← Chapters

တာဝေးပို့ဆောင်ရေး အစီအရင်၏ လျှို့ဝှက်ချက်၊ မဟာဆရာသခင်အဆင့် နတ်ဆိုးအသွင်ပြောင်းပညာရပ်(၃)

Vol. 31 Ch. 355

တာဝေးပို့ဆောင်ရေး အစီအရင်၏ လျှို့ဝှက်ချက်၊ မဟာဆရာသခင်အဆင့် နတ်ဆိုးအသွင်ပြောင်းပညာရပ်(၃)

Vol. 31 Ch. 355

"သခင်လေးကျိုး…."

ထိုအချိန်တွင် ရွှေအမြုတေအဆင့် အစေခံလေးဦးဖြစ်သော ချွမ်တောက်၊ ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့သည် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်မှာ ကြာပြီဖြစ်၏။

သူ၏ သတင်းအချက်အလက်များ မပေါက်ကြားစေရန် ကျိုးစွေ့သည် သူတို့အား 'ချစ်ခြင်းမေတ္တာကူ' ထည့်သွင်းပေးထားပြီး ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ သူ့တွင် လျှို့ဝှက်ချက် များစွာ ရှိသည်မဟုတ်ပါလော။ ကိုယ့်လူရင်းချင်းသာလျှင် ယုံကြည်မှုက ပိုမိုစိတ်ချရ၏။

လူ့စိတ်ဆိုသည်မှာ ပြောင်းလဲလွယ်ပေသည်၊ တစ်ဘက်လူ တွေးနေသည်များအား မည်သူက သိနိုင်ပါမည်နည်း။

ပိုမိုအရေးကြီးသည်မှာ သူတို့သည် သူ၏ကိုယ်ပိုင်အစေခံများ ဖြစ်သည့်အတွက် အနာဂတ်တွင် သဘာဝအတိုင်း သူ့အပိုင်များ ဖြစ်လာကြသာ။

ထို့ကြောင့် သူတို့ကို ‘ချစ်ခြင်းမေတ္တာကူ’ ထည့်သွင်းပေးခြင်းက ယုတ္တိရှိပေသည်။

ထင်ရှားသည်မှာ 'ချစ်ခြင်းမေတ္တာကူ' ထည့်သွင်းခံရပြီးနောက်၊ ရွှေအမြုတေအဆင့် အစေခံလေးဦးဖြစ်သော ချွမ်တောက်၊ ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့သည် ကျိုးစွေ့ကို ပိုမို စွဲလမ်းလာကြပြီး သူ့အပေါ် သံယောဇဉ် ကြီးမားနေကြပြီ ဖြစ်သည်။

(၁၀)နှစ်တာ အတူနေထိုင်မှုနှင့် 'ချစ်ခြင်းမေတ္တာကူ'၏ လွှမ်းမိုးမှုတို့ ပေါင်းစပ်လိုက်သောအခါ ဤခံစားချက်များကို အစွန်းရောက်သည်အထိ ပြင်းထန်လာစေခဲ့သည်။

"ထမင်းစားဖို့ အဆင်သင့် ဖြစ်ပါပြီ… ဘယ်အချိန် စားမလဲဆိုတာပဲ မသိတာ…"

ချွမ်တောက်သည် ကျိုးစွေ့ကို ချစ်ခင်မြတ်နိုးသော မျက်လုံးများဖြင့် ကြည့်နေပြီး သူမ၏ အကြည့်များက ရဲရင့်ကာ ပြင်းပြနေလေသည်။

"မလောပါနဲ့… ငါ အရင် ရေသွားချိုးလိုက်ဦးမယ်…"

"ပြီးမှ စားမယ်… မင်းတို့ ပြင်ဆင်ထားလိုက်…"

ကျိုးစွေ့ လက်ဝှေ့ယမ်းလိုက်ပြီး ရေပူစမ်းဆီသို့ တန်းတန်းမတ်မတ် သွားလိုက်လေသည်။

ကျင့်ကြံသူများတွင် ခန္ဓာကိုယ်ကို ချက်ချင်း သန့်စင်ပေးနိုင်သော သန့်စင်ရေးပညာရပ် ရှိသော်လည်း၊ သူသည် ရေပူစမ်းတွင် စိမ်ရသည်ကို နှစ်သက်ဆဲ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်၊ ရေပူစမ်းတွင်စိမ်ခြင်းသည် အညစ်အကြေးများကို ဆေးကြောရုံသက်သက် မဟုတ်ဘဲ အပန်းဖြေမှုတစ်မျိုးလည်း ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် သူသည် လူသားဘဝက အလေ့အထများကို ထိန်းသိမ်းထားပြီး အများစုမှာ ပြောင်းလဲခြင်း မရှိပေ။

"သခင်လေးကျိုးက ဒီလောက် လုံ့လဝီရိယရှိတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး…"

"လွန်ခဲ့တဲ့ (၁၀)နှစ်လုံးလုံး သူက အင်မော်တယ်ရှားမြို့တော်ကနေ မခွာသလို.. တောင်ပေါ်ကနေတောင် မဆင်းခဲ့ဘူး…"

"သူ့ဇနီးတွေနဲ့ မကျင့်ကြံရင် တိတ်ဆိတ်တဲ့အခန်းထဲမှာ တစ်ယောက်တည်း ကျင့်ကြံတယ်… ကျင့်ကြံခြင်း အတတ်ပညာတစ်ရာကို လေ့လာတယ်"

(စကားချပ် - ကျင့်ကြံခြင်း အတတ်ပညာတစ်ရာ ဆိုတာ ကျင့်ကြံခြင်းပညာရပ် အမျိုးမျိုးကိုပြောတာပါ။ ပညာရပ်ကြီး(၄)မျိုးမဟုတ်တဲ့ မီးလုံးပညာ၊ လေဓားသွား၊ စသဖြင့်)

"သခင်လေးကျိုးရဲ့ ကျင့်ကြံခြင်းက ဒီလောက် မြန်မြန် တိုးတက်လာတာ အံ့ဩစရာ မဟုတ်တော့ပါဘူး…"

ကျိုးစွေ့တစ်ယောက် ရေပူစမ်းထဲသို့ ဝင်သွားသည်ကို ကြည့်ရင်း ရှားတောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

ယခင်က သူမသည် ဤအမျိုးသားအပေါ် အထင်အမြင်လွဲမှားမှု အချို့ ရှိခဲ့ပြီး၊ သူသည် ချောမောသော ရုပ်ရည်ကို ဗန်းပြကာ နေရာတိုင်းမှ အမျိုးသမီးကျင့်ကြံသူများကို မြှူဆွယ်နေသော မိန်းမရှုပ်တစ်ယောက် ဖြစ်နိုင်သည်ဟု ထင်မှတ်ခဲ့ဖူးသည်။

သို့သော်၊ သူနှင့် (၁၀)နှစ်တာ အတူနေထိုင်ပြီးနောက်၊ ထိုသို့ မဟုတ်ကြောင်း သူမ သိရှိလာခဲ့သည်။

ဤအမျိုးသားသည် စိတ်ဓာတ်ခိုင်မာပြီး လုံ့လဝီရိယရှိသော ကျင့်ကြံသူတစ်ဦးသာ ဖြစ်သည်။

သူ၏ဇနီးသည် ခြောက်ဦးစလုံးသည် သူ့ကို တက်ကြွစွာ လိုက်လံပိုးပန်းခဲ့ကြပြီး၊ အချစ်ကို အတင်းအကျပ် ပေးအပ်ခဲ့ကြမှသာ ဤအမျိုးသားကို ရရှိခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။

အကယ်၍ ဤဇနီးသည်များသာ သူ့ကို မလိုက်ခဲ့လျှင် ဤအမျိုးသားသည် ယခုအချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေဦးမည် ဖြစ်သည်။

ဟုတ်ပေသည်၊ အကယ်၍ ဤလူသည် ရုပ်ဆိုးပြီး ကျင့်ကြံခြင်း အဆင့်နိမ့်နေလျှင်မူ သူ့တွင် ဆွဲဆောင်မှု မရှိ၍ မည်သည့်အမျိုးသမီးကျင့်ကြံသူကမှ မကြိုက်ကြခြင်း ဖြစ်မည်ဟု သူမယူဆပေမည်။

သို့သော်၊ ဤယောက်ျားသည် အသက်ရှူမှားလောက်အောင် ချောမောခန့်ညားလွန်း၏။ နာမည်ကျော် အလှဘုရင် ပန်အန်းနှင့် မှားနိုင်လောက်သည်။

ကောင်းကင်ဘုံမှ နတ်သက်ကြွေလာသော နတ်သားတစ်ပါးလိုပင်။

ဤလိုလူမျိုးတွင် သူ့အား လိုက်လံပိုးပန်းနေသူများ မရေမတွက်နိုင်အောင် ရှိနေမည်မှာ သေချာပေသည်။

သူ လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် အရှက်မရှိသော အမျိုးသမီးကျင့်ကြံသူများစွာ အိမ်ရှေ့ရောက်လာပြီး သတို့သမီးအဖြစ် ပူဇော်ဆက်သကြပေမည်။

ထို့ကြောင့် ဤယောက်ျားတွင် တာအိုလက်တွဲဖော် ၆ဦးသာ ရှိခြင်းက၊ သူ၏ မယိမ်းယိုင်သော သစ္စာတရားကို ပြသနေခြင်းပင် မဟုတ်ပါလော။

သူနှင့် ဆယ်စုနှစ်တစ်ခုတိုင် အတူနေပြီးနောက် ဤအချက်ကို သူမ ပိုပို၍ ယုံကြည်လာခဲ့သည်။

"ဟုတ်ပါ.. ကျွန်းသခင်မကို သူ ဘယ်တုန်းကမှ ဆက်သွယ်ဖို့ မကြိုးစားတာ အံ့ဩစရာ မဟုတ်တော့ဘူး.."

"သူက ကျွန်းသခင်မကို မကြိုက်တာ မဟုတ်ဘူး.. သူက ကျင့်ကြံခြင်းအပေါ်မှာပဲ စိတ်ဆုံးဖြတ်ထားလို့ပဲ…"

"သူ့ရဲ့ စွမ်းအင်အကုန်လုံးကို ကျင့်ကြံခြင်းမှာပဲ အသုံးချနေတာ…"

"သူက ကျွန်းသခင်မကို တက်တက်ကြွကြွ လိုက်လံပိုးပန်းဖို့ မျှော်လင့်တာက မဖြစ်နိုင်တော့ဘူး ထင်တယ်…"

ချူးတောက်တစ်ယောက် ကူရာမဲ့စွာ ရေရွတ်လိုက်သည်။

ကျွန်းသခင်မ ပေးအပ်ထားသော တာဝန်သည် ပြီးမြောက်ရန် ပိုမို ခက်ခဲလာသည်ဟု သူမ ခံစားလိုက်ရသည်။

သူမ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှ ခက်ခဲသော တာဝန်မျိုး မကြုံဖူးခဲ့ပေ။

"ဟတ်… သူက ကျင့်ကြံခြင်းအတွက်ပဲ တကယ် စိတ်အားထက်သန်နေတာလား…"

"ဒီလူက သူ့ရဲ့ အချိန်အများစုကို သူ့ရဲ့ တာအိုလက်တွဲဖော်တွေနဲ့ ပြင်းပြင်းထန်ထန် ကျင့်ကြံရာမှာ ကုန်ဆုံးနေသလိုပဲ…"

"သူက မမောမပန်းနိုင်တာမှ နေ့ရောညရောပဲ… ဒီလောက် ဆန္ဒပြင်းပြတဲ့ ယောက်ျားမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး…"

ဒုန်တောက် စကားမပြောနိုင် ဖြစ်သွားပြီး မျက်နှာရဲသွားလေသည်။

အပြစ်ကင်းစင်သော မိန်းမပျိုလေးတစ်ဦး ဖြစ်သည့်အားလျော်စွာ တာအိုလက်တွဲဖော်များကြားမှ ဤကဲ့သို့သော မြင်ကွင်းမျိုးကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။

အမှန်အတိုင်း ဆိုရလျှင်၊ ဤအခြေအနေကို အသားကျရန် သူမ အချိန်အတော်ကြာ ယူခဲ့ရသည်။

"ဒါကတော့ သူ ရှောင်လွှဲလို့ မရတဲ့ ကိစ္စပဲလေ…"

"သခင်လေးကျိုးရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သက်စောင့်စွမ်းအင်တွေက တာအိုလက်တွဲဖော်တွေနဲ့ ကျင့်ကြံဖို့ လိုအပ်နေတာကိုး…"

"သူ့ခန္ဓာကိုယ်ထဲက အလွန်အကျွံ ဖြစ်နေတဲ့ သန့်စင်ယန်ချီတွေကို ကုန်ဆုံးဖို့ ဒါကို လိုအပ်တယ်…"

"တကယ်လို့ သခင်လေးကျိုးသာ တကယ် စိတ်များတတ်တဲ့သူဆိုရင်… ကိုယ်လုပ်တော် ရာပေါင်းများစွာ ထားလို့ ရတယ်… ဒါက သူ့အတွက် ကလေးကစားစရာလောက်ပဲ ဖြစ်နေမှာ…"

"အခု သူ့မှာ မိန်းမခြောက်ယောက်ပဲ ရှိတယ်ဆိုတာက..."

ချွမ်တောက်ကမူ ကျိုးစွေ့၏ အခြေအနေကို နားလည်ပေးပုံ ရလေသည်။

ဤယောက်ျားသည် မည်မျှ စွမ်းအားကြီးမားသည့် ရုပ်ခန္ဓာကျင့်ကြံသူ ဖြစ်သည်ဆိုသည်အား သူမ အာရုံခံနိုင်သည်။ လည်ပတ်နေသော ချီစွမ်အင်းများ၏ သက်စောင့်စွမ်းအားက မယုံကြည်နိုင်လောက်အောင်ပင်။

အကယ်၍ တာအိုလက်တွဲဖော်များ၏ အကူအညီသာ မပါခဲ့ပါက၊ သူ၏ အတွင်းပိုင်း ယင်နှင့်ယန် မျှခြေ ပျက်သွားသည်မှာ ကြာလောက်ပြီ ဖြစ်၏။

ကျင့်ကြံသူတစ်ယောက်အတွက် ယင်းသည် ကောင်းသောကိစ္စ မဟုတ်ချေ။

တာအိုလက်တွဲဖော်တစ်ဦးနှင့် နေ့ရောညပါ မနားမနေ ကျင့်ကြံမှသာ ထိုပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

"ဒါပေမဲ့ ဒီလိုသာဆိုရင်… ကျွန်းသခင်မ ပေးထားတဲ့ တာဝန်ကို ငါတို့ ဘယ်လို ပြီးမြောက်အောင် လုပ်ကြမလဲ…"

ရှားတောက် ကူရာမဲ့စွာ ပြောလိုက်လေသည်။

"ငါတို့ သူ့ကို ဆေးခပ်လိုက်လို့ ရတာပဲ…"

"ဒီလူကို ပြန်ပေးဆွဲပြီး ကျွန်းသခင်မရဲ့ ကုတင်ပေါ် ပို့လိုက်မယ်…"

"ကျွန်းသခင်မကို လက်ထပ်ဖို့ သူ့ကို အတင်းအကျပ် ဖိအားပေးမယ်…"

"အဲ့ဒီအခါကျရင် သူ နောင်တရရင်တောင် နောက်ကျသွားပြီပဲ…"

ချူးတောက်က ကျေနပ်အားရစွာဖြင့် သူမ၏ အစီအစဉ်များကို ထုတ်ဖော်ပြောလိုက်သည်။

"ကြောက်စရာကောင်းတဲ့ အစီအစဉ်ပဲ…"

"ကျွန်းသခင်မက အရမ်း လှပတယ်… ယောက်ျားတစ်ယောက်ကို ဆေးခပ်တဲ့အဆင့်ထိ နိမ့်ကျခံစရာ လိုမလား… နင် ဒီလို အကြံမျိုး ပေးရဲတယ်လို့ ငါ ယုံတောင် မယုံနိုင်ဘူး…"

"နှစ်ဦးနှစ်ဘက် သဘောတူညီမှုက အဓိကကျတယ်ဆိုတာ နင် မသိဘူးလား…"

ဒုန်တောက် မကျေမနပ် ဖြစ်သွားသည်။

ချူးတောက်တစ်ယောက် ဘာတွေ တွေးနေသည်အား သူမ နားမလည်နိုင်တော့‌‌ပေ။ သူမသည် အရှက်မရှိသော အမျိုးသားကျင့်ကြံသူ‌များနှင့် ဘာမှ မခြားနားတော့သလိုပင်။

"ဒီလူရဲ့ စရိုက်ကို ထည့်တွက်ကြည့်ရင် နောက်ထပ် ဆယ်စုနှစ်အနည်းငယ်လောက် အင်မော်တယ်ရှားတောင်ထွတ်ပေါ်မှာပဲ ဆက်ပြီး ပြင်းပြင်းထန်ထန် ကျင့်ကြံနေလောက်တယ်…"

"ဒီလိုအခြေအနေမှာ သူ ကျွန်းသခင်မနဲ့ တွေ့ဖို့ ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူး…"

"ကျွန်းသခင်မကိုယ်တိုင် ဒီနေရာကို လာမှပဲ ရမယ်…"

“ရေကန်အနားမှာ နေတဲ့သူက လကို အရင်ဆုံး ခံစားရတယ် ဆိုတဲ့ စကားအတိုင်းပေါ့… တခြား ဘာတတ်နိုင်ဦးမှာလဲ…”

ချူးတောက် ကူရာမဲ့စွာ ပြောလိုက်သည်။

သခင်မမက်မွန်ပွင့်သည် သမင်ကြီးကျွန်းကို ကာကွယ်ရန် နေရမည် ဖြစ်သောကြောင့်၊ ပင်လယ်မျိုးနွယ်စုက လောလောဆယ် မတိုက်ခိုက်နိုင်သေးလျှင်တောင်မှ သူတို့ သတိလက်လွတ် နေ၍ မရပေ။

အကယ်၍ ကျွန်းပေါ်ရှိ တာဝေးပို့ဆောင်ရေးအစီအရင် ပျက်စီးသွားပါက ဒုတိယ ခံစစ်ကျွန်းဆက်တစ်ခုလုံး ထိခိုက်သွားပေလိမ့်မည်။

ထို့ကြောင့် သခင်မမက်မွန်ပွင့်သည် သမင်ကြီးကျွန်းတွင် ဆက်ရှိနေရန် လိုအပ်သေးသည်။ သူမ ထွက်ခွာ၍ မရနိုင်ပေ။

"ကျွန်းသခင်မ လှုပ်ရှားလာမှာကို စောင့်နေမဲ့အစား… ငါတို့ကိုယ်တိုင် အရင် လှုပ်ရှားလိုက်တာ ပိုကောင်းမယ်…"

"သခင်လေးကျိုးလို ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ ပုဂ္ဂိုလ်မျိုးရဲ့ ဇနီး ဒါမှမဟုတ် ကိုယ်လုပ်တော်ဖြစ်ရတာ သိပ်မဆိုးပါဘူး…"

ချွမ်တောက်၏ မျက်လုံးများတွင် ကောက်ကျစ်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီး သူမ၏ နှလုံးများ တဒိန်းဒိန်းခုန်လာလေသည်။

သူမ၏ ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးတော့မည်ဟု ခံစားလိုက်ရသည်။

၎င်းတို့သည် မီးတောင်ပေါက်ကွဲသကဲ့သို့ ပြင်းထန်ပြီး တားဆီးမရနိုင်အောင် ဖြစ်လာနေသည်။

"ချွမ်တောက်... နင် ဘာတွေ တွေးနေတာလဲ… ဒါက ကျွန်းသခင်မ မျက်စိကျနေတဲ့ ယောက်ျားနော်…"

"နင်က ကျွန်းသခင်မနဲ့ ယောက်ျား လုမလို့လား…"

ရှားတောက်က ဒေါသတကြီး တုံ့ပြန်လိုက်လေသည်။

"ဘာလို့ မရရမှာလဲ… ယောက်ျားတွေက ဇနီးမယား အများကြီး ရှိတတ်ကြတာပဲ…"

"ကျွန်းသခင်မကို မယားကြီး ဖြစ်ခိုင်းလိုက်ပေါ့… ငါတို့က ကိုယ်လုပ်တော်တွေ လုပ်ကြမယ်လေ…"

"ဒီနည်းနဲ့ဆို ငါတို့ ကျွန်းသခင်မနဲ့ အမြဲတမ်း အတူ ရှိနေနိုင်မှာ…"

"ငါက ကျွန်းသခင်မရဲ့ အချစ်ရေးကို ဖျက်ဆီးဖို့ ရည်ရွယ်တာ မဟုတ်ဘူး… ငါက ဝင်ပါဖို့ စီစဉ်နေတာ…"

ချွမ်တောက်က ယုတ္တိရှိရှိ ငြင်းချက်ထုတ်လိုက်သည်။

ဘာရယ်…။

ဤစကားကိုကြားသောအခါ ရှားတောက်၊ ချူးတောက်နှင့် ဒုန်တောက်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သူတို့ တစ်ယောက်မျက်လုံးထဲမှတစ်ယောက် စိတ်ဝင်စားမှုအရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်ကို မြင်လိုက်ရပြီး၊ ယခင်က တစ်ခါမှ မစဉ်းစားဖူးသော လမ်းကြောင်းတစ်ခုကို တွေ့ရှိသွားသကဲ့သို့ ဖြစ်သွားကြသည်။

ကြည့်ရသည်မှာ ဖြစ်နိုင်ချေရှိသော အစီအစဉ်တစ်ခုလိုပင်။

ဝုန်း…။

သူတို့၏ အစီအစဉ် နောက်တစ်ဆင့်ကို ဆွေးနွေးရန် ပြင်ဆင်လိုက်စဉ်မှာပင် ရေကြယ်ကျွန်းနှင့် ကြယ်သုံးပွင့်ကျွန်းစုတစ်ခုလုံးတွင် ကြီးမားသောငလျင်တစ်ခု လှုပ်ခတ်သွားလေသည်။ ပြင်းအား (၉) အဆင့်အထိ ရောက်ရှိနေပြီ ဖြစ်သည်။

မြေကမ္ဘာ တုန်ဟည်းသွားပြီး၊ ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လှန်မတတ် တုန်ခါသွားလေတော့သည်။

All Chapters