← Chapters

အခန်း (၃၅၈)

Vol. 36 Ch. 358

အခန်း (၃၅၈)

Vol. 36 Ch. 358

“မဟာဆရာသခင်ကြီး ကျီ... ကျွန်တော် ခွင့်ပြုပါဦး။ ဒီရက်ပိုင်းအတွင်း အစ်မပြောင်ပြောင်ကပဲ မဟာဆရာသခင်ကြီးကို ပြုစုစောင့်ရှောက်ပေးပါလိမ့်မယ်” တုပိုင်သည် ဦးညွှတ်ပြီး ထွက်ပေါက်ဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။

“ဖေဖေ...” ကျီပြောင်ပြောင် စိုးရိမ်ပူပန်စွာ လှမ်းခေါ်လိုက်သည်။

“ရပ်လိုက်” ကျီချင်းကျူ နောက်ဆုံးတွင် အော်ဟစ်လိုက်သည်။

သူသည် ထိုစကားလုံးနှစ်လုံးကို ပြောထွက်ရန် သတ္တိများအားလုံးကို အသုံးပြုလိုက်ရပုံပင်။ တုပိုင် ရပ်တန့်လိုက်ပြီး ကျီချင်းကျူကို ဦးညွှတ်ကာ ထိုအနေအထားအတိုင်း မလှုပ်မယှက် ရပ်နေလိုက်သည်။

ကျီချင်းကျူက ပြောလိုက်သည်။ “မင်းတို့အားလုံး အပြင်ထွက်တော့။ ပြောင်ပြောင်.. သမီးရောပဲ...”

ကျီပြောင်ပြောင်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ချက်ချင်း ပေါ်လာသည်။

“ထွက်သွား” ကျီချင်းကျူက ပြင်းထန်စွာ ပြောလိုက်သော်လည်း ချက်ချင်းပင် နူးညံ့သော လေသံဖြင့် ပြန်ပြောလိုက်သည်။ “မင်းတို့အားလုံး အပြင်ထွက်တော့။”

“ဟုတ်ကဲ့ပါ” လူအများစု ဦးညွှတ်ကာ ထွက်သွားကြသည်။

အခန်းထဲတွင် တုပိုင်နှင့် မဟာဆရာသခင်ကြီး ကျီချင်းကျူတို့ နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ ကျီချင်းကျူသည် အလိုအလျောက် ထရပ်ချင်စိတ် ဖြစ်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အခြားသူများထက် ပိုမိုမြင့်မားသော အနေအထားကို အမြဲတမ်း ထိန်းသိမ်းလိုပြီး လဲလျောင်းလျက် စကားပြောခြင်းသည် အားနည်းခြင်းတစ်မျိုးကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။

သို့သော် သူတစ်ဝက်ခန့် ထလိုက်ပြီးမှ ပြန်လှဲချလိုက်သည်။ သူသည် ဘဝတစ်လျှောက်လုံး သန်မာခဲ့သော်လည်း ယခု ကြုံတွေ့ရသော ကြီးမားသည့် အရှက်ရမှုက သူ၏ဘဝတစ်လျှောက်လုံး ခက်ခက်ခဲခဲ တည်ဆောက်ထားခဲ့သည့် ဟန်ဆောင်မှုများကို စွန့်လွှတ်လိုက်နိုင်စေသည်။

“အဲ့ဒီနေ့က အိမ်ကထွက်သွားတုန်းက ပြောင်ပြောင် ပြောခဲ့တဲ့ စကားတွေက မှန်တယ်ဆိုတာ ငါ့ရင်ထဲမှာ သိနေခဲ့ပါတယ်။ ငါက ဝန်မခံချင်ခဲ့တာပါ” ကျီချင်းကျူက တစ်ခါမျှ မကြားဖူးသော လေသံဖြင့် ပြောလိုက်သည်။ “တကယ်တော့ ငါ့မှာ ကြားနေဖို့ နေရာမရှိပါဘူး။ လီမိသားစုက ပုန်ကန်ထကြွလာပြီဆိုရင် သူတို့ရဲ့ သြဇာလွှမ်းမိုးမှု နယ်ပယ်ထဲမှာ ထိန်းချုပ်မရတဲ့ အင်အားစုတစ်ခု ရှိနေတာကို ခွင့်ပြုမှာ မဟုတ်ဘူး။ အဲ့ဒီအချိန်ကျရင် ငါက သူတို့ကို သစ္စာခံရင်ခံ ၊ မခံရင် သူတို့က အင်အားသုံးပြီး ငါ့ကို ဖျက်ဆီးပစ်ကြမှာပဲ။”

ဤသည်မှာ အရိုးရှင်းဆုံး အမှန်တရားပင် ဖြစ်သည်။

ကျီချင်းကျူက ဆက်ပြောသည်။ “ပြီးတော့ အဲ့ဒီအချိန်ကျရင် ငါ့ရဲ့ အပြာရောင်နဂါးဂိုဏ်းက လူထောင်ဂဏန်းလောက်နဲ့ လီရူဟိုင်ရဲ့ စစ်သည် သောင်းချီကို ခုခံတိုက်ခိုက်မယ်ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ငါက အဆင်ပြေသွားမှာပါဆိုတဲ့ စိတ်ထားမျိုး ရှိနေပြီး ကြားနေအနေအထားကို ထာဝရ ထိန်းသိမ်းထားနိုင်မယ်လို့ အိပ်မက်မက်နေခဲ့တာ။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပါပဲ။ ငါ့သိုင်းပညာက မြင့်မားပေမဲ့ သတ္တိပိုင်းဆိုင်ရာမှာတော့ မင်းနဲ့ ပြောင်ပြောင်ကို မမီပါဘူး။ ငါ့မှာ စရိုက်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ရှိနေတယ်။”

တုပိုင်သည် စကားတစ်ခွန်းမှ ပြန်မပြောဘဲ နားထောင်နေလိုက်သည်။

ကျီချင်းကျူက ဆက်ပြောသည်။ “လီမိသားစုက ငါ့ကို သည်းမခံနိုင်ပေမဲ့ တာ့နင်အင်ပါယာကတော့ လက်ခံနိုင်တယ်။ ဒီအချက်ကို ငါ့ရင်ထဲမှာ ရှင်းရှင်းလင်းလင်း သိပါတယ်။ ဒါပေမဲ့ တာ့နင်အင်ပါယာနဲ့ မဟာမိတ်ဖွဲ့လိုက်တာနဲ့ လီမိသားစုရဲ့ ရန်သူ ဖြစ်သွားတော့မှာကို ငါကြောက်တယ်။ မင်း နားကြားမမှားပါဘူး.. ငါ ကြောက်နေတာ။ ငါ့ရဲ့ ဆယ်စုနှစ်ချီ တည်ဆောက်ထားတဲ့ အခြေခံအုတ်မြစ်တွေ ချက်ချင်း ပျက်စီးသွားမှာကို ကြောက်တယ်။ ပြီးတော့ ငါ့ရင်ထဲမှာ အလိုလို ခံစားမိတာက လီမိသားစုက ငါ့ကို သိမ်းပိုက်ချင်ရင်တောင် နောက်ထပ် နှစ်အနည်းငယ် ကြာဦးမယ်။ ဒါပေမဲ့ တာ့နင်အင်ပါယာနဲ့ မဟာမိတ်ဖွဲ့လိုက်ရင်တော့ ချက်ချင်း ရန်သူဖြစ်ပြီး စစ်ဖြစ်ရတော့မယ်။ ငါက ရေနွေးပူထဲက ဖားတစ်ကောင်လိုပဲ ၊ အရှင်လတ်လတ် ပြုတ်မခံရခင်အထိ အပြောင်းအလဲ မလုပ်ဘဲ စောင့်နေမိတာ။”

မဟာဆရာသခင်ကြီး ကျီချင်းကျူ၏ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ချက်မှာ အမှန်တကယ်ပင် နက်ရှိုင်းလှသည်။

“ဒါပေမဲ့ လီမိသားစုက ငါ့ကို အချိန်ပေးဖို့ ရည်ရွယ်ချက် မရှိဘူး။ ကွေ့မင်းသားအပေါ် လီရူဟိုင်ရဲ့ သဘောထားနဲ့ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို စုစည်းနေတဲ့ အရှိန်အဟုန်အရဆိုရင် သူက နောက်နှစ် ဒါမှမဟုတ် နောက် ၂ နှစ်လောက်မှာပဲ ပုန်ကန်တော့မယ် ထင်တယ်” ကျီချင်းကျူက သုံးသပ်ပြောကြားသည်။ “ကျန်းနန်နယ်စားမင်း အန်နမ်နိုင်ငံကနေ အောင်ပွဲခံပြီး ပြန်လာတာကို သူစောင့်နေမှာ မဟုတ်ဘူး။ စုန်ချွဲက စစ်ပွဲမှာ အသာစီးရလာတာနဲ့ လီရူဟိုင်က ပုန်ကန်မှုကို အရှိန်မြှင့်ပြီး ကွမ်ရှီးပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်လိုက်လိမ့်မယ်။ ပြီးတော့ ဗီယက်နမ် သူပုန်ခေါင်းဆောင် ငုယင်မိသားစုနဲ့ ပေါင်းပြီး ကျန်းနန်နယ်စားမင်း စုန်ချွဲကို မြောက်ဘက်နဲ့ တောင်ဘက်ကနေ ညှပ်တိုက်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် အင်ပါယာရဲ့ နောက်ဆုံးနဲ့ တစ်ခုတည်းသော လက်ရွေးစင်တပ်ဖွဲ့ တောင်ပိုင်းမှာ မြေမြှုပ်သင်္ဂြိုဟ်ခံရပြီး သူ့ကို ခုခံနိုင်တဲ့ အင်အားစု ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။”

“တကယ်တော့ ငါ့မှာ ရွေးချယ်စရာ မရှိတော့ပါဘူး” ကျီချင်းကျူ သက်ပြင်းချလိုက်သည်။ “လီရူဟိုင်ဆီမှာ ဒူးထောက် အညံ့ခံတာကလွဲရင် တာ့နင်အင်ပါယာနဲ့ မဟာမိတ်ဖွဲ့တာက ငါ့ရဲ့ တစ်ခုတည်းသော လမ်းပါပဲ။ တာ့နင်အင်ပါယာနဲ့ မဟာမိတ်ဖွဲ့လိုက်ရင် ငါသေချာပေါက် သေရမယ်။ တကယ်တော့ ဒီလမ်းကလည်း သေမင်းနဲ့ ရင်ဆိုင်ရမယ့် လမ်းပါပဲ။ ဒါပေမဲ့... ဖရိုဖရဲ ငရဲဘုံထဲမှာ နေထိုင်ရတာကလည်း သေမင်းနဲ့ ရင်ဆိုင်နေရတာပါပဲလေ။”

ထို့နောက် ကျီချင်းကျူသည် ကုတင်ပေါ်မှ ထလိုက်ပြီး တုပိုင်ကို ပြောလိုက်သည်။ “တုပိုင်.. မင်းရဲ့ ရာထူးက နိမ့်ပေမဲ့ မင်းက တာ့နင်အင်ပါယာ ဧကရာဇ်ရဲ့ တိုက်ရိုက်အမာခံအင်အားစု တစ်ခုဆိုတာ ငါသိပါတယ်။ ပြီးတော့ တာ့နင်အင်ပါယာရဲ့ အရပ်ဘက် စစ်ဘက် အရာရှိတွေနဲ့ မိန်းမစိုးဂိုဏ်းက လူအများစုက လူယုတ်မာတွေ ဖြစ်ပေမဲ့ ဧကရာဇ် ထျန်ယွင်ကတော့ ရှားရှားပါးပါး ကောင်းမွန်တဲ့ ဧကရာဇ်တစ်ပါးဆိုတာ ငါသိပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်က ဖြစ်ခဲ့တဲ့ စာမေးပွဲ မသမာမှု အရှုပ်တော်ပုံကို ဧကရာဇ် ထျန်ယွင် နန်းတက်ပြီး သိပ်မကြာခင်မှာပဲ ပြန်လည်စစ်ဆေးပြီး အားလုံးရဲ့ အပြစ်ကင်းစင်မှုကို ပြန်လည် ဖော်ထုတ်ပေးခဲ့တယ်လေ။”

ရုတ်တရက် ကျီချင်းကျူသည် တုပိုင်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။ “ဧကရာဇ်ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ်ပါပဲ။ ငါက သိုင်းသမားတစ်ယောက်မို့ ဧကရာဇ်မင်းမြတ်နဲ့ တိုက်ရိုက် မဟာမိတ်ဖွဲ့ဖို့ မဝံ့ရဲပါဘူး။ ကျေးဇူးပြုပြီး ဧကရာဇ်မင်းမြတ်ကို လျှောက်တင်ပေးပါ... ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ ဖြစ်ဖြစ် ၊ ဒီသာမန်အရပ်သား ကျီချင်းကျူက ဧကရာဇ်မင်းမြတ်ကို သစ္စာခံဖို့ ဆန္ဒရှိပါတယ်လို့။”

တုပိုင် ချက်ချင်း ဝမ်းသာသွားသည်။

ထို့နောက် သူသည် ရင်ခွင်ထဲမှ ဧကရာဇ်အမိန့်တော်လွှာ တစ်စောင်ကို ထုတ်ယူလိုက်သည်။ ယင်းသည် လီလျန်တင်းမှ တုပိုင်အား ပေးအပ်ခဲ့သော ၊ ဧကရာဇ်ကိုယ်တိုင် ကြိုတင် ပြင်ဆင်ထားသည့် အမိန့်တော်လွှာ ဖြစ်သည်။

“ကောင်းကင်ဘုံ၏ အလိုတော်အရ ဧကရာဇ်မင်းမြတ် အမိန့်ထုတ်ပြန်သည် ၊ ကျီချင်းကျူ၏ ကျူရန်ဘွဲ့ကို ပြန်လည်ပေးအပ်ပြီး ၊ ဒုတိယတန်းစား အောင်မြင်သူ ဘွဲ့ထူးကို ချီးမြှင့်လိုက်သည်။”

ကျီချင်းကျူ ကြောင်အသွားပြီးနောက် ဒူးထောက်၍ ဦးခိုက်လိုက်သည်။ “ကျွန်တော်မျိုး ၊ အမိန့်တော်ကို နာခံပါ၏”

သူသည် အမိန့်တော်လွှာကို လက်ခံယူလိုက်ပြီး ထရန် ပြင်လိုက်သည်။ တုပိုင် နောက်ထပ် အမိန့်တော်လွှာ တစ်စောင်ကို ထပ်ထုတ်လိုက်သည်။ ယင်းကိုလည်း ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်သည်။

“ကောင်းကင်ဘုံ၏ အလိုတော်အရ ဧကရာဇ်မင်းမြတ် အမိန့်ထုတ်ပြန်သည် ၊ ကျီချင်းကျူအား အင်ပါယာ၏ ဂုဏ်ထူးဆောင် ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်ပြီး ၊ လက်ထောက်ဗိုလ်ချုပ်ကြီး အာဏာအပြည့်အဝ ပေးအပ်ကာ ၊ ကိုယ်ပိုင် ဌာနချုပ်နှင့် အိမ်တော် တည်ထောင်ခွင့် ၊ ကိုယ်ပိုင် စစ်သား စုဆောင်းခွင့် ပေးသနားလိုက်သည်။ လေးစားလိုက်နာစေ”

ဤအမိန့်တော်လွှာ ထွက်ပေါ်လာသည်နှင့် ကျီချင်းကျူ လုံးဝ ကြောင်အသွားသည်။

ယခင်က ဧကရာဇ်သည် ကျီချင်းကျူအား ဂုဏ်ထူးဆောင် ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်ခဲ့ဖူးသော်လည်း ယင်းမှာ အာဏာမရှိသော ဂုဏ်ထူးဆောင်ဘွဲ့ သက်သက်သာ ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ အာဏာအပြည့်အဝရှိသော လက်ထောက်ဗိုလ်ချုပ်ကြီး ဒုတိယအဆင့် အရာရှိ အဖြစ် တိုက်ရိုက် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ ယင်းရာထူးသည် ပိုင်ဆယ်မြို့စောင့်တပ်မှူး ယန်ရှောင်၏ ရာထူးထက်ပင် မြင့်မားလေသည်။

ကျီချင်းကျူသည် အနောက်တောင်ပိုင်း၏ သိုင်းလောက ခေါင်းဆောင် ဖြစ်သော်လည်း တစ်ရက်မျှ အရာရှိ မလုပ်ဖူးသော သိုင်းသမားတစ်ဦးသာ ဖြစ်သည်။ ဧကရာဇ်သည် သူ့အား ရုတ်တရက် ဒုတိယအဆင့် စစ်ဘက်အရာရှိအဖြစ် ခန့်အပ်လိုက်ခြင်းသည် လေးနက်သော တန်ဖိုးထားမှုဟုသာ ဖော်ပြ၍ မရနိုင်တော့ပေ။

ဧကရာဇ်သည် မိမိ၏ ဂုဏ်သိက္ခာကို အရင်းပြု၍ လောင်းကစား လုပ်လိုက်ခြင်း ဖြစ်သည်။ လွန်ခဲ့သော အကြိမ်က မြို့စောင့်တပ်မှူး ယန်ရှောင်ကို ထိုကဲ့သို့ ကြီးမားသော မျက်နှာသာပေးမှုမျိုး ပေးအပ်ခဲ့သော်လည်း ကြီးမားသော သစ္စာဖောက်တစ်ဦး ဖြစ်လာခဲ့ပြီး ပိုင်ဆယ်မြို့တွင် အင်ပါယာ၏ ကြိုးပမ်းမှုများအား အချည်းနှီး ဖြစ်စေခဲ့သည်။

ယခုတစ်ကြိမ်တွင်လည်း ဧကရာဇ်သည် ကြီးမားသော ယုံကြည်မှုကို ထပ်မံ ပြသလိုက်ပြန်သည်။ အကယ်၍ ထပ်မံ သစ္စာဖောက်ခံရပါက အမှန်တကယ်ပင် ရယ်စရာ ဖြစ်သွားပေလိမ့်မည်။

ခဏမျှ ကြောင်အသွားပြီးနောက် ကျီချင်းကျူ၏ ခန္ဓာကိုယ် တစ်ခုလုံး နွေးထွေးမှုကို ခံစားလိုက်ရသည်။

သူ ငယ်စဉ်က အရာရှိဘွဲ့ထူးရရန် အဘယ်ကြောင့် ဤမျှ ကြိုးစားခဲ့သနည်း။ စာပေနှင့် သိုင်းပညာ နှစ်မျိုးစလုံးကို သင်ယူပြီး ဧကရာဇ်အတွက် အမှုထမ်းလို၍ မဟုတ်ပါလော။

စာမေးပွဲ မသမာမှု အရှုပ်တော်ပုံတွင် အပြစ်မရှိဘဲ ပါဝင်ပတ်သက်ခဲ့ရပြီး အရာရှိလမ်းကြောင်း ပိတ်ပင်ခံလိုက်ရသောကြောင့်သာ စာပေကို စွန့်လွှတ်ပြီး သိုင်းပညာကို လိုက်စားခဲ့ရခြင်း ဖြစ်သည်။

သူ ဝန်မခံချင်သော်လည်း သူ၏ရင်ထဲတွင် အရာရှိဘဝနှင့် အာဏာကို တောင့်တနေဆဲ ဖြစ်သည်။ လမ်းစပျောက်သွားသောကြောင့်သာ အာဏာရှိသူများကို မထီမဲ့မြင်ပြုသည့် ပုံစံဖြင့် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် အရာရှိ ဗဟိုပြုသော နိုင်ငံဖြစ်သည် မဟုတ်ပါလော။ ခေတ်သစ်ကမ္ဘာတွင် ငွေကြေးချမ်းသာသူများမှာ အာဏာရှိသော အရာရှိများထက် လူမှုရေးအဆင့်အတန်း နိမ့်ကျနေတတ်သကဲ့သို့ပင်။

ယခင်က ဧကရာဇ်သည် ကျီချင်းကျူအား ဂုဏ်ထူးဆောင် ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်ခဲ့ဖူးသော်လည်း ယင်းမှာ အမည်ခံ ရာထူးသာ ဖြစ်သည်။ ယခင်ဧကရာဇ်လက်ထက်တွင် ထိုကဲ့သို့သော ဂုဏ်ထူးဆောင် ရာထူးများကို ငွေပေး၍ပင် ဝယ်ယူနိုင်ခဲ့သည်။ ထို့ကြောင့် ကျီချင်းကျူသည် အမိန့်တော်လွှာကို လွှင့်ပစ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ဧကရာဇ်သည် သူ့ကို အာဏာအပြည့်အဝရှိသော လက်ထောက်ဗိုလ်ချုပ်ကြီး ၊ ဒုတိယအဆင့် အရာရှိကြီးအဖြစ် တိုက်ရိုက် ခန့်အပ်လိုက်သည်။ ယင်းသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာအတွင်း အရာရှိလောကတွင် သူဆုံးရှုံးခဲ့ရသမျှ အရာအားလုံးကို အစားပြန်ပေးလိုက်ခြင်းနှင့် တူလေသည်။

အပိုင်း ၃၅၈ ပြီး။

All Chapters