← Chapters

ဝတ္ထုဇာတ်ကြောင်း

Vol. 2 Ch. 20

ဝတ္ထုဇာတ်ကြောင်း

Vol. 2 Ch. 20

ကူယွဲ့ ဒီမသေမျိုးကျင့်ကြံတဲ့ လောကကို ဝိညာဉ်ကူးပြောင်းလာခဲ့တာ နှစ်ပေါင်းသုံးရာရှိနေပြီ။ သူ ဒီကမ္ဘာမှာ ဖြတ်သန်းခဲ့ရတဲ့ ကာလရှည်ကြီးက သူ့ကို တခြားကမ္ဘာက အရင်ဘဝ‌အကြောင်း မေ့လုနီးပါးတောင် ဖြစ်နေစေခဲ့တယ်။ ဒီအချိန်ကျမှ သူ စာအုပ်တစ်အုပ်ထဲ ဝိညာဉ်ကူးပြောင်းလာခဲ့တယ်ဆိုတာ နားလည်သွားပြီး ဟိုးဝေးကွာလှတဲ့ မှတ်ဉာဏ်တွေက ပြန်ပေါ်ပေါက်လာတော့တယ်။

အဲစာအုပ်က သူ့၁၆နှစ်အရွယ် တူမရဲ့ စာအုပ်ဆိုတာ သတိရသွားတယ်။ သူက ငယ်ငယ်တည်းက မင်းသမီးလိုမျိုး အေးတဲ့ကလေးမ။ သူမက အမြဲ အဲစာအုပ်ကို ဖက်ထားပြီး မရေမတွက်နိုင်အောင် ဖတ်ခဲ့တဲ့ အချိန်ရှိခဲ့ဖူးတယ်။ စပ်စုချင်စိတ်နဲ့ သူ ခိုးကြည့်မိခဲ့တာပဲ။

ကလေးမတွေ ဖတ်တဲ့ ဝတ္ထုဆိုမှတော့ သေချာပေါက် ဇာတ်အိမ်နက်နက်ရှိုင်းရှိုင်း မရှိဘူးပေါ့။ သေတဲ့အထိ ချစ်သွားမဲ့ အကြောင်းလိုမျိုး "မင်း ငါ့ကိုချစ်၊ ငါမင်းကိုချစ်" ဆိုတာထက် မပိုဘူး။ သူက ဒီလိုရယ်ချင်စရာကောင်းတဲ့ ဝတ္ထုပုံစံတွေကို အမြဲ အထင်သေးခဲ့တာ။ ဒါပေမဲ့ ဒီစာအုပ်မှာ စိတ်ဝင်စားစရာကောင်းပြီး အသစ်အဆန်းဖြစ်တဲ့ ဖော်ပြချက်တချို့ပါနေတော့ သတိတောင်မထားမိဘဲ အပြီးဖတ်ခဲ့မိသွားတယ်။

နှစ်ပေါင်းများစွာ ကြာညောင်းပြီးနောက်မှာတော့ စာအုပ်ရဲ့အသေးစိတ်အချက်အလက်တွေက‌ သူ့မှတ်ဉာဏ်ထဲ ဝေဝါးလာခဲ့ပေမဲ့ ဇာတ်လမ်းရဲ့ ယေဘုယျအကြောင်းအရာကတော့ သူ့စိတ်ထဲစွဲကျန်ရစ်နေဆဲပဲ။ ယိချင်းက စာအုပ်ထဲမှာရှိတဲ့ ဇာတ်ကောင်တွေထဲကတစ်ယောက်။ သူက မတရားကိုမိုက်ပြီး တအားရှိန်ရတဲ့ဇာတ်ကောင်ပဲ။ သူ့ကို ဇာတ်လမ်းထဲ မိတ်ဆက်ချိန် သူက လောကသုံးခွင်ရဲ့ အကြီးမြတ်ဆုံး ဓားအမတရှင်ဖြစ်နေပြီ။ ထန်းလန်လောကသုံးခွင်ကြား အမှန်တကယ်ကို အစွမ်းကြီးတဲ့ ဇာတ်ကောင်ပဲ။

သူ ဇာတ်ကြောင်းကို သိပေမဲ့လည်း အဲဒီအဖြစ်အပျက်တွေ မတိုင်ခင်က အချိန် တော်တော်ဝေးဝေးကို ရောက်နေမှန်း သိခဲ့ရတယ်။ သူတို့နှစ်ယောက်လုံး ဓားကျင့်ကြံသူတွေဖြစ်မှတော့ သူ ဓားအမတအကြောင်း သိချင်စိတ်ဖြစ်လာခဲ့တာလည်း မဆန်းဘူး။

သူ့ကို တကယ်တွေ့ရရင်တောင် မသေမျိုးတက်လှမ်းမှုအပြီးမှ တွေ့ရမယ်ထင်နေခဲ့တာ။

သူ ယိချင်းကို ဒီလောက်စောစောတွေ့ရမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဘူး။ ပြီးတော့ သူ ဓားအမတအရှင် မဖြစ်လာခင်တဲ့လေ။ စိတ်လှုပ်ရှားရလွန်းလို့ တစ်ယောက်သော စွမ်းအားရှင်ကို ကပ်ပါးရပ်ပါးလုပ်ဖို့ တုံ့ဆိုင်းမှုမရှိလုနီးပါး ဆုံးဖြတ်ချက်ချခဲ့မိတယ်။ သူနဲ့ အတည်ငြိမ်ဆုံး ဆက်ဆံရေးရဖို့တောင် ပြီးပြည့်စုံတဲ့ အကြံတစ်ခုစဉ်းစားခဲ့သေးတာပေါ့။ ဒါကတော့ သူ့ဆရာဖြစ်လာပြီး နီးစပ်ဖို့ပဲ။ ဓားအမတအရှင်ရဲ့ ဆရာဖြစ်လာရတာက သိပ်ကိုမိုက်ပြီး ဘေးကင်းတဲ့ ရာထူးဖြစ်မှာ။ တွေးကြည့်ရုံနဲ့တင် သိပ်ကိုလှပတယ်။

ဒါပေမဲ့ မထင်ထားခဲ့တာကတော့ သူ့ပြီးပြည့်စုံတဲ့ အကြံအစည်က တခြားသူတစ်ယောက်ရဲ့ နှောင့်ယှက်မှုကို ခံလိုက်ရတာပဲ။ ပြီးတော့ သူ့လိုမျိုး ဒီကို ဝိညာဉ်ကူးပြောင်းလာတဲ့သူတဲ့လေ။ အမှန်တိုင်းပြောရရင် အစတည်းက ရှန်းဆိုတဲ့ ဒီမိန်းကလေးကို သူ တကယ်မုန်းတယ်။ သူ လူကြီးလူကောင်းဆန်တဲ့ အမူအရာကိုတောင် ခွာချပြီးယိချင်းကို သူ့ဆီကနေ လုယူချင်နေတယ်။ ခွန်အား၊ ကျင့်ကြံဆင့်၊ ကံကောင်းမှု ဘာနဲ့ယှဉ်ယှဉ် သူနည်းနည်းလေးတောင် မရှုံးဘူး။ သူ့ မသေမျိုးကျင့်ကြံမှုက ချောမွေ့လွန်းတဲ့ ခရီးဖြစ်တာမို့ အနိုင်ရဖို့ ပိုက်ဆံသုံးတဲ့ ဝိညာဉ်ကူးပြောင်းကစားသမားလို့တောင် သတ်မှတ်လို့ရနိုင်တယ်။ သူမသိခဲ့တာကတော့ သူ အနိုင်ရဖို့ပိုက်ဆံသုံးတဲ့ ကစားသမားလို့ ဟန်ဆောင်နိုင်ရင်တောင် တခြားတစ်ယောက်က မသမာတဲ့နည်းသုံးခဲ့တာပဲ! အဲ ရှန်းရင်ရဲ့ ဓားချက်ရာက ပင်လယ်ကိုခွင်းရုံတင်မကဘူး သူ့နူးညံ့တဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကိုရောပါ ခွင်းခဲ့တာ။

သေစမ်း၊ အဲcheatက ပိုက်ဆံပေးပြီး အနိုင်ရအောင်ကစားတဲ့ ကစားသမားအတွက် သိပ်ကိုများလွန်းတယ်! ပြောရရင် သူ သူမကိုပိုပြီးတောင် မုန်းသင့်တာ။ ဒါပေမဲ့ သူ ဒီကမ္ဘာမှာနေတာ သိပ်ကိုကြာသွားတာလား ဒါမှမဟုတ်ပဲ မွေးရပ်မြေကလူတွေကို လွမ်းလို့လား၊ ဒါမှမဟုတ် မရေမရာမှုတွေနဲ့ ရှေးခေတ်ကလူတွေက ဘယ်တော့မှ သူတို့ကိုယ်သူတို့ ရှင်းရှင်းလင်းလင်းဖော်မပြတဲ့ပုံတွေကို စိတ်ကုန်သွားတာမို့လို့နေမယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူ အသိစိတ်ပြန်ဝင်ချိန် မီးဖိုချောင်ထဲ ရောက်နေပြီ!

(T▽T)

သူ အကျိုးနည်းဆဲရေးတာတွေ အော်ဟစ်ချင်စိတ်ပေါ်လာတဲ့အခါ သောက်ဆိုပြီးဆဲတာတွေ၊ ဒါလည်း -ီး၊ ဟိုဟာလည်း -ီး၊ အားလုံး -ီးပဲ လို့ရော ပြောချင်တဲ့အချိန်ကျ ရှန်းရင်ကလွဲ တခြားဘယ်သူနဲ့ စကားပြောနိုင်မှာလဲ။ ဘယ်သူရှိသေးလဲ၊ ဘယ်သူရှိသေးလဲ၊ ဘယ်သူရှိသေးလဲလို့။

ခြေတစ်လှမ်းပြန်ဆုတ်ပြီး ကစားပွဲအတွက် အုပ်ချုပ်မှု ကင်းမဲ့နေမှုကြောင့် cheatနဲ့ ပြိုင်ဘက်ဖြစ်လာရတာထက် မိတ်ဆွေဖွဲ့ရတာက အကျိုးပိုများလိမ့်မယ်။ လောကအကြောင်း ယေဘုယျဗဟုသုတတွေကို ပို့ချတာကတော့ သေချာပေါက် မိတ်ဆွေတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ ဝတ္တရားတွေပဲ။ ဝိညာဉ်ကူးပြောင်းသူစီနီယာအနေနဲ့ တစ်ဖက်လူကလည်း သေချာပေါက် သူ့လိုဖြစ်ပါစေလို့ မျှော်လင့်ခဲ့မိတာ။ ဝိညာဉ်မကူးပြောင်းခင် စာအုပ်ဖတ်ပြီး ဇာတ်ကြောင်းကို နားလည်တဲ့သူမျိုးပေါ့။

ဒါပေမဲ့ သူ ထပ်ပြီး တွက်ချက်မှု မှားယွင်းမယ်လို့ မမျှော်လင့်မိခဲ့ဘူး။

(╯‵□′)╯(┻━┻

ဒီကမ္ဘာကြီးက စာအုပ်တစ်အုပ် မဟုတ်လား။ ဘာလို့ တခြားသူတွေကျ မတူညီတဲ့ ဝိညာဉ်ကူးပြောင်းမှုမျိုး ရှိနေရတာလဲ။ အမြတ်ထုတ်ခံရတဲ့ အရာတွေက ဘာလို့ရှန်းရင်နဲ့ သက်ဆိုင်သွားတာနဲ့ ပြောင်းလဲသွားခဲ့ရတာလဲ။

မင်းက သောက်ကျိုးနည်း cheat လား bugလားဟ။

ပိုပြီးတော့အရေးကြီးတာက သူ ခုလေးတင် သူမကို အထွေထွေဗဟု‌သုတတွေ အများကြီးသင်ပေးခဲ့တာ။ သူမက ဘာလို့ နဂိုမေးခွန်းဆီပဲ ပြန်ရောက်နေရတာလဲ။

မင်း ခုလေးတင် ဘာနားထောင်ခဲ့တာလဲဟင်။ ငါပြောတာဘာလဲရော ကြားတောင်ကြားလိုက်ရဲ့လား။

"အဲဒါ ဘာစာအုပ်မျိုးလဲ"

"...“ စာအုပ် အညွှန်းဖော်ပြချက်ကဘာလဲတွေးမိသွားတော့ ကူယွဲ့မျက်နှာက တောင့်တင်းသွားခဲ့ပြီး ရင်ဘတ်ထဲ ပြည့်ကြပ်မှုတစ်မျိုး ခံစားလိုက်ရတယ်။

"ဝတ္ထုစာအုပ်ပေါ့"

"အင်း၊ ထားလိုက်တော့ ထားလိုက်တော့"

သူ့ နှုတ်ခမ်းက ဒီစကားလေးနည်းနည်း မထွက်ခင် တွန့်သွားခဲ့သေးတယ်။

"အော်” ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။

"အထဲမှာ ဘာရေးထားတာလဲ"

"အဲဒါက ငါ့တူမ စာအုပ်လေ၊ ကလေးမတွေဖတ်တဲ့ စာအုပ်ထဲ တခြားဘာရှိရမှာလဲ" သူ ညည်းညူလိုက်တယ်။

"အဲဒါက မိန်းကလေးနဲ့ ယောက်ျားလေးတွေရဲ့ပတ်သက်တဲ့ ကိစ္စတွေပဲမဟုတ်လား"

"အချစ်ဝတ္ထုလား"

"အမ်၊ အဲလိုအတိအကျတော့မဟုတ်" သူ မျက်နှာနီရဲသွားပြီး သူမကို စိတ်မရှည်တော့စွာ ဒေါသတကြီး ကြည့်လိုက်တယ်။

"ဘာလို့ အသေးစိတ်တွေမေးနေတာလဲ၊ မင်းအပူတစ်ပြားမှမပါဘူးမလား"

"ညစ်ညမ်းအကြောင်းအရာတွေလား"

"တွေ့၊ တွေ့ကရာရှစ်သောင်းတွေ၊ သိပ်အများကြီးမပါ”

"ဘယ်လောက်လဲ"

"လေးငါးပိုင်းပေါ့၊ ဟေး ညစ်ညမ်းအကြောင်းအရာမဟုတ်ဘူးလို့ ငါပြောထားတယ်လေ"

"ငါနားလည်ပါတယ်"

"မင်း၊ ဘာလို့ ငါ့ကို အဲလိုမျိုးကြည့်နေတာလဲ"

ကူယွဲ့ ချက်ချင်း ပေါက်ကွဲတော့တာပေါ့။ မင်း ဘာများ နားလည်လို့လဲ။

"ငါ့တူမစာအုပ်လို့ မင်းကိုပြောပြီးပြီပဲ၊ ငါဝယ်ခဲ့တာ မဟုတ်ဘူးဟ၊ ဘာလို့ ငါ့ကို အဲလိုကြည့်နေတာလဲ၊ ငါ့ပုံစံက ပွန်းတွေဝယ်မဲ့သူနဲ့ တူနေလို့လား"

"အင်းလေ" ရှန်းရင်က သူ့ပခုံးကို နားလည်မှုရှိရှိ ပုတ်ပေးလိုက်တယ်။

"ငါနားလည်ပါတယ်၊ ငါတို့အားလုံး လူကြီးတွေပဲလေ"

"မင်းဘာသိတာလဲ! တကယ်ကြီး ပွန်းမဟုတ်ဘူးဟ၊ ပြီးတော့ မတော်တဆ စာရွက်တချို့ လှန်မိသွားတာပဲရှိတာ၊ အသေးစိတ်မဖတ်ခဲ့ဘူး"

ညစ်ညမ်းအပိုဒ်တွေက သူ့စိတ်ထဲ အတော်လေး စွဲထင်ကျန်ရစ်စေခဲ့ပေမဲ့လည်း သူ စာအုပ်ကို အဲဒါကြောင့်တော့ မှတ်မိနေတာ မဟုတ်ရပါဘူး။

"ဒီနေ့ခေတ်ကလေးမတွေက ဒီလိုမျိုးဟာတွေ ကြိုက်တယ်ဆိုတာ ငါဘယ်လိုလုပ်သိပါ့မလဲ၊ ငါတစ်ခါမှမဖတ်ဖူးဘူး"

"အင်းနော်၊ စာအုပ်တစ်အုပ်က နင့်ကို နှစ်ပေါင်း၃ရာ ခံနိုင်ရည်ရှိဖို့လုံလောက်တာပဲ"

"...“

"နင့်တူမက ဂေးတွေနဲ့ပတ်သက်တာ ဖတ်မနေလို့တော်သေးတာပေါ့"

အဲအခါကျ ဘာတွေဖြစ်နိုင်လဲဆိုတာ ဘယ်သူသိမှာလဲ။

"ရှန်းရင်!"

(╯‵□′)╯(┻━┻

ကစားပွဲက ဒီလိုမျိုးတောင် ဆက်နိုင်တာလား!

"ဆရာ" ကူယွဲ့ ဝုန်းဒိုင်းကျဲမို့ရှိသေး ရင်းနှီးနေတဲ့ အသံတစ်သံထွက်လာတယ်။

ယိချင်းက သူ့လျှပ်စီးဝဋ်ကြွေးချေခြင်း ပြီးမြောက်သွားပြီ။ အဲအချိန်ကျမှ ကူယွဲ့တစ်ယောက် ဝဋ်ကြွေးချေတိမ်တိုက်တွေ လွင့်ပျောက်ပြီး ပတ်ဝန်းကျင်ပြန်လင်းလာတာ သတိထားမိတော့တယ်။ မဟူရာကောင်းကင်ဂိုဏ်းရဲ့ တောင်ထွတ်အကာအကွယ်အစီအရင်တောင်မှ ပျောက်ကွယ်သွားပြီ။ ယိချင်းက အခု နတ်ဝိညာဉ်ကျင့်ကြံသူအငွေ့အသက်တွေ ထုတ်လွှင့်နေတော့တာပေါ့။ သူ့မျက်ခုံးနှစ်ဖက်ကြားက ဓားဆန္ဒအမာရွတ်ကနေ သိသိသာသာ ခံစားလို့ရတယ်။ တစ်ချက်ကြည့်ရုံနဲ့တင် ဓားဆန္ဒတွေ စိမ့်ထွက်နေတာကို ခံစားမိနိုင်တယ်။ သူ တကယ်ပဲ အောင်အောင်မြင်မြင် နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ပြီးမြောက်သွားပြီး နတ်ဝိညာဉ် ဓားကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီ။

"နင်ပြီးပြီလား"

ရှန်းရင်က သူ့ကိုလှမ်းကြည့်လိုက်တယ်။

"ဟုတ်၊ တပည့် နတ်ဝိညာဉ်ဖွဲ့စည်းခြင်း ပြီးမြောက်သွားပါပြီ" ယိချင်းက ဦးညွှတ်ပြီး သူ့လေသံထဲ ဖုံးဖိမရတဲ့ စိတ်လှုပ်ရှားမှုပြည့်နေလေတယ်။ တစ်ဖြတ်ဉာဏ်အလင်းပွင့်သွားမှုက သူ့ကို နတ်ဝိညာဉ်အဆင့်ထိ တန်းပြီးတက်လှမ်းစေမယ်လို့ မ‌မျှော်လင့်မိခဲ့ဘူး။ ပြီးတော့ သိပ်ကို ချော့မွေ့လွန်းလှတယ်။ ဒါဟာဆရာ့ရဲ့ အမြင်မှန်ရရှိစေကြောင့်မှုပေါ့။ သူ့မှာ တကယ့်ကို ဆရာကောင်းရှိတာပဲ။

"ဒါတွေအကုန်လုံးက ဆရာ ကျွန်တော့်အတွက် ဓမ္မကို ကာကွယ်ပေးမှုကြောင့်ပါ"

"အာ” ဓမ္မကို ကာကွယ်ပေးတယ်။ ငါကလား။

ကူယွဲ့ပါးစပ်တွန့်ချိုးသွားတော့တယ်။ အမလေး ကျေးဇူးပြုပြီး၊ အဲအစီအရင်တွေက ငါစီရင်ပေးထားတာပါ၊ ဝိညာဉ်ချီတွေရဲ့ စူးရှတဲ့ အာရုံခံမှုက ဘယ်မှာလဲ! ဓားအမတအရှင်ရေ၊ မင်းကန်းနေပြီလား။

"မင်း နတ်ဝိညာဉ်အဆင့် အောင်အောင်မြင်မြင် ရောက်ရှိတဲ့အတွက် ဂုဏ်ယူပါတယ် စံထားလောက်စရာ ယိချင်း"

ကောင်းပြီလေ၊ မင်းက အကောင်ကြီးပဲဟာ ငါ အလိုက်သင့်နေရမှာပေါ့။

"အရှင်သခင်" ယိချင်းက လက်နှစ်ဖက်ဆုပ်ပြီး သူ့ကိုခေါင်းညိတ်ပြလိုက်တယ်။ သူကပိုပြီးရည်မွန်ပေမဲ့ ဖော်ရွေမှုကတော့ ပိုနည်းသွားတယ်။ သူနဲ့သူ့ဆရာကြား သိသိသာသာကို စည်းခြားထားတာပဲ။

သူက တကယ်ကိုဘက်လိုက်နေတာပဲ။ အဲအကြံကြီးတဲ့ရှန်းကတော့! ̄へ̄

"စားစရာရှိလား" ရှန်းရင် ရုတ်တရက် မေးလာတယ်။

ကူယွဲ့နှုတ်ခမ်းထောင့်ဖျားတွေ တွန့်ချိုးသွားခဲ့တယ်။

မင်း စားတာကလွဲ တခြားသိသေးလို့လား၊ မင်းဂရုစိုက်သမျှက စားစရာတွေကြီးပဲ။ (╬◣д◢)

"ဆရာ၊ ခဏနော်"

ဟိုလီရှစ်၊ မင်းမှာ တကယ်စားစရာရှိတယ်ပေါ့! 0ДQ

ယိချင်း ယပ်တောင်ကိုဖြန့်ပြီး သူ့ဘေးက အထုတ်လေးကို အကျင့်အတိုင်းဖွင့်ကာ မှော်ဆန်ဆန် ဂန္ဓာမာကိတ်တွေ၊ ကြာပန်းမုန့်ကြွပ်၊ ငါးအတုံးတွေ၊ နွားနို့ရွှေကိတ်၊ မုန့်တုံးအသေးလေးတွေစသဖြင့် ထုတ်လိုက်လေတယ်၊။

ဓားအမတအရှင်ကဘယ်မှာလဲ။ မင်း ဘာလို့ အဲလောက် မုန့်အကြွပ်ကြော်တွေ အများကြီး ယူလာရတာလဲ။ မင်းက တကယ့်ကို စားဖိုမှူးတစ်ယောက်ပဲ။

"သွားစားလေ၊ အားနာနေစရာမလိုဘူး"

ရှန်းရင်က ကူယွဲ့လက်တွေကို တံတောင်နဲ့တွတ်ပြီး ယပ်တောင်မျက်နှာပြင်ပေါ်ပြည့်နေတဲ့ မုန့်တွေအားလုံးကို လက်ညှိုးထိုးပြလိုက်တယ်။

ကူယွဲ့ : "...“

(╯‵□′)╯(┻━┻

ဘယ်သူက မင်းနဲ့ သောက်ကျိုးနည်းစားချင်လို့လဲ။ ငါ့ဓားအမတအရှင်ကို ပြန်ပေးစမ်း!

All Chapters