← Chapters

အခန်း (၆၀၁-၆၀၅)

Vol. 30 Ch. 601-605

အခန်း (၆၀၁-၆၀၅)

Vol. 30 Ch. 601-605

အခန်း(၆၀၁)

“သာ့လွန်ရော့ကျန်းလား”

ဝမ်ချောင်၏ စိတ်ထဲတွင်လည်း အံ့အားသင့်သွားသည်။ သူက ထိုယွီစန်း မဟာအမတ်ကို တွေ့ခဲ့ရသည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်သည်။ ဆိုရိုးစကားအရ ဧည့်သည်များက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မလာတတ်ဘူး။ “ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ဧည့်သည်တွေကလည်း မလာလည်တတ်ဘူး” ဆိုသောစကားအတိုင်း သာ့လွန်ရော့ကျန်းက ဒီတခဏတွင် လမ်းလျှောက်ထွက်လာခြင်းက ကောင်းသောကိစ္စ မဟုတ်လောက်ချေ။

“မဟာအမတ် မဟာအမတ်က အလာပသလာပ ပြောဖို့အတွက်လောက်နဲ့တော့ ထွက်မလာပါနဲ့”

ဝမ်ချောင်က ဦးစွာစပြောလိုက်သည်။ သူ၏အသံက ပတ်ဝန်းကျင်တစ်ခုလုံး ဟိန်းထွက်သွားသည်။

“သခင်လေး မတွေ့ရတာကြာပြီ”

သာ့လွန်ရော့ကျန်း၏ အေးအေးသာသာ ရှိနေသော မျက်ဝန်းနှင့်အတူ သူက ငှက်မွှေးယပ်တောင်ကိုခတ်လျှက် ဖြေးညှင်းစွာဖြင့် လမ်းလျှောက်ထွက်လာသည်။

ဝမ်ချောင်က သာ့လွန်ရော့ကျန်း၏ မျက်နှာပေါ်မှ အကြည့်တစ်ချက်ကို မြင်သောအခါ သူ၏နှလုံးသားက ရုတ်တရက် အခုန်နှုန်း မြန်သွားသည်။ ဒီတိုက်ပွဲတွင် ကြီးလေးသော ဆုံးရှုံးမှုများကို ရရှိခဲ့ပြီးနောက် တစ်ဖက်သူ၏ မျက်နှာ အေးအေးသာသာ ရှိနေခြင်းက အလွန်ထူးဆန်းနေသည်။

“မဟာအမတ်က စိတ်အခြေအနေ ကောင်းနေတဲ့ပုံပဲ”

ဝမ်ချောင်က ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“ဟား ဟား သခင်လေး အရင်ရက်တွေမှာ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခဲ့တာပဲ”

သာ့လွန်ရော့ကျန်းက ပြုံးနေပြီး သူ၏အမူအရာကလည်း ပို၍အေးဆေးလာသထက် အေးဆေးလာသည်။

“တကယ်ကိုပဲ သခင်လေးကို ဘာမှဖုံးကွယ်ထားဖို့ ဆန္ဒမရှိပါဘူး။ ဒီနေ့ ဒီအမတ်က သခင်လေးကို တစ်ချက်ပဲပြောချင်တယ်”

“အိုး”

ဝမ်ချောင်၏ မျက်နှာတွင်လည်း နက်နဲသော အကြည့်က ထွက်ပေါ်လာသည်။

“မဟာအမတ်က တကယ်ကို လွတ်လပ်ပေါ့ပါးပြီး စိတ်အေးနေတာပဲ”

“ဟား ဟား သခင်လေး နားလည်မှု မလွဲပါနဲ့။ ဒီအမတ်က သခင်လေးကို အရမ်းလေးစားနေတာပါ”

သာ့လွန်ရော့ကျန်း၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုက သိသိသာသာ များပြားလာသည်။ သို့သော် သူ၏လက်ထဲရှိ ငှက်မွှေးယပ်တောင်၏ ခတ်သောအရှိန်က အနည်းငယ် ပိုနှေးသွားသည်။

“ခြင်္သေ့မြို့က ကိစ္စပဲဖြစ်ဖြစ် ဒီသံမဏိနံရံပဲဖြစ်ဖြစ် သခင်လေးရဲ့ မြင်နိုင်စွမ်းအား ပါရမီက ဒီအမတ်က နက်ရှိုင်းတဲ့ အမြင်ကောင်း ချန်ထားရစ်နိုင်ခဲ့တယ်။ သခင်လေးက ကြိုတင်ပြင်ဆင်ပြီး လာတယ်ဆိုတာကိုလည်း ဒီအမတ်က မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအမတ်က မေးချင်တာက သခင်လေး ရေလုံလောက်အောင် ပြင်ထားရဲ့လား”

ထို့နောက် နောက်ဆုံးမေးခွန်းနှင့်အတူ သာ့လွန်ရော့ကျန်းက ယပ်တောင်ကိုသိမ်းပြီး ရယ်သည်။

ဝမ်ချောင်၏ မျက်လုံးများက မှေးကျဉ်းသွားသည်။ သူ၏မျက်နှာထားက ချက်ချင်းဖြူဖျော့သွားသည်။

အဝေးရှိ သာ့လွန်ရော့ကျန်းက နောက်ဆုတ်သွားပြီဖြစ်ပြီး တိုက်ပွဲနယ်မြေတစ်ခုလုံး ဟိန်းထွက်နေသည့် ရယ်သံကိုသာ ချန်ထားရစ်ခဲ့သည်။

တောင်ပေါ်ရှိ ဝမ်ချောင်က မလှုပ်ရှားဘဲ ရပ်နေသည်။ သူ၏မျက်နှာကလည်း တင်းမာနေပြီး ညင်သာသော လေပြင်းက ခန္ဓာကိုယ်ကို ပွတ်တိုက်သွားသည့်အခါ အေးစက်သွားရသည်။

သိန်းငှက်အိုကြီးက အနောက်ဘက်မှ လျှောက်လာပြီးနောက် စိုးရိမ်တကြီးမေးသည်။

“သခင်လေး ဘာဖြစ်လို့လဲ”

“သူရှာတွေ့သွားပြီ”

ဝမ်ချောင်၏ စိတ်ထဲတွင် ထိုအတွေးကသာ ရှိတော့သည်။

ဝမ်ချောင်၏ အကြံအစည်တွင် အကြီးမားဆုံး ပြစ်ချက်တစ်ခုတည်းသာရှိသည်။ ထိုတစ်ခုကိုလည်း သူမည်သို့ လုပ်စေကာမူ ဘာမျှလုပ်၍မရချေ။ ထိုပြဿနာက ရေဖြစ်သည်။ အနောက်တောင်ပိုင်းတွင် မိုးရေက ရှားပါးသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကကဲ့သို့ ပြင်းထန်သော မိုးရွာခြင်းက အလွန်အမင်း ရှားပါးလေသည်။

သို့သော် စစ်သည်တစ်သိန်းကို ထောက်ပံ့ရသော ရိက္ခာနှင့် ရေပြဿနာကမူ သိသာထင်ရှားလွန်းသည်။

ရေအရင်းအမြစ်က သံမဏိမြို့ရိုးများကို ကိုင်တွယ်ဖြေရှင်းခြင်းထက် ကွာခြားသည်။ ဝမ်ချောင်က သံမဏိမြို့ရိုးများကို သယ်ယူပို့ဆောင်နိုင်ခဲ့သော်လည်း ရေအရင်းအမြစ်ကို ရွှေ့ပြောင်း၍မရနိုင်ခဲ့ချေ။ တိဗက်များနှင့် မာန်ရှဲ့ကျောင်းကို ကိုင်တွယ်ရန်အလို့ငှာ ဝမ်ချောင်က ဒီတောင်ကို ခုခံစစ် တိုက်ပွဲတည်နေရာအဖြစ် ရွေးချယ်ခဲ့သည်။ သို့သော် ဝမ်ချောင်အနေဖြင့် ရေအရင်းအမြစ် တစ်ခုကို ပိုင်ဆိုင်ရန် ပို၍ခက်ခဲစေခဲ့သည်။

သူကမည်သို့ ကြိုးစားစေကာမူ လုံလောက်အောင် မကိုင်တွယ်နိုင်ခဲ့ချေ။

ဝမ်ချောင်က အကောင်းဆုံး ကြိုးစားပြီး ထိုပြစ်ချက်ကို ဖုံးကွယ်ထားခဲ့သည်။ သို့သော် အဆုံးတွင် သာ့လွန်ရော့ကျန်းက သိဖြစ်အောင် သိသွားခဲ့သေးသည်။

အလယ်အောက်တွင် ရပ်နေသည့် ဝမ်ချောင်က ရုတ်တရက် အမိန့်ထုတ်လိုက်သည်။

“လူကြီးမင်းကျန်းရှို့ကျစ်ကို ဆင့်ခေါ်လိုက်ပါ”

“ဟုတ်ကဲ့သခင်လေး”

ကျန်းရှို့ကျစ်က မျှော်လင့်ထားသည်ထက် မြန်ဆန်စွာ ရောက်ရှိလာခဲ့သည်။ ဝမ်ချောင်၏ကျောကို ဂါရဝပြုလိုက်သည်။ သူ၏အသားအရောင်က ဖြူဖျော့နေသေးသည်။ သို့သော် သူ၏မျက်နှာကမူ ယခင်ရက်များထက် ပို၍ကောင်းမွန်လာသည်။

ထပ်ပေါင်းဆိုရသော် ဝမ်ချောင်က သူ၏ခန္ဓာကိုယ်ကို အားဖြစ်စေခဲ့ပြီး စွမ်းအင်ကို ကောင်းမွန်စေသည့် ဆေးလုံးများကို ပေးခဲ့သည်။ ဒါကလည်း အသုံးဝင်ခဲ့သည်မှာ သေချာသည်။

အချိန်အတန်ကြာ ရှိနေပြီးနောက် ဝမ်ချောင်က ပြောလိုက်သည်။

“လူကြီးမင်းကျန်း ကျွန်တော်တို့မှာ ရေဘယ်လောက် ကျန်သေးလဲ။ ရွှီချီချင်းက ကျွန်တော်တို့အတွက် ဘယ်လောက်များများ ပြင်ဆင်ပေးထားလဲ။ စစ်တပ်က ဘယ်လောက်ကြာကြာ ခံနိုင်လဲ”

“မိန်းကလေးရွှီက အကောင်းဆုံးကြိုးစားပြီး ရေအိတ်ပမာဏ အမြောက်အများကို ပြင်ဆင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ရေက ထူးခြားတဲ့အရာဖြစ်ပြီး အခြားပစ္စည်းတွေလို သယ်ယူပို့ဆောင်လို့ မရဘူး။ ထပ်ပေါင်းပြောရရင် ကျွန်တော်တို့က ကြိုတင်ရောက်လာရတဲ့အပြင် သခင်လေးရဲ့ အမိန့်အတိုင်း တောင်ထိပ်မှာ ရေသိုလှောင်ကန်တွေ အများကြီး တူးထုတ်ထားခဲ့ပါတယ်။ ကျွန်တော်တို့က မိုးရေကနေလည်း အများအပြား ခံနိုင်ခဲ့ပါတယ်”

“ထပ်ပေါင်းပြောရရင် သခင်လေးက ကျွန်တော်တို့ကို ကြိုတင်ရောက်လာခိုင်းခဲ့ပြီး ကျွန်တော်တို့က ဒီအနီးအနားက ရေအရင်းအမြစ်တွေဆီကနေ တူးထုတ်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ခဲ့ပါတယ်။ ဒါကြောင့် ရေအခြေအနေက တော်တော်လေးကို အဆင်ပြေပါသေးတယ်”

“ထပ်ပေါင်းပြောရရင် ကျွန်တော်တို့က မာန်ရှဲ့ကျောင်း စခန်းကနေလည်း ရေအိတ်တွေ ယူလာခဲ့ပါသေးတယ်။ ဒါပေမဲ့ စစ်သည်ရှစ်သောင်းကနေ ကိုးသောင်းပမာဏက သုံးစွဲတဲ့ ရေပမာဏက မနည်းပါးပါဘူး။ ကျွန်တော်တို့ ရေဘယ်လောက်များများ သိုလှောင်ထား သိုလှောင်ထား နေ့စဉ်နဲ့အမျှ ချက်ပြုတ်တာနဲ့ ရေတွေက ကုန်ဆုံးနေတာပါပဲ။ တကယ်တော့ မလုံလောက်ဘူးလို့တောင် ပြောလို့ရပါတယ်”

ကျန်းရှို့ကျစ်က ရှင်းပြသည်။

သူနှင့်ဝမ်ချောင်ကသာ ဒီစစ်တပ် တစ်ခုလုံး၏ ရေအခြေအနေကို သိထားကြပြီး အခြားသူများက မသိထားကြသေးချေ။ ဒါက အထိတ်တလန့်ဖြစ်သော အခြေအနေကို ကိုင်တွယ်ဖယ်ရှားရန်အတွက် ဖြစ်သည်။ ရေက စားစရာနှင့်မတူချေ။ မသိသာလောက်သော်လည်း လူတိုင်းက နေ့တိုင်းလိုလို ရေကို အသုံးပြုနေရသည်။ စားစရာချက်ရန်အတွက် သုံးရသည်။ နေ့တိုင်းလည်း ရေသောက်ရသည်။ မြင်းများကလည်း ရေများလိုအပ်သေးသည်။

လုံလောက်သော ရေအထောက်အပံ့သာ မရှိလျှင် စစ်တပ်က ရိက္ခာပြတ်လပ်ခြင်းထက် ပို၍ဆိုးရွားသော အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်။ အရေးကြီးဆုံးက ဒီတောင်ကို ခံစစ်အနေအထားသို့ ရွေးချယ်ထားခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်က ရေပြဿနာက မွေးရာပါ အစားထိုး၍မရသော ပြစ်ချက်တစ်ခု ဖြစ်နေကြောင်းကိုလည်း နားလည်ထားခဲ့ပြီးသားဖြစ်သည်။

သာ့လွန်ရော့ကျန်းက သူ၏သေစေနိုင်သော အားနည်းချက်ကို ဖမ်းဆုပ်နိုင်ခဲ့သည်။

“ကျွန်တော်တို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်လဲဆိုတာကိုပြောပါ”

ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။

“၁၂ရက်ပါ”

ကျန်းရှို့ကျစ်က ပြောသည်။

ဝမ်ချောင်က မျက်မှောင်ကျုံ့ပြီး ထပ်မေးသည်။

“ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ”

ကျန်းရှို့ကျစ်က တုန့်ဆိုင်းနေပြီးနောက်တွင် အံ့ကြိတ်ကာ ပြောလိုက်သည်။

“ဆယ်ရက် မဟုတ်ဘူး အများဆုံး ကိုးရက်ပါပဲ”

သိန်းငှက်အိုကြီး၊ ချန်းရှု့စွန်းနှင့် အခြားသော အစောင့်များ အားလုံး၏ မျက်နှာက ဖြူဖျော့သွားကြသည်။ ယခုလေးတင် သာ့လွန်ရော့ကျန်းက ဝမ်ချောင်ကို စကားပြောရန် ထွက်လာချိန်ကတည်းက တစ်ခုခုတော့ မကောင်းနိုင်တော့ဟု သူတို့က သိခဲ့သည်။

သို့ရာတွင် ကိုးရက်စာ လုံလောက်သော ရေပမာဏသာ ရှိတော့ကြောင်း သိလိုက်ရမှသာ ထိုပြဿနာက သူတို့က ထင်ထားသည်ထက် ပို၍ကြီးလေးကြောင်း သိလိုက်ရသည်။

တောင်ပေါ်ရှိ လေထုအခြေအနေက ချက်ချင်းလိုလို ဆိုးရွားသွားသည်။ တောင်တန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ လူတိုင်းက ပါးစပ်ကိုပိတ်လျှက် စကားပင် မဆိုနိုင်ရဲကြတော့ချေ။

“ဒီတော့ ကိုးရက် သူတို့က ကိုးရက်နေရင် အလုံးအရင်းနဲ့ တိုက်ခိုက်ကြတော့မှာလား”

သိန်းငှက်အိုကြီးက စိုးရိမ်တကြီးပြောသည်။

“ကိုးရက် မကြာနိုင်ဘူး အများဆုံး ခြောက်ရက်လောက်ပဲ။ သူတို့က အဲ့ဒီအချိန်ကျ တိုက်ခိုက်ကြလိမ့်မယ်။ သာ့လွန်ရော့ကျန်းက သူမတိုက်ခိုက်ခင် ငါတို့ကို ရေပြတ်သွားစေချင်မှာမဟုတ်ဘူး”

ဝမ်ချောင်က ခိုင်မာစွာပြောသည်။ သာ့လွန်ရော့ကျန်းက ထိုမျှကြာကြာ မစောင့်နိုင်သလို ခဲ့လော့ဖုန်းကလည်း မစောင့်နိုင်ချေ။ ငါးရက်အတွက် ထိုစစ်တပ်က ရေ၏ပြတ်လပ်မှုကို ခံစားရပေလိမ့်မည်။ ထိုအပြောင်းအလဲအရ ရှင်းရှင်းလင်းလင်းပင် စစ်တပ်တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိစေနိုင်သည်။

သူတို့ကသာ ထိုအချက်ကို ကြိုတင်မသိထားလျှင် စစ်တပ်က သက်ရောက်ခံရမည် မဟုတ်ချေ။ သို့သော် သာ့လွန်ရော့ကျန်းက ထိုအချက်ကို သိထားခဲ့ပြီး ဝမ်ချောင်နှင့်တွေ့ကာ ထိုသို့စကားစစ် ထိုးခဲ့သည်။

ခြောက်ရက်ကြာပြီးနောက် အခြေအနေက ဆိုးသွားဖို့သာ ရှိတော့သည်။ ထိုအခါသူ၏ စစ်သားများ၏ တိုက်ခိုက်လိုစိတ်ကလည်း ယိုင်နဲ့လာတော့မည်ဖြစ်သည်။ မြင်းများနှင့် စစ်သားများအတွက် လိုအပ်သော ရေပမာဏက လျှင်မြန်စွာ ကုန်ဆုံးနေမည် ဖြစ်လေရာ လူတိုင်းက ထိုအချက်ကို သေချာပေါက် ခံစားမိပေလိမ့်မည်။

သို့သော် ဝမ်ချောင်ကမူ ထိုသို့ အခြေအနေကို ဖြစ်စေခဲ့ခြင်းဖြစ်သည်။

သူက အကြံအစည်ကိုချပြီး ရေကို အလုံးအရင်းဖြင့် ဆက်လက် စုဆောင်းခဲ့သောကြောင့် သာ့လွန်ရော့ကျန်းက သူ၏အကြံအစည်ကိုချပြီး ခုနှစ်ရက်မြောက်တဲ့အထိ စောင့်နေနိုင်သည်။ ဝမ်ချောင်က ဒီအတိုင်း ဆက်နေမည်ဟု သူကယုံကြည်ထားလျှင် နောက်ထပ်တစ်ရက် ထပ်စောင့်ဦးပေလိမ့်မည်။ အများဆုံး အန်းနန်အစိုးရစစ်တပ်၏ ရေပြဿနာအပေါ် သတိထားမိသွားနိုင်သည့် နှုန်းအတိုင်းဆိုလျှင် သူက ကိုးရက်စောင့်ရန် မလိုအပ်ချေ။

စစ်တပ်တွင် ရေမရှိတော့သော အချိန်တွင် တစ်ခုတည်းသော စောင့်ဆိုင်းနေမည့်အရာက သေခြင်းဖြစ်သည်။

“သခင်လေး ကျွန်တော်တို့ ရေကိုကန့်သတ်ပြီး သုံးစွဲကြမလား။ ကျွန်တော်တို့ ဒီလိုဆိုရင် ၁၂ရက်လောက် ခံနိုင်တယ်”

ကျန်းရှို့ကျစ်ကပြောသည်။

“မလိုဘူး”

ဝမ်ချောင်က ချက်ချင်းငြင်းလိုက်သည်။

“ငါတို့က ဒီအကြံကို သုံးလိုက်ရင် အားလုံးရဲ့ စိတ်ဓာတ်အင်အားတွေ ကျဆင်းကုန်ကြလိမ့်မယ်။ ငါတို့ ငါးရက်တောင် စောင့်စရာမလိုဘူး။ သာ့လွန်ရော့ကျန်းက သေချာပေါက် တိုက်ခိုက်ဖို့ စတင်လိမ့်မယ်။ ထပ်ပြောရရင် ငါတို့ဒီနေရာမှာ ဘာလို့ရှိနေလဲဆိုတာကို မင်းတို့မေ့သွားပြီလား”

သိန်းငှက်အိုကြီးနှင့် ချန်းရှု့စွန်းတို့က တုန်ယင်သွားကြပြီး ချက်ချင်းလိုလို တုန့်ပြန်ကြသည်။

ဝမ်ချောင်ကလည်း ဒီစစ်ပွဲက ဗျူဟာရှိရှိဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သလို အချင်းချင်း သိနားလည်မှုဖြင့် တိုက်ခိုက်နေရခြင်းဖြစ်သော စစ်ပွဲဖြစ်ကြောင်း ပြောပြထားသည်။ အချင်းချင်း သိနားလည်ခြင်းဆိုသည်မှာ သူတို့၏ ပန်းတိုင်းက မာန်ရှဲ့ယွီစန်းစစ်တပ်ကို ခုခံပြီး တချိန်ထဲ အချိန်ဆွဲထားရန်ဖြစ်သည်။

ဗျူဟာအရမူကား...

ဒီစစ်ပွဲက တစ်ပွဲနှစ်ပွဲဖြင့် ရလဒ်ကို ဆုံးဖြတ်နိုင်ဦးမည်ဖြစ်သည်။ ဝမ်ချောင်၏ အမြင်တွင် သူတို့အနေဖြင့် အနောက်တောင်၏ စစ်ပွဲကို အဆုံးအဖြတ်ပေးနိုင်သော အခြားသော ကိစ္စတစ်ခုက တော်ဝင်ခုံရုံးဖြစ်သည်။

ဦးလေးနဲ့ ဘုရင်စုန့်တို့က တစ်ခုခု လုပ်နေမလားလို့ သိချင်မိတယ်။

ဝမ်ချောင်က တိတ်တဆိတ် တွေးလိုက်သည်။

မဟာထန်က အဆုံးသတ်သို့ ရောက်နေသော်လည်း ကြာရှည်စွာ ငြိမ်းချမ်းခဲ့သော ကိစ္စက နဂိုထက်မြတ်မှုကို ဖြေးညှင်းစွာ လျော့ပါးပျောက်ကွယ်စေခဲ့ခြင်းဖြစ်သည်။ လက်ရှိမဟာထန်အတွက် ဝမ်ချောင်အနေဖြင့် သေချာနေသည်မှာ အဘက်ဘက်မှ ပြဿနာများကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။

တူရကီ၊ Goguryeo၊ Abbasid၊ Cliphate၊ Charas Spasinuနှင့် အနောက်ပိုင်း တိုင်းပြည်မှ မင်းဆက်များက မဟာထန်၏ ယခင်ရန်ဟောင်းများ ဖြစ်သလို ရန်ဘက်များ ဖြစ်လာနိုင်သည့်လူများ ဖြစ်သည့်အလျောက် မာန်ရှဲ့ယွီစန်းတို့နှင့်ပေါင်းကာ မဟာထန် စစ်တပ်များကို ကိုင်တွယ်လုပ်ဆောင်နေသည်။

သို့သော် မဟာထန်က မဟာထန် ဖြစ်နေသေးသည်။ မဟာထန်တွင် ပိုင်ဆိုင်ခဲ့သော အရင်းအမြစ်က ရာစုနှစ်ပေါင်းများစွာ ဆက်လက် အဓွန့်ရှည် တည်တံ့နေခဲ့ခြင်းလည်းဖြစ်သည်။

ဝမ်ချောင်အနေဖြင့် သူကသာ မာန်ရှဲ့ယွီစန်းစစ်တပ်ကို အချိန်တစ်ခုကြာ အချိန်ဆွဲထားနိုင်သမျှ တော်ဝင်ခုံရုံးက တပ်ကူများ သေချာပေါက် စေလွှတ်ပေးနိုင်မည်ဟု ယုံကြည်မှုရှိသည်။

“ဘယ်လိုလဲ”

တိဗက်ဗိုလ်ချုပ်စခန်း အပြင်ဘက်တွင် လူတိုင်းက အစည်းအဝေးအတွက် စုရုံးရောက်ရှိနေခဲ့သည်။ သာ့လွန်ရော့ကျန်းနှင့် ခဲ့လော့ဖုန်းတို့က အရှေ့တွင် ရပ်နေကြပြီး ဟော်ရှု့ဟွေ့ခမ်းနှင့် သွမ့်ခဲ့ချွမ်တို့ကမူ အနောက်တွင် ရပ်နေကြသည်။ သူတို့၏ အနောက်တွင်လည်း အခြားသော ဗိုလ်ချုပ်များရှိသည်။ အနီးအနား တောင်တန်းတွင် စုရုံးရောက်ရှိနေကြပြီး မဟာထန်ကို ဝိုင်းထားသည်မှာ မူလဖြစ်တည်မှု သားရဲကြီးက သားကောင်ကို ချောင်းကြည့်နေသည်နှင့်တူသည်။

လူတိုင်းအကြည့်က သာ့လွန်ရော့ကျန်း၏ အကြည့်နောက်လိုက်ကာ တောင်ထိပ်ရှိ မီးခိုးများ ထွက်နေရာ နေရာသို့ ရောက်သွားသည်။

မဟာထန်၏ စစ်တပ်က တစ်နေ့လျှင် သုံးနပ်စားပြီး စစ်တပ်တစ်ခုလုံးရှိ ဗိုလ်ချုပ်တိုင်းကလည်း ထိုမြင်ကွင်းကို စောင့်ကြည့်လေ့ရှိကြသည်။ အမြဲတမ်းလိုလို မာန်ရှဲ့ယွီစန်း စစ်တပ်တွင် ထိုသို့ထူးဆန်းသည့် မြင်ကွင်းကို မြင်နေရခြင်းဖြစ်သည်။

“ဟင်းချက်တဲ့ မီးဖိုအရေအတွက်က မလျော့သွားသေးဘူး။ ထန်တွေက ရေကို မကန့်သတ်ဘူး”

ဖုန်းကျားရီက ပြောသည်။

မဟာထန်မှ ဓားစာခံဖြစ်ခဲ့ဖူးသည့် သူအနေဖြင့် သူက မြို့တော်တွင် အချိန်တစ်ခုကြာ နေခဲ့ဖူးသည့်အလျောက် သူတို့၏ ယဉ်ကျေးမှုကို အဘက်ဘက်မှ နားလည်နေသည်။ စစ်အနုပညာက စတင်ပြီး ကွန်ဖြူရှပ် စာပေအထိ လေ့လာသင်ကြားနိုင်ခဲ့သည်။ ထို့ကြောင့် သူကလည်း ထိုမီးဖိုများ၏ အရေအတွက်က ဘာကိုဆုံးဖြတ်ပေးနိုင်ကြောင်း ကောင်းကောင်း နားလည်နေသည်။

“ဒါက ဝမ်ကလန်က အဲ့ဒီသားရဲ့ဉာဏ်ကို ဖော်ပြတာပဲ”

သာ့လွန်ရော့ကျန်းက သက်ပြင်းချလိုက်သည်။ ရန်သူဖြစ်နေပြီး ရင်ဆိုင်နေရသော အချက်ကို ဘေးဖယ်ထားလိုက်လျှင် သာ့လွန်ရော့ကျန်းအနေနှင့် ဝမ်ချောင်ကို အလွန်လေးစားကာ ချီးကျူးချင်စိတ် လေးလံစွာ ရှိနေပြီဖြစ်သည်။ အင်အားကြီးမားသော ရန်သူဖြစ်နေသော်လည်း ထိုလူကသာ အပြည့်အဝ အရွယ်ရောက်လာမည်ဆိုလျှင် သာ့လွန်ရော့ကျန်းကပင် မည်မျှအထိ ဝေးကွာအောင် သွားနိုင်မည်ဖြစ်ကြောင်း မခန့်မှန်းနိုင်ခဲ့ချေ။

ထိုအတွက်ကြောင့်လည်း သာ့လွန်ရော့ကျန်းက သူ့ကိုဒီနေရာမှ မထွက်သွားစေလိုခြင်းဖြစ်သည်။

“လက်ရှိထန်စစ်တပ်က ငါ့ရဲ့စကားကြောင့် သံသယဝင်နေကြလိမ့်မယ်။ သူတို့က စတင်ပြီး ရေအရင်းအမြစ် ကန့်သတ်လိုက်မယ်ဆိုရင် အားလုံးရဲ့ စိတ်ဓာတ်အင်အားက လျော့ကျသွားလိမ့်မယ်။ ဒီတော့ သူကသာ ရေကိုကန့်သတ်လိုက်မယ်ဆိုရင် နည်းနည်းကြာကြာ ခံနိုင်လောက်ပေမဲ့ ဆက်တိုက်ကတော့ တိုက်ခိုက်လိုစိတ် လျော့ကျသွားပြီး အထိတ်တလန့် ဖြစ်သွားကြလိမ့်မယ်။ ဒါက အချိန်ကြာလေလေ ပိုဆိုးလာလေလေပဲ။ ရလဒ်အနေနဲ့ သူကရေကို နောက်ပိုင်း မကန့်သတ်တော့ရင်တောင်မှ အခြေအနေက ပိုပြီးဆိုးရွားသွားလိမ့်မယ်”

“ဒါပေမဲ့ သူတကယ်ပဲ ဒီတိုင်း ဆက်လုပ်တော့မှာလား”

ဖုန်းကျားရီက အံ့အားတကြီးမေးသည်။

“ဒါပေါ့ မဖြစ်နိုင်ဘူးပေါ့”

သာ့လွန်ရော့ကျန်းကပြောသည်။

“သူ့မှာအခု ဘာပဲရှိနေရှိနေ အားလုံးက အသုံးမဝင်ဘူး။ ဒါကသူ့ရဲ့ သေစေနိုင်တဲ့ အားနည်းချက်ပဲ။ သူက ဒီလောကက ဉာဏ်အကောင်းဆုံး လူဆိုရင်တောင်မှ ဘာမှမလုပ်နိုင်ဘူး”

“အရှင်မင်းကြီး အရှင်မင်းကြီး စောင့်နေတဲ့ တခဏက ရောက်လာတော့မှာပါ။ အများဆုံး ခုနှစ်ရက်ပဲ။ အဲ့အချိန်ကျရင် ကျွန်တော်တို့ ဗိုလ်ချုပ်တွေကို အလုံးအရင်းနဲ့ တိုက်ခိုက်ခိုင်းကြမယ်”

ခဲ့လော့ဖုန်းက သဘောတကျ အော်ရယ်လိုက်သည်။

အခန်း(၆၀၂)

ဒုတိယမြောက်တစ်ရက် တတိယမြောက် တစ်ရက်က ကုန်လွန်သွားပြီး သာ့လွန်ရော့ကျန်းနှင့် ခဲ့လော့ဖုန်းတို့က နေ့တိုင်း စောင့်ကြည့်နေခဲ့ကြသည်။ သို့ရာတွင် အန်းနန်အစိုးရစစ်တပ်မှ မီးဖိုများ၏ အရေအတွက်က ယခင်အတိုင်း တူတူသာလျှင် ဖြစ်နေသေးပြီး လေထုအခြေအနေကမူ မသိမသာ ပြောင်းလဲလာပြီဖြစ်သည်။

ခဲ့လော့ဖုန်းနှင့် သာ့လွန်ရော့ကျန်းတို့ကလည်း ထိုအတိုင်း ဆက်ဖြစ်နေမည်ဟု ယုံကြည်နေချိန်တွင် မမျှော်လင့်ထားစွာပင် လေးရက်မြောက်နေ့တွင် ထူးခြားမှုက ဖြစ်လာသည်။

ဖလပ် ဖလပ်

တိဗက်ဗိုလ်ချုပ် ရွက်ဖျင်တဲအရှေ့ရှိ ကြီးမားသော ပိန်းပိတ်အောင် မည်းမှောင်နေသည့် သတင်းပို့ ငှက်တစ်ကောင်က ဆင်းသက်လာခြင်းဖြစ်သည်။

အရှေ့မြောက်ပိုင်းက သတင်းတွေပဲ။

သာ့လွန်ရော့ကျန်းက ငှက်၏ခြေထောက်မှ သင်္ကေတကိုကြည့်ရင်း စာကိုဖြေကြည့်လိုက်ချိန်တွင် သူ၏မျက်ဝန်းထဲ စိတ်ရှုပ်ထွေးဟန် တစ်စွန်းတစ်စ ပေါ်လာသည်။ ယွီစန်းအင်ပါယာ၏ အရှေ့မြောက်ဘက်ပိုင်းဟာ မဟာထန်၏ လုံရှီနေရာဖြစ်သည်။

ထိုနေရာတွင် Wetadrakhonglo နှင့် Dusongmangpoje တို့က တပ်ဆွဲထားကြကာ နှစ်ဖက်လုံးကလည်း ခဲ့ရှုဟန်၏ Bigdipper စစ်တပ်နှင့် ရင်ဆိုင်နေသည်။

Wetadrakhongelo က ခဲ့ရှု့ဟန်ကို ပြီးပြည့်စုံစွာ ထိန်းထားနိုင်ခဲ့သည်။ Bigdipper စစ်တပ်က ခုခံရန်သာ တက်နိုင်သော အခြေအနေထိ ရောက်ရှိခဲ့ပြီး ပြန်လည်မတိုက်ခိုက်နိုင်ခဲ့ချေ။ ထို့ကြောင့် သာ့လွန်ရော့ကျန်းက ရုတ်တရက် ထိုနေရာမှ သတင်းရကာ နားမလည်နိုင်ခြင်းဖြစ်သည်။

စိတ်ရှုပ်ထွေးမှု တစ်စွန်းတစ်စနှင့်အတူ သာ့လွန်ရော့ကျန်းက စာကိုဖွင့်ဖတ်ကြည့်သည်။

ဝုန်း

သာ့လွန်ရော့ကျန်း၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။

“ဘာဖြစ်တာလဲ”

ဟော်ရှု့ဟွေ့ခမ်းကလည်း အနောက်မှ လျှောက်လာသည်။

“မင်းဘာသာ ကြည့်လိုက်”

သာ့လွန်ရော့ကျန်းက စာကိုပေးလိုက်သည်။ စာထဲတွင် သတင်းစကားက ခပ်တိုတိုသာပါသည်။

“မဟာထန်ရဲ့ စစ်နတ်ဘုရား ဝမ်ကျုံးစစ်က မြို့တော်က ထွက်လာပြီး လုံချင်ပါ့ဆီကို လာတဲ့လမ်းကို ရောက်နေပြီ”

ဟော်ရှု့ဟွေ့ခမ်း၏ မျက်နှာကလည်း ချက်ချင်းဖြူဖျော့သွားသည်။

“ပြဿနာပဲ”

ဟော်ရှု့ဟွေ့ခမ်းက ရေရွတ်လိုက်ပြီး သူ၏မျက်နှာက တင်းမာလာသည်။

ယွီစန်းအင်ပါယာက ကြောက်ရသော လူတစ်ယောက်ကို ပြောရမည်ဆိုလျှင် မဟာထန်မှ စစ်နတ်ဘုရား ဝမ်ကျုံးစစ်သာ ဖြစ်ပေလိမ့်မည်။

ယွီစန်း၏ မဟာထန်နှင့်ယှဉ်သော စစ်ပွဲက ဝမ်ကျုံးစစ်ကသာ ထန်စစ်တပ်ကို ဦးဆောင်ခဲ့ခြင်းဆိုလျှင် ယွီစန်းဘက်က အမြဲတစေ ကြီးမားသော ဆုံးရှုံးမှုကိုသာ ရင်ဆိုင်နေရပြီး နောက်ဆုတ်ရန်သာ ဖိအားပေးခံရလေ့ရှိသည်။ ဝီသာထရာခုံးလုံ၏ ဗိုလ်ချုပ်ဘုရင်ဆိုသော လူကပင် ဝမ်ကျုံးစစ်၏လက်တွင် ခါးသီးစွာ ရှုံးရလေ့ရှိသည်။

ဝမ်ကျုံးစစ်က ဦးဆောင်သော မဟာထန်၏ စစ်တပ်က တောင်ပေါ်ဒေသသို့ပင် တိုက်ရိုက်အပြေး နှင်လာပြီး တော်ဝင်မြို့တော်ကို သိမ်းလုနီးပါးအထိ လုပ်နိုင်ခဲ့ဖူးသည်။

ဝမ်ကျုံးစစ်က အိမ်ရှေ့စံ၏ အငယ်တန်း သက်တော်စောင့်အဖြစ် ဝင်ရောက်ခဲ့ကြောင်း သတင်းများ ထွက်လာခဲ့သောအခါ ယွီစန်းအင်ပါယာကပင် အောင်ပွဲခံခဲ့ကြသေးသည်။ လူတိုင်းက ထိုအခါမှ စိတ်အေးနိုင်ခဲ့ခြင်းဖြစ်သည်။ ယွီစန်းအင်ပါယာအတွက် ဝမ်ကျုံးစစ်က လှုပ်ရှားလာသည်ဆိုသော သတင်းဟာ အလွန်ကြီးမားသော ငလျှင်လှုပ်ခြင်း ဖြစ်နေသည်။

“ငါတို့မှာ အချိန်အများကြီး မကျန်တော့ဘူး။ ဗိုလ်ချုပ်များရဲ့ဘုရင်က အချိန်အကြာကြီး မတောင့်ခံနိုင်လောက်ဘူး”

သာ့လွန်ရော့ကျန်းက တင်းမာသော မျက်နှာထားဖြင့်ပြောသည်။

မဟာထန်တွင် သာ့လွန်ရော့ကျန်းက မထိန်းချုပ်နိုင်ကြောင်း လက်သင့်ခံထားသော လူတစ်ယောက်ထဲသာရှိပြီး ထိုလူကလည်း ဝမ်ကျုံးစစ်ဖြစ်သည်။ ထိုလူ၏ အဆင့်က သာ့လွန်ရော့ကျန်း၏ လုပ်နိုင်စွမ်းရည်ကို ကျော်နေသည်။

သာ့လွန်ရော့ကျန်းက ကိုယ့်ကိုယ်ကို နှိမ့်ချပြီး တစ်ဖက်လူကို အလွန်မြှင့်တင်နေခြင်း မဟုတ်သော်လည်း လက်သင့်မခံနိုင်လောက်သော်လည်း မှန်ကန်စွာ ပြောရမည်ဆိုလျှင် ဝီသာထရာခုံးလုံက ဝမ်ကျုံးစစ်ကို မယှဉ်နိုင်ချေ။

ဝမ်ကျုံးစစ်က အိမ်ရှေ့စံ၏ အငယ်တန်း သက်တော်စောင့်အဖြစ် နန်းတွင်းကို မဝင်ရောက်ခဲ့ခြင်းက အမည်ဖော်မပြနိုင်သော ရောဂါကြောင့်ဟု ကြားထားခဲ့ဖူးသည်။ သို့သော် ယခုမူ မည်သို့ပင် ဖြစ်နေစေကာမူ ဒီသတင်းက ပို၍သေချာနေသည်။

ဒါက ယွီစန်းအတွက် သတင်းဆိုးပဲ။

“ဝမ်ကျုံးစစ်က တော်ဝင်မြို့တော်ကနေ လုံရှီကိုရောက်ဖို့ အများဆုံး ဆယ်ရက်ပဲ လိုလိမ့်မယ်။ အခြားစကားနဲ့ ပြောရရင် ငါတို့က ဒီဆယ်ရက်အတွင်းမှာ အန်းနန်အစိုးရစစ်တပ်ကို အမြစ်ဖြတ် သုတ်သင်ပြီး အနောက်တောင်ပိုင်းကို အပြေးနှင်ရမယ်”

“ကြည့်ရတာ ငါတို့စီမံကိန်းကို အချိန်စောရွေ့ဖို့ လိုအပ်နေပြီ”

ဟော်ရှု့ဟွေ့ခမ်းက တင်းမာစွာပြောသည်။

“အဘိုးကြီးရှီ မင်းမှာ ရေလုံလောက်အောင် ကျန်သေးလား။ ငါ့ကိုမင်းရဲ့ ရေအိတ်ပေးပါဦး”

မြင့်မားသော သံမဏိမြို့ရိုးနံရံ၏ အနောက်ဘက်တွင် အန်းနန်အစိုးရစစ်တပ်မှ စစ်သားဟောင်း တစ်ယောက်က ခြောက်ကပ်နေသောလျှာဖြင့် နှုတ်ခမ်းကိုသပ်လျှက် ဘေးဘက်ရှိ စစ်သားတစ်ယောက်ကို မေးသည်။

“ငါ့မှာလည်း မကျန်တော့ဘူး”

ထိုစစ်သားက ရေအိတ်ကို မှောက်ကာ သွန်ပြပြီး နောက်ဆုံး ရေတစ်စက်က ပါးစပ်ထဲသို့ ကျသွားသည်။

“တွေ့လား ငါ့အတွက်တောင် မလောက်တော့ဘူး။ မင်းရေသောက်ချင်ရင် နာရီအနည်းငယ်စောင့်ပြီး အထက်က ပို့ပေးလာတာကို စောင့်ရလိမ့်မယ်”

“အရင်က ငါတို့ရဲ့ရေက ဒီလောက်ထိ အကန့်အသတ် မရှိတာကို ငါမှတ်မိပါသေးတယ်”

ရုတ်တရက် ဘေးမှအသံ ထွက်လာသည်။

“သူတို့ပြောတာ မှန်တယ်လို့ထင်လား။ စစ်တပ်မှာ ရေပြတ်နေပြီလား”

အားလုံးက တိတ်ဆိတ်သွားကြပြီး ပြောလိုက်သူကို ကြည့်ကြသည်။

“မင်းကသေချင်နေတာပဲ။ ဘယ်လိုပေါက်ကရစကားတွေ ပြောနေတာလဲ”

စစ်သားဟောင်းတစ်ယောက်က ထိုအပြစ်မကင်းသော မျက်နှာထားမျိုး ဖြစ်သွားသည့် စစ်သားတစ်ယောက်ကို ကန်ချလိုက်သည်။ သို့သော် သူ၏မျက်လုံးကမူ တောင်ထိပ်ကိုသာ ရောက်နေသည်။ သူက အတည်ငြိမ်ဆုံးဖြစ်အောင် နေနေရသော်လည်း သူ၏စိတ်ကပင် ခံစားနေရသည်။ သူ၏ပတ်ဝန်းကျင်ရှိ လူတိုင်းက တိတ်ဆိတ်သွားကြသည်။ မည်သူကမှ လေထုအခြေအနေက မသက်မသာဖြစ်ကြောင်း သတိမထားမိကြချေ။

“သခင်လေး အခြေအနေက မကောင်းဘူး”

သိန်းငှက်အိုကြီးက စိုးရိမ်တကြီးပြောပြီး တောင်အောက်သို့ ငုံ့ကြည့်သည်။

လူတိုင်းက ထိုအခြေအနေကို စိုးရိမ်နေကြခြင်းဖြစ်သည်။ သူတို့၏ရေက ပြတ်လပ်နေပြီး ရေကိုထိန်းချုပ်ကာ သုံးစွဲနေရသည်။ ထိုအချက်က ငြင်းဆန်၍ မရလောက်အောင် သာ့လွန်ရော့ကျန်း၏ စကားများကတဆင့် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

သိန်းငှက်အိုကြီးကဲ့သို့ စစ်အနုပညာကို လျစ်လျူရှု့သော လူကပင် စစ်သားများ၏ တိုက်ခိုက်လိုစိတ် အခြေအနေက ယခင်ရက်အနည်းငယ်က စတင်ပြီး ပြောင်းလဲလာခြင်းကို ခံစားမိသည်။ ဒါကစိုးရိမ်ဖွယ် လက္ခဏာဖြစ်သည်။

“ကျွန်တော်သိပါတယ်”

ဝမ်ချောင်က မှင်သေသေဖြင့်ပြောသည်။ သူ၏မျက်နှာတွင် ခံစားချက်များကို ဖုံးကွယ်ထားသည်။ ဖြစ်သင့်သမျှက ဖြစ်လာသည်။ လက်ရှိအချိန်တွင် ထိုပြဿနာကို မည်သို့ဖြေရှင်းရမည့် အကြောင်းကိုသာ သူက ဆုံးဖြတ်ရတော့မည်။

“သတင်းပို့ပါတယ် ရန်သူစစ်တပ်က လှုပ်ရှားလာတဲ့ လက္ခဏာ ပြလာပါတယ်”

သတင်းပို့က ချက်ချင်းလိုလို တောင်ပေါ်သို့ တက်လာပြီး ဒူးထောက်ချသည်။

လူတိုင်းက တောင်အောက်သို့ ငုံ့ကြည့်ကြသည်။ တချိန်လုံး ငြိမ်သက်နေခဲ့သော မာန်ရှဲ့ယွီစန်း စစ်တပ်က စတင်ကာ လှုပ်ရှားလာကြပြီး စစ်သည်သောင်းကျော်က အရပ်မျက်နှာအနှံ့ စတင်စုစည်းလာကြကာ အလံကို လွင့်ထူကာ လျှောက်သွားနေကြသည့်အတွက် ဖုန်မှုန့်လုံးက အလုံးလိုက် မြှောက်တက်နေပြီး အံ့အားသင့်ဖွယ် အရှိန်အဝါကို ထုတ်ပြလာသည်။

စစ်တပ်ထဲမှ တောင်တန်းများကဲ့သို့ ဆင်ကြီးများကပင် မားမတ်စွာလာပြီး မှင်သက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်လာသည်။

“မကောင်းတော့ဘူး”

သိန်းငှက်အိုကြီး၏ မျက်နှာက ဖြူဖျော့သွားသည်။

“တိဗက်တွေက တိုက်ခိုက်တော့မယ်”

“ငါ့ရဲ့အမိန့်ကိုထုတ် စစ်တပ်တစ်ခုလုံး အဆင့်သင့်ပြင်ကြ”

ဝမ်ချောင်၏ အေးစက်သော အသံက တောင်တန်းတောက်လျှောက် ဟိန်းထွက်သွားချိန်တွင် သူ၏အမိန့်က တောင်အောက်သို့ တောက်လျှောက် ဆင်းသက်သွားပြီဖြစ်သည်။

ဘုန်း

ကောင်းကင်ကိုပင် တုန်ခါစေလောက်သော စစ်ဗုံတီးသံနှင့်အတူ တောင်ထိပ်မှ စစ်တပ်က စတင်ပြီး တောင်ခြေအထိ အားလုံး၏ မျက်နှာများက တည်တင်းသွားလျှက် အသင့်ပြင်ထားကြသည်။

ချွမ် ချွမ် ချွမ် ချွမ်

အောက်ဘက်မှ သတ္ထုတုံးများကို တီးခတ်သံက ထွက်ပေါ်လာသည်။ မာန်ရှဲ့ယွီစန်းစစ်တပ်မှ ဗိုလ်ချုပ်နှစ်ယောက်ကို ဗဟိုပြုလျှက် မှင်သက်ဖွယ်ကောင်းလောက်အောင် တောက်ပနေသော အလင်းတန်းများက စတင်ကာ အားလှိုင်းများကဲ့သို့ တောက်ပလာပြီး စစ်တပ်တစ်ခုလုံး ပျံ့နှံ့သွားသည်။ အမျိုးမျိုးသော ချီစက်ကွင်း ထောင်ပေါင်းများစွာက ရန်သူစစ်တပ် ကွင်းပြင်တစ်ခုလုံးကို ပျံ့နှံ့သွားတော့သည်။

ဒါက မာန်ရှဲ့ယွီစန်း၏ စုစည်းထားသော စစ်တပ်မှ အလုံးအရင်းဖြင့် လှုပ်ရှားတော့မည့် စီမံကိန်းကြီးဖြစ်သည်။ သိန်းကျော်သော ထိုစစ်သားများက အတူတကွ တိုက်ခိုက်တော့မည့် အနေအထားမျိုး ဖြစ်လာခဲ့သည်။ သူတို့၏ အရှိန်အဝါကလည်း ကြောက်စရာကောင်းလောက်သော ကောင်းကင်တမျှ ကြီးမားသည့် အားလှိုင်းလုံးများနှင့်အတူ မြောက်တက်လာပြီး တောင်ပေါ်ရှိ တိတ်ဆိတ်နေသော ထန်၏စစ်သားများ အားလုံးကို ခြောက်လန့်လာသည်။

သို့သော် တောင်က တိတ်ဆိတ်နေသည့်တိုင်အောင် လေထုအခြေအနေက ပို၍ပင် တင်းကြပ်သထက် တင်းကြပ်လာသည်။ အန်းနန်အစိုးရစစ်တပ်မှ စစ်သား တစ်ယောက်ချင်းစီတိုင်းက လက်နက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားကြပြီး သူတို့၏ မျက်နှာတွင် အလွန်တင်းမာသော မျက်နှာထားမျိုး ရှိနေကြသည်။

“ချောင်အာ”

တောင်ထိပ်တွင် ဝမ်ချောင်က အောက်ဘက်ရှိ အခြေအနေကို လေးနက်စွာ စိုက်ကြည့်နေချိန်တွင် သူ၏နားထဲတွင် အသံတစ်သံကို ကြားလိုက်ရသည်။

“အဖေ”

အသံကြားလိုက်ရသည်နှင့် ဝမ်ချောင်က ချက်ချင်းတုန့်ပြန်ပြီး သတိလက်လွတ် ခေါင်းလှည့်ကာ အရပ်ရှည်မြင့်မားပြီး သန်မာသော ခန္ဓာကိုယ်ပိုင်ရှင်ကို ကြည့်လိုက်သည်။ အသံပို့လွှတ်သော စွမ်းရည်ကို အသုံးပြုပြီး သူ၏အဖေကသူ့ကို ကျောခိုင်းလျှက် စကားပြောလာခြင်းဖြစ်သည်။

“ခဏနေရင် တိုက်ပွဲစတင်တဲ့အခါ ဟော်ရှု့ဟွေ့ခမ်းနဲ့ သွမ့်ခဲ့ချွမ်ကို ငါနဲ့ ကာကွယ်ရေးဗိုလ်ချုပ် ရှန်းယွီနဲ့ပဲ လွှတ်ထားလိုက်ပါ။ မလှုပ်ရှားပါနဲ့။ သူတို့နားကိုလည်း မချဉ်းကပ်သွားနဲ့။ ဒီအဆင့်ရန်သူတွေက မင်းကိုင်တွယ်နိုင်တဲ့ အဆင့်မဟုတ်ဘူး”

ဝမ်ရန်က ပြောလိုက်သည်။ သူ၏အသံထဲတွင် ကွဲပြားသော အဓိပ္ပာယ်များ ပါနေသည်။

သူတို့က တောင်ထိပ်သို့ ရောက်သည့်အချိန်ကတည်းက ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က တိုက်ပွဲတွင် ဘေးလူများကဲ့သို့ ရပ်ကြည့်နေကြပြီး သူတို့၏ အရိုက်အရာ အားလုံးကို ဝမ်ချောင်ကိုသာ လွှဲအပ်ထားသည်။ သို့သော် ထိုအချိန်တွင် သူတို့၏ခံယူချက်က ပြောင်းလဲသွားပြီဖြစ်သည်။

“အဖေ့ရဲ့သားက နားလည်ပါတယ်”

သူ၏နှလုံးသားကလည်း လေးလံသွားသည်။ ရှင်းလင်းစွာဖြင့်ပင် သူ၏အဖေနှင့် ရှန်ယွီကျုံ့ထုံးတို့ကလည်း ဒီအခြေအနေက မကောင်းကြောင်း နားလည်နိုင်သည်။ ယွီစန်းနှင့် မာန်ရှဲ့ကျောင်းတို့က သူတို့အင်အား အလုံးအရင်းဖြင့်သုံးကာ သူတို့ကို အဖြစ်ဖြတ်သုတ်သင်ရန် ဆုံးဖြတ်လိုက်ကြပြီဖြစ်သည်။

မဟာထန်၏ စစ်တပ်က ရေပြတ်လပ်တော့မည့် အချိန်ကို သူတို့က ရွေးချယ်ပြီး တိုက်ခိုက်လိုစိတ် ကျဆင်းနေချိန်တွင် တိုက်ခိုက်လာခြင်းဖြစ်သည်။

ဖုန်မှုန့်များက မွှေနှောက်ခံရသလို ဝရုန်းသုန်းကား ဖြစ်သွားသည်။ ထန်စစ်တပ်က တိုက်ခိုက်ရန်အတွက် အဆင်သင့် ပြင်နေချိန်တွင် အရှေ့တောင်ဘက်ပိုင်း၊ အနောက်တောင်ဘက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ မြောက်ပိုင်းစသော အဘက်ဘက်တိုင်းက တောင်ကိုပတ်ပတ်လည် ဝိုင်းလျှက် ပုံရိပ်များ တစ်ခုပြီးတစ်ခု တက်လာကြသည်။ အားလုံးက မုန်တိုင်းသဖွယ် စွမ်းအင်များကို ထုတ်လွှတ်နေကြသည်။

သိန်းငှက်အိုကြီးက ရှေ့သို့ ခြေတစ်လှမ်းလှမ်းပြီး အော်လိုက်သည်။

“လုံချင်ပါ့ပဲ”

“မဟုတ်ဘူး ဒါကဖုန်းကျားရီလည်းပါတယ်။ သွမ့်ယန်ရန်...”

ချန်းရှု့စွန်းကလည်းပြောသည်။

သူတို့က ငုံ့ကြည့်လိုက်သောအခါ တောင်ခြေ တစ်ဖက်တစ်ချက်စီတွင် ပေါ်လာသော ပုံရိပ်တစ်ခုပြီးတစ်ခုကို မြင်ရသည်။ လုံချင်ပါ့၊ ဖုန်းကျားရီ၊ သွမ့်ယန်ရန်၊ စစ်ရန်ရှန်းရှုံး၊ ထူမီဆန်းကျနှင့် မာန်ရှဲ့ကျောင်းဘက်မှ ဗိုလ်ချုပ်သုံးယောက် ယွီစန်းဘက်မှ ကြောက်မက်ဖွယ် ဗိုလ်ချုပ်များအားလုံး ပါလာကြသည်။ အားလုံးက တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် ဖုန်မှုန့်အလုံးလိုက်ကို ထုတ်ဖော်သယ်ဆောင်လာကြကာ အနောက်ဘက်တွင် သောင်းကျော်သော စစ်သားများကို သယ်ဆောင်လာကြသည်။

မာန်ရှဲ့ယွီစန်း၏ စစ်တပ်မှ ဗိုလ်ချုပ်တိုင်းက နောက်ဆုံးတွင် ပေါ်လာပြီဖြစ်သည်။ မယုံနိုင်စရာကောင်းသော ပြိုင်ဘက်ကင်း စွမ်းအင်အပြည့်ဖြင့် မဟာထန်၏ စစ်တပ်ကို လွှမ်းခြုံကာ တိုက်ခိုက်ရန် ကြိုးစားလာကြသည်။

အခန်း(၆၀၃)

ဘာမျှဖြစ်မလာသေးသော်လည်း အလုံးအရင်းဖြင့် ဝင်ရောက်လာသော ဖိအားက သူတို့ထံ ဆင်းသက်နေပြီဖြစ်သည်။

ဒီတိုက်ပွဲ စတင်ချိန်ကတည်းက မာန်ရှဲ့ယွီစန်းစစ်တပ်က သူတို့၏ဗိုလ်ချုပ် တစ်ယောက်၊ နှစ်ယောက် သို့မဟုတ် သုံးယောက်ခန့်ကိုသာ စေလွှတ်ခဲ့သေးသည်။ ထိုမျှများပြားသော ဗိုလ်ချုပ်များကို အလုံးအရင်းလိုက် မစေလွှတ်ဖူးသေးချေ။

လုံချင်ပါ့၊ ဖုန်းကျားရီ၊ သွမ့်ယန်ရန်၊ စစ်ရန်ရှန်းရှုံး၊ ထူမီဆန်းကျတို့က ယခင်တိုက်ပွဲများတွင် ပါဝင်ခဲ့သော်လည်း သူတို့က မဟာထန်ကို ကြီးမားသော ပြဿနာများတက်အောင် တစ်ယောက်ချင်းစီကတင် ချိန်းချောက်နိုင်စွမ်း ရှိနေခဲ့ပြီဖြစ်သည်။ ယခုမူ သူတို့အားလုံးက အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်သော ဒီဗိုလ်ချုပ် တိုက်ခိုက်မှု အင်အားစုထဲတွင် ပါဝင်လာသည်။

လေပြင်းများက မုန်တိုင်း ဖြစ်ပေါ်စေနိုင်သည်။ ယခုအခါ ဉာဏ်ရည်အတုံးအဆုံး နှေးကွေးစွာ တုန့်ပြန်နိုင်သည့် လူမျိုးကတင် ဒီနေ့ ကြောက်စရာအကောင်းဆုံး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားတော့မည်ဖြစ်ကြောင်း သိနိုင်ပေလိမ့်မည်။

ဝုန်း

ဖုန်မှုန့်အလုံးလိုက် ရစ်ခွေနေသည့် အထဲတွင် တောင်ပိုင်းကို မျက်နှာမူပြီး ချဉ်းကပ်လာသော သံမဏိရေကြီးသလို မှင်သက်ဖွယ်ကောင်းသော ကြီးမားသည့် ခန္ဓာကိုယ်နှင့် ပုံရိပ်နှစ်ခုက ပေါ်လာသည်။

“သခင်လေးဝမ် မင်းရေပြဿနာကို ဖြေရှင်းပြီးပြီလား”

တောင်ခြေမှ သဘောတကျ ရယ်သံနှင့်အတူ သာ့လွန်ရော့ကျန်းက တိဗက်တောင်ပေါ်ဒေသမြင်းကို စီးထားလျှက် တောင်ပေါ်သို့ ခေါင်းမော့ကြည့်ပြီး ပြုံးလျှက်ပြောလိုက်သည်။ သူက အချက်တစ်ခုထဲကိုသာ အခိုင်အမာ ပြောနိုင်မည်ဆိုလျှင် ထိုအချက်က တိဗက်များ၏ စိတ်ဓာတ်အင်အားက အလွန်အမင်း နိမ့်ကျနေပြီဆိုသော အချက်သာ ဖြစ်လောက်သည်။

ဝမ်ချောင်က နည်းလမ်းမျိုးစုံသုံးပြီး သာ့လွန်ရော့ကျန်းကို အလွန်အမင်းရှားပါးပြီး လမ်းဆုံးသော အနေအထားထိရောက်အောင် တွန်းပို့နိုင်ခဲ့သည်။ သို့သော် အဆုံးတွင် သူ၏အားနည်းချက်ကို ထုတ်ပြလိုက်ရသေးလေသည်။

“သခင်လေး သူနဲ့စကားပြောမနေပါနဲ့”

သိန်းငှက်အိုကြီးကပင် သာ့လွန်ရော့ကျန်း၏ ဝမ်ချောင်နှင့် စကားပြောလိုသည့်စိတ်က ကောင်းသော အခြေအနေ မဟုတ်ကြောင်း သိနိုင်သည်။

“အဆင်ပြေပါတယ်”

ဝမ်ချောင်က လက်ကိုယမ်းပြလိုက်သည်။ မူလက သူ၏အာရုံအပြည့် စူးစိုက်ထားသော မျက်နှာထားမျိုးက သာ့လွန်ရော့ကျန်း၏ စကားကြောင့် ရယ်မိသွားသည်။

“မဟာအမတ် ခင်ဗျားဒီနေ့ တိုက်ခိုက်မယ်မှန်း ကျွန်တော် သိခဲ့တယ်။ ကျွန်တော်တို့ အလောင်းအစား လုပ်ကြမလား။ ဒီတစ်ကြိမ်မှာ ယွီစန်းနဲ့ မာန်ရှဲ့ကျောင်းဘက်က လူဘယ်လောက် ဆုံးရှုံးရမယ်လို့ ခင်ဗျားထင်လဲ”

ဝမ်ချောင်က အလံရှေ့သို့ လမ်းလျှောက်သွားရင်း ပြုံးလိုက်သည်။

“ပထမဦးဆုံးနေ့မှာ ယွီစန်းနဲ့ မာန်ရှဲ့ကျောင်းက လူတစ်သိန်းနီးပါး ဆုံးရှုံးသွားတယ်။ မဟာအမတ် ခန့်မှန်းကြည့်ပါအုံး။ ဒီတိုက်ပွဲ အဆုံးသတ်သွားတဲ့အချိန်မှာ ခင်ဗျားရဲ့လူတွေ ဘယ်လောက်တောင် အသတ်ခံရပြီးလောက်မလဲ။ ကျွန်တော်ကတော့ ခင်ဗျားတို့ရဲ့ စစ်တပ်က လူတစ်ဝက်လောက် ဒီနေရာမှာ မြုပ်နှံခံရမယ်လို့ ယုံကြည်တယ်။ ခင်ဗျားရော ဘယ်လိုထင်လဲ”

သူက ပြောနေရင်းမှ တောင်ခြေတွင် မြောက်များလှစွာသော အလုံးအရင်းဖြင့် ဝိုင်းလာသည့် စစ်တပ်ကို ဖြေးညှင်းစွာ စိုက်ကြည့်လိုက်သည်။

တိဗက်များက ထိုစကားများကို မတုန့်ပြန်ကြသည်မှာ နားမလည်သောကြောင့်ဖြစ်သည်။ သို့သော် မာန်ရှဲ့ကျောင်းမှ စစ်သားများကမူ နားလည်နိုင်ကြသည်။ သူတို့၏ စစ်တပ်ထဲရှိ စစ်သားများ အားလုံး၏ မျက်နှာများက ဖြူဖျော့ကုန်ကြပြီး သူတို့၏ အခြေအနေကလည်း ပြောင်းလဲသွားကြသည်။

ဝမ်ချောင်၏ စကားများက အခြားလူများအတွက် ချိန်းချောက်မှုလောက်သော ဖြစ်ကောင်းဖြစ်နိုင်လောက်သော်လည်း မာန်ရှဲ့ကျောင်းအတွက်မူ သတိပေးခြင်းဖြစ်နေသည်။ အကြောင်းမူကား ပထမဦးဆုံးနေ့တွင် သေသွားခဲ့သော စစ်သည်တစ်သိန်း ဝန်းကျင်တွင် ရှစ်ဆယ်ရာခိုင်နှုန်းလောက်က သူတို့ဘက်မှဖြစ်သည်။

ထိုလူများအတွက် ဝမ်ချောင်၏စကားက ချိန်းချောက်သည်ဟု ထင်ရလောက်အောင် မရိုးရှင်းဘဲ သူတို့ကို သေလုအောင် ချောက်ချားသွားစေသည်။

“ဟား ဟား သခင်လေးက လျှာသွက်တာပဲ”

သာ့လွန်ရော့ကျန်းက ငှက်မွှေးယပ်တောင်ကို တစ်ချက်ယမ်းလိုက်သည်။ သို့သော် ထိုအချိန်တွင် သူ၏မျက်လုံးထဲတွင် ဖြတ်သန်းသွားသည့် အမည်မသိနိုင်သော အလင်းရောင်ကို ယပ်တောင်က ကာပေးနိုင်ခဲ့သည်။ ဝမ်ချောင်က ထိုသို့သော နည်းလမ်းမျိုးကို သုံးမည်ဟု သူကိုယ်တိုင်ကလည်း မထင်ခဲ့မိကြောင်း ဝန်ခံရပေမည်။

“ဒါပေမဲ့ သခင်လေး လျှာသွက်တာက ဘာများအသုံးဝင်လို့လဲ။ သခင်လေး နောက်ဆုံးတော့ ကိုယ်ကောင်းဖို့အတွက် ဉာဏ်ကောင်းလွန်းနေတာကပဲ အဆုံးသတ်ရတော့မှာ မဟုတ်လား။ သခင်လေးက ဒီနေရာကို နောက်ဆုံး တိုက်ပွဲအတွက် ဉာဏ်ပညာရှိရှိ ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ သခင်လေး ကိုယ့်အုတ်ဂူကို တူးမိသွားတာပဲ”

“မဟာအမတ် ခင်ဗျားဒီစကားတွေပြောဖို့ စောလွန်းနေတယ်လို့ မထင်ဘူးလား”

ဝမ်ချောင်၏ မျက်ဝန်းများက အေးခဲသွားပြီးနောက် အေးစက်စွာ ခပ်ဟဟရယ်လိုက်သည်။

“တိုက်ပွဲမပြီးခင်အထိ ဘယ်သူ့အုတ်ဂူက စောင့်ကြိုနေလဲဆိုတာ ဘယ်သိနိုင်ပါ့မလဲ”

“ဟမ့် သခင်လေး ယုံကြည်မှုနည်းနည်းရှိတာ ကောင်းပါတယ်။ ကျွန်တော်ရဲ့ကျန်သော စကားတွေကလည်း သခင်လေးအပေါ် ရည်ညွှန်းတာမှမဟုတ်ဘဲ”

သာ့လွန်ရော့ကျန်း၏ အကြည့်က တစ်ခြားတစ်နေရာသို့ ရောက်သွားသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ဝမ်ချောင်က ရယ်သာရယ်နေလိုက်သည်။

“ဝမ်ရန် ရှန်ယွီကျုံ့ထုံး ဒါကနောက်ဆုံး အခွင့်အရေးပဲ။ အညံ့ခံလိုက်ပါ”

သာ့လွန်ရော့ကျန်း၏ စကားက တိုက်ပွဲကွင်းပြင်တလျှောက် ဟိန်းထွက်သွားသည်။

စစ်တပ်က တခဏခန့် တိတ်ဆိတ်သွားပြီးနောက် ဝမ်ရန်၏အသံက ထွက်လာသည်။ ဒီလိုအခြေအနေမှ သူက နောက်တွန့်နေစရာ အကြောင်းမရှိပေ။

“မဟာအမတ်အနေနဲ့ အင်အားကို အလဟသ ဖြုန်းနေဖို့ မလိုပါဘူး။ တိုက်ပွဲစတင်လိုက်ရအောင်”

“ဟမ့် မင်းရဲ့ဆန္ဒအတိုင်းပဲ”

နှာခေါင်းရှုံ့ပြီးနောက် သာ့လွန်ရော့ကျန်းက မြင်းကိုလှည့်လိုက်ကာ ဖုန်မှုန့်အလုံးလိုက်ကို ချန်ထားရစ်ခဲ့လျှက် အနောက်သို့ အပြေးနှင်သွားသည်။

“စတင်မယ်”

အေးစက်သော အမိန့်နှင့်အတူ ကောင်းကင်သို့ သူတို့၏ ခရာများကို ချိန်ရွယ်ကာ ကျယ်လောင်သော အသံများကို စူးရှစွာ ထွက်ပေါ်အောင် မှုတ်လိုက်ကြသည်။ နဂိုကတည်းက တင်းကြပ်ပြီးသား လေထုထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အလုံးလိုက် ရစ်ခွေနေသော ဖုန်မှုန့်များက ရစ်ခွေနေပြန်ပြီး ပြည့်နှက်နေပြန်သည်။ ပထမဦးဆုံး တိုက်ခိုက်လိုက်ခြင်းက တိဗက် သို့မဟုတ် မာန်ရှဲ့ကျောင်းမှ မြင်းတပ်မဟုတ်ဘဲ ကြီးမားသော ကျောက်တုံးကြီးများဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း

ကြီးမားသော ကျောက်တုံး တစ်တုံးပြီးတစ်တုံးက လေကို လေချွန်သံပေါ်အောင် ထိုးခွဲဝင်ရောက်လာလျှက် လေထုကို အသာအယာ ကျော်ဖြတ်သွားပြီးနောက်တွင် မည်သည့် အရိပ်အယောင်ကိုမျှ မချန်ရစ်ထားခဲ့ဘဲ တောင်တန်းထံ တိုးဝင်လာသည်။

ဝုန်း

သိပ်သည်းစွာရှိနေသော သတ္ထုနံရံများကပင်ဖြစ်စေ၊ မြေပြင်ကပင်ဖြစ်စေ၊ ထိုကျောက်တုံများ ထိမှန်ခံရသည့်အခါ ဖုန်မှုန့်များက အလုံးလိုက် မြောက်တက်လာသလို နံရံများက ချိုင့်ဝင်သွားခြင်း သို့မဟုတ် မြေတွင်တွင်းကြီးများ ဖြစ်ပေါ်လာစေခြင်းတို့ ဖြစ်ပေါ်လာတော့သည်။

“သတိထားကြ”

တောင်တန်းတလျှောက် စူးရှစွာ အော်ဟစ်သံများက ဟိန်းထွက်လာလေပြီး အန်းနန်အစိုးရ စစ်တပ်က ထိုကျောက်တုံးကြီးများကို ရှောင်ရှားကြတော့သည်။

“သတ်”

ကြီးမားသော ကျောက်တုံးကြီးများအောက်သို့ ကျဆင်းသွားပြီးသည်နှင့် မာန်ရှဲ့ယွီစန်း စစ်တပ် တစ်ခုလုံးက စတင်ကာ တိုက်ခိုက်ကြတော့သည်။

ခလွပ်

ဖုန်မှုန့်ထဲတွင် ကြီးမားသော သတ္ထုဒိုင်းကာများက စတင်ကာ နေရာချလာပြီး အေးစက်သော အလင်းကို တလက်လက် ထုတ်ဖော်နေတော့သည်။ ကျောက်တုံးဖြူတပ်ရင်းက ပထမဦးဆုံး တိုက်ခိုက်မှုတွင် သူတို့၏ အင်အားခုနှစ်ဆယ် ရာခိုင်နှုန်းနီးပါးကို ဆုံးရှုံးလိုက်ရပြီး တဖန်ပြန်လည် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ သူတို့၏အင်အားစုက ဒီအလုံးအရင်းဖြင့် သတ်ဖြတ်မှုတွင် ရင်းနှီးမြုပ်နှံထားခဲ့ပြီး သွမ့်ဝူကျုံးကပင် ဒဏ်ရာရသွားခဲ့ရသည်။ သူ၏တစ်ကိုယ်လုံးတွင် ပတ်တီးများက အထပ်လိုက် ရှိနေပြီး သူ၏အသက်ရှုသံက မတည်ငြိမ်ပေ။ သို့သော် သူ၏မျက်လုံးက ရှားရှားပါးပါး တောက်ပပြီး အားအင်အပြည့် ရှိနေသည်။

“စစ်သည်တော်တို့ ချီတက်ကြ။ နောက်ဆုတ်ရဲတဲ့ကောင်သမျှ ချက်ချင်း ကွပ်မျက်ရမယ်”

“မဟာထန်စစ်သည်ငါးယောက်ကို သတ်ဖြတ်နိုင်တဲ့ ဘယ်သူမဆို အယောက်တစ်ရာ စစ်တပ်တပ်ခွဲကို ဦးဆောင်နိုင်တဲ့ ဗိုလ်ချုပ်ရာထူး ချီးမြှင့်ခံရမယ်။ မဟာထန်စစ်သည် ဆယ်ယောက်ကို သတ်နိုင်တဲ့ ဘယ်သူမဆို လူတစ်ထောင်ဗိုလ်ချုပ်အဆင့်ကို ဆုလဒ်အဖြစ် ချီးမြှင့်ခံရမယ်။ ရွှေသားထည် တစ်သောင်းလည်းရမယ်”

သွမ့်ဝူကျုံး၏ သြရှသော အော်သံက တိုက်ပွဲကွင်းပြင်တလျှောက် ဟိန်းထွက်သွားလေပြီး သူ၏ခြေထောက်အောက်မှ ချီစက်ကွင်းကလည်း စတင်ကာ ပြန့်ကားထွက်လာတော့သည်။

ဝုန်း ဝုန်း

အရှေ့တောင်ပိုင်းသို့ ဒေါသတကြီးဖြစ်နေသော ဆင်များက ဟိန်းဟောက်အော်မြည်ကြလျှက် ကျောက်တုံးဖြူတပ်ရင်း၏ အနောက်မှ အနီးကပ်လိုက်ကာ ဝင်ရောက်လာသည်။ မာန်ရှဲ့ကျောင်း၏ ခြေလျှင်တပ်ကလည်း သူတို့ကို ကာကွယ်လျှက် ချီတက်လိုက်ပါလာတော့သည်။

ကရုတစိုက် ကြည့်မည်ဆိုလျှင် ဆင်များ၏ အနားပတ်ဝန်းကျင်တွင် သတ္ထုအကာများက ရွှေရောင်တလက်လက် တောက်ပကာ ထင်ရှားစွာ ရှိနေကြောင်းကို မြင်နိုင်ကြမည်ဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က တိုက်ပွဲတွင် ဆင်ဖြူတော်တပ်ရင်းက ဆင်နှစ်သိန်းနီးပါးက ဝမ်ချောင်၏ အင်အားစုမှ ဟိန်းသံများကြောင့် ဆုံးရှုံးလိုက်ရပြီး စစ်သည်တော် ထောင်ပေါင်းများစွာကလည်း ဆင်များ၏ အလုံးအရင်းဖြင့် တိုက်ခိုက်သတ်ဖြတ်မှုတွင် သေဆုံးသွားခဲ့ရသည်။

ထန်များကို ကိုင်တွယ်ရန် မာန်ရှဲ့ကျောင်းစစ်တပ်က ခုခံစွမ်းအား မြင့်မားသော သတ္ထုနံရံများကိုသုံးကာ ဆင်များ၏ အကြားအာရုံကို ကူညီကာကွယ်ပေးထားကြသည်။ အရာအားလုံးကလည်း သာ့လွန်ရော့ကျန်း၏ အကြံဖြစ်ပြန်သည်။

အနောက်တောင်ဘက်ပိုင်းမှ မာန်ရှဲ့ကျောင်း၏ စစ်သားများက ရွှေရောင်နှင့် အဖြူရောင် သံချပ်ကာများကို ရောနှောကာ ဝတ်ဆင်လျှက် ရှေ့သို့ချီတက်နေကြသည်။ ထိုစစ်သားများက တိုက်ခိုက်နိုင်စွမ်းအား၊ စိတ်ဓာတ်အင်အား၊ ကျင့်ကြံခြင်း စသော အဘက်ဘက်တွင် သာမာန်ထက် အပြတ်အသတ် သာလွန်နေသူများ ဖြစ်နေကြပြီး တောင်ပေါ်ရှိ အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော်များနှင့် ယှဉ်နိုင်ကြသည်။ သူတို့၏ သံချပ်ကာ သီးသန့်ကတင် ပြောင်မြောက်သော အရည်အသွေးဖြစ်သည်။

မာန်ရှဲ့ကျောင်းမှ နဂါးသားတော် တပ်ရင်းကို အိမ်ရှေ့စံ ဖုန်းကျားရီက ဦးဆောင်ပြီး သူတို့၏ အရည်အသွေးမြင့် သံချပ်ကာများကို ရရှိထားကြသည်။ ထိုတပ်ရင်းတစ်ခုလုံးက လက်ရွေးစင်များထဲမှ လက်ရွေးစင်များကို ရွေးချယ်ထားခြင်းဖြစ်ပြီး မာန်ရှဲ့ကျောင်း၏ တော်ဝင်အစောင့် တပ်ရင်းမှ အခွဲလည်းဖြစ်သည်။

ထိုစစ်သည်တော်များက ခဲ့လော့ဖုန်း၏ တိုက်ရိုက်အမိန့် လက်အောက်ခံများ ဖြစ်နေကြပြီး ဖုန်းကျားရီကပင် သူတို့ကိုသုံးရန် ခဲ့လော့ဖုန်း၏ အသိအမှတ်ပြုမူကို တောင်းခံရသည်။

တိုက်ပွဲစတင်သည်နှင့် ခဲ့လော့ဖုန်းက ဖုန်းကျားရီကို သူ၏လက်ရွေးစင်တပ်ဖွဲ့ကို ဦးဆောင်ခွင့် ပြုလိုက်ပြီဖြစ်သည်။

“ငါ့ရဲ့တပ်ဖွဲ့တို့ ငါ့ရဲ့အမိန့်ကို နာခံကြ။ ငါ့ရဲ့အမိန့်ကို မရမချင်း ဘယ်သူကမှ အလျင်စလို လှုပ်ရှားခွင့်မရှိဘူး”

ဖုန်းကျားရီက လက်နက်အပြည့်အဝ ပြင်ဆင်ထားသည်။ သူ၏အကြည့်က တောင်ပေါ်သို့သာ မြဲမြံစွာ ရောက်နေပြီး တိုက်ခိုက်လိုစိတ် အပြည့်ထွက်ပေါ်နေသည်။

လာစမ်းပါဝမ်ချောင် ဒီနေ့ မင်းရဲ့အရိုးကို ဒီနေရာမှာ မြုပ်နှံရမယ်။

ဖုန်းကျားရီ၏ နှလုံးသားထဲတွင် စစ်မီးတောက်များက တောက်လောင်နေသည်။ ဖုန်းကျားရီအနေဖြင့် ရန်သူတစ်ယောက်ကို ထိုမျှဖျက်ဆီးရန် မျှော်လင့်ချက်ထားဖူးခြင်း မရှိချေ။ ဒါက ကျောင်းစစ်လော့ကို သတ်ခဲ့သော အတွက်ကြောင့် မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်အတွက်ဖြစ်သည်။

ဒီတိုက်ပွဲတွင် ဝမ်ချောင်က သူ့ထက်အလွန် အပြတ်အသပ်သာသော ပါရမီကို ထုတ်ပြနိုင်ခဲ့သည်။ သူက ပြိုင်ဘက်ကို မကျော်နိုင်လျှင် အကောင်းဆုံးနည်းလမ်းက အပြီးတိုင် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း... တို့တွင် စစ်ရန်ရှန်းရှုံး၊ လုံချင်ပါ့၊ သွမ့်ဟန်သောင်းနှင့် မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့မှ အခြားသော ဗိုလ်ချုပ်များက စတင်ကာ တိုက်ခိုက်ကြတော့သည်။

သူတို့ တစ်ယောက်ချင်းစီ၏ အနောက်တွင် စစ်သည်သောင်းကျော်ကို ဖြန့်ကျက်ကာ လိုက်ပါလာစေလေရာ တောင်တန်းတစ်ခုလုံး အပြည့်အဝ လွှမ်းခြုံထားသည့် မဆုံးနိုင်သော ပင်လယ်ကြီးနှင့် တူလာသည်။

ချွင် ချွင် ချွင်

မဆုံးနိုင်အောင် များပြားသော စစ်ချီစက်ကွင်းများက ထိုဗိုလ်ချုပ် တစ်ယောက်ချင်းစီတိုင်း၏ ခြေထောက်မှ ဖြန့်ကျက်ကာ သူတို့၏ အနောက်ဘက်မှ စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံပေးထာသည်။

“ဗိုလ်ချုပ်တို့ နေရာအသီးသီးယူပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ကြ”

တောင်ထိပ်ပေါ်ရှိ ဝမ်ချောင်၏ လေသံက နဂိုအတိုင်း အေးစက်နေသေးပြီး လေသံကို ဖုံးလွှမ်းလျှက် ထွက်ပေါ်လာသည်။ သူ၏အမိန့်က ကျလာသည်နှင့် အန်းနန်အစိုးရစစ်တပ်မှ ဗိုလ်ချုပ်တိုင်းက တောင်တစ်ခုလုံး ဖြန့်ကျက်ကာ ရွှေ့ထားသော ချက်စ်အပိုင်းအစများကို ကိုယ်တိုင် နေရာအသီးသီးယူကာ စတင်ပြင်ဆင်နှင့်ပြီဖြစ်သည်။

ကောင်းကင်မှ တောင်ကုန်းကို ကြည့်လိုက်မည်ဆိုလျှင် ထန်ဗိုလ်ချုပ်များ နေရာယူထားသော နေရာများက ကောင်းကင်ရှိ ပျောက်ကြားရှိနေသော ကြယ်စင်များနှင့်တူကြောင်း သိရပေလိမ့်မည်။

အင်္သချေကြယ်စင် ဝင်္ကပါက ဝမ်ချောင်၏ ယခင်ဘဝမှ အလွန်အမင်း အင်အားကြီးမားသော ဝင်္ကပါတစ်ခုဖြစ်သည်။ စစ်တပ်ထဲရှိ ဗိုလ်ချုပ်များကို အမျိုးမျိုးသော အရေးကြီးသည့် နေရာအသီးသီးသို့ ဖြန့်ကျက်ထားမှုနှင့် ချိတ်ဆက်ပြီး အလွန်ခိုင်မာသော ခံတပ်တစ်ခုကို ဖွဲ့စည်းနိုင်သည်။ ထိုနည်းလမ်းက ဗိုလ်ချုပ်တိုင်းကို သူတို့၏ အင်အားကို အဆုံးစွန်ထိ ထုတ်ပြနိုင်စွမ်း ရှိစေပြီး စစ်တပ်တစ်ခုလုံး၏ အင်အားအဖြစ် ပြောင်းလဲလွှတ်ထုတ်ပေးနိုင်စေမည်ဖြစ်သည်။

ထိုဝင်္ကပါက ဒီခေတ်တွင် ဘယ်သောအခါကမှ မပေါ်ခဲ့ဖူးချေ။ ဝမ်ချောင်အနေဖြင့် ထိုဗိုလ်ချုပ်များကို ထိန်းကျောင်းသွန်သင်ပေးရန် လုံလောက်သောအချိန် မရခဲ့သော်လည်း ထိုဝင်္ကပါ၏ အကြမ်းဖျင်း ဖြန့်ဝေနေရာယူနိုင်စွမ်းအားကတင် ဒီစစ်တပ်၏ တိုက်ခိုက်စွမ်းအား တစ်ခုလုံးကို အဆင့်သစ် တစ်ခုအထိ တွန်းပို့နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း

ကြောက်မက်ဖွယ် မီးတောက်များ တောက်လောင်လာသကဲ့သို့ မျက်စိကြိမ်းမတက် တောက်ပသော ချီစက်ကွင်းများက တောင်ကိုစတင်ကာ ဖုံးလွှမ်းလာသည်။ အချိန်တိုအတွင်းတွင် စစ်တပ်နှစ်ခုက အရှိန်အဝါအပြည့်ဖြင့် မြောက်တက်လာသော အားလှိုင်းများလို ထိပ်တိုက်ဝင်ဆောင့်တိုးကြပြီဖြစ်သည်။

ချိန်း

မည်သူကမှလည်း စစ်တပ်နှစ်ခု ထိပ်တိုက်တွေ့ဆုံသည့် အခိုက်ကို ဖော်ညွှန်းနိုင်စွမ်း မရှိလောက်ချေ။ မြေငလျှင်က ပြင်းထန်စွာ လှုပ်ခါလာပြီး တောင်တန်းတစ်ခုလုံးက လှုပ်ခါကာ ဘေးဘက်မှ ကျောက်သားများကို အလိုလို ပြုတ်ကျလာစေသည်။

“သတ်”

“သတ်”

ပထမဦးဆုံး တစ်သုတ်ကို ကျောက်တုံးဖြူတပ်ရင်းက ဦးဆောင်ခြင်းမရှိဘဲ ဆင်ဖြူတော်တပ်ရင်းကသာ ဦးဆောင်သည်။

ဆင်အော်သံများနှင့်အတူ အ့ဟိုင်ဆင်များဖြစ်သော ရှစ်မီတာ ကိုးမီတာခန့်မြင့်သည့် ထိုအကောင်ကြီးများ ဦးဆောင်လာသည့် စစ်တပ်က နားရွက်ကားကြီးများကို တဖြတ်ဖြတ်ခတ်လျှက် လေးလံသော ခြေထောက်ကြီးများကို တဒုန်းဒုန်းလှမ်းကာ တောင်ဆင်ခြေလျောပေါ်သို့ ချီတက်လာကြသည်။

ဝုန်း

ကျင်းခြောက်ထောင် ခုနှစ်ထောင်ခန့်လေးသော သတ္ထုနံရံများကို ထိုးရှည်လျားသော ဆင်နှာမောင်းကြီးများက ရစ်ပတ်ဆွဲပြီး ဆင်ခြေလျောပေါ်သို့ဆွဲကာ အောက်သို့ ပစ်ချပစ်သည်။

တင် တင် တင်

ထိုသို့ဖြင့် ပိတ်ဆို့ထားသော နံရံတစ်ခုပြီးတစ်ခုကို ဖယ်ရှားလိုက်ပြီးနောက် ဆယ်ယောက်စီ စီတန်းကာ ချီတက်လာသည့် တိဗက်မြင်းတပ်ဖွဲ့က လမ်းသို့ရောက်လာသာ ထိုပစ်လွှတ်ခံရသည့် နံရံကြီးများကို စတင်ကာ ဆွဲချကြသည်။

ဝုန်း

မြို့ရိုးက ပြိုကျချိန်တွင် ဖုန်မှုန့်များက အလုံးလိုက် မြောက်တက်လာသည်။ မာန်ရှဲ့ကျောင်း စစ်သားများက နေရာဟသွားမည့် အခိုက်ကို စောင့်နေကြခြင်းဖြစ်သည်။

စစ်တပ်တစ်ခုလုံးတွင် ဉာဏ်ပညာအထက်ဆုံးက လုံချင်ပါ့ဖြစ်ပြီး သူကလည်း ရှေ့မှဦးဆောင်ကာ နေရာယူထားသည်။ လေထုကို ထိုးခွဲကာ လှီးဖြတ်လာသော ဓားမောက်ရှည်နှင့်အတူ နောက်ဘက်တွင် စူးရှသော အော်ဟစ်သံများ ခြေပြတ်လက်ပြတ်များကို ချန်ထားရစ်ခဲ့ပြီး အလွန်မာကြောပါသည်ဆိုသော သတ္ထုမြို့ရိုးကတင် သူ၏ထက်ရှသော ဓားမောက်ရှည်အောက်တွင် အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် လှီးဖြတ်ခံရသည်။ လုံချင်ပါ့၏ စွမ်းရည်က ဖုံးကွယ်၍မရနိုင်အောင် မြင့်မားသော တစ်ဆင့်သို့ ထပ်မံချဉ်းကပ် ဝင်ရောက်နေနှင့်ပြီဖြစ်သည်။ သူက မည်သည့်နေရာသို့ သွားစေကာမူ ပတ်ဝန်းကျင်က သက်ရှိငရဲအဖြစ် ပြောင်းလဲခံရသည်။

“ဟား ဟား ဟား ဒါက လူပြောများတဲ့ မဟာထန်ရဲ့ လုပ်နိုင်စွမ်းအားလား”

လုံချင်ပါ့က အေးစက်စွာ အော်ရယ်လျှက် တောင်ပေါ်သို့တက်သည်။ သူ၏ခြေလှမ်းက နှေးကွေးသော်လည်း ခိုင်မာသည်။ မည်သည့်အရာကမှ သူ့အား မတားနိုင်သလိုမျိုး လုံချင်ပါ့က မည်သူ့ကိုမှ ကရုမစိုက်ခဲ့သလိုမျိုး ရှေ့ဆက်သွားနေခဲ့သည်။

အခန်း(၆၀၄)

“လုံချင်ပါ့ ငါတို့တွေ့ပြန်ပြီ”

တောင်ပေါ်မှ ခပ်တိုးတိုးအသံက ထွက်လာသည်။ ထိုလူ၏ ဆံပင်က လေတွင်လွင့်လာသည်။ သူ၏မျက်နှာက ကျောက်တုံးဖြင့် ဖန်တီးထားသလိုမျိုး တင်းမာလွန်းနေကာ မျက်လုံးနှစ်လုံးကလည်း ပင်လက်တမျှ နက်ရှိုင်းနေသည်။

“စွန်းလျိုယွဲ့”

လုံချင်ပါ့၏ မျက်နှာအမူအရာက ပျက်သွားပြီး ခြေလှမ်းကလည်း ရပ်တန့်သွားသည်။

အန်းနန်အစိုးရစစ်တပ် တစ်ခုလုံးနှင့် မတူသော သံချပ်ကာပုံစံကို ဝတ်ဆင်ထားသည့် ထိုလူက အလေးချိန်ကလွဲပြီး ဘာမှထူးထူးခြားခြား ပြောစရာမရှိချေ။ အမှန်တိုင်းဆိုရသော် ထိုလူက အန်းနန်အစိုးရစစ်တပ်မှ လူပင်မဟုတ်ချေ။

ဝမ်ရန်၏ လက်အောက်တွင် အခြားပုံမှန်ဗိုလ်ချုပ်များနှင့် မတူသော ဗိုလ်ချုပ်ပေါင်းများစွာရှိသည်။ သူတို့တွင် အဆင့်ဘွဲ့ထူးမရှိသော်လည်း သူတို့၏ စစ်တပ်ထဲရှိ အဆင့်အတန်းက ချန်းရှု့စွန်းထက်ပင် မြင့်သည်။

စွန်းလျိုယွဲ့က ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။ သူက ဝမ်ရန်၏ အနီးကပ် အစောင့်များထဲမှ တစ်ယောက်ဖြစ်ရုံသာ မကလေဘဲ ဝမ်ကလန်မှ လက်အောက်ခံလည်းဖြစ်သည်။ ဝမ်ရန်က စစ်တပ်ထဲသို့ ဝင်သောအခါ ဝမ်ကလန်၏ ခေါင်းဆောင် မြို့စားကျို့က စွန်းလျိုယွဲ့ကို ဝမ်ရန်၏ဘေးဘက်သို့ ပို့ပေးခဲ့သည်။

ထိုလူများအားလုံးက အတော်ဆုံး စစ်သားများထဲက ထပ်ဆင့် ရွေးချယ်ခံထားရသော ကျွမ်းကျင်ပညာရှင်များ ဖြစ်နှင့်ပြီးသားဖြစ်ပြီး သူတို့က ဝမ်ရန်၏ဘေးမှ ခွာသည်ကရှားသည်။ သူ၏အရိပ်ကဲ့သို့ သူတို့က အမြဲတစေ ရှိနေကြသည်။

ဝမ်ရန်က မရှိသောအခါ သူတို့က သူ၏ကိုယ်စားပြုနိုင်သည်အထိ လုပ်နိုင်စွမ်းအား ရှိကြပြီး ရုတ်တရက် ပေါ်လာနိုင်သည့် အံ့အားသင့်စရာ ကိစ္စကိုမဆို ပြောင်းလဲနိုင်စွမ်း အသင့်ရှိနေကြသည်။

ခြင်္သေ့မြို့၏ အလုံးအရင်းဖြင့် တိုက်ခိုက်ခံရသည့် အချိန်အတောအတွင်း လုံချင်ပါ့က ရပ်တန့်၍ မရသော တည်ရှိမှုတစ်ခုကဲ့သို့ ကိုင်တွယ်ဖြေရှင်းရ ခက်ခဲလွန်းနေခဲ့သည်။ သို့ရာတွင် စွန်းလျိုယွဲ့ကသာ သူ၏ အလုံးအရင်းဖြင့် သတ်ဖြတ်ခြင်းကို ထိန်းနိုင်ခဲ့သူလည်းဖြစ်သည်။

“စိတ်ရှုပ်စရာကောင်းတဲ့ အရူးကောင်”

လုံချင်ပါ့၏မျက်လုံးက မှေးကျဉ်းသွားပြီး ရှေ့သို့ ချက်ချင်းလိုလို တိုးတက်သွားပြန်သည်။ သူ၏ဓားမောက်ရှည်ကို သူက ပြင်းထန်စွာ လွှဲယမ်းလိုက်သည်။ သူကထိုသို့ ခုန်တက်ကာ လွှဲယမ်းလိုက်သည့်အခိုက် အလင်းက ဖြန်ကနဲ လက်လျှက် ကြီးမားသော အရိပ်တစ်ခုက သူ၏အနောက်ဘက်တွင် ပေါ်လာသည်။ ထိုအရာက မိစာ္ဆနတ်ဆိုး တစ်ကောင်ကဲ့သို့ ထင်ရသည်။

“အခုငါ့အလှည့်ပေါ့”

စစ်တပ်နှစ်ခုက ခါးသီးစွာ ထိပ်တိုက်တွေ့ဆုံ ရင်ဆိုင်နေကြချိန်တွင် တောင်အနောက်ဘက်ပိုင်းတွင် ပုံရိပ်တစ်ခုက ပေါ်လာသည်။ ထူမီဆန်းကျက တောင်ပေါ်မှ ကျဆင်းနေသော ရေတံခွန်ကဲ့သို့ ဆူးခေါက်ချွန်များကိုကြည့်လိုက်ပြီး ထူးဆန်းသော အပြုံးကို ထုတ်ဖော်လိုက်သည်။

ဝုန်း

အတွေးတစ်ချက်နှင့်အတူ ထူမီဆန်းကျက ရုတ်တရက် ရှေ့သို့ နင်းတက်လိုက်ပြီး မမြင်ရသော အားလှိုင်းများကို ခြေထောက်အောက်မှ လွှတ်ထုတ်လိုက်သည်။

တောင်ဆင်ခြေလျော၏ မြင်ကွင်းကပင် ရုတ်တရက် ပြောင်းလဲသလို ဖြစ်သွားသည်။ ရာပေါင်းများစွာသော သတ္ထုလူသားများက ထိုဆူးချွန်များမှ စတင်ကာ ထွက်ပေါ်လာပြီး သူတို့၏ ပတ်ဝန်းကျင်ကို စတင်ရှင်းလင်းကြတော့သည်။

ဘန်း ဘန်း ဘန်း

ထိုသတ္ထုလူသားများက ဆူးချွန်တစ်ခုကို ကောက်ကြပြီး တောင်အောက်သို့ ပစ်ချကြကာ မယုံနိုင်စရာ အရှိန်နှုန်းဖြင့် အလုပ်လုပ်ကြသည်။

ထူမီဆန်းကျက ပတ်ဝန်းကျင်ကို ကြည့်သောအခါ သူ၏အကြည့်က အနီးရှိ သတ္ထုနံရံနှစ်ခုထံ မြဲမြံစွာ စိုက်ရောက်သွားသည်။ သူ၏လက်ချောင်းများက ဘေးသို့ ပြန့်ကားသွားချိန် သူကစတင်ကာ ဆင့်ခေါ်တော့သည်။

“ငါ့အတွက် မြောက်တက်လာကြစမ်း”

ဝုန်း

သတ္ထုမြို့ရိုးကဲ့သို့ ဖြစ်နေသည့် ထိုနံရံနှစ်ခုက စတင်ကာ လိမ်တွန့်ပြီး ဟိန်းဟောက်လိုက်ကြသည်။ ကြီးမားသော သတ္ထုလူထွားကြီးနှစ်ကောင်က ရှေးဦးသားရဲများလိုမျိုး ဟိန်းဟောက်လျှက် တောင်ပေါ်သို့ ကုန်းတက်တော့သည်။ ထိုသတ္ထုလူထွားကြီးနှစ်ကောင်နှင့်အတူ ရှင်းလင်းရေးက ပို၍မြန်ဆန်သွားသည်။

“ဒီလမ်းကိုရှင်းပြီးသွားရင် မြင်းတပ်က အကောင်းဆုံး ချီတက်လို့ရပြီ”

ထူမီဆန်းကျက တောင်ပေါ်သို့ မော့ကြည့်ရင်း သဘောတကျ ရယ်နေသည်။ နှစ်ဖက်လုံးက ပြင်းထန်စွာ တိုက်ခိုက်နေကြချိန်တွင် ထိုဆူးချွန်များကို ရှင်းလင်းရန် အကောင်းဆုံးအချိန် ဖြစ်နေသည်။ မဟာအမတ်၏ အကြံက သူတို့ကို တိုက်ပွဲနယ်မြေနှင့် ထိပ်တိုက်ရင်ဆိုင်ပြီး ခုခံနိုင်စွမ်းအားပင် မရှိအောင် ပြင်ဆင်ထားခြင်းဖြစ်သည်။

သတ္ထုလူသားများကို သူ့အလုပ်သူလုပ်ရန် လွှတ်ထားခဲ့လိုက်ပြီး ထူမီဆန်းကျက တောင်ပေါ်သို့ တက်တော့သည်။

ဒီစစ်ပွဲက အစီအစဉ် အတိုင်းအတာမရှိ တိုက်ခိုက်သော တိုက်ပွဲကြီးဖြစ်သည်။ စစ်တပ်အင်အား အလုံးအရင်း သီးသန့်အရဆိုလျှင် ယခင်တိုက်ပွဲကို ကျော်လွန်နိုင်စွမ်းအား ရှိနေသည်။ မာန်ရှဲ့ယွီစန်း၏ သိပ်သည်းသော စစ်သည်တော်များက ကြီးမားသော လှိုင်းလုံးကြီးများကဲ့သို့ ရှေ့သို့တိုးဝင်လာနေခဲ့သည်။

ကျောက်တုံးဖြူတပ်ရင်းမှ စစ်သည်တစ်သိန်းက ရူးသွပ်စွာဖြင့် တောင်ထိပ်ပေါ်သို့ အမြစ်ဖြတ်သုတ်သင်ရန် ချီတက်နေကြချိန်တွင် ယခင်တစ်ခေါက်ထက် ပိုများသော လူအင်အားကို သုံးနိုင်နေကတည်းကတင် ရလဒ်က သိသာနေခဲ့ပြီဖြစ်သည်။

အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော် တစ်ယောက်ချင်းစီတိုင်းက အလွန်ကြီးလေးသော ဖိအားအောက် ရောက်နေကြသည်။ အမြင့်ဆုံးအပိုင်းတွင် ရှိနေသော စစ်သည်တော်တိုင်းက ကြီးမားသည့် ဒိုင်းကာကြီးများကိုသုံး၍ တားဆီးကောင်း တားဆီးနိုင်ကြသည်။ သို့သော် ထိုဒိုင်းကာများက မြန်ဆန်ပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်များ၏အောက်တွင် အရိုးများကိုပင် ကွဲစေမတက် တဆတ်ဆတ် တုန်ယင်နေတော့သည်။

ထို့အပြင် မာန်ရှဲ့ယွီစန်းစစ်တပ်က သတ္ထုနံရံများကိုလည်း ရှင်းလင်းရေး လုပ်နေလေပြီး အန်းနန်အစိုးရစစ်တပ်က ပုန်းနေသော အနောက်ဘက်ပိုင်းသို့ပင် ဝင်ရောက်လာနေခဲ့သည်။ ထို့ကြောင့် အခြေအနေက ထန်ဘက်က အားနည်းသည့်ဘက်သို့ ပြောင်းသထက် ပြောင်းလဲလာသည်။

“အချိန်ကျပြီ”

တောင်ထိပ်မှကြည့်နေသည့် ဝမ်ချောင်က ပြောလိုက်သည်။ မာန်ရှဲ့ယွီစန်းစစ်တပ်က ကြမ်းတမ်းသော ပုံစံအရှိန်အဝါ အပြည့်နှင့် ချီတက်လာနေသော်လည်း အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည်။

ဝုန်း

မာန်ရှဲ့ယွီစန်းစစ်တပ်က အနီးကပ် ဖိနှိပ်သထက် ဖိနှိပ်နေသောအခါ ဝမ်ချောင်၏ မျက်ဝန်းအတွင်းတွင် ထူးဆန်းသော အလင်းလက်လျှက် သူကခြေတစ်လှမ်း တိုးလိုက်သည်။

ဝုန်း

ထိုတစ်လှမ်းက တစ်တောင်လုံးကို မမြင်ရသော စွမ်းအင်များ စတင်ဖြန့်ကျက်လိုက်သလိုမျိုး တိုက်ပွဲနယ်မြေကို ဖုံးအုပ်ရန် တောင်တစ်ဖက် တစ်ချက်စီမှ စတင်ဆင်းသက်လာတော့သည်။

ဝမ်ချောင်က နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်ထဲမှ အပြင်းထန်ဆုံး ချီစက်ကွင်းကို ထုတ်လွှတ်လိုက်ပြီဖြစ်သည်။ ဒါက တိုက်ပွဲနယ်မြေအတွက် အဆိပ်ကဲ့သို့ ချီစက်ကွင်းဖြစ်သည်။

ထိုသို့ဖြင့် မမြင်ရသော အားလှိုင်းများက မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့၏ စစ်သားများထံ ဝင်ရောက်သွားချိန်တွင် ထိုချီစက်ကွင်းက ထိုလူများအားလုံး၏ ချီစက်ကွင်းကို ဖယောင်းတိုင်များ အရည်ပျော်လာသလိုမျိုး တစက်စက် အားအင်လျော့နည်းလာစေသည်။

ချက်ချင်းလိုလို တိဗက်နှင့် မာန်ရှဲ့ကျောင်း စစ်သည်သောင်းပေါင်းများစွာက ရုတ်တရက် သူတို့၏ ကျင့်ကြံခြင်းအဆင့်က တစ်ဆင့်လုံးလုံး ထိုးကျသွားကြောင်း သိလိုက်ရသည်။ ဝမ်ချောင်က တိုက်ပွဲဝင် အဆိပ်ချီစက်ကွင်းအားကို ထုတ်ဖော်လိုက်ချိန်မှာတင် ထိုသို့ဖြစ်သွားခြင်းဖြစ်သည်။

“တိုက်ခိုက်”

ခုခံနေသော အန်းနန်အစိုးရစစ်တပ်က တိုက်ခိုက်ရန် ရွေးချယ်လိုက်ကြသည်။

လေထဲတွင် ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ ပထမဦးဆုံး တိုက်ခိုက်လိုက်ခြင်းက ထန်၏ ခြေလျှင်တပ်မဟုတ်ဘဲ မဟာထန်၏ ဒူးလေးကြီးများဖြစ်သည်။

မြေပြန့်တွင်ဆိုလျှင် ထိုဒူးလေးကြီးများက ရှေ့တန်းမှ စစ်သည်တော်များကို ရင်ဆိုင်ရန် မဖြစ်နိုင်လောက်သော်လည်း တောင်ပေါ်ရှိ မြေမျက်နှာသွင်ပြင် အခြေအနေအရ ထိုတာဝန်က ပို၍ရိုးရှင်း လွယ်ကူသွားသည်။

ဘုန်း ဘုန်း ဘုန်း

တိုက်ပွဲနယ်မြေတွင် နေရာတိုင်းလိုလို စစ်သားများက အပြည့်ရှိနေပြီး တစ်နေရာထဲသို့ စစ်သည် ထောင်ပေါင်းများစွာက ပြုံတိုးဝင်လာနေလေရာ ဒူးလေးကြီးများက အကောင်းဆုံးရိတ်သိမ်းရန် နေရာကောင်း ဖြစ်သွားသည်။ သင်္ကေတအပြည့်ဖြင့် ထွင်းထုထားသော ကြီးမားသော ဆူးချွန်ကြီးများကို ရှေ့တန်းသို့ ချိန်ရွယ်ကာ ပစ်လွှတ်လိုက်ချိန်တွင် မြို့ရိုးကဲ့သို့ တည်ရှိနေသည့် ကြီးမားသော သတ္ထုနံရံကြီးများ၏ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသော နေရာများမှ ဆူးချွန်ကဲ့သို့ ထင်ရသည့် ချွန်ထက်သော အရာကြီးများက ထိုးထွက်သွားသည်။

အတိတ်တွင် ထိုးဆူးချွန်များ၏ အင်အားက အကန့်အသတ်ရှိခဲ့သည်။ သို့သော် မာန်ရှဲ့ယွီစန်း စစ်သည်တော်အားလုံးက ယခုအခါ အားနည်းသော အခြေအနေမျိုးတွင် ရှိနေခဲ့သည်။ ထိုထက်ရှသော ဆူးချွန်ရှည်ကြီးများက သူတို့၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို ကျော်ဖြတ်သွားပြီး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ လေထဲသို့ မြောက်တက်စေလျှက် လူတိုင်းကို သယ်ဆောင်ကာ နောက်သို့ ဆက်တိုက် လွင့်ထွက်သွားစေခဲ့သည်။

စွပ် စွပ် စွပ်

အချိန်တိုအတွင်း တောအုပ်တမျှ ပြုံတိုးကာ ဝင်ရောက်လာသော ထိုးဆူးချွန်များက ကြိမ်ဖန်အနည်းငယ် လွှတ်ထုတ်လိုက်မှုနှင့်အတူ အလုံးအရင်းဖြင့် ဝင်ရောက်လာသည်။ သူတို့က ဒိုင်းကဲ့သို့ ဖြစ်နေသော ထိုသတ္ထုနံရံနောက်မှ တောက်ပသော အလင်းနှင့်အတူ ထွက်လာလေပြီး နေရာတိုင်းကို သွေးနီရောင်အဖြစ် ပြောင်းလဲလိုက်တော့သည်။

ထိုသို့ဖြင့် ဒိုင်းနံရံ သံမဏိမြို့ရိုးအရှေ့ မြေပြင်တောက်လျှောက်က အလောင်းများ ပုံသွားသည်။

ရဲရင့်ပါသော မာန်ရှဲ့ယွီစန်း စစ်သည်တော်များက ယခုလေးတင် အရှိန်အဝါအပြည့်ဖြင့် လှုပ်ရှားနေခဲ့ကြသည်။ သို့သော် ယခုအခါတွင် အဝတ်အိတ်များလို အလွယ်တကူ ထိုးနှက်ခံလိုက်ရလေသည်။ ထပ်ပေါင်းဆိုရသော် ထိုဒိုင်းကာ စစ်သားများက ယခင်က အလွန်ကြီးလေးသော ဖိအားအောက်သို့ ရောက်ခဲ့လေပြီးမှ ရန်သူ၏ အားနည်းသွားသော အခြေအနေကို ခံစားမိလိုက်ပြီး ချက်ချင်းလိုလို သူတို့၏ ကာကွယ်ရေးလှိုင်းကို ပြန်လည်အင်အား တိုးမြှင့်လိုက်ကြသည်။

“ပုဆိန်သမားတွေ လှုပ်ရှားကြ”

ရုတ်တရက် ရှေ့တန်းမှ ဒေါသတကြီး အော်ဟစ်သံများနှင့်အတူ ကြီးမားသော ပုဆိန်ကြီးများက လေထုကိုထိုးခွဲကာ ပျံသန်းလာပြီး မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများရှိရာ လူပင်လယ်ထဲသို့ ဝင်ရောက်သွားပြန်သည်။

ထိုတူညီသော တချိန်ထဲတွင်ပင် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော သားရဲကောင်ကြီးများလို ပုံရိပ်များက ထန်စစ်သည်တော်များဘက်မှ ထွက်လာသောကြောင့် မြေငလျှင်ကပင် တုန်ယင်လာသည်။ ထိုပုံရိပ်ကြီးများက မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများထံ တိုးဝင်သွားသည်။

“သေစမ်း”

ကြွက်သားအပြည့်ဖြင့် သန်မာသော ထန်ပုဆိန်သမားများက မျက်နှာတွင် ခက်ထန်သော သွင်ပြင် အသားအရည် ထောင်ထနေသော သွေးကြောများနှင့်အတူ အင်အားအပြည့်ဖြင့် ရန်သူများကို ဖြေရှင်းသတ်ဖြတ်တော့သည်။ သူတို့၏ ပြောင်မြောက်ပြီး အရည်အသွေး မြင့်မားကာ ခိုင်မာသည့် သံချပ်ကာများနှင့် သင်္ကေတအပြည့်ရှိနေသော ပုဆိန်များက ရန်သူများကို အလွယ်တကူ သတ်ဖြတ်နိုင်အောင် ထောက်ပံ့ကူညီပေးနေတော့သည်။

“အား”

တိဗက်နှင့် မာန်ရှဲ့ကျောင်း စစ်သားများက မြက်ရိတ်သလို လှီးဖြတ်ခံနေရပြီး စူးရှသော အော်ဟစ်သံများက ဆက်တိုက် ထွက်ပေါ်နေသည်။ မာန်ရှဲ့ကျောင်းမှ စစ်သားအနည်းငယ်က ပုဆိန်လူထွားကြီးများထဲမှ တစ်ယောက်ကြောင့် ချက်ချင်းလိုလို သတ်ဖြတ်ခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များက ဘယ်ညာလွင့်စင်ကုန်သည်။

ရှေ့ပြေးတပ်များထဲတွင် ပုဆိန်သမားများက အသန်မာဆုံးဖြစ်သည်။ သူတို့က အမြဲတစေ ကောက်ရိတ်သကဲ့သို့ လှီးဖြတ်ကာ သုတ်သင်နိုင်စွမ်း ရှိကြသည်။ ပုဆိန်သမားများက အနည်းဆုံး အစစ်အမှန် သိုင်းအဆင့်ခြောက်တွင် ရှိကြလေသည်။ ဝမ်ချောင်၏ တိုက်ပွဲဝင်အဆိပ် ချီစက်ကွင်း၏ ထောက်ပံ့ပေးမှုကြောင့် သူတို့၏ အင်အားက တဖန်ပို၍ ကြီးသွားပြန်ပြီး ထိုပုဆိန်သမားများ အားလုံး၏ လုပ်နိုင်စွမ်းအားက ပို၍သက်ရောက်မှုရှိသွားသည်။ ထို့ပြင် ရန်သူကလည်း ဝမ်ချောင်၏ ချီစက်ကွင်းကြောင့် အားနည်းနေလေရာ သူတို့အတွက် ပို၍လွယ်ကူသွားစေသည်။

စစ်တပ်ထဲတွင် ပုဆိန်လူသားများက ဖော်ပြရန်ခက်ခဲလောက်သော တိုက်ခိုက်နိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားကြလေပြီး အခြေအနေက မျက်နှာသာ မပေးလျှင်ပင် ရန်သူ၏ ဝင်္ကပါကို ချိုးဖျက်နိုင်သည်အထိ အင်အားအပြည့်ရှိကြသည်။

ဝုန်း ဝုန်း ဝုန်း

အရှေ့တောင်ပိုင်း၊ အနောက်တောင်ပိုင်း၊ အနောက်မြောက်ပိုင်း စသဖြင့် ဘက်တိုင်းတွင် စစ်သည်က အားသာမှု ပျက်ယွင်းသွားသော အခြေအနေသို့ ပြန်ရောက်သွားသည်။ မည်သည့်စစ်သားကမှ မခုခံနိုင်ကြတော့ပြန်ချေ။

“ဒါ ဒါ ဘာတွေဖြစ်နေပြန်တာလဲ”

“ဘာလို့သူတို့ရဲ့ အင်အားက ရုတ်တရက် ပြောင်းလဲသွားတာလဲ”

“ဒီလိုလူအင်အားအများကြီး အင်အားတိုးတက်သွားအောင် ဘယ်လိုအင်အားတွေကို ပိုင်ဆိုင်ထားတာလဲ”

ဝင်္ကပါ၏ အပြောင်းအလဲက လူတိုင်းကို အံ့သြစေသည်။ ဝမ်ချောင်အနေဖြင့် ပထမဦးဆုံးအနေနှင့် ထိုချီစက်ကွင်းကို အသုံးပြုခြင်းမဟုတ်ချေ။ သို့သော်ဒါက ပထမဦးဆုံးအကြိမ် လူသောင်းပေါင်းများစွာ ပါဝင်တိုက်ခိုက်နေသည့် တိုက်ပွဲတွင် အသုံးပြုလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ယခင်ကထက် ပို၍သိသာသည့် ရလဒ်က ထွက်ပေါ်လာသည်။

အရူးကပင် ထိုချီစက်ကွင်းက တစ်တောင်လုံးကို သက်ရောက်ထားပြီး နယ်မြေ အကန့်အသတ်ကိုပင် ကျော်လွန်လောက်ကြောင်း သိကြမည်ဖြစ်သည်။

“မဟာအမတ် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

လူတိုင်းက စတင်ပြီး တောင်ခြေရှိ သာ့လွန်ရော့ကျန်းကို လှည့်ကြည့်ကြရသည်။

“စိုးရိမ်ဖို့မလိုဘူး ဒီလိုအင်အားကြီးမားတဲ့ ချီစက်ကွင်းက တန်ကြေးကြီးကြီးမားမား ပေးဆပ်ဖို့ လိုအပ်တယ်။ ဆက်ပြီးတ်ိုက်ခိုက်ဖို့ ငါ့ရဲ့အမိန့်ကိုထုတ်လိုက်”

သာ့လွန်ရော့ကျန်းက လက်ကိုသာယမ်းပြီး ပြောလိုက်သည်။

ဝမ်ချောင်က မည်သို့စီစဉ်ထားကြောင်း သူကမသိသော်လည်း သာ့လွန်ရော့ကျန်း၏ အမြင်အရ ဒီလောကတွင် ရန်သူစစ်တပ်၏ ချီစက်ကွင်းကို ထိုသို့အားနည်းစေသည့် အရာတစ်ချက်သာလျှင်ဖြစ်သည်။ ဒါကနောက်ထပ် ချီစက်ကွင်းဖြစ်ရပေမည်။

သို့သော် ချီစက်ကွင်းတိုင်းက စွမ်းအင်ပေါင်းများစွာကို ထုတ်သုံးရပြီး လူများများအပေါ် အသုံးပြုလေလေ စွမ်းအင်များများ အသုံးပြုရလေလေဖြစ်သည်။ ဝမ်ချောင်က ထုတ်သုံးနေသော ထိုချီစက်ကွင်းက နေရာများများကို ဖြန့်ကျက်ထားပြီး လူအင်အား အမြောက်အများအပေါ် အသုံးပြုထားလေရာ သာ့လွန်ရော့ကျန်းအနေဖြင့် သိပ်မကြာခင် သူ၏စွမ်းအင်များ ကုန်ဆုံးသွားမည်ဖြစ်ကြောင်း သေချာနေလေသည်။ ပိုပြီးအရေးကြီးသည်မှာ ဒီလိုတိုက်ပွဲမျိုးတွင် အစွမ်းထက်ဆုံး ချီစက်ကွင်းပင်ဖြစ်စေ၊ အစွမ်းအထက်ဆုံး တည်ရှိမှုကပင်ဖြစ်စေ စစ်သည်သိန်းကျော်ကို ယှဉ်ရာတွင် များများစားစား ကိုင်တွယ်နိုင်မည်မဟုတ်ချေ။

ဟော်ရှု့ဟွေ့ခမ်း တစ်ယောက်ထဲက စစ်ပွဲကို နိုင်နိုင်ရင် ဘာလို့အခြားစစ်သားတွေကို လိုအပ်တော့မှာလဲ။

သို့သော် သူ၏ခန့်မှန်းမှုက မှားယွင်းကြောင်း သိပ်မကြာခင် အချိန်မှာပင် သာ့လွန်ရော့ကျန်းက သတိထားမိလိုက်သည်။

ဟီး ဟီး ဟီး ဟီး

မရေမတွက်နိုင်သော လူများက ငုံ့ကြည့်လိုက်ချိန်တွင် တောင်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အော်သံကြီးက ထွက်ပေါ်လာသည်။ အလံအောက်တွင် ပဲပင်ရှည်ကိုကိုက်လျှက် နှင်းဖြူရောင် ခွာများနှင့် တောင်ပေါ်နတ်မြင်းတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုမြင်း၏ ကျောပေါ်တွင်လည်း ကောင်းကင်မှ နေရောင်လို တောက်ပနေသော လူတိုင်း၏ အာရုံကို ဆွဲဆောင်ထားသည့် ပုံရိပ်တစ်ခုရှိနေသည်။

ထိုအခိုက် ဝမ်ချောင်က ကောင်းကင်ဘုံမှ ဆင်းသက်လာသော အလွန်အမင်း ခန့်ညားချောမောသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ပေါ်ထွက်လာလေသည်။

အခန်း(၆၀၅)

ခွာဖြူအရိပ် ခြေထောက်အောက်မှ ပြန့်ကားကာ ထွက်လာသော ထိုအဆိပ် ချီစက်ကွင်းက လေထုကို ဆက်တိုက်တုန်ယင်နေစေသလို တောင်ပေါ်မှ ရေစီးလာသလိုမျိုး စစ်တပ်တစ်ခုလုံးအနှံ့ ဖြန့်ကျက်ပေးနေခဲ့သည်။ ထိုထူးဆန်းသော ချီစက်ကွင်းက စစ်သည်တော်များ၊ ပုဆိန်သမားများ၊ လေးသည်တော်များ အားလုံးကို အမျိုးမျိုးသော စွမ်းအင်များ ထည့်ပေါင်းပေးနေသလို ဖြစ်သွားသည့်အတွက် အန်းနန်အစိုးရ စစ်တပ်တစ်ခုလုံး၏ အင်အားကို မြင့်တက်သွားစေသည်။

သာ့လွန်ရော့ကျန်းကပင် ထန်စစ်တပ်က ယခင်ထက်ပို၍ အင်အားကြီးမားပြီး အသစ်စက်စက် အရှိန်အဝါကို လွှတ်ထုတ်နေကြောင်း ပြောနိုင်သည်။

ချီစက်ကွင်းတစ်ခုက ရန်သူ၏စစ်တပ်ကို အားနည်းစေပြီး ကိုယ်ပိုင်စစ်တပ်၏ အင်အားကို တိုးမြှင့်ပေးနိုင်သည်။ သာ့လွန်ရော့ကျန်းကပင် မျက်လုံးအပြူးသားဖြင့် အံ့သြသွားရသည်။

“ဒါကဘယ်လို ချီစက်ကွင်းမျိုးလဲ”

သာ့လွန်ရော့ကျန်းက ထိုအချက်ကြောင့် အလွန်အံ့သြသွားရသည်။ ပုံမှန်ချီစက်ကွင်းများက လူတစ်ယောက်၏ အင်အားကို တိုးမြှင့်ပေးနိုင်သည်။ ခုခံအားကို မြှင့်တင်ပေးနိုင်သည်။ အရှိန်နှုန်းကို မြန်ဆန်စေနိုင်သည်။ ထိုမျှကတင် အလွန်မြင့်မား လုံလောက်နေပြီဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ထိုသုံးခုလုံးထက် အပြတ်အသတ် သာနေသည်။

ဒီလိုတိုက်ခိုက်နေသော ကွင်းပြင်အတွင်းတွင် ရှိနေသည့် အခြေအနေမျိုးတွင် အန်းနန်အစိုးရစစ်တပ်မှ စစ်သည် ရှစ်သောင်းမှ ကိုးသောင်းဝန်းကျင်က တောင်တန်းကို ခိုင်မာတင်းကြပ်စွာ ခုခံထားသည်မှာ မည်သည့်အရာကမှ ဖောက်ဝင်နိုင်စွမ်းအား မရှိသည်အထိ ဖြစ်သွားသည်။

“သွမ့်ယန်ရန်ကို အမိန့်ထုတ်လိုက် သူ့ရဲ့ဆင်တွေနဲ့ သူတို့ရဲ့ ဝင်္ကပါကို ချက်ချင်း ဖြိုခွဲခိုင်းလိုက်ပါ”

သာ့လွန်ရော့ကျန်း၏ မျက်လုံးက ကျဉ်းမြောင်းသွားလျှက် ထိုအမိန့်ကို ထုတ်လိုက်သည်။

ဝမ်ရန်တွင် လျို့ဝှက်ချက်ပေါင်း များစွာရှိသည်။ သာ့လွန်ရော့ကျန်း၏ အတွေ့အကြုံဖြင့်ပင် ထိုမျှကြီးမားသော နေရာမျိုးကို ဖုံးလွှမ်းထားနိုင်သည့် ချီစက်ကွင်းမျိုးကို မဟာဗိုလ်ချုပ် အစစ်ကသာ ပိုင်ဆိုင်ကြောင်း ပြောနိုင်သည်။ သို့သော် ဝမ်ချောင်ကမူ မဟာဗိုလ်ချုပ်အဆင့် မဟုတ်သေးမှန်း ရှင်းလင်းနေသည်။

ထိုအချက်များကို ဘေးဖယ်ထားလိုက်မည် ဆိုလျှင်ပင် ထိုသို့သော ချီစက်ကွင်မျိုးက အင်အားကို မြင့်တင်ပေးနိုင်သလို ခုခံအားလှိုင်းကိုလည်း တိုးမြှင့်ပေးနိုင်ပြီး အရှိန်နှုန်းကို မြန်ဆန်စေလောက်လေရာ သာမာန်အဆင့်မျိုး မဟုတ်တော့ချေ။ မည်သည့်တိုင်းပြည်တွင် ရှိနေစေကာမူ အလွန်အမင်း ရှားပါးပေလိမ့်မည်။ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းကဲ့သို့ အခမ်းနားဆုံး နေရာတွင်ပင် ထိုကဲ့သို့သော သိုင်းမျိုးမရှိချေ။

“ထပ်ပြီးတော့ Abbasidcliphadeက ငါတို့ကို ကူညီပြီး လေ့ကျင့်ပေးထားတဲ့ အဲ့ဒီလူထွား အသုတ်ကလည်း ရောက်နေပြီဆိုတော့ သူတို့က လှုပ်ရှားရမဲ့ အလှည့်ပဲ”

ထိုစကားများနှင့်အတူ သာ့လွန်ရော့ကျန်း၏ အကြည့်က လေးနက်သွားတော့သည်။

ယွီစန်းနှင့် Abbasidcliphadeက အစောပိုင်းကတည်းက အတူပူးပေါင်းခဲ့သည်။ ထပ်ပေါင်းဆိုရသော် သူတို့၏ ပူးပေါင်းမှုက အနက်ရောင် ရေနံဆီများလောက်နှင့် ကန့်သတ်ထားခြင်း မရှိချေ။ လူထွားများ တပ်ဖွဲ့က သူတို့၏ မဟာမိတ်မှ အသီးအပွင့်များ ဖြစ်သည်။

ဝေါင်း

အဝေးဘက်မှ ဟိန်းဟောက်သံတစ်သံ ထွက်လာသည်။ ထိုအသံထဲတွင် ရက်စက်မှု၊ ကြမ်းတမ်းမှု၊ ရဲရင့်မှု၊ အရိုင်းဆန်မှုနှင့် သတ်ဖြတ်လိုသော စိတ်ဆန္ဒက ကပ်ပါနေသည်။ ကျယ်လောင်လွန်းလှပြီး မိုးခြိမ်းသံကဲ့သို့ စူးရှကျယ်လောင်ကာ ဆင်ဖြူတော်များ၏ ဟိန်းသံများနှင့် တိုက်ခိုက်နေသော အသံများကိုပင် ကျော်လွန်ထွက်သွားသည်။ ထိုကြီးမားသော လူထွားကြီးများ ချီတက်လာချိန်တွင် မြေကမာ္ဘက ဆက်တိုက် တုန်ခါသည်။ ဖြစ်လာသော အလှည့်အပြောင်းက လူတိုင်းကို သတိထားမိစေသည်။ တောင်ပေါ်မှ ဝမ်ချောင်ကလည်း သတိထားမိလိုက်သည်။

“... ဒါက”

ဝမ်ချောင်၏ မျက်လုံးက ကျဉ်းမြောင်းသွားပြီး စိတ်ရှုပ်ထွေးဟန် တစွန်းတစပေါ်လာသည်။ မဟာထန်က မာန်ရှဲ့ယွီစန်းနှင့် အချိန်အတန်ကြာ တိုက်ခိုက်ပြီးပြီဖြစ်ပြီး တစ်ဖက်ချင်းစီကလည်း တစ်ဖက်မှ စစ်သားများ၏ အခြေအနေကို နားလည်ထားကြသည်။ သို့သော် ဝမ်ချောင်အနေဖြင့် သူဒီလိုထူးဆန်းသော စွမ်းအင်မျိုးကို မခံစားဖူးကြောင်း အာမခံနိုင်သည်။

မိုးကုတ်စက်ဝိုင်း တည့်တည့်မှ ပေါ်လာသော ထိုအရာက ရှင်းလင်းစွာဖြင့်ပင် ဝမ်ချောင်ကို မျက်လုံးပြူးစေသည်။

မိုးကုတ်စက်ဝိုင်းတည့်တည့်တွင် ရုတ်တရက် အရပ်ရှည်မြင့်မားသော လူထွားကြီးတစ်သုတ်က ပေါ်လာသည်။ သူက ထိုလူများကို စစ်သားများ မဟုတ်ကြောင်း သေချာနေစေသည်မှာ ထိုမျှကြီးမားသော ခန္ဓာကိုယ်နှင့် လူသားများကို မမြင်ခဲ့ဖူးသောကြောင့်ဖြစ်သည်။

ထိုသတ္တဝါများ၏ကိုယ်က ဖော်ပြရန် ခက်ခဲလောက်အောင် ကြွက်သားများအပြည့် ရှိနေပြီး မှင်သက်ဖွယ် အကောင်းဆုံးက သူတို့၏အရပ်ဖြစ်သည်။ အားလုံးက ခြောက်မီတာမှ ခုနှစ်မီတာခန့်အထိ မြင့်ကြပြီး သာမာန်လူတစ်ယောက်၏ အရပ်ထက် သုံးဆ လေးဆခန့်အထိ ပို၍မြင့်သည်။ သူတို့၏ အသားအရောင်က ပိန်းပိတ်အောင် မည်းမှောင်နေပြီး မျက်နှာထားက ခက်ထန်ကာ တွန့်လိမ်ရှုံ့တွနေသလို ရုပ်ရည်ကလည်း အကျည်းတန်လွန်းလှသည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကွယ်ထားသော သံချပ်ကာက ကြောက်စရာကောင်းသော ပုံစံကို ဖုံးကွယ်ထားနိုင်လောက်သော်လည်း သံသယဝင်ရန် မလိုလောက်အောင် သူတို့က လူသားများ ဖြစ်နေလောက်သေးသည်။

“အား”

“လမ်းကမြန်မြန် ဖယ်ကြစမ်း မြန်မြန်”

လေထဲတွင် စူးရှစွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သို့သော်ထန်များဘက်မှ မဟုတ်ဘဲ အဝေးရှိ တိဗက်စစ်သားများထံမှဖြစ်သည်။ ထိုလူထွားကြီးများ ပေါ်လာသောအခါ သူတို့၏ ရိုင်စိုင်းကြမ်းတမ်းသော အရှိန်အဝါက ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးခံရသော တောင်ပေါ်မြင်းများကို အလန့်တကြား ထွက်ပြေးစေသည်။ မြင်းများပေါ်မှ တိဗက်များအားလုံးကလည်း ထိုလူထွားများ၏ အရှေ့မှ လွတ်ကင်းအောင် ထွက်ပြေးကြလေသည်။

လူထွားများက ချဉ်းကပ်လာသောအခါ တိဗက်များက လှိုင်းများကဲ့သို့ ဖယ်ရှားပေးလိုက်ကြသည်။ ထိုလူထွားကြီးများက သံမဏိသံချပ်ကာများကို ဝတ်ဆင်ထားကြပြီး ထိုသံချပ်ကာများကတင် ဂျင်ထောင်ပေါင်းများစွာ လေးလောက်သည်။ ထို့အပြင် စစ်မြင်းများကို အလွန်မြန်ဆန်သော အရှိန်နှုန်းဖြင့် ထွက်ပြေးစေနိုင်လောက်အောင် ပုဆိန်များ၊ ထင်းခုတ်ဓားများ၊ လှံများ စသည်တို့ကို လျှင်မြန်စွာ ရွေ့လျားလိုက်ကြလေသည်။

“ဒါကဘယ်လို မကောင်းဆိုးဝါးတွေလဲ”

ချန်းရှု့စွန်း၏ မျက်လုံးကပင် အပြူးသားဖြစ်သွားသည်။ သူက တိဗက်များနှင့် တိုက်ခိုက်နေသည်မှာ တစ်လကြာပြီ ဖြစ်သော်လည်း ထိုသို့သော မကောင်းဆိုးဝါးများကို တိဗက်များထဲတွင် မမြင်ခဲ့ဖူးသေးချေ။ သူတို့က လူသားများပင် မဟုတ်ဘဲ လူသားပုံသဏ္ဍန်ရှိသည့် မကောင်းဆိုးဝါးများ ဖြစ်နေသည်။ ထိုမကောင်းဆိုးဝါးများက အလွန်ဝေးကွာနေသေးသော်လည်း သူတို့၏ကိုယ်မှ ထွက်နေသော ရက်စက်မှု၊ သွေးဆာလောင်သည့် အရှိန်အဝါက ချန်းရှု့စွန်း၏ နှလုံးသားကိုပင် ကြောက်လန့်မှုကြောင့် ရူးသွပ်စွာ အခုန်မြန်လာစေသည်။ ဒါက သာမာန်တိုက်ပွဲမျိုးတွင် ပေါ်လာတတ်သော စစ်သားများ မဟုတ်ချေ။

“သူတို့က ဆန်းတူကပဲ”

ထိုမကောင်းဆိုးဝါးများက အလွန်ဝေးကွာနေသေးသော်လည်း ဝမ်ချောင်က သူတို့၏ မည်းမှောင်သော အသားအရောင်ကို တစ်ချက်ကြည့်ရုံဖြင့်ပင် ဆန်းတူမှ အလွန်ဆင်းရဲသောလူများ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ကြောင်း သိလိုက်သည်။ သူတို့၏ သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ တစ်ချက်နှင့်တင် ဝမ်ချောင်၏ စိတ်ထဲတွင် နာမည်တစ်ခုက ပေါ်လာပြီဖြစ်သည်။

“ကောင်းကင်လှုပ်ခါခြင်းစစ်တပ်”

ဝမ်ချောင်က နာမည်ကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။

လူသားများ၏ သမိုင်းတွင် ဒီနေရာတွင်ဖြစ်စေ၊ အခြားသောအပြိုင် စကြာဝဠာကြီးများတွင်ဖြစ်စေ သွေးပြန်ကြောများနှင့် အရိုးဖွဲ့စည်းတည်ဆောက်ပုံအရ သာမာန်လူများကို အရပ်နှစ်ပေ အမြင့်အထိ ရောက်ရန်သာ ကန့်သတ်ထားသည်။ ၂.၂မီတာမှ ၂.၄မီတာအထိ မြင့်သော ရှားပါးသော လူမျိုးများက မဟာဗိုလ်ချုပ် လီစစ်ယဲ့ကဲ့သို့ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်မျိုးကို ပေါ်ထွက်လာစေခဲ့သည်။

သို့သော် လီစစ်ယဲ့ထက် ခန္ဓာက်ိုယ်ကြီးမားပြီး ပို၍အရပ်ရှည်သော ထိုလူထွားကြီးများ မတည်ရှိဟု မဆိုလိုချေ။ အနည်းဆုံး ဝမ်ချောင်က သိထားသော သမိုင်းတွင် ထိုသို့သော ထူးခြားသည့် စစ်တပ်က ကောင်းကင်လှုပ်ခါခြင်း စစ်တပ်ဖြစ်သည်။

ဝမ်ချောင်ကလည်း အနောက်ပိုင်း နယ်မြေမှ ဆင်းရဲသော ဆန်းတုနယ်စပ်အတွင်းတွင် Abbasidcliphadeနှင့် ယွီစန်းတို့ ပူးပေါင်းရာမှ ရလာသော အကြံတစ်ခုနှင့် ပတ်သတ်သည့် အချက်တစ်ချက်ကို သတိရလိုက်သည်။

သူတို့က ဆန်းတုသို့ ပုံမှန်မဟုတ်သော အမြင့်နှင့် ငယ်ရွယ်သော မိဘမဲ့များကို ပို့ပေးခဲ့သည်။ Abbasidcliphadeနှင့် ယွီစန်းတို့က စတင်ပြီး ထိုလူများကို ပျိုးထောင်ကာ အမျိုးမျိုးသော ဆေးများကျွေးခြင်း၊ အထူးတလည် ပြင်ဆင်ထားသော သိန်းငှက်၊ ကျား၊ ခြင်္သေ့၊ ဆင်သားများကျွေးမွေးခဲ့သည်။ ထို့ပြင် သူတို့၏ သွေးကြောအမှတ်များကို အားဖြည့်လျှက် ထူးခြားသော သိုင်းများကို အသုံးပြု၍ သူတို့၏ အလားအလာကို မြှင့်တင်ပေးနိုင်သည့် ရှေးဟောင်းဒိုင်းတစ်မျိုးကို ကျင့်ကြံခိုင်းခဲ့သည်။ အဆုံးတွင် အကန့်အသတ်မဲ့သော အင်အားများကို ပိုင်ဆိုင်သည့် လူထွားကြီးများကို ပျိုးထောင်အောင်မြင်သွားခဲ့ပြီး ကောင်းကင်လှုပ်ခါခြင်း စစ်တပ်ဟု ခေါ်တွင်သွားခဲ့သည်။

ကောလဟာလအရ ကောင်းကင်လှုပ်ခါခြင်း စစ်တပ်မှ တစ်ယောက်ချင်းစီတိုင်းက ခုနှစ်မီတာ၊ ရှစ်မီတာခန့်အထိ မြင့်ပြီး အချို့ကဆိုလျှင် တစ်ဆယ်မီတာခန့်အထိ ရောက်သည်။ အာရပ်များက ရှေးဟောင်းလျို့ဝှက်သိုင်းများကို အသုံးပြုကာ သူတို့ကို အင်အားဖြည့်ဆည်းခိုင်းခဲ့သည်။

အဆုံးတွင် ကောင်းကင်လှုပ်ခါခြင်း စစ်တပ်မှ စစ်သားများကို သေချာလေ့ကျင့် သတ်မှတ်သင်ကြားပေးခဲ့ပြီး သူတို့၏ မွေးရာပါခွန်အားကို အဆင့်မြင့်သိုင်းနယ်မြေ၏ ကျွမ်းကျင်ပညာရှင်များကို ရင်ဆိုင်တိုက်ခိုက်နိုင်သည်အထိ ရောက်စေခဲ့သည်။ အင်ပါယာသိုင်းနယ်မြေ အဆင့်ဆိုလျှင်ပင် သူတို့၏ ခွန်အားသပ်သပ်ဖြင့် ရင်ဆိုင်နိုင်လောက်သည်။ သူတို့က လက်ရှိတွင် လူတိုင်းသုံးနေကြသည့် သာမာန်သိုင်းစနစ်နှင့် ကွာခြားသော စနစ်ပုံစံကို လေ့ကျင့်ပေးထားခြင်းလည်းဖြစ်သည်။

ဝမ်ချောင်အနေဖြင့် ကောင်းကင်လှုပ်ခါခြင်း စစ်တပ်မှ စစ်သားများကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးချေ။ သို့သော် ကောလဟာလများကို ကြားဖူးသည်။ တစ်လောကလုံးတွင်ရှိသော လူတိုင်းက ထိုကောင်းကင်လှုပ်ခါခြင်း လူထွားကြီးများကို ဟာသပျက်လုံးလိုသာ ဆက်ဆံကြလေသည်။ မည်သို့ပင်ဆိုစေ လူအများက ထိုမျှအထိ အရပ်မမြင့်နိုင်ချေ။ သို့သော် ဝမ်ချောင်ကမူ မတူချေ။ ဤတိုက်ပွဲပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက် ကောင်းရှန်းကျစ်၏ လက်အောက်မှ အန်းရှီအစိုးရစစ်တပ်မှ အချို့သော စစ်သားများက ထိုတိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းအားဖြင့် သူတို့ပြောသော စကားအရ ကောင်းရှန်းကျစ်က Abbsidcliphadeနှင့် စစ်တိုက်ခဲ့ပြီး ကောင်းကင်လှုပ်ခါခြင်းစစ်တပ်က ထိုစစ်တပ်တပ်ဖွဲ့ထဲတွင် ပါဝင်လာသည်ဟု ဆိုခဲ့သည်။ အန်းချီစစ်သားများက ထိုလူများနှင့် ရင်ဆိုင်ခဲ့ရသည်။

ကောင်းရှန်းကျစ်က ထိုအချိန်က တိုက်ပွဲတွင် ရှုံးနိမ့်နေပြီး ဖြစ်သောကြောင့် ကောင်းကင်လှုပ်ခါခြင်း စစ်တပ်နှင့် ကောင်းကင်လှုပ်ခါခြင်း လူထွားကြီးများက တခဏသာလျှင် ပေါ်သွားခဲ့သည်။ ထို့ကြောင့် လူအနည်းငယ်ကသာလျှင် သိခဲ့ကြသည်။

အန်းရှီအစိုးရစစ်တပ်မှ ဝမ်ချောင်နှင့် တွေ့ခဲ့သော စစ်သားများက တွေ့ဆုံပြီးနောက် ပျောက်ကွယ်သွားကြလေရာ ထိုကောလဟာလကို အတည်ပြုရန် ဝမ်ချောင်က မကြိုးစားနိုင်ခဲ့ချေ။ သို့သော် ဝမ်ချောင်အနေဖြင့် ထိုအချက်ကလွဲပြီး အခြားသော သတင်းအချက်အလက်များကို မသိထားသေးချေ။

သို့သော် ဝမ်ချောင်က ဒီနေရာတွင် ထိုကောင်းကင်လှုပ်ခါခြင်း စစ်တပ်က ပေါ်လာမည်ဟု မထင်ထားမိချေ။

တိဗက်တွေက တကယ်ကို အာရပ်နဲ့ ပူးပေါင်းထားတာပဲ။ သူတို့က ကောင်းကင်လှုပ်ခါခြင်း စစ်တပ် အကြံအစည်ကိုတောင် ပူးပေါင်းဆောင်ရွက်နိုင်သေးတယ်။ ထပ်ပေါင်းပြောရရင် အာရပ်တွေနဲ့ ပူးပေါင်းပြီး လှုပ်ရှားနေတဲ့ တကယ့်အမတ်က သာ့လွန်ရော့ကျန်းဖြစ်လောက်တယ်။

ဝမ်ချောင်၏စိတ်က ကစဉ့်ကလျား ဖြစ်သွားသည်။ သူက ကောင်းကင်လှုပ်ခါခြင်း ပုဂ္ဂိုလ်များ လူထွားကြီးများကဲ့သို့သော စစ်တပ်ကို ဒီနေရာတွင် ဆုံရမည်ဟု မထင်ထားမိချေ။ သူတို့ပေါ်လာခြင်းက ကောလဟာလထက် ပိုစောနေသည်။

သာ့လွန်ရော့ကျန်းက တကယ်ကို ခဲ့လော့ဖုန်းလိုပဲ။ နှစ်ယောက်လုံးက ရည်မှန်းချက်ကြီးပြီး အချိန်အတန်ကြာ စီမံကိန်း ချထားကြတယ်။ ခဲ့လော့ဖုန်း မရှိရင်တောင်မှ သာ့လွန်ရော့ကျန်းက စစ်သားတွေကို သတ်နိုင်သေးတယ်။ ကောင်းကင်လှုပ်ခါခြင်းစစ်တပ်က သူတို့တောင်ပေါ်ဒေသမှာကတည်းက ပြင်ဆင်ထားခဲ့တဲ့ တပ်ကူပဲ။ ငါ့ရဲ့အရင်ဘဝမှာ အန်းနန်အစိုးရစစ်တပ်က အ့ဟိုင်မှာကတည်းက အမြစ်ဖြတ်သုတ်သင်ခံခဲ့ရလို့ ကိစ္စတွေက ဒီဘဝနဲ့ ကွာခြားသွားတာပဲ။

တောင်ပေါ်ရှိ ဝမ်ချောင်က ဆက်လက်တွေးတောနေသည်။ သူ၏ဝင်ရောက်စွက်ဖက်မှုက အနောက်တောင်ပိုင်း၏ စစ်ပွဲကို ယခင်ဘဝနှင့် ကွာခြားသွားစေခဲ့သည်။ ပထမဦးဆုံး တစ်ချက်အနေနှင့် အ့ဟိုင်ဖြင့် ခြင်္သေ့မြို့ကို ခိုင်မာစွာ ကာဆီးခဲ့သည်။ ဒီနည်းအားဖြင့် တစ်လကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် ဒီတောင်တွင်သူက သံမဏိခံတပ်ကို တည်ဆောက်ခဲ့ပြီး နောက်ထပ် မာန်ရှဲ့ယွီစန်းစစ်တပ်ကို လျစ်လျူရှု့ရန် ခက်ခဲစေသည့် သံမဏိ အကာအကွယ်လွှာ တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ကိစ္စအလှည့်အပြောင်းများက မူလဖြစ်စဉ်ရိုးနဲ့ ကွာခြားသွားခဲ့သည်။

အာရပ်ရေနံဆီက ပေါ်လာသည်။ အစောပိုင်းအဆင့်တွင် မပေါ်လာသင့်သော ကောင်းကင်လှုပ်ခါခြင်း စစ်တပ်ကလည်း ပေါ်လာသည်။ ထို့ပြင် ကြီးမားသော လက်နက်ကြီးများကလည်း ပေါ်လာသည်။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် စစ်ပွဲက မည်သို့ပြောင်းလဲမည်ဖြစ်ကြောင်းကို မခန့်မှန်းနိုင်တော့ချေ။ ပို၍အရေးကြီးသည်မှာ ဝမ်ချောင်အနေဖြင့် သာ့လွန်ရော့ကျန်းက ထိုစစ်တပ်ကို လွှတ်မည်ဖြစ်ကြောင်းကို သိခဲ့သည်။ အ့ဟိုင်၏ တောအုပ်မှ ဆင်များနှင့် ကောင်းကင်လှုပ်ခါခြင်း စစ်တပ်က သူတို့၏ အင်အားများကို မှီခိုတိုက်ခိုက်ခြင်းဖြစ်သည်။

ဝမ်ချောင်၏ တိုက်ပွဲဝင်အဆိပ် ချီစက်ကွင်းက အ့ဟိုင်၏ ဆင်များနှင့် ထိုလူထွားကြီးများနှင့် ရင်ဆိုင်ရာတွင် အသုံးမဝင်ချေ။

ကောင်းကင်ကို လှုပ်ခါစေလောက်သော တုန်ခါမှုနှင့်အတူ ပထမဦးဆုံး တိုက်ခိုက်လာခြင်းက အဝေးမှ ချောက်ချားဖွယ် ပုံရိပ်များဖြစ်သည့် ကောင်းကင်လှုပ်ခါခြင်း လူထွားကြီးများ မဟုတ်ဘဲ အ့ဟိုင်ဆင်များဖြစ်သည်။ သူတို့၏ နှာမောင်းရှည်ကြီးများက လှုပ်ရှားကာ တိုက်ခိုက်ကြလေသည်။

ဝုန်း

သံမဏိမြို့ရိုးနှစ်ခုက လွင့်ထွက်သွားပြီး ထိုမြို့ရိုးများ၏ အနောက်မှ စစ်သားများအားလုံးက လေထဲသို့ လွင့်ထွက်ကုန်ကြသည်။ အ့ဟိုင်ဆင်တစ်ကောင်က ရှစ်မီတာ ကိုးမီတာခန့်မြင့်သော အမြင့်နှင့်အတူ သူတို့၏ကိုယ်ပေါ်တွင် ထင်ရှားစွာ ရှိနေသည့် အဖြူရောင် သံချပ်ကာပြားကြီးများ၏ အကူအညီဖြင့် တောင်ပေါ်သို့ ဝုန်းဒိုင်းကျဲကာ တိုးဝင်လာကြသည်။ မရေမတွက်နိုင်သော တိဗက်နှင့် ဆင်ဖြူတော်တပ်ရင်းမှ အဖွဲ့များကို ဦးဆောင်ခေါ်လာခဲ့သည်။

အဝေးတွင် ပို၍များပြားသော ဆင်များက ချဉ်းကပ်လာနေကြသည်။ လေထဲသို့ မြှောက်ထားသော သူတို့၏ နှာမောင်းကြီးများက သူတို့က ချီတက်လာသောကြောင့် ဖြစ်လာသည့် အလုံးလိုက် ရှိနေသည့် တိမ်များကို မွှေနှောက်နေသည်။ သွမ့်ယန်ရန်က သူ၏အကြံအစည်ကို အကောင်အထည် ဖော်လေပြီ။ ဒီတစ်ကြိမ်တွင် သူ၏ဆင်ဖြူတော်တပ်ရင်းက သတ္ထုနံရံများကို ဆွဲချရန် အစီအစဉ် မရှိတော့လေဘဲ အားလုံးကို ဖယ်ရှားရှင်းလင်းပြီး မာန်ရှဲ့ယွီစန်း စစ်တပ်အတွက် လမ်းဖောက်ပေးရန် ဖြစ်လာသည်။

All Chapters