ရလောက်သည်။ ထို့ကြောင့် ခဲ့လော့ဖုန်းကလည်း အားနည်းချက်ကို ကြိုတင်ဖာထေးခဲ့လောက်လေသည်။

“ဒါဆိုရင် ပူးပေါင်းတိုက်ခိုက်တာက ဘယ်လိုလဲ။ ငါတို့တွေ မီးသုံးပြီး လက်နက်တွေနဲ့ပစ်လို့ တစ်နေရာထဲကိုပစ်ပြီး ပူးပေါင်းတိုက်ခိုက်လိုက်မယ်ဆိုရင် ဒီဆင်တွေရဲ့ လှုပ်ရှားမှုအပေါ် သက်ရောက်မှု ရှိသွားလိမ့်မယ်။ ဒီလိုနဲ့ သူရှေ့တိုးတာကို နှေးသွားစေလိမ့်မယ်”

ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။

“မဟုတ်ဘူး မာန်ရှဲ့ကျောင်းက တိဗက်သံချပ်ကာပြားတွေကို ဒီအကြောင်းပြချက်ကြောင့်ပဲ ရွေးချယ်ထားတာ။ သူတို့က တိဗက်သံချပ်ကာပြားတွေထက် ပိုထူတဲ့ သံချပ်ကာမျိုးတွေကို လုပ်ထားတယ်။ ဒီသံချပ်ကာပြား ကိုယ်တိုင်ကပင် ခုခံနိုင်စွမ်းအားရှိပြီ။ ဒီတော့ ဒီသံချပ်ကာပြားတွေကို ပူးပေါင်းတိုက်ခိုက်ပြီး မီးနဲ့ချိန်ရွယ် ပစ်ခတ်တာကတောင် အသုံးဝင်မှာမဟုတ်ဘူး။ နောက်ပြီး ဒီသံချပ်ကာပြားတွေက အချင်းချင်း ဆက်ထားတဲ့ နေရာတွေမှာ အားနည်းချက်က မရှိသလောက်နည်းတယ်။ ဒီတော့ အောင်မြင်ဖို့ အခွင့်အရေး မရှိသလောက်နည်းတယ်”

ဆရာသခင် လေးသည်တော် ခေါင်းဆောင်က သက်ပြင်းချလိုက်သည်။

“မျက်လုံးဆိုရင် ဘယ်လိုလဲ။ ဒီသံချပ်ကာပြားတွေက မျက်လုံးကို မကာထားနိုင်ဘူး မဟုတ်လား။ ငါတို့ကသာ ဆင်ရဲ့မျက်လုံးကို ထိအောင်ပစ်နိုင်ရင် တစ်ချက်ထဲနဲ့ သတ်ကောင်းသတ်နိုင်လောက်တယ်”

ဝမ်ချောင်က ခိုင်မာစွာ ဝင်ပြောလာသည်။

“ဆင်ရဲ့မျက်လုံးက အားနည်းချက်ပါပဲ။ ဒါပေမဲ့ သူတို့ရဲ့မျက်လုံးက အရမ်းကို သေးငယ်ပြီး သူတို့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ထပ်ပေါင်းပြောရရင် သခင်လေးကိုယ်တိုင်လည်း ကျောက်တုံးဖြူ တပ်ရင်းက စစ်သည်တော် ဆယ်ယောက်ကျော်က ဆင်တစ်ကောင်စီကို ကာကွယ်ပေးထားတာကို မြင်နိုင်တာပဲ။ ဒါ့အပြင် ဒီစစ်သည်တော်တွေက သေချာကို လေ့ကျင့်ပေးထားလို့ ကျွန်တော်တို့ အောင်မြင်နိုင်ချေ နည်းပါးပါတယ်”

“ကျွန်တော်တို့မှာသာ အခွင့်အရေး မရှိရင်လည်း တစ်ခုခုတော့ ဖန်တီးကြတာပေါ့။ စစ်သည်တော်တွေက ကာကွယ်နေမှတော့ ဒီစစ်သည်တော်တွေကို အရင်သတ်လိုက်ရအောင်”

လင်းဝူရှို့က ရုတ်တရက် စကားပြောခန်းထဲသို့ အတင်းဝင်လာသည်။ သူက ထိုသို့ပြောနေရင်း လည်လှီးပြဟန်လည်း လုပ်ပြသေးသည်။

ဆရာသခင် လေးသည်တော်ခေါင်းဆောင်က ပြန်မပြောနိုင်ခင်မှာတင် ချန်းရှု့ရွှန်းက ပြောသည်။

“အသုံးမဝင်ဘူး ဆင်ဖြူတော်တပ်ရင်းက ဒီဖြစ်နိုင်ချေအတွက်လည်း တွက်ဆထားလောက်ပြီးပြီ။ ဒီတော့ ငါတို့ ဒီတစ်ဖွဲ့လုံးကို ရှင်းလင်းနိုင်မှ ဖြစ်လိမ့်မယ်”

တိုက်ပွဲနယ်မြေပေါ်မှ ကိစ္စများက ထင်သလောက် မရိုးရှင်းပေ။ ခဲ့လော့ဖုန်းက ဆင်ဖြူတော်တပ်ရင်းကို အလွန်အလေးထားနေကတည်းက သူကလည်း အကောင်းဆုံး သံချပ်ကာများကို ခုခံခြင်း သင်္ကေတများ ထွင်းထုပြီး ဆင်များကို ဝတ်ဆင်ပေးထားခဲ့သည့်အပြင် ဝမ်းဗိုက်အောက်ပိုင်းတွင်ပင် သံချပ်ကာအပြည့် တပ်ဆင်ပေးထားသည်။ သူက ဖြစ်နိုင်ချေတိုင်း အားလုံးကို တွေးဆတွက်ချက်ထားပြီးသားဖြစ်သည်။

သူမကာကွယ်ပေးနိုင်သော တစ်ခုတည်းသော အရာက မျက်လုံးဖြစ်သည်။ အကြောင်းမူကား ဆင်များကို မျက်လုံးကာများ ဝတ်ဆင်ပေးထား၍ မရသောကြောင့်ဖြစ်သည်။ သို့တိုင်အောင် ခဲ့လော့ဖုန်းက စစ်တပ်တစ်ခုကိုပင်သုံးပြီး သူတို့ကို ကာကွယ်ပေးခိုင်ထားလေသည်။

တိကျသေချာသော ဘက်ထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် မာန်ရှဲ့ကျောင်းလူများက ဒီတပ်ရင်းကို စတင်တည်ထောင်လိုက်သည့် တခဏတွင် ပစ်မှတ်တိုင်းကို တွေးတောကြံဆထားပြီး အရာအားလုံးကို တွက်ချက်ကာ ကာကွယ်ပေးရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း

တောင်ခြေတွင် ဖုန်မှုန့်များက အလုံးလိုက် မြောက်တက်နေသည်။ သူတို့က စကားပြောနေသည့် အချိန်မှာတင် သံမဏိမြို့ရိုးအပြင်ဘက် ခြုံအပိုင်းက ဖယ်ရှားခံရပြီးလေပြီ။ ဆင်ဖြူတော်တပ်ရင်းမှ စစ်သည်တော် ဆယ်ယောက်ကျော်၏ ရှေ့ပြေး ဝင်ရောက်မှုအောက်တွင် ဆင်များအားလုံးက လေးလံသော သံမဏိမြို့ရိုးများ အားလုံးကို ဆွဲဖယ်နေပြီး တောင်ပေါ်မှ တရွတ်တိုက် ဆွဲချသွားသည်။

တောင်ခြေတွင်လည်း အလန့်တကြား အော်ဟစ်သံများက ထွက်ပေါ်နေသည်။ ထိုအပြင်ဘက်ဆုံး အလွှာတွင်ရှိသော သံမဏိမြို့ရိုးများ၏ ကာကွယ်ပေးမှု မရှိသောအခါ အန်းနန်အစိုးရစစ်တပ်က တောင်ပေါ်သို့တက်ရန် ဖိအားပေးခံရတော့သည်။

အစမှအဆုံးထိ မာန်ရှဲ့ကျောင်း စစ်သားများက လိုက်ဖမ်းခြင်းမျိုး မပြုချေ။ အန်းနန်အစိုးရစစ်တပ် အနည်းငယ်ကသာ အလွန်နီးကပ်လွန်းသဖြင့် ဖိနှိပ်ခံရခြင်းဖြစ်သည်။ ထိုသို့ မြို့ရိုးများကို အဖြုတ်ခံရခြင်းက မယုံနိုင်စရာကောင်းသော အခြေအနေ ဖြစ်လေသည်။

ထို့ပြင် တောင်ထိပ်မှ ကြည့်မည်ဆိုလျှင် မာန်ရှဲ့ကျောင်းများက ဒီလုပ်ငန်းစဉ်အတွက် ဗိုလ်ချုပ်ပမာဏ အများအပြားကို ထုတ်သုံးထားကြောင်းကို မြင်ရမည်ဖြစ်သည်။ နေရာတိုင်းကို စောင့်ကြည့်ပေးနေသော ဗိုလ်ချုပ်တစ်ယောက်ရှိပြီး အနည်းငယ်သော တိုက်ခိုက်နိုင်သော အလားအလာရှိကြောင်းကို မြင်သည်နှင့် သူကချက်ချင်းလိုလို အချက်ပေးလေ့ရှိသည်။ မမြင်ရသော အကန့်အသတ်ကို ကျော်လာသည်ဟု ထင်ရသော မည်သူ့ကိုမဆို သူကကြာပွတ်ဖြင့် လှမ်း၍ရိုက်နှက်လျှက် တိုက်ခိုက်လေ့ရှိသည်။ ထိုသို့ဖြင့် တပ်ဖွဲ့တစ်ခုလုံးက မျှော်လင့်ရန် ခက်ခဲနေတော့သည်။

ထိုသို့ဖြင့် ဒီအခြေအနေက တောင်ပေါ်ရှိလူများကို ပို၍စိုးရိမ်စိတ် ဝင်လာစေသည်။ သူတို့၏ နှလုံးသားများကလည်း ကျောက်တုံးလို လေထဲမြုပ်သထက် မြုပ်လာသည်။

“မာန်ရှဲ့ကျောင်း စစ်သားတွေက အရမ်းသတိထားနေပြီ”

“သူတို့တက်စွမ်းရှိသမျှ ထုတ်သုံးပြီး တိုက်ခိုက်တာထက်တောင် ပို၍ကြောက်ဖို့ကောင်းနေတယ်”

“ဒီတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ငါတို့ရဲ့ ခုခံမှုအားလှိုင်းက သုံးရက်လောက်ပဲခံပြီး အရာအားလုံးက ဖယ်ရှားခံရလိမ့်မယ်”

တောင်တန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ နေရာယူသည့် အတောအတွင်း အရှုပ်အထွေးဖြစ်သော အခြေအနေ အနည်းငယ်ကလွဲပြီး ရှားရှားပါးပါး ငြိမ်းချမ်းသွားခြင်းဖြစ်သည်။ သို့သော် တိုက်ပွဲနယ်မြေ တစ်ခုလုံး၏ စိတ်အခြေအနေကမူ ငြိမ်းချမ်းသည်ဟု ဆို၍မရလောက်အောင် ပြောင်းပြန်ဖြစ်နေသည်။

လေထုက ယခင်က ပြင်းထန်သော တိုက်ပွဲအတွင်းကထက် ပို၍ပင် တင်းကြပ်လွန်းနေခဲ့သည်။ စစ်တပ်တစ်ခုလုံးကို စိုးရိမ်မှု သောကများက ကပ်ဘေးလို လွှမ်းခြုံထားသည်။

“ဟား ဟား ယွီစန်းမဟာအမတ်က ဒီကောင်စုတ်လေးကို အရမ်းအထင်ကြီးထားတာပဲ။ ငါကတော့ ငါ့ရဲ့ဆင်ဖြူတော်တပ်ရင်းကို ဒီကောင်ဘယ်လိုများ ဖျက်ဆီးမလဲလို့ သိချင်နေသေးတယ်”

ဆင်ဖြူတော်တပ်ရင်း၏ အလယ်တွင်ရှိနေသော သံချပ်ကာအဖြူကို ဝတ်ဆင်ထားသည့် သွမ့်ယန်ရန်က တောင်ပေါ်သို့ မော့ကြည့်ပြီး အော်ရယ်သည်။

ဆင်ဖြူတော်တပ်ရင်းက ထန်ခုခံအားလှိုင်း၏ ပထမဦးဆုံး တစ်လွှာလုံးကို ဖယ်ရှားပြီးဖြစ်သည်။ သို့သော် မြှားအနည်းငယ် ပစ်ခတ်ခြင်း အနည်းငယ် ခုခံသော ကွက်ကြားတိုက်ခိုက်မှုများကလွဲပြီး ထန်များက သက်ရောက်မှုရှိသည့် တိုက်ခိုက်မှုမျိုးကို မလုပ်နိုင်ခဲ့ကြချေ။

ဒီတိုင်းဖြစ်နေမည်ဆိုလျှင် အန်းနန်အစိုးရ စစ်တပ်တစ်ခုလုံးက ချောင်ပိတ်ခံရပြီး စစ်သည်တော် တစ်ယောက်မှ ရှုံးနိမ့်ခြင်းမရှိဘဲ ရှင်းလင်းပစ်နိုင်လောက်သည်။

မာန်ရှဲ့ကျောင်း စစ်တပ်၏ အလယ်နေရာတွင် ရှိနေသော ဗိုလ်ချုပ်တစ်ယောက်က တောင်ထိပ်သို့ကြည့်ပြီး ရုတ်တရက် ပြောသည်။

“အရှင်မင်းကြီး ဗိုလ်ချုပ်သွမ့်ရဲ့ ဆင်ဖြူတော်တပ်ရင်းက တော်တော်လေးကို အသုံးဝင်ကြောင်း ပြသနိုင်တာပဲ”

အစမှ ယခုအခြေအနေအထိ မာန်ရှဲ့ကျောင်း စစ်သားများက တောင်ထိပ်ပေါ်ရှိ ပုံရိပ်ကိုသာ စောင့်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။ သူတို့က သူ၏တုန့်ပြန်မှုကို ကြည့်ချင်ကြသည်။ တိဗက်လူမျိုးများကလည်း ကြည့်နေမည်ဟု သူတို့ကလည်း ယုံကြည်သည်။ အမှန်တိုင်းဆိုရသော် တောင်ထိပ်က တည်ငြိမ်လွန်းပြီး မည်သည့်တုန့်ပြန်မှုကိုမျှ မပြလာခဲ့ပေ။ သံသယဝင်ရန် မလိုလောက်အောင် သူတို့ကလည်း ဘာလုပ်ရကောင်းမှန်း မသိနေခြင်း ဖြစ်လောက်သည်။

အခြားတစ်ဖက်တွင် မျက်နှာတွင် အမာရွတ်ရှိသော မာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်တစ်ယောက်က ပြောသည်။

“ငါတို့ဒီတစ်ကြိမ် သူတို့ရဲ့ အားနည်းချက်ကို ဆုပ်ကိုင်လိုက်နိုင်ပြီ။ အဲ့ဒီဝမ်ကလန်က ချီလင်းရဲ့သားက စစ်အနုပညာ ဘယ်လောက်ပဲတော်တော် သူက ဘယ်လောက်ပဲငယ်ငယ် ဘယ်လောက်ပဲ ပါရမီကြီးကြီး ဒီတစ်ကြိမ်မှာတော့ သူဘာမှအကြံအစည် မထုတ်နိုင်တော့ဘူး”

သူတို့က တောင်ထိပ်ကို ကြည့်နေရင်းမှ အားလုံးက ပို၍ပင် စိတ်အေးလာကြသည်။

“ဒီတစ်ကြိမ်မှာ သူကြံကြံခံနိုင်ဖို့ပဲ လုပ်ရတော့မယ်”

ခဲ့လော့ဖုန်းကလည်း ပေါ့ပါးစွာ ဝင်ပြောသည်။ မာန်ရှဲ့ကျောင်း၏ ဘုရင်ဖြစ်သည့်အလျောက် သူက ရှေ့တန်းမှ ကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ရချေ။ ခဲ့လော့ဖုန်းက တိုက်ပွဲဗိုလ်ချုပ်များတွင် အထူးချွန်ဆုံး လူတစ်ယောက်ဖြစ်သည်။ သူက မြင်နိုင်စွမ်းအားလည်း ရှိသလို လုပ်နိုင်စွမ်းအားလည်း ရှိသည်။

“နောက်မဆုတ်တာက တစ်ခါတစ်ရံမှာ နောက်ဆုတ်တာပဲ။ နောက်ဆုတ်တာက တစ်ခါတစ်ရံမှာ ရှေ့တိုးတာလို့လည်း ပြောလို့ရတယ်။ အန်းနန်အစိုးရစစ်တပ်ရဲ့ အင်အားက နေရာတကျ ရှိနေတုန်းပဲ။ တောင်ရဲ့ မြေမျက်နှာသွင်ပြင်နဲ့ မြို့ရိုးတွေကို မှီခိုပြီး သူတို့က ငါတို့ရဲ့ စစ်သည်တော်တစ်သိန်းကို ဖိအားပေး တိုက်ထုတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဆီမှာလည်း ဆုံးရှုံးမှုတော့ ရှိနေအုံးမှာပဲ။ ငါကသာ အလောတကြီး မလုပ်ရင် သဘာဝအလျောက် သူတို့ကလည်း ပေါက်ကွဲမှု အင်အားအပြည့်နဲ့ တိုက်ခိုက်ဖို့ အခွင့်အရေး မရှိတော့ဘူးပေါ့”

“အရှင်မင်းကြီးက ဉာဏ်ပညာ ရှိလှပါတယ်”

ပတ်ဝန်းကျင်ရှိ ဗိုလ်ချုပ်များက ဂါရဝပြုကြသည်။

ယခင်က သူတို့က ခဲ့လော့ဖုန်း၏ အကြံကို သံသယဝင်ခဲ့ကြသည်။ ရလဒ်ကမူ သူတို့ကို အပြည့်အဝ အမြင်ကျယ်သွားစေသည်။

“ငါ့ရဲ့အမိန့်ကို ထုတ် သွမ့်ယန်ရန်ကို အခုအတိုင်း ဆက်လုပ်ဖို့ပြောလိုက်။ ဘယ်လိုအခြေအနေမျိုးမှာမှ အလျင်စလို မလုပ်မိစေနဲ့။ မဟုတ်ရင် အရာအားလုံးက သူ့ခေါင်းကိုပဲ ပုံကျမယ်လို့ အမိန့်ထုတ်လိုက်”

ခဲ့လော့ဖုန်းကပြောသည်။

“ဟုတ်ကဲ့အရှင်မင်းကြီး”

သတင်းပို့က အလျှင်အမြန် ထွက်ခွာသွားသည်။

“စိတ်ဝင်စားစရာပဲ”

တစ်ခြားတစ်ဖက်တွင် ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းတို့ကလည်း ဒီစစ်ပွဲကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။

“ခဲ့လော့ဖုန်းရဲ့ ဆင်ဖြူတော်တပ်ရင်းက ငါတို့ရဲ့ လက်နက်ကြီးတွေထက် ပိုပြီးသက်ရောက်မှုရှိတယ်”

ဟော်ရှု့ဟွေ့ခမ်းက မယိုင်လဲနိုင်သော တောင်တန်းကြီး တစ်ခုကဲ့သို့ ရှိနေရာမှ မျက်နှာတွင်မူ ခံစားချက်များကို ဖော်ပြလာသည်။ သာ့လွန်ရော့ကျန်းကမူ ပြုံးသည်။ သူကမျက်တောင်ကို အသာအယာ ခတ်သည်။

“သူက ဒီတစ်ကြိမ်မှာ နည်းနည်းတော့ အင်အားပြနိုင်သွားတယ်”

“အဲ့ဒီကလေးက တကယ်ပဲ ကိုင်တွယ်ဖို့ နည်းလမ်းမရှိတော့ဘူးလား”

ဟော်ရှု့ဟွေ့ခမ်းက ပြောသည်။

“မာန်ရှဲ့ကျောင်းရဲ့ ဆင်ဖြူတော်တပ်ရင်းက တကယ်ပဲ အသုံးဝင်တာ ဖြစ်လောက်တယ်။ ဒါပေမဲ့ ဖုန်မှုန့်တွေ မငြိမ်ခင်မှာ ဘာဖြစ်မလဲ မသေချာနိုင်သေးဘူး”

ခပ်နေသော ယပ်တောင်က ရုတ်တရက် ရပ်တန့်သွားသလို သာ့လွန်ရော့ကျန်းကလည်း အတွေးနက်သွားသည်။

“ဒါပေမဲ့ ဒါကငါတို့အတွက် အခွင့်အရေးပဲ။ လုံချင်ပါ့ကို သူ့ရဲ့စစ်တပ်ကို အဆင့်သင့်ပြင်ဖို့ အမိန့်ထုတ်လိုက်။ အခြေအနေပေးတာနဲ့ ချက်ချင်း လှုပ်ရှားခိုင်းလိုက်ပါ။ သူတို့ကသာ အန်းနန်အစိုးရစစ်တပ်ကို နောက်ရက် အနည်းငယ်ထဲနဲ့ အဆုံးသတ်မယ်ဆိုရင် ငါတို့အတွက် အကျိုးကျေးဇူး ပို၍လေလေပဲ။ အနောက်တောင်ပိုင်းက စစ်ပွဲက အဆုံးသတ်ဖို့ အချိန်ကျနေပြီ”

ဟော်ရှု့ဟွေ့ခမ်းကလည်း သဘောတူကြောင်း ခေါင်းညိမ့်သည်။ သာ့လွန်ရော့ကျန်း၏ ထင်မြင်ချက်မှ ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်က မဆိုးသမျှ ဟော်ရှု့ဟွေ့ခမ်းက ဝင်စွက်ဖက်လေ့ မရှိချေ။

ဝုန်း

လုံချင်ပါ့က သူ၏စစ်တပ်နှင့်အတူ ခပ်မြန်မြန် ထွက်ခွာပြီး ဆင်ဖြူတော်တပ်ရင်း အဖွဲ့နှင့်ပူးပေါင်းကာ အချိန်ပြည့် လှုပ်ရှားရန် အသင့်ပြင်ထားသည်။ ဝမ်ချောင်က အန်းနန်အစိုးရစစ်တပ်က အပေါ်က ထွက်ခွာရဲလျှင် သူတို့ကို စောင့်ဆိုင်းနေသော အရာက တိဗက်စစ်တပ်မှ ပြင်းထန်သော ရိုက်ချက်ဖြစ်ကြောင်း အမိန့်ထုတ်ထားသည်။

ဝုန်း

ကောင်းကင်သို့ ဖုန်မှုန့်များက မြောက်တက်သွားသည်။ နောက်ထပ် မြို့ရိုးတစ်ခုက မရေမတွက်နိုင်သော ချိန်းကြိုးများဖြင့် ဆွဲတုတ်နှောင်ကာ ဆွဲချခံရပြန်သည်။ ဒီနည်းအားဖြင့် မြို့ရိုးတစ်ခုက ပျောက်ကွယ်သွားပြန်သည်။ ထို့ပြင် ဒါက ဒုတိယမြောက် သံမဏိမြို့ရိုးအလွှာ ဖြစ်နေသေးသည်။

အခန်း(၅၉၅)

ဝုန်း ဝုန်း ဝုန်း

အခြေအနေက ပို၍ဆိုးသထက် ဆိုးလာချိန်တွင် တောင်ပေါ်မှ နံရံများ ဆွဲချသံက ဆက်တိုက် ထွက်ပေါ်နေသည်။

“သခင်လေး အမိန့်ပေးပါ”

တောင်ပေါ်တွင် လူတိုင်းက ဝမ်ချောင်၏အမိန့်ကိုသာ စောင့်နေကြသည်။

“ဒီတိုင်းဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ကို သေခြင်းတရားကပဲ စောင့်ကြိုနေလိမ့်မယ်”

လင်းဝူရှို့နှင့် အခြားသော ဗိုလ်ချုပ်များ အားလုံးက ဝမ်ချောင်ကို ကြည့်နေကြသည်။ သူ့အဖေနှင့် ရှန်ယွီကျုံ့ထုံးတို့ကို မမြင်ရသော်လည်း ထိုလူများကလည်း သူ့အမိန့်ကို စောင့်နေကြောင်း သူက သိနေသည်။

ဒါကရင်းနှီးသော ခံစားချက်ဖြစ်သည်။ ထိုတခဏတွင် ဝမ်ချောင်က အတိတ်သို့ ပြန်ရောက်သွားသလိုမျိုး ပြည်ပကျူးကျော်သူများအကြား စိတ်ပျက်အားငယ်ဖွယ် ခါးသီးသည့် စစ်ပွဲများအကြား ရောက်သွားသလိုမျိုး ခံစားလိုက်ရသည်။

“သခင်လေး အမိန့်ပေးလိုက်ပါ။ ဖယ်ရှားသုတ်သင်ခံရဖို့ စောင့်ဆိုင်းနေရတာထက်စာရင် မြို့ရိုးပေါ်ကနေ တဖြည်းဖြည်းချင်း သူတို့နံရံတွေကို ဆွဲချသွားတာကို ထိုင်ကြည့်နေရတာထက်စာရင် ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေနဲ့အတူ သေတဲ့အထိ တိုက်ခိုက်လိုက်တာက ပိုကောင်းပါတယ်”

ဗိုလ်ချုပ်တစ်ယောက်က ဝင်ပြောသည်။

လော့ကျီးကပင် လှုပ်ရှားရန် အဆင်သင့် ပြင်ထားသည်။

ဒီအခြေအနေတွင် မာန်ရှဲ့ကျောင်း စစ်တပ်က သံမဏိနံရံများကို တောင်ပေါ်မှ ရှင်းလင်းပြီးသွားသည့် အခြေအနေထိ စောင့်နေ၍ မရတော့ချေ။ အဆုံးတွင် သူတို့က ဦးစွာ ထိုဆင်များနှင့် ရင်ဆိုင်ရအုံးမည်ဖြစ်သည်။ လက်ရှိအခြေအနေမျိုးတွင် စစ်တပ်တစ်ခုလုံး၏ စိတ်အခြေအနေက ကစဉ့်ကလျား ဖြစ်သွားသည်။

လော့ကျီးက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ပြောသည်။

“သခင်လေး ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မာန်ရှဲ့ကျောင်းကို ဆက်လုပ်နေခွင့် ပြုလို့မရဘူး”

“မဟုတ်ရင် ကျွန်တော်တို့မှာ ပိုကောင်းတဲ့နည်းလမ်း မရှိနိုင်တော့ဘူး”

ရှင်းလင်းစွာဖြင့်ပင် သူက လင်းဝူရှို့၏ နေရာသို့ဝင်ယူကာ တွန်းအားပေးနေခြင်းဖြစ်သည်။

တောင်ပေါ်တွင် တည်ငြိမ်စွာ ရှိနေသော လူများက သိန်းငှက်အိုကြီးနှင့် ချန်းရှု့ရွှန်းသာလျှင်ရှိသည်။

“သခင်လေး ဖြောင့်မတ်မှန်ကန်တဲ့လူက ကြွယ်ဝမှုကို မဖမ်းဆုပ်သလို စစ်သားတွေကိုလည်း အမိန့်မပေးဘူး”

ထိုအခိုက် ချန်းကွမ့်ရွှန်းကလည်း တောင်ပေါ်သို့ ရောက်လာသည်။ အန်းနန်အစိုးရ စစ်တပ်ထဲတွင် သူ၏အဆင့်က လော့ကျီးနှင့် လင်းဝူရှို့တို့ထက်မြင့်ပြီး ကျုံ့ထုံးအဆင့် ရောက်လုနီးပါးဖြစ်သည်။ ချန်းကွမ့်ရွှန်းက ပြောလိုက်သည့် တခဏတွင် အခြေအနေ တစ်ခုလုံးက ပြောင်းလဲသွားသည်။ သူက ရိုးရှင်းသော စကားကိုသာ ပြောလိုက်သော်လည်း သူ၏ခိုင်မာမှုအရ သူကလည်း အခြားသော ဗိုလ်ချုပ်များနှင့် သဘောထားတူကြောင်း သိသာသည်။

ဝမ်ချောင်က ရှန်ယွီကျုံ့ထုံး၊ ကျန်းချုံကျန့်ချုံးတို့ တံဆိပ်ကို ပိုင်ဆိုင်ထားပြီး အန်းနန်အစိုးရစစ်တပ်တွင် ရာထူးအမြင့်ဆုံးဖြစ်သည်။ ပို၍ဆိုးသည်မှာ ယခုအခြေအနေအရ ဝင်ရောက်စွက်ဖက်သင့်သော တစ်ဦးတည်းသောလူက ရှန်ယွီကျုံ့ထုံး ဖြစ်သော်လည်း သူက အာဏာအားလုံးကို လွှဲအပ်ထားသည့်အတွက် မည်သူကမှ ဝင်မပြောရဲခြင်းဖြစ်သည်။ သို့သော် ချန်းကွမ့်ရွှန်းနှင့် အခြားသူများက ဝမ်ချောင်၏ အမိန့်ထုတ်ကာ တိုက်ခိုက်ခိုင်းသည့် အချိန်ကို ကြာကြာမစောင့်နိုင်တော့ချေ။ ဝမ်ချောင်က တိုက်ခိုက်ခြင်းက တားမြစ်သည်ဟုပင် အမိန့်ထုတ်လိုက်နိုင်သည်။ သူတို့၏ အမြင်တွင် ဝမ်ချောင်က ငယ်ရွယ်လွန်းပြီး သေဆုံးမှုများစွာကို မြင်နေရသည့်အတွက် ကြောက်လန့်နေသည်ဟုသာ ထင်နေကြသည်။

သို့သော် တိုက်ပွဲနယ်မြေက ရက်စက်သည်။ ဝမ်ချောင်၏ တွက်ချက်မှုက မှားယွင်းသွားခြင်းလည်း ဖြစ်လောက်သည်။ ဝမ်ချောင်က ဗျူဟာပိုင်းတွင် မည်မျှတော်နေစေကာမူ သူတို့ကသူ့ကို မည်မျှ လေးစားနေစေကာမူ သူ၏ဒီစစ်တပ်တစ်ခုလုံးကို ကိုင်တွယ်နိုင်စွမ်းက မည်မျှပင် သဘောကျစရာ ကောင်းနေစေကာမူ ချန်းကွမ့်ရွှန်းအနေနှင့် သူက ဝမ်ချောင်ကို ဆုံးဖြတ်ချက် တစ်ခုခုချရန် တွန်းအားပေးရမည်ဟု ထင်မှားနေရသည်။ ဗျူဟာတစ်ခုခုသာ ထုတ်သုံးနိုင်မည်ဆိုလျှင် သင့်တော်သော စတေးမှုကလည်း အဆင်ပြေသည်။ ဒါကိုလည်း လက်ခံ၍ရသည်။

“မလိုဘူး”

ချန်းကွမ့်ရွှန်းက ဘာမှဆက်မပြောနိုင်ခင်မှာတင် ဝမ်ချောင်၏အကြည့်က ရုတ်တရက် ရောက်လာပြီး ဆက်ပြောမည့် စကားတိုင်းကို လက်ယမ်း၍ ဖြတ်တောက်လိုက်သည်။

“အခြေအနေက အဲ့ဒီအဆင့်ထိ မရောက်သေးဘူး”

အားလုံးက ထိတ်လန့်တကြား ဝမ်ချောင်ကို ကြည့်ကြသည်။ ဝမ်ချောင်၏ တုန့်ပြန်မှုက သူတို့မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

ဝမ်ချောင်က အနောက်မှ လူများ၏အကြည့်ကို ကရုမစိုက်ဘဲ အလံနားသို့ ရောက်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ ဆင်များက ဆက်လက်ပြီး မြိ့ရိုးများကို ဆွဲထုတ်နေကြသည်။ အန်းနန်အစိုးရစစ်တပ်ကလည်း မာန်ရှဲ့ကျောင်း စစ်တပ်ပင်လယ်ထဲတွင် မျောနေသော ကျွန်းတစ်ကျွန်းနှင့် တူလာသည်။ သို့သော် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ ဝမ်ချောင်၏မျက်ဝန်းက ပို၍ တောက်ပသွားပြီး ဆုံးဖြတ်ချက်က ပြတ်သားသွားသည်။

အရာအားလုံးတွင် အားနည်းချက်ရှိသည်။ ခဲ့လော့ဖုန်း၏ ဆင်ဖြူတော်တပ်ရင်းကလည်း အားအင်အလွန် စိုက်ထုတ်ကာ လေ့ကျင့်ပေးထားခြင်းဖြစ်လျှင်ပင် ကွာခြားချက် မရှိသင့်ချေ။

ချက်ချင်းလိုလို သူ၏ခေါင်းတွင် မရေမတွက်နိုင်သော အတွေးများ ဝင်လာသည်။ သို့ရာတွင် သူ၏စိတ်က ဒီလောကပေါ်တွင် မဟုတ်ဘဲ အခြားလောကပေါ်သို့ ရောက်သွားသည်။

ခဲ့လော့ဖုန်းက လေ့ကျင့်ပေးထားသော ဆင်များက ဒီလောကတွင် အလွန်အမင်းရှားပါးပြီး ခြင်္သေ့အိုကြီးနှင့် ချန်းရှု့စွန်းတို့ကဲ့သို့ လူများတွင် မမြင်ဖူးချေ။ ထို့ကြောင့် ကြီးမားသည့် သားရဲကြီးဟုသာ ဖော်ပြကြသည်။ သို့သော် အခြားလောကတွင်မူ ဆင်များက ပုံမှန်သားရဲဖြစ်သည်။

ဟုတ်တယ် ဆင်ကဒီလောက်တော့ မကြီးဘူးပေါ့။

အတွေးပေါင်းများစွာ ဝင်ရောက်လာပြီးနောက် ဝမ်ချောင်ကတွေးလေလေ သူ၏အသိစိတ်က ပို၍ ပြတ်သားလာလေလေ ဖြစ်လာသည်။ ဆင်နှင့်လူသားများက အချင်းချင်း သဘာဝအလျောက် သိနားလည်သလိုမျိုး အကွာအဝေးတစ်ခုထားကာ နေကြသည်။ အချင်းချင်းက သီးသန့်နေကြပြီး ကိုယ့်ဘာသာကို ကိုယ့်နယ်မြေအတွင်းတွင်သာ နေထိုင်ကြကာ ပေါင်းသင်းဆက်ဆံမှု ပြုနေကြသည်။

သို့သော် ဆင်များက လူများကို ဘယ်သောအခါမှ မတိုက်ခိုက်ဟု ဆိုလိုခြင်းမရှိချေ။ သမိုင်းတွင်လည်း ထိုကဲ့သို့သော ပုံရိပ်များ များစွာရှိခဲ့သည်။ ဆင်များကို ကြောက်လန့်တကြား ထွက်ပြေးစေရန် နွေဦးမိုးခြိမ်းသံကို လူများက အသုံးပြုခဲ့ခြင်းကို ဝမ်ချောင်က ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသလို ထိုနွေဦးမိုးခြိမ်းသံဆိုသော အရာကလည်း သေနတ်ဖောက်သံကဲ့သို့ ကျယ်လောင်သော အသံမျိုးဖြစ်သည်။

“အခြားစကားနဲ့ ပြောရရင် ဆင်တွေရဲ့နားက အသံပေါ် အရမ်းအထိမခံဖြစ်တယ်။ ကြီးသလောက် အသံကို အရမ်းအာရုံစိုက်တယ်”

ဝမ်ချောင်က ရေရွတ်နေပြီး သူ့မျက်လုံးက အလွန်တောက်ပသွားသည်။ ကြီးမားသော ဆင်ကြီးများက ဆင်ဖြစ်နေသေးသည်။ ဒီလောကက ဆင်များပေါ် ကောင်းကောင်း နားမလည်ထားလောက်ချေ။ သူ၏ဆုံးဖြတ်ချက် ချမှုကသာ မှန်ကန်မည်ဆိုလျှင် သူက နွေဦးမိုးခြိမ်းသံကဲ့သို့ အရာများကို ဖန်တီးသင့်လောက်သည်။ မည်သို့ပင်ဆိုစေ ဒီလောကမှ သိုင်းများက ပို၍ပင် အသုံးဝင်သေးသည်။

ဝမ်ချောင်၏ နှုတ်ခမ်းတွင် အပြုံးက ပေါ်လာသည်။

“ဗိုလ်ချုပ်ကျောင်း”

ဝမ်ချောင်က ရုတ်တရက် ပြောသည်။

“ဒီဗိုလ်ချုပ်က ဒီနေရာမှာ ရှိပါတယ်”

စုစည်းရောက်ရှိနေကြသော ဗိုလ်ချုပ်များစွာ၏ အကြည့်အောက်တွင် ဗိုလ်ချုပ်ကျောင်းဟုန်ဆိုသည့် ဆရာသခင် လေးသည်တော်တပ်ရင်းမှ ဗိုလ်ချုပ်တစ်ယောက်က ရှေ့သို့ထွက်လာလျှက် ဂါရဝပြုလိုက်သည်။

“ဆင်တွေရဲ့ မျက်လုံးကို ကာကွယ်ပေးထားတဲ့ အရာကို ဖယ်ရှားဖို့ ငါ့မှာနည်းလမ်းရှိတယ်လို့ ပြောရင် မင်းအဲ့ဒီဆင်တစ်ကောင်ကိုသတ်ဖို့ အနိုင်ရနိုင်ချေက ဘယ်လောက်ရှိလဲ”

ဝမ်ချောင်ကမေးသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ကျောင်းဟုန်က ပြောလိုက်သည်။ သူက ကိုယ့်ကိုယ်ကိုပင် မထိန်းချုပ်နိုင်တော့ဘဲ အလျင်စလို မေးခွန်းထုတ်မိသွားသည်။ အနောက်ဘက်မှ အန်းနန်အစိုးရ စစ်တပ်မှ ဗိုလ်ချုပ်တိုင်းကလည်း ကြောင်သွားသည်။

ထိုမျက်လုံးက ဆင်များ၏ အားနည်းချက်ဖြစ်သည်။ သို့သော် သာမာန်လူ တစ်ယောက်က ထိုသို့တွေးမိလောက်လျှင် မာန်ရှဲ့ကျောင်းကလည်း သေချာပေါက် တွေးမိပေလိမ့်မည်။

ထိုအကြောင်းပြချက်ကြောင့် သူတို့ကလည်း နေရာတိုင်းမှ တိုက်ခိုက်မှုများကို ကာကွယ်နိုင်အောင် ကြိုးစားထားခြင်းဖြစ်သည်။

သို့သော် ဝမ်ချောင်က တောင်ထိပ်ပေါ်မှနေပြီး မည်သို့ ထိုအခြေအနေကို တားနိုင်သည်ဟု ပြောလာကြောင်းကို နားမလည်တော့ချေ။

“ငါ့ကိုပြောပါ မင်းလုပ်နိုင်လား”

ဝမ်ချောင်က အေးစက်စွာပြောသည်။

“လုပ်နိုင်ပါတယ်”

ကျောက်ဟုန်၏ နှလုံးသားက တုန်ယင်သွားသလို ချက်ချင်းလိုလို ဦးညွှတ်လိုက်သည်။

“ဒီလက်အောက်ငယ်သားက ဆင်ရဲ့မျက်လုံးကို ထိအောင်ပစ်နိုင်တဲ့ ထူးချွန်တဲ့ လေးသည်တော် ဆယ်ယောက်မက ရှိပါတယ်။ သခင်လေး သခင်လေးတကယ်ပဲ ဒီဒိုင်းကာတွေကို ဖယ်ရှားနိုင်တာလား”

ဝမ်ချောင်က ကျေနပ်စွာ ခေါင်းညိမ့်လိုက်ပြီး မေးသည်။

“အဲ့ဒီလိုလူမျိုး မင်းရဲ့စစ်တပ်မှာ အရေအတွက် ဘယ်လောက် တိတိကျကျရှိလဲ”

“အယောက်ငါးဆယ် ကျော်ပါတယ်”

ကျောင်းဟုန်ကပြောသည်။

မဟာထန်က ကော့ကူရောင် အင်ပါယာနှင့် အရှေ့၊အနောက် တူရကီလူမျိုးများနှင့် မတူညီသည်မှာ သူတို့၏ စစ်တပ်က ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များ အပြည့်ရှိနေခြင်းဖြစ်သည်။

အ့ဟိုင်တိုက်ပွဲက ပြဿနာကြောင့် ဆရာသခင် လေးသည်တော်ပေါင်းများစွာ သေဆုံးသွားခဲ့ရပြီး အနည်းငယ်သာ ကျန်ရစ်တော့ခြင်းလည်းဖြစ်သည်။

“အားလုံးကိုခေါ်ပြီး အကောင်းဆုံးမြှားတွေကို ပေးလိုက်ပါ”

ဝမ်ချောင်က ချက်ချင်း အမိန့်ထုတ်သည်။

“ဒီဗိုလ်ချုပ်က ချက်ချင်း ဆောင်ရွက်လိုက်ပါ့မယ်”

ကျောင်းဟုန်က ချက်ချင်းထွက်သွားသည်။

ကျောင်းဟုန်ထွက်သွားသည်နှင့် ဝမ်ချောင်၏အကြည့်က ချန်းကွမ့်ရွှန်းထံ ရောက်သွားသည်။

“ဗိုလ်ချုပ်ချန်း စစ်တပ်က အင်အားအကြီးဆုံး ဗိုလ်ချုပ်တွေကို စုစည်းလိုက်ပါ။ တခဏနေရင် ကျွန်တော် သူတို့ရဲ့ အကူအညီလိုလိမ့်မယ်”

ဝမ်ချောင်ကပြောသည်။ ချန်းကွမ့်ရွှန်း၏ မျက်လုံးထဲတွင် အံ့သြတုန်လှုပ်မှုနှင့် မသေချာမှုက ပြည့်နှက်လာသည်။ ထိုဆင်များ၏ တစ်ကိုယ်လုံးကိုလည်း သံချပ်ကာများက အပြည့်ကာရံထားပြီး ဆရာသခင် လေးသည်တော်မှ တိုက်ကွက်တိုင်းကို ပိတ်ဆို့ထားလေရာ သူတို့ကိုယ်တိုင်ကပင် စမ်းသပ်ကြည့်ရှု့ပြီး မဖြစ်နိုင်ကြောင်း သိထားပြီးသည်။ ချန်းကွမ့်ရွှန်းကိုယ်တိုင်ကလည်း ဝမ်ချောင်က မည်သည့်နည်းလမ်းကို သုံးပြီး ဆရာသခင် လေးသည်တော်များနှင့် ပစ်ခတ်ခိုင်းမည်ဖြစ်ကြောင်း မသိသေးချေ။

“ဒီလက်အောက်ငယ်သားက အခုချက်ချင်း လုပ်ခိုင်းလိုက်ပါ့မယ်”

သူက သံသယဝင်နေသော်လည်း ချန်းကွမ့်ရွှန်းက တုန့်ဆိုင်းမနေဘဲ ချက်ချင်းလိုလို အမ်ိန့်ထုတ်လိုက်သည်။

ကျောင်းဟုန်နှင့် ချန်းကွမ့်ရွှန်းတို့က ချက်ချင်းလိုလို လှုပ်ရှားကြသည်။ လျှင်မြန်စွာဖြင့်ပင် သူတို့က လက်နက် အပြည့်အဝ တပ်ဆင်ထားသော ဆရာသခင် လေးသည်တော် အယောက်ငါးဆယ့်ခုနှစ်ယောက်ကို မြှားအပြည့်အဝ ထောက်ပံ့လျှက် ဝမ်ချောင်၏ရှေ့တွင် ပေါ်ထွက်လာသည်။ ထိုအချိန်တွင် ချန်းကွမ့်ရွှန်းကလည်း အန်းနန်အစိုးရစစ်တပ်မှ အင်အားအကြီးဆုံး ဗိုလ်ချုပ်ခြောက်ယောက် ခုနှစ်ယောက်ခန့်ကို ဝမ်ချောင်ထံသို့ ခေါ်လာပေးသည်။

အားလုံးက ကြောက်စရာကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။ သူတို့အားလုံးကလည်း ချန်းကွမ့်ရွှန်းနှင့် အင်အားချင်း ယှဉ်နိုင်လောက်လေသည်။

“ဒီငယ်သားတို့ ဘာလုပ်ရပါ့မလဲ”

တောင်ထိပ်ပေါ်မှ လှုပ်လှုပ်ရှားရှား အခြေအနေက မာန်ရှဲ့ယွီစန်း စစ်တပ်ကိုလည်း အလန့်တကြား ဖြစ်သွားစေသည်။ တောင်ထိပ်က စစ်သည်တော်တိုင်း၏ အာရုံစိုက်ရာဟု သတ်မှတ်၍ရသည်။ တောင်ထိပ်မှ အသေးငယ်ဆုံး လှုပ်ရှားမှုကတင် သူတို့ကို စိုးရိမ်စိတ် ကြီးစေသည်။

“ဗိုလ်ချုပ် ကျွန်တော်တို့ ခုခံအားလှိုင်းကို မြင့်လိုက်ရမလား”

အ့ဟိုင်မှ အစောင့်တစ်ယောက်က သတိကြီးကြီးထားကာ ပြောသည်။

“မလိုပါဘူး”

သွမ့်ယန်ရန်က နှာခေါင်းရှုံ့လိုက်သည်။ သူကလည်း တောင်ထိပ်မှ လှုပ်ရှားမှုတိုင်းကို ကြည့်နေသည်။ ဝမ်ချောင်က မည်သို့တွေးနေစေကာမူ သူ၏ယခင် ကြိုးစားမှုများ အားလုံးက ကျရှုံးပြီးကတည်းက ဆက်လက်ပြီး အောင်မြင်စရာလည်း မရှိတော့ချေ။

“ဆင်ဖြူတော်တပ်ရင်းက ဒီဗိုလ်ချုပ် တည်ထောင်ထားတာ။ ဖန်တီးတည်ထောင်ပြီးကတည်းက ဘယ်တုန်းကများ ဆိုးကျိုးရှိခဲ့ဖူးတာ ရှိလို့လဲ။ နောက်ပြီး ဆင်ရဲ့သံချပ်ကာတွေကို ဖန်တီးထုတ်လုပ်တဲ့ အချိန်တုန်းကလည်း အားလုံးကို အဘက်ဘက်ကနေ တွေးတောထားပြီးသား။ သင်္ကေတတွေလည်း ထွင်းထုထားတယ်။ ဆင်တွေရဲ့ အားနည်းချက် နေရာတွေကို ကာကွယ်ပေးဖို့ လက်ရွေးစင်တပ်ဖွဲ့တွေကိုလည်း စေလွှတ်ထားပြီးသား။ ဒီကောင် ငါ့ရဲ့ဆင်ကို ကိုင်တွယ်နိုင်မယ်လို့ ငါတော့မယုံဘူး”

သွမ့်ယန်ရန်က တောင်ထိပ်ပေါ်သို့ ခေါင်းမော့ကာ ကြည့်လိုက်သည်။

သွမ့်ယန်ရန်ကမူ ထိုသို့ပြောလိုက်သော်လည်း သူ၏အပြုအမူကမူ မတူချေ။

“ဘာဖြစ်ဖြစ် မင်းပြောတာက ဖြစ်နိုင်ချေရှိတယ်။ အမိန့်ထုတ်လိုက် ငါတို့ရဲ့ ညီအစ်ကိုတွေ အားလုံးကို ခုခံဖို့ နေရာကြား အလပ်မရှိအောင် ပိတ်ဆို့ခိုင်းထားလိုက်။ အမှားတစ်ခုမှ ဖြစ်ခွင့်မရှိဘူး”

“ဟုတ်ကဲ့ဗိုလ်ချုပ် ဒီလက်အောက်ငယ်သားက ချက်ချင်း ထွက်သွားလိုက်ပါ့မယ်”

သခင်လေး ဒါကတကယ်ပဲ အသုံးဝင်မှာလား။

တောင်ထိပ်ပေါ်တွင် လူတိုင်းက ကြောင်တောင်တောင် ဖြစ်နေကြသည်။ ဝမ်ချောင်၏ စကားများက အံ့အားသင့်စရာ ကောင်းလွန်းပြီး လက်သင့်မခံနိုင်စရာ ဖြစ်နေသည်။ ထိုမျှကြီးမားလှသော သားရဲကြီးများက အင်အားကြီးမားသော သတ္တဝါကြီးများ ဖြစ်နေလေရာ အားနည်းချက် မရှိလောက်ချေ။

ပို၍ဆိုးသည်မှာ အ့ဟိုင်က တောင်ပေါ်ဒေသနှင့် အလွန်ဝေးကွာသည်။

ထိုသို့ကြီးမားသော သားရဲကြီးများက အန်းနန်အစိုးရစစ်တပ်ကပင် မသိသော အလွန်ဝေးကွာသော နေရာမျိုးတွင် နေထိုင်နေခြင်း ဖြစ်လောက်သည်။ ဝမ်ချောင်က မြို့တော်မှ တစ်ကြိမ်သော်မျှ မထွက်ခွာဖူးလေရာ အ့ဟိုင်ကို ရောက်ဖူးရန် မဆိုထားနှင့် ထိုအကောင်များကို သိစရာ အကြောင်းမရှိချေ။

ချန်းကွမ့်ရွှန်းက ဘာမှမပြောနိုင်ခင်မှာတင် အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်ခုနှစ်ယောက်လုံးက ချက်ချင်းလိုလို ပြောလိုက်ကြသည်။

“သခင်လေး နောက်နေတာလား ပိုဆိုးတာက သခင်လေးက ဘယ်နေရာကနေ ဒီအချက်အလက်ကို သိလာတာလဲဆိုတာကို မေးပါရစေ”

သူတို့အားလုံးက ဝမ်ချောင်က ထိုဆင်ဖြူတော်တပ်ရင်းကို ကိုင်တွယ်သော နည်းလမ်းတစ်ခု ရှိသည်ဟုသာ ကြားခဲ့ရသည်။ သို့သော် သူတို့၏အဆင့်ကြောင့် ရှန်ယွီကျုံ့ထုံးကပင် သူတို့ကို စိတ်ကျေနပ်အောင် အမိန့်ထုတ်၍ မရချေ။ ဝမ်ချောင်၏အမိန့်ကိုကြားသော် သူတို့အားလုံးက ရောက်လာခဲ့ကြသည်။ သို့သော် ဝမ်ချောင်၏ စကားများက ဟာသနှင့်တူနေသည်။

ဆင်တစ်ကောင်ကို ဟိန်းဟောက်ပြီး သေခိုင်းမယ် ဟုတ်လား။

ဘယ်လိုဟာသလဲ။

ဒီသားရဲကြီးတွေရဲ့ အင်အားက အဆင့်မြင့်သိုင်းနယ်မြေ အဆင့်သုံးတွေကိုတောင် ယှဉ်နိုင်တယ်။ ဝမ်ချောင်က ဘယ်လိုကြောင့်များ အော်ဟစ်ရုံနဲ့ သေနိုင်မယ်လို့ ထင်နေတာလဲ။ ဒါကဟာသမဟုတ်လား။

All Chapters