← Chapters

အခန်း (၆၀၆-၆၁၀)

Vol. 30 Ch. 606-610

အခန်း (၆၀၆-၆၁၀)

Vol. 30 Ch. 606-610

အခန်း(၆၀၆)

ထိုဆင်များနှင့် ပတ်သတ်ပြီး ကြောက်စရာအကောင်းဆုံး အချက်က သူတို့က တိုက်ပွဲနယ်မြေ အဆိပ်ချီစက်ကွင်း၏ သက်ရောက်မခံရခြင်းဖြစ်သည်။ ဒီလိုအချိန်မျိုးတွင် သူတို့က မာန်ရှဲ့ယွီစန်း စစ်တပ်၏ ထန်ရှေ့တန်းကို ဖြိုခွဲမည့် အထက်ရှဆုံး လက်နက်တစ်ခု ဖြစ်လာသည်။

ဆင်နှစ်ကောင်၏ စူးရှစွာ အော်ဟစ်သံနှင့်အတူ သူတို့၏ ကြီးမားသော ခြေထောက်ကြီးက ထန်စစ်သည်တော်များထံ တောင်ပြိုကျလာသလိုမျိုး နင်းချေတော့သည်။

“အား”

အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော်တိုင်း၏ မျက်နှာတွင် ကြောက်လန့်မှုအထင်းသား မြင်နိုင်သည်။ သူတို့၏ ခုခံမှုက ထိုသို့ခန္ဓာကိုယ်အလွန်ကြီးမားပြီး အင်အားကြီးမားသည့် ဆင်များရှေ့တွင် သက်ရောက်မှု မရှိတော့ချေ။

အလွန်လေးလံသော ခြေထောက်က ကျဆင်းလာချိန်တွင် ထန်စစ်သည်တော်များက ရှောင်ရှားရန် အချိန်မရှိတော့ချေ။ သူတို့၏ သံချပ်ကာများက သူတို့၏ ခန္ဓာကိုယ်နှင့် ကွဲထွက်သွားလျှင် ခန္ဓာကိုယ်ကပင် အသားတုံးများ ဖြစ်သွားရသည်။

ဆင်တစ်ကောင်က သူ၏ရှည်လျားသော နှာမောင်းကြီးကို မြင့်မားစွာမှုတ်လျှက် ကြာပွတ်တစ်ခုနှယ် ယမ်းကာ ထန်စစ်တပ်မှ စစ်သည်တော်များထံ ရိုက်ချလိုက်သည်။

ဝေါင်း

ရုတ်တရက် ကျယ်လောင်သည့် စူးရှသော အော်ဟစ်သံက ထွက်ပေါ်လာသည်။ ထိုအသံထဲတွင် ပါဝင်နေသည့် ပြင်းထန်သည့်စွမ်းအင် အရှိန်က ဆင်များ၏ နားရွက်ဘေးတွင် အုပ်ထားသော သတ္ထုအကာအရံများကို ဘေးသို့ဖယ်ရှားသွားစေပြီး ထိုဆင်၏ ခေါင်းအတွင်းသို့ တိုက်ရိုက် တိုးဝင်သွားကာ ပေါက်ကွဲသွားစေသည်။

ဆင်က ခေါင်းကို ထိတ်လန့်တကြား မြှောက်လိုက်သည့် အချိန်တွင်ပင် လေထဲကို ထိုးခွဲလာသည့် သတ္ထုစစ်ပုဆိန် တစ်လက်က ထိုဆင်၏ မျက်လုံးထဲသို့ ဖောက်ဝင်သွားလျှက် ဦးခေါင်းခွံနောက်သို့ ထိုးဖောက်ထွက်သွားသည်။ ဆင်ခြေထောက်များက နူးညံ့ပျော့ခွေစွာ မြေပြင်သို့ ဒူးထောက်ကျသွားကာ အဖောက်ခံရသော မျက်လုံးမှပင် သွေးများတောက်လျှောက် စီးကျလာသည်။

သူတို့က အသက်ပြင်းပြီး အင်အားအလွန် ကြီးသော်လည်း ထိုသားရဲများက လူသားများ မဟုတ်ကြချေ။ ဆင်များ၏ ဉာဏ်ရည်က လူသားများထက်နိမ့်သည်။ လူသားကျွမ်းကျင်ပညာရှင်များကို ရင်ဆိုင်ရသည့်အခါ သူတို့က တစ်ချက်ထဲနှင့် လဲပြိုကျရသည်။

“ပုဆိန်လူသားတွေ ဆင်တွေရဲ့ အစောင့်တွေကို ခုတ်ပိုင်းချစမ်း”

တောင်၏အလယ်က ဝရုန်းသုန်းကား ဖြစ်နေသေးသည်။ ထိုအမိန့်နှင့်အတူ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော မျက်လုံးအတွင်း ရူးသွပ်မှု့သာ ပြည့်နှက်နေသည့် ထိုဗိုလ်ချုပ်က အသားကုန် အော်ဟစ်လိုက်သည်။ အန်းနန်အစိုးရစစ်တပ်က ယခင်က ထိုသို့သော အခြေအနေမျိုးနှင့် မကြုံခဲ့ဖူးချေ။ ကျန်ရှိသော စစ်သည်ရှစ်သောင်းကျော်၏ အသက်က ချက်ချင်းလိုလို အဖြတ်တောက်ခံရနိုင်လေသည်။ သူတို့သာ ဒီတိုက်ခိုက်မှုအားလှိုင်းကို မဖယ်ရှားနိုင်လျှင် စစ်တပ်တစ်ခုလုံးက ရှင်းလင်းခံရပေလိမ့်မည်။

ထိုတပ်ဖွဲ့ကို တားဆီးရန်အတွက် ဗိုလ်ချုပ်တိုင်းက အားအင်တိုင်းကို တားဆီးရသည်။

“ဆင်ရဲ့အစောင့်တွေကိုသတ်”

ဝုန်း ဝုန်း ဝုန်း

ဆင်ဖြူတော်တပ်ရင်းမှ စစ်သည်တော်နှစ်ယောက်က ပုဆိန်၏ အခုတ်ခံရပြီး ဆင်ခေါင်းပေါ်မှ ပြုတ်ကျသွားကြသည်။ ချက်ချင်းလိုလို ထိုစစ်သည်တော်နှစ်ယောက်က ဆင်၏ နှာမောင်းတလျှောက် တွယ်တက်ရန် ကြိုးစားကြသည်။

ဝူး...

ထိုဆင်၏ မျက်လုံးထဲသို့ ထက်ရှသော ဓားနှစ်လက်က ထိုးဖောက်သွားပြန်သည်။

“သူတို့ကိုဖမ်းစမ်း”

“သေစမ်း သူတို့ကို ထွက်မပြေးစေနဲ့”

ဆင်၏ခေါင်းထိပ်မှတဆင့် ဆေဘာနှင့်လှံများက ထန်စစ်သည်တော်များထံ ကျဆင်းလာသော်လည်း ထိုထန်စစ်သည်တော်များက ဆင်အနားမှ အဝေးသို့ ထွက်ပြေးသွားကြကာ ပျောက်ကွယ်သွားကြပြီဖြစ်သည်။

သာ့လွန်ရော့ကျန်းနှင့် မာန်ရှဲ့ယွီစန်း စစ်တပ်အတွက် ထန်များ၏ တိုက်ခိုက်မှုမှ ထိုဆင်များကို ကာကွယ်ရန် ငါးရက်တာ အချိန်က လုံလောက်ခဲ့သည်။ သို့သော် ဝမ်ချောင်ကမူ တစ်ချက်တွေးရုံဖြင့် ထိုဆင်များကို မည်သို့ကိုင်တွယ်၍ရကြောင်း သိလိုက်သည်။ ဆင်၏အစောင့်များကို သတ်ဖြတ်ခြင်းက နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

ဝုန်း

ထိုသို့ကြောက်မက်ဖွယ် တိုက်ပွဲက ဖြစ်ပွားနေချိန်တွင် အရှေ့တောင်ဘက်ပိုင်းမှ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဖုန်မှုန့်များက အလုံးလိုက် မြောက်တက်လာသည်။ တိုက်ပွဲက အပြင်းထန်ဆုံး အချိန်သို့ ရောက်သွားသောအခါ မာန်ရှဲ့ယွီစန်း၏ အရှေ့တောင်ဘက်ပိုင်းမှ ထန်စစ်သည်များက သတိပေးချက် အလျဉ်းမရှိဘဲ နောက်ဆုတ်သွားကြသည်။ ထန်စစ်သည်တော်တိုင်းက အံ့အားတကြီး ဖြစ်သွားကြသော်လည်း သူတို့ဘက်က အားသာနေသလို ခံစားလိုက်ရပြီး နောက်မှလိုက်ရန် ကြိုးစားကြသည်။

“စိတ်ဝင်စားစရာပဲ သူတို့က ငါ့ဆီက သင်ယူလိုက်ကြတာပေါ့”

တောင်ထိပ်ပေါ်မှ ဝမ်ချောင်၏ မျက်ဝန်းက တောက်ပသွားပြီး အပြုံးက ပေါ်လာသည်။ သာ့လွန်ရော့ကျန်းက မာန်ရှဲ့ကျောင်း၏ စစ်တပ်ကို သူကအသုံးပြုခဲ့သော နည်းလမ်းကို သူ့ကိုပြန်သုံးချင်နေသည်။ သူ၏မျက်စိရှေ့ရှိ တူညီသော မြင်ကွင်းကို သူတို့က ထုတ်ပြနေသည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ဗိုလ်ချုပ်လော့ကျီးကို အရှေ့တောင်ပိုင်းကို ပို့လိုက်ပါ”

“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက ကြားပါပြီ”

သတင်းပို့က ချက်ချင်းလိုလို မတ်တပ်ထရပ်ကာ အမိန့်ကို သွားရောက်လုပ်ဆောင်သည်။

“သာ့လွန်ရော့ကျန်း ခင်ဗျားက ငါ့ရဲ့နည်းလမ်းကိုသုံးပြီး ငါ့ကိုပြန်ရင်ဆိုင်ချင်တယ်ဆိုရင် ခင်ဗျားရဲ့ ရန်သူက ဘယ်သူလဲဆိုတာကို အရင်ကြည့်သင့်တယ်”

ဝမ်ချောင်၏ နှုတ်ခမ်းတွင် အထင်တသေး အပြုံးက ဖြစ်ပေါ်လာသည်။ သာ့လွန်ရော့ကျန်းက အချိန်တိုအတွင်း ထိုဗျူဟာကို ဖမ်းဆုပ်နိုင်သည့်အတွက် အလားအလာ ကောင်းသည်ဟု ဆိုရပေမည်။ သူက စစ်သည်တော်များကိုလည်း ကောင်းမွန်စွာ အချိန်တိုအတွင်း အောင်မြင်အောင် သင်ကြားပေးနိုင်ခဲ့သည်။ သို့သော် သူ၏လှံက ဝမ်ချောင်၏ဒိုင်းကို ဖောက်နိုင်ရန် များစွာဝေးကွာလွန်းနေသေးသည်။

လော့ကျီး၏တပ်ဖွဲ့က တိုက်ခိုက်ရာတွင် အလွန်အမင်း ကျွမ်းကျင်သည်။ သူတို့ကသာ အသေးငယ်ဆုံး အခွင့်အရေး ရရှိမည်ဆိုလျှင် မိမိရရ ကိုင်ဆွဲလိုက်မည်ဖြစ်ပြီး အလွတ်ပေးတော့မည် မဟုတ်ချေ။ မာန်ရှဲ့ယွီစန်း စစ်တပ်က ရည်ရွယ်ချက်ရှိရှိ သူ့ရှေ့တွင် ပစ်ချက်ဖော်ပြရဲလျှင် သူတို့က အသာအယာ ဖျက်ဆီးလိုက်ရုံသာ လိုအပ်တော့သည်။

ဝမ်ချောင်ကလည်း တစ်ချက်ကြည့်ရုံဖြင့် မာန်ရှဲ့ယွီစန်းစစ်တပ်က ထိုဗျူဟာကို ကိုင်တွယ်ခဲ့သော်လည်း ဗိုလ်ချုပ်လော့ကျီး၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် မလုံလောက်သေးကြောင်း မြင်နိုင်လိုက်သည်။ အိတ်တစ်အိတ်က ဝန်ထမ်းတစ်ယောက်ကို လုံခြုံအောင် ကာကွယ်ပေးနိုင်လောက်သော်လည်း လှံတစ်ချောင်၏ ထိုးဖောက်မှုအားကို မကာကွယ်နိုင်သကဲ့သို့ဖြစ်သည်။

သူ၏အကြည့်ကို အရှေ့တောင်ဘက်ပိုင်းမှ ရုတ်သိမ်းပြီးနောက် ဝမ်ချောင်က သူ၏အကြည့်ကို မြောက်ပိုင်းသို့ ပို့လိုက်သည်။ ထိုနေရာတွင် ရွှေရောင်နှင့်အဖြူရောင် သံချပ်ကာများကို ဝတ်ဆင်ထားသော စစ်တပ်ကရှိနေပြီး တောင်ပေါ်သို့ အပြေးနှင်နေကြသည်။ အန်းနန်အစိုးရစစ်တပ်က လက်ရွေးစင်ထဲမှ မည်သူကမှ သူတို့ကို မတားဆီးနိုင်ကြသေးချေ။

နဂါးသားတော် တပ်ရင်းက မာန်ရှဲ့ကျောင်း၏ လက်ရွေးစင် တပ်ဖွဲ့များဖြစ်ပြီး ထိပ်ဆုံးအဆင့်ဖြစ်သည်။ အိမ်ရှေ့စံဖုန်းကျားရီ၏ အမိန့်အောက်တွင် ကြောက်စရာအကောင်းဆုံး တိုက်ခိုက်အားကို အမြင့်မားဆုံး အရှိန်နှုန်းဖြင့် ထုတ်ပြနိုင်သည်။ အခြားသော စစ်တပ်များ၏ ထောက်ပံ့ပေးမှုပင်ဖြစ်စေ၊ ဆင်ဖြူတော် တပ်ရင်း၏ ကာကွယ်ပေးမှုပင်ဖြစ်စေ မရှိသည့်တိုင်အောင် ထိုတပ်ရင်း တစ်ခုတည်းကတင် အန်းနန်အစိုးရ စစ်တပ် ခုခံရေးအားလှိုင်း၏ လမ်းတစ်ဝက်ကျော်ကို အောင်မြင်အောင် ထိုးဖောက်နိုင်နှင့်ပြီဖြစ်သည်။

လက်နက်များ၊ သံချပ်ကာများ၊ အင်အားများအရ ထိုနဂါးသားတော်တပ်ရင်းက မာန်ရှဲ့ကျောင်းတွင် အမြင့်ဆုံးနေရာကို သိမ်းယူထားနိုင်ခဲ့သည်။ သန့်စင်သော အင်အားသပ်သပ် ဆိုရသော် အန်းနန်အစိုးရစစ်တပ်ပင်ဖြစ်စေ၊ တိဗက်သံချပ်ကာ မြင်းတပ်ကပင်ဖြစ်စေ၊ နဂါးသားတော် တပ်ရင်းကို မယှဉ်နိုင်လောက်ချေ။

ဝမ်ချောင်၏ တိုက်ပွဲနယ်မြေ အဆိပ်ချီစက်ကွင်းကပင် သူတို့အပေါ် သက်ရောက်မှုများစွာ လျော့ကျနေလေသည်။

နဂါးသားတော်တပ်ရင်းက မာန်ရှဲ့ကျောင်း၏ ဝှက်ဖဲဖြစ်သည်။ အ့ဟိုင်၏ တိုက်ပွဲတွင် ခဲ့လော့ဖုန်းက ထိုထက်ရှသော ဓားကိုသုံးပြီး အန်းနန်အစိုးရစစ်တပ်၏ ခုခံရေးအားလှိုင်းကို တစ်ချက်ထဲဖြင့် ထိုးနှက်ဖျက်ဆီးခဲ့ပြီး ရှန်ယွီကျုံ့ထုံးကို ရှုံးနိမ့်အောင် ကိုင်တွယ်နိုင်ခဲ့သည်။

ထိုသူရူးဆန်သော မာန်ရှဲ့ယွီစန်းစစ်တပ်၏ သတ်ဖြတ်တိုက်ခိုက်မှုတွင် ထန်အတွက် အကြီးမားဆုံး ရန်စွယ်က သွမ့်ယန်ရန်၏ ဆင်ဖြူတော် တပ်ရင်းမှမလာဘဲ ဖုန်းကျားရီ၏ နဂါးသားတော်တပ်ရင်းမှ လာသည်။

ဝမ်ချောင်အတွက် နဂါးသားတော်တပ်ရင်းက မာန်ရှဲ့ယွီစန်း စစ်တပ်၏ သူအဆုတ်ဖြဲချင်ဆုံး လက်သည်းကြီး ဖြစ်နေသည်။

“စတင်တော့”

ဝမ်ချောင်က ခေါင်းလှည့်ပြီး လင်းဝူရှို့ကိုကြည့်သည်။

“အရှင့်ရဲ့ဗိုလ်ချုပ်က အခုပဲ အမိန့်အတိုင်း ဆောင်ရွက်ထွက်ခွာပါ့မယ်”

လင်းဝူရှို့က လေးလံခိုင်မာ ပြတ်သားသော အကြည့်မျိုးဖြင့် ဂါရဝပြုလိုက်ပြီးနောက် ချက်ချင်းလိုလို တောင်ထိပ်မှ လျှင်မြန်စွာ ထွက်ခွာသွားသည်။

“စစ်သည်တော်တွေအားလုံး ငါ့ရဲ့အမိန့်ကို နာခံကြ”

“အားလုံးငါ့ရဲ့အမိန့်အတိုင်း ဆောင်ရွက်ရမယ်။ မနာခံတဲ့ကောင်တိုင်း ကွက်မျက်ခံရမယ်”

ဖုန်းကျားရီ၏ မျက်ဝန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းက လက်လာပြီးနောက် တိုက်ခိုက်လိုစိတ်က ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူ၏အကြည့်က တောင်ပေါ်သို့ မြဲမြံစွာ ရောက်နေသည်။ ဝမ်ချောင်ကလွဲပြီး သူ၏မျက်စိထဲ မည်သူကမှ မဝင်ချေ။

သူ့ကိုသတ်ရမယ်။

ကျောင်းစစ်လော့အတွက် ငါ့အတွက်...

ဖုန်းကျားရီ၏စိတ်က ကစဉ့်ကလျား ဖြစ်နေသည်။ သူဟာ လေးကြိုးမှ လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ပစ်မှတ်ထံ မရောက်မချင်း ရပ်တန့်လိမ့်မည် မဟုတ်ချေ။ သူ၏စိတ်ထဲတွင်ရှိသော တစ်ခုတည်းသော အတွေးက ဝမ်ချောင်ကိုသတ်ရန်ဖြစ်သည်။

“ကြိုးကြာတောင်ပံ ဝင်္ကပါ အရှိန်နှုန်းမြင့်ပြီး ချီတက်ကြစမ်း”

ဖုန်းကျားရီက ဓားကိုဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ချိန်တွင် တစ်ကိုယ်လုံးက သွေးအပြည့် ကာရံလျှက် ထန်စစ်သည်တော်များ၏ အလောင်းပေါ် နင်းချေကာ ရှေ့သို့ချီတက်သည်။ သူ၏အနောက်တွင်လည်း ထိုအလောင်းများပေါ်ရှိ သံချပ်ကာများက အသက်ဝင်လာသလိုမျိုး သူတို့ယခင်ပိုင်ရှင်ကိုယ်မှ လွတ်မြောက်အောင် ရုန်းကန်လိုက်ကြလျှက် သတ္ထုလူသားများအဖြစ် ပြောင်းသည်။

ချွင် ချွင် ချွင်

ဖုန်းကျားရီက လက်ဝါးဖြန့်လိုက်သောအခါ မည်သည့်ထန်စစ်သည်တော်မျှ မချဉ်းကပ်လာနိုင်ခင် အချိန်တွင် သူတို့၏လက်ထဲမှ ဓားများက ကွဲထွက်ကာ တစ်စစီဖြစ်သွားကြပြီး သူတို့၏ သံချပ်ကာများကလည်း အသားကုန် ကျုံ့သွားကြလေရာ သူတို့၏ ခန္ဓာကိုယ်ကို ညှစ်သတ်သလို ဖြစ်သွားသည်။ မြေပြင်သို့ လဲကျကာ အော်ဟစ်နေရသည်။

ဝုန်း

ဖုန်းကျားရီ၏ နဂါးသားတော် တပ်ရင်းက ခေါင်းမာစွာ ရှေ့သို့ချီတက်နေချိန်တွင် အနောက်ဘက်မှ မရေမတွက်နိုင်သော မြင်းခွာသံများ၊ အော်ဟစ်သံများက ထွက်ပေါ်လာသည်။

ဖုန်းကျားရီက တုန်ယင်စွာ လှည့်ကြည့်လိုက်သည်။ အမည်မသိရသော မြင်းတပ်က ရုတ်တရက် သူ၏တပ်ဖွဲ့၏ ဘေးဘက်ပိုင်းမှ ဖောက်ဝင်လာပြီး နဂါးသားတော် တပ်ရင်းကို နှစ်ခြမ်းကွဲသွားစေသည်။

“မဟာတပ်ရင်းမြင်းတပ်”

ဖုန်းကျားရီ၏ မျက်လုံးက မှေးကျဉ်းသွားပြီး တစ်ကိုယ်လုံးက ဒေါသဖြင့် တောက်လောင်ကာ တုန်ယင်လာသည်။ မဟာထန်နှင့် တိုက်ခိုက်ခဲ့သော ဒီရက်များအတွင်း ဖုန်းကျားရီက ဒီမြင်းတပ်ကို တစ်ကြိမ်သော်မျှ မမြင်ခဲ့ရသေးချေ။ ထိုသို့ရုတ်တရက် ထန်၏မြင်းတပ် ပေါ်လာခြင်းက ဖုန်းကျားရီ၏ နှလုံးသားကို အပ်တစ်ချောင်း ထိုးထည့်လိုက်သလို ဖြစ်သွားစေသည်။

“ခုခံရင်း နောက်ဆုတ်ကြ”

သူ၏နှလုံးသားက ချက်ချင်း ရေခဲတုံးလို အေးစက်သွားသည်။ ဖုန်းကျားရီက ဘဝတွင် အော်ခဲ့ဖူးသော အကျယ်လောင်ဆုံးသော အသံဖြင့် အမိန့်ထုတ်လိုက်သည်။ စစ်တပ်က နှစ်ခြမ်းကွဲသွားသော အဓိပ္ပာယ်က မည်သည့်စစ်သည်တော် အတွက်မဆို အန္တရာယ်အများဆုံး အချိန်ဖြစ်ကြောင်း အချက်ပြနေခြင်းဖြစ်သည်။

မဟာထန်က ထိုအကွက်တွင် အောင်မြင်သွားလျှင် နဂါးသားတော် တပ်ရင်းတစ်ဝက်က မဟာထန်၏ ရက်စက်မှု အဆုံးသတ်ရပေလိမ့်မည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က တိုက်ပွဲတွင် ဖုန်းကျားရီက မဟာထန်၏ အဝိုင်းခံရသော တိဗက်မြင်းတပ် ရှစ်ထောင်က မည်သို့ဖြစ်ပျက်သွားကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။

သူကဒီနေရာမှသာ အောင်မြင်စွာ မချိုးဖောက်နိုင်လျှင် နဂါးသားတော်တပ်ရင်းက တည်ထောင်ပြီးချိန်ကတည်းက အပြင်းထန်ဆုံး ထိုးနှက်မှုကို လက်ခံရရှိပေလိမ့်မည်။

ဝုန်း

သတ္ထုလူသား တစ်ရာနီးပါးက ရှေ့မှဦးဆောင်ကာ ချီတက်ပြီးနောက် နဂါးသားတော် တပ်ရင်းတစ်ခုလုံးကို ခုခံရင်း နောက်ဆုတ်ရန် ဦးဆောင်ခေါ်သွားသည်။

“ခုခံရင်းနောက်ဆုတ်ကြ”

“ခုခံရင်းနောက်ဆုတ်”

ဖုန်းကျားရီက အားကုန်သုံးကာ အော်ဟစ်သည်။ သို့သော်သူ၏ အမိန့်က နောက်ကျလွန်းသွားပြန်သည်။ ထန်၏ ပုဆိန်ကိုင်ဆွဲသော စစ်သည်တော် တပ်ဖွဲ့က တဟုန်ထိုး တိုးဝင်လာသည့်အခိုက် လေထဲတွင် အော်ဟစ်သံများကသာ ပြည့်နှက်သွားပြီး ပုဆိန်ပေါင်းများစွာက လက်ထဲမှ လွှတ်ထွက်လျှက် ခန္ဓာကိုယ်အသီးသီးထံ စိုက်ဝင်ကုန်သည်။

ပုဆိန်တပ်ဖွဲ့က ခြေလျင်တပ်ထဲတွင် တိုက်ခိုက်စွမ်းအား အမြင့်ဆုံးဖြစ်ပြီး ခုခံရေးအားလှိုင်းကို ချိုးဖောက်ရာတွင် အကောင်းဆုံးဖြစ်သည်။ ဖုန်းကျားရီနှင့် ဝမ်ချောင်က ထိုစစ်သည်များကိုသုံးကာ သူ့ကို ရင်ဆိုင်မည်ဟု ဘယ်သောအခါကမှ မမြင်ခဲ့ဖူးချေ။

“သူတို့တားကြစမ်း”

ဖုန်းကျားရီ၏ မျက်ဝန်းက ဒေါသဖြင့် ပြူးကျယ်လာပြီး သူ၏ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က ဖြစ်ညှစ်လာသလိုမျိုး ဘယ်သောအခါကမှ မခံစားခဲ့ရဖူးသည့် တင်းအားကို ခံစားမိလာသည်။ သူ၏တပ်ဖွဲ့က ပုဆိန်စစ်သည်တော်များကို တားဆီးရန် စတင်မကြိုးစားရခင်အချိန်တွင်ပင် သူ၏အရှေ့ ဘယ်ဘက်ခြမ်းရှိ ဒိုင်းကာစစ်သည်တော်များထံမှ စူးရှစွာ အော်ဟစ်သံက ထွက်ပေါ်လာပြန်သည်။

“သတ်”

ထိုအော်သံ၏အောက်တွင် ကောင်းကင်က လှုပ်ခါသွားသည်။ အန်းနန်အစိုးရစစ်တပ်ကဲ့သို့ တဖြည်းဖြည်းချင်း နောက်သို့ဆုတ်နေရသော တပ်ရင်းတစ်ခုက ရုတ်တရက် ပြောင်းပြန်ဖြစ်သွားပြီး သူတို့ရှိရာဘက်သို့ ပြုံတိုးဝင်လာကာ သူတို့၏ လက်နက်များကို အေးစက်စွာ တောက်ပလျှက် တဟုန်ထိုး ပစ်သွင်းလာသည်။ ဖုန်းကျားရီကပင် ဝမ်ချောင်ကသူ့ကိုသတ်ရန် မည်မျှပြင်ဆင်ထားကြောင်း မပြောနိုင်တော့ချေ။

“အောင်မြင်တယ်”

ဖုန်းကျားရီ၏ အနောက်ဘက်ရှိ ဝရုန်းသုန်းကားဖြစ်နေသော လူအုပ်ထဲမှ မဟာထန်၏ ဗိုလ်ချုပ်တစ်ယောက်က အော်ဟစ်လိုက်သည်။ နောက်သို့တဖန် လှည့်လိုက်ချိန်တွင် နဂါးသားတော် တပ်ရင်းကို မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံမျိုးဖြင့် ပေါက်ကွဲအောင် ရိုက်ချလိုက်နိုင်သည့် အန်းနန်အစိုးရစစ်တပ်က နောက်ဆုံးတွင် အောင်မြင်စွာဖြင့် နှစ်ခြိမ်းကွဲပြီး ဝိုင်းလိုက်နိုင်သည်။

“သေစမ်း ငါထောင်ချောက်ထဲ ကျသွားပြန်ပြီ”

ဖုန်းကျားရီက ဒေါသတကြီးဖြစ်နေသလို အံ့အားသင့်နေမိသည်။ သူ၏မြင်နိုင်စွမ်းအားကပင် ဗလာဖြစ်သွားရသည်။ ဝမ်ချောင်က ထိုသို့လျှင်မြန်စွာ တုန့်ပြန်နိုင်ပြီး ခက်ထန်ကြမ်းတမ်းစွာပင် သူ့ကိုတုန့်ပြန်ရန် အချိန်ကောင်း လုံလောက်အောင် မပေးနိုင်ဟု မထင်ထားမိချေ။

“သူတို့က ဒီခုခံရေးအားလှိုင်းကို အလွယ်တကူ ကျော်ဖြတ်နိုင်မယ်လို့ ထင်နေကြတာပဲ”

ဝမ်ချောင်က သူ၏တပ်ဖွဲ့က တော်ဝင်နဂါးတပ်ရင်းကို ဖြေးညှင်းစွာ ဝိုင်းသွားခြင်းကိုကြည့်ရင်း နှာခေါင်းရှုံ့လိုက်ကာ သူ၏အာရုံက အခြားတစ်ဖက်သို့ ရောက်သွားပြန်သည်။

အဆုံးတွင် ဖုန်းကျားရီက ငယ်လွန်းသေးသည်။ သူ၏စစ်အနုပညာအပေါ် နားလည်နိုင်စွမ်းအားက သူနှင့်တူသော အဆင့်တွင်ပင် မရှိချေ။

“တပ်ဖွဲ့ရဲ့အင်အားနဲ့ လောကကို စည်းလုံးအောင် စုစည်းနိုင်မယ်ဆိုရင် မဟာထန်က အစောကြီးကတည်းက လောကကို စုစည်းပြီးသား မဖြစ်သင့်ဘူးလား။ ဘာလို့ စစ်ဗျူဟာတွေသုံးဖို့ လိုအပ်နေမှာလဲ”

နဂါးသားတော်တပ်ရင်း၏ ကံကြမ္မာက ချခင်းပြီးသားဖြစ်သည်။ ပို၍အရေးကြီးသည့် ကိစ္စများကို ဝမ်ချောင်က ကိုင်တွယ်ရအုံးမည်ဖြစ်သည်။

“သတိထား”

“တပ်ဖွဲ့တွေအားလုံး အဆင်သင့် ပြင်ထားကြ။ ခုခံမှုကို အားစိုက်ထားကြ”

တောင်ခြေတောက်လျှောက် ထိတ်လန့်ချောက်ချားဖွယ် လေထုကသာ လွှမ်းခြုံနေပြီး ထန်စစ်သည်တော်တိုင်းက တောင်အောက်သို့ သတိကြီးကြီးထားကာ ကြည့်နေရသည်။ သူတို့က လက်နက်ကို ဆုပ်ကိုင်လျှက် သူတို့၏လက်မောင်းမှ သွေးကြောများကိုပင် ထောင်ထစေကာ ပုခုံးတောက်လျှောက် ချွေးအေးများက စီးကျသွားသည်။ လူတိုင်းက လေထဲတွင် သိပ်သည်းနေသည့် သေဆုံးခြင်း ရနံ့များကို ရနေကြသည်။

အခန်း(၆၀၇)

ဝေါင်း

အောက်ဘက်မှ သားရဲတစ်ကောင်ကဲ့သို့ ရက်စက်ပြီး ကြမ်းတမ်းသည့် ဟိန်းသံက ထွက်ပေါ်လာသည်။ မြေကမာ္ဘက တသိမ့်သိမ့် တုန်သွားချိန်တွင် ထန်စစ်သည်တော်များ၏ နှလုံးသားကို နှင်းချေသလို ခြေလှမ်းသံများက ထွက်ပေါ်လာသည်။

“သတိထားကြ သူတို့လာပြီ”

“ထိန်းထားကြ ငါတို့ရဲ့ ခုခံရေးအားလှိုင်းကို သူတို့ကို ချိုးဖျက်ခွင့် မပြုနိုင်ဘူး”

ရှေ့တန်း၏ အပြင်ဘက်ဆုံးအပိုင်းတွင်ရှိသော မရေမတွက်နိုင်သော စစ်သည်တော်များက ထိုကြီးမားသော အနက်ရောင် လူထွားကြီးများက ဖုန်လုံးများထဲမှ ထွက်လာခြင်းကို မြင်နေရသည်။ သူတို့၏လက်က လက်နက်ကို ခပ်တင်းတင်း ဆုပ်ထားမိသဖြင့် အေးစက်သော ချွေးစေးများပင် စီးကျနေသည်။ နောက်ဆုံးတွင် တချိန်လုံး ဖုန်လုံးများ ဖြစ်ပေါ်စေခဲ့သော ကောင်းကင်လှုပ်ခါခြင်း စစ်တပ်မှ လူထွားကြီးများက ရောက်လာခဲ့ချေပြီ။

ချိန်း

ပေါင်သလုံးတမျှ ကြီးမားသော သတ္ထုတုတ်ကြီးများနှင့် ပြင်းထန်သော လိမ်ယှက်နေသည့် စွမ်းအင်များက ထန်စစ်သည်တော် ငါးယောက် ခြောက်ယောက်ခန့်ကို လွင့်ထွက်သွားစေသည်။ မည်သည့်ထန်စစ်သည်တော်ကမျှ ထိုအဟကြားကို လာမထိနိုင်ခင် အချိန်တွင် သံမဏိမြို့ရိုး အစွန်းတစ်နေရာသို့ ကြီးမားသော လက်မောင်းတစ်ဖက်က ကျလာပြီး အလွန်လေးလံသော ထိုနံရံမြို့ရိုးကြီးကို ခပ်တင်းတင်း တွန်းထုတ်သွားသည်။

“အားစစ်လန်ခဲ့သဖေးလု”

“ချွတ်အ့စိုင်းလီပါး”

ထူးဆန်းသော ဘာသာစကားက ထိုလူထွားများ၏ ပါးစပ်မှ ထွက်လာပြီး သူတို့က တောင်ပေါ်သို့ ခုန်တက်ကြသည်။ သူတို့၏ ကြီးမားသော ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်သော် အန်းနန်အစိုးရစစ်တပ်က မယုံနိုင်စရာ ကောင်းလောက်အောင် ပုရွက်ဆိတ်တမျှ သေးငယ်သေးသည်။

ဝုန်း ဝုန်း ဝုန်း

လူထွားကြီးများက သူတို့၏ဝင်္ကပါ သူတို့၏ သံမဏိမြို့ရိုး ဒိုင်းအကာအကွယ်လွှာ မည်သည့်အရာကိုမျှ ကရုမစိုက်ဘဲ တစ်ချက်ထဲထိုးရုံဖြင့် လွင့်ထွက်သွားစေသည်။

“အား”

ထန်စစ်သည်တော်များက ဟိုဟိုဒီဒီ လွင့်ထွက်ကုန်ပြီး မည်သူကမှ ထိုလူထွားကြီးများကို အလဲမထိုးနိုင်ကြသလို ခြေလှမ်းနှေးကွေးအောင်ပင် မလုပ်နိုင်ကြချေ။

ထိုလူထွားကြီးများက မည်သည့်နေရာသို့ ဖြတ်သန်းသွားစေကာမူ ထန်များက ကစဉ့်ကလျား ဖြစ်ရသည်။

“သိန်းငှက်အိုကြီး”

ဝမ်ချောင်က ထိုလူထွားကြီးများက တောင်ပေါ်သို့ တောက်လျှောက် သတ်ဖြတ်လျှက် တက်လာခြင်းကို ကြည့်နေပြီး ရုတ်တရက် ပြောလိုက်သည်။

“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါတယ်”

သူတို့၏ကြားတွင် စကားတစ်ခွန်းဆိုရန် မလိုအပ်ချေ။ သိန်းငှက်အိုကြီးက သူ၏ဝူ့သံမဏိဓားကို ထုတ်လိုက်ပြီး တင်းမာသော မျက်နှာထားဖြင့် ရပ်လိုက်သည်။

“ကျန်းလုံကျောင်းဟူ မင်းတို့အားလုံး ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြ”

သိန်းငှက်အိုကြီးက မြင်းပေါ်သို့တက်လျှက် တောင်အောက်သို့ ဒုန်းစိုင်းအပြေးနှင်ချိန်တွင် နဂါးနက်ဓားမြ လက်ရွေးစင်များ အားလုံးက အနီးကပ် လိုက်ပါသွားကြသည်။

ကောင်းကင်လှုပ်ခါခြင်း လူထွားကြီးများ၏ တစ်ကိုယ်လုံးကို ထူထပ်သိပ်သည်းသော သံချပ်ကာအပြည့်ကို ဝတ်ဆင်ထားကြပြီး ထိုသံချပ်ကာများကို ယွီစန်းabbasidcliphateတို့ ပူးပေါင်းကာ သွန်းလုပ်ထားခဲ့ခြင်း ဖြစ်သည့်အလျောက် စစ်တပ်တစ်ခုလုံးတွင် ဝူ့သံမဏိဓားများကသာ ထိုးဖောက်နိုင်မည်ဖြစ်သည်။

ဟီး ဟီး ဟီး ဟီး

သိန်းငှက်အိုကြီး၏ စစ်မြင်းက တောင်အောက်သို့ ဒုန်းစိုင်းအပြေးနှင်လျှက် ဟီလိုက်ချိန်တွင် အပေါ်သို့ ဝုန်းဒိုင်းတက်လာသော ထိုလူထွားကြီးများနှင့် ပက်ပင်းတိုးတော့သည်။ ပြင်းထန်သည့် အရှိန်အဟုန်က သိန်းငှက်အိုကြီးနှင့် သူ၏မြင်းကိုပင် ကောင်းကင်သို့ လွင့်ထွက်လုမတက် ဖြစ်သွားစေသော်လည်း သိန်းငှက်အိုကြီးက လေထဲသို့ ခုန်တက်လိုက်ကာ သူ၏ဝူ့ဓားကိုမြှောက်လျှက် ထိုလူထွားကြီးများကို ခုတ်ပိုင်းလိုက်သည်။

“အောင်း”

လူထွားကြီးများ၏ ပါးစပ်မှ ကျယ်လောင်စူးရှသော အော်သံက ထွက်လာပြီး တောင်တန်းတမျှ မြင့်မားသော ခန္ဓာကိုယ်ကြီးက နောက်ဆုတ်သလို နောက်သို့ ပြန်ယိုင်သွားသည်။ ထိုသို့နီးကပ်နေသော အချိန်မျိုးတွင် အရွယ်ရောက် လူတစ်ယောက်၏ ခါးတမျှတုတ်သော လက်မောင်းတစ်ဖက်က မြေပြင်သို့ ပြုတ်ကျသွားပြီး သွေးများပန်းထွက်လာစေသည်။

သိန်းငှက်အိုကြီးက နောက်သို့ ပြန်ဆုတ်လိုက်ပြီးနောက် မြေပြင်သို့ ဒူးတစ်ဝက် ထောက်ချလိုက်ရသည်။ သူက ဒဏ်ရာရသွားသော လက်မောင်းကို ကြည့်ပြီးနောက် သူ၏နှုတ်ခမ်းတွင် တောက်ပသောအပြုံးက ပေါ်လာသည်။

ထိုအခိုက် အရာအားလုံးက တိတ်ဆိတ်သွားသည်။ ပတ်ပတ်လည်ရှိ လူထွားတိုင်း၏ ကြေးနီရောင်မျက်ဝန်းက သိန်းငှက်အိုကြီးထံ စိုက်ကြည့်လာသည်။ သို့မဟုတ် သူ၏ဓားကို စိုက်ကြည့်လာခြင်းဖြစ်လောက်သည်။ ပထမဦးဆုံးအကြိမ် သူတို့က ကြောက်လန့်မှုကို ပြလာသည်။ သူတို့အနေဖြင့် ပထမဦးဆုံးအကြိမ် အားနည်းသေးငယ်သော လူများထံမှ သူတို့ကို ဒဏ်ရာရအောင် လုပ်နိုင်သော တစ်စုံတစ်ရာကို မြင်လိုက်ရသည်။

“ကြည့်ရတာ ငါ့အနေနဲ့ တိုက်ပွဲထဲကိုဝင်ဖို့ အချိန်ကျပြီပဲ”

တောင်ခြေ မရေမတွက်နိုင်သော ထောင်ပေါင်းများစွာသော အကြည့်အောက်တွင် အရပ်ရှည်ရှည်နှင့် ပုဂ္ဂိုလ်တစ်ယောက်က ပြုံးလိုက်ပြီး ရှေ့သို့ ခြေလှမ်းကျယ်ကြီးများဖြင့် ချီတက်လာသည်။

ဝုန်း

မြေကမာ္ဘက တုန်ဟီးပြီး ဖုန်မှုန့်များက အလုံးလိုက် မြောက်တက်ပြန်သည်။ တိုက်ပွဲနယ်မြေ တစ်ခုလုံးနှင့် တိုက်ခိုက်နေသော စစ်သည်တော် သောင်းပေါင်းများစွာက ထိုခြေတစ်လှမ်းကြောင့် တုန်ယင်သွားရသည်။

“ဒါက...”

သူ၏အနောက်မှ တုန်ခါမှုကို ခံစားမိသောအခါ ဝမ်ချောင်က မျက်လုံးကို မှေးကျဉ်းလိုက်ပြီး သူ၏နှလုံးသားကလည်း ရူးသွပ်စွာဖြင့် ခုန်လှုပ်လာသည်။ အနောက်တောင်ပိုင်း နယ်မြေတစ်ခုလုံးတွင် ထိုမျှကြောက်စရာကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသောလူက လက်တစ်ဖက်ပင်မပြည့်ချေ။ ထိုဘက်မှလာသော ဖြစ်နိုင်သည့် လူတစ်ယောက်ကိုသာလျှင် ဝမ်ချောင်က တွေးမိသည်။

“ဟော်ရှု့ဟွေ့ခမ်း”

ဝမ်ချောင်က ခေါင်းလှည့်လျှက် အနောက်တောင်ပိုင်းသို့ ကြည့်လိုက်သည့်အခါ လောကတစ်ခုလုံးက သူ့ကို ဗဟိုပြုကာ ရှိနေသည်ဟု ထင်ရလောက်အောင် ထင်ထင်ရှားရှား ပေါ်လွင်နေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ အ့ဟိုင်က ဆင်များကို ရည်ရွယ်သည့် အသံအားလှိုင်းကို နှောက်ယှက်ခဲ့သည့် အချိန်ကလွဲပြီး ဟော်ရှု့ဟွေ့ခမ်းက ဘယ်သောအခါကမှ တိုက်ပွဲအတွင်း မဝင်ရောက်ခဲ့သေးချေ။ မည်သည့်သားရဲများမှ ထုတ်မသုံးသေးသလို ယခုအချိန်ထိ စောင့်နေကြသည်။

ချိန်း

ဟော်ရှု့ဟွေ့ခမ်းနှင့် အကြည့်ချင်း ဆုံသွားသည့်အခါ ဝမ်ချောင်အနေဖြင့် သူ၏ကိုယ်ပေါ် ကျရောက်လာသော ပြင်းထန်သည့်အားကို ခံစားလိုက်ရသည်။ ထိုမျှဝေးကွာနေသည့်တိုင်အောင် ဝမ်ချောင်အနေဖြင့် ပြင်းထန်သည့် တိုက်ခိုက်လိုစိတ် အရှိန်အဝါကို ခံစားမိသည်။ ဒါက အချိန်မရွေး ကြောက်မက်ဖွယ်အင်အားဖြင့် ပေါက်ကွဲသွားနိုင်သော မီးတောက်ကြီးနှင့်တူသည်။

ဒါကသူ၏ အင်အာများထဲမှ တစ်စွန်းတစ်စမျှသာဖြစ်သည်။ ဝမ်ချောင်ကလည်း ဟော်ရှု့ဟွေ့ခမ်း၏ ခေါင်းထိပ်မှ ထွက်ပေါ်နေသည့် ထိုးဖောက်မတက် ပြင်းထန်သော အင်အားများ၏ အရင်းအမြစ် အပြာရောင်အလင်းကို ခံစားမိသည်။ ထိုစွမ်းအင်က သဏ္ဍန်မဲ့သည်ဟု ထင်ရသော်လည်း တချိန်ထဲတွင်ပင် အကောင်အထည် တည်ရှိနေသလိုမျိုး အချိန်မရွေး သူ၏ခေါင်းအထက်တွင်ရှိသည့် အနက်ရောင် တိမ်စိုင်များကို စုဝေးရောက်ရှိလာပြီး ထိုထဲသို့ တိုးဝင်သွားတော့မည့် ဓားတစ်လက်လိုမျိုး ထင်ရသည်။

“အင်အားကြီးလွန်းတယ်”

ဝမ်ချောင်၏မျက်လုံးက ပြူးသွားပြီး သူ၏အတွေ့အကြုံရှိသော စိတ်ကပင် ကြီးလေးသော ဖိအားကို ခံစားလိုက်ရသည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် ပတ်သတ်ပြီး ဒဏ္ဍရီပေါင်းများစွာရှိသည်။

ကိစ္စအများစုကို သက်သေမပြနိုင်သော်လည်း သေချာနေသော အချက်အရ ဟော်ရှု့ဟွေ့ခမ်းက ယွီစန်း၏ မဟာဗိုလ်ချုပ်ဖြစ်ပြီး လက်ရွေးစင်များထဲမှ လက်ရွေးစင်တစ်ယောက်ဖြစ်သည့် သူတော်စင် သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်။ ကောလဟာလများအရ မဟာထန်တွင် ကျန်းချုံကျန့်ချုံးက အနောက်တောင်ပိုင်းတွင် အင်အားအကြီးမားဆုံး ပုဂ္ဂိုလ်ကြီးတစ်ယောက်ဆိုလျှင် ဟော်ရှု့ဟွေ့ခမ်းက နောက်မကျနိုင်ချေ။

“အား ကျန်းချုံကျန့်ချုံးက ဒီနေရာမှာ မရှိနေဘူး”

ဝမ်ချောင်၏ နှလုံးသားက လေးလံသွားရသည်။ သူ၏ဖခင်၏ အင်အားက ဟော်ရှု့ဟွေ့ခမ်းကို ကိုင်တွယ်ရန်ပင် မလုံလောက်ချေ။ ရှန်ယွီကျုံ့ထုံးကလည်း သွမ့်ခဲ့ချွမ်ကို မယှဉ်နိုင်ချေ။ မဟာဗိုလ်ချုပ်အဆင့် ပုဂ္ဂိုလ်နှစ်ယောက်ကြားတွင် သူတို့အနေနှင့် ကွာဟချက်ကြီးမားနေသေးသည်။

လက်ရှိအချိန်တွင် အန်းနန်အစိုးရစစ်တပ်က မာန်ရှဲ့ယွီစန်းစစ်တပ်နှင့် ရင်ဆိုင်နေရာတွင် မဟာထန်၏ မြောက်များလှစွာသော ဗိုလ်ချုပ်များနှင့် အင်အားကြီးသော ဝင်္ကပါများကသာ ဦးဆောင်နေသေးခြင်းဖြစ်သည်။ မဟာထန်၏ ပြည်ပကျူးကျော်မှုကို ရင်ဆိုင်ရာတွင်လည်း ထိုနည်းလမ်းကိုသာ အသုံးပြုလေ့ ရှိကြသည်။ မဟာထန်က အင်အားကြီးမားသော တိုင်းတစ်ပါးသား ကျွမ်းကျင်ပညာရှင်များကို ရင်ဆိုင်ရာတွင်လည်း ထိုသို့သော နည်းလမ်းကိုသာ အသုံးပြုလေ့ရှိသည်။

သူ၏နားထဲတွင် ရင်းနှီးသော အသံကို ကြားလိုက်ရသည်။

“ချောင်အာ နောက်ဘာတွေပဲဖြစ်လာဖြစ်လာ မင်းအနီးကပ် လာလို့မရဘူး။ ဒါက ငါတို့နဲ့ ဟော်ရှု့ဟွေ့ခမ်းရဲ့ တိုက်ပွဲပဲ”

ဝမ်ရန်၏အသံက တည်ငြိမ်သည်။ ထိုလေသံထဲတွင် နားလည်နေသလိုမျိုး ခံစားချက် တစ်စွန်းတစ်စက ပါလာသည်။

“အရာရှိတွေက ဆုလဒ်ကို မမျှော်ကိုးရသလို ဗိုလ်ချုပ်တွေကလည်း သေမှာကို မကြောက်ရဘူး”

ထိုအချက်က တိုင်းတစ်ပါးသား ကျူးကျော်သူများကို ရင်ဆိုင်ရာတွင် ဗိုလ်ချုပ်တိုင်း ဖမ်းဆုပ်ထားသင့်သော အချက်ဖြစ်သည်။ ဟော်ရှု့ဟွေ့ခမ်းက ဝမ်ရန်ရင်ဆိုင်ခဲ့ဖူးသမျှတွင် အင်အားအကြီးဆုံး ရန်သူဖြစ်ပြီး သူတို့နှစ်ယောက်က ပထမဦးဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်သည်လည်း မဟုတ်ချေ။ သို့သော် မည်သို့ပင်ဆိုစေကာမူ ဝမ်ရန်က ဘယ်သောအခါမှ ကြောက်လန့်လိမ့်မည် မဟုတ်ချေ။ မဟာထန်၏ စစ်သည်ရှစ်သောင်းကျော်က သူ့ကိုထိုသို့ နောက်တွန့်ခွင့်မပြုချေ။

“အဖေ”

ဝမ်ချောင်က သူ၏အဖေ၏ ကျောပြင်ကိုကြည့်လိုက်ပြီး စိုးရိမ်လာမိသည်။ သူ၏ဖခင်က သူ့ကို အမြဲတစေ တင်းမာကြမ်းတမ်းသော ခံစားချက်ကိုသာ ပေးခဲ့သည်။ သူ့အား ပြုံးပြသည်မှာ ရှားပါးသလို အခြားခံစားချက်များကိုလည်း ပြခဲသည်။ သို့သော် ဒီတစ်ကြိမ်တွင် ဝမ်ချောင်ကရသော ခံစားချက်က ကွာခြားနေသည်။

ငါ့ရဲ့အင်အားက အများကြီး လိုအပ်နေသေးတယ်။ ငါအတက်နိုင်ဆုံး နည်းလမ်းရှာပြီး အင်အားတိုးမြင့်အောင် လုပ်ရမယ်။ အဖေ စိတ်အေးအေးထားပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် အဖေ့ကို တစ်ယောက်ထဲ မတိုက်ခိုက်ခိုင်းပါဘူး။

ဝမ်ချောင်က လက်သီးကိုတင်းတင်းဆုပ်လိုက်သည်။ သူ၏ဆံပင်က လေကြောင့်ကွဲထွက်ကာ လေတွင်ကခုန်သည်။ သူ၏ပြန်လည်မွေးဖွားသည့် ဖြစ်ရပ်အစကတည်းက သူ၏အင်အားက လျှင်မြန်စွာ တိုးတက်လာခဲ့ပြီး သာမာန်လူတစ်ယောက်က မယုံနိုင်သော အဆင့်ထိ ရောက်ခဲ့သော်လည်း ဒီအဆင့်တိုက်ပွဲတွင် သူက အားနည်းလွန်းသည်။

ငါ့မှာအခု အဲ့ဒီနည်းလမ်းပဲရှိတော့တယ်။

ဝမ်ချောင်က ရုတ်တရက် ကံကြမ္မာကျောက်တုံးက ထည့်ပြောခဲ့ဖူးသော ဗိုလ်ချုပ်များ၏ အဆိပ်ကို သတိရလိုက်သည်။

ဝမ်ချောင်၏အတွေးက မည်သို့ဖြစ်နေစေကာမူ ဝမ်ရန်နှင့် ဟော်ရှု့ဟွေ့ခမ်းတို့၏ လှုပ်ရှားမှုက တိုက်ပွဲနယ်မြေ တစ်ခုလုံး၏ အာရုံကို ဆွဲဆောင်သွားသည်။

“ဝမ်ရန် အခုအနေအထားထိ ရောက်နေတာတောင်မှ မင်းကဆက်ပြီး ရုန်းကန်ချင်နေတုန်းပဲ”

မိုးခြိမ်းသံလိုမျိုး တောင်အောက်မှ အသံတစ်သံက ထိုးဖောက်ဝင်ရောက်လာပြီး တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြန်သည်။ ဟော်ရှု့ဟွေ့ခမ်းက ဝမ်ရန်ကိုကြည့်သလို ပတ်ဝန်းကျင်ရှိ မဟာထန်မှ ဗိုလ်ချုပ်တိုင်းကလည်း သူတို့ကိုကြည့်နေကြသည်။ ထို့နောက် ဟော်ရှု့ဟွေ့ခမ်း၏ နှုတ်ခမ်းတွင် လှောင်ပြုံးလို အပြုံးက ပေါ်ထွက်လာသည်။

ဒီစစ်ပွဲ၏ အတိုင်းအရှည်ကို ကျော်ဖြတ်ကြည့်ရလျှင် ဝမ်ချောင်က မည်သို့သော ဗျူဟာကို သုံးနေစေကာမူ သူတို့ဘက်က မည်မျှပင် ဆုံးရှုံးရစေကာမူ ဟော်ရှု့ဟွေ့ခမ်းက ကရုမစိုက်ခဲ့ချေ။

“စစ်သားအချင်းချင်း ရင်ဆိုင်ရင် ဗိုလ်ချုပ်အချင်းချင်းက ရင်ဆိုင်ရတယ်”

ထိုအချက်က ဗဟိုပြင်ကျယ်၏ စစ်ပွဲများဖြစ်ပွားသည့် ပုံစံဖြစ်သည်။ ဟော်ရှု့ဟွေ့ခမ်းက နှစ်ဖက်လုံးမှ အသန်မာဆုံး အင်အားစုချင်း ရင်ဆိုင်ရာမှ အနိုင်အရှုံးကို ဆုံးဖြတ်နိုင်သည်ဟု လေးနက်စွာ ယုံကြည်ထားသည်။ သူက ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးကိုနိုင်သမျှ အန်းနန်အစိုးရစစ်တပ်က မတိုက်ခိုက်ဘဲ ပြိုကျသွားပေလိမ့်မည်။

“မဟာဗိုလ်ချုပ်ရဲ့ ဆန္ဒက တိုက်ခိုက်ဖို့ဆိုရင် ဝမ်ရန်ကလည်း အဖော်ပြုပေးပါရစေ”

ဝမ်ရန်က မထူခြားနားစွာ ပြောလိုက်သည်။ သူ၏အသံက ကောင်းကင်သို့တိုင် ပဲ့တင်ကာ ထပ်သွားသေးသည်။ ထိုအသံအရ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းသည်ဟုသာ ဆိုရမည်ဖြစ်သည်။ ထို့အပြင် သူက မည်သည့်အရာကိုမဆို ထိုးဖောက်ရဲသည်ဆိုသော ခံစားချက်မျိုးကိုလည်း ရစေသည်။ ကျောက်တုံးတစ်တုံးက မြစ်ရေကို အကုန်အစင်လျှံအောင် လုပ်နိုင်သလိုမျိုး မည်သည့်အားလှိုင်းကိုမျှ မကြောက်သည်နှင့်တူသည်။ တောအုပ်၏ ဝါးတောလိုမျိုး ဘယ်သောအခါမှ မုန်တိုင်းကြောင့် ယိုင်နဲ့သွားမည် မဟုတ်ချေ။ ဟော်ရှု့ဟွေ့ခမ်း၏ မျက်ဝန်းထဲတွင်လည်း ထူးဆန်းသော အံ့အားသင့်သည့် အလင်းက ပေါ်ထွက်လာသည်။

“ဝမ်ကန်းကျစ်က အမတ်တွေနဲ့ ဗိုလ်ချုပ်တွေရဲ့ ဆက်ခံသူ ပီသပါပေတယ်။ ဒီအချက်တစ်ခုထဲနဲ့တင် မင်းကငါ့ရဲ့ ပြိုင်ဘက်ဖြစ်နေဖို့ ထိုက်တန်တယ်”

ယွီစန်းမဟာဗိုလ်ချုပ်ကပင် ဝမ်ချောင်က ထုတ်ပေးနိုင်သော တိုက်ခိုက်လိုစိတ်နှင့် ရဲရင့်ပြတ်သားမှုကို လေးစားသွားရသည်။

“ဒီလိုဆိုမှတော့ ငါတို့တွေ တိုက်ခိုက်ကြရအောင်”

ချွင်

ဟော်ရှု့ဟွေ့ခမ်းက ရှည်လျားသော ဆေဘာကိုထုတ်ပြီး ရှေ့သို့တက်သည်။ သူ၏အနောက်တွင် ဖုန်မှုန့်များက ရစ်ခွေလျှက် မြောက်တက်လာပြီး သူ၏ လက်အောက်မှ လက်ရွေးစင် အစောင့်နှင့် မြင်းတပ်မှ စစ်မြင်းများက ဟီကြသည်။ သူ၏အနောက်မှ လိုက်ပါလာသော အင်အားစုက သောင်းကျော်သည်။ ထိုသောင်းကျော်သော အင်အားစုက စတင်ပြီး အံ့သြဖွယ် အရှိန်အဟုန်အပြည့်ဖြင့် တောင်ပေါ်သို့ ချီတက်လျှက် ရန်သူတိုင်းကို သုတ်သင်တော့သည်။ နောက်ဆုံးတွင် ဟော်ရှု့ဟွေ့ခမ်းက သူ၏စစ်တပ် တစ်ခုလုံးကို စုစည်းလိုက်နိုင်လေပြီ။

“လူစုခွဲ”

တောင်ထိပ်မှ ခပ်ကြမ်းကြမ်း အမိန့်သံက ရောက်လာပြီး စစ်တပ်တစ်ခုလုံးကို ချက်ချင်းလိုလို လူစုကွဲစေသည်။ မဟာထန်က ဒီတိုက်ပွဲအတွက် ရှေ့မထုတ်သေးသော စစ်သည်လေးသောင်းက နောက်ဆုံးတွင် စတင်လှုပ်ရှားလေပြီ။

ကောင်းကင်သို့ ဆယ်ယောက်ထက်မနည်း ထွက်ပေါ်လာသော စိတ်ဝိညာဉ်ပေါင်း များစွာက ထိုးဝင်သွားသည်။ ပိန်းပိတ်အောင် မည်းမှောင်နေသော မြင်းတစ်ကောင်၏ကိုယ်မှ နဂါးတစ်ကောင်လို အရှိန်အဟုန်မျိုးကို လွှတ်ထုတ်လာလျှက် တောင်ပေါ်မှ ဝုန်းဒိုင်းထိုးဆင်းသွားသည်။ ဝမ်ရန်က ဦးဆောင်ကာ ရှေ့သို့ ထိုးဆင်းသွားပြီး ဟော်ရှု့ဟွေ့ခမ်းကို ရင်ဆိုင်ချိန်တွင် သူ၏အနောက်မှ မဟာထန်၏ လက်ရွေးစင်ဗိုလ်ချုပ် မရေမတွက်နိုင်လောက်အောင် များပြားသည့် ပမာဏက ဒုန်းဆိုင်းထိုးဆင်းလျှက် လိုက်တော့သည်။

ဟော်ရှု့ဟွေ့ခမ်းက ယွီစန်း၏ မဟာဗိုလ်ချုပ်ဖြစ်သည်။ အနောက်တောင်ပိုင်းမှ မည်သူကမှ သူနှင့်မယှဉ်နိုင်သလို သူ့ကိုလည်း ရပ်တန့်အောင် မခုခံနိုင်ချေ။ ဝမ်ချောင်က တောင်ပေါ်တွင် နေရာချထားသော မြို့ရိုးများကပင် ဟော်ရှု့ဟွေ့ခမ်းကဲ့သို့ အဆင့်လွန် ကျွမ်းကျင်ပညာရှင်၏ အရှေ့တွင် အလှဆင်သပ်သပ် ဖြစ်သွားသည်။

ဝုန်း

ဝမ်ရန်က အောက်သို့ဆင်းလိုက်ချိန်တွင် လမ်းပိတ်လာသမျှ မာန်ရှဲ့ယွီစန်း စစ်သားများအားလုံးက နောက်လိုက်ခွေးများလို အဝေးသို့ လွင့်ထွက်ကုန်သည်။

မဟာထန်မှ စစ်သားများက ဟော်ရှု့ဟွေ့ခမ်းကို မတားနိုင်သလို မာန်ရှဲ့ယွီစန်းမှ စစ်သားများကလည်း ဝမ်ရန်ကို မတားနိုင်ချေ။

“နောက်ဆုတ်”

ဟော်ရှု့ဟွေ့ခမ်း၏ သူ၏မရေမတွက်နိုင်သော တိဗက်စစ်သည်တော်များကို တောင်ပေါ်သို့ တက်ရန် အမိန့်ထုတ်လိုက်သည်။ တောင်အလယ် တောင်ထိပ် တောင်ခြေ အရှေ့တောင်ပိုင်း အနောက်တောင်ပိုင်း... စသောနေရာတိုင်းတွင်ရှိသော ထောင်ပေါင်းများစွာသော မျက်လုံးတိုင်းက တစ်ခုနှင့်တစ်ခု ထိပ်တိုက် တွေ့ဆုံတော့မည့် ပုုံရိပ်နှစ်ခုကိုသာ စိုးရိမ်တကြီး စိုက်ကြည့်နေကြလေသည်။

အခန်း(၆၀၈)

ဝမ်ရန်နှင့် ဟော်ရှု့ဟွေ့ခမ်း၏အကြားမှ တိုက်ပွဲက မရေမတွက်နိုင်သော လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်သွားသည်။ တိဗက်၊ မာန်ရှဲ့ကျောင်းနှင့် မဟာထန်မှ ဗိုလ်ချုပ်တိုင်းက စောင့်ကြည့်နေကြပြီး ထိုတိုက်ပွဲက သူတို့ကိုယ်တိုင် ဆင်နွဲနေသော တိုက်ပွဲထက် ပို၍အရေးကြီးသလိုပင် ခံစားနေရသည်။

ဝုန်း

လေပြင်းက ဖုန်မှုန့်များနှင့်အတူ ပေါက်ကွဲသွားပြီး ကမာ္ဘမြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဖုန်မှုန့်များ၏ အတွင်းပိုင်းတွင် မိုးပြာရောင် ဆေဘာအလင်းက ကောင်းကင်ကို ထိုးခွဲလှီးဖြတ်လိုက်ပြီး ကျန်းတစ်ရာခန့်မြင့်သော လေထုအစင်းကြောင်းရာကို ထုတ်ဖော်ကာ ဝမ်ရန်၏အဖွဲ့ထံ တိုးဝင်လာသည်။

ထိုဆေဘာစွမ်းအင်က ဖြတ်သန်းသွားသည့် နေရာတိုင်းကို အနက်ရောင် အစင်းကြောင်းများ ချန်ထားရစ်သည်။ လေထဲတွင်ပင် ထိုသို့အနက်ရောင် အစင်းကြောင်း ကျန်နေခြင်းဖြစ်သည်။ ထိုစွမ်းအင်တစ်ခုထဲကတင် လူတိုင်း၏မျက်နှာကို ဖျော့တော့စေသည်။ လော့ကျီးပင်ဖြစ်စေ၊ ချန်းရှု့ရွှန်းပင်ဖြစ်စေ အန်းနန်အစိုးရစစ်တပ်က မည်သူကမှ ထိုဆေဘာစွမ်းအင်၏ အောက်တွင် အကောင်းတိုင်း ကျန်ရစ်မည်မဟုတ်ချေ။ မည်သို့သော ပုံရိပ်ကမျှ ထိုမျှပြင်းထန်သည့်အားကို မတားဆီးနိုင်ချေ။

ဟော်ရှု့ဟွေ့ခမ်းက သူ၏ဆေဘာဖြင့် တိုက်ကွက်တစ်ကွက် ထုတ်လိုက်ပြီးနောက်တွင် တောင်ပေါ်ရှိ အခြေအနေက ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော ငြိမ်သက်နေသည့် အကြည့်အောက်တွင် ဝမ်ရန်နှင့် သူ၏အနောက်ရှိ မရေမတွက်နိုင်သော ထန်ဗိုလ်ချုပ်များ၏ကိုယ်မှ ထုတ်လွှတ်သော ချီစက်ကွင်းများက စတင်ကာ တလက်လက် တောက်ပလာပြီး ပို၍ပင် စူးရှတောက်ပလာကာ အသက်ဝင်တော့မည့် အနေအထားအတိုင်း ဖြစ်လာသည်။ မျက်တောင်တခတ် အချိန်အတွင်း စွမ်းအင်တိုင်းက ပေါင်းစည်းသွားပြီး အလွန်အမင်း ကြီးမားသည့် ရွှေရောင်သံချပ်ကာ နတ်ဘုရားတစ်ပါး တောင်ပေါ်တွင် ရပ်နေသလို သဏ္ဍန်ကို ထုတ်ဖော်ဆင့်ခေါ်တော့သည်။

အရှိန်အဟုန်ပြည့် မှင်သက်ဖွယ် နတ်ဘုရား

ဝမ်ချောင်၏ စိတ်အတွင်း အတွေးတစ်ခုက ဝင်လာသည်။ မဟာထန်က မရေမတွက်နိုင်သော ဗိုလ်ချုပ်များ၏ စွမ်းအားများကို စုစည်းနိုင်သည်။ မရေမတွက်နိုင်သည့် အင်အားကြီး ဝင်္ကပါများကို ပိုင်ဆိုင်ထားပြီး စစ်တပ်တစ်ခုလုံး၏ အင်အားကိုပင် စုစည်းနိုင်သလို အလွန်အင်အားကြီးမားသော တည်ရှိမှုတစ်ခုအဖြစ် ပြောင်းလဲနိုင်သည့် စွမ်းအားမျိုးကို ပြောင်းလဲနိုင်စွမ်းရှိသည်။

အရှိန်အဟုန်ပြည့် မှင်သက်ဖွယ် နတ်ဘုရားဝင်္ကပါက ထိုဝင်္ကပါများထဲမှ တစ်ခုဖြစ်ပြီး ဝမ်ရန်၏ စစ်တပ်တွင် သုံးနိုင်သည့် အင်အားအကြီးဆုံး တိုက်ကွက်များထဲမှ တစ်ခုဖြစ်သည်။ ဝမ်ချောင်ကလည်း ယခင်က ကြားဖူးသော် ယခုမူ မျက်မြင်တွေ့ကြုံရပြီဖြစ်သည်။

လောကကို လှုပ်ခါနိုင်သည့် ကောင်းကင်ကိုပင် တုန်ယင်စေလောက်သော ပေါက်ကွဲသံကြီးက ထွက်လာပြီး တောင်တစ်ခုလုံးက တသိမ့်သိမ့် တုန်သွားသည်။ ဝမ်ချောင်က အဝေးက ကြည့်နေရင်းမှ အရှိန်အဟုန်ပြည့် မှင်သက်ဖွယ် နတ်ဘုရားတစ်ပါး၏ တောက်ပလွန်းသော ပုံရိပ်ကြီး၏ လက်ဖဝါးနှစ်ဖက်က စုစည်းသွားပြီး ဟော်ရှု့ဟွေ့ခမ်း၏ ကြောက်မက်ဖွယ် ဆေဘာကို တားဆီးလိုက်ကြောင်း မြင်ရသည်။

ဆေဘာကို တားဆီးပြီးသည်နှင့် ချက်ချင်းလိုလို ထိုနတ်ဘုရားက သူ၏ကြီးမားသော ညာလက်ကိုမြှောက်ကာ ဟော်ရှု့ဟွေ့ခမ်းကို လက်သီးဖြင့်ထိုးသည်။ ထိုလက်သီးက မကျခင် အချိန်မှာတင် ပြင်းထန်သော စွမ်းအားက တိုးဝင်နှင့်ပြီဖြစ်ကာ ကျန်းတစ်ရာအတွင်းရှိ အရာအားလုံးကို လွင့်ထွက်စေသည်။

ပြင်းထန်သော အရှိန်အဝါအပြည့်ပါသည့် စွမ်းအား၏အောက်တွင် မြေကမာ္ဘကပင် နာကျင်ညဉ်းနေသလို အသံမျိုးကို လွှတ်ထုတ်လာပြီး အချိန်ပြည့် ကွဲထွက်သွားမည်ဟု ထင်ရသည်။ ဟော်ရှု့ဟွေ့ခမ်းက ထိုအရှိန်အဟုန်ပြည့် မှင်သက်ဖွယ် နတ်ဘုရား၏ လက်သီးအောက်တွင် သေတော့မည်ဟု ထင်လိုက်သည့် အချိန်တွင် သူ၏ခန္ဓာကိုယ်က ရုတ်တရက် ရွှေရောင်အလင်းများဖြင့် ပေါက်ကွဲသွားပြီး ကောင်းကင်ကို ကျော်ဖြတ်ကာ တည်ရှိနေသည့် ဗုဒ္ဓမာန်ထရာ ရေရွတ်သံများက ဟိန်းထွက်လျှက် ထွက်ပေါ်လာတော့သည်။

“ဥုံ မာ နီ ဖဲလ် မယ် ဟောင်”

ထိုထူးဆန်းသော မန်းမှုတ်သံများက ကောင်းကင်တွင် ဟိန်းထွက်လာသလို ဆယ်ကျန်းကျော်မြင့်သော ရွှေရောင်ဗုဒ္ဓ ကိုယ်ခန္ဓာက အနီရောင်မီးတောက်များ၏ လောင်ကျွမ်းမှုနှင့်အတူ ဟော်ရှု့ဟွေ့ခမ်း၏ အနောက်တွင် ရပ်လျှက်အနေအထားဖြင့် ပေါ်လာသည်။

ချိန်း

ရွှေရောင်ဗုဒ္ဓက လက်ဝါးကိုမြှောက်လျှက် အရှိန်အဟုန်ပြည့် မှင်သက်ဖွယ် နတ်ဘုရား၏ ကျန်းရာကျော်မြင့်သော လက်သီးကို တားလိုက်သည်။

ချိန်း

မြေကမာ္ဘက တုန်ဟီးသွားပြီး ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများက ဥက္ကာခဲများလို အဝေးသို့ လွင့်စင်ကုန်သည်။ အနီအနားရှိ စစ်မြင်းတိုင်းကလည်း လေထဲသို့ မြောက်တက်ရင်းမှ ဟီနေပြီး ကြယ်တာရာစွမ်းအင်များနှင့် ထိပ်တိုက်ဆုံကာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားကြသည်။ ထွက်လာသော ဖျက်ဆီးခြင်းအားကတင် မြင်ရသူတိုင်းကို ကြောက်လန့်တကြား တုန်ယင်သွားစေသည်။

“viarocala နှင့် ဗုဒ္ဓရွှေသားခန္ဓာ မာန်ထရာကို ဟော်ရှု့ဟွေ့ခမ်းက နောက်ဆုံးတော့ အသုံးပြုလိုက်ပြီပဲ”

မည်သူမှ မမြင်နိုင်သော နေရာမှ မာန်ရှဲ့ကျောင်း၏ မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်က ဆယ်ကျန်းကျော်မြင့်သော ရွှေရောင်ဗုဒ္ဓ ပုံရိပ်ကိုကြည့်လျှက် အပြုံးကပေါ်လာသည်။

ထိုဗုဒ္ဓရွှေသားခန္ဓာ မာန်ထရာက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ အင်အားအကြီးဆုံး သိုင်းများထဲမှ တစ်ခုဖြစ်ပြီး ယွီစန်း၏ မဟာဗိုလ်ချုပ် အဆင့်ကသာ ကြည့်ခွင့်ရှိသည်။

ယွီစန်းတွင် အမျိုးမျိုးသော မဟာဗိုလ်ချုပ်များရှိပြီး တစ်ယောက်ချင်းစီတိုင်းက မတူကွဲပြားသော အဆင့်လွန် သိုင်းများကို ကျင့်ကြချိန်တွင် အပြင်လူများကမူ ထိုသိုင်းများကို ထိခွင့်ပင်မရှိချေ။ ထို့ကြောင့် သွမ့်ခဲ့ချွမ်အနေဖြင့် ထိုသိုင်းကို ပထမဦးဆုံးအကြိမ် မျက်မြင်တွေ့ရခြင်းလည်းဖြစ်သည်။

“မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းရဲ့ အဆင့်လွန်သိုင်းက တကယ်ကို ပြောစမှတ်တွေနဲ့ ထိုက်တန်ပါပေတယ်”

သွမ့်ခဲ့ချွမ်၏အကြည့်က သတိလက်လွတ် တောင်၏အခြား အဆုံးတစ်ဖက်သို့ ရောက်သွားသည်။ အန်းနန်အစိုးရ၏ အသစ်ခန့်အပ် ခံထားရသော ဗိုလ်ချုပ်တစ်ယောက်က ထိုနေရာတွင်ရပ်လျှက် ပတ်ဝန်းကျင်ရှိ ဗိုလ်ချုပ်များ၏ ဝိုင်းဝန်းမှုအပြည့်ဖြင့် ရှိနေသည်။

စစ်တပ်နှစ်ဖက်လုံးမှ မလှုပ်ရှားရသေးသော လူများက သူနှင့်ရှန်ယွီကျုံ့ထုံးသာလျှင် ဖြစ်လောက်သည်။ အန်းနန်အစိုးရစစ်တပ်၏ ဗာဂျရာနတ်ဘုရားနှင့် ဝမ်ရန်၏ အရှိန်အဟုန်ပြည့် မှင်သက်ဖွယ် နတ်ဘုရားတို့က မာန်ရှဲ့ယွီစန်း စစ်တပ်၏အရှေ့တွင် တောင်တန်းနှစ်လုံးသဖွယ် ရပ်တန့်နေပြီဖြစ်သည်။

သူတို့၏ အ့ဟိုင်မှအနိုင်တွင် သွမ့်ခဲ့ချွမ်က ရှန်ယွီကျုံ့ထုံး၏ ဗာဂျရာနတ်ဘုရားကို အတွေ့အကြုံ ရခဲ့သည်။ ဗာဂျရာနတ်ဘုရားက အနောက်တောင်ပိုင်း၏ အသန်မာဆုံး ဝင်္ကပါတစ်ခုအဖြစ် သတ်မှတ်ရန် သင့်လျော်သည်။ ကျန်းချုံကျန့်ချုံးကသာ အသုံးပြုသူဆိုလျှင် သွမ့်ခဲ့ချွမ်အနေနှင့် အကာအဝေး ထိန်းထားလောက်သော်လည်း ရှန်ယွီကျုံ့ထုံးကမူ ကျန်းချုံကျန့်ချုံး၏ အင်အား ခုနှစ်ဆယ်ရာခိုင်နှုန်းကိုပင် မထုတ်နိုင်ခဲ့ချေ။ ထို့ကြောင့် သွမ့်ခဲ့ချွမ်က ကြောက်စရာမရှိချေ။

သူက ရှန်ယွီကျုံ့ထုံးကိုလည်း ထူးထူခြားခြား အင်အားသုံးကာ ရင်ဆိုင်ရန် မလိုအပ်ချေ။ သို့သော် ရှန်ယွီကျုံ့ထုံးကမူ သူ့ကိုဘာမှမလုပ်နိုင်လောက်ချေ။ ထို့ကြောင့် နှစ်ယောက်က ဒီတိုင်း ဘေးထွက်ရပ်နေကြပြီး ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့၏ တိုက်ပွဲကိုသာ စောင့်ကြည့်နေလိုက်ကြသည်။

ချိန်း

ဝမ်ရန်က ဟော်ရှု့ဟွေ့ခမ်းနှင့် ကြမ်းတမ်းစွာ တိုက်ခိုက်နေချိန်တွင် အခြားတစ်နေရာမှ တိုက်ပွဲဖြစ်သံများက ကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။ ဝမ်ချောင်က လျှင်မြန်စွာဖြင့် ခေါင်းလှည့်ပြီး ကြည့်လိုက်ချိန်တွင် များပြားသော စစ်တပ်က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တောင်ပေါ်သို့ တက်လာခြင်းဖြစ်သည်။

သာ့လွန်ရော့ကျန်း

ဝမ်ချောင်၏ မျက်လုံးက ကျဉ်းမြောင်းသွားလျှက် စစ်တပ်ထဲမှ ရင်းနှီးကျွမ်းဝင်သည့် ပုံရိပ်ကို ချက်ချင်းကြည့်လိုက်ပြီး အပြာရောင်ဝတ်ရုံနှင့် ငှက်မွှေးယပ်တောင်ကို ကိုင်ထားသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူက သာ့လွန်ရော့ကျန်းကလွဲ အခြားမဖြစ်နိုင်ချေ။

သာ့လွန်ရော့ကျန်းကသာ လူတိုင်း၏ အာရုံက ဝမ်ရန်နှင့် ဟော်ရှု့ဟွေ့ခမ်းထံ ရောက်နေချိန်တွင် ဒီလိုတိုက်ခိုက်ရန် စီမံနိုင်စွမ်းရှိသည်။ သူ၏သိန်းကျော်သော စစ်တပ်က ပြင်းထန်သော ဖိအားကို လွှတ်ထုတ်ရန် ကြိုးစားလေပြီ။

ထိုသို့ လှုပ်ရှားလိုက်ခြင်းကတင် သာ့လွန်ရော့ကျန်း၏ အဓိက တိုက်ခိုက်မှုဟုဆိုလျှင် သံသယဝင်ရန် မလိုတော့ချေ။ ဝမ်ရန်နှင့် ဟော်ရှု့ဟွေ့ခမ်းတို့ တိုက်ခိုက်နေသော နေရာက ဒီတိုင်းငါးစာသာဖြစ်သည်။ ဝမ်ချောင်က လေထဲမှ အန္တရာယ်ကို အနံ့ရလိုက်သည်။

“စစ်သည်တော်တိုင်း ငါ့ရဲ့အမိန့်ကို နာခံကြ။ နေရာပြောင်းမယ်”

“လေးသည်တော်တို့ အသင့်ပြင်”

ဝမ်ချောင်၏အသံက တိုက်ပွဲနယ်မြေ တစ်ခုလုံးအနှံ့ ဖြန့်ကျက်သွားသည်။

စွပ်

ဝမ်ချောင်၏ အမိန့်နှင့်အတူ တောင်တန်းတစ်ခုလုံးက ချောက်ချားဖွယ် ရုတ်ချည်း တိတ်ဆိတ်သွားသည်။ စစ်သည်တော်တိုင်းနှင့် ဗိုလ်ချုပ်တိုင်းက ကိုယ့်နေရာကိုယ်တွင်သာ မြဲမြံစွာရပ်လျှက် ရှိနေချိန်တွင် ပြင်းထန်သည့် တင်းအားစွမ်းအင်က ကောင်းကင်ကို မြှောက်တင်တော့မည့်အလား ထင်ရသည်။ ဝမ်ချောင်၏ အသင်္ချေကြယ်စင် ဝင်္ကပါက ဖြေးညှင်းစွာ အသက်ဝင်လာလေပြီ။

ဒါက ပြီးပြည့်စုံသည့် သဏ္ဍန်မဟုတ်သော်လည်း အကျဉ်းအားဖြင့်သာ ဖန်တီးနိုင်သေးသည့်တိုင်အောင် ဝမ်ချောင်၏လက်တွင် လုံလောက်သော အင်အားအပြည့် ထုတ်ဖော်နိုင်သည်။

“မဟာအမတ်”

တောင်ခြေမှ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည့် တိဗက်အကြီးအကဲ တစ်ယောက်က သာ့လွန်ရော့ကျန်းကို စိုးရိမ်သော အကြည့်မျိုးဖြင့် လှည့်ကြည့်လိုက်သည်။ ထိုအကြီးအကဲက တိဗက်တောင်ပေါ်မှ အကြီးအကဲကြီး တစ်ယောက်ဖြစ်သည်။ ယွီစန်းက စစ်ဖြစ်သောအခါ ဉာဏ်ရည်မြင့်မားပြီး အကွက်မြင်တတ်သော အကြီးအကဲတချို့ကသာ စစ်တပ်နောက်သို့ လိုက်ခဲ့သည်။ ဝမ်ချောင်နှင့် ထိပ်တိုက်ဆုံခဲ့ဖူးသော ယခင်တိုက်ပွဲများက ထိုအကြီးအကဲပေါ် လေးနက်သော အမြင်တစ်ခု ရှိသွားစေပြီး တောင်ထိပ်မှ လူငယ်ကို အလွန်အမင်း အသိအမှတ် ပြုစိတ်က သူ၏စိတ်အတွင်း နက်ရှိုင်းစွာ ရှိနေစေခဲ့သည်။

“ကျွန်တော်တို့မှာ နောက်ဆုတ်ဖို့ လမ်းမရှိတော့ဘူး။ ဝမ်ကျုံးစစ်က လုံရှီကို ဦးတည်နှင့်နေပြီ။ ဗိုလ်ချုပ်များရဲ့ ဘုရင်ကသာ ရှုံးသွားရင် ခဲ့ရှု့ဟန်က တောင်ဘက်ပိုင်းကို သူ၏စစ်တပ်ကို ဦးဆောင်သွားလိမ့်မယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ရဲ့ စစ်တပ်အားလုံး ရှုံးနိမ့်သွားလိမ့်မယ်။ စစ်က စတေးဖို့လိုတယ်။ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ကျွန်တော်တို့ ဒီတိုက်ပွဲကို နိုင်ကိုနိုင်ရမယ်”

သာ့လွန်ရော့ကျန်းက တောင်ခြေတွင် ရပ်လျှက် ဆုံးဖြတ်ချက်ပြတ်သားသော တောက်ပသည့် မျက်ဝန်းများဖြင့် တောင်ထိပ်သို့ကြည့်သည်။ ထိုအခိုက် သူက အမတ်နှင့်မတူဘဲ ရဲရင့်သော ဗိုလ်ချုပ်တစ်ယောက်အလား ထင်ရသည်။

“ဗဟိုပြင်ကျယ်က ဗျူဟာနဲ့ စစ်နည်းပညာကို လိုသလိုသုံးပြီး သူတို့ရဲ့ အင်အားကို ဆတိုးမြှင့်အောင် လုပ်နိုင်တယ်။ အခု ကျွန်တော်တို့ဘက်က သူတို့ထက်များတဲ့ စစ်သည်တော်အင်အားရှိတယ်။ လက်ရှိမှာ ကျွန်တော်တို့က အားအသာဆုံး အချိန်ပဲ။ သူတို့က ဘယ်လိုဗျူဟာကိုသုံးသုံး ကျွန်တော်တို့က ဒီအားသာချက်ကို ထိန်းထားနိုင်သမျှ အောင်မြင်မှုကိုပဲ ဆက်တိုက် ခံစားရလိမ့်မယ်။ ဒီလိုနဲ့ သူတို့ကို ညှစ်ညှစ်ပြီး လမ်းမဲ့အောင် လုပ်ရမယ်။ သူတို့ရဲ့ ဗျူဟာတွေအားလုံးကို နင်းချေပစ်ရမယ်။ ဒါက ကျွန်တော်တို့အနေနဲ့ သူတို့ကို ဖျက်ဆီးနိုင်တဲ့ အသက်ရောက်ဆုံး နည်းလမ်းပဲ”

“ဒါ... ငါနားလည်ပါပြီ”

သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားသည်။ သို့သော် သူတို့၏ ပတ်ဝန်းကျင်မှ စစ်တပ်ကမူ သူတို့၏ အင်အားကို နှစ်ဆခန့် တိုးမြှင့်လိုက်ကြပြီး သူတို့၏ သတ်ဖြတ်လိုစိတ်ကလည်း ပြင်းထန်စွာဖြင့် ထွက်ပေါ်လာတော့သည်။

အခန်း(၆၀၉)

ခြိမ်း

တောင်ဆင်ခြေလျောပေါ်တွင် အရှိန်အဟုန်ပြည့် ရဲရင့်စွာ ရှိနေကြသော စစ်သည်တော် နှစ်ဖွဲ့က တုန့်ဆိုင်းမနေဘဲ တိုက်ခိုက်ကြသည့်အခါ တိုက်ပွဲနယ်မြေ တစ်ခုလုံး၏ အပြင်းထန်ဆုံး တိုက်ခိုက်ခြင်း အင်အားများကို ထုတ်ဖော်နိုင်သည်။ ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်တို့က ဘာကိုမှ ထိန်ချန်မထားခဲ့ဘဲ အလုံးအရင်းဖြင့် စေလွှတ်လိုက်သည့်အခါ စစ်သည်တော် လေးသိန်းကျော်သွားသည်။

ဒီတစ်ကြိမ်တွင် သာ့လွန်ရော့ကျန်းက မည်သည့်ဗျူဟာကိုမျှ မသုံးတော့ဘဲ တိုက်ရိုက် ချီတက်ရန် အမိန့်ထုတ်ထားသည်။ သူတို့က အင်အားကိုသာ မူတည်ပြီး ဖိအားသပ်သပ် ထုတ်လွှတ်တော့မည်ဖြစ်သည်။ တစ်ဖက်၏ စစ်သည်တော် အရေအတွက်က တစ်ဖက်ထက် အပြတ်အသပ်သာသည်။ အရေအတွက်က အကောင်းဆုံး ဗျူဟာဖြစ်ပြီး အကောင်းဆုံး နားလည်နိုင်စွမ်းအားလည်းဖြစ်သည်။

“သတ်”

“သတ်”

ကောင်းကင်ကိုပင် လွှမ်းခြုံသွားသည့် ထိုအသံများက ပဲ့တင်ထပ်လာသည်။ ထိုအလုံးလိုက် လိမ့်တက်လာသော အနက်ရောင် သတ္ထုလုံးများကတင် လူတိုင်း၏ မျက်နှာကို ဖြူဖျော့ရန် လုံလောက်နေပြီဖြစ်သည်။

“အသင့်ပြင်”

“အသင့်ပြင်”

“သွား”

ဝမ်ချောင်၏အသံက တောင်ထိပ်တွင် ပဲ့တင်ထပ်လာသည်။ ပထမဦးဆုံး တိုက်ခိုက်ရန် လှုပ်ရှားလိုက်သည်မှာ မာန်ရှဲ့ယွီစန်း စစ်တပ်မဟုတ်ဘဲ အန်းနန်အစိုးရ စစ်တပ်ဖြစ်သည်။

စွစ် စွစ် စွစ်

မရေမတွက်နိုင်သော မြှားပေါင်းများစွာက လေထုကို ထိုးခွဲသွားပြီး ချီတက်လာသော စစ်တပ်၏ အလယ်ဗဟိုသို့ ရောက်သွားသည်။

ဝုန်း

ခြိမ်း

မြစ်ထဲသို့ ကျောက်တုံးကြီးကို ပစ်ထည့်လိုက်သလိုမျိုး မြောက်များလှစွာသော မြှားမိုးပေါင်းများစွာက လည်၊ ပါး၊ ဒူး၊ ခန္ဓာတိုင်းကို ထိုးခွဲတော့သည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်း၏ စစ်သည်တော် ရာပေါင်းများစွာက လဲပြိုကျသည့်အခါ အနောက်ဘက်ရှိ ထောင်ပေါင်းများစွာကလည်း ကစဉ့်ကလျား ဖြစ်သွားသည့်အတွက် ထိုမျှများပြားသော စစ်တပ်အတွင်း ဝရုန်းသုန်းကားဖြစ်မှု အသေးစား ဖြစ်ပေါ်လာသည်။

စွစ် စွစ် စွစ်

တစ်သုတ် နှစ်သုတ် သုံးသုတ်... မရေမတွက်နိုင်အောင် များပြားသော မြှားမိုးများက ကစဉ့်ကလျား ဝရုန်းသုန်းကား ဖြစ်မှုကို ပို၍ဆက်တိုက် ကျယ်ပြန့်သွားစေသည်။

“အသုံးမဝင်ဘူး ကွာခြားနေတဲ့ စစ်သည်တော် အရေအတွက်က မယှဉ်နိုင်တဲ့ အဆင့်အထိ ရောက်နေပြီ။ အနိုင်ရဖို့က သေချာတယ်။ စိုးရိမ်စရာကို မရှိဘူး”

သာ့လွန်ရော့ကျန်း၏ တောင်ထိပ်သို့ကြည့်သော မျက်ဝန်းက တည်ငြိမ်နေသည်။

စစ်သည်တော် အယောက်တစ်ရာရှိသော တိုက်ပွဲတွင် အယောက်တစ်ရာလုံး ဆုံးရှုံးရမည်ဆိုလျှင် စစ်တပ်တစ်ခုလုံးက ရှင်းပစ်ခံရနိုင်သည်။ အယောက်နှစ်ရာရှိသော စစ်တပ်တွင် အယောက်နှစ်ရာ ဆုံးရှုံးသွားမည်ဆိုလျှင် ပြင်းပြင်းထန်ထန် ထိုးနှက်ခံရသည်ဟု ဆို၍ရသည်။ အယောက်တစ်ထောင်ရှိသော စစ်တပ်တွင် အယောက်တစ်ရာကို ဆုံးရှုံးရလျှင် လက်သင့်ခံနိုင်သေးသည်။ သို့သော် သူ၏စစ်တပ်တွင် ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာရှိပြီး ပမာဏ အလွန်များပြားလွန်းလေရာ အယောက်တစ်ရာလောက်က ထည့်ပြောရန်ပင် မလိုအပ်ချေ။ ဝမ်ချောင်၏ လေးသည်တော်များက ဖြစ်စေသည့် ဒဏ်ရာက ဒီသိန်းကျော်သော စစ်တပ်အတွက် အယားပင် မပြေစေချေ။

သို့ရာတွင် သာ့လွန်ရော့ကျန်းက ဝမ်ချောင်၏ အကြံအစည်ကို အထင်သေးမိခဲ့ပြန်သည်။ အနက်ရောင် သတ္ထုနံရံကဲ့သို့ ဖြစ်နေသော သံမဏိဒိုင်းရှည်ကြီးများထံမှ ထွက်လာသော မြှားဆူးချွန်များက သေးငယ်သော ပစ်ချက်ကို ထုတ်ဖော်ခြင်းသာလျှင်ဖြစ်ပြီး ဝမ်ချောင်က လှည့်စားလျှက် ချက်ချင်းလိုလို သူ၏အသင်္ချေ ကြယ်စင်ဝင်္ကပါကို ထုတ်ဖော်လိုက်တော့သည်။

သောင်းကျော်သော ထန်စစ်သည်တော်များက အလုံးအရင်းဖြင့် စီးဝင်လာသော ရေများလို မာန်ရှဲ့ယွီစန်း စစ်သားများ၏ကိုယ်ကို ကြိုးကွင်များအလား ရစ်ပတ်လျှက် အပိုင်းလိုက် လှီးဖြတ်ခြင်း၊ အပိုင်းပိုင်းအစစ အက်ကွဲသွားအောင် သတ်ဖြတ်ခြင်း၊ အချင်းချင်း ဆောင့်တိုက်မိကာ ပေါက်ကွဲသွားခြင်းတို့ကို ဖြစ်ပေါ်လာစေသည်။

“အသုံးပြုသူက မာန်ရှဲ့ယွီစန်းစစ်တပ်မှ စစ်သည် ၃၄၁၂ယောက်ကို သတ်ဖြတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”

“အသုံးပြုသူက မာန်ရှဲ့ယွီစန်းစစ်တပ်မှ စစ်သည် ၆၇၃၃ယောက်ကို သတ်ဖြတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”

“အသုံးပြုသူက မာန်ရှဲ့ယွီစန်းစစ်တပ်မှ စစ်သည် ၆၁၈၈ယောက်ကို သတ်ဖြတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”

“အသုံးပြုသူက မာန်ရှဲ့ယွီစန်းစစ်တပ်မှ စစ်သည် ၁၂၃၄၀ယောက်ကို သတ်ဖြတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”

အချိန်တိုအတွင်း ဝမ်ချောင်၏ စိတ်အတွင်း ရေတံခွန်စီးသလိုမျိုး ဆက်တိုက်လိုလို အကြောင်းကြား သတင်းပို့သံများက ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုအခိုက် အောက်ဘက်တွင်လည်း မရေမတွက်နိုင်သော ချီစက်ကွင်းများက ထိပ်တိုက်တွေ့ဆုံနေကြပြီဖြစ်သည်။ တိုက်ခိုက်ရေးချီစက်ကွင်း၊ အင်အားချီစက်ကွင်း၊ ကျွမ်းကျင်မှုချီစက်ကွင်း၊ စွမ်းအားချီစက်ကွင်း၊ ခုခံမှုချီစက်ကွင်း၊ ချီတက်ခြင်းချီစက်ကွင်း စသဖြင့် အမျိုးမျိုးသော စစ်ချီစက်ကွင်း သောင်းပေါင်းများစွာက တောင်ကြမ်းပြင်တိုင်းတွင် ဖုံးလွှမ်းနေပြီဖြစ်သည်။

တိုက်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းမှုက လူတိုင်း၏ ကြောက်လန့်မှုကို ကျော်လွန်သွားသည်။ ဝမ်ချောင်ကပင် မမျှော်လင့်ထားခဲ့ချေ။ ဝမ်ချောင်၏ အသင်္ချေကြယ်စင် ဝင်္ကပါက သူ၏စစ်သည်တော်များကို ထက်ရှသော ကြိုးကွင်းများ ဖြစ်လာစေနိုင်ပြီး မာန်ရှဲ့ယွီစန်းစစ်တပ်ကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် လှီးဖြတ်လျှက် ဝိုင်းဝန်းကာဆက်တိုက် ခုတ်သင်သွားနိုင်စေခဲ့သည်။

မာန်ရှဲ့ယွီစန်းမှ စစ်သည်တော်တိုင်းက ပေါင်းပင်များလို ခုတ်ဖြတ်ခံနေရပြီး သူ၏စိတ်ထဲတွင်လည်း သတင်းပို့သံက ရေတံခွန်စီးသလို ဆက်တိုက် ထွက်ပေါ်နေပြီး ဝမ်ချောင်ကို တစ်ဖက်လူများ၏ ဆုံးရှုံးမှုကို သိလာစေသည်။

သာ့လွန်ရော့ကျန်းက သူလုပ်နိုင်သမျှ အကြီးမားဆုံး ဆုံးဖြတ်ချက်ကို ချပြီးလေပြီ။ သူက ထန်စစ်တပ်က ခုခံနိုင်သည့် နယ်မြေကို ကျုံ့သွားအောင လုပ်ရန် အလဲအလှယ်အနေဖြင့် မြောက်များလှစွာသော သူ၏စစ်တပ်ဘက်မှ စစ်သည်တော်များ၏ အသက်ကို စတေးထားရသည်။ မာန်ရှဲ့ယွီစန်း စစ်သည်တော်များက တစ်သုတ်ပြီးတစ်သုတ် သေဆုံးနေသော်လည်း အနောက်မှ တစ်သုတ်ပြီးတစ်သုတ် ရှေ့တက်လာနေသေးသည်။

ထိုနည်းလမ်းက ရိုးရှင်းသော်လည်း ရက်စက်လွန်းသည်။ သို့သော် သက်ရောက်မှုရှိသည်။ သို့သော် လုံလောက်သော တန်ကြေးကိုသာ ပေးဆပ်မည်ဆိုလျှင် ထန်စစ်တပ်က ဖြေးညှင်းစွာဖြင့် နောက်ဆုတ်ရန် တွန်းပို့ခံနေရပြီး ဝမ်ချောင်ကပင် အကွက်ချရန် နေရာကျဉ်းမြောင်းလာနှင့်ပြီဖြစ်သည်။

ထိုသို့ခေါင်းမာပြီး ဆုံးဖြတ်ချက် ပြတ်သားသည့် မည်သည့်အရာကိုမဆို စတေးရန် မည်သည့်တန်ကြေးကိုမဆို ပေးရန်ဆန္ဒရှိသော စစ်သေနာပတိချုပ်နှင့် ရင်ဆိုင်ရသည့်အခါ ဝမ်ချောင်၏ ဗျူဟာများက အလွယ်တကူ သုံး၍မရတော့သလို သက်ရောက်မှု မရှိတော့ချေ။ ထိုကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရသည့်အခါ ဝမ်ချောင်ကပင် ကြောက်ရွံ့ရိုသေစိတ် ဖြစ်ပေါ်လာမိသည်။

“အရှင် ကျွန်တော်တို့ တန်ကြေးကြီးကြီး ပေးဆပ်ထားရပြီ”

သူ၏စစ်သားများ တစ်သုတ်ပြီးတစ်သုတ် သေဆုံးနေခြင်းကို ကြည့်နေရင်း ထိုအကြီးအကဲက တည်ငြိမ်အောင် ထိန်းနိုင်ရန် ခက်ခဲသထက် ခက်ခဲလာသည်။ တောင်ခြေရှိ သူ၏နေရာမှတဆင့် ဆင်ခြေလျောတလျှောက် စီးဆင်းလာသော သွေးမျှင်များကိုမြင်နိုင်သည်။

တိုက်ပွဲ၏ ပြင်းထန်မှုက သူ၏မျှော်လင့်ထားမှုကိုပင် ကျော်လွန်သွားသည်။ တောင်မြေပြင် တစ်ခုလုံးက သွေးချင်းချင်း ရဲနေပြီဖြစ်ပြီး မာန်ရှဲ့ယွီစန်း စစ်တပ်ကသွေးလော သို့မဟုတ် အန်းနန်အစိုးရစစ်တပ်က သွေးလောပင် မခွဲနိုင်တော့ချေ။

“ဘာမှလုပ်နိုင်တာမရှိဘူး။ ဒါကကျွန်တော်တို့ ပေးကိုပေးရမဲ့ တန်ကြေးပဲ”

သာ့လွန်ရော့ကျန်းကလည်း မျက်လုံးကို ဖြေးညှင်းစွာမှိတ်လိုက်သည်။ သူကိုယ်တိင်ကပင် ဒီလိုရက်စက်လွန်းသော တိုက်ပွဲကို ရင်ဆိုင်ရရာတွင် တည်ငြိမ်အောင် မနည်းရုန်းကန်ရသည်။ အန်းနန်အစိုးရစစ်တပ်က သူမျှော်လင့်ထားသည်ထက် ကြာရှည်တိုက်ခိုက်နိုင်စွမ်းအား ရှိခဲ့သည်။

သူ၏နာ့ယိတော်ဝင်တပ်ရင်းကို စီမံကိုင်တွယ်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာ တောက်လျှောက်တွင် ကျန်းချုံကျန့်ချုံးကပင် သူ့ကိုထိုအဆင့်ထိရောက်အောင် မတွန်းပို့နိုင်ခဲ့ချေ။ သို့သော် ဒါကလိုအပ်သည့် တန်ကြေးကို ပေးဆပ်ရန်သာဖြစ်သည်။

“လူသားတွေက ဗျူဟာတွေကို သုံးနိုင်တယ်။ ဒီလိုမဟာထန်က တကယ်ကို မသက်မသာဖြစ်အောင် လုပ်နိုင်တာပဲ။ မဟာထန်မှာ ဒီလိုပါရမီရှင် နည်းနည်းသာ ထပ်ရှိနေရင် ယွီစန်းက ဘယ်တော့မှ ယှဉ်နိုင်မှာမဟုတ်ဘူး”

သာ့လွန်ရော့ကျန်းက တောင်ထိပ်သို့ ကြည့်လိုက်ပြီးနောက် သူ၏နှလုံးသားထဲ စိုးရိမ်မှုက ထွက်ပေါ်လာသည်။

အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် သာ့လွန်ရော့ကျန်းက အန်းနန်အစိုးရစစ်တပ်၏ စစ်သည်ရှစ်သောင်းကို အမြစ်ဖြတ် သုတ်သင်မည်ဆိုသော မူရင်းရည်ရွယ်ချက်မှတဆင့် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာသော ဝမ်ချောင်ကိုသာ အမြစ်ဖြတ် သုတ်သင်ရမည်ဆိုသော အဆင့်သို့ ပြောင်းလဲသွားခဲ့သည်။

သာ့လွန်ရော့ကျန်း၏ နက်ရှိုင်းသော နှလုံးသားထဲတွင်လည်း ဝမ်ချောင်ကို သုတ်သင်ရန်က အန်းနန်အစိုးရစစ်တပ်ကို ဖယ်ရှားခြင်းထက် ပို၍အလျင်လိုသင့်ကြောင်း ခံစားနေရသည်။

သို့သော် သာ့လွန်ရော့ကျန်းအနေဖြင့် သူ၏ထိုအတွေးများကို တစ်စွန်းတစ်စ ပေါက်ကြားအောင် လုပ်၍မရချေ။ ဝမ်ချောင်က မည်သူကမဆို ထင်ထားသည်ထက် ပိုပြီးသတိထားနိုင်လွန်းသေးသည်။ သူ့ကို ပတ်ပတ်လည် ဝိုင်းနေသော များပြားသည့် စစ်သည်တော်များကို ထည့်မတွက်လျှင်ပင် ဝမ်ချောင်ကိုယ်တိုင်က ကိစ္စအနည်းငယ် မှားယွင်းလာလျှင် ချက်ချင်း ထွက်ပြေးသွားနိုင်စွမ်းရှိနိုင်လောက်သည်။

ဝမ်ချောင်က တိဗက်များက မာန်ရှဲ့ကျောင်းကို တိုက်ခိုက်ရန် မာန်ရှဲ့ကျောင်းမှ စစ်သည်တော်များက တိဗက်များကို တိုက်ခိုက်ရန် သူ၏စစ်သည်တော်များကို ရုပ်ဖျက်နိုင်သည့် အချက်ကို မျက်မြင်တွေ့ကြုံပြီးနောက် သာ့လွန်ရော့ကျန်းကလည်း အံ့အားသင့်စရာ ကောင်းလောက်အောင် သူဝမ်ချောင်ကို အလဲထိုးနိုင်မည်ဟု သူမယုံကြည်တော့ချေ။

ခြိမ်း

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။ တောင်ဘက်ပိုင်းတွင် ကြီးမားသော အရှိန်အဟုန်ပြည့် မှင်သက်ဖွယ် နတ်ဘုရားက vairolacana ဗုဒ္ဓနှင့် ဟာဟီကိန်းမုန်တိုင်းနှင့် တိုက်ပွဲကို ဆင်နွဲနေသည်။ ထိုဗုဒ္ဓကို ဝိုင်းပတ်နေသည့် ရွှေရောင်ချီစက်ကွင်းအဝိုင်းက တောက်ပသော နေတစ်စင်းကဲ့သို့ ဖြစ်လာပြီး ထိုဗုဒ္ဓ၏ ခေါင်းထိပ်နောက်ဘက်တွင် ပေါ်လာကာ ကြီးမားသော နှင်းတောင်တန်းများကို ထုတ်ဖော်နေသည်။

ဒါက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ အဆင့်လွန်သိုင်းကို အကန့်အသတ်ထိ ထုတ်သုံးထားသည်ဆိုသော လက္ခဏာဖြစ်သည်။

ကြယ်တာရာစွမ်းအင်များက အရပ်မျက်နှာအနှံ့မှ စုစည်းရောက်ရှိလာပြီး နှင်းတောင်တန်း ပုံရိပ်ထဲရှိ ချီစက်ကွင်းထဲတွင် စုစည်းရောက်ရှိသွားသည်။ ယွီစန်းအင်ပါယာက ထိုအဆင့်သိုင်းမျိုးကို မပိုင်ဆိုင်ထားသော်လည်း မြောက်များလှစွာသော အဆင့်မြင့်သိုင်းများနှင့် လက်နက်များကိုသုံးကာ စစ်သည်တော်များ၏ ခွန်အားကို မြင့်မားအောင် လုပ်ပေးနိုင်စွမ်းရှိသည်။

သူတို့၏အဆင့်က အရှိန်အဟုန်ပြည့် မှင်သက်ဖွယ် နတ်ဘုရားနှင့်ယှဉ်သော် လိုအပ်ချက် ရှိနေသေးလေသည်။

ဟီး ဟီး ဟီး

ဟော်ရှု့ဟွေ့ခမ်း၏ အနောက်ဘက်တွင် တောင်ပေါ်ဒေသတွင် ကြီးပြင်းလာသော တောင်ပေါ်မြင်းများ အားလုံးက မြေပြင်သို့ လဲကျသွားကြပြီး အမြဲတစေ သတိကြီးကြီးထားကာ ရဲရင့်ပြတ်သားပါသည်ဆိုသော တိဗက်စစ်သည်များအားလုံးကလည်း သူတို့၏ စွမ်းအင်များက ခြောက်ကပ်သွားသလိုမျိုး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

ဟော်ရှု့ဟွေ့ခမ်း၏ အနီးဝန်းကျင်တွင်ရှိသော အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော်များကလည်း အခြေအနေ မကောင်းချေ။

ချွင် ချွင် ချွင်

သူတို့၏ ချီစက်ကွင်းများက ဆက်လက်ပြီး တောက်ပနေသေးသော်လည်း ထိုစစ်သည်တော်များက အားနည်းလာကြသည်။

အရှိန်အဟုန်ပြည့် မှင်သက်ဖွယ် နတ်ဘုရားဝင်္ကပါက အခြားဗိုလ်ချုပ်များ၏ စွမ်းအင်များကို စုပ်ယူရုံသာ မကလေဘဲ အခြားသော သာမာန်စစ်သားများမှ စွမ်းအင်များကိုလည်း စုပ်ယူသည်။ ထိုအကြောင်းပြချက်ကြောင့် ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က ဟော်ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်ကို ရင်ဆိုင်ရမှသာ ထိုဝင်္ကပါကို ထုတ်သုံးခြင်းဖြစ်သည်။

တောင်ပိုင်းမှ တိုက်ပွဲက သေကွင်းသေကွက် မိနေသလိုမျိုး မတိုးသာ မဆုတ်သာ အခြေအနေဖြစ်နေချိန်တွင် အခြားတစ်ဖက် ဝမ်ချောင်နှင့် သာ့လွန်ရော့ကျန်း၏ တိုက်ပွဲကလည်း အလွန်ပြင်းထန်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

“သတိပေးချက် အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော် ၁၂၈၀ယောက် သေသွားပါပြီ”

“သတိပေးချက် အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော် ၂၃၁၄ယောက် သေသွားပါပြီ”

“သတိပေးချက် အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော် ၃၁၂၅ယောက် သေသွားပါပြီ”

“သတိပေးချက် အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော် ၃၈၄၇ယောက် သေသွားပါပြီ”

ဝမ်ချောင်၏ စိတ်အတွင်း အသံက ဆက်တိုက်ထွက်ပေါ်နေပြီး ကံကြမ္မာကျောက်တုံး၏ အဆုံးမသတ်နိုင်လောက်အောင် များပြားသော သတိပေးချက်များက ထွက်ပေါ်နေသည်။ ဝမ်ချောင်ကလည်း သာ့လွန်ရော့ကျန်း၏ အကြံအစည်က နောက်ဆုံးတွင် သက်ရောက်မှုရှိလာကြောင်းကို သိလိုက်သည်။ ဝမ်ချောင်၏ အန်းနန်အစိုးရစစ်တပ်က ဆုံးရှုံးမှုကြီးမားလာပြီဖြစ်သည်။

ဗျူဟာတွေက ဒီနေရာမှာ အသုံးမဝင်ဘူး။

သာ့လွန်ရော့ကျန်းက အဆုံးမသတ်နိုင်အောင် များပြားသော စစ်သားများကို သုံးနေချိန်တွင် မာန်ရှဲ့ယွီစန်းစစ်တပ်က တောင်ပေါ်သို့ ဆက်တိုက်တက်နေပြီး သူတို့က မည်သို့သော ခုခံမှုကို ရင်ဆိုင်ရစေကာမူ နောက်တွန့်မသွားခဲ့ချေ။ မည်မျှသော စစ်သားများကို သူတို့က ဆုံးရှုံးရစေကာမူ အမြဲတစေ ရှေ့သို့တက်နေခဲ့သည်။

ဝမ်ချောင်က အမိန့်ပေးနိုင်သော စစ်သည်လေးသောင်းက ရေခဲအားလှိုင်းများကို ကြံ့ကြံ့ခံ ရင်ဆိုင်နေသလိုမျိုး အေးစက်ကာ ကြမ်းတမ်းသည့် ကျောက်သားများကဲ့သို့ ဖြစ်နေလျှက် တစ်ဖက်က မည်မျှပင် ချဉ်းကပ်လာစေကာမူ ဘယ်သောအခါမှ နောက်မဆုတ်ခဲ့ချေ။ ဝမ်ချောင်ပင်ဖြစ်စေ သာ့လွန်ရော့ကျန်း၏ စစ်တပ်ကပင်ဖြစ်စေ ကြီးလေးသော ဆုံးရှုံးမှုကို ရင်ဆိုင်နေရသည်။

“မြင်းတပ် မင်းတို့ရဲ့မြင်းတွေကိုစီး”

တိုက်ပွဲ၏ အထွတ်အထိပ် အခြေအနေတွင် ဝမ်ချောင်၏မျက်လုံးက ဖြတ်ကနဲလက်လျှက် နှင်းခွာမြင်းကို တက်စီးလိုက်သည်။ သူ၏အနောက်ဘက်မှ မဟာထန်၏ မြင်းစစ်သည်တော် တစ်ယောက်ပြီးတစ်ယောက်က မြင်းပေါ်တက်လိုက်သဖြင့် မြင်း၏ဟီသံများက ထွက်ပေါ်လာသလိုမျိုး အသံများက တစ်သုတ်ပြီးတစ်သုတ် ထွက်ပေါ်လာကြသည်။

ချွင်

တုန့်ဆိုင်းမနေဘဲ ဝမ်ချောင်က သူ၏ဝု့စ်သံမဏိဓားကို ထုတ်လိုက်သည်။

“လင်းဝူရှို့ ငါစစ်တပ်ရဲ့ အမိန့်ကို့ မင်းအတွက်ထားခဲ့မယ်”

ဟီး ဟီး ဟီး

ခွာဖြူအရိပ်က ကျယ်လောင်သော ဟီသံနှင့်အတူ မဟာထန်မြင်းတပ် အယောက်နှစ်ထောင်ကျော်ကို ဦးဆောင်ကာ မိုးကြိုးပစ်လိုက်သလိုမျိုး တောင်အောက်သို့ ဒုန်းဆိုင်းထိုးဆင်းသည်။ ထိုသို့ဖြင့် မဟာထန်က သူ၏လုပ်နိုင်စွမ်းအားများ အားလုံးကို ထုတ်သုံးလိုက်ပြီဖြစ်သည်။

ခြိမ်း

မည်သူကမှ ဝမ်ချောင်၏ မြင်းတပ်နှစ်ထောင်က မာန်ရှဲ့ယွီစန်း စစ်တပ်အပေါ် သက်ရောက်နိုင်သော သက်ရောက်မှုကို မဖော်ပြနိုင်လောက်ချေ။ ဝမ်ချောင်က မာန်ရှဲ့ယွီစန်း စစ်တပ်၏ တပ်ဖွဲ့အနည်းဆုံး အားအနည်းဆုံးနေရာကို ရွေးချယ်ကာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဝမ်ချောင်၏မြင်းတပ်က တောင်ပေါ်မှ တောက်လျှောက် ဆင်းသက်လာချိန်တွင် ဖုန်မှုန့်တပ်ရင်း ချီစက်ကွင်းက အထက်ရှဆုံး ဓားတစ်လက် ဖြစ်သွားပြီး မာန်ရှဲ့ယွီစန်း စစ်တပ်တစ်ခုလုံးကို တစ်ချက်ထဲဖြင့် ထိုးသွင်းတော့သည်။

ဝုန်း

မရေမတွက်နိုင်သော အကြည့်များ၏အောက်တွင် တောင်ဘေးတောက်လျှောက် ဝရုန်းသုန်းကား ဖြစ်သွားသည်။ ဝမ်ချောင်၏ အသင်္ချေကြယ်စင်ဝင်္ကပါက တဖန်ထပ်ပြီး ဖိအားထုတ်နိုင်လာကာ ဝမ်ချောင်၏ မြင်းတပ်နှစ်ထောင်ကလည်း ကုလားအုပ်တစ်ကောင်၏ ကျောကို ကျော်ဖြတ်လာသော ကောက်ရိုးတစ်မျှင်အလား ထင်ရသည်။

“အား”

မာန်ရှဲ့ယွီစန်း စစ်တပ်ထဲတွင် ကျယ်လောင်စူးရှသော အော်ဟစ်သံများနှင့်အတူ စစ်တပ်က ကစဉ့်ကလျား ဖြစ်သွားသည်။ ဝမ်ချောင်၏ အသင်္ချေကြယ်စင်ဝင်္ကပါက အရှိန်အဟုန်အပြည့်ဖြင့် ချီတက်လာချိန်တွင် လျှင်မြန်စွာဖြင့် တိဗက်နှင့် မာန်ရှဲ့ကျောင်းမှ စစ်သည်တော်များ အားလုံးကို အောက်သို့လွင့်စင်ကျကုန်ချေသည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူ မာန်ရှဲ့ယွီစန်းစစ်တပ်က စစ်သည်တော် ၇၈၆၁၅ယောက် သေသွားပါပြီ”

“ဂုဏ်ယူပါတယ် အသုံးပြုသူ မာန်ရှဲ့ယွီစန်းစစ်တပ်က စစ်သည်တော် ၈၆၁၃၅ယောက် သေသွားပါပြီ”

“ဂုဏ်ယူပါတယ် အသုံးပြုသူ မာန်ရှဲ့ယွီစန်းစစ်တပ်က စစ်သည်တော် ၉၁၅၄၃ယောက် သေသွားပါပြီ”

“ဂုဏ်ယူပါတယ် အသုံးပြုသူ မာန်ရှဲ့ယွီစန်းစစ်တပ်က စစ်သည်တော် ၉၈၇၁၂ယောက် သေသွားပါပြီ”

ဝမ်ချောင်၏ စိတ်ထဲတွင်လည်း သတင်းပို့သံများက ဆက်တိုက် ထွက်ပေါ်လာပြီး ထိုအသံများက အထွတ်အထိပ် ရောက်ရှိသွားချိန်တွင် ဝမ်ချောင်က အံ့အားသင့်စရာကောင်းသော သတင်းတစ်ခုကို ရလိုက်သည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူ တိုင်းတစ်ပါးသား ကျူးကျော်သူ စစ်သည် ၂သိန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် အဆင့်မြင့်တင်ထားတဲ့ အခြေအနေတစ်ခုကို ပြည့်မှီသွားခဲ့ပါတယ်။ တိုက်ပွဲနယ်မြေအဆိပ် ချီစက်ကွင်းက အဆင့်သုံးကို တက်သွားပါပြီ”

တလောကလုံးက ထိုတခဏတွင် တိတ်ဆိတ်သွားသည်ဟုပင် ထင်ရပြီး အချိန်ကပင် အလွန်အလွန် နှေးကွေးစွာ တရွေ့ရွေ့ ကုန်ဆုံးလာသည်ဟုပင် ခံစားမိလိုက်သည်။

ဝုန်း

ရုတ်တရက် ဝမ်ချောင်၏ကိုယ်က ပေါက်ကွဲလာသော စွမ်းအားက မိုးကုတ်စက်ဝိုင်းတည့်တည့် ဦးတည်တော့မည့်အလား ထိုနယ်မြေတောက်လျှောက် ဖုံးလွှမ်းသွားတော့သည်။

အခန်း(၆၁၀)

ထိုသို့ပြောင်းလဲသွားသည့် အခြေအနေ၏ သက်ရောက်မှုကို မည်သူကမျှ မဖော်ပြနိုင်လောက်ချေ။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်အလွန်များသည့် တိုက်ပွဲနယ်မြေတွင် တိတ်တဆိတ် ပျံ့လွင့်လာသော အားလှိုင်းတစ်ခုထဲကတင် သောင်းပေါင်းများစွာသော စစ်ချီစက်ကွင်း တစ်ဝက်ကျော်ကျော်ခန့်ကို ရုတ်တရက် ဖယောင်းတိုင်မီး ညိမ်းသွားသလို မှေးမှိန်သွားစေခဲ့သည်။ အချို့သော မာန်ရှဲ့ယွီစန်း စစ်သားများက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး အစစ်အမှန် သိုင်းနယ်မြေ အဆင့်မှ ကျရှုံးသွားကြသည်။

“သောက်ကျိုးနည်း ဘာတွေဖြစ်ကုန်ပြန်တာလဲ”

မာန်ရှဲ့ယွီစန်း စစ်သည်တော်များ အားလုံးက အံ့အားသင့်ကာ မျက်နှာများက ရှုံ့တွသွားကြလျှက် သရဲတစ်ကောင်ကို မြင်ရသလို ဖြစ်သွားကြသည်။ အစစ်အမှန် သိုင်းနယ်မြေ မူလစွမ်းအင် နယ်မြေကြားမှ ကွာခြားမှုက အလွန်ကြီးမားပြီး လူသန်မာကြီးတစ်ယောက်က ကျောက်တုံးကို မနေရာမှ ရုတ်တရက် ကလေးငယ်တစ်ယောက် ဖြစ်သွားကာ ကြက်တစ်ကောင်ကိုပင် မ မနိုင်ဖြစ်သွားသည်။

တိုက်ပွဲနယ်မြေအဆိပ်က တတိယအဆင့်သို့ ရောက်သွားသောအခါ သက်ရောက်မှုက အချို့သော ဗိုလ်ချုပ်များကိုပင် အံ့အားသင့်စေလောက်အောင် ကြီးမားသွားစေသည်။ သူတို့ကလည်း ပတ်ဝန်းကျင်မှ အပြောင်းအလဲအပေါ် အမြဲတစေ အာရုံအစိုက်ဆုံး ဖြစ်နေခဲ့လေရာ ချက်ချင်းလိုလို သတိထားမိလိုက်သည်။

“သေစမ်း အဲ့ဒီမျိုးမစစ်ကောင်ပဲ ဖြစ်ပြန်ပြီ”

လူတိုင်း၏ အကြည့်က တောင်ထိပ်ထံ ရောက်သွားလေသည်။ ခဲ့လော့ဖုန်း၏ မျက်နှာကပင် မနေနိုင်ဘဲ ရှုံ့သွားသည်။ ဝမ်ချောင်၏ တည်ရှိမှုက အနောက်တောင်ပိုင်း၏ စစ်ပွဲကို ပြင်းထန်စွာ ပြောင်းလဲစေခဲ့ပြီးသားဖြစ်သည်။ သူ၏လုပ်နိုင်စွမ်းအားက စစ်သည်တော် တစ်ယောက်နှစ်ယောက် ဗိုလ်ချုပ် တစ်ယောက်နှစ်ယောက်ခန့်က လုပ်နိုင်သည်လောက် မရိုးရှင်းတော့ချေ။ စစ်ပွဲနယ်မြေ တစ်ခုလုံး၏ ရလဒ်ကို လွှမ်းမိုးနိုင်သည့် လူတစ်ယောက် ဖြစ်နှင့်နေလေပြီ။

ဘယ်လိုဖြစ်ပြီး ဒီလောကမှာ ဒီလိုချီစက်ကွင်းမျိုးက တည်ရှိမှာလဲ။

ဘာလို့ငါက မကြားဖူးရတာလဲ။

ထိုတခဏတွင် ခဲ့လော့ဖုန်း၊ သွမ့်ခဲ့ချွမ်၊ သာ့လွန်ရော့ကျန်းတို့ အားလုံးက တူညီစွာဖြင့် တွေးလိုက်ကြသည်။

သူတို့က မည်သို့ပင် တွေးစေကာမူ ဝမ်ချောင်၏ တိုက်ပွဲနယ်မြေအဆိပ် ချီစက်ကွင်းက တတိယအဆင့်သို့ တိုးတက်သွားပြီးသည့်အတွက် သူ၏စစ်သည်တော်များ၏ အင်အားကို တောက်လျှောက် တိုးမြှင့်လိုက်နိုင်သည်။ မာန်ရှဲ့ယွီစန်းစစ်တပ် တစ်ခုလုံးက ကစဉ့်ကလျား ဖြစ်သွားကြပြီး ချီစက်ကွင်း သက်ရောက်မှုက ဟော်ရှု့ဟွေ့ခမ်းနောက်မှ တိဗက်စစ်သည်တော်များထံ ရောက်သွားသည်။

ဟော်ရှု့ဟွေ့ခမ်းက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ လျို့ဝှက်သိုင်းကို ထုတ်သုံးပြီး ထိုစစ်သည်တော်များ၏ စွမ်းအားများကို တောက်လျှောက် စုပ်ယူနေရခြင်းဖြစ်သည်။ ဝမ်ချောင်၏ တိုက်ပွဲနယ်မြေ အဆိပ်ချီစက်ကွင်းက ထိုစစ်သည်တော်များကိုလည်း အားနည်းသွားစေလေရာ ဟော်ရှု့ဟွေ့ခမ်းနှင့် ဆက်သွယ်ထားသည့်အလျောက် သူကလည်း သက်ရောက်ခံရသည်။ ထိုအခိုက် သူက ဝမ်ရန်၏ အရှိန်အဟုန်ပြည့် မှင်သက်ဖွယ် နတ်ဘုရားကို ယှဉ်ရာတွင် အားနည်းသွားရသည်။

“သေစမ်း”

ဟော်ရှု့ဟွေ့ခမ်း၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။ ဘယ်သောအခါကမှ ဝမ်ချောင်၏ ထိုချီစက်ကွင်းက သူ့အပေါ် သက်ရောက်မှုရှိမည်ဟု မထင်ခဲ့ဖူးချေ။ အဆင့်လွန် ကျွမ်းကျင်ပညာရှင်များ၏ တိုက်ပွဲတွင် ထိုအရာက သေနိုင်သော ခြိမ်းချောက်မှုမျိုးဖြစ်သည်။

“သတ်”

ထောင်ပေါင်းများစွာသော ထန်စစ်သည်တော်များက ဒီလိုအခြေအနေကို အခွင့်ကောင်းယူပြီး တောင်အောက်သို့ ဒုန်းစိုင်းဆင်းလာကြကာ တိဗက်နှင့် မာန်ရှဲ့ကျောင်း စစ်သားများ၏ လဲပြိုမှုကို ခုတ်ပိုင်းရိတ်သိမ်းရန် ကြိုးစားကြသည်။ မာန်ရှဲ့ယွီစန်းစစ်တပ်က အပြီးတိုင် သုတ်သင်ခံရသလိုမျိုး ထင်ရသော အချိန်တွင် တောင်ထိပ်ထံမှ နောက်ထပ် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာပြန်သည်။

ထိုသို့ထွက်ပေါ်လာသည့် အသံကြီးက ကျယ်လောင်လွန်းလှပြီး ကြီးမားသော ဒီတောင်ကိုပင် အကြိမ်အနည်းငယ် လှုပ်ခါသွားစေပြီး တောင်ထိပ်တစ်ခုလုံးကို ဖုန်မှုန့်များ ရစ်ခွေသွားစေသည်။

ဝမ်ချောင်က ရန်သူစစ်တပ်တောက်လျှောက် သတ်ဖြတ်ရင်း ရှေ့သို့အပြေးနှင်လာချိန်မှ ရုတ်တရက် ထိုအသံကို ကြားသောအခါ မျက်နှာက ဖြူဖျော့သွားပြီး ချက်ချင်းလိုလို သူ၏ခွာဖြူအရိပ်ကို နောက်သို့ လှည့်ကြည့်လိုက်သည်။

“မကောင်းတော့ဘူး အဲ့ဒီဦးတည်ရာဘက်က...”

အခြေအနေက ဘာဖြစ်သွားကြောင်း သူကနားလည်လိုက်သည်။

ထိုတောင်ထိပ်တွင် အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော် လူအုပ်အပြည့် ရှိနေပြီး ထိုနေရာတွင် ဘာမှမဖြစ်လာသင့်ချေ။ သို့သော် ဦးတည်ရာဘက်က ရှင်းလင်းစွာဖြင့်ပင်...

“သခင်လေး မကောင်းတော့ဘူး တိဗက်တွေက လူလွှတ်ပြီး ကျွန်တော်တို့ရဲ့ ရေအရင်းအမြစ်ကို ဖျက်ဆီးလိုက်ပြီ”

တောင်ပေါ်မှ မြင်းစစ်သည်တော် တစ်ယောက်က ဆင်းလာရန် အချိန်တခဏခန့်သာ လိုအပ်တော့သည်။ သူက ချက်ချင်းလိုလို ဝမ်ချောင်၏ရှေ့တွင် ဒူးထောက်လျှက် တင်လျှောက်သည်။

“ဘာ”

မိုးကြိုးအပစ်ခံလိုက်ရသလိုမျိုး ဝမ်ချောင်၏ကိုယ်က ယမ်းခါသွားသည်။ ထိုအခိုက် သူ၏တစ်ကိုယ်လုံးက ရေအေးများ အလောင်းခံလိုက်ရသလို ခံစားလိုက်ရသည်။

သာ့လွန်ရော့ကျန်း

ဝမ်ချောင်၏အကြည့်က သာ့လွန်ရော့ကျန်းရှိရာ နေရာသို့ ချက်ချင်းရောက်သွားသည်။

ငါထောင်ချောက်ထဲကျသွားပြီ။

ထိုအတွေးကသာ ဝမ်ချောင်၏ စိတ်ထဲ ထွက်ပေါ်လာတော့သည်။ သူ၏တွက်ချက်မှုကို မှန်ကန်စွာ အတည်ပြုလိုက်နိုင်သည်မှာ ရုတ်တရက် တောင်ခြေ၏ စစ်တပ်ထံမှ ထွက်ပေါ်လာသော နောက်ဆုတ်ဆိုသော အမိန့်ဖြစ်သည်။

သာ့လွန်ရော့ကျန်းက နောက်ဆုံးတွင် နောက်ဆုတ်ရန် ရွေးချယ်သွားသည်။

“ငါ့ကိုဦးဆောင်ပြီး ခေါ်သွားစမ်း”

ဝမ်ချောင်တွင် တွေးနေရန် အချိန်မရှိချေ။ သူကချက်ချင်းလိုလို မြင်းကိုလှည့်လိုက်ပြီး တောင်ပေါ်သို့ ပြန်လှည့်လိုက်သည်။

အန်းနန်အစိုးရစစ်တပ်က ဆက်လက်ပြီး ရန်သူ၏အနောက်သို့ လိုက်နေသည်။ သို့သော် ဝမ်ချောင်၏ အာရုံကမူ အခြားတစ်နေရာသို့ ရောက်သွားသည်။

“သခင်လေး တစ်ချက်ကြည့်ပါ”

တောင်အနောက်ဘက်တွင် ဂူတစ်ဂူက ပြိုလဲကျနေပြီး ရေများက ယိုဖိတ်ကျနေသည်မှာ ရေတံခွန် ကျနေသည့်အလား ထင်ရသည်။

“တိဗက်တွေက ကြီးမားတဲ့ ကျောက်တုံးတစ်တုံးကိုသုံးပြီး ဒီနေရာကို တက်လာခဲ့တယ်။ အဲ့ဒီနောက် သူတို့က ဒီဂူကိုဖြိုလိုက်ကြပြီး ကျွန်တော်တို့ သိုလှောင်ထားတဲ့ ရေတိုင်းကို တူးထုတ်လိုက်ကြတယ်”

အစောင့်၏မျက်နှာက ဖြူဖျော့နေသည်။

ဝမ်ချောင်က ခေါင်းလှည့်ပြီး ထိုအစောင့်ကပြောသော ကျောက်တုံးကို ကြည့်လိုက်သည်။

“မင်းပြောတာက သူတို့က ဒီကျောက်တုံးပေါ်မှာနေပြီး ကောင်းကင်ပေါ်ကနေ ခုန်ဆင်းလာကြတယ်လို့လား”

“ဟုတ်ပါတယ် သခင်လေး”

ဝမ်ချောင်က တိတ်ဆိတ်သွားသည်။ ကျောက်တုံးပေါ်ကနေ ဒီတိုင်းထိုင်ပြီး ကောင်းကင်ပေါ်ကနေ ခုန်ဆင်းသွားခြင်းဆိုသော အကြံက သေချာပေါက် ဒဏ်ရာပြင်းပြင်းထန်ထန်ရသည့် အခြေအနေမျိုးနှင့် အဆုံးသတ်လောက်သည်။

အသေခံစစ်သားတွေပဲ။

ဝမ်ချောင်က ထိုသို့သာ တွေးလိုက်နိုင်သည်။ သူကိုယ်တိုင်ကပင် သာ့လွန်ရော့ကျန်းက ထိုသို့သော နည်းလမ်းမျိုးကိုသုံးပြီး စစ်သည်တော်ကို ပို့လွှတ်လိုက်မည်ဟု မထင်ခဲ့ဖူးချေ။ သံသယဝင်ရန် မလိုလောက်အောင် ထိုစစ်သားတိုင်းက ဒီတောင်ပေါ်တွင် သေနိုင်ကြောင်းကို သိထားကြပြီး ထိုဖြစ်ရပ်ကိုလည်း လက်ခံထားပြီးသားဖြစ်သည်။ ထိုအတွေးနှင့်အတူ ဝမ်ချောင်၏အကြည့်က ပတ်ဝန်းကျင်တောက်လျှောက် သွားကြည့်ပြီး မျှော်လင့်ထားသည့်အတိုင်း အလောင်းများကို တွေ့လိုက်ရသည်။

“ကျွန်တော်တို့ တောင်ထိပ်ပတ်ပတ်လည်အပြည့် လူအင်အား ဖြန့်ကျက်ထားတာပါ။ ကျွန်တော်တို့ ဒီလူတွေကို ရှာတွေ့တဲ့အချိန်မှာတော့ နောက်ကျသွားခဲ့ပြီ”

အစောင့်က ရှက်ရွံ့စွာပြောသည်။

“ငါတို့ရေသိုလှောင်ထားတဲ့ တောင်ပေါ်ကနေရာက ၁၇နေရာရှိတယ်။ နေရာဘယ်လောက်များများ အဆိပ်ခတ်ခဲ့ရလဲ”

“ရှစ်နေရာပါ”

ဝမ်ချောင်၏မျက်နှာက မည်းမှောင်သွားသည်။ သူ၏နှလုံးသားကလည်း လေးလံသွားရသည်။ ယခုအခါမှသာ သာ့လွန်ရော့ကျန်း၏ အကြံကို အပြည့်အဝ နားလည်လိုက်သည်။ ပြင်းထန်သည့် တိုက်ပွဲက ဘယ်သောအခါကမှ သူ၏ပန်းတိုင် မဟုတ်ခဲ့ချေ။ ဟော်ရှု့ဟွေ့ခမ်း၏ တိုက်ပွဲကလည်း ငါးစာပင် ဖြစ်ခဲ့သေးသည်။ သူ၏အစစ်အမှန် ပန်းတိုင်က တောင်ထိပ်ရှိ သိုလှောင်ထားသော ရေအရင်းအမြစ်ဖြစ်သည်။

သူ၏ကိုင်တွယ်မှုအောက်တွင် သူက သူ၏စစ်သည် သိန်းပေါင်းများစွာကို ချက်စ်အပိုင်းအစလို ကစားခဲ့သည်။ ဝမ်ချောင်ကပင် သူထိုယွီစန်း၏ မဟာအမတ်ကို အထင်သေးခဲ့မိကြောင်း ဝန်ခံရပေမည်။ ထိုလူက လှည့်ကွက်များ ချရဲသလို လုပ်ရဲသည်။

ငါသူ့ကို တချိန်လုံး အထင်သေးခဲ့မိတာကြောင့်ပဲ။ ပြည်တွင်းအမတ်တစ်ယောက်က ကျန်းချုံကျန့်ချုံး၊ ခဲ့လော့ဖုန်း၊ ဟော်ရှု့ဟွေ့ခမ်းလို အနောက်တောင်ပိုင်းက ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေနဲ့ တန်းတူ ထိုင်နိုင်စွမ်းရှိတာ အလကားမဟုတ်ဘူးပဲ။

ကျန်းချုံကျန့်ချုံးက ရည်မှန်းချက်ကြီးမားပြီး အနောက်တောင်ပိုင်းတွင် လုပ်နိုင်စွမ်းအား မြင့်မားသူ ဖြစ်သော်လည်း ဆယ်နှစ်ကျော်ကာလအတွင်း သူကဘာမှ မလုပ်နိုင်ခဲ့ချေ။ ကြည့်ရသည်မှာ...

ကျန်းချုံကျန့်ချုံး၏ အင်ပါယာ၏ကျားဟု သတ်မှတ်ခံရခဲ့သော်လည်း မြို့တော်မှ ကလန်ကြီးများနှင့် အထက်တန်းလွှာ အဖွဲ့အစည်းကြီးများက သူ၏အရှေ့တွင် အမြဲလိုက်ကာချထားသလို ထိန်ချန်ကာ လျော့ပေါ့ကာ ရိုကျိုးစွာ လေးစားပြုမူပြခဲ့ရသည်။ ဝမ်ချောင်ကလည်း ယခင်က ထိုအချက်ကို နားလည်မှု လွဲမှားနေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုမူ ကျန်းချုံကျန့်ချုံး၏ အခြေအနေကို နားလည်လိုက်သည်။ သာ့လွန်ရော့ကျန်းက လူတစ်ယောက်ကို ချက်ချင်းလိုလို သတိအနေအထားဖြစ်အောင် လုပ်တတ်သော လူမျိုးမဟုတ်ဘဲ ပထမဦးဆုံးအမြင်တွင် ထိုလူက ဒီလောက်ပဲ လုပ်နိုင်သည်ဟု ထင်ရစေလောက်အောင် ကိုယ့်ကိုယ်ကို အနှိမ့်ချခံပြီးမှသာ ပြောင်းလဲပစ်အောင် လုပ်ခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကို သေချာစေရန် လူကိုထိုးနှက်ခြင်းလည်းဖြစ်သည်။ သာ့လွန်ရော့ကျန်း၏ အစစ်အမှန် ရိုက်ချက်က အမြဲတစေ ထိုသို့သာ ဖြစ်တတ်သည်။ အံ့အားသင့်မှုနှင့်အတူ သေစေနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်သွားစေတတ်သည်။

“ရေအား ရေတွေ”

ရုတ်တရက် ဝမ်ချောင်က ခေါင်းမော့လိုက်ပြီးနောက် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

သာ့လွန်ရော့ကျန်းက သူ့ကိုခက်ခဲသော ပြဿနာတစ်ခု ပေးသွားသည်။ ထိုအခိုက် ဝမ်ချောင်တွင် ရွေးချယ်စရာ မရှိတော့ချေ။

တိဗက်နှင့် မာန်ရှဲ့ကျောင်း စစ်သားများက နောက်ဆုတ်သွားကြပြီဖြစ်ပြီး အလောင်းများ ပြည့်နေသော တောင်ကိုသာ ချန်ထားရစ်ခဲ့သည်။

“ဘယ်လိုလဲ”

သာ့လွန်ရော့ကျန်းက စိုးရိမ်တကြီးမေးသည်။ သူကထိုသို့ လုပ်လိုက်နိုင်သော်လည်း မပျော်ရွှင်နိုင်သေးချေ။

ယွီစန်းနှင့် မာန်ရှဲ့ကျောင်းက စစ်သည်ငါးသိန်းကို စုစည်းထားနိုင်ခဲ့ပြီး ဟော်ရှု့ဟွေ့ခမ်းကဲ့သို့ တော်ဝင်မဟာ ဗိုလ်ချုပ်နှင့် သွမ့်ခဲ့ချွမ်ကဲ့သို့သော လူမျိုး၏ အုပ်ချုပ်မှုအောက်တွင် ခဲ့လော့ဖုန်း၏ တိုက်ခိုက်မှုဖြင့် မာန်ရှဲ့ကျောင်းတစ်ခုလုံး၏ သတင်းအချက်အလက် စနစ်အားလုံး ပေါင်းစုံပြီး အဆုံးတွင်မှသာ သူတို့က ဒီအရေအတွက်ကို မှီခိုနိုင်ခဲ့ခြင်းဖြစ်သည်။ သာ့လွန်ရော့ကျန်းကပင် အလားတူ ထပ်လုပ်၍ မဖြစ်နိုင်ကြောင်း နားလည်နေသည်။

ဝမ်ချောင်က သူ၏အားနည်းသော စစ်တပ်ကို မှီခိုပြီး နာ့ယိတော်ဝင်အမတ်ကဲ့သို့ တိဗက်တောင်ပေါ်ဒေသ တလျှောက်လုံး ကျော်ကြားသောလူကို ထိုအဆင့်ထိရောက်အောင် တွန်းပို့နိုင်ခဲ့သည်။

“အယောက်တစ်သိန်းနှစ်သောင်းသုံးထောင့်လေးရာပါ”

သတင်းပို့က အရေအတွက်ကို ပြောပြလာသည်။

ဝုန်း

သူကိုယ်တိုင်ကလည်း စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးသည့်တိုင်အောင် သာ့လွန်ရော့ကျန်းအနေဖြင့် ထိုအရေအတွက်ကို ကြားပြီးချိန်တွင် သူ့နှလုံးသားက အလွန်လေးလံသွားရသည်။ မာန်ရှဲ့ယွီစန်းစစ်တပ်မှ လေးသိန်းကျော် စုရုံးတိုက်ခိုက်ခဲ့ရာတွင် ဆုံးရှုံးမှုက တစ်သိန်းနှစ်သောင်းကျော်နေသည်။ သူတို့က သူတို့၏ အင်အား၏ လေးပုံနှစ်ပုံကျော် ဆုံးရှုံးသွားခြင်းဖြစ်သည်။ ဒါကသူတို့ မတောင့်ခံနိုင်သော အခြေအနေဖြစ်သည်။ ထိုအရေအတွက်က သာ့လွန်ရော့ကျန်း၏ အကန့်အသတ်ကို ကျော်လွန်သွားသည်။

“ဘာလို့ဒီလောက် များနေတာလဲ။ အရေအတွက်က တိကျရဲ့လား”

သာ့လွန်ရော့ကျန်းက တင်းမာသော မျက်နှာထားဖြင့်မေးသည်။

သတင်းပို့က ခေါင်းကိုငုံ့ကာဖြေသည်။

“မဟာအမတ်ကို လျှောက်တင်ပါတယ်။ ကျွန်တော်တို့ ငါးကြိမ်လောက်တောင် ရေတွက်ပြီးပါပြီ”

“မဟာထန်က ဘယ်လောက်ဆုံးရှုံးသွားလဲ”

“တိတိကျကျ တွက်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခန့်မှန်းမှုအရ သူတို့ရဲ့ ဆုံးရှုံးမှုက နှစ်သောင်းသုံးထောင်ကနေ နှစ်သောင်းလေးထောင်ကြားမှာ ရှိပါတယ်”

သာ့လွန်ရော့ကျန်းက မျက်လုံးကိုမှိတ်လိုက်သည်။ သူအချိန်အတန်ကြာသည်အထိ စကားမပြောတော့ချေ။

“ငါ့ရဲ့အမိန့်ကိုထုတ်ပြီး စစ်တပ်တစ်ခုလုံးကို ပြန်လည်စုစည်းခိုင်းလိုက်။ နောက်ပြီး မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းကိုလည်း ငါ့ကိုအဖော်ပြုပြီး မဟာထန်ရဲ့ ဗိုလ်ချုပ်နဲ့ တွေ့ဆုံမယ်လို့ အမိန့်ထုတ်လိုက်ပါ”

“သခင်လေးကြည့် အောက်မှာ တစ်ခုခုဖြစ်နေပြန်ပြီ”

တောင်ပေါ်မှ သိန်းငှက်အိုကြီးက အောက်ဘက်မှ လှုပ်ရှားမှုကို သတိထားမိသွားပြီး တောင်အောက်ကို ညွှန်ပြသည်။

“ဟမ်”

ဝမ်ချောင်၏မျက်မှောင်က ပြေလျော့သွားပြီး သက်ပြင်းချလိုက်သည်။

“တိုက်ပွဲက ပြီးဆုံးကာစပဲရှိသေးတယ်။ သူက ဘာလုပ်ချင်ပြန်ပြီလဲ”

“သခင်လေးဝမ် ထွက်လာပြီး စကားပြောပေးနိုင်မလား”

တောင်တစ်ခုလုံးကို ကျယ်လောင်သော အသံက ဟိန်းထွက်လာပြန်သည်။ တောင်အောက်သို့ ငုံ့ကြည့်လိုက်သောအခါ မာန်ရှဲ့ယွီစန်းစစ်တပ်မှ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့၏ ပုံရိပ်က ထင်ရှားစွာ ထွက်လာကြောင်းကို မြင်လိုက်ရသည်။ ပထမဦးဆုံး တစ်ကြိမ်နှင့် မတူသည်မှာ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က ခပ်အေးအေး မရှိနေကြတော့ဘဲ အလွန်တည်ငြိမ်ပြီး လေးစားဟန်ကိုပင် မြင်ရသေးသည်။

“ကျွန်တော်တို့တွေ ဒီအဆင့်ထိ ရောက်ပြီးကြပြီ။ မဟာအမတ်က ဘာများအစီအစဉ် ချချင်သေးတာပါလဲ”

ဝမ်ချောင်က သူ၏တန်ချန်ထဲတွင် စွမ်းအင်များအားလုံးကို စုစည်းထားလိုက်သည်။ သူ၏မျက်ဝန်းက အလွန်အမင်း တောက်ပနေပြီး အကြောက်အလန့်မဲ့စွာပင် တောင်အောက်သို့ ငုံ့ကြည့်သည်။

“သခင်လေးက အရင်ထက်ပိုပြီး လေးနက်လာပြီပဲ။ သခင်လေးရဲ့အရှေ့မှာ ဒီရော့ကျန်းက အကြံအစည် ဘယ်လိုများ ချရဲမှာပါလဲ”

သာ့လွန်ရော့ကျန်းက ရိုးသားစွာပြောသည်။

“သခင်လေးက တိုက်ပွဲရဲ့ရလဒ်ကို မြင်ခဲ့ပြီးပြီပဲ။ အန်းနန်အစိုးရစစ်တပ်ရဲ့ ရေအရင်းအမြစ်က သုံးရက်တောင် မခံနိုင်လောက်တော့ဘူး။ ယွီစန်းအတွက် သခင်လေးနဲ့ အန်းနန်အစိုးရ စစ်တပ်အတွက် သာ့လွန်ရော့ကျန်းက သခင်လေးကို ရိုးသားစွာနဲ့ ဆွေးနွေးချင်ပါတယ်”

“ဒီသာ့လွန်ရော့ကျန်းက ဘာလုပ်ချင်ပြန်ပြီလဲ”

ထိုအခိုက် ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ကဲ့သို့ ဒဏ်ရာများကို ကုစားနေသော လူများကပင် မနေနိုင်ဘဲ အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က မာန်ရှဲ့ယွီစန်း စစ်တပ်နှင့် တစ်လကျော် တိုက်ခိုက်ခဲ့သည်။ သာ့လွန်ရော့ကျန်း၏ ယခုအပြုအမူကမူ ခန့်မှန်းရ ခက်ခဲလွန်းသည်။

ထိုသို့နှိမ့်ချပြီး ကိုယ့်ကိုယ်ကို နိမ့်ကျပြနေခြင်းက သာ့လွန်ရော့ကျန်းထံမှ သူတို့မမြင်ဖူးသော အခြေအနေမျိုး ဖြစ်သည်။

“မဟာအမတ်အနေနဲ့ ဒီကိစ္စကို စိုးရိမ်ဖို့ မလိုပါဘူး။ မဟာအမတ်က ပြောစရာရှိတယ်ဆိုရင် ရိုးရိုးရှင်းရှင်း ပြောနိုင်ပါတယ်”

ဝမ်ချောင်က တည်ငြိမ်စွာပြောသည်။

“သခင်လေးဝမ် ကျွန်တော်ပြောရမဲ့ စကားတွေ ရှိနေသေးတယ်။ အန်းနန်အစိုးရစစ်တပ်နဲ့ သခင်လေးကသာ အညံ့ခံမယ်ဆိုရင် သခင်လေးနဲ့ အန်းနန်အစိုးရစစ်တပ်က စစ်သည်တော်တိုင်းကို သင့်တင့်လျောက်ပတ်တဲ့ ပုံစံမျိုးနဲ့ ဆက်ဆံမယ်လို့ အာမခံပေးနိုင်ပါတယ်”

“သခင်လေးနဲ့ အန်းနန်အစိုးရစစ်တပ်က စစ်သည်တော်တွေကို မဟာထန်ကို ပြန်လွှတ်ပေးဖို့က မဖြစ်နိုင်ပေမဲ့ သခင်လေးနဲ့ စစ်သည်တော်တို့ လုံလုံခြုံခြုံနဲ့ တိဗက်ပြင်ကျယ်မှာ ဆက်နေနိုင်သွားပါတယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး”

“ဒါက သခင်လေးနဲ့ ကျွန်တော်တို့ရဲ့ ယွီစန်းနှစ်ခုလုံးအတွက် အကောင်းဆုံးရလဒ်ပါပဲ။ သခင်လေးကလည်း ဒီကမ်းလှမ်းချက်ကို ရိုးရိုးသားသားနဲ့ လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုနည်းလမ်းနဲ့ ကျွန်တော်တို့ နောက်ထပ် အကျိုးမဲ့ စတေးတာမျိုးကို မလိုအပ်လောက်တော့ပါဘူး”

နောက်ဆုံးစကားနှင့်အတူ သာ့လွန်ရော့ကျန်းက သူ၏ပိုးသားယပ်တောင်ကို ချလိုက်သည်။ သူ၏အကြည့်က ရိုးသားမှုပြည့်နှက်လျှက် ဝမ်ချောင်ကို မော့ကြည့်သည်။

တိုက်ပွဲနယ်မြေ တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ခဲ့လော့ဖုန်း၊ သွမ့်ခဲ့ချွမ်၊ ဟော်ရှု့ဟွေ့ခမ်းတို့ကဲ့သို့ တောင်ပိုင်းမှ အင်အားစုတိုင်းက ထိုကမ်းလှမ်းချက်ကို လက်ခံလိုသော်လည်း တိတ်ဆိတ်နေကြသည်။

အင်အားကြီးသူက အင်အားကြီးသူကို လေးစားသည်။ တိုက်ပွဲက ဒီလိုအဆင့်ထိ ရောက်ရှိပြီးနောက်တွင် မာန်ရှဲ့ယွီစန်း၏ ဆုံးရှုံးမှုက အန်းနန်အစိုးရစစ်တပ်ထက် အပြတ်အသပ်သာသည်။ အနောက်တောင်ပိုင်းမှ မည်သည့် အင်အားကြီး ပုဂ္ဂိုလ်ကမှ ဒီလိုအရာမျိုးကို မမျှော်လင့်ခဲ့ဖူးချေ။

တောင်ထိပ်က တိတ်ဆိတ်နေပြီး လူတိုင်းက ဝမ်ချောင်၏အဖြေကို စောင့်နေကြသည်။

“ချောင်အာ မင်းမှန်တယ်တယ်ထင်သလိုလုပ်ပါ”

“သခင်လေးချောင် ကြောက်ဖို့မလိုပါဘူး။ လက်ရှိအချိန်မှာ သခင်လေးကသာ အန်းနန်အစိုးရစစ်တပ် တစ်ခုလုံးမှာ ရာထူးအမြင့်ဆုံးပါ။ ဆက်ဖြစ်မှာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးယူမှာပဲဖြစ်ဖြစ် သခင်လေးက ဆန္ဒရှိသလို ရွေးချယ်နိုင်ပါတယ်”

ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့၏ အသံက ဝမ်ချောင်၏ နားအတွင်း ဟိန်းထွက်လာသည်။ သူတို့က များများစားစား မပြောကြချေ။ သူတို့က ဝမ်ချောင်ကိုသာ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောလိုက်သည်။

“ဟား ဟား”

ဝမ်ချောင်က ဖျော့တော့သော အပြုံးကိုပြုံးလျှက် အော်ရယ်လိုက်သည်။ သူက ခေါင်းမော့ပြီး တွေးတောလိုက်သည်။

ဒါကခက်ခဲတဲ့ ရွေးချယ်မှုပဲ။

အနောက်တောင်ပိုင်းရဲ့ စစ်ပွဲက ဒီအဆင့်ထိ ရောက်သွားပြီ။ မသေဘဲ အနားယူစရာကို မရှိတော့ဘူး။ နောက်ဆုတ်မဲ့လမ်းလည်းမရှိဘူး။ ရွေးချယ်စရာလည်းမရှိဘူး။

မဟာထန်က ရှုံးလို့မရဘူး။ ရှုံးလို့ကိုမရဘူး။ အန်းနန်အစိုးရစစ်တပ်က ရှုံးလို့မရဘူး။ သူဝမ်ချောင်ကလည်း သေချာပေါက် ရှုံးလို့ကိုမရဘူး။

သာ့လွန်ရော့ကျန်းက သူနိုင်မယ်လို့ သေချာပေါက် ထင်နေခဲ့တာလား။

“မဟာအမတ် ဒီဆိုရိုးစကားများ ကြားဖူးမလား”

ရုတ်တရက် ဝမ်ချောင်က ရယ်ရင်းအောက်သို့ ငုံ့ကြည့်သည်။

“ဘာများလဲ”

သာ့လွန်ရော့ကျန်း၏ မျက်လုံးက မှေးကျဉ်းသွားသည်။ ထိုဝမ်ချောင်က ရယ်နိုင်သေးပြီး အခြားအကြောင်းအရာများကို ဆွေးနွေးနိုင်ခြင်းက သူ့ကိုအံ့သြစေသည်။

“နောက်ဆုံးအထိ ရယ်နိုင်တဲ့လူက အကောင်းဆုံး ရယ်မောနိုင်စွမ်း ရှိမဲ့လူတဲ့”

သာ့လွန်ရော့ကျန်း၊ ခဲ့လော့ဖုန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ အားလုံးက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ခဲ့လော့ဖုန်းက မဟာထန်အပေါ် နက်ရှိုင်းစွာ နားလည်မှု ရှိထားသည့်တိုင်အောင် ထိုသို့သော စကားမျိုးကို မကြားဖူးချေ။

ခဲ့လော့ဖုန်းက ပတ်တီးအပြည့်ဖြင့် ဖုန်းကျားရီကို လှည့်ကြည့်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“ကျားရီ မဟာထန်မှာ မင်းနှစ်ပေါင်းများစွာ စာလေ့လာခဲ့တာ ဒီလိုစကားမျိုး ကြားဖူးသလား”

“ဒါ... အရှင့်ရဲ့သားတော်က ဒီလိုစကားမျိုးကို မကြားဖူးပါဘူး”

ဖုန်းကျားရီက ခေါင်းကိုငုံ့လိုက်သည်။ လူတိုင်းကလည်း ဝမ်ချောင်၏ စကားကြောင့် စိတ်ရှုပ်ထွေးသွားကြသည်။

“ဟား ဟား မဟာအမတ် ဒီစစ်ပွဲက နောက်ဆုံးအဆင့်တောင် မရောက်သေးဘူး။ ဘယ်သူက ဆုရပြီး အနိုင်ရမယ်ဆိုတာ ဆုံးဖြတ်ဖို့ စောလွန်းနေသေးတယ်”

ဝမ်ချောင်၏ ရယ်သံက ဟိန်းထွက်လာသည်။ သာ့လွန်ရော့ကျန်းက စကားထပ်ပြောပြီး မေးခွန်းထုတ်မည့်အရေးကို မစောင့်တော့ဘဲ သူကအင်္ကျီလက်ကို ခါယမ်းလျှက် အထဲသို့ ပြန်ဝင်သွားသည်။

တောင်ခြေတွင် မာန်ရှဲ့ယွီစန်း စစ်တပ်မှ စစ်သေနာပတိချုပ်တိုင်း ဗိုလ်ချုပ်တိုင်းက တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး စကားတစ်ခွန်း မဆိုနိုင်ကြတော့ချေ။

All Chapters