တာဝေးပို့ဆောင်ရေး အစီအရင်၏ လျှို့ဝှက်ချက်၊ မဟာဆရာသခင်အဆင့် နတ်ဆိုးအသွင်ပြောင်းပညာရပ်(၂)
Vol. 31 Ch. 354
ဝူကျိမဟာမိတ်အဖွဲ့၏ တာဝေးပို့ဆောင်ရေးအစီအရင် အခကြေးငွေ ဤမျှ ဈေးနှုန်းသက်သာရခြင်း အကြောင်းရင်းမှာ၊ ဝူကျိမဟာမိတ်အဖွဲ့တွင် အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး အများအပြား ရှိနေသောကြောင့် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ၊ အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး များကို အလွယ်တကူဖြုတ်တပ် ဖယ်ရှား၍ ရနိုင်ပေသည်။
အစီအရင်အတွင်းရှိ အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး၏ စွမ်းအင် ကုန်ဆုံးသွားသည်နှင့် အသစ်တစ်လုံးဖြင့် အစားထိုးလိုက်၍ ရနိုင်ပေသည်။
စွမ်းအင်ကုန်ဆုံးသွားသော အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးများကိုမူ စွမ်းအင်ပြန်လည်ဖြည့်တင်းရန် ဝိညာဉ်သွေးကြောအတွင်း၌ ထည့်ထားလိုက်ရုံမျှသာ ဖြစ်သည်။
ဤနည်းလမ်းဖြင့် အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးတစ်တုံးကို အဆုံးမရှိ ဆက်တိုက် အသုံးပြုနိုင်လေသည်။
စွမ်းအင်ကုန်ကျစရိတ်မှာ သုညနီးပါးပင် ဖြစ်ချေသည်။
သို့သော်၊ အစီအရင်ပညာရှင်တစ်ဦး၏ နေ့စဉ် ထိန်းသိမ်းစောင့်ရှောက်မှု ကုန်ကျစရိတ်မှာမူ အတော်အတန် ရှိနေသေးပေသည်။
"ဒါပေမဲ့ ဒီလို ကြည့်မယ်ဆိုရင် ငါ ကိုယ်ပိုင် တာဝေးပို့ဆောင်ရေး အစီအရင် တည်ဆောက်ချင်ရင်တောင်… ဝူကျိမဟာမိတ်အဖွဲ့ဆီကနေ သားပေါက်အစီအရင် လျှောက်ထားဖို့ လိုသေးတယ်…."
"ဝူကျိကျွန်းနဲ့ ချိတ်ဆက်နိုင်မယ့် အမျိုးအစားပေါ့…"
"ဘာပဲပြောပြော ငါ့ဘာသာ တာဝေးပို့ဆောင်ရေးအစီအရင် တည်ဆောက်မယ်ဆိုရင်… ကုန်ကျမယ့် အရင်းအမြစ်တွေက အရမ်းများလွန်းတယ်… နေရာနှစ်ခုမှာ အစီအရင်တွေ တည်ဆောက်ရမှာဆိုတော့ ရှုံးမယ့် အလုပ်ပဲ…"
ကျိုးစွေ့တစ်ယောက် အတော်လေး ကူရာမဲ့သွားလေသည်။
တာဝေးပို့ဆောင်ရေးအစီအရင် တည်ဆောက်ခြင်းသည် ကျွန်းတစ်ကျွန်းတည်းအတွက် ကိစ္စမဟုတ်ဘဲ ကျွန်းအများအပြားအတွက် ဖြစ်သည်။
တခြားကျွန်းများကို ဘေးဖယ်ထားပြီး တာဝေးပို့ဆောင်ရေးအစီအရင် တစ်ခုတည်း တည်ဆောက်ဖို့ မဖြစ်နိုင်ချေ။
ယင်းသည် အဓိပ္ပါယ်မရှိသော ကိစ္စသာ ဖြစ်ပေသည်။ ဆိုရလျှင်၊ အင်အားကြီး အဖွဲ့အစည်းများသာ ပိုင်ဆိုင်နိုင်သော အစီအရင်ဟု ပြောရပေမည်။
သာမန်အင်အားစုများအတွက် မလိုအပ်ချေ။ ယင်းသည် နိုင်ငံရေးရည်ရွယ်ပါသော စီမံကိန်းတစ်ခုပင် ဖြစ်၏။
ဆိုရလျှင်၊ မလိုအပ်သော လုပ်ရပ်တစ်ခုပင်။
သူသည် ဝိညာဉ်သန္ဓေသားအဆင့် အင်အားစု၏ခေါင်းဆောင် မဖြစ်သေးသရွေ့ တာဝေးပို့ဆောင်ရေးအစီအရင် တည်ဆောက်စရာ မလိုအပ်ချေ။
"ထားလိုက်ပါတော့... ငါ့ရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ဖို့က ပိုအရေးကြီးပုံရတယ်…."
"တာဝေးပို့ဆောင်ရေးအစီအရင်လို ကိစ္စတွေက ပကာသနတွေပါ…"
ကျိုးစွေ့ စိတ်ကူးတစ်ခု ရလိုက်ပြီး တာဝေးပို့ဆောင်ရေးအစီအရင် ကိစ္စကို ချက်ချင်း ဘေးဖယ်ထားလိုက်သည်။
ထို့နောက်၊ သူသည် အချက်အလက်ပြမျက်နှာပြင်ကို ဖွင့်လိုက်လေသည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံခြင်း - ရွှေအမြုတေ အလယ်အလတ်အဆင့် (တိုးတက်မှု ၉၅%)၊ သက်တမ်း - ၈၅ (၇၄၀၀နှစ်) ]
[ ပင်ကိုပါရမီ - စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ် (၃၀%) ]
[ ဓားသိုင်းပညာ - တတိယအဆင့် အလယ်အလတ်အဆင့် (၉၅%) ]
[ အဆောင်ပညာ - တတိယအဆင့် အလယ်အလတ်အဆင့် (၄၀%) ]
[ အစီအရင်ပညာ - စတုတ္ထအဆင့် အထွတ်အထိပ်အဆင့် (၉၉%) ]
[ ဆေးဖော်စပ်ပညာ - တတိယအဆင့် အထွတ်အထိပ်အဆင့် (၄၀%) ]
[ နတ်ဆိုးအသွင်ပြောင်း ပညာရပ် - မဟာဆရာသခင်အဆင့် (၁၀%) ]
[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - မဟာဆရာသခင်အဆင့် (၈၀%) ]
[ မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်း ပညာရပ် - မိစ္ဆာမျိုးစေ့၊ မိစ္ဆာဆင့်ခေါ်ခြင်း ]
[ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ ထိုးထွင်းသိမြင်သော နှလုံးသားမျက်လုံး၊ နှလုံးသားမျက်လုံး ဘာသာစကား ]
[ ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး - အကြီးစားအောင်မြင်မှုအဆင့်၊ မီးလုံးပညာရပ် - မဟာဆရာသခင်အဆင့် ၊ လေဓားသွားပညာ - မဟာဆရာသခင်အဆင့် ၊ ရွှေအလင်းပညာ - မဟာဆရာသခင်အဆင့် ၊ ရေခဲနှင်းပညာ - မဟာဆရာသခင်အဆင့် ၊ နွေလေမိုးပညာ - မဟာဆရာသခင်အဆင့် ၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - မဟာဆရာသခင်အဆင့် … ]
[ ‘ချစ်ခြင်းမေတ္တာကူ’ - အဆင့်လေး အလယ်အလတ်အဆင့်၊ ‘ကိုယ်ပွားကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘အရက်ကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘ရွှေစားကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ 'စာအုပ်ကူ' - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘အိပ်မက်ဝိညာဉ်ကူ’ - အဆင့်သုံး အထွတ်အထိပ်အဆင့် ၊ ‘နဂါးဆင်ကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘ရွှေအလင်းတစ်ထောင်ကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘တည်နေရာပြောင်းကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ 'အစီအရင်နှလုံးသားကူ' - အဆင့်လေး အထွတ်အထိပ်အဆင့် ၊ 'ပစ္စည်းရှာဖွေကူ' - အဆင့်သုံး အလယ်အလတ်အဆင့်၊ 'မိုးကြိုးကပ်ဘေးကူ’- အဆင့်သုံး အထွတ်အထိပ်အဆင့် ။ ]
"မဆိုးဘူး... ငါ့ရဲ့ ကျင့်ကြံခြင်းက တော်တော်လေး တိုးတက်လာတယ်… ရွှေအမြုတေ နှောင်းပိုင်းအဆင့်ကို မကြာခင် တက်လှမ်းနိုင်တော့မယ် ထင်တယ်…"
ကျိုးစွေ့ အလွန် ကျေနပ်နေလေသည်။
(၁၀)နှစ်ကြာ ကြိုးစားအားထုတ်ပြီးနောက်၊ သူ၏ အစီအရင်ကျင့်ကြံခြင်း တစ်ခုတည်း တိုးတက်လာသည် မဟုတ်ပေ။
အကြီးမားဆုံး တိုးတက်မှုသည် သံသယဖြစ်ဖွယ်မလို သူ၏ ရွှေအမြုတေ ကျင့်ကြံခြင်းစွမ်းအား တိုးလာခြင်းပင်။
မကြာမီ အချိန်အတွင်း သူသည် ရွှေအမြုတေ အလယ်အလတ်အဆင့် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိနိုင်မည်ဖြစ်ပြီး၊ ထို့နောက် ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည် ဖြစ်သည်။
ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့် ဝိညာဉ်သန္ဓေသားအဆင့်နှင့် သိပ်မဝေးတော့ပေ။
သူ၏ တိုးတက်မှုနှုန်းသည် အတော်လေး အံ့ဩစရာ ကောင်းသည်ဟု ဆိုရပေမည်။
ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူတစ်ဦးပင်လျှင် ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိရန် အသက် (၁၀၀)ကျော်တိုင် လိုအပ်သည်။
ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းရန် အသက် (၂၀၀)ကျော် လိုအပ်သည်။
ဤတိုးတက်မှုနှုန်းသည် အမှန်တကယ် တုန်လှုပ်စရာ ကောင်းလှသည်။
ရှုထောင့်တစ်နေရာမှ ကြည့်လျှင်၊ သူ၏ ကျင့်ကြံခြင်း စွမ်းဆောင်ရည်သည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူတစ်ဦးထက် ကျော်လွန်နေပြီ ဖြစ်သည်။
မှန်ပေသည်၊ ဤသည်မှာ သူ၏ထူးခြားသော တွေ့ကြုံမှုများနှင့် ‘ချစ်ခြင်းမေတ္တာကူ’၏ အကူအညီကြောင့်လည်း ပါဝင်ပေသည်။
"နတ်ဆိုးအသွင်ပြောင်း ပညာရပ်က မဟာဆရာသခင်နယ်ပယ်ကို နောက်ဆုံးတော့ ရောက်သွားပြီပဲ…"
ကျိုးစွေ့သည် လွန်ခဲ့သော (၁၀)နှစ်အတွင်း သူ၏ စွမ်းရည်များအားလုံး အတိုင်းအတာ တစ်ခုအထိ တိုးတက်လာကြောင်း တွေ့ရှိခဲ့သော်လည်း၊ အသိသာဆုံး တိုးတက်မှုမှာ နတ်ဆိုးအသွင်ပြောင်း ပညာရပ်တွင် ဖြစ်လေ၏။
ကောင်းကင်မိစ္ဆာဂိုဏ်းမှ ဤထိပ်တန်းအဆင့် အထောက်အကူပြု ကျင့်စဉ်သည် သူ့ကို အမှန်တကယ် များစွာ ကူညီပေးခဲ့သည်။
အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်ရုံသာမက သူ့ရုပ်ရည်သွင်ပြင်ကိုပါ ပြောင်းလဲပေးနိုင်ပြီး၊ လုံးဝ အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်သည်။
ဤအတတ်ဖြင့် သူသည် မည်သည့်အချိန်တွင်မဆို မည်သူမဆိုအဖြစ် ရုပ်ဖျက်နိုင်သည်။
ရန်သူများအနေဖြင့် သူ၏ ပုံစံအမှန်ကို ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင်။
မဟာဆရာသခင်နယ်ပယ်သို့ ရောက်ရှိပြီးနောက် ဤနည်းစနစ်သည် ပိုမို စွမ်းအားကြီးမားလာသည်။
လူသားအဖြစ် ပြောင်းလဲနိုင်ရုံသာမက၊ အသားနှင့် သွေးဖွဲ့စည်းပုံကို ပြောင်းလဲနိုင်သည်။ ခန္ဓာကိုယ် သိပ်သည်းဆကို ကျုံ့နိုင်သည့်အပြင် မတူညီသော မျိုးစိတ်တစ်ခုအဖြစ် အသွင်ပြောင်းနိုင်ပေသည်။
ဥပမာအားဖြင့် ကြောင်၊ ခွေး၊ ခြင်္သေ့၊ ကျား၊ ငါး၊ ပျံသန်းနေသော လင်းယုန်၊ လင်းနို့နှင့် အခြားသော တိရစ္ဆာန် အမျိုးမျိုးအဖြစ် ပြောင်းလဲနိုင်သည်။
ဤသည်မှာ အသွင်ပြောင်းခြင်းအတတ်နှင့် အတူတူပင်။
"မဟာဆရာသခင်နယ်ပယ်မှာရှိတဲ့ နတ်ဆိုးအသွင်ပြောင်း ပညာရပ်က တကယ် စွမ်းအားကြီးတာပဲ…"
"ဒီလိုဆိုရင် ငါက မိစ္ဆာသားရဲတစ်ကောင်အဖြစ် ပြောင်းလဲပြီး… မိစ္ဆာတစ်ကောင်လိုတောင် ဟန်ဆောင်လို့ ရတာပေါ့…"
ကျိုးစွေ့ အံ့ဩသွားလေသည်။
ဤပညာရပ်သည် အကန့်အသတ်မရှိ အသုံးဝင်သည်ဟု သူ ခံစားလိုက်ရသည်။
သူလျှိုလုပ်ရန်အတွက် အကောင်းဆုံး နည်းစနစ်ပင်။
ထို့အပြင် သူသည် လူသား ရန်ဘက်ဂိုဏ်းများကို ထိုးဖောက်ဝင်ရောက်နိုင်ရုံသာမက၊ မိစ္ဆာမျိုးနွယ်စုထဲသို့လည်း ထိုးဖောက်ဝင်ရောက်နိုင်သည်။
မိစ္ဆာမျိုးနွယ်စုထံမှ သတင်းအချက်အလက် အမျိုးမျိုးကို သူ ကြားသိနိုင်သည်။
မှန်ပေသည်၊ သာမန် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤပညာရပ်ကို မဟာဆရာသခင်နယ်ပယ်အထိ မြှင့်တင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဤနည်းစနစ်ကို မဟာဆရာသခင်နယ်ပယ်သို့ မြှင့်တင်ရန်အတွက် အနည်းဆုံး ဝိညာဉ်သန္ဓေသားအဆင့် သို့မဟုတ်၊ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။
ကျိုးစွေ့သည် 'စာအုပ်ကူ' ၏စွမ်းအားကို မှီခိုပြီး ရွှေအမြုတေအဆင့်တွင် ရှိနေစဉ်ကပင် ဤနည်းစနစ်ကို မဟာဆရာသခင်အဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။
ဤအောင်မြင်မှုသည် မကြုံစဖူး ထူးကဲသည်ဟု ဆိုရပေမည်။
"ဒါက ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ် ဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူး…"
"ကောင်းကင်မိစ္ဆာဆိုတာ အမြဲ ပြောင်းလဲနေတယ်… ပုံသဏ္ဌာန်မရှိ.. အရောင်မရှိ.. အတ္တမရှိ.. ပုံစံမရှိဘူးလို့ ဆိုကြတယ်လေ…"
"ကြည့်ရတာ ကောင်းကင်မိစ္ဆာဂိုဏ်း ရဲ့ အမွေအနှစ်က ဝိညာဉ်သန္ဓေသားအဆင့်တင် မကဘူး… အနည်းဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လောက်တယ်.."
"မဟုတ်ရင် ဒီလို ဆန်းပြားတဲ့ နည်းစနစ်မျိုး ရှိလာမှာ မဟုတ်ဘူး…"
ကျိုးစွေ့ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
ဤနည်းစနစ်ကို ရရှိလိုက်ခြင်းဖြင့် သူ ထီပေါက်သကဲ့သို့ ခံစားလိုက်ရသည်။
ရှုထောင့်တစ်ခုက ကြည့်လျှင်၊ ယင်းသည် ကောင်းကင်မိစ္ဆာဂိုဏ်းအတွင်း ထိပ်တန်းအထောက်အကူပြု နည်းစနစ်များအနက် တစ်ခုပင် ဖြစ်ရပေမည်။
ဟုတ်ပေသည်၊ ယင်းကို ကျင့်ကြံရမဲ့အခက်အခဲသည်လည်း လွန်စွာ မြင့်မားလှ၏။ ပါရမီမပါခဲ့လျှင်၊တိုးတက်ရန် အလွန်ခက်ခဲပြီး၊ ချိုးဖြတ်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။
နှစ်ပေါင်းရာချီ ကြာသည့်တိုင် သူတို့အတွက် ကနဦးအဆင့်လောက်သာ ရောက်နိုင်ပေမည်။ မဟာဆရာသခင်နယ်ပယ်ကို ရောက်ရန်ဆိုသည်မှာ အိပ်မက်ထဲက အိပ်မက်တစ်ခုသာ ဖြစ်၏။
" ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူးလည်း အကြီးစားအောင်မြင်မှုအဆင့်ကို ရောက်သွားပြီ…"
ကျိုးစွေ့သည် ဤစိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ်၏ တိုးတက်မှုကိုလည်း အလွန် ကျေနပ်အားရနေလေသည်။
အဘယ်ကြောင့်ဆိုသော်၊ သမင်ကြီးကျွန်းတိုက်ပွဲတွင် သူသည် ဤစိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ်၏ သိမ်မွေ့နက်နဲမှုကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။
သူ၏ စွမ်းအားကြီးမားသော ဝိညာဉ်စွမ်းအားနှင့် တွဲဖက်လိုက်သောအခါ၊ ဤစိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ်၏ အစွမ်းအစကို အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့သည်။
ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး အကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိပြီးနောက်၊ အရှိန်နှင့်စွမ်းအား နှစ်ခုစလုံးသည် အဆပေါင်းများစွာ တိုးတက်လာခဲ့ပြီး၊ ရန်သူကို တိုက်ခိုက်ရန် ဝိညာဉ်ဖြန့်ကျက်အဆိပ်ဆူး အများအပြားကို တပြိုင်နက်တည်း ဖန်တီးနိုင်စွမ်း ရှိလာခဲ့သည်။
ဤမျှော်လင့်မထားသော စွမ်းရည်သည် ရန်သူကို အကာအကွယ်မဲ့ ဖြစ်စေသည်။
တစ်ခဏအတွင်း ရန်သူသည် ပျားအုံကဲ့သို့ အပေါက်ဗရပွ ထိုးဖောက်ခံရပြီး၊ သေဆုံးရန် သေချာသလောက် ဖြစ်သွားစေသည်။
ဤစိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ်ကို လက်ဝယ်ပိုင်ဆိုင်ထားခြင်းဖြင့် ရန်သူများကို တိုက်ခိုက်နိုင်စွမ်း ထပ်မံ တိုးတက်လာခဲ့လေသည်။
တစ်နာရီခန့် ကြာသောအခါ ကျိုးစွေ့သည် သူ၏ ကျင့်ကြံခြင်းကို အနည်းငယ် စုစည်းလိုက်ပြီးနောက် တိတ်ဆိတ်သောအခန်းမှ ထွက်လာခဲ့တော့သည်။