တာဝေးပို့ဆောင်ရေး အစီအရင်၏ လျှို့ဝှက်ချက်၊ မဟာဆရာသခင်အဆင့် နတ်ဆိုးအသွင်ပြောင်းပညာရပ်(၁)
Vol. 31 Ch. 353
(၁၀)နှစ်ကြာပြီးနောက်...။
မျက်တောင်တစ်ခတ်အတွင်း ဆယ်စုနှစ်တစ်ခု ကုန်ဆုံးသွားခဲ့လေပြီ။
ထိုကာလတစ်လျှောက်လုံး ဝူကျိမဟာမိတ်အဖွဲ့ အုပ်ချုပ်သော ပင်လယ်ပြင်များသည် မယုံကြည်နိုင်လောက်အောင် ငြိမ်သက်အေးချမ်းနေခဲ့သည်။
သခင်မမက်မွန်ပွင့်သည် ဝိညာဉ်သန္ဓေသားအဆင့် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူငါးဦးကို အနိုင်ယူခဲ့ခြင်းကြောင့် ပင်လယ်မျိုးနွယ်စုသည် လုံးဝ ကြောက်ရွံ့သွားခဲ့ပြီး မဆင်မခြင် ပြုမူခြင်း၊ ကြီးမားသော တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခြင်း မရှိတော့ပေ။
သို့သော်၊ ဝူကျိမဟာမိတ်အဖွဲ့ ကိုယ်တိုင်လည်း ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိသလို ပထမ ခံစစ်လိုင်းကျွန်းဆက်ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
ထို့ကြောင့် နှစ်ဖက်စလုံးသည် ဒုတိယ ခံစစ်လိုင်းကျွန်းဆက်အတွင်း အခြေအနေ တင်းမာလျက် ရှိနေကြပြီး၊ ရှားပါးသော ငြိမ်းချမ်းရေး ကာလတစ်ခုဟု ယူဆနိုင်သည်။
ဤသည်မှာ သံသယဖြစ်ဖွယ်မရှိ ကြယ်သုံးပွင့်ကျွန်းစုအတွက် ကောင်းချီးမင်္ဂလာတစ်ခုပင် ဖြစ်ပေသည်။
တည်ငြိမ်သော ပတ်ဝန်းကျင်နှင့် နောက်တန်း နက်ရှိုင်းသောနေရာတွင် တည်ရှိခြင်းတို့ ပေါင်းစပ်လိုက်သောအခါ၊ မြောက်ဘက်ပင်လယ်ပြင်မှ ဒုက္ခသည်အများအပြားသည် ကြယ်သုံးပွင့်ကျွန်းစုသို့ ဝင်ရောက်ခိုလှုံရန် ထွက်ပြေးလာကြသည်။
ဤအချက်ကြောင့် အင်မော်တယ်ရှားမြို့တော်၏ အုပ်ချုပ်မှုအောက်တွင် လူဦးရေ တိုးပွားလာခဲ့ပြီး၊ ရလဒ်အနေဖြင့် ကုန်သွယ်မှုများ ပိုမို စည်ကားလာခဲ့လေသည်။
နှစ်စဉ်နှစ်တိုင်း ဂိုဏ်းကြီးသုံးခုသည် ဝိညာဉ်ကျောက်တုံး အမြောက်အမြားနှင့် ကျင့်ကြံခြင်း အရင်းအမြစ် များစွာကို စုဆောင်းနိုင်ခဲ့ကြသည်။
……
အင်မော်တယ်ရှားဂိုဏ်း၊ အင်မော်တယ်ရှားတောင်ထွတ်ရှိ တိတ်ဆိတ်သော အခန်းတစ်ခု၌...။
"လုပ်နိုင်ခဲ့ပြီ... နောက်ဆုံးတော့ တာဝေးပို့ဆောင်ရေး အစီအရင်ရဲ့ သဘောတရားတွေကို ငါ နားလည်သွားပြီ…"
ကျိုးစွေ့သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး၊ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။
ဆယ်စုနှစ်တစ်ခု ကြာပြီးနောက်၊ 'အစီအရင်နှလုံးသားကူ'နှင့် 'စာအုပ်ကူ'တို့၏ အကူအညီဖြင့် သူသည် တာဝေးပို့ဆောင်ရေး အစီအရင် ခင်းကျင်းနည်းများကို နောက်ဆုံး၌ သင်ယူနိုင်ခဲ့ပြီး၊ ၎င်း၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ခဲ့လေသည်။
ဤသည်မှာ အံ့မခန်းသော အောင်မြင်မှုတစ်ခု ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ၊ အဆင့်မြင့် စတုတ္ထအဆင့် အစီအရင်ပညာရှင်တစ်ဦးပင်လျှင် တာဝေးပို့ဆောင်ရေး အစီအရင်ကို နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။
ဤသည်မှာ ပဉ္စမအဆင့် စံချိန်စံညွှန်းသို့ မသိမသာ ရောက်ရှိနေပြီ ဖြစ်သည်။
ကျင့်ကြံခြင်းလောက တစ်ခုလုံးတွင် တာဝေးပို့ဆောင်ရေး အစီအရင်ကို ခင်းကျင်းနိုင်သော အစီအရင်ပညာရှင်များသည် ရှားပါးလှသည်ဟု ဆိုရပေမည်။
အကယ်၍ ဤအစီအရင်ပညာရှင်များ ကျဆုံးသွားပါက၊ အနာဂတ် ကျင့်ကြံခြင်းလောကတွင် တာဝေးပို့ဆောင်ရေး အစီအရင်ကို ခင်းကျင်းနိုင်သူ များများစားစား ကျန်ရှိတော့မည် မဟုတ်ပေ။
၎င်းတို့ကို ထိန်းသိမ်းပြုပြင်နိုင်မဲ့သူပင် ရှိချင်မှ ရှိတော့ပေမည်။
"အခြေခံအားဖြင့် တာဝေးပို့ဆောင်ရေး အစီအရင်သုံးမျိုးပဲ ရှိတယ်…"
"ပထမအမျိုးအစားကတော့ ကျပန်း တာဝေးပို့ဆောင်ရေး အစီအရင်ပဲ… သူက အာကာပြင် အကွာအဝေးကီလိုမီတာ ကုဋေဆယ်ချီကို အလွယ်တကူ ကျော်ဖြတ်ပြီး ကျပန်း ပို့ဆောင်နိုင်တယ်…"
"ဒါပေမဲ့ ပို့ဆောင်မှုက ကျပန်းဖြစ်တဲ့အတွက် အစီအရင်ကို အသုံးပြုတဲ့သူတောင်မှ သူ ဘယ်နေရာရောက်သွားမလဲဆိုတာ မသိနိုင်ဘူး… ဒီအစီအရင်တွေကို အခြေခံအားဖြင့် ထွက်ပြေးဖို့အတွက်ပဲ သုံးကြတယ်…"
"ဒုတိယအမျိုးအစားကတော့ ယင်ယန် တာဝေးပို့ဆောင်ရေး အစီအရင်ပဲ… သူက ကြိုတင်တည်ဆောက်ထားတဲ့ အာကာပြင်အစီအရင်ပြားနှစ်ခု လိုအပ်တယ်… ယင်ပြားနဲ့ ယန်ပြားဆိုပြီး ခွဲခြားထားတယ်… ဒါကြောင့် ဒီအစီအရင်ပြား နှစ်ခုကို မတူညီတဲ့ နေရာတွေမှာ တပ်ဆင်ထားလို့ ရတယ်…"
"ဒီနည်းအားဖြင့် ဒီအစီအရင်ကို အသက်သွင်းလိုက်တဲ့အခါ… ယင်နဲ့ ယန် အစီအရင်တွေက တပြိုင်နက်တည်း တုံ့ပြန်ကြပြီး… တည်ငြိမ်တဲ့ အာကာပြင် ဥမင်လိုဏ်ခေါင်းတစ်ခုကို တည်ဆောက်ပေးတယ်… ဒါကြောင့် ချက်ချင်း ရောက်ရှိသွားစေနိုင်တဲ့ အကျိုးသက်ရောက်မှုကို ရရှိစေတယ်…"
"ဒါပေမဲ့ ဒီလို အစီအရင်မျိုးက အကွာအဝေး သိပ်မများလှဘူး… အများဆုံး ကီလိုမီတာ သန်းတစ်ရာလောက်ပဲ ရတယ်… ပြီးတော့ ကုန်ကျစရိတ်လည်း အတော်များတယ်… ကန့်သတ်ချက်တွေ အရမ်းများလို့ တဖြည်းဖြည်း သုံးစွဲမှု နည်းပါးသွားတာပဲ…"
"တတိယအမျိုးအစားကတော့ လက်ရှိ ကျင့်ကြံခြင်းလောကမှာ အဓိက အသုံးပြုနေတဲ့ သားအမိ တာဝေးပို့ဆောင်ရေး အစီအရင်ပဲ… သားအမိလို့ ခေါ်တဲ့အတိုင်း ပထမဆုံး မိခင်အစီအရင်တစ်ခုကို တည်ဆောက်ဖို့ လိုအပ်တယ်…"
"ဒီမိခင်အစီအရင်က အခြေခံအားဖြင့် ကြားခံအစီအရင်ရယ်.. ဗဟိုအစီအရင်တစ်ခုရယ်နဲ့ သဘောတရားတူတယ်… ဗဟိုအစီအရင် တည်ဆောက်ပြီးတာနဲ့ တခြားနေရာတွေမှာ သားပေါက်အစီအရင် အများအပြားကို တည်ဆောက်လို့ ရတယ်…"
"ဒီနည်းအားဖြင့် ဒီသားပေါက်အစီအရင်တွေက မိခင်အစီအရင်နဲ့ ပဲ့တင်ထပ်ပြီး အပြန်အလှန် ချိတ်ဆက်ကြလိမ့်မယ်…. ပို့ဆောင်မှုတိုင်းက ဗဟိုအစီအရင်ဆီကို အရင်ရောက်မယ်… ပြီးမှ တခြား သားပေါက်အစီအရင်တွေဆီကို ဆက်ပြီး ပို့ဆောင်ပေးမှာ…"
"ဒါက အခုချိန်မှာ ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုကြီးတွေ အဓိက အသုံးပြုနေတဲ့ အစီအရင် အမျိုးအစားပဲလို့ ပြောလို့ရတယ်… ဘာလို့လဲဆိုတော့ အကျိုးကျေးဇူးတွေက အရမ်းများလွန်းလို့ပဲ… ယင်ယန်အစီအရင်တွေ အများကြီး တည်ဆောက်စရာ မလိုတော့ဘူး… တစ်ခုချင်းစီ သီးသန့်ရှိတဲ့ သားပေါက်အစီအရင်တွေ တည်ဆောက်လိုက်ရုံနဲ့ ကျွန်းကြီးတွေအားလုံးကို ချိတ်ဆက်နိုင်ပြီလေ…"
မှန်ပေသည်၊ သားအမိ တာဝေးပို့ဆောင်ရေးအစီအရင် တည်ဆောက်ခြင်းသည် မလွယ်ကူပေ။
လိုအပ်သော အရင်းအမြစ်များမှာ အံ့မခန်း များပြားပြီး၊ ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုများကသာ ၎င်းတို့ကို တည်ဆောက်နိုင်သော အရင်းအမြစ်များကို ပိုင်ဆိုင်ထားကြသည်။
သို့သော်၊ ဤအစီအရင်တွင် အားနည်းချက် တစ်စုံတစ်ရာ ရှိနေသေးသည်။ အကွာအဝေး သိပ်မဝေးခြင်းပင် ဖြစ်သည်။ မိခင်အစီအရင်တစ်ခုသည် ကီလိုမီတာ ကုဋေ (၁၀)ခန့်သာ လွှမ်းခြုံနိုင်သည်။
အကယ်၍ အကွာအဝေးက ဤပမာဏထက် ကျော်လွန်သွားပါက၊ ပို့ဆောင်၍ မရနိုင်တော့ဘဲ ဒုတိယ မိခင်အစီအရင်တစ်ခု လိုအပ်လာပေမည်။
မိခင်အစီအရင်တစ်ခုစီသည် ကီလိုမီတာ ကုဋေ (၁၀)အတွင်းရှိ ပင်လယ်ပြင်ဧရိယာကိုသာ လွှမ်းခြုံနိုင်သည်ဟု ဆိုနိုင်ပြီး၊ ၎င်းသည် ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုတစ်ခုစီ လွှမ်းခြုံနိုင်သော နယ်ပယ်လည်း ဖြစ်ပေသည်။
ကျိုးစွေ့ မေးစေ့ ပွတ်သပ်လိုက်လေသည်။
ငြင်းလို့မရနိုင်သော အချက်မှာ နေရာဒေသဆိုင်ရာ တာဝေးပို့ဆောင်ရေးအစီအရင်သည် သူ လေ့လာခဲ့ဖူးသော စတုတ္ထအဆင့် အစီအရင်များ အားလုံးတွင် အနက်ရှိုင်းဆုံး ဖြစ်ပြီး၊ အာကာပြင်စွမ်းအားများ ပါဝင်နေသဖြင့် နားလည်ရန် ခက်ခဲလှသည်။
အကယ်၍ 'အစီအရင်နှလုံးသားကူ'နှင့် 'စာအုပ်ကူ'တို့၏ စွမ်းအားသာ မပါဝင်ခဲ့လျှင် သူ လုံးဝ သင်ယူနိုင်ခဲ့မည် မဟုတ်ပေ။
တာဝေးပို့ဆောင်ရေး အစီအရင်သာ မပေါ်ပေါက်ခဲ့ပါက ကျင့်ကြံခြင်းလောကသည် အထီးကျန် ကွဲကွာနေလိမ့်မည်ဟု ဆိုရပေမည်။
အင်အားကြီး အဖွဲ့အစည်းများသည် လုံးဝ ချိတ်ဆက်နိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ၊ ကိုယ်ပိုင်ပျံသန်းမှုအပေါ်သာ မှီခိုနေရပါက ကီလိုမီတာ သန်းရာချီ ကျယ်ဝန်းသော ပင်လယ်ပြင်ကို ဖြတ်သန်းရန် အချိန် မည်မျှ ကြာမည်ကို မသိနိုင်ပေ။
ကျင့်ကြံသူများ၏ ဘဝအများစုသည် ပျံသန်းရင်းဖြင့်သာ ကုန်ဆုံးသွားဖွယ် ရှိသည်။
ဤသည်မှာ ကျင့်ကြံသူများ သည်းမခံနိုင်သော အရာပင် ဖြစ်ချေသည်။
"ဒါပေမဲ့ ဒီအစီအရင်တွေအပြင် ခရီးဝေးပို့ဆောင်ရေးအစီအရင်ဆိုတာလည်း ရှိသေးတယ်…"
"ဒီအစီအရင်က ချန်လန်ပင်လယ်ကို ချက်ချင်း ဖြတ်ကျော်နိုင်တယ်…"
"ဒါပေမဲ့ ဒါက ပဉ္စမအဆင့်အစီအရင်ဖြစ်ပြီး ပျောက်ဆုံးနေတာ ကြာပြီ…"
"ဒါကြောင့် သူတို့ကို ရှေးဟောင်း တာဝေးပို့ဆောင်ရေးအစီအရင်လို့လည်း ခေါ်ကြတယ်… ရှေးဟောင်းခေတ်ကာလက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေ တည်ဆောက်ခဲ့ကြတာ…"
"အတိတ်တုန်းက ယန်မိုဂိုဏ်းရဲ့ ဝမ်လျိုဆရာသခင်က ဒီရှေးဟောင်း တာဝေးပို့ဆောင်ရေးအစီအရင်ကို မှီခိုပြီး ချန်လန်ပင်လယ်ဆီ ထွက်ပြေးနိုင်ခဲ့တာပဲ…."
ကျိုးစွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။
ကျင့်ကြံခြင်းလောက၏ ရှေးဟောင်းခေတ်ကာလတွင် ကမ္ဘာတစ်ဝန်းရှိ ကျယ်ပြောလှသော တိုက်ကြီးများနှင့် ပင်လယ်ကြီးများသည် ရှေးဟောင်း တာဝေးပို့ဆောင်ရေးအစီအရင်များ ရှိနေခြင်းကြောင့် အပြန်အလှန် ချိတ်ဆက်နေကြသည်ဟု ကောလာဟလများ ရှိသည်။
ဝမ်းနည်းစရာမှာ ရှေးဟောင်း တာဝေးပို့ဆောင်ရေးအစီအရင်များ ပျောက်ဆုံးသွားခြင်းနှင့် အကွာအဝေး ကြီးမားခြင်းတို့ကြောင့်၊ ရှည်လျားသော ခရီးအကွာအဝေးသည် ကျော်လွှား၍ မရနိုင်သော အတားအဆီးတစ်ခု ဖြစ်လာခဲ့လေသည်။
ထို့ကြောင့်၊ အဓိက ကျင့်ကြံခြင်း ဒေသကြီးများသည် ၎င်းတို့၏ကိုယ်ပိုင် လွတ်လပ်သော နယ်မြေများ ဖြစ်လာကြပြီး၊ မည်သည့်အခါမျှ ပြန်လည် ချိတ်ဆက်နိုင်ခြင်း မရှိကြတော့ပေ။
မှန်ပေသည်၊ ဘုံဖြတ်ကျော် တာဝေးပို့ဆောင်ရေးအစီအရင်ဆိုသည်လည်း ရှိသေး၏။
သို့သော် ထိုအစီအရင်များသည် ဒဏ္ဍာရီများထဲတွင်သာ ရှိပြီး ဆဋ္ဌမအဆင့်၊ သတ္တမအဆင့် အစီအရင်များ ဖြစ်သည်ဟု ယူဆရသည်။
လူ့ပြည်လောကတွင် ပေါ်လာရန် လုံးဝ မဖြစ်နိုင်ပေ။
"ဝူကျိကျွန်းက ဝူကျိမဟာမိတ်အဖွဲ့ရဲ့ အဓိကဗဟိုချက် ဖြစ်လာတာ အံ့ဩစရာ မဟုတ်တော့ဘူး…"
"တခြား ပင်လယ်ပြင် ဧရိယာတွေမှာ စတုတ္ထအဆင့်ကျွန်းတွေ ရှိရင်တောင်မှ ဝူကျိကျွန်းကို မယှဉ်နိုင်ကြဘူး…"
"ဘာပဲပြောပြော ဝူကျိကျွန်းက တကယ့်ကို အရေးပါတဲ့ လမ်းပန်းဆက်သွယ်ရေး အချက်အချာပဲ…"
"ဒါကြောင့် ပင်လယ်ပြင်ကို ဖြတ်ကျော်ချင်တဲ့ ကျင့်ကြံသူတွေက ဝူကျိကျွန်းကို ရောက်ဖို့ တာဝေးပို့ဆောင်ရေး အစီအရင်ကို အသုံးပြုဖို့ လိုအပ်တယ်…"
"အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးရှိနေလို့ တာဝေးပို့ဆောင်ရေး အစီအရင်ကို အသက်သွင်းရတဲ့ ကုန်ကျစရိတ်က မမြင့်မားဘူး…"
"ကျင့်ကြံသူတစ်ယောက်က တစ်ခါအသုံးပြုရင် အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက်ပဲ ပေးရတယ်…"
"တစ်ခါ ပို့ဆောင်ရင် လူရာချီ… တစ်ခါတလေဆို ထောင်ချီ ပါသွားတတ်တယ်…"
"အချိန်ကုန်သက်သာချင်တဲ့ ကျင့်ကြံသူ အများစုက ဒီအခကြေးငွေကို ပေးဖို့ လိုလိုလားလား ရှိကြတယ်…"
"ကျွတ်... ဒီဗဟိုပို့ဆောင်ရေး အစီအရင်နဲ့တင် ဝူကျိကျွန်းက ဝင်ငွေ အများကြီး ရနေတာပဲ…"
"လမ်းဖြတ်သန်းခ ကောက်ရုံနဲ့တင် သူတို့ စိတ်ကူးလို့ မရနိုင်လောက်အောင် ငွေတွေ ရနေမှာပဲ…"
"ဒါက အသားတင်အမြတ်ပဲ…"
ကျိုးစွေ့ အံ့ဩတကြီး ဖြစ်နေမိသည်။
ဝူကျိမဟာမိတ်အဖွဲ့၏ ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုများ အဘယ်ကြောင့် နေ့စဉ်နှင့်အမျှ ပိုမို ကြွယ်ဝချမ်းသာလာသနည်း ဆိုသည်ကို ယခုမှ သူ နားလည်တော့သည်။
ဤလမ်းဖြတ်သန်းခများ တစ်ခုတည်းဖြင့်ပင် သူတို့သည် အလွန်အကျွံ ချမ်းသာကြွယ်ဝနေကြပြီ ဖြစ်ပေသည်။
ဤအချက်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို မနာလိုဝန်တို ဖြစ်စေရန် လုံလောက်လှပေသည်။
သို့သော် ပြည့်ဝသော အင်အားမရှိပါက၊ ဤကဲ့သို့သော အကျိုးအမြတ်များကို ကာကွယ်နိုင်မည် မဟုတ်ချေ။
ဤသည်မှာ ဝူကျိမဟာမိတ်အဖွဲ့နှင့် ထိုက်တန်သော အရာပင် ဖြစ်ပြီး၊ အာဏာက ယူဆောင်လာသည့် အကျိုးကျေးဇူးများပင် ဖြစ်တော့သည်။