← Chapters

အခန်း (၅၉၆-၆၀၀)

Vol. 30 Ch. 596-600

အခန်း (၅၉၆-၆၀၀)

Vol. 30 Ch. 596-600

အခန်း(၅၉၆)

“ဟား ဟား ဟိန်းသံတစ်ချက်နဲ့ သူတို့ကို သတ်လို့မရနိုင်ပေမဲ့လည်း ဒီအသံက မာန်ရှဲ့ကျောင်းရဲ့ ဆင်ဖြူတော်တပ်ရင်းကို သတ်ဖို့လုံလောက်တယ်”

ဝမ်ချောင်က လက်များကို ကျောနောက်သို့ပစ်လျှက် ပြုံး၍ပြောလိုက်သည်။ သူက အနောက်ဘက်ရှိ ကျောင်းဟုန်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။

“ဗိုလ်ချုပ်ကျောင်း အရာအားလုံး အဆင်သင့်ပဲလား”

“လိုအပ်တာက သခင်လေးရဲ့ အမိန့်ပါပဲ”

ကျောင်းဟုန်က ကျောနောက်မှ မြှားတစ်ချောင်းကို ထုတ်ပြီး သူ၏လေးတွင် ကြိုးတင်တပ်ဆင်လိုက်သည်။ တချိန်ထဲလိုလို တစ်ဆွပ်ဆွပ် မြည်သံများနှင့်အတူ သူ၏အနောက်ဘက်တွင်ရှိသော ဆရာသခင် လေးသည်တော်တိုင်းက မြှားကျည်တောက်ထဲမှ မြှားအသီးသီးကိုထုတ်ကာ လေးတွင် တပ်ဆင်လိုက်သည်။

“ဗိုလ်ချုပ်ချန်း”

ဝမ်ချောင်၏အကြည့်က ချန်းကွမ့်ရွှန်းနှင့် အခြားသော ထိပ်တန်းအဆင့် အန်းနန်ဗိုလ်ချုပ်များထံ ရောက်သွားသည်။ သူ၏အမူအရာက စူးရှပြတ်သားပြီး အနည်းငယ်သော ငြင်းခုံမှုကိုမျှ ခွင့်မပြုချေ။

ထိုအခိုက် ထိုဗိုလ်ချုပ်တိုင်းက ချက်ချင်းလိုလို နာခံသော အမူအရာအဖြစ် ပြောင်းသွားကြသည်။

ဝမ်ချောင်က အမြဲတစေ ထောင်လွှားမောက်မာသော အထက်တန်းဆန်သည့် အရှိန်အဝါမျိုးကို ထုတ်ပြချင်းမျိုး မရှိသလို ကျန်းချုံကျန့်ချုံး၏ တံဆိပ်ပြားကို ကိုင်ဆောင်ထားသည့်တိုင်အောင် ဝမ်ချောင်က သူ့ကိုယ်သူပင် ကာကွယ်ရေးဗိုလ်ချုပ် တစ်ယောက်လို မပြုမူခဲ့ဖူးချေ။ သို့ရာတွင် ဝမ်ချောင်နှင့် အချိန်တစ်ခုကြာ ထိတွေ့ဆက်ဆံခဲ့ပြီးနောက် ထိုစုစည်းရောက်ရှိနေကြသော ဗိုလ်ချုပ်တိုင်းကလည်း ဝမ်ချောင်က ဘယ်သောအခါမှ ပေါ့သေးသေး ဆုံးဖြတ်ချက်ချသောသူ မဟုတ်ကြောင်း နားလည်ထားကြပြီးသား ဖြစ်သည်။ သို့သော်သူက ဆုံးဖြတ်ချက် ချလိုက်သည်နှင့် ကန့်ကွက်ခွင့် မပြုတော့ချေ။

ချက်ချင်းလိုလို လူတိုင်း၏အကြည့်က တောင်အောက်သို့ ရောက်သွားသည်။

ခလွပ်

မြို့ရိုးကဲ့သို့ နံရံကြီးများကို ဆွဲချခံလိုက်ရသဖြင့် ဖုန်မှုန့်များက အလုံးလိုက် မြောက်တက်လာသည်။ ဝမ်ချောင်၏ အကြည့်က အောက်ဘက်ရှိ ကွင်းပြင်တစ်ခုလုံးဆီသို့ ဖြန့်ကျက်သွားပြီး လျှင်မြန်စွာဖြင့် ချဉ်းကပ်လာနေသော ဆင်များထံ ရောက်သွားသည်။

“စမယ်”

ဝမ်ချောင်၏အကြည့်က အေးစက်သောအလင်း လက်လာချိန်တွင် လေထဲသို့ မြှောက်ထားသော လက်မောင်းကို အောက်သို့ ဖြန်းကနဲ လွှဲချလိုက်သည်။ သူ၏အချက်ပေးမှုကို တုန့်ပြန်သည့်အနေဖြင့် အန်းနန်အစိုးရ ကာကွယ်ရေးဗိုလ်ချုပ်မှ ခြောက်ယောက်၊ ခုနှစ်ယောက်ခန့်က တချိန်ထဲလိုလို လုပ်ဆောင်လိုက်ကြသည်။

ဝေါင်း

တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ဒေါသအမျက် အပြည့်ပါသည့် နွေဦးမိုးကြိုးက ထိုနေရာကိုကွက်ကာ ဖြတ်တိုက်သွားသလို ခေါင်းလောင်သံ စူးစူးကဲ့သို့သော အသံမျိုးက လွှမ်းခြုံသွားတော့သည်။ ထိုအသံက မြေကြီးကို ကျွံ့ကျစေပြီး တောင်တန်းများကို ပေါက်ကွဲစေသည့်အလား ပြင်းထန်လွန်းသည်။ ထိပ်တန်းအဆင့် ဗိုလ်ချုပ်တိုင်းက သူတို့၏ တန်ထန်းတွင် မြောက်များလှသော စွမ်းအင်များကို စုစည်းလိုက်ပြီး ကျယ်လောင် ပြင်းထန်သည့်အသံကို အရှေ့ဘက်ပိုင်းတွင် ရှိနေသည့် ဆင်များထံ ချိန်ရွယ်ကာ အော်ထုတ်လိုက်ခြင်း ဖြစ်သည်။ သူတို့၏ ပူးပေါင်းကြိမ်းဝါး အော်ဟစ်လိုက်သံမှ ထွက်လာသော အရှိန်အဝါက မျှော်လင့်ရန် စိတ်းကူးရန်ပင် ခက်ခဲလွန်းလောက်အောင် ပြင်းထန်လွန်းသည်။

ဝုန်း

ဒေါသမုန်တိုင်းက ထိုနေရာအပေါ် ပြင်းထန်သည့် လေပြင်းများအဖြစ် ပြောင်းလဲသွားစေသလိုမျိုး ဖုန်များနှင့် ကျောက်စရစ်ခဲများက လေထဲသို့ မြေပြင်အထက် ဆယ်ကျန်းခန့်အထိ မြောက်တက်သွားသည်။ မာန်ရှဲ့ကျောင်းမှ စစ်သားတိုင်းက ကြောက်လန့်သွားသဖြင့် အနောက်သို့ ဖြေးညှင်းစွာဖြင့် ဆုတ်လိုက်မိသည်။ သို့သော် သူတို့ကို အံ့သြစေဆုံး ကိစ္စက သူတို့အနောက်မှ ဆက်ဖြစ်လာခြင်းဖြစ်သည်။

သတိပေးချက် အလျဉ်းမရှိဘဲ အလွန်အမင်း အင်အားကြီးမားသော ခန္ဓာကိုယ် ကြီးထွားသည့် သားရဲကြီးများကဲ့သို့ ကျန်းခြောက်ထောင်၊ ခုနှစ်ထောင်ခန့်ရှိမည့် နံရံများကို တစ်ကောင်ချင်းစီအားဖြင့် ဆွဲလှဲနိုင်သော အကောင်ကြီးများက ရုတ်တရက် ကြောက်လန့်တကြား အော်ဟစ်ကြကာ အထိတ်တလန့် ဖြစ်လာကြသည်။

နောက်ထပ် ဆက်တိုက် အော်ဟစ်သံများနှင့်အတူ လေကြိုးဆွဲသံများက ထွက်ပေါ်လာသည်။ ထိုဆင်များက သူတို့ကို ကာကွယ်ပေးထားသော ဒိုင်းများ၏ အနည်းငယ် ဝေးကွာသော နေရာသို့ ရောက်သွားသည်နှင့် မြှားများက တစ်ချောင်းပြီးတစ်ချောင်း သူတို့၏ မျက်လုံးထဲသို့ ပြေးဝင်တော့သည်။ ချွန်ထက်သော မြှားများက လျှင်မြန်စွာ ပျောက်ကွယ်သွားပြီး သူတို့၏ ဦးခေါင်းခွံထဲသို့ပင် ကျွံ့ဝင်သွားကြသည်။

ဝေါင်း

မရေမတွက်နိုင်သော လူပေါင်းများစွာက အံ့အားတကြီး ကြည့်နေသော အကြည့်အောက်တွင် ထိုဆင်များ၏ ကြီးမားသော ကိုယ်ထည်ကြီးများက မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျသွားသည့်အခါ မြေကမာ္ဘ တစ်ခုလုံးကပင် တောင်တန်းက ပြိုကျသလို တုန်ယင်သွားတော့သည်။

နေရာတိုင်း အဆုံးအစမဲ့သော အံ့သြမှုများက ကြီးစိုးသွားတော့သည်။

ထိုဆင်များက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသလို မာန်ရှဲ့ကျောင်းမှ စစ်သားတိုင်းကလည်း ကြောင်အသွားကြသည်။

“မဖြစ်နိုင်ဘူး”

ထိုအချိန်တွင် ထိုဆင်များ၏ ပတ်ပတ်လည်တွင်ရှိသော စစ်သားတိုင်းက အလွန်အမင်း အံ့သြတုန်လှုပ်နေကြပြီး သူတို့၏စိတ်က ဗလာဖြစ်သွားကြသည်။ အ့ဟိုင်၏ ခြောက်ကြောင်ပြည်ထောင်တွင် ထိုဆင်များက အလွန်မြင့်မားသော အဆင့်ကိုပင် ပိုင်ဆိုင်ထားသည်။ ဆင်ဖြူတော်တပ်ရင်းမှ စစ်သည်တော်တိုင်းက ထိုဆင်များကို နတ်ဘုရားကဲ့သို့ပင် ဆက်ဆံကြသည်။ သူတို့၏ နတ်ဘုရားတမျှ ပြင်းထန်သည့် အင်အားများက မာန်ရှဲ့ကျောင်းမှ လူတိုင်းအပေါ် မယိုင်လဲသော ထူးခြားသည့် အမြင်တစ်မျိုးကို ရှိစေခဲ့သည်။

သို့သော် ထိုဆင်ကြီးများ၏ တစ်ကိုယ်လုံးတွင် ထူထည်းသော သံချပ်ကာများနှင့် အသားကိုပင် မမြင်နိုင်အောင် လုံခြုံမှုရှိအောင် အပြည့်ဝတ်ဆင်ထားသော်လည်း ရန်သူ၏မြှားဖြင့် အလွယ်တကူ အသတ်ခံရနိုင်သည်ဆိုသော အချက်ဖြစ်သည်။ ထို့ပြင် သာမာန်သေဆုံးသွားခြင်းထက် ဆိုးရွားလွန်းနေသေးသည်။

အချို့ဆင်များကမူ မြှားတစ်ချက် ပစ်ရုံဖြင့် သေဆုံးသွားကြသည်။ အချို့သော ဆင်များကမူ သူတို့၏ ထူထည်းသော မျက်ခွံဖြင့် ထိန်းလိုက်နိုင်သဖြင့် အသက်ရှင်ကြသည်။ သို့သော်ဒါက ဆိုးရွားသော ကံကြမ္မာ အလှည့်အပြောင်း၏ အစဖြစ်ပြန်သည်။

“အား”

လေထဲတွင် ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ကြောက်လန့်တကြား ဖြစ်နေသော မာန်ရှဲ့ကျောင်း စစ်သည်တော်တစ်ယောက်က မျက်လုံးအပြူးသားဖြင့် သူနှင့်အလွန် နီးကပ်သော ကြီးမားသည့် ခြေထောက်ကြီးကို ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းလိုလို သူက အသားပြားအဖြစ် ပြောင်းလဲသွားသည်။

မြှားကြောင့်ဖြစ်သော ဒဏ်ရာက ထိုဆင်များကို ပို၍ ပြင်းထန်ကြမ်းတမ်းသွားစေပြီး အမြင်အာရုံကလည်း ဝေဝါးသွားလေရာ ဒါကသူတို့အတွက် ပတ်ဝန်းကျင်တစ်ခုလုံးကို စတင်ကာ အမြစ်ဖြတ်သုတ်သင်စေသည့် အခြေအနေသို့ ရောက်သွားစေသည်။ မည်သူကမှလည်း ဂျင်သောင်းကျော်ထက် ပိုလေးလောက်သည့် ထိုဆင်များက ဒီလိုအခြေအနေမျိုးဖြင့် ကြမ်းကြမ်းတမ်းတမ်း ပြန်လည်တိုက်ခိုက်လာမည်ဟု မထင်ထားလောက်ချေ။

ဝုန်း ဝုန်း ဝုန်း

ဘန်း ဘန်း ဘန်း

မျက်တောင်တစ်ခတ် အချိန်အတွင်း ဆင်ဖြူတော်တပ်ရင်းမှ နှေးကွေးစွာသာ တုန့်ပြန်မိကြသည့် စစ်သည် ရာပေါင်းများစွာက အသားပြားအဖြစ် ပြောင်းလဲသွားသည်။ သူတို့က နဂိုကတည်းက ဆင်များ၏ လုံခြုံရေးကို ကာကွယ်ပေးရသူများ ဖြစ်သည့်အခါ ယခုအခြေအနေတွင် ပထမဦးဆုံး သေရသူများ ဖြစ်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ ဒီဆင်တွေက ဆူညံသံကို တကယ်ကြောက်တာပဲ”

တောင်ထိပ်ပေါ်တွင်ရှိသော လင်းဝူရှို့ လော့ကျီးနှင့် ချန်းကွမ့်ရွှန်းတို့ အားလုံးက အလွန်အမင်း ယုံကြည်ရန် ခက်ခဲသော အခြေအနေမျိုး ရောက်ရှိသွားကြပြီး အံ့အားသင့်မှု၊ ထိတ်လန့်မှုတို့က ကြီးစိုးနေကြကာ ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်ကြတော့ချေ။

“မြန်မြန် အချိန်ကတိုတယ် ဒီအခွင့်အရေးကို ဖမ်းဆုပ်”

သူတို့၏ကိုယ်ကို အံ့အားသင့်မှုကနေ ပြန်လည်သတိဝင်အောင် အေးစက်သော လေသံက လှုပ်နှိုးလိုက်သည်။

အရာအားလုံးက ဝမ်ချောင်က ခန့်မှန်းထားသည့်အတိုင်းဖြစ်သည်။ ဆင်များက အလွန်ကြီးမားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သူတို့၏စွမ်းရည်အရ သာမာန်ဆင်များနည်းတူ ဆူညံသံများကို ကြောက်ကြသေးသည်။ သူ၏ ဗျူဟာက သက်ရောက်မှုရှိသော်လည်း ဝမ်ချောင်ကမူ မလှုပ်ရှားဘဲ တည်ငြိမ်နေသည်။

ဗိုလ်ချုပ်တစ်ယောက်က အမြဲတစေ တည်ငြိမ်မှု၊ သင့်လျော်စွာ စဉ်းစားနိုင်စွမ်းကို ထိန်းသိမ်းထားရန် လိုအပ်လေသည်။ ထို့အပြင် အပြင်ရေးရာ အကြောင်းကဏ္ဍများကြောင့် သူ၏ဆုံးဖြတ်ချက်များက ယိုင်နဲ့သွား၍ မရချေ။ ထိုသို့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်မှသာလျှင် အရေးကြီးဆုံးအချိန်တွင် ဉာဏ်ပညာရှိစွာဖြင့် ဆုံးဖြတ်ချက်ကို ချနိုင်ပေလိမ့်မည်။

ဝေါင်း

မြေကမာ္ဘလှုပ်ခါသွားပြီး လေပြင်များက တိုက်ခတ်လာသည်။ ဝမ်ချောင်က အမိန့်ထပ်ပေးရန် မလိုအပ်ချေ။ ချန်းကွမ့်ရွှန်းတို့ အားလုံးက လျှင်မြန်စွာ လုပ်ဆောင်နိုင်ကြသည်။ ထိပ်တန်းဗိုလ်ချုပ် ခြောက်ယောက်၊ ခုနှစ်ယောက်လောက်က စုပေါင်းပြီး သူတို့၏ စွမ်းအားများကို သယ်ထုတ်ကာ ပြင်းထန်သည့် လေပြင်းကို ထုတ်ဖော်လျှက် အနောက်တောင်ပိုင်းမှ ဆင်များထံ ဟိန်းဟောက်လိုက်ပြန်သည်။

ထိုဆင်များကလည်း စူးရှစွာ အော်ဟစ်ကြပြီး တစ်ဝက်ကသေသွား၊ တစ်ဝက်က သတ်ဖြတ်သည့် အခြေအနေသို့ ဝင်ရောက်သွားကြသည်။ ထိုဆင်များ၏ မျက်လုံးများကသာ အကောင်းအတိုင်း ရှိနေသေးလျှင် ဆင်ဖြူတော်တပ်ရင်းနှင့် ပူးပေါင်းပြီး အခြေအနေကို ထိန်းနိုင်လောက်သည်။ သို့သော် သူတို့က ကန်းနေကြသည်။ ဒီလိုနာကျင်နေရပြီး အမြင်အာရုံ ကွယ်နေသော အခြေအနေမျိုးတွင် ပတ်ဝန်းကျင်ရှိ လူသားများကို သူတို့က ရန်သူအဖြစ် သတ်မှတ်လိုက်သည်။ ဒီနည်းအားဖြင့် သူတို့၏ အမုန်းတရားကို ဖောက်ထုတ်ကြတော့သည်။ အဆင့်မြင့် သိုင်းနယ်မြေတွင် ရောက်နေသော ဆင်တစ်ကောင်က ထူထည်းလေးလံသော သံချပ်ကာကိုလည်း ဝတ်ဆင်ထားပြီး သတ်ဖြတ်ခြင်း အခြေအနေသို့ ဝင်ရောက်သွားလေရာ ကြောက်မက်ဖွယ် ကောင်းလာသည့် ခွန်အားက စိတ်ကူးယဉ်ရန်ပင် ခက်ခဲသေးသည်။

“အား”

“အား....”

“အား.......”

တိုက်ပွဲနယ်မြေတွင် ထိုသို့အသားကုန် အော်ဟစ်သံများကသာ ကျယ်လောင်စွာ ထွက်ပေါ်နေတော့သည်။ ဆင်တစ်ကောင်က စစ်သည်အပြည့် ရှိနေသော စစ်တပ်ထဲတွင် သတ်ဖြတ်ခြင်း အခြေအနေသို့ ဝင်ရောက်သွားသောအခါ ထိုစစ်သားများ အားလုံးက ရိတ်သိမ်းခံရသော ပေါင်းပင်များကဲ့သို့ သွေးများ အသားများက သူတို့၏ သံချပ်ကာများမှ ထွက်လာပြီး ကြိတ်ချေထားသော အသားများအဖြစ် ပြောင်းလဲသွားသည်။ တိုက်ပွဲနယ်မြေက သက်ရှိငရဲဖြစ်သွားသည်။

“မြန်မြန် သူတို့ကိုတားကြစမ်း”

စစ်သားများက အထိတ်တလန့် ဖြစ်နေချိန်တွင် အချို့သော စစ်သားများက အတူပူးပေါင်းပြီး ပြေးဝင်လာသော ဆင်များကို တိုက်ခိုက်ကြသည်။ သို့သော် သူတို့၏လှံဆူးချွန် ဆေဘာရှည်များက ဆင်များ၏ ဖုံးကွယ်ထားသော နေရာများကို ထိရန်ခက်ခဲနေသည်။ သူတို့က ဆင်များကို မသတ်နိုင်သည့်အပြင် သူတို့၏ တိုက်ကွက်မှ ပြန်ကန်အားက သူတို့ကို လွင့်ထွက်သွားစေသေးသည်။

ဆင်များ၏ အော်ဟစ်သံက ဆက်တိုက် ထွက်ပေါ်နေပြီး တိုက်ပွဲနယ်မြေကို ပို၍ ဝရုန်းသုန်းကား ဖြစ်သွားစေသည်။

တောင်ပေါ်တွင် ဝမ်ချောင်နှင့် ထိပ်တန်းဗိုလ်ချုပ်များနှင့် ကျောင်းဟုန်တို့နှင့် ဆရာသခင် လေးသည်တော်အဖွဲ့က အရပ်မျက်နှာအနှံ့ပြောင်းကာ ဒီအခွင့်အရေးကို အရယူပြီး တိုက်ခိုက်နေကြသည်။

“အရှေ့တောင်ပိုင်း”

“အနောက်တောင်ပိုင်း”

“မြန်မြန်”

“အချိန်ကတိုတယ် သူတို့ ဝရုန်းသုန်းကားဖြစ်နေတဲ့ အချိန်မှာ အခွင့်ကောင်းကို ဖမ်းဆုပ်ရမယ်”

အချိန်တိုအတွင်းတွင် ဝမ်ချောင်တို့ အဖွဲ့က မြှားဆယ်သုတ်ထက်မနည်း ပစ်လွှတ်နိုင်ခဲ့ကြပြီး ထိုအတောအတွင်းတွင် ကောင်းမွန်စွာ၊ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ကြားလပ်မရှိအောင် ကိုင်တွယ်နိုင်ခဲ့သည်။ ဝမ်ချောင်က ဒီတိုက်ပွဲအတွက် ရွေးချယ်ပေးသော နေရာက သူတို့ကိုပို၍ အားသာသွားစေခဲ့သည်။

အကြောင်းမူကား နံရံကြီးများ အပြည့်အဝ မဖယ်ရသေးသော နေရာဖြစ်သဖြင့် အခြားဘက်များမှ မြင်နိုင်စွမ်းအားကို ပိတ်ဆို့ထားသည့်အပြင် ဘာဖြစ်နေမယ် မည်သူကမှ မပြောနိုင်ကြချေ။ ဆင်ဖြူတော်တပ်ရင်းမှ စစ်သည်တော်များ အနေနှင့် အော်ဟစ်သံများ၊ ဒေါသတကြီး ဖြစ်နေသည့် ဆင်များ၏ အသံများကို ကြားနိုင်ကြသည်။ သို့သော် သူတို့က မတုန့်ပြန်နိုင်ခင်မှာတင် တူညီသော ကံကြမ္မာကို ခံစားရသည်။ တူညီသော နည်းလမ်းကိုသာ သုံးခဲ့သော်လည်း အောင်မြင်သွားသည်။

မြေကမာ္ဘက ဆက်တိုက် တုန်ဟီးနေသည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အနောက်တောင်၊ အနောက်မြောက် ... စသဖြင့် နေရာတိုင်းတွင် တောင်များ ပြိုလဲနေသလိုမျိုး ကျယ်လောင်သော ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်နေပြီး ထိုသို့ ဝုန်းကနဲ ပြိုလဲသံ ထွက်ပေါ်လာချိန်တိုင်း ဆင်တစ်ကောင် သေဆုံးကြောင်း သက်သေပြနေသည်။

အချိန်တိုအတွင်းတွင် ဆင်အကောင် နှစ်ရာခန့် အနည်းဆုံး သတ်ဖြတ်ခံလိုက်ရသည်။

တိရိစာ္ဆန်များက တိရိစာ္ဆန်များသာ ဖြစ်နေသေးသည်။ သူတို့ကိုယ်သူတို့ လူသားများထက် အင်အားကြီးမားသည်ဟု တွေးကောင်း တွေးလောက်သော်လည်း လူသားများနှင့် မယှဉ်နိုင်ကြသေးချေ။ သူတို့၏ အားနည်းချက် ပေါ်သွားသည်နှင့် ထိုဆင်များက ဂျင်သောင်းကျော်မက လေးနေစေကာမူ မြို့ရိုးများကို ဆွဲထုတ်နိုင်စေကာမူ သတ်၍ရသေးသည်။

“သေစမ်း နောက်ဆုတ် နောက်ဆုတ် နောက်ဆုတ်ကြ”

ဆင်တစ်ကောင်ပေါ်တွင် ထိုင်နေသည့် သွမ့်ယန်ရန်က အံ့အားသင့်မှုမှ နိုးထလာပြီး ဒေါသထွက်လာသည်။ သူ၏တစ်ကိုယ်လုံးကပင် တုန်လှုပ်နေတော့သည်။ ယခုလေးတင်သူက ထန်၏ခုခံအားလှိုင်းကို တဖြည်းဖြည်းချင်း ဖြုတ်နိုင်နေခဲ့ပြီး ထန်များအပြည့်အဝ ရှုံးတော့မည့် အနေအထားရောက်အောင် လုပ်နိုင်မည်ဟု တွေးနေခဲ့သေးသည်။ သို့သော် ယခုမူ မြှားမိုးက ရွာကျလာပြန်ပြီး သူ၏စစ်တပ်အပြင် ဆင်အကောင်နှစ်ရာကျော်ကိုပင် ဆုံးရှုံးလိုက်ရသည်။ ကွာခြားမှုက ကြီးမားလွန်းသည်။

“မြန်မြန်”

နောက်ဆုံးစကားက သွမ့်ယန်ရန်၏ အင်အားအပြည့်ဖြင့် ထုတ်အော်လိုက်ခြင်းဖြစ်သည်။

သွမ့်ယန်ရန်ထက် ပို၍အံ့သြရသည်မှာ မာန်ရှဲ့ကျောင်းမှ ခဲ့လော့ဖုန်း၊ ဖုန်းကျားရီနှင့် သွမ့်ခဲ့ချွမ်တို့ကဲ့သို့ ဗိုလ်ချုပ်များဖြစ်သည်။ ထိုဆင်များ၏ အော်ဟစ်သံ ကံကြမ္မာ အလှည့်အပြောင်းက သူတို့ကို မှင်သက်စေသည်။ မည်သူကမှ စကားမပြောနိုင်ကြပေ။ အားလုံးက နစ်မွန်းသွားသလိုမျိုး စကားမပြောနိုင်အောင် ဖြစ်သွားကြသည်။

“မြန်မြန် ဗိုလ်ချုပ်သွမ့်ကို နောက်ဆုတ်ဖို့ အမိန့်ထုတ်လိုက်ကြ”

ပထမဦးဆုံး တိတ်ဆိတ်မှုကို ဖြိုခွဲသောသူက အိမ်ရှေ့စံ ဖုန်းကျားရီဖြစ်သည်။ ဆင်ဖြူတော်တပ်ရင်းကို တည်ဆောက်ရန်အလုပ်က လွယ်ကူခြင်းမရှိချေ။ ဆင်တစ်ထောင်သာ ရှိနေသော်လည်း ထိုဆင်တစ်ထောင်ကို ပျိုးထောင်ရန် မာန်ရှဲ့ကျောင်း၏ လုပ်သားအင်အား၊ စွမ်းအင် အရင်းအမြစ်များစွာကို ထုတ်သုံးထားရသည်။ သူတို့ကို ဖမ်းရန်ကပင် ရိုးရှင်းစွာဖြင့် ခက်ခဲလွန်းသည်။ ထို့အပြင် ဆယ်စုနှစ်ပေါင်းများစွာ သင်ကြားပေးရသေးသည်။

ဝမ်ချောင်က ဆက်လက်ပြီး မြှားပစ်နေခြင်းကိုသာ ခွင့်ပြုထားလိုက်လျှင် ဆင်ဖြူတော်တပ်ရင်း တစ်ခုလုံးက ထိုလူတစ်ယောက်ထဲကြောင့် သုတ်သင်ခံရပေလိမ့်မည်။

ဝေါင်း

ရုတ်တရက် အရှေ့တောင်ဘက်ပိုင်းမှ ကောင်းကင်ကို တုန်လှုပ်စေသော အော်ဟစ်သံကြီးက ထွက်ပေါ်လာပြီး ချန်းကွမ့်ရွှန်း၊ လင်းဝူရှို့တို့နှင့် အခြားသော ဗိုလ်ချုပ်တိုင်း၏ အော်ဟစ်သံကို တားဆီးတော့သည်။

တချိန်ထဲလိုလို နောက်ထပ် ဟိန်းဟောက်သံ နှစ်သံက ထွက်လာပြန်သည်။ ထိုအသံများကလည်း မူလဖြစ်တည်မှု သားရဲကြီးများက တောင်တန်းပေါ်မှ ခုန်တက်လိုက်ပြီး အော်ဟစ်လိုက်သလိုမျိုး အရှေ့တောင်ဘက်ပိုင်းမှလာသော အော်သံနှင့် ထိပ်တိုက် ရင်ဆိုင်သွားသည်။ ဟော်ရှု့ဟွေ့ခမ်း၊ ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က နောက်ဆုံးတွင် လှုပ်ရှားလေပြီ။

တိုက်ပွဲနယ်မြေထဲတွင် ဆင်များက အငြိမ်မနေကြဘဲ ဝရုန်းသုန်းကား ဖြစ်နေကြသေးသည်။ သို့သော် ယခု ဟော်ရှု့ဟွေ့ခမ်းက ဝင်ရောက်လာသည့်အခါ ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ကလည်း ခြေလှမ်းဝင်ကာ သူ့ကိုတားရသည်။ ထို့ကြောင့် အခြေအနေက တိုးတက်သွားသည်။

“ကောင်းပြီ အခုတော့ ဒီလောက်နဲ့ လွှတ်ထားလိုက်တော့”

တောင်ထိပ်ပေါ်တွင် ဝမ်ချောင်က လက်ကိုယမ်းလိုက်လျှက် ဆင်ဖြူတော်တပ်ရင်းက အထိတ်တလန့် နောက်ဆုတ်နေခြင်းကို ကြည့်လိုက်ရသည်။ ဆက်လက်ပြီး အသံလှိုင်း တိုက်ခိုက်မည်ဆိုလျှင် ယခင်လောက် သက်ရောက်မှု မရှိလောက်တော့ချေ။ ပို၍ဆိုးသည်မှာ ထိုသို့သော တိုက်ကွက်များက အံ့အားသင့်နေသော အခြေအနေမျိုးတွင် အတိအကျ တိုက်ခိုက်ရခြင်း ဖြစ်သည်။ ရန်သူကသာ ကြိုတင်ပြင်ဆင်ထားလျှင် သက်ရောက်မှုက ယခုလောက် မရှိနိုင်တော့ချေ။

“ဟွန်”

အမိန့်ပေးလိုက်ပြီးသော်လည်း ရုတ်တရက် သူ၏ပတ်ဝန်းကျင်က တိတ်ဆိတ်နေကြောင်းကို ဝမ်ချောင်က သတိထားလိုက်မိသဖြင့် မည်သူမှ မရှိသလိုမျိုး ခံစားလိုက်ရပြီး ကြောင်အသွားလေရာ နောက်လှည့်ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် လူတိုင်းကသူ့ကို အလွန်အမင်း အံ့သြသော မျက်နှာထားဖြင့် ထိတ်လန့်စွာ ကြည့်နေကြောင်းကို မြင်လိုက်ရသည်။ ချန်းကွမ့်ရွှန်း၊ လင်းဝူရှို့၊ လော့ကျီးနှင့် ချန်းရှု့ရွှန်းကပင်ပါသည်။

ဝမ်ချောင်က မျက်ခုံးပင့်လျှက် အံ့အားတကြီး မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

အခန်း(၅၉၇)

ရုတ်တရက် ချန်းကွမ့်ရွှန်းက အသက်ပြင်းပြင်း ရှုလိုက်ပြီး စီတန်းရပ်နေသော လူအုပ်ထဲမှ ထွက်လာကာ ဝမ်ချောင်၏အရှေ့သို့ ရောက်လာလျှက် အလေးပြုလိုက်သည်။

“သခင်လေး ကျေးဇူးပြုပြီး ဒီငယ်သားရဲ့ အလေးပြုတာကို လက်ခံပေးပါ။ ဒီလက်အောက်ငယ်သားက အရင်က ရိုင်းခဲ့မိပါတယ်”

သူ၏စကား မဆုံးခင်မှာတင် သူ၏အနောက်ဘက်ရှိ ဗိုလ်ချုပ်တိုင်း အပါအဝင် အန်းနန်အစိုးရ စစ်တပ်မှ ဗိုလ်ချုပ်တိုင်းကလည်း အလေးပြုလိုက်ကြသည်။

သူတို့၏ခေါင်းကို ပြန်မော့လိုက်ပြီး ဝမ်ချောင်ကို ပြန်ကြည့်လိုက်သောအခါ သူတို့၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှု၊ လေးစားမှုနှင့် အလွန်အမင်း နက်ရှိုင်းသည့် ရိုကျိုးစိတ်က အပြည့်ပါလာသည်။

အနောက်တောင်ပိုင်းမှ ဗိုလ်ချုပ်တိုင်းက ထိုဆင်ဖြူတော်တပ်ရင်း ကောလဟာလတိုင်းကို ကြားဖူးသည်။ ခဲ့လော့ဖုန်းက အလွန်အလေးထားရသော ထိုစစ်တပ် တစ်ခုက ကြောက်စရာကောင်းသော အင်အားကို ပိုင်ဆိုင်ထားလေသည်။ သူတို့က ဒီတိုက်ပွဲတွင်လည်း မျက်မြင်တွေ့ကြုံခဲ့လိုက်ရသည်။

သို့သော် မည်သူကမှ မမျှော်လင့်ထားသည်မှာ ထိုကြီးမားသော သားရဲကြီးများကဲ့သို့ အ့ဟိုင်တောင်ပိုင်းတွင်သာ နေသော အကောင်များကို ဝမ်ချောင်က အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိနေခြင်းဖြစ်သည်။ ထိုသို့သော စွမ်းရည်မျိုးက အလွန်အမင်း မြင့်မားလွန်းပြီး သူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းကိုပင် ကျော်လွန်သွားသည်။

“သခင်လေး သခင်လေး ဒီဆင်ကြီးတွေက ကျယ်လောင်တဲ့အသံကိုကြောက်မှန်း ဘယ်လိုသိသလဲဆိုတာကို ပြောပြပေးနိုင်မလား”

လင်းဝူရှို့က ရှေ့တက်လှမ်းပြီး လေးစားမှုအပြည့်ဖြင့် မေးလိုက်သည်။

အ့ဟိုင်တိုက်ပွဲတွင် သူတို့ကသာ ထိုဆင်ဖြူတော်တပ်ရင်းကို ဖြေရှင်းနိုင်ပြီး ထိုနည်းလမ်းကို သိထားလျှင် ကိစ္စများက အပြည့်အဝ ကွာခြားသွားပေလိမ့်မည်။ အနည်းဆုံး ချီကတ်ရင်းဖြင့် ဆင်များအနင်းခံရသဖြင့် သေသွားသော စစ်သည်တော်ပေါင်း များစွာကို ဆုံးရှုံးရမည်မဟုတ်ချေ။

ဝမ်ချောင်က မြို့တော်တွင်သာနေပြီး နယ်စပ်သို့ပင် သွားခဲသော်လည်း သူ၏ဗဟုသုတကမူ နက်ရှိုင်းပြီး အတွေ့အကြုံကမူ ကျယ်ပြန့်လွန်းလေရာ သူတို့ကိုပင် ပါးစပ်အဟောင်းသား ဖြစ်လောက်အောင် မှင်သက်စေခဲ့သည်။

“ဟား ဟား ဒါက ခန့်မှန်းရ အဲ့ဒီလောက် မခက်ပါဘူး။ ဒီဆင်တွေက ခန္ဓာကိုယ်က အဲ့ဒီလောက် တအားကြီးပေမဲ့ သူတို့ရဲ့မျက်လုံးက သေးတယ်။ သာမာန်လူတွေထက်တော့ မျက်လုံးကြီးတယ်လို့ပဲ ပြောလို့ရနိုင်တာပေါ့။ ဒါပေမဲ့ သူတို့ရဲ့မျက်လုံးက အားနည်းချက်ဆိုတာ သိသာနေတယ်။ သူတို့ရဲ့ မျက်လုံးက အားနည်းချက်ဆိုတာ သိသာနေကတည်းက သူတို့ရဲ့ အာရုံခံနိုင်တဲ့ အခြားအင်္ဂါတွေကိုလည်း အလားတူဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။ ဒီအတွက်ကြောင့် ငါကသူတို့ရဲ့နားကို တွေးခဲ့မိတာပဲ”

ဝမ်ချောင်က လက်ကိုကျောနောက်ကိုပစ်လျှက် ဖျော့တော့စွာ ပြုံးလိုက်သည်။ မည်သို့ပင် ဆိုစေကာမူ သူက အခြားလောကမှ မှတ်ဉာဏ်များအကြောင်း ထုတ်ပြော၍ မရချေ။

“သခင်လေးရဲ့ ပါရမီကတော့ တကယ်ကို လေးစားလောက်ပါတယ်။ အားလုံးထဲမှာ ထိပ်ဆုံးမှာရှိတယ်”

အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်တိုင်းက မှင်သက်သွားကြရန်ပြန်သည်။

ဝမ်ချောင်ယခု ရှင်းပြသွားသော ကိစ္စက စာကြောင်း အနည်းငယ်ထဲနှင့် ဖြစ်သည့်တိုင်အောင် ဝမ်ချောင်၏ ယခင်လုပ်ဆောင်မှုနှင့် အပြတ်အသပ် ကွာခြားနေသော်လည်း သူတို့ကမူ ထိုပြဿနာကို မေ့လျော့နေကြသည်။

တိုက်ခိုက်လိုက်ခြင်းကို ရပ်တန့်လိုက်သည့်တိုင်အောင် ဆင်ဖြူတော်တပ်ရင်းမှ ပြဿနာများက အဆုံးမသတ်နိုင်သေးချေ။ သတ်ဖြတ်ခြင်း အခြေအနေသို့ ဝင်ရောက်သွားခဲ့သော ထိုဆင်တိုင်းက စစ်တပ်တစ်ခုလုံးကို ပြေးလွှားကာ နင်းချေသတ်ဖြတ်နေခဲ့ပြီး ဆင်ဖြူတော်တပ်ရင်းမှ ဆုံးရှုံးမှုက ကြီးမားသထက် ကြီးမားလာသည်။ အနည်းဆုံး စစ်သည် အယောက်နှစ်ထောင်ကျော် သေသွားလေပြီ။

သို့တိုင်အောင် ဆင်ဖြူတော်တပ်ရင်းမှ စစ်သားများက အကောင်းဆုံး ကြိုးစားကာ ဆင်များကို စိတ်ငြိမ်သက်အောင် လုပ်ပေးနေရသေးသည်။ ဆင်ဖြူတော်တပ်ရင်းက ဆင်မရှိလျှင် ထိုနာမည်ပင် မရှိသင့်တော့ချေ။

“အရှင်မင်းကြီး ကျွန်တော်တို့အခု ဘာလုပ်ကြမလဲ။ ကျွန်တော်တို့အခု အခြားစစ်သားတွေကို ဦးဆောင် ချီတက်သွားရမလား”

“အရှင်မင်းကြီး ဒီဗိုလ်ချုပ်ကို ထပ်သွားခွင့်ပြုပါ”

“အရှင်မင်းကြီး ဒီဗိုလ်ချုပ်က တပ်ဖွဲ့ကိုဦးဆောင်ပြီး ထန်တွေကို အမြစ်ဖြတ်သုတ်သင်ဖို့ ဆန္ဒရှိပါတယ်”

မာန်ရှဲ့ကျောင်း၏ အလယ်ဗဟို စစ်တပ်တစ်နေရာတွင် ရှိနေသော စုစည်းရောက်ရှိနေကြသည့် ဗိုလ်ချုပ်များက ပုံမှန်မဟုတ်စွာ စိုးရိမ်ကြောင့်ကြနေကြသည်။

“ဒီနေ့ကိစ္စတွေကို ဒီနေရာပဲ ရပ်လိုက်ရအောင်”

ခဲ့လော့ဖုန်းက လေးစားစွာ သက်ပြင်းချပြီး သူ၏ အလွန်ရည်မှန်းချက်ကြီးသော ပုံစံကျ မျက်နှာတွင်ပင် ရှားပါးသော နွမ်းနယ်မှုကို မြင်လိုက်ရသည်။ ကျောက်တုံးဖြူတပ်ရင်း၏ ရှုံးနိမ့်မှုနှင့် ဆင်ဖြူတော်တပ်ရင်း၏ ရှုံးနိမ့်မှုက စစ်သည်တော် ခုနှစ်သောင်း၊ ရှစ်သောင်းခန့် နီးပါးကို သေဆုံးသွားစေလေရာ ထိုဘုရင်၏ နှလုံးသားထဲတွင်လည်း အရိပ်ဆိုး တစ်ခုအဖြစ် ဝင်ရောက်သွားသည်။

“ဗိုလ်ချုပ်တို့ တိုက်ပွဲအကြောင်း အခုမပြောဘဲ နေကြရအောင်။ ဒီဘုရင်က အရင်ဆုံး ယွီစန်းက မဟာအမတ်နဲ့ တွေ့ဆုံလိုက်မယ်။ အကြံအစည်ရတာနဲ့ ဆုံးဖြတ်ချက် ချမယ်”

“ဟုတ်ကဲ့အရှင်မင်းကြီး”

ဗိုလ်ချုပ်များက ချက်ချင်းလိုလို ဂါရဝပြု တုန့်ပြန်လိုက်ကြသည်။

အ့ဟိုင်တွင် ခဲ့လော့ဖုန်း၏ အဆင့်အတန်းက မဟာထန်မှ အရှင်ဧကရာဇ်နှင့် တူညီနေသည်။ သူ၏စကားတိုင်းကပင် စည်းမျဉ်းဖြစ်လေရာ မည်သူကမှ အမိန့် မဖီဆန်ဝံ့ကြချေ။

“စကားမစပ် ဗိုလ်ချုပ်သွမ့်ရဲ့ ဒဏ်ရာတွေက ဘယ်လိုနေလဲ”

ခဲ့လော့ဖုန်းကပြောသည်။

“ဗိုလ်ချုပ်သွမ့်ရဲ့ အခြေအနေက တည်ငြိမ်သွားပါပြီ”

မာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်တစ်ယောက်က ပြောလိုက်သည်။ ခဲ့လော့ဖုန်းက သွမ့်ဝူကျုံးကို ရည်ညွှန်းကြောင်းကို သူကသိလိုက်သည်။

“ငါကိုယ်တော် သွားပြီးကြည့်လိုက်မယ်”

နဂါးဝတ်ရုံ အင်္ကျီလက်ကို တစ်ချက်ယမ်းလျှက် ခဲ့လော့ဖုန်းက ထိုနေရာမှ ထွက်ခွာသွားသည်။

သူက ထွက်ခွာလိုက်သည့် တခဏတွင် အရှေ့တောင်ဘက်ပိုင်းမှ သံရှည်ဆွဲကာ ခရာမှုတ်သံက ထွက်ပေါ်လာသည်။ များပြားသော တိဗက်စစ်တပ်က ဒီရေပြန်ကျသွားသလိုမျိုး ထန်များ၏ တောင်ခြေကို သိမ်းပိုက်ထားရာမှ နောက်ပြန်ဆုတ်သွားသည်။ မာန်ရှဲ့ကျောင်းကလည်း နားလည်မှုရသလိုမျိုး ပြန်ဆုတ်ခွာသည်။

ရွေ့လျားမှု အနည်းငယ်ထဲနှင့် ထိုနေရာက လူသူရှင်းလင်းသွားသည်။

လေထန်သော တောင်ပေါ်တွင် ရှိနေသည့် သိန်းငှက်အိုကြီးက အောက်သို့ငုံ့ကြည့်ပြီး တင်ပြသည်။

“သခင်လေး သူတို့ နောက်ဆုတ်သွားကြပြီ”

“အွန်း သူတိုု့ဆုတ်သင့်ပါတယ်”

ဝမ်ချောင်က နှာခေါင်းရှုံ့လျှက် မည်းမှောင်သော ကောင်းကင်ကို တစ်ချက်ကြည့်လိုက်သည်။ အစောပိုင်း သတ်ဖြတ်သုတ်သင်ခြင်း မီးလုံးမိုးများ ရွာသွန်းခြင်း ဆင်ဖြူတော်တပ်ရင်း မာန်ရှဲ့ယွီစန်း စစ်တပ်က တစ်နေ့ထဲတွင် သုံးသုတ် လေးသုတ်ခန့် တိုက်ခိုက်ခဲ့သည်။ သို့သော်သူက တစ်သုတ်ချင်းစီတိုင်းကို အလဲထိုးနိုင်ခဲ့သည်။

“အခုက နောက်ဆုတ်ရမဲ့ အချိန်ဆိုတာကို သူတို့သိတယ်ဆိုမှတော့ သူတို့အတွက် နောက်မကျသေးလောက်ပါဘူး”

သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ ခဲ့လော့ဖုန်းတို့က အနောက်တောင်ဘက်ပိုင်းမှ အလွန်လွှမ်းမိုးနိုင်စွမ်း ကြီးမားသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပြီး ကျန်းချုံကျန့်ချုံးနှင့် အဆင့်တူသည်။ ထိုလူတိုင်းကို ရင်ဆိုင်ရာတွင် မည်သူကမဆို သတိကြီးကြီး ထားကြရလောက်သည်။

အခြားလူတစ်ယောက်ကသာ ဝမ်ချောင်က ပြောသွားသော စကားများကို ပြောလာခဲ့လျှင် အားလုံးက သူ့ကို အရူးလို ကြည့်ကြပေလိမ့်မည်။ သို့သော် ဝမ်ချောင်၏ ပါးစပ်မှထွက်လာသောအခါ မည်သူကမှ ထိုစကားများက မသင့်လျော်ဟု မထင်ကြတော့ချေ။ သူ၏လုပ်ဆောင်မှုများကလည်း သူ့တွင် ထိုသို့ပြောရန် လုံလောက်သော အဆင့်ရှိကြောင်း ပြသခဲ့ပြီးလေပြီ။

အန်းနန်အစိုးရစစ်တပ်က ဗိုလ်ချုပ်များက ဝမ်ချောင်၏ သူတို့၏ နှလုံးသားထဲတွင်ရှိသော ဝမ်ချောင်၏နေရာက ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ကဲ့သို့ သူတို့နှင့်အတူ တစ်လလုံးလုံး တိုက်ခိုက်ခဲ့သော ပုဂ္ဂိုလ်ကြီးများကိုပင် ကျော်လွန်သွားကြောင်း မသိလောက်ကြချေ။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စစ်သားတွေအားလုံး မီးဖိုဖိုပြီး သူတို့ရဲ့ ညစာအတွက် ပြင်ဆင်လို့ရပြီ”

“ဒါပေမဲ့ သခင်လေး ဒါက သူတို့တိုက်ခိုက်လာမဲ့ အခွင့်အရေး ဖြစ်သွားနိုင်လား”

သိန်းငှက်အိုကြီးကပြောသည်။

“ဟမ့် သူတို့လုပ်ရဲရင်ပေါ့...”

နှာခေါင်းရှုံ့လိုက်ပြီး ဝမ်ချောင်က အင်္ကျီလက်ကို တစ်ချက်ယမ်းကာ ထွက်သွားသည်။ ဒီလိုလုပ်ပြလိုက်ခြင်းက သူတို့ကို တိုက်ခိုက်ရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်လေရာ သူတို့က တိုက်ခိုက်လာမည်ဆိုလျှင် ဝမ်ချောင်က ကြိုဆိုပေးမည်ဖြစ်သည်။

“ဒါကတမင်သပ်သပ် ရန်စတာပဲ။ ဒီကလေးက ငါတို့ကို လှောင်နေတာ”

တောင်ပေါ်မှ အငွေ့တလူလူ ထွက်လာသော မီးခိုးများကို မြင်လိုက်သည့် ဟော်ရှု့ဟွေ့ခမ်းက ရုတ်တရက် ပြောသည်။ သို့သော် သူ၏အကြည့်ကမူ သာ့လွန်ရော့ကျန်းထံ ရောက်သွားချိန်တွင် အဓိပ္ပာယ်က တစ်မျိုးပြောင်းသွားသည်။ သူက ဝမ်ချောင်ဟာ တိဗက်များကို ရန်စသည်ဟု ပြောလိုက်ခြင်းဖြစ်သော်လည်း အဓိပ္ပာယ်ကမူ ဝမ်ချောင်က သာ့လွန်ရော့ကျန်းကို ရန်စခြင်းဖြစ်ကြောင်း ရည်ညွှန်းနေသည်။

“ဒါက ငါ့ရဲ့လုပ်နိုင်စွမ်းအားကို ကျော်သွားပြီ”

သာ့လွန်ရော့ကျန်းက ခါးသီးစွာပြုံးသည်။

“ဟမ် မင်းကဒီလိုပဲ အရှုံးပေးလိုက်တော့မှာလား”

ဟော်ရှု့ဟွေ့ခမ်းက သူ့စကားသူ မယုံတော့ချေ။ ဟော်ရှု့ဟွေ့ခမ်းက နာ့ယိတော်ဝင်တပ်ရင်းမှ မဟာအမတ်ကို ကောင်းကောင်း နားလည်သည်။ တစ်ဖက်သူက ထိုသို့အရှုံးပေးသည်ဟု တွေးသောလူတိုင်းက အသတ်ခံလိုနေခြင်းသာ ဖြစ်ရပေမည်။ သာ့လွန်ရော့ကျန်းက အလွယ်တကူ အရှုံးပေးတတ်သည်ဟု ထင်သောလူများ၏ အရိုးများက မြေကြီးထဲတွင် ဖုန်အဖြစ် ပြောင်းနေလေပြီ။

အနည်းဆုံး ကျန်းချုံကျန့်ချုံးကပင် လက်ရှိနေရာတွင် ရှိနေခဲ့ပြီး သာ့လွန်ရော့ကျန်း၏ မျက်နှာကို မြင်သွားလျှင် ပို၍ပင် သတိထားနေလောက်သည်။

“ဒါပေမဲ့ ဒီကောင်စုတ်လေးက တကယ်ကို အထင်သေးလို့ မရဘူး။ ကျန်းချုံကျန့်ချုံးကတောင် ငါ့ကိုဒီလောက်ထိ မတွန်းပို့နိုင်ဘူး”

ထိုစကားများနှင့်အတူ သာ့လွန်ရော့ကျန်းက မျက်မှောင်ကို ကျုံ့လိုက်သည်။

ဟော်ရှု့ဟွေ့ခမ်းကလည်း မျက်မှောင်ကို ကျုံ့လိုက်သည်။ သူကလည်း နှစ်ပေါင်းများစွာကြာအောင် သာ့လွန်ရော့ကျန်းနှင့် အတူတူ အလုပ်လုပ်ပြီးကတည်းက ထိုစကားများက သာ့လွန်ရော့ကျန်း၏ နှလုံးသားထဲမှလာကြောင်း နားလည်နေသည်။ သာ့လွန်ရော့ကျန်းထံမှ ထိုသို့စကား ထွက်လာသည့်အခါ ဝမ်ချောင်က သူ့ကိုယ်သူ ဂုဏ်ယူလိုက်သင့်သည်။

တိုက်ပွဲနယ်မြေ တစ်ခုလုံးက ချောက်ချားဖွယ် တိတ်ဆိတ်သွားပြီး အမှောင်ထုအတွင်းတွင် မီးပုံများက ကြယ်များသဖွယ် ဖြစ်လာသည်။ ထိုအချိန်တွင် ထန် မာန်ရှဲ့ကျောင်းနှင့် တိဗက်များ အားလုံးက ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်နေကြပြီး ရှားရှားပါးပါး တည်ငြိမ်တိတ်ဆိတ်နေကြသည်။

ရုတ်တရက် အမှောင်ထုအတွင်း မည်သူမျှ အာရုံမစိုက်သော တစ်နေရာမှ အနောက်မြောက်ပိုင်း တောင်ပေါ်သို့ မျက်နှာမူလျှက် ပုံရိပ်ပေါင်းများစွာ ပေါ်လာသည်။

“ဒီနေရာပဲ”

ပြောလိုက်သောသူက ကျောတွင် ဆေဘာဓားနှစ်လက်ကို ထိုးထားပြီး သာ့လွန်ရော့ကျန်း၏ အနားတွင် ရပ်နေသည်။ ထိုသူက သတ္ထုစွမ်းအင်ကို အဓိကထား လေ့ကျင့်သော အုပ်စုတိဗက်ဗိုလ်ချုပ် ထူမီဆန်းကျဖြစ်သည်။ သူနှင့်အတူ လုံချင်ပါ့နှင့် စစ်ရန်ရှန်းရှုံးတို့လည်း ပါသည်။ သူတို့အားလုံးက လေးနက်သော မျက်နှာထားဖြစ်နေကြသည်။

မဟာအမတ်က အဓိပ္ပာယ်ပါသော စကားမျိုးကို မပြောရဲချေ။ အနည်းဆုံး ဒီအချိန်တွင်ဖြစ်သည်။

“ဒီကောင်စုတ်လေး ဘာလုပ်မလို့လဲ”

စစ်ရန်ရှန်းရှုံးက အကြည့်ကို တောင်ခြေမှ တောင်ပေါ်သို့ မြှောက်လိုက်သည်။ ထိုသို့ရှည်လျားသော လမ်းတောက်လျှောက် ကျန်းအကျယ်အဝန်း တောက်လျှောက်တိုင်းတွင် မည်သည့်နေရာမှ ဦးဆောင်ခြင်း မရှိသော လျှောက်လမ်းပင်မရှိသော သတ္ထုနံရံများ မရှိသော နေရာတွင် အမျိုးမျိုးသော အရွယ်အစားရှိသည့် အမျိုးမျိုးသော ပုံသဏ္ဍန်မျိုးဖြင့် ဆူးချွန်ပေါင်းများစွာ ရှိနေသည်။

အကြီးဆုံး ဆူးချွန်များက ငါးပေခန့်အထိကြီးပြီး အသေးဆုံး ဆူးချွန်က တစ်လက်မပင်မကြီးချေ။ သို့သော် အားလုံးက ထောင့်တိုင်းတွင် ဆူးများအပြည့် ရှိနေသည်။ ထိုဆူးချွန် သိန်းပေါင်းများစွာ ပမာဏက သို့မဟုတ် သန်းကျော်နေနိုင်သော ထိုပမာဏကို တောင်ထိပ်ပေါ်မှ လောင်းချထားပြီး တောက်လျှောက် အောက်ထိ ရှိနေသည်မှာ အနက်ရောင် ဆူးချွန်မြစ်က အောက်သို့ပြောင်းပြန် စီးဆင်းနေသည်နှင့်ပင် တူသေးသည်။

မြို့ရိုးများအပြည့် ကာထားသော ထိုတောင်ပေါ်တွင် ထိုဆူးချွန်များက အလွန်မှင်သက်ဖွယ် ကောင်းလောက်အောင် ထီးထီးရှိနေသည်။

အောက်ဘက်မှ တိဗက်အုပ်စုထဲမှ ဗိုလ်ချုပ်တစ်ယောက်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“ဒီကောင် သတ္ထုမြို့ရိုး တည်ဆောက်ဖို့ ပစ္စည်းမလောက်တော့လို့လား”

“မဖြစ်နိုင်ဘူး အဲ့ဒီက သတ္ထုဆူးချွန်တွေ ဘယ်လောက်များလဲကြည့်စမ်း။ ဒီပစ္စည်းက ဒီလမ်းကြောင်းကို မြို့ရိုးဆောက်ဖို့ မလောက်ဘူးလို့ မင်းထင်လား”

လုံချင်ပါ့က အေးစက်စွာပြောသည်။ ကျားငါးကောင် ဗိုလ်ချုပ်ငါးယောက်ထဲတွင် သူတစ်ယောက်ထဲသာ ကျန်တော့သည်။ ကျန်သောဗိုလ်ချုပ်များက စစ်ရန်ရှန်းရှုံးနှင့် ထူမီဆန်းကျလို လူမျိုးသားဖြစ်ကြသည်။ ထူမီဆန်းကျကပင် လုံချင်ပါ့ကို ခပ်ယောင်ယောင်ပင် ရန်မစရဲချေ။

ကျားငါးကောင်ဗိုလ်ချုပ်မှ ခေါင်းဆောင်ဖြစ်သည့်အလျောက် လုံချင်ပါ့က အလွန်အမင်း ကြောက်စရာကောင်းသော တည်ရှိမှုလည်းဖြစ်သည်။

“ဒီလိုဆိုရင် အဲ့ဒီနေရာက တစ်ခုခုတော့ ဖြစ်နေလောက်တယ်။ ဒီကောင်စုတ်က အကြံအစည် ချနေတာ ဖြစ်လောက်တယ်”

ရုတ်တရက် စစ်ရန်ရှန်းရှုံးက ပြောလိုက်သည်။

ထိုသို့ဆူးချွန်များ ရုတ်တရက် ရှိနေခြင်းက တစ်စုံတစ်ရာ လုပ်နေခြင်းမဟုတ်လျှင်ပင် ထူးဆန်းနေပေလိမ့်မည်။

“ထူမီဆန်းကျ မင်း မင်းရဲ့ချီစက်ကွင်းနဲ့ ဒီဆူးချွန်တွေကို သတ္ထုလူသားအဖြစ်ပြောင်းပြီး ရှင်းလင်းလို့ရလား”

သာ့လွန်ရော့ကျန်းက ရုတ်တရက် အဓိပ္ပာယ် အပြည့်ပါသော အကြည့်မျိုးဖြင့် လှည့်ကြည့်ကာမေးသည်။

“ဖြစ်နိုင်တယ် ဒါပေမဲ့ မလွယ်ဘူး”

ထူမီဆန်းကျ၏ မျက်နှာတွင်လည်း ဒုက္ခများသွားဟန်က ပေါ်လာသည်။

“သေးတာကြီးတာကို ဖယ်ထားလိုက်ရင်တောင်မှ ဒီဆူးချွန်တိုင်းက သင်္ကေတအပြည့် ထွင်းထုထားလို့ အရမ်းကို အကြမ်းခံမာကြောတယ်။ ဒီသတ္ထုဆူးချွန်တွေ အားလုံးနဲ့ဆိုရင် ကျွန်တော် ဖန်တီးနိုင်တဲ့ သတ္ထုလူသား အရေအတွက်က အရမ်းကို အကန့်အသတ် ရှိနိုင်တယ်။ ဒါ့အပြင် ကြယ်တာရာပေါင်း စွမ်းအင်ပေါင်း များစွာကိုလည်း ကုန်ဆုံးစေလိမ့်မယ်။ ကျွန်တော်တို့က ဒီသတ္ထုလူသားတွေကို သုံးပြီး ရှင်းလင်းမယ်ဆိုရင် ဒီသတ္ထုလူသားတွေက ဆူးချွန်တွေကြောင့် ဒုက္ခတော့ မဖြစ်နိုင်ပေမဲ့ သူတို့ရဲ့ လုပ်ဆောင်မှုက ဆူညံသံတွေ ထွက်နိုင်လို့ တောင်ပေါ်က ထန်တွေက သိသွားဦးမှာပဲ”

“ထပ်ပေါင်းပြောရရင် ဒီနေရာမှာ ဆူးချွန်တွေ အရမ်းများလွန်းတယ်။ ဒါကြောင့် ကျွန်တော် လုပ်နိုင်တာက အကန့်အသတ်ကိုရှိနေတယ်”

ထူမီဆန်းကျ၏ မျက်နှာတွင်လည်း ဒုက္ခများသွားဟန်က ပေါ်လာသည်။

အခန်း(၅၉၈)

သတ္ထုစွမ်းအင်သုံး ကျင့်ကြံသူများက ပြိုင်ဘက်ကင်းများ မဟုတ်ကြချေ။ လော့ကျီး၊ လင်းဝူရှို့နှင့် ချန်းကွမ့်ရွှန်းတို့ကို ရင်ဆိုင်ပြီးနောက် ထူမီဆန်းကျက ကြယ်တာရာစွမ်းအင်ပေါင်း များစွာကို အသုံးပြုခဲ့ရလေရာ သူသည်လည်း အတော် အထိနာခဲ့လေသည်။ ထပ်ပေါင်းဆိုရသော် သတ္ထုလူထွားကြီးကို ဆင့်ခေါ်ခြင်းကပင် ကြယ်တာရာစွမ်းအင်ပေါင်း များစွာကို ကုန်ဆုံးနေလေပြီ။

သူ၏စွမ်းရည်က အရွယ်အစား သိန်းပေါင်းများစွာ ရှိနေနိုင်သည့် ထိုသတ္ထုဆူးချွန်များကို ရှင်းလင်းရန် လုံလောက်သည့် သတ္ထုလူသားများကို ဖန်တီးရန် မလုံလောက်ချေ။ သတ္ထုလူသား အယောက်တစ်ရာကို ဆင့်ခေါ်လိုက်နိုင်သည့်တိုင်အောင် ဒီတာဝန်အတွက် မလုံလောက်နေပြန်ချေ။

သာ့လွန်ရော့ကျန်းက တိတ်တဆိတ် တောင်ထိပ်သို့ ကြည့်လိုက်ပြီး သူ၏မျက်ဝန်းအတွင်း အတွေးပေါင်း မရေမတွက်နိုင်အောင် ဖြတ်သန်းသွားသည်။ ပိန်းပိတ်အောင် မည်းမှောင်နေသော အမှောင်ထုအတွင်း မည်သည့်အရာကိုမျှ မမြင်နိုင်သော်လည်း သာ့လွန်ရော့ကျန်းကမူ တောင်ထိပ်ပေါ်တွင် မရွေ့လျားဘဲ ရပ်နေသော ထိုပုံရိပ်ကို မြင်နိုင်နေသလိုမျိုး ထိုပုံရိပ်က တစ်စုံတစ်ရာကို အကွက်ချနေခြင်းကို မြင်နိုင်နေသလိုမျိုး ခံစားလိုက်ရသည်။

နာ့ယိတော်ဝင်တပ်ရင်းကို နှစ်ပေါင်းများစွာ စီမံကိုင်တွယ်လာခဲ့သည့် သူ၏သက်တမ်းတလျှောက် ကျန်းချုံကျန့်ချုံးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး ထိုးနှက်ချက်ပေါင်း များစွာကို ခံခဲ့ရသော ထိုဆယ်နှစ်တာ အတောအတွင်းတွင်ပင် သာ့လွန်ရော့ကျန်းအနေဖြင့် ထိုမျှခန့်မှန်းရန် ခက်ခဲသော လူမျိုးနှင့် ရင်မဆိုင်ခဲ့ဖူးချေ။ ပြိုင်ဘက်က အချိန်တိုင်းလိုလို အကွက်ချပြီး ဗျူဟာချခင်းနိုင်သည်ဟု ခံစားနေရခြင်းဖြစ်သည်။ ထိုခံစားချက်က သာ့လွန်ရော့ကျန်း၏ ထင်ယောင်ထင်မှားသည်လားမသိ သူက သူ့ကိုယ်သူ ပြန်မြင်နေရသလို ခံစားနေရသည်။

“တကယ်ကို အင်အားကြီးတဲ့ ရန်သူပဲ”

သာ့လွန်ရော့ကျန်းက ရေရွတ်လိုက်ပြီးနောက် တဖန်ထပ်ပြီး တိတ်ဆိတ်သွားပြန်သည်။ တခဏခန့် ကြာပြီးနောက် သူက လုံချင်ပါ့ကိုပြောသည်။

“အားလုံးက အဆင်သင့်ပဲလား”

“မဟာအမတ်ကို ပြန်ဖြေပါတယ်။ အားလုံးက အဆင်သင့်ပါပဲ။ စစ်မြင်းငါးထောင်ကို မာန်ရှဲ့ကျောင်းက ထောက်ပံ့ပေးတဲ့ အဝတ်တွေနဲ့ သူတို့ရဲ့ မြင်းခွာတွေကို ပတ်ပြီးပါပြီ”

လုံချင်ပါ့က တည်တင်းစွာ ပြန်ဖြေသည်။

“အရမ်းကောင်းတယ် ဒါဆိုရင် ငါတို့ဘက်က စလိုက်ရအောင်”

သာ့လွန်ရော့ကျန်းက ပြတ်သားစွာ အမိန့်ထုတ်လိုက်ပြီးနောက် သူ၏အကြည့်ကလည်း အေးစက်သွားတော့သည်။ စစ်က နေ့အချိန်တွင်သာ တိုက်ခိုက်ရမည်ဟူ၍ ကန့်သတ်ချက်မရှိချေ။ ညအချိန်ကလည်း ကြောက်မက်ဖွယ်တိုက်ပွဲ၏ အချိန်ဖြစ်နိုင်သည်။ သို့သော် နေ့အလင်းကဲ့သို့ တောက်ပသော သဘာဝအလင်း မရှိလေရာ အန်းနန်အစိုးရစစ်တပ်ဘက်မှ ခုခံရာတွင် ကြီးမားစွာ ကန့်သတ်ခံရမည်ဖြစ်သည်။

သာ့လွန်ရော့ကျန်းက ထိုမျှနောက်ကျသည့် အချိန်ကို တမင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ လူအများကလည်း ငိုက်မြည်းနေသော အချိန်က အလုံးအရင်းဖြင့် တိုက်ခိုက်ရန် အကောင်းဆုံးဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း

သာ့လွန်ရော့ကျန်းက အမိန့်ထုတ်လိုက်သည့်အခိုက် အနောက်တောင်ဘက်ပိုင်းမှ ကျယ်လောင်သော ဗုံတီးသံက ထွက်ပေါ်လာသည်။ လေထဲတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသော လေထုအရှိန်အဝါလိုမျိုး ထိုးနှက်လာပြီးနောက်တွင် ကောင်းကင်သို့ မီးရောင်က ထိုးတက်သွားသည်။ အဝေးမှ သတ်ဖြတ်တိုက်ခိုက်ရန် တိုးဝင်လာနေသော စစ်သည်တစ်သုတ်ကို သူဖျော့တော့စွာ မြင်နိုင်သည်။

“သတင်းပို့”

တချိန်ထဲလို စစ်မြင်းတစ်ကောင်က ဖုန်များတလုံးလုံးဖြင့် တိဗက်သတင်းပို့ တစ်ယောက်က အပြေးနှင်လာသည်။

“မဟာအမတ် မာန်ရှဲ့ကျောင်းရဲ့ စခန်းက တိုက်ခိုက်ခံလိုက်ရပါပြီ။ ထန်တွေက ညလယ်ခေါင်မှာ စခန်းကို ဝင်စီးခဲ့တာပါ”

ထိုသတင်းက စုရုံးရောက်ရှိနေကြသော ဗိုလ်ချုပ်တိုင်း၏ မျက်နှာထားကို အလွန်အံ့အားတကြီး ဖြစ်သွားအောင် လုပ်လိုက်နိုင်သည်။ သူတို့က ထန်စခန်းကို ဝင်စီးရန် တွေးနေချိန်တွင် ထန်က မာန်ရှဲ့ကျောင်း၏ စခန်းကို ဦးစွာဝင်စီးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ မာန်ရှဲ့ကျောင်းက အငိုက်ခံလိုက်ရတာလား”

သာ့လွန်ရော့ကျန်းက ဒေါကို ထိန်းချုပ်လျှက် ပြောလိုက်သည်။

ခဲ့လော့ဖုန်းက အနောက်တောင်ပိုင်းတွင် အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ အခြားသူများက ထိုသို့ အမှားလုပ်လိုက်သော်လည်း သူက မလုပ်သင့်ချေ။

“မဟုတ်ပါဘူး ထန်စစ်သားတွေက ကျွန်တော်တို့ တိဗက်သံချပ်ကာတွေ ဝတ်ထားကြတာပါ”

သတင်းပို့က တုန့်ဆိုင်းစွာပြောသည်။ ထိုစကားနှင့်အတူ လုံချင်ပါ့၊ ထူမီဆန်းကျ၊ စစ်ရန်ရှန်းရှုံးနှင့် သာ့လွန်ရော့ကျန်း၏ မျက်နှာက ဖြူဖျော့သွားပြီး သူတို့၏မျက်နှာတွင် ပို၍ကြီးမားသော ရန်ငြိုးများကို ထုတ်ဖော်လိုက်ကြသည်။

“သေစမ်း”

လုံချင်ပါ့က လက်သီးကို ခပ်တင်းတင်းဆုပ်သည်။ ကွဲအက်သံကပင် ထွက်လာသေးသည်။

ဒီတစ်ကြိမ်က သူနှင့်ဝမ်ချောင်က ပထမဦးဆုံးအကြိမ် ရင်ဆိုင်ခြင်း မဟုတ်ချေ။ ထို့ကြောင့် ဒါက ဝမ်ချောင်၏ အကြံဖြစ်ကြောင်း ထပ်တွေးရန် မလိုအပ်ချေ။ စခန်းကို ဝင်စီးသော ထိုမျိုးမစစ်ကို သူက ဘေးဖယ်ထားလိုက်မည် ဆိုလျှင်ပင် တပ်ဖွဲ့များကို တိဗက်လူမျိုးများအဖြစ် ဟန်ဆောင်ရဲခြင်းက လက်သင့်မခံသင့်ချေ။

မာန်ရှဲ့ကျောင်းက သူတို့၏ နောက်ခံကို အထင်မှားပြီး ဝမ်ချောင်၏ လူများကို ဝင်ခွင့်ပေးလိုက်ခြင်းအားဖြင့် သူတို့က အောင်မြင်သွားခြင်း ဖြစ်လောက်သည်။

ဝုန်း

စုရုံးရောက်ရှိနေကြသော ဗိုလ်ချုပ်တိုင်းက မာန်ရှဲ့ကျောင်း၏ စစ်တပ်ကို ဝင်စီးခံရသော သတင်းကြောင့် အံ့အားသင့်နေချိန်တွင် မိုးခြိမ်းသံလို ကျယ်လောင်သော အသံနှင့်အတူ ကောင်းကင်ထဲသို့ မီးညွှန့်များ ထိုးတက်သွားပြီး ပို၍ကျယ်လောင်သည့် တိုက်ခိုက်သံများက ထွက်ပေါ်လာပြန်သည်။ ဒီတစ်ကြိမ်တွင် အသံက မာန်ရှဲ့ကျောင်း စခန်းဘက်မှ မလာဘဲ သူတို့၏ အနောက်ဘက် တောင်ထဲမှ လာသည်။

“သတ် တိဗက်တွေကို ဖမ်းကြစမ်း”

“သူတို့ကို မပြေးစေနဲ့”

“သခင်လေးက သူတို့ရဲ့ အကြံအစည်ကို သိပြီးသား။ သူတို့က ငါတို့ရဲ့စခန်းကို ဝင်စီးဖို့တောင် တွေးနေတာပဲ”

တောင်မှလာသော အသံကို နားထောင်ရုံနှင့်တင် သာ့လွန်ရော့ကျန်း အပါအဝင် ဗိုလ်ချုပ်တိုင်း၏ မျက်နှာက တင်းမာသွားကြသည်။

“ငါတို့တွေ ထောင်ချောက်ထဲ ကျသွားပြီ”

လူတိုင်းက သာ့လွန်ရော့ကျန်းကို ကြည့်လိုက်သည်။ မည်သူကမှ စကားမဆိုချေ။

“ဟား ဟား ဟား သခင်လေး ဒီကောင်တွေ တကယ်ကို ထောင်ချောက်ထဲ ကျသွားတယ်”

တောင်ထိပ်ပေါ်ရှိ လူအုပ်က တောင်ပေါ်နှင့် တောင်အောက်တွင် တောက်လောင်နေသော မီးညွန့်များကိုကြည့်ပြီး သဘောတကျ ရယ်ကြသည်။

“အားသာချက်ကလည်း အားနည်းချက် ဖြစ်သွားနိုင်တာပဲ။ ကျွမ်းကျင်မှုကလည်း လိုအပ်ချက် ဖြစ်သွားနိုင်တယ်။ သာ့လွန်ရော့ကျန်းက ဗဟိုပြင်ကျယ်က သိထားတဲ့ နည်းလမ်းကိုသုံးပြီး မဟာထန်ရဲ့ စခန်းကို ဝင်စီးဖို့ သုံးချင်တယ်ဆိုရင် သူလူမှားရွေးမိသွားပြီလို့ပဲ ငါပြောနိုင်တော့မယ်”

ဝမ်ချောင်က တောင်အောက်သို့ ငုံ့ကြည့်ပြီး ပြုံးလိုက်သည်။

သူကဘာကိုမျှ မမြင်နိုင်သော်လည်း ဝမ်ချောင်အနေနှင့် သာ့လွန်ရော့ကျန်း၏ မျက်နှာက အလွန်မှင်သက်နေလောက်ကြောင်း သိနေသည်။

ယွီစန်းတွင် မည်သည့်စစ် အနုပညာသိုင်းမျှ မရှိချေ။ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက ဝပ်နေသော ကျားတစ်ကောင် ပုန်းနေသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသော်လည်း စစ်အနုပညာမဲ့သော လွင်ထီးခေါင် ဖြစ်နေသေးသည်။ ဗဟိုပြင်ကျယ်က ဗျူဟာများ၏နယ်မြေ၊ စစ်အနုပညာတို့ ပေါင်းစံရာ ယဉ်ကျေးမှုတို့ ပေါင်းစုံရာ နေရာတစ်ခုဖြစ်သည့်အလျောက် မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းကို ထည့်ပင်ပြော၍ မသင့်ချေ။

ဝမ်ချောင်၏ စိတ်အတွင်းတွင်လည်း အော်ရယ်နေမိသည်။

ဝမ်ချောင်အနေနှင့် သာ့လွန်ရော့ကျန်းက ညဘက်တွင် ဝင်စီးနင်းမည်ဆိုသော အချက်ကို မသိစရာ အကြောင်းမရှိပေ။ ထို့အပြင် တိုက်ခိုက်ပြီးနောက် ထွက်ပြေးကာ အမြစ်ဖြုတ် သုတ်သင်သော နည်းလမ်းကို သုံးမည့်အကြောင်းကိုလည်း သိထားသည်။ ယခုကဲသို့ အချိန်မျိုးတွင် စခန်းကို ဝင်စီးမည့် အတွေးကိုပင် တွေးနိုင်သည်ဟု သုံးသပ်မိခြင်းက မှန်ခဲ့သည်။

ဒါပေမဲ့သူက ဝမ်ချောင်ကို တွေ့လိုက်မိတာပဲ။ ဝမ်ချောင်နဲ့ ရင်ဆိုင်နေရတာကြောင့်ပဲ...။

ဝမ်ချောင်က ထိုဖြစ်နိုင်ချေကို တွေးမိပြီး ခုခံရန် ပြင်ဆင်ရုံမျှသာ လုပ်ထားခဲ့သည်။ သာ့လွန်ရော့ကျန်းက အမှန်တကယ် ထောင်ချောက်လဲ လမ်းလျှောက်ဝင်လာပြီး လည်စင်းခံရန် လူများပို့မည်ဟု မထင်ထားမိချေ။

“ဘယ်လိုလဲ”

ဝမ်ချောင်ကမေးသည်။

“သခင်လေးရဲ့ အမိန့်အရ ကျွန်တော်တို့က ခြုံခိုတိုက်ခိုက်ဖို့ ဒူးလေးကြီးတွေကို အသင့်ပြင်ထားပြီးပါပြီ။ ကျွန်တော်တို့ လူအမြောက်အများကို သတ်နိုင်ပြီး ထွက်ပြေးလွတ်မြောက်သွားတာ တစ်ထောင်လောက်ပဲ ရှိမယ်လို့ ယူဆရပါတယ်”

ဗိုလ်ချုပ်က တင်ပြသည်။

“ဒါကလုံလောက်တယ် သူတို့ကို ထွက်သွားခွင့် ပြုလိုက်ပါ။ ထပ်ပေါင်းပြောရရင် ဒီနေ့အတောအတွင်းမှာ သေသွားတဲ့ တိဗက်နဲ့ မာန်ရှဲ့ကျောင်း စစ်သားတွေရဲ့ သံချပ်ကာတွေကို စုစည်းဖို့ ငါရဲ့အမိန့်ကိုထုတ်လိုက်။ ငါတို့က ဒီအကွက်ကို သုံးပြီးပြီဆိုပေမဲ့လည်း မာန်ရှဲ့ယွီစန်း စစ်တပ်က ဒီနေရာမှာ ရှိနေသလိုမျိုး ငါတို့ထပ်သုံးလို့ရတယ်”

“ဟုတ်ကဲ့သခင်လေး”

သတင်းပို့က လျှင်မြန်စွာ အမိန့်ကို သွားရောက်ပို့ဆောင်သည်။

တစ်နေ့တာ အတောအတွင်း တောင်ပေါ်တွင် စစ်သည် ခြောက်သောင်းမှ ခုနှစ်သောင်းဝန်းကျင် သေခဲ့သည်။ ဒီခေတ်တွင် စစ်တပ်အများစုက အလောင်းများကို မြုပ်ရန်ရွေးချယ်ကြသလို တောင်ပေါ်မှ ပစ်ချခြင်း သို့မဟုတ် တစ်နေရာသို့ လွင့်ပစ်လိုက်သည့် နည်းလမ်းကိုလည်း သုံးကြသည်။ သို့သော် ဝမ်ချောင်အတွက်မူ ထိုအလောင်းများက အသုံးဝင်သေးသည်။

အန်းနန်အစိုးရစစ်တပ်က နေ့တာတွင် အလုံးအရင်းဖြင့် ခုခံသည့်ဘက်တွင်သာ နေခဲ့ရသော်လည်း ညအချိန်တွင်မူ အပြည့်အဝ ကွာခြားသွားသည်။ ဝမ်ချောင်၏ စရိုက်အရ ငြိမ်ငြိမ်ထိုင်ကာ လည်စင်းခံမည့် အသေခံရန် စောင့်နေမည့်လူမျိုး မဟုတ်ချေ။ ဒီအချိန်က ထန်များက တိုက်ခိုက်ရန်အတွက် တစ်ခုတည်းသော အကောင်းဆုံး အခွင့်အရေးလည်းဖြစ်သည်။

ယွီစန်းများက မာန်ရှဲ့ကျောင်းနှင့် မဟာမိတ် ဖြစ်နေသမျှ ဝမ်ချောင်က သူ၏တပ်ဖွဲ့ကို တိဗက်လူမျိုးများအဖြစ် ရုပ်ဖျက်လျှက် မာန်ရှဲ့ကျောင်းပင်ဖြစ်စေ၊ သူ၏တပ်ဖွဲ့ကို မာန်ရှဲ့ကျောင်း စစ်သားများအဖြစ် ရုပ်ဖျက်လျှက် တိဗက်များပင်ဖြစ်စေ အသုံးပြုနိုင်သေးသည်။

“ဗိုလ်ချုပ်ချန်းတို့ အဖွဲ့ကို ပြန်လာဖို့ ခေါ်လိုက်ပါ”

ဝမ်ချောင်က တောင်အောက်သို့ ငုံ့ကြည့်ရင်း ပြောလိုက်သည်။

“ဒါ့အပြင် သူတို့ကို တိဗက်ဘက်က ပတ်ပြီးပြန်လာပြီး တောင်ပေါ်ပြန်မရောက်ခင် တိဗက်စခန်းကို ဝင်စီးဖို့လည်း ပြောလိုက်ပါအုံး။ သူတို့လုံးဝ ရပ်လို့မရဘူး။ ဘယ်နေရာမှာမှ ရပ်ပြီး မတိုက်ခိုက်ဖို့ပါ အမိန့်ထုတ်လိုက်ပါ”

“ဟုတ်ကဲ့သခင်လေး”

ရန်သူက သတိအပြည့် မရှိသောအချိန်တွင် စခန်းကိုဝင်စီး၍ သင့်သည်။ သို့သော် ထိုအချိန်က တခဏသာလျှင် ကြာလေရာ အခွင့်ကောင်းကို ဖမ်းဆုပ်ရန် လိုအပ်လေသည်။ ထပ်ပေါင်းဆိုရသော် ဆက်လက်ပြီး ချီတက်သွားရန်လည်း လိုအပ်သည်။ တစ်နေရာထဲတွင် အချိန်အကြာကြီး တိုက်ခိုက်၍လည်း မရချေ။ ရိုက်နှက်ပြီး ထွက်ပြေးသော တိုက်ကွက်အရ တစ်ယောက်ကို ရိုက်လိုက်ပြီးသည်နှင့် ချက်ချင်းလိုလို ထွက်ပြေးရမည်ဟု ဆိုလိုခြင်းဖြစ်ပြီး ထိုနေရာတွင် အချိန်အကြာကြီး နေ၍မရချေ။ မဟုတ်လျှင် မသင့်လျော်သော တိုက်ပွဲက ဖြစ်လာပေလိမ့်မည်။

“ဟား ဟား”

ထန်စစ်သည်တော်များကို ပြန်လည်ဦးဆောင် ခေါ်လာသော လော့ကျီးနှင့် ချန်းကွမ့်ရွှန်းတို့၏ ရယ်သံကို အဝေးကပင် ကြားနိုင်သည်။ သူတို့၏ တက်ကြွမှု၊ သဘောတကျဖြစ်နေမှု၊ စိတ်ကျေနပ်နေသော ခံစားချက်မျိုးကို အသံထဲမှပင် သိနိုင်သည်။ တိဗက်များအဖြစ် ရုပ်ဖျက်လျှက် မာန်ရှဲ့ကျောင်းကို တိုက်ခိုက်ခဲ့သလို၊ မာန်ရှဲ့ကျောင်းအဖြစ် ရုပ်ဖျက်လျှက် တိဗက်များကို တိုက်ခိုက်ခဲ့သည်။ ဝမ်ချောင်ကသာ ထိုသို့သော အခြေအနေမျိုး တွေးမိလောက်သည်။

“အရှင် ဒီအကြံက တကယ်ကို အံ့အားသင့်စရာပါပဲ”

“တိဗက်တွေနဲ့ မာန်ရှဲ့ကျောင်း စစ်သားတွေက ဒေါသကြောင့် ပေါက်ကွဲတော့မယ်”

“သာ့လွန်ရော့ကျန်းက ဒီတစ်ကြိမ်မှာ သခင်လေးရဲ့ ဖိနှိပ်တာကို ခံလိုက်ရပြီ”

“သခင်လေးက ဒီနေရာမှာ ရှိနေရင် ငါတို့ရဲ့ အန်းနန်အစိုးရ စစ်တပ်က ဘာကိုကြောက်ဖို့ လိုတော့မှာလဲ”

“ဟုတ်တယ် ဘာကိုခဲ့လော့ဖုန်းလဲ။ ဘာကို သွမ့်ခဲ့ချွမ်လဲ။ ဘာကို ဟော်ရှု့ဟွေ့ခမ်းလဲ။ ဘာကို သာ့လွန်ရော့ကျန်းလဲ သူတို့က သခင်လေးရဲ့ရှေ့မှာ နာမည်တောင် ထည့်ပြောဖို့ တန်လို့လား”

မီးတုတ်၏ အလင်းရောင် တဖြတ်ဖြတ်နှင့်အတူ စစ်သည်တော်တိုင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားကြောင့် နီရဲနေကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ အနောက်တောင်ပိုင်း၏ စစ်ပွဲအတောအတွင်း သူတို့၏ ပုခုံးပေါ်တွင် တောင်တစ်လုံးမျှ လေးလံသော ဝန်ထုတ်ကြီးက ရှိနေခဲ့သည်။ နေ့ရက်တိုင်းလိုလို သူတို့အတွက် အသက်ကောင်းကောင်း ရှုရန်ပင် ခက်ခဲခဲ့သည်။ သို့သော် ဝမ်ချောင်က ဒီနေရာတွင် ရှိနေသည်နှင့် အရာအားလုံးက ကွာခြားသွားလေပြီ။

အနောက်တောင်ပိုင်းမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များကဲ့သို့ ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းတို့ကိုပင် တံခါးဝတွင် ကူကယ်ရာမဲ့စွာ ရပ်နေရလောက်အောင် သူက ချန်ထားရစ်ခဲ့နိုင်သည်။ သူက ညလယ်ခေါင်တွင် တိုက်ခိုက်ပြီး တစ်ဖက်သူများကို အရူးလုပ်နိုင်သည်။ ထိုအချက်ကတင် ဒီနေရာရှိ ဗိုလ်ချုပ်တိုင်းကို ယုံကြည်မှုရှိစေရန် လုံလောက်နေပြီဖြစ်သည်။

ဝမ်ချောင်ကလည်း ခပ်ဟဟ ရယ်လိုက်သည်။ ဒီလိုအနိုင်ရသွားခြင်းက ထိုလူများ၏ ယုံကြည်မှုကို ပို၍ဖောင်းကားပြည့်နှက်သွားစေကြောင်း သူက နားလည်နေသည်။ ဒါက ဒီစစ်တပ် တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ်ကို ပို၍မြှင့်တင်ပေးနိုင်သည်။ ထို့ကြောင့်လည်း ဝမ်ချောင်က ထိုသို့ ဝင်စီးခွင့် ပြုခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူက သူတို့၏ ပထမပိုင်း စကားများကို ကြားသဖြင့် ပျော်သွားခြင်းသာလျှင် ဖြစ်သည်။ သို့သော် နောက်ပိုင်စကားများကိုမူ ဝမ်ချောင်က မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

“ကိုယ့်ကိုယ်ကို နားလည်သလို ရန်သူကိုလည်း ကောင်းကောင်း နားလည်နေရင် ခင်ဗျားတို့ ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူး။ ဟော်ရှု့ဟွေ့ခမ်းက ကျွန်တော်ကို နားမလည်ဘူး။ ဒါကြောင့် ကျွန်တော်က ဒီလိုအခြေအနေမှာ သူ့ရဲ့စခန်းကို ဝင်စီးမယ်လို့ မျှော်လင့်ထားခဲ့တာပဲ။ ဒါကြောင့် သူတို့ ထောင်ချောက်ထဲ ကျသွားတယ်။ ဒါပေမဲ့ ဒီလိုအရာမျိုးက တစ်ကြိမ်ဖြစ်လို့ရတယ် နှစ်ကြိမ် မဖြစ်နိုင်ဘူး။ ဗိုလ်ချုပ်တို့ ခင်ဗျားတို့ထဲက ဘယ်သူကမှ သတိလက်လွတ် မနေသင့်ဘူး။ ဟော်ရှု့ဟွေ့ခမ်းပဲဖြစ်ဖြစ်၊ သာ့လွန်ရော့ကျန်းပဲဖြစ်ဖြစ် ကိုင်တွယ်ရ မလွယ်ဘူး”

သူက သူ၏စစ်သည်များက သူ့ကိုချီးကျူးနေကြသည့်အတွက် ကြားရခြင်းကို ဝမ်းသာခဲ့သော်လည်း သူတို့က ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းကို အထင်သေးလိုက်လျှင် ဒုက္ခရောက်ပေလိမ့်မည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းတို့၏ ကျော်ကြားမှုက အလကား ချဲ့ကားထားခြင်း မဟုတ်ချေ။

အင်ပါယာမှ ကျားတစ်ကောင်ဟုဆိုသော် ကျန်းချုံကျန့်ချုံးပင် ထိုနှစ်ယောက်၏အရှေ့တွင် အလွန်အကျူး မလှုပ်ရှားရဲချေ။ ထို့အတွက် ထိုလူများက ကိုင်တွယ်ရ မလွယ်ကူနိုင်ချေ။ တစ်ကြိမ်ပြီးတစ်ကြိမ် အနိုင်ရနေခဲ့သည်မှာ မှန်ကန်နေသည့်တိုင်အောင် ဝမ်ချောင်က ထိုလူများကို အထင်မသေးရဲချေ။

သူက ထိုလူများကို ကြောက်သောကြောင့် မဟုတ်လေဘဲ ဝမ်ချောင်အနေနှင့် ဟော်ရှု့ဟွေ့ခမ်း၊ သာ့လွန်ရော့ကျန်း၊ ခဲ့လော့ဖုန်း၊ သွမ့်ခဲ့ချွမ်တို့က သူတို့က လှုပ်ရှားရန် အချိန်ကောင်း မရောက်သေးဟု ယူဆသဖြင့် စတင်မလှုပ်ရှားသေးကြောင်းကို နားလည်နေသောကြောင့်ဖြစ်သည်။

ထိုတခဏ ရောက်သောအခါ အစစ်အမှန် ကြမ်းတမ်းသည့် တိုက်ပွဲက စတင်ပေလိမ့်မည်။ မဟာထန်ပင် ဖြစ်စေ၊ မာန်ရှဲ့ကျောင်းပင်ဖြစ်စေ၊ ယွီစန်းပင်ဖြစ်စေ၊ နောက်ဆုတ်ရန်လမ်းစ မရှိတော့ချေ။ ဒီတိုက်ပွဲမှ ရလာမည့် အကျိုးဆက်က မည်သူမှ တာဝန်မယူနိုင်သည့် အဆင့်ဖြစ်သည်။

“ဟုတ်ကဲ့သခင်လေး”

သူတို့က ဝမ်ချောင်၏စကားကို ကြားသောအခါ စစ်သည်တော်တိုင်းက ချက်ချင်းလိုလို တုန့်ပြန်ကြသည်။ သူတို့၏ မျက်နှာတွင် လေးစားမှုကို မြင်နိုင်သည်။

“ကျန်တဲ့တစ်ညလုံးကတော့ အဆင်ပြေမှာပါ။ အားလုံးပဲ ပြန်ပြီးအနားယူကြတော့။ သတိအပြည့်နဲ့နေဖို့ သတိရပါ”

ယာယီဝရုန်းသုန်းကား ဆန်မှုက နောက်ဆုံးတွင် ငြိမ်သက်သွားသည်။ ဝမ်ချောင်က မျှော်လင့်ထားသလိုမျိုး သာ့လွန်ရော့ကျန်းပင်ဖြစ်စေ၊ ခဲ့လော့ဖုန်းပင်ဖြစ်စေ ဝမ်ချောင်၏အကြံက သက်ရောက်မှုရှိသည်။ တိဗက်အဖြစ်ပင်ဖြစ်စေ၊ မာန်ရှဲ့ကျောင်း စစ်သားများအဖြစ်ပင်ဖြစ်စေ ရုပ်ဖျက်သော နည်းလမ်းက ခုခံရန် မထင်ထားလောက်အောင် ခက်ခဲလေသည်။ သူတို့က ကိုင်တွယ်ရန် သက်ရောက်သော နည်းလမ်းကို မရှာနိုင်သမျှ မည်သည့်ဘက်ကမှ အလောတကြီး ညလယ်ခေါင်တွင် မတိုက်ခိုက်ရဲတော့ချေ။

အခန်း(၅၉၉)

“မဟာအမတ် ကျွန်တော်တို့ ဘယ်အချိန်ကျမှ ဗိုလ်ချုပ်တိုက်ခိုက်အားကို ထုတ်သုံးကြမှာလဲ”

တိဗက်ဗိုလ်ချုပ် စခန်းထဲတွင် ခဲ့လော့ဖုန်း၊ သွမ့်ခဲ့ချွမ်၊ ဖုန်းကျားရီ၊ သွမ့်ယန်ရန်နှင့် တိဗက်ဗိုလ်ချုပ်တိုင်းက စုစည်းရောက်ရှိနေကြသည်။

“ငါတို့ဒီထက်နည်းနည်း ပိုစောင့်ရမယ်။ အချိန်မကျသေးဘူး”

သာ့လွန်ရော့ကျန်းက ခိုင်မာစွာပြောသည်။

မာန်ရှဲ့ကျောင်း၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်ကို မြင်နိုင်သော်လည်း မည်သူကမှ ဘာမှမပြောရဲကြချေ။

မာန်ရှဲ့ယွီစန်း နှစ်ဖက်လုံးက မဟာမိတ်ဖြစ်ပြီး မျှချေညီနေသည်ဟု ထင်ရသော်လည်း လူတိုင်းကလည်း ဒီတိုက်ပွဲ၏ စစ်သေနာပတိချုပ်က မာန်ရှဲ့ကျောင်းဘက်မှ မည်သူမှမဟုတ်ဘဲ ယွီစန်း၏ မဟာအမတ် သာ့လွန်ရော့ကျန်းဖြစ်ကြောင်း သိကြသည်။ တ်ိုက်ခိုက်မည့် အကြံအစည်တိုင်းကို သာ့လွန်ရော့ကျန်းက စီမံကိန်းချသည်။

“မဟာအမတ်က အဲ့ဒီကောင်စုတ်ရဲ့ အရင်းအမြစ်ဘက်ပိုင်းကို ရှာမတွေ့နိုင်သေးဘူးလား”

ခဲ့လော့ဖုန်းက မျက်မှောင်ကျုံ့လျှက် မေးသည်။

ဝမ်ကလန်မှ ထိုကောင်လေးက ဒီနေရာရှိ ဗိုလ်ချုပ်တိုင်းက သိထားသော တူညီသည့် စစ်အနုပညာကို ထုတ်သုံးပြလိုက်သည်။ ခဲ့လောဖုန်းအနေဖြင့် သာ့လွန်ရော့ကျန်းက ထိုကောင်လေးကို လိုချင်နေခြင်းဖြစ်ကြောင်း သိသည့်အခါ ငြင်းစရာမရှိချေ။ သူကိုယ်တိုင်ကလည်း ရိုင်းစိုင်းကြမ်းတမ်းပြီး ရည်မှန်းချက်ကြီးသော လူတစ်ယောက်ဖြစ်လေရာ မလုပ်ရဲသော အရာဟူ၍ မရှိချေ။ သူက သဘောတူပြီးသည်နှင့် သူ၏လုပ်နိုင်ခွင့်အရ အာဏာအားလုံးကို သာ့လွန်ရော့ကျန်းကို လွှဲပြောင်းပေးထားပြီး ဗိုလ်ချုပ် တိုက်ခိုက်မှု အင်အားစု စတင်မည့် အချိန်ကောင်းကို စောင့်နေခဲ့သည်။

သူက ကတိပေးထားပြီးကတည်းက ခဲ့လောဖုန်းအနေနှင့် ထိုကတိကိုတည်ပြီး ဝင်စွက်ဖက်ရန် မသင့်တော့ချေ။

သို့သော် ထိုသို့ အခြေအနေ ဖြစ်နေစေကာမူ နေ့မှညအထိ သည်းခံခဲ့ပြီး မာန်ရှဲ့ကျောင်းဘက်က ဆုံးရှုံးမှုက အလွန်များပြားလာခဲ့သည်။ ဒီညဝင်စီးခံရသော ကိစ္စက လူတိုင်းကို ဒေါသထွက်စေခဲ့သည်။ ထိုအကြောင်းပြချက်က သူတို့က ဒီနေရာသို့ ရောက်လာခဲ့ခြင်းလည်း ဖြစ်နေသည်။

မည်သူကမျှလည်း ထန်ဘက်က သူတို့၏ လက်ရှိအခြေအနေမျိုးဖြင့် ဝင်စီးရဲမည်ဟု မထင်ခဲ့မိချေ။ ဒါက တမင်ရန်စနေခြင်းထက် မပိုတော့ချေ။

သာ့လွန်ရော့ကျန်းက သူတို့က ပေးဆပ်ခဲ့သော တန်ကြေးနှင့် ညီမျှအောင် သတင်းအချက်အလက်များ မစုစည်းနိုင်သေးချေ။ ယခုအခြေအနေထိ ထိုကောင်လေးနှင့် ပတ်သတ်ပြီး အခြားအကြောင်းအရာများကို ရှာမတွေ့နိုင်သေးချေ။ ထို့ကြောင့် ခဲ့လော့ဖုန်းက အကြောင်းအရာမရှိ လက်ခံရန် ခက်ခဲလာခဲ့သည်။

“ငါလုပ်လို့ပြီးတော့မယ်။ ဒါပေမဲ့ နည်းနည်းတော့ လိုအပ်နေတုန်းပဲ”

သာ့လွန်ရော့ကျန်းက ပေါ့ပါးစွာပြောလျှက် ခဲ့လော့ဖုန်းကိုကြည့်ပြီး ပြုံးသည်။

“အရှင်မင်းကြီး အရှင်မင်းကြီးအနေနဲ့ လက်ခံဖို့ ခက်ခဲမယ်ဆိုတာကို ကျွန်တော်တို့လည်း သိပါတယ်။ ဒါပေမဲ့ ကရုတစိုက် တွေးကြည့်ပါ။ အ့ဟိုင်ဘက်ခြမ်းမှာ အရှင့်ရဲ့ ကျောက်တုံးဖြူတပ်ရင်းက အန်းနန်အစိုးရစစ်တပ်ကို အလွယ်တကူ ရှုံးနိမ့်အောင် လုပ်ခဲ့တယ်။ ဒါကလည်း အန်းနန်အစိုးရ စစ်တပ်ပဲဆိုရင် အရှင့်ရဲ့ မနေ့က လွှတ်ခဲ့တဲ့ အင်အားစုက လုံလောက်သင့်ပြီ။ တိဗက်တွေ ပါဝင်ဖို့တောင် မလိုအပ်လောက်ဘူး။ ဒါပေမဲ့ သခင်ဘာဖြစ်ခဲ့သလဲ”

ခဲ့လော့ဖုန်းနှင့် မာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်များက တိတ်ဆိတ်သွားကြသည်။ သူတို့က တွန်းအားပေးနေခြင်း ဖြစ်သော်လည်း မာန်ရှဲ့ကျောင်း စစ်တပ်ဘက်က ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီးသည်ဟု ဆို၍ရနေသည်။ ကျောက်တုံးဖြူတပ်ရင်းပင်ဖြစ်စေ၊ ဆင်ဖြူတော် တပ်ရင်းပင်ဖြစ်စေ၊ ဘာကိုမှ မထိန်ချန်ထားခဲ့ချေ။ ပြောရလျှင် မာန်ရှဲ့ကျောင်းက အ့ဟိုင်တိုက်ပွဲနှင့် တူညီသော တိုက်ပွဲကို ထုတ်သုံးပြီးပြီဟု ပြော၍ရသည်။ သို့သော် ရလဒ်ကမူ မျှော်လင့်ထားခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သွားသည်။

သာ့လွန်ရော့ကျန်းက ထောက်ပြခဲ့သော အချက်က အနည်းဆုံး တစ်ချက်တော့မှန်သည်။ ခဲ့လော့ဖုန်းကပင် ဝမ်ချောင်၏ လက်အောက်မှ အန်းနန်အစိုးရ စစ်တပ်က စစ်တပ်တစ်ခု ဖြစ်နေကြောင်း ဝန်ခံရပေမည်။

“ဒါပေမဲ့ မဟာအမတ် ငါတို့ ဘယ်အချိန်မှ တိုက်ခိုက်နိုင်မှာလဲ”

ခဲ့လော့ဖုန်းက စိတ်ရှည်စွာ ပြန်မေးလာခဲ့သည်။

“မဟာထန်က လက်ရှိအချိန်မှာ တပ်ကူတွေ မရသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကသာ အချိန်ဆွဲနေရင် သေချာပေါက် ကျွန်တော်တို့ဘက်က အားမသာနိုင်တော့ဘူး”

မာန်ရှဲ့ကျောင်းက အ့ဟိုင်ကမ်းရိုးတန်း တိုက်ပွဲတွင် အရင်ဆုံး အားသာချက်ကို မှီခိုပြီး ထန်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မာန်ရှဲ့ကျောင်း၏ စစ်သည်သုံးသိန်းက အလုံးအရင်းဖြင့် ဝင်စီးနိုင်ခဲ့ပြီး အန်းနန်အစိုးရစစ်တပ်မှ စစ်သည် တစ်သိန်းရှစ်သောင်းနှင့် ရင်ဆိုင်ခဲ့ရာမှ ထိုလူများကို ပြင်ကျယ်ထဲသို့ ဝင်ရောက်ထွက်ပြေးစေခဲ့ပြီး မာန်ရှဲ့ကျောင်းကို အနိုင်ရစေခဲ့ခြင်းဖြစ်သည်။

ယခုမာန်ရှဲ့ကျောင်းက ယွီစန်းနှင့် ပူးပေါင်းလိုက်သည်။ ခဲ့လော့ဖုန်းအနေနှင့် သူတို့၏ အားသာချက်ကလည်း အရေအတွက်သာ ဖြစ်နေသေးသည်ဟု နားလည်နေသည်။ စစ်တပ်နှစ်ခုက အရေအတွက်အရတွင် အပြတ်အသပ် အားသာနေပြီး စစ်သည်လေးသိန်းမှ ငါးသိန်းဝန်းကျင်အထိ ရှိနေခဲ့လေရာ အန်းနန်အစိုးရ စစ်တပ်၏ တစ်သိန်းပင်မရှိသော ပမာဏကို ရင်ဆိုင်ရန် လုံလောက်သည်။

အဝေးမှ တောင်းဆိုလာသော တပ်ကူကို ဖြည့်ဆည်းပေးရန် မည်သူကမှ အနီးအနားကို စွန့်ပစ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့က လက်ရှိအချိန်တွင် သူတို့၏ အားသာချက်ကို ဖယ်ရှားလိုက်လျှင် သူတို့၏ အားနည်းချက်အဖြစ် ပြောင်းသွားပေလိမ့်မည်။ အန်းနန်အစိုးရစစ်တပ်ကို တစ်သုတ်ထဲဖြင့် ဝင်စီးလိုက်ရုံဖြင့် ထန်များကို အဖြစ်ဖြတ် ချေမှုန်း၍ရသည်။ ဒါက အကောင်းဆုံး အကြံဖြစ်သည်။ သူတို့၏ ရန်သူတွင် မည်သို့သော အကြံများ ရှိနေစေကာမူ အလုံးအရင်း များပြားသော ပမာဏနှင့် ရင်ဆိုင်ရာတွင် အသုံးမဝင်နိုင်တော့ချေ။

“အရှင်မင်းကြီး အရှင်မင်းကြီး မနေ့ညက စစ်သည်တော်ပေါင်း ဘယ်လောက် ဆုံးရှုံးသွားတယ်ဆိုတာနဲ့ အရှင်မင်းကြီးရဲ့ ရင်ထဲ ဒေါသတွေ ဘယ်လောက်များနေလဲဆိုတာကို ကျွန်တော်တို့တွေ အားလုံးသိပါတယ်။ ဒါပေမဲ့ အခုက ဒေါသထွက်ရမဲ့ အချိန်မဟုတ်သေးဘူး။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူက ကျွန်တော်တို့က ထင်ထားတာထက်ပိုပြီး လုပ်နိုင်စွမ်းအား ရှိနေတယ်”

သာ့လွန်ရော့ကျန်းက ခဲ့လော့ဖုန်းကို မဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်သည်။

“စစ်အနုပညာက အမှားအတွက်အမှန် အမှန်အတွက် အမှားဖြစ်အောင် စိတ်ရှုပ်ထွေးအောင် လုပ်တဲ့ အနေအထားကို မှီခိုနေတာပဲ။ ကျန်းချုံကျန့်ချုံးကို အင်ပါယာရဲ့ ကျားလို့တောင် ချီးကျူးနေကြတယ်။ ဒါပေမဲ့ သူက ကျွန်တော်တို့ကို ဒီလိုအခြေအနေထိရောက်အောင် လုပ်နိုင်ခဲ့ဖူးသေးရဲ့လား”

“ကျန်းချုံကျန့်ချုံးက ကောက်ကျစ်တဲ့ မြေခွေးပဲ။ သူသာဆိုရင် မြို့က ဘယ်တော့မှတောင် ထွက်လာမှာ မဟုတ်ဘူး။ သူက မြို့ကထွက်လာရင် ငါတို့ရဲ့ အင်အားနဲ့ဆိုရင် ငါတို့တွေ အနောက်တောင်ပိုင်းကို သွားလို့ရတာ ကြာလောက်ပြီ”

ခဲ့လော့ဖုန်းက စကားကို ဖြတ်ပြောသည်။

ကျန်းချုံကျန့်ချုံးက သူ့ကိုယ်သူ ထိုသို့ ဖိအားပေးခံရပြီး အဆုံးစွန်ထိ ရောက်နေသည့် အားနည်းသည့် အနေအထားမျိုးသို့ ဘယ်သောအခါမှ တွန်းပို့မည့် အနေအထားမျိုး မဟုတ်ချေ။ သူ၏စရိုက်စရ သူက ရန်သူများကို ဘယ်သောအခါမှ အလေးပေးမည့် လူစားမျိုး မဟုတ်ချေ။

ကျန်းချုံကျန့်ချုံးက အနောက်တောင်ပိုင်းတွင် တပ်ဆွဲနေခဲ့လျှင် ခဲ့လော့ဖုန်းအနေဖြင့် အခွင့်အရေး အနည်းငယ်ပင် ရရှိခဲ့မည် မဟုတ်ချေ။ ကျန်းချုံကျန့်ချုံးက ရှေ့တန်းကို ထိန်းထားနိုင်သောကြောင့် မဟုတ်လေဘဲ ကျန်းချုံကျန့်ချုံးက ဘယ်သောအခါမှ ခဲ့လော့ဖုန်းကို တိုက်ခိုက်ရန် အခွင့်အရေး ပေးမည်မဟုတ်သောကြောင့်ဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ပုံစံမတူချေ။

ကိုယ့်ကို ဒီလိုအခြေအနေထိ ရောက်ခွင့်ပြုသော လူမျိုးက ကျန်းချုံကျန့်ချုံးလို ကောက်ကျစ်သော လူမျိုး မဖြစ်နိုင်ချေ။ ဒီလိုအနေအထားမျိုးတွင် ကျန်းချုံကျန့်ချုံးကပင် ဘာမှပြောင်းလဲအောင် လုပ်နိုင်တော့မည် မဟုတ်ချေ။ သို့သော် တောင်ထိပ်က ကောင်လေးကမူ အမှန်တကယ် လုပ်နိုင်ခဲ့သည်။

“ဟား ဟား ဒီကောင်စုတ်လေးက တကယ်ကို အလားအလာကောင်းတာ မှန်ပေမဲ့ သူ့ကိုအရမ်းမြင့်အောင် မမြှင့်သင့်ဘူးပဲ”

သာ့လွန်ရော့ကျန်းက လက်တစ်ချောင်း ဆန့်ထုတ်လျှက် အဝတ်စတစ်ခုကို ဖမ်းကိုင်လိုက်သည်။ ဖြတ်ကနဲ ဆွဲလိုက်ပြီးနောက် တဲထဲသို့ ရွေ့လာသည်မှာ ကြာလောက်ပြီဖြစ်သော ပုံစံငယ်တစ်ခုကို မြင်ရသည်။ ထိုပုံစံငယ်ထဲတွင်ရှိသော တောင်ကကြီးပြီး အသေးစိတ်ကျသည်။ မတ်စောက်သော နံရံများလည်း ရှိနေလေပြီး ထိုသံမဏိနံရံကြီးများက ဖယ်ရှားသောအခါ စစ်တပ်နေရာ အားလုံးကို သိသာထင်ရှားစွာ မြင်လိုက်ရသည်။

“မဟာအမတ်”

အသေးစိတ်ကျသော ပုံစံငယ်ကို မြင်သောအခါ တဲထဲရှိလူတိုင်းက အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။

မည်သူကမှ အာရုံမစိုက်မိချိန်တွင် သာ့လွန်ရော့ကျန်းက ထိုမျှအသေးစိတ်ကျသော ပုံစံငယ်ကို တစ်ရက်နှင့် တစ်ညတည်းနှင့် ဖန်တီးလိုက်နိုင်သည်။ ထိုသို့ သုံးသပ်နိုင်စွမ်းအားနှင့် လုပ်နိုင်စွမ်းရည်က လူတိုင်း၏စိတ်ကို နက်ရှိုင်းစွာ လေးစားသွားမိစေသည်။

“ဟား ဟား”

သာ့လွန်ရော့ကျန်းက ရယ်သည်။ ကိုယ့်ကိုယ်ကို သိရမယ်။ ရန်သူကို ကောင်းကောင်း သိရမယ်။ ဒါဆိုရင် ဘယ်တော့မှ မရှုံးနိုင်ဘူး။ သူက မနေ့တစ်နေ့ကမှ တိုက်ပွဲကို စတင်ကာ ဆင်နွဲဖူးသာ လူလည်းမဟုတ်ချေ။

“ငါကအဲ့ဒီကောင်လေးက အကြံကို အကြမ်းအားဖြင့် ဖမ်းဆုပ်နိုင်နှင့်ပြီ။ အနောက်တောင်ပိုင်းရဲ့ နယ်မြေက နည်းနည်းနိမ့်တဲ့ တောင်ကုန်းငယ်တွေရှိတယ်။ နယ်မြေအများစုက ပြင်ကျယ်ဖြစ်နေလို့ မြင်းတပ်အတွက် ချီတက်ဖို့ သင့်တော်တယ်။ ဒါကြောင့်သူက ရည်ရွယ်ချက်ရှိရှိနဲ့ ဒီတောင်ကို ငါတို့ကို ဦးဆောင်ခေါ်လာခဲ့တာပဲ။ ပထမဦးဆုံး တစ်ချက်အနေနဲ့သူက မြင်းတပ်ရဲ့ အရှိန်နှုန်းကို နှိမ့်ချချင်တယ်။ ဒုတိယ တစ်ချက်အနေနဲ့ သူက ငါတို့ရဲ့ အရေအတွက် အားသာချက်ကိုလည်း လျော့နည်းစေချင်တယ်။ ကျွန်တော်တို့မှာ စစ်သည်တော်တွေ ဘယ်လောက်ပဲရှိရှိ ဒီတောင်လက်ခံနိုင်တဲ့ အတိုင်းအတာအထိပဲ စစ်သည်တော်တွေ အရေအတွက်ကို လွှတ်ပေးနိုင်လိမ့်မယ်”

“အခြားစကားနဲ့ပြောရရင် ကျွန်တော်တို့ဘက်မှာ စစ်သည်လေးသိန်း ရှိနေရင်တောင်မှ စစ်သည်တော်တွေရဲ့ အရေအတွက်အရ တောင်ပေါ်ကို တစ်ခါထဲတက်ဖို့က မဖြစ်နိုင်ဘူး”

သူတို့က ထိုအချက်ကို မတွေးမိခြင်း မဟုတ်သော်လည်း ယခုအခါ ကရုတစိုက် တွေးမိသော အခါမှသာ ထိုကောင်လေးက ရည်ရွယ်ချက်ရှိရှိဖြင့် ဒီနေရာကို ရွေးခဲ့ခြင်းဖြစ်ကြောင်း သေချာသွားသည်။

“ဒီကောင်စုတ်ရဲ့ အကြံအတွက်ကတော့ ရိုးရှင်းပါတယ်။ သူက သံမဏိနံရံတွေကိုသုံးပြီး ဒီနေရာကို ခံတပ်အဖြစ် ပြောင်းလဲချင်တယ်။ ဒီနည်းအားဖြင့် ထန်တွေက သူတို့အမြစ်ကုပ် ရရှိထားပြီးသလို ခုခံဖို့ကိုပဲ အားစိုက်တိုက်ခိုက်ဖို့ လိုအပ်လိမ့်မယ်။ သူ့ရဲ့ဗျူဟာတွေ အတွက်ကတော့ ခင်ဗျားတို့အားလုံး အတွေ့အကြုံ ရပြီးပြီလို့ ကျွန်တော်ယုံကြည်တယ်”

သာ့လွန်ရော့ကျန်းက မာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်များကို လှည့်ကြည့်လိုက်သည်။

“သူ့ရဲ့ဝင်္ကပါကို ဖွဲ့စည်းပုံအပေါ် မှီခိုရုံသပ်သပ်နဲ့ တိုက်ခိုက်လိုက် နောက်ဆုတ်လိုက် လုပ်တဲ့ပုံစံအရဆိုရင် ခင်ဗျားတို့တွေ သူ့ရဲ့ဝင်္ကပါကို ဖြိုခွဲနိုင်မှာပဲ။ ခင်ဗျားတို့က နောက်လိုက်ရင် ခင်ဗျားတို့ရဲ့ ဝင်္ကပါ ပြိုပျက်သွားလိမ့်မယ်။ ခင်ဗျားတို့ကသာ မလိုက်ရင် သူကထပ်ပြီး စမ်းသပ်ဖို့ လိုအပ်သွားမယ်”

“ဒါဆိုရင် ငါတို့အခု ဘာလုပ်ရမှာလဲ”

ခဲ့လော့ဖုန်းက မျက်မှောင်ကျုံ့သည်။ ဝမ်ချောင်က ထိုနည်းလမ်းကိုသုံးပြီး မာန်ရှဲ့ကျောင်းမှ စစ်သည် တစ်သိန်းနီးပါးကို ကြိတ်ချေသွားပြီးလေပြီ။ ထိုနည်းလမ်းက ရိုးရှင်းသော်လည်း သံသယဝင်ရန် မလိုလောက်အောင် သက်ရောက်မှုရှိသည်။ ထိုကောင်စုတ်က ရှင်းလင်းစွာဖြင့်ပင် ထိုဗျူဟာတွင် ပြောင်မြောက်သည်။

“အရှင်မင်းကြီး သတိမထားမိသေးဘူးလား။ အခုအချိန်ထိ ဝမ်ရန်ပဲဖြစ်ဖြစ်၊ ရှန်ယွီကျုံ့ထုံးပဲဖြစ်ဖြစ် မလှုပ်ရှားသေးဘူး။ လက်ရှိအချိန်မှာ ကျွန်တော်က ဗိုလ်ချုပ်စုပေါင်းအင်အား တိုက်ကွက်ကို လွှတ်ဖို့ အချိန်မကျသေးဘူးဆိုတာ အဲ့ဒီအတွက်ကြောင့်ပဲ။ ကျွန်တော်အနေနဲ့ အလှည့်အပြောင်းတစ်ခု လုပ်ဖို့လိုအပ်တယ်။ သင့််တော်တဲ့ အခွင့်အရေး တစ်ခုခုနဲ့ ဗိုလ်ချုပ်တိုက်ခိုက်ရေး အင်အားကို ထုတ်သုံးပြီး ဒီတိုက်ပွဲရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်လိုက်မယ်။ မဟုတ်ရင် ကျွန်တော်တို့က ဒီဗိုလ်ချုပ် တိုက်ခိုက်မှုအင်အားကို ဖိအားပေးပြီး အသုံးပြုလိုက်ခဲ့ရင် မနေ့က ရလဒ်ကို မြင်ခဲ့ကြတယ်မဟုတ်လား။ ခင်ဗျားတို့ ဒီလောက်ထိ ကြီးလေးတဲ့ တန်ကြေးကို ပေးဆပ်ဖို့ ဆန္ဒရှိကြလား”

သာ့လွန်ရော့ကျန်းက ခဲ့လော့ဖုန်းကိုကြည့်ပြီးမေးသည်။

တဲထဲတွင်ရှိသော မာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်တိုင်းက တိတ်ဆိတ်သွားကြသည်။ ခဲ့လော့ဖုန်းကလည်း မည်သည့်စကားမျှ မဆိုချေ။ ဒီစစ်ပွဲက မာန်ရှဲ့ကျောင်း၏ အရင်းအမြစ် များစွာကို ရင်းနှီးထားရခြင်း ဖြစ်နေသည်။ စစ်သည်သုံးသိန်းကပင် မာန်ရှဲ့ကျောင်း၏ အင်အားအားလုံးကို ကိုယ်စားပြုနေလေပြီ။

သူတို့အားလုံးကသာ ဒီနေရာတွင် မြုပ်နှံခံရလျှင် အနာဂတ်တွင် မဟာထန်၏ တိုက်ကွက်များကို ရင်ဆိုင်ရန် မကျန်လောက်တော့ချေ။ ထပ်ပေါင်းဆိုရသော် သူတို့၏ ဆုံးရှုံးမှုက အလွန်ကြီးလေးသွားလျှင် သူတို့၏ လူအင်အားကသာ အားနည်းသွားခဲ့လျှင် မာန်ရှဲ့ကျောင်းက ယွီစန်း၏ မဟာမိတ် မဖြစ်နိုင်တော့ချေ။ ကျွန်သာ ဖြစ်သွားပေလိမ့်မည်။

“မဟာအမတ်ရဲ့ အဓိပ္ပာယ်က...”

လူတစ်ယောက်က ထမေးသည်။ ခဲ့လော့ဖုန်းမဟုတ်ချေ။ အမြဲတစေ တိတ်ဆိတ်နေသော သွမ့်ခဲ့ချွမ်ဖြစ်သည်။ သူက တဲထဲသို့ ဝင်လာသည့် အချိန်ကတည်းက သွမ့်ခဲ့ချွမ်က မည်သည့်စကားမျှ မဆိုချေ။ အမှန်တိုင်း ပြောရသော် သွမ့်ခဲ့ချွမ်က ဒီမဟာမိတ်တွင် အသိုသိတ်ဆုံးဖြစ်သည်။ သူရှိကြောင်းကိုပင် လူပေါင်းများစွာက မကြာခဏ မေ့နေခဲ့ကြရသည်။

သို့သော် သွမ့်ခဲ့ချွမ်က ပြောလိုက်သည်နှင့် ခဲ့လောဖုန်း၊ ဖုန်းကျားရီနှင့် အခြားမာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်တိုင်းက အလိုအလျောက်ပင် ဒီအချက်ကို လက်ခံကြမည်ဖြစ်သည်။ ခဲ့လော့ဖုန်းကပင် စကားတစ်ခွန်းမျှ မဆိုတော့ချေ။

“ကျွန်တော်ကို သုံးရက်ပေးပါ။ သုံးရက်ပြီးရင် ကျွန်တော် ခင်ဗျားတို့အားလုံးကို အဖြေပေးပါ့မယ်”

သာ့လွန်ရော့ကျန်းကပြောသည်။

“ကောင်းပြီ”

ထိုတစ်ခွန်းထဲနှင့် သွမ့်ခဲ့ချွမ်က အစည်းအဝေးကို အဆုံးသတ်လိုက်သည်။

အရှေ့ဘက်မှ အဖြူရောင် အငွေ့များက စတင်လာပြန်သည်။ အနောက်တောင်ပိုင်း၏ နယ်မြေတစ်ခုလုံး စစ်အနက်ရောင် တိမ်ထုများက ဖုံးလွှမ်းနေသည်။ ထို့ကြောင့် နေထွက်လာမှသာ ထိုနည်းလမ်း တစ်ခုထဲကြောင့် သိနိုင်ပေလိမ့်မည်။ ကျယ်ပြောသော ကွင်းပြင်တစ်ခုလုံးက တိတ်ဆိတ်နေသည်။

ဝမ်ချောင်က တောင်ပေါ်တွင် တင်ပြင်ခွေ ထိုင်နေပြီး သူ၏ပတ်ပတ်လည်တွင် စိတ်ဝိညာဉ်စွမ်းအင်များက စုစည်းရောက်ရှိကာ ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက် တိုးဝင်နေသည်။ ထိုစိတ်ဝိညာဉ်များက သူ၏သွေးကြောများထဲတွင် တစ်ပတ်ပတ်ပြီး မမြင်ရသော အကာအကွယ်လွှာကို နောက်ဆုံးတွင် ထိပ်တိုက် တိုးမိသွားကာ ရပ်သွားသည်။

“အား ထပ်ပြီးလိုနေသေးပြန်ပြီ”

ဝမ်ချောင်က သက်ပြင်းရှည်ကြီးကိုချပြီး မျက်လုံးကို ဖွင့်လိုက်သည်။

အနောက်တောင်ပိုင်းက စစ်ပွဲက အပြင်းထန်ဆုံး အခြေအနေထိ ရောက်နှင့်နေပြီဖြစ်သည်။ လက်ရှိအခြေအနေတွင် ဝမ်ချောင်က မာန်ရှဲ့ယွီစန်း စစ်တပ်ဘက်မှ တိကျသေချာသော ခံစားချက်တစ်မျိုးကို ရနေသည်။ သူက ဗိုလ်ချုပ် တိုက်ခိုက်မှုအင်အားကို ထုတ်သုံးတော့မည်ဖြစ်သည်။

ဒီတိုင်း တိုက်ခိုက်မှုက ဆက်ဖြစ်နေပြီး အသေးစား ပွဲလေးများတွင် အလုံးအရင်းဖြင့် ရှုံးနေပြီးနောက် သဘာဝအလျောက် တုန့်ပြန်မှုအရ သူတို့အနေဖြင့် ထိုနည်းလမ်းတစ်ခုသာ ထုတ်သုံးရန် ရှိတော့သည်။ မည်သို့ပင်ဆိုစေ သူတို့၏ အကြီးမားဆုံး အားသာချက်က လူအင်အားဖြစ်သည်။

သို့သော် ဒီလိုအရေးကြီးသော အခြေအနေမျိုးတွင် သူ၏ကျင့်ကြံခြင်း အဆင့် အစစ်အမှန် သိုင်းအဆင့်ကိုး အထွတ်အထိပ်တွင် ဖြစ်နေပြီးနောက် ကျော်ဖြတ်၍မရဘဲ နေမည်ဟု မထင်ထားမိချေ။

အခန်း(၆၀၀)

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သတ်ဖြတ်သုတ်သင်ခြင်းနှင့် သူက နောက်ဆုံးတွင် ပြင်းထန်သည့် ထိုးနှက်ချက်အဖြစ် ကျောင်းစစ်လော့ကို သတ်ဖြတ်ခဲ့ခြင်းက သူ၏ခန္ဓာကိုယ်ထဲသို့ စွမ်းအင်ပေါင်းများစွာကို ဝင်ရောက်လာအောင် ဝမ်ချောင်အနေနှင့် ကြိုးစားနိုင်ခဲ့သည်။ သို့သော် ထိုရစ်ခွေနေသော စွမ်းအင်များက အဆင့်မြင့် သိုင်းနယ်မြေ၏ စွမ်းအားများအဖြစ် ပြောင်းလဲရန် မလုံလောက်သေးချေ။

ငါဘာလို့ အဆင့်မတက်နိုင်တာလဲ။

သူ၏ယခင်ဘဝတွင် သူက သူတော်စင် သိုင်းနယ်မြေ အဆင့်အထိ ရောက်ရှိခဲ့သည်။ ထို့ကြောင့် အဆင့်မြင့် သိုင်းနယ်မြေလောက်က သူ့အတွက် မခက်ခဲသင့်ချေ။ သို့သော်သူက အစစ်အမှန် သိုင်းနယ်မြေတွင် တစ်နေခဲ့သည်။

ရှောင်ယင်ရန်သိုင်းကို ကျင့်ကြံပြီး သွေးစွမ်းအင်တွေကို ငါကစုပ်ယူခဲ့မိလို့လား။

ဝမ်ချောင်က ရေရွတ်လိုက်သည်။

မဟာယင်ရန် ကောင်းကင်ဖန်တီးခြင်းသိုင်းက သူ၏ယခင်ဘဝတွင် အဆိုးယုတ်ဆုံးသော သိုင်းများထဲမှ တစ်ခုဖြစ်ပြီး အဆင့်လွန်သိုင်း ဆယ်မျိုးထဲတွင် အဆင့်အမြင့်ဆုံးများထဲမှ တစ်ခုဖြစ်သည်။ ထို့အပြင် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သော အရှိန်နှုန်းဖြင့် အဆင့်မြှင့်နိုင်စွမ်းရှိသည်။ ကျော်ကြားမှုအရဆိုသော် အမှန်တိုင်းပြောရလျှင် ဝမ်ချောင်အနေနှင့် ထိုသိုင်းအပေါ် များများစားစား နားလည်ထားခြင်း မရှိချေ။

တစ်ဆင့်မှ နောက်ထပ် တစ်ဆင့်သို့ အဆင့်တက်သောအခါ ထိုသိုင်းက မည်သို့ပြောင်းလဲခြင်းကို သူက နားမလည်နေခြင်းဖြစ်သည်။

ဝမ်ချောင်က သူ၏ဆရာ မိစာ္ဆဧကရာဇ် လူအိုကြီးမာန်ကို ထိုသိုင်းဖြင့် အဆင့်မြင့် သိုင်းနယ်မြေသို့ ချိုးဖျက်တက်ရရန် မည်သို့လုပ်ရမည်နည်းဟု ဘယ်သောအခါကမှ မမေးခဲ့ဖူးချေ။ ယခုအခါ သူတွေးမိသော အခါမှသာ ချောက်ချားဖွယ် အခြေအနေကို ကြုံတွေ့လိုက်ရသည်။ သူနည်းနည်းသာ ပိုတွေးနိုင်ခဲ့မည်ဆိုလျှင် သူ့ဆရာကပင် သူက လျှင်မြန်စွာဖြင့် အစစ်အမှန် သိုင်းနယ်မြေ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားနိုင်မည်ဟု မမျှော်လင့်ထားနိုင်သည့် အခြေအနေမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ စစ်သည်တော်ပေါင်း များစွာကို သတ်ဖြတ်ပြီး သူတို့၏ စွမ်းအင်များကို စုပ်ယူရန် လိုအပ်သော အချက်က ဝမ်ချောင်ကဲ့သို့ ဆယ်ကျော်သက် တစ်ယောက်အတွက် ခက်ခဲလွန်းခြင်း ဖြစ်လောက်သည်။

ရှည်လျားစွာ တွေးတောပြီးနောက် ဝမ်ချောင်က ထိုအချက်နှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာ ရှိနေသေးကြောင်း ခံစားလိုက်ရသည်။ ရုတ်တရက် ဝမ်ချောင်က စုကျန်းချန်က သူ့ကိုသင်ခဲ့ဖူးသော သတ်ဖြတ်သုတ်သင်ခြင်း ဘဝသိုင်းကို အမှတ်ရသွားသည်။

သတ်ဖြတ်သုတ်သင်ခြင်း ဘဝသိုင်းက နတ်ဘုရားနှင့် နတ်ဆိုး တိုက်ခိုက်ခြင်းသိုင်းမှ ပြောင်းလဲလာခြင်းဖြစ်ပြီး နတ်ဘုရားနှင့်နတ်ဆိုး တိုက်ခိုက်ပျက်စီးခြင်း သိုင်းကလည်း လမ်းမှန်ကျင့်ကြံခြင်း သိုင်းများမှ အင်အားအကြီးဆုံး သိုင်းတစ်ခုဖြစ်နေလေရာ မဟာယင်ရန်ကောင်းကင် ဖန်တီးခြင်းကဲ့သို့ နတ်ဆိုးလမ်းစဉ်လိုက်သော သိုင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ယင်နှင့်ရန်၏ ဆွဲငင်မှုအရ သူ၏ကျင့်ကြံခြင်း အဆင့်တွင် သိုင်းနှစ်ခု ပေါင်းကျင့်ခြင်းက ပြဿနာ ဖြစ်ပေါ်လာစေခြင်း ဖြစ်လောက်သည်။

မဟာယင်ရန် ကောင်းကင်ဖန်တီးခြင်းသိုင်းနှင့် နတ်ဘုရားနတ်ဆိုး ပွတ်တိုက်ပျက်စီးခြင်းသိုင်းက လောက၏ အဆင့်လွန်သိုင်းများ ဖြစ်နေသည်။ သို့သော် ဝမ်ချောင်ကမူ သူ့ယခင်ဘဝတွင် ထိပင်မထိဖူးခဲ့ချေ။

အဓိကပုဂ္ဂိုလ် ကျွမ်းကျင်ပညာရှင်ပေါင်း များစွာက ထိုသိုင်းနှစ်မျိုးထဲမှ တစ်မျိုးကိုပင် မပိုင်ဆိုင်နိုင်ခဲ့ဖူးလေရာ နှစ်မျိုးလုံးကို ပေါင်း၍ကျင့်ကြံရန်ဆိုလျှင် ပို၍ဝေးသည်။ လက်ရှိအချိန်တွင် ဝမ်ချောင်က ဘယ်သောအခါမှ စိတ်ကူးမယဉ်ဖူးသောလမ်းကို လျှောက်နေရခြင်းလို ခံစားနေရပြီး ချီးကျူးမိရန်ပင် ခက်ခဲနေသည်။

တခဏခန့် တွေးတောနေပြီးနောက် ဝမ်ချောင်က ဘာကိုမှ မတွေးတောတော့ဘဲ မတ်တပ်ထရန်သာ ဆုံးဖြတ်လိုက်သည်။

“သိန်းငှက်အိုကြီး ကျွန်တော်ရဲ့အစ်ကို ဘယ်လိုအခြေအနေရှိလဲ”

“အကြီးဆုံးသခင်လေးက သခင်လေးရဲ့ဆေး သောက်ပြီးတဲ့နောက်မှာ အများကြီး သက်သာလာပါပြီ”

သိန်းငှက်အိုကြီးက ရိုးသားစွာ ပြန်ဖြေသည်။

“အင်း”

ဝမ်ချောင်က ခေါင်းညိမ့်လျှက် လျှင်မြန်စွာဖြင့် အဝေးသို့ထွက်သွားသည်။

“မင်းဘာကို လေ့လာနေတာလဲ”

ဝမ်ချောင်၏မြင်ကွင်း အပြင်ဘက် တစ်နေရာတွင် အသံတစ်သံ ထွက်လာပြီး တစ်စုံတစ်ရာကို မေးမြန်းသလို ထင်ရသည်။

“အရှင့်ကို ပြန်ဖြေပါတယ်။ သူတို့က မီးထွန်းပြီး စားသောက်နေကြတာပါ”

မာန်ရှဲ့ကျောင်းမှ လူက ဂါရဝပြုလိုက်သည်။ အနောက်တွင်လည်း ခဲ့လော့ဖုန်းက သာ့လွန်ရော့ကျန်းကို ခစားရန် ပို့ထားသောလူများ ရှိနေသည်။

“ချက်ပြုတ်နေတဲ့ လူအရေအတွက် အတိအကျ ငါ့ကိုပြောစမ်း”

သာ့လွန်ရော့ကျန်းက အမိန့်ထုတ်လိုက်သည်။ လူတစ်အုပ်က စေလွှတ်ခံရပြီး ချက်ချင်းလိုလို အဝေးတွင် ပျောက်ကွယ်သွားသည်။

မည်သူကမှ သာ့လွန်ရော့ကျန်းက မည်သို့လုပ်ဆောင်မည်ဖြစ်ကြောင်း မည်သူကမှ မသိချေ။ ခဲ့လော့ဖုန်းပင်ဖြစ်စေ၊ သွမ့်ခဲ့ချွမ်ပင်ဖြစ်စေ သူ၏လုပ်ဆောင်မှုကို မခန့်မှန်းနိုင်ချေ။

ယခင်သုံးရက်အတွက်မူကား သာ့လွန်ရော့ကျန်းက လူလွှတ်ကာ အန်းနန်အစိုးရ စစ်တပ်က စားသောက်ချိန်တိုင်း စုံစမ်းစစ်ဆေးခိုင်းလေ့ရှိသည်။ သုံးရက်ကြာပြီးနောက် သာ့လွန်ရော့ကျန်း၏ မျက်မှောင်က စတင်ကာ ပြေလာသည်။

“ဘယ်လိုလဲ မဟာအမတ် ဘာဖြစ်တာလဲ”

ခဲ့လော့ဖုန်းကမေးသည်။

သူက ယခင်သုံးရက်အတွင်း ဘာမှမလုပ်ခဲ့သော်လည်း သာ့လွန်ရော့ကျန်းက သူ၏မျက်စိအောက်မှ မပျောက်ကွယ်သွားခဲ့ချေ။ သာ့လွန်ရော့ကျန်းက မည်သည့်စကားမျှသာ မပြောလျှင် ခဲ့လော့ဖုန်းက စပြောရတော့ပေမည်။

“အခြေအနေက အခွင့်မသာတဲ့ဘက်ကပဲ”

သာ့လွန်ရော့ကျန်းက မျက်မှောင်ကျုံ့ပြီး ပြောလိုက်သောစကားက ခဲ့လော့ဖုန်း၏ နှလုံးသားကို အခုန်နှုန်း မြန်သွားစေသည်။

“ကျွန်တော် အရှင်မင်းကြီးကို အရင်က ဘာပြောခဲ့လဲသိလား။ အဲ့ဒီကလေးက သံမဏိမြို့ရိုးတွေရဲ့ အနောက်မှာ လူအင်အား အလုံးအရင်း ရှိထားရုံတင်မကဘဲ သူနဲ့အတူ ရိက္ခာအမြောက်အများလည်း ရှိနေတယ်”

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ခဲ့လော့ဖုန်းနှင့် ဗိုလ်ချုပ်တိုင်းက မျက်နှာဖြူဖျော့သွားကြသည်။

အန်းနန်အစိုးရစစ်တပ်က ပြင်ဆင်ထားသော ထိုသံမဏိမြို့ရိုးများကပင် သူတို့အနေနှင့် ကိုင်တွယ်ရန် ခက်ခဲနေပြီး ထန်များတွင်သာ လုံလောက်သော ရိက္ခာများကို သိုလှောင်ထားလျှင် သူတို့အနေဖြင့် ကိုင်တွယ်ရန် မလွယ်လုနီးပါး ဖြစ်သွားသည်။

“မဟာအမတ်က ဘာကြောင့် သေချာနေတာလဲ”

အိမ်ရှေ့စံ ဖုန်းကျားရီက ဝင်မေးလိုက်သည်။ သူ၏လေသံထဲတွင် တုန့်ဆိုင်းမှုကို မြင်နိုင်သည်။

“အရှင့်သားအနေနဲ့ အန်းနန်အစိုးရစစ်တပ်က မြို့ကိုစွန့်ပစ်ခဲ့ပြီး ဘာကြောင့် ဖောက်ထွက်ခဲ့တယ်ဆိုတဲ့ အကြောင်း သုံးသပ်ပြတဲ့ အချိန်ကို မှတ်မိတယ်မဟုတ်လား”

သာ့လွန်ရော့ကျန်းက ပြောသည်။

“သူတို့ရဲ့ရိက္ခာတွေ ကုန်သွားလို့ အလုံးအရင်းနဲ့ ဖောက်ထွက်ခဲ့ရတာပဲ”

“မှန်ပါတယ် ကျွန်တော်ကလည်း အရင်က အဲ့ဒီလို သုံးသပ်ခဲ့တယ်။ အဲ့ဒီအချိန်က သူတို့မှာရှိတဲ့ ရိက္ခာတွေက သူတို့ကို တစ်နေ့တောင် မထောက်ပံ့နိုင်လို့ ဖြစ်လောက်တယ်။ ဒါပေမဲ့ အခုအခြေအနေအရကတော့ မတူတော့ဘူး။ အရှင့်သားတို့ အားလုံးလည်း မြင်နေတာပဲ။ သူတို့က ချက်ပြုတ်စားသောက်တဲ့ လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး လူလွှတ်ပြီး စုံစမ်းစစ်ဆေးခိုင်းခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးရက်လုံးလုံး ထန်ဘက်က မီးမွှေးပြီး ချက်ပြုတ်စားသောက်တဲ့ အရေအတွက်၊ ချက်ပြုတ်လူအရေအတွက်ကတောင် မလျော့သွားဘူး”

သာ့လွန်ရော့ကျန်းက လေးနက်သော မျက်နှာထားဖြင့် ပြောသည်။

“ဆိုလိုတာက ထန်တွေရဲ့ရိက္ခာက ကျွန်တော်တို့ ထင်ထားတာထက် များနေတာပဲ။ သူတို့က ဒီအတိုင်း ဆက်သွားဖို့တောင် လုံလောက်တဲ့ ရိက္ခာတွေ ရှိကောင်း ရှိနိုင်လောက်တယ်”

သာ့လွန်ရော့ကျန်း၏ အသံက သွမ့်ခဲ့ချွမ်၏ မျက်ခုံးကိုပင် မြင့်သွားစေသည်။

သူက သာ့လွန်ရော့ကျန်းနှင့် များများစားစား အဆက်အဆံ မပြုခဲ့ဖူးသလို ယွီစန်း၏ မဟာအမတ်၏ ပုံစံနှင့် ကိုင်တွယ်သော နည်းလမ်းများနှင့်လည်း မရင်းနှီးချေ။ သို့ရာတွင် သွမ့်ခဲ့ချွမ်၏ အရူးသွပ်ဆုံး အိမ်မက်များတွင်ပင် သာ့လွန်ရော့ကျန်းက ထန်များ၏ ချက်ပြုတ်သော မီးဖိုအရေအတွက်မှတဆင့် ထိုအချက်ကို သုံးသပ်နိုင်မည်ဟု မထင်ထားမိချေ။

“ကျွန်တော်အရင်က သတိထားပြီး ဗိုလ်ချုပ်တွေ အလုံးအရင်းနဲ့ တိုက်ခိုက်တာကို တားမြစ်ခဲ့တာက ထန်တွေမှာ ရိက္ခာဘယ်လောက် ရှိသလဲဆိုတာကို သုံးသပ်ပြီး ဆုံးဖြတ်ချက် ချချင်လို့ပဲ။ ဒါပေမဲ့ ကြည့်ရတာ ကျွန်တော်တို့ဘက်က ဆိုးရွားတဲ့ ဦးတည်ရာဘက်ကို ရောက်သွားမှာပဲ စိုးရိမ်ရတယ်”

သာ့လွန်ရော့ကျန်းက ပြောသည်။

ဒီနေရာရှိ လူတိုင်းကလည်း သာ့လွန်ရော့ကျန်း၏ မျက်နှာက မည်မျှလေးနက်နေကြောင်းကို မြင်ရပြီး စိတ်ပျက်အားငယ်သွားကြသည်။ သံသယဝင်ရန် မလိုလောက်အောင် ဝမ်ချောင်က စုဆောင်းထားသော ရိက္ခာပမာဏက သူ၏အကြံများကို ဖျက်လောက်သည်။

“မဟာထန်က ဒီရိက္ခာတွေကို စုစည်းဖို့အတွက် အချိန်နဲ့လူအင်အား အများကြီး ထုတ်သုံးရဦးမှာပဲ။ ဒါကိုသူ ဘယ်လိုများ လုပ်လိုက်တာလဲ။ မဟာအမတ် ကျွန်တော်ဒါကို လက်သင့်မခံနိုင်သေးတုန်းပဲ”

အိမ်ရှေ့စံ ဖုန်းကျားရီက ရေရွတ်လိုက်သည်။

သာ့လွန်ရော့ကျန်း ပြောသောစကားကသာ မှန်ကန်နေလျှင် ဝမ်ချောင်၏ လုပ်နိုင်စွမ်းရည်က ကြောက်စရာ ကောင်းသွားလေပြီ။

“ဒီမေးခွန်းကို ဆက်ပြီးဆွေးနွေးနေတာက အဓိပ္ပာယ်မရှိဘူး။ အဲ့ဒီကောင်စုတ်လေး ဘာလုပ်ချင်တယ်ဆိုတာကို မေးစရာကို မလိုဘူး”

သာ့လွန်ရော့ကျန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူ၏မျက်နှာက ခိုင်မာနေသည်။

သာ့လွန်ရော့ကျန်းက ဝမ်ချောင်က အန်းနန်အစိုးရစစ်တပ်ကို မာန်ရှဲ့ကျောင်းနှင့် ယွီစန်းကို ခုခံရန် ဦးဆောင်ခေါ်လာခြင်းကို များများစားစား ကရုမစိုက်ခဲ့ချေ။ သို့သော် ထန်များတွင် လုံလောက်သော ရိက္ခာရှိနေကြောင်း သေချာဆုံးဖြတ်နိုင်ခဲ့ပြီးနောက်တွင် တည်ငြိမ်ရန်ပင် ခက်ခဲလာခဲ့သည်။

ဆိုလိုသည်မှာ ဝမ်ချောင်နှင့် အန်းနန်အစိုးရစစ်တပ်က သူတို့ကို ရင်ဆိုင်ရန် ရုန်းကန်ရန်အတွက် လုံလောက်သော စွမ်းရည် ရှိနေခဲ့သည်။

“ငါတို့တကယ်ပဲ ဘာမှမလုပ်နိုင်တော့ဘူးလား”

ဟော်ရှု့ဟွေ့ခမ်းကဲ့သို့ ပုံမှန်ဆိုလျှင် ဝင်မပြောသောလူကပင် မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

“ငါစဉ်းစားပါရစေဦး သေချာပေါက် အခြားနည်းလမ်း ရှိမှာပါ”

သာ့လွန်ရော့ကျန်းက လက်ကိုယမ်းလိုက်ပြီးနောက် ရှင်းလင်းပြတ်သားစွာဖြင့် တွေးတောတော့သည်။

“ခင်ဗျားတို့အားလုံး ထွက်သွားကြပါ။ ငါ့ကို ငြိမ်သက်တဲ့ ဝန်းကျင်တစ်ခု ခဏတော့ ပေးလိုက်ပါဦး”

ဟော်ရှု့ဟွေ့ခမ်း၏ မျက်ဝန်းထဲတွင်လည်း စိုးရိမ်မှုများက ထင်ရှားစွာ ထွက်ပေါ်လာသည်။ နှစ်ပေါင်းများစွာ အတူလုပ်ဆောင်ပြီးနောက် သူ၏ လုပ်ဖော်ကိုင်ဘက်ကို ထိုအခြေအနေထိရောက်အောင် တွန်းပို့နိုင်ခဲ့သူက မရှိခဲ့ဖူးချေ။

“ကောင်းပြီ အားလုံးပဲ ထွက်သွားကြရအောင်”

ဟော်ရှု့ဟွေ့ခမ်းက ဦးဆောင်ကာ အားလုံးကို ထွက်သွားခိုင်းလိုက်သည်။ နေ့အလင်းရောင်မှ မှောင်သွားသည်အထိ သာ့လွန်ရော့ကျန်းက တဲထဲတွင် တစ်ယောက်ထဲ ထိုင်နေခဲ့သည်။ မည်သူကမျှလည်း သူ့ကိုသွားမနှောက်ယှက်ရဲချေ။ သို့သော် သူက အားလုံးကို အကြာကြီး စောင့်ရအောင် မထားခဲ့ချေ။ နေက နောက်တစ်နေ့ ပြန်ထွက်လာသောအခါ သာ့လွန်ရော့ကျန်းက နောက်ဆုံးတွင် တဲထဲမှ ထွက်လာသည်။

“ဟား ဟား ဒါကလှည့်ကွက်လေးပဲ။ ဒါကသူ့ကိုယ်သူ ဉာဏ်ကောင်းတယ်လို့ ထင်နေတယ်”

သာ့လွန်ရော့ကျန်း မပေါ်လာခင် တဲထဲမှ ရယ်သံကို ဦးစွာကြားလိုက်ရသည်။ တဲရွက်ဖျင်ဝင်ပေါက်က ပွင့်သွားပြီးနောက် သာ့လွန်ရော့ကျန်း၏ ရက်ပေါင်းများစွာ လွှမ်းမိုးထားသော ပူလောင်ခြင်း ကင်းလွတ်နေသော ခံစားချက်မျိုး မြင်လိုက်ရသည်။

“မဟာအမတ် ဘယ်လိုလဲ”

လူအုပ်က ချက်ချင်းလိုလို သူ့ကိုကြိုဆိုကြသည်။ အမှန်တိုင်းဆိုရသော် သာ့လွန်ရော့ကျန်း၏ မနေ့က တုန့်ပြန်မှုက သူတို့အားလုံးကို ကြောက်လန့်စေခဲ့သည်။

“ဟား ဟား ဟား ဟား မဟာအမတ်က ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတွေ့ပြီမဟုတ်လား”

ခဲ့လော့ဖုန်းကလည်း ခေါင်းကိုမော့လျှက် လာသည်။ သူက သာ့လွန်ရော့ကျန်းကို တချိန်လုံး ကြည့်နေသူ ဖြစ်သည့်အလျောက် တစ်ဖက်သူ၏ အမူအရာအရ သူကလည်း တက်ကြွသွားရသည်။

“မှန်တယ် ကျွန်တော် သူတို့ရဲ့ ပြစ်ချက်ကို တွေ့လိုက်ပြီ။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့အကြံအစည်အရ တွေ့လိုက်ရတာပဲ။ ဒီကောင်လေးက ဟာကွက်တစ်ခု ချန်ထားခဲ့တယ်။ အရှင်မင်းကြီး ကျွန်တော်ကို ဆယ်ရက်ပဲပေးပါ။ ကျွန်တော်က အရှင့်ရဲ့ဆန္ဒကိုပြည့်အောင် ဖြည့်ဆည့်ပေးမယ်”

သာ့လွန်ရော့ကျန်းက သဘောတကျရယ်သည်။ သူက အလွန်စိတ်ဓာတ် တက်ကြွနေသည်။

“ဟား ဟား ဒါက ငါသိတဲ့ ဉာဏ်ကောင်းတဲ့အမတ်”

ခဲ့လော့ဖုန်းကလည်း စိတ်အေးသွားရသည်။ ဗိုလ်ချုပ်များ၏ မျက်နှာအမူအရာကို ကြည့်ပြီး တိဗက်လူမျိုးများနှင့် မာန်ရှဲ့ကျောင်း ဗိုလ်ချုပ်များကလည်း စိတ်အေးသွားကြသည်။

“မဟာအမတ် မဟာအမတ် ထန်တွေရဲ့ အားနည်းချက်ကို တကယ်တွေ့သွားပြီလား”

ဖုန်းကျားရီက ဝင်မေးသည်။ သူ၏မျက်ဝန်းက တောက်ပပြီး စိတ်လှုပ်ရှားနေသည်။

“အမှန်ပဲ အဲ့ဒီဝမ်ကလန်က တကယ် အလားအလာ ကောင်းပေမဲ့ သူက အကြံအစည်တွေ ပြစ်ချက်ကင်းလောက်တဲ့ အဆင့်အထိ မရောက်သေးဘူး။ အဲ့ဒီတောင်ကိုမြင်လား သူ့ရဲ့အကောင်းဆုံး ဆုံးဖြတ်ချက်က ဒီတောင်ကို ရွေးခဲ့တာပဲ။ ဒါပေမဲ့ သူ့ရဲ့အဆိုးဆုံး ပြစ်ချက်လည်းဟုတ်တယ်”

ဖုန်းကျားရီ၊ သွမ့်ယန်ရန်၊ ချင်းရန်ရှန်းရှုံးတို့ အားလုံးက သာ့လွန်ရော့ကျန်းကိုကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်ကြသည်။

“မဟာအမတ် ကျွန်တော်တို့ကို ကျေးဇူးပြုပြီး ညွှန်ပြပေးပါ”

ဖုန်းကျားရီက နိမ့်ချစွာ မေးလိုက်သည်။

“မင်းတို့ အဲ့ဒီနေရာကို မမြင်ကြဘူးလား။ အဲ့ဒီနေရာကနေ ပြင်ကျယ်မှာဆိုရင် ရေရဖို့အတွက် ရေတွင်းတွေ တူးလို့ရတယ်။ ဒါပေမဲ့ တောင်ပေါ်မှာ ရေတွင်းတူးလို့ ရနိုင်ပါ့မလား”

သာ့လွန်ရော့ကျန်းက ထိုစကား ပြောလိုက်သည့်အခိုက် မာန်ရှဲ့ကျောင်း ဗိုလ်ချုပ်တိုင်း အားလုံးက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ဖုန်းကျားရီလည်း အလားတူဖြစ်သည်။ လုံချင်ပါ့ကပင် ကြောင်တောင်တောင် ဖြစ်သွားပြီး ဗိုလ်ချုပ်၏ ဆိုလိုရင်းကို နားမလည်တော့ချေ။ ဟော်ရှု့ဟွေ့ခမ်းကသာ နားလည်သလိုမျိုး တွေးတွေဆဆ ဖြစ်သွားသည်။

“မဟာအမတ်က ပြောစကားအရဆိုရင် သူတို့လိုတာက ရေလား”

သွမ့်ခဲ့ချွမ်က ရုတ်တရက် စကားပြောခန်းထဲသို့ ဝင်ပါလိုက်သည်။

“အမှန်ပဲ”

သာ့လွန်ရော့ကျန်း၏ မျက်နှာက လေးနက်သွားသည်။

“ရိက္ခာတွေကို ရဖို့လွယ်တယ်။ ဒါပေမဲ့ သူတို့နေ့တိုင်းလိုတဲ့ရေကို ဘယ်လိုရနိုင်မှာလဲ။ သူတို့ စားသောက်ဖို့အတွက် ရေမလိုပြန်ဘူးလား”

“ကျွန်တော် သုံးသပ်တာသာ မှန်မယ်ဆိုရင် သူတို့အတွက် ရေအရင်းအမြစ်က အဲ့ဒီဝမ်ကလန်က ကောင်လေး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြင်းပြင်းထန်ထန် ရွာသွန်းတဲ့မိုးကနေ ခံထားတာဖြစ်လောက်တယ်။ ဒါပေမဲ့ သူဘယ်လောက်ပဲ ပြင်ထားပြင်ထား ရေအများကြီး သိမ်းထားနိုင်မှာမဟုတ်ဘူး။ သေချာပေါက် သူတို့မှာရှိတဲ့ စစ်သည်ကိုးသောင်းကျော်နဲ့ မြင်းတွေအတွက် မလုံလောက်ဘူး”

“သူက ပြင်ဆင်ထားနိုင်မယ်ဆိုရင်တောင်မှ သူနှင့်အတူ ရေအိတ်တွေအများကြီး ယူလာမယ်ဆိုရင်တောင်မှ ဘယ်လောက်မှ ရှိနိုင်မှာ မဟုတ်ဘူး။ အများဆုံး ဆယ်ရက်မတိုင်ခင်မှာ အားလုံးသုံးလို့ ကုန်သွားလိမ့်မယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ အမြစ်ဖြတ်သုတ်သင်ဖို့ အကောင်းဆုံး အခွင့်အရေး ရလာလိမ့်မယ်”

သာ့လွန်ရော့ကျန်းက ပြောလိုက်သည်နှင့် လူတိုင်း၏ မျက်ဝန်းက တောက်ပသွားသည်။ အဆုံးတွင် ခဲ့လော့ဖုန်းကပင် အံ့အားသင့်မှုကို မထိန်းချုပ်နိုင်တော့ချေ။

“ဟား ဟား ဟား သာ့လွန်ရော့ကျန်း ငါ့ရဲ့ခန့်မှန်းမှုက တကယ်မှန်တာပဲ။ မင်းက ရန်သူရဲ့ အကြံက ပြစ်ချက်ကို တကယ်ရှာနိုင်တယ်”

ခဲ့လော့ဖုန်းက ရယ်သည်။ သူ၏စိုးရိမ်မှုအားလုံးက လွင့်ပျယ်သွားတော့သည်။

မာန်ရှဲ့ကျောင်း ဗိုလ်ချုပ်တစ်ယောက်က ရုတ်တရက် တစ်စုံတစ်ရာကို မှတ်မိသွားပြီး တင်ပြသည်။

“ဒါအမှန်ပဲ အရှင်မင်းကြီး ဒီဗိုလ်ချုပ်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က မတော်တဆ အဖြစ်အပျက်ကို မှတ်မိပါသေးတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ညဘက် ဝင်စီးတဲ့ အချိန်အတောအတွင်းမှာ ကျွန်တော်တို့ ရေအိတ်တွေ တော်တော်များများ ပျောက်သွားတာကို သတိထားမိခဲ့တယ်”

ထိုစကားက လူတိုင်း၏ စိတ်အခြေအနေကို ပြောင်းပြန်ဖြစ်သွားစေသည်။

“သခင်လေး မာန်ရှဲ့ယွီစန်းစစ်တပ်က စတင်လှုပ်ရှားနေပြီ”

တောင်ထိပ်ပေါ်မှ အစောင့်တစ်ယောက်က သတင်းပို့လာသည်။ ဝမ်ချောင်က ချက်ချင်းလိုလို မတ်တပ်ရပ်လိုက်ပြီး အပြင်သို့ လျှောက်ထွက်လာသည်။ တိကျစွာဖြင့် သူကတောင်ထိပ်မှ ငုံ့ကြည့်လိုက်သောအခါ မာန်ရှဲ့ယွီစန်း စစ်တပ်က ရက်ပေါင်းများစွာ ငြိမ်သက်လာရာမှ နောက်ဆုံးတွင် လှုပ်ရှားလာပြီဖြစ်ကြောင်း သိလိုက်ရသည်။

“ဟမ်”

ဝမ်ချောင်၏ မျက်လုံးထဲတွင် သံသယကို မြင်နိုင်သည်။ အချိန်တစ်ခု ကြာပြီးနောက် စစ်တပ်ထဲမှ ပုံရိပ်တစ်ခုက ထွက်လာသည်။ အထဲတွင် သားမွှေးယပ်တောင်ကိုကိုင်လျှက် အသာအယာ အေးအေးလူလူ ခတ်နေလေသည်။

All Chapters