← Chapters

နေရာအနှံ့ပရိသတ်တွေ

Vol. 4 Ch. 47

နေရာအနှံ့ပရိသတ်တွေ

Vol. 4 Ch. 47

“ဟိုလီရှစ်” ကူယွဲ့က နှလုံးတစ်ချက်ခုန်သွားလေ၏။ ငါ့ ဖင်ကိုပဲ သူ့ကိုယုံလိုက်။ ကူယွဲ့က ရှန်းရင်ရဲ့ စကားကိုနားထောင်တာ ရူးနေတာပဲဖြစ်ရမယ်။ ဆရာကော တပည့်ကော ဘာအားမကိုးရဘူး။

“ဟေ့ ဟေ့ ဟေ့ ယိချင်း ... အသက်ရှင်လျက်ရှိသေးလား” သူဘယ်လောက်ပဲ အစွမ်းထက်ထက် ချင်းယီကို အနိုင်မယူနိုင်ဘူးပဲ။

“မင်းက စစ်မှန်တဲ့ ဓားသိုင်းကျင့်ကြံသူတစ်ယောက်ပဲ ... မင်းက အရည်အချင်းရှိတဲ့ ကောင်လေးပဲ”

ချင်းယီကပြောပြီး သူ့ရင်ဘတ်ကိုအုပ်ကိုင်ထားလိုက်တယ်။ သူကဖြည်းဖြည်းချင်း ထပြီးတော့ သွေးစွန်းနေတဲ့ ယိချင်းကို သတိထားပြီးကြည့်လိုက်လေရဲ့။

“မင်း ... နည်းနည်းလေး ပိုသန်မာရင် နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း ... မဟုတ်ဘူး နှောင်းအဆင့်နတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သာဆိုရင် မင်းလက်ထဲမှာ ငါ ... တကယ်သေလောက်တယ်”

ယိချင်းရဲ့ဓားက ကြာပန်းနီကံမီးတောက်ကို တကယ်ကျော်လွန်တယ်။ သူ့ရဲ့ကျင့်ကြံဆင့်က ဒီလောက်မနိမ့်ဘဲ ဝိညာဉ်စွမ်းအားပိုရှိခဲ့မယ်ဆိုရင် သူက မိနစ်ဝက်လောက် မဟာဓားကို ထိန်းသိမ်းထားမှာပဲ ... ပြီးရင် ချင်းယီက သူ့လက်ထဲမှာ တကယ်သေသွားလောက်တယ်။

“ဆရာ” ယိချင်းရဲ့ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး ရှန်းရင်ကိုလှည့်မျက်နှာချင်းဆိုင်လိုက်တယ်။ သူ့မျက်လုံးထဲမှာ အပြစ်ရှိစိတ်တွေ ပြည့်နေပြီးတော့ တောင်းပန်လိုက်တော့တာပဲ။

“ကျွန်တော် တောင်းပန်ပါတယ် ... ဆရာ့တပည့်က ဆရာ့ကို ဂရုမစိုက်နိုင်ခဲ့ဘူး။ သူ့ကို အနိုင်မယူနိုင်ခဲ့ဘူး”

“ဪ... စိတ်မပူနဲ့” ရှန်းရင်က သူ့ကိုစစ်ဆေးကြည့်လိုက်ပြီး သူမလက်ကို သူ့ခေါင်းပေါ် အလိုလိုတင်လိုက်တယ်။ ခဏကြာပြီးတော့ သူက ဆက်ပြောလိုက်တယ်။ "စိတ်မပူနဲ့ ... တာဝန်က မပြီးသေးဘူး။ ဒါပေမဲ့ နင့်ရဲ့အမှတ်ကို နုတ်မှာမဟုတ်ဘူး”

“ဒါပေမဲ့ ... ကျွန်တော့ဓားကတောင် ....” သူ့လက်ထဲက ကျိုးသွားတဲ့ဓားကို မ ကိုင်လိုက်တယ်။ ဓားသိုင်းကျင့်ကြံသူတစ်ယောက်အတွက် ဓားကျိုးသွားတာက တကယ်အရှက်ကွဲတာပဲလေ။

“ဘာမှမဟုတ်ဘူး ... တကယ်ပြောတာ”

ရှန်းရင်က ခေါင်းစောင်းပြီးတော့ သူတို့ပြောတာရပ်လိုက်တယ်။ ချင်းယီက သူတို့ဆီကို ရုတ်တရက် လှမ်းလာတော့တာပဲ။ ယိချင်းကို တိုက်ရိုက်ကြည့်ပြီး သူကပြောလိုက်တယ်။

"ငါ မင်းကို တကယ်ကြီး ပိုသန်မာခွင့်မပြုနိုင်ဘူး။ မဟုတ်ရင် မင်းက သေချာပေါက်ပြဿနာဖြစ်လာလိမ့်မယ်” အဲ့ဒီ စကားတွေ သူ့ပါးစပ်ထဲကနေထွက်ကျလာပြီးတာနဲ့ သူက ... မဟာငရဲမီးနဂါးကို ဆင့်ခေါ်လိုက်တော့ တယ်။ နဂါးက ယိချင်း၊ ရှန်းရင်နဲ့ ကူယွဲ့ဆီ တဟုန်ထိုးဝင်သွားတော့တာပဲ။

“ဒီနေ့ မင်းတို့အားလုံး ဒီမှာသေရမယ်”

ငရဲမီးနဂါးက သူ့လမ်းကြောင်းမှာရှိတဲ့ မြေကြီးကိုပူလောင်စေပြီး ရှေ့ကလူသုံးယောက်ကို ဝါးမြိုဖို့ပဲ အာရုံစိုက်နေတာ။ ရှန်းရင်က မျက်ခုံးပင့်လိုက်တယ်။

အစတုန်းက ယိချင်းရဲ့ခေါင်းပေါ်မှာ ရှိတဲ့သူ့လက်နဲ့ ယိချင်းရဲ့လက်ထဲမှာရှိတဲ့ဓားကျိုးကို ကောက်ကိုင်လိုက်တယ်။ ပြီးတော့ .... နဂါးဆီကို ဓားကျိုးနဲ့ဆောင့်ထိုးလိုက်ပြီး အော်ပြောလိုက်တော့တယ်။

“ပါးစပ်ပိတ်ထား”

ချက်ချင်းပဲ သူတို့အောက်မြေကြီးက တုန်လှုပ်လာတော့တာပေါ့။ ချင်းယီက မြေကြီးထဲကနေ မျက်စိကျိန်းလောက်တဲ့အလင်းရောင် ရောင်ခြည်တစ်ခုကိုတွေ့လိုက်ရပြီး ကောင်းကင်ထိအောင် တက်သွားတာ တွေ့လိုက်ရတယ်။ ရောင်ခြည်က သူ့ဓားကိုပွတ်တိုက်သွားပြီး ရုတ်တရက် ငရဲမီးနဂါးက ပျောက်ကွယ်သွားပြီး သူ့ခြေထောက်အောက်က မြေပြင်ကလည်း အောက်ကို နိမ့်ဆင်းသွားတယ်။ လှည့်ကြည့်လိုက်တော့ သူက ... မသေမျိုးမျှော်နန်းဆန်းကြယ်ဘုံတစ်ခုလုံးက နှစ်ပိုင်းကွဲသွားတော့တယ်။

ဒါက … ဘာလား ...

ကျယ်လောင်တဲ့အက်ကွဲသံကြီးတွေက အရပ်မျက်နှာအနှံ့စပေါ်လာတယ်။ အက်ကွဲမှုကြီးတွေက မြေကြီးပေါ်မှစဖြစ်လာပြီးတော့ မသေမျိုးမျှော်နန်းနဲ့ကောင်းကင်ကတောင်ကွဲသွားတာ။ သူတို့နားက မြေပြင်ကလည်း ကွဲအက်လာပြီး ဆန်းကြယ်ဘုံတစ်ခုလုံး စတင်ပြိုလဲလာတော့တာပဲ။

“လူတွေ စကားပြောနေရင် မနှောင့်ယှက်နဲ့လေ” ရှန်းရင်က ထုတ်ပြောလိုက်ပြီး စကားတစ်ခွန်းချင်းကို ဖိပြောလိုက်တယ်။

ချင်းယီ “ ...”

ဘာတွေဖြစ်သွားတာလဲ ...

“ဟိုလီရှစ်” ကူယွဲ့က ထခေါ်လိုက်တယ်။

“ရှန်းရင် ... မင်းထိန်းနိုင်မလား ... ဘာကြောင့် ဒီဆန်းကြယ်ဘုံကိုဖျက်ဆီးရတာလဲ”

ဒါက ကြောက်ဖို့ကောင်းလိုက်တာ။ ဒါက ရှားပါးတဲ့ ရှေးဟောင်းဆန်းကြယ်ဘုံလေ။ အခု ငါတို့ဒီမှာတောင်နေလို့မရတော့ဘူး...

“နင် ငါ့ကို အပြစ်တင်နေတာလား” ရှန်းရင်က လှည့်ကြည့်လိုက်တယ်။ ဒီနေရာက ပျက်စီးလွယ်လွန်းတာ သိသာနေတာပဲကို။

“ရှစ်”

“…”

“ဆရာ” ယိချင်းက သူမလက်ထဲက ဓားကိုစိုက်ကြည့်လိုက်တယ်။ အဲဒါက လက်နက်အနေနဲ့တောင် သုံးလို့မရတော့ဘူးလေ။ ဒါတောင် …

“ဘယ်လို “ ဆရာက ဓားကျိုးနဲ့မယုံနိုင်စရာကောင်းတဲ့ ကိစ္စရပ်တစ်ခုကို ဘယ်လိုများလုပ်နိုင်တာလဲ။

“ဟမ် ...” ရှန်းရင်က ယိချင်းကြည့်တဲ့ဖက်ကိုကြည့်ပြီး သူမလက်ထဲက ဓားကျိုးကိုကြည့်လိုက်တယ်။ သူ ဘာအကြောင်းပြောနေတာလဲ။

“ဆရာ အဲ့ဒီဓားကျိုးကို ဘယ်လိုလုပ်သုံးနေနိုင်သေးတာလဲ” သူ့မျက်လုံးထဲမှာ ဗဟုသုတကိုဆာလောင်မှုတွေ ရောင်ပြန်ဟပ်လာတယ်။ ဓားက အသုံးမဝင်ဘူးလို့ထင်ခဲ့တာ။ ဘယ်သူမှ ဘာမှမလုပ်နိုင်လောက်တော့ဘူးလေ။

“ဆရာ့တပည့်က ဘယ်နေရာမှာချို့တဲ့လဲဆိုတာ သိချင်ပါတယ်”

ရှန်းရင်က နေရာမှာတောင့်တင်းသွားတော့တယ်။ ရှန်းရင်က တောင့်တင်းသွားတော့တယ်။ သူ တာဝန်မပြီးမြောက်တာကြောင့် လမ်းညွှန်မှုတောင်းခံနေတာလား။

“အား ...” ရှန်းရင်က ချောင်းဟန့်လိုက်တယ်။ သူက ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ပြီးတော့ လေးနက်တည်ကြည်တဲ့အမူအရာနဲ့ပြန်ပြောလိုက်တယ်။

"အင်း ... ဓားသိုင်းဆိုတာက ဓားနဲ့လူတစ်သားတည်း ကျတာပဲ။ လက်ထဲမှာ ဓားတစ်လက်မရှိတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ရင်ထဲမှာ ဓားရှိနေသရွေ့ ကိစ္စမရှိဘူး။ ဓားက ဘာမှမဟုတ်ဘူး။ အလယ်အလတ်ပဲ ... ပန်းတစ်ပွင့် ဒါမှမဟုတ် သစ်ကိုင်းတစ်ခုကတောင် မင်းရဲ့ဓားဖြစ်နိုင်တယ်”

“ဖွီး ... ကော်ပီကြောင်” ကူယွဲ့က မျက်စောင်းထိုးလိုက်တယ်။ ဒီစာကြောင်းတွေက ဝတ္ထုထဲက စာကြောင်းဆိုတာ မှတ်မိပြီး သူထုတ်ပြောလိုက်တော့တယ်။ အရှက်ရှိစမ်းပါကွ။

“သူ ပြောတာနားမထောင်နဲ့ သူက ...”

“ကျွန်တော့်လက်ထဲမှာဓားမရှိဘူး ... ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာ ဓားရှိတယ်”

“မင်း အဲဒီလောက်ကြီး အလေးမထားနဲ့ ... တကယ်ယုံတာလား ...” သူ့မှာ ဦးနှောက်ရှိတာလား။

“ဓားနဲ့တစ်သားတည်း” ဓားချီက ယိချင်းရဲ့ခန္ဓာကိုယ်တစ်ဝိုက်စတင်ပေါ်ထွက်လာပြီးတော့ ဝိညာဉ်ချီတွေက သူ့ထဲကိုစတင်စီးဆင်းလာတော့တာပဲ။ စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့ရဲ့ချီတွေ သိုလှောင်ထားပြီးတော့ သူ့ရဲဒဏ်ရာတွေလည်း သူတို့မျက်လုံးရှေ့မှာပဲ စတင် ပျောက်ကင်းသွားတယ်။ သူ့ရဲ့ကျင့်ကြံဆင့်ကတောင် လျှင်မြန်စွာအဆင့်တက်သွားတော့တာပဲ။

“ဟိုလီရှစ် ဒါ ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ဟမ် အဓိပ္ပာယ်မရှိစကားတွေကြောင့် မင်းက တကယ်ကြီး ဉာဏ်အလင်းပွင့်သွားတယ်လား ... မင်းက စကူချောင်နေတာပဲဖြစ်ရမယ်။ ဒါပေမဲ့ မင်း ဒီလောက်အထိ ကျွမ်းကျင်နေစရာ မလိုဘူးမလား။ ဉာဏ်အလင်းပွင့်တယ်ဆိုတာ မင်းနားမှာ ပရိသတ်တစ်သိုက် ဝိုင်းနေတယ်လို့ထင်တာလား။

“ဆရာ ... အခုကျွန်တော်နားလည်သွားပြီ” ယိချင်းက သူပျော်ရွှင်နေတာ ဖိနှိပ်ပြီးတော့ သူ့ကျင့်ကြံဆင့်က လျှင်မြန်စွာတက်လာတော့တာပဲ။ သူက ရှန်းရင်ကို အရိုအသေပေးပြီး သူနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ ချင်းယီဆီကို ချက်ချင်းပျံသန်းသွားတော့တယ်။

ယိချင်းက လက်ထဲမှာ ဘာလက်နက်မှ မကိုင်ထားဘူး။ ဒါတောင် ဝိညာဉ်ဓားတစ်သောင်းက သူ့နားတစ်ဝိုက်မှာပေါ်လာတယ်။ သူ့ရဲ့ဓားဆန္ဒက အရင်ကထက် အဆရာချီပိုသန်မာလာတယ်။ ချင်းယီရဲ့ ကြာပန်းနီကံမီးတောက်က သူ့ကို ဘာမှမလုပ်နိုင်တော့ဘူး။ သူ့ရဲ့ကျင့်ကြံဆင့်ကို သူဖိနှိပ်ထားခဲ့ရတယ်။ ဒါကြောင့် နတ်ဝိညာဉ်တည်အဆင့်မှာရှိနေတုန်းပဲ။ ချင်းယီက ခရီးသွားမသေမျိုးတစ်ယောက်။ ဒါတောင်မှ နှစ်ယောက်သားက နေရာချင်းလဲလိုက်သလိုပဲ။ ယိချင်းက အခုဆို ချင်းယီနဲ့ ရင်ဆိုင်တဲ့နေရာမှာ တပန်းသာနေပြီ။

ကူယွဲ့ “...” ဒီကြောင်တောင်တောင်လောကကြီးအလုပ်လုပ်ပုံကို သူနားမလည်တော့သလိုသူခံစား နေရတယ်။ ဟုတ်ပြီလေ ... ကိစ္စတွေကို သူတို့က ရှုပ်ထွေးစေချင်တယ်ဆိုတော့ သူတို့ကို သူ့လက်ထဲ ဆေးကြောရုံပေါ့။

ရှန်းရင်က သမ်းဝေလိုက်တယ်။ “ငါ အိပ်ငိုက်နေပြီ ... အဖေနျို သူ့ကိုကြည့်ထားလိုက်ဦး။ ငါ တရေးလောက်မှေးလိုက်ဦးမယ်။" ရှန်းရင်က ရုတ်တရက်ပြောပြီး အကြောဆန့်လိုက်တယ်။

“…” ငါ့ဖင်ကိုပဲအိပ်။ မင်း အိပ်တာနဲ့စားတာနဲ့အပြင် ဘာများလုပ်သေးလို့လဲ။ အဲ့ဒီကောင်ကို တကယ်ကြီး မင်းတပည့်လို့မှတ်ယူနေတာလား။

နေစမ်းပါဦး...

“ယိချင်းကို ချင်းယီနဲ့တစ်ကိုယ်တည်းတိုက်ခိုက်ခိုင်းတာက မင်း လှုပ်ရှားရမှာ ပျင်းရိလွန်းနေတာကြောင့်လား။

“…”

ခဏကြာပြီးတော့ ... “ဒီနေ့ရာသီဥတုကကောင်းနေတယ်နော်။ ငါတို့ နေ့လယ်စာဘာစားသင့်လဲ”

မင်း တွေဝေနေတာနဲ့ ငရဲကိုသွားလိုက်တော့။ ငါ မှန်တယ်... မင်းက သောက်ရမ်းပျင်းရိလွန်းနေတာပဲ။

————

ယိချင်းက ဒီတစ်ခေါက်အစွမ်းကုန်ထုတ်သုံးပြီး ချင်းယီကို အဆုံးသတ်ဖို့ တစ်မိနစ်တောင်အချိန်မလို လိုက်ဘူး။ ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံဆင့်တွေကို ဆက်ပြီးမဖိနှိပ်နိုင်တော့ဘူး။ ဒီမသေမျိုးမျှော်နန်းထဲက ဝိညာဉ်ချီတွေက သိပ်သည်းလွန်းတယ်။ ယိချင်းရဲ့ဉာဏ်အလင်းပွင့်တာက နှစ်နာရီလောက်ကြာသွား တယ်။ ဒါတောင်မှ ဒီလိုတိုတောင်းတဲ့အချိန်တိုအတွင်း သူက နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကို အဆင့်တက်သွားတယ်။ သူက ဒီလိုနဲ့ပဲ ကူယွဲ့ကို အမှီလိုက်သွားတော့တာပေါ့။

ကူယွဲ့က ကျိန်ဆဲရုံပဲတတ်နိုင်တယ်။

(#‵′)凸

သူနဲ့အတူ cheat ကြီးနှစ်ခုသယ်လာခဲ့မိမှန်း မသိခဲ့ဘူးလေ။ ဆရာက cheat ဖြစ်တာနဲ့တင် လုံလောက်နေပြီကို တပည့်ကပါ ဒီလို cheat ဖြစ်နေလိမ့်မယ်လို့ ဘယ်သူကထင်မှာတုန်း။ ခဏလေးပဲရှိသေးတာကို ရွှေအမြုတေကျင့်ကြံသူတစ်ယောက်က နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သွားခဲ့ပြီ။ ဒါက ရယ်စရာကောင်းလိုက်တာ။ ဒါက အဓိပ္ပာယ်မရှိ လိုက်တာ။

ကူယွဲ့က ဒီဆရာတပည့်နဲ့တွေ့ချိန်မှစပြီး သေသေသပ်သပ်နဲ့ ရှင်းလင်းတဲ့မသေမျိုးအနာဂတ်က ရှုပ်ထွေးမှုတွေ တိုးလာတော့တာပဲ။ ကူယွဲ့က ကောင်းကင်ဘုံက သူ့ဖက်မှာရှိနေခဲ့တာကြောင့် ဒီလောက်တိုးတက်လာနိုင်တယ်လို့ခံစားမိခဲ့တာလေ။

“ဆရာ” ယိချင်းက ဉာဏ်အလင်းပွင့်မှုကနေ ပြန်ပြီး သတိပြန်ဝင်လာပြီးခေါ်လိုက်တယ်။ ရှန်းရင်က တရေးနိုးလာပြီး “လမ်းညွှန်ပေးတာအတွက် ကျေးဇူးတင်ပါတယ် ... ဆရာ ... တပည့်နည်းနည်း တိုးတက်လာပါတယ်”

“ဟန့် ဟန့်” ကူယွဲ့က သူတို့နှစ်ယောက်လုံးကို ဖြတ်ရိုက်ချင်သွားတော့တာပဲ။ ဒါကို နည်းနည်းတိုးတက်တယ်လို့ခေါ်တာလား။ အဓိက မှတ်ကျောက်ကြီးထက်ပိုတယ်ကွ။

“အင်း” ရှန်းရင်က ခေါင်းညိတ်လိုက်တယ်။ “ငါတို့အခု စားလို့ရပြီလား”

“ဟုတ်ကဲ့ ဆရာ ... ပြဿနာမရှိဘူး”

ကူယွဲ့ “...” ဒီ ငနှေးနှစ်ကောင်ကတော့။

All Chapters