← Chapters

အခန်း (၂၇၂)

Vol. 28 Ch. 272

အခန်း (၂၇၂)

Vol. 28 Ch. 272

ကောင်းကင်မျိုးနွယ်စု သည် တုနှိုင်းမဲ့ကာ အထွတ်အထိပ်ဖြစ်ပြီး မေးခွန်းထုတ်စရာ မလိုပေ။

ထို့ကြောင့် ဤအခြေအနေကို သည်းမခံနိုင်ဆုံးသူများမှာ လက်ရှိ ကောင်းကင်မျိုးနွယ်စု သခင်လေးဆက်ခံသူ များပင် ဖြစ်သည်။

ကောင်းကင်၏ အထွတ်အထိပ် ဖိအားသည် မည်သူ့ကိုမျှ လာရောက်ရန်စခွင့် မပြုပေ

ရွှပ်...

ရုတ်တရက် ဟင်းလင်းပြင်ထဲတွင် လေတိုးသံတစ်ခု ကြားလိုက်ရသည်။ ဝတ်ရုံစိမ်းနှင့် ပုံရိပ်တစ်ခုသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ဘွဲ့နှင်းစင်မြင့် ထက်တွင် ရပ်လိုက်လေသည်။

သူသည် ခန့်ညားသော မျက်နှာနှင့် လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ မျက်လုံးများမှာ ပြတ်သားလွန်းလှပြီး မျက်တောင်ခတ်လိုက်တိုင်း လျှပ်စီးများ လက်ကနဲ ဖြစ်သွားသယောင် ထင်မှတ်ရသည်။

ထိုမျက်ဝန်းများသည် တက်ကြွလှုပ်ရှားနေပြီး လူများကို ပြင်းထန်သော ဖိအားပေးနိုင်ကာ အန္တရာယ်ရှိသော အရှိန်အဝါများ ဝန်းရံနေပေသည်။

"သူက သူရဲကောင်းစာရင်းရဲ့ အဆင့် ၃ နေရာမှာရှိတဲ့ ချိုးရွှေချန်းထျန်း ပဲ"

"နေဝင်ချိန်နဲ့ဘဲရိုင်းတစ်ကောင် အတူတူပျံသန်းပြီး ဆောင်းဦးရေပြင်ဟာ ကောင်းကင်ယံနဲ့ အရောင်ချင်းတူနေတယ်... ဒါဟာ ချိုးရွှေမိသားစုရဲ့ သခင်လေး ချိုးရွှေချန်းထျန်းပဲ"

သူ ကောင်းကင်မှ ဆင်းသက်လာသည်ကို မြင်သောအခါ သူတော်စင်အကယ်ဒမီ မှ ကျောင်းသားများအားလုံး အံ့သြတုန်လှုပ်သွားကြပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားလာကြလေသည်။

ချိုးရွှေချန်းထျန်း သည် အကယ်ဒမီကျောင်းသားများကြားတွင် အလွန်ထင်ရှားကျော်ကြားသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူ ကျင့်ကြံခြင်းစတင်ကတည်းက တစ်ခါမျှ မရှုံးနိမ့်ဖူးကြောင်း ပြောစမှတ်ပြုကြသည်။ သူနှင့် မျိုးဆက်တူ ကျင့်ကြံသူများထဲတွင် သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင်။

ချိုးရွှေမိသားစု သည် အလွန်ရှေးကျပြီး အခြေခံအုတ်မြစ် နက်ရှိုင်းသော မိသားစုကြီးတစ်ခု ဖြစ်သည်။

ပထမဆုံး သူတော်စင်ဘုရင် သက်ရှိထင်ရှားရှိစဉ်ကတည်းက မြင့်မြတ်မင်းဆက်တွင် အင်အားတည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ယခုအခါ ကျွမ်းကျင်သူများ တိမ်တိုက်ပမာ ထူထပ်လှသော သူတော်စင်မြို့တော် တွင်ပင် သူတို့သည် အင်အားကြီးသော ဘီလူးကြီးတစ်ကောင်ကဲ့သို့ ရှိနေဆဲ ဖြစ်သည်။

မြို့တော်အတွင်း ကောလာဟလတစ်ခု ရှိလေသည်။ အကယ်၍ ချိုးရွှေမိသားစုသာ ကောင်းကင်ဘုရင်ရာထူးနေရာ မရရှိထားခြင်း မဟုတ်ပါက သူတို့၏ စုစုပေါင်းအင်အားမှာ ကောင်းကင်မျိုးနွယ်စုကြီး ၁၀ စု ကို ယှဉ်နိုင်သည်ဟု ဆိုကြသည်။

ချိုးရွှေချန်းထျန်း သည် သူ၏ထူးချွန်သော ပါရမီနှင့် ပြိုင်ဘက်ကင်းသော စွမ်းအားတို့ကြောင့် သူရဲကောင်းစာရင်းတွင် အဆင့် ၃ အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ကုနန်ဖုန်း နှင့် ချူထျန်းကော တို့ကဲ့သို့ လူများပင် သူ့နောက်တွင်သာ ရှိကြသည်။

ထို့အပြင် ချိုးရွှေမိသားစုတွင် သူ့ထက်ပင် ပို၍ ထူးခြားဆန်းပြားသော ဖြစ်တည်မှုတစ်ခု ရှိနေသေးသည်။ ထိုသူမှာ သူ၏ အစ်မဖြစ်သူ ချိုးရွှေကျန်း ပင် ဖြစ်သည်။

"သူတော်စင်အကယ်ဒမီက ချိုးရွှေချန်းထျန်း ပါ... လမ်းညွှန်ပေးပါဦး"

သူသည် မိသားစုအတွက် မဟုတ်ဘဲ အကယ်ဒမီ၏ သိက္ခာအတွက် တိုက်ခိုက်ရန် ထွက်လာခြင်း ဖြစ်သည်။

ရှန်းချန်ကော က အကယ်ဒမီအတွင်း၌ ကောင်းကင်မျိုးနွယ်စု ဆက်ခံသူများကို မြက်ပင်ကဲ့သို့ သဘောထားကာ ခြေမွပြခဲ့ခြင်းမှာ အကယ်ဒမီကို ရန်စခြင်းဟု သူ ယူဆလိုက်သည်။

"ကောင်းကင်မျိုးနွယ်စု ဆက်ခံသူ ၄ ယောက်နဲ့ အကယ်ဒမီက ကျွမ်းကျင်သူ တစ်ယောက်လား... ဒီလောက်ဆိုရင်တော့ အတော်အသင့် ဖြစ်သွားပြီ"

ရှန်းချန်ကော က သူတို့ ၅ ယောက်ကို ဝေ့ကြည့်ကာ မောက်မာစွာ ရယ်မောလိုက်သည်။

"ဟားဟားဟား... မင်းတို့ ၅ ယောက်လုံး အတူတူလာခဲ့ကြ။ ငါ ရှန်းချန်ကောက ဘာမှ ကြောက်စရာမရှိဘူး"

သူ၏ ရယ်သံမှာ မိုးကြိုးသံကဲ့သို့ ဟိန်းထွက်သွားပြီး လူတိုင်း၏ သွေးများကို ပွက်ပွက်ဆူစေသည်။

နတ်ဘုရားဦးညွှတ်ခြင်းမန္တန်

ရှန်းချန်ကောသည် ရယ်မောနေရင်း ထိုအတတ်ပညာကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။

၎င်းသည် မမြင်နိုင်သော စွမ်းအားဖြင့် လူတို့၏ စိတ်ကို လွှမ်းမိုးကာ သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ မြင်လာစေရန် ပြုလုပ်ခြင်း ဖြစ်သည်။

"ဒီတိုက်ပွဲအပြီးမှာ မင်းတို့အားလုံး ငါ့ကို သူတော်စင်တစ်ပါးလို မြင်ပြီး နတ်ဘုရားတစ်ပါးလို ရိုသေကြရလိမ့်မယ်"

ရှန်းချန်ကော၏ အသံမှာ တိုးညင်းသော်လည်း ဆန်းကြယ်နေသည်။ သူ၏ ဆံပင်များ လေထဲတွင် ဝဲလွင့်လာပြီး ဖန်ဆင်းခြင်းနယ်မြေအသေးစား ၏ နောက်ဆုံးအဆင့် စွမ်းအားများကို အကန့်အသတ်မရှိ ထုတ်လွှတ်လိုက်လေသည်။

"သူ့အသံဘက်ကို အာရုံမရောက်စေနဲ့"

ချူထျန်းကော နှင့် ချိုးရွှေချန်းထျန်း တို့က သတိပေးလိုက်ကြသည်။ သူတို့သည် ကောင်းကင်မျိုးနွယ်စု၏ ဆက်ခံသူများပီပီ ရှန်းချန်ကော၏ အကြံအစည်ကို ချက်ချင်း ရိပ်မိလိုက်ကြသည်။

"တိုက်စမ်း"

ရှန်းချန်ကော၏ ဟိန်းဟောက်သံနှင့်အတူ သူ၏ အရှိန်အဝါမှာ ပို၍ ကြောက်စရာကောင်းလာသည်။

သူသည် ဤကမ္ဘာ၏ တစ်ဦးတည်းသော အရှင်သခင်ကဲ့သို့ ဖြစ်နေပေသည်။

"အစွမ်းကုန် တိုက်ကြမယ်"

တစ်ဖက်မှ ၅ ဦးစလုံး ရှန်းချန်ကော၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားမိလိုက်ကြသဖြင့် သိက္ခာကို ပဓာနမထားတော့ဘဲ တစ်ပြိုင်နက် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့ ၅ ဦးထဲတွင် ချူထျန်းကော၊ ယဲ့ပုဖန် နှင့် ချိုးရွှေချန်းထျန်း တို့ ၃ ဦးသာ ဖန်ဆင်းခြင်းနယ်မြေအသေးစား၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိထားကြခြင်း ဖြစ်သည်။

ကျန် ၂ ဦးမှာ အလယ်အလတ်အဆင့်တွင်သာ ရှိသေးသည်။

၅ ယောက် ၁ ယောက် တိုက်ပွဲမှာ မမျှတသလို ထင်ရသော်လည်း ရှန်းချန်ကော၏ ဖိအားမှာ အလွန်ကြီးမားလှသည်။

ဘုန်း... ဘုန်း... ဘုန်း...

ချက်ချင်းပင် ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီး ဝိညာဉ်စွမ်းအင်များ ဆူပွက်လာကာ သူတို့နောက်တွင် ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာသော နတ်ဘုရားအတတ်ပညာများ ထွက်ပေါ်လာလေသည်။

၎င်းသည် နတ်ဘုရားတစ်ပါး နိုးထလာပြီး ကမ္ဘာကြီးကို သတ်ဖြတ်နေသကဲ့သို့ ထင်မှတ်ရကာ နေနှင့် လပင် အလင်းမှိန်သွားရသည်။

"အင်မော်တယ်စိတ်ဝိညာဉ် ကပ်ဘေးကိုးပါးဒုက္ခကျမ်း"

ရှန်းချန်ကောက တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ၏ ဝတ်ရုံဖြူသည် ဆီးနှင်းထက် ဖြူဖွေးနေပြီး နက်မှောင်သော ဆံနွယ်ရှည်များက လေထဲတွင် ကခုန်နေသည်။

သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါမှာ နတ်ဘုရားတစ်ပါး၊ သို့မဟုတ် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

"နာကျင်ခံစားမင်းအဘွား..."

သူက ခေါင်းမော့ကာ ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်သည်။ သူ၏ အသံမှာ မိုးကြိုးသံကဲ့သို့ ကောင်းကင်နှင့် မြေပြင်ကြားတွင် ပေါက်ကွဲထွက်သွားလေသည်။

ဘုန်း... ဘုန်း... ဘုန်း...

ဘွဲ့နှင်းစင်မြင့်အထက် ဟင်းလင်းပြင်တွင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကောင်းကင်ပြိုကျကာ မြေကြီး အက်ကွဲသွားသကဲ့သို့ ခံစားရသည်။

ထိုအသံလှိုင်းများတွင် ကမ္ဘာလောကကို တုန်လှုပ်စေနိုင်သော စွမ်းအားများ ပါဝင်နေသည်။

ဘွဲ့နှင်းစင်မြင့် ပတ်လည်ရှိ လူအားလုံး၏ သွေးလေများ စုပြုံတိုးဝှေ့သွားပြီး မျက်နှာများ ဖြူဖျော့ကုန်ကြသည်။ အချို့မှာ သွေးများပင် အန်ထွက်လာကြလေသည်။

ဝေါ့... ဝေါ့... ဝေါ့...

မျက်စိတစ်မှိတ်အတွင်းမှာပင် ချူထျန်းကော နှင့် အခြားသူများ၏ နတ်ဘုရားပုံရိပ်ယောင်များမှာ ပြိုကွဲသွားခဲ့သည်။

သူတို့အားလုံး သွေးများအန်ကာ လေထဲတွင် လွင့်စင်သွားကြပြီး ကောင်းကင်ယံ၌ သွေးစင်းကြောင်းကြီးများ ကျန်ရစ်ခဲ့လေတော့သတည်း။

All Chapters