← Chapters

တပည့်စုဆောင်းခြင်း

Vol. 4 Ch. 59

တပည့်စုဆောင်းခြင်း

Vol. 4 Ch. 59

“ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ချင်တယ်လို့ပြောခဲ့တယ်မလား ငါတို့လူမစုဆောင်းရင် ဟိုလီရှစ် မင်းက ဘယ်တပည့်မှ မခေါ်ဖို့စီစဉ်ထားတာတော့မဟုတ်ဘူးမလား”

ကူယွဲ့က ရှန်းရင်ကို ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီးတော့ သူ့နောက်မှာ ရှန်းချီတွေနဲ့ ဝန်းရံနေတဲ့နန်းတော်ကို လက်ညှိုးထိုးပြလိုက်တယ်။

“ငါတို့တွေက တပည့်မစုဆောင်းဘူးဆိုရင် ဒီလိုရူးလောက်အောင်ကြီးတဲ့နန်းတော်ကြီးကို ဘာကြောင့်မင်းတည်ဆောက်ထားတာလဲ”

ယုန်ဧကရာဇ်က သူတို့ကို ဒီဝိညာဉ်တောင်ထွတ်ဆီခေါ် လာပြီးတဲ့နောက်မှာ နန်းတော်ကို တည်ဆောက်ဖို့အတွက် မိစ္ဆာသားရဲတစ်စုကိုခေါ်လာတယ်လေ ... လပိုင်းအတွင်းမှာပဲ အရင်က ဘာမှမရှိတဲ့တောင်တန်းမှာ ဝိညာဉ်ဆေးပင်တွေရှိလာပြီး ရုတ်တရက်ကြီးအပေါ်မှာ နန်းတော်တစ်ခု တည်ဆောက်ပြီးသွားရောပဲ ... နန်းတော်က မိစ္ဆာဧကရာဇ်နေရာထက်တောင် ပိုပြီးခမ်းနားနေပုံပေါ်နေတာ...”

“မလှဘူးလား ...” ရှန်းရင်က လှပတဲ့နန်းတော်ကိုလှည့်ကြည့်ပြီးတော့ မှတ်ချက်ချလိုက်တယ်။

“မင်း ဖင်ကြီးကိုပဲလှ” ကူယွဲ့က ဒေါသထွက်သွားရောပဲ

“ငါတို့သုံးယောက်အတွက် ဒီလောက်ကြီးမားတဲ့နန်းတော်ကို တည်ဆောက်ထားတယ်လို့ ငါ့ ကိုမပြောနဲ့နော်”

“မင်းကိုယ်မင်း ဧကရာဇ်တစ်ပါးလို့ထင်နေတာလား ... ဒီနန်းတော်က ကြီးလွန်းလို့ တပတ်ပြည့်အောင်လျှောက်ဖို့ဆိုရင် နှစ်ရက်လောက်တောင် အချိန်ယူရတာ”

“တပည့်စုဆောင်းဖို့ဆိုတာ ဒုက္ခများလွန်းပါတယ်”

“ဟန့် … ဟန့်... ဟန့် ...” ကူယွဲ့က ရယ်စရာမပါဘဲရယ်လိုက်တယ်။

“ငါတို့မှာ ဘာတပည့်မှမရှိဘူးဆိုရင် သန့်ရှင်းရေးတွေနဲ့ နန်းတော်က ဝေယျာဝစ္စတွေအားလုံးကို မင်း ဖြေရှင်းလိုက် ဟုတ်ပြီလား”

“…”

နှစ်စက္ကန့်ကြာပြီးနောက် ...

“အဖေနျို ... နင်ပြောတာမှန်တယ်လို့ ငါထင်တယ် ... ငါတို့အခု တပည့်တွေသွားစုဆောင်းသင့်ပြီလား”

အဲ့လိုပြောပြီးတော့ သူမက သူမဘေးမှာရှိတဲ့ ယိချင်းကိုလှည့်ကြည့်ပြီးပြောလိုက်တယ်။

"စားဖိုမှူး ... စားသောက်ဖွယ်ရာအားလုံးကို မြန်မြန်ထုပ်ပိုးလိုက် ငါတို့တွေလမ်းမှာ ဒါတွေကို အဆာပြေအနေနဲ့စားလို့ရတယ်။ ပြီးတော့ ဟင်းချက်ပစ္စည်းတွေလည်းပိုသယ်လာခဲ့ဦး ငါတို့ ဒီကိုအချိန်မှီပြန်မရောက်ရင် ငါတို့ပျော်ပွဲစားထွက်လို့ရမှာလေ”

“ဟုတ်ကဲ့ ဆရာ ... ပြဿနာမရှိဘူးဆရာ”

“…” အဆုံးကျ မင်းစိုးရိမ်ပူပန်သမျှအားလုံးက စားစရာပဲ။

ကူယွဲ့က စိတ်ထဲမှာ အစီအစဉ်တစ်ခုရှိပြီးသား ... ဒီဝိညာဉ်ဆေးပင်တွေနဲ့မြေကိုသုံးပြီး တစ်ဂိုဏ်းလုံးကို ပျိုးထောင်ဖို့က သူတို့အတွက် လွယ်လွယ်လေးပဲလေ အခု သူတို့သုံးယောက်ပဲရှိပြီး ရှေ့ဆက်ရမဲ့ခရီးက ခက်ခဲမဲ့ပုံပေါ်နေပေမဲ့ ကူယွဲ့က ဝန်ထမ်းသန်းချီကို စီမံခန့်ခွဲတဲ့ ကုမ္ပဏီအတွေ့အကြုံရှိတာလေ သူက ဒီကိစ္စတွေနဲ့ရင်းနှီးလွန်းတယ် လေ့ကျင့်ဖို့အတွက်ကတော့ သူနဲ့ယိချင်း ဖြေရှင်းပေးနိုင်တယ် ပြောရရင် သူတို့က ဓားသိုင်းကျင့်ကြံတဲ့သူတွေ ပါရမီရှိတဲ့တပည့်တွေကို စည်းရုံးနိုင်တယ်။ ကူယွဲ့က အစီအရင်အခင်းအကျင်းမှာ ကျွမ်းကျင်ပြီး ယိချင်းက လက်နက်သန့်စင်ရာမှာကျွမ်းကျင်တယ်။ သူတို့တွေက သင့်တော်တဲ့တပည့်တွေ့ပြီး သူတို့ဖာသာ ဆေးလုံးဖော်စပ်ခိုင်းမယ် သားရဲတွေထိန်းချုပ်ခိုင်းမယ်ဆိုရင် သူတို့ရဲ့အရည်အချင်းတွေ လက်ဆင့်ကမ်းပေးလို့ရမယ်။

ရှန်းရင်အတွက်ကတော့ သူတို့အတွက်သူက ကံကောင်းခြင်းအဆောင်လေးဖြစ်နေစေဖို့ပဲ အာရုံစိုက်နိုင်ပြီလေ။

ကူယွဲ့က အားလုံးကို စိတ်ထဲမှာတွေးပြီးသား သူ့ရဲ့အစီအစဉ်တွေအသေးစိတ်ပါတဲ့ စာအုပ်အထူကြီးကိုလည်း ရေးပြီးသား ... ဒီထဲမှာ တပည့်တွေကိုဘယ်လိုလေ့ကျင့်ပေးမယ်ဆိုတဲ့ သိုင်းကျမ်းတွေ ဂိုဏ်းရဲ့အရည်အသွေးကို မြှင့်တင်ပေးဖို့တွေ ဂိုဏ်းရဲ့လွှမ်းမိုးမှုကို ဖြန့်ကျက်မှုတွေ အကုန်လုံးပါတယ် သူ့စိတ်ထဲမှာ အားလုံးကို နေရာတကျချပြီးသား ဒါက မှားနိုင်စရာမရှိဘူးလေ။ ကျန်တာတွေက သူတို့သုံးယောက်က အထက်ထျန်းလျန်ကို တက်ပြီးသူတို့ရဲ့ဖြစ်တည်မှုကို ပြဖို့ပဲ သုံးယောက်လုံးက လိုအပ်မှုတွေအားလုံးလုပ်ပြီးပြီ သူတို့ရဲ့လူစုဆောင်းရေးခရီးစဉ် စတော့မဲ့အချိန်မှာပဲ ပြဿနာကြီးတစ်ခုနဲ့တွေ့ရောပဲ

“ခင်ဗျားတို့က ဘယ်ဂိုဏ်းကလဲ” အဖြူရောင်ဝတ်ရုံနဲ့ လူငယ်လေးက အပြစ်ကင်းကင်း မေးလိုက်တယ်။

ကူယွဲ့ “...”

ယိချင်း “...”

ရှန်းရင် “...”

ဟိုလီရှစ် ငါတို့ဂိုဏ်းအတွက် နာမည်စဉ်းစားဖို့မေ့သွားတာပဲ ...

နပေါဦး ...

“ဟန့် ... ဟန့် ... ဟန့် ... တာအိုရောင်းရင်း ကျေးဇူးပြုပြီး ခဏလောက်အချိန်ပေးပါဦး”

ကူယွဲ့ရဲ့မျက်နှာမှာ အရောင်အသွေးမရှိတော့ဘူး သူက အသံကာတဲ့အစီအရင်တစ်ခု အမြန်ချမှတ်ပြီး သူ့အပေါင်းအဖော်နှစ်ယောက်ဘက်လှည့်ကြည့်တယ်။

“ငါတို့တွေ ဂိုဏ်းနာမည်မပေးရသေးဘူးဆိုတာ ငါ့ကိုဘာကြောင့် သတိမပေးတာလဲ”

ရှန်းရင်ရဲ့အမူအရာကတော့ ဖာသိဖာသာဖြစ်နေတယ်။

“အစောတုန်းကတောင် နင် တစ်ခုခု စဉ်းစားပြီးပြီလို့ထင်နေတာ” တပည့်စုဆောင်းဖို့တွေးမိတာက နင်ပဲမဟုတ်ဘူးလား

ယိချင်းကထောက်ခံကြောင်း ခေါင်းညိတ်တယ်။ “ဆရာသခင်နျိုမှ အစီအစဉ်ရှိတယ်လို့ ကျုပ်လည်းထင်နေတာ”

“ငါတို့ အခုဘာလုပ်သင့်လဲ ... ငါတို့ဂိုဏ်းနာမည်ကိုမစဉ်းစားရသေးဘူးလို့ ပြောလို့မရဘူးမလား ... ပြောလို့ရလို့လား” ကူယွဲ့က လူငယ်လေးကိုတချက်လှည့်ကြည့်လိုက်တယ် ပြီးနောက် အသံတိုးတိုးနဲ့ ရှန်းရင်ကို ဆော်ဩလိုက်တယ် “မြန်မြန် ဒီနေရာမြေကိုရှာတွေ့တဲ့သူက မင်းပဲလေ ... တစ်ခုခုစဉ်းစားပါဦး”

“စကားလုံးတချို့ကို အတူထည့်လိုက်ရုံပဲလား"

“ဘာဖြစ်ဖြစ် မှတ်မိလွယ်ပြီကြားလို့ကောင်းတဲ့နာမည်ဆိုရပြီမြန်မြန်”

“ဪ ... နာမည်တစ်ခုပဲမလား” မှတ်မိလွယ်ပြီး နားဝင်ပီယံဖြစ်စေတာ ပိုင်ကျင်း ကိတ်မုန့် ချိစ် ငါး”

“ပန်ကိတ်ကြော်နဲ့အကြော်အလှော်တွေဆိုရင်ကော”

“ဒါလဲအဆင်ပြေတာပဲ”

“မင်း -င်ကိုပြေနေလိုက်” အဲဒါက နားဝင်ပီယံဖြစ်စေတာလား မင်းခံတွင်းကို ဖြစ်စေတာလား ကူယွဲ့က ဒေါသထွက်သွားရောပဲ။

“စားစရာတွေအကြောင်းစဉ်းစားနေတာ ခဏလောက်ရပ်ပေးနိုင်မလား ငါတို့တွေသာ နာမည်ကို ဒီအတိုင်းရွေးလိုက်မယ်ဆိုရင် တခြားဂိုဏ်းတွေက ငါတို့ရဲ့တပည့်တွေကို အမှန်တကယ် ဝါးမျိုလို့ရမယ်လို့ပြောနေတာ မဟုတ်ဘူးလား”

“ငါတို့တွေက ဖြုံလောက်တဲ့နာမည်မျိုးလိုချင်တာလား”

“ဒါပေါ့ ငါတို့တွေက ဟိတ်ဟန်ရှိပြီး သန်မာတဲ့နာမည်မျိုးလိုချင်တာ ... ထျန်းလျန်လောကသုံးပါးကို တုန်လှုပ်သွားစေတဲ့နာမည်မျိုးလိုချင်တယ်လေ”

“ဒီလိုရင် ရှင်းဟွာနဲ့ ပေတာ့ရော”

“ဆရာ နာမည်တွေက ကောင်းတာကပဲ” ယိချင်းက ထောက်ခံတယ်။ သူတို့တွေက ဂုဏ်သတင်းရှိတဲ့နာမည်နဲ့ တူတယ်”

ကူယွဲ့ “.....” “သောက်အနှောင့်တွေ”

...

အထက်ထျန်းလျန်လောာကမှာလဲ လူအများကြီး ရှိပြီး ဂိုဏ်းတွေက တပည့်စုဆောင်းတဲ့နေရာက လူပိုများတယ်။ လမ်းကြားနဲ့ လမ်းပေါ်မှာ ဂိုဏ်းတစ်ဂိုဏ်း၊ ဒါမှမဟုတ် မိသားစုတစ်ခုကို ဝင်ချင်တဲ့ လူတွေက ပြည့်နေရောပဲ။ မင်းဆွေမင်းမျိုးမိသားစုလေးစုက သူတို့တပည့်စုဆောင်းဖို့ သူ့တို့နေရာအတည်ပြုသတ်မှတ်ပြီးသားပဲ။ ရင်ပြင်က သေမျိုးတွေအများစုက အဲ့ဒီမင်းဆွေမင်းမျိုး မိသားစုတွေကိုဝင်ချင်နေတာ။

အထက်ထျန်းလျန်လောကက ဝေးလံတဲ့ဧရိယာမှာတည်ရှိပြီးတော့ ဂိုဏ်းအသီးသီး တပည့်တွေနဲ့ တပည့်စုဆောင်းဖို့အတွက် မိသားစုတွေကနေ လွှတ်လိုက်တဲ့ လူတွေက မသေမျိုးမြို့ကြီးကလူတွေထက် ကျင့်ဝတ်ထုံးစံနဲတယ်။ လူတွေက သူတို့မိသားစုနာမည်ပါတဲ့ အလံလေးတွေ ဒါမှမဟုတ် ဂိုဏ်းနာမည်ပါတဲ့အလံလေးတွေကိုင်ထားကြတာ သူတို့စစ်ဆေးတဲ့ပုံစံ ကရိုးရှင်းတယ် သူတို့တွေက သူတို့ဝိညာဉ်ကြောရဲ့အရည်အသွေးကိုစမ်းသပ်ရုံပဲ

မင်းဆွေမင်းမျိုးမိသားစုကိုဝင်ဖို့ကတော့ တင်းကျပ်လွန်းပြီး သူတို့တွေက သူစိမ်းတွေကိုစုဆောင်းဖို့ ဘယ်တုန်းကမှ စိတ်မဝင်စားဘူး။ ဒါကြောင့် လူအများစုက တခြားဂိုဏ်းတွေကို ဝင်ဖို့ပဲကြည့်ကြတာလေ ကျန်တဲ့ဂိုဏ်းတွေရှေ့မှာ တန်းစီစောင့်နေတဲ့ လူတန်းက အရှည်ကြီးပဲ တစ်ဂိုဏ်းက လွဲလို့ပေါ့ အောက်ဘုံကနေ ညာဖက်နဲ့အတော်လှမ်းလှမ်းမှာ ဘယ်သူမှဂရုမစိုက်တဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိတယ်။

သူတို့ရဲ့ခုံတန်းရှေ့မှာ လူခုနစ်ယောက်စီတန်းစီစောင့်နေတယ်။ တခြားဂိုဏ်းနဲ့ယှဉ်ရင် အဲ့ဒီမှာ တိတ်ဆိတ်ပြီးအေးချမ်းနေတယ် အဲ့ဒီမှာ ကျင့်ကြံသူသုံးယောက်ပဲရှိတာ သူတို့ရဲ့အလံကို တစ်ယောက်က ကိုင်ထားပြီးတော့ အပေါ်မှာ ရေးထားတဲ့နာမည်က ၀ူတိ(ပြိုင်ဘက်ကင်း)တဲ့၊ နာမည်က ဟိတ်ဟန်ရှိပြီး အစွမ်းရှိပုံပေါ်တယ် ဒါပေမဲ့ ဘယ်သူမှမသွားဘူး ဂိုဏ်းက အသစ်စက်စက်ဖွဲ့တည်ကာစ ဂိုဏ်းလေးတစ်ဂိုဏ်းဆိုတာ လူတိုင်းပြောနိုင်တယ်။ ဂိုဏ်းကလူမှာ သုံးယောက်ထဲမှာ နှစ်ယောက်လောက်က ကျင့်ကြံဆင့်မြင့်တယ်လို့ပြောလို့ရပေမဲ့ သူတို့သုံးယောက်ထဲမှာ နှစ်ယောက်က အနားမှာရှိတဲ့လူတိုင်းကို အလွယ်တကူ အနိုင်ယူလို့ရမဲ့ပုံပေါ်ပေမဲ့ သူတို့ဂိုဏ်းထဲဘယ်သူမှမဝင်ရဲဘူး။

“အဖေနျို ...” ရှန်းရင်က သမ်းဝေလိုက်ပြီး သူမလက်ထဲက အလံကို ဝေ့ယမ်းလိုက်တယ်။

“ငါတို့တွေ တနေ့လုံး တပည့်စုဆောင်းဖို့ကြိုးစားနေတာ တစ်ယောက်မှမစုဆောင်းမိသေးဘူး။ နေ့လယ်စာအတွက်နားကြရအောင်လေ”

“မင်း ... မတ်မတ်ရပ်နေရင်ပိုကောင်းမယ်”

ကူယွဲ့က သူ့ကို သေစေနိုင်လောက်တဲ့အကြည့်နဲ့လှည့်ကြည့်ပြီးတော့ သူ့ကိုပြန်ပြီးညှိလိုက်တယ်။ ဂိုဏ်းသစ်တစ်ဂိုဏ်းအတွက် တပည့်စုဆောင်းဖို့ခက်လောက်မယ်ဆိုတာ သူသိတယ်။ ဒါပေမဲ့ သူတို့ရဲ့အခြေအနေက ဒီလောက်ထိ ဆိုးရွားနေမယ်လို့ မထင်ထားဘူး။ သူတို့ဂိုဏ်းအကြောင်းမေးဖို့ ဂရုစိုက်ဖို့သူတောင်မရှိဘဲ ကျင့်ကြံသူဖြစ်ဖို့မထိုက်တန်တဲ့ ဝိညာဉ်သွေးကြောအရည်အသွေးနိမ့်တဲ့ သူတွေကတောင် လာမမေးကြဘူး

“ငါ ဘ‌ယ်လောက်ကြာကြာရပ်နေရမှာလဲ” ရှန်းရင်က မခံစားနိုင်တော့ဘူး

ယိချင်းက သူမလက်ထဲကနေအလံကိုချက်ချင်းလှမ်းယူပေးလိုက်တယ် ပြီးတော့ သိုလှောင်အိတ်ကို ထုတ်ပြီးတော့ သစ်သားခုံငယ်ထုတ်လိုက်တယ်။

“ဆရာ ... ထိုင်ပြီးအနားယူပါလား”

“ဟုတ်ပြီလေ” ရှန်းရင်က မျက်လုံးလက်သွားပြီးနောက် ခုံတန်းမှာထိုင်လိုက်တယ်။ ဒါပေမဲ့ ရုတ်တရက်ပဲ မီးခိုးရောင်ဝတ်ရုံနဲ့အမျိုးသမီးက အချိန်ထိပိတ်ထားတဲ့ ဆိုင်ခန်းထဲကနေ ထွက်လာတယ်။ သူမက သူမသွားနေတဲ့နေရာကို မကြည့်ဘဲနဲ့ သိပ်မကြာခင်မှာတဲ့ ရှန်းရင်ထိုင်နေတဲ့ သစ်သားခုံတန်းကို တိုက်မိပြီး သုံးယောက်သား ချော်လဲကျသွားရောပဲ။ မိန်းမပျိုလေးရဲ့ မီးခိုရောင်ဝတ်ရုံက ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး အရောင်သွေးစုံလင်တဲ့တောက်တောက်ပပ ဝတ်ရုံကပေါ်လာတော့တယ်။

ရှန်းရင်က ခဏတာတွေဝေနေပြီးနောက် သူမကို ကူဖို့လှုပ်ရှားလိုက်တယ်။ ဒါပေမဲ့ ဆိုင်ထဲကနေ ပြေးထွက်လာတဲ့ တစ်စုံတစ်ယောက် ရိုက်တာခံလိုက်ရတယ်။

“စစ်ယွီ” မိန်းကလေးက အမြန်ပြေးထွက်လာပြီး မြေပြင်ပေါ်ကနေမီးခိုးရောင်ဝတ်ရုံကို ပြန်ချည်ပေးပြီး အရောင်အသွေးစုံတဲ့ဝတ်ရုံကို ဖုံးကွယ်ပေးလိုက်တယ်။

“အဆင်ပြေရဲ့လား ... ပြေရဲ့လား"

“အစ်မကြီးယွီဟုန်” မီးခိုးရောင်ဝတ်ရုံနဲ့အမျိုးသမီးက ခေါင်းခါလိုက်ပြီး သူမပတ်ဝန်းကျင်ကို ကြောက်ကြောက်လန့်လန့် ကြည့်နေတယ်။ ခဏအကြာမှာ ဆိုင်ထဲက ခုနစ်ယောက်ရှစ်ယောက်လောက်က ထွက်လာတယ်။ သူတို့က အဲ့ဒီမိန်းမပျိုလိုပဲ မီးခိုးရောင်ဝတ်ရုံတွေ ဝတ်ထားကြတာ။

All Chapters